ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမေရိကန်၏ အကောက်အခွန်နှုန်းထားများ ရှိနေသော်လည်း ဒုတိယ သုံးလပတ်အတွင်း တရုတ်၏ စီးပွားရေးမှာ ၅.၂ % တိုးတက်လာ
-

အစိုးရ၏ လှုံ့ဆော်မှုကြောင့်လည်းကောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တ ရပ်နားထားချိန် ဖြစ်သောကြောင့်လည်းကောင်း ပို့ကုန်လုပ်ငန်းရှင်များက အကောက်ခွန်နှုန်း ထားသစ် မတိုင်မီ ထုတ်ကုန်တင်ပို့မှုကို အလျင်အမြန် လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း DW သတင်းတွင် ဖော်ပြပါရှိပါသည်။

တရုတ်၏ စီးပွားရေးသည် အမေရိကန် ပြည်ထောင်စုနှင့် တင်းမာမှုများ ရှိနေလင့်ကစား ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ယမန်နှစ်ကထက် ၅.၂ % တိုးတက်ခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၅) က အစိုးရ၏ ကိန်းဂဏန်းများတွင် ဖော်ပြထားပါသည်။

ပထမနှစ်ဝက်တိုးတက်မှုသည် အစိုးရ၏ အားပေးမှုနှင့် အရှိန်အဟုန် မြင့်တက်နေသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တရပ်နားနေချိန်ဖြစ်၍ အကောက်အခွန်နှုန်းထား တက်ရိပ်ရှိနေသည့် အလားအလာမစတင်မီ ပို့ကုန်လုပ်ငန်းရှင်များက ကုန်စည်တင်ပို့မှုကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။ 

Pinpoint Asset Management မှ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်သူ Zhiwei Zhang က “အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုနှုန်း ၅ % ကို ဒုတိယ သုံးလပတ်အတွင်း အနည်းငယ် ကျော်လွန်ခဲ့ခြင်းမှာ ပို့ကုန်များကြိုပို့ထားနိုင်ခြင်းကြောင့်ဖြစ်ပါသည်” ဟု ပြောကြားပါသည်။

လေ့လာသုံးသပ်သူများက ယင်းသို့ တိုးတက်မှုသည် စဉ်ဆက်မပြတ် မဖြစ်နိုင်ကြောင်း သတိပေး ပြောကြားပါသည်။ စားသုံးသူ ယုံကြည်မှုအားနည်းခြင်း၊ ကုန်ဈေးနှုန်းကျဆင်းခြင်း နှင့် ပိုင်ဆိုင်မှုအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ဝယ်လိုအားအပေါ် ဆက်လက် ဖိအား ဖြစ်နေပါသည်။

“အိမ်၊ ခြံမြေ အကျပ်အတည်းသည်လည်း ဒေသန္တရအစိုးရများ၏ ဘတ်ဂျက်အပေါ် အဓိက အလယ်အလတ်တန်းစား ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်” ဟု The Eurasia Group ၏ စီးပွားရေးပညာရှင် Dan Wang က ဆိုပါသည်။

တစ်ချိန်တည်းမှာ ရင်းနှီးမြှုပ်နှံသူများက ဇူလိုင်လအတွင်းကျင်းပမည့် ပေါ်လစ်ဗျူရို အစည်း အဝေးတွင် အားပျော့လာနေသော ဒုတိယနှစ်ဝက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ထပ်ဆောင်း ထောက်ပံ့မှုများကို မျှော်ကိုးလျက် အရှိန်မြင့် လုပ်ဆောင်ရန် အင်အားဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။

စီးပွားရေးသုတေသနနှင့် အတိုင်ပင်ခံ Prognos Institute ၏ အဆိုအရ ယခုအခါ တရုတ် ကုမ္ပဏီများသည် ကမ္ဘာ့ပို့ကုန်၏ ၁၆ % ရှိရာ၊ ယင်းသည် ဂျာမနီ နိုင်ငံထက် နှစ်ဆဖြစ်ကာ၊  ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းတွင် ပြိုင်ဆိုင်မှုပြင်းထန် မြင့်မားလျက်ရှိသည်ဟု ဆိုပါသည်။

ထိုင်ဝမ်အရေး၊ နည်းပညာအသစ်အဆန်းများအရေး၊  အဓိကအားဖြင့် ကုန်သွယ်ရေးစသည့်  အကျပ်အတည်း အမျိုးမျိုးအကြား ဝါရှင်တန်နှင့် ပေကျင်းကြား နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်  တင်းမာမှုများမှာလည်း  တရိပ်ရိပ် မြင့်တက်လျက် ရှိနေပါသည်။

ကုန်သွယ်ရေးတင်းမာမှုမြင့်တက်နေစဉ် ဧပြီလ၌ အမေရိကန် သမ္မတက တရုတ်ကုန်စည် များကို အကောက်အခွန် ၁၄၅ % ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့ရာတွင် မေလအတွင်း နှစ်ဖက် စီးပွားရေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ရက် ၉၀ ကြာ အမေရိကန်၏ တရုတ်ကုန်စည်များအပေါ် အကောက်အခွန်နှုန်းထားကို ၃၀ % ထားရှိ၍ တရုတ်ကလည်း အမေရိကန်ကုန်စည်များကို ၁၂၅ % မှ ၁၀ % သို့ လျော့ချခဲ့ပါသည်။

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှာ ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးအပေါ် ရိုက်ခတ်မှုများရှိနေ ပါသည်။ တစ်ဖန် အမေရိကန်သည် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု မှတစ်ဆင့် အီးယူ ထုတ်ကုန်ပစ္စည်းများကိုလည်း တရုတ်ထုတ်ကုန်များအဖြစ် သတ်မှတ်နိုင်ပြီး အီးယူစီးပွားရေး လုပ်ငန်းများထံမှ အခွန်ပိုမိုတောင်းခံနိုင်သည်။

တစ်ချိန်တည်းမှာပင် တရုတ်၏ ဩဇာသက်ရောက်သော တောင်အမေရိကရှိ နိုင်ငံအချို့သို့ လည်း အမေရိကန်၏ ကုန်သွယ်ရေးကန့်သတ်မှုများကို တင်းကျပ်စွာချမှတ်ခဲ့ပါသည်။

ကိုးကား: DW 

DW တွင် Saim Dušan Inayatullah ရေးသားသည့် “China's economy grows 5.2% in Q2 despite US tariffs” ဆောင်းပါးအား ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Saim Dušan Inayatullah

(၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်မှမြန်မာနိုင်ငံသို့ယူဆောင်လာမည့် စီးပွား ရေးအကျိုးကျေးဇူးများ
-

လောက၌ မိမိအကျိုးစီးပွားလိုလားသူကိုသာလျှင် “မိတ်ဆွေ” ဟု ခေါ်ဆိုထိုက်သည်ဖြစ်ရာ  လူပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊  အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊နိုင်ငံများအနေဖြင့် လည်းကောင်း မိမိတို့၏အကျိုးစီးပွားကိုဖြစ်ထွန်းစေနိုင်မည့် မိတ်သင်္ဂဟကိုရှာမှီးမှသာ ကောင်းကျိုး ဖြစ်ထွန်းကြီးပွားနိုင်မည်ဖြစ်သည်။“အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိ၊ အမြဲတမ်းအကျိုး စီးပွားသာရှိသည်”ဟူသော စကားရှိနေသော်လည်းနှစ်ဦးနှစ်ဖက်လုံးကောင်းကျိုးဒွန်တွဲဖြစ်ထွန်းအောင် သစ္စာ၊ ဉာဏ်ပညာ၊ မုဒိတာတရားများဖြင့် ထိန်းသိမ်းကာ  ဆောင်ရွက်နိုင်ကြလျှင် မိတ်

လောက၌ မိမိအကျိုးစီးပွားလိုလားသူကိုသာလျှင် “မိတ်ဆွေ” ဟု ခေါ်ဆိုထိုက်သည်ဖြစ်ရာ  လူပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊  အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊နိုင်ငံများအနေဖြင့် လည်းကောင်း မိမိတို့၏အကျိုးစီးပွားကိုဖြစ်ထွန်းစေနိုင်မည့် မိတ်သင်္ဂဟကိုရှာမှီးမှသာ ကောင်းကျိုး ဖြစ်ထွန်းကြီးပွားနိုင်မည်ဖြစ်သည်။“အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိ၊ အမြဲတမ်းအကျိုး စီးပွားသာရှိသည်”ဟူသော စကားရှိနေသော်လည်းနှစ်ဦးနှစ်ဖက်လုံးကောင်းကျိုးဒွန်တွဲဖြစ်ထွန်းအောင် သစ္စာ၊ ဉာဏ်ပညာ၊ မုဒိတာတရားများဖြင့် ထိန်းသိမ်းကာ  ဆောင်ရွက်နိုင်ကြလျှင် မိတ်သင်္ဂဟတို့ အကြားတွင် မင်္ဂလာတရားများနှင့် ပြည့်စုံနေမည်သာဖြစ်သည်။

ဗဟုဝင်ရိုးဆီဦးတည်သောကမ္ဘာကြီးတွင် ဩဇာလွှမ်းမိုးမှု  ပါဝါဟန်ချက်သည် ယခင်ကကဲ့သို့ တစ်ဖက်စောင်းနင်းမဖြစ်တော့ပေ။နိုင်ငံများအနေဖြင့်လည်း မိမိနိုင်ငံပထဝီအနေအထား၊ မိမိနိုင်ငံသယံဇာတ၊ မိမိနိုင်ငံ အဓိကကျောရိုးစီးပွားရေးတို့နှင့် လိုက်လျောညီထွေသည့် မိတ်ဖက်နိုင်ငံများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းများတွင် ပါဝင်လာကြသည်။ သို့မှသာလျှင် အင်အားကြီးနိုင်ငံများ၏ ဘက်စုံစစ်ပွဲအသွင်ကျူးကျော်မှုများကို ကြံ့ကြံ့ခံကာကွယ်နိုင်မည်ဖြစ်သည်။       

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိတ်ဝတ်မပျက်တမ်း ကောင်းမွန်သောဆက်ဆံရေးမူဝါဒဖြစ်သည့် လွတ်လပ်တက်ကြွပြီးဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးရပ်တည်လျက်ရှိသည်။နိုင်ငံတစ်နိုင်ငံ၏ကြီးပွားတိုးတက်မှုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ တည်ငြိမ်အေးချမ်းရေး၊ အုပ်ချုပ်သူအစိုးရ၏ခေါင်းဆောင်မှုနှင့် နိုင်ငံသားများ၏ပူးပေါင်းပါဝင်မှု စသည့်အချက်များ ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ဖို့လိုသလိုကဏ္ဍပေါင်းစုံတွင်  နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုသည်လည်း အရေးကြီးသည်။ မိမိနိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်းအတွက် မိတ်ကောင်းသဖွယ်ဖြစ်သော မိတ်ဖက်နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးများ တည်ဆောက်ထားခြင်းအားဖြင့် မိမိနိုင်ငံအတွက် မိတ္တဗလနှင့်ပြည့်စုံစေကာ အကျိုးစီးပွားဖော်ဆောင်နိုင်စွမ်းကို တိုးတက်ကာ မြင့်မားလာစေသည်။

(၂၈) ကြိမ်မြောက်   စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ထိုမှတစ်ဆင့်ရရှိလာမည့်အကျိုးကျေးဇူးများ

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအကျိုးစီးပွားကိုမျှော်ရည်၍ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိသည်။ထိုအထဲကမှမကြာသေးမီကကျင်းပပြီးစီးခဲ့သည့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော (၂၈)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအချို့ကို ထုတ်နုတ်တင်ပြလိုသည်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆွေးနွေးမှုအစီအစဉ်တစ်ခု၌ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr.Maksim Reshe-tnikov သည် မြန်မာနိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တစ်ခုဖြစ်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်အဓိကနယ်ပယ်မှာ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့်  သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အဦ၊ သတ္တု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဏ္ဍများအပါအဝင် အခြားနယ်ပယ်များပူးပေါင်းဆောင်ရွက်မှုတွင်လည်း လွယ်ကူချောမွေ့စေမည်ဖြစ်သည်။ 

အထက်ပါစာချုပ်ချုပ်ဆိုပြီးအသက်ဝင်ပြီဆိုပါက မြန်မာနိုင်ငံအနေဖြင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတိုးမြင့်လာကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ဈေးကွက်သို့ တက်လှမ်းနိုင်မည့်  အခွင့်အလမ်းကို ချိတ်ဆက်နိုင်မည်ဖြစ်ကာ နိုင်ငံခြားသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပြည်တွင်းသို့စီးဆင်းမှုတိုးလာမည်ဖြစ်သည်။ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင်  ရုရှားမှနည်းပညာနှင့်လုပ်ငန်းဆောင်ရွက်မှုများကိုရရှိပြီး ပြည်တွင်းလုပ်သားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းများလည်း တိုးတက်လာနိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော အခြေခံအဆောက်အဦများလည်း တိုးလာနိုင်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့် သတ္တုတူးဖော်ရေးကဏ္ဍတွင် လည်း နည်းပညာအကူအညီရယူကာ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်လာနိုင်မည်ဖြစ်သည်။

(၂၈)ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏  ဆက်စပ်အစည်းအဝေးအဖြစ်ကျင်းပသော ဥရောပ-အာရှ စီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးသည်    မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံတို့အကြားကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သည့်အပြင်  ၂၀၁၉  ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏမှာ သုံးဆတိုးလာကြောင်း  ဥရောပ-အာရှစီးပွားရေးကော်မရှင် မေခရို(အကြီးစား)စီးပွားရေးနှင့်  ပေါင်းစည်းရေးဝန်ကြီး Mr.Eldar  Alisherov က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုများအရသိရှိရသည်။  

ကုန်သွယ်မှုပမာဏသုံးဆတိုးလာခြင်းသည် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့အစည်းကြား စီးပွားရေး ဆိုင်ရာဆက်ဆံမှု

ပိုမိုခိုင်မာလာသည့်သက်သေပင်ဖြစ်သည်။ EAEU ၏ပံ့ပိုးကူညီမှုဖြင့်  မြန်မာနိုင်ငံမှ MSME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုများဖြစ်သည့် အလုပ်သင်များစေလွှတ်နိုင်ခြင်း၊ ပညာတော်သင်စေလွှတ်ခြင်း၊   နည်းပညာပိုင်းဆိုင်ရာလေ့ကျင့်ရေးသင်တန်းများစေလွှတ်ခြင်း၊ ကုန်သွယ်ရေးဈေးကွက်အတွက် မိမိနိုင်ငံ၏ပို့ကုန်၊သွင်းကုန်များနှင့်ကိုက်ညီသောနိုင်ငံသစ်များတိုးလာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်သည်။

စိန့်ပီတာစဘတ် စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ဆေးဝါး၊ ဆောက်လုပ်ရေးနှင့် မြန်မာနိုင်ငံသို့မြေဩဇာတင်ပို့ခြင်း   စသည့်နယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အလားအလာကောင်းများရှိကြောင်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံများကိုမျှဝေရန်နှင့် ကုန်စည်နှင့်အခြားဝန်ဆောင်မှုများကို ကမ်းလှမ်းရန်စီစဉ်နေကြောင်း၊ နှစ်နိုင်ငံအကြားအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်မြို့တွင်လာမည့်နိုဝင်ဘာလ၂၁ရက်နှင့်၂၂ရက်တို့တွင်ကျင်းပမည့်BRICSအဖွဲ့ဝင်များ၏သတ္တမအကြိမ် နိုင်ငံတကာမြူနီစပယ်ဖိုရမ်သို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားကြောင်းတို့ကို    စိန့်ပီတာစဘတ်   ပြည်ပဆက်ဆံရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr.Vyacheslav Kalganov က ပြောကြားခဲ့သည်။

ဆေးဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း ရုရှားနိုင်ငံမှဆေးဝါးဆိုင်ရာအဆင့်မြင့်နည်းပညာများကို မြန်မာနိုင်ငံတွင်ပူးပေါင်းအကောင်အထည်ဖော်နိုင်ခြင်း၊ ဆေးရုံနှင့် ဆေးသုတေသနစင်တာများဆောက်လုပ်ရန်အတွက် ရုရှားနိုင်ငံမှ အတွေ့အကြုံနှင့်နည်းပညာအကူအညီများ၊ ခေတ်မီအဆောက်အအုံဆောက်လုပ်မှုနည်းပညာများ၊ မိမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောမြေဩဇာထုတ်လုပ်မှုနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာများ၊  စက်မှုလယ်ယာနည်းပညာများကိုရရှိနိုင်သည်။ BRICS  ဖိုရမ်သို့ ဖိတ်ကြားခြင်းခံရသည့်အတွက် BRICSအဖွဲ့ဝင်နိုင်ငံများနှင့် တိုက်ရိုက်ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊   စွမ်းအင်ဖူလုံရေး၊   ဒစ်ဂျစ်တယ်စီးပွားရေး၊ ကဏ္ဍစုံအတွက် နည်းပညာပံ့ပိုးမှုလမ်းစများပွင့်လန်းလာမည်ဖြစ်သည်။

နောက်ထပ်ဝမ်းသာစရာသတင်းတစ်ခုမှာ မြန်မာ၊ ဂျော်ဒန်နှင့်ဘာရိန်းနိုင်ငံတို့ကို  ၂၀၂၅ ခုနှစ်တွင် ဗီဇာလိုအပ်ချက်ဖျက်သိမ်းရန်စီစဉ်နေကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန  ညွှန်ကြားရေးမှူးချုပ်  Mr.Nikita Kondratyev  က ရုရှားမီဒီယာတစ်ခုဖြစ်သည့်TASSနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည့်သတင်းဖြစ်သည်။

ဗီဇာလိုအပ်ချက်ဖျက်သိမ်းခဲ့လျှင်ရရှိနိုင်မည့်အကျိုးကျေးဇူးများကိုလည်း အနည်းငယ်ပြောပြလိုသည်။ဗီဇာလိုအပ်ချက်စည်းမျဉ်းများလျော့နည်းသွားသည့်အတွက် ခရီးသွားဧည့်သည်များတိုးလာကာ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ လေကြောင်းလုပ်ငန်းများတွင်လည်း အကျိုးအမြတ်များပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာလျှင် ခရီးသွားဧည့်သည်များဆီမှ ဝင်ငွေကြောင့် ဒေသတွင်းစီးပွားရေးတိုးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ ကုန်သွယ်မှုလုပ်ငန်းတွင်လည်း နှစ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ဗီဇာအဟန့်အတားကင်းမှုကြောင့်ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့နိုင်သည်။ ယဉ်ကျေးမှုဖလှယ်ခြင်းကိစ္စများနှင့်  ရုရှားနိုင်ငံရှိ တက္ကသိုလ်များသို့ ပညာတော်သင်စေလွှတ်ခြင်းကိစ္စများတွင် ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်သည်။ ဗီဇာဖျက်သိမ်းခြင်း ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်စေမည်ဖြစ်သည်။

အထက်ပါအကြောင်းအရာများသည် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများစွာထဲမှ တစ်ခုဖြစ်သော (၂၈)ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့မြန်မာကိုယ်စား လှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့သည့် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရရှိမည့်  စီးပွားရေး ဆိုင်ရာအကျိုးကျေးဇူးများကို လူတိုင်းနားလည်လွယ်အောင် အကြမ်းဖျင်းသုံးသပ်ဖော်ပြ ထားခြင်း ဖြစ်သည်။

စီးပွားရေးသည်နိုင်ငံတစ်နိုင်ငံအတွက်အလွန်အရေးပါပုံ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးသည် အဓိကအရေးပါသောအခန်းကဏ္ဍမှ ပါဝင် သည်။ စီးပွားရေးတောင့်တင်းခိုင်မာပါက ကုန်သွယ်ရေးပိတ်ဆို့မှုဒဏ်၊ စီးပွားရေးကျဆင်းမှုဒဏ်၊ ကမ္ဘာ့ ကပ်ရောဂါများကြောင့်ဖြစ်ပေါ်သော  စီးပွားရေးကျပ်တည်းမှုဒဏ်များကို ခံနိုင်ရည်ရှိပြီး ပြည်တွင်း စီးပွားရေးကို ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ ပြည်တွင်းလူမှုစီးပွားဘဝမြင့်မားမှုကြောင့် နိုင်ငံသားတိုင်း ၏တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး အလုပ်လက်မဲ့နှုန်းလျော့ကျစေသည်။ ထို့ပြင်  နိုင်ငံခြားရင်းနှီး မြှုပ်နှံ မှုဆောင်ရွက်မည့် နိုင်ငံများအတွက် မိမိနိုင်ငံ၏တည်ငြိမ်သောစီးပွားရေးအခြေအနေသည် စိတ်ချ ယုံကြည်မှုကို တိုးစေသည်။ နိုင်ငံတကာ နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေး သဘော တူညီချက်များတွင်လည်းမိမိနိုင်ငံ၏စီး ပွားရေးအခြေအနေများကြောင့် လွယ်ကူမြန်ဆန်ကာ  အခွင့် အလမ်းများ တစ်ခုပေါ်တစ်ခုဆင့်ပေါ်ပေါက်လာနိုင်ပေသည်။ စီးပွားရေးတောင့်တင်း ခိုင်မာခြင်းသည် မိမိနိုင်ငံ၏ နိုင်ငံရေးနှင့်ကာကွယ်ရေးကဏ္ဍ တို့တွင်ပါ တိုက်ရိုက်အချိုးကြမည် ဖြစ်သည်။

အနှစ်ချုပ်ရသော် စီးပွားရေးတောင့်တင်းခိုင်မာမှုနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။ ထို့ကြောင့် မိမိ နိုင်ငံအကျိုးစီးပွား အရှိန်အဟုန်ဖြင့်တိုးမြင့်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို မိတ်ဖက်နိုင်ငံများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။    ။ 

ကိုးကား

https://www.reuters.com/business/energy/russia-signs-investment-deal-wit...

https://tass.com/economy/1977721

https://eec.eaeunion.org/en/news/eldar-alisherov-nash-dialog-prizvan-sod...

https://en.iz.ru/en/1908962/2025-06-23/russia-plans-cancel-visas-three-c...

အေးကျော်(ရူပဗေဒ)

တောင်သူဝင်ငွေတိုးပွားဖို့ ပျားမွေးမြူရေးအားပေးစို့
-

စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်တို့ကို လိုက်နာ ဆောင်ရွက်လျက် ခေတ်နှင့်လျော်ညီသော  စိုက်ပျိုးသီးနှံနှင့်ထွက်ကုန်များကို  ဦးစားပေးစိုက်ပျိုး လာကြသည်။  

ထိုနည်းတူ ခေတ်မီနည်းစနစ်များကို အမီလိုက်လာသော ခေတ်မီအပင်ရောဂါများကို  ကုစားရန်အတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကိုလည်း ဆန်းသစ်တီထွင်သုံးစွဲလာကြသည်။ထိုသို့သုံးစွဲလာခြင်း၏ နောက်ဆက်တွဲအနေဖြင့် အကျိုးပြုပျားမျိုးစိတ်များကိုပါ ထိခိုက်လာသည်ကို ကြုံတွေ့လာရသည်။သွင်းအားစုများသည်  ထွက်ကုန်ကောင်းစေရန်လိုအပ်သကဲ့သို့  တောင်သူအကျိုးပြုဝတ်မှုန်ကူး လုပ်ငန်းကို   ဆောင်ရွက်နေကြသည့်ပျားအပါအဝင် အခြားဝတ်မှုန်ကူးသတ္တဝါများ၏ အခန်းကဏ္ဍကိုလည်းမေ့လျော့ချန်လှပ်ထားရန်မဖြစ်နိုင်ပေ။ပျားမျိုးစိတ်များသည်ဝတ်မှုန်ကူးဝန်ဆောင်မှုကို လုပ်ဆောင် ကြပြီး သီးနှံအထွက်တိုးရေးအတွက် တစ်ဖက်တစ်လမ်းမှအကူအညီပေးနေကြသူများပင်ဖြစ်သည်။

တောင်သူအကျိုးပြုပျားမျိုးစုများမြန်မာနိုင်ငံတွင် ပျားမျိုးစိတ်များကိုမွေးမြူရေးပျားနှင့်တောပျားဟူ၍အလွယ်တကူခေါ်ဝေါ်ကြသည်။ ကမ္ဘာပေါ်တွင် ပျားမျိုးစိတ်ပေါင်း ၂၂၀၀၀ ကျော်ရှိသည့်အနက် ဝတ်ရည်စုပျား တစ်နည်းအားဖြင့် ပျားရည်ထုတ်လုပ်သောပျားအမျိုးအစားမှာ ကိုးမျိုးသာရှိသည်။ ထိုပျားအမျိုးအစားများကိုအမူအကျင့်နှင့်အရွယ်အစားကိုလိုက်၍ အုပ်စုသုံးခုခွဲ၍ လေ့လာနိုင်သည်။ (၁)ပျားကြီးမျိုးများ (Giant Honey Bees)၊  (၂)သစ်ခေါင်းပျားမျိုးများ (Cavity Nesting Bees) နှင့် (၃)ပျားငယ်မျိုး (Dwarf Bees)ဟူ၍  ခွဲခြားလေ့လာနိုင်သည်။

(၁) ပျားကြီးမျိုး (Giant Honey Bees)

အာရှပျားကြီးမျိုးဖြစ်ပြီး အာရှတိုက်တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့တွင် တွေ့ရသည်။ မြေပြင်မှ အမြင့်ပေ ၃၀ နှင့်အထက်   အပင်အမြင့်များတွင်  ပျားသလက်ချပ်တစ်ခုလျှင် ပျားအုံတစ်အုံအဖြစ် အုံဖွဲ့ နေတတ်သည်။ လုပ်သားပျားတစ်ကောင်သည် အရွယ်အစားအားဖြင့် (ဝ.၇-ဝ.၈)လက်မခန့်ရှိသည်။

အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊  သီရိလင်္ကာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင်တွေ့ရသည်။ အုံတစ်ခုနှင့်တစ်ခုကို နီးကပ်စွာတည်ဆောက်တတ်ကြသည်။ ရာသီ အလိုက်အုံပြောင်းရွှေ့တတ်သောအကျင့်ရှိသည်။  ၃ လ - ၄ လလျှင်တစ်ကြိမ်ခန့်နေရာပြောင်းရွှေ့ လေ့ရှိသည်။ သုတေသနမှတ်တမ်းများအရ ရွှေ့ပြောင်းလျှင်လည်း မူလအုံဖွဲ့သည့် နေရာသို့သာ ပြန်လည်အုံဖွဲ့တတ်ကြသည်။ အထူးသဖြင့် အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် အုံအသစ်ဖွဲ့လေ့ရှိ သည်။

အုံအသစ်သည်လည်း မူလနေရာမှ မီတာ ၅၀ဝ အကွာတွင်တည်ဆောက်လေ့ရှိကြောင်း သုတေသန မှတ်တမ်းများအရသိရှိရသည်။   မြန်မာနိုင်ငံတွင်ပျားကြီးပျားမျိုးများသည် သစ်ပင်ကြီးများ ပေါ်နှင့် တောင်ကမ်းပါးယံဘုရားပုထိုးစေတီများ၊ ဆင်းတုတော်များတွင်လည်း  အုံဖွဲ့တတ်ကြသည်။  နေရာမတူ သကဲ့သို့ အရွယ်အစားလည်းမတူညီကြပေ။

အညာဒေသတွင် ပျားကြီးအုံများ၏အရွယ်အစားကြီးမားမှုသည်လှည်းဘီး၏ပမာဏခန့်ရှိသည့်အတွက် ထိုပျားကြီးမျိုးကိုလှည်းဘီးပျားဟုလည်း ခေါ်တတ်ကြသည်။ တောင်ပေါ်ဒေသများတွင်တွေ့ ရတတ် သော  ပျားကြီးများသည်  သစ်ပင်ကြီးငယ်များတွင်သာမက ကျောက်တောင်ကမ်းပါးယံများတွင်လည်း   တွေ့ရတတ်သည်။   ထိုကဲ့သို့သော ပျားကြီးမျိုးကို ကျောက်ပျားဟုလည်းခေါ်ကြသည်။လှည်းဘီးပျား ဟုခေါ်ဝေါ်သောပျားကြီးမျိုးများ၏အရောင်အသွေးမှာအဝါနှင့်အနက်ကျားသောပုံစံဖြစ်ပြီး ကျောက်ပျားဟုခေါ်ဝေါ်သောပျားမျိုးမှာ အဖြူနှင့်အနက်ကျားသောအရောင်ရှိသည်။ ထိုကဲ့သို့ ပျားမျိုးကို ဟိမဝန္တာပျားကြီးမျိုး သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ပျားကြီးမျိုးဟုလည်း ခေါ်ဝေါ်ကြသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တွေ့ရှိရသည်။  ပျားကြီးများမှာ  အရွယ်အစားကြီးမားသကဲ့သို့ပျံသန်းနိုင်သော အကွာအဝေးမှာလည်းကျန်ပျားများထက်ပိုမိုသွားရောက်နိုင်သည်။ ထိုပျားကြီးများသည် နံနက်အရုဏ်မတက်ခင်အချိန်မှစ၍    ညမိုးချုပ်သည့်အချိန်အထိ  လွတ်လပ်စွာပျံသန်းသွားလာတတ်ကြသည်။ ထို့ကြောင့် တောင်သူတို့ စိုက်ပျိုးထားသောသီးနှံများဖူးပွင့်ချိန်တွင်စိုက်ခင်းများအနီးရှိ သစ်ပင်ကြီးများပေါ်တွင် အုံဖွဲ့နေထိုင်ကာ ဝတ်မှုန်ကူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးသဘာဝအလျောက် အသက်မွေးရှင်သန်နေထိုင်ကြသည်။ ပျားရည်စုဆောင်းအသက်မွေးကြသူများက   ပျားကြီးအုံများမှပျားရည်ရယူကာ လက်လီရောင်းချလေ့ရှိကြသည်။

(၂) သစ်ခေါင်းပျားမျိုးများ (Cavity Nesting Bees)

အများအားဖြင့် သစ်ပင်၊ ပင်စည်အခေါင်းအတွင်းဝင်၍ အုံဖွဲ့နေတတ်သောကြောင့် သစ်ခေါင်းပျားဟုခေါ်ဝေါ်ကြပြီး သစ်ခေါင်းအတွင်းအုံဖွဲ့နေတတ်သော သဘာဝရှိသည့်ပျားအမျိုးအစားငါးမျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင်တောပျားဟုခေါ်သည့် Apis Cerana သစ်ခေါင်းပျားမျိုးနှင့်မွေးမြူရေးပျားဟုခေါ်ဝေါ်ကြသည့် Apis Mellifera ဥရောပပျားမျိုးကိုသာတွေ့ရှိရသည်။   ဥရောပပျားမွေးမြူရေးလုပ်ငန်းမှ    ပျားရည်အမြောက်အမြားစုဆောင်းရရှိသည်။

(က) တောပျား

Apis Cerana ကိုအိန္ဒိယမှလာသောပျားမျိုးများဟု ခေါ်ဝေါ်ခဲ့ကြသည်။  အာရှဒေသနိုင်ငံတော်တော်များများတွင်တွေ့ရှိရသောကြောင့် အာရှပျားအဖြစ်လည်းသတ်မှတ်ထားကြသည်။ တောပျား သဘာဝကို ပိုင်ဆိုင်ထားကြသည့်ပျားများဖြစ်သည့်အတွက် အုံသွင်းမွေးမြူနိုင်သော်လည်း မကြာခဏအုံမှစွန့်ခွာထွက်ပြေးကာ    တောသဘာဝတွင် ပြောင်းရွှေ့နေထိုင်ကြလေ့ရှိသည်။  အရောင်မှာအဝါနှင့်အနက်ကျားသောအရောင်ရှိပြီး မူရင်းပျားမျိုးမှာ  အနက်ရောင်ပိုများသည်။အာရှပျားမျိုးဖြစ်သည့်အတိုင်း အာရှဒေသတွင်းနိုင်ငံများတွင် အများဆုံးတွေ့ရသည်။ လက်ရှိအချိန်တွင်တွေ့ရှိထားသောမှတ်တမ်းများအရ   Apis Cerana  ပျားမျိုးကွဲပေါင်းရှစ်မျိုးရှိနေသည်။

မြန်မာနိုင်ငံတွင်အင်္ဂလိပ်တို့ကျူးကျော်စစ်စသည့်အချိန်တွင်  ပျားမွေးမြူသည့်အလေ့အထပါလာခဲ့သည်ဟု မှတ်သားခဲ့ဖူးသော်လည်း အထောက်အထားခိုင်ခိုင်မာမာမတွေ့ရသေးပေ။  ပျားမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏နိုင်ငံခြားဝင်ငွေကို  တစ်ဖက်တစ်လမ်းမှ  ရှာဖွေပေးနေသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအတိုင်းပေါက်ရောက်နေသော သစ်တောသစ်ပင်သဘာဝသယံဇာတများစွာပေါများသည့်အတွက် ပျားစာလွန်စွာပေါများသည်။ ထို့ကြောင့် သစ်ခေါင်းပျားများကဲ့သို့သော အာရှပျားမျိုးစိတ်များသည် သစ်တောများတွင် သဘာဝအလျောက် ပွားများနေထိုင်နိုင်ကြသည်။ ထိုကဲ့သို့သောပျားမျိုးများကို သစ်ခေါင်းတွင်းသို့ အုံသွင်းမွေးမြူတတ်သည့်  မိရိုးဖလာပျားရည်ထုတ်လုပ်ရောင်းချသူများလည်း ရှိနေသေးပေသည်။

ကွင်းဆင်းလေ့လာမေးမြန်းချက်များအရ ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ မြရာကုန်းကျေးရွာနှင့် သံတောင်မြောက်ပိုင်းတွင် မြောက်ပယ်ဘိုးကျေးရွာ၊ သင်္ဘာတောကျေးရွာ၊ ကျောက်ဖြာကျေးရွာ၊ နန်းချိုကျေးရွာ၊   သက်နုကုန်းကျေးရွာတို့တွင် မိရိုးဖလာသစ်ခေါင်းပျားမွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြပြီး တစ်နှစ်လျှင် သစ်ခေါင်းပျား ပျားရည်တန်ချိန် ၃၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်းသိရှိရသည်။

ထိုကဲ့သို့သော မိရိုးဖလာမွေးမြူနည်းစနစ်များကိုနိုင်ငံတော်မှပံ့ပိုးကူညီပေးနိုင်လျှင် ခေတ်မီသစ်ခေါင်းပျားမွေးမြူရေးနည်းစနစ်များအဖြစ် မွေးမြူလာနိုင်ပြီးသဘာဝအတိုင်းရရှိသော သစ်ခေါင်းပျား ပျားရည်စစ်စစ်ကို အမြောက်အမြားထုတ်လုပ်ရရှိနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း တစ်ပါတည်းဆောင်ရွက်နိုင်ပေလိမ့်မည်။  ထူးခြားချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် တစ်ခုတည်းသောပျားရည်ဆွမ်းလောင်းပွဲတော်ကိုတနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာတွင်  နှစ်စဉ်ကျင်းပလေ့ရှိပြီး ဒေသခံသစ်ခေါင်းပျားမွေးမြူရေးမှရရှိသော သဘာဝပျားရည်များကို ဆွမ်းလောင်းလှူပွဲကျင်းပကြသည်။ ၂၀၂၃ ခုနှစ်တွင်  အီတလီနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏အထောက်အပံ့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သစ်ခေါင်းပျားများမွေးမြူခြင်းသင်တန်းများ  ဖွင့်လှစ်ပို့ချကာဒေသပျားမျိုးများကို  မွေးမြူသည့်အလေ့အထကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ဒေသပျားမျိုးများသည် ဒီရေတောအပင်များတွင် ဝတ်မှုန်ကူးလုပ်ငန်းများဆောင်ရွက်ကြပြီး ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကိုပါ ဆောင်ရွက်နိုင်မည့်အစီအစဉ်ဖြစ်လာသည်။ ထိုကဲ့သို့ တောပျားများသည် သဘာဝသစ်တောများ၊ဒီရေတောများနှင့်တောင်ပေါ်ဒေသများရှိအပင်များပွားများရှင်သန်နိုင်ရေးကို အထူးလုပ်ဆောင်နိုင်ကြောင်း  တွေ့ရှိရသည်။   သုတေသနမှတ်တမ်းအရ   မြန်မာနိုင်ငံမြောက်ဘက်ဖျားမှ မြန်မာနိုင်ငံတောင်ဘက်ဖျားအထိ သစ်ခေါင်းပျားမျိုးများ ပျံ့နှံ့နေထိုင်ကြကြောင်းသိရှိရသည်။ ဒေသခံတောင်သူများသည် သဘာဝတောပျားများကိုမိရိုးဖလာနည်းလမ်းများဖြင့်  မွေးမြူလုပ်ကိုင်လျက်ရှိကြပြီး ထိုတောင်သူများကို နိုင်ငံတော်မှ ခေတ်မီနည်းပညာများ၊ အထောက်အပံ့များပံ့ပိုးပေးနိုင်ပါက အရည်အသွေးမီ သဘာဝပျားရည်များကို အသေးစား၊  အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ်   ထူထောင်နိုင်မည်ဖြစ်ကာဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်လည်းအောင်မြင်ပြီးမြန်မာ့သဘာဝပျားရည်အဖြစ် နိုင်ငံတကာသို့တင်ပို့ရောင်းချကာ နိုင်ငံခြားဝင်ငွေပိုမိုရှာဖွေနိုင်ပေလိမ့်မည်။ 

(ခ) မွေးမြူရေးပျား (သို့) ဥရောပပျား

မြန်မာနိုင်ငံတွင် ခေတ်မီပျားမွေးမြူရေးကို ၁၉၇၉ ခုနှစ်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန သည် ကမ္ဘာ့ကုလသမဂ္ဂအစီအစဉ်(UNDP)ကမ္ဘာ့စားနပ် ရိက္ခာနှင့်    စိုက်ပျိုးရေးအဖွဲ့(FAO)တို့၏ပူးပေါင်းကူညီမှုဖြင့်တိရစ္ဆာန်မွေးမြူရေးကော်ပိုရေးရှင်း၌ ဥရောပပျားမျိုး (Apis Mellifera Lingustica)ပျားအုံ၃၅ အုံကို သြစတြေးလျနိုင်ငံမှမှာယူပြီး ပျားမွေးမြူရေးလုပ်ငန်းကျွမ်းကျင်သူ ပိုလန်နိုင်ငံသား Dr.C.B Zmarlicsks နှင့် ခေတ်မီပျားမွေးမြူရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကာလအတွင်း ပြည်ပမှပျားဘုရင်မများတင်သွင်း၍ ပျားအုံများခွဲထုတ်ခြင်း၊ ပျားစခန်းအသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပျားရည်ထုတ်လုပ်ပြီး ပြုပြင်ရောင်းချခြင်း၊ စက်ပစ္စည်းများဝယ်ယူတပ်ဆင်ပြီး ပျားအိမ်နှင့် ပျားသလက်အခြေခံပျားများထုတ်လုပ်ခြင်း၊ ပျားဘုရင်မစမ်းသပ်မွေးမြူခြင်း၊ ပျားစာပင်များလေ့လာဖော်ထုတ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။   

ပျားရည်ထုတ်လုပ်နိုင်သည်နှင့်အမျှ ပြည်ပကုန်သွယ်မှုအနေဖြင့် မြန်မာ့ပျားရည်ကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချခဲ့ရာ  ၁၉၈၉-၁၉၉ဝ  ဘဏ္ဍာနှစ်တွင် ပျားလုပ်ငန်းဌာနမှ ဂျပန်နိုင်ငံသို့ပျားရည်မက်ထရစ်တန် ၄ဝ တင်ပို့ရာမှ ပြည်ပတင်ပို့မှုစတင်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂလိကပိုင်ပျားရည်များကို ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာနှစ်မှစ၍ ပြည်ပသို့ ပျားရည် ၉၄ မက်ထရစ်တန် စတင်တင်ပို့ရောင်းချနိုင်ခဲ့သည်။  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဖွံ့ဖြိုးမှုဌာနခွဲ၏မှတ်တမ်းများအရ ၂၀၂၃ - ၂၀၂၄ ကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၂၅၀၀ ခန့် တင်ပို့ရောင်းချခဲ့ကြောင်းသိရှိရသည်။  မွေးမြူရေးပျားဖြစ်သည့် ဥရောပပျားမျိုးများသည် တောင်သူများစိုက်ပျိုးသီးနှံပွင့်သည့်ရာသီကိုလိုက်၍ ရွှေ့ပြောင်းမွေးမြူကြရသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းမွေးမြူခြင်းမှရရှိသော ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှုအတွက်သာမက   ပြည်ပသို့တင်ပို့ကာ ရောင်းချခြင်းဖြင့်  နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခဲ့သည်။ 

(၃) ပျားငယ်မျိုး(Dwarf Bees)

ပျားငယ်အမျိုးအစားအနေဖြင့် (ယင်ပျား) Apis Florea နှင့်(ယင်ပျားငယ်) Apis Andreniformis  ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင် နှစ်မျိုးလုံးတွေ့ရသည်။ မြေပြန့်လွင်ပြင်ဒေသအားလုံးနီးပါးတွင် တွေ့နိုင်သည်။ အရောင်အသွေးမှာ ယင်ကောင်နှင့်ပုံသဏ္ဌာန်တူသောကြောင့် ယင်ပျားဟုလည်း ခေါ်ဝေါ်သည်။

အာရှပျားမျိုးနွယ်ဝင် ပျားငယ်အမျိုးအစားဖြစ်သည်။ အုံဖွဲ့ခြင်းကို လဟာပြင်တွင် ဖွဲ့တတ်ကြပြီး အကောင်အရွယ်အစားသေးငယ်သလို အုံအရွယ်အစားလည်း သေးငယ်သည်။ လုပ်သားပျား၏အရွယ်အစားသည် အလွန်သေးငယ်သည်။ အရွယ်အစားအားဖြင့် ၇ မီလီမီတာမှ ၁၀ မီလီမီတာအရွယ်ခန့်သာရှိသည်။

အရောင်မှာနီညိုရောင်ဖြစ်သည်။ အာရှနှင့်အာဖရိကဒေသတို့တွင် အများဆုံးတွေ့ရသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိုမန်၊ အီရန်၊ အိန္ဒိယ၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ  သစ်တောများတွင် အတွေ့ရများသည်။  အုံဖွဲ့ရာတွင် အုံအသစ်နှင့်အုံအဟောင်းကိုအတူတွဲ၍ အုံဖွဲ့သောအလေ့အကျင့်မရှိပေ။ ထို့အတူ အခြားသောပျားမျိုးများကဲ့သို့  နေရာအဟောင်း၊   အုံအဟောင်းတွင် ပြန်လည်နေထိုင်ခြင်းမျိုးကိုမတွေ့ရပေ။ ယင်ပျားမှပျားရည်ထုတ်ယူသုံးစွဲခြင်းကို ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်တွေ့ရှိရသည်။  မြန်မာနိုင်ငံတွင် ကျောက်ဆည်၊ မန္တလေး၊ မိတ္ထီလာ၊ ပုဂံ၊ ညောင်ဦး၊ မကွေးမြို့နယ်တို့တွင် ပေါများစွာတွေ့ရသည်။ ပျားအုံအရွယ်အစားသေးငယ်သကဲ့သို့ ပျားများသည်  ဝတ်ရည်စုဆောင်းမှုနှင့်အလုပ်လုပ်ရာတွင် အခြားပျားမျိုးများနှင့်နှိုင်းယှဉ်ပါက  အနည်းငယ်ပျင်းရိလေးလံသောပျားငယ်မျိုးဖြစ်သည့်အတွက် တောင်သူတို့အတွက်  များစွာအထောက်အကူပြုသည်မဟုတ်သော်လည်း  တတ်နိုင်သလောက်ဝတ်မှုန်ကူးဆောင်ရွက်ကြသူများပင်ဖြစ်သည်။

ပျားဖြင့်ဝတ်မှုန်ကူးသုတေသနဆောင်ရွက်ချက်များ

ပျားသည် သဘာဝအရ  ဝတ်မှုန်ကူးဝန်ဆောင်မှုကိုဆောင်ရွက်ကြသူများဖြစ်ကြပြီး ထိုပျားများကို မိမိတို့စိုက်ပျိုးသောသီးနှံအလိုက် ချထားမွေးမြူခြင်းများဆောင်ရွက်နိုင်ရန် မကွေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့  အတူပူးပေါင်း၍  စမ်းသပ်ကွက်များဖြင့် သုတေသနပြုဆောင်ရွက်ခဲ့သည်။  သုတေသနရလဒ်များအရ နှမ်းသီးနှံတွင် ပျားဖြင့်ဝတ်မှုန်ကူးဆောင်ရွက်ပါက မူလအထွက်နှုန်းထက် ၁ ဆပိုမိုတိုးတက်ကြောင်း တွေ့ရှိခဲ့ရသည်။

ပဲစင်းငုံသီးနှံတွင်မူလအထွက်နှုန်းထက် ၁ ဆပိုမိုတိုးတက်ပြီး နေကြာသီးနှံတွင် မူလအထွက်နှုန်းထက် ၄ ဆခန့်ပိုမိုကြောင်း တွေ့ရှိရသည်။ သုတေသနစမ်းသပ်ခြင်းသည် ပတ်ဝန်းကျင်၏ကျရောက်လာနိုင်သောအခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ကြိုတင်ပြင်ဆင်သုတေသနပြုခြင်းဖြစ်သည့်အတွက် ပြင်ပမှပကတိအခြေအနေများဖြင့် တိုက်ရိုက်ကိုက်ညီမည်တော့မဟုတ်ပေ။ သို့သော် သုသေသနအပေါ် သုံးသပ်ကြည့်ပါက ပျားဖြင့်အတူထားစိုက်ပျိုးခြင်းသည် ပျားမရှိခြင်းထက် ပို၍တိုးတက်သည်ကိုတော့ ငြင်း၍မရပေ။ အနည်းဆုံး အသီးအနှံများ အောင်မြင်ဖြစ်ထွန်းခြင်းကို ခံစားရမည်ဖြစ်သည်။

ပျားကြီး၊ သစ်ခေါင်းပျားနှင့် ပျားငယ်အုပ်စုများသည် အမျိုးသဘာဝအရ ကွဲပြားခြားနားနေကြသော်လည်း  အဓိကတာဝန်မှာဝတ်မှုန်ကူးခြင်းလုပ်ငန်းကို  ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။

တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများဖွံ့ဖြိုးအောင် အခြားသွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ရသကဲ့သို့ ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည့်ပျားမျိုးများအနက် လူတို့မွေးမြူ၍ရသော ပျားမျိုးများကို  တစ်နိုင်တစ်ပိုင်မွေးမြူခြင်းများဆောင်ရွက်မည်ဆိုပါက မိမိတို့၏မူလသီးနှံစိုက်ခင်းကို ပုံမှန်ထက် အထွက်တိုးစေခြင်းအပြင် မိမိတို့မွေးမြူထားသော ပျားအုံများမှရရှိမည့် ပျားရည်နှင့် ပျားထွက်ပစ္စည်းများရောင်းချခြင်းမှလည်း  အပိုဝင်ငွေကို  ထပ်မံရရှိစေမည်ဖြစ်သည့်အတွက် “တောင်သူဝင်ငွေတိုးပွားဖို့   ပျားမွေးမြူရေးအားပေးစို့”ဟုတိုက်တွန်းရေးသားလိုက်ပါသည်။   ။

MWD Web Portal

Dr. Bee (မွေး/ဆေး)

တစ်နိုင်တစ်ပိုင်မှသည်  စီးပွားဖြစ် ငုံးမွေးမြူရေးဆီသို့
-

တိုးတက်လာသော ငုံးမွေးမြူရေး    

ငုံးမွေးမြူရေး လုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်သည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ်မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း  နည်းပါးသဖြင့်  မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် မွေးမြူရေးငုံးကောင်ရေ ၁၃ သိန်းခန့် မွေးမြူထားရှိသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ နှစ်ခန့်ကတည်းက ငုံးမွေးမြူရေးသည် မြန်မာနိုင်ငံတွင် လူကြိုက်များလာသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ငုံးငှက်များသည် အရွယ်သေးငယ်သော်လည်း  ဥထုတ်လုပ်မှုနှုန်းမြင့်မားပြီး အသားနှင့်ဥတွင် အာဟာရဓာတ်ကြွယ်ဝသောကြောင့် စားသုံးသူများကြားတွင်  တစ်နှစ်ထက်တစ်နှစ်  ရေပန်းစားလာသည်။

မွေးမြူလေ့ရှိသောငုံးမျိုးများ

ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုးစိတ်ပေါင်း ၁၃၀ ကျော်ရှိပြီး  ၎င်းတို့၏အရွယ်အစားနှင့်  အသွင်အပြင်ကို လိုက်ကာ အနည်းငယ်မျှသာ ကွာခြားသည်။  ကမ္ဘာပေါ်တွင်တွေ့ရသော ငုံးမျိုးစိတ်များမှာ-

     (က)        Common quail၊

    ( ခ )        Japanese quail၊

    ( ဂ )        Blue- breasted quail နှင့်

   (ဃ)        Rain quail တို့ဖြစ်ကြသည်။  မြန်မာနိုင်ငံတွင်မူ Common quail နှင့် Japanese quail တို့ကို ဥနှင့်အသားအတွက် စီးပွားဖြစ်အများဆုံး မွေးမြူကြသည်။   ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် ဂျပန်ငုံးအပြင် Bobwhite Quail နှင့် Coturnix Quail  မျိုးစိတ်များကိုလည်း  မွေးမြူကြသည်။ ဤမျိုးစိတ်များသည် အသားထုတ်လုပ်မှုအတွက် ပိုမိုသင့်လျော်သည်။

အခြေခံမွေးမြူရေးစနစ်

ငုံးမွေးမြူရာတွင် ပထမဆုံးအနေဖြင့် မျိုးရွေးချယ်ရမည်။ မျိုးရွေးချယ်ရာ၌ ကြီးထွားနှုန်းကောင်းမွန်သော၊ ဥဥနှုန်းကောင်းမွန်သော ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူသင့်သည်။ ငုံးများသည် အသက်ခြောက်ပတ်သားအရွယ်တွင် ဥဥခြင်းစတင်ပြီး တစ်နေ့ တစ်လုံးဥလေ့ရှိသည်။ တစ်နှစ် ၂၅၀-၃၀၀ လုံးထိဥလေ့ရှိသည်။ ငုံးများသည် အသက်လေးပတ်သားအရွယ်ထိ အနွေးဓာတ်ပေးရန် လိုအပ်သောကြောင့် တစ်ပတ်သားအရွယ်ငုံးများကို   ရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓာတ်ပေးကာ   ပြုစုစောင့်ရှောက်ရမည်။

ဥထုတ်လုပ်မှုဆောလျင်စွာရလိုပါက အသက်လေးပတ်သား အရွယ်ငုံးများကို ရွေးချယ်မွေးမြူသင့်သည်။

ငုံးတစ်ကောင်သည် နှစ်လမှ ရှစ်လအထိ ဥဥနှုန်း ကောင်းမွန်တတ်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျဆင်းသွားလေ့ရှိသည်။  ဥနှုန်းကျဆင်းသွားသော ငုံးများကိုလည်း အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်သည်။ ငုံးထီးများ၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာမှာ နှုတ်သီးအနည်းငယ် ရှည်ထွက်နေပြီး လည်ပင်းမှာအနီရောင်သန်းကာ ကျောဘက်တွင် အမည်းပြောက်များရှိသည်။ ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍ လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်များရှိသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံပိုကျယ်သည်။ မျိုးငုံးများမွေးမြူမည်ဆိုပါက အထီးအမအချိုး ၁:၅ ခန့် ထားရှိသင့်သည်။

မျိုးငုံးဥများကို စက်နှင့်သားဖောက်ပါက ၁၈ ရက် အကြာတွင် အကောင်ပေါက်လာနိုင်သည်။

မွေးခြံတည်ဆောက်ပုံ

လှောင်အိမ်ကို ဒေသထွက် သစ်၊ ဝါးတို့ဖြင့်လည်းကောင်း၊ သံဆန်ခါကိုအသုံးပြု၍ လည်းကောင်းတည်ဆောက်နိုင်သည်။ အလျား ၄ ပေ ၊ အနံ ၃ ပေ ၊ အမြင့် ၂ ပေရှိ လှောင်အိမ်တွင် ငုံးကောင်ရေ ၅၀ မွေးမြူနိုင်သည်။ ခြံကိုလေဝင်လေထွက် ကောင်းမွန်သောနေရာတွင်ရွေးချယ်ပြီး မွေးမြူရသည်။ ဥဥနေသော ငုံးမများကိုတစ်ရက်လျှင် အလင်းရောင် ၁၆ နာရီရရှိအောင် ဆောင်ရွက်ထားပေးသင့်သည်။

ငုံးစာတွင်ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အစာကျွေးမွေးမှုစနစ်

မြန်မာနိုင်ငံတွင် ငုံးများကို စပါး၊ ပြောင်း၊ ပဲများနှင့် အခြားသဘာဝအစာများဖြင့် ကျွေးမွေးလေ့ရှိသည်။ အာဟာရပြည့်ဝသောအစာများကို ဈေးကွက်တွင် ရရှိနိုင်သော်လည်း ကုန်ကျစရိတ်သက်သာစေရေးအတွက် ကျေးလက်ဒေသများတွင်  သဘာဝအစာများကို ပိုမိုအသုံးပြုကြသည်။  ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ငုံးများကို  အာဟာရပြည့်ဝသော အသင့်သုံးစပ်စာများဖြင့် စနစ်တကျကျွေးမွေးကြသည်။ ဤအစာများတွင် အသားနှင့်ဥထုတ်လုပ်ရန်အတွက်  လိုအပ်မည့်   ပရိုတင်း၊ ဗီတာမင်နှင့်  သတ္တုဓာတ်များ   တွက်ချက်ဖော်စပ်ထားသည်။

 ငုံးမွေးမြူရာတွင်  ရေသည်အစာကိုကြေညက်စေပြီး   ခန္ဓာကိုယ်အပူချိန်ကို   ထိန်းညှိရာတွင် အထောက်အကူပြုသောကြောင့် ၂၄ နာရီ ရေအမြဲရရှိရန်လိုအပ်သည်။

ငုံးများအတွက် အာဟာရပြည့်ဝသော အစာတွင် ပရိုတင်း၊ ကစီ၊ အဆီနှင့် အမျှင်ဓာတ်တို့၏ သင့်တင့်မျှတသော အချိုးအစားသည် ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးသည်။ အောက်ပါတို့မှာ ငုံးများအတွက် အာဟာရပြည့်ဝသောအစာတွင် ပါဝင်သင့်သော ပရိုတင်း၊ ကစီ၊ အဆီနှင့် အမျှင်ဓာတ်တို့၏ အချိုးအစားဖြစ်သည်။

(၁) ပရိုတင်းဓာတ်

ငုံးစာအတွက် ပရိုတင်းဓာတ်ရရှိနိုင်သော အစာအရင်းအမြစ်များသည်   ငုံးများ၏ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးသည်။  ပရိုတင်းဓာတ်သည်  ငုံးများ၏ခန္ဓာကိုယ် ဖွဲ့စည်းမှု၊ အမွေးအတောင်နှင့် ဥထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော  အာဟာရဓာတ်ဖြစ်သည်။ အောက်ပါတို့မှာ ငုံးစာအတွက် ပရိုတင်းဓာတ်ရရှိနိုင်သော အဓိကအစာအရင်းအမြစ်တချို့ဖြစ်သည်။

   (က) ငါးခြောက်မှုန့်။  ပရိုတင်းပါဝင်မှု ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းရှိပြီး  ငါးမှုန့်သည် အမြင့်မားဆုံးသော ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်သော အစာအရင်းအမြစ်ဖြစ်သည်။ ကယ်ဆီယမ်နှင့် ဖော့စဖရပ်ဓာတ်များလည်းပါဝင်သည်။

    (ခ) ပုစွန်ခွံမှုန့်။ ပရိုတင်းပါဝင်မှု ၄၀ ရာခိုင်နှုန်းမှ ၅၀   ရာခိုင်နှုန်းရှိပြီး  ပုစွန်ခွံမှုန့်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကယ်ဆီယမ်ဓာတ်လည်း ပါဝင်သည်။

    (ဂ) နှမ်းဖတ်။ ပရိုတင်းပါဝင်မှု ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းရှိပြီး  နှမ်းဖတ်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီဓာတ်လည်း အနည်းငယ်ပါဝင်သည်။

    (ဃ) နေကြာဖတ်။ ပရိုတင်းပါဝင်မှု ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းရှိပြီး နေကြာဖတ်သည် ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များပါဝင်သည်။

    (င) ပဲအမျိုးမျိုး။  ပရိုတင်းပါဝင်မှု ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရှိပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကတ္တီပါ စသည့်ပဲများသည် ပရိုတင်းဓာတ်ကြွယ်ဝသည်။

(၂) အမျှင်ဓာတ်

ငုံးစာအတွက် အမျှင်ဓာတ်ရရှိနိုင်သော အစာအရင်းအမြစ်များသည် အစာချေစနစ်ကို ထောက်ပံ့ပေးရန်အရေးကြီးသည်။ အမျှင်ဓာတ်သည် အစာချေလမ်းကြောင်းကို ကောင်းမွန်စေပြီး ငုံးများ၏ကျန်းမာရေးကို မြှင့်တင်ပေးသည်။ သို့သော် အမျှင်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုကျွေးမွေးပါက အစာချေစနစ်ကိုထိခိုက်စေနိုင်သည်။ အောက်ပါတို့မှာ ငုံးစာအတွက် အမျှင်ဓာတ်ရရှိနိုင်သော အဓိကအစာအရင်းအမြစ်တချို့ဖြစ်သည်။

    (က) စပါးဖွဲ။ အမျှင်ဓာတ်ပါဝင်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅  ရာခိုင်နှုန်းရှိပြီး စပါးဖွဲသည် အမျှင်ဓာတ်ကြွယ်ဝပြီး ကစီဓာတ်နှင့် ပရိုတင်းဓာတ်များလည်း ပါဝင်သည်။

   ( ခ ) ပြောင်းဖူးဖွဲ။  အမျှင်ဓာတ်ပါဝင်မှု ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းရှိပြီး ပြောင်းဖူးဖွဲသည် အမျှင်ဓာတ်နှင့် ကစီဓာတ်များ ပါဝင်သည်။

    ( ဂ ) နေကြာဖတ်။   အမျှင်ဓာတ်ပါဝင်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းရှိပြီး နေကြာဖတ်သည် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင်သည်။

    ( ဃ ) ပဲအမျိုးမျိုး။ အမျှင်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းရှိပြီး ပဲများသည် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များပါဝင်သည်။

(၃) ကစီဓာတ်

ငုံးစာအတွက် ကစီဓာတ် (စွမ်းအင်) ရရှိနိုင်သော အစာအရင်းအမြစ်များသည် ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် နေ့စဉ်လှုပ်ရှားမှုအတွက် အရေးကြီးသောစွမ်းအင်ကို ထောက်ပံ့ပေးသည်။ ကစီဓာတ်သည် ငုံးစာ၏ အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်ပြီး အောက်ပါအစာအရင်းအမြစ်များမှ ရရှိနိုင်သည်။

    (က) ပြောင်းဖူး။  ပြောင်းဖူးသည်  ကစီဓာတ်ကြွယ်ဝသော အဓိကအစာအရင်းအမြစ်ဖြစ်သည်။ ငုံးစာတွင် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်သည်။ စွမ်းအင်ကို အဓိကထောက်ပံ့ပေးပြီး ဈေးနှုန်းချိုသာသည်။

    ( ခ ) စပါး။ စပါးနှင့်စပါးဖွဲသည် ကစီဓာတ်ကြွယ်ဝသော အစာအရင်းအမြစ်များဖြစ်သည်။ စပါးဖွဲကို ငုံးစာတွင် ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ ထည့်သွင်းနိုင်သည်။ စပါးဖွဲတွင် အမျှင်ဓာတ်လည်း ပါဝင်သောကြောင့် အစာချေစနစ်ကို ထောက်ပံ့ပေးသည်။

    ( ဂ ) ဂျုံ။ ဂျုံနှင့် ဂျုံဖွဲသည် ကစီဓာတ်ကြွယ်ဝပြီး ပရိုတင်းဓာတ်လည်း အနည်းငယ်ပါဝင်သည်။ ငုံးစာတွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

    ( ဃ ) ပဲအမျိုးမျိုး။ ပဲအမျိုးမျိုး (ဥပမာ - ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကတ္တီပါ) တွင် ကစီဓာတ်နှင့် ပရိုတင်းဓာတ်များ  ပါဝင်သည်။  ငုံးစာတွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

    (  င  ) သကြား/ထန်းလျက်ဓာတ်။  သကြားဓာတ်သည် စွမ်းအင်ကို အမြန်ရရှိစေသော အရင်းအမြစ်ဖြစ်သည်။ ငုံးစာတွင် ၂ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

(၄) အဆီဓာတ်

ငုံးများအတွက် အစာတွင် အဆီဓာတ် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ပါဝင်သင့်သည်။ အဆီဓာတ်သည် စွမ်းအင်ထုတ်လုပ်ရန်အတွက် အဓိကလိုအပ်သည်။ ထို့ပြင် အဆီဓာတ်သည် ဗီတာမင် A, D, E, K ကဲ့သို့သော ဗီတာမင်များကို  စုပ်ယူရာတွင်လည်း အထောက်အကူပြုသည်။ အဆီဓာတ်ရရှိနိုင်သော  အရင်းအမြစ်များမှာ   ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ-ပြောင်းဖူးဆီ၊ နေကြာဆီ၊ ငါးဆီ)စသည့် တိရစ္ဆာန်အဆီများဖြစ်သည်။

ဒေသထွက်အစာကုန်ကြမ်းများဖြင့် စပ်စာပြုလုပ်ခြင်း (နမူနာ)

ငုံးစာကို ဖွဲ၊ ငါးခြောက်မှုန့်၊ ပြောင်းဖူးမှုန့်၊ နှမ်းဖတ် စသည့် ဒေသထွက်အစာကုန်ကြမ်း လေးမျိုးတို့ဖြင့် အာဟာရပြည့်ဝစွာဖော်စပ်ရန် အောက်ပါအချိုးကို အသုံးပြုနိုင်သည်။ ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် လိုအပ်သောအာဟာရဓာတ်များကို မျှတစွာပံ့ပိုးပေးနိုင်သည့် ဖော်ပြပါအချိုးဖြင့် စပ်စာပိဿာ ၁၀၀ နမူနာစပ်ကျွေးနိုင်သည်။

ငုံးစာပိဿာ ၁၀၀ အတွက် အချိုး အစာကုန်ကြမ်း တစ်မျိုးချင်းအလိုက်ထည့်ဝင်ရမည့် အချိုးမှာ-

-           ဖွဲ (Rice Bran)                       - ၄၀ ပိဿာ (၄၀ ရာခိုင်နှုန်း)

-           ငါးခြောက်မှုန့် (Fish Meal)            - ၂၀ ပိဿာ (၂၀ ရာခိုင်နှုန်း)

-           ပြောင်းဖူးမှုန့် (Corn Meal)            - ၃၀ ပိဿာ (၃၀ ရာခိုင်နှုန်း)

-           နှမ်းဖတ် (Sesame Meal)   - ၁၀ ပိဿာ (၁၀ ရာခိုင်နှုန်း) ဖော်စပ်ပြီး  အစာတွင် အာဟာရဓာတ်ပါဝင်မှု ရာခိုင်နှုန်းမှာ-

-           ပရိုတင်း -    ၂၀ ရာခိုင်နှုန်း မှ      ၂၅  ရာခိုင်နှုန်း

-           ကစီဓာတ် - ၅၀ ရာခိုင်နှုန်းမှ      ၆၀  ရာခိုင်နှုန်း

-           အဆီဓာတ် -          ၅ ရာခိုင်နှုန်းမှ         ၈    ရာခိုင်နှုန်း

-           အမျှင်ဓာတ် -         ၈ ရာခိုင်နှုန်းမှ         ၁၀  ရာခိုင်နှုန်း

သတိပြုရန်မှာ ဤအချိုးသည် ငုံးများ၏ အသက်အရွယ်၊ ရည်ရွယ်ချက် (ဥထုတ်လုပ်ရန် သို့မဟုတ် အသားထုတ်လုပ်ရန်) အလိုက် အနည်းငယ်ပြောင်းလဲနိုင်သည်။  မိမိဒေသထွက် ဈေးနှုန်းသင့်တင့်ပြီး အာဟာရပြည့်ကုန်ကြမ်းများနှင့်လည်း ဖော်စပ်ကျွေးမွေးနိုင်သည်။ နားလည်ကျွမ်းကျင်သည့် မွေးမြူရေးပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရန် အကြံပြုလိုသည်။

 ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်း

ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်းမှာ ဖော်ပြပါအတိုင်းဖြစ်၍ အထက်တွင် ရှင်းလင်း ပြခဲ့သည့် အစာစပ်နည်းဖြင့် မိမိလိုအပ်သည့် အစာပမာဏကို မိမိမွေးမြူသည့် ကောင်ရေနှင့် အသက် အရွယ်အလိုက် တွက်ချက်ကျွေးမွေးနိုင်သည်။

-           ၄ ပတ်သားငုံး - ၁၅ ဂရမ်(သုည ဒသမ ၉ ကျပ်သား)

-           ၅ ပတ်သားငုံး - ၁၅ ဂရမ်(သုည ဒသမ ၉ ကျပ်သား)

-           ၆ ပတ်သားငုံး - ၁၈ ဂရမ်(၁ ဒသမ ၁ ကျပ်သား)

-           ၇ ပတ်သားငုံး - ၂၁ ဂရမ်(၁ ဒသမ ၂ ကျပ်သား)

-           ၈ ပတ်သားငုံး -၂၄ ဂရမ်(၁ ဒသမ ၄ ကျပ်သား)

ကျန်းမာရေးစောင့်ရှောက်မှု

 ငုံးများကိုမွေးမြူရာတွင်   ပုံမှန်သန်ချဆေးပေးရန် လိုအပ်သည်။ ငုံးများတွင် ချေးဖြူရောဂါ၊ လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် ကြိုတင်ကာကွယ် ထားရန် လိုအပ်သည်။  ဝမ်းရောဂါဖြစ်ပွားပါက ရုတ်တရက်သေဆုံးနိုင်သဖြင့် အစာနှင့်ရေတွင် ဆေးထည့်ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။

ငုံးဥနှင့် ငုံးသားတို့၏ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ

ငုံးဥတွင် အသားဓာတ်၊ သံဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်းနှင့် ဘီတူး၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့် အခြားသတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးသား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ် ၂၅ ဂရမ်၊ အဆီဓာတ် ၁၄ ဂရမ်၊ ကယ်လိုရီဓာတ် ၂၂၇ ဂရမ်တို့ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့် သကြားဓာတ်များမပါဝင်ပါ။  ထို့ပြင် ငုံးသားတွင် သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် B-3 နှင့် B-6 များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးဥစားခြင်းဖြင့် ခုခံစွမ်းအားကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုဖြစ်စဉ်ကို တိုးတက်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေသည်။

 စားသောက်ဆိုင်မှ ငုံးဥနှင့် ငုံးသားအကင်

 တရုတ်ရိုးရာအစားအစာနှင့် နာမည်ကြီးဟင်းလျာ အများစုတွင် ငုံးဥသည် မပါမဖြစ်ပါဝင်လျက်ရှိသည်။ ကမ္ဘာ့နာမည်ကြီးဟင်းလျာများတွင်လည်း ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ငုံးသားမှာလည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များသည်။ မြန်မာနိုင်ငံတွင် ငုံးမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသများတွင် စီးပွားဖြစ်လုပ်ကိုင်လာကြသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပညာနှင့် စီမံခန့်ခွဲမှုစနစ်များ အားနည်းနေသေးသည်။ မွေးမြူသူများအနေဖြင့် နည်းပညာမြှင့်တင်ခြင်း၊ အာဟာရပြည့်ဝသော အစာများကို ပိုမိုအသုံးပြုခြင်းနှင့် ရောဂါကာကွယ်ရေးစနစ်များ ပိုမိုတိုးတက်လာပါက မြန်မာနိုင်ငံ၏ ငုံးမွေးမြူရေး လုပ်ငန်းသည်လည်း  ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်၍ ငုံးမွေးမြူရေးအတွက် သိပ္ပံနည်းကျနည်းစနစ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ် ရယူနိုင်ပါကြောင်း တင်ပြအပ်ပါသည်။   ။

MWD Web Portal

ဒေါက်တာရင်းမြစ် (မွေး/ကု)

ခရမ်းသီးစိုက်ပျိုးခြင်းနှင့်ကျန်းမာရေး
-

မြန်မာနိုင်ငံတွင် မြို့ပြနှင့်ကျေးလက်များပါမကျန် ဟင်းသီးဟင်းရွက်များကို အမြတ်တနိုး စားသုံးလေ့ရှိကြသည်။  ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်ကြော်လှော်၍ လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း နေရာဒေသအလိုက် အမျိုးမျိုးပြုပြင် ဖန်တီးစားသောက်ကြလေ့ရှိသည်။

ထိုဟင်းသီးဟင်းရွက်အမျိုးမျိုးရှိသည့်အနက် အာဟာရဓာတ်မျိုးစုံပါဝင်ပြီး ဆေးဖက်လည်းဝင် ထမင်းမြိန်ပြီး လူမျိုးမရွေးကြိုက်နှစ်သက်သော ခရမ်းသီးပင်နှင့်ပတ်သက်၍ တင်ပြလိုသည်။

ခရမ်းသီး၏မူရင်းဒေသသည် အိန္ဒိယနိုင်ငံ၊ အင်္ဂလိပ်အမည်မှာ Egg Plant(OR) Branjal၊ ရုက္ခဗေဒအမည်မှာ Solanum Melongena ဖြစ်သည်။

ခရမ်းမျိုးများ

မြန်မာနိုင်ငံတွင်တွေ့ရှိသော  ခရမ်းသီး၏အမျိုးအစားများမှာ ပင်ထောင်၊ ပင်ပြန့် စသည်ဖြင့် အပင်ပုံသဏ္ဌာန်အမျိုးမျိုးရှိပြီး ပင်ပြန့်သည်  သက်လျင်မျိုးသက်တမ်းဖြစ်ပြီး  ပင်ထောင်သည်  သက်ကြီးမျိုး သက်တမ်းဖြစ် သည်။ ပန်းပွင့်သည် အဆစ်ခြောက်ဆစ်မှ  ၁၄ ဆစ်အကြားတွင်ပွင့်သည်။  ခရမ်းကို ခရမ်းရှည်(ခရမ်းရောင်)၊ ဆင်စွယ်ခရမ်း(အဖြူရောင်)၊ ခရမ်းကြွပ်(အဖြူ/ခရမ်း)၊ ခရမ်းခါး(အထက်မြန်မာပြည်-စစ်ကိုင်းတိုင်း ဒေသကြီးတွင်တွေ့ရှိနိုင်)၊ ခရမ်းကစော့သီး၊ ခရမ်းခေါင်းသီး၊ ခရမ်းပဒေသာ(အစုလိုက်၊ အခိုင်လိုက်သီး)၊ ထောပတ်ခရမ်းဟူ၍ ဒေသအလိုက်အမျိုးမျိုးခေါ်တွင် စိုက်ပျိုးကြသည်။   

ခရမ်းသည် အပူကြိုက်အပင်ဖြစ်၍ မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသ အလွန်အေးသောဒေသမှလွဲ၍ ကျန်ဒေသများတွင် စိုက်ပျိုးနိုင်သည်။

အများအားဖြင့် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင်စိုက်ပျိုးကြပြီး ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။  မြေဆီထက်သန်ပြီးရေသွင်း၊ ရေထုတ်ကောင်းမွန်၍ အပူချိန် ၁၃ ဒီဂရီဆဲလ်စီးယက်မှ ၂၁ ဒီဂရီဆဲလ်စီးယက်၊ PH 5.5- 6.5 ရှိသောမြေမျိုးတွင်စိုက်ပျိုးပါက အထူးသင့်လျော်သည်။ စီးပွားဖြစ်  တစ်ဧကလျှင် မျိုးစေ့ ၅၀၀ ဂရမ် (၃၀ ကျပ်သား)ခန့်သုံးနိုင်သည်။

ခရမ်းသီးကို ခရမ်းသီးနှပ်၊ ခရမ်းသီးသုပ်၊ ခရမ်းသီးအစာသွတ်၊ ခရမ်းသီးကြော်၊ တို့စရာပြုလုပ်၍ ပုံစံအမျိုးမျိုး ချက်စားလေ့ရှိကြသည်။  

ခရမ်းသီးမီးဖုတ်သုပ်သည် မြန်မာတိုင်းရင်းသားတို့၏ အနှစ်သက်ဆုံးအစားအစာ တစ်ခုတွင်ပါဝင်သည်။ ယခုအခါ အကင်ဆိုင်များ၊ မြန်မာ့ရိုးရာထမင်းဆိုင်များ၊ ဟိုတယ်များတွင်လည်း ခရမ်းသီးဖြင့်ချက်ပြုတ်သော ဟင်းအမယ်စုံများ  နေရာယူလာကြသည်ကို လေ့လာသိရှိလာရသည်။ မိသားစုတွင်လည်း  ခရမ်းသီးနှင့်အသားဟင်းကို တွဲဖက်ချက်ပြုတ်ခြင်း၊  ဟင်းချိုများ၊ သီးစုံဟင်းများတွင်  ခရမ်းသီးသည်  ဇာတ်လိုက်ဖြစ်နေသည်။ ထို့ပြင် ခရမ်းသီးကို အခြောက်လှန်း၍ ရာသီမရွေးချက်ပြုတ် စားနိုင်အောင်လည်း ပြုပြင်ဆောင်ရွက်ကြသည်။ ထို့ကြောင့် ခရမ်းသီးသည် မြန်မာ့ကျေးလက်နှင့်မြို့ပြတို့၏ စားဖိုဆောင်တွင် အရေးပါနေခြင်းဖြစ်သည်။

ခရမ်းပင်စိုက်ပျိုးနည်းနှင့်မြေပြုပြင်နည်း

 ခရမ်းပင်ကိုပျိုးထောင်၍လည်းကောင်း၊ ရိုးရိုးကျင်းဖြင့် လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။ ပျိုးထောင်၍စိုက်ပျိုးမည်ဆိုပါက အလျား ၃ ပေ၊ အရှည်ပေ ၃၀ ရှိသော ပေါင်ပေါ်တွင် မျိုးစေ့များကို ၄ လက်မစီခြား၍ အပေါ်မှကောက်ရိုးပါးပါးဖုံး၍  ရေပန်းကရားဖြင့် ရေပါးပါးလောင်းပေးရသည်။ လှီသောအပင်များကို နုတ်ပစ်ရသည်။

တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၅၀ ကီလို နှစ်အိတ်၊ ပိုတက် ၅၀ ကီလို နှစ်အိတ်နှုန်းဖြင့် ယူရီးယားကို မြေပြင်စဉ်တစ်ကြိမ်နှင့် စိုက်ပြီး ၁ လမှ ၂ လတွင် တစ်ကြိမ်ထည့်ပေးရသည်။

စိုက်ခင်းမြေပေါ်တွင်   ထယ်ထိုး၍  ထွန်ရေးညက်အောင်ပြင်၍ တန်းကြား ၃ ပေမှ ၄ ပေ၊ ပင်ကြား ၂ ပေမှ ၃ ပေထား၍ ပျိုးခင်းမှပျိုးပင်များကို ပြောင်းရွှေ့စိုက်ပေးရသည်။ စိုက်ခင်းမြေသည် အစိုဓာတ်အသင့်အတင့် ရှိနေရန် ရေကြိုတင်သွင်းထားရမည်။ ပျိုးပင်သည်  အနည်းဆုံးအရွက် ငါးရွက်မှခြောက်ရွက်ရှိပါက စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးနိုင်သည်။ ရာသီဥတုပြင်းပါက အပေါ်မှအရွက်များ အုပ်ပေးခြင်းဖြင့်လည်းကောင်း သို့မဟုတ် ကောက်ရိုးပါးပါးဖြင့်လည်းကောင်း ဖုံး၍နေကာထားပေးရမည်။

ရေသွင်းနည်း

ပေါင်းရှင်းခြင်း၊ ပေါင်လုံးခြင်း၊ ရေမဝပ်အောင်မြေတောင်မြှောက်ခြင်း၊ အပင်ယိုင်လဲမှုမရှိစေရန် တိုင်ထောင်ပေးခြင်း၊ မြေအစိုဓာတ်နည်းပါက  ရေသွင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရသည်။ အိမ်တွင်းမိသားစု တစ်နိုင် တစ်ပိုင်အဖြစ်လည်း  စိုက်ပျိုးခြင်းဖြင့်  စားဖိုဆောင်စရိတ်သက်သာစေပြီး အပိုဝင်ငွေရရှိနိုင်သည်။

ခရမ်းပင်တွင်ပိုးမွှားအနေဖြင့် ခေါင်ညွန့်ထိုးပိုး၊သီးလုံးဖောက်ပိုးကျရောက်နိုင်သောကြောင့် လက်နှင့်ကောက်ယူဖျက်ဆီးခြင်း၊ ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ အပင်ရောဂါအနေဖြင့် ဗက်တီးရီးယား ပင်ညှိုးရောဂါ ကျရောက်နိုင်သည်။

ခရမ်းသီးခူးရာတွင် အသီးပုံသဏ္ဌာန်ကိုကြည့်ပြီး ဆွတ်ခူးနိုင်သည်။ လုံးဝိုင်းသောအသီးကို ပန်းပွင့်ပြီး ၂၅ ရက်မှ ၃၀ ရက်တွင်လည်းကောင်း၊ လုံးရှည်မျိုးကို ၃၀ ရက်တွင်လည်းကောင်း၊ အရှည်မျိုးကို ပန်းပွင့်ပြီး ၃၅  ရက်မှ ၄၀ ရက်တို့တွင်လည်းကောင်း ခူးဆွတ်နိုင်သည်။

အသီးများခူးဆွတ်ပြီး အသီးထွက်မှုကျဆင်းသွား၍ လမိုင်းထားမည်ဆိုပါက ပင်ခြေမှ အနည်းဆုံး ၆ လက်မှ ၈ လက်မခန့် သို့မဟုတ် ပင်ခြေမှအဆစ်သုံးဆစ်ချန်၍ အပေါ်ပိုင်းဖြတ်ပြီး ယူရီးယားကျွေးခြင်း၊ ရေသွင်းခြင်း၊ ပေါင်းရှင်းခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်ဆိုပါက တစ်လအတွင်း အသီးများ ထပ်မံခူးနိုင်သည်။ တစ်ဧကလျှင် ခရမ်းသီးပိဿာ ၆၀၀၀ မှ ၈၀၀၀ ခန့်ထွက်ရှိနိုင်ပြီး ဝင်ငွေအကျိုးအမြတ် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းအထိ ရရှိနိုင်သည်။      

ခရမ်းသီးသည်  ဗီတာမင်စီဓာတ်ကြွယ်ဝခြင်း၊  ရောင်ရမ်းခြင်းဝေဒနာကို သက်သာနိုင်ခြင်း၊ နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကိုအကျိုးပြုသည့်အပြင် အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းနိုင်စွမ်းရှိကြောင်း၊ လူတစ်ဦး ၅၀၀ ဂရမ်ခန့် စားသုံးသင့်ကြောင်း၊ ခရမ်းသီးတွင် Phytonutrients ဟုခေါ်သော နှလုံးကိုကာကွယ်ပေးသော ဒြပ်ပေါင်းတစ်မျိုး ပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက် ကောင်းမွန်စေကြောင်းသိရှိရသည်။ ခရမ်းသီးအခွံတွင်ပါသော Nasunin ခေါ်သောဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေကြောင်း၊Nasunin သည် ဦးနှောက်ထဲတွင် အဆီဓာတ်များ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးထားကြောင်း၊ ဦးနှောက်ဆဲလ်အမြှေးထဲတွင် တွေ့ရှိရကြောင်း၊ ထို့ကြောင့် ခရမ်းသီးကို အခွံမခွာဘဲစားသင့်ကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာစေနိုင်ကြောင်းကို ကျန်းမာရေးနှင့်ဆေးပညာ ဝက်ဆိုက်မှ ဖတ်ရှုမှတ်သား ရသည်။

ခရမ်းသီးများကို ဒေသတွင်းစီးပွားဖြစ် စိုက်ပျိုးကြသော တောင်သူများက လက်ကားဈေးမှတစ်ဆင့် ဈေးအသီးသီးရှိ လက်လီဆိုင်များ၊ ထိုမှတစ်ဆင့် ဆိုက်တွဲ၊ သုံးဘီး၊ စက်ဘီးတို့ဖြင့် ရွေ့လျားဈေးသည်များ အဆင့်ဆင့် ဖြန့်ဖြူး ရောင်းချပေးနေကြသည်။

ထို့ပြင် တစ်နိုင်တစ်ပိုင်စိုက်ကြသော တောင်သူငယ်များကလည်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချနေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ လတ်ဆတ်စွာစားသုံးနိုင်ရန် မိမိအိမ်ခြံဝင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ကြောင်း အကြံပြုအပ်သည်။  အချို့သောဒေသများတွင် နေရာအခက်အခဲရှိသဖြင့် အိုးများဖြင့်ထည့်သွင်းစိုက်ပျိုးသည့်အတွက် လွယ်ကူစွာစိုက်ပျိုးနိုင်သည်။

ခရမ်းမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံနှင့်ဇီဝဌာနမှလည်း သုတေသနပြုဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မျိုးစေ့ကော်မတီမှ မှတ်ပုံတင်ခွင့်ရရှိထားသော မျိုးစေ့ထုတ်ကုမ္ပဏီများကလည်း ရောင်းချပေးနေ၍ ကြိုက်နှစ်သက်ရာမျိုးကို ဝယ်ယူစိုက်ပျိုးနိုင်သည်။

နိုင်ငံသူ၊ နိုင်ငံသားများ၏စားရေရိက္ခာကြွယ်ဝရေး၊ အာဟာရပြည့်ဝသော ဟင်းလျာများစားသုံးနိုင်ရေးတို့အတွက် ခရမ်းစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ စို့ဟု တိုက်တွန်းလိုက်ရပါသည်။    ။

MWD Web Portal

တာတာဝင်း(SCD)

ရွှေစိမ်း ခေါ် ဝါး (ဝါးအကြောင်းသိကောင်းစရာနှင့် ဝါးပျိုးထောင်စိုက်ပျိုးခြင်းနည်းလမ်းများ)
-

ယမန်နေ့မှအဆက်

ဝါးပင်ပေါက်များရွှေ့ပြောင်းပျိုးထောင်ခြင်း

မျိုးဖောက်ပေါင်အတွင်း မျိုးဖောက်ထားသောဝါးပင်ငယ်များ အရွက်သုံးရွက်မှလေးရွက်ထွက်ရှိလာချိန်  သက်တမ်းအားဖြင့် ရက်သတ္တတစ်ပတ်ခွဲခန့်ရှိ ဝါးပျိုးပင်ငယ်များကို အသင့်ပြင်ဆင်ထားသော ပလတ်စတစ်အိတ်များသို့ရွှေ့ပြောင်း၍ ဆက်လက်ပျိုးထောင်ရမည်။ ယင်းသို့ပျိုးထောင်ချိန်တွင် နေရောင်ခြည်အနည်းငယ်ထားရှိပေးရန်နှင့် အစိုဓာတ်မပြတ်စေရန် ဂရုပြုဆောင်ရွက်ပေးရန် အထူးလိုအပ်သည်။ 

ဝါးပင်ပိုင်း(ခန္ဓာပိုင်း) မျိုးပွားခြင်း

ဝါးမျိုးများပျိုးထောင်ရာတွင် အဓိကအားဖြင့် လက်တွေ့ဆောင်ရွက်ရာတွင်   လွယ်ကူထိရောက်သော  ဝါးခန္ဓာပိုင်းမျိုးပွားနည်းစနစ်သုံးနည်းရှိသည်။ ၎င်းတို့မှာ -

(က) ဝါးအမြစ်ဆုံကိုအသုံးပြုမျိုးပွားခြင်း၊

( ခ ) ဝါးဘေးကိုင်းတက်များအား မြေထုပ်စည်းမျိုးပွားခြင်း၊

( ဂ ) ဝါးအဆစ်ဖြတ်ပိုင်းမျိုးပွားခြင်းတို့ဖြစ်သည်။

ဝါးအမြစ်ဆုံအသုံးပြု မျိုးပွားခြင်း

ဤနည်းသည် မြန်မာနိုင်ငံတွင် မိရိုးဖလာဝါးပျိုးထောင်စိုက်ပျိုးသော နည်းတစ်နည်းဖြစ်ပြီး ကျေးလက်ဒေသများရှိ ဥယျာဉ်ခြံများ၊ ပုဂ္ဂလိကဝါးစိုက်ခင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးများသည့်နည်းတစ်နည်းဖြစ်ကြောင်းလေ့လာတွေ့ရှိရသည်။ တစ်နှစ်သားဝါး (ဝါးနု)၏ အမြစ်ဆုံအပိုင်းအား မိခင်ဝါးရုံမှ စနစ်တကျဖြတ်တောက်ယူ၍ ပျိုးထောင်စိုက်ပျိုးသောနည်းဖြစ်သည်။ ဤနည်းဖြင့် ပျိုးထောင်စိုက်ပျိုးပါက သုံးနှစ်မှလေးနှစ်အတွင်း ဝါးထုတ်ယူနိုင်သည့် ဝါးရုံအဆင့်သို့ရောက်ရှိနိုင်သည်။  ဤနည်းဖြင့် ဧရိယာကျယ်ပြန့်သော ဝါးစိုက်ခင်းတည်ထောင်ရန် မျိုးပင်အရေအတွက် အလုံအလောက်ရရှိရန် အခက်အခဲရှိနိုင်သည်။ ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း တစ်နှစ်သားဝါးပင်၏ အမြစ်ဆုံအား ဝါးရုံမှမျှစ်မထွက်မီ မိုးကြိုကာလ ဧပြီလနှင့်မေလတို့တွင် စုဆောင်းပျိုးထောင်သင့်သည်။

အမြစ်ဆုံဖြင့် ပျိုးထောင်မျိုးပွားရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်အောင်လုံသည့် အမြစ်ဆုံဖြတ်ပိုင်းပျိုးပင်ကို ပျိုးထောင်နိုင်မည်ဖြစ်သည်-

-        အမြစ်ဆုံယူမည့် မိခင်ဝါးပင်၏ အသက်သည်  တစ်နှစ်သားဖြစ်ရမည်။ 

-        တူးယူဖြတ်တောက်ရာတွင် တစ်နှစ်သားဝါးပင်အမြစ်ဆုံအား  နှစ်နှစ်သားဝါးပင်၏ အမြစ်ဆုံအခြေနှင့်ဆက်နေသည့်လည်တိုင်အား သေချာကြည့်၍ ဂရုပြုဖြတ်တောက်ရမည်။ 

-        တူးယူသည့်အခါ အမြစ်ဆုံရှိ ဘေးမျက်စိများမပျက်စီးရန်နှင့် အမြစ်ခေါင်းကွဲအက်ပျက်စီးမှုမရှိစေရန် ဂရုပြုတူးယူရမည်။ 

-        ဖြတ်တောက်ယူထားသော အမြစ်ဆုံများအား သယ်ဆောင်ရန်အတွက် ရေစိုအဝတ်ဖြင့် အုပ်ခြင်း သို့မဟုတ် ရေမပြတ်စွတ်ပေးရန်လိုအပ်သည်။ 

-        အမြစ်ဆုံကို မိုးမကျမီ ကဆုန်လ (ဇွန်လ)တွင် တိုက်ရိုက်မြေချစိုက်ပျိုး၍သော်လည်းကောင်း၊ ပျိုးအိတ်ကြီးများတွင်လည်းကောင်း ၄၅ ဒီဂရီခန့် ခပ်စောင်းစောင်း သို့မဟုတ် ထောင်မတ်သည့်အနေအထားဖြင့် လှုပ်နိုင်ရန် တန်းတွင်ခိုင်မြဲစွာချည်နှောင်၍ ပျိုးထောင်စိုက်ပျိုးပေးရသည်။ 

-        စိုက်ပျိုးပြီးပါက တစ်နေ့ ရေနှစ်ကြိမ်မှန်မှန်လောင်းပေးရမည်။ ဝါးဘေးကိုင်းတက်များအား မြေထုပ်စည်းမျိုးပွားခြင်းဤနည်းသည် ဘေးကိုင်းတက်ထွက်သော ဝါးမျိုးများအတွက် သင့်လျော်သော မျိုးပွားနည်းတစ်မျိုးဖြစ်သည်။ ဝါးလုံးတစ်လျှောက်ရှိ ဝါးအဆစ်များမှထွက်နေသော  ကိုင်းတက်များ၏အောက်ခြေမှ မြေထုပ်စည်း၍ ဝါးပင်သစ်တစ်ပင်ရရှိအောင် မျိုးပွားသောနည်းဖြစ်သည်။

ဤနည်းသည်  မျိုးပွားမည့် ဘေးကိုင်းတက်များကို မိခင်ဝါးရုံမှဖြတ်တောက်ခြင်းမပြုဘဲ ဘေးကိုင်းတက်အား အပင်သစ်တစ်ပင်အဖြစ် ရှင်သန်စေသောကြောင့် ရှင်သန်မှုနှုန်းကောင်းသည်ကိုတွေ့ရှိရသည်။ အရွယ်ညီ ဝါးပျိုးပင်များရရှိနိုင်ပြီး ပျိုးပင်အရေအတွက်များများကို ကုန်ကျစရိတ်နည်းနည်းဖြင့်    ပျိုးထောင်နိုင်သည့်နည်းဖြစ်သည်။

ဘေးကိုင်းတက်မရှိသော ဝါးမျိုးများအတွက် သင့်လျော်မှုမရှိပေ (ဥပမာ ထီးရိုးဝါး)။  ခြောက်သွေ့သောရာသီတွင်လည်း ဆောင်ရွက်နိုင်သည်။ မတ်လနှင့်ဧပြီလတို့တွင် မြေထုပ်အား အစိုဓာတ်မပြတ်စေရန်လိုအပ်သည်။ မြေထုပ်စည်းပြီး တစ်လအကြာတွင် အမြစ်များဖွံ့ဖြိုးနိုင်သည်။ နောက် သုံးလမှလေးလကြာပါက အမြစ်များကောင်းစွာဖွံ့ဖြိုးနိုင်သည်။

အမြစ်များကောင်းစွာဖွံ့ဖြိုးပြီးပါက ဘေးကိုင်းတက်ပျိုးပင်များကို မိခင်ဝါးပင်မှ ဂရုတစိုက်ဖြတ်တောက်ယူ၍ မြေဆွေး၊ နွားချေး၊ ဖွဲပြာအား (၅:၃:၂) အတိုင်းရောစပ်အသင့်ပြင်ဆင်ထားသည့် ပျိုးအိတ်များအတွင်း ပြောင်းရွှေ့ ပျိုးထောင်စိုက်ပျိုးနိုင်သည်။ မိုးဦးကျပြီး အစိုဓာတ်များများရသည့်ကာလတွင် မြေချစိုက်ပျိုးနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့်ပျိုးထောင်ပြီး စနစ်တကျပြုစုမှုပေးပါက စိုက်ပျိုးပြီး  လေးနှစ်မှငါးနှစ်ကျော်သည့်အချိန်တွင် ဝါးရင့်များ စတင်ခုတ်ယူနိုင်မည်ဖြစ်သည်။

ဘေးကိုင်းတက်မြေထုပ်စည်းခြင်းတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်အောင်လုံသည့်  ဘေးကိုင်းတက်မြေထုပ်စည်းဝါးပျိုးပင်ကို   ပျိုးထောင်နိုင်မည်ဖြစ်သည်-

-        ဘေးကိုင်းတက်မြေထုပ်စည်းမည့်မိခင်ဝါးပင်သည် တစ်နှစ်သားဖြစ်ရမည်။

-        မြေထုပ်စည်းမည့်  ဘေးကိုင်းတက်၏အမြစ်ခေါင်းအား  ထိခိုက်မှုမရှိစေရန် မိခင်ဝါးပင်နှင့်ဆက်စပ်နေသည့် အဆစ်အပေါ်ပိုင်းမှ အသားအနည်းငယ်ချန်၍ သံဖြတ်လွှဖြင့် တည်းတည်းဖြတ်ထားပေးရမည်။

-        ဝါးပင်၏ အလယ်ပိုင်းရှိ ဘေးကိုင်းတက်များကို မြေထုပ်စည်းရန် ရွေးချယ်ရမည်။ ဝါးလုံး၏ အရင်းပိုင်းနှင့်အဖျားပိုင်းရှိ ဘေးကိုင်းတက်များအား မရွေးချယ်ရပါ။

-        မြေထုပ်စည်းမည့် ဘေးကိုင်းတက်အထက်တွင် ဆစ်ကြားသုံးဆစ်မှလေးဆစ်ခန့်ချန်ထား၍ ကျန်အပေါ်ပိုင်းအားလုံး ဖြတ်တောက်ရမည်။

-        မြေထုပ်တွင်ထည့်မည့် အုန်းဆန်မှုန့်၊ မြေဆွေးနှင့် ဖွဲပြာတို့ကို ဆတူရော၍ သမအောင်မွှေပြီး ရေဖြင့်ကြိုတင်နှပ်၍ စပ်မြေပြင်ဆင်ထားရမည်။

-        ဘေးကိုင်းတက်အောက်ခြေတွင် မြေထုပ်စည်းရန် ၉ လက်မ ပတ်လည်ပလတ်စတစ်ထား၍ အတွင်းသို့ အသင့်စပ်ထားသော စပ်မြေထည့်ပြီးပါက အစိုဓာတ်မပြတ်စေရန် သေချာစွာကြိုးဖြင့် တင်းတင်းချည်နှောင်ပေးရမည်။ 

-        မြေထုပ်စည်းအား ရေအစိုဓာတ်မပြတ်ရှိနေစေရန် ဂရုပြုဆောင်ရွက်ရမည်။ 

ဝါးအဆစ်ဖြတ်ပိုင်းမျိုးပွားခြင်း

ဤမျိုးပွားနည်းသည် နှစ်နှစ်သားသက်တမ်းရှိ ဝါးပင်များ၏အလယ်ပိုင်းရှိ အဆစ်များကို (တစ်ဆစ်၊ နှစ်ဆစ်)  ဖြတ်တောက်၍ မြေတွင်မြှုပ်၍ အဆစ်ရှိဘေးဖူးများမှ ဝါးပင်သစ်များအဖြစ် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်သောနည်းဖြစ်သည်။ ဤမျိုးပွားနည်းသည် လုပ်ဆောင်ရလွယ်ကူပြီး လုပ်အားသက်သာကာ သယ်ယူပို့ဆောင်ရာတွင်လည်းလွယ်ကူမှုရှိသည်။ 

ဤနည်းကို ဘေးကိုင်းတက်မထွက်သောဝါးမျိုးများ မျိုးပွားရယူရန် အသုံးပြုနိုင်သည်။ အသားပါးသော ဝါးမျိုးများအတွက် အဆစ်ဘေးဖူးမှ ရွက်ညွန့်နှင့် အမြစ်ထွက်ရှိရန်အားနည်းသည်။  ပျိုးထောင်ထားသောအဆစ်ပိုင်းများမှ တစ်လအတွင်း အညွန့်များထွက်၍ အမြစ်ထွက်ရန် တစ်လခွဲမှ သုံးလခန့် ကြာမြင့်တတ်သည်။ အမြစ်များကောင်းစွာဖွံ့ဖြိုးပြီးပါက ဝါးဆစ်ပိုင်းပျိုးပင်များကို မိုးဦးကျပြီး အစိုဓာတ်များများရသည့်ကာလတွင် မြေချစိုက်ပျိုးနိုင်သည်။ ဤနည်းဖြင့် ပျိုးထောင်ပြီး စနစ်တကျပြုစုမှုပေးပါက စိုက်ပျိုးပြီး  ငါးနှစ်မှခြောက်နှစ်ကျော်သည့်အချိန်မှ ဝါးရင့်များစတင်ခုတ်ယူနိုင်မည်ဖြစ်သည်။

ဝါးအဆစ်ဖြတ်ပိုင်းဖြင့် ပျိုးထောင်ရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ပါက ဝါးအဆစ်ဖြတ်ပိုင်းပျိုးပင်များ ပျိုးထောင်နိုင်မည်ဖြစ်သည်-

-        တစ်နှစ်/တစ်နှစ်ခွဲ သက်တမ်းရှိ ဝါးပင်(မိခင်ပင်)၏အလယ်ပိုင်းရှိ ဝါးအဆစ်ပိုင်းများကို အသုံးပြုရသည်။ အဖျားပိုင်းနှင့်အရင်းပိုင်းမှ အဆစ်များမရွေးချယ်ရပါ။

-        ဖြတ်တောက်ပြီးအဆစ်ပိုင်းများကို    ပျိုးထောင်မည့်နေရာသို့ သယ်ဆောင်ရာတွင် ရေစိုဝတ်ဖြင့် ပတ်ထားရန်လိုအပ်မည်။

-        အဆစ်နှစ်ဆစ်ကြား အလယ်တွင် အပေါက်ဖောက်၍ ရေ သို့မဟုတ် အပင်အားဆေးရည်ထည့်၍ ပျိုးထောင်ရသည်။

-        မြေကြီးတွင် ဝါးအဆစ်များမြုပ်ရုံအနက်ထား၍ အပေါ်မှ ကောက်ရိုးများဖုံး၍ တစ်နေ့ရေနှစ်ကြိမ်လောင်းပေးရသည်။

-        ရက်သတ္တနှစ်ပတ်ခန့်တွင် အညွန့်နှင့်အရွက်များထွက်လာပြီး တစ်လခန့်ကြာသော် အမြစ်ကောင်းစွာဖွံ့ဖြိုးလာပြီး ဝါးပျိုးပင်ငယ်များရရှိပြီး ပျိုးအိတ်တွင် သို့မဟုတ် မြေချ စိုက်ပျိုးနိုင်မည်ဖြစ်သည်။

ဝါးပျိုးထောင်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ

အောက်ပါအဓိကအချက်များကို လိုက်နာဆောင်ရွက်ပါက ဝါးမျိုးပွားပျိုးထောင်စိုက်ပျိုးခြင်းကို  ကောင်းစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်-

-        (ပျိုးထောင်ချိန်) ဝါးမျိုးပွားခြင်းကို ပွင့်လင်းရာသီ (ဝါးမြေအောက်ပင်စည်ပိုင်း နိုးကြားနေချိန်) ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ပြုလုပ်ပါ။

-        (ဝါးပင်အသက်) ဝါးမျိုးပွားနည်းအလိုက် ရှိသင့်သည့် မိခင်ဝါးပင်၏အသက်ကို (သတ်မှတ် အသက်ထက်မကျော်ရန်) ဂရုပြုရွေးချယ်ပါ။

-        (ရှင်သန်ခြင်း) ပျိုးထောင်သည့် ဝါးပင်သည် အညွန့်ထွက်ရုံဖြင့် ရှင်သန်သည်ဟု မဆိုနိုင်ပါ။ မြေအောက်အမြစ်ဆုံ၊ အဆစ်ဘေးမျက်စိဖူးများမှ (မျှစ်) ဝါးပင်ငယ်ထွက်လာမှသာ ရှင်သန်သည်ဟု ဆိုနိုင်သည်။ ဝါးအား ခန္ဓာပိုင်းမျိုးပွားခြင်းဆောင်ရွက်ရာတွင် ပျိုးပင်များမှ အပင်သစ်  (မျှစ်) ထွက်ရှိအောင် ရေမှန်မှန်လောင်းပေးခြင်း၊ စိုထိုင်းဆရရှိအောင် ဆောင်ရွက်ပေးခြင်း၊  အရိပ်စင် ပြုလုပ်ပေးခြင်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။

-        ပျိုးထောင်စိုက်ပျိုးချိန်မှန်ကန်ရန် ဝါးပျိုးပင်များကို ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း ကဆုန်လ (ဇွန်လ) ထက် နောက်မကျစေဘဲ ပျိုးထောင်စိုက်ပျိုးသင့်သည်။

-        ပျိုးထောင်ထားသော ဝါးပျိုးပင်များ ကောင်းမွန်စွာရှင်သန်နိုင်ရန် ရေလောင်းပေါင်းသင်ခြင်း၊ လိုအပ်ပါကမြေဩဇာကျွေးခြင်း၊ ပိုးမွှားရောဂါဒဏ်ကာကွယ်ခြင်းများ စသည့်ပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ဝါးသယံဇာတသည် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သော ကျေးလက်နေပြည်သူများအတွက်အရေးကြီးသည့် သစ်မဟုတ်သည့်  သစ်တောထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး  ယခုအခါ ဝါးအခြေခံအသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ ဝါးသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရန်မှာ အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ပါ၍ သဘာဝဝါးတောများ ပြုစုထိန်းသိမ်းခြင်း၊  ပုဂ္ဂလိကဝါးစိုက်ခင်းများတည်ထောင်ထုတ်လုပ်ခြင်း၊ စနစ်တကျဝါးနှင့်မျှစ်ထုတ်ယူခြင်းဆောင်ရွက်ခြင်း၊  ဝါးအခြေပြုစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏  ဝါးနှင့်ပတ်သက်သည့်အခန်းကဏ္ဍသည်လည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးလျက်ရှိသဖြင့် ဝါးအခြေပြုအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအား မြှင့်တင်ပေးရန် လိုအပ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးသည် ဝါးပျိုးထောင် စိုက်ပျိုးထုတ်လုပ် လိုသူများအတွက်  အထောက်အကူပြုနိုင်မည်ဟုယုံကြည်မိပါသည်။      ။

အောင်ဇော်မိုး(သုတေသနအရာရှိ)

သစ်အစားထိုးနိုင်သည့်ရွှေစိမ်း

ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ၏ ပေါင်းစပ်တီထွင်လာမှုနှင့် အတူ တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo particle Board၊ Bamboo Lumber များ ထုတ်လုပ်သုံးစွဲလာနိုင်ခြင်းကြောင့် သစ်၏နေရာတွင် အစားထိုးအသုံးပြုနိုင်လာသည့် အလားအလာရှိသော ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝ သယံဇာတတစ်မျိုးလည်းဖြစ်လာခြင်း၊ ထို့ပြင် ဝါးထုတ်ကုန်ပစ္စည်းထုတ်လုပ်ရာမှထွက်ရှိလာသည့် ဝါးအပိုင်းအစများမှ  ဘေးထွက်ပစ္စည်းထုတ်ကုန်အဖြစ် ဝါးမီးသွေးထုတ်လုပ်ခြင်း၊ ဝါးအချဉ်ရည်မှ လူသုံးကုန်ပစ္စည်းနှင့်ဆေးဝါးများ၊ ဝါးအမျှင်မှ အဝတ်အထည်များ စသည့်ဝါးထုတ်ကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်နိုင်သည်။ ဝါးအခြေခံထုတ်ကုန်လုပ်ငန်းများ ယခုထက်ပိုမိုတွင်တွင်ကျယ်ကျယ် ထွန်းကားလာမည်ဆိုပါက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ ရရှိလာနိုင်ခြင်းတို့ကြောင့် ယခုအခါ ဝါးကို “ရွှေစိမ်း” ဟူ၍လည်း တင်စားခေါ်ဝေါ်လာခဲ့ကြသည်။ 

မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များ

ဤကဲ့သို့အရေးပါသည့် သစ်မဟုတ်သည့် အခြားသစ်တောထွက်ပစ္စည်းတစ်မျိုးဖြစ်သည့်  ဝါးသယံဇာတ အရင်းအမြစ်အားလေ့လာကြည့်ပါက ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုးနှင့် ဝါးမျိုးစိတ် ၁၂၅၀ မျိုးခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးရှိသဖြင့် ကမ္ဘာ့ဝါးမျိုးစိတ် အရေအတွက်၏ ၈ ရာခိုင်နှုန်းခန့်သည် နိုင်ငံတစ်ဝန်း ပျံ့နှံ့ပေါက်ရောက်လျက်ရှိကြောင်းတွေ့ရှိရသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်အဖွဲ့အစည်း (International Bamboo and Rattan Organization-INBAR) ၏ စံသတ်မှတ်ချက်များဖြစ်သည့်  ကျယ်ပြန့်စွာပျံ့နှံ့ ပေါက်ရောက်မှု၊ မျိုးပွားခြင်းနှင့်စိုက်ပျိုးရန် နည်းလမ်းရှိမှု၊ ဘက်စုံအသုံးချနိုင်မှု၊ ဈေးကွက်ဝင်မှုစသည့် စံသတ်မှတ်ချက်များအရ မြန်မာနိုင်ငံရှိ ဝါးမျိုး ၁၀၂ မျိုး အနက် ဖော်ပြပါဝါးမျိုးစိတ် ၁၈ မျိုးအား စီးပွားရေးအသုံးဝင်ဝါးမျိုးစိတ်များအဖြစ် မှတ်တမ်းတင်ထားသည်ကိုလေ့လာတွေ့ရှိရသည်-

ဝါးပေါက်ရောက်ပုံသဘာဝ

ဝါးပင်နှင့်ပတ်သက်သည့် ပင်ပိုင်းဖွဲ့စည်းပုံဆိုင်ရာ ရုက္ခဗေဒသွင်ပြင်လက္ခဏာအခြေခံအချက် အလက် များ၊ ပေါက်ရောက်ပုံအလေ့အထ၊ ကြီးထွားရှင်သန်ပုံ အစရှိသည့်အကြောင်းအရာများကို လေ့လာသိရှိ နားလည်ထားခြင်းဖြင့် ဝါးမျိုးများပျိုးထောင်စိုက်ပျိုးခြင်း၊ ဝါးစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝ ဝါးတောများ ထာဝစဉ်ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

မိုးရေချိန်၊ အပူချိန်၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်နှင့် မြေဆီလွှာအနေအထားပေါ်မူတည်၍ ကွဲပြားသောဝါးမျိုးစိတ်များ ရှင်သန်ပေါက်ရောက်ကြသည်ကို တွေ့ရှိရသည်။ ဝါးကောင်းမွန်စွာ ပေါက်ရောက်နိုင်သည့် သဘာဝပတ်ဝန်းကျင်အခြေအနေများမှာ အပူချိန် ၈ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ် လိုအပ်ပြီး မိုးရေချိန်အနည်းဆုံး ၃၉ လက်မရှိရန်လိုအပ်သည်။ စိုထိုင်းဆများရန်လည်း လိုအပ်သည်။ များသောအားဖြင့် မိုးရေချိန် ၄၇ လက်မ မှ ၁၅၇ လက်မအတွင်းရှိ ဒေသများတွင်လည်း သဘာဝအလျောက် ဝါးပေါက်ရောက်လေ့ရှိသည်။ ဝါးပေါက်ရောက်မှုကောင်းသည့် မြေအမျိုးအစားမှာ မြေချဉ်ငန်ဓာတ် (pH ၆ ဒသမ ၅-၇) ရှိ အချဉ်ဓာတ်အနည်းငယ်ရှိသော သဲဆန်သည့်နုန်းမြေမျိုးဖြစ်သည်။ အဆိုပါမြေမျိုးသည် ရေစီးရေလာကောင်းမွန်သည့်အပြင် အစိုဓာတ်ကိုလည်း ထိန်းသိမ်းနိုင်ပြီး ဝါး အတွက်လိုအပ်သည့် အာဟာရနှင့်ပြည့်စုံသောမြေလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဝါးပေါက်ရောက်မှုကိုလေ့လာကြည့်ပါက သစ်တောများအတွင်း ဝါးသည် သစ်တော သစ်ပင်များအောက်တွင် အောက်ခံပင်များအဖြစ်လည်းကောင်း၊ သစ်တောသစ်ပင်များနှင့် မိတ်ဖက် အပင်အနေဖြင့်လည်းကောင်း  ပေါက်ရောက်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များအလင်းပွင့် သွားပါက ထိုနေရာတွင် သဘာဝအလျောက် ဝါးများတိုးချဲ့ဝင်ရောက်ပေါက်ရောက်ကြသည်။ ရွက်ပြတ် ရောနှောတော၊ တောစိုများတွင် အထူးသဖြင့် တနင်္သာရီနှင့် ရခိုင်ရိုးမရှိ သစ်တောများတွင် ကရင်ဝါး မျိုးများ တစ်ဆက်တစ်စပ်တည်း ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်ကြပြီး သစ်တောသစ်ပင်များ လျော့နည်းသွားပါက ထိုနေရာများတွင် ထူထပ်စွာအစားထိုးဝင်ရောက်ပေါက်ရောက်တတ်ကြသည်။ ရွက်ပြတ်ရောနှောတောများတွင် ကြသောင်း၊ မြင်၊ တင်း၊ ဝါးဖြူတို့သည် ကျွန်း၊ ပျဉ်းကတိုးကဲ့သို့သော တန်ဖိုးရှိအပင်ကြီးမျိုးများနှင့် ကောင်းမွန်စွာရောနှောပေါက်ရောက်လျက်ရှိတတ်သည်။

ဝါးပင်၏အစိတ်အပိုင်းများ

ဝါးရုံတစ်ရုံ၌ နှစ်ချင်းပေါက်တစ်နှစ်သားဝါးကို ဝါးနုဟူ၍လည်းကောင်း၊ နှစ်နှစ်သားဝါးကို တညင်ဝါး ဟူ၍လည်းကောင်း၊ သုံးနှစ်နှင့်အထက်ဝါးများကို ဝါးရင့်ဟူ၍လည်းကောင်း ဝါးလုံး၏သက်တမ်းပေါ်မူ တည်၍ သတ်မှတ်ခေါ်ဝေါ်ကြသည်။ ဝါးရုံတစ်ရုံတွင် မြေအောက်ပင်စည်အဖွဲ့ အစည်းနှင့် မြေပေါ်ပင်ပိုင်း အဖွဲ့အစည်းဟူ၍ နှစ်ပိုင်းခွဲခြားလေ့လာနိုင်မည်ဖြစ်သည်။

ဝါးပေါက်ရောက်ပုံသဘာဝ၊ရာသီဥတုအပိုင်းအခြား(အပူပိုင်း၊ နွေးသမပိုင်း၊ သမပိုင်း) ပေါ်မူတည်၍ ဝါး ပေါက်ရောက်ပုံအား သုံးမျိုးခွဲခြားလေ့လာနိုင်သည်။

ယင်းတို့မှာ-  

(က) တစ်ပင်ချင်းပေါက်သောဝါးအမျိုးအစား

( ခ ) အစုလိုက်အရုံလိုက်ပေါက်သောဝါးအမျိုးအစားနှင့်

(ဂ ) အထက်ပါအုပ်စုနှစ်စုစပ်ဝါးအမျိုးအစား ဟူ၍လေ့လာနိုင်မည်ဖြစ်သည်။

တစ်ပင်ချင်းပေါက်သောဝါးအမျိုးအစား

တစ်ပင်ချင်းစီပေါက်သော  ဝါးအမျိုးအစားတွင် ရှည်လျားသော မြေအောက်ပင်စည်ရှိသည်။ မိခင်မြေ အောက်ပင်စည်၏အဆစ်များရှိ ဘေးဖူးမှဖြစ်ပေါ်လာသော မြေလျှောက်ပင်စည်အသစ်သည် မြေကြီး အတွင်း မြေပြင်ညီအနေအထားအတိုင်း အတော်အတန် အကွာအဝေးထိ လျှောက်သွားကာ မြေပေါ်သို့ အပင်သစ်တစ်ပင်(မျှစ်)အဖြစ် ရှင်သန်ပေါက်ရောက်လေ့ရှိသည်။ ဤကဲ့သို့ မိခင်ဝါးပင်၏ ရှည်လျားသော မြေလျှောက်ပင်စည်မှ အပင်သစ်တစ်ပင်(မျှစ်)ဖြစ်ပေါ်လာခြင်းကြောင့် ဝါးပင်များသည် ခပ်ကျဲကျဲအနေ အထားဖြင့် တစ်ပင်ချင်းပေါက်ရောက်နေသကဲ့သို့ဖြစ်နေသည်။ တစ်ပင်ချင်းပေါက်သောဝါးမျိုးများကို သဘာဝအလျောက် ကမ္ဘာ့အအေးပိုင်းဒေသနှင့် နွေးသမပိုင်းဒေသများဖြစ်သည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့ တွင် အများဆုံးတွေ့ရှိနိုင်သည်။ တစ်ပင်ချင်းပေါက်သော ဝါးမျိုးများတွင် ထင်ရှားသောဝါးမျိုးစိတ်မှာ Phyllostachys pubescens  ဖြစ်ပြီး (Moso Bamboo)ဟုထင်ရှားသည်။                       

အစုလိုက်အရုံလိုက်ပေါက်သောဝါးမျိုး (Sympodial Type of Bamboo)

ဤဝါးမျိုးတွင်   တိုတောင်းသော   မြေအောက်ပင်စည်ရှိသည်။ မြေအောက်ပင်စည်၏ အဆစ်များရှိဘေး ဖူးမှမိခင်အပင်၏အနီးသို့မဟုတ်ဘေးဘက်တွင်ကပ်လျက်မြေအောက်ပင်စည်အသစ်တစ်ခုထပ်မံဖွံ့ဖြိုးလာပြီး မျိုးပွားသောကြောင့် အစုလိုက်သဘောဖြင့် ပေါက်ရောက်လာခြင်းဖြစ်သည်။ အစုလိုက်ပေါက် သောဝါးမျိုးများကိုအပူပိုင်းဒေသဖြစ်သည့် မြန်မာ၊ အိန္ဒိယ စသည့်နိုင်ငံတို့တွင်တွေ့ရှိနိုင်သည်။ အပူပိုင်း ဒေသတွင် ပေါက်ရောက်သည့် အစုလိုက်အရုံလိုက်ပေါက်သော ဝါးမျိုးတို့၏ ကြီးထွားမှုသည် နေ၊ ရေနှင့် အပူချိန်ကောင်းစွာရရှိမှုကြောင့် အကြီးမြန်စွာပေါက်ရောက်တတ်သည်။

အထက်ပါအုပ်စုနှစ်စုစပ်ဝါးမျိုး

ဤဝါးအမျိုးအစားတွင် မတိုလွန်းမရှည်လွန်းသော မြေအောက်ပင်စည်ရှိသည်။ မိခင်မြေအောက်ပင်စည် ၏ ဘေးဖူးမှဖြစ်ပေါ်လာသော မြေလျှောက်ပင်စည်အသစ်သည် မြေကြီးအတွင်း မြေပြင်ညီအနေအထား အတိုင်း မြေလျှောက်နိုင်ပြီး အပင်သစ်တစ်ပင်အဖြစ် မျိုးပွားနိုင်သည်။

ဤကဲ့သို့ မိခင်ဝါးပင်၏ မြေလျှောက်ပင်စည်မှ အပင်သစ်တစ်ပင်ဖြစ်ပေါ်လာခြင်းကြောင့် ဝါးပင်များ သည်  ကျပ်ညပ်၍မနေဘဲ ခပ်ကျဲကျဲအနေအထားဖြင့် ပေါက်ရောက်လေ့ရှိသည်။ Melouccana baccifera ခေါ် ကရင်ဝါးမျိုးသည် ဤအုပ်စုဝင်ဝါးမျိုးဖြစ်သည်။

မျှစ်စတင်ဖြစ်ထွန်းပွားများခြင်းနှင့် ဝါးပင်သစ်အဖြစ် ဆက်လက်ကြီးထွားခြင်း

မြန်မာနိုင်ငံတွင်  မုတ်သုံရာသီ မိုးဦးကာလအစ  မေလနှင့်ဇွန်လတို့တွင် မိခင်ဝါးရုံပင်၏မြေအောက်ပင် စည် အမြစ်ဆုံများမှ ဝါးပင်သစ်ကိုဖြစ်ပေါ်စေမည့် မျှစ်အဖြစ်ထိုးထွက်လာကြကာ ဝါးပင်သစ် တစ်ပင်အဖြစ်ပွားများကြသည်။  ဝါးပင်အသစ်သည် မိုးနှောင်းကာလ နိုဝင်ဘာလအထိဆက်တိုက် ကြီးထွားဖွံ့ဖြိုးကာ သန်မာသောဝါးပင်တစ်ပင်အဖြစ် ရှင်သန်ပွားများကြသည်။ ဝါးပင်အသစ်သည် များသောအားဖြင့် တစ်နှစ်သားအရွယ် မိခင်ဝါးပင်၏ မြေအောက်ပင်စည်ရှိ အသန်မာဆုံးသော ဘေးဖူးမှ ကြီးထွားပွားများလာခြင်းကြောင့် ဝါးရုံရှိ တစ်နှစ်သားဝါးနုများကိုထိန်းသိမ်းရန်လိုအပ်သည်။ ဝါးမျိုးအလိုက်ရှိသင့်သည့် ဝါးပင်တစ်ပင် (ဝါးလုံးတစ်လုံး) ၏ အမြင့်နှင့်လုံး ပတ်ကြီးထွားရန်အတွက် ငါးလမှ ခြောက်လခန့်ကြာမြင့်တတ်သည်။ ကြီးထွားရာသီကုန်ဆုံးသည်နှင့် ဝါးသည်အမြင့်နှင့်လုံးပတ်များ ဆက်လက်ကြီးထွားလာခြင်းမရှိတော့သော်လည်း  ဝါးပင်ဝါးလုံးတောင့် တင်းရင့်သန်မှုအတွက် ဆက်လက်ဖွံ့ဖြိုးကြသည်။

ဝါးရုံ၏ မြေပေါ်ပိုင်းကြီးထွားရာသီတွင် မျှစ်သည် ဝါးအမျိုးအစားကိုလိုက်၍ တစ်နေ့လျှင် အမြင့် ၁ ပေ မှ ၄ ပေ အထိ  ကြီးထွားနှုန်းရှိသည်။ အအေးပိုင်းဒေသတွင်ပေါက်သော မိုဆိုဝါးမျိုး၏ အမြင့်ကြီး ထွားဖွံ့ဖြိုးမှုသည် တစ်ရက်လျှင် ၄ ပေ ခန့်ရှိကြောင်း လေ့လာသိရှိရသည်။ အပူပိုင်းဒေသတွင် ပေါက်ရောက်သော ဝါးမျိုးများ၏ တစ်ရက်လျှင် ပျမ်းမျှအမြင့်ပေအားဖြင့်  ကရင်ဝါးတွင် ၁ ပေ ၆ လက်မ ခန့်၊ ဝါးနက်တွင်  ၂ ပေ ၁ လက်မခန့်၊ ကြခတ်ဝါးတွင် ၁ ပေ ၆ လက်မ ခန့်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

ဝါးရုံဖြစ်ထွန်းခြင်း

နှစ်စဉ်ပွားများလာသော ဝါးပင်သစ်များသည် မိခင်ဝါးပင်များ၏ ဘေးအပြင်ပတ်လည်မှ တိုးပွား လာခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် ဝါးပင်များပွားများလာကာ ဝါးရုံတစ်ရုံအဖြစ် ရှင်သန်ကြီးထွား လာကြသည်။  ဝါးရုံတစ်ရုံအဖြစ် ဖွဲ့စည်းလာပါက အသက်ရင့်သော  ဝါးများသည် အတွင်းဘက်တွင် တည်ရှိနေပြီး အသက်နုသော ဝါးပင်များက အပြင်ဘက်ဆုံးတွင် ဝိုင်းပတ်ထားသည့် သဘောရှိသည်။ မိမိခုတ်ယူလိုသည့် ဝါးရင့်များသည် ဝါးရုံ၏အလယ်တွင် များသောအားဖြင့် တည်ရှိနေခြင်းကြောင့် ဝါးများစနစ်တကျခုတ်ယူရာတွင် ဤအချက်ကို သိရှိထားသင့်သည်။ ဝါးရုံများရှိ ဝါးရင့်များအား နှစ်စဉ် အချိုးကျခုတ်ယူသင့်သလို ရွေးချယ်ခုတ်လှဲသည့်စနစ်ကို ကျင့်သုံးနိုင်ပါက အရည်အသွေးကောင်းမွန် သည့် ဝါးသယံဇာတအရင်းအမြစ်များကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ဝါးရုံများမှ ဝါးရင့်များအား နှစ်စဉ် သို့မဟုတ် သင့်တင့်သည့် ခုတ်ပတ်ထား၍ ခုတ်ယူခြင်းမရှိပါက တစ်နှစ်ထက်တစ် နှစ် ဝါးပင်သစ်များလည်း ပွားများလာခြင်းကြောင့် ဝါးရုံရှိဝါးများ တဖြည်းဖြည်း ကျပ်လာကာ ဝါးရုံ၏အရည်အသွေးရော အရေအတွက်ပါကျဆင်းလာနိုင်သည်။ ဝါးလုံးများကျပ်ညပ်နေသည့် ဝါးရုံများ ကို ပုံမှန်ခုတ်ထွင်မှုမပေးပါက ဝါး၏မူလအရည်အသွေးများ ဆုတ်ယုတ်လာတတ်သဖြင့် ထိုသို့သော ဝါးရုံများကို ပြုပြင်မှုပေး၍ ခုတ်ယူသင့်သည်။

ဝါးရုံတစ်ရုံ၏ သက်တမ်းမှာ မြေအောက်ပင်စည် အဖွဲ့အစည်းပေါ်တွင်သာတည်မှီပြီး မြေပေါ်ပင်စည် (ဝါးပင်)၏ သက်တမ်းမှာ ထွက်ရှိလာသည့် နှစ်အပိုင်းအခြားပေါ်တွင် မူတည်လျက်ရှိသည်။ ဝါးရုံတစ်ရုံ တွင် အသက်အားဖြင့်ခြားနားသော ဝါးပင်များနှင့်ဖွဲ့စည်းထားသည်။ ဥပမာ - တစ်နှစ်သားဝါး(ဝါးနု)၊ နှစ်နှစ်သားဝါး (တညင်)နှင့် သုံးနှစ်သားနှင့်အထက်ဝါးဟူ၍ သက်တမ်းအရ ခွဲခြားလေ့လာနိုင်သည်။ ဝါးရုံတစ်ရုံ၌ ဝါးလုံး၏သက်တမ်းပေါ်မူတည်၍ နှစ်ချင်းပေါက်တစ်နှစ်သားဝါးကို ဝါးနုဟူ၍လည်းကောင်း၊ နှစ်နှစ်သားဝါးကို တညင်ဝါးဟူ၍လည်းကောင်း၊ သုံးနှစ်နှင့်အထက်ဝါးများကို ဝါးရင့်ဟူ၍လည်းကောင်း သတ်မှတ်ခေါ်ဝေါ်လေ့ရှိကြသည်။

ဝါးသုဉ်းခြင်း (ဝါးသီးပွင့်ခြင်း)

ဝါးပင်များသည် အခြားအပွင့်ဆောင်ပင်မျိုးများနှင့်မတူ တစ်မူထူးခြားသောဇီဝကမ္မဖြစ်စဉ်တစ်ခုရှိသည်။ ယင်းမှာနှစ်အပိုင်းအခြားတစ်ခုအတွင်း ပွင့်သီးခြင်းဖြစ်ပေါ်ပြီး သေဆုံးခြင်းပင်ဖြစ်သည်။ ၎င်းကို ဝါးသုဉ်းခြင်းဟုခေါ်ဆိုသည်။  မျိုးရင်း (Poaceae)၊   မျိုးရင်းခွဲဝင်(Bambusoideae) ဝါးမျိုးစိတ်များ အားလုံးနီးပါးသည် ဝါးမျိုးကိုလိုက်၍ ပုံမှန်နှစ်ရှည်အပိုင်းအခြား (Regular long time interval) အတွင်း ဝါးသီးပွင့်ခြင်း (Bamboo flowering) ဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိသည်။ မျိုးစိတ်ကိုလိုက်၍သော်လည်း ကောင်း၊ ဒေသကိုလိုက်၍သော်လည်းကောင်း ဝါးသုဉ်းခြင်းကာလအပိုင်းအခြားမှာ နှစ် ၂၀ မှ နှစ် ၆၀  ခန့်ရှိသည်။ ဝါးသုဉ်းခြင်း ဖြစ်စဉ်တွင် ဖြစ်ပေါ်သည့် ဧရိယာပမာဏနှင့် အနေအထားပေါ် မူတည်၍ ဝါးသုဉ်းခြင်းပုံစံသုံးမျိုးရှိသည်။

၎င်းတို့မှာ-

(က)   ဧရိယာတစ်ခွင်တစ်ပြင်တွင်အစုလိုက်ဝါးသုဉ်းခြင်း (Gregarious flowering)၊

( ခ )   ကွက်ကျားဝါးသုဉ်းခြင်း (Sporadic flowering) နှင့်

( ဂ )   နှစ်စဉ်ဝါးသုဉ်းခြင်း(Annual flowering) တို့ဖြစ်သည်။

တချို့သော ဝါးမျိုးများသည် ဝါးသုဉ်းခြင်းဖြစ်ပြီးပါက ဝါးရုံများခြောက်သွေ့သေကျေသွားတတ်သည်။ ဝါးသုဉ်းခြင်းဖြစ်ပေါ်ပြီးမှသာ ရင့်မှည့်သောဝါးစေ့များမှ ဓမ္မတာအလျောက်မျိုးဆက်ပြန့်ပွားကြသည်။

အစေ့ပေါက် ဓမ္မတာမျိုးဆက် ဝါးပင်ငယ်များအဆင့်မှ ခုတ်ယူသုံးစွဲနိုင်သောဝါးရုံနှင့် ဝါးပင်များအဖြစ်ရှင် သန်နိုင်ရန် ဝါးမျိုးကိုလိုက်၍ သုံးနှစ်မှ ငါးနှစ်ခန့်ကြာနိုင်သည်။ ထို့ကြောင့် ဝါးသုဉ်းပြီး ဧရိယာများအတွင်း အလျင်အမြန်ဝါးသယံဇာတများ ပြန်လည်ရရှိနိုင်ရေး စနစ်တကျစီမံအုပ်ချုပ်ရန်လိုအပ်သည်။

ဝါးမျိုးပွားခြင်း

ဝါးပင်အား မျိုးပွားခြင်းနည်းနှစ်နည်းရှိသည်။ ၎င်းတို့မှာ-

(က) ဝါးစေ့ကို အသုံးပြု၍ မျိုးပွားခြင်း

( ခ ) ခန္ဓာပိုင်းများကိုအသုံးပြု၍ မျိုးပွားခြင်းဟူ၍ဖြစ်သည်။

ဝါးစေ့သည် နှစ်အပိုင်းအခြားတစ်ခုရောက်မှသာရရှိနိုင်သည့်အတွက် အချိန်တိုင်း သို့မဟုတ် နှစ်စဉ်ဝါး စေ့မှ မျိုးပွားရယူနိုင်ရန်မှာ မလွယ်ကူလှပေ။ သို့ဖြစ်၍ ဝါးများကိုမျိုးပွားရယူရန် ခန္ဓာပိုင်းမျိုးပွားနည်းကို အဓိကအသုံးချမျိုးပွားနိုင်သည်။

ဝါးမျိုးစေ့ကိုအသုံးပြု၍ မျိုးပွားခြင်း

ဝါးအမျိုးအစားနှင့် ဒေသကိုလိုက်၍ ဝါးသည် နှစ် ၂၀ မှ ၆၀ ခန့်ကြာမှ ဝါးသုဉ်းခြင်း (ဝါးပွင့်သီး) ပြီးမှ အသီးတစ်ကြိမ်သီးလေ့ရှိခြင်းကြောင့် ဝါးမျိုးစေ့ကို နှစ်စဉ်မရရှိနိုင်သည့်အတွက် ဝါးမျိုးစေ့ဖြင့် ပျိုးထောင်မျိုးပွားခြင်းနည်းမှာ အကန့်အသတ်ရှိနိုင်သည်။ သို့ရာတွင် မိမိဒေသအတွင်း ဝါးသုဉ်းခြင်း ဖြစ်ပေါ်ပြီးပါက  ဝါးသီးများစွာသီးလေ့ရှိသည်။ ဝါပင်၊ မြက်ပင်နှင့် စပါးပင်များသည် မျိုးရင်း (Poaceae) တစ်ခုတည်းတွင်ပါဝင်သည့် အပင်မျိုးအုပ်စုတူများဖြစ်သည့်အတွက် မျိုးစေ့အဖြစ်အသုံးပြုမည့် ဝါးစေ့ များကို ကြာရှည်သိုလှောင်ပါက အစေ့ပေါက်နှုန်းကျဆင်းနိုင်သဖြင့် နှစ်ချင်းအမြန်ပျိုးထောင်ရန် လိုအပ် သည်။

ဝါးမျိုးစေ့စုဆောင်းခြင်းဝါးမျိုးစေ့များကို အသုံးချပျိုးထောင်ရန်အတွက်  ဝါးသုဉ်းခြင်း

ဖြစ်ပေါ်ပြီး ဝါးသီးရင့်မှည့်သည့်အချိန် မတ်လနှင့်ဧပြီလတွင် စုဆောင်းထားရန်လိုအပ်သည်။ ဝါးမျိုးစေ့များစုဆောင်းရန် ဝါးရုံများ၏အောက်ခြေအား ပေါင်းမြက်ရှင်းလင်းခြင်း၊ တံမြက်စည်း လှည်းခြင်းကို ကြိုတင်ဆောင်ရွက်ထားရမည်။ သို့မှသာ  ဝါးမျိုးစေ့များကို အလွယ်တကူ စုဆောင်းနိုင်မည်ဖြစ်သည်။  စုဆောင်းလာသော ဝါးမျိုးစေ့များနှင့် ရောနှောပါဝင်နေသော အမှိုက်သရိုက်များသန့်စင်သွားအောင် စပါးလှေ့သကဲ့သို့ ဆောင်ရွက်ပြီး နေတစ်ရက်ခန့်လှန်းခြင်းဖြင့် သန့်စင်စေပြီး ထိုဝါးစေ့များကို ပျိုးထောင်ခြင်းမပြုမီအထိ လေလုံပုံးများအတွင်း ထည့်သွင်းသိမ်း ဆည်းထားပေးရမည်။

ဝါးစေ့များပျိုးထောင်ရန် မျိုးဖောက်ပေါင်ပြုလုပ်ခြင်း

ဝါးမျိုးစေ့များမျိုးဖောက်ရန် နေရောင်ခြည်ကောင်းစွာရရှိပြီး ရေစီးရေလာကောင်းပြီးရေမဝပ်နိုင်သည့် မြေနေရာတွင် အကျယ် ၄ ပေ၊ အလျားပေ၂၀ ၊ အမြင့် ၈ လက်မခန့်ရှိ မျိုးဖောက်ပေါင်များကို ပြုလုပ်ထားရမည်။ မျိုးဖောက်ပေါင်အတွင်း သဲ၊ ဖွဲပြာနှင့် မြေဆွေးတို့ကို (၅:၃:၂) အတိုင်းရောစပ်၍ မျိုးဖောက်ပေါင်အတွင်းတွင် ထည့်သွင်းပြီး မျက်နှာပြင်ညီညာစေရန် ညှိပေးထားရမည်။

ဝါးစေ့များမျိုးဖောက်ခြင်း

 ဝါးမျိုးစေ့များကို ပြုပြင်ထားသော မျိုးဖောက်ပေါင်များအတွင်း ကြဲပက်၍ဖြစ်စေ၊ လိုင်းအလိုက်ဖြစ်စေ မျိုးဖောက်ပျိုးထောင်နိုင်သည်။ မျိုးဖောက်ပေါင်အတွင်း ဝါးမျိုးစေ့များမျိုးချပြီးပါက ၎င်းတို့၏အပေါ်မှ ၁ ဒသမ ၅  လက်မခန့် မြေဆီလွှာဖြင့်ဖုံးအုပ်ပေးပြီး ၎င်းအပေါ်မှထပ်မံ၍ မြက်ခြောက် သို့မဟုတ် ကောက်ရိုးခြောက်ဖြင့်ဖုံးအုပ်ပြီး ရေလောင်းပေးရမည်။ တစ်ရက်လျှင် ရေအနည်းဆုံးနှစ်ကြိမ်လောင်းပေးရန်လိုအပ်သည်။ ရက်သတ္တတစ်ပတ်မှနှစ်ပတ်အတွင်း ဝါးစေ့များအညှောက်ပေါက်လာမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

MWD Web Portal

အောင်ဇော်မိုး(သုတေသနပညာရှင်)

မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(Eurasian Economic Union- EAEU)နှင့်  ပူးပေါင်းဆောင်ရွက်ကြရာဝယ်
-

ဒီနေ့ကမ္ဘာ့အခင်းအကျင်းဟာ ဗဟုဝင်ရိုးကမ္ဘာဟုခေါ်သည့် ဝင်ရိုးစုံကမ္ဘာသို့ ပြောင်းလဲနေတာ ဖြစ်ပါတယ်။  အင်အားကြီးနိုင်ငံတွေရဲ့   စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရလွှမ်းမိုးမှုတွေကို ကျော်လွှား နိုင်ဖို့ ကြံ့ကြံ့ခံနိုင်ဖို့အတွက် စိတ်တူ၊ သဘောတူနိုင်ငံများအချင်းချင်း၊  ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးတွေ အတွက် အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ နိုင်ငံအချင်းချင်း ထိတွေ့ဦးစားပေးဆက်ဆံနေကြတာဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ စီးပွားရေးကျောရိုးဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ခေတ်မီနည်းပညာများ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုန

ဒီနေ့ကမ္ဘာ့အခင်းအကျင်းဟာ ဗဟုဝင်ရိုးကမ္ဘာဟုခေါ်သည့် ဝင်ရိုးစုံကမ္ဘာသို့ ပြောင်းလဲနေတာ ဖြစ်ပါတယ်။  အင်အားကြီးနိုင်ငံတွေရဲ့   စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရလွှမ်းမိုးမှုတွေကို ကျော်လွှား နိုင်ဖို့ ကြံ့ကြံ့ခံနိုင်ဖို့အတွက် စိတ်တူ၊ သဘောတူနိုင်ငံများအချင်းချင်း၊  ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးတွေ အတွက် အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ နိုင်ငံအချင်းချင်း ထိတွေ့ဦးစားပေးဆက်ဆံနေကြတာဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ စီးပွားရေးကျောရိုးဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ခေတ်မီနည်းပညာများ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာကျသော စီမံခန့်ခွဲခြင်းများနဲ့  ခိုင်မာအားကောင်းသော စီးပွားရေးမောင်းနှင်အားတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၅ မှာ “ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” လို့ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ ဈေးကွက်စီးပွားရေးစနစ်ဆိုတာနဲ့ပတ်သက်လို့လည်း   ဖတ်မှတ်ဖူးတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို မျှဝေချင်ပါသေးတယ်။“ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အချိန်နဲ့အမျှ ဆန်းစစ်ပြုပြင်နေကြရသည့် လက်တွေ့ကျင့်စဉ်နှင့်အဖွဲ့အစည်းရေးရာတစ်စုံသာဖြစ်သည်” လို့ဖော်ပြထားတာပါ။ မှန်ပါတယ်။ ဒီစနစ်ဟာ လူတစ်ဦးချင်း၊ လူတစ်စုတစ်ဖွဲ့မှသည် နိုင်ငံတစ်ခုရဲ့စီးပွားရေးအထိ စီးပွားရေးဦးမော့စေဖို့၊ ဦးမော့တဲ့စီးပွားရေးကောင်းမွန်စေဖို့၊ ကောင်းမွန်လာတဲ့စီးပွားရေးတောင့်တင်းခိုင်မာဖို့၊ တောင့်တင်းခိုင်မာလာတဲ့ စီးပွားရေးလက်တံဖြန့်ကြက်နိုင်မှုကွန်ရက်ကျယ်ပြန့်စေဖို့ စဉ်ဆက်မပြတ်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်တဲ့လမ်းစရှာဖွေနေကြရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရရော၊ ကိုယ့်နိုင်ငံတည်ရှိမှုရဲ့ ပထဝီအနေအထားအရရော  စီးပွားရေးဆိုင်ရာခိုင်မာတောင့်တင်းစေရေးအတွက်  မိမိနိုင်ငံကိုကြိုဆိုတဲ့၊ မိမိနိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ဖိတ်ကြားခြင်းခံရတဲ့နိုင်ငံအဖြစ်လည်းကောင်း၊ လေ့လာသူနိုင်ငံအဖြစ်လည်းကောင်း၊ ဧည့်သည်တော်နိုင်ငံအဖြစ် လည်းကောင်း၊အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းအမျိုးမျိုးမှာ တက်ကြွစွာပါဝင်လျက်ရှိပြီး ကိုယ့်နိုင်ငံအကျိုး၊ အဖွဲ့အစည်းအကျိုးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ စာရေးသူအနေနဲ့  မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ EAEU အဖွဲ့အစည်းအကြောင်းကို အများပြည်သူသိရှိအောင်မျှဝေလိုပါတယ်။

EAEU ဆိုတာ

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU)ဖြစ်ပြီး ဥရောပ-အာရှတိုက်ရှိ ရုရှား၊  ဘယ်လာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယားနဲ့ ကာဂျစ္စတန်ဆိုတဲ့ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတို့ပါဝင်တဲ့ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

EAEU ဖွဲ့စည်းခြင်း

၂၀၁၄ ခုနှစ် မေလ ၂၉ ရက်မှာ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်တို့က EAEU စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ တရားဝင်စတင်ခဲ့တာပါ။ အာမေးနီးယားနဲ့ကာဂျစ္စတန်တို့ဟာ ၂၀၁၅ ခုနှစ်အတွင်း အဖွဲ့ဝင်အဖြစ်ပူးပေါင်းခဲ့ပါတယ်။ 

EAEU ရဲ့ အဓိကရည်ရွယ်ချက်များ

အဓိကရည်ရွယ်ချက်ကတော့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့နဲ့ ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် အလုပ်သမားများအတွက် ဘုံဈေးကွက်တစ်ခုဆီသို့ ဖန်တီးပေးဖို့ဖြစ်ပါတယ်။  ရေရှည်တည်တံ့မယ့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကုန်သွယ်ရေးတိုးမြှင့်ခြင်းတွေကတစ်ဆင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ဖို့လည်း ရည်ရွယ်ပါတယ်။

EAEU ရဲ့ ပူးပေါင်းဆောင်ရွက်မှုများEAEU ဟာ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာဆက်ဆံမှုများကို မြှင့်တင်နိုင်ဖို့အတွက် CIS၊ SCO၊ ASEAN၊ BRICS လိုအဖွဲ့အစည်းတွေနဲ့ မိတ်ဖိတ်ဆက်ဆံရေးကိုတည်ဆောက်ခြင်း၊ ဗီယက်နမ်၊ စင်ကာပူတို့နဲ့ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FATs) ချုပ်ဆိုခြင်း၊ တရုတ်အပါအဝင်အခြားနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများရှိခြင်း၊ SCO၊ ASEAN တို့အပြင် အရှေ့အလယ်ပိုင်း၊  အာရှအလယ်ပိုင်းရှိ  နိုင်ငံတွေအထိပါ ထိတွေ့ဆွေးနွေးမှုများပြုလုပ်ခြင်း၊  မြန်မာ၊  ASEAN တို့နဲ့ နားလည်မှုစာချွန်လွှာ(MoU)များချုပ်ဆိုထားပြီး ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ၊ ပူးပေါင်းစီမံကိန်းတွေချမှတ်ခြင်းတို့ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

EAEU ဟာ စီးပွားရေးတိုးတက်မှုအတွက် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ် နည်းပညာ၊ ကုန်ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အဓိကထားပြီးပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ  EAEU ရဲ့ လေ့လာသူနိုင်ငံတွေကတော့   ကျူးဘား၊မော်လ်ဒိုဗာနှင့် ဥဇဘက်ကစ္စတန်တို့ဖြစ်ပါတယ်။

EAEU ရဲ့ ရည်မှန်းချက်များ

တရုတ်၏ Belt and Road Initiative (BRI) နှင့် ချိတ်ဆက်ဖို့လုပ်နေသလို  အိန္ဒိယ၊ အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတို့သို့ ကုန်သွယ်ရေးချဲ့ထွင်ဖို့လည်းလုပ်နေတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ရူဘယ်(Digital Ruble) နှင့် ဘလော့ခ်ချိန်း(Blockchain)နည်းပညာများမြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်နေပါတယ်။ ရုရှားဗဟိုဘဏ်က ဒစ်ဂျစ်တယ်ရူဘယ်(Digital Ruble)ကို ၂၀၂၅ ခုနှစ်တွင်တရားဝင်အသုံးပြုဖို့  စီစဉ်နေတယ်လို့သိရပါတယ်၊ ဒီငွေဟာ  EAEU အဖွဲ့ဝင်နိုင်ငံများအကြားမှာ ကြိုးမဲ့ငွေလွှဲမှုတွေအတွက် လွယ်ကူမြန်ဆန်စေရန်ရည်ရွယ်ပြီး  လုပ်တာဖြစ်ပါတယ်။ 

အမေရိကန်နဲ့ သူရဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားကို အရေးယူပိတ်ဆို့မှုတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်လောက်မှာ SWIFT ဆိုတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ်ကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ရုရှားအနေနဲ့ကလည်း SWIFT နေရာမှာ အစားထိုးအသုံးပြုဖို့အတွက်  Blockchain နည်းပညာနဲ့ System for Transfer of Financial Messages (SPFS)စနစ်ကို အသုံးပြုပြီးတော့  ဒေါ်လာငွေကြေးအပေါ် မှီခိုနိုင်မှုလျှော့ချဖို့ လုပ်နေတာဖြစ်ပါတယ်။

ဆက်လက်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေအကြောင်းကိုလည်း  ပြောပြပါဦးမယ်။

ဘယ်လာရုစ်နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများဘယ်လာရုစ်နိုင်ငံဟာ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထုတ်လုပ်မှုအရမ်းအားကောင်းပါတယ်။ ကမ္ဘာ့အကြီးဆုံးသတ္တုတူးဖော်ရေးထရပ်ကားတွေ၊ အလတ်စားပစ္စည်းသယ်ကားတွေ၊ ဘတ်စကားတွေကို ဘယ်လာရုစ်နိုင်ငံကထုတ်ပါတယ်။ အဓိကထွက်ကုန်တွေကတော့ ဓာတ်မြေဩဇာ၊ မော်တော်ယာဉ်ကြီးတွေနဲ့သူ့အစိတ်အပိုင်းတွေ၊ နို့ထွက်ပစ္စည်းတွေ၊  သံမဏိနဲ့ သတ္တုပစ္စည်းတွေထွက်ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများကာဇက်စတန်နိုင်ငံဟာ သဘာဝအရင်းအမြစ်ပေါများပြီးရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ ဂျုံစိုက်ပျိုးရေးတို့ကို  အဓိကလုပ်ကိုင်ပါတယ်။ ဂျုံထုတ်လုပ်မှုမှာဆိုရင် ကမ္ဘာ့ဆဋ္ဌမမြောက်အကြီးဆုံးဂျုံထုတ်လုပ်သူနိုင်ငံလို့တောင် သိရှိရပါတယ်။ သူ့နိုင်ငံရဲ့အဓိကပို့ကုန်များကတော့  ရေနံနဲ့ဓာတ်ငွေ့တွေ၊ သတ္တုတွေ၊ စိုက်ပျိုးရေးထွက်ကုန်(ဂျုံ၊ ဂွမ်း)တွေဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများရုရှားနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုထုတ်လုပ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ Statista ဝက်ဘ်ဆိုက်၏ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်မှာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျပြီးရင် ရုရှားဟာ ကမ္ဘာ့တတိယမြောက် ရေနံထုတ်လုပ်သူဖြစ်ကြောင်း ဖော်ပြထားပါတယ်။ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှု၊ သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း(ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူနိုင်ငံများထဲကတစ်ခု) ၊ နည်းပညာနဲ့အာကာသပိုင်းဆိုင်ရာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ အဓိကအားဖြင့် ရေနံနဲ့သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကာကွယ်ရေးသုံးပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေကို  အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

အာမေးနီးယားနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းများနည်းပညာ၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေးတို့ကိုအဓိကလုပ်ပါတယ်။  နိုင်ငံငယ်လေးဆိုပေမယ့် လူသားအရင်းအမြစ်ကောင်းတွေအများကြီးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ကြေးနီ၊ ရွှေ စတဲ့ သတ္တုများ၊  အစားအစာများ(ဝိုင်/အရက်)၊  ဆော့ဖ်ဝဲနဲ့ IT ဝန်ဆောင်မှုတွေကတော့ နိုင်ငံရဲ့အဓိကလုပ်ငန်းများပဲဖြစ်ပါတယ်။

ကာဂျစ္စတန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းများစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ နိုင်ငံတကာငွေလွှဲလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီငွေလွှဲလုပ်ငန်းဟာ နိုင်ငံ့ GDP ရဲ့ ၂၀  ရာခိုင်နှုန်းနီးပါးရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်များက ခန့်မှန်းကြပါတယ်။ ဒါ့အပြင်စွမ်းအင်ကဏ္ဍနဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း လုပ်ကိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဂျုံ၊ ဝါဂွမ်း၊ ဆေးရွက်ကြီးအပြင် သစ်သီးဝလံတွေ၊ သိုးမွေးမြူရေးတွေလုပ်ကိုင်ကြပါတယ်။

မြန်မာနိုင်ငံနဲ့ EAEU ဆက်ဆံရေး

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ဖိတ်ကြားချက်အရ EAEU နဲ့ ဥရောပစီးပွားရေးကော်မရှင်(ECC)ရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုကလာရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အလေးပေးဆောင်ရွက်နေတဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ   စတဲ့ကဏ္ဍတွေကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ရုရှားနိုင်ငံမှာကျင်းပတဲ့(၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့အကြား  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်တွင် ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနဲ့ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား  ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအကောင်အထည်ဖော်ရေး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို မြန်မာနိုင်ငံ နေပြည်တော်မှာ တစ်ကြိမ်၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာတစ်ကြိမ် ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှုတို့ကို မြှင့်တင်နိုင်ခဲ့ပါတယ်၊ ဒါဟာ အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန်အတွက်  အခြေခံအုတ်မြစ်ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဆက်ဆံရေးတိုးမြှင့်အကောင်အထည်ဖော်နိုင်မှုရဲ့ အသီးအပွင့်အနေနဲ့ ၂၀၂၅ ခုနှစ်မှာတော့ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်( Eurasian  Economic Forum - EFF) ရဲ့မျက်နှာစုံညီအစည်းအဝေးတက်ရောက်ဖို့ နိုင်ငံတော်အကြီးအကဲကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကဖိတ်ကြားခဲ့ပါတယ်။ ဘယ်နိုင်ငံမဆို မိမိနိုင်ငံဘက်ကနေ မိတ်ဝတ်မပျက်ဆက်ဆံနေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း  မိမိနိုင်ငံနဲ့လူမျိုးအကျိုးစီးပွားကို ပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ပိုပြီးအကျိုးပြုမယ့်အဖွဲ့အစည်းတွေနဲ့ ဦးစားပေးထိတွေ့ဆက်ဆံသွားရမှာဖြစ်ပါတယ်။  မိမိနိုင်ငံအကျိုးစီးပွားတောင့်တင်းခိုင်မာစေဖို့အတွက်  စေတနာမှန်တဲ့ ဆန္ဒမွန်တွေကို နိုင်ငံတော်အကြီးအကဲဟာ ဥရောပ-အာရှစီးပွားရေးဖိုရမ်( Eurasian  Economic Forum - EFF) မှာမိန့်ခွန်းပြောကြားမှုမှတစ်ဆင့် EAEU ထံအသိပေးနိုင်ခဲ့ပါတယ်။ EAEU အနေနဲ့လည်း မြန်မာနိုင်ငံရဲ့လေ့လာသူနိုင်ငံအဖြစ်လည်းကောင်း အဲဒီကမှတစ်ဆင့် မိသားစုဝင်နိုင်ငံအထိတက်လှမ်းနိုင်ဖို့လိုတဲ့ သဘောထားအမှန်တွေကိုသိပြီး  မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဆောင်ရွက်နိုင်စေဖို့ စာရေးသူတို့လို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မျှော်လင့်ပါတယ်။

EAEUနဲ့ ပူးပေါင်းဆောင်ရွက်လျှင်ရရှိမယ့်အကျိုးကျေးဇူးများ

EAEU အဖွဲ့အစည်းကြီးတွင်လူဦးရေပေါင်း ၁၈၃ သန်းပါဝင်ပြီးဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံအထိရှိတယ်လို့ ၂၀၂၃ ခုနှစ်စာရင်းများအရ သိရပါတယ်။ စာရေးသူအထက်မှာပြောခဲ့တာတွေကလည်း သူတို့အဖွဲ့အစည်းရဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ သူတို့ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ၊ သူတို့ငါးနိုင်ငံရဲ့  အဓိကစီးပွားရေးနဲ့ ထွက်ကုန်တွေရယ်ကြောင့် အာရှနှင့် ဥရောပဒေသအတွက် ဒီ EAEU အဖွဲ့အစည်းကြီးရဲ့ ဩဇာကျယ်ပြန့်မှုကိုသတိပြုမိကြဖို့ဖြစ်ပါတယ်။ ပြီးတော့  အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အချုပ်အခြာအာဏာတူညီမှုနဲ့   နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေများကိုလေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်း စတဲ့အချက်တွေကလည်း  EEF ကိုတက်ရောက်ဖို့လာတဲ့ လေ့လာသူနိုင်ငံတွေ၊ ဖိတ်ကြားခံရသူနိုင်ငံတွေ အထူးစိတ်ဝင်စားစေတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်လည်း နိုင်ငံတော်တော်များများဟာ EAEU မှာအဖွဲ့ဝင်အဖြစ်ပါဝင်ချင်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘယ်လာရုစ်ခရီးစဉ်တွင် နိုင်ငံတော်အကြီးအကဲနဲ့ ဥရောပ-အာရှစီးပွားရေး ကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့ဟာ မြန်မာနိုင်ငံနဲ့ EAEU အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေအပြင် ကုန်စည်ပြပွဲနဲ့ ဖိုရမ်တွေကျင်းပဖို့စတဲ့ စီးပွားရေး ဆိုင်ရာပူးပေါင်းမြှင့်တင်ဆောင်ရွက်သွားဖို့ ဆွေးနွေးကြတာကို နိုင်ငံပိုင်မီဒီယာတွေကကြည့်လိုက်ရပါတယ်။ပြီးတော့မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သတ္တုတူးဖော်မှုဆိုင်ရာနည်းပညာနဲ့စွမ်းအင်ကဏ္ဍတွေမြှင့်တင်ရေးအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ရယ်၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူ နိုင်ငံအဆင့်ထိတက်လှမ်းနိုင်ဖို့အတွက်ရယ် ကူညီပေးမှာဖြစ်ကြောင်းကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို  အခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေခံနိုင်အောင်လို့လည်း သဘာဝတရားကြီးကပေးထားတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရရဲ့ ဦးတည်ချက်(၉)ရပ်ထဲမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို ခေတ်မီနည်းစနစ်တွေနဲ့တိုးတက်အောင်ဆောင်ရွက်မယ်၊ ပြီးတော့ အခြားစီးပွားရေးကဏ္ဍတွေကိုလည်းဘက်စုံတိုးတက်အောင်လုပ်မယ်လို့ဆိုထားပါတယ်။  ပြီးတော့ MSME စက်မှုလုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက်ပြီး မြန်မာ့ပို့ကုန်ကဏ္ဍတိုးမြှင့်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ One Region One Product ဖြစ်ဖို့၊ ဒေသထွက်ကုန်ကြမ်းတွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့၊ ထွက်ရှိတဲ့ ထုတ်ကုန်တွေဟာ ပြည်တွင်းသာမက Export Quality မီစေဖို့အတွက် မိရိုးဖလာနည်းများအပြင် ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေကို အမီလိုက်နိုင်ဖို့လိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတတွေဟာ သူများနိုင်ငံတွေဆီ Export အဆင့်မီသည့်တိုင်   ကုန်ကြမ်းအနေနဲ့  Export မလုပ်ဘဲ ကုန်ချောအနေနဲ့ Export လုပ်နိုင်ဖို့လိုပါတယ်။  ဥပမာ ကုန်ကြမ်းအနေနဲ့ ၁၀၀၀ တန်တဲ့အရာတစ်ခုဟာ ကုန်ချောဖြစ်သွားရင် ၁၀၀၀၀  သော်လည်းကောင်း၊ ၁၀၀၀၀၀  သော်လည်းကောင်း  နည်းပညာအကူအညီနဲ့ တန်ဖိုးတက်သွားနိုင်ပါတယ်။  နောက်ပြီးနည်းပညာတွေ ဘယ်လောက်တိုးတက်ပါတယ်ပြောပြော အဓိကအခြေခံလိုအပ်ချက်ကတော့ လူသားအရင်းအမြစ်ရရှိဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံကထုတ်လုပ်တဲ့  ထုတ်ကုန်တွေအတွက် ကမ္ဘာနဲ့ချီတဲ့ဈေးကွက်ရဖို့လည်းလိုပါတယ်။ ဒီအတွက် EAEU  လိုအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ရရှိနိုင်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်ရရှိနိုင်တဲ့အကျိုးအမြတ်များ

EAEU  အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အဓိကထွက်ကုန်ပစ္စည်းတွေဟာ  အခွန်ကောက်ခံမှုရာခိုင်နှုန်းအနည်းငယ် ဒါမှမဟုတ် အခွန်ကောက်ခံမှုကင်းလွတ်ခွင့်တွေနဲ့ တင်ပို့ခွင့်ရပြီး ကုန်သွယ်ရေးအခွင့်အလမ်းတွေ ပွင့်လန်းလာနိုင်ပါတယ်။

EAEU အဖွဲ့အစည်းကြီးဟာ လူဦးရေ ၁၈၃ သန်းကျော်လောက်ရှိတဲ့ ဈေးကွက်ကြီးဖြစ်တဲ့အတွက် မြန်မာ့ထုတ်ကုန်တွေအတွက် ဈေးကွက်အခြေအနေကောင်းရရှိနိုင်ပါတယ်။ EAEU အဖွဲ့အစည်းက မြန်မာနိုင်ငံမှာ  ရေနံ၊  သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအားအစရှိတဲ့ စွမ်းအင်ဆိုင်ရာတွေ၊  သူနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အဦတွေကို လာရောက်ရင်းနှီးမြှုပ်နှံလာနိုင်တဲ့အတွက် မိမိနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းရော၊ နိုင်ငံခြားဝင်ငွေ ပြည်တွင်းသို့ စီးဆင်းမှုရော တိုးပွားလာနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့်ကဏ္ဍစုံအတွက် နည်းပညာဆိုင်ရာပံ့ပိုးပေးမှုတွေကို လက်ခံရရှိနိုင်ပါတယ်။ ပညာတော်သင်စေလွှတ်မှုတွေ၊ ကာလတို၊ ကာလရှည် သင်တန်းတွေတက်ရောက်ပြီး လူသားအရင်းအမြစ်တွေမွေးထုတ်နိုင်ပါတယ်။

အနောက်နိုင်ငံအချို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေအတွက်ထွက်ပေါက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ပြီးတော့ EAEU ဟာ သူ့နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်တွေကို ဖြေလျှော့ပေးထားတာဖြစ်တဲ့အတွက်  မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေရာတွေ၊ သဘာဝအလှတရားဖြစ်တဲ့ တောင်တန်း၊ ပင်လယ်တွေဆီ ခရီးသွားဧည့်သည်တွေလာရောက်ဖို့ ဆွဲဆောင်နိုင်ရင် ဆွဲဆောင်နိုင်သလောက် ခရီးသွားလုပ်ငန်းလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်တော့ EAEU နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းသစ်များဖန်တီးပေးနိုင်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမှာဖြစ်တဲ့အတွက် EAEU နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ လေ့လာသူနိုင်ငံမှသည် မိသားစုဝင်နိုင်ငံအဆင့်ထိတက်လှမ်းနိုင်ကာ မြန်မာ့အကျိုးစီးပွားအတွက် ဆတက်ထမ်းပိုး မြှင့်တင်နိုင်ပါစေကြောင်း ရေးသားလိုက်ပါတယ်။   ။

လူမှုစီးပွားဘဝအခြေခံ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုရည်ရွယ်ဆောင်ရွက်နေကြသည့်  ယနေ့ခေတ်တွင်  လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏မောင်းနှင်အားကိုလည်း မေ့ထား၍မရပေ။ ပြည်သူလူထု၏နေ့စဉ်လူနေမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရေး အစိုးရများက ကြိုးစားဆောင်ရွက်နေကြသည်။ မည်သည့်အလုပ်တွင်မဆို အရင်းအနှီးက အဓိကကျလှသဖြင့် စတင်အကောင်အထည်ဖော်ကာစ စီးပွားရေးလုပ်ငန်းငယ်များအတွက် လိုအပ်သည့်ငွေကြေးအပါအဝင် အခြားသောအရင်းအနှီးများကို ပံ့ပိုးပေးရန်လိုအပ်သည်။

ပြည်သူလူထု၏လူမှုစီးပွားဘဝလိုအပ်ချက်များနှင့်  စီးပွားရေးအတွက်လိုအပ်သည့်အရင်းအနှီးများနှင့်အရင်းအမြစ်များကို  တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ရှာဖွေစုဆောင်းနိုင်ခြင်းမရှိသည့်အခါ အများစုပေါင်းစွမ်းအားဖြင့် ကြိုးစားရှာဖွေရသည်။ မိမိတို့တွင်ရှိသည့်အရင်းအမြစ်များကို မျှဝေခံစားနိုင်ရေးကြိုးစားခြင်းဖြင့်  အစုအဖွဲ့ပုံစံဖြစ်လာကြသည်။ စိတ်တူကိုယ်တူများ စုဖွဲ့ထားသည့်အဖွဲ့များက အဖွဲ့ဝင်များ၏လူမှုစီးပွားဘဝလိုအပ်ချက်များကို “ငွေကြေးထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့်လည်းကောင်း၊  အရင်းအမြစ်များကို မျှဝေပေးခြင်းဖြင့်လည်းကောင်း”  အပြန်အလှန်ကူညီပေးကြသည်။ 

ထိုအဖွဲ့များသည် လူမှုစီးပွားဘဝအခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးနေကြသည့် သမဝါယမအသင်းအဖွဲ့များပင်ဖြစ်သည်။

သမိုင်းကြောင်းအစ သမဝါယမ

“တစ်ဖက်သားကို ကူညီလိုသည့်စိတ်၊ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းတည့်မတ်ပေးလိုသည့်စိတ်၊ မိမိတွင်ရှိသည့်အရာများကို သူတစ်ပါးတို့လိုအပ်ချိန်တွင် ပြန်လည်ပေးဝေငှလိုသည့်စိတ်၊ စည်းလုံးညီညွတ်စွာ အခက်အခဲဟူသမျှကိုရင်ဆိုင်ဖြေရှင်းလိုသည့်စိတ်” စသည့်စိတ်ဓာတ်များကို သမဝါယမအသင်းများတွင် တွေ့ရသည်။ မိမိတို့တွင်ရှိသည့် “ငွေကြေးနှင့် ပစ္စည်းများ”ကို စုပေါင်းထည့်ဝင်ထားပြီး လိုအပ်သည့်အခါ  အခြားအဖွဲ့ဝင်များသို့  စနစ်တကျပြန်လည်ထုတ်ချေးပေးနိုင်သည့်  တစ်ခုတည်းသောစနစ်ပင်ဖြစ်သည်။ သမဝါယမအသင်းများ၏ ကနဦးအစသည်ကလည်း လူမှုစီးပွားအခက်အခဲများကို အတူတကွလက်တွဲရင်ဆိုင်ဖြေရှင်းကြမည်ဆိုသည့်စိတ်ဓာတ်များဖြင့် စခဲ့သည်ဟုဆိုနိုင်သည်။

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ  ရော့ခ်ဒေးမြို့၌နေထိုင်၍ ရက်ကန်းအလုပ်ဖြင့်အသက်မွေးရသည့် ရက်ကန်းသမားတို့သည် စီးပွားရေးအတွက်လိုအပ်သည့်အရင်းအနှီးများရှာဖွေခြင်းနှင့် ကုန်ပစ္စည်းများရှာဖွေခြင်းတို့တွင် အခက်အခဲများရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုအခါ သမဝါယမစွန့်ဦးတီထွင်ကြသူများဟုပင် ကင်ပွန်းတပ်နိုင်သည့်  ရက်ကန်းသမား ၂၈ ဦးတို့က အစုအဖွဲ့ပုံစံဖြင့်စုဖွဲ့ကာ မိမိတို့တွင်ရှိသော ငွေကြေးအရင်းအနှီးများကိုစုပေါင်းထည့်ဝင်၍ ကုန်ပစ္စည်းများကို ဝယ်ယူစုဆောင်းထားကာ အဖွဲ့ဝင်များအနက် လိုအပ်သူများရှိလာသည့်အခါ ဈေးနှုန်းသက်သာစွာ ပြန်လည်ရောင်းချပေးခဲ့သည်။ ထို ၂၈ ဦးအဖွဲ့သည် နောင်အခါတွင် ကမ္ဘာ့ပထမဦးဆုံးသော  သမဝါယမအသင်းအဖွဲ့ဖြစ်လာခဲ့ရတော့သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်

၁၈၄၄ ခုနှစ် ဝန်းကျင်ခန့်က အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ရှိ ရက်ကန်းသမားများသည်  လုပ်ငန်းခွင်အခက်အခဲများ ကြုံတွေ့နေရသကဲ့သို့ လုပ်ခလစာများနည်းပါးနေသည့်အချိန်တွင် လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများ၏ဈေးနှုန်းများကလည်း အဆမတန်ကြီးမြင့်နေပြန်သည်။ အဘက်ဘက်မှချွတ်ခြုံကျနေသည့် လူမှုစီးပွားဘဝလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေး စုပေါင်းအဖြေရှာခဲ့ရသည်။

မိမိတို့တွင်ရှိသော အနည်းငယ်သောအရင်းအမြစ်များကိုစုစည်းပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် “ဂျုံမှုန့်၊ သကြား၊ ထောပတ်”စသည်တို့ကို အရေအတွက်များများဝယ်ယူနိုင်ခဲ့သည်။ အများစုပေါင်းငွေဖြင့် အရေအတွက်များများဝယ်ယူသည့်အခါ ကုန်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များက များစွာသက်သာခဲ့သဖြင့် အဖွဲ့ဝင်များသို့ ဈေးနှုန်းသက်သာစွာ  လက်လီပြန်လည်ရောင်းချနိုင်ခဲ့သည်။ ထိုအချိန်မှစ၍  ရော့ခ်ဒေးသမဝါယမအသင်း၏လုပ်ဆောင်ချက်များအတိုင်း အခြားသောစီးပွားရေးရပ်ဝန်းများက လိုက်ပါဆောင်ရွက်ကြည့်ကြရာမှအစပြု၍ သမဝါယမဆိုသည့်အသင်းများ ကမ္ဘာတစ်လွှားပေါ်ထွန်းလာခဲ့သည်။

သမဝါယမလုပ်ငန်းများ၏ ကနဦးသန္ဓေတည်မွေးဖွားရှင်သန်ကြီးပြင်းခဲ့ရာ လန်ဒန်မြို့မှာပင် ကမ္ဘာ့ပထမဦးဆုံးသော သမဝါယမညီလာခံကြီးကို ၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ “အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ အမေရိကန်” စသည့် နိုင်ငံကြီးများကပင် ပါဝင်တက်ရောက်ခဲ့သည်။ ထိုညီလာခံကြီး၌ပင် တက်ရောက်လာသည့်နိုင်ငံများ၏ သဘောထားဆန္ဒများနှင့်အညီ နိုင်ငံများသို့သမဝါယမအသင်းများနှင့်စပ်လျဉ်းသည့်သတင်းအချက်အလက်များဖလှယ်ခြင်း၊ နည်းပညာမျှဝေခြင်း၊ အပြန်အလှန်အကူအညီပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်စေရန်အတွက်  အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည် သမဝါယမများ၏အကျိုးစီးပွားနှင့်အောင်မြင်မှုတို့ကို ရှေးရှုသည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတို့ကို ဖြစ်ပေါ်စေသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများကို ကျင်းပပေးလျက်ရှိသည်။

သမဝါယမနေ့

၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင်   စတင်ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည်  သမဝါယမလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  “ဆန္ဒအလျောက် အသင်းသားအဖြစ် လွတ်လပ်စွာပါဝင်ခွင့်ရှိခြင်း၊ ဒီမိုကရေစီနည်းလမ်းတကျအသင်းသားများ၏ဆန္ဒနှင့်အညီ  စီမံခန့်ခွဲခြင်း၊ သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့်လွတ်လပ်မှုရှိခြင်း၊ ပညာပေးရေး၊ လေ့ကျင့်ရေးနှင့်သမဝါယမသတင်းအချက်အလက်ဖြန့်ဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်း” စသည့်အခြေခံမူ(၇)ချက်ကို ချမှတ်ထားသည်။ ထိုမူဝါဒ(၇)ချက်  အကောင်အထည်ဖော်မှုကို ပိုမိုထိရောက်အောင်မြင်နိုင်စေရေးအတွက်  အထွေထွေညီလာခံအပါအဝင်အစည်းအဝေးများနှင့်  အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိသည်ကို တွေ့ရသည်။ ၁၉၉၄ ခုနှစ်တွင်ကျင်းပခဲ့သည့်  ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံများတွင် ကျင်းပနေသည်ကိုတွေ့ရသည်။

ကမ္ဘာ့သမဝါယမအသင်းများသည် အလုပ်လုပ်ကိုင်သူ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ကို   အလုပ်ခန့်ထားပေးနိုင်လျက်ရှိသည်။ သမဝါယမအသင်းများသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကမ္ဘာသူ၊ကမ္ဘာသားများ၏   လူမှုစီးပွားဘဝတိုးတက်ရေးအတွက်  များစွာအထောက်အကူဖြစ်စေသဖြင့် ကုလသမဂ္ဂက ၂၀၂၅ ခုနှစ်ကို သမဝါယမနှစ်(International Year of Cooperatives)အဖြစ် သတ်မှတ်ထားပြီး အနာဂတ်ကမ္ဘာသာယာလှပရေး  သမဝါယမကဆောင်ရွက်ပေး(Cooperative Build a Better World)ဆိုသည့်မူဝါဒကိုချမှတ်၍ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့၏ဆောင်ပုဒ်ကိုမူ   အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်က “အနာဂတ်ကမ္ဘာသာယာလှပရေး အားလုံးပါဝင်ပြီး  ရေရှည်တည်တံ့သောသမဝါယမကဏ္ဍကိုဖော်ဆောင်ပေး”(Cooperatives : Driving Inclusive and Sustainable Solutions for a Better World) ဟုချမှတ်ထားသည်။

ပါဝင်ဆောင်ရွက် ပြည်သူ့အတွက်

သမဝါယမစုပေါင်းရောင်းချရေးလုပ်ငန်းကို မြန်မာနိုင်ငံ၌ ၁၉၅၁-၁၉၅၂ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ဆန်စပါး၊ ဝါဂွမ်းနှင့်ကြံများ  အဓိကထားလုပ်ကိုင်ခဲ့သည်ဟုသိရသည်။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ၂၈-၂-၂၀၂၅ ရက်အထိ မြန်မာနိုင်ငံ၌ သမဝါယမအသင်းစုစုပေါင်း ၃၈၆၄၀ သင်းရှိသည်ကိုတွေ့ရသည်။ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင်  အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်အခမ်းအနားများကို  ကျင်းပလျက်ရှိသည်။ သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကိုလည်း အောက်ဖော်ပြပါအတိုင်း ချမှတ်ထားသည်ကိုတွေ့ရသည်-

(၁)     သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သမဝါယမအသင်းများဖွဲ့စည်းခြင်း၊ ထိန်းကျောင်းတည့်မတ်ခြင်းနှင့် သမဝါယမပညာပေးလုပ်ငန်းများကို ဆောင်ရွက်မည်၊

(၂)     ဆောင်ရွက်လျက်ရှိသည့် အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာ အရစ်ကျရောင်းချရေးလုပ်ငန်းများနှင့်သွင်းအားစုများရောင်းချခြင်းအပါအဝင် သမဝါယမလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်မည်၊

(၃)     သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မည်၊

(၄)     နိုင်ငံတကာသမဝါယမအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်၊

(၅)     ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆိုင်ရာ သမဝါယမအသင်းများအား အဆင့်မြှင့်တင်ရေးဆောင်ရွက်မည်။

လူမှုစီးပွားဘဝတိုးတက်ရေး

“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ဝန်ဆောင်မှု သမဝါယမအသင်းများအား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏လူမှုစီးပွားရေးတည်ဆောက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရန်”ဆိုသည့်မျှော်မှန်းချက်ကိုချမှတ်ကာ သမဝါယမလုပ်ငန်းများ   အရှိန်အဟုန်ဖြင့်တိုးတက်ရေးကို နိုင်ငံတော်ဘက်က ဘက်စုံထောင့်စုံဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။ သမဝါယမအသင်းများသည် ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်သည့်ကွက်လပ်များကို  ဖြည့်ဆည်းပေးနေသည်မှာ ငြင်းချက်ထုတ်စရာမရှိပေ။ ပြည်သူလူထုအနေဖြင့် စိတ်တူကိုယ်တူများစုဖွဲ့၍    သမဝါယမအသင်းများကို ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွားခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို စုပေါင်းစွမ်းအားဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ”စသည့်  မိမိတို့ကျင်လည်ရာနယ်ပယ်ကဏ္ဍအလိုက် သမဝါယမအသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက လူမှုစီးပွားဘဝလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ကြမည်ဖြစ်ပေသည်။   ။

MWD Web Portal

လင်းလက်

 သမိုင်းကြောင်း

           ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတနိုင်ငံတို့မှ စာချုပ် လက်မှတ် ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း စတင်၍ တရားဝင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေးနီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိက ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။  ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော်၊ စုစုပေါင်း GDP ၂.၄ အမေရိကန် ထရီလီယံကျော် ရှိပြီး၊ ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄.၅%၊ သဘာဝဓာတ်ငွေ့ ၂၀.၃% ထုတ်လုပ်နိုင်ပါသည်။  

Eurasian Economic Union : Russia, Belarus, Kazakhstan, Armenia, Kyrgyzstan

အဖွဲ့ဝင်နိုင်ငံများ၏ အခန်းကဏ္ဍ

          ရုရှားနိုင်ငံသည် EAEU တွင် အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ၏မူဝါဒများနှင့် ဦးတည်ချက်များကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ စွမ်းအင်အရင်း အမြစ်များ ကြွယ်ဝသောကြောင့် ရုရှားသည် အခြားအဖွဲ့ဝင်နိုင်ငံများအတွက် အရေးပါသော ကုန်သွယ်ဖက်နှင့် စွမ်းအင်ထောက်ပံ့သူနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါသည်။ ဘယ်လာရုစ်နိုင်ငံသည် စက်မှုထွန်းကားသော နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုတွင် အားသာ ချက်များစွာရှိပါသည်။ ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးရှိပြီး EAEU ၏ အဓိက မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ကာဇက်စတန်နိုင်ငံသည် သဘာဝအရင်းအမြစ်များ ကြွယ်ဝ ပြီး ရေနံနှင့် သတ္တုများထုတ်လုပ်ရာတွင် အဓိကကျပါသည်။ EAEU ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသောနိုင်ငံဖြစ်ပါသည်။ အာမေးနီးယား နှင့် ကာဂျစ္စတန်နိုင်ငံတို့သည် စီးပွားရေးအရ သေးငယ်သော်လည်း EAEU တွင် ပါဝင်ခြင်းအားဖြင့် ၎င်းတို့၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အခွင့်အလမ်းများရရှိ နေကြပါသည်။ ထို့အပြင် မောလ်ဒိုဗာ၊ ဥဇဘက်ကစ္စတန်၊ ကျူးဘားနိုင်ငံနှင့် အီရန် တို့သည် လေ့လာသူနိုင်ငံ (Observer Status) များအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

EAEU နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ

EAEU သည် အခြားသော နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် Belt and Road Initiative (BRI)နှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။  ၂၀၁၈ ခုနှစ်တွင် EAEU-China Trade and Economic Cooperation Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ် ရေး အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ထို့အတူ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)နှင့်လည်း ပူးပေါင်းနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဗီယက်နမ်၊ ဆားဘီးယား၊ အင်ဒိုနီးရှား၊ အီရန်နိုင်ငံတို့ဖြင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ချုပ်ဆိုထားရှိသည်။  အိန္ဒိယ၊ အီဂျစ်၊ တူရကီနိုင်ငံများနှင့် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ယခုအခါ EAEU သည် တတိယနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှု ဆက်ဆံ ရေးများ ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်တည်ဆောက်နေပြီး ဥရောပ-အာရှတိုက်အတွင်း စီးပွားရေးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ စိန်ခေါ်မှုများရှိသော်လည်း ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် ၎င်း၏ဩဇာ လွှမ်းမိုးမှုကို ဆက်လက်တည်ဆောက်နိုင်ရန် အလားအလာကောင်းများ ရှိနေသည်။ သို့ဖြစ်ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုပြုလုပ်သည့် ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် “တရားမျှတသည့် ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကို ပုံဖော်ရာတွင် EAEU ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ မိမိတို့၏ မဟာမိတ်အဖွဲ့အစည်းသည် စိတ်ဝင်စားသည့် နိုင်ငံခြားမိတ်ဖက်အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အမြဲတမ်းလမ်းဖွင့်ထားပါကြောင်း၊ အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံ ရေးများသည် ဥရောပ-အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတစ်ခွင်ရှိ နိုင်ငံများနှင့်အတူ တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း” အလေးအနက် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

EAEU နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ

          EAEU နိုင်ငံများသို့ မြန်မာ၏ အဓိကပို့ကုန်များတွင် ဆန်၊ ကော်ဖီ၊ စားအုန်းဆီ၊ ကိုကိုးစေ့ များ ပါဝင်ပါသည်။ မြန်မာနိုင်ငံသို့ သွင်းကုန်ပြုလုပ်ရာတွင် ဓာတ်မြေသြဇာများ၊ စားသုံးသူ သုံးကုန်ပစ္စည်းများ၊ စက်ကိရိယာများနှင့်ပစ္စည်းများ၊ သတ္တုများ၊ စားသုံးဆီများ၊ ဘိလပ်မြေနှင့် ဆေးဝါးများက အဓိကနေရာယူထားပါသည်။  ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) နှင့် မြန်မာနိုင်ငံတို့အကြားရှိ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်မှစ၍သုံးဆကျော် တိုးလာခဲ့ကြောင်း ဥရောပ-အာရှစီးပွားရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မင့်(စ်)ခ် မြို့၌ ပြုလုပ်ခဲ့သော ဥရောပ-အာရှစီးပွားရေးဖိုရမ်၏ ဆွေးနွေးပွဲ၌ ဥရောပ-အာရှ စီးပွားရေး ကော်မရှင်၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် အလုပ် သဘော တွေ့ဆုံဆွေးနွေးစဉ် “၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ EAEU နိုင်ငံများနှင့် မြန်မာ နိုင်ငံအကြားရှိ ကုန်သွယ်မှုပမာဏသည် သုံးဆကျော်အထိ တိုးတက်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံကျော်လွန်သွားပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 

ထို့အပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကာ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ အာရှစီးပွားရေး ကော်မရှင် (EEC) ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပြီး ထိတွေ့ ဆက်ဆံမှု သည် ၂၀၂၃ ခုနှစ်က စပြီး အရှိန်အဟုန်မြင့် တက်လာခဲ့ကာ (၂၆)ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် တို့ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။     

ယနေ့အချိန်တွင် EAEU အနေဖြင့် စိန်ခေါ်မှုများကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရုရှား-ယူကရိန်းစစ်ရေးအခြေအနေ ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး EAEU ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများကို ထိခိုက်စေသည်။ ဥပမာအားဖြင့် SWIFT Digital ငွေလွှဲ စနစ်မှ ရုရှားနိုင်ငံ၏ ဘဏ်များကို ပိတ်ပင်ခြင်း၊ ဖယ်ရှားခံရခြင်း အခြေအနေများသည် EAEU အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံတကာငွေလဲလှယ်မှုကို အနည်းငယ်ထိခိုက်ခက်ခဲစေခဲ့သည်။ သို့ဖြစ်၍လည်း ဥရောပ-အာရှစီးပွား ရေးသမဂ္ဂ (EAEU) သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လျက် ရှိပြီးအချို့က ၎င်း၏ ကောင်းကျိုးကို လိုလားကြသကဲ့သို့ အချို့ကလည်း ၎င်းအား ယိုင်နဲ့ သွားသည်ကို သို့မဟုတ် ပြိုကွဲသွားသည်ကိုပင် လိုလားကြကြောင်း ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် ယနေ့ EAEU အဖွဲ့အစည်း၏ ကမ္ဘာ့အလယ်တွင် မည်မျှအရေးပါမှု အခြေအနေများကို မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်သည်။

Lukashenko speaks against national digital sovereignty inside EAEU

မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ

          ကမ္ဘာလုံးဆိုင်ရာမတည်မငြိမ်မှုများနှင့် မဟာမိတ် စုဖွဲ့မှုအပြောင်းအလဲများ ဖြစ်ပေါ် နေသော ယခုကဲ့သို့ ကာလမျိုးတွင် EAEU ကဲ့သို့သော အဖွဲ့အစည်းများသည် ဝန်ဆောင်မှု လွတ်လပ်ခွင့်၊ ကုန်သွယ်ရေးလွယ်ကူမှုနှင့် ကျယ်ပြန့်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စသည့် အရေးကြီးသော ကိစ္စရပ်များကို အတူတကွပူးပေါင်းရင်ဆိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ သတ္တုတွင်းထွက်ကုန်များနှင့် အခြားအထွက်ကုန်များအတွက် EAEU အဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နိုင်သည့် အလားအလာများစွာရှိပါသည်။ အလားတူပင် ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများ၏ စက်မှုထုတ်ကုန်၊ နည်းပညာနှင့် စွမ်းအင်ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တင်သွင်းနိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသစ်များ၊ စွမ်းအင် နည်းပညာ၊ အခြားစက်မှုလုပ်ငန်းများအတွက် ရုရှားနှင့် EAEU အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများလည်း ရှိနေပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကိုအခြေခံသည့် နိုင်ငံဖြစ်သဖြင့် EAEU အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဈေးကွက်ဝင်ရောက်မှုအခွင့်အလမ်းများက စိုက်ပျိုးရေးထွက်ကုန်များ၊ စက်မှု ထုတ်ကုန်များ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေး နည်းပညာ၊ စိုက်ပျိုးရေးစက်ယန္တရား၊ အရည်အသွေးမြှင့်တင်ရေးနည်းပညာများ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဝင်ရောက်လာနိုင်ပါသည်။

          EAEU နိုင်ငံများမှ နည်းပညာသစ်များ၊ စက်မှုလုပ်ငန်းနည်းပညာ၊ သုတေသနနှင့် ပညာရေးပူးပေါင်းမှုများသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ ပါသည်။ ပညာရေး၊ သုတေသန၊ လူမှုရေးပူးပေါင်းမှုများအတွက်လည်း အလားအလာများစွာ ရှိပါသည်။ အထူးသဖြင့် ပညာရေးအတန်းမြှင့်တင်ရေး၊ နည်းပညာ လေ့လာရေး၊ ကျောင်းသား လဲလှယ်ရေးအစီအစဉ်များတွင် ပိုမိုတိုးတက်လာနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓါတ်မြေဩဇာ၊ ရေနံထွက်ပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများကို EAEU နိုင်ငံများမှ တင်သွင်းနိုင်သလို၊ မြန်မာ့ထုတ်ကုန်များကိုလည်း ဈေးကွက်အသစ်များသို့ ပို့နိုင်မည် ဖြစ်ပါသည်။ EAEU သည် ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာလွှဲပြောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြန်မာနိုင်ငံအတွက် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၊ စီးပွားရေးသဘောတူညီချက်များ တိုးမြှင့်ခြင်းက မြန်မာနိုင်ငံအတွက် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေပါသည်။ ကမ္ဘာ့စီးပွားရေး ဩဇာသက်ရောက်မှုများ ပြောင်းလဲလာပြီး အသစ်အသစ်သော ကုန်သွယ်ရေးလမ်းကြောင်းများ ပေါ်ထွန်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်-

(က)       မဟာဗျူဟာကျသော ချိတ်ဆက်မှုများကို စူးစမ်းရှာဖွေခြင်း။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် EAEU တွင် လေ့လာသူနိုင်ငံ (Observer Status) အဖြစ် အဆိုပြုခဲ့ခြင်းသည် EAEU ၏ အာရှဒေသသို့ ချဲ့ထွင်မှုအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်လည်း ပုံဖော်လာနိုင်စွမ်းရှိမည်ဖြစ်ပါသည်။ EAEU အဖွဲ့ဝင်နိုင်ငံ မဟုတ်သေးသော်လည်း မြန်မာနိုင်ငံသည် အဖွဲ့၏ ပူးပေါင်းဆက်ဆံရေး ဗျူဟာများကို အနီးကပ်လေ့လာနိုင်ပါသည်။ ဤသို့လေ့လာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် ရှိပြီးသား သမားရိုးကျဈေးကွက်များအပြင် အခြားသော နိုင်ငံတကာဈေးကွက် များသို့ ချဉ်းကပ်ရေးနည်းလမ်းများ၊ နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းဗျူဟာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် မိမိ၏စီးပွားရေးအခန်းကဏ္ဍကို မြှင့်တင်ရန် နည်းလမ်းများစသည်တို့ကို ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

(ခ)       ကုန်သွယ်ရေးနှင့် ဈေးကွက်အခွင့်အလမ်းများ။ EAEU သည် ဝန်ဆောင်မှု လွတ်လပ်ခွင့် (Service Liberation) နှင့် ပြင်ပမိတ်ဖက်များနှင့် ကုန်သွယ်ရေး ချဲ့ထွင်မှုဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်နေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး၊ အထည်ချုပ်လုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် အထူးအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်နိုင် ပါသည်။

(ဂ)  ဒေသတွင်းပေါင်းစည်းမှုပုံစံများကို လေ့လာခြင်း။ EAEU သည် ဒေသတွင်း ပေါင်းစည်းမှု၏ ဥပဒေသ တစ်ခုဖြစ်ပါသည်။ ASEAN တွင် တက်ကြွစွာပါဝင် နေသော မြန်မာနိုင်ငံအတွက် ဒေသတွင်းအဖွဲ့အစည်းများသည် အချုပ်အခြာ အာဏာနှင့် စီးပွားရေးညှိနှိုင်းမှုတို့အား မည်သို့ချိန်ညှိကြပုံကို နားလည်ရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

(ဃ)    နည်းပညာနှင့် အခြေခံအဆောက်အအုံဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာ များ။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ရေရှည်တည်တံ့သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့သော ကဏ္ဍများသည် မြန်မာနိုင်ငံအတွက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် အသိပညာ ဖလှယ်ရန် ရှာဖွေနိုင်သည့် နယ်ပယ်အသစ်များဖြစ်ပါသည်။

(င)   ဒေသတွင်းအဆင့်တွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍကို ပိုမိုထင်ရှားစွာ ပြသနိုင်ခြင်း။ လေ့လာသူ အဆင့်ဖြင့်သော်လည်းကောင်း၊ ဆက်စပ်ဖိုရမ်များတွင်သော်လည်းကောင်း ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင် အာရှကြားရှိ ၎င်း၏ မဟာဗျူဟာကျသော တည်နေရာကို အသုံးချခြင်းဖြင့် နိုင်ငံပေါင်းစုံနှင့် စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုများကို ဖွင့်လှစ်ထားကြောင်း ပြသနိုင်ပါသည်။

          သို့ဖြစ်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဥရောပ-အာရှ စီးပွားရေးဖိုရမ်၌ “ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံ များ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်းတို့သည် ကမ္ဘာတွင် လက်တွေ့လိုအပ် နေသည့်အရာများပင်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ ၏ အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက် သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ထောက်ခံကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစု အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်း” အလေးနက်ထား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 

Myanmar eager to join EAEU as member state | State Administration ...

          ယနေ့ကမ္ဘာတွင် ဒေသတွင်းစီးပွားရေးပူးပေါင်းချိတ်ဆက်မှုများ အရှိန်အဟုန်မြှင့် တိုးမြင့် လာသည်နှင့်အမျှ ယခုကဲ့သို့ EAEU အဖွဲ့အစည်းအတွင်း လေ့လာသူနိုင်ငံအဆင့်၊ ၎င်းမှအမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက မြန်မာနိုင်ငံအတွက် မိမိ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေကို မှန်တစ်ချပ် ကဲ့သို့ ပြန်လည်သုံးသပ်နိုင်ပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အရေး လမ်းကြောင်းများ ပါဝင်သည့် မြေပုံတစ်ချပ်ကို လက်ဝယ်ရရှိလိုက်သကဲ့သို့ အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း..... 

ကိုးကား

  1. https://sacoffice.gov.mm/my/niungngntteaaciimnaupkhuprekeaangciiukktttth-niungngntteaawnkiikhup-biulkhupmuukii-297

  2. https://www.eaeunion.org/?lang=en

  3. https://eng.belta.by/economics/view/trade-between-eaeu-myanmar-triples-since-2019-169293-2025/

  4. https://eng.belta.by/economics/view/putin-lauds-eaeus-role-in-shaping-fair-multipolar-world-169339-2025/

မောင်မိုး