ဒုတိယဝန်ကြီး ဦးလူမွန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလူမွန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ဇွန် ၅ ရက်မှ ၆ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ဇွန် ၅ ရက်က ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ Dmitry Yuryevich Grigorenko ၊ Nizhny ဒေသအုပ်ချုပ်ရေးမှူးမစ္စတာ Gleb Nikitin နှင့် တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၁၁၀ မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်ကအာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉)ရက်မှစတင်၍ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

ထိပ်ဖူး ၉၆ ခုတင်ပြီး ကင်းလှည့်မယ့် Knyaz Pozharsky

News Image

ထိပ်ဖူး ၉၆ ခုတင်ပြီး ကင်းလှည့်မယ့် Knyaz Pozharsky

ရုရှားတပ်မတော်က သူတို့ရဲ့ အာတိတ်ဒေသမှာ နျူကလီးယား အဟန့်အတား အင်အားကို တိုးမြှင့်တဲ့အနေနဲ့ Borei-A အတန်းအစား နျူကလီးယား စွမ်းအင်သုံး အမြင့်ပျံဒုံးကျည်တင် ရေငုပ်သင်္ဘောတစ်စင်းဖြစ်တဲ့ Knyaz Pozharsky ကိုမကြာသေးမီက တပ်တော်သွင်းလိုက်ပါတယ်။

၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့အတူ မိုင် ၇၄၀၀ ရှိပစ်မှတ်ကို ချေမှုန်းမယ့် တိုက်ချင်းပစ် ဒုံးကျည် DF-5

News Image

၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့အတူ မိုင် ၇၄၀၀ ရှိပစ်မှတ်ကို ချေမှုန်းမယ့် တိုက်ချင်းပစ် ဒုံးကျည် DF-5

တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ CCTV က   တရုတ်တပ်မတော်က ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည် တစ်မျိုးရဲ့ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်လိုက်ပါတယ်။ ဒီလိုမျိုးထုတ်ဖော်မှုဟာ တရုတ်နိုင်ငံအတွက် ပထမဆုံးလည်းဖြစ်ပါတယ်။ အခုအသေးစိတ် အချက်အလက်တွေထွက်ပေါ်လာတဲ့ဒုံးကျည်က DF-5 အမျိုးအစား ဒုံးကျည်ပါ။