ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားမြို့၌ မိုးမရွာဘဲ ရှိသည်မှာ ရက်ပေါင်း ၁၆၄ ရက် ဆက်တိုက်ရှိပြီဖြစ်ပြီး အကြာဆုံး ခြောက်သွေ့မှုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မိုးလေဝသ အင်စတီကျုက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကာလရှည်ကြာ မိုးခေါင်မှုသည် တောမီးလောင်မှုနှင့် မြက်ခင်းပြင်များ မီးလောင်မှုကို ဖြစ်ပေါ်စေသည်။ ဩဂုတ်လလယ်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ ဒေသများတွင် တောမီးလောင်မှုများ ပျံ့နှံ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်ကလည်း ဘရာဆီးလီးယားမြို့၌ ၁၆၃ ရက်တိုင်တိုင် မိုးမရွာဘဲ မိုးခေါင်မှု ဖြစ်ပွားခဲ့သည်။