သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းအီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ၊ ရွှေကသာကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံသို့ ရောက်ရှိကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71335

SPIEF ၌ ဒေါ်လာဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်

ရုရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF)၌ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အမှုဆောင် အတွင်းရေးမှူး အန်တွန်ကော့ယာကော့က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ ယခုသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော့ယာကော့က ဆက်ပြောသည်။

ထိုဖိုရမ်တွင် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့အပါအဝင် အဓိကကျသော နိုင်ငံကြီးများကြား စီးပွားရေးဆွေးနွေးမှု စုစုပေါင်း ၂၄ ခုကို ဆောင်ရွက်နိုင်ခဲ့သည်။ (၂၈) ကြိမ်မြောက် SPIFE ဖိုရမ်ကို “မျှဝေသော တန်ဖိုးများ” ခေါင်းစဉ်ဖြင့် ဇွန်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Ref : Sputnik

MWD Daily Newspaper

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပန်းခရုပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ဖျာပုံ   ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပန်းခရုပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသူ က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ပန်းခရုပိဿာချိန် ၄၅၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း ပန်းခရု ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဒီဘက်က ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ပန်းခရုပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်က ဒီဘက်ကထွက်တဲ့ ရေထွက်ကုန်တွေကို အဝယ်လိုက်နေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ပန်းခရုတွေရဲ့ လတ်ဆတ်မှုနဲ့ သန့်ရှင်းမှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ပန်းခရုတွေကို လတ်တလော ပင်လယ်စာအရောင်းဆိုင်တွေက အဝယ်လိုက်နေတာကြောင့် အခုလို အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ တင်ပို့အားတက်တော့ ရေလုပ်ငန်းရှင်တွေနဲ့ အရောင်းအဝယ်သမားတွေ အဓိက အဆင်ပြေလာပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသူ က ပြောပြသည်။

ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ပန်းခရုတစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ပန်းခရုများအပြင် အခြားရေထွက်ကုန်များ အရောင်းအဝယ်ကောင်း၊ တင်ပို့အား ကောင်းလာသည့်အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းနေကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စိုက်ပျိုးမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် တာဝန်ခံက စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက် မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေးဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုး စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုးစေ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

လတ်ဆတ်စွာ ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ရန်လို

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်းသို့ လတ်ဆတ်စွာဖြင့် ရောင်းချပေးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နေရခြင်းမှာ တိုင်းဒေသကြီး အတွင်းရှိလူဦးရေ ၇ သန်းကျော်အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စားသုံးမှုလိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်ကြောင်း၊ လူဦးရေ ၇ သန်းကျော်၏ နေ့စဉ်အသားစားသုံးမှုလိုအပ်ချက်ကို စနစ်တကျဖြင့် တွက်ချက်ထားရှိရန်လိုပြီး ဇုန်အလိုက်လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ အခြေခံစားကုန်များကို ဖူလုံပေါများစွာဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျော့ကျသွားစေမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးမှုအတွက် အသား၊ ငါးနှင့် ဥများလိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတမှသာ သင့်တင့်သည့် ဈေးနှုန်းများဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသား၊ ငါးနှင့် ဥများကို ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ အသီးအနှံများကိုလည်း မိမိတို့တိုင်းဒေသကြီးအတွင်း ပေါများနေအောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ မီးဖိုချောင်သုံးသီးနှံများကိုလည်း လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေး ဈေးကွက်အတွင်းသို့ အလျင်အမြန်ဖြန့်ဖြူးရောင်းချပေးရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ပေါပေါသီသီစားသုံးနိုင်ရေး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အထွက်နှုန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကွက်ချပုံစံငယ်အား ကြည့်ရှု၍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

လမ်းညွှန်မှာကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည်၍ အအေးပေးစနစ်ဖြင့် အသားတိုးဝက်များ မွေးမြူထားရှိမှု၊ ဥစားကြက်များကို Fully automatic စနစ်ဖြင့် မွေးမြူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

MOI

ရုရှားနှင့်အင်ဒိုနီးရှားက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူ

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါပလက်ဖောင်းသည်  နှစ်နိုင်ငံကြား နည်းပညာ လွှဲပြောင်းမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများ    ဖလှယ်မှုစသည်တို့အတွက် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရုရှား-အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုပလက်ဖောင်း ထူထောင်ရေးသဘောတူညီချက်ကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပြင်ကဏ္ဍအစုံ၌ မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာစေရန် နှစ်ဖက်စလုံးကကတိပြုထားသည်ဟု အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နှစ်နိုင်ငံကြားရရှိသည့်သဘောတူညီချက်များတွင် ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူထုမီဒီယာကဏ္ဍတို့ ပါဝင်သည်။

MWD Web Portal

မလေးရှား-အမေရိကန် ကုန်သွယ်မှု အခွန်အခဆိုင်ရာ ဆွေးနွေးပွဲ “အခြေအနေ အလွန်ကောင်းကြောင်း” ၊ အန်နဝါက အာဆီယံအတွက်ပါ သမမျှတတဲ့ သဘောတူညီချက်ဖြစ်ရန် တိုက်တွန်း

ကွာလာလမ်ပူ၊ ဇွန် ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တစ်ဖက်သတ် အခွန်နှုန်းထားများ သတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဝါရှင်တန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး “အခြေအနေ အလွန်ကောင်းကြောင်း” မလေးရှား ဝန်ကြီးချုပ် ဒါတွတ်ဆရီအန်နဝါ အီဘရာဟင်က ယနေ့ ပြောကြားလိုက် ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် မလေးမေးလ် သတင်းတွင် ဖော်ပြ ပါရှိပါသည်။

ယင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဒါတွတ် ဆရီ တန်းကု ဇာဖ်ရူ အဘဒူ အဇစ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဒါတွတ် ဆရီ အမာ ဟန်ဇတ် အာဇီဇန် နှင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Howard Lutnick တို့ အကောက်အခွန်ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ မနေ့က ကြိုတင်ဆွေးနွေးခဲ့ကြကြောင်း “မိမိက ဝန်ကြီးတွေကို  အဆိုပါကိစ္စနှင့် ပတ်သက်၍ မလေးရှားအတွက် မျှမျှတတဖြစ်စေဖို့အပြင် အာဆီယံအတွက်ပါ အကောင်းဆုံး ဖြစ်အောင် သေချာစွာ ဆွေးနွေးခဲ့ကြဖို့ ပြောကြား လိုက်သည်”ဟု ယနေ့ ကွာလာလမ်ပူမြို့ရှိ Hilton ဟိုတယ်တွင် ကျင်းပ ပြုလုပ်သည့် 38th Asia-Pacific Roundtable (APR) အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ကုန်များအားလုံးကို အကောက် အခွန် ၂၄ ရာခိုင် နှုန်း ကောက်ခံလျက်ရှိရာ အခြေခံအခွန်အခနှုန်းထား ၁၀ ရာခိုင်နှုန်းအထိ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ “အချို့သော မိမိတို့၏ နိုင်ငံခြားရေး မူဝါဒများတွင် ကွဲလွဲမှုများ ရှိနေပါကြောင်း၊ အကျယ်ချဲ့၍ မပြောလိုသော်လည်း၊ အမေရိကန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး မှာ အားကောင်း ခိုင်မာနေဆဲဖြစ်ကြောင်း” အန်နဝါက ပြောကြားပါသည်။ ၎င်းက အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီမှု အသစ်တစ်ရပ် ပေါ်ထွန်းရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမေရိကန်၏ အကောက်အခွန်နှုန်းထား ပြဿနာသည် ဒေသတွင်း အရိပ်တစ်ခုသဖွယ်ဖြစ်နေကြောင်း ထပ်လောင်း ပြောကြားလိုက်ပါသည်။ 

ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းမူဘောင် သဘောတူညီချက် (DEFA) အပြီးသတ်ရေးသည် ဒေသတွင်း ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့် အလားအလာ ရှိပါကြောင်း၊ ယင်းသဘော တူညီချက်သည် ဒီဂျစ်တယ် စီးပွားရေးကို ဥပဒေနှင့်အညီ ချီနှောင် ထိန်းချုပ်နိုင်သည့် ဒေသတစ်ခုလုံး၏ ကမ္ဘာ့ပထမဆုံးသော သဘော တူညီချက်ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။

အာဆီယံခေါင်းဆောင်များ BRICS အုပ်စုနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အပေါ်တွင်လည်း   အဆိုပါကိစ္စများသည် အနောက်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်ဟု မရှုမြင်သင့်ကြောင်း၊ စိန်ခေါ်မှုများကို မျှဝေကိုင်တွယ် ဖြေရှင်းနေသည့် သဘောဖြစ်ကြောင်း ခုခံပြောကြားပါသည်။ 

BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်ပါသည်။ “မကြာသေးမီက BRICS သို့ အရှေ့အလယ်ပိုင်း၊ အရှေ့ တောင်အာရှ၊ အာရှအလယ်ပိုင်း၊ အာဖရိကနှင့် တောင်အမေရိက တိုက်မှ နိုင်ငံများ အဖွဲ့ဝင်နှင့် မိတ်ဖက်အဖွဲ့ဝင် နိုင်ငံများအဖြစ် ပါဝင်လာပါ သည်ဖြစ်ရာ ယင်းသည် အလွန်အနှစ်သာရရှိသော ဒေသများဖြစ်ကြောင်း၊ ယင်းသည် မိတ်ဖက်သစ်များဖြင့် မူလအဖွဲ့ဝင်များကို ပိုမိုသစ်လွင်လာ စေမည့် အခွင့်အလမ်း ဖြစ်ပါကြောင်း” ပြောကြားပါသည်။  မလေးရှား နိုင်ငံသည် BRICS အဖွဲ့ဝင်ဖြစ်ရေး အတွက် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် လျှောက်ထားခဲ့ပြီး၊ အောက်တိုဘာလတွင် မိတ်ဖက်နိုင်ငံအဆင့်ကို ရရှိခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည်လည်း အဆိုပါအဖွဲ့၏ မိတ်ဖက်နိုင်ငံများဖြစ်ကြပါသည်။

ကိုးကား- Malay Mail

ဘာသာပြန်ဆိုသူ-ဦးခိုင်ထွဋ်လှ

ဆူးပုပ်ပင်စိုက်ပျိုး ဝင်ငွေတိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ငရုတ်စသည်ဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များအနက် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ဆူးပုပ်ပင်များကိုလည်း မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။

ဆူးပုပ်ပင်များကို အစိုဓာတ် ကောင်းမွန်သော မိုးဦးကျကာလများတွင် စိုက်ပျိုးပြီး ခြောက်လခန့် အကြာတွင် ဆူးပုပ်ရွက်များကိုစတင်ခူးဆွတ်ရ၍ တစ်နှစ်ခန့် အကြာတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ ဆူးပုပ်ကြီးနှင့် ဆူးပုပ် လေးဟူ၍ရှိပြီး ဆူးပုပ်ကြီးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ၄-၅ ညွန့်ပါ အစည်း ပေါင်း ၃၀၀၀-၃၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်နှင့် မန္တလေးမြို့ရှိ ကုန်စိမ်းဆိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ဆူးပုပ် ပင်သည် နှစ်ရှည်ပင်ဖြစ်သည့် အတွက် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိပြီး အကျိုးအမြတ်များ ရရှိကြောင်း ဆူးပုပ်ပင်စိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)

အင်းတော်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ဧက ၁၄၀၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်

အင်းတော် ဇွန် ၁၉ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ဧက ၁၄၀ဝ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အင်းတော်မြို့နယ်တွင် ဟင်းသီးဟင်းရွက် ၄ဝ၂၅ ကေ စိုက်ပျိုးရန် လျာထားပြီး အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုကို ယခုနှစ်မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ တွင် ဧက ၁၄ဝဝ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ အင်းတော်မြို့နယ်မှာ ဟင်းသီးဟင်းရွက် ဧက ၄ဝဝဝ ကျော်စိုက် ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ဧက ၁၀၀၀ ကျော်စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ဆောင်ရွက်ပေးနေပါတယ်။ မုန်ညင်း၊ ငရုတ်၊ နံနံ၊ အာလူး၊ ဂေါ်ဖီထုပ်၊ ခရမ်း စတဲ့ သီးနှံတွေ စိုက်ပျိုးဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်အားလုံးကို GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင် တောင်သူတွေကို နည်းပညာပေးတယ်။ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်အားလုံးကို ဓာတုဓာတ်ကြွင်း အနည်းဆုံးဖြစ်အောင်၊ ကျန်းမာရေးနဲ့ကိုက်ညီ အောင်စိုက်ပျိုးဖို့ တောင်သူတွေကို နည်းပညာပေးနေပါတယ်”ဟု အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောပြသည်။

ယခုနှစ် အင်းတော်မြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးမည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနေဖြင့် GAP နည်းစနစ်ဖြင့် စိုက်ပျိုးရန်အတွက် နည်းပညာပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သီးနှံဖြစ်စေရန်နှင့် တောင်သူများ ဟင်းသီးဟင်းရွက်များ တိုးချဲ့စိုက်ပျိုးလာရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမေရိကန်ကုမ္ပဏီများ ရုရှားသို့ ပြန်လာလိုကြသည်ဟု AmCham ဥက္ကဋ္ဌ Robert Agee ပြောကြား

အမေရိကန်လုပ်ငန်းရှင်များသည် ရုရှားဈေးကွက်ကို ပြန်ဝင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ထရမ့်အစိုးရ၏ မော်စကိုနှင့် ဆက်သွယ်ရေး ပြန်လည် တည်ဆောက်ရေးအားထုတ်မှုကို ကြိုဆိုနေကြောင်း ရုရှားနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ဥက္ကဋ္ဌ Robert Agee က RT ကို ပြောကြားခဲ့ပါသည်။

AmCham သည် ဒီဇင်ဘာလတွင် ရာထူးစတင်ယူချိန်ကတည်းက ဒေါ်နယ်ထရမ့်၏ ရုရှားနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအားထုတ်မှုကို ထောက်ခံခဲ့ပြီး လအတန်ကြာကပင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုများလျှော့ချရန် ဝါရှင်တန်ကို တိုက်တွန်းခဲ့ပါသည်။

“ရုရှားနှင့် အမေရိကန်ကြား ကောင်းမွန်သည့် စီးပွားရေး ဆက်ဆံရေး ရှိခြင်းက ပိုကောင်းပါသည်” ဟု Agee က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် စိန့်ပီတာစဘက်အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF 2025) ၌ RT ကို ပြောကြားခဲ့ပါသည်။ “လေးနှစ်အကြာက မိမိတို့ လုပ်ငန်းများ၏ ၇၀% က ရုရှားကို နည်းဗျူဟာမြောက်ဈေးကွက်အဖြစ် မြင်ခဲ့ကြသည်” ဟုလည်း ၎င်းကဆိုပါသည်။

AmCham ဥက္ကဋ္ဌ၏အဆိုအရ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများနှင့် ဝါရှင်တန် ၏ဖိအားများကြားတွင် ရုရှား၌ ဆက်လက်ရပ်တည်ခဲ့သော ကုမ္ပဏီများ သည် အချိန်ကြာလာသည်နှင့်အမျှ အကျိုးကျေးဇူးရရှိခဲ့ကြပါသည်။

“စားသုံးကုန်ကုမ္ပဏီများ၊ သကြားလုံးနှင့် ချောကလက် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းတင်ပို့သူများ အားလုံးသည် ရုရှားတွင် ဆက်လက်ရှိနေပြီး တက်ကြွစွာလည်ပတ်ကာ အောင်မြင် နေကြပါသည်” ဟု ၎င်းကပြောကြားခဲ့သည်။

Agee ၏အဆိုအရ ရုရှားမှထွက်ခွာသွားသူများသည် အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်နွေးထွေးလာမည်ကို မျှော်လင့်ကာ စောင့်ကြည့် နေကြသည် ဟုဆိုသည်။ ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံပြီးနောက် ကုမ္ပဏီများစွာသည် ရုရှားသို့ ပြန်လည်ဝင်ရောက်လာ နိုင်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) ညနေပိုင်းတွင် စိန့်ပီတာစဘက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF 2025) ဘေးဘက်ဆွေးနွေးပွဲ၌ ပူတင်က သတင်း ထောက်များအား “အမေရိကန်လုပ်ငန်းရှင်များသည် ရုရှားဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် အလားအလာပြသခဲ့ကြပြီး၊ ရုရှား-အမေရိကန် ကုမ္ပဏီများအကြား ဆက်သွယ်မှုများ ပြန်လည်စတင်နေသည်ကို သတိ ထားကာ မျှော်လင့်ချက်ရှိစေသည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ဒေါ်နယ်ထရမ့်သည် နိုင်ငံရေးသမားတစ်ဦး အနေဖြင့်သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့်လည်း အမေရိကန်၏ ရုရှား ဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်ကာ မတူညီသောချဉ်းကပ်မှုများ၏ အကျိုးအပြစ်များကို ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ကြောင်း” ဖြည့်စွက်ပြောကြားခဲ့သည်။

Izvestia သတင်းစာက လွန်ခဲ့သောလတွင် ရုရှားပါလီမန်သည် နိုင်ငံခြား ကုမ္ပဏီများအား ရုရှားမှထွက်ခွာစဉ်က ရောင်းချခဲ့သော ပိုင်ဆိုင်မှုများကို ပြန်လည်ဝယ်ယူပိုင်ခွင့်ကို စည်းမျဉ်းသတ်မှတ်မည့် ဥပဒေကြမ်း တစ်ရပ်ကို အတည်ပြုရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရသို့မဟုတ် လက်ရှိပိုင်ဆိုင်သူများအနေဖြင့် အချို့သော အခြေအနေများတွင် ပြန်လည်ဝယ်ယူမှုကို ငြင်းဆန်ခွင့်ရှိမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြောင်းမြမြို့နယ်တွင် ငါးတန်များ အရောင်းအဝယ်ကောင်းမွန်နေ

မြောင်းမြ  ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ် သားငါးဈေးကွက်တွင် ငါးတန်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မြောင်းမြမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိအေးက ပြောပြသည်။

မြောင်းမြမြို့နယ်မှ ငါးတန်များကို ဇွန်လ ဒုတိယပတ်မှ ယနေ့ထိ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသတွင် နေ့စဉ် ငါးတန်ပိဿာချိန် ၃၅၀၀ မှ ၆၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“မြောင်းမြမြို့နယ်ဘက်က ထွက်တဲ့ငါးတန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေတာပါ။ ဒီဘက်ကနေ ထွက်တဲ့ဒေသထွက်ငါးတန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိက တင်ပို့ရောင်းချနေပါတယ်။ ဒေသထွက် ငါးတန်တွေအရောင်းအဝယ်ကောင်းလာတော့ ငါးမွေးမြူရေးလုပ်ငန်းတွေ၊ ရေလုပ်သားတွေ၊ ကုန်သည်တွေ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာပါတယ်” ဟု မြောင်းမြမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အိအိအေး က ပြောပြသည်။

မြောင်းမြမြို့နယ်တွင် ဒေသထွက် ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ ငါးတန်များ အရောင်းအဝယ်ကောင်းလာသောကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်သားများ၊ ကုန်သည်များ၊ မော်တော်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်ရရှိလျက်ရှိကြောင်း သိရသည်။