အမေရိကန်၏ အကူအညီမရလျှင် ယူကရိန်းစစ်ရှုံးနိုင်ဟု ဇီလန်စကီပြော
News Image

ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်မှ ပေးအပ်သော အကူအညီအထောက်အပံ့ရမှသာလျှင် ရုရှားကို အနိုင်တိုက်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်၏ ထောက်ပံ့မှုမရလျှင် စစ်ရှုံးမည်မှာ အမှန်ပင်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီက အလည်အပတ်ရောက်လာသော အမေရိကန် လွှတ်တော်အမတ်ကို ပြောသည်။
ထို့ပြင် လက်ရှိအချိန်တွင် ယူကရိန်းနိုင်ငံသည် စစ်ပွဲကိုရှုံးနိမ့်နေကြောင်း ဇီလန်စကီက အမေရိကန် အထက်လွှတ်တော်အမတ် ချက်ရှူးမားကို သတိပေးထားသည်။