အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ် ကန့်သတ်ရန် စီစဉ်လျက်ရှိ
News Image

ဂျကာတာ ဇန်နဝါရီ ၁၆
အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ်ကန့်သတ်ရန်နှင့် အခြားသောလူမှုကွန်ရက်ဆိုင်ရာ အစီအမံများကိုလည်း ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုနှင့် အင်ဒိုနီးရှားဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီး မီယူယာတို့သည် အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။