BIMSTEC ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဘန်ကောက် တွင် အောင်မြင်စွာ ကျင်းပပြီးစီး
News Image

၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဘင်္ဂလားပင်လယ်အော်ဒေသ ဘက်စုံကဏ္ဍနှင့် နည်းပညာဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးအား ဧပြီလ ၂ ရက်နေ့တွင် ၂၅ကြိမ်မြောက် BIMSTEC အကြီးတန်းအရာရှိများအဆင့် အစည်းအဝေး နှင့် ဧပြီလ ၃ ရက်နေ့တွင် ၂၀ကြိမ်မြောက် BIMSTEC ဝန်ကြီးများအဆင့်အစည်းအဝေးတို့အပြီးတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော ခေါင်းဆောင်များ