တရုတ်နိုင်ငံက ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှု မည်သည့်အခါကမျှ လက်ခံရရှိထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို
“ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဖမ်းဆီးခြင်းမခံရမီ တရုတ် နိုင်ငံဘက်သို့ ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်”ဟု သတင်းဖော်ပြချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ သွားရောက်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း သဘောထားဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မစ္စတာ ဒူတာတေး ဟောင်ကောင်ဒေသကို သွားရောက်ခြင်းသည် ပုဂ္ဂိုလ်ရေးအပန်းဖြေခရီးစဉ် ဖြစ်ကြောင်း မိမိအနေဖြင့် အထူး ထောက်ပြလိုပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သမ္မတဟောင်းဒူတာတေးနှင့် ၎င်း၏မိသားစုဝင်များက တရုတ်နိုင်ငံအစိုးရထံ ခိုလှုံခွင့်လျှောက်ထားမှုကို ဘယ်သောအခါကမျှ လက်ခံရရှိထားခြင်း မရှိပါ”၊ “လုပ်ကြံ ဖန်တီးထားသည့် သို့မဟုတ် တမင်ရည်ရွယ်ချက်ရှိသူများက ပြောကြားသည့် ‘သတင်းအရင်းအမြစ် ပြောကြားချက်’ များကို မီဒီယာမိတ်ဆွေများအနေဖြင့် သေချာစိစစ်ရန်၊ အလွယ်တကူမယုံကြည်ကြရန် မျှော်လင့်ပါသည်”ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ