ICC အပေါ် ထရမ့်၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအား နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရှုတ်ချ

News Image

ICC အပေါ် ထရမ့်၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအား နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရှုတ်ချ

နိုင်ငံတကာရာဇဝတ်ခုံရုံး International Criminal Court (ICC) က အစ္စရေးအရာရှိကြီးများအား စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ခြင်းမှာ ဆိုးရွားသောလုပ်ရပ်ဟု စွပ်စွဲပြောဆို၍ ICC နှင့် ၎င်း၏ ဝန်ထမ်းများအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူ‌ကြောင်းအမိန့်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၆ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပါသည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ICC ဝန်ထမ်းများနှင့် မိသားစုဝင်များအပေါ် စီးပွားရေးနှင့် ခရီးသွားလာခွင့်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပါဝင်ပါသည်။

ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံစာချုပ် ဒူးမား လွှတ်တော်တွင် အတည်ပြုမည်

News Image

ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံစာချုပ် ဒူးမား လွှတ်တော်တွင် အတည်ပြုမည်

ရုရှားက သဘောတူညီပြီးဖြစ်သဖြင့် ဒူးမားလွှတ်တော်တွင် အတည်ပြုမည့် ဘယ်လာရုစ်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ အာမခံစာချုပ်ကို ရုရှားသမ္မတဗလာဒီမာပူတင် က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မိတ်ဆက်လိုက်ပါသည်။ ထိုစာချုပ်ကို လွန်ခဲ့သည့် ၂ လ ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Alexander Grushko က လွှတ်တော်အမတ်များထံ တင်ပြရန် ဖော်ပြ ထားပါသည်။        

အမေရိကန် နောက်လိုက်၍ အစ္စရေးလည်း UNHCR ကို သပိတ်မှောက်

News Image

အမေရိကန် နောက်လိုက်၍ အစ္စရေးလည်း UNHCR ကို သပိတ်မှောက်

ယခုသီတင်းပတ်အစောပိုင်းက UNHCR မှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည့် အမေရိကန် နည်းတူ အစ္စရေး သည်လည်းကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHCR) တွင်မပါဝင်တော့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Pascal Sim က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြား လိုက်ပါသည်။

အဆိုပါ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် UNHCR ပြောရေးဆိုခွင့်ရှိသူ Pascal Sim က အစ္စရေးသည် ကောင်စီ၏ လေ့လာသူနိုင်ငံအဆင့်သာရှိသဖြင့် နုတ်ထွက်နိုင် မည်မဟုတ်ကြောင်း ပြောကြားထားပါသည်။ 

ယူကရိန်း စပိုင်အမျိုးသမီး ၄ဦးကို ရုရှား ဖမ်းဆီးရမိ

News Image

ယူကရိန်း စပိုင်အမျိုးသမီး ၄ဦးကို ရုရှား ဖမ်းဆီးရမိ

ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က နိုင်ငံအတွင်းရှိ ယူကရိန်းစပိုင်များနှင့် အကြမ်းဖက်သမားများကို လိုက်လံရှာဖွေဖော်ထုတ်ပြီး ဖမ်းဆီးလျက်ရှိရာ ယူကရိန်း စပိုင်အမျိုးသမီး ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဆာဗတ်စတိုပေါ့၊ ဗိုရွန်နက်ဇ် နှင့် ရော့စတော့- အွန်ဒွန်မြို့များ၌ ရုရှားအဆင့်မြင့် အရာရှိကြီးများကို လုပ်ကြံရန်နှင့် အခြေခံအဆောက်အအုံများကို တိုက်ခိုက် ဖျက်ဆီးရန်အတွက် စီစဉ်နေသော သံသယရှိသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း FSB က ထုတ်ပြန် ကြေညာခဲ့ပါသည်။