တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန် ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

News Image

တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန် ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

တရုတ် (တိုင်ပေ) ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC ၏ အမေရိကန် တွင် အမေရိကန်ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်အစီအစဉ်သည် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်  အခိုက်အတန့် တစ်ခုဖြစ်ကြောင်း တရုတ် (တိုင်ပေ)သမ္မတလိုင်ချန်တေးက မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံခြားထုတ်ချစ်ပ်များပေါ်တွင် အခွန်စည်းကြပ်မှုလုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်ခဲ့ပြီးနောက် Apple နှင့် Nvidia ကုမ္ပဏီတို့ကို ၎င်း၏ ဖောက်သည်များကြားတွင် ထည့်သွင်းရေတွက်သည့် TSMC ကုမ္ပဏီ သည် အဆိုပါအစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်က အာဖရိကနိုင်ငံတစ်ခုနှင့် “ရှားပါးသတ္တု” သဘောတူညီချက်ကို စဉ်းစားနေ

News Image

ဝါရှင်တန်က အာဖရိကနိုင်ငံတစ်ခုနှင့် “ရှားပါးသတ္တု” သဘောတူညီချက်ကို စဉ်းစားနေ

အမေရိကန်သည် ဒီမိုကရက်တစ် ရီပတ်ဘလစ်ကွန်ဂို (DRC) နှင့် ၎င်း၏ သဘာဝအရင်းအမြစ်များကို အသုံးပြုခွင့်ရရှိနိုင်ရေး အမေရိကန်၏ လုံခြုံရေးအကူအညီပေးမှုနှင့် လဲလှယ်ရန် သဘောတူညီချက်တစ်ခုကို လုပ်ဆောင်နိုင်ရန်ကြိုးပမ်းနေကြောင်း Financial Times က သတင်း ထုတ်ပြန်ခဲ့သည်။

သယံဇာတကြွယ်ဝသော နိုင်ငံ၏အရှေ့ပိုင်းပြည်နယ်များတွင် ဇန်နဝါရီ လက ပဋိပက္ခ မြင့်တက်လာခဲ့ပြီး M23 သူပုန်များက အဓိကမြို့များစွာကို သိမ်းပိုက်ခဲ့သည်။ လွန်ခဲ့သည့်လအတွင်း ပဋိပက္ခကြောင့် သေဆုံးသူ ၇,၀၀၀ ရှိမည်ဟု ဝန်ကြီးချုပ် Judith Suminwa က ခန့်မှန်းခဲ့သည်။

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

News Image

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

Times Higher Education (THE) ၏ အချက်အလက်များအရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် တက္ကသိုလ် ၅၅ ခုကို အမျိုးသမီး အုပ်ချုပ်သူ(ပါမောက္ခချုပ်)များက ဦးဆောင်လျက်ရှိသည်။

THE World University Rankings 2025 တွင် ၂၇% သော အဖွဲ့ အစည်းများ (တက္ကသိုလ် ၅၅ ခု) ကို အမျိုးသမီးအုပ်ချုပ်သူ သို့မဟုတ် အမျိုးသမီးပါမောက္ခချုပ်များက ဦးဆောင်လျက်ရှိပြီး အဆိုပါ ကဏ္ဍအတွက် စံချိန်တင်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

ဥရောပခေါင်းဆောင်များက ဂါဇာဒေသအတွက် “လက်တွေ့ကျသော” အာရပ်အစီအစဉ်ကို ထောက်ခံ

News Image

ဥရောပခေါင်းဆောင်များက ဂါဇာဒေသအတွက် “လက်တွေ့ကျသော” အာရပ်အစီအစဉ်ကို ထောက်ခံ

ထိပ်တန်းဥရောပနိုင်ငံများက ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် အီဂျစ်မှရေးဆွဲပြီး အာရပ်များက ထောက်ခံသည့်အစီအစဉ်ကို ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။ ထိုအစီအစဉ်သည် ဒေါ်လာ ၅၃ ဘီလီယံ (ပေါင် ၄၁ ဘီလီယံ) ကုန်ကျမည်ဖြစ်ပြီး ပါလက်စတိုင်းလူမျိုးများကို ထို နယ်မြေမှ ရွှေ့ပြောင်းခြင်းမှ ရှောင်ရှားမည်ဖြစ်သည်။

အီဂျစ်မှ ရေးဆွဲပြီး အာရပ်ခေါင်းဆောင်များက ထောက်ခံခဲ့သည့် အဆိုပါ အစီအစဉ်ကို အစ္စရေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ပယ်ချ ခဲ့သည်။