ဥရောပသမဂ္ဂ၏ စစ်အသုံးစရိတ်တိုးမြှင့်ရေး အစီအစဥ်ကို အီတလီတွင် လူထုကဆန္ဒပြပယ်ချ
News Image

အီတလီနိုင်ငံ ရောမမြို့တွင် ဥရောပသမဂ္ဂ၏ပြန်လည် လက်နက်မြှုပ်နှံမှု အစီအစဉ်ကို ကန့်ကွက်သည့် ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
သောင်းနှင့်ချီသောလူထုသည် Piazza Vittorio Emanuele II ရင်ပြင်တွင် စုဝေးကာ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂအဖွဲ့၏ ယူရိုငွေ ဘီလီယံ ၈၀၀ အား ကာကွယ်ရေးလုပ်ငန်းများတွင် သုံးစွဲရန် ဖိအားပေးမှုကို ပယ်ချခဲ့ ကြသည်။
“ဒုံးကျည် မလိုပါ၊ ဆေးရုံ လိုအပ်နေပါသည်” ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့သည်။