အမေရိကန်၏လုပ်ဆောင်မှုကြောင့် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်သည့် ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းအား စွန့်လွှတ်မည်ဟု ရုရှားပြော
News Image

အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များကို ကမ္ဘာအနှံ့ရှိဒေသများတွင် ဖြန့်ကြက်နေခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းအား စွန့်လွှတ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဒီဇင်ဘာလ ၂၉ ရက်တွင်ပြောသည်။