သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71541

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်

နေပြည်တော် ဇွန် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်သည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71551

ကနီမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ဧက ၃၉၁၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ကနီ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ဧက ၃၉၁ဝ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကနီမြို့နယ်တွင် စပါး ၂၃၂၈၅ ဧကစိုက်ပျိုးရန် လျာထားပြီး အဆိုပါစပါးစိုက်ပျိုးမှုကို ယခုနှစ် မေလပထမပတ်မှစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ဧက ၃၉၁ဝ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ကနီမြို့နယ်မှာ စပါးဧက ၂၃၀၀၀ ကျော်စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ဧက ၃၀၀၀ ကျော်စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင်စိုက် ပျိုးနိုင်ဖို့ဆောင်ရွက်ပေးနေတယ်။ စပါးစိုက်ပျိုးရာမှာလဲ လိုအပ်တဲ့ နည်းပညာတွေ၊ မျိုးတွေဆောင်ရွက်ပေးနေပါတယ်”ဟု ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောပြသည်။

မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးစိုက်ပျိုးရာမှာ အခက်အခဲမရှိ စနစ်တကျစိုက်ပျိုးနိုင်ရေး စပါးစိုက်တောင်သူများကို စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်ရေး အသိပညာပေးခြင်း၊ သီးနှံများပျက်စီးဆုံးရှုံးမှုမရှိရေး၊ ရိတ်သိမ်းပြီး စပါးများ အမိုးအကာအောက်အချိန်မီရောက်ရှိရေး အသိပေးခြင်းများကို သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံတွင်းစားသုံးမှု ဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းသင့်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်း က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

ကမ္ဘာ့ရေနံစျေးနှုန်းများ ကြာသပတေးနေ့တွင် ဆက်လက်မြင့်တက်

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် အမေရိကန်ရေနံသိုလှောင်မှု အချက်အလက်များအပေါ် ရင်းနှီးမြှုပ်နှံသူများ တုံ့ပြန်မှုကြောင့် ကမ္ဘာ့ ရေနံစျေးနှုန်းများသည် ကြာသပတေးနေ့ (ဇွန် ၂၆) တွင် ဆက်လက် မြင့်တက်ခဲ့သည်။

ကမ္ဘာ့စံချိန်စံညွှန်း ဘရန့် ရေနံစိမ်းစျေးသည် ၀.၂ % တက်ကာ ၁ စည် လျှင် ၆၇ ဒေါ်လာရှိပြီး အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းစျေးမှာ ၀.၃% တက်ကာ ၁ စည်လျှင် ၆၅ ဒေါ်လာ ရှိသည်။

အမေရိကန်ရေနံဝယ်လိုအား ခိုင်မာနေကြောင်း သတင်းများ ထွက်ပေါ် ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅)တွင် ရေနံစျေးနှုန်းနှစ်မျိုးစလုံးသည် ၁% နီးပါးမြင့်တက်ကာ ယခုသီတင်းပတ်အစောပိုင်းက ကျဆင်းမှုများမှ ပြန်လည်မြင့်တက်လာခဲ့သည်။ ဘရန့် ရေနံစိမ်းစျေးသည် ၁ စည်လျှင် ၆၈ ဒေါ်လာအနားတွင် ရပ်တည်နေပြီး WTI ရေနံစိမ်းမှာ ၆၅ ဒေါ်လာ အထက် ရောင်းဝယ်နေသည်။ အရှေ့အလယ်ပိုင်းမှ ရေနံထောက်ပံ့မှုများ ပြတ်တောက်နိုင်ခြေအား စိုးရိမ်မှုများကြောင့် သီတင်းပတ်အစောပိုင်းက စျေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အစ္စရေးနှင့် အီရန်တို့ စစ်ပြေငြိမ်းရေး သဘောတူပြီးနောက် စျေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် အစ္စရေး နှင့် ၁၂ ရက်ကြာ စစ်ပြေငြိမ်းရေးသဘောတူညီချက်အပြီး ဝါရှင်တန်သည် လာမည့်အပတ်တွင် အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်မည် ဟု ပြောကြားခဲ့သည်။ “မိမိအနေဖြင့် ၎င်းတို့နှင့် လာမည့်အပတ်တွင် ဆွေးနွေးမည်ဖြစ်ပြီး သဘောတူညီချက် ရရှိနိုင်ကြောင်း” နေတိုး ထိပ်သီး အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပြီး ရက်စွဲအတိအကျကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ထို့အပြင် ၎င်းက အီရန်ရေနံတင်ပို့မှုအား ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ပေးနိုင်ကြောင်း ညွှန်းဆိုကာ အီရန်အနေဖြင့် ရေနံရောင်းချခွင့်ပြုခြင်းသည် နိုင်ငံတည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့ သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရန်ကုန်မြိူ့နယ်အများစုတွင် စက်ဘီးပြင်ဆိုင်များ ပြန်အလုပ်ဖြစ်လာ

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော စက်ဘီးပြင်ဆိုင်များသည် ယခုနောက်ပိုင်းတွင် စက်ဘီးပြုပြင်သူပြန်လည်များပြားလာသောကြောင့် အလုပ်ဖြစ်လာသည်။

“ဒီနောက်ပိုင်း လာပြင်တဲ့ဘီးလေးတွေ များလာတယ်၊ ကျွန်တော်က စက်ဘီးဝယ်ရောင်းပါလုပ်တာဆိုတော့ second (သုံးပြီးသား) ဘီးကို လာဝယ်သူတွေလည်း များလာတယ်” ဟု တောင်ဥက္ကလာမြို့နယ်ရှိ စက်ဘီးပြင်၊ရောင်းဝယ် လုပ်သူတစ်ဦးက ပြောပြသည်။

ယခင်ကမူ စက်ဘီးလေထိုး၊ ကျွတ်ဖာခြင်းသာရှိသော်လည်း ယခုနောက်ပိုင်းတွင် စက်ဘီးအတွက် ယိုယွင်းသော ပစ္စည်းများကိုလဲလှယ်ခြင်း၊ ဆေးမှုတ်ခြင်း၊ တာယာ၊ ဘီးအလှဆင်ခြင်းတို့ကိုပါ ပြုလုပ်လာကြသည်ဟု ဆိုသည်။

ယခင်ဇွန်လဆန်းပိုင်းမှ စတင်ကာလိုင်စင်မဲ့ယာဉ်များနှင့်အတူ ဆိုင်ကယ်များ၊ ဘေးတွဲများ၊ E bike များကိုပါ ဖမ်းဆီးနေမှုကြောင့်လည်း ထိုကဲ့သို့ စက်ဘီးအသုံးပြုသူများ ပိုမိုရှိလာခြင်းဖြစ်သည်ဟု အထက်ပါ စက်ဘီးပြင်၊ရောင်းဝယ်လုပ်သူကပင် မှတ်ချက်ပေးသည်။

“ကျွန်တော့်အလုပ်က မြောက်ဒဂုံဆိုတော့ လိုင်းကားမစီးတော့ဘူး၊ ဒီကနေမနက် စက်ဘီးပဲနင်းတော့တယ်၊ ဘေလီတံတားအကျော်တင်ဆိုတော့ လိုင်းကားအသွားအပြန်တစ်ရက် ၈၀၀ သက်သာသွားတယ်” ဟု တောင်ဥက္ကလာမြို့နယ်မှ မြောက်ဒဂုံသို့သွားရောက်လုပ်ကိုင်နေသူတစ်ဦးကလည်း ပြောသည်။

ယခင်က သူ့ထံတွင် E-Bike တစ်စီးရှိသော်လည်း လက်ရှိအခြေအနေများကြောင့် အိမ်တွင်သိမ်းဆည်းထားရသည်ဟုလည်း သူကပြောသည်။

လက်ရှိအခြေအနေတွင် အခြေခံ၊ အလတ်တန်းစားလူတန်းစား အများစုမှာ နီးလျှင် စက်ဘီးကိုအသုံးပြုနိုင်ရန် ပြန်လည်ရွေးချယ်လာကြပြီး စက်ဘီးပြင်ဆိုင်များလည်း ပြန်လည်အလုပ်ရှိလာနေသည်။

Source: Popular Myanmar

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ဓနုဖြူ   ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖီးကြမ်းငှက်ပျောသီးအဖီးရေအများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ငှက်ပျောသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း အဖီးရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့မေလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ အများအပြားကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ပါတယ်။ ဒေသတွင်းမှာကို ဖီးကြမ်းငှက်ပျောသီးတွေက ဝယ်ယူမှုများနေတဲ့အခြေအနေမှာ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့တဲ့ ဖီးကြမ်းငှက်ပျောသီးတွေက အရည်အသွေးလဲကောင်းပါတယ်” ဟု ဓနုဖြူမြို့နယ် ငှက်ပျောသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ် က ပြောပြသည်။

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း တင်ပို့ရောင်းချခဲ့သည့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ဖီးကြမ်းငှက်ပျောသီးများ အရောင်းအဝယ်များနေသည့်အတွက် လုပ်သားများ၊ ကုန်သည်များ၊ ငှက်ပျောစိုက်ပျိုးသူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချ လုပ်သားများ အလုပ်အကိုင်ရရှိလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးရံ့ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျိုက်လတ် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးရံ့ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးရံ့များအပါအဝင် ရေထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိပြီး ဧပြီလအတွင်း ငါးရံ့ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း ငါးရံ့ပိဿာချိန် ၇၀၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“မေလထဲမှာ ငါးရံ့တွေကို ရန်ကုန်ဈေးကွက်ထဲ သိသိသာသာကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ငါးရံ့တွေတင်ပို့ရောင်းချအားတက်ခဲ့တာကလဲ ပြည်တွင်း ဝယ်ယူမှုများနေတာကြောင့် ဖြစ်ပါတယ်။ ဒေသထွက်ငါးရံ့တွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့နေတာပါ။ အခုလို ငါးရံ့တွေ ဝယ်ယူမှုကောင်းလာတော့ ငါးရံ့မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့လုပ်သားတွေ၊ ငါးရံ့ရှာဖွေဖမ်းဆီးသူတွေ အဆင်ပြေလာပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်း တင်ပို့ရောင်းချခဲ့ရသည့် ငါးရံ့ အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀၊ ငါးရံ့အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၇၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၂၇၀၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက် သီးနှံ မျိုးစုံ (၁၅၇၁၁) ဧက စိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀) တင်း ထွက်ရှိ

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၄-၂၀၂၅ခုနှစ်တွင်  ဆောင်းဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံမျိုးစုံ(၁၅၇၁၁)ဧက  စိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀)တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။ 

ဆီထွက်သီးနှံများ စိုက်ပျိုးရာ၌ ဆင်းပဒေသာ (၁၁) မြေပဲသီးနှံ (၂၉၉) ဧက၊ တစ်ဧကအထွက်နှုန်း (၆၁.၄၀) တင်း နှင့် စုစုပေါင်း (၉၆၄၀) တင်း၊ ဆင်းရတနာ-၄ နှမ်းသီးနှံ (၅၁၃၈) ဧက၊ တစ်ဧကအထွက်နှုန်း (၁၃.၅၀) တင်းနှင့် စုစုပေါင်း (၆၉၃၆၃) တင်း၊ ရေဆင်း-၁နေကြာသီးနှံ (၃၅၀) ဧက တစ်ဧကအထွက်နှုန်း (၃၅.၂၀) တင်း စုစုပေါင်း (၇၀၄၀) တင်း၊ ဆင်းရွှေကြာ-၂နေကြာသီးနှံ (၉၉၂၄) ဧက၊ တစ်ဧကအထွက်နှုန်း (၃၄.၂၆) တင်း စုစုပေါင်း (၁၆၀၂၀၇) တင်း ထွက်ရှိကြောင်းနှင့် ဆီထွက်သီးနှံမျိုးစုံ (၂၄၆၂၅၀) တင်း ထွက်ရှိကြောင်း သိရသည်။

နွေသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးခဲ့ကြောင်း သိရသည်။ 

ပေးပို့သူ- သက်မောင် (ကျောက်ဆည်)

မင့်စ်မြို့တွင် ကျင်းပမည့် ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးဖိုရမ်သို့ Lukashenko တက်ရောက်ပြီး EAEU ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မည်

မင့်စ်၊ ဇွန် ၂၅ 

ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးကောင်စီ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ယူရေးရှားဒေသ စီးပွားရေး ဖိုရမ် တို့ကို မင့်စ်မြို့တွင် ဇွန်လ ၂၆ မှ ၂၇ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။  အဆိုပါအခမ်းအနားများ ၂၀၂၅ ခုနှစ် Eurasian Economic Union (EAEU) ဥက္ကဋ္ဌအဖြစ် ဘယ်လာရုစ်က ဆောင်ရွက်စဉ် ကျင်းပခြင်းဖြစ်ကြောင်း ဘယ်လာရုစ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဘီတာ သတင်းဌာနသို့ ပြောကြားပါသည်။

ဘယ်လာရုစ်သမ္မတ Aleksandr Lukashenko က EAEU ထိပ်သီး အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး၊ အခြား နိုင်ငံ အကြီးအကဲများနှင့်အတူ Eurasian Econimic Forum သို့ တက်ရောက် မည်ဖြစ်ပါသည်။   ဒါဇင်ပေါင်းများစွာသော နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ များလည်း အဆိုပါ အခမ်းအနားကို တက်ရောက်မည်ဟု မျှော်လင့် ရပါကြောင်း ဖော်ပြထားပါသည်။

Eurasia Economic Forum သည် ဇွန်လ ၂၆ ရက်နေ့တွင်  Minsk International Exhibition Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  ဘယ်လာရုစ် သမ္မတသည် အဆိုပါဖိုရမ်၏ “The Strategy of Eurasian Economic Integration: Results and Prospects” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည့်  စုံညီအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ဖိုရမ်တွင် အဓိက ဘာသာရပ်ဆိုင်ရာ အစုအဖွဲ့ကြီး ၆ ခုဖြင့် ဆွေးနွေးမှု ပေါင်း ၃၅ ခု ပြုလုပ်ရန်လျာထားပါကြောင်း နှင့် ဖိုရမ်သို့ နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ကိုယ်စားလှယ် ၂,၇၀၀ ဦးကျော် တက်ရောက်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိပါသည်။

ဘယ်လာရုစ် သမ္မတ Aleksandr Lukashenko က သဘာပတိအဖြစ် ဆောင်ရွက်မည့် EAEU ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် the Palace of Independence တွင် ကျင်းပရန် ရှိပါသည်။  အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစည်းရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာလမ်းညွှန်ချက်များချမှတ်ရေး၊ EAEU အတွင်း ဝန်ဆောင်မှုများ ဖြေလျှော့ပေးရေး၊ အားကစား၌ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ EAEU၏ အဓိက မိတ်ဖက်များနှင့် ကုန်သွယ်မှု နှင့်စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ချဲ့ထွင်ရေးစသည့် အစီအစဉ်များ ပါဝင်ပါသည်။ 

ကိုးကား- BeTA News

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

ပူတင်က အစိုးရအား နိုင်ငံခြား ကုမ္ပဏီများ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်

သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းပဋိပက္ခကြောင့် ရုရှားဈေးကွက်မှ ထွက်ခွာသွားခဲ့သော နိုင်ငံခြားကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရန်အတွက် အခြေခံအဆောက်အအုံများ ပြင်ဆင်ရန် ရုရှားအစိုးရအား ညွှန်ကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မိုက်ခရိုဆော့ဖ် (Microsoft) နှင့် မက်ဒေါ်နယ် (McDonald’s) အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးများစွာသည် ရုရှား၏ ယူကရိန်းစစ်ဆင်ရေးစတင်မှုကို အကြောင်းပြ၍ ရုရှားနှင့် ဆက်ဆံရေး ဖြတ်တောက်သွားခဲ့ကြသည်။ ထို့အပြင် အနောက်နိုင်ငံများ၏ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကလည်း နိုင်ငံခြားလုပ်ငန်းများ ထွက်ခွာသွားစေရန် အရှိန်မြှင့်တင် ပေးခဲ့သည်။

ပူတင်က နိုင်ငံခြား စီးပွားရေးလုပ်ငန်းများသည် မိမိတို့၏ ဆန္ဒအလျောက် ထွက်ခွာသွားခြင်း ဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့ ပြန်လည် ဝင်ရောက်လာပါက ကြိုဆိုမည်ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။ သို့သော် ရုရှားကုမ္ပဏီများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက အတိအလင်းပြောကြား ခဲ့သည်။

တနင်္လာနေ့ (ဇွန် ၂၃) တွင် ရုရှား ပြည်တွင်းစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ Delovaya Rossiya နှင့် တွေ့ဆုံပြီးနောက် ပူတင်က မိတ်ဖက် မဟုတ်သော နိုင်ငံများမှ နိုင်ငံခြားသားလုပ်ငန်းရှင်များ ရုရှားတွင် စီးပွားရေး လုပ်ကိုင် နိုင်ရန်၊ အိမ်ခြံမြေ နှင့် စတော့ရှယ်ယာများ ဝယ်ယူနိုင်ရန်အတွက်စည်းမျဉ်းများချမှတ်ရေး အဆိုပြုချက်များကို အစိုးရအား စိစစ် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ရုရှား၏ မိတ်ဖက်မဟုတ်သော နိုင်ငံများစာရင်းတွင် လက်ရှိအချိန်အထိ အီးယူအဖွဲ့ဝင် နိုင်ငံအများစု၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ နှင့် နယူးဇီလန် တို့ ပါဝင်နေပါသည်။ ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov က မကြာသေးမီက မိတ်ဖက် မဟုတ်သောနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့နိုင်ကြောင်း ပြောကြားခဲ့သည်။ 

မေလတွင် ပူတင်က နိုင်ငံခြားကုမ္ပဏီများနှင့်ပတ်သက်၍ လက်တွေ့ကျသော ချဉ်းကပ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ၎င်းတို့၏ ယခင်လုပ်ဆောင် ချက်များကို တစ်ခုချင်းစီ အလိုက် အကဲဖြတ်ရမည်ဟု ပြောကြားခဲ့သည်။

“တစ်ခုခုက မိမိတို့အတွက် အကျိုးရှိမည်ဆိုပါက ပြန်လာခွင့်ပေးသင့်ပြီး အကျိုးမရှိဘူးဆိုပါက မဝင်ရောက်နိုင်အောင် အကြောင်းပြချက် မြောက်မြား စွာရှာဖွေသင့်ပါသည်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကရင်မလင်၏ ရင်းနှီးမြှုပ်နှံမှုကိုယ်စားလှယ် Kirill Dmitriev က ဧပြီ လတွင် အမေရိကန်ကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ခွာရခြင်းကြောင့် ခန့်မှန်းခြေ ဒေါ်လာ ၃၀၀ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့သည် ယခုနှစ်အစောပိုင်းတွင် တိုက်ရိုက် ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ဘိုင်ဒင် အစိုးရ လက်ထက်တွင် ဖြတ်တောက်ခဲ့သော ဆက်ဆံရေးများကို တဖြည်းဖြည်း ပြန်လည်တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။