မျက်စိအဝေးမှုန်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းအရင်းများ

အဝေးမှုန်ခြင်းဆိုသည်မှာ အမြင်အာရုံ ပြဿနာတစ်ခုဖြစ်သည်။ အဝေးမှုန်ခြင်းကြောင့် အနီးအနားရှိ အရာဝတ္ထုများကို ကောင်းမွန်စွာမြင်ရသော်လည်း အဝေးမှ အရာဝတ္ထုများကို တိကျပြတ်သားစွာ မမြင်ရဘဲ ဝါးတားတားဖြစ်ခြင်းများကို ခံစားရနိုင်သည်။ အဝေးမှုန်ခြင်းကြောင့် ခံစားရနိုင်သည့် လက္ခဏာများမှာ ခပ်ဝေးဝေးရှိအရာများကို သဲသဲကွဲကွဲ မမြင်ရခြင်း၊ မျက်လုံးများ ညောင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဝေးရှိအရာများကို အားစိုက်ကြည့်ရခြင်း၊ ခေါင်းကိုက်ခြင်းများကို ခံစားရ နိုင်သည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို အဖမ်းခံရ

News Image

တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို အဖမ်းခံရ

ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ရာထူးမှ ရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့် ဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ သတင်းထောက်က ယခု သတင်းတင်ခဲ့သည့် အချိန်အထိ ယွန်းဆက်ယို လိုက်ပါလာသော ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်သည် အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန) သို့ ရောက်ရှိပြီဖြစ်သည်။ ယွန်းဆက်ယိုသည် အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်သည့် တစ်ချိန်တည်းတွင် ၎င်းဘက်က ၎င်းသမ္မတအိမ်တော်တွင် ကြိုတင်ရိုက်ကူး

ရုရှား-တရုတ်မိတ်ဖက်ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

ရုရှား-တရုတ်မိတ်ဖက်ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများမြင့်တက်နေခိုက် ရုရှား-တရုတ်ဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို ထိန်းသိမ်းရာ၌ ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ဇန်နဝါရီ ၁၄ ရက် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တည်ငြိမ်မှုကို ထိန်းမတ်ပေးသော အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟုလည်း၎င်းကဆိုသည်။