တရုတ်ရေတပ်က ရေယာဉ်၏ ကိုယ်ပျောက်စွမ်းရည် တိုးစေမည့် လေ့ကျင့်ခန်းကို AI အသုံးပြုဆောင်ရွက်
News Image

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ရေတပ်က ၎င်းတို့၏စစ်ရေယာဉ်များတွင် ကိုယ်ပျောက်စွမ်းရည်တိုးစေမည့်လေ့ကျင့်ခန်းကို AI အသုံးပြု၍ မေလ ၁၂ ရက်တွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါလေ့ကျင့်ခန်း၌ စစ်ရေယာဉ်၏ သံလိုက်အားဝင်မှုကို ပပျောက်အောင် လုပ်ဆောင်ရာတွင် AI နည်းပညာအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။