ရပ်ဆိုင်းထားသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများအား ယူကရိန်းသို့ ပြန်ပေးရန် ထရမ့်ဆုံးဖြတ်

News Image

ရပ်ဆိုင်းထားသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများအား ယူကရိန်းသို့ ပြန်ပေးရန် ထရမ့်ဆုံးဖြတ်

အမေရိကန်နှင့် ယူကရိန်းတို့ကြား ဆော်ဒီအာရေဗျနိုင်ငံတွင်  တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးနောက် အမေရိကန်က ရပ်ဆိုင်းထားသည့်  စစ်ရေးနှင့် ထောက်လှမ်းရေး   အကူအညီများအား ယူကရိန်းသို့ပြန်လည်ပေးအပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့က ပြောသည်။

အမေရိကန်က ဂျပန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ်ရန် ဆုံးဖြတ်မှုအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်အစိုးရပြော

News Image

အမေရိကန်က ဂျပန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ်ရန် ဆုံးဖြတ်မှုအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်အစိုးရပြော

အမေရိကန်အစိုးရက ဂျပန်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ် ရန်ဆုံးဖြတ်မှုအပေါ်  စိတ်မကောင်းဖြစ်ရကြောင်း ဂျပန်အစိုးရက မတ်လ ၁၂ ရက်တွင်  ပြောကြားလိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျပန်-အမေရိကန်စီးပွားရေး ဆက်ဆံမှုများ၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အပေါ် သက်ရောက်လာနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

ICC အနေဖြင့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ဟု တရုတ်ပြော

News Image

ICC အနေဖြင့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ဟု တရုတ်ပြော

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ပြီး   နိုင်ငံရေးနှင့် မပတ်သက်သည့် အကြောင်းအရာများကို နိုင်ငံရေး ဇာတ်သွင်းခြင်း  သို့မဟုတ် စံနှစ်မျိုး အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောကြားသည်။

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုက အားတက်ဖွယ်ဖြစ်ဟု လက်ရော့ပြော

News Image

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုက အားတက်ဖွယ်ဖြစ်ဟု လက်ရော့ပြော

ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုသည် အားတက်ဖွယ်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က မတ်လ  ၁၀ ရက်တွင် ပြောကြားလိုက်ကြောင်း သိရသည်။

NATO အဖွဲ့၏ အင်အားဖြန့်ကြက်မှုသည် ယူကရိန်းပဋိပက္ခကို စတင်စေခဲ့သည့် အဓိက အကြောင်းရင်းဖြစ်ကြောင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုခြင်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားတို့ကြား ဆွေးနွေးမှုများသည် အားတက်ဖွယ်များပင်ဖြစ်သည်ဟု လက်ရော့က ရုရှားမဂ္ဂဇင်းကြီးတစ်ခုနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။