အီတလီ နှင့် တူရကီကာကွယ်ရေးကုမ္ပဏီတို့က ဒရုန်းလုပ်ငန်းတစ်ခုကို ပူးတွဲထူထောင်
News Image

ကာကွယ်ရေးကုမ္ပဏီများသည် ဥရောပ စစ်အသုံးစရိတ် မြင့်တက်လာမှု ကို တုံ့ပြန်ရန်အတွက် အပြိုင်အဆိုင်ကြိုးပမ်းမှုများ လုပ်ဆောင်နေချိန် တွင် အီတလီအခြေစိုက် Leonardo ကာကွယ်ရေးကုမ္ပဏီနှင့် တူရကီ အခြေစိုက် Baykar ကာကွယ်ရေးကုမ္ပဏီတို့သည် ဒရုန်းများ ထုတ်လုပ်ရန် အတွက် ပူးတွဲလုပ်ငန်းတစ်ခုကို ထူထောင်လိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။