အီရန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတွင် ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂၈ ဦးသေဆုံးကာ ရာနှင့်ချီဒဏ်ရာရရှိ

News Image

အီရန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတွင် ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂၈ ဦးသေဆုံးကာ ရာနှင့်ချီဒဏ်ရာရရှိ

အီရန်ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အီရန် အနောက် တောင်ပိုင်း Bandar Abbas ဆိပ်ကမ်း၌ ကြီးမားသော ပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၇၅၀ ခန့် ဒဏ်ရာရကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ပါသည်။

ထုတ်ပြန်ထားသော ဗီဒီယိုမှတ်တမ်းများအရ ဆိပ်ကမ်း၏ Shahid Rajaee ဧရိယာတွင် မီးခိုးမြူထူထပ်စွာ ထွက်ပေါ်လာပြီး အစိုးရက အဆိုပါ ပေါက်ကွဲမှု သည် သိုလှောင်ထားသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အိန္ဒိယမီဒီယာဆို

News Image

ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အိန္ဒိယမီဒီယာဆို

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ကက်ရှ်မီးယား ဒေသ၌ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အိန္ဒိယ မီဒီယာ၏ ဧပြီ ၂၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။ ပါကစ္စတန် မီဒီယာဘက်ကမူ လက်ရှိတွင် သက်ဆိုင်ရာ သတင်းထုတ်ပြန်မှုမရှိသလို ပါကစ္စတန်စစ်တပ်ဘက်ကလည်း သက်ဆိုင်ရာ ထုတ်ပြန်ချက် သို့မဟုတ် အကြောင်းကြားစာ မရှိသေးပေ။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်ဖြေရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဝန်ကြီးချုပ် တွေ့ဆုံ

ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရန် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုက်တွန်းထားသည်။

ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။