ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ဧက ၅၀၀၀ ကျော် စိုက်ပျိုးမည်
News Image

ရေဦး မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၅၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒီပဲယင်းမြို့နယ်တွင် နေကြာ ၅၁၆၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုလက်ရှိ နေကြာစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများ ထွန်ယက်လျက်ရှိကြောင်း သိရသည်။