၂၀၂၄ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်တင်ပို့မှု အမြင့်ဆုံးဖြစ်၊ အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ အထိ ဝင်ငွေရရှိ
News Image

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ ဇုန်အတွင်းလုပ်ငန်း လည်ပတ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများမှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပို့ကုန် ပမာဏမှာ အမြင့်မားဆုံး တင်ပို့နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်း လည်ပတ်ဆောင်ရွက် ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်နှစ်ခု၏ အဆိုပြုလွှာများကိုလည်း လက်ခံရရှိထားပြီ ဖြစ်ကြောင်း သိရှိရပါသည်။