ကနေဒါနိုင်ငံ အလယ်ပိုင်းပြည်နယ်တွင် တောမီးလောင်မှုကြောင့် အရေးပေါ် အခြေအနေ ကြေညာထား

News Image

ကနေဒါနိုင်ငံ အလယ်ပိုင်းပြည်နယ်တွင် တောမီးလောင်မှုကြောင့် အရေးပေါ် အခြေအနေ ကြေညာထား

ကနေဒါနိုင်ငံ အလယ်ပိုင်း Manitoba ပြည်နယ်တွင် တောမီး ခြိမ်းခြောက်မှုကြောင့် အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း မေ ၂၈ ရက်က ကြေညာခဲ့ပြီး အဆိုပါဒေသသို့ သွားရောက်ကူညီရန် အစိုးရက လက်နက်ကိုင်တပ်ဖွဲ့များစေလွှတ်ခဲ့သည်။ Manitoba ပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တောမီးများ လျင်မြန်စွာပျံ့နှံ့ လောင်ကျွမ်းနေခြင်းကြောင့် အဆိုပါအစီအမံကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မီးလောင်မှု အခြေအနေမှာ အဆုံးစွန် ဆိုးရွားလှရာ လူဦးရေ ၁၇,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Wab Kinew က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ 

တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” စတင်

News Image

တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” စတင်

တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” ကို ဒေသစံတော်ချိန် မေ ၂၉ ရက် နံနက် ၆ နာရီတွင် စတင် ကျင်းပခဲ့သည်။ ယခုအကြိမ် သမ္မတရွေးကောက်ပွဲ “ကြိုတင် မဲပေးမှု” သည် မေ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ထိုစဉ်အတွင်း ရရှိသော မဲအရေ အတွက်သည် ရွေးကောက်ပွဲနောက်ဆုံး မဲပေးမှုရလဒ်၌ ထည့်သွင်း တွက်ချက်မည်ဖြစ်သည်။

ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်

News Image

ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်

တရုတ်နိုင်ငံက အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) ထိပ်သီးအစည်းအဝေး ကျင်းပစဉ်အတွင်း ဆော်ဒီ အာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တစ်ဖက်သတ် ဗီဇာ ကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မေ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ပြောကြားခဲ့သည်။

နော်ဒစ်နိုင်ငံများက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဟု နော်ဝေ ပြော

News Image

နော်ဒစ်နိုင်ငံများက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဟု နော်ဝေ ပြော

နော်ဒစ်နိုင်ငံများသည် ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းကျွန်းတို့နှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်နေသည်ဟု နော်ဝေ ဝန်ကြီးချုပ် Jonas Gahr Store က ပြောကြားခဲ့ပါသည်။