တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရောက်လာပြီဖြစ်ရာ အစိုးရတင်ဒါလုပ်ငန်းများ သတ်မှတ်ကာလကုန်ဆုံး ချိန်လည်းဖြစ်သည်။ ဘတ်ဂျတ်ကာလအသစ်အတွက် လုပ်ငန်းများစတင်မည်ဖြစ်သကဲ့သို့ ယခင်ဘဏ္ဍာနှစ်မှ လက်ကျန်လုပ်ငန်းများသည်လည်း လုပ်ငန်းအချောသပ်အပ်နှံရမည် ဖြစ်သည်။ အစိုးရ တင်ဒါလုပ်ငန်းအများစုတွင် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်ကြပြီး အခက်အခဲမျိုးမျိုးကြောင့် တင်ဒါပါ စည်းမျဉ်းများကို လိုက်ပါ မဆောင်ရွက်နိုင်သောလုပ်ငန်းများရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
မကြာမီကာလအတွင်း မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလသို့ရောက်ရှိ လာမည်ဖြစ်သော်လည်း ပြည်တွင်း ရွှေဈေးကွက် နှင့် နိုင်ငံခြားငွေလဲဈေးကွက်မှာ အပြောင်းအလဲနည်းပါးနေသည်။ မြန်မာ့ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေလဲဈေးကွက်သည် ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးအကြား ကွာခြားချက်ကြီးမားစွာ ဆက်လက်ရပ်တည်နေသည်။ နိုင်ငံတကာတွင် ရွှေဈေးကွက်အပြောင်းအလဲ မြန်ဆန်နေသော်လည်း ပြည်တွင်း ဈေးကွက်သို့ ကြီးမားသောသက်ရောက်မှုမရှိခြင်းကြောင့် အရောင်းအဝယ်များ နည်းပါးကြောင်း ရွှေကုန်သည်များ ထံမှ သိရသည်။
မတ်လအတွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အရောင်းအဝယ်တည်ငြိမ်နေရာ နိုင်ငံခြားမှတင်သွင်းသည့် စက်သုံးဆီနှင့် စားအုန်းဆီဈေးကွက်တွင် ဈေးများ ကျဆင်းနေကြောင်းသိရသည်။ စက်သုံးဆီတင် သွင်းမှုအဖြစ် လတ် တလောတွင်သာမက လာမည့် သင်္ကြန်ကာလအထိ စဉ်ဆက်မပြတ်စေရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာမှထုတ်ပြန်ချက်များအရသိရသည်။ အခြေခံစားသောက်ကုန်များအပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုမှာ ဆက်လက် ဖြစ်ပွား နေရာ ပြည်သူများအတွက် အခက်အခဲကြုံတွေ့နေရဆဲဖြစ်သည်။ စက်သုံးဆီနှင့်စားအုန်းဆီဈေးများ တည်ငြိမ်နေသော် လည်း ကုန်ဈေးနှုန်းကျဆင်းခြင်းမရှိသောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုမှာ ဆက်တိုက်မြင့်တက်နေ ဆဲဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့်နှိုင်းယှဉ်ပါက တူညီသောအခြေအနေတွင်ရှိနိုင်ကြောင်း ဈေးကွက် ကျွမ်း ကျင်သူ များကသုံးသပ်ကြသည်။ ယခင်ဘဏ္ဍာရေးနှစ် (၂၀၂၃- ၂၀၂၄) ခုနှစ်က ငွေကြေးဖောင်းပွမှုမှာ (၂၇) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ရာ အထွေထွေကုန်ဈေးနှုန်းများ နှစ်ဆမှသုံးဆအထိ လက်လီဈေးကွက် အတွင်း မြင့်တက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အခြေခံစား သောက်ကုန်မဟုတ်သော ကုန်စည်အများစုမှာ ပြည်ပမှတင်သွင်းရောင်းချခြင်းဖြစ်ရာ ထုတ်လုပ်မှုနှင့် နောက်ဆုံး အသုံးပြုသူအကြား ဈေးကွာခြားချက်ကြီး မားနေခြင်းဖြစ်သည်။ လတ်တလောဈေးကွက် အခြေအနေ များအရ လာမည့်ရက်ပိုင်းအတွင်း အခြေခံကုန်စည်နှင့် အခြားကုန်စည်ဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည် နေမည်ဖြစ်ပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုကို ပြည်သူများ ဆက်လက်ခံစားနေရမည်ဖြစ်သည်။

ဆက်တိုက်မြင့်တက်နေသော ကမ္ဘာ့ရွှေဈေးနှင့်နိုင်ငံခြားငွေဈေးကွက်
ယခုတစ်ပတ်အတွင်း အမေရိကန်နှင့် အရှေ့အလယ်ပိုင်းပြဿနာများကြောင့် ကမ္ဘာ့ရွှေဈေး ကွက်အတွင်း ရွှေဈေး များ ဆက်တိုက်မြင့်တက်ခဲ့ ကြောင်းသိရသည်။ မတ်လ (၁၉)ရက်မတိုင်မီကာ လကတည်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၃၀ဝဝ)ကျော်သို့ ရောက် ရှိလာပြီး ကျရိပ်မရှိဘဲ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ လတ်တလော ပြည်တွင်းဈေးကွက်တွင် ရွှေ လေပတ်ကားအရောင်းအဝယ်များ နည်းပါးသွားခြင်း ကြောင့် ပြင်ပရွှေဈေး အတက်နည်းပါးခဲ့ကြောင်း ရွှေ ကုန်သည်အသိုင်းအဝိုင်းထံမှသိရသည်။ ယခုတစ် ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် ရွှေတစ်အောင်စ လျှင် မတ်လ(၁၈)ရက်မှစတင်ကာ (၃၀၄၄)ဒေါ်လာ၊ (၃၀၄၈)ဒေါ်လာ၊ (၃၀၃၄)ဒေါ်လာ၊ (၃၀၂၂)ဒေါ်လာ ၊ (၃၀၂၄)ဒေါ်လာနှင့် မတ်လ(၂၅)ရက်တွင် (၃၀၁၀)ဒေါ်လာ အသီးသီးပေါက်ဈေး ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးများ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အရောင်းအဝယ်အေးနေခြင်း ကြောင့် ဈေးတည်ငြိမ်နေကြောင်းသိရသည်။ ပြည်တွင်းပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ် သားလျှင်(၆၇)သိန်းမှ (၆၈)သိန်းဝန်းကျင်ခန့်သာ ဈေးနှုန်းများအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်၏ တရားဝင်ရည်ညွှန်း ဈေးဖြစ်သည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်းရုံး (YGEA) မှပေါက်ဈေးများတွင်မူ အကယ် ဒမီရွှေ တစ်ကျပ်သားလျှင်(၁၆.၃၂၉၃၂၅)ဂရမ် ဈေး နှုန်းမှာ (၅၆)သိန်းကျပ်ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း (၁၅)ပဲ ရည်ရွှေထည် များမှာ အ‌ရောင်းအဝယ်အေးနေပြီး အခေါက်ရွှေအရောင်းအဝယ်ရပ်တန့်ထားကြောင်း ရွှေ ကုန်သည်အချို့က ပြောကြားသည်။ နိုင်ငံတကာရွှေ ဈေးကွက်မတည်ငြိမ်ပါက ပြည်တွင်းရွှေဈးကွက်ကို သက်ရောက်နိုင်ခြေရှိ သော်လည်း လက်ရှိကာလတွင် ပြည်တွင်း‌ရွှေဈေးကွက်တစ်ခုလုံး ပြင်ပပေါက်ဈေး ကို သာအခြေခံပြီး အ‌ရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။ ထို့ကြောင့် ပြင်ပရွှေပေါက်ဈေးအရ မြန် မာ့ရွှေဈေးသည် လာမည့်ရက်များအတွင်း အမြင့်ပိုင်း တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။ နိုင်ငံခြား ငွေလဲဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၄၀ဝ) ကျပ်အောက် ပြန်လည်ကျဆင်းလာကြောင်းသိရသည်။ နိုင်ငံခြား ငွေလဲဈေးနှုန်း အကျပိုင်းတွင်ရောက်ရှိ လာခြင်းကြောင့် ပြည်တွင်းသွင်းကုန်များအတွက် အဆင်ပြေနေ ကြောင်းသိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ်လ(၂၄)ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ(၃၅)သန်းနှင့် ယွမ် (၁၀)သန်း ထုတ်ရောင်းပေးမည်ဟုကြေညာထားရာ ငွေလဲဈေးကွက်တွင် နိုင်ငံခြားငွေဈေးများ အကျပိုင်းတွင် ဆက်လက်ရပ်တည်နေသည်။ မတ်လ(၂၅) ရက် ငွေလဲဈေးကွက်ပေါက်ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် (၄၃၈၀)ကျပ်၊ တရုတ် တစ်ယွမ် လျှင် (၆၀ဝ)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၂၈)ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၂၈၀) ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။ လာ မည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် ငွေလဲဈေးများ အနည်းငယ် ကျဆင်းနေဦးမည် ဖြစ်သည်။

အထွေထွေကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် (၂၇)ရာခိုင်နှုန်းရှိပြီး လက် ရှိ (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်တွင် (၁၃) ရာခိုင် နှုန်းခန့်ရှိမည်ဟု သက်ဆိုင်ရာကထုတ်ပြန်သည့် ရသုံးမှန်း ခြေစာရင်းတွင်ဖော်ပြထားသည်။ ပြည်တွင်း လက်လီဈေးကွက်အတွင်းရှိ ဈေးနှုန်းများအရ ယခင် နှစ်ဖြင့်နှိုင်းယှဉ်ပါက ကုန်စည်ဈေးများ နှစ်ဆနီးပါး မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခြေခံစားသောက်ကုန်မဟုတ်သော အဝတ်အထည်၊ လူသုံးကုန်နှင့်ဆေးဝါး စသည့်တို့မှာ ကျဆင်းခြင်း မရှိဘဲ ဈေးနှုန်းအမြင့်ဖြင့်သာရောင်းချနေရကြောင်း သိရသည်။ ဈေးကွက်အတွင်း ယခင်နှစ်ကဈေးတက် ခဲ့သော ကုန်စည်အချို့မှာ တက်ဈေးအတိုင်းရောင်းချနေသည့်အပြင် ယခုနှစ်အတွင်း ဈေးတက်လာ သည့်ကုန်စည်များသည်လည်း ပွင်းလင်းရာသီရောက် ရှိသော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အဓိကအားဖြင့် အသေး စားအလတ်စား အ‌ရောင်းဝယ်လုပ်ကိုင်သောကုန် သည်များမှာ ရောင်းအားကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို ဆက်တိုက်ခံစားနေရကြောင်း သိရသည်။ ယခင်ဝယ်ယူထားသည့် ကုန်စည်တန်ဖိုး နှင့် လက်ရှိပေါက်ဈေးအကြား ကွာခြားချက်နည်းပါး သော်လည်း စားသုံးသူများထံမှ ဝယ်ယူနိုင်သောစွမ်းအား ကျဆင်းနေကြောင်းသိရသည်။ ငွေကြေးဖောင်း ပွမှုအရ ယခင်နှစ်ကထက် လက်ရှိအချိန်တွင် ငွေတန်ဖိုးများကျဆင်းသွားရာ အမြတ်အစွန်းရရှိရန် အခွင့် အလမ်းနည်းပါးသွားခြင်းဖြစ်သည်။ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်နှစ်များထက် နိမ့် ကျနိုင်သော်လည်း ကုန်ဈေးနှုန်းမှာ ကျဆင်းသွားနိုင် ခြေမရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ ငွေကြေးမူ ဝါဒမှာ ဈေးကွက်ဈေးနှုန်း နှုန်းရှင်ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် ငွေကြေးဖောင်းပွမှုဒဏ်ကိုပိုမိုခံစားနေရခြင်းဖြစ်သည်။ ငွေကြေး ဖောင်းပွမှုကြောင့် ဝယ်ယူသူဘက်မှ ဝယ်နိုင်စွမ်းအား ကျဆင်းနေသည့်အပြင် ရောင်းချသူဘက်မှလည်း အမြတ်အစွန်းနည်းပါးပြီး ဈေးကွက် ရပ်တန့်မှုကို ကြုံ တွေ့နေရခြင်းဖြစ်သည်။ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် ပြည်တွင်း ငွေကြေးလှည့်လည် စီးဆင်းမှု နှေးကွေးခြင်းအပြင် တစ်ဦးချင်းဝင်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် အကျပ်အတည်းဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ သက်ဆိုင်ရာမှထုတ်ပြန်သော စာရင်းဇယားများအရ တစ်ဦး ချင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP သည် အရေအတွက်ပမာဏ မြင့်တက်လာနိုင်သော်လည်း တန်ဖိုးအားဖြင့် နိမ့်ကျနေမည်ဖြစ် သည်။ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် ဈေးကွက်ပမာဏကျုံ့ဝင် ခြင်းတို့ကြောင့် အခြေခံပြည်သူများအတွက်ဝင်ငွေမှာ သာမန်စားသောက်ကုန်အသုံးစရိတ် အတွက်သာ အသုံးပြုနေရခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း နှစ်သစ်ကူးကာလရုံးပိတ်ရက်များ ရောက်ရှိလာ နိုင်သောကြောင့် အခြေခံစားသောက် ကုန်စည်များ ဈေးနှုန်း အနည်းငယ်မြင့်တက်လာနိုင်သည်။ ငွေ ကြေးဖောင်းပွမှုနှင့် ဈေးကွက်ကွင်းဆက်များ ပြတ်တောက်မှုအရ လာမည့်ရက်များအတွင်း အခြေခံ ပြည်သူလူထုမှာ လူမှုစီးပွားအကျပ်အတည်း ပိုမိုခံစားနေရဦးမည်ဖြစ်သည်။

အခြေခံစားသောက်ကုန်များနှင့် မြင့်တက်လာသည့်ကုန်ခြောက်ဈေး
ပွင်းလင်းရာသီတွင် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ ဈေးငြိမ်သက်နေသော်လည်း မီးဖို ချောင်သုံး ကုန်ခြောက်ဖြစ်သည့် အာလူး၊ ကြက် သွန်နီနှင့်ကြက်သွန်ဖြူများမှာ ဈေးတက်လာပြီဖြစ် သည်။ အခြေခံစားသောက်ကုန်များတွင် ဆန်ဈေး သည် ရွှေဘို ဆန်ချောဈေးနှုန်းမှာ တစ်အိတ်လျှင် တစ်သိန်းခွဲဝန်းကျင်ဖြင့် အပြောင်းအလဲရှိသော်လည်း အခြားဆန်ဈေးများမှာ အနည်းငယ်မြင့်တက် လာသည်။ ဆန်ကြမ်းအမျိုးအစားဖြစ်သော မနောသုခ တစ်အိတ်လျှင် ကျပ် ကိုးသောင်းခြောက်ထောင် ဈေးရှိပြီး ပုသိမ်ဆင်းသုခတစ်အိတ်လျှင် ကျပ် ရှစ်သောင်းနှစ်ထောင်ဈေးဖြင့် ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေကြောင်းသိရသည်။ ထို့ပြင် ဆန်ချောဈေးကွက် အတွင်းရှိ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်း သုံးသောင်းဝန်းကျင်နှင့် ပုံမှန် ရိုးရိုးပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းတစ်သောင်းကျပ်ရှိကြောင်း သိရ သည်။ ဆန်ဈေးကွက်အပေါ် သက်ဆိုင်ရာက အ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ဈေးကွက်ထိန်းချုပ် နေခြင်းကြောင့် ဆန်ဈေးများ အနည်းငယ်တည် ငြိမ်နေခြင်းဖြစ်သည်။ စားအုန်းဆီဈေးကွက်တွင် တရား ဝင် ဖြန့်ချိဈေးမှာ တစ်ပိဿာလျှင် (၆၈၇၅) ကျပ်ဖြင့် ယခင်တစ်ပတ်ကထက် (၁၅)ကျပ်ကျဆင်းသွားပြီး လက်လီ ဆယ်ရက်လျှင်တစ်ပိဿာ စာအုပ်ဖြင့်ရောင်းချပေးမှုတွင် တစ်ပိဿာ (၇၃၀ဝ)ကျပ်ဈေးဖြင့် တည်ငြိမ်နေကြောင်းသိရသည်။ ကုန်ခြောက်ဈေးကွက်တွင် နယ်အဝင်နည်းပါးသွားခြင်းကြောင့် ကုန် ဈေးနှုန်းများတက်လာကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်မှသိရသည်။ ကုန်ခြောက်ဈေးကွက်အတွင်း
အာလူးတစ်ပိဿာလျှင် (၆၀ဝဝ)ကျပ်ဝန်းကျင်အထိ ဈေး တက်လာပြီး၊ ကြက်သွန်နီတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၈၀ဝ)ကျပ်မှ (၄၇၀ဝ)ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ထို့အတူ ကြက်သွန်ဖြူဈေးကွက်တွင် လည်း ဈေးနှုန်းများဆက်တိုက်မြင့်တက်နေပြီး တစ်ပိဿာ လျှင် တစ်သောင်းခွဲမှ တစ်သောင်းရှစ်ထောင် ကျပ် ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခု တစ်ပတ်အတွက် အသားငါးဈေးကွက်အတွင်း ငါး ဈေးများမှာ အနည်းငယ်မြင့်တက်လာပြီး ငါးမြစ်ချင်း တစ်ပိဿာလျှင် တစ်သောင်းခွဲဝန်းကျင်ပေါက်ဈေးရှိ ကြောင်းသိရသည်။ ကြက်သား၊ ဝက်သား၊ ဆိတ်သား နှင့်အမဲသားဈေးကွက်မှာ ယခင်သီတင်းပတ်များအတိုင်း အပြောင်းအလဲမရှိ ဈေးတည်ငြိမ် နေကြောင်း သိရသည်။ အခြေခံစားသောက်ကုန်များမှာ ယခုနှစ် ပွင့်လင်းရာသီတွင် ဈေးကျဆင်းမှု နည်း ပါးပြီး ဈေးအမြင့်ပိုင်းတွင်သာ အ‌ရောင်းအဝယ်ဖြစ်နေကြကြောင်း သိရသည်။ လာမည့်ရက်များတွင် အခြေခံ စားသောက်ကုန်ဈေးသည် အတက်အကျနည်းပါးစွာဖြင့် တည်ငြိမ်နေမည်ဖြစ်သည်။

Source: NP News

Subject-Image

  • တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

Posted-Date