စင်ကာပူ ရွေးကောက်ပွဲ ဝန်ကြီးချုပ် Lawrence Wong ဦးဆောင်သော PAP ပါတီ အနိုင်ရ

News Image

စင်ကာပူ ရွေးကောက်ပွဲ ဝန်ကြီးချုပ် Lawrence Wong ဦးဆောင်သော PAP ပါတီ အနိုင်ရ

၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်တွင် ကျင်းပသော စင်ကာပူနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် Lawrence Wong ဦးဆောင်သော လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်သူ့လုပ်ဆောင်ချက်ပါတီ (People’s Action Party – PAP) က အနိုင်ရရှိသွားကြောင်း သိရပါသည်။

ရွေးကောက်ပွဲဆိုင်ရာ တရားဝင်အချက်အလက်များအရ Wong ဦးဆောင်သော PAP ပါတီသည် စင်ကာပူ အောက်လွှတ်တော် အမတ် ၉၇ နေရာတွင် သတ်မှတ်ထားသည့် ၄၉ နေရာထက် ကျော်လွန်၍ ၈၇ နေရာဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိသွားကြောင်း သိရပါသည်။ 

ကိုးကား- The Guardian

အစေခံအား ခေတ်သစ်ကျွန်ပြုမှုကြောင့် ကုလသမဂ္ဂတရားသူကြီးကို ဗြိတိန်က ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်

News Image

အစေခံအား ခေတ်သစ်ကျွန်ပြုမှုကြောင့် ကုလသမဂ္ဂတရားသူကြီးကို ဗြိတိန်က ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်

ကုလသမဂ္ဂတရားသူကြီးတစ်ဦးဖြစ်သူ အသက် ၅၀ အရွယ် ယူဂန်ဒါ နိုင်ငံသူ Lydia Mugambe သည် ဗြိတိန် အောက်စဖို့ဒ်၌ ပါရဂူဘွဲ့သင်တန်းတက်နေစဉ် အိမ်ဖော်အစေခံ ယူဂန်ဒါအမျိုးသမီးငယ်တစ်ဦးကို ခေတ်သစ် ကျွန်ပြုစေခိုင်းအနိုင်ကျင့်မှုကြောင့် သူမအား ဗြိတိန် အောက်စဖို့ဒ် ခရောင်း တရားရုံးက မေလ ၂ရက်(သောကြာနေ့)တွင် ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်လိုက်ပါသည်။

ပါကစ္စတန်အပေါ် အရေးယူမှု (၃) ရပ် မေ ၃ ရက်တွင် အိန္ဒိယ ချမှတ်

News Image

ပါကစ္စတန်အပေါ် အရေးယူမှု (၃) ရပ် မေ ၃ ရက်တွင် အိန္ဒိယ ချမှတ်

ဧပြီ ၂၂ ရက် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းအခြေအနေ ပိုမိုတင်းမာလာသဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်အပေါ် စီးပွားရေးနှင့် သံတမန်ရေးရာ အရေးယူမှုများ (၃) ရပ်ကို မေ ၃ ရက်က ချမှတ်လိုက်ပါသည်။

ပါကစ္စတန်ထုတ်ကုန်များ (တိုက်ရိုက်၊ သွယ်ဝိုက်) တင်သွင်းခွင့်ကို တားမြစ်ပိတ်ပင်ခြင်း၊ သင်္ဘောကြီးများအက်ဥပဒေ-၁၉၅၈ အရ အိန္ဒိယဆိပ်ကမ်းများတွင် ပါကစ္စတန်သင်္ဘောများ ဝင်ရောက်မှုကို ပိတ်ပင်ခြင်း၊ ပါကစ္စတန်မှ အိန္ဒိယသို့ စာပို့ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း (ပါကစ္စတန် IP လိပ်စာများကို အိန္ဒိယအင်တာနက်တွင် ပိတ်ဆို့ရန် စဉ်းစားခြင်း) တို့ဖြစ်ပါသည်။

၂၀၂၅ ဩစတြေးလျ ရွေးကောက်ပွဲ Anthony Albanese ၏ လေဘာ ပါတီ အနိုင်ရရှိ

News Image

၂၀၂၅ ဩစတြေးလျ ရွေးကောက်ပွဲ Anthony Albanese ၏ လေဘာ ပါတီ အနိုင်ရရှိ

၂၀၂၅ ဩစတြေးလျ ဖက်ဒရယ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် Anthony Albanese ဦးဆောင်သော လေဘာပါတီက အံ့ဩဖွယ် အနိုင်ရရှိခဲ့ပါသည်။ ၎င်းပါတီအနေဖြင့် လွှတ်တော်အမတ်နေရာ အများစုကို ရရှိကာ ဒုတိယ သက်တမ်းအတွက် အာမခံနိုင်ခဲ့ပြီဖြစ်ပါသည်။ 

ယခုရလဒ်မှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လက်ရှိ ဝန်ကြီးချုပ် တစ်ဦး နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခြင်းဖြစ်ကာ Anthony Albanese ကို ဩစတြေးလျ နိုင်ငံရေးတွင် အပြောင်းအလဲဖော်ဆောင်နိုင်သော ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်ပါသည်။