ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ရောမမြို့၌ကျင်းပ

News Image

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ရောမမြို့၌ကျင်းပ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန အခမ်းအနားကို ရောမမြို့တော်ရှိ ဆန်တာမာရီယာ မက်ဂီရော်၌  ဧပြီလ ၂၆ ရက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည့် အစီအစဉ်ကို ဗြိတိန်ဖျက်သိမ်းမည်

News Image

ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည့် အစီအစဉ်ကို ဗြိတိန်ဖျက်သိမ်းမည်

ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ်မည်ဆိုပါက    ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်မည့် အစီအစဉ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အမည်မဖော်လိုသူအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ The  Times  သတင်းစာကဖော်ပြသည်။

အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား လေးဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရ

News Image

အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား လေးဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရ

အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ဧပြီလ၂၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူလေးဦးသေဆုံးပြီး ၅၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ဟော်မော့ဂန်ပြည်နယ် ဘန်ဒါအားဘတ်မြို့ရှိ ရှာဟစ်ရာဂျီးဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လူ ၅၁၆ ဦးအား အာဏာပိုင်များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။

လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဗီယက်နမ်ဝန်ကြီးချုပ်တိုက်တွန်း

News Image

လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဗီယက်နမ်ဝန်ကြီးချုပ်တိုက်တွန်း

ဗီယက်နမ်နိုင်ငံအနေဖြင့်   ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အဓိကစီးပွားရေးဒေသများအတွင်း၌ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဝန်ကြီးချုပ် ဖန်မင်းချင်က  တိုက်တွန်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဧပြီလ ၂၆ ရက်တွင် ဖော်ပြသည်။