အီရန်ထိပ်တန်းသံတမန် အိန္ဒိယနှင့် ပါကစ္စတန်သို့ သွားရောက်မည်
News Image

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi သည် နှစ်နိုင်ငံကြား တင်းမာမှုများ ကြီးထွားလာသည့် ပါကစ္စတန်နှင့် အိန္ဒိယသို့ ယခုလာမည့် သီတင်းပတ်တွင် တရားဝင် အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ပြောကြား ထားပါသည်။
မေလ ၅ ရက် (တနင်္လာနေ့)တွင် Araghchi သည် နှစ်နိုင်ငံ ဆက်ဆံရေး အပြင် လတ်တလော ဒေသတွင်းနှင့် နိုင်ငံတကာတိုးတက်မှုများကို ဆွေးနွေးရန်အတွက် ယင်းခရီးစဉ်အတွင်း ပါကစ္စတန် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။