ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှား၏ Mir ကတ်ကို နိုင်ငံတကာက လက်ခံမှု တိုးလာနေကြောင်း ရုရှား ဗဟိုဘဏ်မှ ပြောကြားခဲ့
News Image

ရုရှား၏ Mir ငွေပေးချေမှုကတ်သည် ပိတ်ဆို့ဒဏ်ခတ်မှုများရှိသော်လည်း နိုင်ငံတကာတွင် ပိုမိုလက်ခံအသုံးပြုလာ ကြောင်း ရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ အယ်လ်ဗီရာ နာဘီအူလီနာ (Elvira Nabiullina) က ဒူးမာလွှတ်တော် (ပါလီမန် အောက်လွှတ်တော်) တွင် ပြောကြားခဲ့ပါသည်။
“ပိတ်ဆို့မှုဒဏ်များကြားမှာပင် မိမိတို့သည် ရုရှားခရီးသွားများ သွားလေ့ရှိသော မိတ်ဖက်နိုင်ငံများတွင် Mir ကတ်ကို တဖြည်းဖြည်း ချဲ့ထွင်လျက်ရှိပါသည်” ဟုရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။