ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သဘာဝအလှအပများသာမက စီးပွားရေးအချက်အချာကျ အတွင်းမွန်ဂိုလီးယားဒေသ
-

လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။

ထူးခြားသော သဘာဝရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရှားပါးဂေဟစနစ်တို့ဖြင့် လှပသောဒေသဖြစ်ပြီး မွန်ဂိုလီးယားကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်းတွင်တည်ရှိသော အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦလန်ခပ်(Ulanqab) မြို့ပင် ဖြစ်သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center - CIPCC)မှ နိုင်ငံတကာသတင်းထောက်များ လေ့လာရေးနှင့် သတင်းရယူတင်ဆက်ရေးအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယားဒေသ ဦလန်ခပ်မြို့သို့ အာရှနှင့်ပစိဖိတ်ဒေသမှ သတင်းထောက်များအဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည်။

ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သဘာဝအလှတရားများနှင့် ကျော်ကြားသည့် Ulanqab မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၆၀၀ တွင်ရှိပြီး နွေနှင့် ဆောင်းရာသီတွင် လေတိုက်နှုန်း ပိုမိုမြင့်မားတတ်ကာ အထူးသဖြင့် ဆောင်းရာသီကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတို့တွင် လေပြင်းတိုက်ခတ်မှုများရှိတတ်ကြောင်း လေ့လာသိရှိခဲ့ရသည်။

ထိုသို့ သဘာဝတရားကပေးအပ်ထားသော အားသာချက်ဖြစ်သည့် လေတိုက်နှုန်းမြင့်မားမှုကို အသုံးပြု၍ စွမ်းအင်ထုတ်ယူနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးလေစွမ်းအင် နည်းပညာကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Windey လေအားလျှပ်စစ်စီမံကိန်းတည်ရှိရာသို့လည်း ရောက်ရှိခဲ့သည်။ မြေတွင်စိုက်ထားသော အဖြူရောင်သံမဏိတိုင်၏ အလယ်ဝင်ရိုးနှင့် တွဲဆက်ထားသည့် ပန်ကာ (Wind Turbines) များသည် လေတိုက်နှုန်းအလိုက် လည်ပတ်နေကြသည်။

နည်းပညာအဆင့်မြင့် (Wind Turbine Generators) ကို အသုံးပြုထားပြီး တစ်နှစ်လျှင် မဂ္ဂါဝပ်သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေပါသည်။ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အတွက် လောင်စာသုံးဓာတ်အားပေးစက်ရုံများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။

ထိုသို့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

လေအားလျှပ်စစ်စီမံကိန်းကို လေ့လာပြီးသည့်အခါ Chouqian Banner Cold-Tolerant Vegetable Academician Workstation သို့ ရောက်ရှိပြီး အံ့မခန်းနည်းပညာများဖြင့် ခရမ်းချဉ်၊ ငရုတ်၊ သခွားမွှေး၊ မုန်လာဥနီစသဖြင့် ဟင်းသီးဟင်းရွက် မျိုးစိတ်သစ်များကို သုတေသနပြုလုပ်ထားမှု၊ စိုက်ပျိုးရေးနည်းပညာသစ်များကို လက်တွေ့အသုံးချနေမှု၊ ပလတ်စတစ်များဖြင့် ဖုံးအုပ်စိုက်ပျိုးနေမှုနှင့် ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု (Green-house Farming) များကို လက်တွေ့ပြသပါသည်။

ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးနည်းပညာများကို လက်ဆင့်ကမ်း ဖြန့်ဝေလေ့ကျင့် သင်ကြားပေးနေသည့်အပြင် လိုအပ်သော သွင်းအားစုအထောက်အပံ့ဆိုင်ရာများကို ကူညီပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများဈေးကွက်ရရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းစင်တာများနှင့် ဒေသတွင်းဈေးကွက်များသို့ တိုက်ရိုက်ရောင်းချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း စင်တာမှ သိရသည်။

ထို့ကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံ‌ရေးမှသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၌ ဝင်ငွေနှစ်ဆမှသုံးဆအထိ တိုးတက်လာကာ တစ်ဆက်တစ်စပ်တည်း ဒေသဖွံ့ဖြိုးရေးအထိပါ ဦးတည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) များကို အားပေးကာ စိုက်ပျိုးရေနည်းနည်းဖြင့် အထွက်နှုန်းမြင့်မားစေသော စိုက်ပျိုးရေးနည်းလမ်းများ၊ အေးမြသောဒေသတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်သော နည်းပညာများကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာအတုယူစရာပင်ဖြစ်သည်။

ထိုမှတစ်ဖန် အာရှ-ပစိဖိတ်ဒေသ သတင်းထောက်များအဖွဲ့သည် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming)၊ ဖန်လုံအိမ်စနစ်ဖြင့်စိုက်ပျိုးရေး (Green-house Farming) များတွင် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်နှင့် စတော်ဘယ်ရီစိုက်ခင်းများကိုလည်း လေ့လာခဲ့ကြသည်။ ခရမ်းချဉ်သီးအရောင်မှာ အနီရောင်၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်းစသဖြင့် အရောင်အသွေးစုံလင်သလို အရသာကွဲပြားမှုကို မြည်းစမ်းခွင့်ရခဲ့ကြသည်။

စတော်ဘယ်ရီအဖြူရောင်မှာ မိမိတို့ဒေသတွင် မြင်တွေ့နေရသည့် စတော်ဘယ်ရီထက် အရသာအချိုဘက်ပိုကဲပြီး အစေ့နည်းနည်းအသားထူထူက သတင်းထောက်များအတွက် ပန်းကန်ထဲတွင် စတော်ဘယ်ရီသီးများကုန်မှသာ နေရာမှခွာကြသည်အထိ အကြိုက်တွေ့ခဲ့ကြသည်။

အတွင်းမွန်ဂိုလီးယားဒေသ ဦလန်ခပ် (Ulanqab) မြို့သည် ခေတ်မီနည်းပညာများဖြင့် တစ်ခေတ်ဆန်းခဲ့သည်မှာ ပြောကုန်နိုင်ဖွယ်မရှိတော့ပြီ။ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတတ်မှု၊ မြတ်နိုးတန်ဖိုးထားမှုတို့မှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လိုက်ပါနိုင်စွမ်းရှိလှသည်။ စီးပွားရေးအချက်အချာဒေသဖြစ်သလို သဘာဝအလှတရားတို့ စုံလင်စွာပေါင်းစပ်ထားသော မြို့တစ်မြို့အဖြစ် အားကျအတုဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

ကိုးကား- MOI

လင်းလင်း

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအစိုးရ အခွန်ဥပဒေ အတည်ပြု ပြင်ဆင်မလား
-

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ  ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance cos

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ  ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance costs) များအပေါ်တွင် သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။ 

ယင်းအခွန်စနစ်သစ်အရ ထိုင်းအစိုးရသည် အခွန်ဥပဒေ ပုဒ်မ ၄၁ ကို ပြောင်းလဲပြီး ထိုင်းနိုင်ငံသားများ၏ ကမ္ဘာတစ်ဝန်းတွင် ရရှိသော ဝင်ငွေအားလုံးအပေါ် အခွန်ကောက်ခံနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သော မည်သည့် နိုင်ငံသားမဆို ရရှိသည့် ဝင်ငွေ (ဝင်ငွေအား ပြင်ပမှ ရရှိပြီး ထိုင်းနိုင်ငံသို့ ငွေပြန် လွှဲသည့် ဝင်ငွေများအပါအဝင်) အပေါ် အခွန်ကောက်ခံမည် ဖြစ်ပါသည်။

ဖော်ပြပါ အခွန်စနစ်သစ်အား ၂၀၂၅ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဟု လျာထားသော်လည်း ထိုင်းနိုင်ငံပြင်ပတွင် နေထိုင်သည့် နိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသားများအကြား ၎င်းတို့၏ ပြည်ပတွင် နေထိုင်သည့် ကာလနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့အပေါ် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိပါသည်။ 

သို့ပါ၍ အဆိုပါ ဥပဒေမူကြမ်းအား အတည်ပြုထုတ်ပြုခြင်းမပြုမီ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ပြန်လည်ချင့်ချိန်သုံးသပ်ရမည်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ အခွန်စနစ် အပြောင်းအလဲ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် တွင် ထိုင်းအစိုးရသည် ပြင်ပမှ ရရှိသည့် ဝင်ငွေအပေါ် အခွန်ကောက်ခံမှုအား ပြောင်းလဲခဲ့ပါသည်။ အခွန်စနစ်ဟောင်း အရ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက်နေထိုင်သူများ၏ နိုင်ငံခြားမှ ရရှိသည့် ဝင်ငွေသည် ဝင်ငွေရရှိသည့်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်လွှဲပြောင်းမှသာ ယင်းနိုင်ငံခြားဝင်ငွေအပေါ် အခွန် ကောက်ခံခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အခွန်စနစ်ပြောင်းလဲမှုအရ မည်သူမဆို ထိုင်းနိုင်ငံ အတွင်း သို့ ဝင်ငွေ ရရှိသည့်နှစ်အတွင်း ဝင်ငွေလွှဲပြောင်းသည်ဖြစ်စေ၊ မဖြစ်စေ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်ပါက ယင်းနိုင်ငံခြား မှ ရရှိသည့်ဝင်ငွေအပေါ် အခွန်ကောက်ခံခဲ့ပါသည်။ ထိုသို့ ပြောင်းလဲခဲ့ ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သူများမှ အခွန်ကောက်ခံနိုင်သည့် ဝင်ငွေ ပမာဏ (Taxable Income) သည် သိသာစွာ တိုးတက်ခဲ့ပါသည်။

ကိုးကား- ASEAN Briefing

Photo: pimaccounting.com

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

Giulia

တရုတ်ထုတ် ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် “လက်တွေ့မကျသော ဖြေရှင်းနည်း" ဟု ကန့်ကွက်ခံရခြင်း
-

သတင်းထုတ်ပြန်သည့်ရက်စွဲ - ၂၀ မေ ၂၀၂၅

တရုတ်အခြေစိုက် ကရိန်းကုမ္ပဏီများမှ တရုတ်ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် အမေရိကန်ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ အဆိုပါမှတ်ချက်အား အမေရိကန်ဆိပ်ကမ်း အသင်းမှလည်း သဘောတူညီခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ ကရိန်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Shanghai Zhenhua Heavy Industries (ZPMC) က အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ်ရုံး (USTR) ထံ သုံးသပ်ချက်တင်သွင်းရာတွင် ၎င်းတို့ထုတ်ကုန်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိပါကြောင်းနှင့် တရုတ် ထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ခြင်းသည် အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းကို ပြန်လည်ရှင်သန်စေရန် အထောက်အကူမဖြစ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

ZPMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံထုတ် သင်္ဘောဆိပ်ကမ်းကရိန်းများတွင် စွပ်စွဲထားသည့် ဆိုက်ဘာလုံခြုံရေးအန္တရာယ်မရှိပါ။ အဆိုပါ အကောက်ခွန်များသည် တရားဝင် ဖြေရှင်းနည်းလည်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။ 

 ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေးအသင်းများက ကန့်ကွက်

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ တရုတ်ထုတ် ကရိန်းများအပေါ် အကောက်ခွန် ၁၀၀% တိုးမြှင့်ရန် အဆိုပြုချက်အား ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ဆိပ်ကမ်းများအသင်းကလည်း အဆိုပြုချက်အား ကန့်ကွက်ခဲ့သည်။ 

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ဧပြီလကုန်တွင် တရုတ်ထုတ် ကွန်တိန်နာနှင့် တပ်ဆင်ပြီး မော်တော်ယာဉ်အောက်ပိုင်းများအပေါ် ၂၀% မှ ၁၀၀% ထိ စည်းကြပ်ခွန် ကောက်ခံရန် စတင်အဆိုပြုခဲ့သည်။ အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်အားကောင်းစေရန်နှင့် ရေကြောင်းကဏ္ဍတွင် တရုတ်၏ လွှမ်းမိုးမှု အားနည်းစေရန်အတွက် တရုတ်သင်္ဘောများကို ပစ်မှတ်ထား၍ ဆိပ်ကမ်းအခကြေးငွေများကို မြှင့်တင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

သို့သော် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် လွန်ခဲ့သည့် တစ်လခန့်က ပြည်သူများထံမှ အကြံပြုချက်များကို စတင်တောင်းခံပြီး ကန့်ကွက်သူများပြားကြောင်း၊ ရှန်ဟိုင်း Zhenhua က “ထိုအကောက်ခွန် များသည် အမေရိကန်ဆိပ်ကမ်းများ၏ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေကာ ပို့ဆောင်ရေးကွင်းဆက်တစ်လျှောက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည်” ဟု သတိပေးခဲ့သည်။ 

အမေရိကန်ဆိပ်ကမ်းများအသင်းကြီးက တရုတ်ထုတ်ကရိန်းများအပေါ် အကောက်ခွန် တိုးမြှင့်မှုအား ကန့်ကွက်သည့် အစီရင်ခံစာတင်သွင်း 

အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်း(AAPA)က အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးထံ ပေးပို့သည့် အစီရင်ခံစာတွင် “ဈေးကွက်၌ တရုတ်ထုတ်ကရိန်းများအား အစားထိုးနိုင်သည့် အခြားရွေးချယ်စရာ မရှိခြင်းကြောင့် အဆိုပါအကောက်ခွန်များ အောင်မြင်မည်မဟုတ်” ဟု သတိပေးခဲ့သည်။  အသင်းက “အဆိုပါ အကောက်ခွန် များသည် အမေရိကန်တွင် ကရိန်းထုတ်လုပ်မှုလုပ်ငန်းကို မြန်ဆန်စွာ ပေါ်ပေါက်လာစေမည်မဟုတ်ဘဲ၊ အများပိုင် ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်” ဟု ထောက်ပြခဲ့သည်။ အမေရိကန် ဆိပ်ကမ်း အာဏာပိုင်အသင်းမှ လက်ရှိတွင် အမေရိကန်၌ ဆိပ်ကမ်းကရိန်း ထုတ်လုပ်သည့် ကုမ္ပဏီမရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် တရုတ်ကုမ္ပဏီ မဟုတ်သည့် ဂျပန်မှ Mitsui နှင့် ဥရောပကုမ္ပဏီများဖြစ်သည့် Konecranes နှင့် Liebherr ကုမ္ပဏီများသာ ထုတ်လုပ်ကြသည်။သို့သော် ၎င်းတို့သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းရည်ကို အစားထိုးရန် လိုအပ်ချက်ရှိကြကြောင်း အသင်းမှ ပြောကြားခဲ့သည်။

ZPMC ၏ ကမ္ဘာ့ဈေးကွက်လွှမ်းမိုးမှု

သတင်းများအရ ရှန်ဟိုင်း Zhenhua (ZPMC) သည် ကမ္ဘာ့ဆိပ်ကမ်းကရိန်းဈေးကွက်၏ ၇၀% ခန့်ကို ထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၈ သို့ ရောင်းချလျက်ရှိသည်။ ကုမ္ပဏီ၏ ၂၀၂၃ ဘဏ္ဍာရေးအစီရင်ခံစာအရ မြောက်အမေရိကတွင် အမြတ်ငွေ ၄.၈% ရရှိခဲ့သော်လည်း ယခင်နှစ်ကထက် ၃၀% ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ Joe Biden အစိုးရက တရုတ်ထုတ် STS ကရိန်းများအပေါ် အကောက်ခွန် ၂၅% စတင်ကောက်ခံခဲ့သည်။ 

ဆယ်စုနှစ်အတွင်း ဘီလီယံချီကုန်ကျနိုင် 

အမေရိကန် ဆိပ်ကမ်းအာဏာပိုင်အသင်း၏ အဆိုအရ အမေရိကန်ဆိပ်ကမ်းများတွင် အသုံးပြုရန် ကရိန်း ၅၅ လုံး မှာယူထားပြီး လာမည့် ၆ နှစ်မှ ၁၀ နှစ်အတွင်း နောက်ထပ် ၁၅၁ လုံး လိုအပ်မည်ဖြစ်သည်။ အကောက်ခွန်သစ်များ အတည်ပြုခဲ့ပါက လာမည့် ၁၀ နှစ် အတွင်း ဒေါ်လာ ၆.၇ ဘီလီယံအထိ ပိုမိုကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။   ဥပမာအား ဖြင့် တက္ကဆက်ပြည်နယ်ရှိ Houston ဆိပ်ကမ်းသည် ZPMC ထုတ် ကရိန်း ၈ လုံးကို ၂၀၂၆ ခုနှစ် နွေဦးတွင် ဒေါ်လာ ၁၄ သန်းစီဖြင့် မှာယူထားပြီး၊ ၁၀၀% အကောက်ခွန်စည်းကြပ်ပါက အခွန်ဒေါ်လာ ၃၀၂.၄ သန်း အပိုပေးရမည်ဖြစ်သည်။ 

ပြည်တွင်းထုတ်လုပ်မှု ပြန်လည်တည်ဆောက်ရန် အခက်အခဲများ

အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်းက အမေရိကန်နိုင်ငံတွင် ကရိန်း ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်စတင်ရန် အားပေးသော်လည်း၊ ပြည်တွင်းသံမဏိစျေးနှုန်းမြင့်မားခြင်း၊ ဂဟေဆက်ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်းနှင့် ကရိန်းအစိတ်အပိုင်းများရှားပါးခြင်း စသည့် အကြောင်းအရင်းများကြောင့် ပြန်လည်တည်ဆောက်ရန် အချိန် ကြာမြင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အသင်းက အမေရိကန် ကွန်ဂရက်အား ပြည်တွင်းထုတ်လုပ်မှုကို အားပေးသည့် အခွန်ကင်းလွတ်ခွင့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အကြံပြုခဲ့ပြီး၊ ထိုသို့သော ဥပဒေများ မပြဋ္ဌာန်းမီအထိ ကရိန်းများအပေါ် ထပ်မံ၍ အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်း မပြုရန် အကြံပြုထားသည်။ 

ထို့အပြင် ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ ရက်မတိုင်မီ မှာယူထားသော ကရိန်းများအား အကောက်ခွန် ကင်းလွတ်ခွင့် ပေးရန်နှင့် ၁၀၀% အကောက်ခွန်ကို ၁ နှစ်မှ ၂ နှစ်အထိ ရွှေ့ဆိုင်းပေးရန် အသင်းက တောင်းဆိုထားသည်။

ကိုးကား- South China Morining Post

South China Morning Post တွင် Carol Yang ရေးသားသည့် Chinese crane maker raises questions over US tariff plans: ‘not a real remedy’ ဆောင်းပါးအား ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစကမှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

Carol Yang

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ယာယီဖြေလျှော့မှုအပေါ် ရှုမြင်ခြင်း ဆောင်းပါးရှင် - Philip Luck
-

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ထရမ့်အစိုးရအဖွဲ့က အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်လျှော့ချမှုများပြုလုပ်ရန် ကြေညာခဲ့သည်။ ၎င်းတွင် အမေရိကန်က အကောက်ခွန်နှုန်းထားများကို ၁၄၅% မှ ၃၀% အထိ လျှော့ချခြင်း (ကဏ္ဍ အလိုက်နှင့် Section 301 အကောက်ခွန်များအပါအဝင်) နှင့် တရုတ်နိုင်ငံက အမေရိကန်ကုန်ပစ္စည်းများအတွက် ၁၂၅% မှ ၁၀% အထိ လျှော့ချခြင်း တို့သာမက ထရမ့်က “လွတ်မြောက်ရေးနေ့” ဟု ကြေညာအပြီး တရုတ်နိုင်ငံက ချမှတ်ထားသော အရေးကြီးသတ္တုတင်ပို့မှု ကန့်သတ်ချက်များကိုပါ ဖြေလျှော့ပေးခြင်းတို့ ပါဝင်သည်။

အသေးစိတ်ကိစ္စများစွာ မဖြေရှင်းရသေးသော်လည်း ဤအကောက်ခွန်လျှော့ချမှုသည် ငွေကြေးဖောင်းပွမှုကို သက်သာစေရန်နှင့် စီးပွားရေးအလားအလာများကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည့် ကြိုဆိုဖွယ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် မြင့်မားနေဆဲကုန်ကျစရိတ်များ၊ ပျက်ယွင်းနေသော ထောက်ပံ့ရေးကွင်းဆက်များ၊ မြင့်တက်လာသည့် မရေရာမှုများနှင့် မဟာမိတ်နိုင်ငံများအပေါ် အမေရိကန်၏ယုံကြည်စိတ်ချရမှု ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော အကျိုးဆက်များကို ဤအစီအမံက ပြန်လည်ကုစားနိုင်မှုမရှိသေးပါ။ ယာယီဖြေရှင်းချက်များ၊ ဗျူဟာလွဲချော်မှုများနှင့် အဆက်မပြတ်မတည်ငြိမ်မှုများဖြင့် အရောင်းအဝယ်မူဝါဒအပေါ် ဆက်လက် မှီခိုနေရခြင်းသည် ရေရှည်စီးပွားရေးခံနိုင်ရည်နှင့် အမေရိကန်၏ ကမ္ဘာ့ဦးဆောင်မှုအခန်းကဏ္ဍတို့အပေါ် ဆက်လက်ထိခိုက်စေပြီး စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကုန်ကျစရိတ် များစွာ ဆက်လက်ဖြစ်ပေါ်နေစေသည်။

ဦးတည်ချက်မှန်ကန်သည့် ခြေလှမ်းတစ်ရပ်…..

ပထမဆုံးအချက်မှာ ယနေ့အကောက်ခွန်နှုန်းထားများသည် မနေ့ကထက် လျော့နည်းနေပြီး ဤအချက်မှာ ငြင်းဆန်၍မရသော အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ရေလတ်ကာလတွင် ဤလျှော့ချမှုသည် အမေရိကန်၏ ငွေကြေးဖောင်းပွမှုဖိအားကို သက်သာ စေရန်၊ စီးပွားရေးကျဆင်းမှုမဖြစ်အောင်တားဆီးနိုင်ခြေမြှင့်တင်ရန်နှင့် တရုတ်နှင့် နည်းဗျူဟာ ကျကျယှဉ်ပြိုင်နိုင်ရန်အတွက် လိုအပ်သောမတည်ရင်းနှီးမြှုပ်နှံမှုများကို အားဖြည့်ရန် အထောက်အကူ ဖြစ်စေမည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်းရှိခဲ့သည့်အခြေအနေနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ အမှန်တကယ်တိုးတက်မှုတစ်ရပ်ဟုဆိုရမည်။

….သို့သော် ထိခိုက်မှုများ ရှိနှင့်ပြီ

အကောက်ခွန်နှုန်းလျှော့ချမှုကို ကြိုဆိုသော်လည်း တစ်လကျော်ကြာ အကောက်ခွန်ဒဏ် သင့်ခဲ့ရသည်။ တင်သွင်းကုန်များအပေါ်မှီခိုနေရသည့် အမေရိကန်လုပ်ငန်းစုများသည် ဤမြင့်မားသောကုန်ကျစရိတ်များကို ခံစားရခြင်း (သို့မဟုတ်) ဝယ်ယူမှုနှောင့်နှေးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ဤအခြေအနေသည် လုပ်ငန်းစုများနှင့် စားသုံးသူများအတွက် ချက်ချင်းအထိနာစေခဲ့ပြီး အနာဂတ် ကာလတွင် ဈေးနှုန်းမြင့်မားမှုများနှင့် ကုန်ပစ္စည်းရှားပါးမှုများ ဖြစ်နိုင်ခြေအတွက် အခြေခံဖြစ်စေ ခဲ့ကာရေရှည်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် ထုတ်လုပ်မှုကျဆင်းမှုများကို ဦးတည်စေခဲ့သည်။ လတ်တလောသုတေသနများက ဤအချက်ကိုထောက်ခံထားပြီး အထူးသဖြင့် “လွတ်မြောက်ရေးနေ့”တွင်ပြဋ္ဌာန်းခဲ့သည့် အမေရိကန်အကောက်ခွန်များသည် ၂၀၂၈ ခုနှစ်မတိုင်မီ တစ်နှစ်လျှင် အမေရိကန်၏ အမှန်ဝင်ငွေကို ဒေါ်လာ ၃၀၀ ဘီလီယံအထိ လျော့ကျစေမည်ဟု ခန့်မှန်းထားသည်။

မြင့်မားနေဆဲ အကောက်ခွန်နှုန်းထား

ယာယီလျှော့ချမှုအပြီးတွင်ပင် အမေရိကန်အကောက်ခွန်နှုန်းထားများသည် လူမှုဖူလုံရေး အမြင့်ဆုံးအဆင့်ထက် သိသိသာသာမြင့်မားနေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင်အများစုက သုံးသပ်ကြသည်။ အမျိုးသားစီးပွားရေးသုတေသနဌာန (NBER) မှ လတ်တလောထုတ်ဝေသည့် အစီရင်ခံစာတွင် အကောင်းဆုံးအကောက်ခွန်ပုံစံသည် ယခုထက် နည်းပါးသောနှုန်းထားနှင့် အလယ်အလတ်တန်းကုန်ပစ္စည်းများနှင့်ဝေးရာသို့ ပြန်လည်သတ်မှတ်ခြင်းတို့ ပါဝင်သင့်ကြောင်း တိုက်တွန်းထားသည်။ ထိုသို့သောပုံစံသည် ပြည်တွင်းထုတ်လုပ်သူများ၏ ကုန်ကျစရိတ်ကိုလျှော့ချ ပေးနိုင်ခြင်း၊ အမေရိကန်ထုတ်ကုန်များ၏ ကမ္ဘာ့စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်မှုစွမ်းရည်နှင့် ဝင်ငွေတိုးတက်စေခြင်း စသည့် အလားအလာကောင်းများစွာ ရရှိစေမည်။ လက်ရှိအကောက်ခွန်ပုံစံရှိ ဤထိရောက်မှုမရှိသော အချက်တစ်ခုတည်းကိုပင်ပြုပြင်ပါက ဝင်ငွေများ သိသာစွာတိုးမြင့်လာစေနိုင်ကြောင်း အထောက်အထားများက ဖော်ပြနေသည်။

လက်ရှိအခြေအနေအရ ထရမ့်လက်ထက် အကောက်ခွန်၏ ၆၀% နီးပါးသည် ဗျူဟာမြောက်ပြိုင်ဘက်များ၏ ကုန်ချောပစ္စည်းများထက် အမေရိကန်လုပ်ငန်းစုများတွင် အသုံးပြုသော ကုန်ကြမ်းများကိုဦးတည်နေသည်။ ဤအခြေအနေသည် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေပြီး ဗျူဟာမြောက်အကျိုးကျေးဇူးမှာမူ အနည်းငယ်သာရှိသည်။ အကောက်ခွန်နှုန်းလျှော့ချပြီး နောက်ပိုင်းတွင်ပင် အများအပြား ဆက်လက်ထိခိုက်နေဆဲဖြစ်သည်။

စီးပွားရေးအပေါ် မရေရာမှုဒဏ် သက်ရောက်မှု

အရေးကြီးသည်မှာ ယခုအကောက်ခွန်နှုန်းလျှော့ချမှုသည် အမြဲတမ်းအတွက်မဟုတ်ပါ။ ကုန်သွယ်ရေးအဟန့်အတားများကို လျှော့ချရန်အတွက် “ဘုံအကျိုးစီးပွား”အကြောင်း ထုတ်ပြန်ချက်များရှိသော်လည်း နှစ်ဖက်စလုံးသည် ရက် ၉၀ တိုးမြှင့်ရန် သဘောတူညီမှုသာရရှိခဲ့သည်။ လုပ်ငန်းစုများသည် ကုန်ကြမ်းရေရှည်ရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစီအမံများ ချမှတ်ရန် ကြိုးစားနေစဉ် မရေရာသည့်အခြေအနေတွင် ဆိုင်းငံ့နေရဆဲဖြစ်သည်။ ဤ “ရပ်လိုက်-ပြန်စလိုက်” ချဉ်းကပ်မှုသည် မတည်ငြိမ်မှုနှင့် မရေရာမှုများကို ဆက်လက်ဖြစ်ပေါ်စေကာ ရင်းနှီးမြှုပ်နှံမှုများအပေါ် ဝန်ထုပ်ဝန်ပိုးသဖွယ် သက်ရောက်နေသည်။ အကောက်ခွန်မူဝါဒ၏ မတည်ငြိမ်သော အပြောင်းအလဲများအပေါ် ရင်းနှီးမြှုပ်နှံမှု၏အခြေခံအကျိုးအမြတ်များ မူတည်နေပါက လုပ်ငန်းစု များသည် အမေရိကန် သို့မဟုတ် တရုတ်တွင် ငွေကြေးရင်းနှီးမြှုပ်နှံရန် ယခင်ကထက် စိတ်အား ထက်သန်မှု နည်းပါးလာမည်ဖြစ်သည်။

ဤအလွန်ရှင်းလင်းသောအချက်ကို Handley နှင့် Limão (၂၀၁၇) အပါအဝင် ပညာရပ် ဆိုင်ရာလေ့လာချက်များက အတည်ပြုထားသည်။ ၎င်းတို့၏သုတေသနအရ ကုန်သွယ်ရေးမူဝါဒ မတည်ငြိမ်မှုသည် အကောက်ခွန်နှုန်းထားများကဲ့သို့ပင် ရင်းနှီးမြှုပ်နှံမှုကိုဆိုးရွားစွာထိခိုက်စေ နိုင်သည်။ အထူးသဖြင့် မော်တော်ယာဉ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းကဲ့သို့သော အရင်းအနှီးများပြားသည့် စက်မှုကဏ္ဍများတွင် မတည်ငြိမ်မှုသည် စီမံကိန်းရေးဆွဲခြင်း အတွက် အပိုအခွန်သဖွယ် သက်ရောက်မှုရှိသည်။

ယုံကြည်အားထားရမှု ယုတ်လျော့လာခြင်းသည် အန္တရာယ်ရှိသည်

အစိုးရအဖွဲ့က ကုန်သွယ်ရေးလက်တုံ့ပြန်မှုများနောက်တွင် အကျိုးဆက်များရှိလာမည်ဟု သတိပေးခဲ့သည်။ သို့သော် တရုတ်၏ တန်ပြန်မှုနောက်ပိုင်းတွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသည့် အကောက်ခွန်နှုန်းထက် ပိုမိုနိမ့်ကျသောနှုန်းဖြင့် ပေါ်ထွက်လာသည်။ ဤဖြစ်စဉ်သည် အစိုးရအဖွဲ့၏ သဘောထားဖြစ်သည့် “ကုန်သွယ်ရေးအငြင်းပွားမှုများတွင် အဆင့်မြှင့် တုံ့ပြန်မှုဖြင့် အမြဲနိုင်ရမည်” ဆိုသည့် ချဉ်းကပ်မှုကို အားနည်းစေခဲ့သည်။ ယခုအခါ ထိုအချက်သည် မှားယွင်းကြောင်း ထင်ရှားခဲ့ပြီး အမေရိကန်၏ ယုံကြည်အားထားရမှုသည်လည်း ပိုမိုအားနည်းလာ ခဲ့သည်။

အစိုးရအဖွဲ့၏ရည်မှန်းချက်များကို ထိခိုက်စေပြီး သာမန်အမေရိကန်ပြည်သူများအတွက် အန္တရာယ်ရှိစေသည့် စံမမှီ၊ လက်တွေ့အကောင်အထည်မဖော်နိုင်သော ခြိမ်းခြောက်မှုအခြေခံ ကုန်သွယ်ရေးမူဝါဒသည် အကျိုးမရှိရုံသာမက ပြောင်းပြန်အကျိုးဆက်ကိုပါ ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ အစိုးရအဖွဲ့သည် နောက်ဆက်တွဲအကျိုးဆက်များကို ပဓာနမထားဘဲ ခြိမ်းခြောက်မှု တစ်ရပ်ကိုလိုက်နာခြင်းဖြင့် မိမိတို့၏ယုံကြည်အားထားရမှုကို ပြန်လည်ရယူရန်လိုအပ်သည်ဟု ခံစားမိပါက မည်သို့ဖြစ်လာနိုင်သနည်း။

ပြိုင်ဘက်များကို အခွင့်အရေးပေး၍ မိတ်ဘက်များနှင့် ကင်းကွာလာ

ယုံကြည်အားထားရမှုနောက်တွင် အစိုးရအဖွဲ့သည် ကာလရှည်မိတ်ဘက်များ၏ ယုံကြည်မှုများကိုပါ ကုန်ခမ်းစေခဲ့သည်။ ဗြိတိန်နှင့်သဘောတူညီမှုအရ အမေရိကန်သုံးစွဲသူများအတွက် Land Rover နှင့် Jaguar ကားများ၏စျေးနှုန်းကို လျှော့ချပေးခဲ့သော်လည်း များပြားသောအလုပ်သမား လူတန်းစားအတွက် အထောက်အကူဖြစ်စရာသည် မရှိသလောက်ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားမိတ်ဘက်နိုင်ငံများက “ငါတို့နှင့်ဆက်ဆံ၊ မဟုတ်လျှင်ဒုက္ခခံ” ဆိုသည့် စီးပွားရေး ဖိအားပေးမှုနည်းလမ်းကို ပိုမိုမြင်တွေ့လာရသည်နှင့်အမျှ စိတ်ပျက်လာကြသည်။

ဤချဉ်းကပ်မှုသည် အမေရိကန်၏ဂုဏ်သတင်းကို ထိခိုက်စေပြီး ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ယုတ်လျော့စေသည်။ Freund, Mattoo, Mulabdic နှင့် Ruta (၂၀၂၃) ၏ လေ့လာမှုအရ အမေရိကန်နှင့်တရုတ်တို့အနေဖြင့် ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးပြုလာသည်နှင့်အမျှ တတိယနိုင်ငံများက ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်းများ စတင်ကျင့်သုံးလာကြသည်။ ၂၀၁၈ နောက်ပိုင်း ကုန်သွယ်ရေးစီးဆင်းမှုများကို ၎င်းတို့၏ဆန်းစစ်ချက်အရ “မူဝါဒဆိုင်ရာ ကွဲပြားမှုများ” တိုးပွားလာသည်ကိုတွေ့ရပြီး ထောက်ပံ့ရေးကွင်းဆက်များကို စွမ်းဆောင်ရည်ထက် ယုံကြည်စိတ်ချရမှုအပေါ်အခြေခံ၍ ပြောင်းလဲလာကြသည်။

၂၀၁၈ ခုနှစ်မှစ၍ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန်ပါဝင်မှု မရှိသည့် ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက်များကို တိုးချဲ့လာကြသည်။ အမေရိကန်သည် မိမိ၏မိတ်ဘက်များကို ပြိုင်ဘက်များထက် ပိုမိုကြမ်းတမ်းစွာ ဆက်လက်ဆက်ဆံနေပါက ဤအလားအလာသည် ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်လာမည်သာဖြစ်သည်။

အမှန်တရားနှစ်ခု တစ်ပြိုင်တည်း

အစိုးရအဖွဲ့၏ အခြားသောကပြောင်းကပြန်ဆောင်ရွက်မှုများကဲ့သို့ပင် ယခုအကောက်ခွန်နှုန်း လျှော့ချခြင်းသည် အမှန်တရားနှစ်ခုကို တစ်ပြိုင်တည်းလက်ခံရန် လိုအပ်ပါသည်။ ပထမအချက်မှာ ယင်းသည် ပျက်စီးစေသောမူဝါဒအတွက် လိုအပ်ပြီး နောက်ကျနေသည့် ပြုပြင်မှုတစ်ခုဖြစ်သည်။ ဒုတိယအချက်မှာ ဤကပြောင်းကပြန်ဆောင်ရွက်မှုများ၏ အကျိုးဆက်များအနေဖြင့် ပိုမိုမြင့်မား သောငွေကြေးဖောင်းပွမှု၊ အားနည်းသောရင်းနှီးမြှုပ်နှံမှုနှင့် တင်းမာလာသော မိတ်ဘက်ဆက်ဆံရေး တို့သည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

တဖြည်းဖြည်းပေါ်ထွက်လာသော အထောက်အထားများက ပုံစံတူဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြနေသည်။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ချမှတ်သော အကောက်ခွန်နှုန်းမြှင့်တင်မှုများသည် ရေတိုရည်မှန်းချက်များအတွက် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း ၎င်းတို့သည် ရေရှည်စီးပွားရေး ခံနိုင်ရည်ကို အားနည်းစေပြီး အဖွဲ့အစည်းများကို ထိခိုက်စေကာ အမေရိကန်၏ကမ္ဘာ့ဦးဆောင်မှု အခန်းကဏ္ဍကို ယုတ်လျော့စေသည်။ မတည်ငြိမ်မှု၏တန်ဖိုးသည် မြင့်မားပြီး ဆက်လက်တိုးမြင့် နေဆဲဖြစ်သည်။

စားသုံးသူကို ထည့်သွင်းစဉ်းစားပါ

မျှော်လင့်ရသည်မှာ ဤအကောက်ခွန်လျှော့ချမှုသည် အစိုးရအဖွဲ့အနေဖြင့် အမေရိကန် စားသုံးသူများ၏အရေးပါမှုကို ပြန်လည်သတိရလာနိုင်ခြေရှိသည်ဆိုသည့် အရေးကြီးသောအချက်ကို ညွှန်ပြနေပါသည်။ ဧပြီ ၂ ရက်နေ့မှစ၍ အမေရိကန်ပြည်သူများကို ကုန်ထုတ်လုပ်သူများအဖြစ်သာ တစ်ဖက်သတ်ဖော်ပြသည့် စိုးရိမ်ဖွယ်ရာကြေညာချက်များ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။ ထိုသို့ဆိုလျှင် ဤကုန်ပစ္စည်းများကို မည်သူစားသုံးနိုင်မည်ကို စိုးရိမ်စရာမလိုဟု ဆိုလိုနေပါသည်။

ဤသတင်းစကားသည် အစိုးရအဖွဲ့ဝင်များ ရွေးကောက်ပွဲမဲဆွယ်ကာလက ကတိပေးခဲ့သည့် အာမခံချက်များနှင့် ကိုက်ညီမှုမရှိပါ။ သို့သော် ဤမူဝါဒပြောင်းလဲမှုသည် အခြေခံသဘောတရား တစ်ရပ်ကို ပြန်လည်အတည်ပြုရန် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အစိုးရ၏တာဝန်မှာ ပြည်သူများ၏ လူမှုစီးပွားအခြေအနေကို မြှင့်တင်ပေးရန်ဖြစ်သည်။ ဆိုလိုသည်မှာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်ပြီး နိမ့်ကျစေရန် မဟုတ်ပါ။

ထို့ကြောင့် အနည်းငယ်မျှော်လင့်ချက်ရှိသည့်အချက်ဖြင့် အဆုံးသတ်ရပါလျှင် ကုန်သွယ်ရေး ပဋိပက္ခများ ယခုခေတ္တရပ်နားထားသည့်အချိန်တွင် အစိုးရအဖွဲ့သည် နဂိုမူလအလုပ်အကိုင်များ ပြန်လည်ရရှိရေးအတွက် အမေရိကန်စားသုံးသူများကို ဒုက္ခပေးသည့်နည်းလမ်းမှာ အကောင်းဆုံး ရွေးချယ်မှုမဟုတ်ကြောင်း ပိုမိုလက်ခံလာဟန်ရှိပါသည်။ ဤသည်မှာ ကောင်းမွန်သောအချက်တစ်ခုပင် ဖြစ်ပေသည်။

Center for Strategic and International Studies (CSIS) တွင် စာရေးသူ Philip Luck ရေးသား ထားသည့် “Understanding the Temporary De-Escalation of the US-China Trade War” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထား ပါသည်။

Philip Luck

တရုတ်နိုင်ငံက အမေရိကန်အပေါ် တုံ့ပြန်မှု ပြင်းထန်လာခြင်း
-

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် “မျက်နှာနှစ်ဖက်” မူဝါဒ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် ပိုမိုပိတ်ဆို့မှု များပြားလာပါက တုံ့ပြန်တိုက်ခိုက် သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက  ဖေဖော်ဝါရီ ၇ ရက် သောကြာနေ့တွင် ပြုလုပ်သော ပါလီမန်ဆိုင်ရာအစည်းအဝေး (Annual Parliamentary Meeting)တွင် ကြေညာလိုက်ပါသည်။ ထိုအခြေအနေမှာ လက်ရှိကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အတောင့်တင်းဆုံး နှစ်နိုင်ငံအကြား တင်းမာမှုများ  ဆက်လက်မြင့်တက်နေသည်ကို  သက်သေပြလျက်ရှိပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ယူချိန်မှစ၍  အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းအားလုံးအတွက် အခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ နှစ်ဆတိုးမြှင့်လိုက်ပါသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါ စသည့် နိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ်တွင်လည်း  ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ပါသည်။ ထိုသို့ပြုမူလုပ်ဆောင်ရခြင်းမှာ  အမေရိကန်၏အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည်ဟု ဒေါ်နယ်ထရမ့် အစိုးရက အကြောင်းပြ၍  ကြွေးကြော်ထားပါသည်။ တစ်ဖက်ကလည်း အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးမှာ မျှတမှုမရှိခြင်း၊  တရားမဝင် ရွေ့ပြောင်းသွားလာနေမှုနှင့် မူးယစ်ဆေးဝါးပြဿနာတို့ကို ဖြေရှင်းကိုင်တွယ်ရန်ဟု  ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က တုံ့ပြန်ထားပါသည်။

တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ပါလီမန်ဆိုင်ရာအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အမေရိကန်ဘက်က ချမှတ်လိုက်သည့် အခွန်တိုးမြှင့်သတ်မှတ်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချ လိုက်ပါသည်။ တစ်ဖက်သတ် အတင်းအဓမ္မ ဖိအားပေးခြင်းကို တရုတ်နိုင်ငံအနေဖြင့် လုံးဝလက်ခံမည် မဟုတ်ဟု  ဝမ်ယိက သတိပေး ပြောကြားလိုက်ပါသည်။  တရုတ်နိုင်ငံအပေါ် ဖိအားပေး လုပ်ဆောင်နေပြီးအခြားတစ်ဖက်တွင် မိတ်ဖက်တည်ဆောက်နေမှု ကောင်းမွန်မှု ရှိလာမည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားလိုက်ပါသည်။ 

ယခုအခါ အမေရိကန်ဘက်က ထိုသို့အခွန်စည်းကြပ်လိုက်မှုအပေါ် တရုတ်အစိုးရဘက်ကလည်း ထိရောက်ပြီး သက်ရောက်မှုရှိစေမည့် လုပ်ဆောင်မှုများကို တန်ပြန်ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။ ၎င်းတို့တွင် အမေရိကန်က တရုတ်နိုင်ငံသို့ တင်သွင်းလာသည့် လယ်ယာထွက်ကုန်များနှင့် စွမ်းအင် ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါသည်။ ထို့ပြင်  အမေရိကန် ကုမ္ပဏီ ၂၅ ခုကိုလည်း  တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခွင့် ပိတ်ဆို့လိုက်ပြီဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ( World Trade Organization ) တွင် အမေရိကန်၏ ကုန်သွယ်ရေး အခွန် တိုးမြှင့်ခြင်းအပေါ်  တရုတ်အစိုးရက တရားလိုအဖြစ် လုပ်ဆောင်လျက်ရှိပါသည်။ အမေရိကန်သည် ချမှတ် ထားသော ကုန်သွယ်ရေးဆိုင်ရာ အခွန်များကို နိုင်ငံတကာ ကုန်သွယ်ရေးစည်းမျဉ်းများ( International Trade Rules )များ ချိုးဖောက်နေကြောင်း  စွပ်စွဲပြောကြားထားပါသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်အစိုးရသည် အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ရန်  အကူအညီများ ပံ့ပိုးပေးခဲ့သော်လည်း  အမေရိကန်ဘက်က တရုတ်နိုင်ငံအပေါ်  ယခုကဲ့သို့ လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုက်ပါသည်။ အမေရိကန် အစိုးရ၏ တရုတ်က တရားမဝင် fentayl ထုတ်လုပ်မှုများတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို ဖြန့်ဖြူးပေးနေ သည်ဟု စွပ်စွဲထားပါသည်။ 

အမေရိကန်အစိုးရသည် တရုတ်နည်းပညာကုမ္ပဏီများအပေါ် ပိတ်ဆို့မှု ပြုလုပ်နေခြင်းသည်လည်း အဆိုပါ တားဆီးပိတ်ဆို့မှုများက တရုတ်နိုင်ငံအတွက် တီထွင်မှုအသစ်များကို ဖြစ်ပေါ်စေလာကြောင်း မစ္စတာ ဝမ်ယိက ပြောကြားထားပါသည်။ အမေရိကန်အစိုးရ၏ အမြဲတစေ ခြိမ်းခြောက်နေမှုများနှင့် နည်းပညာ ဆိုင်ရာပိတ်ဆို့မှုများ အပါအဝင် စီးပွားရေးအရ ဖိနှိပ်မှုများက  တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုကို ပိုမို မြှင့်တင်ပေးနေသလို ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး တင်းမာမှု အခြေအနေကို လေ့လာကြည့်ပါက  ဒေါ်နယ်ထရမ့် ပထမသမ္မတ ကာလက ၎င်းသည် တရုတ် ကုန်ပစ္စည်း များအပေါ် အခွန်များ ချမှတ်ပြီးနောက်ပိုင်းတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။  ထိုအခါက ဒေါ်နယ်ထရမ့်၏ ယုံကြည်ချက်မှာ တရုတ်သည် တရားမျှတမှုမရှိသော  ကုန်သွယ်ရေး နည်းစနစ်များကို ပြုလုပ်လေ့ရှိပြီး မူပိုင်ခွင့်များ ခိုးယူနေသည်ဟု  ထင်မြင်ယူဆနေခြင်းဖြစ်ပါသည်။ လက်ရှိအခါ တရုတ် အစိုးရကလည်း အမေရိကန်၏ လုပ်ဆောင်မှုများကို တုံ့ပြန်ခဲ့ရာ ထိုအခွန်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များနှင့် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုများစွာ ထိခိုက်ခဲ့ပါသည်။

အချုပ်ဆိုရပါသော် အမေရိကန်နှင့် တရုတ်ကုန်သွယ်မှု တင်းမာလာမှုအခြေအနေမှာ အဆိုပါ နှစ်နိုင်ငံအနက် တစ်နိုင်ငံက အကျိုးရှိမည့် ရလဒ်မျိုးမဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးနှင့် သက်ဆိုင်နေသူအားလုံးကို ထိခိုက် စေလာနိုင်ကြောင်း သုံးသပ်ရပါသည်။

မှီငြမ်း- China accuses US of ‘two faced’ polices/ RT (7/2/2025) 

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်အယူခံစနစ်ကို လေ့လာခြင်း
-

နိုင်ငံတစ်နိုင်ငံတွင် အခွန်ကောက်ခံရန် နိုင်ငံတော်အစိုးရက သတ်မှတ် တာဝန် ပေးအပ်ထားသည့် အခွန်ဌာနများမှ ကောက်ခံသည့် အခွန်အခများ၊ ဆုံးဖြတ်ချက်များ အပေါ် မကျေနပ်ပါက အခွန်ထမ်းပြည်သူအနေဖြင့် အယူခံဝင်ပိုင်ခွင့် ရှိပါသည်။ ထိုသို့ အခွန်အယူခံဝင်ရန် သတ်မှတ်ပြဋ္ဌာန်းချက်များမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းအဖြစ်လည်းကောင်း ရပ်တည်နေမှုမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားကြပါသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် အခွန်တရားရုံးကို အခွန်အာဏာပိုင် သို့မဟုတ် အစိုးရ၏ လွှမ်းမိုးခြင်းမပြုနိုင်သည့် အခွန်အငြင်းပွားမှုများကို ဓမ္မဓိဋ္ဌာန်ကျကျ စီရင်ဆုံးဖြတ်သည့် အဖွဲ့ အစည်းအဖြစ် တည်ထောင်ထားသည်။ အင်ဒိုနီးရှားနိုင်ငံ အခွန်ဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ဒ)အရ အင်ဒိုနီးရှားနိုင်ငံ၏ အခွန်တရားရုံးသည် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် တည်ရှိသည့် တရားစီရင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွတ်လပ်စွာစီရင်ဆုံးဖြတ်ပိုင်ခွင့် အာဏာ ရှိသည်။

အင်ဒိုနီးရှားနိုင်ငံတွင်  အခွန်ထမ်းပြည်သူများသည်   အခွန်အာဏာပိုင်များ စည်းကြပ်သော အခွန်ဆိုင်ရာဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိပါက အခွန်တရားရုံးတွင် အယူခံဝင်ခွင့် ရှိသည်။ တည်ဆဲဥပဒေအရ အခွန်ထမ်းများသည် အခွန်စည်းကြပ်မှုဆုံးဖြတ်ချက်ကို လက်ခံရရှိပြီး (၃)လ အတွင်း  အယူခံဝင်နိုင်သည်။ အယူခံလွှာကို အင်ဒိုနီးရှားဘာသာစကားဖြင့် ရေးသား ထားသည့်လျှောက်လွှာနှင့်အတူ ဘဏ္ဍာရေးရှင်းတမ်းများ၊ အခွန်ပြန်တမ်းနှင့် အခြား သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ပူးတွဲ၍ အခွန်တရားရုံးသို့ တင်သွင်းရမည် ဖြစ်ပါသည်။ အခွန်ဆိုင်ရာခုံရုံး ဥပဒေအရ  အခွန်ဆိုင်ရာအငြင်းပွားမှုကို  စစ်ဆေးဆုံးဖြတ်ရာတွင် ပထမ အဆင့်နှင့် နောက်ဆုံးအဆင့် တရားရုံးပင်ဖြစ်ပါသည်။ အမှုကြောင်းခြင်းရာ ပြဿနာနှင့် စပ်လျဉ်း၍အခွန်တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။ အခွန်တရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နိုင်ငံတော်တရားလွှတ်တော်ချုပ် (Supreme Court) သို့ အယူခံ တင်သွင်းနိုင်မည် ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ အယူခံဝင်လိုပါက လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့က ဥပဒေကြောင်းခြင်းရာ ပြဿနာနှင့် စပ်လျဉ်းသည့်အမှုကို   နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားလာပါက  အခွန်တရားရုံးသည်  အမှုအကြောင်းအရာဖော်ပြချက်နှင့်တကွ လွှဲအပ်ပေးပို့ရမည်ဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ချုပ်က အမှုတွင် ဥပဒေကြောင်းခြင်းရာပြဿနာပါဝင်သည်ဟု  ယူဆ မှသာ ထိုအမှုကို   လက်ခံအမှုဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်အကောက်အငြင်းပွားမှုများကို ဖြေရှင်းရန် ၁၉၈၃ ခုနှစ် ကတည်းကပင် အခွန်စည်းကြပ်မှုအား နိုင်ငံတော်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်များ ထုတ်ပြန်သည့်အထိ လေးနှစ်မှ ငါးနှစ်အထိ ကြာမြင့်ပါသည်။ ဌာနဆိုင်ရာအခွန်အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်ကို သဘောမတူသော အခွန်ထမ်းတစ်ဦးသည် အခွန်အငြင်းပွားမှုများကို နှစ်ဆင့် ဖြေရှင်းသည့် စနစ်ဖြင့် ပထမအဆင့် အခွန်တရားရုံးသို့ အယူခံဝင်ရောက်နိုင်ပြီး နောက်ဆုံးအဆင့် အနေဖြင့် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရောက်နိုင်မည် ဖြစ်ပါသည်။ 

အခွန်တရားရုံးစနစ်၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ဗဟိုအခွန်တရားရုံး

(အခွန်ခုံရုံးဥပဒေ ပုဒ်မ ၃ အရ မြို့တော် ဂျကာတာတွင် တည်ရှိသော အဓိက အမျိုးသားအဆင့် အခွန်တရားရုံး (Tax Court) ဖြစ်သည်။ ထိုရုံးသည် အင်ဒိုနီးရှား တွင် အခွန်အငြင်းပွားမှု အယူခံမှုအတွက် အမြင့်ဆုံးတရားရုံး ဖြစ်ပါသည်။)

(ခ)     ဒေသဆိုင်ရာအခွန်တရားရုံးများ

(အခွန်ခုံရုံးဥပဒေ ပုဒ်မ ၃ အရ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကပြည်နယ်များတွင် ဒေသဆိုင်ရာအခွန်တရားရုံးများ အများအပြားရှိပါသည်။ ဒေသဆိုင်ရာအခွန် တရားရုံးများမှ ဆုံးဖြတ်ချက်များကို ဗဟိုအခွန်တရားရုံးသို့ အယူခံဝင်နိုင်ပါသည်။) 

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာရှိ ဗဟိုအခွန်တရားရုံးချုပ်နှင့် ပြည်နယ် အသီးသီးရှိ ဒေသဆိုင်ရာအခွန်တရားရုံးတို့၏  တစ်ခုတည်းသော ကွန်ရက် ဖြစ်ပါသည်။ အခွန် တရားရုံးဖွဲ့စည်းပုံသည် နိုင်ငံအတွင်း အခွန်ဆိုင်ရာအယူခံဝင်မှုနှင့် အငြင်းပွားမှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အထူးတရားစီရင်ရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

အခွန်ခုံရုံးဥပဒေ ပုဒ်မ ၆ အရ အင်ဒိုနီးရှားနိုင်ငံရှိ အခွန်တရားရုံးတွင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင် တရားသူကြီးများ၊ အတွင်းရေးမှူးနှင့် မှတ်ပုံတင်အရာရှိတို့ဖြင့် ဖွဲ့စည်းထားပါသည်။ အခွန်ခုံရုံး ဥပဒေ ပုဒ်မ ၇ အရ တရားစီရင်ရေးခုံအဖွဲ့သည် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ၅ ဦးဖြင့် အများဆုံး ပါဝင် ဖွဲ့စည်းထားပါသည်။

အခွန်ခုံရုံးဥပဒေ ပုဒ်မ ၈ အရ အောက်ပါအတိုင်း ရွေးချယ်အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်-

(က) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌ၏ အတည်ပြုချက် ရယူပြီး ဝန်ကြီးက အဆိုတင်သွင်းသည့် ကိုယ်စားလှယ်လောင်းစာရင်းမှ တရားသူကြီးများအား ခန့်အပ်ခြင်း၊

(ခ) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌ၏ အတည်ပြုချက် ရယူပြီး ဝန်ကြီးက အဆိုပြုသည့် တရားသူကြီးများအား သဘာပတိနှင့် ဒုတိယ ဥက္ကဋ္ဌများအား ခန့်အပ်ခြင်း၊ 

(ဂ) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တရားသူကြီးများသည် အခွန်အကောက်အငြင်းပွားမှု နယ်ပယ်တွင် တရားစီရင်ရေးတာဝန်ကို ထမ်းဆောင်နေသော အရာရှိများဖြစ်ခြင်း၊

အခွန်တရားရုံးသည် အခွန်ဥပဒေနှင့် အခွန်ကောက်ခံခြင်းဆိုင်ရာ နယ်ပယ်တွင် အတွေ့အကြုံ ၁၀ နှစ်ရှိပြီး ကျွမ်းကျင်သော တရားသူကြီးများဖြင့် ဖွဲ့စည်းထားပါသည်။ 

အခွန်ခုံရုံးဥပဒေပုဒ်မ ၃၁ အရ အခွန်စည်းကြပ်မှုဆိုင်ရာ အယူခံဝင်မှု၊ အခွန်ကောက် ခံမှု လုပ်ဆောင်ချက်များနှင့် အခွန်အာဏာပိုင်များက ပြုလုပ်သော အခြားအခွန်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အယူခံဝင်မှုများကို အခွန်တရားရုံးတွင် ကြားနာစီရင်ပိုင် ခွင့်ရှိပါသည်။ အခွန်တရားရုံးသည် အယူခံတင်သွင်းခြင်း၊ ကြားနာစစ်ဆေးခြင်းနှင့် စီရင်ချက် ထုတ်ပြန်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။အခွန်ထမ်းပြည်သူများအနေဖြင့် တရားဥပဒေအရ ကိုယ်စားလှယ်၊ အကျိုးဆောင်ရှေ့နေနှင့် သက်သေများနှင့် အငြင်းပွားမှုများကို တရားရုံးရှေ့မှောက်သို့ တင်သွင်းခွင့်ရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ်အခွန်ရုံးမှ ပြုလုပ်သော စည်းကြပ်မှုအပေါ် ကျေနပ်မှုမရှိသော အခွန်ထမ်းတစ်ဦးသည် အောက်ပါအတိုင်း အဆင့်ဆင့် အယူခံတင်သွင်း လျှောက်ထား နိုင်ပါသည်-

(က) အခွန်အထွေထွေညွှန်ကြားမှုဦးစီးဌာန (DGT- Directorate General of Taxes) ထံ ကန့်ကွက်လွှာ တင်သွင်းခြင်း - အခွန်စည်းကြပ်လွှာ လက်ခံရရှိ သည့်နေ့မှ သုံးလအတွင်း အခွန်ထမ်းသည် ကန့်ကွက်လွှာရေးသားပေးပို့ခြင်းဖြင့် အခွန်စည်းကြပ်လွှာကို ကန့်ကွက်နိုင်ပါသည်။

(ခ) အခွန်တရားရုံးသို့ အယူခံလွှာတင်သွင်းခြင်း - DGT သည် ကန့်ကွက်လွှာ တင်သွင်းမှုကို ပယ်ချပါက အခွန်ထမ်းမှ DGT ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် လိုပါက ဆုံးဖြတ်ချက်ကို လက်ခံရရှိပြီး နောက်သုံးလအတွင်း အခွန်တရားရုံး သို့ အင်ဒိုနီးရှားဘာသာစကားဖြင့် အယူခံလွှာကို စာဖြင့်ပေးပို့ရမည် ဖြစ်ပါ သည်။

(ဂ) နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံးသို့ ပြန်လည်သုံးသပ်ပေးရန်တင်သွင်းခြင်း - အခွန်တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သော်လည်း အခွန်ထမ်း သည် ဥပဒေကြောင်းအရ ဖြေရှင်းပြီး ဆက်လက်ဆောင်ရွက်နိုင်သည်ဟု ယူဆပါက နိုင်ငံတော်တရားလွှတ်တော်ချုပ်ထံ အသနားခံစာအား ရေးသား ပေးပို့ခြင်း လုပ်ဆောင်နိုင်သည်။ နိုင်ငံတော်တရားလွှတ်တော်ချုပ်သည် ဥပဒေကြောင်းအရ ပြဿနာပါဝင်သည်ဟုလက်ခံမှသာ အမှုအား လက်ခံ ဆောင်ရွက်မည်ဖြစ်ပါသည်။

(ဃ) နိုင်ငံတော်တရားလွှတ်တော်ချုပ်ထံ အခွန်တရားရုံး (ဗဟိုအခွန်တရားရုံးနှင့် ဒေသဆိုင်ရာအခွန် တရားရုံးများ) မှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရန် အခွင့်အာဏာရှိသည်။ နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ အယူခံဝင်သည့်အခါ အခွန်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် တင်ပြထားသည့် အထောက်အထားများကို ပြန်လည်သုံးသပ်ပြီး တင်သွင်းလာသောအမှုအတွက် အခွန်တရားရုံး၏ စီရင်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်သည်။ နိုင်ငံတော်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်သည် စည်းနှောင်မှု ရှိပြီး ထပ်မံအယူခံဝင်ခွင့် မရှိပါ။

အခွန်အယူခံမှုများအတွက် နိုင်ငံတော်တရားလွှတ်တော်ချုပ်၏ စီရင်ချက်သည် အခွန် ဥပဒေများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အသုံးချခြင်းတို့ကို လမ်းညွှန်ပြနိုင်သည့် အဓိက တရားစီရင်ထုံးများကို သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် အခွန်တရားရုံး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သော အခွန်ထမ်းများအတွက် နောက်ဆုံးအယူခံအာဏာပိုင်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ တရားလွှတ်တော်ချုပ်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ နိုင်ငံတော်တရား လွှတ်တော်ချုပ်၏ အခွန်အကောက်အငြင်းပွားမှုများကို ပြန်လည်သုံးသပ်ပြီး စီရင်ဆုံးဖြတ်ခြင်းသည် နိုင်ငံအတွင်း တရားမျှတပြီး ဘက်မလိုက်သော အခွန်အယူခံမှုလုပ်ငန်းစဉ်ကို ကောင်းမွန် စေရန် ထိန်းကျောင်းပေးသည်ကို တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်နှင့် စပ်လျဉ်း၍ အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Court ) က ဆုံးဖြတ်ချက်အမှတ် No.26/PUU-XXI/2023 ဖြင့် “အခွန်တရားရုံး၏ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို လက်ရှိတာဝန်ယူနေသည့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှ နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံးသို့  ၃၁-၁၂-၂၀၂၆  ရက်ထက်  နောက်မကျစေဘဲ လွှဲပြောင်း ဆောင်ရွက်ရန်” ချမှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အမှတ် No.26/ PUU- XXI/2023 အရ အောက်ပါအကျိုးရလဒ်များ ရရှိလာမည်ဖြစ်ပါသည်- 

(က)    အခွန်တရားရုံးသည် နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံးအောက်တွင် တစ်မိုးအောက် တရားစီရင်ရေးစနစ် (One Roof Judicial System) ဖြင့် တည်ရှိ နေမည် ဖြစ်ပါသည်။

(ခ)     သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီတွင် အခွန်တရားရုံး၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်မည့် အခြေအနေရရှိလာမည် ဖြစ်ပါသည်။ 

(ဂ) အခွန်တရားရုံးအတွက် တရားသူကြီးများ ရွေးချယ်ခန့်အပ်ခြင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာနှင့် ဘဏ္ဍာရေးရာများအပါအဝင် ကိစ္စအဝဝကို နိုင်ငံတော်တရား လွှတ်တော်ချုပ်ရုံး၏ ကြီးကြပ်မှုအောက်တွင် လွတ်လပ်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အင်ဒိုနီးရှားနိုင်ငံ တရားစီရင်ရေးစနစ်ကို တိုးတက်မှုရှိစေမည် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် အခွန်တရားရုံးမှာ လက်ရှိစီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာနအပေါ် မှီခိုနေမှုအခြေအနေကို အဆုံးသတ်သွားမည် ဖြစ်ပါသည်။ 

 (င)  ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သည့် အခွန်အထွေထွေညွှန်ကြားမှုဦးစီးဌာန၏ ဆောင်ရွက်မှု အစီရင်ခံစာဖော်ပြချက်အရ အခွန်ပြဿနာများနှင့် ပတ်သက်၍ အခွန်တရားရုံးသို့ ပထမအကြိမ်တင်ပြလာသည့် အမှုများအနက် အခွန် အထွေထွေညွှန်ကြားမှုဦးစီးဌာနသည် ၇၃.၉၀ ရာခိုင်နှုန်းတိုင်အောင် အနိုင်ရခဲ့ သဖြင့် အခွန်ထမ်းများအနေဖြင့် နောက်တစ်ဆင့်ဖြစ်သည့် တရားစွဲဆိုခြင်း၊ အယူခံဝင်ခြင်းတို့ကို သီးခြားလွတ်လပ် မှုရှိလာမည့် အခွန်တရားရုံးသို့ တင်ပြ နိုင်မည် ဖြစ်ပါသည်။

(စ)  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်ဖြင့် အခွန်တရားရုံးသည် လွတ်လပ်မှုအပြည့်အဝဖြင့် အခွန်အမှုများကို စစ်ဆေးနိုင်ပြီး အခွန်ထမ်း ပြည်သူများအတွက် တရားမျှတမှုကို ပိုမိုရှာဖွေနိုင်မည် ဖြစ်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့်လည်း ပိုမိုထိရောက်မှုရှိစေမည့် တရားစီရင်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းနိုင်မည် ဖြစ်ပါသည်။

(ဆ) ထည့်သွင်းစဉ်းစားရမည့်အချက်အနေဖြင့် အဆိုပါဆုံးဖြတ်ချက်အရ အခွန်တရားရုံး၏ ဝန်ထမ်းဖွဲ့စည်းပုံအင်အားသည် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် မရှိတော့ဘဲ နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံး၏ ကြီးကြပ်မှုအောက်တွင် ရောက်ရှိသွားမည်ဖြစ်ပါသည်။ ထိုအကူးအပြောင်းအခြေအနေတွင် အခွန်တရားရုံး ၏ ဝန်ထမ်း ဖွဲ့စည်းပုံ၊ ဝန်ထမ်းရာထူးအဆင့်အတန်း၊ အခွန်တရားသူကြီးများ၏ လုပ်ငန်းခွင် အခွင့်အလမ်းတို့ကို ထိန်းညှိဆောင်ရွက်ရန် အရေးကြီးလှပေသည်။

အချုပ်အားဖြင့်အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာ ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အခွန်အယူခံစနစ် ပိုမို ကောင်းမွန်လာစေရန်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရ ပါသည်။ အခွန်အယူခံခြင်း လုပ်ငန်းစဉ်တွင် မလိုအပ်သောစာရွက်စာတမ်းများကို လျှော့ချခြင်း အပါအဝင် အယူခံတင်သွင်းခြင်းလုပ်ငန်းစဉ် ရိုးရှင်းလွယ်ကူစေခြင်း၊ အခွန်အယူခံခြင်း လုပ်ငန်း စဉ်၏ အချိန်ကာလကို လျှော့ချခြင်း၊ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှု တိုးတက်စေရန် အီလက်ထရောနစ်ဖိုင်တွဲနှင့် အမှုတွဲ စီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်ခြင်း၊ အခွန် တရားရုံးရှိ ဝန်ထမ်းများနှင့် တရားသူကြီးများအား နည်းပညာဆိုင်ရာအရည်အချင်းနှင့် ဆုံးဖြတ် ချက်ချနိုင်မှု စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အခွန်တရားရုံးကို အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှ တရားရေးမဏ္ဍိုင်အောက်သို့ ကူးပြောင်းရန် ဆောင်ရွက်လျက်ရှိခြင်းတို့ကို  လေ့လာတွေ့ရှိရပါသည်။ 

ကိုးကားချက်များ

၁ The law of tax tribunal of Indonesia 

၂ The tax dispute settlement according to justice and court system in Indonesia

၃ The position of the Tax Court in the Indonesian Judicial System After the Decision of the Constitutional Court Number 26/PUU- XXI/ 2023

၄ https://en.mkri.id/news/details/2023-05

၅ https://journal.ypidathu.or.id/index.php/rjl

၆ https://ssek.com/blog/indonesia-tax-court-reform-authority-over-tax-court-moves-from-finance-ministry-to-supreme-court

၇  “အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်နှင့် အခွန်အယူခံစနစ်ကို လေ့လာတင်ပြခြင်း” စာတမ်း၊ ဒေါ်ဝင့်စန္ဒီကျော်(ဦးစီးအရာရှိ)၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ နစက-၃

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်လေ့လာခြင်း
-

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိပြီး ၇၃၅,၃၅၈ စတုရန်းမိုင် ကျယ်ဝန်းသဖြင့် ကုန်းမြေဧရိယာတွင် (၁၄)ခု မြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ လူဦးရေ ၂၆၁ သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်ပါသည်။ နိုင်ငံ၏ လက်ရှိမြို့တော်မှာ ဂျာကာတာမြို့ဖြစ်ပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော် ပါဝင်ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အုပ်ချုပ်ရေးပြည်နယ် (၃၄)ခု၊ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေ (regency) ၄၁၀ ခု၊ မြူနီစီပယ်အုပ်ချုပ်ရေးနယ်ပယ် (municipality) ၉၈ ခု၊ ခရိုင် ၆,၉၉၄

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိပြီး ၇၃၅,၃၅၈ စတုရန်းမိုင် ကျယ်ဝန်းသဖြင့် ကုန်းမြေဧရိယာတွင် (၁၄)ခု မြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ လူဦးရေ ၂၆၁ သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်ပါသည်။ နိုင်ငံ၏ လက်ရှိမြို့တော်မှာ ဂျာကာတာမြို့ဖြစ်ပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော် ပါဝင်ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အုပ်ချုပ်ရေးပြည်နယ် (၃၄)ခု၊ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေ (regency) ၄၁၀ ခု၊ မြူနီစီပယ်အုပ်ချုပ်ရေးနယ်ပယ် (municipality) ၉၈ ခု၊ ခရိုင် ၆,၉၉၄ ခု၊ မြို့ပေါ်ရပ်ကွက် ၈,၃၀၉ ခုနှင့် ကျေးရွာ ၇၂,၉၉၄ ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။

လူမှုစီးပွားရေးရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံတော်၏ စီးပွားရေးကို လမ်းညွှန်ရာတွင် အသုံးပြုသည့် ဘဏ္ဍာရေးဆိုင်ရာကိရိယာတစ်ခုအနေဖြင့် အခွန်ကောက်ခံခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၃ ခုနှစ်တွင် ဝင်ငွေခွန်အက် ဥပဒေ (Indonesia Income Tax Act) ကို ပြဋ္ဌာန်းခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အောက်ဖော်ပြပါ အခွန်အမျိုးအစားများကို ဗဟိုအစိုးရအပြင် ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများမှ အခွန်အမျိုးအစားနှင့် ပတ်သက်သည့် တရားစီရင်ပိုင်ခွင့် အပေါ် မူတည်၍ ကောက်ခံလျက် ရှိပါသည်-

ဗဟိုအဆင့် (National Level)

၁။       ဝင်ငွေခွန် (Income Tax) ၊

၂။       တန်ဖိုးဖြည့်ခွန်နှင့် ဇိမ်ခံပစ္စည်းအရောင်းခွန် (Value Added Tax and Sales Tax on Luxury Goods)၊

၃။       သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဥယျာဉ်စိုက်ပျိုးခြင်းနှင့် သစ်တောတို့အပေါ် ကောက်ခံသည့် မြေနှင့် အဆောက်အဦအခွန်၊ (Land and Building Tax on Mining, Gardening and Foresty) ၊

၄။       တံဆိပ်ခေါင်းခွန် (Stamp Duty) ၊

၅။       အကောက်ခွန်နှင့် ယစ်မျိုးခွန် (Custom and Excises) ၊

၆။       ပို့ကုန်သွင်းကုန်ခွန် (Import and Export Duties) ၊

ပြည်နယ်အဆင့် (Provincial Level)

၁။       မော်တော်ယာဉ်အခွန် (Motor Vehicle Tax) ၊

၂။       မော်တော်ယာဉ်ပိုင်ဆိုင်မှု လွှဲပြောင်းခွန် (Motor Vehicle Transfer Duty) ၊

၃။       စက်သုံးဆီအခွန် (Motor Fuel Tax - Earmarking) ၊

၄။       မြေအောက်ရေခွန် (Surface Water Tax) ၊

၅။       စီးကရက်အခွန် (Cigarrete Tax - Earmarking Vehicle) ၊ 

မြို့ပြနှင့် ခရိုင်အဆင့် (Cities and Regency Levels)

၁။       ဟိုတယ်အခွန် (Hotel Tax) ၊

၂။       စားသောက်ဆိုင်အခွန် (Restaurant Tax) ၊

၃။       ဖျော်ဖြေရေးအခွန် (Entertainment Tax) ၊

၄။       ကြော်ငြာအခွန် (Advertisement Tax) ၊

၅။       လမ်းမီးအခွန် (Street Illumination Tax - Earmarking) ၊

၆။       ဓာတ်သတ္တုအခွန် (Nonmetal and Non-stone Mineral Tax) ၊

၇။       ယာဉ်ရပ်နားခွန် (Parking Tax) ၊

၈။       မြေအောက်ရေခွန် (Ground Water Tax) ၊

၉။       ငှက်သိုက်ထုတ်ယူရောင်းချခွန် (Walet Bird’s Nest Tax)

၁၀။     မြို့ပြ၊ ကျေးလက်မြေနှင့် အဆောက်အဦခွန် (Urban & Rural Land and   Building Tax) ၊

၁၁။     မြေယာနှင့် အဆောက်အအုံ သိမ်းယူမှုအခွန် (Land & Building Acquisition Duty) ။

ဗဟိုအဆင့် (National Level) တွင် ဝင်ငွေခွန်၊ တန်ဖိုးဖြည့်ခွန်နှင့် ဇိမ်ခံပစ္စည်း အရောင်းခွန်၊ တံဆိပ်ခေါင်းခွန်တို့ကို အခွန်အကောက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာန (Directorate General of Taxes)၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိပါသည်။ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေနှင့် အဆောက်အဦပေါ်တွင် ကောက်ခံသည့်အခွန်ကို ဓာတ်သတ္တုနှင့် ကျောက်မီးသွေးညွှန်ကြားမှုဦးစီးဌာန (Directorate General of Minerals and Coal)၊ စွမ်းအင်နှင့်သတ္တုဝန်ကြီးဌာန (Ministry of Energy and Mineral)မှ အခွန်ကောက်ခံပြီး ဉယျာဉ် စိုက်ပျိုးခြင်းနှင့် သစ်တောခွန်ကို သစ်တောညွှန်ကြားမှု ဦးစီးဌာန(Directorate General of Forestry)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန (Ministry of Environment and Forestry) မှ ကောက်ခံလျက်ရှိပါသည်။ အကောက်ခွန်နှင့် ယစ်မျိုးခွန်၊ ပို့ကုန် သွင်းကုန်ခွန်တို့ကို အကောက်ခွန်နှင့် ယစ်မျိုးခွန်ညွှန်ကြားမှုဦးစီးဌာန (Directorate General of Customs and Excises)၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိပါသည်။

ပြည်နယ်အဆင့် (Provincial Level) တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဥပဒေအမှတ်-၂၈၊ ၂၀၀၉ ခုနှစ် ဒေသ ဆိုင်ရာအခွန်နှင့်အခများအရ မော်တော်ယာဉ်အခွန်၊ မော်တော်ယာဉ် ပိုင်ဆိုင်မှု လွှဲပြောင်းခွန်၊ မြေအောက် ရေခွန်တို့ကို ပြည်နယ်အစိုးရ (Regional Government) မှ အခွန်ကောက်ခံပြီး စက်သုံးဆီအခွန်နှင့် စီးကရက်အခွန်တို့ကို အကောက်ခွန်နှင့် ယစ်မျိုးခွန် ညွှန်ကြားမှုဦးစီးဌာန (Directorate General of Customs and Excises) ၊ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ကောက်ခံလျက်ရှိပါသည်။

မြို့ပြနှင့် ခရိုင်အဆင့် (Cities and Regency Levels) တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဥပဒေအမှတ်-၂၈၊ ၂၀၀၉ ခုနှစ် ဒေသဆိုင်ရာအခွန်နှင့်အခများအရ ဟိုတယ်အခွန်၊ စားသောက်ဆိုင်အခွန်၊ ဖျော်ဖြေရေး အခွန်၊ ကြော်ငြာအခွန်၊ လမ်းမီးအခွန်၊ ဓာတ်သတ္တုအခွန်၊ ယာဉ်ရပ်နားခွန်၊ မြေအောက်ရေခွန်၊ ငှက်သိုက်ထုတ်ယူ ရောင်းချခွန်၊ မြို့ပြ၊ ကျေးလက်မြေနှင့် အဆောက်အဦခွန်၊ မြေယာနှင့် အဆောက်အအုံ သိမ်းယူမှုအခွန် တို့ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီရင်ပိုင်ခွင့်အလိုက် ကောက်ခံလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်သည် ၁၉၄၄ ခုနှစ် ဝင်ငွေခွန်ဥပဒေနှင့် ၁၉၂၅ ခုနှစ် ကော်ပိုရေးရှင်း ဝင်ငွေခွန်ဥပဒေတို့ကို အခြေခံကာ အင်အားကြီးမားသော ကိုလိုနီခေတ်မှ စတင်၍ ကြီးထွားလာခြင်း ဖြစ်ပါသည်။ ထိုအချိန်က အင်ဒိုနီးရှားနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ အခွန်ကောက်ခံ ရရှိမှု အပေါ် မှီခိုနေပြီး ယင်းအခွန်ရငွေမှာ စုစုပေါင်းအခွန်အကောက် ကောက်ခံရရှိငွေ၏ ၇၀.၁ ရာခိုင်နှုန်း အထိ ရှိပါသည်။ ၁၉၄၄ ခုနှစ် ဥပဒေကို အကြိမ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး ၁၉၇၀ ခုနှစ် ဥပဒေအမှတ် (၉) ဖြင့် ပြင်ဆင်အတည်ပြုခဲ့ပါသည်။ နောက်ပိုင်းတွင် ၁၉၈၃ ခုနှစ် ဥပဒေအမှတ်(၇)ဖြင့် တစ်ဦးချင်း ဝင်ငွေခွန်နှင့် ကော်ပိုရိတ် ဝင်ငွေခွန်တို့ကို  ပေါင်းစပ်ထားသော  ဝင်ငွေခွန်ဥပဒေကို  ပြဋ္ဌာန်းခဲ့ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်သည် အခွန်ထမ်းပြည်သူများအား လက်ရှိအခွန်ဥပဒေ၊ စည်းမျဉ်းများနှင့် အညီ တွက်ချက်ရန်၊ ပေးဆောင်ရန်နှင့် အစီရင်ခံရန် တာဝန်များကို လုပ်ဆောင်စေခြင်းပင်ဖြစ်ပါသည်။ ဝင်ငွေခွန်ကောက်ခံရန် ပင်ရင်းမှနုတ်ယူခွန်စနစ် (Withholding Tax System) ကို ကျင့်သုံးပြီး အမျိုးမျိုးသော လုပ်ငန်းများနှင့် ငွေပေးချေမှု လုပ်ငန်းများသည် ပြင်ပအဖွဲ့အစည်းများမှ အခွန်ကို ပင်ရင်းမှနုတ်ယူကာ အခွန်ဌာနသို့ ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Organization for Economic Cooperation and Development -OECD) မှ တင်ပြသော အခွန်ဖွဲ့စည်းပုံ ဆိုင်ရာစာရင်းဇယားများအရ ကော်ပိုရိတ်အခွန်၊ တန်ဖိုးဖြည့်ခွန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ကောက်ခံသည့် အခွန်အကောက် များသည် အင်ဒိုနီးရှားနိုင်ငံတွင် အခွန်ရငွေအတွက် ၂၉ ရာခိုင်နှုန်းနှင့် ၃၄ ရာခိုင်နှုန်းအကြား ရရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံ၏ အခွန်နှင့် GDP အချိုး သည် ၂၀၂၁ ခုနှစ်တွင် ၁၀.၉ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၁၂.၁ ရာခိုင်နှုန်းဝန်းကျင်နှင့် ၂၀၂၃ ခုနှစ် တွင် ၁၀.၂၁ ရာခိုင်နှုန်းရှိပြီး အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ် ပါက OECD ပျမ်းမျှထက် သုံးပုံတစ်ပုံအောက် နိမ့်ကျနေသည်ကို တွေ့ရှိရပါသည်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း COVID-19 ကပ်ရောဂါသည် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးတွင် စတင်ဝင်ရောက်လာခဲ့သောကြောင့် အစိုးရသည် ကော်ပိုရိတ်ခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းထိ လျှော့ချခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ ‌လျှော့ချခဲ့ပါသည်။ ဆက်လက်၍ ကပ်ရောဂါ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံခြားပိုင် ကော်ပိုရေးရှင်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အစိုးရမှ များစွာထောက်ပံ့ ကူညီခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတသည် ၂၀၂၀ ပြည့်နှစ်၊ ဥပဒေအမှတ် (၁၁) ဖြင့် အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာဥပဒေ (Job Creation Law) ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အင်ဒိုနီးရှား တရားစီရင်ရေးစနစ် ပြောင်းလဲမှုစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှုများတွင် အခွန်ဥပဒေများစွာ ပြင်ဆင်မှုများပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တရားမျှတမှုနှင့် တန်းတူညီမျှမှုပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် Job Creation Law ကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ Job Creation Law အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းနှင့်အတူ လျင်မြန်သော လူမှုအပြောင်းအလဲ များအကြားတွင် နိုင်ငံ၏ အခွန်စနစ်သည် အချို့သော  ဗျူရိုကရေစီလုပ်ငန်းများကို လွယ်ကူချောမွေ့စေပြီး ပိုမိုထိရောက်သောနည်းလမ်းဖြင့် လည်ပတ်ရန် ကြိုးပမ်းနိုင်သောကြောင့် ယခင်ကထက် တိုးတက်ပြောင်းလဲ လာခြင်းပင် ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့စဉ်က Job Creation Law ပဏာမခြေလှမ်း အဖြစ် ဒစ်ဂျစ်တယ်စီးပွားရေး အခွန်ကောက်ခံမှုမူဝါဒကို ထုတ်ပြန်ကာ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင် ဗဟိုအခွန်စနစ် (Core Tax System-COTS)ဖြင့် နိုင်ငံ၏ လုပ်ငန်းစဉ် များကို ပံ့ပိုးပေးပြီး အခွန်ထမ်းသန်း ၄၀ ကျော်နှင့် ၎င်းတို့၏ အခွန် ပြန်အမ်းရေးစာရွက်စာတမ်းများကို စီမံခန့်ခွဲကာ အင်ဒိုနီးရှားနိုင်ငံရှိ အခွန်ရုံးပေါင်း(၅၈၃)ခုတွင် အလုပ်နှင့် လုပ်ငန်းစဉ်များ၏ အရည်အသွေး  ကို မထိခိုက်စေဘဲ မလိုအပ်ဘဲပွားများနေသော ကိန်းဂဏန်းများ အသုံးပြုခြင်းကို လျှော့ချခြင်းဖြင့် လုပ်ငန်းများလွယ်ကူချောမွေ့စေရေးကို ရည်ရွယ်ပါသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အာရုံစိုက်မှုသည် ပြန်လည်ဆန်းသစ်ထားသော ဒစ်ဂျစ်တယ်စနစ်သို့ အလုံးစုံပြောင်းလဲကာ အခွန် ကောက်ခံမှုဆိုင်ရာ အလားအလာကောင်းများ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အခွန်အကောက်ဆိုင်ရာ ညွှန်ကြားမှုဦးစီး ဌာန (DGT) သည် စီမံခန့်ခွဲမှုနှင့် အခွန်ကောက်ခံမှုတို့အတွက် တာဝန်ရှိသောဌာန ဖြစ်ပါသည်။ အခွန်ထမ်း ပြည်သူများသည် DGT တွင် မှတ်ပုံတင်ပြီး ၎င်းတို့၏ အခွန်အကောက်များကို အခွန်အမျိုးအစားပေါ် မူတည်၍ အခွန်ပေးသွင်းရန် လိုအပ်ပါသည်။ အခွန်များကို ပင်ရင်းမှနုတ်ယူခွန် (Withholding Tax)- လစာ၊ အမြတ်ဝေစုနှင့် အတိုးများကဲ့သို့သော အချို့ငွေပေးချေမှုမှ အခွန်များကို နုတ်ယူခြင်း၊ အခွန်ထမ်း ကိုယ်တိုင် ဝင်ငွေကြေညာလွှာ တင်သွင်းစည်းကြပ်ခြင်း (self-assessment) အခွန်ထမ်းကိုယ်တိုင် မိမိ ပေးဆောင်ရမည့်အခွန်ကို တွက်ချက်ပြီး ပေးဆောင်ခြင်း၊ ဘဏ်များ သို့မဟုတ် e-payment လမ်းကြောင်း များမှ အခွန်ပေးဆောင်ခြင်းတို့ဖြင့် ကောက်ခံလျက်ရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာငွေကို ဖြည့်တင်းပေးသော အဓိက အခွန်အမျိုးအစားမှာ ဝင်ငွေခွန် (တစ်ဦးချင်းဝင်ငွေခွန်၊ ကော်ပိုရိတ်ခွန်) ဖြစ်ပြီး အခွန်ကောက်ခံမှု စုစုပေါင်း၏  ၅၀-၆၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ တန်ဖိုးဖြည့်ခွန်သည် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအများဆုံးဖြစ်ပြီး အခွန်ကောက်ခံမှု စုစုပေါင်း၏ ၃၀-၄၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယစ်မျိုးခွန် (ဆေးလိပ်နှင့် လောင်စာဆီထွက်ကုန်)နှင့် မြေနှင့် အဆောက်အဦခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ဒေသဆိုင်ရာအခွန်များကဲ့သို့သော အခြားအခွန် အမျိုးအစားများအတွက် အခွန်ကောက်ခံမှု စုစုပေါင်း၏ ၅-၁၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ စီးပွားရေး အခြေအနေများ၊ မူဝါဒပြောင်းလဲမှုများနှင့် အခွန်စီမံခန့်ခွဲရေးလုပ်ဆောင်မှုများအပေါ်မူတည်၍ အခွန် အမျိုးအစားတစ်ခုစီ၏ နိုင်ငံတော်ဘဏ္ဍာငွေအား ဖြည့်တင်းမှုသည် နှစ်စဉ်မတူညီနိုင်ပါ။ သို့သော်လည်း နိုင်ငံတော် ဘဏ္ဍာငွေကို အဓိကဖြည့်တင်းသော အခွန်အမျိုးအစားမှာ ဝင်ငွေခွန်နှင့် တန်ဖိုးဖြည့်ခွန်တို့ပင် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်မှာ ၁၉၄၅ ခုနှစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ(က)ပါ “နိုင်ငံတော်ဘဏ္ဍာငွေကို စီမံခန့်ခွဲရာတွင် အခြေခံအဖြစ် နိုင်ငံတော်ဘဏ္ဍာငွေကို ဥပဒေ အရ နှစ်စဉ်သတ်မှတ်ပြဋ္ဌာန်းပြီး ပြည်သူများ၏ သာယာဝပြောမှု ကို အကောင်းဆုံးရရှိစေရန်အတွက် ပွင့်လင်းမြင်သာစွာ တာဝန်ခံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ပြဋ္ဌာန်းချက်အရခေတ်ကာလနှင့်ကိုက်ညီသော အခွန်ဆိုင်ရာမူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။ 

ကိုးကားချက်

(၁)   General@metalaw.id

(၂)    https://taxsummeries.pwc.com/Indonesia/individual/taxadministration

(၃)   Indonesia tax guide 2023-2024

(၄)   Indonesia pocket tax book 2023-2024

(၅)   Ministry of Finance Republic of Indonesia Regulation Number 257/pmk-001/2011

(၆)   “အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်နှင့် အခွန်အယူခံစနစ်ကို လေ့လာတင်ပြခြင်း” ၊ ဒေါ်ဝင့်စန္ဒီကျော်၊ ဦးစီးအရာရှိ၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ နစက-၃

ကုန်သွယ်ရေး တင်းမာမှုကို လျှော့ချနိုင်ပြီး တရုတ်နှင့် အမေရိကန်တို့ကြား Win-win အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မည့် တရုတ်အစိုးရ၏ကြိုးပမ်းမှု
-

     တရုတ်အစိုးရသည် ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသစ်က တရုတ်နိုင်ငံမှ တင်သွင်းလာမည့် သွင်းကုန်များအပေါ် အခွန်ထပ်မံတိုးမြှင့် ကောက်ခံမှုများကို တုံ့ပြန်နိုင်ရေးအတွက် ကုန်သွယ်ရေး အဆိုပြုချက်ဟောင်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟု  Wall Street ဂျာနယ်က ဖော်ပြထားသည်။

လက်ရှိတွင် ထရမ့်အစိုးရက တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ဆုံးဖြတ်ခဲ့သည်။ အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည့် နိုင်ငံများတွင် တရုတ်နှင့်အတူ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့လည်းပါဝင်သည်။

အမေရိကန်အစိုးရက ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည့်  အမိန့်ကြေညာချက်တစ်စောင်ကို သမ္မတထရမ့်က ဖေဖော်ဝါရီလ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံမည်ဟု ရွေးကောက်ပွဲမဲဆွယ်ပွဲကာလအတွင်း၌ ပြောကြားခဲ့ခြင်းကြောင့်   အကယ်၍ ထရမ့်အနေဖြင့် ထိုကတိကဝတ်အတိုင်း လုပ်ဆောင်လာခဲ့ပါက တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအပေါ် သက်ရောက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။

အမေရိကန်၏အခွန်တိုးမြှင့်မည့် အဆိုပါဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်၏ ကုန်သွယ်ရေးမူဝါဒကို သေချာလေ့လာမည်ဆိုပါက ထရမ့်သည် ယခင်ပထမသမ္မတ သက်တမ်း ထမ်းဆောင်စဉ်ကတည်းက အမေရိကန်စီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားကို ဦးစားပေးဖော်ဆောင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံ၍ ထိပ်တိုက် ရင်ဆိုင်ခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်း တစ်ရပ်ကို ချဉ်းကပ် လုပ်ဆောင်လာသည်ဟု Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါနည်းလမ်းမှာ ထရမ့်၏ပထမသမ္မတ သက်တမ်းကာလ ၂၀၂၀ပြည့်နှစ် အစောပိုင်းက တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို ပြန်လည် ဖော်ဆောင်မည့် အစီအစဉ်ဖြစ်သည်။ အဆိုပါသဘောတူညီချက်ကို အဆင့် ၁ သဘောတူညီချက် ဟုအမည်ပေးထားသည်။

၎င်းအဆင့်  ၁ သဘောတူညီချက်အရ တရုတ်နိုင်ငံက ၂ နှစ် ကျော်အတွင်း၌ ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူရမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို ထရမ့်က နှစ်သက်သဘောကျလွန်းသောကြောင့် ယင်းသဘောတူညီချက်သည် တရုတ်နှင့် အမေရိကန်တို့ကြား ထိုစဉ်ကချမှတ်ခဲ့သည့် သဘောတူညီချက်များ အနက် “အထူးခြားဆုံးနှင့် အကောင်းဆုံး” ဟု သတ်မှတ်ခဲ့သည်။

သို့သော်    အဆိုပါ အဆင့် ၁ သဘောတူညီချက်မှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ်   ၂၀၂၁   ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဂျိုးဘိုင်ဒင်အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ချိန်မှစ၍ အဆိုပါ သဘောတူညီချက်မှာ မှေးမှိန်ခဲ့ရသည်။

ယခုတစ်ကြိမ်တွင်မူ တရုတ်အစိုးရသည် ယခင် ထရမ့်၏ ပထမသက်တမ်းအတွင်း လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါသဘောတူညီချက် ပြန်လည်အကောင်အထည် ဖော်ဆောင်ရေးအတွက် ထရမ့်အစိုးရနှင့် ဆွေးနွေးရန် လိုလားလျက်ရှိသည်။ အဓိကဆွေးနွေးလိုသည့်အချက်မှာ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုမှ မည်သည့်အရာများကို ဝယ်ယူရမည်ဟူသော အချက်ဖြစ်သည်။    တစ်နည်းအားဖြင့်ဆိုရပါမူ တရုတ်က အမေရိကန်တို့ထံမှ မည်သည့် ထုတ်ကုန်များကို ဝယ်ယူရန်လိုအပ်သည်ဟူ၍ ဖြစ်သည်ဟုလည်းဆိုနိုင်သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ နည်းပညာကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်မည်ဟု အဆိုပြုလာနိုင်သည်။  တရုတ်နိုင်ငံက လုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်မော်တော်ကားများအတွက် လိုအပ်သည့် ဘက်ထရီများ ထုတ်လုပ်ခြင်းလည်းပါဝင်နိုင်သည်။

အလားတူပင် တရုတ်အစိုးရအနေဖြင့် အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် fentanyl ဆေးဝါးတင်ပို့မှုကို လျှော့ချမည်ဟူသော ကတိကဝတ်များကိုလည်း ပေးအပ်ဖွယ်ရှိသည်ဟု အတွင်းသိများကပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနကဖော်ပြထားသည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် fentanyl ဆေးဝါးကို ကနေဒါနှင့် အခြားနိုင်ငံများမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ တင်ပို့လျက်ရှိသည်ဟု ထရမ့်က    စွပ်စွဲထားခြင်းကြောင့်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အဆင့် ၁ သဘောတူညီချက် ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းချက်သည် နှစ်နိုင်ငံစလုံးအတွက် Win-win အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မည့် အလားအလာ ရှိသည့်အပြင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော    သက်ရောက်မှုများကိုပါ လျှော့ချနိုင်မည်ဖြစ်ကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Web Portal

ဇေယျဘုန်း

၁၂ ရာသီ စိုက်ပျိုးထုတ်လုပ်နိုင်သော Green House စနစ်ကို ပုဂ္ဂလိကနှင့် သမဝါယမစနစ်တို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်း
-

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို စာရေးသူတက်ရောက်ခဲ့ရာမှာ လေ့လာရေးခရီးစဉ်တွေလည်း သွားရောက်ခွင့်ရရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၀ ရက်မှာ Lixian မြို့နယ်ရှိ လောင်းတူ (Longtou) ကျေးရွာကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီကျေးရွာဟာ ခရီးသွားအချက်အချာကျတဲ့နေရာမှာတည်ရှိပြီး သဘာဝအရင်းအမြစ်တွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

လောင်းတူ (Longtou) ကျေးရွာဟာ လယ်ယာစက်မှုဇုန်နဲ့ ယဉ်ကျေးမှုခရီးသွားဇုန်အကြား ပန်ဆိုင်လမ်းပေကျင်းဒါ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ၅ ဒသမ ၅ မိုင်အကွာမှာ တည်ရှိကာ အကျယ် အဝန်းအနေနဲ့ ၅၇၇ ဧကခန့်ရှိပြီး အိမ်ထောင်စု ၃၂၀ စုစုပေါင်း နေထိုင်သူ ၁၀၈၃ ဦးရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ လူအများနှစ်သက် မြတ်နိုးရတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ထူးခြားတဲ့လက်မှုလုပ်ငန်းတွေကြောင့် ကျေးရွာကိုလူသိများစေခဲ့တဲ့အကြောင်း ရင်းတစ်ချက်ဖြစ်ပြီး အဲဒီအားသာချက်တွေကို အပြည့်အဝအသုံးချကာ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်လို့ သတိပြုမိခဲ့ပါတယ်။

ဟိုတယ်တွေ၊ တို့ဟူးလုပ်ငန်းတွေ၊ ရိုးရာမီးအိမ် လုပ်ငန်းတွေ၊ ကျောက်သားကြိတ်ဆုံ အမှုန့်ကြိတ် လုပ်ငန်း (ရိုးရာနည်းလမ်းနဲ့ ဂျုံမှ မုန့်လုပ်ဖို့ အဆင့်ဆင့်ကို) စက်ကိရိယာတွေနဲ့ ပြုလုပ်တဲ့ လုပ်ငန်း၊ ပန်းပွင့်ပုံလမုန့်ပြုလုပ်ရာမှာ အရောင်ပါရှိတဲ့ သဘာဝအသီးအရွက်တွေ အသုံးပြုပြီး အွန်လိုင်းမှ Livestreaming နဲ့ရောင်းချတဲ့လုပ်ငန်းနဲ့ တရုတ်ရိုးရာ စက္ကူညှပ်လုပ်ငန်းတွေလို စက်မှုလက်မှုလုပ်ငန်းတွေ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်လုပ်ငန်းတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတာတွေ့ရပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေဖို့အတွက် ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ပေါင်းစပ်ပြီး ကဏ္ဍစုံပါဝင်တဲ့ စက်မှုလုပ်ငန်းပုံစံနဲ့ ဆောင်ရွက် နေတာကို တွေ့ရှိရပါတယ်။

ရိုးရာယဉ်ကျေးမှုဖျော်ဖြေပွဲတွေ၊ လက်မှုပစ္စည်းတွေထုတ်လုပ်မှုနဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု သမိုင်းကြောင်းတွေကို အသိပညာပေးမှုစတဲ့ ပြပွဲအခမ်းအနားတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ခရီးသွား ၃၀၀၀ ကျော် လာရောက်စေဖို့ ဆွဲဆောင်နိုင်ခဲ့ပြီး ရင်မင်ဘီ ယွမ် ၃၀၀၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၄၃၀၀၀ ခန့်) ဝင်ငွေ တိုးမြှင့်စေခဲ့တယ်လို့ သိရှိရပါတယ်။ စာရေးသူဟာ Longtou village stone mill workshop၊ ပန်းပုံစံလမုန့်ထုတ်လုပ်မှုလုပ်ငန်းနဲ့ တရုတ်ရိုးရာ စက္ကူညှပ်လုပ်ငန်းတွေကို သွားရောက်လေ့လာ ခွင့်ရခဲ့ပါတယ်။

အဲဒီကတစ်ဆင့် အကျယ်အဝန်းအနေနဲ့ ၂၄၆ ဧက ဝန်းကျင်ရှိပြီး အိမ်ထောင်စု ၁၃၁ စုနဲ့ နေထိုင် သူ ၃၇၄ ဦးရှိတဲ့ လီကျချန်ကျေးရွာ (Lijiachang)ကို သွားရောက်ခဲ့ရာ ၂၀၂၃ ခုနှစ်မှာ ကျေးရွာသား တွေရဲ့ နှစ်စဉ်တစ်ဦးချင်းဝင်ငွေဟာ ရင်မင်ဘီ ယွမ် ၃၂၈၀၀ (အမေရိကန်ဒေါ်လာ ၄၇၀၀ခန့်) ရှိတယ်လို့ သိရပါတယ်။ မူကြိုကျောင်းတစ်ကျောင်းနဲ့ စာသင်ကျောင်းတွေရှိပြီး စာဖတ်ခန်းတွေ၊ ယဉ်ကျေးမှုစင်တာတွေ၊ ကစားကွင်းတွေနဲ့ပန်းခြံတွေ အများပြည်သူဆိုင်ရာ ခေတ်မီအဆောက်အအုံ တွေလည်းရှိတာကို တွေ့ရပါတယ်။

“သာယာလှပတဲ့ ကျေးရွာ” ဖော်ဆောင်နိုင်စေဖို့ အခြေခံအဆောက်အအုံတွေ၊ သဘာဝပတ်ဝန်းကျင် သာယာလှပရေးနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေ တိုးမြှင့်ဆောင်ရွက်ထားရှိတဲ့အပြင် စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျပြန်လည် အသုံးချနိုင်ဖို့ အမှိုက်အမျိုးအစားခွဲမှု၊ စုစည်းမှုနဲ့စနစ်တကျ စွန့်ပစ်မှုစနစ်တွေ ဆောင်ရွက်ထားရှိတာကို တွေ့ရှိခဲ့ရပါတယ်။ မိလ္လာစနစ်၊ ရေဆိုးစွန့်ပစ်မှုစနစ်တွေကိုပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီး ယင်လုံအိမ်သာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ လမ်းနဲ့လမ်းဘေးဝဲယာဝန်းကျင်ကို သန့်ရှင်းသာယာ လှပစေဖို့အတွက် သစ်ပင်ပန်းမန်တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ စိမ်းလန်းစိုပြည် အောင် ဖန်တီးထားရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။

စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးဖို့အတွက် Lijiachang ကျေးရွာမှာ “ မှိုစိုက်ပျိုး ထုတ်လုပ်ရေးစက်မှုဇုန်စီမံကိန်း” အပါအဝင် စီမံကိန်းလုပ်ငန်းသုံးခုစတင် ဆောင်ရွက်ခဲ့ပါတယ်။ “ဒေသတစ်ခု ထုတ်ကုန် တစ်ခု” လုပ်ငန်းအစီအစဉ်အနေနဲ့ စားသုံးနိုင်တဲ့ မှိုစိုက်ပျိုးရေးသရုပ်ပြကျေးရွာအဖြစ် ဖော်ဆောင်ခဲ့ပြီးမှို ၁၈ ဧကခန့် စိုက်ပျိုးထားရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စံချိန်မီမှိုမျိုးချောင်း စိုက်ပျိုးထုတ်လုပ် ရေးအလုပ်ရုံကို တည်ဆောက်ပြီးစီးခဲ့ပြီး နေ့စဉ်မှိုစိုက်ပျိုးဖို့ မှိုမျိုးချောင်း ၁၀၀၀၀ အထိတိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ရာ ဒေသတွင်း “စားသုံးနိုင်တဲ့ မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတစ်ခု”အဖြစ်လူသိ များလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒုတိယစီမံကိန်းမှာ “မြို့ပြတောင်သူတွေ” စိုက်ပျိုးရေးနဲ့ သစ်တောဇုန်စီမံကိန်းဖြစ်ပြီး လယ်ယာစိုက်ပျိုးမှုအလေ့အထ ခေတ်မီသဘာဝဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ လယ်ယာစိုက်ပျိုးရေး ဇုန်သရုပ်ပြဧရိယာအဖြစ် လယ်ပိုင်ရှင်တွေရဲ့ လယ်မြေတွေစုပေါင်းပြီး မြေလေးဧကခန့်မှာ ဆောင်ရွက်ထားရှိခဲ့တာဖြစ်ပါတယ်။ တတိယစီမံကိန်းမှာ ဒေသဆိုင်ရာယဉ်ကျေးမှုနဲ့ ခရီးသွားဧည့်သည် အရင်းအမြစ်တွေကို အားပြုထားတဲ့ “လယ်ယာထုတ်ကုန်ပြပွဲနဲ့ အရည်အသွေးမြှင့် ခေတ်မီလမ်းဘေး စားသောက်ကုန်ထုတ်လုပ်မှုစီမံ ကိန်း” ဖြစ်ပါတယ်။ အနားယူအပန်းဖြေစရာနဲ့ စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအပေါ် အခြေပြုတဲ့ စက်မှုဖွံ့ဖြိုးရေးနဲ့ ကုန်ပစ္စည်းအသစ်တွေ ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်ရာမှာ စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ အားကစားနဲ့ရိုးရာယဉ်ကျေးမှုတို့တစ်ပါတည်း ဖွံ့ဖြိုးလာစေဖို့ရည်ရွယ်ပြီး အရောင်းမြှင့်တင်ရေးပွဲတွေ၊ အထိမ်းအမှတ် အခမ်းအနားတွေနဲ့ ဒေသဆိုင်ရာ သင်တန်းအစီအစဉ်တွေ ဆောင်ရွက်နေရှိတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

ဒါ့ပြင် အဲဒီကျေးရွာရှိ မှိုစိုက်ပျိုးထုတ်လုပ်ရေး စက်မှုဇုန်အပါအဝင် အခြားဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံမျိုးစုံ စိုက်ပျိုးထားရှိတဲ့ စိုက်ပျိုးရေးဇုန်တွေဟာ Green House စနစ်နဲ့ စိုက်ပျိုးထား ရှိတာဖြစ်ပြီးတစ်လုံးကို ၈၆၆ ဒသမ ၆၇ စတုရန်းမီတာကျယ်ဝန်းတဲ့ ဆိုလာစွမ်းအင်အသုံးပြု Green House ၆၄ လုံးရှိတယ်လို့ သိရပါတယ်။ Green House တွေကို Steel Structure၊ ကွန်ကရစ်၊ အုတ်တွေနဲ့ တည်ဆောက်ထားပြီး စိုက်ပျိုးတဲ့သီးနှံ အမျိုးအစားအလိုက် အလိုအလျောက်အပူချိန်/ ရေငွေ့ထိန်းညှိပေးမယ့်ကိရိယာတွေ၊ အကာအရံတွေကို လိပ်သိမ်း/ ဖြန့်ခင်းပေးနိုင်တဲ့စက်တွေ တပ်ဆင်ထားရှိတာကို တွေ့ရှိရပါတယ်။ Green House ၆၄ လုံး တည်ဆောက်မှုအတွက် ယွမ် ၇ ဒသမ ၆၈ သန်းခန့်အပါအဝင် စိုက်ပျိုးရေးဇုန်တစ်ခုလုံးအတွက် စုစုပေါင်း ယွမ် ၂၁ သန်းခန့်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ပြီး Lijiachang ကျေးရွာရဲ့ တရုတ်ကွန်မြူနစ် ပါတီ (Communist Party of China-CPC) ဌာနခွဲ က ဦးဆောင်ဦးရွက်ပြုပြီး သွင်းအားစု၊ ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ကျေးရွာသားတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်တယ်လို့ သိရပါတယ်။ ထုတ်လုပ်ရေးပစ္စည်းတွေ စုစည်းဝယ်ယူမှုမှ နေ့စဉ်ထုတ်လုပ်မှု အထိ လယ်သမား ၁၆၀ နဲ့ တိုက်ရိုက် လုပ်ကိုင်ဆောင်ရွက်ပြီး နှစ်တစ်နှစ်ကုန်ဆုံးချိန်မှာ ရရှိတဲ့အကျိုးအမြတ်ကို လယ်သမားတွေရဲ့ အစုရှယ်ယာငွေစာရင်းတွေကို ထည့်သွင်းပေးရပါတယ်။ နှစ်စဉ် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက် တန်ချိန် ၉၆၀ ခန့် ထွက်ရှိတယ်လို့ သိရပါတယ်။

အဲဒီနောက် ပေကျင်းမြို့မှာရှိတဲ့ Siji Yangkun Agricultural Technology DevelopmentCompany ကို သွားရောက်လေ့လာခဲ့ရာ ၂၀၁၅ ခုနှစ် ဇူလိုင်လ မှာ စတင်တည်ထောင်ခဲ့တဲ့ အဲဒီကုမ္ပဏီမှာ ဝန်ထမ်း ဦးရေ ၁၀၀ ခန့်ရှိပြီး စိုက်ပျိုးရေးနဲ့ သီးပင်စားပင်တွေကို ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ ကျွမ်းကျင် ပညာရှင်အဖွဲ့တွေလည်းရှိတာ တွေ့ရှိရပါတယ်။ နည်းပညာအခြေပြု စိုက်ပျိုးရေးကုမ္ပဏီတစ်ခုဖြစ် တဲ့အတွက် ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ ရောင်းဝယ် ဖောက်ကားမှုနဲ့ လက်တွေ့ပညာပေးမှုတွေကို စက်ရုံအလုပ်ရုံအခြေပြု စိုက်ပျိုးရေးနဲ့ စက်မှုစွမ်းအား အသုံးချစိုက်ပျိုးရေးလုပ်ငန်းပုံစံတွေကို ပေါင်းစပ်ဆောင်ရွက်ပြီး ၇၉ ဧကခန့်မှာ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေပါတယ်။ “ဂေဟစိုက်ပျိုးရေးနည်း ပညာဇုန်”၊ “Pengcheng ဂေဟဗေဒဆိုင်ရာဇုန်”၊ “ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးအထူးဇုန်” နဲ့ “အကြီးစား စိုက်ပျိုးမွေးမြူရေးဇုန်” တွေပါဝင်ပြီး နှစ်စဉ်မျိုးစေ့သန်း ၅၀ ခန့်အထိ စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ Siji Yangkun ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့ စုစုပေါင်းရောင်းအား ဟာ ရင်မင်ဘီ ယွမ် ၅ သန်း (အမေရိကန်ဒေါ်လာ သုည ဒသမ ၇ သန်းခန့်) အထိရှိတယ်လို့ သိရ ပါတယ်။

ကုမ္ပဏီအနေနဲ့ စက်မှုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုတွေကနေ လယ်သမားတွေ ဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ e-commerce စနစ်နဲ့ ရောင်းချမှုတွေ ဆောင်ရွက်လာနိုင်ဖို့ အမျိုးသမီးတွေအတွက် လေ့ကျင့်သင်ကြား မှုအခွင့်အလမ်းတွေ ဖန်တီးပေးမှု၊ သမဝါယမအသင်းအဖွဲ့တွေဖွဲ့စည်းကာ အဖွဲ့ဝင်တွေကို နှစ်စဉ်ထောက်ပံ့ငွေတွေပေးမှု၊ စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းတွေ ညွှန်ပြပေးမှုနဲ့ ကုန်ထုတ် လုပ်မှုနဲ့ ဝင်ငွေတိုးတက်ရရှိစေဖို့ လယ်သမားတွေ မက်လုံးပေးစည်းရုံးမှုတွေကို ဆောင်ရွက်ခဲ့တယ် လို့ သိပါတယ်။ ၂၀၂၃ ခုနှစ်မှာ အနီးအနားရှိ ထုတ်လုပ်ရေးစခန်းကိုးခုမှ ကျေးလက်အိမ်ထောင်စု ၁၀၀၀ ကျော်ကို အထောက်အကူပြုနိုင်ခဲ့ပြီး ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဆိုလာဖန်လုံအိမ် ၃၂၆ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

စိုက်ပျိုးမှုဧရိယာ ၇၄၁ ဧက ဝန်းကျင်ခန့်အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး စူပါမားကက်တွေနဲ့ပူးပေါင်းပြီး Offline ရောင်းအားဈေးကွက်ကို ဖော်ဆောင်ခဲ့တဲ့အပြင် ပေါင်းစည်းလယ်ယာစနစ်ကို ကျင့်သုံးခဲ့ကာ livestreamers တွေနဲ့ပူးပေါင်းပြီး အွန်လိုင်းမှရောင်းချတဲ့စနစ်ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒါကြောင့် သခွားသီး၊ ခရမ်းသီး၊ ပန်းသီး၊ ဖရုံသီး၊ ကန်စွန်းဥ၊ ငရုတ်သီးစတဲ့ သီးနှံစုံနဲ့ ဟင်းသီးဟင်းရွက် ၁၅၀၀ တန်ခန့် ရောင်းအားတိုးမြင့်ခဲ့ပြီး လယ်ယာလုပ်ငန်းရှင်တွေရဲ့ ဝင်ငွေကို ရင်မင်ဘီယွမ် ၁၀ ဒသမ ၈၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၄ သန်းခန့်) အထိ တိုးမြှင့်ရရှိစေခဲ့တယ်လို့ သိရ ပါတယ်။

Siji Yangkun ဟာ သရုပ်ပြသမှုနဲ့ လက်တွေ့ ပညာပေးမှုကို ပေါင်းစပ်တဲ့နည်းလမ်းနဲ့ Daxing ခရိုင်ရှိ အနီးအနား မူလတန်းကျောင်းနဲ့ အထက်တန်း ကျောင်းတွေနဲ့ ပူးပေါင်းကာလက်တွေ့ သရုပ်ပြစိုက်ခင်းတွေကို လာရောက်လေ့လာလည်ပတ်နိုင်ဖို့ ဖွင့်လှစ်ထားရှိပါတယ်။ ကျောင်းသားတွေအနေနဲ့ အခမဲ့သွားရောက်လေ့လာ၊ ပါဝင်စိုက်ပျိုးနိုင်ပြီး ဆရာမတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေထံကလည်း ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ လာရောက်လည်ပတ်သူ ၄၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အရင်နှစ်ကထက် လာရောက်လည်ပတ်သူ ၂၀၀၀ ကျော် ပိုမိုလာခဲ့တယ်လို့ သိရှိရပါတယ်။

စာရေးသူအနေနဲ့ Siji Yangkun Agricultural Technology Development Co.,Ltd. ရဲ့ စက်မှု အခြေပြုဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုတွေ ကနေလယ်သမားတွေ ဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ e-commerce စနစ်နဲ့ရောင်းချမှုတွေ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းတွေညွှန်ပြပေးမှု၊ သမဝါယမအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်မှုတွေ၊ Daxing ခရိုင်ရှိ မူလတန်းကျောင်း၊ အထက်တန်း ကျောင်းတွေနဲ့ပူးပေါင်းကာ လက်တွေ့သရုပ်ပြ စိုက်ပျိုးထားရှိမှုတွေကို လာရောက်လေ့လာ လည်ပတ်နိုင်ဖို့ စီစဉ်ထားရှိမှုတွေကို လေ့လာခွင့်ရရှိ ခဲ့ပြီး စိုက်ပျိုးဧက ၇၉ ဧကပေါ်မှာ ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်ကာ သီးနှံမျိုးစုံစိုက်ပျိုးနေမှုတွေကို သွားရောက်ကွင်းဆင်းလေ့လာခွင့် ရရှိခဲ့ပါတယ်။

လေ့လာသုံးသပ်ချက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်မှာ တွေ့မြင်ခဲ့ရတဲ့ Green House စနစ် စိုက်ပျိုးရေး လုပ်ငန်းတွေကို လေ့လာခွင့်ရရှိရာမှ သုံးသပ်တွေ့ရှိ တဲ့အချက်တွေကတော့-

(က) ပုဂ္ဂလိကမှ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှု၊

(ခ) တောင်သူတွေမှ သမဝါယမစနစ်ပုံစံနဲ့ လုပ်ငန်းတွေ ပါဝင်ဆောင်ရွက်မှု၊

(ဂ) ခေတ်မီစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးလာစေဖို့အတွက် စိုက်ပျိုးရေးဇုန်တွေ ဖော်ဆောင်နိုင်ဖို့ အထောက်အပံ့ပေးတဲ့မူဝါဒနဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှ သက်မွေးလုပ်ငန်းဆိုင်ရာ ချေးငွေလမ်းကြောင်းတွေ (Professional Loan Channels) ဖန်တီးထားရှိမှု၊

(ဃ) Smart Agricultural စနစ်နဲ့ စီမံဆောင်ရွက်မှု၊

(င) ၁၂ ရာသီ စိုက်ပျိုးထုတ်လုပ်မှုစနစ်နဲ့ ဆောင်ရွက်မှု၊

(စ) နည်းပညာနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေ/ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ Research & Development ရှိမှု၊   

(ဆ) ဈေးကွက်သေချာမှု စတာတွေကို လေ့လာ သုံးသပ်တွေ့ရှိရပါတယ်။

Green House စိုက်ပျိုးရေးစနစ်ရဲ့ အကျိုးကျေးဇူးတွေ

(က) ရွေ့လျားနိုင်တဲ့ အမိုး/ အကာတွေ တပ်ဆင်ထားပြီး နေရောင်ခြည်၊ အပူချိန်နဲ့ ရေငွေ့ကို လိုအပ်သလို ထိန်းညှိနိုင်မှု၊

(ခ) ရာသီမရွေး ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးနိုင်မှု၊

(ဂ) ရေပေးဝေမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး ရေအသုံးချမှု လျှော့ချနိုင်မှု၊

(ဃ) ပိုးမွှားနဲ့ ရောဂါကျရောက်မှု ထိန်းချုပ်နိုင်မှု၊

(င) အချိန်တိုအတွင်း အရည်အသွေးမြင့် သီးနှံတွေ ထုတ်လုပ်နိုင်တာကြောင့် စီးပွားရေး တွက်ခြေကိုက်မှု၊

(စ) စိုက်ပျိုးရေးသွင်းအားစုနဲ့ ရေကိုလိုအပ်သလောက်သာအတိအကျ အသုံးပြုနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုကို လျှော့ချနိုင်မှုစတဲ့ အကျိုးကျေးဇူးတွေကို ရရှိတယ်လို့သိရပါတယ်။

အထူးအားဖြင့်တော့ ၁၂ ရာသီပတ်လုံးစိုက်ပျိုး နိုင်တဲ့ Green House စနစ်သုံး စိုက်ပျိုးရေးလုပ်ငန်း တွေကို အားကျဖွယ် တွေ့မြင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာ Green House စနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေတာကိုတွေ့ရပြီး လေယာဉ်ပေါ်ကနေ စီးမိုးကြည့်လိုက်ရင် အဖြူရောင်ပိုက်လုံးကြီးတွေ ချထားတဲ့အလား Green House စိုက်ခင်းတွေကို တစ်မျှော်တစ်ခေါ် တွေ့မြင်ရပါတယ်။ စာရေးသူတို့နိုင်ငံမှာလည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) နဲ့ ပဲခူးတိုင်းဒေသကြီး ရွာသစ်ကျေးရွာမှာ Green House စနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး တစ်လုံးကို (8m x 30m) ကျယ် ဝန်းတဲ့ ဆိုလာစွမ်းအင်အသုံးပြု Green House ခြောက်လုံးနဲ့ဆောင်ရွက်နေပါတယ်။ Green House ခြောက်လုံးအတွက် ငွေကျပ် ၆၂ ဒသမ ၄၉၆ သန်းနဲ့ Steel Structure၊ ပလတ်စတစ်အမိုးနဲ့ တည်ဆောက်ထားရှိပြီး ဆလတ်၊ နှမ်းရွက်၊ ငရုတ်၊ သခွား၊ မုန်ညင်း စတဲ့ သီးနှံစုံစိုက်ပျိုးကြပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ သီးနှံစုံစိုက်ပျိုးမှု အတွက် ငွေကျပ် ၄ ဒသမ ၃၂၇ သန်း ရင်းနှီးစိုက်ပျိုး ခဲ့ရာ အကျိုးအမြတ်အနေနဲ့ ငွေကျပ် ၇ ဒသမ ၀၁၂ သန်းရရှိခဲ့ပြီး မိသားစုဝင်ငွေ တိုးပွားစေခဲ့ပါတယ်။ လက်ရှိမှာလည်း ဆက်လက်စိုက်ပျိုးနေပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွံ့ဖြိုးလာ စေဖို့ လိုအပ်နေသေးတာဖြစ်လို့ Green House စနစ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး သမဝါယမစနစ်နဲ့ စုဖွဲ့ဆောင်ရွက်မယ်ဆိုပါက အခု ထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာနိုင် မှာဖြစ်တယ်လို့ သုံးသပ်တင်ပြအပ်ပါတယ်။ ။

ခန့်ဇော် (ကျေးလက်)

လက်တင်အမေရိကအပေါ် တရုတ်စီးပွားရေးမူဝါဒ အပြောင်းအလဲလား
-

တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်က ပီရူးနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင်  ပီရူးနိုင်ငံရှိ တရုတ်အစိုးရပိုင် သင်္ဘောကုမ္ပဏီ Cosco က ပိုင်ဆိုင်သည့် ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိ  ဧရာမဆိပ်ကမ်းတစ်ခုကို  ခမ်းနား ထည်ဝါစွာ ဖွင့်လှစ်ပေးခဲ့သည်။  ထိုအချက်က ရှန်ဟိုင်းနှင့်ပီရူးအကြား တိုက်ရိုက် ပင်လယ် ရေကြောင်းလမ်းသစ်တစ်ခု  ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။

အမှန်တကယ်တွင်  တရုတ်သည် ကိုယ်ပိုင်စီးပွားရေး တိုးတက်မှုနှေးကွေးနေသည် ကို ဘေဂျင်းအစိုးရ ကောင်းစွာသိနေသည်။ ထိုကိစ္စကို ပြန်လည်မြှင့်တင်ရန် ဘေဂျင်း အစိုးရအနေဖြင့် ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို အာရုံစိုက်နေသည်မှာလည်း ကြာလှပြီဖြစ်သည်။ ၎င်းအတွက် လက်တင်အမေရိကသည် ကျယ်ပြန့်စွာ မထိုးဖောက် ရသေးသည့် ကမ္ဘာ့အစိတ်အပိုင်းနေရာတစ်ခုလည်း ဖြစ်နေသည်။ အနောက်ကမ္ဘာခြမ်းတွင် တရုတ်အနေဖြင့် လိုအပ်နေသည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တု ဓာတ်များ ပေါကြွယ်ဝကြောင်း သိရှိထားသည်မှာ ကြာလှပါပြီ။ 

Belt and Road ၏ ပဏာမခြေလှမ်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ ပီရူးဆိပ်ကမ်းသည် လက်တင်အမေရိကမှ တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ချိန်ကို ၂၃ ရက်အထိ အချိန် လျှော့ချနိုင်မည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကိုလည်း အနည်းဆုံး၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဟု တွက်ဆထားပါသည်။ ချန်ကေဆိပ်ကမ်း တည်ဆောက်ပြီးစီးမှုက အာရှနှင့် လက်တင်အမေရိကအကြား သင်္ဘောလမ်းကြောင်းများကို ချိတ်ဆက်ပေး နိုင်သည့်  ဂိတ်ပေါက်တစ်ခုဖြစ်လာတော့မည်ဖြစ်သည်။ ထိုအချက်ကြောင့် ပီရူးသည် လက်တင်အမေရိက၌ တရုတ်၏ကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာမှု အခန်းကဏ္ဍကိုလည်း   တိုးတက်ခိုင်မာလာစေမည် ဖြစ်သည်။ 

ချန်ကေဆိပ်ကမ်းက လက်တင်အမေရိက၏ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းတွင် ပြိုင်ပွဲတစ်ခုဖြစ်လာဖွယ်ရှိနေပါသည်။ တရုတ်အနေဖြင့် ၎င်းတို့၏စီးပွားရေးသည် လက်ရှိတွင် အမေရိကန်နှင့် ဥရောပတို့တွင် စုစည်းနေသဖြင့် တောင်အမေရိကသို့ ထိုးဖောက်ဝင်ရောက် နိုင်ရေး တံခါးဖွင့်ရန် ကြိုးစားလာကြခြင်းဖြစ်သည်။ 

ယခုဖွင့်လှစ်လိုက်သည့် ချန်ကေဆိပ်ကမ်းက ဝန်ဆောင်မှုပေးနိုင်မည့်နိုင်ငံများတွင်  ဘရာဇီးနိုင်ငံလည်း ပါဝင်နေပေသည်။ ဘရာဇီးက တရုတ်ကုန်ထုတ်များကို အများအပြား ဝယ်ယူသည့်နိုင်ငံဖြစ်ပြီး ၎င်းတို့၏လယ်ယာထွက်ကုန်နှင့် သံရိုင်းသံထည်များကို ထိပ်တန်း တင်ပို့ပေးနေသည့်နိုင်ငံလည်းဖြစ်ပေသည်။ ဆိပ်ကမ်းသစ်ဖွင့်လှစ်ခြင်း၏ အကျိုးကျေးဇူးကို ဒေသအနှံ့အပြားက စိတ်ဝင်စားနေကြပါသည်။ ပီးရူး၏ပစိဖိတ်ကမ်းရိုးတန်းနှင့် ဘရာဇီး၏ အတ္တလန္တိတ်ကမ်းရိုးတန်းကြားရှိ ရထားလမ်းချိတ်ဆက်မည့် ဇီဝသမုဒ္ဒရာစင်္ကြံ တည်ဆောက်မှုနှင့်ပတ်သက်၍ ကာလကြာရှည်ဆွေးနွေးမှုများကို ပြန်လည်စတင်နေကြပြီ ဖြစ်သည်။ 

သမ္မတရှီကျင့်ဖျင်အနေဖြင့် ချန်ကေဆိပ်ကမ်းဖွင့်လှစ်ရန် ပီးရူးသို့ သွားရောက်ခြင်းမှာ ၎င်းတာဝန်ယူသည့်သက်တမ်းတွင် ဒုတိယအကြိမ်ဖြစ်ပါသည်။ သွားရောက်ရသည့် ရည်ရွယ်ချက်သည်  နိုဝင်ဘာလလယ်တွင် ဘရာဇီးတွင် ကျင်းပပြုလုပ်မည့် G 20 အစည်းအဝေးပွဲ မတိုင်ခင် ကျင်းပသည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး တက်ရောက်ရန်ဖြစ်သည်။ တရုတ်သမ္မတ၏ လက်တင် အမေရိကခရီးစဉ်က ပီရူးနှင့်ဘရာဇီးကြား  စီးပွားရေးဆက်ဆံမှုပိုမိုအားကောင်းလာချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ပီရူးနှင့်ဘရားဇီးနှစ်နိုင်ငံတို့နှင့် ကုန်သွယ်မှုချဲ့ထွင်လာခဲ့သည်ဟု  ဘေဂျင်း သတင်းအရင်းအမြစ်များက  ပြောကြားထားပါသည်။ 

တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် များမှတစ်ဆင့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ အနည်းဆုံး ၂၂ နိုင်ငံနှင့်အတူ Belt and Road ပဏာမခြေလှမ်းကို လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်သည်။ ထိုနိုင်ငံ များထဲတွင်  ပီရူးသည်  အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။ 

ဘရာဇီးသည် BRI တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း တရုတ် နိုင်ငံနှင့်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် ပို့ကုန်အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီ ဖြစ်ပေသည်။ ဘရာဇီးသည် လက်တင်အမေရိကတွင်  တရုတ်၏ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါသည်။

Global South ဟု အမည်ခေါ်ကြသည့် လက်တင်အမေရိကတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိပါသည်။ တရုတ်အနေဖြင့် ၎င်းတို့နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် အားသန်နေပါသည်။ တရုတ်အနေဖြင့် ယင်းဒေသတွင် ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်လာသကဲ့သို့ ယဉ်ကျေးမှုဖလှယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး စသည့်နယ်ပယ်များကို မဟာဗျူဟာကျကျ ပိုမိုလုပ်ဆောင် လာကြပါသည်။ တရုတ်၏ရေရှည်မဟာရည်မှန်းချက်သည် လက်တင်အမေရိကတွင် အမေရိကန်ကို အစားထိုးရန် ဖြစ်ပါသည်။

ပီရူးနိုင်ငံတွင် ဧရာမရေကြောင်းဂိတ်တစ်ခုဖြစ်သည့် ချန်ကေဆိပ်ကမ်းနှင့်အတူ အခြားအခြေခံအဆောက်အအုံများ တည်ဆောက်လိုက်ခြင်းက တရုတ်၏ အခန်းကဏ္ဍ တိုးမြှင့်လာမှုဖြစ်ကြောင်း အမေရိကန်က စိုးရိမ်စဝင်လာကြပါသည်။ ချန်ကေဆိပ်ကမ်းကို တရုတ်၏ရေတပ်က အသုံးပြုလာနိုင်ကြောင်းကိုလည်း အမေရိကန်ရေတပ်အရာရှိများက ပြောဆိုနေကြသည်။

 ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အနီးကပ်အကြံပေးတစ်ဦး ကလည်း  ယခုဖွင့်လှစ်လိုက်သည့် ချန်ကေဆိပ်ကမ်းသစ်နှင့် အခြားတရုတ်ပိုင် သို့မဟုတ် တရုတ်ထိန်းချုပ်ထားသော ဆိပ်ကမ်းကတစ်ဆင့် ဖြတ်သန်းလာသည့် ကုန်ပစ္စည်းများ အပေါ် ၆၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံရန် အဆိုပြုထားပါသည်။ လက်ရှိအချိန် တွင်လည်း ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က ၎င်းတာဝန်ယူချိန်တွင် အခွန်စည်း ကြပ်မည့်ခြိမ်းခြောက်မှုစကားကို မကြာခဏဆိုသလို ပြောဆိုနေပါသည်။ အမေရိကန်သည် တရုတ်ကို ပစ်မှတ်ထားသော်လည်း ယင်း၏အနားက အိမ်နီးချင်းများအပေါ် တရုတ်က လွှမ်းမိုးလာနိုင်သည်ကို တွက်ဆထားပုံရပါသည်။ အမေရိကန်သည် အိမ်နီးချင်း ကနေဒါ၊ မက္ကဆီကိုတို့နှင့် ထရန့်လက်ထက်တွင် မည်သို့ဖြစ်လာနိုင်မည်နည်း ဆိုသည့်အချက်ကို  တရုတ်က စိတ်ဝင်စားနေပါသည်။  

အမှန်တကယ်တွင် လက်တင်အမေရိက၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလက်ခံလာခြင်းမှာ ဒေသတွင်းနိုင်ငံများအတွက် ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့နံပါတ်တစ် မဟာအင်အားနိုင်ငံအဖြစ် ခံယူထားသည့် အမေရိကန်သည် ယင်း၏အိမ်နီးချင်းနိုင်ငံများအပေါ် မဟာဗျူဟာမြောက်စွာ လျစ်လျူရှု ထားသည်မှာ ကြာမြင့်နေပါပြီ။ ထိုအားနည်းချက်သည် အမေရိကန်၏ စီးပွားရေး ထိုးနှက် လာမည့်ကာလတွင် တရုတ်နိုင်ငံက အိမ်နီးချင်းစီးပွားရေးဂိတ်များဖြင့် ပြန်လည်တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်နေသည်မှာ  နှစ်အတော်တန်ကြာခဲ့ပြီဖြစ်သည်။ 

အမေရိကန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပေါ် လျစ်လျူရှုထားခြင်းကြောင့် တစ်ချိန်ချိန်တွင် ကြုံတွေ့လာနိုင်သည့်အနေအထားကိုလည်း လက်ခံရမည်ဖြစ်ကြောင်း ၎င်းအနေဖြင့်လည်း တာဝန်ယူသင့်ကြောင်း ကျွမ်းကျင်သူများက  မကြာခဏဆိုသလို ပြောကြားဖူးပါသည်။ ပြောပြဆဲလည်း ဖြစ်ပါသည်။ ထိုကိစ္စက အမျိုးသားလုံခြုံရေးပြဿနာ တစ်ခုမဟုတ်သော်လည်း  စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အမှားတစ်ခုဖြစ်နေပါသည်။  အမေရိကန်က လက်တင်အမေရိကကို ကာလရှည်ကြာ လျစ်လျူရှုထားခြင်းသည်  မကြာမီတွင်  နောက်ဆုံးအချိန် ဖြစ်လာမလား  စောင့်ကြည့်နေမိတော့သည်။

Ref: Dylan Butts/ china is doubling down on Latin America ties to bolster influence and trade, experts say (CNBC)

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး (အခွန်အယူခံခုံအဖွဲ့ရုံး)