ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦး တွေ့ရှိ

News Image

ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်- ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ ၁-၆-၂ဝ၂၅ ရက် ည ၈ နာရီမှ ၈-၆-၂ဝ၂၅ ရက် ည ၈ နာရီ အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၅၄ ခု အား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလ အတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာ နှင့် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးလူနာမရှိပါ။

ထိုင်းနှင့်ကမ္ဘောဒီးယားက ဗီဇာသက်တမ်းများကိုအပြန်အလှန်လျှော့ချ

News Image

ထိုင်းနှင့်ကမ္ဘောဒီးယားက ဗီဇာသက်တမ်းများကိုအပြန်အလှန်လျှော့ချ

ဘန်ကောက်၊ ဆက်ဆံရေး

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နိုင်ငံအတွင်း အခြားတစ်နိုင်ငံမှ နိုင်ငံသားများ၏ ပြည်တွင်းနေထိုင်နိုင်သော ဗီဇာသက်တမ်းများကို အပြန်အလှန် လျှော့ချလိုက်ကြောင်းသိရသည်။

ကမ္ဘောဒီးယားအစိုးရသည် ၎င်းတို့၏နိုင်ငံအတွင်း ထိုင်းနိုင်ငံသားများနေထိုင် ခွင့်ကာလကို ခုနစ်ရက်အထိ လျှော့ချ သတ်မှတ်လိုက်သောကြောင့် ထိုင်းနိုင်ငံ ဘက်ကလည်း ကမ္ဘောဒီးယားကဲ့သို့ပင် မူဝါဒကိုပြင်ဆင်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၉ ရက်တွင်ပြောသည်။

ရုရှားက ယူကရိန်း၏အကြမ်းဖက်လုပ်ရပ်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်

News Image

ရုရှားက ယူကရိန်း၏အကြမ်းဖက်လုပ်ရပ်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်

ရုရှားတပ်မတော်သည် နိုင်ငံ၏ လေတပ်ကိုတိုက်ခိုက်ခဲ့သည့် ယူကရိန်း၏ အကြမ်းဖက်လုပ်ရပ်အပေါ်လက်တုံ့ပြန် တိုက်ခိုက်မှုများပြုလုပ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၉ ရက် တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှား၏ လေတပ်စခန်းများကို ယူကရိန်းက ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်ပြီး နောက် ယခုလက်တုံ့ပြန်မှုတွင် ယူကရိန်း ၏လေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယူကရိန်း တို့၏ အကြမ်းဖက်လုပ်ရပ်များတွင် ခရီး သည်တင်မီးရထားကို လမ်းချော်စေရန် ပြုလုပ်မှုပါဝင်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

မလေးရှား၌ ကျောင်းကားနှင့်အခြားယာဉ်တို့ တိုက်မိမှုဖြစ်ပွား၊ လူ ၁၅ ဦးသေဆုံး

News Image

မလေးရှား၌ ကျောင်းကားနှင့်အခြားယာဉ်တို့ တိုက်မိမှုဖြစ်ပွား၊ လူ ၁၅ ဦးသေဆုံး

မလေးရှားနိုင်ငံ၌ ကျောင်းသားများကို တင်ဆောင်လာသည့် ကျောင်းကားတစ်စီး နှင့်အခြားယာဉ်တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံး ကြောင်း တာဝန်ရှိသူများကပြောသည်။
အဆိုပါယာဉ်တိုက်မှုသည် ပီရတ်ပြည် နယ်ရှိ အရှေ့-အနောက်အမြန်လမ်းမကြီး ၌ နံနက်အစောပိုင်းတွင်ဖြစ်ပွားခြင်းဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။