ထိုင်းနိုင်ငံနှင့် နယ်စပ်အခြေအနေ တင်းမာနေချိန်တွင် ကမ္ဘောဒီးယား နိုင်ငံသား မြောက်မြားစွာက မြို့တော် ဖနွမ်းပင်တွင် အစိုးရထောက်ခံပွဲ ပြုလုပ်
News Image

ဇွန် ၁၈ ရက်နေ့တွင် ဝန်ကြီးချုပ် ဟွန်မနက်ကို ထောက်ခံရန်နှင့် ထိုင်းနှင့် နယ်စပ်တွင် တပ်စွဲထားသော စစ်သည်များအား အားပေးရန် ဒုတိယ ဝန်ကြီးချုပ် ဟွန်မနီ (ဝန်ကြီးချုပ်၏ညီငယ်) ဦးဆောင်ကာ ဖနွမ်းပင် မြို့တော်တွင် “စည်းလုံးညီညွတ်ရေး ချီတက်ပွဲ” ကျင်းပခဲ့သည်။
ဆန္ဒပြသူများသည် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ကမ္ဘောဒီးယား အလံများကို လွှင့်ထူပြီး၊ ဝန်ကြီးချုပ် ဟွန်မနက်နှင့် ၎င်း၏ဖခင် ဆီးနိတ် ဥက္ကဋ္ဌ ဟွန်ဆန်တို့၏ ဓာတ်ပုံများကို ကိုင်ဆောင်လျက် မြို့တော်၏ဗဟိုရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်သို့ ချီတက်သွားကြသည်။