သတင်းများ

Su- 34 ရှေ့တန်းစစ်ဆင်ရေး ဗုံးကြဲတိုက် လေယာဉ် အသစ်များ ရုရှားလေကြောင်းထံ လွှဲပြောင်းပို့ဆောင်ပေး

နိုင်ငံတော်နည်းပညာပူးပေါင်းဆောင်ရွက်မှု Rostec ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် United Aircraft Cooperation (UAC)အနေဖြင့် Su-34 ရှေ့တန်းဗုံးကြဲ တိုက်လေယာဉ် အသစ် တစ်သုတ်ကို ရုရှားနိုင်ငံလေကြောင်း အာကာသ တပ်ဖွဲ့ထံ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း၊ “နိုင်ငံတော် ကာကွယ်ရေးစာချုပ်ကို အချိန်မီဖြည့်ဆည်းဆောင်ရွက် ပေးခြင်းသည် UAC ၏ အဓိကတာဝန်တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏အလုပ်သမားများသည် ယခုကဲ့သို့အရေးကြီး သည့် အလုပ်ကို ဂုဏ်ယူစွာဖြင့် ဆောင်ရွက်နေကြကြောင်း၊ အဆိုပါ Su-34 ဗုံးကြဲလေယာဉ်များသည် ယခုနှစ် အတွက် နောက်ဆုံးအသုတ် မဟုတ်သေးကြောင်း၊ ဗုံးကြဲတိုက် လေယာဉ

ရုရှားနှင့် မြောက်ကိုရီးယား ၂၀၂၅ ခုနှစ်တွင် အားကစား ကဏ္ဍအပြန်အလှန် ဖလှယ်မည်

ရုရှားအားကစားဝန်ကြီး Mikhail Degtyarev နှင့် မြောက်ကိုရီးယား အားကစားဝန်ကြီး Kim Il Guk တို့သည် တနင်္ဂနွေနေ့က ပြုံးယမ်းမြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ၂၀၂၅ ခုနှစ်အတွင်း အားကစား အပြန် အလှန်ဖလှယ်ရေး အစီအစဉ်တစ်ရပ်ကို လက်မှတ်ရေးထိုး လိုက်ကြောင်း မြောက်ကိုရီးယား၏ တရားဝင် သတင်း ဌာနဖြစ်သည့် Korean Central News Agency (KCNA) က ဖော်ပြလိုက်သည်။ 

ယူကရိန်းမှ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်း စစ်တပ်အကြီးအကဲ Syrskyi ၏ထုတ်ပြန်ချက်အပြီးတွင် ယူကရိန်းတပ်ဖွဲ့များသည် Khersonska ဒေသရှိ Novaya Kakhovka မြို့ကို စတင်ပစ်ခတ်တိုက်ခိုက်

ယူကရိန်းမှ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်း စစ်တပ်အကြီးအကဲ Syrskyi ၏ထုတ်ပြန်ချက်အပြီးတွင် ယူကရိန်းတပ်ဖွဲ့များသည် Khersonska ဒေသရှိ Novaya Kakhovka မြို့ကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် Novaya Kakhovka မြို့ရှိ ဘတ်စ်ကားမှတ်တိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပင်စင်စားလေးဦး သေဆုံးပြီး လူပေါင်း တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ Novaya Kakhovka မြို့ သည် ရုရှားတပ်ဖွဲ့များအတွက် နောက်တန်းအခြေစိုက်စခန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာအဖြစ် အသုံးပြုကြောင်း သိရှိရသည်။

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍မေးမြန်း

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်၍ မေးမြန်း ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Maria Zakharova ပြောကြားခဲ့ပါသည်။

မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Wilkes Edward သည် ထောက်လှမ်းရေးနှင့် အဖျက် အမှောင့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ၎င်း၏ အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း  ရုရှားဖက်ဒရေးရှင်း၏ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်တပ် အကြီးအကဲ Syrsky သည် ရုရှား နိုင်ငံအပေါ် တန်ပြန်ထိုးစစ်အသစ် ပြုလုပ်မည် ဟု ကြေ ညာ

ယူကရိန်းစစ်တပ် အကြီးအကဲ Syrsky သည် ရုရှား နိုင်ငံအပေါ် တန်ပြန်ထိုးစစ်အသစ် ပြုလုပ်မည်ဟုကြေညာခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်ရန်သူကို တားဆီးရမည်ဖြစ်သော်လည်း ယူကရိန်းတပ်ဖွဲ့များသည် ခံစစ်ကိုသာ ဆက်လက်ထိန်းသိမ်း ထားမည်ဆိုပါက အောင်ပွဲရနိုင်မည် မဟုတ်ကြောင်း၊ အစပျိုးပြီး တန်ပြန်တိုက်ခိုက်ခြင်းကို ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား- ယူကရိန်းဒေသတွင်းမီဒီယာ

Sumy နှင့် Krivoy Rog နယ်မြေများတွင် ရုရှား တပ်မတော်က တိုက်ခိုက်မှုများ ပြုလုပ်

Sumyနှင့်Krivoy Rog နယ်မြေများတွင် ရုရှားတပ်မတော် က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ယူကရိန်း တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု သတိပေးချက်ထွက်ပေါ်လာပြီး၊ ခရိုင်းမီးယားနယ်မြေမှ ဒုံးကျည်ပစ်လွှတ်မှုကိုလည်း ယူကရိန်းတပ်ဖွဲ့များက ဖော်ပြထားသည်။

ထို့အပြင် ယူကရိန်းမီဒီယာများက Kapustin Yar စမ်းသပ်မှုနယ်မြေမှ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင် နေကြောင်းဖော်ပြထားသည်။

ကိုးကား - ယူကရိန်းဒေသတွင်းမီဒီယာ

နေတိုး၏ ပါလီမန်ညီလာခံတွင် အစိုးရအဖွဲ့ဝင်များသည် ယူကရိန်းအား တာလတ်ပစ်ဒုံးကျည်များ ထောက်ပံ့ ပေးရန် အကြံပြု

နေတိုး၏ ပါလီမန်ညီလာခံတွင် အစိုးရအဖွဲ့ဝင်များသည် ယူကရိန်းအား တာလတ်ပစ်ဒုံးကျည်များ ထောက်ပံ့ ပေးရန် အကြံပြုထားကြောင်း၊ ၎င်းတို့တွင် အမေရိကန် ပြည်ထောင်စု၏ Tomahawks ပဲ့ထိန်းဒုံးကျည် အပါ အဝင် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ မှ ကီလိုမီတာ ၅,၅၀၀အထိ ပစ်လွှတ်နိုင်သော ဒုံးကျည်များပါဝင် ကြောင်း၊ အဆိုပါဒုံးကျည်များသည် ရုရှားနိုင်ငံ၏ ဗျူဟာမြောက် အတွင်းပိုင်းနေရာများကို တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။

ကိုးကား - ယူကရိန်းပါလီမန်အဖွဲ့ဝင်၏ပြောကြားချက်

လွန်ခဲ့သည့်သုံးရက်အတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ ပစ်မှတ်များကို တာဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်

လွန်ခဲ့သည့်သုံးရက်အတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ ပစ်မှတ်များကို တာဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု RT သတင်းဌာနမှ ဖော်ပြထားသည်။

ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုဂူသည် မြို့တော် ကဘူးလ်သို့ တရားဝင်ခရီးစဉ် အဖြစ် သွားရောက်လည်ပတ်

ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုဂူသည် မြို့တော် ကဘူးလ်သို့ တရားဝင်ခရီးစဉ် အဖြစ်သွားရောက်လည်ပတ်ခဲ့ပြီး ရုရှား ကိုယ်စားလှယ် အဖွဲ့အား အာဖဂန်နစ္စတန်၏ ဒုတိယ၀န်ကြီးချုပ် Abdul Ghani Baradar Akhund မှ လက်ခံတွေ့ဆုံခဲ့ကြောင်း အင်တာနက်ပေါ်တယ် Alemarah က နိုဝင်ဘာ ၂၅ ရက် ၌ သတင်းထုတ်ပြန်ခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြု

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြုကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး၊ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု RIA Novosti သတင်းဌာနက ဖော်ပြထားသည်။