ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်ပွဲ (မဟာမျိုးချစ်စစ်ပွဲ) သမိုင်း၏မှန်ကန်သောအမြင်ကို မြှင့်တင်သွားကြမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြ

News Image

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်ပွဲ (မဟာမျိုးချစ်စစ်ပွဲ) သမိုင်း၏မှန်ကန်သောအမြင်ကို မြှင့်တင်သွားကြမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒုတိယကမ္ဘာစစ်အတွင်း အောင်ပွဲရလဒ်များနှင့် စစ်ပြီးခေတ် နိုင်ငံတကာစနစ်ကို ကာကွယ်သွားမည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ 

ရုရှားနှင့်တရုတ်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်သမိုင်း၏ မှန်ကန်သော အမြင်ကို ကာကွယ်ရန် ခိုင်မာသောဆုံးဖြတ်ချက်များ ချမှတ်ထားကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုရှား နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားခဲ့ ပါသည်။ 

ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံချိုးဖောက်ဟု အိန္ဒိယပြော

News Image

ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံချိုးဖောက်ဟု အိန္ဒိယပြော

နယူးဒေလီ၊ စစ်ရေး

ပါကစ္စတန်နိုင်ငံက နှစ်နိုင်ငံကြားရှိ နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံချိုးဖောက်ကြောင်း    အိန္ဒိယကြည်းတပ်အရာရှိများက မေလ ၃ ရက်တွင် ပြောသည်။

အိန္ဒိယကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ ပါဟယ်ဂမ်မြို့၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများကြောင့် ခရီးသွားပြည်သူ ၂၆ ဦးသေဆုံးပြီးနောက် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်လာစဉ် နယ်စပ် ဒေသ၌ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည်မှာ ကိုးညတိုင်တိုင် ရှိလာပြီဖြစ်သည်။

အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်လာစေမယ့် မိုင် ၆၀၀၀ သွားဒုံးကျည်ပါ ရေငုပ်သင်္ဘော

News Image

အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်လာစေမယ့် မိုင် ၆၀၀၀ သွားဒုံးကျည်ပါ ရေငုပ်သင်္ဘော

တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များအနက်တစ်ခုရဲ့အသေးစိတ်အကြောင်းအရာများကို ပထမဆုံးအနေနဲ့ ထုတ်ပြန်လာပါတယ်။ အဲဒီနျူကလီးယားလက်နက်ကတော့ Type 094 နျူကလီးယားစွမ်းအင်သုံး အမြင့်ပျံ ဒုံးကျည်တင် ရေငုပ်သင်္ဘောအကြောင်းပဲ ဖြစ်ပါတယ်။ လက်ရှိတရုတ်နိုင်ငံက ဒီလို ရေငုပ်သင်္ဘောအစင်းရေခြောက်စင်းကို ရေတပ်မှာအသုံးပြုနေပါတယ်။ Type 096 ဆိုတဲ့ မျိုးဆက်သစ်ရေငုပ်သင်္ဘောကိုလည်း တည်ဆောက်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီ သမ္မတ အာဒိုဂန်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြား

News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီ သမ္မတ အာဒိုဂန်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြား

တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ၎င်းအား အမေရိကန်သမ္မတ က အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရန် ဖိတ်ကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ အကြောင်းကို တူရကီ သမ္မတက ၎င်း၏ လူမှုကွန်ယက် X (Twitter) တွင် ရေးသားဖော်ပြခဲ့ပါသည်။