ပြင်သစ်လီဂူးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီ ဆွတ်ခူး

News Image

ပြင်သစ်လီဂူးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီ ဆွတ်ခူး

ပဲရစ်   မေ ၁၃

ပြင်သစ်လီဂူးပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဂေါက်ကွင်းများအနီး နေထိုင်သူများ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်မား

News Image

ဂေါက်ကွင်းများအနီး နေထိုင်သူများ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်မား

နယူးယောက်   မေ ၁၃

ဂေါက်ကွင်းများနှင့် တစ်မိုင်အကွာ အဝန်းအဝိုင်းတွင် နေထိုင်သူများသည် ခြောက်မိုင်အကွာတွင် နေထိုင်သူများထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ၁၂၆ ရာခိုင်နှုန်းထိ မြင့်မားနေတတ်ကြောင်း မေ ၁၂ ရက်သတင်းများအရ သိရသည်။

ဂေါက်ကွင်းများအနီး နေထိုင်သူများ၌ ပါကင်ဆန်ရောဂါဖြစ်ပွားနိုင်ခြေ ပုံမှန်ထက်မြင့်မားနေမှုသည် ဂေါက်ကွင်းများ၌ အသုံးပြုနေသော ပိုးသတ်ဆေးများနှင့် သက်ဆိုင်နိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက သုံးသပ်ထားသည်။

တံတားဦးခရိုင်/ မြို့နယ်တို့စုပေါင်းပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာ(၁၀၈) ပါး အား ဆွမ်းလောင်းလှူပွဲကျင်းပ

News Image

တံတားဦးခရိုင်/ မြို့နယ်တို့စုပေါင်းပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာ(၁၀၈) ပါး အား ဆွမ်းလောင်းလှူပွဲကျင်းပ

၁၃၈၇ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ ၊ အလှူရှင်များစုပေါင်းပြီး သံဃာ့ (၁၀၈) ပါးအား သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းစိမ်းလောင်းလှူပွဲကို မေလ ၁၁ ရက်နေ့၊ နံနက် (၇) နာရီက တံတားဦးမြို့နယ် ပန်းကျေးရွာ စိန်ဖူးဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပကြောင်းသိရသည် ။

တံတားဦးမြို့နယ် နေ့ကလေးထိန်း(မူကြို)ကျောင်းဝန်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် နေ့ကလေးထိန်း(မူကြို)‌ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် တံတားဦးခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တံတားဦးမြို့ စီမံအုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို မေလ ၉ ရက်နေ့၊နံနက် (၇) နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်ကြကြောင်း သိရသည် ။