ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များပေါ်တွင် အဓိကအခြေခံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖော်ပြချက်များအရ မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုနည်းစနစ်များသည် လူမှုရေး၊ စီးပွားရေးတိုးတက်မှုကိုသာမက ထိုလူမှုအသိုင်းအဝိုင်းအတွက် စားနပ်ရိက္ခာဖူလုံမှုကိုပါ မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေအနက် ခန့်မှန်းခြေလူဦးရေ တစ်ဘီလီယံခန့်သည် အသေးစားမွေးမြူရေးလုပ်ငန်းများအပေါ်တွင် မှီခိုနေရသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ဝင်ငွေရရ
ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များပေါ်တွင် အဓိကအခြေခံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖော်ပြချက်များအရ မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုနည်းစနစ်များသည် လူမှုရေး၊ စီးပွားရေးတိုးတက်မှုကိုသာမက ထိုလူမှုအသိုင်းအဝိုင်းအတွက် စားနပ်ရိက္ခာဖူလုံမှုကိုပါ မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေအနက် ခန့်မှန်းခြေလူဦးရေ တစ်ဘီလီယံခန့်သည် အသေးစားမွေးမြူရေးလုပ်ငန်းများအပေါ်တွင် မှီခိုနေရသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ဝင်ငွေရရှိရန်အတွက် မွေးမြူထုတ်လုပ်မှုကို တိုးမြှင့်ရန်လိုအပ်သည်။ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ နွားကောင်ရေစုစုပေါင်း ကိုးသန်းခန့်ရှိပြီး အမဲသားထုတ်လုပ်မှုမှာ မက်ထရစ်တန် စုစုပေါင်း တစ်သိန်းကျော်ရှိကြောင်း သိရှိရသည်။အမဲသားထုတ်လုပ်မှုကို ဒေသနွားမွေးမြူရေးမှ အဓိကထုတ်လုပ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာ့ဒေသနွားမွေးမြူရေးကို အသားစားနွားမျိုးများဖြင့် သားစပ်မျိုးမြှင့်တင်ပြီး မွေးမြူနိုင်ပါက အသားကဏ္ဍတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင်တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အသားကဏ္ဍအစားအစာဖူလုံပြီး ရေရှည်တည်တံ့ခိုင်မြဲသော မွေးမြူရေးစနစ်ထွန်းကားလာကာ မိသားစုဝင်ငွေလည်း တိုးတက်လာမည်ဖြစ်သည်။ ထိုသို့မြန်မာ့တိုင်းရင်းနွားများကို မျိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက်သင့်လျော်သောနွားမျိုးများကို ရွေးချယ်ရန် လိုအပ်လာသည်။
မြန်မာ့ဒေသနွားအမျိုးအစားမှာ Asian Zebu (Bos indicus) နွားမျိုးများဖြစ်ကြပြီး ခိုင်းနွား အဖြစ် အများဆုံးမွေးမြူကြသည်။ မြန်မာနွားများသည် နေရာဒေသနှင့် အမွေးအရောင်ပေါ် မူတည်၍ အခေါ်အဝေါ်ကွဲပြားသွားကြခြင်းဖြစ်သည်။ မြန်မာ့နွားမျိုးများကို နွားနီအုပ်စု၊ နွားပြာအုပ်စု၊ နွားနက်အုပ်စုနှင့် နွားဖြူအုပ်စုဟူ၍ ခေါ်ဆိုကြကြောင်းကိုလည်း စာအုပ်အကိုးအကားများအရသိရှိရသည်။ ထို့ပြင် နေရာဒေသပေါ်မူတည်ပြီး နွားနီအုပ်စုတွင် နွားနီ၊ နွားရွှေနီ၊ နွားကျစ်နီ၊ နွားနီထိပ်ကွက်၊ နွားဝါနီဟူ၍လည်းကောင်း၊ နွားပြာအုပ်စုတွင် နွားပြာစိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာဖြူဟူ၍လည်းကောင်း၊ နွားနက်အုပ်စုတွင် နွားနက်၊ သံရောင်ချိပ်၊ နွားနက်ထိပ်ကွက်၊ နွားညိုသံရောင်ဟူ၍လည်းကောင်း၊ နွားဖြူအုပ်စုတွင် စာဥ၊ စံပယ်ဖြူ၊ စံပယ်၊ စာဥဝါ၊ စာဥဝါကျား၊ စာဥထိပ်ကွက်၊ စာဥပြာ၊ စာဥအုန်းခွံဟူ၍လည်းကောင်းဒေသအလိုက်ခေါ်ဝေါ်ကြသည်ကိုတွေ့ရသည်။ မြန်မာတိုင်းရင်းနွားမျိုးများစွာထဲမှ ရွှေနီနွားမျိုးနှင့် ပြာစိမ်းနွားမျိုးတို့ကို အဓိကမွေးမြူကြသည်။ ပြာစိမ်းနွားမျိုးများသည် အိန္ဒိယနွားမျိုးနှင့် တိုင်းရင်းနွားမျိုးများ သားစပ်ခြင်းဖြင့် ရရှိလာသည့် နွားမျိုးဖြစ်ပြီး ရွှေနီနွားမျိုးသည် တိုင်းရင်းနွားမျိုးစစ်စစ်ဖြစ်ကြောင်း စာတမ်းများအရသိရှိရသည်။ မြန်မာ့တိုင်းရင်းနွားမျိုးများသည် မြန်မာနိုင်ငံဒေသတော်တော်များများ၏ ကြမ်းတမ်းသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသကဲ့သို့ ရောဂါပိုးမွှားဒဏ်ကိုလည်း ခုခံနိုင်စွမ်း ရှိကြသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းနွားများကို လယ်ယာများထွန်ယက်ရန်၊ ပစ္စည်းများသယ်ယူ ပို့ဆောင်ပေးရန်နှင့် အသားနှင့်နို့အတွက်သာမက နွားချေးများကိုလည်း သဘာဝမြေသြဇာအဖြစ် အသုံးပြုရန်မွေးမြူကြသည်။
ထိုသို့ ဒေသနွားမျိုးများကို အလုပ်ကြမ်းခိုင်းရန်အတွက် အဓိကမွေးမြူကြသောကြောင့် စားသုံးသူများအတွက် လိုအပ်သောအသားပမာဏနှင့် အရည်အသွေးကောင်းမွန်သော အသားကို လုံလောက်စွာထုတ်လုပ်ပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ထုတ်လုပ်မှုကောင်းမွန်ပြီး အသားအရည်အသွေးကောင်းမွန်သော နွားမျိုးများကို ထုတ်လုပ်နိုင်ရန်အတွက် မျိုးမြှင့်တင်ပြီး မွေးမြူရန်လိုအပ်သည်။ မွေးမြူရေးသုတေသနဦးစီးဌာနအနေဖြင့်လည်း မြန်မာ့တိုင်းရင်းနွားမျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး အသားစားနွားမျိုးများအဖြစ် မျိုးမြှင့်တင်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။ ပထမဦးဆုံးအဆင့်အနေဖြင့် မြန်မာတိုင်းရင်းနွားများကို မျိုးမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကြီးထွားနှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်နွားများရွေးချယ်ခြင်းသုတေသနကို ဆောင်ရွက်ခဲ့သည်။ ထိုသုတေသနတွင် ရွှေနီနှင့် ပြာစိမ်းတို့၏ Phenotypic လက္ခဏာများကို လေ့လာပြီး ထုတ်လုပ်မှုကောင်းမွန်သော နွားမျိုးကိုရွေးချယ်ရန်အတွက်ဖြစ်သည်။ ထို့ပြင် Phenotypic သွင်ပြင်လက္ခဏာများကို လေ့လာခြင်းသည် ဒေသတွင်းသာမက နိုင်ငံတကာအဆင့် မျိုးရိုးဗီဇဆိုင်ရာ စီမံခန့်ခွဲမှုများအတွက်ပါ မရှိမဖြစ်လိုအပ်သော အခြေခံလေ့လာမှုတစ်ခုဖြစ်လာနေသည်ကို တွေ့ရသည်။ မျိုးရိုးဗီဇဆိုင်ရာ စီမံခန့်ခွဲမှုများကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်မှသာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
Phenotypic လက္ခဏာနှစ်မျိုးရှိပြီး အရည်အသွေးဆိုင်ရာလက္ခဏာများနှင့် အရေအတွက်ဆိုင်ရာ လက္ခဏာများပင်ဖြစ်သည်။ အရည်အသွေးဆိုင်ရာ လက္ခဏာဆိုသည်မှာ တိရစ္ဆာန်၏ပုံသဏ္ဌာန်၊ အရောင်နှင့်အသွင်အပြင် (ဥပမာ-အမွေးအရောင်၊ အမွေးအမျိုးအစား၊ ဦးချိုပုံသဏ္ဌာန်နှင့် နားရွက်အရှည်) တို့ဖြစ်သည်။ အရေအတွက်ဆိုင်ရာ လက္ခဏာဆိုသည်မှာ အရည်အသွေးဆိုင်ရာ လက္ခဏာများထက် မွေးမြူထုတ်လုပ်ရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် တိရစ္ဆာန်၏ခန္ဓာကိုယ် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အရွယ်အစားနှင့် အတိုင်းအတာများပင်ဖြစ်သည်။
သုတေသနပြုလုပ်ရာတွင် နေပြည်တော်ကောင်စီနယ်မြေမှ ပြာစိမ်းနွားမျိုးနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှရွှေနီနွားမျိုးတို့၏ အရည်အသွေးဆိုင်ရာလက္ခဏာ၊အရေအတွက် ဆိုင်ရာလက္ခဏာများနှင့်ပတ်သက်၍ အချက်အလက်များကောက်ယူခဲ့သည်။ ဤသုတေသနကို ပြုလုပ်ခြင်းအားဖြင့် ပွင့်ဖြူမြို့နယ်ရှိ ရွှေနီနွားမျိုးများသည် နေပြည်တော်ကောင်စီနယ်မြေရှိ ပြာစိမ်းနွားမျိုးများထက်ပိုကြီးပြီး ခန္ဓာကိုယ်အသားများသည်လည်း ပိုပြီးကျစ်လျစ်သန်မာကြောင်း လေ့လာသိရှိရသည်။
ထို့ကြောင့် မြန်မာတိုင်းရင်းနွားမျိုးများကို အသားစားနွားအဖြစ် မျိုးမြှင့်တင်ပြီး မွေးမြူမည်ဆိုလျှင် ရွှေနီနွားမျိုးများကို အသုံးပြုသင့်ကြောင်း လေ့လာသိရှိခဲ့ရသည်။ ထို့ပြင် မြန်မာ့တိုင်းရင်းနွား မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး အသားစားနွားမျိုးများအဖြစ် မျိုးမြှင့်တင်ထုတ်လုပ်နိုင်ရန် ပြင်ပသွင်ပြင်လက္ခဏာများကို လေ့လာခြင်းအပြင် မြန်မာ့တိုင်းရင်းနွားများ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော မျိုးရိုးဗီဇလက္ခဏာများကိုလည်း လေ့လာရန်လိုအပ်သည်။
ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော မျိုးရိုးဗီဇလက္ခဏာများကို သိရှိနိုင်ရန်အတွက် ခန္ဓာကိုယ်ကြီးထွားမှုနှင့်သက်ဆိုင်သောမျိုးဗီဇပါဝင်မှုရှိ/မရှိကိုလည်း မွေးမြူရေးသုတေသနဦးစီးဌာနတွင် ရှာဖွေဖော်ထုတ်ခြင်းကို သုတေသနပြုလုပ်ခဲ့သည်။ ထိုသို့သုတေသနပြုလုပ်ရာတွင်မြန်မာ့တိုင်းရင်းနွားမျိုးများတွင် ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သောမျိုးဗီဇပါဝင်မှုရှိသည်ကိုတွေ့ရှိခဲ့ရသည်။
ထို့ပြင် မြန်မာတိုင်းရင်းနွားမျိုးများသည်ရာသီဥတုကြမ်းတမ်းမှုဒဏ်ကို ခံနိုင်သလိုအစားအစာကြမ်းတမ်းမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြသည်။ မြန်မာတိုင်းရင်းနွားများသည် လူတို့မစားသော စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုးနှင့် မြက်များကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်ကြသည်။ ဖြည့်စွက်စာအဖြစ် ရာသီအလိုက်ပေါ်သော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မြေပဲဖတ်နှင့် ပြောင်းရိုးတို့ကိုကျွေးကြသည်။ အစာရှားပါးသောဒေသများတွင် ထန်းသီးများကျွေးကြသလို ကောက်ရိုးချဉ်ဖတ်၊ မြက်ချဉ်ဖတ်နှင့် နှံစားပြောင်းချဉ်ဖတ်တို့ကိုကျွေး၍မွေးမြူကြသည်။ မြန်မာတိုင်းရင်းနွားများကို သေချာပြုစုစောင့်ရှောက်ပေးမည်ဆိုလျှင် တစ်နှစ်တစ်သားမွေးမြူနိုင်သောကြောင့် စီးပွားရေးအရ ပိုမိုဝင်ငွေရရှိနိုင်သည်။ မြန်မာတိုင်းရင်းနွားများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခွာနာလျှာနာရောဂါကာကွယ်ဆေး၊ ထောင့်သန်းရောဂါကာကွယ်ဆေးနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကိုလည်း ပုံမှန်ထိုးနှံပေးသင့်သည်။ မြန်မာတိုင်းရင်းနွားမျိုးများကို မျိုးမြှင့်တင်သားစပ်မည်ဆိုလျှင် နိုင်ငံခြားနွားမျိုးများဖြစ်သည့် ဘရာမန်(Brahman)နှင့် အင်ဒိုဘရာဇီး (Indobrazil) နွားမျိုးများကို အသုံးပြုနိုင်သည်။
နိဂုံးချုပ်အနေဖြင့် မြန်မာ့တိုင်းရင်းနွားများတွင် ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော မျိုးဗီဇများပါဝင်ပါကြောင်းနှင့် မြန်မာတိုင်းရင်းနွားမျိုးများကို အသားစားနွားများအဖြစ် မျိုးမြှင့်တင်ပြီးမွေးမြူမည်ဆိုလျှင် ရွှေနီနွားမျိုးများသည် ခန္ဓာကိုယ်ကျစ်လျစ်ပြီး အသားများသောကြောင့် အသားစားနွားအဖြစ်ထုတ်လုပ်ရန် ပိုမိုသင့်လျော်ကာမွေးမြူသူတောင်သူများအတွက်လည်း ဝင်ငွေများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးလုပ်ငန်း ဦးတည်ချက်များချမှတ်ဆောင်ရွက်နေသကဲ့သို့ သီးနှံများဓာတ်ကြွင်းအာနိသင်လျော့နည်းပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးမှုအာဟာရတန်ဖိုးများကြွယ်ဝစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာစိုက်ပျိုးခဲ့သောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်း (မိုးနှောင်းနှမ်း)စသည်ဖြင့် တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ဝါကဲ့သို့ ရွက်ပြန့်ပင်ဖြစ်ပြီး မြေနှင့် အစိုဓာတ်အပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေ အထိမြင့်နိုင်ပြီး အပူပိုင်းဒေသတွင် ၃ ပေ မှ ၅ ပေ အထိရှိနိုင်ကြောင်း သိရသည်။ နှမ်းသည် အခြားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး ဆုံးရှုံးမှုလည်းနည်းပါးကာ ငှက်၊ ကြွက် စသည့်အကောင်များ၏ ဖျက်ဆီးခံရခြင်း နည်းပါးသည့်အပြင် သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့်ပိုးများကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေရနေသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ၂၀၁၁ မတိုင်ခင်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို တင်ပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင် နှမ်းရောကိုပါ ပြည်ပပို့ကုန်အဖြစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။ နှမ်းသီးနှံသည် ဆီထွက်သီးနှံစိုက်ဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများအလွယ်တကူစိုက်ပျိုးနေသည့် သီးနှံဖြစ်သည်။ နှမ်းသည် ဆီထွက်သီးနှံစိုက်ဧရိယာ စုစုပေါင်း ၆၀ ရာခိုင်နှုန်းကျော်ရှိသော်လည်း နှမ်းမှဆီထွက်စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာရှိသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရန်နှင့် နေရာဒေသရေမြေအနေအထားအရ အထွက်နှုန်းသေချာကောင်းမွန်နိုင်သည့် ဒေသများတွင် တစ်ဧကတင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန် လိုအပ်ကြောင်းတိုက်တွန်းလိုသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ စိုက်ပျိုးမြေအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ဆီထွက်သီးနှံဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၇၁ ရာခိုင်နှုန်းကျော်သည် မိုးနှမ်းသီးနှံစိုက်ဧရိယာများဖြစ်သည်။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ပြီး ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊ ပြည်ပပို့ကုန် ဈေးကွက်ကောင်းရရှိသည့် နှမ်းမျိုးသန့်များ အာဟာရတန်ဖိုးမလျော့ကျစေရေးနှင့် ဓာတ်ကြွင်းအာနိသင်မရှိစေရေး၊ နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တောင်သူများသိရှိလိုက်နာလာစေရန်၊ တောင်သူများ၏ သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုအပေါ် သိပ္ပံနည်းကျလေ့လာသုံးသပ်၍ ခေတ်မီနည်းပညာများလိုက်နာကျင့်သုံး လာစေရန်၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ပြီး စိုက်ပျိုးရေးကဏ္ဍများ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားသောသူများလည်း ကျယ်ပြန့်စွာပါဝင်ဆောင်ရွက်လာခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအထိ တိုးတက်ထုတ်လုပ်နိုင်စေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည်။
တောင်သူများအနေဖြင့် ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်ပြည့်ဝပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန် အောက်ပါနည်းပညာများကို ကျင့်သုံးဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းလိုသည်။နှမ်းသည် ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သောမြေမျိုး၊ မစေးလွန်းမဖွယ်လွန်းသောမြေမျိုးနှင့် မချဉ်လွန်းမငန်လွန်းသောမြေမျိုးကို နှစ်သက်သည်။ အထူးသဖြင့် ပွရွသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အစိုဓာတ်ထိန်းသိမ်း၍ ရေမဝပ်သောမြေများကို ကြိုက်နှစ်သက်သည်။ မိုးရေနှင့် အစိုဓာတ်သင့်တင့်ပါက မြေမျိုးစုံ၌ စိုက်ပျိုးနိုင်သည်။
နှမ်းသည် မြေ၏ အပူချိန် ၇၀° F / ၂၁°C ထက်အေးပါက နှမ်းမျိုးစေ့များ အပင်မပေါက်နိုင်ပါ။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀°F / ၂၆°C ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးသည်။ နှမ်းမှာမိုးရေချိန်လက်မ ၂၀ ခန့်ကို ညီညွတ်မျှတစွာရပါက လုံလောက်သည်။ ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်သည်။မိုးကြိုသီးနှံအဖြစ် ရေသွင်းစိုက်ပျိုးမည်ဆိုပါက မစိုက်မီမြေပြုပြင်ချိန်တွင် တစ်ကြိမ်၊ စိုက်ပြီး အပင် ၄ - ၆ လက်မရှိချိန် သို့မဟုတ် ၂၅-၃၀ ရက်သားတွင်တစ်ကြိမ်၊ ပန်းပွင့်စုံချိန်တွင် တစ်ကြိမ် စုစုပေါင်း ရေသုံးကြိမ်ပေးသွင်းသင့်သည်။ စိုထိုင်းဆအနေဖြင့် ၇၀ ရာခိုင်နှုန်းအောက်ကျပါက အပွင့်အောင်မြင်မှုနည်းသည်။ နှမ်းကို ပင်လယ်ပြင်အထက် အမြင့်ပေ ၄၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်သည်။လက်ရှိစိုက်ပျိုးလျက်ရှိသောနှမ်းမျိုးများမှ ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်း ကွဲပြားလျက်ရှိသည်။ အဓိကအားဖြင့် တောင်သူများသည် နှမ်းကို နှမ်းလျင်နှင့် နှမ်းကြီးဟူ၍ ခွဲခြားကြသည်။
နှမ်းလျင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီ-မတ်လအတွင်းစိုက်ပျိုးနိုင်ပြီး မိုးစိုက်အဖြစ် မေ-ဇွန်လတွင်စိုက်ပျိုးနိုင်သည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ - နိုဝင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ အသက်ရက်မှာ ၇၅ - ၉၀ ရက်ခန့်ရှိသည်။နှမ်းကြီးကို မိုးနှောင်းစိုက်အဖြစ် ဩဂုတ် - စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ နေ့တာတုံ့ပြန်မှုရှိသဖြင့် အခြားအချိန်တွင် စိုက်ပျိုးလေ့မရှိကြပါ။ အသက်ရက်မှာ ၁၂၀-၁၃၅ ရက်ခန့်ရှိသည်။ သက်လျင် သက်ရက် ၆၀-၇၀၊ သက်လတ်သက်ရက် ၈၀-၉၀၊ သက်ကြီးသက်ရက် ၁၂၀-၁၅၀ ဟူ၍လည်း သက်ရက်အလိုက် နှမ်းမျိုးအုပ်စုသုံးမျိုးခွဲခြားကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးများ၏အများစုမှာ ကိုင်းဖြာသောမျိုးများဖြစ်ကြသည်။ တစ်ပင်တိုင်ကိုင်းမဖြာမျိုးအချို့လည်းရှိသည်။နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှ တိုးထွက်နိုင်ရန် ထွန်ရေးညက်ရန်လိုသည်။ ထို့ပြင် မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ ရေ၊ အာဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန်လိုအပ်သည်။ မိုးဦးစိုက်ပျိုးပါက သင်္ကြန်မတိုင်မီ မိုးကြိုမိုးခံထယ်ရေး ထွန်ထားရန်လိုအပ်သည်။ ထယ်ရေးနက်နက်ရရှိစေရန်သုံးသွားစက်ထယ်ဖြင့် ထွန်ယက်ပေးသင့်သည်။သီးထပ်လယ်မြေများနှင့် ကိုင်းမြေများတွင် ထယ်ခွဲပေး၍ အစိုဓာတ်သင့်တင့်ချိန်တွင် ထွန်မွှေပြီး မြေညီရန်နှင့် အစိုဓာတ်ထိန်းရန် ကျမ်းတုံးဖြင့် ဖုံးဖိထားရမည်။ ဒလိမ့်တုံး၊ ဓားကျမ်းတုံးများကိုသုံး၍လည်း ထယ်ခဲခြေပေးပြီး ထွန်ရေးပြုပြင်နိုင်သည်။
နှမ်းစိုက်ရန်အတွက် သင့်လျော်သည့်အတန်းအကွာအဝေးမှာ တစ်ပင်တိုင်မျိုးအတွက် ၂၁ လက်မ၊ ကိုင်းဖြာမျိုးအတွက် ၁၅ လက်မဖြစ်သည်။ ပင်ကြားမှာ ၄ လက်မဖြစ်သည်။ မြေသန်လျှင် ၁၈ လက်မအတန်း စိုက်ပျိုးနိုင်သည်။ ကြောင်းဆွဲရာတွင် များစွာမနက်ရန်လိုသည်။ ကြောင်းနက်ပါက မျိုးစေ့များမတွန်းကန်နိုင်ဘဲ အပင်ပေါက်ညံ့မည်ဖြစ်သည်။ တစ်ဧကလျှင် မျိုးစေ့ ၂-၄ ပြည်အထိ အသုံးပြုနိုင်ပြီး အသင့်လျော်ဆုံးအပင်ဦးရေမှာ တစ်သိန်းခွဲခန့် လိုအပ်သည်။
နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးများရန်မှကာကွယ်ရန်၊ အပင်ပေါက်နှုန်းကောင်းရန်၊ အပင်ပေါက်များသန်မာရန်၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါများကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုရန်လိုအပ်မည်ဖြစ်သည်။ နှမ်းစိုက်ပျိုးပြီးလျှင်ပြီးချင်း မိုးမိသွားလျှင် ထိပ်တင်း၍နှမ်းပင်ငယ်များ မြေတွင်းမှမတွန်းနိုင်ဘဲနေမည်ဖြစ်သဖြင့် မြေဖန့်သွားလျှင် ထွန်သွားချွန်ချွန်တပ်ဆင်၍ ကန့်လန့်ဖြတ်ဖွင့်ပေးရမည်။ သို့မှသာလျှင် အပင်ပေါက်ညီညာ၍ အထွက်ကောင်းမည်ဖြစ်သည်။ စိုက်တန်းအတွင်း မျိုးစေ့ချရမည့် အကွာအဝေးမှာ ၃ - ၅ လက်မဖြစ်ပြီး တစ်ကြိမ်မျိုးစေ့ချလျှင် ၁၀ စေ့ခန့်ချပေးရန်လိုအပ်သည်။ မျိုးစေ့များ မြေတွင်းချပေးရမည့်အနက်မှာ ၁-၂- ၃-၄ လက်မခန့်ဖြစ်သည်။နို့ဆီဘူးအောက်ခြေတွင် ၃ လက်မ သံချောင်းဖြင့် အပေါက်တစ်ပေါက်ဖောက်ပြီး မျိုးစေ့ချကိရိယာအဖြစ်လည်းအသုံးပြုနိုင်သည်။ ထွန်ကြောင်းခံလက်ကြဲနည်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်သည်။
နှမ်းစိုက်ပျိုးရာတွင် အထူးသဖြင့်မျိုးစေ့များမြေကြီးထဲနက်နက်ချထားပါက မတွန်းကန်နိုင်ဘဲ ရှိမည်ဖြစ်သဖြင့် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးပေးရန်လိုအပ်သည်။ အတန်းလိုက်စိုက်ပျိုးခြင်းအားဖြင့် ပေါင်းရှင်းရလွယ်ကူခြင်း၊ ပင်ကြားတန်းကြား ပေါင်းသင်မြေဆွ ကြားထွန်ဝင်ရလွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် လွယ်ကူခြင်း၊ အပင်ခွဲရာတွင်လွယ်ကူခြင်းစသည့် အကျိုးများရရှိစေ၍ အထွက်တိုးခြင်းကို အထောက်အကူပြုစေသည်။ ၁၅ ရက်သားတွင်တစ်ကြိမ် ၃၅ ရက်သားတွင် တစ်ကြိမ် လက်ပေါင်းလိုက်ပေးရန်လိုအပ်သည်။ပေါင်းမြက်ကင်းစင်လေ အထွက်ကောင်းလေဖြစ်သည်။ လက်ပေါင်းမရှင်းပါက အပင်ငယ်များကို ပေါင်းမြက်များက ဖုံးအုပ်သွားနိုင်သည်။ ၁၅ ရက်သားတွင် လက်ပေါင်းမလိုက်မီ အပင်ငယ်များကို လေးသွားထွန်ဖြင့်မှုန်းပေးပြီးမှ လက်ပေါင်းလိုက်ပေးရမည်။ အပင်ခွဲပြီး အပင်ခြေမြေဖို့ရန်နှင့် ပေါင်းမြက်များကိုဖုံးအုပ်သွားစေရန် ကြားထွန်လိုက်ပေးရမည်။ မြေအစိုဓာတ်အခြေအနေကိုကြည့်၍ ကြားထွန်ဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း အနည်းဆုံး သုံးကြိမ်ခန့် ကြားထွန်လိုက်ပေးရမည်။
နှမ်းပင်ငယ်များသည် ပေါင်းမြက်ဒဏ်ကိုမခံနိုင်သဖြင့် ပေါင်းကင်းစေရန် အပင်ခြေအထိကပ်၍ ကြားထွန်လိုက်ပေးရန်လိုအပ်သည်။ နှမ်းကိုအပူပိုင်းဒေသများတွင်စိုက်ပျိုးသဖြင့် အစိုဓာတ်နည်းပါးသည်။ အစိုဓာတ်နှင့် အာဟာရကို ပေါင်းမြက်များကလုယူစားသုံးခြင်းမှကာကွယ်ရန်အတွက် အပင်ငယ်စဉ်ကပင် ကာကွယ်နှိမ်နင်းရန် အထူးလိုအပ်သည်။
နှမ်းအထွက်ကောင်းစေရန် မြေပြင်ချိန်တွင် နွားချေး၊ မြေဆွေးလှည်းအစီး ၅ - ၁၀ စီးခန့်ထည့် ပေးရန်လိုအပ်သည်။ မြေဆီလွှာကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍ စိုက်ပျိုးရာသီတစ်လျှောက် သင့်တင့်သောဓာတ်မြေဩဇာများကို အချိုးညီအချိန်ကိုက်ကျွေးသင့်သည်။ မြေဩဇာအသင့်အတင့် ကြွယ်ဝသောမြေအတွင်း (၂၆:၁၃:၇) (နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတက်)ကီလိုဂရမ်/ဧကနှုန်း ထားသုံးသင့်သည်။
အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ဖော့စဖိတ်သည် မြေကြီး၏ထိန်းချုပ်မှုကြောင့် အပင်အထွက်ကောင်းစွာမရရှိစေသဖြင့် ထည့်သွင်းနည်းမှန်ကျင့်သုံးရန်လိုသည်။ မြန်မာနိုင်ငံတွင် နှမ်းကို အထက်မြန်မာပြည် အပူပိုင်းဒေသများ၌ ပိုမိုစိုက်ပျိုးကြသဖြင့် နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေဩဇာများကို မစိုက်မီ ၇-၁၀ ရက်ခန့် ကြိုတင်၍ထည့်ပေးရန်လိုသည်။မြေဩဇာများကို ကြိုတင်ထည့်ပေးခြင်းဖြင့် စိုက်ချိန်၌အချိန်ကုန်သက်သာပြီး အစိုဓာတ်မိစေနိုင်မည် ဖြစ်သည်။နှမ်းသီးနှံတွင် အထွက်နှုန်းကိုထိခိုက်စေနိုင်သည့်ပိုးမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးဖြစ်ပြီး ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါတို့ဖြစ်ကြသည်။
အပင်ငယ်စဉ်ကျရောက်မည့် စုပ်စားပိုးများအတွက် မျိုးစေ့လူးနယ်ဆေးက ကာကွယ်ပေးမည်ဖြစ်ပြီးသက်ရက် ၂၅ - ၃၀ ပွင့်ဖူးဝင်ချိန်(ကြက်ချေးစုချိန်)တွင် ဖြုတ်စိမ်း၊ ဖြုတ်ညိုပိုးများ ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ဖြုတ်ညိုပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ညိုပိုးကို မဖြစ်မနေအထူးကာကွယ်ရန်လိုအပ်သည်။
နှမ်းဖိုရောဂါကျရောက်ပါက အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန် ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့ကိုတွေ့ရှိနိုင်သည်။
နှမ်းရိုးမည်းရောဂါသည် ရေဝပ်သောနှမ်းခင်းများတွင် ကျရောက်တတ်သည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်သျှူးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်းဖွာလန်၍လာသည်။ ယင်းတစ်သျှူးသားပေါ်တွင် ခပ်မည်းမည်းအဖုလေးများဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နှမ်းပင် ခြေရင်းတွင် လုံးဝမည်းနက်ပြီး အပင်အပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာညှိုးစပြုလာသည်။ နောက်ဆုံး တစ်ပင်လုံးမည်းခြောက်၍သေသွားသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။
အထွက်နှုန်းလျော့နည်းရသည့် အဓိကအကြောင်းရင်းဖြစ်သည့် အောက်သီးများကွဲခြင်းမဖြစ်စေရန် မျိုးအလိုက်အသီးပီပြင်သည့် အဖျားသီးများခွဲကြည့်၍ အရောင်လိုက်ပါက ရိတ်သိမ်းရန် သို့မဟုတ် နှမ်းပင်အရွက်များဝါလာလျှင် ရိတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းပြီးနောက် ထွာဆိုင်ခန့်စည်းပြီး ဖိုခုံလောက်ဆိုင် အစည်းများထောင်၍နေလှန်းပေးရမည်။ အသီးများပွင့်လာ၍ အစေ့များခြောက်သွေ့ပါက အစည်းကိုဇောက်ထိုးထားပြီး သန့်ရှင်းစင်ကြယ်သော စောင်ကြမ်းများပေါ်တွင်ရိုက်ခါ၍ အစေ့ခြွေခြင်းပြုလုပ်နိုင်သည်။ သန့်စင်ပြီးနှမ်းစေ့များအား အစိုဓာတ် ၉ ရာခိုင်နှုန်း ရှိအောင်လှန်းပြီး အလုံပိတ်ထားသောပုံးများ၊ သိုလှောင်အိတ်များ၊ ပုတ်များဖြင့်သိုလှောင်ရမည်ဖြစ်သည်။မြေ၊ မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုပြုစုနိုင်မှုအပေါ်မူတည်၍ တစ်ဧကလျှင် တင်း ၃၂၀ အထိထွက်ရှိနိုင်သည်။ နှမ်းတစ်တင်းမှ နှမ်းဆီခြောက်ပိဿာထွက်ရှိသည်။ နှမ်းသီးနှံမှထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်သည်။
နှမ်းကိုစားသုံးခြင်းဖြင့် ဆံသားကျန်းမာခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်စေခြင်း၊ အရေပြားကျန်းမာခြင်း၊ သွားကျန်းမာခြင်း၊ အစာခြေလွယ်စေခြင်း၊ စွမ်းအင်ရရှိစေသော အရင်းအမြစ်ဖြစ်ခြင်း၊ သွေးဖိအားထိန်းပေးခြင်း၊ အရိုးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းကိုသက်သာစေခြင်း၊ Unsaturated Fats ကြွယ်ဝခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်လည်း ဖော်ပြပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်ဆက်တိုက် ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးပြည့်ဝပြီး ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နှမ်းနီ ၂၅/၁၆၀၊ မကွေးဖြူ၊ စမုန်နက်၊ ဆင်းရတနာ -၅၊ ဆင်းရတနာ - ၃ စသည့်မျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် နှမ်းစိုက်ဧက၅၅၅၂၆ စိုက်ပျိုးပြီး တစ်ဧကလျှင် ၆ ဒသမ ၉၁ တင်းနှုန်းဖြင့် ၃၈၃၆၇၄ တင်း ထွက်ရှိပြီးပန်းတိုင်ဧက ၅၀၀၀ တွင် ၂၀ ဒသမ ၂၀ တင်းနှုန်းဖြင့် ၁၀၁၀၀၀ တင်း ထွက်ရှိကာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ဧက ၅၅၇၀၉ စိုက်ပျိုးပြီး တစ်ဧကလျှင် ၉ ဒသမ ၄၈ တင်းနှုန်းဖြင့် ၅၂၈၀၀၀ တင်းထွက်ရှိပြီး ပန်းတိုင်ဧက ၅၅၀၀ တွင် ၂၀ ဒသမ ၄၅ တင်းနှုန်းဖြင့် ၁၁၂၅၀၀ တင်းထွက်ရှိသည်အထိ ဖြစ်ထွန်းအောင်မြင်ပြီး ဒေသတွင်းကြိတ်ခွဲ၍လည်းကောင်း၊ အခြားဒေသများသို့ တင်ပို့ရောင်းချ၍လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး တောင်သူများဝင်ငွေတိုးပွား၍ ပြုံးပျော်ရွှင်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော သီးနှံထုတ်ကုန်များထွက်ရှိရေးအတွက် တောင်သူများ၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုန်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူဦးကြီးများအားလုံး စီးပွားရေးများတိုးတက်အောင်မြင်ပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံးကြစေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ ။

မြန်မာနိုင်ငံ၏ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲ ၃၁၆၄၉၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၆ ဒသမ ၂၀ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၆၀၇၁၀ ထွက်ရှိခဲ့သည်။ ထို့ကြောင့် မြေပဲသီ
မြန်မာနိုင်ငံ၏ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲ ၃၁၆၄၉၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၆ ဒသမ ၂၀ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၆၀၇၁၀ ထွက်ရှိခဲ့သည်။ ထို့ကြောင့် မြေပဲသီးနှံမှဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်းဆီထွက်ရှိမှု၏ ၅၂ ဒသမ ၄၁ ရာခိုင်နှုန်း ထွက်ရှိခဲ့သည်။
မြေပဲသီးနှံသည် တစ်နှစ်ခံပဲမျိုးရင်းဝင်ပင်ဖြစ်ပြီး မြေပဲမျိုးကွဲများသည် စိုက်ပျိုးသည့်ဒေသအလိုက် ကွဲပြားလေ့ရှိပြီး အဓိကအားဖြင့် ပင်ထောင်မြေပဲမျိုးနှင့် ပင်ပြန့်မြေပဲမျိုးဟု ခွဲခြားထားသည်။ ပင်ထောင်မျိုးသည် ဘေးကိုင်းများထောင်၍ အပင်အမြင့်မှာ ၁၂ လက်မခန့်ရှိပြီး ပင်စည်တွင် ပန်းပွင့်၍ သီးတောင့်နှစ်ဆစ်ပါပြီး သီးတောင့်တိုမျိုးဖြစ်သည်။ ပင်ပြန့်မျိုးတွင် ဘေးကိုင်းများသည် မြေတွင်ကပ်၍ ကြီးထွားပန်းပွင့်ပြီး အပင်သိပ်မမြင့်ဘဲ သီးတောင့်အဆစ်မှာ ၂ - ၄ ဆစ်အထိရှိပြီး အတောင့်ကြီးမျိုးဖြစ်သည်။
မြေပဲစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြားဆီထွက်သီးနှံများထက်များလာခဲ့သော်လည်း မြေပဲစိုက်ပျိုးထုတ်လုပ်မှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ယခုအချိန်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းစားသုံးဆီဖူလုံပြီး နိုင်ငံခြားမှ သွင်းကုန်အတွက် ကုန်ကျစရိတ်လျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ဆီထွက်သီးနှံအထွက်တိုးရေးအတွက် ဆီထွက် သီးနှံဇုန်များသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် တောင်သူများသည် ဆီထွက်သီးနှံများအထွက်တိုးရေးကို ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ရေးတို့သည် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်လာသည်။
ရာသီဥတု
မြေပဲသီးနှံသည် အပင်အညှောက်ပေါက်သည်မှ ရိတ်သိမ်းချိန်အထိ မျိုးကွဲအလိုက် အသက် ရက် ၁၁၀ - ၁၃၀ ခန့်ရှိပြီး တစ်နှစ်မိုးရွာသွန်းမှု ၂၀ - ၃၉ လက်မ စိုက်ပျိုးနိုင်သော်လည်း မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်အတွက် မိုးရေချိန် ၁၂ - ၁၆ လက်မ ရွာသွန်းသည့်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်သည် မြေပဲစိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည်။ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါကလည်း မြေပဲပန်းပွင့်ခြင်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး သီးနှံအထွက်နှုန်းကို ကျဆင်းစေနိုင်သည်။ ထို့ကြောင့် မြေပဲသီးနှံကြိုက်နှစ်သက်မှုမရှိသည့် ရာသီဥတုအခြေအနေများကိုလည်း ရှောင်လွှဲပြီး စိုက်ပျိုးမည့်ရာသီချိန်ကို သေချာစွာဂရုပြုရွေးချယ်သင့်သည်။
မြေအမျိုးအစား
မြေပဲသီးနှံသည် ရေစိမ့်ဝင်အားကောင်းပြီး မြေသားပွရွ၍ ကယ်စီယမ်နှင့် မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြေပဲပင်များကောင်းစွာကြီးထွားပြီး မြေပဲစွယ်များမြေထဲသို့ လွယ်ကူစွာထိုးဝင်နိုင်ရန်နှင့် ရိတ်သိမ်းရာတွင် မြေပဲတောင့်များ မြေထဲတွင်ကျန်ရစ်နိုင်မှု နည်းပါးစေရန်အတွက် မြေပဲစိုက်ပျိုးသည့်မြေသည် မြေမှုန်ဖွဲ့စည်းမှုအသွင်အပြင်နှင့် မြေမှုန်ဖွဲ့စည်းမှုကောင်းမွန်ရန် လိုအပ်သည်။ မြန်မာနိုင်ငံရှိ မြေပဲစိုက်ပျိုးရာဒေသများတွင် သဲနုန်း၊ နုန်းမြေ၊ နုန်းမြေစေးနှင့် သမမြေစေး စသည့်မြေများတွင် စိုက်ပျိုးလျက်ရှိသော်လည်း ရွှံ့စေးမြေများတွင်စိုက်ပျိုးပါက နုတ်သိမ်းရာတွင် အခက်အခဲရှိသဖြင့် ရွှံ့စေးများတွင် မြေပဲစိုက်ပျိုးရန် မသင့်လျော်ပါ။ မြေပဲသီးနှံကို အနည်းငယ်စေးသောမြေများတွင် မြေပဲစိုက်ပျိုးပါက သဘာဝမြေဆွေးများနှင့်ရောမွှေ၍ ထွန်ရေးမှုန့်ညက်အောင် ပြုပြင်ဆောင်ရွက်သင့်သည်။ မြေပဲသီးနှံအား မြေချဉ်ငန်ကိန်း ၆ - ၆ ဒသမ ၅ တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။
စိုက်ပျိုးချိန်မြေပဲအစေ့အဆန်သည် အခြားဆီထွက်သီးနှံများထက် အစေ့အရွယ်အစားပိုကြီးသဖြင့် မြေပဲပင်မျိုးအညှောက်ပေါက်ရန်အတွက် အခြားသီးနှံများထက် အစိုဓာတ်ပိုမိုလိုအပ်သည်။ မိုးမြေပဲအား မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲအား အထက်မြန်မာပြည်တွင် စက်တင်ဘာလ၌ စိုက်ပျိုးကြပြီး ကိုင်းမြေကျွန်းမြေ၊ နုန်းတင်မြေနုမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးစပါးစိုက်ပျိုးအပြီးတွင် စိုက်ပျိုးကြသည်။
မြေပြုပြင်ခြင်း
မြေပဲသီးနှံကို ယာသီးနှံများအဖြစ်စိုက်ပျိုးကြရာတွင် မိုးရေများစိမ့်ဝင်ပြီး အစိုဓာတ်ထိန်းထားရန်အတွက် မိုးကြိုထယ်ရေးကြိုတင်ဆောင်ရွက်ထားသင့်သည်။ ထိုသို့ထယ်ရေးပြင်သည့်အခါ သီးနှံအကြွင်းအကျန်များ၊ ပေါင်းပင်များကို မီးမရှို့ဘဲ မြေထဲသို့ပြန်ထည့်ခြင်းဖြင့် မြေဆွေးဓာတ်ရရှိစေပြီး အစိုဓာတ်ကိုလည်း ပိုမိုထိန်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကိုင်းမြေများနှင့် လယ်သီးထပ်စိုက်သောမြေများတွင် ထယ်ရေးကောင်းစေရန်အတွက် ပထမအကြိမ်ထယ်ထိုးပြီး ကျမ်းတုံးရိုက်ကာ တစ်ညသိပ်ထားပြီးသည့်နောက် ထွန်မွှေခြင်းသည်လည်း မြေတွင်းအပူချိန်နှင့် အစိုဓာတ်များထွက်ရှိလာမှုတို့ကြောင့်မြေသားမွလာပြီး ထယ်ရေးကောင်းစေမည်ဖြစ်သည်။ မြေမာကြော( Hard pan)ဖြစ်ပေါ်တတ်သည့် သဲမြေများတွင် မြေပဲစိုက်ပျိုးပါက မြေပဲပင်အမြစ်များသည် မြေမာကြောကို မထိုးဖောက်နိုင်ဘဲ အပေါ်ယံမြေရှိ အစိုဓာတ်နှင့်အာဟာရဓာတ်ကိုသာစုပ်ယူနိုင်ပြီး မြေမာကြောအောက်ရှိအစိုဓာတ်နှင့် အာဟာရဓာတ်များကို မစုပ်ယူနိုင်သည့်အတွက် မြေပဲအထွက်နှုန်းကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် မြေပဲသီးနှံစိုက်ပျိုးရာတွင် မြေသားမွပြီး ရေနှင့်အာဟာရဓာတ်စုပ်ယူမှုကောင်းစေရန်အတွက် ထယ်ရေးနက်နက် ပြုပြင်ခြင်းအားဖြင့် မြေပဲသီးနှံအထွက်တိုးရေးကို ဆောင်ရွက်သင့်သည်။
မျိုးရွေးချယ်ခြင်း
မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အရည်အသွေးကောင်းမွန်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသည့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ မျိုးစေ့အဆန်ရွေးချယ်ရာတွင် မျိုးစေ့အဆန်ကွဲများ၊ လုံးပိန်လုံးညှက်များကိုဖယ်ရှား၍ မျိုးစေ့လုံးချောများကိုသာ ရွေးချယ်စိုက်ပျိုးသင့်သည်။ လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့် မြေပဲမျိုးများမှာ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ SP-121၊ တွန်တာနီ၊ မကွေး-၁၀၊ မကွေး-၁၁၊ မကွေး-၁၂ နှင့် ကျောင်းကုန်းပင်ပြန့်တို့ဖြစ်သည်။ မြေပဲသီးနှံသည် ပဲမျိုးရင်းဝင်အပင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများထွက်ရှိပြီး လေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်ရန်အတွက် မြေပဲမျိုးဆန်များကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ ထို့ပြင် အပင်ပေါက်အားကောင်းစေရန်နှင့် မှိုနှင့်ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေးအတွက် မျိုးဆန်အား မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးရန် လိုအပ်သည်။
စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းမြေပဲသီးနှံအထွက်တိုးရေးတွင် တစ်ဧကသတ်မှတ်အပင်ဦးရေဝင်ဆံ့မှုသည် အရေးကြီးသည်။ ထို့ကြောင့် သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရာတွင် လွယ်ကူစေရန်အတွက် မြေပဲအားကြဲပက်စိုက်ပျိုးခြင်းထက် အတန်းလိုက်စိုက်ပျိုးသင့်သည်။ ပင်ထောင်မြေပဲအား ပင်ကြား၊ တန်းကြား ၁၅"x ၄"နှင့် ပင်ပြန့်မြေပဲကို ပင်ကြား၊ တန်းကြား ၁၈" x ၆"ဖြင့် မျိုးစေ့အား ၁ ဒသမ ၅ လက်မ အနက်ထား၍ တစ်ဧကလျှင် မြေပဲမျိုးတောင့် ၆-၈ တင်း စိုက်ပျိုးသင့်သည်။ မြေပဲစိုက်ပျိုးရာတွင် အပူချိန်များ၍ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် နံနက်စောစောမှ နံနက် ၁၀ နာရီခွဲအထိနှင့် ညနေ နေကျချိန် ၄ နာရီနောက်ပိုင်းတွင်သာ စိုက်ပျိုးသင့်သည်။ ထို့ပြင် မြေပဲမျိုးစေ့ဆန်မျိုးစေ့ချပြီးပြီးချင်း (သို့) နာရီဝက်အတွင်း ကျမ်းတုံးရိုက်၍ ဖုံးအုပ်ရန်လိုအပ်သည်။ မြေပဲစိုက်ပျိုးရာတွင် အစိုဓာတ်အုပ်မိစေရန်၊ သတ်မှတ်အပင်ဦးရေဝင်ဆံ့စေရန်နှင့် မျိုးစေ့နှုန်းထားသက်သာစေရန်အတွက် လက်ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းထက် မျိုးစေ့ချကိရိယာကိုအသုံးပြု၍ စိုက်ပျိုးသင့်သည်။
မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈-၁၀ ပတ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီးသီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံးကာလများဖြစ်သည်။ ထို့ကြောင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင်ဆောင်ရွက်ပေးခြင်းသည် မြေပဲသီးနှံအထွက်တိုးစေနိုင်မည်ဖြစ်သည်။
မြေပဲသီးနှံစိုက်ပျိုးရာတွင် ပေါင်းမြက်နှင့် ပိုးမွှားရောဂါကြောင့် သီးနှံအထွက်ထိခိုက်စေနိုင်သဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သင့်သည်။ မြေပဲစိုက်ပျိုးပြီး ၄ - ၅ ရက်သားတွင် စိုက်ပျိုးမြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်း၍ မြေတွင်းအပူချိန်လျော့နည်းပြီး အစာရေစာချက်လုပ်မှုအားကောင်းစေရန် မျိုးအညှောက်ကုန်းချိန် ကြားတိုက်ပေးရန်လိုအပ်သည်။ ထို့ပြင် ကြားတိုက်ခြင်းအားဖြင့် တန်းကြားတွင်ပေါက်ရောက်နေသည့် ပေါင်းမြက်များကို ကာကွယ်နှိမ်နင်းပြီးသားဖြစ်စေသည်။ လေ့လာတွေ့ရှိချက်များအရ မြေပဲသီးနှံအတွက် ပေါင်းမြက်ကင်းစင်ရန်ကာလသို့မဟုတ်လက်ပေါင်းရှင်းသင့်သည့်အချိန်မှာ စိုက်ပျိုးပြီး ၁၀ - ၂၀ ရက်သားတွင် အလေးပေးဆောင်ရွက်သင့်သည်။ လက်ပေါင်းလိုက်ခြင်းအပြင် ဓာတုပေါင်းသတ်ဆေးများကိုလည်းအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။
ယာသီးနှံများစိုက်ပျိုးရာတွင် မြေကြီးအစိုဓာတ်ထိန်းရန်နှင့် သီးနှံပင်အတွက်သစ်ဆွေးဓာတ်များရရှိစေရန်အတွက် သဘာဝမြေဆွေး၊ နွားချေးဆွေးများကို တစ်ဧကလျှင် တင်း ၂၀ ပါ လှည်းငါးစီးမှခြောက်စီးနှုန်းကို နှစ်စဉ်ထည့်ပေးသင့်သည်။ မြေပဲသီးနှံသည် ပဲမြစ်ဖုဗက်တီးရီးယား (Rhizobium) ၏အစွမ်းဖြင့် လေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သော ပဲမျိုးရင်းဝင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများဖြစ်ပေါ်ရန်အတွက် နိုက်ထရိုဂျင်မြေဩဇာအား သီးနှံစိုက်ပျိုးချိန်တွင် ထည့်သွင်းပေးသင့်
သည်။ ပဲမြစ်ဖုများမှ ဖမ်းယူပေးသော နိုက်ထရိုဂျင်သည် သီးနှံပင်လိုအပ်သည့် နိုက်ထရိုဂျင် ၅၀ ရာခိုင်နှုန်းကို သာရရှိနိုင်သဖြင့် မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင်မြေဩဇာထည့်သွင်းပေးခြင်း အားဖြင့် သီးတောင့်အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်သည်။ မြေပဲပန်းတိုင်သီးနှံ အထွက်တိုးရန်အတွက် ယူရီးယား တစ်ဧက ၁၉ ကီလိုဂရမ်အား မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်းပေးသင့်သည်။
မြေပဲမြစ်ဖုများများထွက်စေရန်နှင့် မြေပဲအတောင့်များဖြစ်ပေါ်စေရန်အတွက် တစ်ဧကလျှင် တီစူပါ ၃၈ ကီလိုဂရမ်နှုန်းနှင့် မြေပဲသီးနှံပင်များ အစာချက်လုပ်ရန်နှင့် အတောင့်ကြီးထွားစေရန် ပိုတက်မြေဩဇာအား တစ်ဧက ၁၉ ကီလိုဂရမ်တို့အား မြေပြုပြင်ချိန်တွင် ထည့်သွင်းပေးသင့် သည်။ မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆမ်ကျောက်မှုန့်အား ထည့်သွင်းပေးခြင်းအားဖြင့် မြေပဲတောင့် ကြီးထွားချိန်တွင်လိုအပ်သည့် ကယ်စီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလဖာဓာတ်ကို ရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဂျစ်ပဆမ် ကျောက်မှုန့်အား စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၁၁၄-၁၃၆ ကီလိုဂရမ်အား ထည့်သွင်း ပေးသင့်သည်။
သို့ရာတွင် ဂျစ်ပဆမ်ကျောက်မှုန့်ထည့်သွင်းချိန်တွင် အစိုဓာတ်လုံလောက်ရန်လည်း အရေးကြီးသည်။
လေ့လာတွေ့ရှိချက်များအရ ပိုးမွှားရောဂါကျရောက်မှုကြောင့် နှစ်စဉ်သီးနှံ၏အထွက် ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းစေနိုင်ပြီး မိုးမြေပဲတွင် ပင်ငယ်စဉ်တွင် ဖိုးလမင်းကျိုင်း၊ ခြ၊ ရွက်လိပ် ရွက်ကပ်ပိုးနှင့် စုပ်စားပိုးများကျရောက်တတ်ပြီး ဆောင်းမြေပဲတွင် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြှောင်တောင်နှင့် ရွက်စုံစားခူများ ကျရောက်တတ်သည်။ မြေပဲသီးနှံသည် ရောဂါကျရောက်မှုများသော သီးနှံဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မြေပဲရွက်ပြောက်ရောဂါ၊ ပင်စည်ရင်းပုပ်၊ ပင်စည်ပုပ်နှင့် သံချေးရောဂါများ ကျရောက်ကြောင်းတွေ့ရှိရသည်။ မြေပဲရွက်ပြောက်ရောဂါကာကွယ်ရန်အတွက် သီးနှံပင်မြေပဲပင်အကြွင်းအကျန်များကို မီးရှို့ခြင်း၊ အခြားသီးနှံများနှင့် သီးလှည့် စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးဖျန်း၍ ကာကွယ်သင့်သည်။ မြေပဲအညွန့်ပုပ်( Aspergilus crownrot)၊ ပင်စည်ရင်းပုပ်နှင့် အပင်ပေါက်လောင်မီးရောဂါတို့သည် မြေဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မြေပဲပင် သက်တမ်းတစ်လျှောက် ကျရောက်နိုင်သဖြင့် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် သေချာစွာ လူးနယ် စိုက်ပျိုးသင့်သည်။
မြေပဲအထွက်နှုန်းလျော့နည်းမှုမဖြစ်စေရန်အတွက် ရိတ်သိမ်းချိန်တွင် ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည်။ မျိုးကွဲအလိုက်သက်တမ်းအလိုက် မြေပဲရွက်များ အဝါရောင်သို့ပြောင်းသည့်အချိန်တွင် အပင်အချို့အားနုတ်ယူ၍ မြေပဲတောင့်ရင့်မှည့်မှုအား စစ်ဆေးရ မည်ဖြစ်သည်။ မြေပဲအတောင့် ၇၀ ရာခိုင်နှုန်းနှင့်အထက် ရင့်မှည့်ပါက မြေပဲအား ရိတ်သိမ်းရန် လိုအပ်သည်။ မရင့်မှည့်သေးသည့် မြေပဲအတောင့်အနုများကို စောင့်ဆိုင်းခြင်းဖြင့် ရင့်မှည့်ပြီး မြေပဲတောင့်များ အဆန်များကွဲထွက်၍ ဆုံးရှုံးစေနိုင်သဖြင့် ရိတ်သိမ်းရန်စစ်ဆေးခြင်းအား တောင်သူ များဂရုပြု၍ ဆောင်ရွက်သင့်သည်။ ရိတ်သိမ်းပြီးသည့်အခါ မြေပဲအတောင့်ခူးဆွတ်ခြင်းအား အလျင်အမြန်ဆောင်ရွက်နိုင်ရန် ရိတ်သိမ်းပြီး မြေပဲပင်များအား ခုနစ်ရက်ခန့်နေလှန်း၍ အသီးတောင့် ခြွေခြင်းများပြုလုပ်သင့်သည်။ ခူးဆွတ်ပြီးမြေပဲတောင့်များသိုလှောင်ရာတွင် မှိုကြောင့် အတောင့်များ မပုပ်စေရန်အတွက် မြေပဲအတောင့်အား အစိုဓာတ် ၆-၈ ရာခိုင်နှုန်းမှာ လေလုံအိတ်/ခွက်များ အတွင်း သိမ်းဆည်းသိုလှောင်သင့်ပါသည်။
မြေပဲသီးနှံပန်းတိုင်အထွက်နှုန်း တင်း ၇၀ ရရှိရေးဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် လုပ်ငန်းများမှာ-
(၁) မျိုးရွေးချယ်ရာတွင် မိုးခေါင်ဒဏ်ခံရသည့် မြေပဲစိုက်ခင်းမှမြေပဲကို မျိုးအဖြစ်အသုံးမပြုရန်၊
(၂) မျိုးစေ့အဆန်ရွေးချယ်ရာတွင် နုလွန်း၊ ရင့်လွန်းခြင်းမရှိစေရေန်နှင့် အစေ့၊ အခွံထိခိုက်သော အစေ့များအား ဖယ်ရှားရန်၊ မျိုးစေ့- အပင်ပေါက်ရာခိုင်နှုန်း စမ်းသပ်ပြီးမှ စိုက်ပျိုးရန်၊
(၃) စိုက်ပျိုးရာသီချိန်မှန်ကန်စွာရွေးချယ်ရန်၊
(၄) စိုက်ပျိုးမည့်မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊
(၅) ကယ်စီယမ်ဓာတ် အပြည့်ပါရန် အပင် ၄၅ ရက်သား၌ လချေး/ကျောက်မှုန့် သုံးထားသော အကွက်မှ မြေပဲကိုမျိုးအဖြစ်သုံးပါ။
(၆) မျိုးထားမည့်စိုက်ခင်းအား နုတ်သိမ်းချိန်နီးက ရေမသွင်းရန်၊
(၇) ရိတ်သိမ်းချိန် စောလွန်း/နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်အချက်များအား အလေးထား ဆောင်ရွက်သင့်သည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်သည်။ မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်ပြီး အခြားမုန့်ပဲသရေစာများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဆီကြိတ်ပြီးထွက်ရှိသော မြေပဲဖတ်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြ သည်။
နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သော ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကိုစိုက်ပျိုး၍ ရရှိသည့်မြေများတွင် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။

စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ၌မှီတင်းနေထိုင်ကြသည့် ကျေးလက်လူထု၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖူလုံရေးအတွက် များစွာအရေးပါသည်။ စိုက်ပျိုးရေးကဏ္ဍ အရေးပါသည့် အလျောက် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအနက် ပြည်ပဝင်ငွေများစွာရရှိသည့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးမှာလည်း အဓိကအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေသည်။ စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့မှုရှိသည်။

ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဦးဆောင်နိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့တတိယတင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည်။ ပဲမျိုးစုံသီးနှံများအနက် ပဲစင်းငုံသီးနှံသည် အယ်နီညိုကျရောက်ခြင်းကဲ့သို့သော မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရည်ရှိခြင်း၊ အမြစ်ဆင်းအား ကောင်းမွန်ခြင်းကြောင့် ရေစုပ်ယူမှုအားကောင်းခြင်း၊ ငယ်စဉ်တွင် အပင်ဖြစ်ထွန်းမှုနှေးခြင်းကြာင့် သီးညှပ်စိုက်ပျိုးရန် အလွန်ကောင်းမွန်ခြင်း စသည့် အားသာချက်များစွာ ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အပူပိုင်း ခြောက်သွေ့ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။
ပဲစင်းငုံ၏မူရင်းဒေသမှာ အပူပိုင်းအာဖရိက၊ ဇန်ဇီဘာမှ ဂီးနီးဒေသများထိဖြစ်မည်ဟုယူဆကြပြီး ဘီစီ ၂၂၀၀ မှ ၂၄၀၀ ကြား အီဂျစ်ရှိ သင်္ချိုင်းဂူများတွင် ပဲစင်းငုံဆိုင်ရာယဉ်ကျေးမှုအကြွင်းအကျန်များ တွေ့ရှိခဲ့ကြကြောင်း လေ့လာသိရှိရသည်။
ပဲစင်းငုံသည် နှစ်ရှည်ချုံပင်မျိုးဖြစ်သော်လည်း တစ်ရာသီ သီးနှံအမျိုးအစားဖြစ်သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံတို့တွင် အဓိက သီးနှံတစ်ခုအဖြစ် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း နှစ်စဉ်စိုက်ပျိုးလေ့ရှိကြသည်။ ပဲစင်းငုံကို ကုလားပဲနီ၊ ကွန်ဂိုပဲစေ့၊ မျက်ကန်းပဲ၊ ခါးဒီရို၊ အပူပိုင်းပဲစိမ်းဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းတို့တွင် ပေါက်ရောက်သော ပဲမျိုးရင်းဝင်တစ်ခုဖြစ်သည်။ လူသားတို့အတွက် အစားအစာအဖြစ်သာမက တိရစ္ဆာန်အစားအစာနှင့် သဘာဝသစ်စိမ်းမြေဩဇာများအဖြစ်လည်း အသုံးပြုကြသည်။ ကမ္ဘာပေါ်တွင် ပဲစင်းငုံကို နိုင်ငံပေါင်း ၈၂ နိုင်ငံခန့် စိုက်ပျိုးထုတ်လုပ်ကြပြီး အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုဧရိယာ၏ ၇၂ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိသည်။
ပဲစင်းငုံတွင် သိုင်ရမင်း၊ ရွိုင်ဘိုဖလေဘင်၊ နီယစင်း၊ ဗီတာမင် ဘီ-၆၊ ဖောလိတ်၊ ဗီတာမင်အေ၊ကယ်စီယမ်၊ သံ၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်တို့များစွာပါဝင်ခြင်းကြောင့် ပဲစင်းငုံ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကိုထိန်းပေးခြင်း၊ သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်းကိုကုသခြင်း၊ ကိုယ်အလေးချိန်လျော့စေရန်ကူညီပေးခြင်း၊ ကိုယ်ခံစွမ်းအားကိုမြှင့်တင် ပေးခြင်း၊ နှလုံးကျန်းမာရေးနှင့် အစာချေဖျက်အားစနစ်တို့ကိုလည်းကောင်းမွန်ခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိသည်။ အထူးသဖြင့် ပဲစင်းငုံတွင် အဓိကအများဆုံးပါရှိသည့် ပိုတက်စီယမ်သတ္တုဓာတ်သည် ခန္ဓာကိုယ်ထဲတွင်ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးနိုင်စွမ်းရှိခြင်းကြောင့် သွေးတိုးရောဂါရှိနေသောသူများအနေဖြင့် နေ့စဉ်စားသုံး ပေးသင့်သည်။
ပဲစင်းငုံစိုက်ပျိုးခြင်းအတွက် အသင့်လျော်ဆုံးအပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက အပင်ကြီးထွားမှုကို နှေးကွေးစေသည်။ အပင်သက်တမ်း တစ်လျှောက် နှင်းခါးရိုက်မှုနှင့် ရေဝပ်ခြင်းဒဏ်ခံနိုင်ရည်မရှိပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး မိုးရေချိန် ၁၀၀ လက်မအထက် ရွာသွန်းသည့်ဒေသများတွင် ရေဝပ်မှုမရှိပါက ကောင်းစွာစိုက်ပျိုးနိုင်သည်။ ပဲစင်းငုံသည် နေ့တာတိုပင်ဖြစ်၍ စိုက်ပျိုးချိန်တွင် အပင်ကြီးထွားမှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အပူချိန်မြင့်မားခြင်း စသည့်အခြေအနေများမှ လွတ်ကင်းအောင်စိုက်ပျိုးရန် လိုအပ်သည်။
ပန်းပွင့်ရန် နေ့တာတို လိုအပ်သည်။ အပူချိန် ၂၀-၃၀ ဒီဂရီစင်တီဂရိတ်ရှိပါက နေ့တာရှည်သော်လည်း ပန်းပွင့်ရက်စောနိုင်သည်။ ပူလွန်း၍ ပန်းပွင့်စောလျှင် အဆန်မတည်ခြင်းဖြစ်တတ်၍ ဒေသမျိုးများကို မိုးဦး ကာလတွင်စိုက်ပျိုးသင့်သည်။ ပဲစင်းငုံသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်ဆိုသော်လည်း ပန်းပွင့်ချိန်တွင် မိုးမိခြင်းနှင့် အပူချိန်မြင့်ခြင်းတို့မှ ကင်းဝေးရန်လိုအပ်သည်။ ဒေသမျိုးများကို မိုးဦးကာလဖြစ်သည့် မေလလယ်မှ ဩဂုတ်လထိ စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။ မြေအမျိုးအစား ရွေးချယ်မှုမရှိခြင်းကြောင့် သဲသမမြေမှ ရွှံ့စေးသမမြေအထိ စိုက်ပျိုးနိုင်သည်။ မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေတို့တွင်ဖြစ်ထွန်း၍ နုန်းမြေစေးကဲ့သို့ မြေဩဇာထက်သန်ပြီး မြေသားနက်သည့်သမမြေတွင် ပိုမိုဖြစ်ထွန်းသည်။ မြေချဉ်ငန်ဓာတ် ၇ ဝန်းကျင်ရှိပြီး ရေစီးရေလာကောင်းသည့် မြေမျိုးတွင် ရွေးချယ်စိုက်ပျိုးသင့်သည်။
အခြေခံအားဖြင့် ပဲစင်းငုံပင်ပြန့်နှင့် ပဲစင်းငုံပင်ထောင်ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးသည့် ပဲစင်းငုံမျိုးများမှာ သက်ကြီးမျိုးများဖြစ်ပြီး သက်တမ်း ၂၇၅ ရက်ခန့်ရှိသည်။ အသက်ရက်အလိုက် သက်ကြီးမျိုး၊ သက်လတ်မျိုးနှင့် သက်လျင်မျိုးဟူ၍ ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အပူပိုင်းခြောက်သွေ့သည့် ဒေသများတွင် ရွှေဒင်္ဂါးနှင့် ငါးဆံပဲစသည့် သက်ကြီးပဲစင်းငုံမျိုးများကို စိုက်ပျိုးကြသည်။ သက်ကြီးမျိုးကို တန်းကြား ၄ ဒသမ ၅ ပေ၊ ပင်ကြားတစ်ပေ၊ သက်လတ်မျိုးကို တန်းကြားသုံးပေ၊ ပင်ကြားတစ်ပေ၊ သက်လျင်မျိုးကို တန်းကြားနှစ်ပေ၊ ပင်ကြားခြောက်လက်မဖြင့် စိုက်ပျိုးကြသည်။ ပဲစင်းငုံကို သီးညှပ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားကို ၁ ဒသမ ၅-၃ ပေ၊ ၇ - ၁၀ ဒသမ ၅ ပေ အထိထား၍ စိုက်ပျိုးကြသည်။ ပဲစင်းငုံသီးနှံကို သီးသန့် သို့မဟုတ် သီးညှပ်စိုက်ပျိုးလေ့ရှိသော်လည်း စိုက်ပျိုးဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တမ်းအလိုက် သတ်မှတ်ထားသော အပင်အရေအတွက်ဝင်အောင်စိုက်ပျိုးရမည်။ သီးညှပ်စိုက်ပျိုးရာတွင် ပဲစင်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် နှံစားပြောင်းများကို သုံးတန်းမှငါးတန်းထိ ညှပ်၍စိုက်ပျိုးကြသည်။ ထိုသို့ကြားညှပ်စိုက်ပျိုးခြင်းအားဖြင့် ပဲစင်းငုံသီးနှံမပေါ်မီ အခြားသီးနှံများ ရိတ်သိမ်းရသဖြင့် အပိုဝင်ငွေများစွာရရှိနိုင်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခု၌ ပဲစင်းငုံဟက်တာထောင် ပေါင်း ၄၂၄ ကျော် စိုက်ပျိုးထုတ်လုပ်မှုရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၈၇ ဖြင့် ပထမအများဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၄၂ ဖြင့် ဒုတိယအများဆုံး၊ မကွေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၆၃ ဖြင့် တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ဟက်တာထောင်ပေါင်း ၂၀ ဖြင့် စတုတ္ထအများဆုံး စိုက်ပျိုးထုတ်လုပ်မှုရှိပြီး ပဲစင်းငုံထုတ်လုပ်နိုင်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးသည် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၅၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၀၀ ကျော်နှင့် မကွေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၅၅ ကျော်ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ပဲစင်းငုံသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် စိုက်ပျိုးရေးဂေဟစနစ်အားကောင်းစေခြင်း၊ ဒေသမရွေးစိုက်ပျိုးနိုင်သည့် အားသာချက်များရှိခြင်း၊ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ခြင်း၊ ကမ္ဘာ့ နိုင်ငံများထဲမှ ပဲစင်းငုံစားသုံးမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံမှ မြန်မာပဲစင်းငုံ အများအပြား ဝယ်ယူတင်သွင်းမှုရှိခြင်း၊ မြန်မာပဲစင်းငုံသည် ဓာတုဓာတ်ကြွင်းကင်းစင်ခြင်း၊ စားသုံးရာတွင် အရသာ ကောင်းမွန်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါတို့မှလည်း ဝယ်လိုအားရှိပြီး ပဲစင်းငုံသီးနှံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်ရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး တိုင်းပြည်ဝင်ငွေမြင့်မားစေမည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံများကို နှစ်စဉ်နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတင်ပို့လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၁၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၀၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၅၈၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၈ သန်းဖြင့်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၁၄၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၃၆ သန်းဖြင့်လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၄၄၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆၉ သန်းဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၃၉၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၃၉ သန်းဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံများကို ပြည်ပနိုင်ငံအသီးသီးသို့တင်ပို့လျက်ရှိရာ ပဲစင်းငုံတစ်တန်လျှင် ရရှိသည့် ဈေးနှုန်းများမှာ နိုင်ငံအလိုက်ကွာခြားမှုရှိသည်ကို တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းအခြေအနေများကို နိုင်ငံအလိုက်လေ့လာကြည့်ပါက အိန္ဒိယနိုင်ငံတွင် မက်ထရစ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၂၅၁၇ ဖြင့် ပထမအများဆုံး၊ ယူအေအီးနိုင်ငံတွင် ၁၈၉၇ ဒေါ်လာဖြင့် ဒုတိယအများဆုံးရရှိခဲ့ပြီး နီပေါနိုင်ငံတွင် ၁၁၁၆ ဒေါ်လာဖြင့် တတိယအများဆုံးရရှိသည်ကိုတွေ့ရှိရသည်။ နယူးဇီလန်နိုင်ငံနှင့် အီရန်နိုင်ငံတို့တွင် ၂ ဒေါ်လာနှင့် ၁ ဒေါ်လာတို့ဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။ ပဲစင်းငုံတစ်တန်အပေါ်ရရှိသည့် ဈေးနှုန်းကွာခြားချက်မြင့်မားခြင်းကြောင့် ဈေးနှုန်းရရှိမှုမြင့်မားသည့်နိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်သည့် နိုင်ငံများအား ပို့ကုန်တိုးမြှင့်ခြင်းအားဖြင့် ပြည်ပဝင်ငွေရရှိမှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ပြည်ပဈေးကွက်ရရှိပြီးဖြစ်သည့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးကွင်းဆက် ပိုမိုအားကောင်း စေရေး အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား ဟန်ချက်ညီစွာချိတ်ဆက်ဆောင်ရွက်သင့်သည်။
ပြည်ပဝင်ငွေရရှိသောပဲစင်းငုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူများအား တွန်းအားပေးဆောင်ရွက်သင့်သည်။
ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဂေဟစနစ်ကောင်းစေခြင်း၊ အသားဓာတ်ပါဝင်မှုရှိခြင်း၊ ဘေးထွက်ပစ္စည်းများ ဖြစ်သည့် အပင်အကြွင်းအကျန်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်း၊ အစားအစာပစ္စည်းများ ချက်ပြုတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်ခြင်း၊ ပဲစင်းငုံပင်၏ ပင်စည်များကို ခြံစည်းရိုးအဖြစ် အသုံးပြုနိုင်ခြင်း အပြင် သဘာဝမြေဩဇာအဖြစ် သုံးစွဲနိုင်ခြင်းတို့ကြောင့် ပဲစင်းငုံထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်စပ်ချိတ်ဆက်သည့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းစေမည်ဖြစ်သည်။ ။

မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများကို ယခင်က မိရိုးဖလာမွေးမြူရေးအနေဖြင့် မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက် တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို ဖြည့
မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများကို ယခင်က မိရိုးဖလာမွေးမြူရေးအနေဖြင့် မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက် တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝက်မွေးမြူရေးကို တိုးချဲ့မွေးမြူရန်လိုအပ်လျက်ရှိပေသည်။
“သဗ္ဗေသတ္တာ အာဟာရသုခိတာ” ဆိုသည့်အတိုင်းလူသားတို့ အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီးသက်ရှည်ကျန်းမာရန်အတွက်အသားကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုအပ်ပေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝက်မွေးမြူရေးလုပ်ငန်းသည်လည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးတက်ဖော်ဆောင်ထုတ်လုပ်လာကြပြီဖြစ်သည်။
ဝက်မွေးမြူရေးလုပ်ငန်းတွင် ယခင်က အာဟာရဗေဒသဘောတရားအရ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ (Nutrition Factor) များကို မသိရှိကြသောကြောင့် ဖွံ့ဖြိုးမှုနှေးကွေးကာ ဝက်တစ်သုတ်လျှင် အချိန်အကြာကြီးမွေး၍ ကျွေးမွေးရပြီး တွက်ခြေမကိုက်ဖြစ်ရသည်။ ယခုအခါ ဝက်မျိုးကောင်းမျိုးသန့်များကို အာဟာရပြည့်ဝသောအစာများကျွေး၍ အချိန်တိုအတွင်းရောင်းချနိုင်အောင်၊ အကျိုးအမြတ်ရရှိအောင် မွေးမြူလာကြသည်။ မည်မျှရင်း၍မည်မျှမြတ်မည်၊ ဘယ်နှလမွေးလျှင် ဘယ်လောက်အမြတ်ရနိုင်မည် စသည့်အချက်များကိုပါ ထည့်တွက်စဉ်းစားမွေးမြူ၍ စီးပွားရေးအကျိုးအမြတ်ကို ကြည့်လာကြသည်။ အောင်မြင်သော ဝက်မွေးမြူရေးခြံတစ်ခြံဖြစ်ရန်အတွက် အောက်ဖော်ပြပါအချက်များကို အထူးအလေးထားဆောင်ရွက်ရမည်-
(၁) မြေနေရာရွေးချယ်မှုနှင့် ခြံတည်ဆောက်ပုံစနစ်ကျခြင်း
(၂) မျိုးကောင်းမျိုးသန့် ရွေးချယ်မွေးမြူခြင်း
(၃) မွေးမြူရေးနည်းစနစ်မှန်ကန်မှုရှိခြင်း
(၄) အာဟာရပြည့်ဝသည့်အစာကျွေးမွေးခြင်း
(၅) ရောဂါကြိုတင်ကာကွယ်ခြင်း
(၆) ဈေးကွက်ရှာဖွေခြင်း
စသည့်အချက်များကို သေချာစွာဂရုစိုက်ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်ဖြစ်ထွန်းသော မွေးမြူရေးလုပ်ငန်းဖြစ်လာမည်ဖြစ်သည်။ ဝက်ခြံအဆောက်အအုံ၊ အစာခွက်၊ ရေခွက်များအား သန့်ရှင်းအောင်ထား၍ မွေးမြူထားသော ဝက်ကောင်ရေအတွက်လုံလောက်သောအစာခွက်၊ရေခွက်ထားပေးရမည်။ ဝက်များကို အသက်အရွယ်အစုံ၊ အကြီးအငယ်ဆိုဒ်စုံထား၍ မမွေးရပါ။ အသက်ညီသော၊ အရွယ်ညီသော ဝက်များကိုသာ ထည့်သွင်း၍မွေးမြူရပါမည်။
ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုကောင်းမွန်ပါက ရောဂါအန္တရာယ်နည်းပါး၍ ကြီးထွားနှုန်းမြန်မည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်း၍ စီမံခန့်ခွဲမှုညံ့ပါက ဝက်များဒဏ်ပိ၍ ကိုယ်ခံစွမ်းအားကျဆင်းပြီး ကူးစက်ရောဂါများဖြစ်ပွားရန် အခွင့်အလမ်းများ ပိုများမည်ဖြစ်သည်။
ကြိုတင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရမည်။ လုံလောက်သောအစာအာဟာရ အပြည့်အဝကျွေးမွေးပေးရမည်။ ဝက်မကြီးများသားပေါက်ချိန်တွင် ဝက်မကြီးမပိမိစေရန် အထူးဂရုစိုက်ရမည်။ နှာခေါင်းနှင့် ပါးစပ်တွင်ပိတ်မိနေသော ရေအိတ်အမြှေးပါးကြောင့် အသက်ရှူကျပ်ကာ အသက်ရှူမဝဘဲ ဝက်ငယ်ကလေးများ သေဆုံးတတ်သည့်အတွက် ရေမြွှာအိတ်အမြှေးပါးများကို အဝတ်သန့် ဖြင့် ဖယ်ရှားသန့်စင်ပေးရမည်။ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြီးအသက်ရှူအောင် ဖြည်းဖြည်းမှန်မှန်ဖိပေးပုတ်ပေးရမည်၊ ဝက်ကလေးများချက်ကြိုးပြတ်၍ သွေးထွက်နေပါက Gental Violent မင်ပြာဖျန်းဆေး သို့မဟုတ် Septidine၊ တင်ချာအိုင်အိုဒင်းဆေးရည်ဖြင့် သုတ်လိမ်းပေးရမည်။
ဝက်ပေါက်ကလေးများတွင် ချွန်ထက်သောသွားများပါရှိလာသည့်အတွက် မိခင်၏နို့အားမကိုက်မိစေရန်နှင့် နို့အုံအနာမဖြစ်စေရန်အတွက် သွားများကိုဖြတ်ပေးရမည်။ ဝက်များသည် လှုပ်ရှားနေသော အမြီးများကိုကိုက်တတ်သဖြင့် အမြီးကိုအရင်းမှတစ်လက်မသာချန်၍ ဖြတ်ပေးရမည်။
သားပေါက်၍မွေးဖွားပြီးခါစ ဝက်မကြီးများ၏နို့ဦးရည်တွင် တန်ဖိုးရှိသောပဋိပစ္စည်းပါဝင်သည့်အတွက် မွေးစဝက်ငယ်လေးများအား နို့ဦးရည်ကိုမဖြစ်မနေတိုက်ပေးရမည်။ မွေးပြီး ၂၄ နာရီအတွင်း နို့ဦးရည်ကို မဖြစ်မနေတိုက်ပေးရမည်။ ဝက်ငယ်ကလေးများသည် အအေးဒဏ်ကို မခံနိုင်သည့်အတွက် နွေးနွေးထွေးထွေးထားပေးရမည်။ နို့ပေးဝက်မကြီးများသည် တစ်လအထိသာ နို့ကောင်းကောင်းပေးနိုင်ပြီး တစ်လကျော်သွားလျှင် နို့ထွက်နည်းသွားသည်။ ဝက်ကလေးများကြီးထွားဖွံ့ဖြိုးရန် အာဟာရပိုပြီးလိုအပ်သည့်အတွက် ဝက်ငယ်ကလေးများ နှစ်ပတ်သားအရွယ်မှစ၍ အစာစားတတ်ရန် လေ့ကျင့်ပေးရမည်။
ဝက်ငယ်ကလေးများ တစ်လသားအရွယ်တွင် သားခွဲပေးနိုင်ပါက ဝက်မကြီးသည် စောစောမြိုင်ပြန်လာကာ သားတောင်း၍ စောစောသားပေါက်နိုင်သည်။ သားပေါက်ကြိမ်ရေတိုးလာသောကြောင့် ဝက်သားပေါက်ပိုမိုရရှိကာစီးပွားရေးအရ တွက်ခြေပိုကိုက်သည်။
အသားတိုးဝက်မွေးမြူရန်အတွက် နို့ခွဲဝက်ငယ်လေးများကို ရွေးချယ်ရာတွင် ကနဦးအရေးကြီးဆုံးအချက်မှာ မျိုးဝက်မ၊ဝက်သိုးများ၏ မျိုးရိုးဗီဇနှင့် ကြီးထွားနှုန်းစံချိန် မီ၊ မမီ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်ဝယ်ယူမွေးမြူလျှင် အကောင်းဆုံးဖြစ်သည်။
ခန္ဓာကိုယ် တည်ဆောက်မှုအပေါ် အခြေခံရွေးချယ်ရာတွင် ပခုံးနှင့်တင်ပါးတွင် ခန္ဓာကိုယ်အသားအစိုင်အခဲ ထင်ရှားသောဝက်ကလေးများကို ရွေးချယ်မွေးမြူရမည်။ သွားလာမှု ဖျတ်လတ်ခြင်း၊ ပတ်ဝန်းကျင်အပေါ်တွင်စိတ်ဝင်စားမှုရှိခြင်းသည် ကျန်းမာသောလက္ခဏာဖြစ်သည့်အတွက် ဝက်ကလေးများ၏ လှုပ်ရှားမှုကိုကြည့်၍လည်း ရွေးချယ်မွေးမြူရမည်။ လှုပ်ရှားမှုနှေးကွေးပြီး အမြီးတွဲလောင်းကျနေသောဝက်ကို မရွေးချယ်သင့်ပေ။ သားပေါက်တစ်အုပ်အတွင်း ညှက်၍ကျန်ခဲ့သော အုပ်ညှက်ဝက်ကို ဘယ်သောအခါမှမမွေးသင့်ပါ။
ဝက်ကလေးများတွင် ကျောပြင်ကျယ်၍ ခါးလျားရှည်ခြင်း၊ ရင်အုပ်ကား၍ မေးရိုးခိုင်မာမှုရှိခြင်း၊ ပခုံး၊ တင်ပါးအသားထင်ထင်ရှားရှားရှိခြင်းသည် ဝက်ငယ်ကလေးများကြီးထွားနှုန်းကောင်းမည့် လက္ခဏာရပ်များဖြစ်သည်။ အရေပြားပေါ်တွင် အနာများရှိခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ ဝမ်းပျက်ဝမ်းသွားခြင်းများသည် နောင်တစ်ချိန်တွင် ကြီးထွားနှုန်းကို ထိခိုက်စေနိုင်သည့်အချက်များဖြစ်သည်။
အသားတိုးဝက်မွေးမြူရာတွင် ဝက်ထီးကို ဝက်မထက် ပို၍နှစ်သက်ရွေးချယ်ဝယ်ယူမွေးမြူလေ့ရှိကြသည်။ ဝက်မများသည် ခြောက်လအထိ ကြီးထွားနှုန်းမြန်ပြီး မြိုင်ပေါ်ပါက အစာစားပျက်၍ ပိန်ပြီး ကြီးထွားနှုန်းကျသွားတတ်သည့်အတွက်ဖြစ်သည်။
မျိုးဝက်မရွေးချယ်ရာတွင် အသားတိုးဝက်နှင့် မျိုးဝက်မရွေးချယ်ရခြင်းများ ဆင်တူသည်။ မျိုးပွားရန်အတွက် ရွေးချယ်ရခြင်းကြောင့်ပြင်ပလိင်အင်္ဂါဖွံ့ဖြိုးမှု၊ မျိုးရိုးဗီဇစသည့်အချက်အလက်များကို အဓိကထားရွေးချယ်ရမည်။ ဝက်မ၏နို့အုံဖွံ့ဖြိုးမှုရှိ၍ နို့အုံ၌နို့သီးအနည်းဆုံး ၁၂ လုံးနှင့် အထက်ရှိရမည်။ နို့သီးအရွယ်ညီ၍ အကွာအဝေးညီရမည်။ နို့သီးခေါင်းများပေါ်လွင်ထင်ရှားနေရမည်။ ချိုင့်ပြီးအတွင်းသို့ဝင်နေသော နို့သီး( နို့ပါးစပ်)ပါရှိသောဝက်မများကို မျိုးအဖြစ်မရွေးချယ်ရပါ။
ဝက်မကြီး၏မျိုးရိုး၊ သားပေါက်နှုန်းကောင်းခြင်း၊ နို့ပေးနှုန်းကောင်းခြင်း၊ ဝက်ငယ်ကလေးများအား ထိန်းသိမ်းစောင့်ရှောက်မှုကောင်းခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုကောင်းခြင်း၊ သားထိန်းကောင်း ခြင်း စသည့်အမူအကျင့်လက္ခဏာများကိုလည်း သေချာလေ့လာ၍ မျိုးဝက်မကို ရွေးချယ်မွေးမြူရမည်။ သားလျှော၊ သားပျက်တတ်သောရာဇဝင်နှင့် အသေမွေးဖွားဖူးသော ဝက်မမှပေါက်ဖွား လာသော ဝက်မများကို မျိုးဝက်မအဖြစ် မရွေးချယ်ရပါ။ သားစဉ်မြေးဆက်အထိ ရောဂါသဏ္ဌာန် လက္ခဏာပါလာတတ်သည့်အတွက် မျိုးဝက်မအဖြစ် မရွေးချယ်သင့်ပါ။
မျိုးဝက်မအဖြစ် ရွေးချယ်ရာတွင် မိခင်ကိုစံနှုန်းထားပြီး အလားအလာရှိနိုင်သည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပေသည်။ သားပေါက်နှုန်း၊ နို့ထွက်နှုန်း၊ ဝက်ငယ်ကလေးများထိန်းသိမ်းနှုန်း(သားထိန်းနှုန်း)ကောင်းသည့် ဝက်မ၏ဗီဇသည် ၎င်း၏သမီး ဝက်ကလေးထံသို့လည်း ဆက်လက်ဆင်းသက်လက်ဆင့်ကမ်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။
မျိုးဝက်မသည် အသက်ရှစ်လမှ ၁၀ လ အရွယ်တွင် သားပေါက်သည်။ ဝက်မမြိုင်လာရက်(သားတောင်းရက်)သည်တစ်ကြိမ်နှင့်တစ်ကြိမ် ၂၁ ရက်ကြာမြင့်သည်။ မြိုင်ပေါ်ကာလသည် သုံးရက်မှငါးရက်အထိကြာတတ်သည်။ မျိုးဝက်မကို ပထမအကြိမ်မြိုင်လာချိန် (သားတောင်းချိန်)တွင် သားမတင်သင့်ပါ။ ပထမအကြိမ်သားတောင်းချိန်တွင် သားဥကြွေနှုန်းနည်း၍ သားပေါက်ကောင်ရေ နည်းတတ်သောကြောင့်ဖြစ်သည်။
ဝက်မတမ်းဝက်မကို တတိယအကြိမ် သားတောင်းမြိုင်လာမှသားတင်လျှင် သားပေါက်ကောင်ရေ အများဆုံးရရှိနိုင်ပေသည်။ ဝက်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလသည် သုံးလ သုံးပတ် သုံးရက် စုစုပေါင်း ၁၁၄ ရက်ဖြစ်၍ တစ်နှစ်လျှင် အနည်းဆုံးနှစ်သားနှင့် တစ်ဗိုက် သားပေါက်၍ ကိုယ်ဝန်ဆောင်နိုင်ပေသည်။
သားတင်ပြီး မျိုးပွားမည့်ဝက်မကလေးများကို နို့စို့စဉ် တစ်ပတ်သားမှစ၍ အစာစားလေ့ကျင့်ပေးရမည်။ သုံးလသားအရွယ်အထိ အစာကိုဝဝလင်လင်ကျွေးမွေးပေးရမည်။ သုံးလသားအရွယ်မှစ၍ ပထမမြိုင်ပေါ်သည်အထိ ခန္ဓာကိုယ်အဆီမပိုစေရန်အတွက် ပုံမှန်ကျွေးနေကျအစာ၏ ၇၅ ရာခိုင်နှုန်းသာ ကျွေးပေးရမည်။ ပထမမြိုင်ပေါ်ပြီးနောက်အစာကိုအဝပြန်ကျွေး၍ ဒုတိယမြိုင်ကို လွှတ်၍ တတိယမြိုင်ပေါ်မှသာ သားတင်လျှင် သားပေါက်နှုန်းကောင်းကောင်းရမည်ဖြစ်ပေသည်။
ဝက်မျိုးကောင်းမျိုးသန့်ရရှိရေးအတွက်ဝက်မကောင်းရရှိရန်လိုအပ်သကဲ့သို့ မျိုးဝက်သိုးကောင်းလည်း ရရှိရန်လိုအပ်သည်။ မိဘများမှ သားသမီးများဆီသို့ မျိုးရိုးဗီဇကောင်းများ ထပ်ဆင့်ဖြန့်ဖြူးရာတွင် ဝက်သိုး၏စွမ်းဆောင်ရည်မှာ ဝက်မထက်သာလွန်ကောင်းမွန်သည့်အတွက် ဝက်သိုးရွေးချယ်မှုသည်လည်း အရေးကြီးပေသည်။
ဝက်သိုး၏အရိုးအဆစ်နှင့် အကြောများ သန်မာတောင့်တင်းရမည်။ အိပ်နေရာမှ မတ်တတ်ရပ်သည့်အခါ သွက်လက်ပေါ့ပါးနေရမည်။ ဝက်သိုးကောင်း၏ လက္ခဏာများမှာ -
(၁) ခြေထောက်လေးချောင်း တောင့်တင်းခိုင်မာမှုရှိရမည်။
(၂) ထိပ်ခင်ကျယ်၍ တင်ပါးနှင့်ပခုံးများ အသားဖွံ့ဖြိုးပြီး အသားအစိုင်အခဲပေါ်လွင်ရမည်။
(၃) ကျောပြင်ကျယ်၍ ကျောရိုးသန်မာပြီး ခပ်ခုံးခုံးအနေအထားပေါ်လွင်နေရမည်။
(၄) ဝမ်းဗိုက်ချပ်၍ သိုကပ်နေရမည်။
(၅) ကပ်ပယ်အိတ်နှစ်လုံး အရွယ်ညီ၍ ဖွံ့ဖြိုးမှုရှိရမည်။
အရွယ်ရောက်ပြီး ဝက်သိုးတစ်ကောင်၏ စွမ်းဆောင်ရည်သည် တစ်ရက်ခြားတစ်ကြိမ်သာအောင်မြင်စွာမိတ်လိုက်နိုင်သည်။ ဝက်သိုးကို နေ့စဉ်ရက်ဆက် မိတ်မလိုက်သင့်ပါ။
ကျွေးမွေးသောအစာအာဟာရကောင်းမှသာ ဝက်များကြီးထွားနှုန်းမြန်ပြီး သားအောင်သားပေါက်နှုန်းကောင်းမွန်မည်ဖြစ်သည်။ ဝက်မွေးမြူရေးတွင် ကုန်ကျစရိတ်အားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အစာအတွက်ကုန်ကျစရိတ်ဖြစ်သည်။ ဝက်များသည် အစာမှအသားအဖြစ်သို့ ပြောင်းလဲမှုနှုန်းမြန်၍ ကြီးထွားမြန်တိရစ္ဆာန်များဖြစ်သည်။ ကြီးထွားနှုန်းမြန်ရန်အတွက်လုံလောက်သောအစာအာဟာရပါဝင်သည့်အစာများအား ကျွေးမွေးပေးရန်လိုအပ်သည်။
ဝက်မွေးမြူရေးအတွက် လိုအပ်သောအစာအာဟာရများ-
(၁) ကစီဓာတ် - ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ နှံစားပြောင်း၊ ဂျုံ၊ လူး၊ ဆပ်
(၂) အဆီဓာတ် - ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊ အုန်းဖတ်၊ ဝါစေ့ ကြိတ်ဖတ်၊ နေကြာဖတ်၊ ကြယ်ပဲဖတ်
(၃) အသားဓာတ် - ငါးမှုန့်၊ ပုစွန်ဖွဲ၊ ခရု၊ ကဏန်း၊ တီ၊ ခြ
(၄) ဗီတာမင် - အသီး၊ အရွက်အစိမ်း၊ သစ်မြစ်၊ သစ်ဥ
(၅) သတ္တုဓာတ် - ခရုခွံ၊ ခုံးခွံ၊ ကဏန်း ခွံ၊ သစ်ရွက်ခြောက်၊ မြေကြီး
(၆) ရေဓာတ် - သန့်ရှင်းသောရေအာဟာရဓာတ်များသည် ကုန်ကြမ်း
အမယ်တစ်မျိုးချင်းအလိုက်လည်း ရောနှောပါဝင်နေပေသည်။ စိုက်ပျိုးရေးထွက်သီးနှံများကို မွေးမြူရေးတွင်သုံးစွဲ၍ မွေးမြူရေးထွက်စွန့်ပစ်ပစ္စည်း (ဝက်ချေး၊ နွားချေး၊ ကြက်ချေး) များကို စိုက်ပျိုးရေးတွင် တစ်ဖန်ပြန်လည်အသုံးချခြင်းဖြင့် လူသားတို့အတွက် လိုအပ်သောအစာအာဟာရ၊ စားရေရိက္ခာ၊ အစာကွင်းဆက်၊ အစာသံသရာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းအရ ဝက်ကောင်ရေ စုစုပေါင်း ၄၄ ဒသမ ၃ သန်းကျော်ရှိကာ နိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည်လည်း ဝက်သားစားသုံး၍ ဝက်သားလိုအပ်ချက်ဈေးကွက်သည်လည်း ရှိနေမြဲဖြစ်ပေသည်။ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျနည်းစနစ်မှန်မှန်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားပါကစီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် ထုတ်လုပ်လာနိုင်ကာ ပိုလျှံသည်များကို ကုန်ချောများ(အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားလုံး၊ ဝက်စည်သွတ်ဘူး) စသည်ဖြင့် ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ဈေးကွက်ရှာဖွေ၍ ထုတ်လုပ်ရောင်းချကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မွေးမြူရေးကဏ္ဍမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

ပဲယဉ်းနီ (Pigeon Pea၊ သိပ္ပံအမည် - Cajanus cajan) သည် ပရိုတင်းဓာတ်ကြွယ်ဝသော ပဲမျိုးဖြစ်ပြီး အာဖရိက၊ အာရှနှင့် ကာရစ်ဘီယံဒေသများတွင် အဓိကစိုက်ပျိုးသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလေ့ရှိသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်လည်း ဒေသအလိုက် စိုက်ပျိုးကြသည်။ စားနပ်ရိက္ခာနှင့် စီးပွားဖြစ်ထုတ်လုပ်မှုအတွက် အရေးပါသည်။

၂၀၂၄ - ၂၀၂၅ ခုနှစ် ရာဂိမုန်တိုင်းကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ရေကြီးနစ်မြုပ်ဖြစ်ပေါ်ပြီး သဲဖုံးနုန်းဖုံးဧရိယာများဖြစ်ပေါ်ခဲ့သည့်ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၌စမ်းသပ် စိုက်ပျိုးထားရှိသည့်ပဲယဉ်းနီသီးနှံအပင်ဖြစ်ထွန်းနေမှုကို တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအား ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပဲယဉ်းနီသီးနှံအား မြန်မာနိုင်ငံ အတွင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင်တွန်းအားပေးစိုက်ပျိုးသင့်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ဤဆောင်းပါးအားရေးသားရခြင်းဖြစ်သည်။
စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုနှင့်မြေရာသီဥတု
ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး သဲဆန်သောမြေနှင့် ရေစီးရေလာကောင်းသော မြေတို့တွင်ဖြစ်ထွန်းသည်။ ပူနွေးခြောက်သွေ့သော ရာသီဥတု (အပူချိန် ၂၀–၃၀ ဒီဂရီစင်တီဂရိတ်)။ မိုးရေချိန် ၆၀–၁၀၀ စင်တီမီတာအထိ ခံနိုင်ရည်ရှိသည်။ မိုးနည်းဒေသများတွင် ရေသွင်းစိုက်ပျိုးလေ့ရှိသည်။
မြေအမျိုးအစား ရေမဝပ်သောနုန်းသဲစေး သို့မဟုတ် သဲဆန်သောမြေ (မြေအချဉ်ငန်ဓာတ် pH 5.0–7.0)။ မျိုးစေ့ရွေးချယ်ခြင်း၊ အရည်အသွေးမြင့်မျိုးများဒေသအလိုက် ရာသီဥတုဒဏ်၊ ရောဂါဒဏ်ခံနိုင်သောမျိုးများ ဂျပန်ပဲယဉ်းနီကိုရွေးချယ်ပါ။ မျိုးစေ့ပြင်ဆင်ခြင်း စိုက်မည့်မျိုးစေ့ကို မှိုသတ်ဆေးဖြင့်လူးနယ်၍ ရောဂါကင်းအောင်ပြုလုပ်ပါ။ ပြင်ဆင်ခြင်း၊ မြေညှိခြင်း စိုက်ခင်းမြေကို ကောင်းစွာမွှေပေးပြီး သစ်ရွက်ဟောင်းများ၊ မြေဆွေးများထည့်သွင်းကာ သဘာဝဓာတ်မြေဩဇာမြှင့်တင်ပါ။
ရေထုတ်စနစ် ရေဝပ်မှုမရှိစေရန် စိုက်ကြောင်းများကို မြင့်မားအောင်ပြုလုပ်ပါ။စိုက်ပျိုးနည်းစနစ်၊ စိုက်ချိန် မိုးဦးကျ (ဧပြီ–ဇွန်) စိုက်ပျိုးရန်သင့်လျော်သည်။ မိုးလယ် (ဇွန်-ဇူလိုင်)နှင့် ဆောင်းရာသီ (အောက်တိုဘာ-နိုဝင်ဘာ) တို့တွင် စိုက်ပျိုးကြသည်။မျိုးစေ့နှုန်း အတန်းလိုက်စိုက်မည်ဆိုပါက ၁ ဧကလျှင် ၃ ပြည်မှ ၄ ပြည်နှုန်းသုံးစွဲနိုင်ပြီး ကြဲပက်စိုက်မည်ဆိုလျှင် ၁၀ ပြည် - ၁၂ ပြည်အထိ သုံးစွဲပေးရမည်။
အကွာအဝေးစနစ် (စိုက်ကြောင်း) အတန်းနှင့်ပင်ကြား။ ။ တန်းကြား ၂၄–၃၆ လက်မ၊ ပင်ကြား ၁၂-၁၆ လက်မ။ စိုက်နက်ခြင်း မျိုးစေ့ကို ၂-၃လက်မအနက်တွင် စိုက်ပါ။ စိုက်နည်း မျိုးစေ့ကို တိုက်ရိုက်ချစိုက်ပါ။
မြေဩဇာ၊ ရေသွင်းခြင်းနှင့် အစိုဓာတ်ထိန်းသိမ်းခြင်း
အော်ဂဲနစ်မြေဩဇာ စိုက်ပျိုးချိန်တွင် နွားချေး၊ မြေဆွေး တစ်ဧကလျှင် ၂–၄ တန် ထည့်ပါ။ ဓာတ်မြေဩဇာ၊ စိုက်ချိန် နိုက်ထရိုဂျင်အနည်းငယ်သာလိုအပ်ပြီး ဖော့စဖိတ်နှင့် ပိုတက်စီယမ်ကို အဓိကထည့်သွင်း (ဥပမာ - DAP ဓာတ်မြေဩဇာ ၄၀-၈၀ ကီလိုဂရမ်/ ဧက)။ ပန်းပွင့်ချိန် ပိုတက်စီယမ်ဓာတ်မြေဩဇာ (၂၀-၄၀ ကီလိုဂရမ်/ဧက)။ရေသွင်း မိုးမလုံလောက်ပါက ရေသွင်းပေးရန်လိုအပ်သည်။ မြေဖုံးပစ္စည်း မြေဆီလွှာအစိုဓာတ်ထိန်းရန် ကောက်ရိုးဖြင့်ဖုံးအုပ်ခြင်း။
ပိုးမွှားနှင့်ရောဂါကာကွယ်ခြင်းနှင့် စီမံခန့်ခွဲမှု
(IPM)၊ ပိုးမွှား
- ပဲခွံစားပိုး၊ ပင့်ကူနီ၊ ပဲပင်လုံးဖောက်ပိုး။
ရောဂါ
- မှိုစွဲညှိုးခြင်း၊ ဗိုင်းရပ်ရောဂါ။
ကာကွယ်နည်း
- မှိုသတ်ဆေးဖျန်းခြင်း။
- သဘာဝပိုးသတ်ဆေး (နီမ်ရွက်စိမ်ရည်)။
- ရောဂါဒဏ်ခံမျိုးများ ရွေးချယ်စိုက်ပျိုး။
ကြိုတင်ကာကွယ်ခြင်း
- သီးလှည့်စိုက်ပါ (ပဲယဉ်းနီကို ပြောင်း၊ ဂျုံ စသည့်သီးနှံများနှင့်လှည့်စိုက်)။
- ပိုးမွှားဒဏ်ခံမျိုးများရွေးချယ်ပါ။
- ဇီဝနည်းဖြင့်ကာကွယ်ခြင်း
- နီမ်ရွက်စိမ်ရည်၊ငရုတ်သီးစိမ်ရည်ဖျန်းခြင်း။
- ပင့်ကူ၊ လိပ်ပြာကဲ့သို့သော သဘာဝသားရဲများကိုထိန်းသိမ်းပါ။
- ဓာတုဆေးဝါးလိုအပ်ပါက ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးကို ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။
ရေပေးသွင်းခြင်းနှင့်အစိုဓာတ်ထိန်းခြင်း၊ ရေသွင်းချိန်
- အပင်သက်တမ်း ၂၀–၂၅ ရက်သားတွင် ပထမအကြိမ် ရေသွင်းပါ။
- ပန်းပွင့်ချိန်နှင့် ပဲခွံဖြစ်ချိန်တွင် ရေမပြတ်စေရန်ဂရုစိုက်ပါ။
- စိုက်ပျိုးနည်း။
မိုးခေါင်ဒေသများတွင်ရေတာသောနည်း (ဥပမာ - Drip Irrigation)ကိုအသုံးပြုပါ။
ရိတ်သိမ်းခြင်းနှင့်ထုတ်လုပ်မှု၊ ရိတ်သိမ်းချိန်စိုက်ပြီး ၄–၆ လအကြာ (မျိုးကွဲပေါ်မူတည်)။ အထွက်နှုန်း ပျမ်းမျှ ၄၀၀–၆၀၀ ကီလိုဂရမ်/ဧကထွက်ရှိသည်။
အခြောက်လှန်းခြင်း
ပဲခွံများကို နေရောင်၌ ၃–၄ ရက်အခြောက်လှန်း။ ရိတ်သိမ်းခြင်းနှင့်ရိတ်သိမ်းချိန်လွန်နည်းလမ်းများလုပ်ဆောင်ခြင်း၊ ရိတ်သိမ်းချိန် ပဲခွံ ၈၀ ရာခိုင်နှုန်းအရောင်ပြောင်းပြီး ခြောက်သွေ့ချိန်တွင်ရိတ်ပါ။ အခြောက်လှန်းခြင်း နေပူတွင် ၃–၄ ရက်ခြောက်အောင်လှန်း၍ စိုထိုင်းဆ ၁၂ ရာခိုင်နှုန်း အောက်ရှိအောင်ထားပါ။
သိုလှောင်ခြင်း ပိုးမဝင်စေရန် လေလုံအိတ်များတွင် ထည့်၍ ခြောက်သွေ့အေးမြသောနေရာတွင် သိမ်းဆည်းပါ။ ထွက်ရှိမှု ပဲယဉ်းနီသည်မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်သီးနှံများထဲမှတစ်ခုဖြစ်ပြီး အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားစသည့်နိုင်ငံတို့သို့တင်ပို့ရောင်းချသည်။
စိုက်ပျိုးဧက ၁ ဧကလျှင် ပျမ်းမျှထွက်ရှိမှု ၁၅–၂၀ တင်းခန့် (သီးနှံအမျိုးအစားနှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍) ရှိသည်။စီးပွားရေးနှင့်အာဟာရတန်ဖိုး၊ စီးပွားရေး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်သည်။ အာဟာရ ပရိုတင်း ၂၀–၂၅ ရာခိုင်နှုန်း၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ သံဓာတ်ကြွယ်ဝသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း သစ်ရွက်စိမ်းမြေဩဇာ (Green Manure) စိုက်ပျိုးပါ။သီးလှည့်စိုက်ခြင်း ပဲယဉ်းနီကို နှံစားသီးနှံများနှင့်လှည့်စိုက်ခြင်းဖြင့် မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်တင်းပါ။
မှတ်တမ်းများနှင့်လေ့လာသင်ယူမှု၊ မှတ်တမ်းပြုစုခြင်း စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းမှု၊ ရောင်းဈေးနှုန်းများကို စနစ်တကျမှတ်သားပါ။ အသိပညာဖလှယ်ခြင်း ကျေးရွာအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင်သူများနှင့် ပုံမှန်ဆွေးနွေးပါ။ အခက်အခဲများနှင့်အကြံပြုချက်များ၊ စိန်ခေါ်မှုများပိုးမွှားကျရောက်မှု၊ မိုးခေါင်ဒဏ်၊ မျိုးစေ့အရည်အသွေးနိမ့်ခြင်းစသည့်စိန်ခေါ်မှုများရှိသည်။
အကြံပြုချက်
ဒေသအလိုက်သင့်လျော်သောမျိုးများ ရွေးချယ်စိုက်ပျိုးပါ။ သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ အာဟာရထိန်းသိမ်း။ဈေးကွက်အမျိုးအစားများ၊ ပြည်တွင်းဈေးကွက်ပဲယဉ်းနီကို မြန်မာနိုင်ငံအတွင်း စားသုံးမှုမြင့်မားပြီး ခြောက်သွေ့ဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဈေးကွက်ရှိ။ ပြည်ပဈေးကွက် အိန္ဒိယ၊ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ (ဥပမာ - ယူအေအီး၊ ဆော်ဒီအာရေဗျ) တွင် ပဲယဉ်းနီကို ဝယ်လိုအားမြင့်မားသည်။
စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများပြည်ပဈေးကွက်သို့ ပို့ကုန်အရည်အသွေးမမီခြင်း၊ နိုင်ငံတကာဈေးကွက်ပြိုင်ဆိုင်မှုမြင့်မားခြင်း (အာဖရိကနှင့် တန်ဇန်းနီးယားမှ ပဲယဉ်းနီ)၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်တင်ကုန်ချစရိတ်မြင့်မား ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ပိုးမွှားရောဂါ၊ ဈေးကွက်မတည်ငြိမ်မှုတို့က စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေသည်။
အခွင့်အလမ်းများ
အိန္ဒိယနိုင်ငံတွင် ပဲယဉ်းနီဝယ်လိုအား နှစ်စဉ်တိုးတက်လာခြင်း၊ အစားအစာလုပ်ငန်းများတွင် ပရိုတင်းအစားထိုးပစ္စည်းအဖြစ် ပဲယဉ်းနီကို စတင်အသုံးပြုလာခြင်း။
ဈေးကွက်တိုးချဲ့ရန် အကြံပြုချက်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပဲယဉ်းနီမှုန့်၊ ပဲပြား၊ စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချခြင်း။
ပူးပေါင်းဆောင်ရွက်မှု ဒေသအစိုးရနှင့် နိုင်ငံတကာအဖွဲ့များ (FAO, UNDP) မှ ဈေးကွက်ရှာဖွေရေးပံ့ပိုးမှုရယူခြင်း၊ ပဲယဉ်းနီထုတ်လုပ်သူများအသင်းများဖွဲ့စည်းကာ စုပေါင်းစီမံခန့်ခွဲခြင်း။
ဒစ်ဂျစ်တယ်စနစ်များ အသုံးပြုခြင်း
- အွန်လိုင်းဈေးကွက်များ (ဥပမာ - Facebook Marketplace, Myanmar Online Trade Platform) တွင် ကြော်ငြာရောင်းချခြင်း။
- နိုင်ငံတကာတင်ပို့မှုအတွက် နိုင်ငံတကာကုန်စည်ပြပွဲများကို အသုံးပြုခြင်း။ အစိုးရမှပံ့ပိုးမှုများ၊ အခွန်ကင်းလွတ်ခွင့် ပြည်ပသို့တင်ပို့သည့် ပဲယဉ်းနီထုတ်ကုန်များအတွက် အခွန်လျှော့ချပေးခြင်း။ အရည်အသွေးမြှင့်တင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းဈေးကွက်သတင်းအချက်အလက်များဖြန့်ဝေခြင်း။
စီးပွားရေးအရ အရေးပါမှုပဲမျိုးစုံသည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုပြီး နှစ်စဉ် ပြည်ပပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀၀ ကျော်ရရှိ စေသည်။ ကျေးလက်ဒေသစီးပွားရေးအတွက် အဓိက အထောက်အကူပြုသည်။ ပဲယဉ်းနီသည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအတွက် စီးပွားဖြစ် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ဈေးကွက်ရရှိရန် အရည်အသွေးစံချိန်မီအောင်ထုတ်လုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ တိုးမြှင့်ခြင်းနှင့် အစိုးရ၏ပံ့ပိုးမှုများကိုအသုံးချခြင်းဖြင့် ပြည်တွင်းပြည်ပဈေးကွက်များတွင် အောင်မြင်စွာ ဝင်ရောက်နိုင်သည်။
ပဲယဉ်းနီသည်ရာသီဥတုဒဏ်ခံနိုင်ပြီး အာဟာရပြည့်ဝသောသီးနှံဖြစ်သည်။ စိုက်ပျိုးနည်းစနစ်မှန်ကန်ပါက စီးပွားဖြစ်ထုတ်လုပ်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သည်။
ပဲယဉ်းနီစိုက်ပျိုးရာတွင် အထက်ပါအလေ့အကျင့်ကောင်းများကိုလိုက်နာခြင်းဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်လျှော့ချနိုင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးလာစေမည်ဖြစ်သည်။ အောင်မြင်သောဥပမာအနေဖြင့် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကသာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်တို့မှထွက်ရှိသည့် ပဲယဉ်းနီများအားပြည်ပသို့တင်ပို့ရောင်းချမှုမှာအောင်မြင်မှုရရှိနေသည်။ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးသူများသည် ပြည်ပသို့ပဲယဉ်းနီတင်ပို့ရာတွင်အောင်မြင်မှုရရှိနေပြီး အိန္ဒိယနိုင်ငံတွင် မြန်မာ့ပဲယဉ်းနီများကို အိန္ဒိယ၏ ပြည်တွင်းစားသုံးမှုနှင့် ပြန်လည်တင်ပို့မှုအတွက် အသုံးပြုလျက်ရှိသည်။ ။

ပျားမွေးမြူရေးလုပ်ငန်းတွင် အခြေစိုက်မွေးမြူနည်းနှင့်ရွှေ့ပြောင်းမွေးမြူနည်းဟူ၍နှစ်မျိုးရှိသည်။ အခြေစိုက်မွေးမြူနည်းကို ပျားအုံ ၅ အုံမှ အုံ ၅၀ အထိသာ မွေးမြူသင့်ပြီး ဝါသနာအရ မွေးမြူခြင်း၊သင်ထောက်ကူအဖြစ် သင်တန်းကျောင်းများတွင် မွေးမြူခြင်း၊ စိုက်ပျိုးရေးသုတေသန ခြံများတွင် ဝတ်မှုန်ကူးပေးရန်အတွက်မွေးမြူခြင်း၊ ပျားဘုရင်မသီးသန့်မွေးမြူထုတ်လုပ်ရန်မွေးမြူခြင်း စသည့်ရည်ရွယ်ချက်များဖြင့်သာ မွေးမြူလေ့ရှိသည်။ အားသာချက်များအဖြစ် ပျားအုံရွှေ့ ပြောင်းစရိတ်ကုန်ကျမှုမရှိခြင်း၊ ဝတ်မှုန်ကူးခြင်းကို ရာသီအလိုက် စိုက်ပျိုးသီးနှံများအား ဆောင်ရွက်ပေးနို
ပျားမွေးမြူရေးလုပ်ငန်းတွင် အခြေစိုက်မွေးမြူနည်းနှင့်ရွှေ့ပြောင်းမွေးမြူနည်းဟူ၍နှစ်မျိုးရှိသည်။ အခြေစိုက်မွေးမြူနည်းကို ပျားအုံ ၅ အုံမှ အုံ ၅၀ အထိသာ မွေးမြူသင့်ပြီး ဝါသနာအရ မွေးမြူခြင်း၊သင်ထောက်ကူအဖြစ် သင်တန်းကျောင်းများတွင် မွေးမြူခြင်း၊ စိုက်ပျိုးရေးသုတေသန ခြံများတွင် ဝတ်မှုန်ကူးပေးရန်အတွက်မွေးမြူခြင်း၊ ပျားဘုရင်မသီးသန့်မွေးမြူထုတ်လုပ်ရန်မွေးမြူခြင်း စသည့်ရည်ရွယ်ချက်များဖြင့်သာ မွေးမြူလေ့ရှိသည်။ အားသာချက်များအဖြစ် ပျားအုံရွှေ့ ပြောင်းစရိတ်ကုန်ကျမှုမရှိခြင်း၊ ဝတ်မှုန်ကူးခြင်းကို ရာသီအလိုက် စိုက်ပျိုးသီးနှံများအား ဆောင်ရွက်ပေးနိုင်ခြင်း၊ သင်တန်းသားများအား လက်တွေ့ပြသဆောင်ရွက်နိုင်ခြင်း၊ ပျားအုံနှင့်ပျားလုပ်ငန်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးခြင်းနှင့် ပျားဘုရင်မမွေးမြူရာတွင် ဘုရင်မပျို မိတ်လိုက်ဧရိယာ တည်မြဲစွာရှိနေနိုင်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် ပျားအုံမြောက်မြားစွာ စီးပွားဖြစ်မွေးမြူမှု မပြုနိုင်ခြင်း၊ ဧကများစွာဝတ်မှုန်ကူးနိုင်မှုမရှိခြင်းနှင့် ပျားစာအမြဲမပြတ်ရရှိနိုင်ရန် ခက်ခဲခြင်းကြောင့် အစားထိုးစာ/ဖြည့်စွက်စာများကျွေးမွေးစရိတ်ကုန်ကျခြင်း စသည့်အားနည်းချက်များကြောင့် ရွှေ့ပြောင်းပျားမွေးမြူရေးစနစ် (Migratory Beekee-ping)ကိုသာ မြန်မာနိုင်ငံ၌ကျင့်သုံးမွေးမြူကြသည်။
ပျားတို့၏အစာအာဟာရလိုအပ်မှုများ
ပျားများအတွက် အဓိက အစာအာဟာရနှစ်မျိုးရှိပြီး ဝတ်မှုန်(pollen)နှင့် ဝတ်ရည်(nactor) ဖြစ်သည်။ ပျားတို့သည် ဝတ်မှုန်ကို အသားဓာတ်(protein)အတွက်စားသုံးပြီး ဝတ်ရည်(nactor) ကိုမူ စွမ်းအင်(Energy)အတွက် စားသုံးရသည်။ ပျားများအတွက် အစာရရှိသော ပျားစာရအပင်များ (honey plant)တွင် ဝတ်မှုန်တစ်မျိုးတည်းသာရရှိသောအပင်များ၊ ဝတ်ရည်တစ်မျိုးသာရရှိသောအပင်များနှင့် ဝတ်ရည်၊ ဝတ်မှုန်နှစ်မျိုးရသောအပင်များဟူ၍ရှိသည်။
မြန်မာနိုင်ငံရှိ ပျားစာပင်များ
မြန်မာနိုင်ငံတွင် ပျားစာရအပင်များ(honey plant)အဖြစ် သဘာဝပေါင်းပင်များ၊ သစ်တောသစ်ပင်များ၊ နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံပင်များနှင့် ရာသီအလိုက် စိုက်ပျိုးသီးနှံပင်များဟူ၍ ငါးမျိုးရှိသည်။ သဘာဝပေါင်းပင်များဖြစ်သော ပိစပ်၊ ပင့်ကူထိပ်ပိတ်(နှမ်းဘီလူး၊ ပန်းသုံးဆင့်)၊ ဘောက်ခွေး၊ ဆူးလေ၊ တောငရုတ်၊ တပင်ရွှေထီး၊ ပုစွန်စာ၊ ထိကရုံး၊ နေကြာရိုင်း (ရှမ်းပြည်နယ်တွင် ပေါက်ရောက်သည်) စသည်တို့သည်လည်းကောင်း၊ သစ်တောသစ်ပင်များဖြစ်သည့် လက်ပံ၊ အင်ကြင်း၊ လဲမှို့၊ ကန္တာရရှား၊ အော်ရေးရှား၊ မန်ဂျန်ရှားအပင်များသည်လည်းကောင်း၊ ဆီး၊လိုက်ချီး၊ လောင်ကန်၊ နှင်းသီး၊ ရော်ဘာ၊သရက် စသည့် နှစ်ရှည်ပင်များသည်လည်းကောင်း၊ ငှက်ပျော၊ ဘူး၊ ဖရုံ၊ သခွား၊ဖရဲ၊ ခဝဲ၊ ကြက်သွန်၊ ငရုတ် စသောဥယျာဉ်ခြံသီးနှံပင်များသည်လည်းကောင်း၊ နှမ်း၊နေကြာ၊ ပန်းနှမ်း၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်းအမျိုးမျိုး စသည့်ရာသီသီးနှံတို့သည်လည်းကောင်း ပျားတို့အတွက် ပျားစာပင်(honey plant)များ ဖြစ်သည်။
မြန်မာနိုင်ငံ၏ပျားစာအရလုပ်ငန်းစဉ်များ
ပျားမွေးမြူရေးလုပ်ငန်းအောင်မြင်ရန်အတွက် အဓိကအားဖြင့် အချက်လေးခုဖြင့် ပြည့်စုံရန် လိုအပ်သည်။ ပျားရောဂါကင်းစင်မှု၊ ပျားဘုရင်မများ အရည်အသွေးကောင်းမွန်မှု၊ ပျားစာပြတ်လပ်ခြင်းအားဖြေရှင်းနိုင်မှု၊ ပျားမွေးမြူသူ ပျားစခန်းတာဝန်ခံ( Beekeeper )၏ ပျားအုံကိုင်တွယ်ထိန်းသိမ်းခြင်း(management)ကောင်းမွန်မှန်ကန်မှုတို့ဖြစ်သည်။ ထိုအချက်လေးခုအနက် ပျားစခန်းတာဝန်ခံ၏ တာဝန်ပြည့်စုံကောင်းမွန်မှုသည် စဉ်ဆက်မပြတ်လိုအပ်နေပြီး ပျားရောဂါကင်းစင်ရန်နှင့်ပျားဘုရင်မများအရည်အသွေးကောင်းမွန်နေစေရန်အတွက်ကိုမူ ပျားစာရာသီအလိုက် အချိန်ကိုက်ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပျားရောဂါများအနေဖြင့် အတောင်လိပ် ရောဂါ၊ ကပ်ပါးမွှား(Tropilaelaps)နှင့် ကပ်ပါးမွှား(Varroa)ရောဂါတို့သာအဖြစ်များပြီး အမေရိကန် သားလောင်းပုပ်ရောဂါ (AFB)နှင့် ဥရောပသားလောင်းပုပ်ရောဂါ (EFB)တို့ ဖြစ်ပွားမှုမရှိပါ။ (ဖြစ်ပွားမှုရှိလျှင် ပျားအုံနှင့် လုပ်ငန်းသုံးပစ္စည်းများပါ မီးရှို့ဖျက်ဆီးရတတ်သည်)။
ကပ်ပါးမွှားရောဂါကုသခြင်းကို နှစ်စဉ် မေလတွင် ဆောင်ရွက်ရသည်။ အကြောင်းမှာ ပျားရောဂါကုသမှုပြီးဆုံးလျှင် ပျားအုံများ အင်အားလျော့နည်းကျဆင်းလေ့ရှိသဖြင့်ကုသမှုပြီးဆုံးသည့်အချိန်နှင့် ဝတ်ရည်+ဝတ်မှုန်နှစ်မျိုးလုံးရရှိပြီး ပျားဘုရင်မအတွက် သားလောင်းပေါက်ပွားမှုကောင်းမွန်သော နွေနှမ်းပျားစာ (နှမ်းစိုက်ခင်း)ပေါများစွာရရှိမှု အချိန်ကိုက်ဖြစ်ရန်လိုသည်။ ထို့ကြောင့် နှစ်စဉ်မေလတွင် ပျားရောဂါကုသမှုကို ပျားစခန်းအားလုံး ဆောင်ရွက်ရသည်။
ပျားအုံဖွံ့ဖြိုးရေး
ပျားရောဂါကင်းစင်သော ပျားအုံများအား ဖွံ့ဖြိုးတိုးတက်စေရန် ပျားဘုရင်မများ မွေးမြူ၍ ဥနှုန်းကျဘုရင်မများအား အစားထိုးလဲလှယ်ခြင်း၊ ပျားသလက်အသစ်များတည်ဆောက်ခြင်းတို့ကို ဇွန်လမှဇူလိုင်လကုန်အထိ (မိုးနှမ်း)နှမ်းပျားစာအချိန်တွင်ဆောင်ရွက်ကြပြီး ပျားအုံတိုးပွားခြင်း၊ ပျားသလက်ချပ်များတိုးပွားခြင်းများကိုသာ လုပ်ဆောင်ကြရသည်။ မြန်မာ့ပျားမွေးမြူရေးပြက္ခဒိန်အရ ဩဂုတ်လသည် ပျားစာရှားပါးသဖြင့် ရှမ်းပြည်နယ်ရှိ ပြောင်းဖူးစိုက်ခင်းများသို့ ရွှေ့ပြောင်းပြီး မွေးမြူကြသော်လည်း ပြောင်းဖူးစိုက်ခင်း(ပျားစာပင်)များသည် ဝတ်မှုန်တစ်မျိုး တည်းသာရရှိသဖြင့် ပျားအုံများအား ဝတ်ရည်ဖြည့်စွက်စာ/အစားထိုးစာအဖြစ် သကြားရည်တိုက်ကျွေး မွေးမြူကြရသည်။
ထိုသို့ သကြားရည်တိုက်ကျွေးခြင်းသည် ပျားရည်ထုတ်လုပ်ရန်မဟုတ်ပေ။ ပျားတို့အတွက် လိုအပ်သော အစာနှစ်မျိုး (ဝတ်ရည်+ဝတ်မှုန်)အနက် သဘာဝအစာအဖြစ် ဝတ်မှုန်တစ်မျိုးသာရရှိသဖြင့် လိုအပ်သောဝတ်ရည်အတွက် သကြားရည်တိုက်ကျွေးမွေးမြူခြင်းဖြင့် ပျားအင်အား တိုးပွားများပြားမှုကိုဖြစ်စေပြီး စက်တင်ဘာလမှအောက်တိုဘာလ(ဆီးပွင့်ချိန်)အတွင်း ပျားရည်ထုတ်လုပ်မှုကို အင်တိုက်အားတိုက်ဆောင်ရွက်ရရှိနိုင်မည်ဖြစ်သည်။ဆီးပျားရည်သည် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပျားရည်အားလုံး၏ ၅၀ ရာခိုင်နှုန်းမှ၆၀ ရာခိုင်နှုန်းအထိထွက်ရှိသော အဓိကပျားရည်ဖြစ်သည်။
ဆောင်းရာသီနှင့်ပန်းနှမ်းပျားရည်
အောက်တိုဘာလကုန်၍ နိုဝင်ဘာလဆန်းလျှင် ဆောင်းရာသီပျားစာများအဖြစ် ပန်းနှမ်း၊ ဆီမုန်ညင်း၊ နေကြာရိုင်း၊ ပိစပ်ပျားစာပင်များပွင့်လန်းရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)ဒေသများသို့ အများစုရွှေ့ပြောင်းမွေးမြူကြပြီး အနည်းစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနေကြာ၊ ပဲစင်းငုံ ၊ ဆောင်းနှမ်း၊ ပဲအမျိုးမျိုး စိုက်ခင်းများသို့ ပြောင်းရွှေ့မွေးမြူကြသည်။ ပန်းနှမ်း၊ ဆီမုန်ညင်း ပျားရည်များသည် ရေပါဝင်မှုအနည်းဆုံး (အပျစ်ဆုံး) ပျားရည်များဖြစ်ပြီး ပြည်ပပို့ရာတွင် လူကြိုက်များသောပျားရည်ဖြစ်သည်။
ပျားရည်ဟူသည် ပန်းအမျိုးအစားအလိုက် ဆီးပျားရည်၊ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ လိုက်ချီးပျားရည်၊ ရော်ဘာပျားရည်စသဖြင့် အမျိုးအမည်ခေါ်ဝေါ်မှု ကွဲပြားကြသော်လည်းမည်သည့်ပျားရည်က ပိုကောင်းသည်ဟုမရှိပေ။ ပျားရည်အစစ်အမှန်ဖြစ်ရန်နှင့် ရင့်မှည့်ပျားရည်ဖြစ်ရန်သာလိုသည်။ ရင့်မှည့်ပျားရည်ဟူသည် လုပ်သားပျားများသယ်ယူစုဆောင်းထားသည့် ပန်းပွင့်မှဝတ်ရည်များအား အုံထိန်းပျား(house bee)များက ရုပ်ပြောင်းလဲခြင်း၊ ဒြပ်ပြောင်းလဲခြင်း ပြုလုပ်ပြီး ဝတ်ရည်(nactor)မှ ပျားရည်(honey)ဖြစ်စေကာ ပျားဖယောင်းဖုံးအုပ်ထားသော ပျားရည်ဖြစ်သည်။ တစ်နည်းအားဖြင့် စေးပျစ်မှုကောင်းပြီး ရေပါဝင်မှုနှုန်းတိုင်းကိရိယာ (Refratometer) ဖြင့်တိုင်းပါက water contant ၂၁ ရာခိုင်နှုန်းအောက်သာရှိသော ပျားရည်များဖြစ်သည်။
ပျားရောဂါကာကွယ်ခြင်း
မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန်အရ တစ်နှစ်လျှင် ပျားရောဂါကုသမှုတစ်ကြိမ် (မေလ) နှင့် ကာကွယ်မှုနှစ်ကြိမ်(ဩဂုတ်လ၊ ဒီဇင်ဘာလ)ဆောင်ရွက်ကြရသည်။ ဆောင်းရာသီပန်းနှမ်း၊ ဆီမုန်ညင်းပျားစာပြီးဆုံးချိန်တွင် တောင်ပေါ်မှမြေပြန့်သို့ ပြန်ဆင်းရွှေ့ပြောင်းရသဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့်လည်းကောင်း၊တောင်ပေါ်ဒေသတွင် ဒေသခံသစ်ခေါင်းပျားများ၊ ပျားကြီးမျိုးများနှင့်ထိတွေ့ရာမှ ကူးစက်မှုကြောင့်လည်းကောင်း Varroa-jacobsoni ကပ်ပါးမွှားရောဂါဖြစ်ပွား ကူးစက်တတ်သဖြင့် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ကာ ပျားရောဂါကာကွယ်မှုပြုလုပ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများရှိ ဆောင်းနေကြာစိုက်ခင်းများ၊ လဲမှို့၊ လက်ပံ စသည့် သစ်တောသစ်ပင်များ၊ နံနံ၊ ကြက်သွန်စသည့် စားဖိုဆောင်သီးနှံစိုက်ခင်းများ၊ သရက်၊ သံပရာ စသည့်ဥယျာဉ်ခြံများသို့ ရွှေ့ပြောင်းမွေးမြူကြရပြန်သည်။ ၎င်းနေရာများတွင် တစ်လခွဲနှစ်လခန့်မွေးမြူ၍ ပျားဝတ်မှုန်ထုတ်လုပ်မှု၊ ပျားဘုရင်မမွေးမြူမှုနှင့် ပျားရည်ထုတ်လုပ်မှုဆောင်ရွက်ကြပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ လိုက်ချီးပျားစာပင်(နှစ်ရှည်ပင်)များရှိရာသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ(နှစ်ရှည်ပင်)ရော်ဘာစိုက်ခင်းများသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ သဘာဝပေါင်းပင် (ပင့်ကူထိပ်ပိတ်၊ တောငရုတ်)များရှိရာသို့လည်းကောင်း အများစုရွှေ့ပြောင်းမွေးမြူကာ ရော်ဘာပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များ ထုတ်လုပ်ကြသည်။
ဤသို့ဖြင့် မတ်လကုန် ဧပြီလဆန်းတွင်လည်းကောင်း၊ ဧပြီလ တတိယပတ်(သင်္ကြန်အပြီး) ကာလတွင်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းမှ ပျားစခန်း/ပျားအုံများအားလုံးနီးပါးသည် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နွေနှမ်း(ရေသွင်းနှမ်း)စိုက်ခင်းများရှိရာသို့ ပြန်လည်ရွှေ့ပြောင်းရောက်ရှိလာကြပြီး မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန် ပထမလကို ပျားရောဂါကုသခြင်းဖြင့် စတင်ကြပြန်ပါတော့သည်။ ။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးသော မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီမုန်ညင်း၊ ပဲပုပ်တို့အနက်နေကြာသည် ဆီထွက်ကောင်းသောသီးနှံတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်ကောင်းသောနေကြာမျိုးများစိုက်ပျိုးရန်အတွက် ရေမြေဒေသအခြေအနေနှင့်သင့်လျော်သော စိုက်နည်းစနစ်များကိုစနစ်တကျလိုက်နာစိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများဝင်ငွေတိုးကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သည်။

ဒေသဆီဖူလုံရေးနှင့် ကျန်းမာရေးအတွက် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးရန်အတွက်အောက်ပါအချက်များကို ဂရုတစိုက်လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးသည်။
မျိုးရွေးချယ်ခြင်း
• ဆီထွက်ကောင်းသောမျိုး - နေကြာမျိုးများထဲတွင်ဆီထွက်နှုန်းမြင့်မားသောမျိုးများကို ရွေးချယ်ရန် အရေးကြီးသည်။ ဥပမာ - ဟိုက်ဘရစ်မျိုးများ (Hybrid varieties) နှင့် ဒေသနှင့်ကိုက်ညီသည့်ဆင်းရွှေကြာ -၂ နှင့် ရေဆင်း- ၁ တို့သည်ဆီထွက်နှုန်းမြင့်မားပြီး ရောဂါဒဏ်ခံနိုင်ရည်လည်း ရှိသည်။
• နေကြာသီးနှံသည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းသောသီးနှံဖြစ်သော်လည်း အေးမြခြောက်သွေ့သောဒေသများတွင်လည်း ကောင်းစွာဖြစ်ထွန်းသည်။
• မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းဟူသောစကားနှင့်အညီ မျိုးစေ့ရွေးချယ်ခြင်းသည်အလွန်အရေးကြီးလှသည်။ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသောစကားနှင့်အညီသီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် မှန်လေးမှန်သည် လွန်စွာအရေးကြီးလှသည်။
မြေပြင်ခြင်း
• သီးနှံစိုက်ပျိုးရန် အရေးကြီးသောအချက်တစ်ခုမှာမြေပြုပြင်ခြင်းဖြစ်သည်။ မြေယာပြုပြင်ခြင်းသည် သီးနှံကာလတစ်လျှောက်လုံးတွင် အရေးကြီးသောအလုပ်တစ်ခုဖြစ်သည်။ ယာသီးနှံများသည် မြေမှုန်ခြင်းကို ပိုမိုနှစ်သက်သဖြင့် အပင်ပေါက်ကောင်းရန်နှင့် အမြစ်ဆင်းအားကောင်းစေရန်အတွက် မြေနက်နက်နှင့်ညက်ညက်ပြုပြင်ခြင်းသည် လွန်စွာအရေးပါလှသည်။
• နေကြာပင်ကိုစိုက်ပျိုးရာတွင် မြေအမျိုးအစား ရွေးချယ်ခြင်းသည် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ နေကြာပင်သည် မြေအမျိုးအစားအားဖြင့် ရွေးချယ်မှုများတွင် လိုက်လျောညီထွေရှိသော်လည်း အကောင်းဆုံးကြီးထွားဖို့ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။
• မြေအမျိုးအစား - နေကြာသည် မြေအားလုံးတွင်ဖြစ်ထွန်းပြီး မြေဆီလွှာအတွက် သိပ်မရွေးချယ်သော်လည်း ရေစီးရေလာကောင်းသော သဲနုန်းမြေမျိုးကို ပို၍နှစ်သက်သည်။ ထို့ပြင် စနယ်မြေစေးနှင့် ရွှံ့စေးမြေတို့တွင်လည်း ကောင်းစွာဖြစ်ထွန်းအောင်မြင်သဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
• သဲဆန်သောမြေ သို့မဟုတ် နုန်းမြေသည် နေကြာပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။
• မြေသည် ရေစီးဆင်းမှုကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်သည်။
• နေကြာပင်သည် မြေကြီးတွင် ရေဝပ်ခြင်းကိုမကြိုက်သောကြောင့် ရေစီးဆင်းမှုကောင်းမွန်သောမြေမျိုးကို ရွေးချယ်သင့်သည်။
• နေကြာပင်သည် pH 6.0 မှ 7.5 ကြားရှိသောမြေမျိုးကို နှစ်သက်သည်။
• မြေသည် အလွန်အချဉ်ဓာတ်များနေပါက ထုံးထည့် ၍ pH ကို ညှိပေးနိုင်သည်။
• နေကြာပင်သည် အာဟာရဓာတ်ကြွယ်ဝသောမြေ မျိုးကို နှစ်သက်သည်။
• မြေဆီလွှာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ် စသည့်အာဟာရဓာတ်များ ပါဝင်သင့်သည်။
• မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းများပါဝင်မှုများပါက ပိုမိုကောင်းမွန်သည်။
• မြေပြုပြင်ရာတွင် ထွန်ရေးနက်နက်နှင့်မြေမှုန်မှုကောင်းစေရန် ထွန်ရေးညက်ညက်ဖြစ်အောင် ပြုပြင်ပေးရမည်။ မြေဆီလွှာတွင် သဘာဝမြေဩဇာများထည့်ပေးရန်လိုအပ်သည်။ ထို့ပြင် ကွန်ပေါင်းဓာတ်မြေဩဇာကိုလည်း မြေပြင်ချိန်တွင် အပြီးထည့်ပေးထားရမည်ဖြစ်သည်။
စိုက်ပျိုးခြင်း
• စိုက်ချိန် - နေကြာကို တစ်နှစ်ပတ်လုံး ရေရရှိလျှင် စိုက်ပျိုးနိုင်သော်လည်း ပန်းပွင့်ချိန်တွင်အပူချိန်မြင့်မားပါက ဝတ်မှုန်ကူးမှုအားနည်းပြီး အစေ့အဆန်တည်မှုနည်းသောကြောင့် ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အတွင်း စိုက်ပျိုးရန်ရှောင်ရှားသင့်သည်။ နေကြာကို မိုးရာသီ၊ ဆောင်းရာသီ၊ မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုမှန်ကန်သောဒေသများတွင် ဇွန်လမှဇူလိုင်လအတွင်း စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး စိုက်ပျိုးချိန်များမှာ မိုးနှောင်းကာလ စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးခြင်းက အလေအလွင့်နည်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်မှုအကောင်းဆုံးဖြစ်သည်။
• စိုက်နည်း - နေကြာကို အတန်းလိုက်စိုက်ပျိုးလေ့ ရှိပြီး တန်းကြား ၂ ပေနှင့် ပင်ကြား ၉ လက်မ အများဆုံးစိုက်ပျိုးကြသည်။ အပင်ဦးရေ ပိုမိုဝင်ဆံ့စေရန် ၁ ပေပတ်လည် စိုက်နည်းစနစ် ကိုလည်း စတင်စမ်းသပ်စိုက်ပျိုးနေပြီဖြစ်သည်။စပ်မျိုးနေကြာများကိုလည်း ၂ ပေခွဲ ၉ လက်မနှုန်းဖြင့် စိုက်ပျိုးလျက်ရှိသည်။
• မျိုးစေ့နှုန်း - အပင်ပေါက်နှုန်းကောင်းမွန်သောမျိုးစေ့ကို တစ်ဧကလျှင် ၃ ကီလိုမှ ၄ ကီလို (သုံး ပြည်မှ လေးပြည်) စိုက်ပျိုးသင့်သည်။
• ပေါင်းမြက်များကို စိုက်ပြီး နှစ်ကြိမ်နှိမ်နင်းပေးရသည်။ ပေါင်းမြက်များက သီးနှံအား အာဟာရနှင့်ရေကို ယှဉ်ပြိုင်ယူသွားနိုင်သည်။
• ဆီထွက်သီးနှံများသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည် ရှိပြီး စိုက်ပျိုးရန်လွယ်ကူသည်။
• မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။
• သားခွဲခြင်းလုပ်ငန်းများကိုလည်း စိုက်ပြီး ၁၄ ရက်အတွင်း အပြီးသားခွဲနိုင်ရမည်ဖြစ်သည်။ သားခွဲမှုသည် အပွင့်ကြီးထွားမှုနှင့် ပြောင်းပြန်အချိုးကျသဖြင့် သားခွဲလျှင် အပွင့်ကြီးပြီး သားမခွဲလျှင်အပွင့်သေးမည်ဖြစ်သဖြင့် သားခွဲခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။
ရေသွင်းခြင်း
• ရေလိုအပ်ချက် - နေကြာသည် ရေလိုအပ်ချက်အတော်အသင့်ရှိသော သီးနှံဖြစ်သည်။ အထူး သဖြင့် ပန်းပွင့်ချိန်နှင့် မျိုးစေ့ဖွံ့ဖြိုးချိန်တွင် ရေလိုအပ်သည်။ ရေကိုလုံလောက်စွာ ပေးသွင်း နိုင်မှသာ အစေ့အဆန်ပိုမိုပြည့်တင်းပြီး ဆီထွက်နှုန်းလည်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။ သီးနှံကာလတစ်လျှောက် ရေလုံလောက်စွာပေးသွင်း နိုင်မှသာ ပန်းတိုင်အထွက်နှင့် ကျော်လွန်အထွက်ကို ရရှိမည်ဖြစ်သည်။
• ရေသွင်းခြင်း - မိုးခေါင်ပါက ရေသွင်းပေးရန် လိုအပ်သည်။ ရေဝပ်ခြင်းကို ရှောင်ရှားရန် ရေထုတ်မြောင်းများ ပြုလုပ်ထားသင့်သည်။ နေကြာသည် ရေလိုအပ်ချက်များသောသီးနှံဖြစ်သော်လည်း ရေမဝပ်စေရန်ဂရုပြုရသည်။အပင်ဖြစ်ထွန်းချိန်၊ ပန်းပွင့်ချိန်နှင့် အစေ့ဖြစ်ချိန်တွင် ရေလိုအပ်ချက်များပြားသည်။ ရေလိုအပ်ချက်ရှိသော သီးနှံဖြစ်သော်လည်း ရေများပါကအပင်ထိုင်ခြင်း၊ အပင်ဖြစ်ထွန်းမှုနှေးကွေးခြင်းတို့ကိုဖြစ်စေသဖြင့် ရေပေးသွင်းရာတွင်ဂရုတစိုက်ရေသွင်းရမည်ဖြစ်သည်။
မြေဩဇာကျွေးခြင်း
• သဘာဝမြေဩဇာ - စိုက်ပျိုးမြေတွင် သဘာဝ မြေဩဇာများ (နွားချေး၊ ကြက်ချေး)ထည့်ပေး သင့်သည်။
• ဓာတ်မြေဩဇာ - နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် ဓာတ်မြေဩဇာများကို သင့်လျော် သောပမာဏဖြင့်ထည့်ပေးရသည်။ ပုံမှန်အားဖြင့် N:P:K = 60:40:40 kg/acre ထည့်ပေးရသည်။ အနည်းလို အာဟာရဓာတ်များနှင့် အပင်ဆဲလ်များသန်မာစေရန်အတွက် ကယ်စီယမ်နှင့် ဆာလဖာ တို့ကိုလည်း ထည့်ပေးသင့်သည်။
• နေကြာစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ် မြေဩဇာများလိုအပ်သည်။ မြေဩဇာများကို စိုက်ပျိုးချိန်နှင့် ပန်းပွင့်ချိန်တွင် ထည့်ပေးရသည်။ ဓာတ်မြေဩဇာသုံးစွဲရာတွင် သဘာဝမြေဩဇာတို့နှင့် တွဲဖက်သုံးစွဲမှသာအပင်မှပိုမိုရရှိပြီး ကြာရှည်စွာ အပင်စားသုံးနိုင်မည်ဖြစ်သည်။
ပိုးမွှားနှင့် ရောဂါကာကွယ်ခြင်း
• ပိုးမွှားများ - နေကြာတွင် ဖျက်ပိုးများ (ဥပမာ - ပင်စည်ထိုးပိုး၊ ရွက်စားပိုး) ကျရောက်တတ်သည်။ ပိုးသတ်ဆေးများကို သင့်လျော်သောပမာဏဖြင့်ဖျန်းပေးရသည်။
• ရောဂါများ - မှိုရောဂါများ (ဥပမာ - ရွက်ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ) ကျရောက်တတ်သည်။ရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
• နေကြာတွင် မှဲ့ပြောက်ရောဂါ၊ မှိုရောဂါနှင့် ပိုးမွှားများ ကျရောက်တတ်သည်။ ရောဂါနှင့် ပိုးမွှားများကိုကာကွယ်ရန် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများဖျန်းပေးရသည်။
• ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ပန်းပွင့်ချိန်တွင်လုံးဝသုံးစွဲခြင်းမပြုဘဲ ရှောင်ရှားသင့်သည်။ပန်းပွင့်ချိန်တွင်အသုံးပြုပါက ဝတ်မှုန်ကူးပြီး သန္ဓေအောင်စေသော ပျားနှင့်ပိတုန်း တို့ကိုထိခိုက်သေစေနိုင်သဖြင့် ပန်းပွင့်ချိန်တွင် ဆေးဖျန်းခြင်းကို ရှောင်ရှားသင့်သည်။
• တမာကဲ့သို့သော သဘာဝပိုးသတ်ဆေးများကိုအသုံးပြုနိုင်သည်။
• ပိုးမွှားများကို စားသောက်ဖျက်ဆီးသည့် အကျိုးပြုအင်းဆက်များကိုမွေးမြူပါ။
• အပင်များကို သင့်လျော်သောအကွာအဝေးဖြင့်စိုက်ပျိုးခြင်းအားဖြင့် ပိုးမွှားများပျံ့နှံ့မှုကိုလျှော့ချနိုင်သည်။
• ပေါင်းမြက်များကို ပုံမှန်ရှင်းလင်းပါ။ ပေါင်းမြက်များသည် ပိုးမွှားများအတွက် ခိုအောင်းရာနေရာဖြစ်နိုင်သည်။
• နေကြာပင်သည် နေရောင်ခြည်ကိုအလွန်နှစ်သက်သောကြောင့် နေရောင်ခြည်ပြည့်ဝစွာရရှိသောနေရာကို ရွေးချယ်သင့်သည်။ လေဝင်လေထွက်ကောင်းပြီးနေရောင်ခြည်ကောင်းစွာရသောနေရာများသည် ပိုးမွှားရောဂါကျရောက်မှုသက်သာသည်ကိုတွေ့ရှိရသဖြင့် နေရောင်ခြည် ကောင်းစွာရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ရိတ်သိမ်းခြင်း
• ရိတ်သိမ်းချိန် - နေကြာပန်းပွင့်ပြီး ၃၀ ရက် သို့မဟုတ် ပန်းပွင့်နောက်ကျောဘက် အဝါရောင်သန်းလာပါက ရိတ်သိမ်းရန်သင့်လျော်သောအချိန်ဖြစ်သည်။ ရိတ်သိမ်းချိန်စောလွန်း၊ နောက်ကျလွန်းခြင်းသည်လည်း သီးနှံအရည်အသွေးနှင့် ဆီထွက်နှုန်းများကိုလည်း များစွာ လွှမ်းမိုးမှုရှိသည်။ ရိတ်သိမ်းချိန်စောလျှင် အစေ့အဆန်မအောင်မမြင်ဖြစ်ကာ ဆီထွက်နှုန်းကို ထိခိုက်လျော့နည်းစေပြီး ရိတ်သိမ်းချိန်နောက်ကျလွန်းလျှင်လည်းအလေအလွင့်များစွာဖြစ်ပေါ်စေသည်။
• ရိတ်သိမ်းနည်း - နေကြာခေါင်းများကို ဓားဖြင့်ဖြတ်ယူပြီး နေလှန်းကာ အစေ့များကိုခြွေယူရသည်။ ရိတ်သိမ်းပြီး စုပုံထားပါက အရည်ထွက်ခြင်း၊ အပွင့်ပုပ်ခြင်းတို့ကိုဖြစ်စေပြီး နေကြာအရည်အသွေးကို ညံ့စေသောကြောင့် အထူးဂရုစိုက် ရိတ်သိမ်းနေလှန်းရမည်ဖြစ်သည်။ရိတ်သိမ်းအခြောက်လှန်းထားသော နေကြာခွက်များကို လူဖြင့်လည်းကောင်း၊ ခြွေလှေ့စက်ဖြင့် လည်းကောင်း ခြွေလှေ့သန့်စင်ပြီး သန့်စင်အောင် ပြုလုပ်၍ အစိုဓာတ်နည်းအောင် နေလှန်းထားရမည်ဖြစ်သည်။
ဆီထုတ်လုပ်ခြင်း
• အစေ့ခြွေခြင်း - နေကြာခေါင်းများမှ အစေ့များကို ခြွေယူပြီး သန့်စင်ကာ ဆီထုတ်လုပ်ရသည်။
• ဆီထုတ်လုပ်ခြင်း - နေကြာစေ့များကို ဆီထုတ် စက်ဖြင့် ဆီထုတ်ယူနိုင်သည်။ ဆီထွက်နှုန်းသည်လည်း မျိုးနှင့်နေကြာသန့်စင်မှု၊ အစေ့အဆန်တင်းမှုတို့ဖြင့် လွှမ်းမိုးလျက်ရှိသည်။ ပုံမှန်အားဖြင့် နေကြာတစ်တင်း ၃၂ ပေါင်သည်ဆီကြိတ်လျှင် ၂ ဒသမ ၅ ပိဿာ မှ ၃ ပိဿာထိထွက်ရှိသည်။
သိုလှောင်ခြင်း
• အစေ့သိုလှောင်ခြင်း - မျိုးစေ့သိုလှောင်ခြင်းတွင် ဆီထွက်သီးနှံများကို သိုလှောင်ခြင်းသည်လွန်စွာအရေးကြီးသည်။ နေကြာစေ့များကိုခြောက်သွေ့သောနေရာတွင် သိုလှောင်ထားရသည်။ စိုထိုင်းမှုနှင့် ပိုးမွှားများ မဝင်ရောက်စေရန်ဂရုပြုရသည်။ မျိုးအတွက် သိုလှောင်မည်ဆိုပါကစိုဓာတ် ၅ ရာခိုင်နှုန်းခန့်နှင့် အေးမြခြောက်သွေ့ သောနေရာများတွင်သိုလှောင်မှသာကြာရှည် သိုလှောင်နိုင်မည်ဖြစ်သည်။မျိုးအဖြစ်သိုလှောင်ခြင်းသည် နေကြာသီးနှံတွင် အရေးကြီးဆုံးဖြစ်သဖြင့် အထူးဂရုစိုက်သိုလှောင်ရမည်ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် ဈေးကွက်တင်ပို့ရောင်းချခြင်း
• နေကြာကို အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါများကူးစက်မှုကို လျှော့ချနိုင်သည်။
• ဈေးကွက်လိုအပ်ချက် - နေကြာဆီသည် ကျန်းမာ ရေးနှင့် ညီညွတ်သောဆီအဖြစ် လူကြိုက်များသည်။ ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီးစီးပွားဖြစ်စိုက်ပျိုးနိုင်သည်။
• ဆီထွက်သီးနှံများသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး ရောင်းချနိုင်သည့်ကုန်ပစ္စည်းများဖြစ်သည်။
• နိုင်ငံတကာဈေးကွက်တွင်ပါ ရောင်းချနိုင်သည့်သီးနှံများဖြစ်သည်။
• ဆီထွက်သီးနှံများမှထုတ်လုပ်သော ဟင်းသီးဟင်းရွက်ဆီများသည် ကျန်းမာရေးနှင့်ညီညွတ်သည်။
• အာဟာရဓာတ်များ ကြွယ်ဝသည်။
• အရည်အသွေးကောင်းသော နေကြာစေ့များကို ရွေးချယ်ပါ။ နေကြာစေ့များသည် လတ်ဆတ်ပြီး မှိုမတက်ရန် အရေးကြီးသည်။ စိုက်ပျိုးရာသီနှင့် မျိုးစေ့အမျိုးအစားအပေါ်မူတည်၍ အရည်အသွေး ကွဲပြားနိုင်သည်။
• နေကြာစေ့များတွင်ပါဝင်သော အမှုန်အမွှားများ၊ကျောက်စရစ်များနှင့် အခြားညစ်ညမ်းမှုများကို ဖယ်ရှားရန်သန့်စင်ရမည်။
• ကြိတ်ခွဲထားသော နေကြာစေ့များမှဆီကို ဖိအား ဖြင့်သို့မဟုတ် သွင်းအားဖြင့် ထုတ်ယူသည်။ ဤအဆင့်တွင် အပူချိန်ကို ထိန်းချုပ်ရန်အရေးကြီးသည်။အပူချိန်မြင့်မားပါကဆီ၏အရည်အသွေးကျဆင်းနိုင်သည်။
• ထုတ်ယူထားသော ဆီတွင်ပါဝင်နေသော အမှုန်အမွှားများနှင့် မလိုလားအပ်သော ဒြပ်ပေါင်းများကိုဖယ်ရှားရန် သန့်စင်ရမည်။ ဤအဆင့်တွင် စစ်ထုတ်ခြင်း၊ အနည်ထိုင်ခြင်းနှင့် အခြားသန့်စင်မှု နည်းလမ်းများပါဝင်သည်။
• သန့်စင်ပြီးသောဆီကို လေလုံသောပုလင်းများ သို့မဟုတ် ဘူးများတွင် ထည့်၍သိုလှောင်ရမည်။ ဆီကို အလင်းရောင်နှင့် လေထုထဲမှ အောက်ဆီဂျင် တို့မှကာကွယ်ရန် အရေးကြီးသည်။
• ထုတ်လုပ်ပြီးသော ဆီ၏ အရည်အသွေးကို စစ်ဆေးရန် လိုအပ်သည်။ ဤအဆင့်တွင် ဆီ၏အနံ့၊ အရောင်၊ အာဟာရတန်ဖိုးနှင့် မှိုတက်မှုရှိ၊မရှိ စစ်ဆေးခြင်းတို့ ပါဝင်သည်။
• အရည်အသွေးကောင်းမွန်သောနေကြာဆီကို ဈေးကွက်သို့တင်ပို့ရန် သင့်လျှော်သောထုပ်ပိုးမှုများဖြင့် ထုပ်ပိုးရမည်။
• ထုပ်ပိုးပြီးသောဆီများကို အေးမြပြီးခြောက်သွေ့ သောနေရာတွင် သိုလှောင်ထားရမည်။ ဈေးကွက်သို့ဖြန့်ဖြူးရာတွင် လိုအပ်သောသယ်ယူပို့ဆောင်မှုနှင့် ဖြန့်ဖြူးမှုစနစ်များကို သေချာစွာစီစဉ်ရမည်။ဂရုတစိုက်လိုက်နာခြင်းဖြင့် အရည်အသွေးကောင်းမွန်သော နေကြာဆီကို ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် တောင်သူဘဝဝင်ငွေပိုမိုတိုးတက်ကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သဖြင့် မြေကြီး မှရွှေသီးရန် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးသင့်ပါကြောင်း တင်ပြအပ်ပါသည်။ ။

ပဲပုပ်သည် အာဟာရဓာတ်ပြည့်ဝသော သီးနှံဖြစ်ပြီး ယေဘုယျအားဖြင့် ပရိုတင်းဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံပေါင်း ၁၀၄ နိုင်ငံထိရှိပြီး နှစ်စဉ်တန်ချိန် ၃၄၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်အဓိကထုတ်လုပ်သော နိုင်ငံများဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပဲပုပ်ကို အဓိကအားဖြင့် လူသားတို့ စားသုံးရန်အတွက် ၂၀ ရာခိုင်နှုန်း၊
ပဲပုပ်သည် အာဟာရဓာတ်ပြည့်ဝသော သီးနှံဖြစ်ပြီး ယေဘုယျအားဖြင့် ပရိုတင်းဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံပေါင်း ၁၀၄ နိုင်ငံထိရှိပြီး နှစ်စဉ်တန်ချိန် ၃၄၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်အဓိကထုတ်လုပ်သော နိုင်ငံများဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပဲပုပ်ကို အဓိကအားဖြင့် လူသားတို့ စားသုံးရန်အတွက် ၂၀ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာအတွက် ၇၆ ရာခိုင်နှုန်းနှင့် စက်ရုံသုံးအတွက် ၄ ရာခိုင်နှုန်း အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ပဲပုပ်ကိုစိုက်ပျိုးခဲ့ပြီး ပဲမျိုးစုံသီးနှံများတွင် အထွက်နှုန်းအလားအလာရှိသော သီးနှံဖြစ်သည်။ ပဲပုပ်သီးနှံကို မိုးရာသီတွင် ရှမ်းပြည်နယ်၌ အဓိကစိုက်ပျိုးပြီး မြစ်ရေကျချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မိုးနှောင်းရာသီတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲပုပ်သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအနေဖြင့် စုစုပေါင်း ၃ ဒသမ ၄ သန်းဧကရှိပြီး မိုးရာသီတွင် ၁ ဒသမ ၁ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၃၀ ရာခိုင်နှုန်း)၊ မိုးနှောင်း/ ဆောင်းရာသီတွင် ၂ ဒသမ ၃ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း) ရှိသည့်အတွက် ပဲပုပ်သီးနှံကို မိုးနှောင်း/ဆောင်းရာသီတွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။ ပဲပုပ်သီးနှံ၏ ပျမ်းမျှအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၇ တင်းနှုန်းဖြင့် စုစုပေါင်းတန်ချိန် ၅ ဒသမ ၈ သန်းကျော်ထွက်ရှိပြီး ၆၁၈၀ မက်ထရစ်တန်ချိန်ကို ပြည်ပသို့တင်ပို့လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း၍ မိုးရေချိန် ၂၄ မှ ၆၀ လက်မအတွင်းရရှိရန် လိုအပ်သည်။
နေ့တာတိုသီးနှံဖြစ်ပြီး စိုက်ပျိုးသည့် ဒေသ၏ လတ္တီကျုနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်တို့ပေါ်တွင် တုံ့ပြန်မှုရှိသောကြောင့် ဒေသရေမြေရာသီဥတု၊ စိုက်ပျိုးရာသီ၊ စိုက်ပျိုးချိန်တို့နှင့် သင့်လျော်ကိုက်ညီသော အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်သည်။
မျိုးစေ့အပင်ပေါက်စမ်းသပ်၍ ရာခိုင်နှုန်း ၈၀ အထက်ရှိမှသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရမည်ဖြစ်သည်။ မိုးရာသီတွင် စိုက်ပျိုးပါက တောင်ပေါ် / မြေပြန့်ဒေသအားလုံးအတွက် သင့်လျော်သောမျိုးများမှာ ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁၊ ရေဆင်း - ၁၂ ၊ ရေဆင်း - ၁၄ နှင့် ရေဆင်း - ၁၅ တို့ဖြစ်သည်။ မိုးနှောင်းရာသီ ကိုင်းကျွန်းမြေများ၌ အောက်တိုဘာလတွင် စိုက်ပျိုးနိုင်ပါက ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း -၁၅ မျိုးတို့ကိုစိုက်ပျိုးနိုင်သည်။
စပါးပြီး သီးထပ်စိုက်ပျိုးသောဒေသများ အတွက် ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း - ၁၅ မျိုးတို့ကို စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ သုတေသနတွေ့ရှိချက်များအရ အဆိုပါ ပဲပုပ်မျိုးများသည် အထွက်နှုန်း တစ်ဧကလျှင် ၂၈-၃၀ တင်းထွက်ရှိသော အထွက်ကောင်းမျိုးများဖြစ်ပြီး တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ရေသွင်းရေထုတ်ကောင်း၍ အစိုဓာတ်ထိန်းနိုင်သည့် မြေဖြစ်ပါက သဲနုန်းမြေမှ မြေစေးအထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ဓာတ် (pH) ၅ ဒသမ ၅ မှ ၇ အတွင်းသည် အကောင်းဆုံးဖြစ်ပြီး pH ၅ ဒသမ ၅ ထက်နည်းပါက ထုံးထည့်၍ မြေပြုပြင်ပေးရန် လိုအပ်သည်။
အပင်ပေါက်ကောင်းမွန်စေရန် အစိုဓာတ်လုံလောက်စွာ ရရှိရန်လိုအပ်ပြီး သီးတောင့်ဖြစ်ထွန်းချိန်နှင့် သီးတောင့်အစေ့အဆန် တည်ချိန်တို့တွင်လည်း အစိုဓာတ်လုံလောက်စွာရရှိမှသာ အထွက်နှုန်း ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ မိုးရာသီတွင် ကြာရှည်စွာရေဝပ်ပါက ပဲပုပ်ပင်ကြီးထွားမှုကို ထိခိုက်နိုင်သောကြောင့် သင့်လျော်သော ရေနုတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်သည်။
စိုက်ချိန်အနေဖြင့် တောင်ပေါ်ဒေသ ရှမ်းပြည်နယ်တွင် မေလအတွင်း အများဆုံးစိုက်ပျိုးကြပြီး အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်မည်ဆိုပါက ဇူလိုင်လကုန်မှ သြဂုတ်လအတွင်း စိုက်ပျိုးသင့်သည်။ကိုင်းကျွန်းဒေသများ၌ မြစ်ရေကျချိန် အောက်တိုဘာလအတွင်း စိုက်ပျိုးနိုင်ပြီး စပါးသီးထပ်စိုက်ပျိုးသော ဒေသများတွင် နိုဝင်ဘာလအတွင်း အပင်ရေတိုး၍ စိုက်ပျိုးရန်လိုအပ်သည်။ အကယ်၍ ရေသွင်းနိုင်ပါက ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးနိုင်သည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် မိုးရာသီတွင် တန်းကြား ၁ ဒသမ ၅ - ၂ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် တစ်ဧက အပင်ရေ ၁၀၀၀၀၀-၁၃၀၀၀၀ ရှိသင့်သည်။ မိုးနှောင်းရာသီ စိုက်ပျိုးပါက တန်းကြား ၁ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် စိုက်ပျိုးနိုင်သည်။ စပါးအပြီး သီးထပ်အဖြစ် ကြဲပက်စိုက်ပျိုးလျှင် ၃ ပေပတ်လည်တွင် အနည်းဆုံး ၂၅-၃၀ ပင် ရှိရမည်။ မျိုးစေ့ အတိမ်အနက်ကို ၁ ဒသမ ၅ -၂ လက်မအနက်ထိသာ စိုက်ပျိုးသင့်သည်။ ပေါင်းမြက်များကြောင့် အထွက်နှုန်း ၄၀-၅၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်သည့်အတွက် စိုက်ပြီး ၃၀-၄၅ ရက်ကြား မဖြစ်မနေ ပေါင်းမြက်ရှင်းလင်းရန် လိုအပ်သည်။ ပိုးမွှားရောဂါကျရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆေးဖျန်းရန်နှင့် ကြိုတင်ကာကွယ်ရန် လိုအပ်သည်။ ပင်စည်မှ အရွက်များကြွေကျပြီး သီးတောင့်၏ ၉၅ ရာခိုင်နှုန်းခန့်ရင့်မှည့်ကာ အရောင်ပြောင်းသည့်အချိန်တွင် ရိတ်သိမ်း၍ နေလှန်းပြီးခြွေလှေ့ရမည်ဖြစ်သည်။
ပဲပုပ်သည် အာဟာရဓာတ်ပေါကြွယ်ဝစွာ ပါဝင်သော သီးနှံတစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် အသားဓာတ်ပါဝင်မှု ၃၆ ရာခိုင်နှုန်း၊ ဆီပါဝင်မှု ၂၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၃၀ ရာခိုင်နှုန်း၊ ရေပါဝင်မှု ၉ ရာခိုင်နှုန်းနှင့် ပြာဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်းတို့ အသီးသီးပါဝင်သည်။ ပဲပုပ်သည် လူသားတို့အတွက် အသားဓာတ်ကြွယ်ဝသော အစားအစာဖြစ်သောကြောင့် သက်သတ်လွတ် စားသုံးသူများ၊ အသားကိုလျှော့၍ စားသုံးလိုသူများအတွက် စားသုံးသင့်သော အစားအစာတစ်ခုဖြစ်သည်။ ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသောကြောင့် ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ခေတ်တွင် ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသည်။ ပဲပုပ်မှထုတ်လုပ်သည့် လူကြိုက်များ ထင်ရှားသော အစားအသောက်များမှာ ပဲပုပ်စေ့အား အချဉ်ဖောက်ပြုလုပ်သည့် ပဲငါးပိ၊ ပဲငံပြာရည်၊ ဆီတိုဟူး၊ ပဲနို့၊ တိုဟူးနှင့် အသားတုတို့ဖြစ်သည်။ ပဲပုပ်စားသောက်ကုန်များသည် အာဟာရ ဓာတ်ပြည့်ဝပြီး နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ အရိုးကျန်းမာရေးနှင့် သွေးတွင်းသကြားဓာတ် ထိန်းခြင်းအပါအဝင် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးဆောင်သည်။
မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံနှင့် ဆက်စပ်ထွက်ကုန်များကို ထုတ်လုပ်ရန် အလားအလာကောင်း များစွာရှိသည်။
ပဲပုပ်ကိုဆီကြိတ်သည့်အခါ ပိဿာ ၁၀၀ ကြိတ်လျှင် ပဲပုပ်ဆီ ၂၀ ရာခိုင်နှုန်းနှင့် ပဲပုပ်ကြိတ်ဖတ် ၈၀ ရာခိုင်နှုန်း ထွက်ရှိသည်။ ပဲပုပ်ကြိတ်ဖတ်သည် တိရစ္ဆာန်များအတွက် လိုအပ်သည့် အမိုင်နိုအက်စစ် မြောက်မြားစွာ ပါဝင်သည့်အတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အစာချေဖျက်မှုလွယ်ကူခြင်း၊ အမျှင်ပါဝင်မှုနည်းခြင်း၊ အသားဓာတ်မြင့်မားစွာ ပါဝင်ခြင်းတို့ကြောင့် ကြက်၊ ဝက်၊ ငါး စသည့်တိရစ္ဆာန်များအတွက် အစာအဖြစ် အသုံးပြုကြသည်။ မွေးမြူရေးလုပ်ငန်းသည် ဆီကြိတ်ဖတ်ကဲ့သို့သော လူတို့စားသုံး၍ မရနိုင်သည့် တန်ဖိုးနိမ့်အသားဓာတ်များကို လူတို့အတွက် အာဟာရဖြစ်စေသည့် တန်ဖိုးမြင့်အသားဓာတ် (အသား၊ နို့၊ ဥများ) အဖြစ် ပြောင်းလဲပေးရသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ်ဆီကြိတ်ဖတ်တန်ချိန် ၅-၇ သိန်းခန့်အထိ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေသည့် အလျောက် အလားတူ ကုန်ပစ္စည်းများ တင်သွင်းနေမှုကိုလည်း အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးဆီသုံးစွဲမှုပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်ချိန် ၁ ဒသမ ၁၇ သန်းရှိသည့်အနက် နှစ်စဉ်တင်သွင်းနေမှု ပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆၉ သန်းရှိသည်။ တစ်နည်းဆိုရသော် ပြည်တွင်းစားသုံးမှုအတွက် နှစ်စဉ် တင်သွင်းနေရသော စားသုံးဆီပမာဏမှာ ၅၈ ရာခိုင်နှုန်းရှိနေသည်။ အဓိကတင်သွင်းနေရသည့် စားသုံးဆီများမှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနှင့် သံလွင်ဆီတို့ဖြစ်ကြသည်။ ထို့အတူ မွေးမြူရေးကဏ္ဍအတွက် ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် နှစ်စဉ်တင်သွင်းနေမှုပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆ သန်းရှိသည်။ ပဲပုပ်သီးနှံကို ဟင်းချက်ဆီအဖြစ် ကြိတ်ခွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီဖူလုံမှုအား အထောက်အကူဖြစ်စေမည့်အပြင် တိရစ္ဆာန်အစာအတွက် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းတိရစ္ဆာန် အစာထုတ်ကုမ္ပဏီများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်အစာထုတ်လုပ်မှု ၂၁၄၁၄၂၈ တန်ဖြစ်ပြီး ရောစပ်ရာတွင်အသုံးပြုရန် ပဲပုပ်ကြိတ်ဖတ် လိုအပ်ချက်မှာ ၅၃၅၃၅၇ တန်ရှိသည့်အတွက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပဲပုပ်ကြိတ်ဖတ်ကဲ့သို့သော အစာကုန်ကြမ်းသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချပြီး ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် နိုင်ငံတော်မှ စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပဲပုပ်သီးနှံသည် ပြည်တွင်းစားသုံးဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အပြင် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ် တင်သွင်းမှုကို လျှော့ချပေးနိုင်သည့် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးရမည် ဖြစ်သည်။ ပြည်တွင်းထွက်ကုန်များဖြင့် အစားထိုးအသုံးပြုရန် ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းများကို လက်ရှိစိုက်ပျိုး ထုတ်လုပ်ခြင်းများအပြင် မိုးလယ်ရာသီတွင် ပြောင်းရိတ်သိမ်း အပြီးသာမက မိုးနှောင်းရာသီတွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် သီးနှံစိုက်စွမ်းအားမြှင့်တင်၍ စိုက်ရန် လိုအပ်မည်ဖြစ်သည်။
ပဲပုပ်သည်အာဟာရဓာတ်ပြည့်ဝသောသီးနှံဖြစ်ပြီး ဒေသအစားအစာများ ပြုလုပ်စားသောက် နိုင်သည်သာမက ပဲနို့နှင့် မိခင်နို့အစားထိုး ကလေးဖြည့်စွက်စာ အပါအဝင် စားသောက်ကုန်အမျိုးမျိုး ကိုလည်း ထုတ်လုပ်နိုင်သည့်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်မျိုးများဖြင့် စိုက်ပျိုးထုတ်လုပ်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်းဖြင့် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်တင်သွင်းခြင်းကို အစားထိုးလျှော့ချခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်သည်။ ။

ကုလားပဲ၏ မူရင်းဒေသမှာ ကော့ကေ့ဆပ်နှင့် ဟိမဝန္တာတို့စပ်ကြားဒေသဖြစ်ပြီး ၎င်းမှ ဥရောပ တောင်ပိုင်းပါရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ပျံ့နှံ့လာခဲ့သည်။ ကုလားပဲသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်သည်။ ကုလားပဲသည် မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအနက် ဒေသတွင်း ရ
ကုလားပဲ၏ မူရင်းဒေသမှာ ကော့ကေ့ဆပ်နှင့် ဟိမဝန္တာတို့စပ်ကြားဒေသဖြစ်ပြီး ၎င်းမှ ဥရောပ တောင်ပိုင်းပါရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ပျံ့နှံ့လာခဲ့သည်။ ကုလားပဲသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်သည်။ ကုလားပဲသည် မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအနက် ဒေသတွင်း ရိက္ခာဖူလုံရေး၊ အာဟာရပြည့်၀ရေးနှင့် တောင်သူများ၏ဝင်ငွေရရှိရေးအတွက် အရေးပါသောသီးနှံ တစ်ခုဖြစ်သည်။ တောင်အာရှဒေသအတွင်း ကုလားပဲ စိုက်ပျိုးထုတ်လုပ်ရေးတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ရှိသည်။
သီးနှံကြိုက်နှစ်သက်သည့် သီးနှံဂေဟဗေဒစနစ်
(က) မြေအမျိုးအစား
ကုလားပဲသီးနှံသည် မြေအတန်းအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း လေဝင်လေထွက်ကောင်းမွန်ပြီး အစိုဓာတ်ကောင်းစွာထိန်းသိမ်းထားနိုင်သည့် နုန်းမြေ၊ စနယ်မြေတို့တွင် ပို၍ဖြစ်ထွန်းအောင်မြင်သည်။ ရေပေးသွင်း၍ စိုက်ပျိုးရသည့် အခါတွင် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
(ခ) ရာသီဥတုနှင့် စိုက်ပျိုးချိန်
ကုလားပဲသီးနှံ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနိုင်ရန် ရှင်သန်ကြီးထွားနေချိန်တွင် ခြောက်သွေ့၍အေးသောရာသီဥတုရရှိရန်လိုအပ်သည်။ အပင်ကြီးထွားချိန်တွင် နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်တွင် အသင့်လျော် ဆုံးဖြစ်သည်။ ပန်းပွင့်ချိန်တွင် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ပူခြင်း၊ ၁၅ ဒီဂရီစင်တီဂရိတ်ထက်အေးပါက အသီးမတင်ဘဲ အထွက်နှုန်းကျဆင်းနိုင်သည်။ ထို့ပြင် ကုလားပဲသီးနှံသည် နေ့တာတိုသောရာသီကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံတွင် နေ့တာတိုပြီး အအေးဓာတ်ရှိသော မိုးနှောင်းနှင့် ဆောင်းရာသီ တို့တွင်မြေအစိုဓာတ်အခြေအနေကိုလိုက်၍ သီတင်းကျွတ်လဆန်းမှ တန်ဆောင်မုန်းလမကုန်မီ (အောက်တိုဘာလမှ နိုဝင်ဘာလ) အချိန်အတွင်း စိုက်ပျိုးရသည်။ ကုလားပဲစိုက်ပျိုးရာတွင် မြေဆီလွှာ အတွင်းရှိ လက်ကျန်မြေအစိုဓာတ်ဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သီးနှံသက်တမ်းတစ်လျှောက် မိုးရေချိန် ၁၀-၂၀လက်မခန့်နှင့်ညီမျှသော အစိုဓာတ်အခြေအနေရရှိလျှင် ကောင်းစွာအောင်မြင်ဖြစ်ထွန်းသည်။ လိုအပ်ပါက ဆည်မြောင်းကန်ချောင်းနှင့် အင်းအိုင်တို့မှရေကို စနစ်တကျတင်သွင်းပေးခြင်းဖြင့် ကုလားပဲ သီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်သည်။
သီးနှံစိုက်ပျိုးမှုစီမံခန့်ခွဲခြင်း
(က) မျိုးရွေးချယ်ခြင်း
ကုလားပဲစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းပြီး ရောဂါ၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ကုလားပဲတွင် မျိုးအနေဖြင့်အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ ဒေစီမျိုးနှင့် ကာဘူလီမျိုးတို့ဖြစ်သည်။ ဒေစီမျိုးသည် အစေ့အရွယ်အစားသေးငယ်၍ အစေ့ရောင်မှာ နက်ညို၊ ညိုဝါ၊ အနက်ရောင်တို့ဖြစ်သည်။ ကာဘူလီမျိုးသည်အစေ့အရွယ်အစားကြီးမား၍ လုံးဝန်းပြီး (အစေ့ ၁၀၀ အလေးချိန် ၂၅ ဂရမ်အထက်ရှိပြီး) အစေ့ အရောင်မှာ နို့နှစ်ရောင်ဖြစ်သည်။ ကုလားပဲအထွက် ကောင်းမျိုးများဖြစ်သော ရွှေနီလုံးကြီး၊ ရေဆင်းကုလားပဲဖြူ-၈၊ ရေဆင်းကုလားပဲဖြူ-၉၊ ရေဆင်း ကုလားပဲနီ-၆ မျိုးတို့ကို ရွေးချယ်စိုက်ပျိုးပါ။ မျိုးစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက် ရှိသော မျိုးသန့်မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးရမည်။
(ခ) မြေပြုပြင်ခြင်း
ကုလားပဲကို သီးကြိုအဖြစ်စိုက်ပျိုးလျှင် ထွန်ယက် မြေပြုပြင်ရန်မလိုဘဲ ထွန်ရေးမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ စပါးမရိတ်သိမ်းမီ ၁၀ ရက် ၁၅ ရက်ခန့်အလိုတွင် တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲနှုန်း အသုံးပြု၍ ပျံ့နှံ့စွာကြဲပက်စိုက်ပျိုးရမည်။ ဤနည်းဖြင့်စိုက်ပျိုးရာတွင် ဂရုစိုက်ရမည့်အချက်မှာ စပါးခင်းအတွင်းရှိ မြေဆီလွှာတွင် အစိုဓာတ် မများလွန်း၊ မနည်းလွန်းသောအချိန်တွင် ကြဲပက်စိုက်ပျိုးရမည်ဖြစ်သည်။ စပါးခင်းအတွင်း ရေဝပ် နေပါက ကုလားပဲစေ့များ ပျက်စီးပြီး အပင်မပေါက်တော့ပေ။ အကယ်၍ အပင်ပေါက်လာလျှင်လည်း အပင်ငယ်စဉ်မှာပင် ခါးရိ၍သေတတ်သည်။ အစိုဓာတ်နည်းလွန်းလျှင်လည်း အပင်ပေါက်နည်းခြင်းနှင့် ပေါက်လာသည့် အပင်ငယ်များသည် ကောင်းစွာ မကြီးထွားနိုင်ပေ။
စပါးရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးလျှင် စက်ထယ် တစ်စပ်(သို့) နွားထယ် ၁-၂ စပ် ထိုးပြီးနောက် စက်ထွန်နှစ်စပ်(သို့) နွားထွန်လေးစပ်ထိုးပြီး ထယ်မာ ခဲများကို ခြေကာ ထယ်ရေးကောင်းမွန်အောင် ပြုလုပ်ပေးရမည်။
ကုလားပဲသီးနှံကို မြေပြင်ချိန်တွင် နွားချေး မြေဩဇာကို တစ်ဧကလျှင် ၁၀၀-၁၅၀ တင်းနှုန်းထည့်ပါ။ နွားထယ် (သို့) ထွန်စက်ကြီးနှင့် တစ်စပ် ကမ်းပြိုထိုးပြီး အထွက်နှုန်းပိုမိုရရှိစေရန် မြေပြင်ချိန်၌ ယူရီးယား ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည် နှင့် ဂျစ်ပဆမ် ၂၀ ပြည်ကို သမအောင်ရောမွှေပြီး မြေခံတွင်ထည့်သွင်းပေးရပါမည်။
(ဂ) စိုက်ပျိုးခြင်း
ကုလားပဲသီးနှံကို စပါးရိတ်သိမ်းမပြီးမီ သီးကြို အဖြစ် ကြဲပက်၍လည်းကောင်း၊ စပါးရိတ်သိမ်းပြီး နောက် သီးထပ်အဖြစ် ထွန်ယက်မြေပြုပြင်ပြီး အတန်းလိုက် မျိုးစေ့ချ၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ကြဲပက်၍လည်းကောင်း၊ စိုက်ကြောင်း ဆွဲ၍ စိုက်ကြောင်းအတွင်း မျိုးစေ့ကိုလက်ဖြင့်ဖြူးချခြင်း (သို့) နွားဆွဲမျိုးစေ့ချထွန်အသုံးပြု၍ စိုက်ပျိုးနိုင်သည်။ တစ်ဧက အပင်ဦးရေ ၁၃၀၀၀၀ ရရှိရန် တန်းကြား ၁၂ လက်မ၊ ပင်ကြား ၄ လက်မထား၍ မျိုးစေ့နှုန်းတစ်တင်းအထိ အသုံးပြုနိုင်သည်။ အပင် ညှိုးသေနှင့် အခြားရောဂါများကာကွယ်ရန် မှိုသတ် ဆေးဖြင့် မျိုးစေ့တစ်ပြည်လျှင် ဆေး ၃ ဂရမ်/စီစီနှုန်း လူးနယ်ပြီး စိုက်ပျိုးပေးရမည်။ အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီစေရန် စိုက်ကြောင်းအတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၄ လက်မအတွင်းရအောင် စိုက်ပျိုးရမည်။
(ဃ) ပြုစုစောင့်ရှောက်ခြင်း
ကုလားပဲသီးနှံကိုအောင်မြင်ဖြစ်ထွန်းစေရန် အပင် ဖြစ်ထွန်းချိန်၊အပွင့်ပွင့်ချိန်၊ အသီးသီးချိန်တို့တွင်မြေအစိုဓာတ်လုံလောက်စွာရရှိရန်လိုအပ်သည်။ အပင်ဖြစ်ထွန်းနေစဉ် မြေအစိုဓာတ်လျော့နည်းပါက အပင်ကြီးထွားမှုရပ်ဆိုင်းပြီး အပွင့်အသီးတို့ကိုပါ ထိခိုက်စေမည်ဖြစ်သည်။ ဤအချိန်များတွင် မိုး မရွာပါက ရေသွင်းပေးရန်လိုအပ်သည်။ ကုလားပဲသီးနှံ သည် ရေဝပ်သည့်ဒဏ်ကို ခံနိုင်စွမ်းမရှိ သောကြောင့် ရေသွင်းရာတွင် မြေမျက်နှာပြင်စိုရုံသာရှိစေရန် ဂရုစိုက် သွင်းပေးရမည်။
အပင်နှစ်ပတ်သားမှစ၍ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အထိ ရွက်ဖျန်းမြေဩဇာ (သို့) ယူရီးယားဓာတ်မြေဩဇာအား ထမင်းစားဇွန်းလေးဇွန်း၊ လက်ချားမှုန့် (အခဲကိုမီးဖြင့်လှော်၍ အမှုန့်ပြုလုပ်ပါ။) ထမင်းစားဇွန်း တစ်ဇွန်းဖျော်၍ တစ်ဧကလျှင် ၅-၆ ပုံးဖြင့် နံနက်ပိုင်း အရွက်အောက်ဘက်သို့ ဖျန်းပေးပါ။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။
ကုလားပဲစိုက်ပျိုးမြေများတွင် ဘိုရွန်ချို့တဲ့သည့် လက္ခဏာများတွေ့ရတတ်သည်။ ဘိုရွန်ချို့တဲ့နေလျှင် ကုလားပဲပင်များတွင် အခက်အလက်၊ အရွက်များ အထွက်နည်းခြင်း၊ အဆစ်တိုခြင်း၊ အရွက်များတွန့်လိမ်၍ ပုံပျက်ခြင်း၊ ထူ၍ကြွပ်ဆတ်ခြင်း၊ အညွန့် အဖူးသစ်များ သေဆုံးခြင်း၊ အစေ့များသေခြင်း စသည့်လက္ခဏာရပ်များဖြစ်ပေါ်တတ်သည်။ ထိုလက္ခဏာမျိုးတွေ့လျှင် ဘိုရွန်ဓာတ်ပါသော ရွက်ဖျန်း မြေဩဇာကို မဖြစ်မနေဖျန်းပေးရမည်။
ပဲပင်များ ပန်းပွင့်ချိန်မတိုင်မီနှင့် ပန်းပွင့်ချိန်ကာလတွင်ကျရောက်တတ်သော ရောဂါပိုးမွှားများကြောင့် သီးနှံအထွက်နှုန်းကိုထိခိုက်စေသဖြင့်သေချာစွာ ထိထိရောက်ရောက်နှိမ်နင်းရန်လိုအပ်သည်။ပွင့်ဖူးစတင်ချိန်မှ အစေ့အဆန်တည်သည့်အချိန်ထိ သီးလုံးဖောက်ပိုးကာကွယ်ရန် စိမ့်ပြန့်အာနိသင် ရှိသော ပိုးသတ်ဆေးနှင့် ထိသေအာနိသင်ရှိသောပိုးသတ်ဆေးတို့ကို သတ်မှတ်ထားသော နှုန်းထားများ အတိုင်း တစ်လှည့်စီဖျန်းပေးပါ။
ကုလားပဲတွင်ကျရောက်လေ့ရှိသော ပိုးများမှာ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ လှေး၊ ကျိုင်း၊ပင်စည်ထိုးယင်နှင့် ပဲမျိုးစုံကြမ်းပိုးများ ကျရောက် တတ်သည်။ ပိုးများကိုနှိမ်နင်းရာမှာ ပိုးအမျိုးအစားအလိုက် ပင်လုံးပြန့်ပိုးသတ်ဆေး၊ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဓာတုဆေးကိုမသုံးလိုပါက တမာပိုးသတ်ဆေးကဲ့သို့သော သဘာဝပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ ပိုးမွှားကာကွယ်မှုပိုမိုထိရောက်စေရန် ပိုးမွှားများ ခိုအောင်းနေနိုင်သော စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း မြက်များ၊ ချုံများကိုပါဆေးဖျန်းပေးခြင်း သို့မဟုတ် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။
(င) ရိတ်သိမ်းခြင်း
ကုလားပဲသီးတောင့်များ ကောက်ရိုးအရောင်(သို့) ညိုဖျော့ရောင်ပြောင်းသွားချိန် (၇၅- ၈၀ ရာခိုင်နှုန်း) သီးတောင့်များ ရင့်မှည့်လျှင် ရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် သီးတောင့်များ အက်ကွဲကျ၍ အထွက်ဆုံးရှုံးနိုင်သည်။ ရိတ်သိမ်းပြီး ပဲပင် များကို ၂-၃ ရက်အထိ နေလှန်းပြီး သီးတောင့်များကိုခြွေလှေ့ပါ။ ပဲစေ့များတွင် ဖုန်၊ သဲ၊ ခဲ၊ အရွက်အမှော်များ မပါအောင် သန့်စင်ပါ။ သန့်စင်ပြီးသော ပဲစေ့များအား အစိုဓာတ် ၉-၈ ရာခိုင်နှုန်းအထိ အခြောက်ခံပြီးမှ သိုလှောင်ပါ။
ဈေးကွက်အခြေအနေ
ကုလားပဲသီးနှံသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အရောင်းအဝယ်ရှိသည်။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကုလားပဲများကို တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်၊ ပဲမှုန့် (အစိမ်း၊ အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ အများအားဖြင့် ဝယ်ယူကြသည်။ အချို့ဒေသများတွင် ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ပဲဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ် အမြဲတမ်း သွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့အများဆုံးတင်ပို့ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်ဖြစ်သည်။ မြန်မာနိုင်ငံမှ မတ်ပဲ၊ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ)၊စွန်တာပြာ၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်စေ့၊ ပဲနီ ကျား၊ နိုင်လွန်ပဲတို့ကို တင်ပို့လျက်ရှိသည်။
ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သည် ကုလား ပဲကို အဓိကစားသုံးသောနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမှကုလားပဲများကို ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သို့တင်ပို့လျက်ရှိသည်။ပြည်ပဈေးကွက်အနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊တရုတ်၊အိန္ဒိယနိုင်ငံတို့သို့တင်ပို့ရောင်းချလျက်ရှိ သည်။ ကုလားပဲ၏အရည်အသွေးသည် နိုင်ငံတကာ တွင် အသိအမှတ်ပြုခံရ၍ ဝယ်လိုအားမြင့်မားသည်။
ကုလားပဲစေ့များကို ကုန်ကြမ်းအဖြစ် ဈေးကွက် သို့တင်ပို့ရောင်းချနိုင်ပြီး ကုလားပဲခွံ၊ ပဲရိုး ၊ ပဲမှော်များကို ဆွေးမြည့်အောင်ပြုလုပ်ပြီး သဘာဝမြေဩဇာ အဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သကဲ့သို့ ကျွဲ၊ နွားစာအဖြစ်လည်း အသုံးပြုနိုင်သည်။ ကုလားပဲကို တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သောပစ္စည်းများမှာ ကြာဆံ၊ မုန့်အမျိုးမျိုး၊ ပဲကြော်၊ ပဲမုန့်၊ စည်သွတ်ဘူး၊ ကုလားပဲမှုန့်၊ ဆပ်ပြာတို့ဖြစ်သည်။ကုလားပဲကို မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိပြီး အထူးသဖြင့် မန္တလေး၊ ရန်ကုန်၊ မကွေးစသည့်မြို့ကြီးများတွင် ဝယ်လိုအားမြင့်မားသည်။ ကုလားပဲသည် မြန်မာနိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်နှင့် ကမ္ဘာ့ဈေးကွက်တွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံသည် ပရိုတင်းပါဝင်မှုများသောကြောင့်သက်သတ်လွတ် စားသုံးသူများအတွက် အသားဓာတ်ရရှိစေနိုင်သော အစားအစာ တစ်ခုဖြစ်သည့်အပြင် သွေးတွင်းအချိုဓာတ်ကိုထိန်းညှိ နိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရ ဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။
ကုလားပဲသီးနှံသည် မြန်မာနိုင်ငံအတွက် အာဟာရ ပြည့်ဝပြီး စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်၍ လူထု၏အာဟာရဓာတ်ကိုဖြည့်တင်းပေးသည့်အပြင် စီးပွားရေးအရလည်း အထောက်အကူ ပြုသည်။ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ခေတ်မီနည်းစနစ်များအသုံးပြုခြင်းဖြင့် အထွက်နှုန်းနှင့် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ပြီး တောင်သူဦးကြီးများ င်ငွေတိုးပွားစေရေးနှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုကိုပိုမိုမြှင့်တင်ပေးခြင်းဖြင့် တောင်သူဝင်ငွေတိုး၍ လူနေမှုဘဝမြင့်မားမှုမှသည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်စေနိုင်မည်ဖြစ်ပါသည်။ ။