အစေ့ထုတ်ပြောင်းသီးနှံသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျုံနှင့်စပါးသီးနှံပြီးလျှင် စားသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု တတိယမြောက်အများဆုံးသီးနှံဖြစ်သည်။ လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာဖြစ်ရုံသာမက စက်မှုကုန်ကြမ်းနှင့် အစားထိုးကုန်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။ အစေ့ထုတ်ပြောင်းကို ပြည်ပပို့ကုန်အနေဖြင့် နှစ်စဉ်ထွက်ရှိမှု၏ ၄၅ ရာခိုင်နှုန်းခန့်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ကုန်းလမ်းနယ်စပ် ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့သို့ ပင်လယ်ရေကြောင်းမှတစ
အစေ့ထုတ်ပြောင်းသီးနှံသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျုံနှင့်စပါးသီးနှံပြီးလျှင် စားသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု တတိယမြောက်အများဆုံးသီးနှံဖြစ်သည်။ လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာဖြစ်ရုံသာမက စက်မှုကုန်ကြမ်းနှင့် အစားထိုးကုန်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။ အစေ့ထုတ်ပြောင်းကို ပြည်ပပို့ကုန်အနေဖြင့် နှစ်စဉ်ထွက်ရှိမှု၏ ၄၅ ရာခိုင်နှုန်းခန့်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ကုန်းလမ်းနယ်စပ် ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိသည်။ အလားတူ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှလည်း မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းကို ဝယ်ယူတင်သွင်းလျက်ရှိနေသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်းသီးနှံသည် တောင်သူများအတွက် ဝင်ငွေတိုးစေမည်မှာ မလွဲမသွေမှန်ကန်နိုင်သော သီးနှံတစ်မျိုးဖြစ်သည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို နှစ်စဉ် စိုက်ဧရိယာတိုးတက်စိုက်ပျိုးလျက်ရှိသည်။ မိုးအစေ့ထုတ် ပြောင်းနှင့် ဆောင်းအစေ့ထုတ်ပြောင်းဟူ၍ မိုးနှင့်ဆောင်းရာသီ နှစ်ရာသီစလုံးတွင် စိုက်ပျိုးလျက် ရှိသော်လည်း စုစုပေါင်းစိုက်ဧက၏ ၈၆ ဒသမ ၁၇ရာခိုင်နှုန်းခန့်ကို မိုးရာသီတွင် အဓိကစိုက်ပျိုးပြီး ဆောင်းရာသီတွင် စုစုပေါင်းစိုက်ဧက၏ ၁၃ ဒသမ ၈၃ရာခိုင်နှုန်းခန့်ကို ဒုတိယသီးနှံအဖြစ် သီးထပ်အနေနှင့် စိုက်ပျိုးသည်။ အစေ့ထုတ်ပြောင်းကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်သည် အများဆုံးစိုက်ပျိုးသောဒေသဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အစေ့ထုတ်ပြောင်းစိုက်ဧက၏ ၆၄ ဒသမ ၅၀ ရာခိုင်နှုန်းကိုစိုက်ပျိုးလျက် ရှိနေသည်။
အစေ့ထုတ်ပြောင်းသည် တောင်သူများအတွက် ဝင်ငွေတိုးတက်ရရှိနိုင်သောသီးနှံဖြစ်သော်လည်း စိုက်ပျိုးရာမှာ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များအတိုင်း စိုက်ပျိုးရန်လိုအပ်သည်။ အစေ့ထုတ်ပြောင်းစိုက်တောင်သူဦးကြီးများ လိုက်နာ ဆောင်ရွက်နိုင်စေရန် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ်များ ကိုပြောပြပေးချင်သည်။
မျိုး
အများဆုံးစိုက်ပျိုးသည့်မျိုးမှာ ပြည်ပမှမှာယူရသော မျိုးများဖြစ်သည်။ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှလည်း ပြည်တွင်းမျိုးများ ထုတ်လုပ်ဖြန့်ဖြူးနေသည်။
CP မျိုးများဖြစ်သည့် CP-808၊ CP-222၊ CP-809 မျိုးများကို အများဆုံးစိုက်ပျိုးသည်။
NK-621၊ NK-625၊ JD-8၊ TF-222၊ GT-722၊ TP စသည့် မျိုးများလည်း စိုက်ပျိုးသည်။
အထွက်ကောင်းမျိုး ရေဆင်း-၁၀ မျိုးကိုလည်း အသုံးပြုနိုင်သည်။
မြေအမျိုးအစား
မြေဩဇာထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေ၊ လေဝင်လေထွက်မျှတ၍ ရေဝပ်ခြင်းမရှိသည့် မြေဆီလွှာနက်သော မြေမျိုးတွင် အထူးသင့်လျော်သည်။ မြေအချဉ်ငန်ဓာတ် (၅ ဒသမ ၃ မှ ၇ ဒသမ ၃) အတွင်း စိုက်ပျိုးနိုင်ပြီး မြေအချဉ်ငန်ဓာတ် (၆ မှ ၇)သည် အကောင်းဆုံးဖြစ်သည်။
စိုက်ပျိုးချိန်
မိုးရာသီတွင် မေလဆန်းမှ ဇွန်လကုန်၊ ဆောင်းရာသီတွင် စက်တင်ဘာလမှ အောက်တို ဘာလအတွင်း စိုက်ပျိုးသင့်သည်။
မြစ်ဝကျွန်းပေါ်ဒေသနှင့် ကိုင်း/ကျွန်း စိုက်ဧရိယာများတွင် နိုဝင်ဘာလကုန် ဒီဇင်ဘာလ ဆန်းပိုင်းအထိ စိုက်ပျိုးကြသည်။
စိုက်နည်းစနစ်
မိုး၊ ဆောင်းရာသီများတွင် အပင်ရေ ၂၀၀၀၀ မှ ၂၅၀၀၀ ရရှိရန် တန်းကြား x ပင်ကြား (၃၀ လက်မ x ၉ လက်မ ) ခြား၍ မျိုးစေ့နှုန်း တစ်ဧကမှာ ၅ ကီလိုဂရမ်နှုန်းသုံးစွဲစိုက်ပျိုးရမည်။
မြေပြင်စဉ်တွင် ကျွဲ၊ နွား တိရစ္ဆာန်အညစ်အကြေးများကို တစ်ဧကလျှင် ၁၂၅ တင်း ထည့်ပေးသင့်သည်။ တိရစ္ဆာန်အညစ်အကြေးများကို ၃ လမှ ၄ လအထိ ကောင်းစွာဆွေးမြည့်အောင်ထားပြီးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုသင့်သည်။
မြေပြင်စဉ်တွင် အထွက်နှုန်းပိုမိုရရှိရန် ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်နှုန်းတို့ကိုထည့်ရန်လိုအပ်သည်။
စိုက်ပျိုးချိန်နှင့် နို့ရည်တည်ချိန်တွင် ကြွက်ဝမ်းဖြူများ ဖျက်ဆီးတတ်သဖြင့် စိုက်ခင်းပတ်လည်သန့်ရှင်းရန်နှင့်ကြွက်ဆေးချပေးရမည်။
သက်တမ်းအလိုက် အပင်ပြုစုစောင့်ရှောက်ခြင်း
စိုက်ပြီး ခုနစ်ရက်အကြာတွင် အပင်မပေါက်သည့် ကျင်းများတွင် မျိုးစေ့ထပ်ချပေးရမည်။
အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် တစ်ကျင်းလျှင်တစ်ပင်ချန် မဖြစ်မနေသားခွဲပြီး အပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရမည်။
အပင် ၂၀-၂၁ ရက်သားတွင် ယူရီးယား ၅၆ပေါင်၊ ပိုတက် ၂၈ ပေါင်နှုန်းဖြင့် မြေဩဇာ ထည့်သွင်းပြီး ကြားထွန်လိုက်ပေးရမည်။
၃၅-၄၀ ရက်သားတွင် ယူရီးယား ၅၆ ပေါင်၊ ပိုတက် ၂၈ ပေါင်နှုန်းဖြင့် မြေဩဇာထပ်မံထည့်သွင်းပြီး ပေါင်တင်ပေးရမည်။
စိုက်ကွက်တွင် ရေမဝပ်စေရန် ဆောင်ရွက်ပေးရမည်။
ပေါင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။
ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် နို့ရည်တည်ချိန် အစိုဓာတ်မလုံလောက်ပါက ရေသွင်းပေးရမည်။
ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ
ပြောင်းဖူးဖက်များအဝါရောင်သန်းစပြုပြီး ပြောင်းဖူးအညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက အမည်းရောင်အမှတ်တွေ့ရှိချိန် သို့မဟုတ် ပြောင်းရွက်များ ၈၀-၉၀ ရာခိုင်နှုန်းခြောက်သွေ့ချိန်တွင် ရိတ်သိမ်းရမည်။
မရင့်မှည့်ခင် ရိတ်သိမ်းခြင်း၊ နောက်ကျမှ ရိတ်သိမ်းခြင်းတို့ကို ရှောင်ရမည်။
ရိတ်သိမ်းပြီး ချက်ချင်းပြောင်းဖူးဖက်ခွာ၍ ၅-၇ ရက်ခန့်နေလှန်းပြီးအစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိချိန်တွင် စနစ်တကျခြွေပေးရမည်။
ခြွေပြီးအစေ့များကို မြေကြီးနှင့် တိုက်ရိုက်မထိစေရန် ဖျာ၊ မိုးကာ၊ ကွန်ကရစ်အခင်းပေါ်တွင် ခပ်ပါးပါးဖြန့်၍ နေလှန်းအခြောက်ခံပြီး အစေ့များအစိုဓာတ် ၁၂ ရာခိုင်နှုန်းရှိချိန်တွင် သန့်စင်ပြီး လေလုံအိတ်များ၊ သံပုံးများဖြင့် စနစ်တကျသိုလှောင်ရမည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
အစေ့ထုတ်ပြောင်းကို မွေးမြူရေးလုပ်ငန်းသုံးအစာအဖြစ် အသုံးပြုခြင်း၊ ပြောင်းဖူးဆီ (စားသုံးဆီ)၊ ပြောင်းဖူး ကစီမှုန့်၊ ပြောင်းဖူး ကလူးကို့စ် (အရည်/အမှုန့်)၊ ပြောင်းဖူးနှင့်ပြုလုပ်သော တစ်ဆင့်မြင့်အရည်၊ အီသနောလောင်စာ၊ အရက်ချက်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်။
ပြောင်းဖူးစေ့သည် ဝမ်းပြည့်စာဖြစ်ပြီး လူနှင့်တိရစ္ဆာန်များအတွက် အာဟာရဓာတ်တစ်ပြိုင်တည်း ရရှိနိုင်ခြင်း၊ ပြောင်းဖူးစေ့ကို ဆီကြိတ်၍လည်း ဆီကြမ်းကို ဆပ်ပြာနှင့် အလှဆီတို့အတွက် ထုတ်ယူ
အသုံးပြုနိုင်ခြင်း၊ ပြောင်းဖူးဆီကိုသန့်စင်ပြီး စားသုံးသောဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်းရှိသည်။ သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ပြောင်းဖူးဆီသည် စားအုန်းဆီထက် ပိုမိုကောင်းမွန်ပြီး မြေပဲဆီ၊ နေကြာဆီများကဲ့သို့ အရည်အသွေးမကွာခြားလှကြောင်း သိရှိရသည်။
ထို့ပြင် ပြောင်းဖူးဖက်ကိုလည်း ဆေးပေါ့လိပ်အဆီခံအဖြစ် အသုံးပြုနိုင်သည့်အတွက်ပြောင်းဖူးဖက်ဈေးကွက်သည်လည်း အထိုက်အလျောက်ရှိသည်။ ဖျော်ရည်နှင့်ယမကာလုပ်ငန်းများတွင်လည်း အစေ့ထုတ်ပြောင်းကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသုံးပြုကြသည်။
အစေ့ထုတ်ပြောင်း၏ ဈေးကွက်အခြေအနေမြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ဒေသတွင်းနှင့် နိုင်ငံတွင်းဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းချလျက်ရှိသည်။ ကျေးလက်ဒေသများတွင် ပြောင်းဖူးကို စားသုံးရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ မြို့ကြီးများတွင် ပြောင်းဖူးဆန်၊ ပြောင်းဖူးဆီ၊ ပြောင်းဖူးမှုန့်စသည့်ထုတ်ကုန်များကို စားသောက်ကုန်ဆိုင်များတွင် ရောင်းချသည်။ ထို့ပြင် ပြောင်းဖူးကိုစက်မှုလုပ်ငန်းများတွင်ကုန်ကြမ်းအဖြစ်အသုံးပြုကြသည်။ နိုင်ငံခြားတင်ပို့ခြင်းအနေဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ရောင်းချလျက်ရှိသည်။ အစေ့ထုတ်ပြောင်း၏ဈေးနှုန်းသည် ဒေသ၊ ရာသီဥတု၊ ထုတ်လုပ်မှုပမာဏနှင့် ဈေးကွက်လိုအပ်ချက်တို့အပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။
မြန်မာနိုင်ငံရှိ တောင်သူများအတွက် အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရန် အားသာချက်များစွာရှိသည်။ အစေ့ထုတ်ပြောင်းသည် ပြည်ပကိုတင်ပို့နိုင်သောဈေးကွက်ဝယ်လိုအားကောင်းသည့်သီးနှံဖြစ်ပြီး ပြည်တွင်းမွေးမြူရေးကဏ္ဍသည်လည်း နှစ်စဉ်တိုးတက်လာခြင်းကြောင့် တိရစ္ဆာန်အစားအစာအတွက် မရှိမဖြစ်ရောစပ်အသုံးပြုရသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ခိုင်မာသော အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်တိုးတက်လျက်ရှိသည်။
အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံခြားသို့တင်ပို့မှု ပိုမိုတိုးတက်စေရန် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ရန်လိုအပ်သည်။
မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းနှင့် ထွက်ကုန်အရည်အသွေးကို ပိုမိုတိုးတက်စေနိုင်သည်။ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးပြီး ပြောင်းဖူးစေ့များ၏ အရည်အသွေးပိုမိုကောင်းမွန်ပါက ဈေးကောင်းရရှိနိုင်သည်။ ထို့ပြင် ပြောင်းဖူးဆီနှင့် ပြောင်းဖူးမှုန့်ကဲ့သို့သော ထုတ်ကုန်များ၏ ဈေးနှုန်းမှာလည်း နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီအောင် သတ်မှတ်ထားသည်။ အစေ့ထုတ်ပြောင်းသည် လူထုအတွက်အကျိုးပြုမှုများစွာရှိသည်။
ကျေးလက်ဒေသများတွင် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ကျေးရွာလူထု၏ဝင်ငွေကို မြှင့်တင်ပေးနိုင်သည်။လူထုအတွက် အကျိုးပြုမှုများစွာရှိသော အစေ့ထုတ်ပြောင်းကို စနစ်တကျစိုက်ပျိုးထုတ်လုပ်သင့်သည်။
အစေ့ထုတ်ပြောင်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး ဈေးကွက်အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ နိုင်ငံခြားသို့တင်ပို့မှုကိုမြှင့်တင်ခြင်းဖြင့်နိုင်ငံ၏စီးပွားရေးကို ပိုမိုတိုးတက်စေနိုင်သည်။ မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် ကျေးလက်ဒေသများတွင် အဓိကကျသော စိုက်ပျိုးသီးနှံတစ်ခုဖြစ်ပြီး ဒေသတွင်းနှင့်နိုင်ငံခြားဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းချနိုင်သောကြောင့် တောင်သူဦးကြီးများအတွက် စိုက်ပျိုးနည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးနိုင်လျှင် သီးနှံထွက်ကုန်အရည်အသွေးကောင်းသဖြင့် ဈေးကောင်းရရှိကာ အမှန်တကယ် ဝင်ငွေတိုးပွားစေနိုင်ကြောင်း တင်ပြလိုက်ပါသည်။ ။
MWD Web Portal

ယနေ့ကမ္ဘာကြီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့် တက်လာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကလည်း ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ တွဲလျက်မြင့်တက်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အဆိုပါအခြေအနေ အပေါ်မှာ စိုးရိမ်မှုမြင့်တက်လာနေခြင်းသည် အံ့ဩစရာတော့မဟုတ်ပါ။ မျှော်လင့်ချက်ပျောက်သွား ပြီလားလို့တောင်ထင်ရသည့်အခြေအနေတွင် လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီသဘောတူညီချက်အချို့ သည်လမ်းကြောင်းမသွေဖည်သေးဘူးဆိုသည့် အကြောင်းအရာငါးချက်ကိုဖော်ပြခဲ့သည်။ Decarbonisation (ကာဗွန်ထုတ်လွှတ်မှုရပ်တန့်ရေး)နဲ့ Net Zero (ကာဗွန်ထုတ်လွှတ်မှုအလုံးစုံကွ
ယနေ့ကမ္ဘာကြီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့် တက်လာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကလည်း ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ တွဲလျက်မြင့်တက်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အဆိုပါအခြေအနေ အပေါ်မှာ စိုးရိမ်မှုမြင့်တက်လာနေခြင်းသည် အံ့ဩစရာတော့မဟုတ်ပါ။ မျှော်လင့်ချက်ပျောက်သွား ပြီလားလို့တောင်ထင်ရသည့်အခြေအနေတွင် လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီသဘောတူညီချက်အချို့ သည်လမ်းကြောင်းမသွေဖည်သေးဘူးဆိုသည့် အကြောင်းအရာငါးချက်ကိုဖော်ပြခဲ့သည်။ Decarbonisation (ကာဗွန်ထုတ်လွှတ်မှုရပ်တန့်ရေး)နဲ့ Net Zero (ကာဗွန်ထုတ်လွှတ်မှုအလုံးစုံကွယ်ပျောက်ရေး) ဆိုသည့် ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသော်လည်း လက်တွေ့တွင် အဆိုပါဖြစ်စဉ်များကို လိုက်နာနိုင်မှုအားနည်းနေဆဲပင်ဖြစ်သည်။
ဂျာမန်အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် New Climate Institute ၏ လေ့လာမှုအရ ဆိုလာစွမ်းအင်သုံးလုပ်ငန်းများနှင့် လျှပ်စစ်ယာဉ်များတိုးတက်လာခြင်းကိုလည်း ငြင်းမရဘဲ အဆိုပါကိစ္စသည် လမ်းကြောင်းမှန်ဆီကိုဦးတည်နေခြင်းကလည်း အမှန်ပဲဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှုပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ လူထုနှင့်နိုင်ငံရေးဟောပြောချက်များတွင် အဓိကအကြောင်းအရာဖြစ်လာနေသည်။ မီဒီယာများတွင်လည်းအဆိုပါကိစ္စသည် လွှမ်းခြုံကြီးထွားလာသလို ပညာရေးတွင်လည်း ထည့်သွင်းပါဝင်မှုများရှိလာသည်။ လက်နက်ကိုင်အဖွဲ့အစည်းများတွင်လည်း အဆိုပါအကြောင်းရင်းသက်ရောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားနေသည်။
သို့ဖြစ်ရာ ရာသီဥတုဆိုင်ရာဆန္ဒပြမှုများနှင့် လူမှုရေးလှုပ်ရှားမှုများ အားကောင်းလာသည်နှင့်အမျှ အရေးယူဆောင်ရွက်ရန် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများအပေါ်ဖိအားများ တိုးလာနေသည်။
ရာသီဥတုဆိုင်ရာ တရားစွဲဆိုမှုမှတစ်ဆင့် ၎င်းတို့အား တရားရုံးတွင် တာဝန်ခံနိုင်စေရန် ထည့်သွင်းတွက်ချက်ခြင်းဆိုင်ရာ သိပ္ပံပညာတွင်လည်း တိုးတက်မှုရှိလာခဲ့သည်။ ယခုနှစ်တွင် ပေါ်တူဂီလူငယ်များ၊ ယူကေ သဘာဝပတ်ဝန်းကျင်ပရဟိတအဖွဲ့နှင့် ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg တို့သည် ၎င်းတို့၏နိုင်ငံများကို တရားစွဲဆိုနိုင်ခဲ့ကြသည်။
နိုင်ငံအများစုသည် ကာဗွန်ထုတ်လွှတ်မှု သုညကို ရည်မှန်းလာကြပြီး အပူချိန်မြင့်တက်မှုခန့်မှန်းချက်ကတော့ နည်းပါးနေပါသေးသည်။ အစိုးရများကနေ စီးပွားရေးလုပ်ငန်းကြီးများသို့ ကာဗွန်ထုတ်လွှတ်မှု သုညပန်းတိုင်ဖြစ်စေရန် ညွှန်ကြားချက်တွေပေးနေခြင်းကတော့ နေရာအနှံ့မှာရှိလာသည်။
သို့သော်လည်း ၂၀၁၅ ခုနှစ်တုန်းက ဘူတန်နိုင်ငံတစ်ခုတည်းသာထိုကဲ့သို့ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုသည့် နိုင်ငံ ၉၀ ကျော်က ၎င်းနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်နေကြပြီလည်းဖြစ်သည်။ ကာဗွန်ကင်းစင်ရေးနှင့်ပတ်သက်သည့်အမြင်တွေက နိုင်ငံအချင်းချင်းကြားက စီးပွားရေးလုပ်ငန်းများပူးပေါင်းလုပ်ဆောင်မှုမှာ ကမ္ဘာ့အဆင့်အနေနှင့် ပါဝင်လာနေသည်။ ဤလျှော့ချမှုများကိုပြီးမြောက်စေရန်နှင့် ၁ ဒသမ ၅ ဒီဂရီ ကန့်သတ်ချက်အတွက်လည်း ဦးစားပေးလာကြသည်။ လက်ရှိနှုန်းအတိုင်းဆိုလျှင် ၂၁၀၀ ပြည့်နှစ်တွင် အပူချိန် ၃ ဒသမ ၆ ကနေ ၃ ဒသမ ၉ ဒီဂရီအထိမြင့်တက်လာမည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ အဆိုပါခန့်မှန်းချက်များသည် ၂ ဒသမ ၇ ဒီဂရီသို့ကျဆင်းသွားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ရာသီဥတုဖောက်ပြန်မှုများကိုကာကွယ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များက တီထွင်ကြံဆထုတ်လုပ်လာသည့် ကျောက်မီးသွေးအစားထိုးနိုင်သော ပစ္စည်းတစ်မျိုးမှာ အနာဂတ်တွင် ဈေးကွက်ဖြစ်ထွန်းလာနိုင်မည့် ဇီဝမီးသွေးပဲဖြစ်သည်။ ဇီဝမီးသွေး(ဘိုင်အိုချာ)ဆိုတာက စိုက်ပျိုးရေးလုပ်ငန်းများက ထွက်လာသည့် အပင်ထွက်အစအနအလေအလွင့်များကို မီးသွေးဖြစ်အောင်ဖုတ်ထားခြင်းဖြစ်သည်။
Biochar သည် Pyrolysis ဟုခေါ်သော အောက်ဆီဂျင်နည်းသောအခြေအနေတွင် ဇီဝဒြပ်ထု(Biomass)ကို အပူပေးခြင်းဖြင့် ထုတ်လုပ်သောမီးသွေးနှင့်တူသောပစ္စည်း ဇီဝမီးသွေးပင်ဖြစ်သည်။ ၎င်း၏ထူးခြားသောဂုဏ်သတ္တိများနှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေသော အလားအလာကောင်းများကြောင့် ကာဗွန်စုပ်ယူခြင်းအတွက် အစွမ်းထက်သောကိရိယာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံနေရသည်။ ဇီဝမီးသွေး(Biochar)သည် အလွန်တည်ငြိမ်ပြီး ကာဗွန်ကိုမြေဆီလွှာတွင် ရာစုနှစ်များစွာ သိမ်းဆည်းထားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် Pyrolysis လုပ်ငန်းစဉ်သည် ဇီဝဒြပ်ထု (Biomass) အတွင်းရှိ ကာဗွန်ကိုပြိုကွဲပျက်စီးမှုခံနိုင်ရည်ရှိသောပုံစံသို့ ပြောင်းလဲပေးသောကြောင့်ဖြစ်သည်။ မြေဆီလွှာတွင် ထည့်သွင်းသောအခါ ဇီဝမီးသွေး (Biochar)သည် ၎င်းမြေကြီး၏ မြေဆီဩဇာ၊ ရေထိန်းသိမ်းမှုနှင့် အာဟာရရရှိနိုင်မှုတို့ကို တိုးတက်မြင့်မားစေသည်။ ၎င်းသည် အပင်ကြီးထွားမှုကို အားကောင်းစေပြီး လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကို ပိုမိုစုပ်ယူနိုင်သည်။ ဇီဝမီးသွေး (Biochar) ထုတ်လုပ်မှုသည် မီသိန်း (Methane) နှင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကဲ့သို့သော ဖန်လုံအိမ် ဓာတ်ငွေ့များထွက်လာမည့် ပြိုကွဲ (Decompose) နိုင်သော စိုက်ပျိုးရေးနှင့် သစ်တောစွန့်ပစ်ပစ္စည်းများကို အသုံးချနိုင်သည်။ ၎င်းစွန့်ပစ်ပစ္စည်းများကို ဇီဝမီးသွေး (Biochar) အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကိုလျှော့ချပေးနိုင်သည်။ သိပ္ပံသဘောအရဆိုလျှင် ဇီဝအကြွင်းအကျန်များကို ပိုင်ရိုလိုက်စစ်ဖြစ်စဉ်အရ အောက်ဆီဂျင်နည်းတဲ့နေရာမှာမီးရှို့ပြီး ကျန်တဲ့အကြွင်းအကျန်အခဲတွေကို ဆိုလိုခြင်းဖြစ်သည်။ ဘိုင်အိုချာတွေကို Pyrolysis ဟုခေါ်သော ဖြစ်စဉ်မှတစ်ဆင့် အောက်ဆီဂျင်အကန့်အသတ်ဖြင့် အော်ဂဲနစ်ပစ္စည်းများကို အပူပေးခြင်းဖြင့် ပြုလုပ်ထားသည်။
စိုက်ပျိုးရေးလုပ်ငန်းများက အကြွင်းအကျန်များနဲ့ အခွံမာသီး၊ အစေ့ထုတ်လုပ်ငန်းများကထွက်လာသည့်အကြွင်းအကျန်များကို မီးသွေးဖုတ်လိုက်ခြင်းသည် မြေဩဇာရအောင် အပုပ်ခံအဆွေးခံဒီအတိုင်းလွှင့်ပစ်ပြီးထားခြင်းထက် ကာဗွန်ကိုပိုမိုထိန်းသိမ်းထားလို့ရသည့်အပြင် စွမ်းအင်အတွက်အထောက်အကူဖြစ်စေသည်။ ၎င်းကိုဆေးဝါးပါဝင်ပစ္စည်းအဖြစ်၊ လမ်းတည်ဆောက်ရေးပစ္စည်းအဖြစ်၊ အုတ်ကွန်ကရစ်အဖြစ်စသည်ဖြင့် အသုံးပြုနိုင်သည်။ “ဒါ့ကြောင့် ဘိုင်အိုချာကို အသုံးချမှုမှာအကန့်အသတ်မရှိပါဘူး” ဟု ဘိုင်အိုချာထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးကဆိုဖူးသည်။ စိုက်ပျိုးရေးလုပ်ငန်းများကထွက်လာသည့် ဘိုင်အိုချာများက စိုက်ပျိုးရေးလုပ်ငန်းများကို အများကြီးအကျိုးဖြစ်ထွန်းစေသည်။ ဘိုင်အိုချာသုတေသီ ရီဘတ်ကာက ဘိုင်အိုချာများသည် မြေဆီလွှာ၏ထုတ်လုပ်မှုနှင့် အထွက်နှုန်းကို မြှင့်တင်ပေးနိုင်ကြောင်းပြသသည့် သုတေသနများစွာလုပ်ခဲ့ပြီးပြီဟုဆိုသည်။ မြေဆီလွှာကို ကာဗွန် ၁ ရာခိုင်နှုန်းတိုးပြီးထည့်တိုင်း တစ်ဟက်တာမှာ ရေကို ၁၀ တန်ကနေ ၃ဝ တန်အထိ ထိန်းသိမ်းနိုင်မှုတိုးလာမည်ဟု ၎င်းကဆိုသည်။ ဩစတြေးလျတွင်ဘိုင်အိုချာတစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ ခန့်ဈေးပေါက်သည်။ တိရစ္ဆာန်အစာအတွက် စိုက်ပျိုးရေးလုပ်ငန်းထွက် အကြွင်းအကျန်များကိုရောင်းလျှင် ယခင်တုန်းက တစ်တန်ကို ဒေါ်လာ ၂၀၀ လောက်ရနေရာက နောက်ပိုင်းမှာတစ်တန်ကို ဒေါ်လာ ၃၀ ပဲရတော့သည့်အတွက် ဘိုင်အိုချာလုပ်ပြီးရောင်းတာကပိုပြီး အကျိုးအမြတ်ရသည်ဟုဆိုသည်။ ရိုးရိုးမီးသွေးကိုသုံးလျှင် အပူချိန်က ၃၀၀ ဒီဂရီဆဲလ်စီးယပ်ကျော်ပဲရသည်။ ဘိုင်အိုချာတွေကတော့ ၆၀၀ ကနေ ၁၀၀၀ အတွင်းရနိုင်သည်။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ အစားထိုးသုံးနိုင်သလို LPG ဓာတ်ငွေ့နေရာတွင်လည်း အစားထိုးလို့ရနိုင်သည်။
သဘာဝပတ်ဝန်းကျင်ကိုအထောက်အပံ့ဖြစ်စေရုံမက ချွေတာရာလည်း အများကြီးဖြစ်သည့်အတွက် အနာဂတ်ဘိုင်အိုချာများကဈေးကွက်တစ်ခုဖြစ်လာနိုင်စရာရှိတယ်လို့ ပညာရှင်များက တညီတညွတ်တည်းသုံးသပ်ထားကြသည်။
အချုပ်အားဖြင့်ဆိုရပါလျှင်လျှပ်စစ်စွမ်းအင်လိုအပ်ချက်မြင့်မားနေသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံမျိုးတွင်ယခုကဲ့သို့စွမ်းရည်မြင့်မားသော ကျောက်မီးသွေး အစားထိုးနိုင်သည့် ဇီဝမီးသွေးလိုပစ္စည်းမျိုးကို တွင်ကျယ်စွ ာအသုံးပြုလာနိုင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ပိုမိုသန့်စင်စွာထုတ်လုပ်လာနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းထွက် အကြွင်းအကျန်များပြားစွာ ထွက်ရှိနေရာ အလဟဿဆုံးရှုံးသွားစေမည့်အစား လျှပ်စစ်စွမ်းအင်မြောက်မြားစွာထုတ်လုပ်နိုင်သော ဇီဝမီးသွေးကိုသာ စီးပွားဖြစ်ထုတ်လုပ်လာနိုင်မည်ဆိုပါက အနာဂတ်ကာလတွင်လျှပ်စစ် စွမ်းအင်ရရှိရေးအတွက် များစွာခေတ်စားလာနိုင်မည့်ပစ္စည်းတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

သရက်သီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးသောအသီးဖြစ်ပြီးရာသီစာအသီးတစ်မျိုးဖြစ်သည်။ သရက်သီးကို လူကြိုက်လည်းများသည်။ သရက်သီးမကြိုက်သူက အလွန်ရှားပါးသည်။ ဆီးချိုရှိသူနှင့် သရက်သီးဓာတ်မတည့်သူလောက်သာ သရက်သီးကိုရှောင်ကြသည်။
ထို့ကြောင့် ရှေးလူကြီးများက “အသီးမှာ သရက်”ဟု ဆိုရိုးပြုကြဟန်တူသည်။ သရက်သီးသည် ရာသီ ပေါ်အသီးတစ်မျိုးဖြစ်သော်လည်း ယခုအခါ ရာသီမရွေးဝယ်ယူစားသုံးနိုင်သော အသီးဖြစ်လာသည်။

တချို့သရက်သီးများဆိုလျှင် ရာသီကုန်သွားသော်လည်း စျေးကွက်မှာဝယ်ယူရရှိနိုင်သည်။ သို့သော် စျေးကြီးလှသည်။ သရက်သီးကို အစိမ်းစားကြသည်။ အမှည့်အဖြစ်လည်းစားကြသလို သရက်ယို၊ သရက်ပျဉ်၊ သရက်သီးသနပ် စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ယနေ့ခေတ်မှာ သရက်သီး သည် စျေးကွက်ရှိသောအသီးတစ်မျိုးဖြစ်လာသလို စျေးကောင်းသောအသီး တစ်မျိုးလည်း ဖြစ်လာသည်။ ထို့ကြောင့် နှစ်ရှည်ပင်ဖြစ်သောသရက်သီးကို စီးပွားဖြစ်စိုက်ပျိုးသင့်သည်။ နှစ်ရှည်ပင်အသီးတစ်မျိုးဖြစ်သောသရက်ကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးရာတွင် သိသင့်သည်များကိုလေ့လာတင်ပြသွားမည်ဖြစ်သည်။
သရက်ပင်၏မူရင်းဒေသနှင့်သရက်မျိုးများ
သရက်ပင်၏မူရင်းဒေသကို အိန္ဒိယနိုင်ငံ၊ အရှေ့တောင်အာရှနှင့်မြန်မာနိုင်ငံဟုသတ်မှတ်ထားကြသည်။ သရက်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အခြားသောအသုံးအဆောင်နှင့်စားဖွယ်များပြုလုပ်ရန်အတွက်လည်းကောင်းစိုက်ပျိုးခဲ့ကြသည်။ သရက်သီး၏ သိပ္ပံအမည်မှာ Mangiferaindica ဖြစ်ပြီး မျိုးရင်းမှာ Anacardiaceae ဖြစ်သည်။ အင်္ဂလိပ်လို Mango ဟုခေါ်သည်။ သရက်မျိုးအများအပြားရှိသည်။ စာရေးသူသိသလောက်ကိုဖော်ပြပါမည်။ မစိုးမင်းသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ နို့ဆီသရက်၊ စိမ်းစားသရက်၊ ပါးနီသရက်၊ ဒူးရင်းသရက်၊ စိန်တစ်လုံးသရက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက် စသည်ဖြင့်အမျိုးမျိုးရှိသည်။ အခြား သရက်မျိုးများလည်းရှိနိုင်သေးသည်။ ယနေ့မြန်မာနိုင်ငံတွင် လူသိများသောသရက်မျိုးမှာ စိန်တစ်လုံး သရက်ဖြစ်သည်။ သရက်သီးကို မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာ အနီးအဝေး စသည်တို့မှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုး၍ သော်လည်းကောင်း ဖြစ်ထွန်းသည်။ သရက်မျိုးပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။ နိုင်ငံ ၆၄ နိုင်ငံမှ သရက်မျိုးပွားပေါင်း ၁၅၉၅ မျိုးခန့်ရှိ ကြောင်းလည်းသိရသည်။ သရက်သီးကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးထုတ်လုပ်ရာတွင် လုပ်ဆောင်သင့်သည်များကိုဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။
စိုက်ပျိုးမြေနှင့်ရာသီဥတု
နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမြေရွေးချယ်ခြင်းသည်အရေးကြီးသောအချက်ဖြစ်သည်။ စိုက်ပျိုးမြေသည် ဇီဝနှင့်ဓာတုဆိုင်ရာအန္တရာယ်ရှိသည့်မြေမျိုးမဖြစ်ရပါ။ ထိုမြေမျိုးဖြစ်ပါက စိုက်ပျိုးမည့်အပင်သည် ရှင်သန်မှုရှိမည်မဟုတ်ပေ။ သရက်စိုက်ပျိုးမည့်မြေသည် ရေစိမ့်ဝင်မှုကောင်းသောမြေမျိုးဖြစ်ရမည်။ မြေချဉ်ငန်ကိန်းသည် ၅ ဒသမ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။ သရက်ပင်စိုက်ပျိုးမည့်မြေသည် မြေအောက်ရေမျက်နှာပြင် မြေအနက် ၆ ပေ အောက်ရှိခြင်းကိုနှစ်သက်သည်။ ရာသီဥတုအနေဖြင့် သရက်ပင်သည်ပူအိုက်စွတ်စိုသောရာသီဥတု၊ သမပိုင်းရာသီတို့ကို နှစ်သက်သည်။ အပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၀ မှ ၁၅ အကြားနှင့် မိုးရေချိန်လက်မ ၃၀ မှ ၁၀၀ ခန့်ရွာသောဒေသများ၌ ပိုဖြစ်ထွန်းရှင်သန်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ အထိစိုက်ပျိုးနိုင်သလို ပင်လယ်ရေမျက်နှာပြင် ပေ ၂၀၀၀ အောက်ဒေသများမှာလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ထို့ပြင် အမြင့်ပေ ၂၀၀၀ အထက်မြင့် သောဒေသများမှာ စီးပွားဖြစ်မစိုက်ပျိုးသင့်ဟုဆိုသည်။ ရေဝပ်သည့်မြေမျိုးမှ လုံးဝမစိုက် ပျိုးသင့်ပါ။ ထို့ပြင် စိုက်ပျိုးမည့်ဒေသသည် တစ်နှစ်လျှင် ငါးလ၊ ခြောက်လခန့် ခြောက်သွေ့ ရန်လည်း လိုအပ်သည်။
မျိုးရွေးချယ်ခြင်းနှင့်ပျိုးထောင်ခြင်း
သရက်ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စတင်စိုက်ပျိုးတော့မည်ဆိုလျှင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးဖို့လိုသည်။စိုက်ပျိုးမည့်ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းရှင်းရမည်။ အရည်အသွေးကောင်းပြီး စျေးကွက်ဝင်သောမျိုးကိုရွေးချယ်စိုက်ပျိုးသင့်သည်။ သရက်ပင်ကို အစေ့မှလည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ ပျိုးထောင်ရာတွင် သရက်သီးမျိုးကောင်း၊ မျိုးသန့်၊ပိုးမွှားရောဂါကင်းရှင်းသောအသီးမှ အစေ့ကိုယူ၍ ပျိုးထောင်ရမည်။
သရက်ပင်ကိုင်းဆက်မျိုးပွားနည်း
အထက်ဖော်ပြပါအတိုင်း အစေ့ကိုပျိုးထောင်မစိုက်ဘဲ ကိုင်းဆက်မျိုးပွား၍လည်းစိုက်ပျိုးနိုင်သည်။ ကိုင်းဆက်မျိုးပွားရာတွင် မျိုးပွားနည်း သုံးနည်းရှိသည်။
၁။ သစ်နုပိုင်းကိုင်းဆက်ခြင်း - သစ်နုပိုင်းကိုင်းဆက်မည်ဆိုပါလျှင် ကိုင်းဆက်မည့်အပင်သည် သက်တမ်းတစ်နှစ်သားအရွယ်ဖြစ်ရမည်။
တစ်နှစ်သားအရွယ်အောက်ခံပင်အဖြစ်အသုံးပြုလျှင် အညွန့်သစ်ထွက်ပြီး အရွက်ကြေးနီရောင်ပြောင်းလျှင် သစ်နုပိုင်းကိုင်းဆက်ရန်အကောင်းဆုံးဖြစ်သည်။ အဖူးကိုင်းအတွက်မူ သက်တမ်း ၃-၄ လရှိသော အကိုင်းကို အသုံးပြုရမည်။ အဖူးကိုင်းမှအရွက်ပြားများကို ကိုင်းမဆက်မီတစ်ပတ်က ကြိုတင် ဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်၏အညွန့်အဖျားပိုင်းကိုဖြတ်ပြီး အဖူးကိုင်းကိုသပ်သွင်းဆက်နည်းဖြင့် အောက်ခံပင်ပေါ်တွင်ဆက်ပေးရမည်။ ကိုင်းဆက်ထားသည့် နေရာကို ပလတ်စတစ်ဖြင့် ပတ်ပေးထားပါ။
၂။ ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း - ဤနည်းဖြင့် ကိုင်းမျိုးပွားမည်ဆိုလျှင် အဖူးကိုင်းသည် သုံးလသားရှိပြီး အဖူးကိုင်းနိုးကြားစေရန် သစ်နုကိုင်းနည်းမှာကဲ့သို့ အရွက်ပြားများကိုဖြတ်ပေးထားရသည်။
ထို့နောက် အောက်ခံပင်စည်ကို အလျား ၅ စင်တီမီတာခန့်စောင်း၍ အခေါက်နှင့်အသားအနည်း ငယ်ပြတ်အောင် အတွင်းဘက်သို့စိုက်လှီးပေးရမည်။ထို့နောက်ပထမဓားချက်အဆုံး အထက်နားလောက်တွင်အထစ်ကျန်စေရန် ဒုတိယဓားချက်လှီးခြင်းဖြင့် အောက်ခံပင်မှ အခေါက်နှင့် အသားစကိုဖယ်ထုတ်ပါ။ အဖူးကိုင်းအပင်ကိုလည်းအောက်ခံပင်ဖြတ်သည့်အတိုင်းဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်နှင့်အဖူးကိုင်းကို ပါးချင်းအပ်ဆက်ပြီး ၁ ဒသမ ၅ စင်တီမီတာ အပြားရှိသောကြိုးဖြင့်တင်းကျပ်အောင်ချည်ပေးရမည်။ အဖူးကိုင်းအဖျားမှအညွန့်သစ်များထွက်လာပြီး သုံးပတ်အကြာ အောက်ခံပင်အပေါ်ပိုင်းကိုဖယ်ရှားဖြတ်တောက်ပါ။ နှစ်လသုံးလကြာမှ ချည်ထားသော ပလတ်စတစ်ကြိုးကိုဖယ်ပါ။
၃။ အစေ့အညှောက်ကိုင်းဆက်ခြင်း - ဤနည်းဖြင့်ကိုင်းဆက်မည်ဆိုပါက အစေ့မှအညှောက်ပေါက်ပြီး ၄-၈ ရက်သားအပင်ကို အောက်ခံပင်အဖြစ် အသုံးပြုရသည်။ သင့်လျော်သောလုံးပတ်ရှိသည့် အဖူးကိုင်းကို ကြိုတင်အရွက်ခြွေထားရမည်။ ထို့နောက် သစ်နုပိုင်းကိုင်းဆက်နည်း သို့မဟုတ် ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း တစ်နည်း နည်းကိုအသုံးပြု၍ကိုင်းဆက်နိုင်သည်။
သရက်ပင်စိုက်နည်းစနစ်
သရက်စတင်စိုက်ပျိုးတော့မည်ဆိုလျှင် စိုက်ပျိုးမည့်နေရာကို မိုးမကျမီ မတ်လ၊ ဧပြီလလောက်ကတည်းက ကြိုတင်ပြုပြင်မှုများပြုလုပ်ရမည်။မြေပြင်ခြင်း၊ မြေအနေအထားအရ ရေသွင်း၊ ရေထုတ် ပြုလုပ်နိုင်မည့် ရေနုတ်မြောင်းများကို ပြုလုပ်ထားရမည်။ စိုက်ပျိုးမြေအမျိုးအစား၊ လေဝင်လေထွက် ကောင်းစေရန် သင့်လျော်သောပင်ကြား၊ တန်းကြားဖြင့် ကျင်းတူး၍စိုက်ပျိုးရမည်။ စိုက်ကျင်းအရွယ် အစားမှာမူ ၂ ပေပတ်လည်ဖြစ်သည်။
- ပင်ကြားပေ ၃၀၊ တန်းကြားပေ ၃၀ စိုက်မည်ဆိုလျှင် တစ်ဧကကို ၄၈ ပင်ဝင်ဆံ့သည်။
- ပင်ကြားပေ ၂၀၊ တန်းကြားပေ ၂၀ စိုက်မည်ဆိုလျှင်တစ်ဧကကို ၁၀၈ ပင်ဝင်ဆံ့သည်။
- ပင်ကြား ၁၅ ပေ၊ တန်းကြား ၁၅ ပေစိုက်မည်ဆိုလျှင် တစ်ဧက ကို ၁၉၃ ပင်ဝင်ဆံ့သည်။ သတိပြုရမည့်အချက်မှာ သရက်ပင်သည် ကိုင်းဖြာထွက်သောအပင်မျိုးဖြစ်သဖြင့် ခပ်စိပ်စိပ်စိုက်မည် ဆိုပါက အပင်ငယ်စဉ်ကပင် ကိုင်းဖြတ်ပုံသွင်းပေးဖို့လိုအပ်သည်။
စိုက်ကျင်းအတွင်းသို့ နွားချေးရှစ်ပြည်၊ ကျောက်မှုန့်နို့ဆီဘူးလေးဘူး၊ပိုတက်နို့ဆီဘူးတစ်ဘူး၊ စပါးခွံ ရှစ်ပြည်တို့ကို အပေါ်ယံမြေနှင့်ရော၍ဖို့ပေးရမည်။ အပင်များကို စိုက်ပျိုးရာတွင် ညနေပိုင်း၌သာ စိုက်ပျိုး ရမည်။
ပေါင်းမြက်နှိမ်နင်းခြင်းနှင့်ရေသွင်းခြင်း
ပေါင်းမြက်ကိုမူ အပင်ပတ်ဝန်းကျင်အပေါ်မူတည်၍ ရှင်းလင်းပေးသင့်သည်။ အပင်ပတ်ဝန်းကျင်၌ ပေါင်းမြက်ထူလာပါက ရှင်းလင်းပေးရမည်။ ပေါင်းသတ်ဆေးမကြာခဏအသုံးပြုခြင်းကို ရှောင်ကြဉ် ရမည်ဖြစ်သည်။ ရေသွင်းရာတွင်မြေအနေအထားကိုကြည့်ရမည်။ ပထမအကြိမ်ရေပေးသွင်းခြင်းကို သရက်သီးကင်းဝင်ချိန်ဆောင်ရွက်ပါ။ ဒုတိယအကြိမ်ရေပေးသွင်းခြင်းကို ပထမအကြိမ်ရေပေးသွင်းပြီး တစ်လအကြာမှာ ပေးသွင်းရမည်။ ထိုအချိန်၌ သရက်သီးသည် ပေသီးလုံးအရွယ်ခန့်ဖြစ်နေသည်။
တတိယအကြိမ်ရေပေးသွင်းခြင်းကို ဒုတိယအကြိမ်ရေသွင်းပြီး ရက် ၂၀-၃၀ သရက်သီးမရင့်မီ ပေးသွင်းရမည်။ ရေပေးသွင်းရာတွင်သတိပြုရမည့် အချက်မှာ သရက်ပန်းပွင့်ချိန်နှင့်သရက်သီးမခူးမီ တစ်လအလိုတွင်ရေသွင်းခြင်းမပြုလုပ်ရပါ။ အပင်ငယ်စဉ် နွေရာသီလိုအခါမျိုး၌ နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရသည်။ အထူးသဖြင့် သရက်သီးကင်းဝင်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ ရေအလို အပ်ဆုံးအချိန်ဖြစ်သည်ကိုသတိပြုဖို့လိုသည်။
သက်တမ်းအလိုက်မြေဩဇာကျွေးခြင်း
မြေဩဇာကျွေးရာတွင် အသီးမတင်သေးသည့်အပင်အတွက် မြေဩဇာနှင့် အသီးသီးလျက်ရှိနေသော အပင်အတွက်မြေဩဇာဟူ၍ခွဲထားသည်။ တစ်နှစ်သားအရွယ်သရက်ပင်ငယ်များအတွက် ယူရီးယား ၁၇၀ ဂရမ်၊ စူပါဖော့စဖိတ် ၁၁၂ ဂရမ်၊ ပိုတက်ဆီယမ်ကလိုရိုက် ၁၁၄ ဂရမ်နှုန်းကျွေးပေးရသည်။ ဓာတ်မြေဩဇာကို အပင်သက် ၁၀ နှစ်အထိ ပထမနှစ်ကျွေးသည့်နှုန်းထားကို ဆတိုးထည့်သွင်းပေးရ ကြောင်း သိရသည်။
အသီးသီးနေသောအပင်များအတွက် ဇွန်၊ ဇူလိုင်လတို့တွင် N P K ထည့်ရမည့်ပမာဏ အတိုင်း ထည့်ပေးပါ။ N ၁၇၀ ဂရမ်၊ P2O2 ၁၈၀ ဂရမ်၊ K2O ၆၈၀ ဂရမ်ကို နှစ်ကြိမ်ခွဲကျွေးပေးရမည်။ အပင် သက်တမ်းအလိုက်မြေဩဇာကျွေးနှုန်းကိုလည်းဖော်ပြပါမည်။
ပင်သက်/သဘာဝမြေသြဇာ/ N. / Ph. / P
- ၁နှစ်သား - ၅. - ၁၀၀- ၅၀. - ၁၀၀
- ၂ နှစ်သား - ၁၀. - ၂၀၀-၁၀၀ - ၂၀၀
- ၃ နှစ်သား - ၁၅. - ၃၀၀ - ၂၀၀ - ၃၀၀
- ၄ နှစ်သား - ၂၀. - ၄၀၀ - ၃၀၀ - ၄၀၀
- ၅ နှစ်သား - ၂၅. - ၅၀၀ - ၄၀၀ - ၅၀၀
- ၆ နှစ်သား - ၃၀. - ၆၀၀ - ၅၀၀ -၆၀၀
- ၇ နှစ်သား - ၃၅. - ၇၀၀ - ၆၀၀ - ၇၀၀
- ၇ နှစ်သားအထက် - ၅၀. - ၁၀၀၀ - ၅၀၀ - ၁၀၀၀
အထက်ဖော်ပြပါသက်တမ်းအလိုက်အစာကျွေးနှုန်းများတွင် သဘာဝမြေဩဇာသည်ကီလိုဂရမ်ဖြစ်ပြီး နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်(Ph)နှင့်ပိုတက်ဆီယမ်(P)သည် ဂရမ်ဖြစ်သည်။
ဖျက်ပိုးနှင့်ရောဂါများ
သရက်ပင်၌ ဖျက်ပိုးများ ကျရောက်တတ်သည်။ သီးထိုးယင်၊ အစေ့ထိုးပိုး၊ အသားထိုးပိုး၊ ပင်စည်ထိုးပိုး၊ ဖြုတ်ပိုး၊ အကြေးပိုးနှင့် ပိုးစေးနှဲတို့ဖြစ်သည်။ သီးထိုးယင်သည် သရက်သီးမှည့်ကိုဖျက်ဆီးတတ်သည်။ ထိုပိုးကျပါက အသီးအရောင်ပျက်ခြင်း၊ အက်ကွဲခြင်း၊ အနာကွက်များဖြစ်ခြင်း စသည့်လက္ခဏာများတွေ့ရတတ်သည်။ ထိုအခါ ထိသေဆေးတစ်မျိုးမျိုးကိုအညွှန်းအတိုင်းအသုံးပြုပါ။ အစေ့ထိုးပိုးသည် သီးကင်းချိန်မှစ၍ ခူးဆွတ်ချိန်အထိကျရောက်တတ်သည်။ လက္ခဏာမှာ သေးငယ်မည်းနက်သောမျဉ်းကွေးပုံသဏ္ဌာန်အစက်များအသီးပေါ်တွင်တွေ့ရတတ်သည်။ထိုအခါ ထိသေပိုးသတ်ဆေးကိုအညွှန်းအတိုင်းအသုံးပြုပေးရမည်။
ပင်စည်ထိုးပိုးသည် သရက်ပင်အတွက် အလွန်အန္တရာယ်များသော ပိုးဖြစ်သည်။ အပင်ခြောက်၍သေခြင်း၊ အကိုင်းခြောက်ခြင်းဖြစ်တတ်သည်။ ထိုအခါ အသီးအထွက်လျော့နိုင်သည်။ ထိုပိုးကျပါက ပိုးကျသောကိုင်းကိုဖြတ်ပါ။ ပိုးသတ်ဆေးနှင့်ထုံးရော၍ ပင်စည်ကိုသုတ်ပေးရမည်။ သရက်ပင်ရောဂါများမှာ မှည့်ပြောက်စွန်းရောဂါ၊ ပန်းခိုင်ခြောက်ရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ မီးခိုးရောင်ရွက်ပြောက်ရောဂါ စသည်တို့ဖြစ်သည်။
မှည့်ပြောက်စွန်းရောဂါသည် အရွက်နုထွက်ချိန်၊ ပန်းခိုင်ထွက်ချိန်နှင့်အသီးခူးပြီးချိန်၊ ပူပြင်းစိုစွတ်ချိန်တို့မှာဖြစ်တတ်သည်။အရွက်၊ အကိုင်း၊ အသီးတို့တွင်ရွက်ခြောက်လက္ခဏာများတွေ့ရသည်။ ထိုအခါ ဓာတုမှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရသည်။ ဖားဥမှိုရောဂါသည် ပွင့်ပိုင်းများမှ အဓိကဝင်ရောက်သည်။ ထိုအခါ အသီးတင်နှုန်းကိုထိခိုက်စေသည်။ အရွက်ပေါ်တွင် အဖြူ သို့မဟုတ် မီးခိုးရောင်မှိုမျှင်ကွက်များ ဖြစ်ပေါ်နေတတ်သည်။ ထိုအခါ သင့်လျော်ရာဓာတုဆေးတစ်မျိုးမျိုးဖျန်းပေးရမည်။
သရက်သီးထုတ်ကုန်နှင့်ပြည်ပပို့ကုန်သရက်သီး
သရက်သီးသည်စျေးကွက်ဝင်သောအသီးဖြစ်သည်။ ယနေ့စျေးကွက်မှာလည်း စျေးကောင်းသည်။ သရက်ပင်က နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပြီး တစ်သက်အကျိုးအမြတ်ရနိုင်သောအပင်မျိုးဖြစ်သည်။ ၅-၁၀ နှစ်သားအပင်တစ်ပင်ကို အလုံး ၁၀၀ ခန့်သီးနိုင်ပြီး ၁၂ နှစ်သားတစ်ပင်လျှင် အလုံး ၅၀၀ မှ ၁၅၀၀ အထိ သီးနိုင်သည်။ ၂၁ နှစ်သားအထက်သရက်တစ်ပင်ဆိုလျှင် ၁၅၀၀ ခန့် သီးနိုင်သည်။ သရက်ပင်က သီးကင်းလေးများကြွေကျတတ်သည်။ ထိုသီးကင်းလေးများကိုကောက်ယူ၍ သရက်သီးဆားရည်စိမ်ပြုလုပ်၍ ရောင်းချသည်လည်းရှိသည်။
ထို့ပြင် သရက်သီးပိုးတီလှီး၍ သရက်ချဉ်ပြုလုပ်ပြီးလည်းရောင်းချကြသည်။ ထို့ပြင် သရက်သီးသနပ်၊ သရက်သီးယို၊ သရက်ပျဉ်စသည်ဖြင့် သရက်သီးထုတ်ကုန်များပြုလုပ်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်များရရှိနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင်လူကြိုက်များသောစိန်တစ်လုံးသရက်လည်းရှိသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်က တစ်လုံး ၅၀၀ လောက်ပေးရသည်။ယခုဆို ၁၀၀၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။ ရုရှားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စိန်တစ်လုံးသရက်သီးနှင့်သရက်ခြောက်များကို ဝယ်ယူဖို့ကမ်းလှမ်းထားကြောင်း သတင်းစာတစ်စောင်မှာ ဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့စိန်တစ်လုံးသရက်သည် ပြည်ပစျေးကွက်ဝင်သရက်ဖြစ်သည်။သရက်သီးသည် ယခင်ကလည်းပြည်ပပို့ကုန်တစ်ခုဖြစ်ခဲ့သည်။
၂၀၁၅-၂၀၁၆ လောက်က သရက်တန်ချိန်ထောင်ပေါင်း ၂ ဒသမ ၇၈ တန်တင်ပို့နိုင်ခဲ့ရာ ပြည်ပဝင်ငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၄၇ သန်းရရှိခဲ့သည်ဟု မှတ်သားခဲ့ရဖူးသည်။ စိန်တစ်လုံးသရက်ကိုလည်း နိုင်ငံခြားစျေးကွက်သို့တင်ပို့ရာ ၂၅၀ ဂရမ်၊ ၃၀၀ ဂရမ်အရွယ်အစားရှိ စိန်တစ်လုံးသရက်သီးတစ်တန်ကို ၁၂၅၀၀၀၀ ကျပ်ရရှိကြောင်း သိရသည်။ သရက်ထုတ်ကုန်အနေဖြင့် သရက်ပျဉ်ရသည်။ ထိုခြံများမှ သရက်သီးစိမ်းများကိုဝယ်ယူ၍ သရက်ချဉ်ပြုလုပ်ရောင်းချသူများလည်းရှိသည်။ ထိုလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်သည်။
ယခုကာလပေါက်စျေးများအရ သရက်သီးသည် စျေးကောင်းသောအသီးဖြစ်သည်။ အထက်မှာလည်း သရက်တစ်ပင်မှ ရရှိနိုင်သောဝင်ငွေကိုပျမ်းမျှခန့်မှန်းတွက်ချက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သရက်သီးသည် နှစ်ရှည်ပင်ဖြစ်သလို အကျိုးအမြတ်လည်းရရှိနိုင်သောကြောင့်စီးပွားဖြစ်သရက်စိုက်ပျိုးမည်ဆိုလျှင် သိသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။ ။

ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးကြီးသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော် စိုက်ပျိုးလျက်ရှိကြသည်။ထို့ပြင် လူသားတို့၏ စား၊ ဝတ်၊ နေရေးတို့တွင် ဒုတိယကဏ္ဍဖြစ်သည့် အဝတ်အထည်ရရှိရေးအတွက် အရေးကြီးသောအဓိကသီးနှံတစ်မျိုးလည်းဖြစ်သည်။ ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုသည် စိုက်ပျိုးမြေအနေအထား၊ ရာသီဥတုအခြေအနေနှင့် အသုံးချစိုက်ပျိုးရေးနည်းပညာအစီအမံများအပေါ်တွင်မူတည်လျက်ရှိသည်။ဝါသီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန် စိုက်ဧရိယာများ
ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးကြီးသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော် စိုက်ပျိုးလျက်ရှိကြသည်။ထို့ပြင် လူသားတို့၏ စား၊ ဝတ်၊ နေရေးတို့တွင် ဒုတိယကဏ္ဍဖြစ်သည့် အဝတ်အထည်ရရှိရေးအတွက် အရေးကြီးသောအဓိကသီးနှံတစ်မျိုးလည်းဖြစ်သည်။ ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုသည် စိုက်ပျိုးမြေအနေအထား၊ ရာသီဥတုအခြေအနေနှင့် အသုံးချစိုက်ပျိုးရေးနည်းပညာအစီအမံများအပေါ်တွင်မူတည်လျက်ရှိသည်။ဝါသီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန် စိုက်ဧရိယာများတိုးချဲ့စိုက်ပျိုးခြင်းသာမက အရည်အသွေးနှင့်အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် လိုအပ်သော အာဟာရဓာတ်များအား အချိုးကျ၊ အချိန်မီ စနစ်တကျ ထည့်သွင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဝါသီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်များလုံလောက်စွာရရှိစေရန် ဝါသီးနှံအားသစ်စိမ်းသီးနှံများနှင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့် မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်လာမည်ဖြစ်သည်။ ဓာတုမြေဩဇာများအားသုံးစွဲ၍ သီးနှံများအား ဆက်တိုက်စိုက်ပျိုးပါက မြေဆီလွှာကျန်းမာရေးနှင့် မြေဆီလွှာဖွဲ့စည်းမှုများ ပျက်စီးယိုယွင်းလာမည်ဖြစ်သည်။ထို့ပြင်စိုက်ပျိုးသီးနှံများအတွက်လိုအပ်သော ဓာတ်မြေဩဇာများဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့်ရင်ဆိုင်နေရသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ကုန်ကျစရိတ်များလျော့နည်းစေပြီး မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်စေရန်၊ သီးနှံအထွက်တိုးတက်စေရန် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်စိမ်းသီးနှံ (ပဲမျိုးရင်းဝင်နှင့် ပိုက်ဆန်လျှော်)များအား စိုက်ပျိုးသီးနှံများဖြင့် တွဲဖက်၍စိုက်ပျိုးအသုံးပြုခြင်းကို ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
မြေဆီလွှာပြန်လည်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာထဲရှိသဘာဝမြေဩဇာများတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်စိုက်ပျိုးနည်းစနစ်များတွင် သစ်စိမ်းစိုက်ပျိုးထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။ သစ်စိမ်းကို အမျိုးအစားအားဖြင့် (၁)သစ်ရွက်စိမ်းမြေဩဇာနှင့် (၂)သစ်စိမ်းမြေဩဇာသီးနှံဟူ၍ ခွဲခြားအသုံးပြုပြီး များသောအားဖြင့် သစ်စိမ်းမြေဩဇာသီးနှံစိုက်ပျိုးထည့်သွင်းခြင်းကိုသာအသုံးပြုကြပြီး သစ်ရွက်စိမ်းမြေဩဇာအသုံးပြုခြင်းမှာ နည်းပါးလှပေသည်။မြေဆီလွှာအာဟာရဓာတ်တိုးမြင့်စေပြီးမြေ၏ရုပ်ဂုဏ်သတ္တိ၊ဓာတုဂုဏ်သတ္တိနှင့်ဇီဝဂုဏ်သတ္တိများကိုပါအကျိုးသက်ရောက်မှုရှိသည့်ပဲမျိုးရင်းဝင်အပင်များနှင့်ပိုက်ဆန်လျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာသီးနှံများကို စိုက်ပျိုးထည့်သွင်းခြင်းသည်
မြေဆီလွှာကိုကောင်းမွန်အောင် ရေရှည်ထိန်းသိမ်းရာရောက်မည်ဖြစ်ကဲ့သို့ ဝါသီးနှံအပင်ကြီးထွားမှု၊ အထွက်နှုန်း၊ ဂွမ်းမွေးအရည်အသွေးများအပေါ်အကျိုးသက်ရောက်ပြီး ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်တို့နှင့် သဟဇာတဖြစ်သော စိုက်ပျိုးနည်းလမ်းတို့ကို လက်ခံကျင့်သုံးလာနိုင်မည်ဖြစ်သည်။
သစ်စိမ်းမြေဩဇာအဖြစ်ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့်မတ်ပဲစသည်တို့အပြင် ပိုက်ဆန်လျှော်အစရှိသည်တို့ကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီ ၄၅ ရက်သားအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်းဟု ခေါ်ဆိုသည်။
ဝါသီးနှံစိုက်စနစ်သည်အတန်းလိုက်စိုက်ပျိုးပြီး တန်းကြားအကွာအဝေးထားကာစိုက်ပျိုးသောသီးနှံဖြစ်ခြင်းကြောင့်တန်းကြားများတွင်သစ်စိမ်းများတွဲဖက်စိုက်ပျိုးထည့်သွင်းနိုင်သည်။ သစ်စိမ်းသီးနှံများ၏ ကြီးထွားမှုမြန်ဆန်ခြင်းသည် ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုအပေါ်အဟန့်အတားမဖြစ်စေရန်အတွက် ဝါသီးနှံစိုက်ပျိုးခြင်းတွင် သစ်စိမ်းများတွဲဖက်စိုက်ပျိုးခြင်းကို ဝါပင်သားခွဲပြီးချိန်တွင် ဆောင်ရွက်သင့်ပေသည်။
ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆန်လျှော်သစ်စိမ်းများအား ဝါစိုက်တန်းကြားများအကြားတွင် စိုက်ပျိုး၍ပြန်လည်ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်၊ ရုပ်ဂုဏ်သတ္တိနှင့် ဝါသီးနှံအပင်ဖြစ်ထွန်းမှုနှင့်အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကိုသိရှိစေရန် ၂၀၂၁၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီများတွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်) ၌ သုံးရာသီဆက်တိုက်စိုက်ပျိုးစမ်းသပ်ဆောင်ရွက်ခဲ့သည်။ ပိုက်ဆန်လျှော်၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ပဲယဉ်းသစ်စိမ်း အသီးသီးတို့အား သီးသန့်ထည့်သွင်းသည့် စမ်းသပ်ချက် လေးမျိုး၊ ၎င်းသစ်စိမ်းအသီးသီးတို့အား ဓာတ်မြေဩဇာ(ယူရီးယား ၁ ဒသမ ၅ အိတ် + တီစူပါတစ်အိတ် + ပိုတက်တစ်အိတ်/ဧက)နှင့် တွဲဖက်ထည့်သွင်းသည့် စမ်းသပ်ချက်လေးမျိုး၊ ဓာတ်မြေဩဇာသီးသန့် စမ်းသပ်ချက်တစ်မျိုးနှင့် ဗလာကွက် စမ်းသပ်ချက်တို့ဖြင့် စုစုပေါင်းစမ်းသပ်ချက် ၁၀ မျိုးအား ထပ်ပြုကြိမ်သုံးကြိမ်ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့သည်။ စမ်းသပ်ချက်များအလိုက် သစ်စိမ်းများတစ်ရာသီလျှင် ပျမ်းမျှ ( ၃ ဒသမ ၄ - ၅ ဒသမ ၅ တန်)ခန့်ထည့်သွင်းနိုင်ခဲ့ပြီး မြေကြီးတွင် သဘာဝကာဗွန်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုပမာဏတို့သည် မူလမြေထဲပါဝင်သည့် ပမာဏနှင့် လုံးဝအသုံးမပြုသည့် စမ်းသပ်ချက်တို့ထက်ပိုလာခြင်း၊ အပင်အမြစ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည့် မူလမြေ၏ သိပ်သည်းဆပမာဏသည် လျော့ကျလာခြင်းကို တွေ့ရှိရသဖြင့် မြေဆီလွှာဖွံ့ဖြိုးမှုရှိလာကြောင်း တွေ့ရှိရသည်။
စမ်းသပ်မှုတတိယမြောက်ရာသီအပြီးတွင် ဝါပင်ဖြစ်ထွန်းမှုအခြေအနေ၊တစ်ပင်ရှိသီးလုံး၊ ဝါတစ်ပေါက်အလေးချိန်နှင့် ဝါအထွက်နှုန်းတို့မှာ သိသာစွာကွာခြားခဲ့ပြီး ဝါထွက်အများဆုံးကို ဝါနှင့်ပဲလွမ်း၊ ဝါနှင့်ပဲယဉ်းသစ်စိမ်းတွဲပြီး စိုက်ပျိုးခြင်းမှရရှိခဲ့သည်။
စမ်းသပ်တွေ့ရှိချက်များအရ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် မြေဆီလွှာဂုဏ်သတ္တိများတိုးတက်လာမှုဝါပင်ကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကောင်းမွန်မှုများကြောင့်ဝါနှင့်အသင့်တော်ဆုံးသော တွဲဖက်သစ်စိမ်းသီးနှံမှာ ပဲလွမ်းနှင့် ပဲယဉ်းသစ်စိမ်းများဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။ ဝါသီးနှံစိုက်ပျိုးခြင်း၏ စိုက်ပျိုးနည်းစနစ်အားသာချက် (အတန်းအလိုက်နှင့်သီးသန့်စိုက်ပျိုးခြင်း) အခြေအနေတွင် သစ်စိမ်းအမျိုးမျိုးတွဲဖက်စိုက်ပျိုးနိုင်ပြီး မြေအတွင်းပြန်လည်ထည့်သွင်းခြင်းဖြင့် စိုက်ပျိုးမြေအတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ်တို့ ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့် မြေဆီလွှာကောင်းမွန်လာပြီး အထွက်နှုန်းများတိုးတက်လာ၍ ရေရှည်တည်တံ့သေစိုက်ပျိုးထုတ်လုပ်မှုကိုအထောက်အကူဖြစ်လာစေနိုင်သည်။
သီးနှံတစ်ခု စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်သောကြောင့် ရေရှိသော်လည်း မြေညံ့ပါကလည်းကောင်း၊ တစ်နည်းအားဖြင့် ပျက်စီးနေသော မြေဖြစ်ပါက မျိုးစေ့ကောင်းဖြစ်သော်ငြားလည်းကောင်း၊ မြေကောင်းသော်လည်းနည်းစနစ်တကျ မစိုက်ပျိုးနိုင်ပါကလည်းကောင်း အောင်မြင်စွာဖြစ်ထွန်းနိုင်မည်မဟုတ်ပါ။
သစ်စိမ်းများထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီဩဇာတိုးတက်လာခြင်း၊ သဘာဝမြေဩဇာနှင့် အာဟာရဓာတ်များပေါင်းစည်းပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုနှင့် လေဝင်လေထွက်ကောင်းမွန်လာစေခြင်း၊ ပိုးမွှားရောဂါကျရောက်မှုအား ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း၊ ပေါင်းမြက်များပေါက်ရောက်မှုသက်သာစေခြင်း၊ မြေဆီလွှာအကျိုးပြု အဏုဇီဝကောင်များနှင့် အခြားသက်ရှိများ၏ ကြီးထွားမှုကိုလှုံ့ဆော်ပေးခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးကောင်းများရရှိစေနိုင်မည်ဖြစ်ပါ၍ စိုက်ပျိုးသီးနှံများကိုပဲမျိုးရင်းဝင်အပင်များနှင့်တွဲဖက်၍ သစ်စိမ်းအဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

ယမန်နေ့မှအဆက်
အီးအမ်မြေဆွေးသည် အကျိုးပြုအဏုဇီဝသက်ရှိများကို သီးနှံစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြုလုပ်၍ရရှိသော မြေဆွေးဖြစ်သည်။ အီးအမ်မြေဆွေးပုံပြုလုပ်ရန်အတွက် ပထမဦးစွာ အသင့်သုံးအီးအမ်ဖျော်ရည်ပြုလုပ်ရမည်ဖြစ်သည်။ အသင့်သုံးအီးအမ်ဖျော်ရည်ရရှိရန်အတွက် အီးအမ်အပြင်း တစ်ဆ၊ တင်လဲရည် လေးဆ အား ရေ ၉၅ ဆ ဖြင့် ရောစပ်ရမည်။ ယင်းတို့ကိုရောစပ်ပြီး သမအောင်လှုပ်ပေးပြီးနောက် လေလုံအောင် ပိတ်ထားရမည်။ ရောစပ်ပြီး သုံးရက်အကြာတွင် မူလအမည်းရောင်မှ အဝါရောင်သို့ ပြောင်းသွားမည်။ အဝါရောင်ပြောင်းပြီး ခုနစ်ရက်မှ ၁၀ ရက်အတွင်း သုံးစွဲရမည်ဖြစ်သည်။
အီးအမ်မြေဆွေးပြုပုံအဆင့်ဆင့်မှာ-
(က) ဖျော်စပ်ထားသည့် အသင့်သုံးအီးအမ်ဖျော်ရည် တစ်ဆ (တစ်လီတာ) + တင်လဲရည် တစ်ဆ (တစ်လီတာ) + ရေ ၉၈ ဆ ( ၂၀ ဂါလန်)တို့ကို ရောစပ်ဖျော်၍ မြေဆွေးပုံပြုလုပ်ရာတွင် အသုံးပြုရမည်။ လယ်ယာစွန့်ပစ်ပစ္စည်းများအား ၎င်းအရည်တွင် စိမ်နှစ်၍ ဆယ်ယူစုပုံပေးပါ။ သို့မဟုတ် လယ်ယာစွန့်ပစ်ပစ္စည်းများအား အလျား ၆ ပေ၊ အနံ ၃ ပေ၊ ထု ၆ လက်မခန့် တစ်လွှာပြုလုပ်ပါ။ ၆ လက်မ အထူရရှိရန် ဖြန့်ခင်းပြီး သိပ်သည်းမှုရှိစေရန် လူဖြင့်နင်းရမည်။
(ခ) ထို့နောက် နွားချေး ရှစ်ပြည် ဖြူးပေးပြီး မြေဆွေးပြုလုပ်ရန် ဖျော်စပ်ထားသည့် အီးအမ်ဖျော်ရည် ၃ ဂါလန်ခန့်ကို နှံ့စပ်စွာဖျန်းပေးပါ။
(ဂ) ဤနည်းစဉ်အတိုင်း အလွှာခြောက်လွှာပြုလုပ်ပြီး မြေဆွေးပုံအမြင့် ၃ ပေခန့်အထိပြုလုပ်ပါ။
(ဃ) ထို့နောက် မြေဆွေးပုံအတွင်း ရေမဝင်စေရန်နှင့် အပုံအား အခြားလူ/တိရစ္ဆာန် ဖျက်ဆီးမှုမဖြစ်စေရန်အတွက် ပလတ်စတစ် သို့မဟုတ် အခြားစွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လေလုံအောင်ဖုံးပေးရမည်။
(င) ခုနစ်ရက်မှ ၁၀ ရက်အတွင်း တစ်ဝက်တစ်ပျက်ဆွေးမြည့်စပြုချိန်တွင် သီးနှံစိုက်ခင်းပြုပြင်ချိန်၌ ထည့်သွင်းသုံးစွဲနိုင်သည်။ နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံပင်များတွင် အစိုဓာတ်ရှိချိန်၌ ထည့်သွင်း၍ မြေဖုံးပြုလုပ်ပေးနိုင်သည်။
(ခ) ဒိုချက်ကင်(Dochakin) သဘာဝမြေဩဇာပြုလုပ်ခြင်း
သဘာဝသစ်တောမြေများသည် အဏုဇီဝသက်ရှိပါဝင်မှုများသောကြောင့် မြေဆီဩဇာထက်သန်သော မြေများဖြစ်သည်။ မိမိတို့ ဒေသအတွင်းရှိ သဘာဝသစ်တောမြေ၊ ဝါးရုံတောမြေများတွင်ပါဝင်နေသည့် အဏုဇီဝပိုးများကို မွေးမြူပွားများပြီး စိုက်ခင်းတွင်ပြန်လည်အသုံးပြုနိုင်သော အဏုဇီဝမြေဩဇာကို ဂျပန်ဘာသာဖြင့် ဒိုချက်ကင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ အဏုဇီဝသက်ရှိများကို မွေးမြူရာတွင် သာမန်သစ်ပင်များထက် ဝါးရုံပင်အောက်နှင့် ထူထပ်စွာပေါက်ရောက်နေသည့် သစ်တောသစ်ပင်အောက်များရှိ အဏုဇီဝများဖြင့် ပြုလုပ်ပါက ပိုမိုကောင်းမွန်သော ဒိုချက်ကင်ကို ရရှိမည်ဖြစ်သည်။
ဒိုချက်ကင်ကိုအသုံးပြုခြင်းအားဖြင့် မြေဆီလွှာအတွင်းရှိ မဆွေးမြည့်သောအပင်အကြွင်းအကျန်များကို ဆွေးမြည့်စေပြီး အပင်အတွက် အာဟာရဓာတ်အဖြစ်ပြောင်းလဲရရှိစေခြင်း၊ မြေဆီလွှာအတွင်း လေဝင်လေထွက်၊ ရေဝင်ရေထွက်ကောင်းမွန်စေပြီး သီးနှံများကောင်းစွာဖွံ့ဖြိုးကြီးထွားစေခြင်း၊ သစ်ရွက်ဆွေး၊ နွားချေး၊ ဝက်ချေးများတွင် ရောဂါ/ပိုးမွှားများ ပါဝင်လာပါက မြေဆွေးပုံပြုလုပ်စဉ် အပူချိန်ကြောင့် နှိမ်နင်းပြီး ဖြစ်သဖြင့် ရောဂါ/ပိုးမွှားကင်းစင်သော သဘာဝမြေဩဇာကောင်းများရရှိစေခြင်း၊ အာဟာရဓာတ်နည်းပါးစေပြီး စေးလွန်းသော/ ကြမ်းလွန်းသောမြေများကိုကောင်းမွန်စေပြီး အာဟာရဓာတ်ထက်သန်လာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
ဒိုချက်ကင်ပြုလုပ်ရာတွင် ပထမအဆင့်တွင် ဒိုချက်ကင်အဏုဇီဝမွေးမြူရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဒိုချက်ကင်သဘာဝမြေဩဇာပြုလုပ်ရမည် ဖြစ်သည်။
ဒိုချက်ကင်အဏုဇီဝမွေးခြင်း
လိုအပ်သောပစ္စည်းများ-
(၁) ဝါးရုံတောမြေ / သစ်တောမြေဆွေး
(၂) တင်လဲရည် (သို့) ထန်းလျက်
(၃) ဖွဲနု
(၄) နွားချေး၊ ဝက်ချေး၊ ကြက်ချေး
(၅) ကောက်ရိုး၊ ပေါင်းမြက်များ
(၆) စပါးခွံ
ဒိုချက်ကင်မွေးမြူရန် ဝါးရုံပင်(သို့)သစ်ပင်အောက်များတွင် လူတို့ မီးမရှို့၊ ပြုပြင်ခြင်းမရှိ၊ တူးဆွထားခြင်းမရှိသည့်နေရာမှ အကျယ် ၃ ပေ ရှိသည့်နေရာမှ အပေါ်ယံမြေသား ၅-၆ လက်မကို တူးဆွခြေမွရမည်။ ဖွဲနု တစ်ပြည်ခန့်ကို တူးဆွထားသည့် မြေများနှင့် ရောစပ်ရမည်။ တင်လဲရည် တစ်ပုလင်း( ထန်းလျက် ၅၀ ကျပ်သား)အား ရေ ၃ ဂါလန်ဖြင့် ရော၍ဖျော်ပါ။ ထို့နောက် ဖွဲနုနှင့်မြေရောစပ်ထားသည့် အပုံပေါ်သို့ တင်လဲရည်ဖျန်းပြီး မွှေပေးရမည်။ ရေအား လိုအပ်သလိုဖျန်းပေးနိုင်ပြီး ရေနည်းလွန်းခြင်း၊ များလွန်းခြင်းမဖြစ်စေရပါ။ ရောစပ်ထားသည့်ဖွဲနုနှင့် မြေအရောအပေါ်တွင် သစ်ရွက်ခြောက်(သို့)ဝါးရွက်ခြောက်များနှင့် ဖုံးထားပြီး အပေါ်မှ မြွေရေခွံအိတ်များဖြင့် ထပ်မံဖုံး၍ သုံးညအိပ်ထားရမည်။ လေးရက်မြောက်သောနေ့တွင် အနံ့သင်းသောအဖြူရောင်မှိုမျှင်များတွေ့ရှိရမည်ဖြစ်ပြီး ၎င်းမြေများကို ဒိုချက်ကင်အဖြစ် အိတ်များဖြင့် စုဆောင်းသိမ်းဆည်းထားပြီး လိုအပ်သလိုအသုံးပြုနိုင်သည်။ ရရှိလာသော ဒိုချက်ကင်အဏုဇီဝအား စိုက်ခင်းတွင် ပမာဏအများအပြားအသုံးပြုလိုပါက ဒိုချက်ကင်အသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ပြီး သုံးစွဲနိုင်သော်လည်း ဒိုချက်ကင်အဏုဇီဝမွေးမြူပြီး တစ်ပတ်အတွင်းပြုလုပ်ရန်လိုအပ်သည်။
ဒိုချက်ကင်အသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်ခြင်း
ဒိုချက်ကင်သဘာဝမြေဩဇာပုံပြုလုပ်မည့် နေရာအား ညီညာပြန့်ပြူးပြီး အရိပ်ရ၍ ရေမဝပ်သောနေရာတွင် ရွေးချယ်ပြုလုပ်သင့်သည်။
(၁) စပါးခွံကို ၆ ပေပတ်လည်နှင့် ၃ လက်မအထူရအောင်ဖြန့်ခင်း၍ ရေဖျန်းပေးပါ။
(၂) ထို့နောက် ကောက်ရိုး/သီးနှံအကြွင်းအကျန်များကို ၆ လက်မ ခန့် ဖြန့်ခင်း၍ သိပ်သည်းစေရန် လူဖြင့်နင်းပါ။
(၃) ယင်းအပေါ်မှ နွားချေး/ကြက်ချေး/ဝက်ချေး တိရစ္ဆာန်ချေးများကို ၆ လက်မ ဖြန့်ခင်းပါ။
(၄) ယင်းနောက် ဒိုချက်ကင်များကို ပါးပါးဖြူးပေးပါ။
(၅) အလွှာတစ်လွှာခင်းပြီးတိုင်း အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။
(၆) စပါးခွံ၊ ကောက်ရိုးနှင့် နွားချေးအလွှာများသည် တစ်ထပ်ဖြစ်သည်။ အဆိုပါနည်းအတိုင်း အထပ် လေးထပ်၊ အမြင့် ၄ ပေခန့်ရှိသည့် မြေဆွေးပုံရရှိလာပါက အပေါ်ဆုံးမှ စပါးခွံများဖြင့် ဖုံးအုပ်ပေးပါ။
(၇) မြေဆွေးပုံအား အစိုဓာတ်လိုအပ်ပါက ရေထပ်မံဖျန်းပေးရန် လိုအပ်သည်။
(၈) ၃-၄ ပတ်ကြာလျှင် အတွင်းအပြင်သမစေရန်အပုံပြောင်းပြီး ရေဖျန်းပေးပါ။ ပထမအကြိမ် အပုံပြောင်းပြီး နှစ်ပတ်ကြာလျှင် ထပ်မံ၍ အပုံပြောင်းပေးရမည်။
(၉) ဒိုချက်ကင်မြေဆွေးပြုလုပ်ပြီး နှစ်လအကြာတွင် စိုက်ခင်းအတွင်း အသုံးပြုနိုင်သော သဘာဝမြေဩဇာရရှိနိုင်ပြီဖြစ်သည်။
(၃) အဏုဇီဝအားဖြည့်စာများဖြင့်ပြုလုပ်နည်း (ME: Microbe Enhancer Technology)
(က) စပါးခွံမီးသွေး
လယ်ယာသီးနှံများရိတ်သိမ်းပြီးနောက် စိုက်ပျိုးထွက်ရှိလာသည့် လယ်ယာစွန့်ပစ်ပစ္စည်းများ (စပါးခွံ၊ ပြောင်းရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပဲခွံ) များအား မီးသွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းအားဖြင့် အပင်ကြီးထွားမှုကောင်းစေပြီး သီးနှံအထွက်နှုန်းကိုတိုးတက်စေကြောင်းကို ဂျပန်နိုင်ငံအစိုးရမဟုတ်သော စိမ်းလန်းမြေအဖွဲ့မှ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင် စမ်းသပ်ခဲ့သော နည်းပညာတစ်ခုဖြစ်သည်။ လယ်ယာစွန့်ပစ်ကုန်ကြမ်းများ၊ စပါးခွံများပြားစွာရရှိနိုင်သောဒေသများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သောနည်းပညာတစ်ခု ဖြစ်သည်။
စပါးခွံမီးသွေးပြုလုပ်ခြင်း
(၁) ၁၀ 5 ၁၀ 5 ၁၅ လက်မ အရွယ်ခန့်ရှိ အပေါက်ငယ်ဖောက်ထားသော လေးထောင့်သံပုံးငယ်ကို ခေါင်းတိုင်တစ်ခုတပ်ဆင်ပါ။ ခေါင်းတိုင်သည် ချွတ်နိုင်တပ်နိုင်သော အနေအထားဖြစ်ရမည်။
(၂) သံပုံးပေါ်တွင် စပါးခွံများကို စုပုံပါ။
(၃) ထိုပုံးထဲသို့ လောင်စာအဖြစ် စက္ကူစများထည့်ပါ။
(၄) စက္ကူစများကို မီးရှို့ပြီးနောက် ခေါင်းတိုင်ကို ပြန်ဖုံးပေးပါ။
(၅) လိုအပ်ပါက ဂေါ်ပြားဖြင့် နှစ်ကြိမ်မှ သုံးကြိမ်ခန့် လှန်ပေးပါ။
(၆) အပေါ်ယံအထိမည်းလာပါက ရေလောင်းပေးပြီး မီးငြှိမ်းသတ်ကာ စပါးခွံဖွဲပြာပုံကိုအအေးခံ၍ စိုက်ခင်းထဲသို့ အသုံးပြုနိုင်သည်။
စပါးခွံမီးသွေးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ-
(၁) မြေချဉ်ငန်ဓာတ်ကိုထိန်းညှိပြီး ရေထိန်းစွမ်းအားကိုကောင်းစေခြင်း
(၂) မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိကောင်းလာစေခြင်း
(၃) ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း
(၄) မြေဆီလွှာအတွင်းကာဗွန်ပမာဏတိုးမြင့်စေပြီးပိုတက်စီယမ်၊မဂ္ဂနိနှင့် အနည်းလိုအာဟာရဓာတ် များရရှိစေခြင်း
(၅) မြေဆီလွှာအတွင်း အာဟာရဓာတ်များရွေ့လျားပျောက်ဆုံးခြင်းမှ ကာကွယ်ပေးခြင်း
(၆) မြေဆီလွှာမှထွက်သောအနံ့ဆိုးများနှင့် လေထုပတ်ဝန်းကျင်ကို သန့်ရှင်းစေခြင်းတို့ဖြစ်သည်။
(ခ) ငါးအမိုင်နိုအက်စစ်
ငါးအမိုင်နိုအက်စစ်သည် နိုက်ထရိုဂျင်ရရှိရန် အရင်းအမြစ်တစ်ခုဖြစ်ပြီး သီးနှံပင်များကြီးထွားဖွံ့ဖြိုးရန်အတွက် အပင်အာဟာရဓာတ်အမြောက်အမြား ပါဝင်သည်။ ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်း အဆင့်ဆင့်မှာ-
(၁) ငါးအမိုင်နိုအက်စစ်ပြုလုပ်ရာတွင် ငါးအစို/ ငါးဘေးထွက်ပစ္စည်းများ တစ်ပိဿာအား ရေပြောင်အောင်ဆေး၍ ထုခြေပြီး မြေအိုး သို့မဟုတ် ပလတ်စတစ်ပုံးထဲထည့်ပါ။
(၂) တင်လဲရည် သို့မဟုတ် ထန်းလျက် တစ်ပိဿာအားထည့်ပေးပါ။
(၃) ငါးနှင့်တင်လဲရည်တို့သည် ပုံမှာပြထားသည့်အတိုင်းဖြစ်ရမည်။ အိုး၏ သုံးပုံနှစ်ပုံခန့်ရှိရမည်။
(၄) အိုးအား လေလုံအောင် စက္ကူဖြင့်ပိတ်၍ ကြိုးဖြင့်ချည်ပါ။
(၅) နေရောင်တိုက်ရိုက်မကျသည့် အေး၍ခြောက်သွေ့သောနေရာ တွင်ထားပါ။ တစ်လပြည့်လျှင် ငါးအမိုင်နိုအက်စစ်အားရရှိပြီ ဖြစ်သည်။
(၆) ရရှိလာသည့် ငါးအမိုင်နိုအက်စစ် တစ်ဆလျှင် ရေ အဆ ၁၀၀၀နှင့်ရော၍ တစ်ပတ်လျှင် တစ်ကြိမ်ဖျန်းပက်နိုင်သည်။
ငါးအမိုင်နိုအက်စစ်အသုံးပြုပုံ
(က) ငါးအမိုင်နိုအက်စစ်အား ရွက်ဖျန်းဆေးအဖြစ် အသုံးပြုရာတွင် ငါးအမိုင်နိုအက်စစ် တစ်ဆလျှင် ရေအဆ ၁၀၀၀ နှင့်ရော၍ အသုံးပြုပါ။
(ခ) ခုနစ်ရက်ခြားတစ်ကြိမ် အပင်ကြီးထွားချိန်တွင် အသုံးပြုပါ။
(ဂ) သီးနှံပင်၏ အရွက်ပေါ် သို့မဟုတ် မြေပေါ်သို့ ပက်ဖျန်းနိုင်သည်။
(ဃ) ငါးအမိုင်နိုအက်စစ်ကို ရေနှင့်မရောဘဲ တိုက်ရိုက်အပင်ပေါ်ဖျန်းခြင်း/အပင်ခြေတွင်ပုံပါက အပင်ညှိုးခြောက်နိုင်သည်။
(င) ငါးအမိုင်နိုအက်စစ်ကို သဘာဝမြေဩဇာပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။
(စ) ငါးအမိုင်နိုအက်စစ်အသုံးပြုရာတွင် သက်ရှိများလှုပ်ရှားမှုအကောင်းဆုံးအချိန်ဖြစ်သည့် နံနက်အစောနှင့် ညနေပိုင်းအချိန်တွင် ပက်ဖျန်းသင့်သည်။
(ဆ) မျိုးစေ့/ပျိုးပင်များ သို့မဟုတ် မျိုးစေ့စိမ်ရာတွင်လည်း အသုံးပြုနိုင်သည်။
(ဈ) ငါးအမိုင်နိုအက်စစ်ကို သီးနှံပင်များ သီးပွင့်ချိန်တွင် အသုံးမပြုသင့်ပါ။ အသုံးပြုရာတွင် ရောစပ်မည့် ရေအဆမှန်ကန်ရန်လိုအပ်ပြီး ရေအဆနည်းပါက အပင်အရွက်များ ဝါလာနိုင်သည်။
(၄) အခြားမြေဆွေးများ
တီကျစ်စာမြေဆွေး
တီကျစ်စာမြေဆွေးဆိုသည်မှာ မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များအား သစ်ပင်အကြွင်းအကျန်များ၊ သစ်ရွက်များ၊ နွားချေး၊ လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် မီးဖိုချောင်စွန့်ပစ်ဟင်းသီးဟင်းရွက် စသည့် စွန့်ပစ်ပစ္စည်းများကို အစာအဖြစ်ကျွေးမွေး၍ တီကောင်များမှ ပြန်လည်စွန့်ထုတ်လိုက်သည့်ပစ္စည်းများကို ခေါ်ဆိုသည်။ ထို့ကြောင့် တီကောင်လေးများကို လူတို့ဖန်တီးပေးထားသည့် ပတ်ဝန်းကျင်တွင် ပွားများစေပြီး မြေဆွေးထုတ်လုပ်ခြင်းဖြင့် တီကျစ်စာမြေဆွေးကို ရရှိစေနိုင်သည်။ တီကျစ်စာမြေဆွေးအား မြေကျင်းတူး၍ ပလတ်စတစ်ဖြင့် တီမွေးမြူခြင်း၊ အမိုးအကာအောက်တွင် ဝါးကပ်များကာ၍ မြေပေါ်တွင် ပလတ်စတစ်ကန်များပြုလုပ်၍ တီမွေးမြူခြင်း၊ ကွန်ကရစ်ကန်များ သို့မဟုတ် ကွန်ကရစ်အခွေများပြုလုပ်၍ တီမွေးမြူ၍ တီကျစ်စာ ထုတ်လုပ်နိုင်သည်။ တောင်သူများသည် မိမိတို့နှင့်သင့်လျော်သည့် နည်းစနစ်များကိုအသုံးပြု၍ တီကောင်မွေးမြူ၍ တီကျစ်စာမြေဆွေးထုတ်လုပ်နိုင်သည်။
ကွန်ကရစ်ကန်ဖြင့် တီကျစ်စာမြေဆွေးပြုလုပ်နည်း
(၁) ကြိုက်နှစ်သက်ရာအရွယ်အစားရှိ ကွန်ကရစ်ကန်၏အောက်ခြေတွင် တီကျစ်စွန့်ပစ်ရည်ထုတ်ယူနိုင်ရန် ရေထုတ်ပေါက်ဖောက်ပေးပါ။
(၂) တီစွန့်ပစ်ရည် အလွယ်တကူစီးဆင်းနိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေလျှောပြုလုပ်ပေးပါ။
(၃) အောက်ခံတွင် အရည်များစစ်နိုင်ရန် ၁ ဒသမ ၅ လက်မကျောက် သို့မဟုတ် အုတ်ကျိုးတစ်ထပ်ခင်းပေးပါ။
(၄) ၎င်းအပေါ်မှ နွားချေး ၆ လက်မခန့် ထုရအောင်ထည့်ပေးပါ။ ထို့နောက် သီးနှံအကြွင်းအကျန်များ၊ အရွက်များစင်းထားသော ငှက်ပျောအူ၊ ဗေဒါ စသောအစာစိမ်းများ၊ မြက်များ၊ ပေါင်းပင်များကိုစုစည်းပြီး ၈-၁၀ လက်မခန့်ထည့်ပေးပါ။
(၅) ၎င်းအလွှာများပေါ်မှ ကောင်းစွာဆွေးသော နွားချေးဆွေးကို ၆ လက်မအလွှာခန့်ရအောင်ဖြန့်ထည့်ပြီး အရွက်များကို ၄-၆ လက်မခန့်ထည့်ပေးပါ။
(၆) တီကောင်များကိုထည့်ပေးပါ။
(၇) အစိုဓာတ်မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးပါ။
(၈) အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း၊ ဓနိရွက်များ၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးပါ။
(၉) သစ်ရွက်ပေါင်းမြက်စွန့်ပစ်ပစ္စည်းများအား နှစ်ပတ်လျှင်တစ်ခါဖြည့်တင်းပေးရမည်။
(၁၀) သုံးလကြာမြင့်ပြီးနောက် အညိုရောင်တီကျစ်စာမြေဆွေးကို ရရှိနိုင်မည်ဖြစ်သည်။
(၁၁) တီကောင်စွန့်ပစ်မြေဆွေးပြုလုပ်ရန်မြေဆွေးကန်အား ရေ ၂-၃ ရက်ဖြတ်ရမည်။
(၁၂) တီကောင်များသည် ကန်အောက်ရှိ အစိုဓာတ်ရှိသည့်နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။
(၁၃) အပေါ်ယံမြေဆွေးများအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။
တီစွန့်ပစ်ထုတ်ယူသုံးစွဲခြင်း
တီကျစ်စာမြေဆွေးထုတ်လုပ်သည့် ကန်၏အောက်ခြေတွင် ၁ ပေခန့်ရှိသည့် ပလတ်စတစ် သို့မဟုတ် ပြွန်တစ်ချောင်း တပ်ဆင်ထားရမည်။ အဆိုပါပိုက်သည် ကန်အတွင်းထိုးသွင်းရာ ၎င်းဘေးပတ်လည်မှ တီကျစ်စာမြေဆွေးအရည်များ ပြင်ပသို့မထွက်စေရန်အတွက် သေချာစွာ ဖိကပ်ထားပြီး ထွက်ရှိလာသည့် တီအရည်များအား ပလတ်စတစ်ပုံးများဖြင့် စုဆောင်းထားရှိပြီး စိုက်ခင်းအတွင်း အသုံးပြုနိုင်သည်။ တီကောင်စွန့်ပစ်ရည်သည် တီမွေးမြူပြီး သုံးပတ်ခန့်အကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန်သည်။ တီကျစ်စွန့်ပစ်ရည်အား တီကျစ် စွန့်ပစ်ရည် တစ်ဆလျှင် ရေ ၅-၁၀ ဆနှင့်ရော၍ ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
တီကျစ်စာမြေဆွေးအသုံးပြုခြင်း၏အကျိုးကျေးဇူးများ
(က) သစ်ပင်သီးနှံများအတွက် အပင်အာဟာရဓာတ်စုံပါဝင်သော သဘာဝမြေဩဇာဖြစ်ခြင်း
(ခ) မြေချဉ်ငန်ဓာတ်မျှတပြီး မြေဆီလွှာဖွဲ့စည်းမှုကိုပြုပြင်ပေးနိုင်ခြင်း
(ဂ) အပင်ရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း
(ဃ) အပင်ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်သော ဓာတ်ပစ္စည်းများ၊ အင်ဇိုင်းများပါဝင်ခြင်း
(င) တီကျစ်စာမြေဆွေးသည် ရိုးရိုးမြေဆွေးထက် နိုက်ထရိုဂျင် ၅ ဆ၊ ပိုတက်စီယမ် ၁၀ ဆ၊ ဖော့စဖိတ် ၃ ဆ မှ ၅ ဆ၊ မဂ္ဂနီဆီယမ် ၃ ဆ၊ ကယ်လစီယမ် ၁ ဒသမ ၅ ဆ ပိုမိုပါဝင်ခြင်းတို့ဖြစ်သည်။

မြေဩဇာဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့်အပင်များရှင်သန်ကြီးထွားရေးအတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာပြောင်းလဲမှုဖြစ်စေရန်နှင့် အပင်အာဟာရဓာတ်များကို အခြားနည်းလမ်း တစ်ခုခုဖြင့် ထောက်ပံ့ပေးနိုင်သောပစ္စည်းများကိုခေါ်ဆိုသည်။ စိုက်ပျိုးရေး ပညာရှင်များနှင့် မြေဆီလွှာ သိပ္ပံပညာရှင်များက မြေဩဇာအမျိုးအစားများအား (က) ဓာတ်မြေဩဇာ (ခ) သဘာဝမြေဩဇာ (ဂ) ဇီဝမြေဩဇာများ ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝအရပြုလုပ်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုပြင်စီမံထားသည့်မြေဩဇာများကို ခေါ်ဆိုသည်။ မြန်မာနိုင်ငံတွင် တောင်သူအသုံးများသည့် ဓာတ်မြေဩဇာများမှာ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကိုအားပေးသည့် နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော ယူရီးယားဓာတ်မြေဩဇာ၊ အမြစ်များကြီးထွားမှုနှင့် ပန်းပွင့်ချိန်ကို လှုံ့ဆော်အားပေးသော ဖော့စဖိတ်ဓာတ် ၄၆ ရာခိုင်နှုန်း ပါဝင်သော တီစူပါ(Triple Super Phosphate) ဓာတ်မြေဩဇာ၊ ရေနှင့်အာဟာရဓာတ်များပို့ဆောင်ပေးခြင်း၊ အပင်၏ဇီဝကမ္မဖြစ်စဉ်များ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် ပိုတက်စီယမ်ဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်သော ပိုတက်ဓာတ်မြေဩဇာ၊ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ် အာဟာရ ဓာတ်သုံးမျိုးပါဝင်သော ကွန်ပေါင်းဓာတ်မြေဩဇာအချိုးအမျိုးမျိုးနှင့် အရွက်ဖျန်း ဓာတ်မြေဩဇာတို့ ဖြစ်သည်။
ဇီဝမြေဩဇာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများဖြစ်သည့် ဗက်တီးရီးယား၊ မှိုစသည်တို့ဖြင့် ပွားများထုတ်လုပ်သည့်မြေဩဇာများကိုခေါ်ဆိုသည်။ ဇီဝမြေဩဇာ အမျိုးအစားများမှာ ရိုင်ဇိုဘီယမ်၊ စိမ်းပြာရေညှိ၊ အဇိုလာ၊ ထရိုင်ခိုဓားမား၊ အီးအမ်၊ ဒိုချက်ကင်နှင့် မိုင်ကိုရိုက်ဇာတို့ ဖြစ်သည်။
သဘာဝမြေဩဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများ၊ အဏုဇီဝပိုးများ၏အကူအညီဖြင့်ဆွေးမြည့်စေပြီး အပင်များမှ အသင့်စားသုံး နိုင်သည့် အာဟာရဓာတ်များရရှိစေရေးအတွက် ပြုပြင်စီမံ၍ရရှိလာသောပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ် သည်။ သဘာဝမြေဩဇာများမှာ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ(နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး)နှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ(ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်)များကို ဆွေးမြည့်စေပြီး သဘာဝ မြေဩဇာ ပြုလုပ်ခြင်း၊ မြေဆွေး၊ တီကျစ်စာ၊ သစ်ဆွေးမြေ၊ အရိုးမှုန့်၊ အီးအမ်မြေဆွေး၊ သစ်စိမ်းမြေဩဇာ၊ ဒိုချက်ကင်၊ ငါးအမိုင်နိုအက်စစ်နှင့် ကြံမြှုပ်ချေးတို့ ဖြစ်သည်။
သဘာဝမြေဩဇာများသည် ဓာတ်မြေဩဇာများလောက် အာဟာရဓာတ်ပါဝင်မှုမများသော်လည်း မြေဆီလွှာထက်သန်ကောင်းမွန်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများဖြစ်သည့် မြေသားဖွဲ့စည်းမှုကောင်းစေခြင်း၊ လေဝင်လေထွက်ကောင်း စေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း၊ အပင်အာဟာရဓာတ်စုပ်ယူနိုင်မှုကောင်းစေခြင်းနှင့် မြေဆီ လွှာအစိုဓာတ်ကိုထိန်းသိမ်းပေးခြင်း၊ စေးသောမြေကိုဖွယ်စေ၍ ဖွယ်သောမြေကိုစေးစေခြင်းနှင့် မြေဆီ လွှာ၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတုဂုဏ်သတ္တိများကို ပိုမို ကောင်းမွန်လာစေနိုင်သည်။
မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများမှာ
(က) တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ - နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး
(ခ) လယ်ယာကုန်ထုတ်စက်ရုံဘေးထွက်ပစ္စည်းများ- လွှစာမှုန့်၊ ကော်ဖီကြိတ်ဖတ်၊ စပါးခွံ
(ဂ) အပင်နှင့် အပင်အကြွင်းအကျန်များ - ကောက်ရိုး၊ ပြောင်းရိုး၊ မြက်၊ မြက်ခြောက်၊ ဗေဒါ
(ဃ) ဇီဝသက်ရှိများ - အီးအမ်၊ ထရိုင်ကိုဒါးမား (မှို)၊ ဒိုချက်ကင်မြေဆွေးပြုလုပ်ရာတွင် ကောင်းစွာဆွေးမြည့်သော မြေဆွေးကောင်းရရှိရန်အတွက် အဓိကကျသည့်အချက်များရှိသည်။ ၎င်းတို့မှာ အော်ဂဲနစ်ပစ္စည်း၏ ကာဗွန်၊ နိုက်ထရိုဂျင် အချိုး၊ အသုံးပြုမည့်ပစ္စည်း၏ အရွယ်အစား၊ အစိုဓာတ်၊ လေဝင်လေထွက်အခြေအနေ၊ အပူချိန်၊ သင့်လျော်သော မြေဆွေးပုံအရွယ်အစားနှင့် အာဟာရဓာတ်ဖြစ်စေသော အခြားပစ္စည်းများ ထည့်သွင်းခြင်းတို့ဖြစ်သည်။
မြေဆွေးပြုလုပ်နည်းများမှာ-
(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း
- မြေဆွေးပုံ
(၂) အကျိုးပြုအဏုဇီဝများဖြင့်ပြုလုပ်နည်း
- အီးအမ် (Effective microorganism)၊ ထရိုင်ကိုဒါးမား (Trichoderma)- ဒိုချက်ကင်(Dochekin)၊
(၃) အဏုဇီဝအားဖြည့်စာများဖြင့် ပြုလုပ်နည်း (ME: Microbe Enhancer Technology)
- အော်ဂဲနစ်ရှလကာရည်၊ စပါးခွံမီးသွေး၊ ခိုင်တိုစန်၊ စပီရူလိုင်းနားရေညှိ၊
- ကြံမြှုပ်ချေး၊ ငါးအမိုင်နိုအက်စစ်၊ သစ်သီးချဉ်ဖောက်ရည်၊ ကုက္ကိုသီး
(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း (မြေဆွေးပုံ)
(က) အရိပ်ရပြီး ညီညာပြန့်ပြူးသောနေရာ၊ ရေမဝပ်သောနေရာတွင် မြေဆွေးပုံပြုလုပ်ပါ။
(ခ) အော်ဂဲနစ်ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကို အလွှာလိုက်စုပါ။
(ဂ) ပထမအလွှာတွင် သီးနှံအကြွင်းအကျန်အရိုး/အရွက်ခြောက်များကို (၈-၁၀) လက်မ အထူဖြန့်ခင်း၍ နုန်းမြေ၊ နွားချေးနှင့်ပြာမှုန့်များကို ရေတွင်ခပ်ပျစ်ပျစ်ဖျော်ပြီးဖျန်းရမည်။
(ဃ) ဒုတိယအလွှာတွင် လတ်ဆတ်သော အစိမ်းရောင်ရှိ အပင်ထွက်ပစ္စည်းများကို (၈-၁၀) လက်မ အထူဖြန့်ခင်းရပါမည်။(ရေလောင်းရန်မလိုပါ။)
(င) တတိယအလွှာတွင် နွားချေး၊ ကြက်ချေး၊ ဝက်ချေးများကို (အခြောက်/အစို)ကို မြေကြီး/ သစ်ဆွေးများနှင့်ရော၍ (၂-၄)လက်မအထိရအောင်ဖြန့်ရပါမည်။ တိရစ္ဆာန်အညစ်အကြေး ရရှိနိုင်မှုနည်း ပါက ရေနှင့်ဖျော်၍(၁/၂)လက်မရရှိအောင် ဖျန်းရပါမည်။
(စ) အလွှာများကို တစ်လွှာချင်း အမြင့် ၃ ပေ သို့မဟုတ် ၄ ပေ ရရှိသည်အထိ စုပုံပါ။ မြေဆွေးပုံရာတွင် အလယ်ပိုင်းကပိုထူပြီး အဖျားပိုင်းများက အနည်းငယ်စီနိမ့်၍ လိပ်ခုံးပုံသဏ္ဌာန်စုပုံပါ။ မြေဆွေးပုံ အမြင့်သည် ၄ ပေခွဲကျော်သွားပါက အောက်ဆုံးအလွှာရှိ အဏုဇီဝများမှာ ကောင်းစွာ အလုပ်မလုပ် နိုင်သဖြင့် ဆွေးမြည့်မှုနောက်ကျမည် ဖြစ်သည်။
(ဆ) မြေဆွေးပုံအတွင်း လေဝင်လေထွက်ကောင်းစေရန် ဒေါင်လိုက်(သို့) ဝါးတုတ်များထိုးစိုက်ပါ။
(ဇ) မြေဆွေးပုံအား ပလတ်စတစ် သို့မဟုတ် ရွှံ့စေးဖြင့်ဖုံးအုပ်ပါ။ မြေဆွေးပုံမပျက်စီးစေရန် အောက်ခြေတွင် ကျောက်တုံးများစီခြင်း/ အကာအရံ ပြုလုပ်ပါ။
(ဈ) မြေဆွေးပုံအလယ်သားများဆွေးမြည့်လာပါ အပုံကိုအထက်အောက်လှန်ပေးပြီး ရေအနည်းငယ် ဖျန်းပေးရန် လိုအပ်သည်။ သို့မှသာ အပုံရှိ မြေဆွေးအားလုံးစိုထိုင်းစေမည်ဖြစ်သည်။
(ည) ဆွေးမြည့်ပြီး မြေဆွေးပုံသည် ယခင်မြေဆွေးပုံအမြင့်၏ ထက်ဝက်ခန့်သာ ရှိမည်ဖြစ်သည်။ အတွင်းသားအရောင်မှာ ညိုမည်းနက်မှောင်နေပြီး အနံ့လည်းကောင်းမွန်လာမည်ဖြစ်သည်။
(၂)အကျိုးပြုအဏုဇီဝများဖြင့် မြေဆွေးပြုလုပ်နည်း
(က) အီးအမ် မြေဆွေးပြုလုပ်ခြင်း
အကျိုးပြုအဏုဇီဝဖျော်ရည်(Effective Microorganisms -EM)ဆိုသည်မှာ မြေဆီလွှာအတွင်း ရှိသီးနှံပင်တို့၏ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြုအဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျစုပေါင်း မွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်သည်။ အဓိကပါဝင်သောအဏုဇီဝများမှာ လက်တစ်အက်စစ်ဗက်တီးရီးယား (Lactic acid bacteria)၊ Yeast ၊ Photosyenthetic bacteria၊ Actinomyces bacteria နှင့် Fermenting fungi တို့ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်…

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေသောသီးနှံဖြစ်သည်။ ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ဖရဲသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံဖြစ်သည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် မြန
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေသောသီးနှံဖြစ်သည်။ ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ဖရဲသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံဖြစ်သည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ဖရဲသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်သည်။
မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း
ဖရဲစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်သုံးစွဲခြင်းသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ဆိုသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။ ထို့ပြင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအား မြင့်မားသောမျိုးများကို ရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသောမျိုးများကိုဦးစားပေးရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။ မျိုးကောင်းမျိုးသန့်ကိုရွေးချယ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသောမျိုးများကို ဦးစားပေးရွေးချယ်သင့်သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသောမျိုးများသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးများဖြစ်သည်။
မြေပြုပြင်ခြင်း
ဖရဲသီးနှံစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ ဖရဲသီးနှံသည် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားကို နှစ်သက်သည်။ ထို့ကြောင့် မြေကိုကောင်းစွာပြုပြင်ပြီး မြေဆီလွှာတွင် သဘာဝမြေဩဇာများ ထည့်သွင်းပေးသင့်သည်။ မြေကို ကောင်းစွာထွန်ယက်ပြီး မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းမွန်စေရန် ပြုလုပ်ပေးရမည်။
စိုက်ပျိုးနည်းစနစ်
ဖရဲကိုမိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။ ဖရဲစေ့ကို မြေတွင်တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်သည်။ ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင်ပြုပြင်ပြီး စိုက်ပေါင်များဖော်ရမည်။ ဖရဲပင်များစိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့်ရှိလာချိန်တွင် နွယ်များကိုဖြောင့်တန်းပေးပြီး တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုပ်တွယ်ထားခြင်းဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရစေနိုင်သည်။
ရာသီဥတုဒဏ်ခံနိုင်ရည်
ဖရဲသည် ပူပြင်းသောရာသီဥတုကို နှစ်သက်သော်လည်း မိုးရွာသွန်းမှုများပါက ရောဂါပိုးမွှားများကျရောက်နိုင်သည်။ ထို့ကြောင့် ရွေးချယ်မည့် မျိုးသည် မိုးရွာသွန်းမှုများပြားသောဒေသများတွင် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။
ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်
ဖရဲသည် ရောဂါပိုးမွှားများစွာကျရောက်နိုင်သောသီးနှံဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မည့်မျိုးသည် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးဖြစ်ရမည်။
အထွက်နှုန်းကောင်းမွန်ခြင်း
ဖရဲမျိုးရွေးချယ်ရာတွင် အထွက်နှုန်းကောင်းမွန်သောမျိုးဖြစ်ရမည်။ အထွက်နှုန်းကောင်းမွန်သောမျိုးများကိုရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။
ဈေးကွက်တွင် ဝယ်လိုအားမြင့်မားခြင်း
မျိုးကောင်းမျိုးသန့်ဆိုသည်မှာ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော မျိုးဖြစ်ရမည်။ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသောမျိုးများကို ရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။
သီးနှံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း
ဖရဲသီးနှံစိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများကိုကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော ဇီဝပိုးသတ်ဆေးများသုံးစွဲခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ “ဖရဲ သရဲထက်ကြောက်စရာကောင်းတယ်’’ဟူသောတောင်သူများ၏ အဆိုအရ ဖရဲသီးနှံတွင် ကြောက်စရာအကောင်းဆုံးပြဿနာမှာ မှိုရောဂါပင်ဖြစ်သည်။ သက်ရှိမှိုမျှင်များသည် မြေကြီးထဲ၌ ၁၀ နှစ်မှ ၁၅ နှစ်အထိရှင်သန်နိုင်ပြီး အပင်များကို အမြစ်ကနေဝင်ရောက်ပြီး ဒုက္ခပေးလေ့ရှိသည်။ ထိုမှိုရောဂါကိုဖြေရှင်းနိုင်မည့်နည်းလမ်းသည် ဓာတုဆေးဝါး များဖြင့် နှိမ်နင်းလို့မရချေ။ အကောင်းဆုံးနည်းလမ်းမှာ သီးလှည့်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ထို့ပြင် ပိုးမွှားနှင့်ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် စိုက်ခင်းကိုပုံမှန်စစ်ဆေးပေးရမည်။
တစ်ဧကအထွက်နှုန်း တိုးတက်စေရေး
တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ခြင်း၊ မြေဆီလွှာကို ကောင်းစွာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း၊ သီးနှံပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းစသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ ထို့ပြင်သီးနှံအထွက်နှုန်းကို တိုးတက်စေရန် သင့်လျော်သော မြေဩဇာများကို ထည့်သွင်းပေးရမည်။
နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများ
နိုင်ငံတော်အစိုးရမှလည်း ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအတွက် ပံ့ပိုးမှုများကိုရယူခြင်းဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများတွင် မျိုးကောင်းမျိုးသန့်များပံ့ပိုးပေးအပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖြန့်ဖြူးခြင်း၊ ငွေကြေးကူညီပံ့ပိုးမှုများပေးခြင်း စသည့်အစီအစဉ်များပါဝင်သည်။
ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ
ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို လေ့လာခြင်းဖြင့် ဖရဲသီးနှံ၏ ဈေးကွက်လိုအပ်ချက်များကိုသိရှိနိုင်ပြီး ထိုအချက်များကို အခြေခံကာ စိုက်ပျိုးထုတ်လုပ်မှုကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကိုသိရှိရန် ဈေးကွက် စစ်တမ်းများကောက်ယူခြင်း၊ ဒေသခံလယ်သမားများနှင့်တိုင်ပင်ဆွေးနွေးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။
ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည် တောင်သူလယ်သမားများအတွက်သာမက စားသုံးသူများအတွက်ပါ အကျိုးပြုမှုများစွာရှိသည်။ ဖရဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး လူတို့၏အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည် တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။
ဥယျာဉ်ခြံသီးနှံတစ်မျိုးဖြစ်သည့် ဖရဲသီးနှံသည် သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး စျေးကောင်းမိပါက စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်သည်။ ဖရဲသီးနှံကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားနှင့် ရောဂါဒဏ်ကာကွယ်ခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်း စသည့်အချက်များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်မှ ပံ့ပိုးမှုများနှင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကိုသိရှိခြင်းဖြင့် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ။
Source: MWD Web Portal

• လူနေအိမ်၊ သားသတ်ရုံ၊ တိရစ္ဆာန်အရှင်စျေးကွက်တို့နှင့် ဝေးကွာသည့်နေရာဖြစ်ရမည်။
• ဓာတုပစ္စည်း၊ အဏုဇီဝပစ္စည်းများ၏ဘေးအန္တရာယ်တို့မှ ကင်းဝေးသည့်မြေနေရာဖြစ်ရမည်။
• ရေလွှမ်းမိုးမှုမရှိနိုင်သောနေရာဖြစ်ရမည်။

• တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာတို့တွင် ဆောက်လုပ်ရမည်။
(ခ) မွေးမြူရေးခြံပုံစံ
• ဇီဝလုံခြုံရေး၊ အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်မဖြစ်စေရေး၊ တိရစ္ဆာန်များ ဘဝ သာယာဝပြောရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေးကို အလေးထားဖွဲ့စည်းတည်ဆောက်ထားသည့် ခြံပုံစံဖြစ်ရမည်။
(ဂ) မွေးမြူရေးခြံအဆောက်အအုံ
• မွေးမြူကောင်ရေ၊ အမျိုးအစားနှင့် အသက်အရွယ်အလိုက် သင့်လျော်သည့်ပုံစံဖြစ်ရမည်။
• လေဝင်လေထွက် ကောင်းမွန်စေရန်၊ သန့်ရှင်းရေးလုပ်ငန်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်စေရမည်။
• အပူဒဏ်၊ အအေးဒဏ်နှင့် မိုးရေထိခိုက်မှုဒဏ်များမှ ကင်းဝေးစေရန် တည်ဆောက်ရမည်။
• အသားတိုးကြက် အကောင် ၃၀၀၀ ခြံအတွက် လိုအပ်သည့်အဆောက်အအုံအကျယ်အဝန်းကို ယေဘုယျအားဖြင့် ဖော်ပြပါ နမူနာခြံအချိုးအစားဖြင့် မွေးမြူနိုင်ပါသည်-
(ဃ) အစာ• အစာကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် အရည်အသွေးပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။
• အစာကိုအချိန်မှန်ကျွေးမွေးပေးရမည်။
• အသုံးပြုရန်မသင့်သည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများ ပါဝင်မှုမရှိစေရ။
(င) ရေ
• သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေကိုလုံလောက်စွာ ထောက်ပံ့ပေးရမည်။
(စ) မွေးမြူရေးခြံလုပ်ကိုင်သူများ
• မိမိကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ အများပြည်သူကျန်းမာရေး ထိခိုက်မှု မရှိစေရန်အတွက် မိမိကိုယ်တိုင် ကျန်းမာရေးကောင်းမွန်ရမည်။ အလုပ်တာဝန်ကျွမ်းကျင်မှုရှိရမည်။
• မတော်တဆကိစ္စရပ်များတွင် ဆောင်ရွက်ရမည့်လမ်းညွှန်ချက်များကို သိရှိထားရမည်။
• သင့်လျော်သည့် အကာအကွယ်များ ဝတ်ဆင်လုပ်ကိုင်ရမည်။
• သန့်စင်ခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရမည်။
(ဆ) ကြက်အသစ်သွင်းခြင်း
• ဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာကြောင်းထောက်ခံချက်ပါရှိမှသာ မွေးမြူရမည်။
• အသစ်ရောက်ရှိလာသော ကြက်များကို သတ်မှတ်ကာလ အပိုင်းအခြားအထိသီးသန့်ခွဲခြားထားရမည်။
(ဇ) ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း
• ဦးစီးဌာနမှခွင့်ပြုထားသည့် ကာကွယ်ဆေး၊ ကုသဆေး၊ ဖြည့်စွက်ဆေးများကို အသုံးပြုရမည်။
• ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ပုံမှန်ပြုလုပ်ရမည်။
• ဇီဝလုံခြုံရေးလုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
• ကူးစက်ရောဂါကျရောက်ပါကဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။
(ဈ) တိရစ္ဆာန်အခွင့်အရေးလိုက်နာ ဆောင်ရွက်မှု
• မွေးမြူရေးကြက်များကို ကြောက်ရွံ့စေခြင်း၊ စိတ်ဖိစီးစေခြင်း၊ နာကျင်စေခြင်း၊ ဒဏ်ရာရရှိစေခြင်းမရှိစေရ။
• အစာ၊ ရေနှင့် လုံလောက်သောအကျယ်အဝန်းရအောင် စီစဉ်ထားရှိရမည်။
(ည) ခြံသန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု
• သင့်လျော်သည့် ပစ္စည်းကိရိယာများ၊ ခွင့်ပြုထားသည့် ဓာတုပစ္စည်းများကိုသာ အသုံးပြုရမည်။
• စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့်
လုပ်ထုံးလုပ်နည်းအတိုင်း စွန့်ပစ်ရမည်။
(ဋ) မွေးမြူရေးခြံမှတ်တမ်း
• မွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်အားလုံးအတွက် မှတ်တမ်းများထိန်းသိမ်းထားရှိရမည်၊။
ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးအစာ စားသောက်ရန်အတွက် ရည်ရွယ်မွေးမြူသည့် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော မွေးမြူရေးဖြစ်ရမည်။
ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင် ဈေးကွက်ဝင်ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။
ထုတ်ကုန်အရည်အသွေးနှင့်ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရေးဟန်ချက်ညီရန်မှာ မွေးမြူရေးခြံအတွက် သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရမည်။ သွင်းအားစုပေါင်းများစွာ အနက်မှ ကျွေးမွေးရသည့် အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီး ဖြစ်သည်။
သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို အဓိကထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးအစာဆက်သွယ်နေမှုကို သိရှိနိုင်ရန်ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန် အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့်ရေမြေရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုးကွာခြားနိုင်သဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိအစာကုန်ကြမ်းများတွင်ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ ဓာတ်ခွဲခန်းဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။
တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း
သတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက် ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။
ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသည်းစံချိန်စံညွှန်းဤစံချိန်စံညွှန်းသည် စျေးကွက်သို့တင်ပို့ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပြုပြင်ပြောင်းလဲထားခြင်းမရှိသေးသော Gallus Domesticus အနွယ်ဝင် ကြက်၏အသားစိမ်းကိုဆိုသည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။
ထုတ်ပြန်ပြီး ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသည်းစံချိန်စံညွှန်းတွင် ပါဝင်သည့် အခန်းကဏ္ဍများမှာဖော်ပြပါအတိုင်းဖြစ်သည်-
(၁) ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသည်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊
(၂) သားသတ်ပြီးနောက် ကြက်ကောင်လုံးအရည်အသွေးကို စစ်ဆေးခြင်း၊
(၃) သားသတ်ပြီးနောက် ခုတ်ပိုင်းသားပစ္စည်းများနှင့် အမြစ်အသည်းကို အရည်အသွေးစစ်ဆေးခြင်း၊
(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း၊
(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း၊
(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ၊
(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ၊
(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ၊
(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း၊
(၁၀) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်ဖော်ပြသည့်တံဆိပ်တပ်ခြင်း၊
(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း။
နိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍစံချိန်စံညွှန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်း လေ့လာနိုင်ပါသည်။ ။
Source: Myawady Web Portal

တိုးတက်လာသော အသားတိုးကြက်မွေးမြူရေး
တိုးတက်လာသော အသားတိုးကြက်မွေးမြူရေး
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊ ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်မွေးမြူထားသဖြင့် ကြက်ကောင်ရေပေါင်း ၈၀၈၆၁၈၀၉ ကောင် ဖြစ်သည်ကိုတွေ့ရှိရသည်။စာရင်းအချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန်မွေးမြူသည့် အိမ်ထောင်စုဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ကြက်မွေးမြူသူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင် ၂၀၁၈ ခုနှစ် မြေပြင်ကောက်ယူစာရင်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ကြက်မွေးမြူမှုရာခိုင်နှုန်းတိုးမြင့်လာသည်ကို တွေ့ရှိရသည်။
အသားတိုးကြက်မျိုး (Broiler) ဆိုသည်မှာ
အသားစားရန်အတွက်သာရည်ရွယ်၍ မွေးမြူသည့် ကြက်မျိုးဖြစ်သည်။ အသားစားရန်အတွက် မွေးမြူကြသည်ဖြစ်၍ ကြက်မျိုးများစွာအနက်မှ အသားဖြစ်ထွန်းနှုန်းကောင်းသော ကြက်မျိုးသီးသန့်ကိုသာ ရွေးချယ်စိစစ်၍ အဆင့်ဆင့် မျိုးမြှင့်ထားခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ အသားတိုးကြက်မျိုးဆိုသည်မှာ အချိန်တိုအတွင်း ကြီးထွားမှုမြန်ဆန်ပြီး အသားထွက်နှုန်းကောင်းမွန်သည့်ကြက်မျိုးဟုဆိုနိုင်သည်။ ကမ္ဘာတစ်ဝန်းရှိ ကြက်မျိုးထုတ်လုပ်ငန်းရှင်များသည် အသားထုတ်လုပ်ရန်အတွက် အသုံးပြုသော Broilerကြက်မျိုးများ၏ အသားထွက်နှုန်းမြင့်မားပြီး ကြီးထွားမှုမြန်ဆန်သည့် အားသာချက်များကိုရယူ၍ မျိုးမြှင့်သားဖောက်ထုတ်လုပ်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် မွေးမြူမှုအများဆုံး အသားစားကြက်မျိုးများမှာ Cobb 500၊ Ross 308၊ Hubbard F15၊ Arbor Acres၊ Lohmann၊ Hy-Line စသည်တို့ဖြစ်သည်။ အခြားမျိုးမြှင့်မျိုးသစ်များလည်း မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။ မည်သည့်မျိုးမြင့်အသားစားကြက်မျိုးဖြစ်စေ အစာမှအသားဖြစ်မှုသို့ ထိရောက်စွာပြောင်းလဲနိုင်သည့် အာဟာရပြည့်ဝသောအစာကိုပေးရန်လိုအပ်သည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော်လည်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန် လိုအပ်သည်ကို အထူးသတိပြုရန်နှင့် နိုင်ငံဒေသအလိုက် ရေမြေရာသီဥတုတို့နှင့် လိုက်လျောညီစွာထုတ်ပြန်ထားသော ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(GAHP)တို့နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းအကြံဉာဏ်ရယူရန် လိုအပ်ကြောင်းကို အကြံပြုလိုသည်။
မွေးမြူသောနည်းစနစ်များ
မွေးမြူသောနည်းစနစ်များသည် တစ်နိုင်တစ်ပိုင်မွေးမြူသောနည်းစနစ်မှစီးပွားဖြစ်မွေးမြူသော နည်းစနစ်ဟူ၍ခွဲခြားထားသည်။ တစ်နိုင်တစ်ပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ၊ မည်သည့်စနစ်ဖြင့် မွေးမြူစေကာမူ မိမိမွေးမြူမည့်တိရစ္ဆာန်အမျိုးအစားအလိုက် မွေးမြူရာတွင် သိပ္ပံနည်းကျမွေးမြူတတ်စေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မွေးမြူလိုသူထံသို့ ကွင်းဆင်းလိုက်ပါ နည်းပညာပေးခြင်းတို့ဆောင်ရွက်လျက်ရှိသဖြင့် အသားတိုးကြက်မွေးမြူရေးလုပ်ကိုင်ရန် စိတ်ပါဝင်စားသူမည်သူမဆို နီးစပ်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်။
ခြံတည်ထောင်ခြင်းနှင့် အရင်းအနှီး
အသားတိုးကြက်မွေးမြူရာတွင် ကောင်ရေ ၃၀၀၀ အနည်းဆုံးမွေးမြူလျှင် တစ်ယူနစ်ဟုသတ်မှတ်သည်။ ကာလတိုအတွင်း မွေးမြူထုတ်လုပ်ရသည်ဖြစ်၍ ခြံတည်ထောင်ခြင်း၊ ကြက်မျိုးထည့်သွင်းခြင်းမှသည် ကုန်ထုတ်ခြင်းလုပ်ငန်းစဉ်အထိ စနစ်ကျရန် အထူးလိုအပ်သည်။ သို့ဖြစ်ပါ၍ အသားတိုးကြက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အဓိကလုပ်ငန်းစဉ်ဖြစ်သော မြေနေရာရွေးချယ်ခြင်း၊ အဆောက်အအုံတည်ဆောက်ခြင်းနှင့် သွင်းအားစုများထည့်သွင်းခြင်းလုပ်ငန်းများတွင် လုပ်ငန်းတစ်ခုချင်းအလိုက် စနစ်တကျဆောင်ရွက်ရမည်။ သို့မှသာ မိမိရင်းနှီးမြှုပ်နှံထားရှိမှု၏ အကျိုးအမြတ်ကို မိမိခံစားရမည်။ မြေနေရာရွေးချယ်ခြင်း၊ ခြံတည်ဆောက်ခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ စာရင်းဇယားပြုစုခြင်း စသည့်လုပ်ငန်းစဉ်တစ်လျှောက် တစ်နေရာရာတွင် သတ်မှတ်လုပ်ငန်းတစ်ခုခုကိုလိုက်နာခြင်းမရှိခဲ့ပါက ဇီဝလုံခြုံမှုစနစ်ကျိုးပေါက်၍ ကူးစက်ရောဂါဝင်ရောက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဖြစ်၍ အမှုအခင်းကြုံတွေ့ဖြေရှင်းရခြင်း၊ ကုန်ထုတ်ချိန်ရောက်ရှိသည့်တိုင် ဈေးကွက်ဝင်အဆင့်မရရှိ၍ အကျိုးစီးပွားထိခိုက်ခြင်းစသည်တို့ ကြုံတွေ့ရမည်ဖြစ်သည်။ ထိုသို့မဖြစ်စေရန်နှင့် ဘေးကင်းလုံခြုံသော မွေးမြူရေးထုတ်ကုန်ရရှိစေရန်ရည်ရွယ်၍ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP) များကို တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပေးခြင်းဖြစ်သည်။ ထုတ်ပြန်ချက်အတိုင်း စနစ်တကျလိုက်နာသူတိုင်းသို့ GAHP အသိအမှတ်ပြုလက်မှတ်ပေးအပ်သည်။ လက်မှတ်ရခြံ၏ ထုတ်ကုန်သည် ဘေးကင်းလုံခြုံသော ထုတ်ကုန်ကြမ်းဖြစ်မည်။ အဆိုပါ ထုတ်ကုန်ကြမ်းများကို ကုန်ချောအဖြစ် ဆက်လက်ထုတ်လုပ်ရာတွင်လည်း စံချိန်စံညွှန်းများဖြင့်စိစစ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ်ထပ်မံထုတ်ပေးလျက်ရှိသည်။ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်အဖြစ် ထောက်ခံချက်ပေးခြင်းဟု ယေဘုယျဆိုနိုင်သည်။
မတည်အရင်းအနှီးအနေဖြင့် နိုင်ငံတော်အစိုးရက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးကြက်အကောင် ၃၀၀၀ တစ်ယူနစ်မွေးမြူသူများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါက လျှောက်ထားသည့် ချေးငွေပမာဏကို စိစစ်ထုတ်ပေးလျက်ရှိသည်။ တစ်ယူနစ်လျှင် ငွေကျပ် ၁၅ သန်းနှုန်း ထုတ်ပေးလျက်ရှိရာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒုတိယသက်တမ်းအဖြစ် ဖော်ပြပါအတိုင်းထပ်မံထုတ်ချေးလျက်ရှိသည်။
အသားတိုးကြက်မွေးမြူခြင်းလုပ်ငန်းစဉ်များ
စတင်မွေးမြူလိုသူများအတွက် အခြေခံအသိပညာအနေဖြင့် မွေးမြူခြင်းလုပ်ငန်းစဉ်များကို ဖော်ပြပါအတိုင်း ယေဘုယျနားလည်ထားရမည်-
(က) ကြက်မီးကိုင်ခန်းပြင်ဆင်ခြင်း
( ခ ) ကြက်မထည့်မီ ပြင်ဆင်ခြင်း
ဆုံလည်အစာခွက် ၁၂ ခွက်ထဲ အစာကြိုထည့်ထားပေးပါ။ ရေထည့်ပြီးသား တစ်ဂါလန်ရေဘူး နေရာချထားပေးပါ။ အစာအိတ်ခွံလေးလုံးခင်း၍ အစာများပုံထည့်ထားပေးပါ။ အစာ၊ ရေတို့ကို ကြက်မရောက်မီ နှစ်နာရီကြိုတင်၍ ပြင်ဆင်ရမည်။
( ဂ ) ကြက်ပေါက်ထည့်သွင်းခြင်း
မီးကိုင်မည့်အခန်းကို လိုအပ်သောအပူချိန် (၃၅ဒီဂရီစင်တီဂရိတ်)ရရန် ကြိုတင်၍အပူပေးပါ။
• အစာနှင့်ရေကို ကြိုတင်ထည့်သွင်းပြင်ဆင်ထားပါ။
• ကြက်ပေါက်အလေးချိန် ချိန်တွက်ပါ။
• ကြက်ကလေးအကောင်ရေ ပြည့်မပြည့်ရေတွက်ပါ။
• ကြက်ကလေးကို မီးကိုင်ခန်းထဲသို့ထည့်ပါ။
• ကြက်ကလေးအမူအရာကိုလေ့လာပြီး အပူချိန်ကိုထိန်းညှိပါ။
• အစာ စား၊ မစား ကြက်စလုတ်ကို စမ်းသပ်စစ်ဆေးပါ။
• မှတ်တမ်းဖြည့်သွင်းပါ။
(ဃ) မီးကိုင်ခြင်း
ရက်သားအလိုက် သတ်မှတ်ထားသော အပူချိန်ချိန်ညှိပေးခြင်း၊ ရေနှင့်အစာ အချိုးကျကျွေးမွေးခြင်းနှင့် အသက်အရွယ်အလိုက် သတ်မှတ်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ရသည်။ ကာလတိုအတွင်း(၄၂-၄၅ ရက်သားအတွင်း) မွေးမြူထုတ်လုပ်ရခြင်းဖြစ်၍ လုပ်ငန်းစဉ်တိုင်းတွင် နည်းစနစ်တကျဆောင်ရွက်ရမည်။ အပူချိန်၊ ရေနှင့် အစာတို့ကို သတ်မှတ်နည်းစနစ်အတိုင်းလိုက်နာဆောင်ရွက်ပေးရန် အထူးအရေးကြီးသည်။
အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်
အသားတိုးကြက်မွေးမြူရေးခြံအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ကိုသတ်မှတ်ထုတ်ပြန်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် နားလည်သိရှိ၍ လိုက်နာ
ဆောင်ရွက်နိုင်စေရန် ဖော်ပြအပ်ပါသည်-
(က) မွေးမြူရေးခြံတည်နေရာ
• တရားဝင်ခွင့်ပြုထားသည့်မြေနေရာဖြစ်ရမည်။
• လျှပ်စစ်ဓာတ်အား၊ရေအရင်းအမြစ်နှင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရ မည်။
• လူနေအိမ်၊ သားသတ်ရုံ၊ တိရစ္ဆာန်အရှင် စျေးကွက်တို့နှင့် ဝေးကွာသည့်နေရာဖြစ်ရမည်။

• ဇီဝလုံခြုံရေး၊ အလုပ်သမားများ လုပ်ငန်းခွင်
ဘေးအန္တရာယ်မဖြစ်စေရေး၊ တိရစ္ဆာန်များ ဘဝ သာယာဝပြောရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေးကို အလေးထားဖွဲ့စည်းတည်ဆောက် ထားသည့်ခြံပုံစံဖြစ်ရမည်။

• လေဝင်လေထွက်ကောင်းမွန်စေရန်၊သန့်ရှင်းရေးလုပ်ငန်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင် စေရမည်။

• အသားတိုးကြက်အကောင် ၃၀၀၀ ခြံအတွက်လိုအပ်သည့်အဆောက်အအုံအကျယ်အဝန်းကို ယေဘုယျအားဖြင့် ဖော်ပြပါ နမူနာခြံအချိုးအစားဖြင့် မွေးမြူနိုင်ပါသည်-
(ဃ) အစာ
• အစာကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် အရည်အသွေးပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။
• အစာကို အချိန်မှန်ကျွေးမွေးပေးရမည်။

• သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေကို လုံလောက်စွာ ထောက်ပံ့ပေးရမည်။
(စ) မွေးမြူရေးခြံလုပ်ကိုင်သူများ
• မိမိကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ အများပြည်သူကျန်းမာရေး ထိခိုက်မှုမရှိစေရန်အတွက်မိမိကိုယ်တိုင်ကျန်းမာရေးကောင်းမွန်ရမည်။အလုပ်တာဝန်ကျွမ်းကျင်မှု ရှိရမည်။

• သန့်စင်ခြင်းနှင့်ပိုးသတ်ခြင်းလုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

• အသစ်ရောက်ရှိလာသောကြက်များကို သတ်မှတ်ကာလအပိုင်းအခြားအထိသီးသန့်ခွဲခြားထားရမည်။
(ဇ) ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း
• ဦးစီးဌာနမှ ခွင့်ပြုထားသည့် ကာကွယ်ဆေး၊ ကုသဆေး၊ ဖြည့်စွက်ဆေးများကို အသုံးပြုရမည်။

• ဇီဝလုံခြုံရေးလုပ်ငန်းစဉ်များကိုစနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
• ကူးစက်ရောဂါကျရောက်ပါကဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရ မည်။
(ဈ) တိရစ္ဆာန်အခွင့်အရေးလိုက်နာဆောင်ရွက်မှု
• မွေးမြူရေးကြက်များကို ကြောက်ရွံ့စေခြင်း၊စိတ်ဖိစီးစေခြင်း၊ နာကျင်စေခြင်း၊ ဒဏ်ရာရရှိ စေခြင်း မရှိစေရ။

• သင့်လျော်သည့် ပစ္စည်းကိရိယာများ၊ ခွင့်ပြုထားသည့် ဓာတုပစ္စည်းများကိုသာအသုံးပြု ရမည်။
• စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းအတိုင်း စွန့်ပစ်ရမည်။

ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ စားသောက်ရန်အတွက် ရည်ရွယ်မွေးမြူသည့် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော မွေးမြူရေးဖြစ်ရမည်။
ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင် ဈေးကွက်ဝင်ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်ကုန်အတွက်အမြတ်အစွန်းရရှိရေး ဟန်ချက်ညီရန်မှာ မွေးမြူရေးခြံအတွက်သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရမည်။ သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့် အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီး ဖြစ်သည်။
သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို အဓိက ထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးအစာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန် အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက် ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေမြေရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုးကွာခြားနိုင်သဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိ အစာကုန်ကြမ်းများတွင် ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ ဓာတ်ခွဲခန်းဖြင့် စိစစ်ဆောင်ရွက်ပေးနေသည်။

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်းသတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။
ကြက်သား၊ အေးခဲကြက်သားနှင့်အမြစ်အသဲစံချိန်စံညွှန်း
ဤစံချိန်စံညွှန်းသည် စျေးကွက်သို့တင်ပို့ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပြုပြင် ပြောင်းလဲထားခြင်းမရှိသေးသော Gallus Domesticus အနွယ်ဝင် ကြက်၏အသားစိမ်းကိုဆိုသည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများ သတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်ထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။
ထုတ်ပြန်ပြီး ကြက်သား၊ အေးခဲကြက်သားနှင့်အမြစ်အသဲစံချိန်စံညွှန်းတွင် ပါဝင်သည် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
(၁) ကြက်သား၊ အေးခဲကြက်သားနှင့် အမြစ်အသဲအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း
(၂) သားသတ်ပြီးနောက် ကြက်ကောင်လုံးအရည်အသွေးကို စစ်ဆေးခြင်း
(၃) သားသတ်ပြီးနောက် ခုတ်ပိုင်းသားပစ္စည်းများနှင့်အမြစ်အသဲကို အရည်အသွေး စစ်ဆေးခြင်း
(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း
(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း
(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှု ဆိုင်ရာ စံချိန်စံညွှန်းများ
(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း
(၁၀) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း
(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေး ဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်သည်။
အမည် - ဒေါက်တာကျော်ကျော်လန်း(ဒုတိယညွှန်ကြားရေးမှူး)
ကလောင် - ဒေါက်တာရင်းမြစ်(မွေး/ကု)
ဌာန - မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ
ဖုန်း - ၀၉ ၇၆၈၁၅၃၈၇၆

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် မြေဆီလွှာ၏ အာဟာရဓာတ်အခြေအနေကိုသိရှိထားရန် လိုအပ်သည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကိုရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအများစု၌ သစ်ဆွေးဓာတ်ပါဝင်မှုမှာ ၂ ရာခိုင်နှုန်းအောက် ဖြစ်နေသည်ကိုတွေ့ရှိရသည်။ ထိုသို့ သစ်ဆွေးဓာတ်နည်းပါးရခြင်းသည် သဘာဝမြေဩဇာများဖြစ်ကြသော တိရစ္ဆာန်အညစ်အကြေးများ၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ မြေဩဇာများနှင့် သီးနှံပင်အကြွင်းအကျန်များအား ပြန်လည်ထည့်သွင်းမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများအား လိုအပ်သောပမာဏကိ
သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် မြေဆီလွှာ၏ အာဟာရဓာတ်အခြေအနေကိုသိရှိထားရန် လိုအပ်သည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကိုရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအများစု၌ သစ်ဆွေးဓာတ်ပါဝင်မှုမှာ ၂ ရာခိုင်နှုန်းအောက် ဖြစ်နေသည်ကိုတွေ့ရှိရသည်။ ထိုသို့ သစ်ဆွေးဓာတ်နည်းပါးရခြင်းသည် သဘာဝမြေဩဇာများဖြစ်ကြသော တိရစ္ဆာန်အညစ်အကြေးများ၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ မြေဩဇာများနှင့် သီးနှံပင်အကြွင်းအကျန်များအား ပြန်လည်ထည့်သွင်းမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများအား လိုအပ်သောပမာဏကို အချိန်ကိုက်အချိုးကျထည့်သွင်းရမည်။ ထိုသို့မထည့်သွင်းဘဲ စိုက်ပျိုးမှုများလာပါက သီးနှံပင်များမှ မြေဆီလွှာအတွင်းရှိ နဂိုရှိရင်းစွဲ အာဟာရဓာတ်များအား နုတ်ယူသုံးစွဲသွားသဖြင့် မြေတွင် အာဟာရဓာတ်ကုန်ခန်းလာသည်။ အကျိုးဆက်အနေဖြင့် သီးနှံပင်များ၏ အထွက်နှုန်းများကျဆင်းလာသည်။ သို့ဖြစ်ပါ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် မြေဆီလွှာအာဟာရဓာတ် တိုးတက်ကောင်းမွန်စေနိုင်သည့် အောက်ပါနည်းလမ်းများကို အသုံးချပေးသင့်ပါသည်။
သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း
ယခုအခါ ဓာတ်မြေဩဇာရှားပါးပြီး အဆမတန်ဈေးကြီးလာသော အခြေအနေတွင် စိုက်ပျိုးသူတောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကို တောင်သူများလက်တွေ့အသုံးချစိုက်ပျိုးသင့်သည်။
ကောက်ရိုးအား ပြန်လည်အသုံးချခြင်း
စပါးသီးနှံရိတ်သိမ်းပြီးနောက် ကောက်ရိုး ရိုးပြတ်များကို ထယ်ထိုး မြေမြှုပ်ပေးခြင်းဖြင့် သစ်ဆွေးဓာတ်ပါဝင်မှုတိုးလာကာ မြေဆီလွှာ အာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့် ရေတိုက်စားမှုအား လျော့ကျစေခြင်း၊ အာဟာရဓာတ်များ ရေစီးကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့အား လျော့ကျသွားစေသော အကျိုးသက်ရောက်မှုရှိသည်။ ထို့ပြင် ကောက်ရိုးများကို သီးနှံများစိုက်ပျိုးရာ၌ မြေဖုံးပစ္စည်းအဖြစ် အသုံးချခြင်းဖြင့် ရေငွေ့ပြန်မှုကိုလျှော့ချနိုင်ခြင်း၊ မြေဆီလွှာအစိုဓာတ်ကိုထိန်းသိမ်းခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှုကို ဟန့်တားနိုင်ခြင်း၊ ရေရှည်တွင် မြေဆီလွှာအာဟာရဓာတ်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုကို တိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေနိုင်၍ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးထုတ်လုပ်မှုကို ဦးတည်စေနိုင်မည်ဖြစ်သည်။
သီးထပ်၊ သီးညှပ်သီးနှံပုံစံတွင် ပဲမျိုးစုံထည့်သွင်းစိုက်ပျိုးခြင်းမြေတစ်နေရာတည်း၌ နှစ်စဉ်သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိအာဟာရဓာတ်များ လျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် သီးနှံပုံစံ (သီးထပ်၊ သီးညှပ်) များတွင် ပဲမျိုးစုံသီးနှံအား ထည့်သွင်းစိုက်ပျိုးပေးသင့်သည်။ သုတေသနတွေ့ရှိချက်အရ စပါး-ပဲ-စပါး သီးနှံပုံစံတွင် မိုးစပါးအပြီး မိုးနှောင်းတွင်စိုက်ပျိုးခဲ့သော ပဲသီးနှံ၏အရိုးအမှော်များ မြေဆီလွှာတွင် ပြန်လည်ထည့်သွင်းထယ်ထိုးမြေမြှုပ်ပေးခြင်းသည် နွေစပါးအတွက် အထောက်အကူဖြစ်စေပြီး မိုးနှောင်းမြေလှပ်ထားခြင်းထက် စပါးအထွက် ၅-၁၀ရာခိုင်နှုန်းပိုသည်ကို တွေ့ရှိခဲ့ရသည်။
ပြောင်းရိုးအား ဘိုင်အိုချာပြုလုပ်သုံးစွဲခြင်းဘိုင်အိုချာသည် သဘာဝစွန့်ပစ်ပစ္စည်းများနှင့် သီးနှံအကြွင်းအကျန်များကို အပူပေးလောင်ကျွမ်းစေခြင်းမှရရှိလာသော ကာဗွန်ကြွယ်ဝသည့် ကွန်ပေါင်းတစ်ခုဖြစ်ပြီး မြေဆီအာဟာရဓာတ်ကိုလည်း တိုးတက်ကောင်းမွန်စေသည်။ ပြောင်းရိုးဘိုင်အိုချာကို အသုံးပြုခြင်းဖြင့် အာဟာရဓာတ်ဆုံးရှုံးမှုတို့ကို လျော့နည်းစေနိုင်ပြီး သီးနှံစိုက်ပျိုးရာတွင် မြေခံအဖြစ် ထည့်သွင်းအသုံးပြုနိုင်သည်။ ဘိုင်အိုချာကို သင့်လျော်သော ဓာတ်မြေဩဇာများနှင့်ရောစပ်အသုံးပြုခြင်းဖြင့် သီးနှံကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်သည်။
စပါးခွံဖွဲပြာ ထည့်သွင်းအသုံးပြုခြင်း
အချဉ်ဘက်ယိုင်သောမြေများတွင် စပါးခွံများကို လောင်ကျွမ်းသွားအောင် မီးရှို့ခြင်းမပြုဘဲ မည်းသွားရုံသာ မီးလောင်စေ၍ ထိုစပါးခွံဖွဲပြာကို ၁ ဧက ၅ တန်နှုန်း ထည့်ပေးခြင်းဖြင့် သုတေသနတွေ့ရှိချက်အရ စပါးအထွက် ၅ ရာခိုင်နှုန်းပိုစေသည်။ ထို့ပြင် စပါးခွံဖွဲပြာကို ၁ ဧက ၅ တန်နှုန်း သုံးရာသီဆက်တိုက်ထည့်သွင်းသုံးစွဲပါက မြေ၏ ချဉ်ငန်ဓာတ်မှာ ၄ ဒသမ ၈၃ မှ ၅ ဒသမ ၂၄ ထိ တိုးလာခြင်းနှင့် မြေသားဖွဲ့စည်းမှုကောင်းပြီး အပင်စားသုံးနိုင်သော ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ်များလည်း တိုးတက်စေသည်။
မြေဆွေးပုံပြုလုပ်သုံးစွဲခြင်း
မြေဆွေးပုံပြုလုပ်သုံးစွဲပေးခြင်းဖြင့် ဓာတ်မြေဩဇာလိုအပ်မှုအား လျှော့ချနိုင်ခြင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်များအား ဖြည့်တင်းပေးနိုင်ပြီး မြေအစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်ခြင်း၊ သစ်ဆွေးဓာတ်များကို အမြန်ဆွေးမြည့်စေရန် လုပ်ဆောင်ပေးသည့် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝသက်ရှိများ ပွားများလာမှုကို အားပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုလည်း ထိန်းသိမ်းပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိစေသည်။
နှမ်းရိုးများအား စပါးစိုက်ခင်းအတွင်းသို့ ပြန်လည်ထည့်သွင်းခြင်းနှမ်းရိုးများသည် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသည်။ စပါးစိုက်ခင်းများအတွင်းတွင် နှမ်းရိုးများကို ရေထဲသို့ နင်းမြှုပ်ပေးခြင်းဖြင့် နှမ်းရိုးထဲရှိ ပိုတက်စီယမ်ဓာတ်များသည် အပင်စားသုံးနိုင်သည့်ပုံစံဖြင့် ထွက်ရှိလာနိုင်ပြီး စပါးပင်များမှ တိုက်ရိုက်စုပ်ယူစားသုံးနိုင်သည်။ ထို့ကြောင့် စပါးယိုင်လဲမှု လျော့နည်းစေခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိလာခြင်း၊ အမြစ်ဖွဲ့စည်းပုံအားကောင်းလာခြင်း၊ အစေ့အဆန်များ ပြည့်ဖြိုးအောင်မြင်လာခြင်းတို့ကြောင့် အထွက်နှုန်းတိုးတက်လာ၍ အရည်အသွေးကောင်းမွန်ခြင်းစသော အကျိုးကျေးဇူးများရရှိစေသည်။
ပဲမြစ်ဖုဇီဝမြေဩဇာများနှင့် ထရိုင်ခိုဒါးမားမှိုအား သုံးစွဲပေးခြင်း
မြေမှ နိုက်ထရိုဂျင်ဓာတ်လျော့ပါးမှုကိုကာကွယ်ရန်နှင့် ပဲပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို အကျိုးရှိစွာ ဖြည့်ဆည်းပေးနိုင်ရန် ပဲမြစ်ဖုဇီဝမြေဩဇာများကို ထည့်သွင်းသုံးစွဲပေးနိုင်သည်။ ပဲမျိုးစုံသီးနှံတွင် ပဲမြစ်ဖုဇီဝမြေဩဇာအသုံးပြုခြင်းဖြင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် ဖြည့်စွမ်းပေးခြင်း၊ အပင်များကြီးထွားမှုကို အားပေးခြင်း၊ မြေဆီလွှာအာဟာရဓာတ်ကို ထိန်းပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ အပင်ကြီးထွားမှုကိုအားပေးသော ပဋိဇီဝပစ္စည်းများ (Antibiotics) ထုတ်နိုင်ပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်သော အဏုဇီဝသက်ရှိမှိုတစ်မျိုးဖြစ်သည့် ထရိုင်ခိုဒါးမားမှိုကို သီးနှံစိုက်ခင်းများနှင့် မြေဆွေးပြုလုပ်ရာတွင် အသုံးပြုသင့်သည်။ ထရိုင်ခိုဒါးမားမှို အသုံးပြုခြင်းဖြင့် အပင်ဟော်မုန်းများ ထုတ်ပေးခြင်း ဖြင့် ကြီးထွားမှုကို အားပေးခြင်း၊ အပင်များအတွက် အာဟာရဓာတ်များ စုပ်ယူအသုံးပြုမှုကို တိုးမြင့်စေခြင်း၊ နှမ်းရိုးမည်းရောဂါ၊ ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ မြစ်ပုပ်ရောဂါ၊ ပင်ညှိုးရောဂါနှင့် ပင်ရင်းပုပ်ရောဂါတို့ကို ကာကွယ်ပေးနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိစေသည်။
စိုက်ပျိုးမြေအများစုသည် သစ်ဆွေးဓာတ်နည်းပါးသည့်အတွက် မြေတွင်းသစ်ဆွေးဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှသာ မြေဆီလွှာ၏ သီးနှံထုတ်လုပ်နိုင်စွမ်းကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဓာတ်မြေဩဇာကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ လယ်ယာထွက် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ၊ ထရိုင်ခိုဒါးမားမှိုနှင့် မြေဆွေးပြုလုပ်နည်းများ ပညာပေးခြင်း၊ သဘာဝမြေဩဇာများကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးခြင်း၊ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများနှင့် ဓာတ်မြေဩဇာကို အကျိုးရှိစွာသုံးစွဲမှု နည်းပညာပေးခြင်းများဖြင့် မြေဆီလွှာကို ထိန်းသိမ်းနိုင်သည်။ မြေဆီလွှာကျန်းမာမှ မျှော်မှန်းအထွက်နှုန်းကိုရရှိစေမည်ဖြစ်၍ မြေဆီလွှာမယိုယွင်း မပျက်စီးအောင် ကာကွယ်ရန်အရေးကြီးကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။