စတုတ္ထ ၃ လပတ်တွင် အမြတ်ငွေ မျှော်မှန်းထားသည်ထက် နည်းခဲ့ကြောင်း Samsung ဆို
News Image

Samsung Electronics ကုမ္ပဏီသည် ၂၀၂၄ ခုနှစ် စတုတ္ထ ၃ လပတ်အတွက် ကုမ္ပဏီ၏ အမြတ်ငွေသည် စျေးကွက်၏မျှော်မှန်းချက်ထက် နည်းပါးမည်ဟု ခန့်မှန်းထားကြောင်းသိရှိရသည်။ အဆိုပါ တောင်ကိုရီးယားကုမ္ပဏီအနေဖြင့် အမြတ်ငွေနည်းပါးမှုဖြစ်ရသည့်အဓိကအချက်များတွင် ကွန်ပျူတာနှင့် အခြားမိုဘိုင်းထုတ်ကုန်များ၏ ဝယ်လိုအား ကျဆင်းခဲ့ခြင်းလည်း ပါဝင်ကြောင်း သိရှိရပါသည်။