ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့) တွင် အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် ဇွန်လ ၁၆ ရက် (တနင်္လာနေ့) တွင် အာရှစျေးကွက်အတွင်း ရေနံစျေးများ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ အစ္စရေး-အီရန်စစ်ပွဲ အရှိန်မြင့်တက်လာခြင်းသည် ဒေသတွင်း နိုင်ငံများကို သက်ရောက်မှုရှိစေရုံသာမက အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှုများကို ပိုမိုနှောင့်နှေးစေနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာသည်။

အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခြင်းကြောင့် အရှေ့အလယ်ပိုင်းမှ ရေနံသယ်ယူပို့ဆောင်ရာတွင် အဓိက အရေးပါသည့် Hormuz ရေလက်ကြားမှ ရေနံသယ်ယူပို့ဆောင်ရေးအား ထိခိုက်စေမည်ကို စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။ ကမ္ဘာ့ရေနံ စုစုပေါင်းသုံးစွဲမှု၏ ၅ ပုံ ၁ ပုံခန့် (တစ်နေ့လျှင် ရေနံဆီ၊ လေဆီ နှင့် လောင်စာဆီ ၁၈ မှ ၁၉ မီလီယံ) သည် Hormuz ရေလက်ကြားမှ တစ်ဆင့် သယ်ယူပို့ဆောင်လေ့ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် အစ္စရေးနှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံတစ်ချို့သည် တစ်ခါတရံ အပြန်အလှန်တိုက်ခိုက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးအား ဆက်လက် ထောက်ပံ့ မည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ၌ ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် စတင်ကျင်းပမည့် G7 ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အဆိုပါပဋိပက္ခကို ဖြေရှင်း နိုင်ရန်နှင့် နှစ်နိုင်ငံတင်းမာမှုအခြေအနေ ပိုမိုမြင့်တက်မလာစေရန် သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ကြောင်း ဂျာမနီ၏ ဝန်ကြီးချုပ် Friedrich Merz က ပြောကြားခဲ့သည်။
OPEC အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် အီရန်နိုင်ငံသည် လက်ရှိတွင် တစ်နေ့လျှင် ရေနံနှင့် လောင်စာဆီ စည်ပေါင်း ၃.၃ သန်းဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး ၂ သန်းကျော်အား တင်ပို့လျက်ရှိသည်။ OPEC နှင့် ရုရှားအပါအဝင် ၎င်း၏မဟာမိတ်နိုင်ငံများသည် အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရေနံတင်ပို့မှုအား ထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် အကြမ်းအားဖြင့် အီရန်၏ ရေနံထုတ်လုပ်မှုပမာဏနှင့် ညီမျှသည့် ရေနံအား ပိုမိုထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း လေ့လာသူများနှင့် OPEC အား စောင့်ကြည့် လေ့လာသူများ၏ ပြောကြားချက်အရ သိရှိရသည်။
ကိုးကား - CAN
Photo: Business Recorder
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ရေထွက်ကုန် ငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်ကနေမေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးမက်ထရစ်တန် ၄၃၆၆၅ ဒသမ ၈၅၈ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်း ရရှိခဲ့ပါတယ်"ဟု ၎င်းကပြောသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၁၀၉၂ ဒသမ ၁၂၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၉၂ သန်းရရှိပြီး နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၂၅၇၃ ဒသမ ၇၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ၂၈၄ သန်းရရှိသည့်အတွက် ပြည်ပသို့ ငါးစုစုပေါင်းမက်ထရစ်တန် ၄၃၆၆၅ ဒသမ ၈၅၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်း ရရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကာလတူအချိန်က ပြည်ပသို့ ငါးမက်ထရစ်တန် ၄၇၇၁၉ ဒသမ ၅၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၀၁ သန်းရရှိခဲ့ကြောင်း သိရသည်။
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိသည့် အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း တိုက်ရိုက် တင်ပို့လျက် ရှိကြောင်း သိရသည်။
MWD Web Portal

မကွေး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၁၂ သိန်းခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် နှမ်းကို အများဆုံးစိုက်ပျိုးကြပြီး မိုးကောင်းသောက်ယာမြေများ၌ အဓိကထား စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမျိုးများနှင့် ဒေသနှင့် ကိုက်ညီသော နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
"မကွေးတိုင်းဒေသကြီးအတွင်း ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ နှမ်းဧက ၁၂ သိန်းလောက် စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။
အဓိကအားဖြင့် မိုးကောင်းသောက်ယာမြေတွေမှာ စိုက်ပျိုးမှာပါ။ မိုးကောင်းသောက် ဧရိယာဖြစ်ပေမယ့် ရွာသွန်းတဲ့ မိုးရေကို ထိရောက်စွာ ရယူအသုံးပြုနိုင်ဖို့ အတွက် နွေရာသီကတည်းက ထယ်ရေးကို သေချာပြုပြင်ထားပြီး မြေဆီအစိုဓာတ် ရရှိတာနဲ့ ချက်ချင်းစိုက်ပျိုးနိုင်အောင် ကြိုတင်ဆောင်ရွက်ထားပါတယ်" ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်ထွန်း ကပြောသည်။
ထိုသို့နှမ်းစိုက်ပျိုးရာတွင် စိုက်ဧကအားလုံး တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိုက်ပျိုးရေး နည်းပညာဖြန့်ဝေပေးခြင်း လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ နှမ်း၊ နေကြာအပါအဝင် အဓိကသီးနှံ ၁၀ မျိုးကို ဦးစားပေး စိုက်ပျိုးကြပြီး ယခုနှစ်တွင် စုစုပေါင်း သီးနှံစုံစိုက်ဧက ၆၅ သိန်းကျော် စိုက်ပျိုးနိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ကား အစိတ်အပိုင်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု အခွန်မူဝါဒသစ်မှာ ဂျပန်နိုင်ငံ၏ အဓိက မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Toyota၊ Honda နှင့် Subaru တို့ကို အကြီးအကျယ် ဒုက္ခပေးလျက်ရှိနေပါသည်။ ထိုအခွန်သစ်များမှာ ဂျပန် နိုင်ငံ၏ ရေရှည်တည်တံ့သော စီးပွားရေးပြန်လည်ထူထောင်ရေးတွင် ကြီးစွာ အဟန့်အတားတစ်ခုနိုင်ဖွယ်ရှိကြောင်း သတင်းစာများအရ သိရ ပါသည်။

အမေရိကန်သည် ဂျပန်၏ အကြီးဆုံးကားဈေးကွက်ဖြစ်ပါသည်။ ဂျပန် ကားထုတ်လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းမှာ အမေရိကန်သို့ တင်ပို့နေရပါသည်။ ယခုကဲ့သို့ ဒေါ်နယ်ထရမ့်၏ အခွန်သစ် ၂၅ ရာခိုင်နှုန်းကြောင့် Toyota Motor Corp., Honda Motor Co., Mazda Motor Corp. နှင့် Subaru Corp. ကုမ္ပဏီများအပါအဝင် အဓိက ကားကုမ္ပဏီကြီးများ အနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော် ဆုံးရှုံးနိုင်ဖွယ် ရှိပါသည်။
ထို့ပြင် မော်တော်ကားထုတ်လုပ်ရေးသည် ဂျပန်နိုင်ငံ၏ GDP ၃ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေပြီး ထိုအခွန်မူသစ်ကြောင့် နိုင်ငံ့ စီးပွားရေးကို ပြန်လည်ကျဆင်းစေနိုင်ပါသည်။ UBS ခန့်မှန်းချက်အရ ဂျပန်ကားလုပ်ငန်း စုစုပေါင်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ (ယန်း ၃.၆ ထရီလီယံ) ဆုံးရှုံးနိုင်ပါသည်။
တိုယိုတာနှင့် ဟွန်ဒါတို့သည် အမေရိကန်ဈေးကွက်တွင် ကားဈေးနှုန်းများကို ယခုအချိန်တွင် တိုးမြှင့်ရန် မဆုံးဖြတ်ရသေးသော်လည်း အနာဂတ် တွင် ကုန်ကျစရိတ်များ မြင့်တက်လာပါက ဈေးနှုန်းများ တိုးမြှင့်ရန် ဖြစ်နိုင်သည်။ ငွေကြေးအရ ပိုမိုအားနည်းသော အစိတ်အပိုင်း ထုတ်လုပ် သည့် ကုမ္ပဏီများမှာ ပိုမိုကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။
ယခုဒေါ်နယ်ထရမ့်၏ အခွန်မူသစ်မှာ ဂျပန်သာမက တောင်ကိုရီးယား၊ ဂျာမနီနှင့် အခြားနိုင်ငံများရှိ ကားထုတ်လုပ်သူများကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် IMF ၏ အဆိုအရ အဆိုပါ အကောက်ခွန် များသည် ကနေဒါနှင့် မက္ကဆီကိုတို့၏ စီးပွားရေးကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။
ကိုးကား- Bloomberg
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ငပုတော ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းဒေသထွက် နေလှန်းဆားပိဿာ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ်မှ နေလှန်းဆား ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ဒေသထွက်နေလှန်းဆား ပိဿာ ၅၀၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာကာလအတွင်း နေလှန်းဆားပိဿာ ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
"ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့တစ်လတာ ကာလအတွင်း နေလှန်းဆားပိဿာ ၈၈၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အခုလိုအရောင်းအဝယ် ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး အဆင်ပြေလာပါတယ်"ဟု ၎င်းကပြောသည်။
ငပုတောမြို့နယ်၌ ဒေသထွက် နေလှန်းဆားများကို ဆားလုပ်ငန်း လုပ်ကိုင်သူများက စနစ်ကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း၊ နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်နေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုရှိလာသဖြင့် ဒေသဈေးကွက်အတွင်း ဆားဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရာသီမပြတ် မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုထွက်ကုန်များမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေချိုထွက်ကုန် တန်ချိန်(၅)သိန်းကျော်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၇၂၂ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဗျနှင့် အခြားနိုင်ငံအချို့သို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးသလောက်နှင့် အခြားငါးမျိုးစုံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ရေချိုထွက်ကုန်များကို ရောဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ မွေးမြူထုတ်လုပ်လျက်ရှိရာ တစ်ကန်ဖော်ချိန်၌ အခြားကန်များကို ဆက်လက်မွေးသောစနစ်ဖြင့် မွေးမြူ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
“ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနဲ့ ငါးသလောက်ဆိုရင် ပြည်ပကို နှစ်စဉ်ပို့နေပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရေချိုထွက်ကုန်တင်ပို့မှု တန်ချိန် (၅၅၀,၀၀၀) ကျော်ကနေ အမေရိကန်ဒေါ်လာ (၇၂၂) သန်းကျော် ရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပို့ကုန် တိုးမြှင့်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၏ ပြောကြားချက်အရ သိရသည်။
လက်ရှိပြည်ပပို့ကုန်တွင် ငါးမြစ်ချင်းတစ်ကောင်ကို တစ်ပိဿာ သုံးဆယ်ကျပ်သားမှ ခြောက်ပိဿာကျော်အထိ၊ ငါးသိုင်းခေါင်းပွတစ်ကောင်လျှင် ရှစ်ပိဿာကျော်အထိ မွေးမြူတင်ပို့လျက်ရှိပြီး ပို့ကုန်အတွက် တစ်ဧကကို သားပေါက်ကောင်ရေ (၇၀၀)မှ (၁,၀၀၀)အထိနှင့် ငါးအစုံ (၁,၂၀၀) အထိ မွေးမြူကြောင်း သိရသည်။
“ဗီယက်နမ်က မွေးမြူမှုနဲ့မတူပါဘူး။ ငါးဆိုဒ်ကြီး မွေးမြူတာဖြစ်တဲ့အတွက် ဂရုစိုက်ရပါတယ်။ အခုရက်ပိုင်း ငါးဈေးကောင်းတယ်။ ပြည်တွင်းမှာလည်းကောင်းပြီး ပြည်ပပို့ကုန်မှာလည်းကောင်းပါတယ်။ မနှစ်ကငါးကန်တွေရေမြုပ်တာကြုံခဲ့ရတော့ ဒီနှစ် မိုးရာသီမှာလည်း ဂရုစိုက်နေရတယ်။ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပပို့ကုန်မှာလည်း နိုင်ငံခြားငွေ ရတဲ့အတွက် ပိုပြီးဂရုစိုက်ရပါတယ်။ အစာဈေးနှုန်းအခက်အခဲရှိပေမယ့် ပိုမို ထုတ်လုပ်မွေးမြူနိုင်ဖို့ နည်းလမ်းအမျိုးမျိုး နဲ့ ကြိုးစားနေကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မှ ငါးမွေးမြူ ရေးလုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားထားကြောင်း သိရသည်။
Source: NP News

ရန်ကုန် ဇွန် ၁၁
မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍကို ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရာသီမပြတ် မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုထွက်ကုန်များမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ပြည်ပသို့ ရေချိုထွက်ကုန်တန်ချိန် ၅၅၀၀၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော်ရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ဝင်ငွေတိုးမြှင့်ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ပို့ကုန်နှစ်ဆ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက် မွေးမြူရေး လုပ်ငန်းရှင်တွေ ကြိုးပမ်းဆောင်ရွက်ရာမှာ Value added လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ သမားရိုးကျရောင်းချမှုကနေ ပြောင်းလဲလုပ်ဆောင်ဖို့ လိုတာပါ။ ရေထွက်ကုန်တွေကို မွေးမြူမှုနဲ့အတူ အသင့်စား ထုတ်လုပ်နိုင်မယ်ဆိုရင် ပို့ကုန်တန်ဖိုးတွေမြင့်လာစေမှာပါ။ ရေထွက်ကုန်တွေကို ready to eat ၊ ready to cook လုပ်ဆောင်နိုင်ခြင်းအားဖြင့် မွေးမြူသူနဲ့ ထုတ်လုပ်သူ အဆင်ပြေစေပြီး နိုင်ငံအတွက်လည်း ပြည်ပဝင်ငွေတိုးမြှင့် ရရှိစေမှာပါ။ ငါးမြစ်ချင်း၊ ငါးခေါင်းပွနဲ့ ငါးသလောက်ဆိုရင် ပြည်ပကို နှစ်စဉ်ပို့နေပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရေချိုထွက်ကုန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော်ရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပို့ကုန်တိုးမြှင့်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
မြန်မာနိုင်ငံမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဗီးယားနှင့် အခြားသောနိုင်ငံအချို့သို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးသလောက်နှင့် အခြားငါးမျိုးစုံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ရေချိုထွက်ကုန်များကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ မွေးမြူထုတ်လုပ်လျက်ရှိပြီး တစ်ကန်ဖော်ချိန်၌ အခြားကန်များကို ဆက်လက်မွေးသောစနစ်ဖြင့် ငါးမွေးတောင်သူများ တစ်နှစ်ပတ်လုံး မွေးမြူထုတ်လုပ်လျက်ရှိသည်။
“ပြည်ပပို့ကုန်ဆိုရင် သူ့ဆိုဒ်နဲ့သူ၊ သူ့လိုင်းနဲ့သူ မွေးမြူ တင်ပို့နေကြတာပါ။ လက်ရှိမှာ ငါးမြစ်ချင်းတစ်ကောင်ကို တစ်ပိဿာ သုံးဆယ်ကျပ်သားကနေ ခြောက်ပိဿာကျော် အထိ၊ ငါးခေါင်းပွဆိုရင် ရှစ်ပိဿာကျော်အထိ မွေးမြူပြီး တင်ပို့နေပါတယ်။ ပို့ကုန်အတွက်ဆိုရင် အစာကျွေး မမှားဖို့နဲ့တစ်ဧကကို သားပေါက်ကောင်ရေ ၇၀၀ ကနေ ၁၀၀၀ အထိမွေးပါတယ်။ ငါးစုံဆိုရင် ၁၂၀၀ အထိ မွေးပါတယ်။ ဗီယက်နမ်မွေးမြူမှုနဲ့မတူပါဘူး။ ငါးဆိုဒ်ကြီး မွေးမြူတာဖြစ်တဲ့အတွက် ဂရုစိုက်ရပါတယ်။ အခုရက်ပိုင်းငါးဈေးကောင်းတယ်၊ ပြည်တွင်းမှာလည်းကောင်းပြီး ပြည်ပပို့ကုန်မှာလည်းကောင်းပါတယ်။ မနှစ်က ငါးကန်တွေ ရေမြုပ်တာကြုံခဲ့ရတော့ ဒီနှစ် မိုးရာသီမှာလည်း ဂရုစိုက်နေရတယ်။ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပပို့ကုန်မှာလည်း နိုင်ငံခြားငွေရတဲ့အတွက် ပိုပြီးဂရုစိုက်ရပါတယ်။အစာဈေးနှုန်း အခက်အခဲရှိပေမယ့် ပိုမိုထုတ်လုပ်မွေးမြူနိုင်ဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားနေကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မှ ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးကျော်ကျော်က ပြောသည်။
ပင်လယ်ပြင်ငါးဖမ်းရာသီ ပိတ်သိမ်းထားချိန်တွင် ငါးဈေးကွက်၌ ရေချိုထွက်ကုန်များ အရောင်းအဝယ်ကောင်းလျက်ရှိသည်။ မွေးမြူရေးကဏ္ဍတွင် နိုင်ငံတကာ၌ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်မှ အကောင်းဆုံး မွေးမြူရေးကျင့်စဉ်သို့ ပြောင်းလဲ အသုံးပြုလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မျိုးကောင်းမျိုးသန့်များ မွေးမြူ ထုတ်လုပ်နိုင်ရန်နှင့် ဒေသမျိုးရင်းများကို ထိန်းသိမ်းနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့တို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

လန်ဒန်၊ ကုန်သွယ်ရေး
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် ကုန်သွယ်ရေးဆွေးနွေးမှုတွင် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီဖြစ်ပြီး ယခုအခါ နှစ်နိုင်ငံခေါင်းဆောင်များ၏ အတည်ပြုချက်ရရှိရေးသာကျန်ရှိတော့ကြောင်း သိရသည်။
အဆိုပါနှစ်နိုင်ငံမှကိုယ်စားလှယ်အဖွဲ့များက လန်ဒန်မြို့၌နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ဂျီနီ ဗာဘုံသဘောတူညီချက်ကို အကောင် အထည်ဖော်ရေးအတွက် သဘောတူညီ ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဟောင်းဝပ်လတ်နစ်က ပြောသည်။

သို့သော် နှစ်နိုင်ငံကြားသဘောတူညီ ချက်များရရှိရေးအတွက် မဖြေရှင်းနိုင်သေးသည့်၊ သဘောထားကွဲလွဲနေသေးသည့် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ရန်ကျန်ရှိနေသေးကြောင်း တရုတ်နိုင်ငံမှတာဝန်ရှိသူတစ်ဦးက ပြောထားသည်ဟု သိရသည်။
Ref: CNBC
Photo - The Indian Express

ယခုကာလများတွင် အမေရိကန်နိုင်ငံက တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများစွာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်စီးပွားအစီအစဉ်များကို ဆိုးရွားစွာ ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနာဂတ် အလားအလာကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဘက်က တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှ” ဟု ဆိုခြင်းမှာ ၎င်းစည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အဓိက အကြောင်းပြချက်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမေရိကန် ဘက်က ကုန်သွယ်စီးပွား အရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းကသာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ပြီး ယင်းအတွေးအခေါ်ကို အကယ်၍ ချိန်ညှိပြောင်းလဲခြင်းမရှိပါက ဘက်ပေါင
ယခုကာလများတွင် အမေရိကန်နိုင်ငံက တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများစွာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်စီးပွားအစီအစဉ်များကို ဆိုးရွားစွာ ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနာဂတ် အလားအလာကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဘက်က တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှ” ဟု ဆိုခြင်းမှာ ၎င်းစည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အဓိက အကြောင်းပြချက်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမေရိကန် ဘက်က ကုန်သွယ်စီးပွား အရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းကသာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ပြီး ယင်းအတွေးအခေါ်ကို အကယ်၍ ချိန်ညှိပြောင်းလဲခြင်းမရှိပါက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရာတွင် အကြီးမားဆုံးသော အတားအဆီးဖြစ်လာ လိမ့်ပေမည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊ မရှိဆိုသည်မှာ ထဲထဲဝင်ဝင် ရှုမြင်ရန် လိုအပ်သည်။ အမေရိကန်၏ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍရှိ ဧရာမကြီးမားသော အားသာချက်ကို မဆိုထားဘိ ကုန်စည် ကုန်သွယ်ရေး ကဏ္ဍတွင်ပင်လျှင် အမေရိကန်အစိုးရက အဆင့်မြင့် သိပ္ပံနည်းပညာကုမ္ပဏီ လုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များအပေါ် ပို့ကုန်စီမံထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းကြောင့် အဆင့်မြင့် သိပ္ပံနည်းပညာ ထုတ်ကုန် ရေရှည်ပို့ကုန်ကန့်သတ်မှုခံနေရသည်။ အမေရိကန်ဘက်က ကုန်သွယ်စီးပွားအရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းနှင့်အတူ ယခုနှစ်များ၌ ကုန်သွယ် စီးပွားကဏ္ဍ ကန့်သတ်မှုမူဝါဒနှင့် အစီအမံများစွာကို အဆက်မပြတ် ထုတ်ပြန်ခဲ့ရာ ကန့်သတ်မှု အတိုင်းအတာ စဉ်ဆက်မပြတ် တိုးချဲ့ပြီး ပိတ်ဆို့မှုအင်အားကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု ကြီးမားလာခြင်းမှာ အမေရိကန် ဘက်က မူဝါဒကြောင့် မလွဲမသွေ ဖြစ်လာရသည့် ရလဒ်ပင်ဖြစ်သည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊မရှိကို ဘက်စုံရှုမြင်ရန် လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးအခြေအနေသည် ၎င်း၏မက်ခရိုစီးပွားရေးဖွဲ့စည်းမှုပေါ်တွင် မူတည်ခြင်းဖြစ်ပြီး ကုန်သွယ်ရေး မိတ်ဖက်ပေါ်တွင် မူတည်ခြင်းမဟုတ်ပေ။ တရုတ်-အမေရိကန် ကုန်စည်ကုန်သွယ်ရေး ပမာဏ၏ ပို့ကုန်နှင့် သွင်းကုန်ပမာဏ ကွာဟမှုမှာ အမေရိကန် စီးပွားရေး ဖွဲ့စည်းပုံပြဿနာ၏ မလွဲမသွေ ရလဒ်ဖြစ်သလို နှစ်နိုင်ငံ နှိုင်းယှဉ်သည့်အားသာချက်နှင့် နိုင်ငံတကာ လုပ်ငန်းကဏ္ဍ ခွဲထားသည့် အခင်းအကျင်းများက အဆုံးအဖြတ် ပေးခြင်းလည်းဖြစ်သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု၏ အရင်းအမြစ်မှာ အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက်ကျဆင်းလာခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း အဆက်မပြတ် တိုးချဲ့ခြင်းကြောင့်ဖြစ်ပြီး ကုန်ပစ္စည်းအများအပြားကို သွင်းကုန်အားထားရခြင်းကြောင့် ဖြစ်သည်။ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင်မူ အမေရိကန်သည် သိသာထင်ရှားသော အားသာချက် ရှိနေ ပေသည်။ အမေရိကန်သည် တရုတ်နိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေး လိုငွေပြမှုအကြီးဆုံး အရင်းအမြစ် ဖြစ်ပြီး လိုငွေပြသည့် အတိုင်းအတာမှာ ယေဘုယျအားဖြင့် ချဲ့ထွင်သောအနေအထား ရှိသည်။ ကုန်စည် ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် မိမိနိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းများ တစ်ဖက်နိုင်ငံရှိ ဌာန အဖွဲ့ အစည်း၌ ဒေသရောင်းအားပမာဏ ဟူသော အကြောင်းအရင်း သုံးရပ်ကို ဘက်စုံ ထည့်သွင်းစဉ်းစားပါက တရုတ်-အမေရိကန် နှစ်ဖက်ကုန်သွယ် စီးပွားကူးသန်းမှု အကျိုးအမြတ် ခံစားရမှုမှာ အကြမ်းဖျင်းအားဖြင့် ညီမျှပေသည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊ မရှိကို ဖွံ့ဖြိုးတိုးတက်မှုဖြင့် ရှုမြင်ရန် လိုအပ်ပေသည်။ တရုတ် နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး မှီခိုမှုအချိုးအစားမှာ ယခုရာစုနှစ် ကနဦးကာလက ၆၀ ရာခိုင်နှုန်းကျော်မှ ၂၀၂၄ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့ကြောင်း ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထား သည်။ တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို စဉ်ဆက် မပြတ်မြှင့်တင်ခြင်း၊ ပြည်တွင်းလည်ပတ်မှုကို တိုးချဲ့လာခြင်းတို့နှင့်အတူ ယနေ့တွင် စားသုံးမှုမှာ တရုတ်စီးပွားရေး တိုးတက်မှု၏ အဓိကအကျဆုံး မောင်းနှင်အား ဖြစ်ခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ပိုငွေကို တမင်ရည်ရွယ်ချက်ရှိစွာ ဖော်ဆောင်ခြင်း မဟုတ်ပေ။ တရုတ်နိုင်ငံ၏ လက်ရှိ စာရင်း ပိုငွေ (Current Account Surplus) နှင့် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ အချိုးအစားမှာ ၂၀၀၇ ခုနှစ်တွင် ၉.၉ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်း အထိ လျော့နည်းလာခဲ့ပြီဖြစ်သည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု” သည် ခေါင်းစဉ်ပြခြင်းဖြစ်ပေသည်။ အမှန်စင်စစ် တွင်မူ တရုတ်- အမေရိကန်တွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသော ပူးပေါင်း ဆောင်ရွက်မှု အလားအလာ ရှိကြရာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ် ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ရန်ဖြစ်သည်။ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်သည့် အချိန်မှစ၍ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်နက်ရှိုင်းခဲ့ရာ နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် အရေးကြီးသည့် ကုန်သွယ်ရေး မိတ်ဖက်နှင့် နှစ်ဖက် အပြန်အလှန် ရင်းနှီးမြှုပ်နှံကြသော မိတ်ဖက်များ ဖြစ်သလို နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းများတွင် အခက်အခဲများကို အတူ တကွ ကျော်လွှားခဲ့ဖူးကြသည်။ ယင်းတွင် ဈေးကွက်အင်အား၏ မလွဲမသွေ ရွေးချယ်မှုများ ပါဝင်သလို နှစ်ဖက်၏ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားသည့် ဉာဏ်ပညာနှင့် အမြော်အမြင်အခင်းအကျင်း ပို၍ပင် ပါရှိကြပေသည်။
တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ အဆင့်မြင့် ပြည်ပတံခါး ဖွင့်လှစ်မှု တိုးချဲ့ရေးကို မမှိတ်မသုန် အခိုင်အမာ ဆောင်ရွက်လျက်ရှိသလို ဈေးကွက်အသွင်၊ တရားဥပဒေ စိုးမိုးရေး အသွင်၊ နိုင်ငံတကာအသွင် ပထမတန်းစား စီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်လျက်ရှိကြောင်း၊ အမေရိကန် ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန်၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခွင့် အလမ်းများကို အတူတကွ မျှဝေခံစားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် တွန်းအားပေး အကျိုးဆောင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံဘက်က ကြိမ်ဖန်များစွာ ပြောကြား ခဲ့သည်။
“စည်ပင်သာယာဝပြောမှုကို အကောင်းဆုံးဖော်ဆောင်တဲ့နည်းလမ်းက အတားအဆီး တံတိုင်းမြင့် ကြီးထဲမှာ မရှိပါဘူး၊ တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားရမှာဖြစ်တယ်” ဟု အမေရိကန်နိုင်ငံ ဆီလီကွန်ဗယ်လီ နာမည်ကျော် incubators ကုမ္ပဏီဖြစ်သည့် “Founder Space” အမှုဆောင် အရာရှိချုပ် Steven Hoffman က ဆင်ဟွာ သတင်းထောက်၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ကုန်သွယ်မှု အရေးကိစ္စကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင်၊ လက်နက်အသွင်၊ လုံခြုံရေးအသွင် အကျယ်ချဲ့ပြီး ကုမ္ပဏီလုပ်ငန်းများကို ဖိအားပေး ဘက်ရွေးရပ်တည်စေခြင်း၊ စီးပွားရေးစည်းမျဉ်း များကို ချိုးဖောက်သည့် ရွေးချယ်မှုလုပ်ခြင်းသည် ဈေးကွက်စည်းမျဉ်းစည်းကမ်း၊ တံခါးဖွင့် အခြေအနေကြီးနှင့်ကိုက်ညီမှုမရှိသလို တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း သမိုင်းက အဖန်တလဲလဲ သက်သေပြခဲ့သည်။ တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည် ဖြစ်ပြီး တိုက်ခိုက်လျှင် နှစ်ဖက်လုံး အထိနာမည် ဖြစ်ရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သော မုချမသွေ ရွေးချယ်မှု ဖြစ်ပေသည်။
ကိုးကား - ဆင်ဟွာ

ပဲခူးတိုင်းဒေသကြီး၌ ဘဲမွေးမြူရေးလုပ်ငန်း အများအပြားရှိရာ တိုင်းဒေသကြီး အနောက်ခြမ်း၊နတ်တလင်းခရိုင်ရှိ ပေါင်းတည်မြို့နယ်အတွင်း ဘဲမွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း မွေးမြူကဏ္ဍထုတ်ကုန် တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ဘဲမွေးမြူရေးခြံလုပ်ငန်းရှင်များနှင့်မြို့နယ် စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ရှေးယခင်ကပင် ရေမြေအနေအထား ရာသီဥတုကောင်းမွန်မှုကြောင့် ဒေသခံများက ဘဲမွေးမြူရေးကို စီပွားဖြစ်လုပ်ကိုင်ခဲ့ကြောင်း၊ ယနေ့အထိ ဘဲကန်၊ ဘဲစာကွင်းများ ရှိနေသေးကြောင်းသိရှိရသည်။ ထိုယခင်က အသားစားနှင့်ဥစားအတွက် မန်ဒါလီ၊ဘဲငန်းနှင့် ဒေသအခေါ် ကရင်ဘဲများမွေးမြူခဲ့ကြပြီး ဒေသခံပြည်သူများအနေဖြင့် ဘဲဥနှင့်ဘဲသားများကို စျေးနှုန်းချိုသာစွာဖြင့် လုံလုံလောက်လောက် ပေါကြွယ်ဝစွာ စားသုံးနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ခေတ်တွင် ဘဲမွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာမှု၊သားငါး ဘဲဥ ကြက်ဥစျေးနှုန်း မြင့်တက်လာမှုနှင့် စားသုံးသူ ပြည်သူ များပြားလာမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ အခြေခံစားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဒေသတွင်း မွေးမြူရေးကဏ္ဍ ထုတ်ကုန် ပြန်လည်တိုးတက်ဖွံ့ဖြိုးလာစေရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် လုပ်ငန်းရှင်များအား ဖြည့်ဆည်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသတွင်းစားနပ် ရိက္ခာဖူလုံပြည့်စုံ သက်သာချောင်ချိရေးအတွက် ဆန်စပါးပဲနှမ်းပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သာမက မွေးမြူရေးလုပ်ငန်းများလည်း ပြန်လည်ဖွံ့ဖြိုးလာစေရန် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်စေရေး၊ မွေးမြူရေးအစာများ အဆင်ပြေစွာရရှိစေရေးနှင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကြောင့် ကြူတောကန်ကျေးရွာ၊ နတ်ပုတီးကျေးရွာရှိ ဘဲမွေးမြူရေးခြံများ၌ ဘဲကောင်ရေ ငါးထောင်ကျော် မွေးမြူထားနိုင်ခဲ့ကာ ယခုအခါသက်တမ်း ၅ လ ခန့် ရှိနေကြပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။
ရွှေသား
IPRD