သံအမတ်ကြီးများ ပြန်လည်စေလွှတ်ရန် အိန္ဒိယနှင့် ကနေဒါခေါင်းဆောင်များသဘောတူ

News Image

သံအမတ်ကြီးများ ပြန်လည်စေလွှတ်ရန် အိန္ဒိယနှင့် ကနေဒါခေါင်းဆောင်များသဘောတူ

အော့တဝါ ဇွန် ၁၈ 
အပြန်အလှန် နှင်ထုတ်ထားသည့် သက်ဆိုင်ရာသံအမတ်ကြီးများကို ပြန်လည်စေလွှတ်ကြရန် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့က ဇွန် ၁၇ ရက်တွင် သဘောတူခဲ့ကြကြောင်း သိရသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနှင့် ဂျီ-၇ ထိပ်သီးညီလာခံတက်ရောက်ရန် ကနေဒါနိုင်ငံသို့ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ ဇွန် ၁၇ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အစ္စရေးနိုင်ငံသည် 'နျူကလီးယား ဘေးအန္တရာယ်' ကို ဖြစ်စေနိုင်သည် ဟု မော်စကိုမှ သတိပေး

News Image

အစ္စရေးနိုင်ငံသည် 'နျူကလီးယား ဘေးအန္တရာယ်' ကို ဖြစ်စေနိုင်သည် ဟု မော်စကိုမှ သတိပေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေး၏ အီရန်နျူကလီးယား စက်ရုံများကို ဆက်လက်တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် လက်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ဖြစ်ပြီး ကမ္ဘာကြီးအား နျူကလီးယား ဘေးအန္တရာယ်ဆီသို့ ဦးတည်နေစေသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေးသည် ဇွန်လ ၁၃ နေ့က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုစတင်ခဲ့ပြီး တီဟီရန်သည် နျူကလီးယားဗုံးထုတ်လုပ်နိုင်ရန် နီးကပ်နေပြီဟု စွပ်စွဲ ခဲ့သည်။ အီရန်ဘက်မှ အဆိုပါစွပ်စွဲချက်များကို အခြေအမြစ်မရှိဟု ငြင်းဆိုကာ ဒရုန်းနှင့် ဒုံးကျည်များဖြင့် အစ္စရေးကို ပြန်လည် တိုက်ခိုက် ခဲ့သည်။

ထရမ့်က ခါမေနီ လုပ်ကြံခံရနိုင်မည့်အကြောင်း အရိပ်အမြွက် ပြောကြား

News Image

ထရမ့်က ခါမေနီ လုပ်ကြံခံရနိုင်မည့်အကြောင်း အရိပ်အမြွက် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင်ကြီး အယ်လီ ခါမေနီးအား သတ်ဖြတ်ခံရနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုလျက် တီဟီရန်အား ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုခဲ့သည်။

ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မြောက်ကိုရီးယား ခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေး

ပြုံယမ်း ဇွန် ၁၈

ရုရှားသမ္မတပူတင်၏ အထူး ညွှန်ကြားချက်များဖြင့် မြောက်ကို ရီးယားနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုဂူးသည် ဇွန် ၁၇ ရက်တွင် ပြုံယမ်းမြို့၌ မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၁၇ ရက် ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆာဂေးရှိုဂူး တို့သည် ရုရှားအစိုးရ၏ခါ့ချ်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များ၌ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။