ရန်သူ့တင့်များကို ထိရောက်စွာဟန့်တားမယ့် လေပေါ်ကွဲမိုင်းအသစ်များ

News Image

ရန်သူ့တင့်များကို ထိရောက်စွာဟန့်တားမယ့် လေပေါ်ကွဲမိုင်းအသစ်များ

Textron System Corporation က အမေရိကန်ကြည်းတပ်အတွက် XM204 ဆိုတဲ့ လေပေါ်ကွဲမိုင်းအသစ်များကိုထုတ်လုပ်ပေးလိုက်ပါပြီ။ မကြာသေးမီက အဲဒီမိုင်းတွေကို လက်တွေ့စမ်းသပ်မှုအောင်မြင်စွာလုပ်ဆောင်ပြီး‌နောက် အခုလိုမျိုး ထုတ်လုပ်ခွင့်ရရှိလာတာဖြစ်ပါတယ်။

XM204 ဆိုတဲ့မိုင်းမျိုးက အဓိကအားဖြင့် တင့်ဖျက်မိုင်း သဘောမျိုးအသုံးဝင်မယ့်မိုင်းဖြစ်ပါတယ်။ တင့်ဖျက်မိုင်းဖြစ်ပေမယ့် မြေထဲမှာမြှုပ်ထားခြင်းအားဖြင့် တင့်များရဲ့ချိန်းကြိုးကိုပျက်စီးစေမယ့် မိုင်းမျိုးမဟုတ်ပါဘူး။ တင့်ရဲ့အရေးပါတဲ့  ဆုံလည်လိုနေရာမျိုးကိုတိကျမှုရှိစွာထိမှန်စေမယ့်မိုင်းမျိုးဖြစ်ပါတယ်။

တက်စမေးနီးယားမှာ ရေချလိုက်တဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံးသင်္ဘော

News Image

တက်စမေးနီးယားမှာ ရေချလိုက်တဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံးသင်္ဘော

Hull 096 လို့အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်သုံးသင်္ဘောကြီးကို တက်စမေးနီးယား ပြည်နယ်မှာ ရေချလိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံးလျှပ်စစ်စွမ်းအင်သုံးသင်္ဘောလို့ပြောလိုက်ရတဲ့အကြောင်းရင်းက သူဟာအလျားအားဖြင့် ၄၂၆ ပေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သူ့ကိုထုတ်လုပ်ထားတဲ့ ကုမ္ပဏီက Incat ဆိုတဲ့သင်္ဘောထုတ်လုပ်ရေးကုမ္ပဏီပါ။

အဲဒီသင်္ဘောကြီးက ခရီးသည်ဦးရေ ၂၁၀၀ အထိနဲ့ ယာဉ်အစင်းရေ ၂၂၅ စင်းကို တင်ဆောင်နိုင်စွမ်းရှိတာကြောင့် ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ သမိုင်းဝင်မယ့် အလှည့်အပြောင်းတစ်ခုဖြစ်လာတာကိုတွေ့ရပါတယ်။

EV တစ်စီးရဲ့အကွာအဝေးကိုပူပန်စရာမလိုတော့မယ့် ဘက်ထရီလဲပေးမယ့်စခန်းများ

News Image

EV တစ်စီးရဲ့အကွာအဝေးကိုပူပန်စရာမလိုတော့မယ့် ဘက်ထရီလဲပေးမယ့်စခန်းများ

လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များဟာ ဘက်ထရီစွမ်းအင်အပေါ်မှီခိုနေရတာဖြစ်တာကြောင့် ဘက်ထရီအားကုန်တာနဲ့ ကုန်တဲ့နေရာမှာ ထိုးရပ်သွားမယ့် အခြေအနေရှိပါတယ်။ လောင်စာဆီသုံး ကားတွေလိုမျိုး ဘက်ထရီအားကိုအလွယ်တကူဖြည့်ဖို့ဆိုတာကလည်း သိပ်အဆင်မပြေနိုင်သေးပါဘူး။ ဒါကြောင့် EV တွေ ကိုစီးတဲ့သူတွေအနေနဲ့ အကွာအဝေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြပူပန်မှုတွေ ရှိကြပါတယ်။

ရေကူးသွားပြီး ၃၀ မီလီမီတာစက်အမြောက်နဲ့တိုက်ခိုက်မယ့် ACV-30mm တင့်များ

News Image

ရေကူးသွားပြီး ၃၀ မီလီမီတာစက်အမြောက်နဲ့တိုက်ခိုက်မယ့် ACV-30mm တင့်များ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကုန်း၊ ရေနှစ်သွယ်သွားတင့် ဖျက်ဒုံးကျည်စနစ်အသစ်တစ်မျိုးကို မိတ်ဆက်ပြသပြီးနောက် မကြာမီမှာပဲ အမေရိကန်မရိန်းတပ်ဖွဲ့က ကုန်း၊ ရေနှစ်သွယ် သွားတင့်အမျိုးအစား အသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။