တိုင်းရင်းကြက်(ဒေသကြက်)သည် မြန်မာနိုင်ငံတစ်ဝန်းဒေသအသီးသီး၏ရာသီဥတုနှင့်ပတ်ဝန်းကျင်အခြေအနေများအပေါ်လိုက်လျောညီထွေစွာရှင်သန်လာခဲ့သောဒေသခံမျိုးစိတ်တစ်ခုဖြစ်ပြီး ကျေးလက်ဒေသများတွင် မိရိုးဖလာမွေးမြူလာခဲ့ကြသည့်ကြက်မျိုးများကိုရည်ညွှန်းသည်။ တိုင်းရင်းကြက်မွေးမြူရေးပုံစံမှာ မိရိုးဖလာသဘာဝအလျောက် မွေးမြူခဲ့ကြသဖြင့် နည်းစနစ်တကျမွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်း၊ ကြီးထွားမှုနှုန်းနှင့် ထုတ်လုပ်မှုအမြင့်မားဆုံးရရှိစေရန်ဆောင်ရွက်နိုင်ပြီး တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည် စီးပွားဖြစ်မွေးမြူရေးအသွင်ဖြစ်လာစေရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ယခုအခါ
တိုင်းရင်းကြက်(ဒေသကြက်)သည် မြန်မာနိုင်ငံတစ်ဝန်းဒေသအသီးသီး၏ရာသီဥတုနှင့်ပတ်ဝန်းကျင်အခြေအနေများအပေါ်လိုက်လျောညီထွေစွာရှင်သန်လာခဲ့သောဒေသခံမျိုးစိတ်တစ်ခုဖြစ်ပြီး ကျေးလက်ဒေသများတွင် မိရိုးဖလာမွေးမြူလာခဲ့ကြသည့်ကြက်မျိုးများကိုရည်ညွှန်းသည်။ တိုင်းရင်းကြက်မွေးမြူရေးပုံစံမှာ မိရိုးဖလာသဘာဝအလျောက် မွေးမြူခဲ့ကြသဖြင့် နည်းစနစ်တကျမွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်း၊ ကြီးထွားမှုနှုန်းနှင့် ထုတ်လုပ်မှုအမြင့်မားဆုံးရရှိစေရန်ဆောင်ရွက်နိုင်ပြီး တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည် စီးပွားဖြစ်မွေးမြူရေးအသွင်ဖြစ်လာစေရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဒေသခံတိရစ္ဆာန်မျိုးစိတ်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ပြန်လည်မြှင့်တင်လာသကဲ့သို့ မိမိတို့မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းကြက်ကို စနစ်တကျမွေးမြူခြင်းဖြင့် အသားကဏ္ဍတိုးတက်လာကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးလာမည်ဖြစ်သည်။
ကျေးလက်ဒေသမွေးမြူရေးစနစ်
တောင်သူလယ်သမားများတစ်နိုင်တစ်ပိုင်မွေးမြူထားကြသောဒေသကြက်များသည်စီးပွားရေးအသွင်ဆောင်သော မွေးမြူရေးလုပ်ငန်းမဟုတ်သည့် အတွက် ကြက်မွေးမြူပြီး အကျိုးအမြတ်ရရှိသူနည်းပါးလှသည်။ မိရိုးဖလာမွေးမြူကြခြင်းဖြစ်သည့်အတွက်မျိုးရွေးချယ်ခြင်း၊ မွေးမြူရေးခြံဆောက်လုပ်ပေးခြင်း၊ အစာအာဟာရကောင်းမွန်စွာကျွေးမွေးခြင်းနှင့် မွေးမြူနည်းများကို စနစ်တကျကျင့်သုံးခြင်း စသည့်အခြေခံမွေးမြူနည်းစနစ်များကို လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိချေ။ ကြက်မွေးမြူရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုသက်သာပြီး အချိန်တိုကာလအတွင်း၌ ငွေကြေးပြန်လည်ထွက်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ တိုင်းရင်းကြက်များမွေးမြူသင့်သည့်အချက်များ_
-တိုင်းရင်းကြက်များသည် ဒေသရင်းရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများကို ရာစုနှစ်ပေါင်းများစွာ လိုက်လျောညီထွေဖြစ်အောင် ရှင်သန်လာခဲ့သောကြောင့် အပူချိန်ပြင်းထန်မှု၊ မိုးခေါင်ရေရှားမှု၊ စိုထိုင်းဆမြင့်မားမှု စသည့်ရာသီဥတုအခြေအနေများကို ကောင်းစွာခံနိုင်ရည်ရှိခြင်း။
-နိုင်ငံခြားမျိုးစိတ်များထက် ရောဂါပိုးမွှားများနှင့်ကပ်ပါးကောင်များကို တိုက်ထုတ်နိုင်သော ခုခံအားစနစ် ပိုမိုကောင်းမွန်ခြင်း။
-အစာကို မိမိဘာသာရှာဖွေစားသောက်နိုင်ပြီး အာဟာရနည်းပါးသောအစာများဖြင့်ပင် အသက်ရှင်သန်နိုင်စွမ်းရှိပြီး ကုန်ကျစရိတ်နည်းပါးခြင်း။
-ဖောက်စက်အကူအညီမလိုဘဲသဘာဝနည်းဖြင့် ကိုယ်တိုင်ဝပ်ပြီး သားဖောက်နိုင်စွမ်းရှိသည့်အားသာချက်ရှိပြီး ကျေးလက်မွေးမြူသူများအတွက် အထူးသင့်လျော်ခြင်း။
-သားပေါက်နှုန်း (Hatchability)မြင့်မားပြီး ကျန်းမာသန်စွမ်းသော ကြက်ပေါက်များရရှိ နိုင်ခြင်း။
-ဒေသကြက်မျိုးစိတ်များသည် အရွယ်ရောက်ပြီးချိန်တွင် မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းနှင့်ရှင်သန်လှုပ်ရှားနိုင်စွမ်းအလွန်မြင့်မားသည်။ ဤသို့သောလက္ခဏာများသည် သဘာဝပတ်ဝန်းကျင်တွင်ရှင်သန်ရန် အားသာချက်ဖြစ်စေခြင်း။
-ကြက်သား၏ အနံ့၊ အရသာနှင့်ဖွဲ့စည်းမှုကောင်းမွန်ပြီး မွေးမြူရေးကြက်များထက် ပရိုတင်းဓာတ်ပိုမိုပါဝင်ပြီး အဆီနည်းသောအသားဖြစ်ခြင်း။
-ကြက်ဥ၏အနှစ်အရောင်သည် လိမ္မော်ရောင်ရင့်ရင့်ဖြစ်ပြီး စီးပွားဖြစ်ကြက်ဥများ၏ အဝါဖျော့ဖျော့ထက် ပိုမိုစူးရှကာ ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်းတို့ဖြစ်သည်။
ထင်ရှားသောတိုင်းရင်းကြက်မျိုးများ
အင်ပင်ဝကြက်
မိတ္ထီလာမြို့နယ် အင်ပင်ဝကျေးရွာတွင် အများဆုံးမွေးမြူကြသည်။ အမွေးအရောင်မှာ အဖြူရောင်ရှိပြီး အနက်မွေးနှင့်မီးခိုးရောင်အမွေးများရောနှောပေါင်းစပ်ထားသည့် အရောင်ရှိသည်။ ခန္ဓာကိုယ်ထွားကျိုင်းသန်မာ၍ ရင်အုပ်ပိုင်းကျယ်သောကြက်မျိုးဖြစ်ပြီး (၅-၆)လသားတွင် အရွယ်ရောက်၏။ ကြက်ထီးတစ်ကောင် (၂ -၂ ဒသမ ၅) ပိဿာအထိ၊ ကြက်မတစ်ကောင် (၁ ဒသမ ၅-၂) ပိဿာခန့်အထိ ပျမ်းမျှအလေးချိန်ရှိနိုင်သည်။
ညောင်ကန်ကြက်
မကွေးတိုင်းဒေသကြီး ညောင်ကန်ကျေးရွာတွင် မူလပထမမွေးမြူကြသည်။ အနီရောင်၊ အညိုရောင်အရောင်အမျိုးမျိုးတွေ့ရှိနိုင်ပြီး မြန်မာတိုက်ကြက်မျိုးနှင့် သွင်ပြင်လက္ခဏာဆင်တူ၍ လွဲမှားနိုင်သည်။ (၆-၈)လသားတွင် အရွယ်ရောက်ပြီး ကြက်ထီးတစ်ကောင် (၇၅-၈၀)ကျပ်သားခန့်ရှိပြီး ကြက်မတစ်ကောင် (၅၀-၇၅) ကျပ်သားခန့်ပျမ်းမျှကိုယ်အလေးချိန်ရှိသည်။
လည်ပြောင်ကြက်
လည်ပင်းတစ်လျှောက်နှင့်ရင်ဘတ်တွင် အမွေးမပေါက်ဘဲ ဦးခေါင်းနှင့်ကိုယ်လုံးများ၌သာလျှင် အမွေးများဖုံးအုပ်နေသည်။ ၇ လသားနှင့် ၈ လသားအရွယ်တွင် ကြီးကောင်ဝင်ပြီး ပျမ်းမျှအားဖြင့် ကြက်ထီး ၁ ဒသမ ၅ ပိဿာနှင့် ကြက်မ ၁ ဒသမ ၂ ပိဿာအလေးချိန်ရှိသည်။ အများဆုံးတွေ့ရသောအရောင်မှာ ရွှေဝါရောင်၊ အနက်ရောင်နှင့် ရစ်များဖြစ်သည်။ လည်ပြောင်ကြက်များသည် အပူဒဏ်ခံနိုင်ရည်ရှိပြီး အစာစားနှုန်းကောင်းမွန်ခြင်းကြောင့် ကြီးထွားနှုန်းကောင်းသည်။
စစ်တကောင်းကြက်
ရခိုင်ပြည်နယ်တွင် အများအပြားတွေ့ရသည်။ ခြေတံ၊ လက်တံရှည်ပြီးရင်အုပ်ကျယ်သည်။ ကြီးထွားနှုန်းကောင်းသည်။ ခန္ဓာကိုယ်၏အမွေးမှာဖြူပြီး တောင်ဖုံးမွေးများမှာ ရွှေဝါရောင်ဖြစ်သည်။ အနက်ရောင်စစ်တကောင်းကြက်များကိုလည်း တွေ့ရသည်။ ဦးခေါင်းသေးငယ်ပြီး အမောက်သည် မောက်လုံးဖြစ်၏။ လည်ပင်းသေးသည်။ စစ်တကောင်းနယ်ဘက်မှရောက်ရှိလာသည့်မျိုးဖြစ်၍ စစ်တကောင်းမျိုးဟုခေါ်တွင်သည်။ အရွယ်ရောက်ကြက်ဖမှာ ပျမ်းမျှ ၂ ပိဿာရှိပြီး အမမှာ ၁ ဒသမ ၇၀ ပိဿာရှိသည်။
တိန်ညင်ကြက်
အလှမွေးရန်အတွက် သီးသန့်သားစပ်မွေးမြူသော ကြက်မျိုးဖြစ်သည်။ တောကြက်များထက် အရွယ်အားဖြင့် သေးငယ်ပြီး အရွယ်ရောက်ချိန်တွင် အထီးမှာ ပျမ်းမျှအလေးချိန် ၃၅ ကျပ်သားနှင့်အမမှာ ၂၅ ကျပ်သားခန့်ရှိသည်။ တောကြက်နှင့်ပိုမိုနီးစပ်မှုရှိသဖြင့် အခြားဒေသကြက်များထက် ပျံသန်းနိုင်စွမ်းအားသာ၍ အိပ်တန်းရွေးချယ်ရာတွင်နေရာအမြင့်ကိုနှစ်သက်သည်။
ရွှေတစ်ဆုပ်ကြက်
အလှမွေးရန်အတွက်ရွေးချယ်သားစပ်ထားသော ကြက်မျိုးဖြစ်သည်။ ကြက်မျိုးရင်းအားလုံး၌ အသေးငယ်ဆုံးကြက်မျိုးဖြစ်သည်။ ခြေတံတိုပြီး ရင်ပုံသားကျယ်သည်။ ကြက်ဖ၏အမြီးမှာ တိန်ညင်ကြက်ဖကဲ့သို့ တံစဉ်ပုံစံကွေးမနေဘဲ ခပ်ခုံးခုံးဆန့်တန်းလျက်ရှိသည်။ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ခိုငှက်များ၏ပုံသဏ္ဌာန်နှင့်ဆင်တူသည်။ ယခုအခါ နိုင်ငံခြားမှအလှကြက်များ တင်သွင်းသားစပ်ကြသည့်အတွက် တိုင်းရင်းရွှေတစ်ဆုပ် ကြက်မျိုးရင်းရှားပါးပြီး ကွယ်ပျောက်နိုင်သည့် အခြေအနေတွင်ရှိသည်။ အရောင်အသွေးအများစုမှာ အဝါဖျော့နှင့်ခဝဲရောင်များဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးမွေးမြူကြသည်။
မျိုးကြက်ရွေးချယ်ခြင်း
တိုင်းရင်းကြက်များတွင် မျိုးရွေးချယ်ခြင်းသည် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ မိမိတို့ဒေသနှင့်ကိုက်ညီသည့်မျိုးရင်းလက္ခဏာကြန်အင်များနှင့် ပြည့်စုံသောမျိုးကောင်းမျိုးသန့်ကြက်များကိုသာ အဓိကထားရွေးချယ်သင့်သည်။ ကြက်လတ် ၁၀ ပတ်သားမှ ၁၅ ပတ်သားအတွင်း မျိုးရွေးချယ်မှုကိုလုပ်ဆောင်ရမည်။ မျိုးပယ်ကြက်များကို ဟင်းစားကြက်များအဖြစ်သာအသုံးပြုမည်။ ကြက်ထီးတစ်ကောင်လျှင် ကြက်မ ၁၅ ကောင်နှုန်း ဦးတည်ရွေးချယ်ရမည်။
ကြက်မျိုးများအဖြစ် ရွေးချယ်မည့်ကြက်များ
- ကြီးထွားနှုန်းကောင်းမွန်ခြင်း၊ကျန်းမာသန်စွမ်းခြင်း။
- ကြက်ဥအရွယ်ကြီးကြီးဥခြင်း၊ အကြိမ်များများဥခြင်း။
- အမွေးရောင်စိုနေခြင်း။
- မတ်တတ်ရပ်သည့်အခါ ခန္ဓာကိုယ်ဝပ်တွား၍ မနေဘဲမတ်နေခြင်း။
- ကြက်ဥများမျိုးအောင်မှု၊ သားပေါက်မှုကောင်းခြင်း။
- သားထိန်းကောင်းခြင်း။
မိရိုးဖလာမွေးမြူမှုစနစ်၏အားနည်းချက်များ
တိုင်းရင်းကြက်များကို စနစ်တကျဂရုတစိုက်ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်မှု အားနည်းသဖြင့် အောက်ပါဆုံးရှုံးမှုများကြုံတွေ့လေ့ရှိသည်။
ကြက်ခြံကြက်တဲဆောက်လုပ်ပေးမှုမရှိခြင်း
- ခွေး၊ ကြောင်၊ ငှက် စသည့်တိရစ္ဆာန်များ၏ရန်ပြုမှုကို ခံရသည်။
- ခိုးယူခြင်းခံရသည်။ ရာသီဥတုဒဏ်ခံရသည်။
- ဥကျင်းများစနစ်တကျမထားသဖြင့် ဥများဆုံးရှုံးရသည်။ ကျန်းမာရေးအခြေအနေကို စစ်ဆေးရန်ခက်သည်။
- ကာကွယ်ဆေးထိုးရန်၊ဆေးကုသရန် ထိန်းသိမ်းဖမ်းဆီးရခက်သည်။
သန့်ရှင်းသော ရေ၊ အစာအာဟာရလုံလောက်စွာမရခြင်း
- ကြီးထွားနှုန်းမကောင်းပါ။ ဥနှုန်းနည်းသည်။ သားပေါက်ကြိမ်ရေနည်းသည်။ ရောဂါဖြစ်ရန် အခွင့်အလမ်းများသည်။
ကျန်းမာရေးစောင့်ရှောက်ပေးမှုအားနည်းခြင်း
- ကူးစက်ရောဂါဖြစ်ပွားလျှင် တစ်ခြံလုံးကုန်တတ်သည်။
- ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်ခက်သည်။
- ချေးဖြူကပ်ရောဂါ၊ သွေးဝမ်းရောဂါ၊ သန်ရောဂါများ အဖြစ်များသည်။
မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စနစ်တကျသားစပ်ပေးမှုမရှိခြင်း
- ကြီးထွားနှုန်းကောင်းသော၊ ဥနှုန်းကောင်းသော မျိုးများကို ထိန်းသိမ်းမထားနိုင်ပါ။
- တိုင်းရင်းကြက်မျိုးကောင်းများ ဖြစ်ထွန်းမလာပါ။
ကြက်ခြံဆောက်လုပ်ခြင်း
- ဒေသထွက်သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ဖြင့် ဆောက်လုပ်နိုင်သည်။
- လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းစွာရသောနေရာကိုရွေးပါ။
- ကြက်ကြီး ၁၅ ကောင်စာအတွက် ကြက်ခြံသည် ၇ ပေ ပတ်လည်ခန့်ရှိသင့်သည်။
- ကြက်ခြံအခင်းမြေကြီးကို အနည်းဆုံး ၁ ပေခန့်မြှင့်ထားခြင်းဖြင့် စိုစွတ်ခြင်း၊ ရေဝပ်ခြင်းမှကာကွယ်နိုင်သည်။
- အိပ်တန်းများကို မြေပြင်အခင်းထက် ၃ ပေခန့်အမြင့်တွင် ထားသင့်ပြီး ကြက်ငယ်၊ ကြက်လတ်များ အလွယ်တကူအိပ်တန်းတက်နိုင်စေရန် အနိမ့်မှအမြင့်သို့ အဆင့်ဆင့်လုပ်ထားပေးရမည်။ လုံးပတ်မှာ ကြက်များခြေထောက်မြဲမြံစွာကုပ်ထားနိုင်သောအရွယ်အစားဖြစ်ရမည်။
ဥကျင်းများထားပေးခြင်း
ဥကျင်းများကို ကြက်ခြံထောင့်အေးမြ၍အလင်းရောင်နည်းသောနေရာ၊ နံနက်ခင်းနေရောင်တိုက်ရိုက်မထိုးသောနေရာတွင်ထားပါ။ မြေပြင်ကြမ်းခင်းမှ ၁ ပေခွဲ (ဒူးဆစ်ခန့်) မြင့်သောနေရာတွင် ကောက်ရိုး၊မြက်ခြောက်ခင်းပြီးခိုင်မြဲစွာထားပါ။ ဥကျင်းတစ်ခုလျှင် ၁ စတုရန်းပေပတ်လည်ရှိရမည်။ ကြက်မငါးကောင်အတွက် ဥကျင်းတစ်ခုနှုန်းထားပေးရမည်။ ဆေးရွက်ကြီးမှုန့်၊ ထုံးမှုန့်တို့အား ဥကျင်းအတွင်းရောစပ်ပေးခြင်းဖြင့် သန်း၊ လှေး၊ ကြက်မွှားများရန်မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
အစာကျွေးခြင်း
ကြက်များသည် အစုံစားသတ္တဝါများဖြစ်ပြီး အနီးအနားရှိအပင်များ၊ အစာအကြွင်းအကျန်များ၊ ပိုးကောင်ငယ်များ၊ ကောက်နှံများ စသည်ဖြင့်ရနိုင်သမျှအစာကို စားသုံးလေ့ရှိသည်။ တိုင်းရင်းကြက်များသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူရာ၌ အဓိကကျသောအစာများမှာ ဆန်ကွဲ၊ ဖွဲနု၊ ထမင်းဖြစ်ပြီး ပတ်ဝန်းကျင်တွင်ရရှိနိုင်သည့် အင်းဆက်ပိုးမွှားများ၊ နွားချေးပုံမှလောက်များ၊ တီကောင်၊ ခြများ၊ ခရု၊ ပက်ကျိ၊ ယောက်သွား၊ အစေ့အဆန်၊ မြက်နှင့်သဘာဝအလျောက်ပေါက်ရောက်နေသည့် သီးနှံများအား ရွေးချယ်စားသောက်ကြသည်။ ဘောစကိုင်းရွက်၊ ပေါက်ပန်းဖြူရွက်၊ ဗေဒါပင်၊ ကန်စွန်းရွက်နှင့်ဂေါ်ဖီထုပ်အရွက်စိမ်းများသည်လည်း ကြက်များအတွက် အမျှင်ဓာတ်နှင့်ဗီတာမင်ဓာတ်များပေးစွမ်းနိုင်ပြီး အစာခြေစနစ်ကိုအားကောင်းစေသည်။ သောက်သုံးရေအနေဖြင့်လည်း မိုးရေ၊ ကျင်းငယ်များ၊ ရေအိုင်တို့မှ သောက်သုံးကြသည်ကိုတွေ့ရှိရသည်။ ကြက်များသည် ရေအလွန်ငတ်တတ်သည်။ အဓိကအစာဖြစ်သောအစာများနှင့်အတူ သန့်ရှင်းသောသောက်ရေကို အဆက်မပြတ်ရရှိစေရန် ဂရုစိုက်ပေးရမည်။ ကြက်များ၏ကျန်းမာရေးနှင့်အစာစားနှုန်းအတွက် ရေသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ ကြက်များကျန်းမာဖွံ့ဖြိုးရန်အတွက် သန့်ရှင်းသောရေ၊ လတ်ဆတ်သောအစာနှင့် မှန်ကန်သောအချိန်သည် အဓိကအချက်သုံးချက်ဖြစ်သည်။ ကြက်များအား နံနက် ၆-၇ နာရီ (နေမထွက်ခင်)နှင့် ညနေ ၄-၅ နာရီ အိပ်တန်းဝင်ခါနီးအချိန်တွင် ဖြည့်စွက်စာကျွေးမွေးပေးခြင်းသည်အကောင်းဆုံးအချိန်ဖြစ်သည်။ တစ်နေ့တာကျွေးမွေးရမည့်အစာအား နှစ်ပုံခွဲ၍ နံနက် ၅၀ ရာခိုင်နှုန်းနှင့် ညနေ ၅၀ ရာခိုင်နှုန်းခွဲခြားကျွေးမွေးနိုင်သည်။ဖြည့်စွက်ကျွေးမွေးရမည့်အစာသဘာဝအလျောက် ရှာဖွေစားသောက်သောအစာအပြင် အာဟာရဓာတ်အမျိုးမျိုးပြည့်စုံစွာရောစပ်ထားသောအစာများကိုလည်း ဖြည့်စွက်ကျွေးမွေးရမည်။ အစားအစာသည် အသားနှင့်ဥထုတ်လုပ်မှုအမြင့်မားဆုံးရရှိနိုင်ရန် အရေးပါသည်။
လွှတ်ကွင်းနှင့်မွေးမြူသော တိုင်းရင်းကြက်မွေးမြူရေးစနစ်တွင် တစ်နှစ်တာကာလပတ်လုံး အစာလုံလောက်စွာမရရှိနိုင်သဖြင့် အစာအာဟာရများဖြည့်စွက်ကျွေးမွေးရန်လိုအပ်လှပေသည်။
လွှတ်ကွင်းနှင့်မွေးမြူရာတွင် ကြက်ကြီးတစ်ကောင်အတွက် အကျယ်အဝန်းမှာ ကြက်တစ်ကောင်လျှင် ၉ ဒသမ ၅ စတုရန်းပေလိုအပ်သည်။သို့မှသာလွှတ်ကွင်းအတွင်း အစာရှာဖွေစားသောက်နိုင်မည်ဖြစ်သည်။ အစာစိမ်းအဖြစ်အသုံးပြုမည့် နေဗီယာမြက်အား နေ့စဉ်အပူချိန်မြင့်မားချိန်တွင် ကျွေးမွေးရမည်။ မွေးမြူထားသည့်ဒေသကြက်များအတွက် လိုအပ်သောသတ္တုဓာတ်များရရှိရန် သဘာ၀မြေဩဇာ(ဥပမာ-သစ်ရွက်ဆွေး၊ မြေဆွေး)နှင့် နွားချေးခြောက်များအား ရက်သတ္တပတ်လျှင် နှစ်ကြိမ်ခန့် ကြဲပက်ကျွေးမွေးရမည်။ သဘာဝမြေဩဇာနှင့် နွားချေးခြောက်တွင် ကယ်လဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်အပါအဝင် အရေးကြီးသောသတ္တုဓာတ်များပါဝင်ပြီး ကြက်များ၏အရိုးနှင့်အမွေးအတောင်ဖွံ့ဖြိုးမှုကို အားပေးသည်။
စီမံအုပ်ချုပ်မှုပုံစံနှင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းသဘာဝအတိုင်း လွှတ်ကျောင်းမွေးမြူသော တိုင်းရင်းကြက်များ၏ မျိုးပွားမှုစက်ဝန်းအား အောက်ပါအတိုင်းပိုင်းခြားနိုင်သည်။
- ဥဥသောကာလ ၁၀ - ၁၄ ရက်
- ဥများအားဝပ်သောကာလ ၂၁ ရက်
- သားထိန်းကာလ ၅၆ ရက်
- စုစုပေါင်းကြာမြင့်ချိန် ၈၇ - ၉၁ ရက်
တိုင်းရင်းကြက်မတစ်ကောင်သည် သားခွဲပြီး ၁၀ - ၁၄ ရက်အတွင်း ပြန်ဥလေ့ရှိသည်။ သို့ဖြစ်ရာ ပထမအကြိမ် ဥစဥချိန်မှသားခွဲပြီးနောက် ဒုတိယအကြိမ် ဥပြန်ဥသည့်ကာလသည် ၉၇ - ၁၀၅ ရက် အထိ ကြာမြင့်နိုင်သည်။ ထို့ကြောင့် ကြက်မတစ်ကောင်မှာ တစ်နှစ်လျှင် သုံးကြိမ် သို့မဟုတ် နှစ်နှစ်လျှင် ခုနစ်ကြိမ်သားပေါက်နိုင်သည်။ ကျေးလက်ဒေသများတွင် လက်ရှိမွေးမြူနေသည့်ပုံစံမှာ သားထိန်းရက်အား ၇၅ ရက် ကြာမြင့်သည်ကိုတွေ့ရှိရသဖြင့် စနစ်တကျမွေးမြူသည့်ခြံတွင် သားထိန်းရက်အား ၃ဝ ရက်သာထားရှိပြီး ကြက်ငယ်များအား ကြက်လတ်ခြံသို့ပို့ဆောင်၍ ကြက်မကြီးအား သားခွဲလုပ်ဆောင်မည်ဖြစ်သည်။ တစ်လသားအရွယ်သားခွဲထားသော ကြက်ငယ်များအား အစာရေစာအာဟာရပြည့်စုံစေရန် စီမံကျွေးမွေးခြင်းဖြင့် ဈေးကွက်ဝင်အရွယ်ရောက်ရှိစေရန် ၆-၇ လသားအထိ ထိန်းသိမ်းစောင့်ရှောက်ရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိလာမည်ဖြစ်သည်။ ကြက်ငယ်တစ်လသားအရွယ်တွင် သားခွဲကြက်မကြီးအား ပြုပြင်ထိန်းသိမ်းကြက်ခြံတွင် ၁၀ ရက် လေ့ကျင့်ပေးပြီးပါက ကြက်ကြီးခြံသို့ ပြန်လည်ပို့ဆောင်ဥဥစေရန် စီမံဆောင်ရွက်သွားရမည်ဖြစ်သည်။
အထက်ပါနည်းစနစ်များအတိုင်း ဒေသကြက်များအားမွေးမြူသွားခြင်းဖြင့် မိရိုးဖလာမွေးမြူနေသော တစ်နှစ်လျှင် သုံးသားပေါက်ခြင်းမှ ဥကြက်မကြီးတစ်ကောင်လျှင် ငါးသားပေါက်စေမည်ဖြစ်ပြီးပိုမိုတိုးတက်ထုတ်လုပ်နိုင်လာမည်ဖြစ်သည်။
မှတ်တမ်းများထားရှိခြင်း
တိုင်းရင်းကြက်မွေးမြူမှုမှတ်တမ်းများ ထားရှိခြင်းသည် ကြက်တစ်ကောင်ချင်းစီ၏ ကျန်းမာရေး၊ အစာစားနှုန်းနှင့် ဥဥမှုကို မှတ်သားထားခြင်းဖြင့် ရောဂါလက္ခဏာများကို အချိန်မီသတိပြုမိနိုင်ပြီး ပြုပြင်ဆောင်ရွက်နိုင်သည်။ ကြက်မတစ်ကောင်ချင်းစီ၏ ဥဥသည့်နှုန်း(ဥအရေအတွက်)၊ ဥဥမှုပုံမှန်ဖြစ်မှု၊ ဥအရွယ်အစား စသည့်အချက်များကို မှတ်တမ်းတင်ထားခြင်းဖြင့် မျိုးကောင်းကြက်မများရွေးချယ်ခြင်းနှင့် အားနည်းသောကြက်မပယ်ထုတ်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။ ကောင်းမွန်သောမှတ်တမ်းစနစ်သည် မွေးမြူရေးလုပ်ငန်းအောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။
ကျေးလက်ဒေသနေပြည်သူများသည် ဒေသကြက်မွေးမြူရေးအား မိရိုးဖလာမွေးမြူရေးအဖြစ်သာ လုပ်ဆောင်လျက်ရှိသည်။ မိရိုးဖလာမွေးမြူရေးလုပ်ငန်းဖြစ်သည်နှင့်အညီ အဓိကစိန်ခေါ်မှုများဖြစ်သည့် -
(က) မွေးမြူသူတစ်ဦးချင်းစီမှ ထုတ်လုပ်မှုနည်းပါးခြင်း(မွေးမြူသူတစ်ဦးချင်းစီ၏ အတွေ့အကြုံနည်းပါးခြင်း၊ မျိုးကောင်းမျိုးသန့်မသုံးခြင်း)
(ခ) ရောဂါထိန်းချုပ်နိုင်မှုမရှိခြင်း(ကာကွယ်ဆေးထိုးနှံမှုနည်းပါးခြင်း၊ ရောဂါလက္ခဏာများကို အချိန်မီမသိရှိခြင်း)
(ဂ) အာဟာရပြည့်စုံလုံလောက်စွာ ကျွေးမွေးမှုမရှိခြင်း(သဘာဝအစာကိုသာ အဓိကကျွေးမွေးခြင်း၊ ဖြည့်စွက်အာဟာရမလုံလောက်ခြင်း)
(ဃ) မွေးမြူရေးနည်းပညာနှင့် ဗဟုသုတနည်းပါးခြင်း (စနစ်ကျသောမွေးမြူရေးနည်းလမ်းများကို မသိရှိခြင်း)
(င) ဒေသကြက်မျိုးမြှင့်တင်မွေးမြူမှုမရှိခြင်း(မျိုးရိုးဗီဇအားနည်းသော ဒေသကြက်မျိုးများကိုသာ အသုံးပြုခြင်း)
(စ) ပုံမှန်မွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်၊ ဦးတည်ချက်၊ စံချိန်စံညွှန်းများ အစီအစဉ်မရှိခြင်း(မှတ်တမ်းများမထားခြင်း၊ ရေရှည်စီမံကိန်းမရှိခြင်း)
(ဆ) မွေးမြူထုတ်လုပ်သူအချင်းချင်း စုစည်းညီညွတ်စွာ ပေါင်းစပ်လုပ်ကိုင်မှုမရှိခြင်း(တစ်ဦးချင်းစီကွဲပြားစွာ လုပ်ကိုင်ခြင်း)
(ဇ) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်မှု အားနည်းခြင်း(ကာကွယ်ဆေးနှင့် နည်းပညာအထောက်အပံ့များရရှိအောင် ဆောင်ရွက်ခြင်း)
အဆိုပါအချက်များအားပြုပြင်ဆောင်ရွက်အကောင်အထည်ဖော်မည်ဆိုပါက လက်ရှိမွေးမြူနေသည့် စနစ်၏အားနည်းချက်ဖြစ်သည့် ကြက်သေနှုန်း ၅၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်း၊ ဈေးကွက်ဝင်အလေးချိန် ၂ လမှ ၁.၅ လသို့ ကာလတိုတောင်းလာခြင်း၊ ထုတ်လုပ်မှုအရည်အသွေးမြင့်မားလာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကြက်သားနှင့်ဥများဈေးကွက်သို့ပိုမိုရောက်ရှိလာခြင်းများဖြစ်ပေါ်လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအတွက် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
တိုင်းရင်းကြက်မွေးမြူရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး၏အဓိကသော့ချက်ဖြစ်စေရန် ယခုအချိန်မှစ၍ စနစ်တကျပြောင်းလဲကြပါစို့။ ။
MWD Web Portal

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကိုအဖွဲ့ဝင် ၁၆ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) မြန်မာနိုင်ငံ၏စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊
(၂) စားရေရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်၊
(၃) စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြင့်ပြည်တွင်းဖူလုံပြီး ပိုလျှံသည်များကိုပြည်ပသို့တင်ပို့နိုင်ရေးနှင့်ဈေးကွက်ဝေစုရရှိရေးကိုဖော်ဆောင်ရန်၊
(၄) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော ရေရှည်တည်တံ့သည့် စိုက်ပျိုးမွေးမြူရေး စနစ်များကိုဖော်ဆောင်ရန်၊
(၅) လယ်ယာကဏ္ဍနှင့်ဆက်စပ်လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန်၊ထို့ပြင်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ (၂၁)ချက်ရှိသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကော်မရှင်၏ရည်ရွယ်ချက်ပါအတိုင်း ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေချိုငါးမွေးကန်၊ ရေငန်ပုစွန်မွေးကန်ဧကများ တိုးချဲ့နိုင်ရေးအတွက်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်အထိ ၂၁၈၄၅ ဒသမ ၇၀ ဧက တိုးချဲ့နိုင်ရေးအတွက် နှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနတို့၏စိစစ်ချက်များအရ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ အမှန်တကယ် မွေးမြူလျက်ရှိသော ငါးမွေးမြူကန် ၃၃၁၄၁၇ ဒသမ ၄၈၁ ဧက၊ ပုစွန်မွေးမြူကန် ၁၃၈၂၀၀ ဒသမ ၄၄ ဧကနှင့် ကဏန်းမွေးမြူကန် ၂၄၉၁ ဒသမ ၅၇၀ ဧက စုစုပေါင်း ငါး၊ ပုစွန်၊ ကဏန်းမွေးကန် ဧကပေါင်း ၄၇၂၁၀၉ ဒသမ ၄၉၁ ဧက ရှိသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှုတိုးတက်စေရေးအတွက် ငါး၊ ပုစွန် တိုးချဲ့ မွေးမြူရန်လျာထားချက်မှာ ရေချိုငါးမွေးမြူကန်စုစုပေါင်း ၁၀၈၃၂ ဒသမ ၉၈ ဧကနှင့် ရေငန်ပုစွန် မွေးမြူကန်စုစုပေါင်း ၁၁၀၁၂ ဒသမ ၇၂ ဧက၊ ရေချို/ရေငန် ငါး၊ ပုစွန်မွေးကန်ဧက စုစုပေါင်း ၂၁၈၄၅ ဒသမ ၇၀ ဧကအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်အထိ နှစ်အလိုက်လျာထားပြီး တိုးချဲ့မွေးမြူရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ငါး၊ ပုစွန်မွေးမြူဧရိယာများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိမွေးမြူလျက်ရှိသော ကန်များမှ မြေအသုံးချခွင့်ရရှိပြီးသည့်မွေးမြူကန်ဧရိယာမှာ ၁၈၀၅၅၆ ဒသမ ၃၂၈ ဧကရှိသည်။
မြေအသုံးချခွင့်ရရှိရေးလျှောက်ထားရန်ကျန်သည့်ကန်ဧရိယာ ၂၀၃၉၃၈ ဒသမ ၈၀၄ ဧကရှိပြီး လျှောက် ထားဆဲ ကန်ဧရိယာမှာ ၅၆၆၀၇ ဒသမ ၈၂၂ ဧကရှိသဖြင့် ခွင့်ပြုချက်များရရှိရန် သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ဦးစီးဌာနမှူးများက တွန်းအားပေး ဆောင်ရွက်လျက်ရှိ သည်။
ပုဂ္ဂလိကကဏ္ဍမှ ငါးမွေးမြူရေး ၏ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ
တစ်ယူနစ်ဧရိယာ ငါးထွက်ရှိမှုတိုးတက်ရေးအတွက် မွေးမြူကန်ရေပြင်အား အပြည့်အဝ အကျိုးရှိစွာ အသုံးချစေပြီး ဈေးကွက်ဝင်ငါးမျိုးများ အချိုးကျထည့်သွင်းမွေးမြူ၍ အစာပြည့်ဝစွာကျွေးမွေးနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိသည်။
အထူးကြပ်မတ်ဂရုစိုက်မွေးမြူခြင်း (Intensive Plus) နည်းစနစ်ဖြင့် ပုစွန်ဖြူ (Penaeus vannamei) အား ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁၅ ဒသမ ၉၆ ဧကနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၂၂၁၇ ဒသမ ၅၆ ဧကခန့် မွေးမြူလျက်ရှိပြီး ရေငန်ပုစွန်ဖြူ မွေးမြူထုတ်လုပ်ခြင်းအား တနင်္သာရီတိုင်း ဒေသကြီး ၌ကုမ္ပဏီသုံးခုမှအဆင့်မြင့်ကန်ကျပ်မွေးမြူနည်းစနစ်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိပြီး တစ်ဟက်တာ ပုစွန်ကန်တစ်ကန်လျှင် မွေးမြူရက်ကာလ ၈၀ မှ ၁၀၀ ရက်အတွင်း တန်ချိန် ၁၅ တန် မှ ၂၅ တန် အကြား ထွက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြေဧရိယာ ၁၀၆၅၇ ဒသမ ၇၇ ဧကတွင် ပုစွန်တိုးချဲ့မွေးမြူရေးဇုန်များ ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိသည်။
ကန်ကျပ်စနစ်မွေးမြူပြီး အထွက်နှုန်းတိုးရေး မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းသို့ တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရေချိုငါးမွေးမြူခြင်းလုပ်ငန်းအား အဆင့်မြင့်မွေးမြူ ထုတ်လုပ်လာကြပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ Global Earth Agro & Aqua Industry Public Company Limited မှတစ်ဟက်တာ ၂ ဒသမ ၅ ဧကလျှင် ငါးပိဿာ ၁ ဒသမ ၅ သိန်းအထိ ထွက်ရှိနိုင်သည့် နည်းစနစ်များဖြင့် မွေးမြူထုတ်လုပ်လျက်ရှိသည်။
Global Earth Agro & Aqua Industry Public Co., Ltd. (GEAA)
Global Earth Agro & Aqua Industry Public Co., Ltd. (GEAA) သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် စနစ်ဟောင်းငါးမွေးမြူခြင်းမှ Export Income ပိုမိုရရှိရန်နှင့် အလုပ်အကိုင် အသစ်များဖော်ထုတ်ပေးနိုင်ရန် ခေတ်မီငါးသားပေါက်စခန်း၊ အသားတိုးငါးတန်မွေးမြူရေးနှင့် အစာ ထုတ်လုပ်ခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှု၊ အခဲခံမှု၊ ငါးကုန်ချောထုတ်လုပ်မှု၊ အအေးခန်းသိုလှောင်မှု နည်းစနစ်များပါဝင်၍ ငါးနှင့်ပတ်သက်သောအစားအစာများထုတ်လုပ်ပြီး မြန်မာ့ရေထွက်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ဝင်ရောက်နိုင်ရန် GEAA မှ ဆောင်ရွက်လျက်ရှိသည်။
GEAA မှ တစ်လလျှင် ငါးတန် တန်ချိန် ၅၀၀ မက်ထရစ်တန်အထိထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးလျက်ရှိပြီး တစ်နေ့လျှင် ငါးတန်ချိန် ၁၀ မက်ထရစ်တန်မှ ၂၅ မက်ထရစ်တန်အထိ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးလျက်ရှိသည်။
ပြည့်ဖြိုးထွန်းကုမ္ပဏီလီမိတက်ပုစွန်မွေးမြူရေးကန် တစ်ကန်လျှင် ပုစွန်သားပေါက်ကောင်ရေ ၁၅ သိန်းနှုန်းထည့်သွင်း၍ ရက်ပေါင်း ၈၀ မှ ၁၀၀ အတွင်း မွေးမြူလျက်ရှိပြီး ပုစွန်ဖြူတန်ချိန် ၁၅ မက်ထရစ်တန်မှ ၂၅ မက်ထရစ်တန် အထိထွက်ရှိပြီး တစ်နှစ်လျှင် ကန် ၆၄ လုံးမှ ပုစွန်ဖြူတန်ချိန် ၃၅၀၀ မက်ထရစ်တန်ထွက်ရှိသည်။
ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices - GAqP) အကောင်အထည်ဖော်ဆောင်ခြင်း
ရေသတ္တဝါများ မွေးမြူထုတ်လုပ်ရာ၌ နိုင်ငံအဆင့်နှင့်နိုင်ငံတကာအစားအစာများ ဘေးအန္တရာယ် ကင်းစင်မှု စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှုကျင့်စဉ်အား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက် အခွင့်အလမ်းများပေါများပြီး နိုင်ငံတကာဈေးကွက်သို့တင်ပို့နိုင်ရန်၊ စားသုံးသူများအစားအစာ ဘေးအန္တရာယ်ကင်းစွာဖြင့် ယုံကြည်စိတ်ချစွာစားသုံးနိုင်သည့်အခွင့်အလမ်းများရရှိရန် ရည်ရွယ်လျက် GAqP နှင့် BAP စနစ်ဖြင့် မွေးမြူထုတ်လုပ်ရေး အားပေးဆောင်ရွက်လျက်ရှိသည်။ ငါးမွေးတောင်သူများ အား GAqP နှင့်ပတ်သက်၍ သိရှိနားလည်စေရန်နှင့် GAqP စနစ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရန် သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် GAqP သင်တန်း/ဟောပြောပွဲ ၈၃ ကြိမ် ဦးရေ ၂၁၆၃ ဦးအား သင်တန်းဖွင့်လှစ်ဟောပြောပို့ချပေးခဲ့သည်။ ငါး/ပုစွန်/ ကဏန်းမွေးကန် ၄၃၆၅ ဒသမ ၉၇ ဧကအတွက် GAqP Certificate ၁၆ ခု ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုမွေးမြူရေးငါးနှင့် ငါးသလောက် Chilled Type များ တိုက်ရိုက် တင်ပို့နိုင်မှုအခြေအနေရေချိုမွေးမြူရေးငါးများအား စစ်တွေနှင့်မောင်တောနယ်စပ် ထွက်ပေါက်များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိရာမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် စစ်တွေနှင့်မောင်တောစခန်းများမှ တင်ပို့နိုင်ခြင်း မရှိတော့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မှဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ VMS တပ်ဆင်ထားသော ငါးသယ်ရေယာဉ်များဖြင့် တိုက်ရိုက်တင်ပို့ နိုင်ရေးကို ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ခဲ့သည်။
၄-၃-၂၀၂၄ ရက်မှ ၁၀-၁၂-၂၀၂၄ ရက်အထိ ကုမ္ပဏီ ခုနစ်ခုမှ ငါးသယ်ရေယာဉ် ၂၀ စင်းဖြင့် တန်ချိန် ၂၀၈၀ ဒသမ ၀၇၂ မက်ထရစ်တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀ သန်း တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။ တင်ပို့ခဲ့သော ငါးအမျိုးအစားများမှာ ရေချိုမွေးမြူရေးငါး (ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ)နှင့် ရေငန် ငါးသလောက်(Chilled Type) များဖြစ်သည်။
ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စုံလှေများဖြင့်ငါးခြောက်တင်ပို့မှုအခြေအနေ
၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှစ၍ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် စစ်တွေနှင့်မောင်တောစခန်းများမှ တင်ပို့နိုင်ခြင်းမရှိတော့သဖြင့် ရန်ကုန်မှဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ ကုန်စုံလှေများဖြင့် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ ပို့ကုန်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ ငါးခြောက်မျိုးစုံ တင်ပို့နိုင်ရေးကိုဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် မေလ၊ ဩဂုတ်လနှင့် နိုဝင်ဘာလအတွင်း ကုမ္ပဏီသုံးခုမှ ငါးခြောက်တန်ချိန် ၁၃၉၂ ဒသမ ၄၈၀ တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၃၃၆ သန်း တင်ပို့ခဲ့ပြီးဖြစ်သည်။ တင်ပို့ခဲ့သော ငါးခြောက် အမျိုးအစားမှာ ငါးနီတူခြောက်၊ ဆာဒင်းခြောက်၊ မြီးတံသွယ်ခြောက်နှင့် ငါးနှပ်ခြောက်များဖြစ်သည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့်သဘာဝမှဖမ်းဆီးရရှိသည့်ရေထွက်ကုန်ပစ္စည်းများစစ်ဆေး ခြင်း၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ် နှင့် မြန်မာနိုင်ငံမှ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာသဘောတူစာချုပ်ကို ပြည်ထောင်စုဝန်ကြီး၏ တရုတ်နိုင်ငံခရီးစဉ်၌ မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့တင်ပို့မည့် သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူ ရေးရေထွက်ကုန်ပစ္စည်းများကိုစစ်ဆေးခြင်း၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် တိရစ္ဆာန် ကျန်းမာရေးလိုအပ်ချက်သဘောတူစာချုပ်အား ၁၅-၉-၂၀၂၃ ရက်တွင် GACC နှင့် လက်မှတ် ရေးထိုးခဲ့ သည်။
၁၅-၉-၂၀၂၃ ရက်မှ ၃၁-၅-၂၀၂၅ ရက်အထိ သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ကုန်တင်ပို့မှုအတွက် တန်ချိန် ၁၃၆၂၂၀ ဒသမ ၅၅၉ MT အား Health Certificate (HC) ၃၁၈၂ စောင်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၅ ဒသမ ၅၅၈ သန်း တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။
၁၅-၉-၂၀၂၃ ရက်မှ ၃၁-၅-၂၀၂၅ ရက်အထိ မွေးမြူရေးမှရရှိသည့် ရေထွက်ကုန်တင်ပို့မှုအတွက် တန်ချိန် ၄၄၁၂ ဒသမ ၅၀၂ MT အား Health Certificate (HC) ၃၀၄ စောင်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၇၇ သန်း တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။
ရေထွက်ပစ္စည်းတင်ပို့နိုင်မှုနှင့် ထုတ်ကုန်တိုးမြှင့်တင်ပို့နိုင်ရေး လျာထားချက်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရေထွက်ကုန်ပြည်ပတင်ပို့မှု စုစုပေါင်း US$ သန်း ၇၅၀ ခန့်ရရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် US$ သန်း ၇၂၂ ရရှိနိုင်ရေး မျှော်မှန်းထားရှိသည်။
အထက်ဇယားပါ မွေးမြူရေးရေငန်ပုစွန်ဖြူနှင့် ငါးတန် Value Added များကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင်ထုတ်လုပ်ပြီးပါက ပြည်ပပို့ကုန်ဝင်ငွေ တစ်ဘီလီယံကျော်ရရှိမည်ဖြစ်ပြီး နှစ်အလိုက် တိုးချဲ့ဧက၊ ထုတ်လုပ်မှုများ၊ တင်ပို့မှုများဖြင့် နှစ်စဉ် တစ်ဘီလီယံထက် ပိုမိုရရှိမည်ဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏လမ်းညွှန်ချက်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကော်မရှင်၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏လမ်းညွှန်ချက်များ၊ငါးလုပ်ငန်းဦးစီး ဌာန၏မူဝါဒ၊လုပ်ငန်းစဉ်များနှင့်အညီရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ပို့ကုန်နှစ်ဆတိုးမြှင့် ရေးတို့အတွက်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။ ။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဟုသတ်မှတ်မည်ဆိုပါကထိုနိုင်ငံအတွက်စွမ်းစွမ်းတမံဦးစီး ဆောင်ရွက်ပေးသော ခေါင်းဆောင်ကောင်းရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများ ကို ရှာဖွေဖန်တီးဆုပ်ကိုင်လျှောက်လှမ်းမှုတို့က အကြောင်းတရားများ ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းဟုဆိုရာတွင် ကိုယ်ကျိုးကိစ္စများကို ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ဦးဆောင်ရသည့် အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ကြဉ်းပေးနိုင်သူကိုသာ ခေါ်ဆိုရမည်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်ကောင်းရှိရုံ မျှဖြင့် မပြည့်စုံသေးပေ။ မိတ်ဆွေကောင်းများ နှင့်အတူ ဖွံ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဟုသတ်မှတ်မည်ဆိုပါကထိုနိုင်ငံအတွက်စွမ်းစွမ်းတမံဦးစီး ဆောင်ရွက်ပေးသော ခေါင်းဆောင်ကောင်းရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများ ကို ရှာဖွေဖန်တီးဆုပ်ကိုင်လျှောက်လှမ်းမှုတို့က အကြောင်းတရားများ ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းဟုဆိုရာတွင် ကိုယ်ကျိုးကိစ္စများကို ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ဦးဆောင်ရသည့် အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ကြဉ်းပေးနိုင်သူကိုသာ ခေါ်ဆိုရမည်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်ကောင်းရှိရုံ မျှဖြင့် မပြည့်စုံသေးပေ။ မိတ်ဆွေကောင်းများ နှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများလည်းရှိကာ ထိုအခွင့်အလမ်းကောင်းများ ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ရဦးမည်ဖြစ်သည်။
ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန်ဆိုသည်မှာ ကိုယ်တိုင်အသိစိတ်၊ စွန့်လွှတ်အနစ်နာခံ စိတ်တို့ နှင့်အတူ ထားရှိရမည့်စိတ်နေစိတ်ထားများကိုမွေးမြူရန်လိုအပ်လှပေသည်။ ထို့အတူပင် အခွင့်အလမ်း ကောင်းများဆိုသည်မှာလည်း သူ့အလိုလိုဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်က ဖန်တီး ယူရခြင်းဖြစ်သည်။ ပေါ်ထွန်းလာသောအခွင့်အလမ်းကောင်းများကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းရာတွင် မိတ်ကောင်း ဆွေကောင်းဆိုသည်မှာလည်း မရှိမဖြစ်အရေးပါလှသည်။ ထိုကဲ့သို့သောမိတ်ကောင်းဆွေကောင်း ဆိုသည်ကိုမူ မှန်ကန်စွာရွေးချယ်တတ်ဖို့အရေးကြီးသည်။ ထိုသို့ရွေးချယ်ခြင်းက ခေါင်းဆောင်ကောင်း အပေါ်မူတည်နေပြန်သည်။ ထို့ကြောင့် အရာအားလုံးသည် ကွင်းဆက်တစ်ခုကဲ့သို့ အပြန်အလှန်မှီခို ဆက်စပ်နေသည်ဟုဆိုရမည်ဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေခံမြေခံကောင်းသလို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်သည့် အချက်အချာကျသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် ပြည်တွင်း၌ စည်းလုံးညီညွတ်မှုအားနည်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျကျန်နေ ခဲ့သည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်မှစ၍ သိပ်မဝေးတော့သောကာလတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကို မိမိတို့အနေဖြင့် မျက်ဝါးထင်ထင်မြင်တွေ့ရလိမ့်မည်ဟု ကျွန်တော်ကတော့ ယုံကြည်မိသည်။
အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်ကောင်းတစ်ဦး၏ခံယူချက်နှင့် မှန်ကန် သောလုပ်ရပ်များကြောင့် သာဖြစ်သည်။ ကျွန်တော်တို့စိုက်သော အပင်သည် နောင်လာနောက်သားများအတွက် ဖြစ်သည်ဟုဆို သောစကားနှင့်အညီ ထိုခေါင်းဆောင်ကောင်း၏ ပစ္စုပ္ပန်လုပ်ရပ်များသည် အနာဂတ်တွင် မိမိတို့၏ မျိုးဆက်များအတွက် အကျိုးများစေသည်မှာအမှန်ပင်ဖြစ်သည်။
ကျွန်တော်တို့၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပင် ဘယ်လာရုစ်နိုင်ငံသို့သွား၍ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025) မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခြင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံ ခြင်းပင်ဖြစ်သည်ဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် မှန်ကန်သောရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျထိတွေ့ဆက်ဆံနိုင်ခဲ့သည့်အတွက်ဖြစ် သည်။ ထို့ကြောင့် EAEU အကြောင်းကို အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုသည်။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ဆိုသည်မှာ ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်တွင် ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ရုရှားနိုင်ငံတို့မှခေါင်းဆောင်များက သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်အသက်ဝင်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂၀၁၄ခုနှစ်၏အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အာမေးနီးယားနှင့် ကာဂျစ်စတန်နိုင်ငံတို့ကို ထိုသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ခွင့်ပြုရေးအတွက် သဘောတူညီချက်များကို လက်မှတ် ထိုးခဲ့သည်။ ထို့နောက် တွင် EAEU သည် အဖွဲ့ဝင်ငါးနိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။
EAEU သည် ကုန်စည်နှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းရေးကိုအားပေးကာ မေခရိုစီးပွားရေး ရပ်ဝန်း၊ ပို့ဆောင်ရေး၊ စက်မှုနှင့်စိုက်ပျိုးရေး၊ စွမ်းအင်၊ ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်၊ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း အစရှိသည်တို့ကို ဖော်ဆောင်ပေးသောအဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့၏အနာဂတ်မျှော်မှန်းချက် တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံ များကြားကုန်သွယ်ရေးတွင် ဘုံငွေကြေးတစ်ရပ်ကိုဖော်ဆောင် အသုံးပြုရေးနှင့် အဖွဲ့ဝင်နိုင်ငံအရေ အတွက် တိုးတက်များပြားလာရေးဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွက် ကောက်ယူရရှိသော စာရင်းများအရ ထိုအဖွဲ့တွင် လူဦးရေပေါင်း ၁၈၃ သန်းပါဝင်ပြီး ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ အထိရှိသည်။
EAEU နှင့်အတူ အရေးပါသည့်အရာတစ်ခုမှာ ဥရောပ-အာရှစီးပွားရေးဖိုရမ်ဖြစ်သည်။ ထိုဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်းသာမက အဖွဲ့ဝင်ပြင်ပနိုင်ငံများနှင့်ပါ စီးပွားရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခြင်းအပါအဝင် EAEU ဖွဲ့စည်းတည်ထောင်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ကိုတွေ့ရသည်။ အဆိုပါဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ကျွန်တော်တို့၏ နိုင်ငံတော်အကြီးအကဲသည်လည်း ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲပြောကြားသောမိန့်ခွန်းအနက် အချက်အလက်အချို့ကို ထုတ်နုတ်ကြည့်ရလျှင် မြန်မာနိုင်ငံနှင့် EAEU တို့ကြားထိတွေ့ဆက်ဆံမှုက ၂၀၂၂ ခုနှစ်မှစတင်ခြင်းဖြစ်သော်လည်း ၂၀၂၃ ခုနှစ်တွင် ထိုဆက်ဆံမှုက အရှိန်အဟုန်မြင့်တက်လာသည်ကိုတွေ့ရသည်။ ယင်းသို့ထိတွေ့ဆက်ဆံမှုမှ တစ်ဆင့် ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့သည့် ကဏ္ဍများတွင် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ် သော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ မြန်မာနိုင်ငံ၏အဓိကထုတ်ကုန်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ အနာဂတ် အတွက်အုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍ၊ ကုန်စည်စီးဆင်းမှုအတွက် အရေးပါသောသယ်ယူပို့ဆောင် ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံပါဝင်သည်။
ဤနေရာတွင် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ အရေးပါမှုကိုလည်းထည့်တွက်ရမည်ဖြစ် သည်။ ၂၀၂၃ ခုနှစ်မှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့်ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့ကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်နိုင်သည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန် အုတ်မြစ်ချ နိုင်ခဲ့ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်မှာတော့ ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခြင်းဖြင့် အပြန်အလှန်ဆက်ဆံရေးက ပိုမိုခိုင်မာလာပြီဖြစ်သည်။ ဒီလိုခိုင်မာမှုနှင့်အတူ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား စီးပွားရေး၊ ကုန်သွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဖော်ထုတ်ပြီး တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။
ထိုကဲ့သို့ အပြန်အလှန်ဆက်ဆံရေးတိုးတက်မြင့်မားလာမှုအတွက် အရေးပါပြီးအရာရောက်သည့် တစ်ခုမှာ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ဖြစ်သည်။ ထိုဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။ ထိုဖိုရမ်ကြောင့် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြား အပြန် အလှန်စီးပွားရေး ဆက်ဆံမှုများ၊ ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာသည်။ မကြာသေးမီကကျင်းပပြီးစီးခဲ့သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆွေးနွေးမှုအစီအစဉ်တစ်ခု၌ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်ရီရှတ်နီကော့က မြန်မာ နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုစာချုပ်မှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်မည့် အဓိကနယ်ပယ်မှာ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် သယ်ယူ ပို့ဆောင်ရေးအခြေခံအဆောက်အဦ၊ သတ္တု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ အပါအဝင်အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေမည် ဖြစ်သည်။
(၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်း အဝေးအဖြစ်ကျင်း ပသော ဥရောပ-အာရှ စီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကိုလည်း အပြန်အလှန်ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများတိုးမြှင့်ရေးနှင့် လုပ်ငန်းအဖွဲ့များအကြား ဆွေးနွေးရန်လိုအပ်သော စီးပွားရေး ဆိုင်ရာ အခက်အခဲများကို သတ်မှတ်ခြင်းတို့ကို အဓိကရည်ရွယ်ပြီးကျင်းပခဲ့သည်။ထိုအစည်းအဝေး တွင် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် စည်းမျဉ်း စည်းကမ်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းသည် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင် နိုင်ငံငါးနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ဆွေးနွေး ခြင်းဖြစ်သည့်အပြင်၂၀၁၉ ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏမှာ သုံးဆတိုးလာကြောင်း ဥရောပ-အာရှ စီးပွားရေးကော်မရှင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr.Eldar Alisherov က ပြောကြားခဲ့သည်။ မိမိနိုင်ငံအကျိုးစီးပွားအတွက် လက်ရှိအစိုးရ၏ကြိုးပမ်းဆောင်ရွက်မှု အသီးအပွင့်များပင်ဖြစ်သည်။ထိုမှတစ်ဆင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေးအတွက် ယုံကြည်မှုများ ပိုမိုတိုးမြှင့်ရရှိလာမည်ဖြစ်သည်။
ယခုဘယ်လာရုစ်နိုင်ငံတွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက်ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံမှနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တက်ရောက်ခြင်းက အိမ်ရှင်ဘယ်လာရုစ်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက ထိုသို့တက်ရောက်ခွင့်ရချိန်တွင် ရရှိသောအခွင့် အရေးကိုအကောင်းဆုံးအသုံးချသည့်အနေဖြင့် မြန်မာနိုင်ငံက ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ့ ခေါင်းဆောင်များက ထောက်ခံဆောင်ရွက်ပေးရန် အလေးအနက်ထားမေတ္တာရပ်ခံ လိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏တည်နေရာနှင့် ရုရှား၊ ဘယ်လာရုစ် အစရှိသော ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏တည်နေရာကို မြေပုံပေါ်တွင်ကြည့်လျှင် တော်တော်လေးဝေးကွာသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံက ထိုသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးကြိုးပမ်းမှုသည် အရာထင်ပါ့ မလားဟူသော စိုးရိမ်မှုတို့ရှိနေနိုင်သည်။ သို့သော် ထိုအချက်ကိုစိတ်ပူစရာမလိုပေ။ အကြောင်းရင်းမှာမူ မြန်မာနိုင်ငံသည် အာဆီယံဒေသအတွက် အချက်အချာကျသောနေရာတွင်ရှိနေခြင်းကြောင့်ဖြစ်သည်။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂဆိုသည်မှာ နိုင်ငံရေး၊ စစ်ရေးထက် စီးပွားရေးကို အဓိက ဦးစားပေး ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အတွက် ၎င်းတို့အနေဖြင့် စီးပွားရေးကွန်ရက်ကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်သည်။ ယင်းသို့ချဲ့ထွင်ရာတွင်ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် စီးပွားရေးလုပ်ခြင်းထက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ခြင်းက ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် အလားအလာကောင်းများရှိသော နယ်မြေများကိုရှာဖွေရာတွင် အာဆီယံဒေသကရှေ့ဆုံးတွင်ရှိနေသည်။ အာဆီယံဒေသအတွက် မည်သည့်နိုင်ငံကအချက် အချာဖြစ်မည်ကိုဆက်လက်ရှာဖွေရာတွင် မြန်မာနိုင်ငံကထိပ်ဆုံးကပါဝင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သွားပါက မြန်မာနိုင်ငံအတွက်သာမက အာဆီယံဒေသအတွက်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်စေမည်ဖြစ်သည်။
ထိုအရေးကိုကြိုတင်ရှုမြင်ထားသည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ က မြန်မာနိုင်ငံကိုဧည့်သည်တော်အဖြစ်ဖိတ်ကြားသည်။ ကျွန်တော်တို့၏နိုင်ငံတော်အကြီးအကဲက လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မည့်အလားအလာကောင်းများကိုမြော်တွေးကာ ဖိတ်ကြားမှုကိုလက်ခံသည့်အပြင် မိန့်ခွန်းပါပြောကြားပြီး မြန်မာ နိုင်ငံကို ၎င်းတို့၏မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်နေကြောင်းပြောကာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ်ဆောလျင်စွာ ပါဝင်ခွင့်ပြုရေး မေတ္တာရပ်ခံခဲ့သည်။
အစောပိုင်းတွင်ပြောခဲ့သည့်စကားကိုပြန်ကောက်ရလျှင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်ကောင်းရှိပြီး ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းကောင်းများကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင် နိုင်စွမ်းရှိရမည့်အပြင် မိတ်ကောင်းဆွေကောင်းကိုလည်း မှန်ကန်စွာရွေးချယ်တတ်ရမည်ဖြစ်သည်။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကြည့်လျှင် ခေါင်းဆောင်ကောင်းတစ်ဦးပီသသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့ကဲ့သို့သော မိတ်ကောင်းဆွေကောင်းများကိုမှန်ကန်စွာရွေးချယ်ကာ ဥရောပ-အာရှစီးပွားရေးဖိုရမ်ဟူသည့် အခွင့်အလမ်းကောင်းကိုဆုပ်ကိုင်၍ အခွင့်အရေး အဖြစ်ပြောင်းလဲအသုံးချကာ မြန်မာနိုင်ငံ၏အကျိုးစီးပွားအတွက် အောင်မြင်မှုရှိစွာ ဖန်တီးနိုင်ခဲ့ သည်ကိုတွေ့ရသည်။
အကယ်၍များ မြန်မာနိုင်ငံက ဥရောပ-အာရှစီးပွားရေးသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရသွား ပြီဆိုလျှင် မြန်မာနိုင်ငံနှင့်ထိုအဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာမည်။ ကုန်သွယ်မှုများမြင့်တက်လာမည်။ နိုင်ငံအတွင်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် လာမည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသားတို့၏ ဘဝသည်လည်း ရေမြင့်၍ ကြာတင့်သကဲ့သို့ ဖြစ်လာစေမည်ဖြစ်သည်။ ထိုသို့သောအကျိုးကိုရရှိအောင် ကောင်းမွန်သော အကြောင်းတရားကိုကျွန်တော်တို့၏နိုင်ငံတော်အကြီးအကဲက ဖန်တီးဆောင်ရွက်ထားပြီဖြစ်ပေတော့သည်။ ။

ဖရဲသီးသည် လူကြိုက်များသောအသီးတစ်မျိုးဖြစ်သည်။ အရသာလည်းကောင်းသည်။ ဖရဲသီးကို အထူးသဖြင့် နွေရာသီလိုအခါမျိုးမှာ စားသုံးကြသလို ရောင်းအားလည်းကောင်းသည်။ ဖရဲသီးက ရေဓာတ်များသော အသီးတစ်မျိုးဖြစ်သည့်အတွက် ချွေးထွက်ပြီး ရေငတ်ပါက ရေဓာတ်များသော ဖရဲသီးကို ရေငတ်ပြေအောင်စားကြသည်။ ဖရဲသီးကကျန်းမာရေးကိုလည်းအကျိုးပြုသည်။ ကျောက်ကပ်ကို အကျိုးပြုကြောင်း သိရသည်။
ထို့ကြောင့် ကွမ်းစားသူအများစုက ဖရဲသီးကိုနှစ်သက်စွာ စားသုံးကြသည်။ ဖရဲသီးကိုဖျော်ရည် အဖြစ်လည်း ပြုလုပ်သောက်သုံးကြသည်။ အချိုပွဲသဘောမျိုးအဖြစ်လည်း စားသုံးကြသည်။ ဖရဲသီးသည် စျေးကွက်ရှိသည်။

စာရေးသူတို့ဒေသမှာ ဖရဲစိုက်တောင်သူများရှိသည်။ ထို့ကြောင့် ဖရဲသီးကိုစီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင် စတင်စိုက်ပျိုးမည့်စိုက်ပျိုးတောင်သူများအနေဖြင့်စိုက်ပျိုးနည်းကိုလေ့လာတင်ပြမျှဝေပေးမည်ဖြစ်သည်။
ဖရဲပင်၏နောက်ခံသမိုင်း
ဖရဲပင်၏မူရင်းဒေသမှာ တောင်အာဖရိကတိုက်ဟု ယုံကြည်လက်ခံထားကြသည်။ အကြောင်းမှာ ထိုဒေသ၌ ယခုတိုင်အောင် ဖရဲအရိုင်းပင်များကို တွေ့နေရသောကြောင့်ဖြစ်သည်။ ထိုဖရဲရိုင်းများမှာ အရသာသုံးမျိုးရှိသည်။ တချို့ကခါးသောအရသာရှိသည်။ တချို့က ခပ်ပေါ့ပေါ့အရသာရှိသည်။ တချို့အသီးကအနည်းငယ်ချိုသော အရသာရှိသည်။
ဖရဲပင်သည်အပူပိုင်းအာဖရိကတိုက်၏ ဒေသန္တရပေါက်ပင်မျိုးဖြစ်သည်ဟု ၁၈၂၂ ခုနှစ်လောက်က Alphonse deCaldolle ဆိုသူသိပ္ပံပညာရှင်တစ်ဦးက အတည်ပြုခဲ့သည်။ ပညာရှင်များ၏အဆိုအရ ဘီစီ ၂၀၀၀ မတိုင်မီကပင် နိုင်းမြစ်ဝှမ်းဒေသများ၌ ဖရဲစိုက်ပျိုးမှုရှိသည်ဟုဆိုသည်။
ဖရဲသီးအများဆုံး ထုတ်လုပ်သော တရုတ်နိုင်ငံတွင်မူ အေဒီ ၁၀ ရာစုကစတင်စိုက်ပျိုးခဲ့သည်။ မြန်မာနိုင်ငံမှာမူ ဖရဲပင်ကို မည်သည့်အချိန်က စတင်စိုက်ပျိုးခဲ့သည်ဟူသော မှတ်တမ်းမရှိပေ။ သို့သော် အိမ်နီးချင်းတရုတ်နိုင်ငံမှတစ်ဆင့် ရောက်ရှိလာသည်ဟုသာ မှန်းဆကြသည်။
၁၆ ရာစုလောက်မှ ကမ္ဘာအနှံ့ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း သိရသည်။
ဖရဲမျိုးများနှင့်ပုံသဏ္ဌာန်
ဖရဲသီးကို အင်္ဂလိပ်အမည်အားဖြင့် Water Melon ဟုခေါ်ပြီး သိပ္ပံအမည်အားဖြင့် Citrullus Lanatus ဖြစ်သည်။ မျိုးရင်းအမည်မှာ Cucurbitacea ဖြစ်သည်။ ဖရဲသီးကိုဒေသအမည်ကိုလိုက်၍လည်း ခေါ်လေ့ရှိကြသည်။ ဂျပန်၌စိုက်ပျိုးသော အန်စာတုံးပုံဖရဲသီး၊ ဒိုက်ဦးဖရဲ၊ ထိုင်ဝမ်ဖရဲစသည်ဖြင့်လည်း ဒေသစွဲခေါ်ကြသည်။ ကမ္ဘာပေါ်မှာဖရဲမျိုးပေါင်း ၁၂၀၀ ကျော်ရှိသည်။ ဖရဲသီး၏အတွင်းသားအရောင်မှာအနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နှင့် အဖြူရောင်တို့ရှိကြသည်။
အများဆုံးတွေ့ရသောအရောင်မှာ အနီရောင်ဖြစ်သည်။ ထင်ရှားသောဖရဲမျိုးများမှာ Carolina Cross မျိုးဖြစ်ပြီး အလေးချိန် ၂၆၂ ပေါင်အထိရှိသည်။ အကြီးဆုံးဖရဲမျိုးဖြစ်သည်။ Yellow Crimson ဖရဲမျိုးဖြစ်ပြီး အခွံစိမ်း၊ အသားဝါမျိုးဖြစ်သည်။ အရသာချိုသည်။
Orangeglo ဖရဲမျိုးမှာ အခွံစိမ်းပြီး အသားကလိမ္မော်ရောင်ရှိသည်။
Moon and Star ဖရဲမျိုးဖြစ်ပြီး အခွံက ပန်းရောင်၊ အနက်ရောင်နှင့် အဝါရောင်ကြယ်ကဲ့သို့ အဝိုင်းများပါသည်။ ဤကားအနည်းငယ်ဖော်ပြခြင်းသာဖြစ်သည်။ ဂျပန်နိုင်ငံကစိုက်ပျိုးသော ဖရဲသီးသည် လေးထောင့်အန်စာတုံးပုံသဏ္ဌာန်ရှိသည်။ ထိုင်ဝမ်ဖရဲက အလွန်ချိုသဖြင့်နာမည်ကြီးသည်။ စာရေးသူတို့ ဒေသထွက်ဖရဲသီးမှာလည်း ချိုသည်။ ဖရဲပင်သည်နွယ်ပင်အမျိုးအစားဖြစ်သည်။ အရွက်ရော၊ အနွယ်ပါ အစိမ်းရင့်ရောင်ဖြစ်သည်။ အသီးပုံသဏ္ဌာန်မှာ အလုံးဝိုင်းပုံ၊လုံးရှည်ပုံ၊ ဘဲဥပုံစသည်ဖြင့်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာမျိုးကိုလိုက်ပြီး ၉ လက်မ မှ လက်မ ၃၀ အထိရှိတတ်သည်။ အခွံက အစိမ်းရင့်ရင့်သက်သက်ချည်းရှိသလို အခွံစိမ်းပေါ်မှာ အဝါရောင်ဖျော့ဖျော့ အစင်းပါသည့် အခွံမျိုးလည်းရှိသည်။ ယင်းကိုအစင်းပါနှင့်အစင်းမဲ့ဟုခေါ်ကြသည်။
ဖရဲစိုက်မည့်သူများ ကြိုတင်စဉ်းစားထား
ဖရဲစိုက်ပျိုးမည်ဟုဆုံးဖြတ်ပြီးလျှင် ကြိုတင်စဉ်းစားထားရမည့်အချက်များရှိသည်။ ပွဲမဝင်ခင်အပြင်က ကြိုတင်ကျင်းပဆိုသကဲ့သို့ ဖြစ်သည်။ သို့မှသာ စိုက်သလောက်ဖြစ်ထွန်းပြီး ဖြစ်ထွန်း သလောက်စျေးကွက်ဖြန့်အားရှိမည် ဖြစ်သည်။ ထိုအချက်များမှာ မိမိစတင်စိုက်ပျိုးမည့်ဒေသ၌ ဖရဲစိုက်သူမည်မျှရှိသနည်း။
- စိုက်ပျိုးသူများသည် ဧကမည်မျှအထိရှိပြီး ဖရဲစိုက်ပျိုးရန်သင့်လျော်သောမြေဖြစ်သလား။
- ဖရဲစိုက်ရန်သင့်လျော်သောရာသီဥတုနှင့်စိုက်ပျိုးရန်ရည်မှန်းထားသောဒေသ၌ တစ်ဧကအထွက်နှုန်းမည်မျှရှိသနည်း။
- တစ်ဧကစိုက်ပျိုးစရိတ်မည်မျှကုန်နိုင်ပြီး စျေးကွက်မည်သို့ရှိသနည်း။
- စျေးကွက်သို့တင်ပို့ရာတွင်အခက်အခဲရှိ၊ မရှိ။
- မည်သည့်မျိုး၊ ကျင်းစနစ်၊ မြောင်းစနစ်မည်သည့်စနစ်ဖြင့်စိုက်မည်နည်း။
- ရေအလွယ်တကူရနိုင်သော ချောင်း၊ မြောင်း ရှိ၊ မရှိ၊ ရှိလျှင်မည်မျှဝေးသနည်း။ ထိုအချက်များကိုတွက်ချက်ပြီး အဆင်ပြေမှစိုက်ပျိုးသင့်သည်။
မြေနေရာရွေးချယ်ခြင်း
မြေအမျိုးအစားနှင့်ရာသီဥတုဖရဲစိုက်မည်ဆိုလျှင် ရေဝင်ရေထွက်၊ ရေလွှမ်းသော နေရာမျိုးမှာ မစိုက်သင့်ပါ။ ဖရဲစိုက်မြေနေရာသည်နေရောင်ခြည်အပြည့်အဝရသောနေရာ၊ ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသောနေရာကိုရွေးချယ်ရမည်။ စိုက်ပျိုးရန် သင့်လျော်သောမြေမှာ သဲနုန်းမြေဖြစ်သည်။ မိုးရာသီအကုန်မြစ်ရေကျချိန် သဲနုန်းမြေများပေါ်၌ လည်းကောင်း၊ စပါးရိတ်သိမ်းပြီးချိန် လယ်ကွင်းများ၌လည်းကောင်း စိုက်ပျိုးနိုင်သည်။ ဖရဲစိုက်ပျိုးရန် မြေချဉ်ငန်ကိန်းသည် ၆ မှ ၆.ရှိရမည်ဖြစ်သည်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးသော မြေ၊ ရေဝပ်သော မြေ၊ စိုထိုင်းဆများသောမြေမျိုးမှာမစိုက်သင့်ပါ။ အပူချိန်အားဖြင့် ၂၁ မှ ၃၄ စင်တီဂရိတ်နှင့် လေစိုထိုင်းဆနည်းသောဒေသများ၌ ဖရဲကောင်းစွာဖြစ်ထွန်းသည်။
ဖရဲမျိုးစေ့
မည်သည့်အပင်မဆိုအထွက်နှုန်းကောင်းဖို့ဆို မျိုးစေ့ကောင်းဖို့လိုသည်။ ထို့ပြင် ပန်းတိုင် အထွက်နှုန်းအတွက် ရည်မှန်းချက်ထားစိုက်မည်ဆိုလျှင်လည်း မျိုးစေ့ကောင်းဖို့လိုသည်။ မျိုးစေ့ကိုဝယ်ယူရာတွင် စျေးသက်သာရာကို မလိုက်မိဖို့လိုသည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ဝယ်ယူပါ။ မျိုးစေ့ညံ့လျှင် အပင်ပေါက်နှုန်းမကောင်းခြင်း၊ ကြီးထွားနှုန်းမကောင်းခြင်း၊ အသီးတင်မှု၊ အသီးကြီးထွားမှုမကောင်းခြင်းနှင့် အသီးအရွယ်အစားမညီခြင်းတို့ဖြစ်တတ်သည်။ မျိုးစေ့ကိုမစိုက်ပျိုးမီ အပင်ပေါက်နှုန်းကိုစမ်းသပ်ပြီးမှစိုက်ပျိုးသင့်သည်။ သို့မှသာတစ်ဧကဝင်ဆံ့ အပင်ရေနှင့် ပေါက်နှုန်းကို တွက်ချက်ပြီး စိုက်ပျိုးနိုင်မည်ဖြစ်သည်။
မျိုးပေါက်နှုန်းစမ်းသပ်နည်းမှာ ခပ်ရွယ်ရွယ်အဝတ်စတစ်စကိုရေစိမ်၍ စားပွဲပေါ်ဖြန့်ခင်းပြီး ဖရဲမျိုးစေ့ ၁၀၀ စီချ၍ အဝတ်စကိုလိပ်၍ ထိပ်နှစ်ဖက်ကိုကြိုးချည်ကာ ရေ ၁၂ နာရီစိမ်ပါ။ ထိုအဝတ်ကိုစွတ်စိုပြီး အပူချိန်ရှိသော နေရာမှာထားပါ။ ထို့နောက် အညှောက်ပေါက်လာပါက အညှောက်ပေါက်သော အစေ့သည် အပင် ၉၀ ခန့်ပေါက်ပါက ထိုမျိုးစေ့ကိုစိုက်ပျိုးသင့်သည်။
ပျိုးထောင်နည်းနှင့်စိုက်ပေါင်ပြုလုပ်နည်း
ဖရဲပင်ကို တိုက်ရိုက်အစေ့ချ၍သော်လည်းကောင်း၊ အပင်ဖောက်ပြီး ရွှေ့ပြောင်း၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ် များသဖြင့် ပျိုးထောင်၍သာ စိုက်ပျိုးသင့်သည်။ မျိုးစေ့ပျိုးထောင်ရာတွင် ဖရဲခွံသည်မာသဖြင့် အစေ့လောင်းရှိရာ ထိပ်ချွန်ဘက်ကို လက်သည်းညှပ်ဖြင့်အစေ့ခွံကွဲအောင်ညှပ်ပေးရသည်။ ထို့နောက် အပေါက်သေးသေးဖောက်ထားသော ပလတ်စတစ်အိတ်အတွင်းထည့်ရသည်။ ထိုအိတ်ကိုရေမှာ နာရီဝက်ခန့်စိမ်ပြီး မျိုးစေ့များကိုမျက်နှာသုတ်ပဝါအတွင်းထည့်၍လိပ်ပြီး အခြားပလတ်စတစ်အိတ်ထဲ ထည့်၍ ၂ ပေခန့်ရှိသော စက္ကူကပ်ပုံးထဲထည့်ထားရသည်။ ထိုမျိုးစေ့ထုပ်ပေါ်မှာ သတင်းစာစက္ကူဖြင့် အလင်းရောင်မထိအောင်ကာပြီး ဝပ် ၄၀ သို့မဟုတ် ဝပ် ၆၀ မီးသီးထွန်း၍ ၂၄ နာရီအပူပေးထားရသည်။ အညှောက်ထွက်လာလျှင် ၄ x ၄ လက်မအရွယ်ပျိုးအိတ်များလက်မဝက်မြှုပ်၍ ပျိုးထောင်ရသည်။
မိမိစိုက်ပျိုးမည့်နေရာကို ပေါက်ပြား သို့မဟုတ် စက်ဖြင့် ၆ လက်မအကျယ်၊ ၆ လက်မအနက်ရှိသော မြောင်းများဖော်ပြီးတစ်ဧကလျှင် ယူရီးယားမြေသြဇာ ၉၉ ပေါင်၊ တီစူပါ ၉၉ ပေါင်၊ ပိုတက် ၇၇ ပေါင်၊ နွားချေးဆွေးလှည်း ၄၀ စီးထည့်ပေးရသည်။ ထို့နောက် စိုက်ပေါင်ပေါ်တွင် ၁ ပေခွဲအကျယ်ရှိသည့် ပေါင်ဖော်ပေးရသည်။ ပေါင်တစ်ပေါင်နှင့်တစ်ပေါင်အကြား တစ်ပေအကျယ်ရေသွယ်မြောင်း ထားပေးရသည်။ ပေါင်းမြက်နှင့်အစိုဓာတ်မလျော့စေရန် ပလတ်စတစ်အုပ်ပေးထားရသည်။
ဖရဲစိုက်ပျိုးခြင်း
အထက်ဖော်ပြပါအတိုင်း အရည်အသွေးကောင်းမျိုးစေ့ရွေးချယ်ခြင်း၊ စမ်းသပ်မျိုးအညှောက်ဖောက်ခြင်း၊ ပျိုးထောင်ခြင်းနှင့် စိုက်ပေါင်ပြင်ခြင်းများ ပြုလုပ်ပြီးပါက ပျိုးထောင်ထားသော ဖရဲပင်များကို ရွှေ့ပြောင်းစိုက်ပျိုးရမည် ဖြစ်သည်။ စိုက်ပျိုးရာတွင်ပျိုးထောင်ကာအပင်ပေါက်ပြီး ၁၀ ရက် ၁၅ ရက်အကြာတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။
ဖရဲတစ်ဧကတွင် ပင်ကြား၊ တန်းကြား ၉ လက်မ ၁ လက်မခွဲစိုက်လျှင် အပင်ပေါင်း ၅၃၀၀၊ ၉ လက်မ ၁ လက်မစိုက်လျှင် အပင်ပေါင်း ၄၀၀၀၊ ၉ လက်မ ၃ လက်မစနစ်ဖြင့် စိုက်မည်ဆိုလျှင် အပင်ပေါင်း ၂၅၀၀ ဝင်ဆံ့ကြောင်းသိရသည်။ တချို့က တစ်ပင်နှင့်တစ်ပင်အကွာအဝေးကို ရိုးရိုးဖရဲအလုံးကြီးဆို ၃၂ လက်မ၊ အလုံးသေးဆို ၂၄ လက်မ၊ တစ်တန်းနှင့်တစ်တန်းအကွာအဝေးမှာ အလုံးကြီးက၂၁ ပေ၊ အလုံးသေးက ၁၅ ပေ၊ အစေ့မဲ့ဖရဲဆို ပေ ၂၀ ဖြစ်သည်။ တချို့ကလည်း တစ်တန်းနှင့်တစ်တန်းပေ ၂၀ ခွာပြီး တစ်ကျင်းနှင့်တစ်ကျင်း ၃ ပေခြားစိုက်ပျိုးသည်လည်းရှိသည်။ ထိုစနစ်ဖြင့်စိုက်ပျိုးပါကတစ်ဧကကို အပင်ရေ ၇၅၀ ခန့်ဝင်ဆံ့သည်။
အပင်ပြုစုခြင်းနှင့်မြေသြဇာကျွေးခြင်း
ဖရဲပင်ရွှေ့ပြောင်းစိုက်ပျိုးပြီး အပင် ၁ ပေခွဲခန့်မှာ နွယ်များကိုဖြောင့်ပေးရသည်။ တန်းကြားကို ကောက်ရိုးဖုံးပေးရသည်။ ကောက်ရိုးဖုံးပေးခြင်းသည် ပေါင်းမြက်ပေါက်နှုန်းနည်းစေပြီး မြေအစိုဓာတ်ကို ထိန်းပေးသည်။ ထို့ပြင် ဖရဲပင်သည် စင်မဲ့ပင်ဖြစ်သဖြင့် နှာမောင်းမှာကောက်ရိုးမျှင်ကို ကုပ်တွယ်ထားသဖြင့် လေဒဏ်ကိုလည်းခံနိုင်ပြီး အပင်မရွေ့လျားနိုင်ပေ။ ထို့နောက် ရွှေ့ပြောင်းစိုက်ပြီး ငါးရက်ခန့်အကြာတွင် ရေ ၂၀ လီတာတွင် ယူရီးယားဓာတ်မြေသြဇာ ၄၈ ဂရမ်၊ တီစူပါမြေသြဇာမှုန့် ၅၂ ဂရမ်ဖျော်ပြီး အပင်ခြေသို့ တစ်ပင်လျှင် ၁၀ စီစီခန့်လောင်းပေးရသည်။ နှစ်ပတ်အကြာတွင် တစ်ဧကကိုယူရီးယား ၁၈ ကီလိုဂရမ်၊ ပိုတက် ၁၄ ကီလိုဂရမ်နှုန်းထည့်ပေးရသည်။ သုံးပတ်အကြာတွင်ရေ ၂၀ လီတာမှာ ယူရီးယား ၁၃ ဂရမ်၊ တီစူပါ ၂၉ ဂရမ်၊ ပိုတက် ၁၃ ဂရမ်၊ မြေသြဇာကြီး Boyfolan ၄၀ စီစီနှင့် Borax ၄၀ ဂရမ်ကိုဖျော်စပ်ပြီး အပင်ကိုဖျန်းပေးရသည်။ လေးပတ်အကြာတွင်လည်း Borax ကိုမထည့်ဘဲ ကျန်မြေသြဇာများကို ထိုအချိုးအတိုင်းဖျော်ပြီး ထပ်ဖျန်းပေးရမည်။ အသီးလိုက်လာပြီးနောက် အသီးတင်သည့်အချိန်ရောက်လျှင် ဖရဲတစ်ဧကလျှင် ယူရီးယားမြေသြဇာ ၁၅ ပြည်၊ တီစူပါ ခုနစ်ပြည်၊ ပိုတက် ၁၅ ပြည်နှုန်းထည့်ပေးရသည်။ ဖရဲစိုက်ပျိုးရာတွင်သတိပြုရမည့်အချက်တစ်ချက်ရှိသည်။ ထိုအချက်က အပွင့်လိုက်ချိန် ဝတ်မှုန်ကူးပေးခြင်း ဖြစ်သည်။ ရွှေ့ပြောင်းစိုက်ပျိုးပြီး ရက် ၂၀ မှ ၃၀ လောက်ဆိုအပွင့်စပွင့်သည်။ အစေ့ပါဖရဲမျိုးကို ပျားများကဝတ်မှုန်ကူးပေးသည်။
အစေ့မဲ့ဖရဲကိုမူ ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုပွင့်ဖြင့် အစေ့မဲ့ဖရဲအမပွင့်အားနံနက် ၇ နာရီမှ ၉ နာရီအတွင်း ဝတ်မှုန်ကူးပေးရသည်။ သို့မှသာအသီးအောင်၍အသီးတင်မည်ဖြစ်သည်။ နောက်ထပ် သတိပြုရမည့် အချက်မှာ ပထမဆုံးအပွင့်မှသီးသည့်အသီးသည် အသီးအရည်အသွေး မကောင်းသဖြင့် ပထမဆုံးအပွင့်ကိုခြွေပေးရသည်။ ပင်ခြေမှ ၂ ပေခွဲ ၃ ပေခန့်ရှိအသီးကိုသာ ယူသင့်သည်။
ပိုးမွှားရောဂါကာကွယ်ခြင်း
စိုက်ပျိုးပင်များအတွက် ပိုးမွှားရောဂါသည် အထူးဂရုစိုက်ရမည့်ကိစ္စဖြစ်သည်။ ပိုးမွှားရောဂါ ကျရောက်ပါက အချိန်မီမနှိမ်နင်းနိုင်လျှင် အပင်များပျက်စီးဆုံးရှုံးနိုင်သလို အထွက်လည်း လျော့တတ်သည်။
ဖရဲကိုစိုက်ပျိုးပြီး တစ်ပတ် ၁၀ ရက်အတွင်း မြောင်းရေ၊ တွင်းရေမသွင်းပေးရပါ။ ရေဝပ်ပြီးအမြစ် ပုပ်နိုင်သောကြောင့်ဖြစ်သည်။ ရေပန်းကရားဖြင့်သာ ရေလောင်းသင့်သည်။ အပင်ငယ်စဉ် ရေလောင်းရာမှာ တစ်ရက်ခြားတစ်ကြိမ်လောင်းပေးရသလို အစိုဓာတ်ရှိနေသေးလျှင် ရေလောင်းရန် မလိုအပ်ပါ။ အပင်ငယ်များမှာ တတိယအရွက်နှင့်စတုတ္ထအရွက်ထွက်လာလျှင် ပြနှင့်ဖြုတ်စိမ်းများ မကျရောက်နိုင်စေရန် သုံးရက်ခြားတစ်ကြိမ်ပိုးသတ်ဆေးဖျန်းပေးရမည်။ အချိန်မီဆေးမဖျန်းပါက စုပ်စားပိုးကြောင့် အရွက်များအောက်သို့ ကုပ်ကွေးနေပေလိမ့်မည်။ ထိုအခါအပင်သည် ဆက်လက်ဖြစ်ထွန်းရန် အားယုတ်သွားသည်။
ရောဂါနှင့်ပိုးမွှားများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် နွားချေးနှင့်မြေဆွေးထည့်စဉ် မြေတွင်းအောင်း ပိုးသတ်ဆေးတစ်မျိုးမျိုးကို လက်ဖက်စားဇွန်းတစ်ဇွန်းစာ ထည့်မွှေပေးရသည်။ မြေတွင်းအောင်း ပိုးသတ်ဆေးမထည့်ပါက အပင်ငယ်စဉ်ခြကိုက်ခြင်း၊ ဖိုးလမင်းကျိုင်းကိုက်ခြင်း၊ ကျိုင်းကောင်များ မြေတွင်းဝင်၍ဖျက်ဆီးနိုင်သည်။ မှိုရောဂါသည်စိုထိုင်းဆများသည့်အချိန်တွင် ဖရဲပင်အဆင့်ဆင့်တွင် ကျရောက်နိုင်သည်။ ရောဂါများမှာ ဖရဲရွက်ခြောက်ရောဂါ၊ အစက်အပြောက်ဖြစ်ကာ ဖျက်ဆီးတတ်သောငှက်မျက်လုံးရောဂါ၊ အရွက်များပေါ်တွင်ပေါင်ဒါမှုန့်ဖြူးထားသလို ကျရောက်တတ်သော ဖားဥမှိုရောဂါ၊ ပင်ညှိုးရောဂါတို့ဖြစ်တတ်သည်ကို သတိပြု၍ ကြိုတင်၍ ဆေးဖျန်းထားသင့်သည်။
ဖရဲသီးခူးဆွတ်ခြင်းနှင့်အကျိုးအမြတ်
ဖရဲသီးကိုမျိုးအလိုက် စိုက်ပျိုးပြီး ရက်ပေါင်း ၇၀ ခန့်ကျော်ပြီး အတွင်းသား ၉၀ ရာခိုင်နှုန်းခန့်မှည့်လျှင် ခူးဆွတ်နိုင်ပြီဖြစ်သည်။
ဖရဲသီးခူးဆွတ်မည်ဆိုပါက ခူးမည့်အသီးရှိအပင်နွယ်ကို နံနက်ပိုင်းကတည်းကဖြတ်ထားရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖရဲသီးအတွင်းရှိအရည်များသိပ်သည်းသွားသည်ဟုသိရသည်။ ခူးဆွတ်မည့် အသီးကိုလက်ဖြင့် ပုတ်ကြည့်ပါက လိုဏ်သံထွက်နေလျှင် ဖရဲသီးမှည့်နေပြီဖြစ်သည်။ ဖရဲသီးကို အပူချိန်လျော့နည်းလာသည့် ညနေပိုင်း ၄ နာရီအချိန်လောက်မှာခူးရမည်။မရင့်မီခူးမိပါက တဖြည်းဖြည်း ပိန်ရှုံ့သွားမည်ဖြစ်သည်။ စာရေးသူ ဖေ့ဘွတ်ပေါ်မှာ ဖရဲသီးနှင့်ပတ်သက်ပြီး ဖတ်ခဲ့ရသည်ကိုမျှဝေချင်သည်။ ဖရဲသီးအလုံးများပေါ်၌ ကျောက်တုံးတင်ထားသည်ကို ဖေ့ဘွတ်ပေါ်မှာ တွေ့ရသည်။ ထိုသို့ပြုလုပ်ထားခြင်းမှာ နေ့အချိန်ကျောက်တုံးကအပူချိန်ကိုစုပ်ယူပြီး ဖရဲသီးအပေါ် ပြင်းထန်စွာ ကျရောက်မည့်အပူချိန်ကို ကာကွယ်ပေးသည်။ ညအခါကျောက်တုံးက စုပ်ယူထားသည့် အပူချိန်ကို တဖြည်းဖြည်းပြန်ထုတ်ပေးပြီး အပူချိန်ကွာခြားမှုကိုဖန်တီးပေးသည်ဟုဆိုသည်။ ထိုသို့အပူချိန် ကွာခြားမှုက ဖရဲသီးရင့်မှည့်မှု လုပ်ငန်းကို လှုံ့ဆော်ပေးပြီး ဖရဲသီးကိုပိုချိုစေသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ဤကား နည်းပညာတစ်ခုဟုပင်ဆိုရပေမည်။ ဖရဲသီးတစ်ပင်ကို အလုံးလတ်မျိုးဆိုသုံးလုံး၊ အလုံးငယ်မျိုးဆိုလေးလုံးရှိနိုင်သည်ဟုသိရသည်။ ဖရဲသီးသည်စျေးကွက်၌ အလုံးအကြီးအသေးပေါ်မူတည်၍ စျေးမတူပေ။ တစ်တန်းနှင့်တစ်တန်း ပေ ၂၀ ကွာပြီး ၃ ပေခြားစိုက်လျှင် တစ်ဧက အပင် ၇၅၀ ခန့်ဖြစ်သည်။ တစ်ပင်သုံးလုံးနှုန်းဆိုလျှင် အပင် ၇၅၀ ဆိုအလုံး ၂၂၅၀ ခူးနိုင်မည်။ တစ်လုံးငွေကျပ် ၅၀၀၀ နှုန်းဖြင့် ပျမ်းမျှတွက်ကြည့်လျှင်ပင် အလုံး ၂၂၅၀ ဆိုလျှင် ငွေကျပ်သိန်း ၁၀၀ ကျော်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဖရဲသီးသည် စီးပွားဖြစ်စိုက်ပျိုးသင့်သော အသီးမျိုးဖြစ်သည်။ ဒါကြောင့်မို့ ဖရဲသီးစိုက်ပျိုးမည်ဆိုလျှင် သိထားသင့်သည်များကို လေ့လာတင်ပြလိုက်ရပါသည်။ ။

ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ပန်းတိုင်တစ်ရပ်ဖြစ်သော သားငါးမျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများထိန်းသိမ်းရေးနှင့် မှတ်တမ်းထားရှိရေးကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရန်လုပ်ငန်းစဉ်များအနေဖြင့် ဒေသ၏ငါး၊ ပုစွန်သားပေါက်လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန် အရည်အသွေးကောင်းမွန်သော ငါး၊ ပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး ငါးရိက္ခာများတိုးတက်ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွာ
ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ပန်းတိုင်တစ်ရပ်ဖြစ်သော သားငါးမျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများထိန်းသိမ်းရေးနှင့် မှတ်တမ်းထားရှိရေးကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရန်လုပ်ငန်းစဉ်များအနေဖြင့် ဒေသ၏ငါး၊ ပုစွန်သားပေါက်လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန် အရည်အသွေးကောင်းမွန်သော ငါး၊ ပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး ငါးရိက္ခာများတိုးတက်ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
အရည်အသွေးမြင့်ငါးမျိုးကောင်းမျိုးသန့်များ တင်သွင်းခြင်းနှင့် မျိုးဗီဇမြှင့်ငါးမျိုးစိတ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းငါးမျိုးများထိန်းသိမ်းခြင်း နှင့်သုတေသနပြုသားဖောက် မွေးမြူထုတ်လုပ်ခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရေချိုရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် ဌာန၊ ပုဂ္ဂလိကနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်လိုက်လျောညီထွေမှုရှိသော ငါးမျိုးစိတ်များနှင့်မွေးမြူရေးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့တောင် အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဗဟိုဌာန အဖွဲ့ဝင်နိုင်ငံများ၏ လာမည့် ၂၀၃၀ ပြည့်နှစ်တိုင် ၁၀ နှစ်တာ ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များထဲမှ သားဖောက်မည့်မျိုးငါး၊ မျိုးပုစွန် (Breeder or Broodstock) များ မျိုးဗီဇကောင်းမွန်စေရေး၊ အရည်အသွေးကောင်းသော ငါး၊ ပုစွန်သားပေါက်များထုတ်လုပ်သည့် ပုဂ္ဂလိကနှင့် အစိုးရသားဖောက်စခန်းများ တည်ထောင်ခြင်း၊ မျိုးဗီဇမြှင့်ထားသော ငါး၊ ပုစွန်များကိုသေချာစွာထိန်းသိမ်းဖြန့်ဖြူး၍ ၎င်းနှင့်ပတ်သက်သောနည်းပညာနှင့် မျိုးပွားနည်းသစ်များကိုဖြန့်ဝေခြင်း၊ သဘာဝရေပြင်မှ သားပေါက်နှင့် မျိုးငါးများကို တာဝန်သိစိတ်ဖြင့် စုဆောင်းအသုံးပြု၍ သီးသန့်ရောဂါကင်းသော ငါး၊ ပုစွန်သားပေါက်များ(Specific Pathogen Free-SPF)ထုတ်လုပ်ရန်နှင့် ပိုမိုကောင်းမွန်သောသားဖောက်ရုံစီမံမှုကျင့်စဉ်(Better Hatchery Management)ဆိုင်ရာ မူဝါဒလမ်းစဉ်များချမှတ်အကောင်အထည်ဖော်ခြင်း၊ တစ်နိုင်တစ်ပိုင် သားပေါက်ထုတ်လုပ်သူများကို ကျန်းမာသန်စွမ်းသောမျိုးငါးများအသုံးပြုရန် အားပေးခြင်း၊ မွေးမြူရေး ရေသတ္တဝါများ ဇီဝလုံခြုံမှုတိုးတက်ကောင်းမွန်စေရန် မျိုးထိန်းသိမ်းခြင်း၊ အသေးစား ငါးသားဖောက် ရုံများနှင့် အသေးစားငါးမွေးမြူသူများမှ ကျန်းမာသန်စွမ်းသော မျိုးငါး၊ မျိုးပုစွန်များရယူအသုံးပြု၍ အရည်အသွေးကောင်း သားပေါက်များထုတ်လုပ်စေခြင်း၊ ပြည်ပငါး၊ ပုစွန်မျိုးစိတ်များမွေးမြူခြင်းဆိုင်ရာ ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းနှင့် အဆိုပါမျိုးစိတ်များ ပြင်ပရေပြင်သို့ လွတ်ထွက်မသွားရန် ကာကွယ်တားဆီးသည့်အစီအမံများချမှတ်လုပ်ဆောင်ခြင်း၊ သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးကွဲမှုကို ထိခိုက်စေနိုင်မှုများကိုကာကွယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း၌ မျိုးဗီဇပြောင်းထားသောရေသတ္တဝါမျိုးနှင့် အစာများအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သုတေသနများနှင့် ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းတို့ ပါဝင်ပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်သော အာရှ-ပစိဖိတ်ဒေသတွင်း ငါးမွေးမြူရေးဗဟိုဌာနများဆိုင်ရာ ကွန်ရက် (NACA)မှ မျိုးဗီဇနှင့် ဇီဝမျိုးကွဲမှုအစီအစဉ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ရေသတ္တဝါများ မျိုးဗီဇအရင်း အမြစ်ဆိုင်ရာ သိပ္ပံနည်းကျဗဟုသုတများ ကောင်းမွန်တိုးတက်လာစေရန်၊ ဇီဝမျိုးကွဲမှုနှင့် သဘာဝဒေသ ငါးမျိုးများအား ထိခိုက်သက်ရောက်မှု အနည်းဆုံးဖြစ်ရေး တာဝန်သိစိတ်ဖြင့် အသုံးပြုရန်၊ အပြည်ပြည် ဆိုင်ရာ သဘောတူညီမှုများအောက်ရှိ ၎င်းတို့၏ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မျိုးများတိုးတက်ကောင်းမွန်စေရန်၊ တည်ရှိပြီးသော ရေသတ္တဝါမျိုးများ၏ မျိုးဗီဇလက္ခဏာများ သတ်မှတ်ဖော်ထုတ်ခြင်း၊ မျိုးဗီဇဆိုင်ရာနည်းပညာအသစ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ ဒေသရင်း မဟုတ်သော ပြည်ပငါးမျိုးစိတ်များ၏ မျိုးဗီဇကွဲပြားခြားနားမှုအကဲဖြတ်ဆန်းစစ်ရန်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုမျိုးများအတွက် သတင်းအချက်အလက်များစုဆောင်းရန် ဒေသတွင်း ဆိုင်ရာအချက်အလက်များအား Database ထူထောင်ပေးခြင်း၊ မော်လီကျူလာ နည်းပညာ အသစ်များ၊ နည်းလမ်းများနှင့် မဟာဗျူဟာများအသုံးချခြင်းနှင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ စီမံခန့်ခွဲခြင်း ဆိုင်ရာလူ့စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း၊ မျိုးစိတ်သစ်များ၊ တန်ဖိုးရှိဗီဇအရင်း အမြစ်များ ကိုရှာဖွေရန် ရေသတ္တဝါများမျိုးဗီဇအရင်းအမြစ်များလက္ခဏာသတ်မှတ်ဖော်ထုတ်ခြင်း၊ တိုင်းရင်းငါးမျိုး များ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်သိမျိုးဗီဇ Germplasm များ လဲလှယ်ခြင်း၊ အန္တရာယ်ကင်း သောမျိုးပွားထုတ်လုပ်ခြင်းနှင့် ရရှိလာသည့်အကျိုးအမြတ်များကို မျှဝေခြင်းအတွက် စီမံပေးခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက်လုပ်ငန်းစဉ်များကို လိုက်နာအကောင် အထည်ဖော်ဆောင်ရေးအားသိရှိနိုင်ရန်၊ စားရေရိက္ခာနှင့်စိုက်ပျိုးရေးအတွက် ရေနေသတ္တဝါမျိုးဗီဇ အရင်းအမြစ်များဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ၂၃ ရက်အထိ ပြုလုပ်ခဲ့ပြီး တိုင်းပြည်၏မွေးမြူရေးပြုလုပ်နေသော ရေသတ္တဝါများနှင့် ၎င်းရေ သတ္တဝါများနှင့်ဆက်စပ်သော သဘာဝရေပြင်ရှိ မျိုးစိတ်များ၏ သတင်းအချက်အလက်များ ဆွေးနွေးခဲ့သည်။
ရေသတ္တဝါမွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုကောင်းမွန်သော မျိုးကောင်းမျိုးသန့်မွေးမြူနိုင်ရေးသည် အခြေခံကျသောအချက်ဖြစ်သကဲ့သို့ အဆိုပါရေသတ္တဝါများသည် ပတ်ဝန်းကျင်ရာသီဥတုနှင့်လိုက် လျောညီထွေမှုရှိပြီး ရှင်သန်ထုတ်လုပ်နိုင်မှု ကောင်းမွန်ရန်လည်းလိုအပ်သည်။ ထို့ကြောင့် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ငါး၊ ပုစွန် မျိုးကောင်း မျိုးသန့်များရရှိနိုင်ရေးသည် ငါးမွေးမြူရေးလုပ်ငန်းအတွက် အဓိကကျသောလိုအပ်ချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အများစုမွေးမြူထုတ်လုပ်သော ငါးမျိုးများသည် ပြည်တွင်း၌ လုံလောက်စွာထုတ် လုပ်နိုင်သော်လည်း ရေချို၊ ရေငန် ပုစွန်မျိုးများမှာလုံလောက်စွာ ရရှိနိုင်ရေးအတွက် ပြည်ပကိုမှီခိုနေရ သေးသဖြင့် အဆိုပါမျိုးများရရှိနိုင်ရန် ကုန်ကျစရိတ်မြင့်မားခြင်း၊ မွေးမြူသူများ အလွယ်တကူရရှိနိုင်ရန် ခက်ခဲခြင်းစသည့်အခက်အခဲများကို တွေ့ကြုံနေကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၆၇ ခုနှစ်မှ စတင်၍ ဒေသရင်းငါးမျိုးဖြစ်သည့် ငါးမြစ်ချင်း ငါးမျိုးအား အောင်မြင်စွာ ဆေးထိုးသားဖောက်ထုတ်လုပ်နိုင်ခဲ့ပြီး နောက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်မှ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းပေးနိုင်ခဲ့သဖြင့် ငါးမွေးမြူရေးလုပ်ငန်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ သည်။ ယနေ့ဆိုလျှင် မွေးမြူရေးရေချိုငါးများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ငါးမျိုးစိတ် ၁၂ မျိုး သားဖောက်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ငါးများကို နှစ်ကာလကြာမြင့်စွာမျိုးရိုးစဉ်ဆက်အလိုက်သားဖောက်ထုတ်လုပ်ခြင်းကြောင့် မျိုးဗီဇနည်းပညာအရ မျိုးနိမ့်ကျလာပြီး မွေးမြူရာ၌ ကြီးထွားနှုန်းနှေးလာခြင်း၊ အရောင်အသွေးညံ့ဖျင်းခြင်းစသည့်အားနည်းချက်များဖြစ်ပေါ်လာသည်။ အကျိုးဆက်အနေဖြင့် မျိုးညံ့သောငါးမျိုးများမွေးမြူပါက မွေးမြူကာလကြာမြင့်၍ ထုတ်လုပ်မှုကုန်ကျစရိတ်များပြားပြီး ရင်းနှီးကုန်ကျမှုမြင့်လာသဖြင့် ငါးမွေးမြူရာ၌ ရေရှည်တွင် စီးပွားရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးမှုများကြုံတွေ့ရလျက်ရှိသည်။ နိုင်ငံတော်၏ငါးမွေးမြူ ရေးထုတ်လုပ်မှုပိုမိုတိုးတက်၍ ငါးမွေးတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် ငါးမြစ်ချင်း ငါးမျိုးဗီဇမြှင့်တင်ရေးလုပ်ငန်းအား ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းတို့မှတတ်သိပညာရှင်များဖြင့်ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ ငါးမြစ်ချင်း ငါးမျိုးဗီဇများ တိုးတက်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများမှ ငါးမြစ်ချင်းငါးမျိုးများစုဆောင်းခြင်း၊ မျိုးစပ်သားဖောက်ရန် သားဖောက်ခြင်းအစီအစဉ်များ (Breeding Programme)နှင့် လမ်းညွှန် (Guideline) များရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိငါးလုပ်ငန်းစခန်းများသို့ ကွင်းဆင်းပညာပေးခြင်းတို့ဆောင်ရွက်ခဲ့သည်။
ထို့အတူ ထုတ်လုပ်မှုကောင်းမွန်သောနိုင်ငံခြားငါးမျိုးဖြစ်သည့် တီလားဗီးယားငါးမျိုးအား ရောဂါနှင့်ရာသီဥတုဒဏ်တို့ကိုခံနိုင်ရည်ရှိပြီး ကြီးထွားနှုန်းကောင်းသည့် မျိုးဗီဇမြင့်တီလားဗီးယား ငါးမျိုးများ(Genetically Improved Farmed Tilapia-GIFT)ကို ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ကြီးထွားနှုန်းမြန်ဆန်ကောင်းမွန်သော တီလားဗီးယားအထီးသီးသန့်မွေးမြူခြင်းအတွက် သားပေါက်အရွယ်တွင် ဟော်မုန်းဖြင့်ဖော်စပ်ထားသော အစာကျွေးခြင်းဖြင့်
လည်းကောင်း၊ မျိုးဗီဇပိုင်းဆိုင်ရာ မျိုးစပ်ယူခြင်းဖြင့်လည်းကောင်း တီလားဗီးယားအထီး သီးသန့်သားပေါက်များကိုသားဖောက်ထုတ်လုပ်ကြသည်။ ထိုကဲ့သို့ အဆင့်မြင့်နည်းပညာများဖြင့် မျိုးစပ်သားဖောက်ခြင်းများတွင် Genetically Improved Farmed Tilapia (GIFT) တီလားဗီးယားငါးမျိုးသည် အာရှဒေသအတွက် မျိုးမြှင့်ထားသော နိုင်းတီလားဗီးယားငါးမျိုးတစ်မျိုးဖြစ်ပြီး အခြားသောတီလားဗီးယားငါးမျိုးများနှင့် နှိုင်းယှဉ်ပါက ကြီးထွားနှုန်း ၈၅ ရာခိုင်နှုန်း ပိုမိုမြန်ပြီး ရှင်သန်နှုန်း ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ဟု သိရှိရသည်။ အချို့သော သုတေသနပြုချက်များအရ GIFT တီလားဗီးယားငါးမွေးမြူခြင်းသည် စျေးကွက် အရွယ်ဝင်ထိ မွေးမြူရာ၌ ထုတ်လုပ်မှုကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း ဆိုထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ တီလားဗီးယားစျေးကွက်၌ GIFT တီလားဗီးယားမျိုးမှာ၂၅ ရာခိုင်နှုန်း ရရှိထားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌လည်း GIFT တီလားဗီးယားမျိုးကို မွေးမြူစမ်းသပ်ချက်အရ ၎င်းတို့ရှိ တီလားဗီးယားငါးမျိုးများထက် ကြီးထွားနှုန်း ၁၈ ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၌ အများဆုံးမွေးမြူကြသော တီလားဗီးယားငါးမျိုးဖြစ်သည့် Tilapia niloticus ငါးမျိုးဖြစ်သည်။ တီလားဗီးယားငါးမျိုးအား မြန်မာ့ရေလုပ်ငန်း၊ ငါး
လုပ်ငန်းဦးစီးဌာနတို့မှ ၁၉၅၃၊ ၁၉၇၈၊ ၁၉၈၀ ကာလ များအပြင် နောက်ပိုင်းကာလများတွင်လည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံစသည်တို့မှ အကြိမ်ကြိမ်တင်သွင်း၍ သားဖောက်ပြီး ကျေးလက်တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်ဖြန့်ဖြူးခဲ့သည်။ သို့သော် တင်သွင်းလာသောတီလားဗီးယားငါးမျိုးများအား မျိုးရင်းထိန်းခြင်း၊ မျိုးမြှင့်တင်သားဖောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့်အစီအမံကောင်းများဆောင်ရွက်မှုအားနည်းခဲ့သဖြင့် ကြီးထွားနှုန်းကောင်းမွန်သော တီလားဗီးယားငါးမျိုးများ အလုံအလောက်ထုတ်လုပ်နိုင်မှုမရှိခဲ့ပါ။
ငါးလုပ်ငန်းဦးစီးဌာနမှ World Fish Center Myanmar နှင့်ပူးပေါင်း၍ စီမံကိန်းအစီအစဉ်ဖြင့် မလေးရှားနိုင်ငံ World Fish Center မှ ကြီးထွားနှုန်းကောင်းမွန်သည့်မျိုးဗီဇမြှင့်ထားသော တီလားဗီးယား(Genetically Improved Farmed Tilapia- GIFT)ကိုတင်သွင်းပြီး ကောင်းမွန်စနစ်ကျသော မျိုးထိန်းသိမ်းမွေးမြူသားဖောက်မှုအစီအမံများဖြင့် ကျေးလက်အသေးစားငါးမွေးတောင်သူများအတွက် ဖြန့်ဖြူးပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် FAO မှ ငါးလုပ်ငန်းဦးစီးဌာနဖြင့်ပူးပေါင်း၍ တရုတ်နိုင်ငံမှ GIFT တီလားဗီးယားငါးမျိုးများတင်သွင်းပြီး ကောင်းမွန်သောမျိုးထိန်းသိမ်းမှုစနစ်ဖြင့်သားဖောက်၍ ငါးမွေးတောင်သူများကို ဖြန့်ဖြူးခဲ့သည်။ ထိုင်းနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၏ပံ့ပိုးမှုဖြင့် Royal Thai Tilapia တီလားဗီးယားမျိုးကို၂၀၁၇ ခုနှစ်တွင် နောက်ဆုံးတင်သွင်းခဲ့ပြီး မျိုးရင်းများကို ထိန်းသိမ်းခြင်းနှင့် သားဖောက်ဖြန့်ဖြူးပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးအရနှင့်မွေးမြူရေးအတွက် သင့်လျော်သော ရေငန်ငါးမျိုးများ ဥပမာ-ကျောက်ငါး၊ ကကတစ်၊ ငါးပါးနီ၊ ကဘီလူးငါးနှင့် ငါးတိန်းမျိုးများရှိသည်။ ဤငါးမျိုးများအနက် ကျောက်ငါးနှင့် ကကတစ်ငါးမျိုးများသည် တန်ဖိုးမြင့်မားကြောင်းတွေ့ရှိရပြီး ပုဂ္ဂလိကကုမ္ပဏီ သုံးလေးခုမှ ကျောက်ငါးအား လှောင်အိမ်စနစ်ဖြင့်မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။
သို့သော် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာလိုအပ်ချက်များရှိနေသေးကြောင်းကို တွေ့ရှိရသည်။ မွေးမြူရန်အတွက် လိုအပ်သောငါးမျိုးများအားသဘာဝမှစုဆောင်းရယူနေရသည်။
ယခုအခါတွင် ကမ္ဘာပေါ်တွင် သဘာဝမှ ငါး၊ ပုစွန်သားပေါက်များရရှိမှု လျော့နည်းလာခြင်းအတွက်မွေးမြူရေးအပိုင်းကို အားစိုက်ပြီးကြိုးစားဆောင်ရွက်လာကြသည်။ ယခင်က အရှေ့တောင်အာရှဒေသရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့တွင် ဒေသရင်းမျိုးစိတ်ဖြစ်သော ကျားပုစွန် (Penaeus monodon) ကို မွေးမြူကြသည်။ ၂၀၀၃ ခုနှစ် လောက်တွင် ထိုင်းနိုင်ငံ ပုစွန်မွေးမြူရေးလောကတွင် White Spot Syndrome Virus (WSSV) ရောဂါကျ ရောက်ခြင်းကြောင့် မွေးမြူနေသောမျိုးစိတ်အမယ်သစ်ဖြစ်သောပုစွန်ဖြူ(Litopenaeus vannamei)ကိုပြောင်းလဲမွေးမြူခြင်းဖြင့် ထုတ်လုပ်မှုပြန်လည်တိုးတက်လာသည်။ ပုစွန်မွေးမြူသောနိုင်ငံများသည် ပုစွန်မွေးမြူထုတ်လုပ်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံ ရေချိုပုစွန်မွေးမြူရေးတွင်လက်ရှိမွေးမြူနေသော ဒေသရင်းမျိုးစိတ်မှာ ရေချိုပုစွန်တုပ်ကြီး (Macrobrachium rosenbergii) ဖြစ်သည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးသည် လက်မနှင့်ခေါင်းပိုင်းတိုပြီး ကိုယ်ထည်ပိုရှည်ကာ အရောင်အသွေးလည်းလှသည်။ ရေချိုပုစွန်အသားတိုးမွေးကန်များမှ ပြည်တွင်းဝယ်လိုအားမြင့်မားနေမှုကြောင့် ပြည်ပမှရေချိုပုစွန်သားပေါက်များတင်သွင်းလာခဲ့ကြသည်။ အများစုမှာ ထိုင်းမျိုးဖြစ်ပြီး ဗီယက်နမ်မျိုးကို အစောပိုင်းမှာတင်သွင်းပြီး နောက်ပိုင်းတင်သွင်းမှုမရှိတော့ပါ။ ယနေ့အထိ ထိုင်းမျိုးစိတ်ကိုသာ တင်သွင်းလာကြသည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးကို မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေးအတွက် မျိုးမြှင့်ခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်သင့်ကြောင်း၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးနိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး စဉ်ဆက်မပြတ်ထုတ်လုပ်မှုရှိနေမည်ဖြစ်သည်။
မိမိတို့နိုင်ငံအတွက်ဒေသနှင့်လျော်ညီပြီးထုတ်လုပ်မှုမြင့်မားသည့်မျိုးကောင်းမျိုးသန့်ငါး၊ ပုစွန်ကိုယ်ပိုင်မျိုးများထုတ်လုပ်နိုင်ရေးအတွက် ဒေသမျိုးရင်း/ မျိုးစစ်များအား စနစ်တကျထိန်းသိမ်းခြင်း၊ မှတ်တမ်းများထားရှိခြင်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးဗီဇမြှင့်တင်ရွေးချယ်သားစပ်ကာလိုအပ်သောမျိုးရရှိအောင် သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာသုတေသနပြုခြင်းတို့အားဆောင်ရွက်ပြီး ငါးပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဒေါက်တိုင်တစ်ခုဖြစ်သည့်မျိုးမြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါမျိုးထိန်းခြင်း၊ မျိုးမြှင့်သားစပ်ခြင်း၊ ကိုယ်ပိုင်မျိုးသစ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းသုတေသနလုပ်ငန်းများသည် ကာလရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ရေသတ္တဝါမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးကျေးဇူးရရှိလာမည်ဖြစ်သည်။ အဆိုပါနိုင်ငံနှင့်ကိုက်ညီသည့် ငါးပုစွန်မျိုးကောင်းမျိုးသန့်များကိုထုတ်လုပ်နိုင်ခြင်းဖြင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက် ထုတ်လုပ်မှုများ မြင့်မားလာခြင်း၊ နိုင်ငံခြားမှ သားပေါက်နှင့်မျိုးများတင်သွင်းဝယ်ယူရမည့်ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ခုဆိုရင် ရာသီဥတုတွေက ပုံမှန်မဟုတ်တော့ပါဘူး။ ဒီနှစ်မှာတော့ မိုးဦးမှာ ဆက်တိုက်ဆိုသလို မိုးတွေ နေ့စဉ်ရက်ဆက်ရွာသွန်းနေတာဖြစ်ပါတယ်။ မိုးရွာသွန်းမှုများပြားတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ ရေကြီးမှုအန္တရာယ်တွေကို သတိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံလို မုတ်သုံရာသီဥတုရှိတဲ့နေရာတွေမှာ ရေကြီးတာက နှစ်စဉ်ဖြစ်လေ့ရှိတဲ့ပြဿနာပါ။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မြစ်ကြီးနား တစ်ဝိုက်မှာ ပိုဆိုးပါတယ်။ ခုချိန်မှာလည်း ဒီနေရာတွေမှာ ရေတွေကြီးနေပြီဖြစ်ပါတယ်။

ရေကြီးမှုတွေဖြစ်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသဖြင့်ကဏ္ဍမျိုးစုံမှာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာ ထိခိုက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေအနေနဲ့ ရေကြီးမှုအန္တရာယ်ကြောင့် သီးနှံတွေပျက်စီးဆုံးရှုံးမှု မရှိအောင် ကြိုတင်ဆောင်ရွက်သင့်တာတွေ၊ ရေကြီးနေစဉ်နဲ့ရေကျသွားပြီးနောက် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ နည်းလမ်းတွေကိုသိရှိလိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ထိခိုက်မှုကိုလျော့နည်း သက်သာစေမှာဖြစ်ပါတယ်။
မိုးလေဝသသတင်းများ
တောင်သူလယ်သမားတွေအနေနဲ့ ရာသီဥတုခန့်မှန်းချက်တွေကို ပုံမှန်စောင့်ကြည့်လေ့လာဖို့ အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာတော့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် မိုးလေဝသအခမဲ့ဆော့ ဝဲများမှ နေပြီး ဒေသအလိုက် မိုးရွာသွန်းနိုင်မှုတွေကို ကြိုတင်သိရှိနိုင်နေပြီဖြစ်ပါတယ်။ တချို့ဖုန်းအော်ပရေတာ တွေကလည်း ထူးခြားမိုးလေဝသ သတင်းတွေကို ဖုန်းကနေစာတိုပေးပို့နေပါတယ်။ သတင်းဌာနတွေ ကလည်း မိုးလေဝသသတင်းတွေကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေတာကြောင့် ဒီသတင်းအချက်အလက်တွေကိုနားထောင်ပြီး ကိုယ့်ရဲ့စိုက်ပျိုးလုပ်ကိုင်နေမှုကို အလိုက်သင့်ဆောင်ရွက် သွားဖို့လိုပါတယ်။ မိုးကြီးနိုင်တဲ့အခြေအနေမှာ ကိုယ့်အနေနဲ့သီးနှံတွေ မစိုက်ရသေးဘူးဆိုရင် တော့ စိုက်ပျိုးမယ့်သီးနှံအမျိုးအစားနဲ့စိုက်ပျိုးမယ့်အချိန်ကို သင့်လျော်သလို ပြောင်းလဲစိုက်ဖို့လိုပါတယ်။
ပိုတက်စီယမ်မြေဩဇာထည့်ပေးပါ
ရေကြီးနိုင်တဲ့ အခြေအနေတွေရှိခဲ့မယ်ဆိုရင် မြေဆီလွှာထဲကို ပိုတက်စီယမ်မြေဩဇာကို မဖြစ်မနေ ကြိုတင်ထည့်သွင်းထားဖို့အရေးကြီးပါတယ်။ ရေလွှမ်းမိုးတဲ့အခါမှာ အပင်တွေဟာ အောက်ဆီ ဂျင်ငတ်ခြင်း၊ ရေထဲမှာပျော်ဝင်နေတဲ့ ဓာတ်တွေမညီမျှခြင်းနဲ့ ရောဂါဒဏ်ခံနိုင်ရည် လျော့နည်း ခြင်းတို့ကြုံရတတ်ပါတယ်။ ပိုတက်စီယမ်ဟာ အပင်ရဲ့ဆဲလ်နံရံတွေကို ပိုမိုခိုင်မာစေပြီး ရေလွှမ်းမိုး မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ပိုတက်စီယမ်ဟာ အပင်တွေရဲ့ရေဓာတ်စီမံခန့်ခွဲမှုကို ထိန်းညှိပေးပါတယ်။ ရေလွှမ်းမိုးမှု ဖြစ်ပေါ်တဲ့အခါအပင်တွေဟာရေဓာတ်အလွန်အမင်းစုပ်ယူမိတဲ့ပြဿနာကြုံရတတ်ပါတယ်။ ပိုတက်စီယမ်ဟာ ဆဲလ်အတွင်း ရေဖိအားကို ထိန်းညှိပေးပြီး ဆဲလ်တင်းမာမှုကို ထိန်းသိမ်းပေးနိုင်တာကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ နောက်ထပ်အချက်အနေနဲ့ ပိုတက်စီယမ်ဟာ အမြစ်ဖွံ့ ဖြိုးမှုကို အားပေးပါတယ်။ ရေလွှမ်းမိုးမှုဒဏ်ကိုခံနိုင်ဖို့အတွက် ကောင်းမွန်တဲ့အမြစ်စနစ်ရှိဖို့ အရေးကြီးပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့အပင်တွေဟာ အမြစ်ဖွံ့ဖြိုးမှုကောင်းမွန်တဲ့အတွက် ရေလွှမ်းမိုးမှုကို ပိုမိုခံနိုင်ရည် ရှိကြပါတယ်။ ရေမကြီးခင် ပိုတက်စီယမ်ဓာတ်လုံလောက်စွာရရှိထားတဲ့ အပင်တွေ ဟာ ရေကျသွားပြီး နောက် နာလန်ပြန်ထတာမြန်ပြီး အရွက်တွေမြန်မြန်စိမ်းလာတာ၊ ကြီးထွားမှုမြန်တာမျိုး ဖြစ်စေပါ တယ်။
ထရိုင်ခိုဒါးမားဖျန်းပေးပါ
ရောဂါကာကွယ်ဖို့နဲ့ မြေဆီလွှာကျန်းမာစေဖို့အတွက် ဇီဝမြေဩဇာဖြစ်တဲ့ထရိုင်ခိုဒါးမား (Tricho-derma)ကို ရေမကြီးခင်မှာ ကြိုတင်ပြီး ဖျန်းပေးတာမျိုးလုပ်သင့်ပါတယ်။ ရေကြီးခြင်းဟာ မြေဆီလွှာထဲက အကျိုးပြုဇီဝသက်ရှိများကိုသေစေနိုင်ပြီး မြေဆီလွှာဖွဲ့စည်းမှုကို ပျက်စီးစေပါတယ်။ ထရိုင်ခိုဒါးမားက မှိုမျိုးစိတ်ဖြစ်ပြီး ရောဂါကာကွယ်ဖို့ အသုံးဝင်ပါတယ်။ ရေလွှမ်းတဲ့အခါ မြေဆီလွှာထဲက အောက်ဆီဂျင်နည်းသွားပြီး ရောဂါဖြစ်စေတဲ့မှိုတွေပေါက်ပွားလွယ်ပါတယ်။ ထရိုင်ခိုဒါး မားကို ကြိုတင်ဖျန်းထားရင် ရောဂါကျရောက်မှုတွေကို ထိန်းချုပ်နိုင်ပါမယ်။ ဒါ့အပြင် ရေလွှမ်းခံရတဲ့အပင်တွေဟာ ဖိစီးမှုခံစားရပြီး ခုခံအားကျလေ့ရှိပါတယ်။ ထရိုင်ခိုဒါးမားက အပင်ရဲ့ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် အမြစ်ဇုန်တစ်ဝိုက်မှာ အကျိုးပြုဇီဝဒြပ်ထုတွေကို ဖွဲ့စည်းပေးနိုင်သလို အမြစ်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး အမြစ်ဖွံ့ဖြိုးမှုကိုအားပေးပါတယ်။ ဒါကြောင့် ရေကျသွားပြီး မြေဆီလွှာပြန်ခြောက်ချိန်မှာ အပင်တွေ မြန်မြန်ပြန်နာလန်ထူလာဖို့ ကူညီပေးပါတယ်။ ထရိုင်ခိုဒါးမားဟာ သဘာဝဆွေးမြည့်မှုဖြစ်စဉ် (Decompo-sition)ကို မြန်စေတဲ့အပြင် မြေဆီလွှာဖွဲ့စည်းပုံကို ပြန်လည်ကောင်းမွန်စေပြီး အပင်တွေကို မြေဆီလွှာထဲမှအာဟာရဓာတ်များ အထူးသဖြင့် ဖောစဖရပ်ကို ပိုမိုလွယ်ကူစွာရရှိအောင် ကူညီပေး ပါတယ်။ ထရိုင်ခိုဒါးမားကို ရေကြီးပြီးမှ ဖျန်းရင် မထိရောက်ပါဘူး။ ရေစီးနဲ့ပါသွားနိုင်သလို လိုရာနေရာ ကို မရောက်နိုင်ပါဘူး။ ရေမလွှမ်းခင် အမြစ်စနစ်ကျန်းမာနေချိန်မှာ ဖျန်းတာက ပိုပြီးထိရောက်ပါတယ်။ ဒါကြောင့် ရေလွှမ်းမှုမဖြစ်ခင် ကြိုတင်ဖျန်းထားဖို့အရေးကြီးတယ်။
မိုးဆက်တိုက်ရွာနေချိန်မိုးအဆက်မပြတ်ရွာနေတဲ့အခြေအနေမှာဆိုရင် တောင်သူတွေအတွက် အရေးကြီးဆုံးက စိုက်ပြီးသီးနှံတွေထိခိုက်မှုမရှိစေဖို့အတွက် စိုက်ခင်းထဲရေမဝပ်အောင်လုပ်ဖို့နဲ့ ရေစီးဆင်းမှုကောင်းအောင်လုပ်ဖို့ပါ။ တကယ်တမ်းတော့ သီးနှံတွေစိုက်ပြီဆိုတာနဲ့ စိမ့်မြောင်း၊ ပတ်မြောင်း၊ ရေထုတ်မြောင်းတွေသေချာလုပ်ထားရမှာဖြစ်ပါတယ်။ ရေစီးဆင်းမှုကောင်းအောင် မြောင်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့လည်း လိုပါတယ်။ ရေထုတ်မြောင်းမလုပ်ခဲ့မိဘူးဆိုရင်တော့ သီးနှံပင်တွေ ရေမြုပ်နေရင် အမြစ်ပျက်စီးမှာစိုးရိမ်ရတာကြောင့် အခုလို မိုးဆက်တိုက်ရွာနေချိန်မှာ ယာယီဖြေရှင်းနည်းအနေနဲ့ မြန်မြန်ရေထုတ်နိုင်ဖို့ ရေစုပ်စက်သုံးပြီးရေထုတ်တာ၊ ရေထွက်ဖို့လွယ်ကူ တဲ့နေရာတွေမှာ ရေပိုက်တို့ ပလတ်စတစ်စတို့နဲ့ ရေလမ်းကြောင်းဖောက်ပြီး ရေထုတ်တာမျိုးလုပ် ပေးရပါမယ်။ အကယ်၍ ရုတ်တရက် ရေတက်လာမယ်ဆိုရင် လယ်ကွင်းဘေးတွေမှာ ယာယီရေကာ တာလုပ်နိုင်ဖို့ သဲအိတ်တွေကြိုစုဆောင်းထားတာမျိုးလည်း လုပ်ထားသင့်ပါတယ်။ မိုးများလွန်းတာ ကြောင့် အပေါ်ယံမြေဆီလွှာကို တိုက်စားမှုကနေကာကွယ်ဖို့အတွက် ကောက်ရိုးလိုမျိုး သီးနှံအကြွင်း အကျန်တွေနဲ့ ၄ လက်မအထူခန့် ဖုံးအုပ်ပေးမယ်ဆိုရင် မိုးရေကြောင့် မြေဆီလွှာပျက်စီးမှု ၇၀ ရာခိုင်နှုန်းခန့်လျှော့ချနိုင်မှာဖြစ်ပါတယ်။
ရေကြီးနိုင်တဲ့ဒေသများ
ရေကြီးနိုင်တဲ့ဒေသတွေမှာ ရေဝပ်ဒဏ်ခံနိုင်တဲ့သီးနှံမျိုးတွေ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ဥပမာအနေ နဲ့စပါးစိုက်မယ်ဆိုရင် ရေလွှမ်းခံစပါးမျိုး၊ ရေမြုပ်ဒဏ်ခံမျိုး၊ ရေနက်ကွင်းတွေမှာဆိုရင်တော့ ရေနက် စပါးမျိုးစိုက်သင့်ပါတယ်။ ပြောင်းစိုက်မယ်ဆိုရင်လည်း ရေဝပ်တာကို ငါးရက်လောက်ခံနိုင်တဲ့မျိုး (Water Tolerant Maize)စိုက်သင့်ပါတယ်။ လက်ရှိစိုက်ပြီးသားသီးနှံပျက်စီးသွားရင် အချိန်မီ ပြန်စိုက် နိုင်ဖို့ အရန်မျိုးစေ့တွေဝယ်ထားတာ၊ အရန်ပျိုးပင်တွေစိုက်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။
ပေါင်ကြီးတင်စနစ် (Raised Bed Farming or Broad Bed and Furrow)
အကောင်းဆုံးကတော့ သီးနှံတွေစိုက်မယ်ဆိုရင် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေများတဲ့ဒေသတွေမှာ ပေါင်ကြီးတင်စိုက်စနစ်ဟာ အပင်တွေကိုရေဝပ်ဒဏ်မှ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကနဦးမှာတော့ ပေါင်တွေဖော်ဖို့အတွက် လုပ်အားစိုက်ထုတ်မှုလိုအပ်ချက်တွေ၊ လုပ်အားခကုန်ကျစရိတ်တွေ ရှိသော် လည်း ရေရှည်မှာသီးနှံအထွက်နှုန်းတည်ငြိမ်မှုအတွက် များစွာအထောက်အကူပြုပါတယ်။ လက်ရှိမှာ လည်း ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ဟင်းသီးဟင်းရွက်အစရှိတဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါ ဒီစနစ်ကိုကျင့်သုံး ဆောင်ရွက်နေတဲ့ ဒေသတွေရှိပါတယ်။ အဓိကအားဖြင့် မြစ်ဝကျွန်းပေါ်ဒေသများ (ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး)၊ မြေပြန့်လွင်ပြင်ဒေသများ (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး)နဲ့ မိုးများပြီး ရေဝပ်လွယ်တဲ့ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိပါတယ်။ ရေကြီးမှုပမာဏ၊ မြေအမျိုးအစား၊ စိုက်မယ့်သီးနှံ စတဲ့အချက်တွေပေါ်မူတည်ပြီး ပေါင်အမြင့်၊ အကျယ်နဲ့ပေါင်ကြား အကွာအဝေးကို ချိန်ညှိပြီးမှ ပေါင်ပြုလုပ်ဖို့ အရေးကြီးသလို ရေနုတ်မြောင်းတွေကို ပုံမှန်သန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ စနစ်တကျလုပ်ထားခဲ့မယ်ဆိုရင် သီးနှံပင်များ ရေမြုပ်ခြင်းမှ ၉၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မြေဆီလွှာအခြောက်မြန်တဲ့အတွက် အမြစ်ဇုန်မှာ လေဝင်လေထွက်ကောင်းစေသလို ပေါင်းပေါက်ရောက်မှုနဲ့ ရောဂါကျရောက်မှုတွေကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေပြီး မြေဩဇာနဲ့ရေကိုအကျိုးရှိစွာ အသုံးချနိုင်ပါတယ်။
မြေအသုံးချမှု
တောင်သူတွေအနေနဲ့ မိမိဒေသရဲ့မြေအနေအထားအရ မြေကိုစနစ်တကျစီမံအသုံးချတတ်ဖို့လည်း လိုပါတယ်။ ဥပမာ ရေဝပ်ဖို့လွယ်ကူတဲ့မြေနိမ့်ချိုင့်ဝှမ်းလိုဒေသတွေမှာ ရေလွှဲမြောင်းနဲ့ရေကန်ငယ်များ မဖြစ်မနေလုပ်ထားရပါမယ်။ တောင်ပေါ်ဒေသတွေ၊ ကုန်းမြင့်ပိုင်းတွေမှာဆိုရင် သစ်သီးပင်များ (ငှက်ပျော၊ သရက်၊ ပိန္နဲ၊ အုန်း)စတဲ့ ဥယျာဉ်ခြံသီးနှံတွေစိုက်သင့်ပြီး အနိမ့်ပိုင်းရေဝပ်မြေတွေမှာတော့ စပါးနဲ့ ငါးမွေးမြူရေးပေါင်းစပ်ထားတဲ့(Integrated Farming) မျိုးဆောင်ရွက်သင့်ပါတယ်။ ယာသီးနှံ တွေစိုက်တဲ့အခါ အခြေအနေပေးမယ်ဆိုရင် သီးနှံတစ်မျိုးတည်းစိုက်မယ့်အစားသီးနှံ နှစ်မျိုး၊ သုံးမျိုးကို သီးညှပ် သို့မဟုတ် အကန့်လိုက် စိုက်သင့်ပါတယ်။ ဒါမှသာ သီးနှံတစ်ခုပျက်ခဲ့ရင် အခြားကျန်နေတဲ့ သီးနှံကနေ ဝင်ငွေရနိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးတစ်ခုတည်းကိုမလုပ်ဘဲ တစ်နိုင်တစ်ပိုင်မွေးမြူရေးနဲ့တွဲပြီးလုပ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား စတဲ့တိရစ္ဆာန်တွေကို မွေးထားတာမျိုး၊ငါးကန်/ ပုစွန်ကန်တွေမွေးမြူတာမျိုးလုပ်ထားမယ်ဆိုရင် ကိုယ်စိုက်ထားတဲ့ သီးနှံပျက်သွားခဲ့ရင်တောင် မွေးမြူရေးလုပ်ငန်းကနေဝင်ငွေရရှိမှာဖြစ်ပါတယ်။
မြေဆီလွှာတိုက်စားမှုလျှော့ချရေး
ရေကြီးမှုတွေဖြစ်ခဲ့ရင် စိုက်ပျိုးမြေတွေမှာ မြေဆီလွှာတိုက်စားမှု လျော့နည်းစေဖို့အတွက် မြေဆီလွှာနဲ့ ရေထိန်းသိမ်းရေးအလေ့အထကောင်းတွေဖြစ်တဲ့ စိုက်ခင်းဘေးတစ်လျှောက်မှာ ရေတိုက်စားမှုကိုခံနိုင် အောင် ဒေသနဲ့သင့်လျော်တဲ့ နှစ်ရှည်သီးပင်၊ စားပင်တွေစိုက်ပျိုးထားတာမျိုး၊ (Cover crop)တွေ စိုက်ထားတာ၊ ဗာတီဗာမြက်တွေ စိုက်ထားတာ၊ မြေအနေအထားပေါ်မူတည်ပြီး ကွန်တိုကန်သင်း၊ ရေစိမ့်နိုင်တဲ့ ကျောက်စီကန်သင်း၊ နုန်းတားကန်သင်း စတာတွေကို ပြုလုပ်ထား သင့်ပါတယ်။
အထူးသဖြင့် ရုတ်တရက် စိုက်ခင်းတွေထဲကိုရေတွေဝင်လာမယ်ဆိုရင် အလွယ်တကူ ရေဖောက်ထုတ် နိုင်ဖို့ စိုက်ခင်းတွေမှာ ရေထွက်ပေါက်ရှိအောင် သေချာလုပ်ထားပြီး စိုက်ခင်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ ချောင်းရိုး၊ မြောင်းရိုးတွေမှာ ရေစီးရေလာကောင်းမွန်စေဖို့ကို ဆောင်ရွက်သင့်ပါတယ်။
ပြန်လည်ကုစားရေး
ရေကျသွားတဲ့အခါမှာတော့ ချက်ချင်းဆိုသလို ရေမြုပ်ခဲ့တဲ့ မြေတွေကို ပြန်လည်ပြုပြင်ကုစားရေး လုပ်ငန်းတွေ စတင်ဖို့လိုပါတယ်။ ရေနုတ်မြောင်းများသန့်ရှင်းခြင်း၊ ရေဝပ်ကျန်ရစ်သောနေရာများကို ရေထုတ်ခြင်း၊ မြေဆီလွှာကို ပြန်လည်ပြုပြင်တဲ့အနေနဲ့ မြေဆီတွင် ဆားဓာတ်စုပုံမှုကို လျှော့ချရန် မိုးရေဖြင့် ဆေးကြောခြင်း(Leaching)စတာမျိုး ဆောင်ရွက်သင့်ပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ စိုက်ခင်းတွေကို ပြန်လည်ကုစားခြင်းဟာလည်း ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စပါးစိုက်ထားတာဆိုရင် ရေကြီးနစ်မြုပ်ပြီးနောက် စပါးခင်းရဲ့ရေနစ်မြုပ်မှုအခြေအနေ၊ ပျက်စီးမှုအခြေအနေ၊ မြေဆီလွှာ အခြေအနေနဲ့ ရောဂါကျရောက်မှုအခြေအနေတွေကို အချိန်မီစစ်ဆေးပြီး လိုအပ်တဲ့ပြန်လည် ကုစား ခြင်းလုပ်ငန်းကိုဆောင်ရွက်ရပါမယ်။ ရေမြုပ်မှုဒဏ်ကြာရှည်ခံရတဲ့စပါးခင်းတွေဟာ ရေကြောင့် အပင် ရှည်ထွက်ပြီး အပင်ပျော့နေမှာ ဖြစ်တဲ့အတွက် ရေပြန်ကျချိန်မှာ အပင်ယိုင်လဲမှုနည်းစေဖို့ ကန်သင်း အတွင်းမှရေကိုထိန်းပြီး တဖြည်းဖြည်းချင်း လျှော့ချပြီးမှရေထုတ်ခြင်းကို ဆောင်ရွက်ရပါမယ်။ ဖြစ်နိုင်ရင် စပါးခင်းမှရေကို ပြောင်စင်အောင် ထုတ်ပေးရပါမယ်။
စပါးပင်ငယ်စဉ်ကာလမှာ ရေမြုပ်ခဲ့မယ်ဆိုရင် ကောက်ပင်စိပ်သည့်နေရာမှ ပြန်လည်နုတ်ယူ၍ ကောက်ပင်ကျဲသွားသောနေရာတွေမှာ ကောက်ပင်ဖာထေးခြင်း၊ မြေဩဇာနှင့်ရွက်ဖျန်းမြေဩဇာများ နှုန်းထားမှန်ကန်စွာနဲ့ စနစ်တကျပြန်လည်ထည့်သွင်းပေးခြင်း စတာတွေဆောင်ရွက်သင့်သလို ရေကျ သွားချိန်မှာဖြစ်ပေါ်လာသော စိုထိုင်းဆ၊ အပူချိန်တွေကြောင့် စပါးပင်မှာ မှို၊ ဗက်တီးရီးယား စတဲ့ရောဂါ တွေဖြစ်လာစေနိုင်သလို ပိုးကျရောက်မှုတွေလည်းရှိနိုင်တဲ့အတွက် စောင့်ကြည့်စစ်ဆေး ကာကွယ်တာ မျိုးဆောင်ရွက်ဖို့လိုပါတယ်။ ရေကြီးနစ်မြုပ်ဖြစ်ပွားပြီးနောက် ပြန်လည်စိုက်ပျိုးမယ့် သီးနှံတွေမှာဆိုရင် လည်း ပိုးမွှား၊ ရောဂါတွေကျရောက်နိုင်တာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ ဆောင် ရွက်သင့်ပါတယ်။
လုံးဝပျက်စီးသွားတဲ့စပါးခင်းတွေမှာ စပါးပြန်စိုက်ဖို့ အချိန်မီနိုင်မယ်ဆိုရင်တော့ သက်တမ်းတို စပါးမျိုး များကို ပြန်စိုက်သင့်ပါတယ်။ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ ဧရိယာတွေမှာ ဒေသနဲ့သင့်လျော်ပြီး ဈေးကွက်ရှိတဲ့ အခြားသီးနှံတွေကို အချိန်မီပြန်ပြီးစိုက်သင့်ပါတယ်။ ရေမြုပ်လယ် ယာမြေတွေမှာဆိုရင် ရေထဲကနေတစ်ဆင့် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေပါလာနိုင် ပြီး မြေကြီးထဲမှာ ဓာတုဒြပ်ကြွင်းတွေကျန်ရှိနိုင်တာကြောင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးဖို့လိုသလို ဓာတ်ခွဲအဖြေပေါ်မူတည် ပြီး မြေဆီလွှာကို ပြန်လည်ပြုပြင် ပေးဖို့လည်း လိုအပ်ပါတယ်။
မိုးဆက်တိုက်ရွာချိန်မှာ ရေဝပ်မြေတွေကို ဓာတ်မြေဩဇာထည့်ခြင်းဟာ ငွေကုန်ကြေးကျမှုရှိတာသာ ဖြစ်ပြီး သီးနှံအတွက် အကျိုးမရှိပါဘူး။
ရေထုတ်ဖို့နှင့်ရောဂါကာကွယ်ဖို့ကိုသာ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ယူရီးယား ဓာတ်မြေဩဇာကို မိုးသည်းထန်စွာရွာနေစဉ်မှာ လုံးဝမသုံးရပါဘူး။ မိုးသည်းထန်နေချိန်မှာ ယူရီးယား ဒြပ်ပေါင်းတွေဟာ မြေဆီလွှာအတွင်းကို စိမ့်ဝင်ဖို့အခွင့်အလမ်းနည်းပြီး မြေကြီးအပေါ်ယံမှာပဲ ရေနဲ့အတူ စီးသွားတာ ဒါမှမဟုတ် အငွေ့ပြန်သွားတာဖြစ်နိုင်ပါတယ်။ စီးဆင်းသွားတဲ့ ယူရီးယားဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေထဲရောက်သွားပြီး ရေထုညစ်ညမ်းမှုကိုဖြစ်စေသလို ရေနေသတ္တဝါတွေ ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ပူးပေါင်းဆောင်ရွက်ရေး
ရေကြီးချိန်မှာ လယ်သမားများအချင်းချင်း ပူးပေါင်းကူညီဆောင်ရွက်နိုင်ဖို့အတွက် ကျေးရွာအဆင့် ရေဘေးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းထားဖို့လည်းလိုအပ်ပါတယ်။ ဥပမာအနေနဲ့ ရေအသုံးချသူများ အသင်း (Water Users Association-WUA)လိုမျိုး အသင်းအဖွဲ့တွေဖွဲ့ထားပြီး ရေမြောင်းတွေကို အစုအဖွဲ့အလိုက်ပြုပြင်တာ၊ ရွာထဲမှာ ထူးခြားရာသီဥတုသတင်းကို ကြေညာပေးတာ၊ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာမျိုး လုပ်သင့်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ နည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ လက်တွေ့အသုံးချခြင်းဖြင့် မိုးဆက်တိုက်ရွာမှုကြောင့် သီးနှံများဆုံးရှုံးမှုကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါကြောင်း ကျေးဇူးရှင်တောင်သူလယ် သမားများအကျိုးကိုမျှော်မှန်းပြီး စိတ်စေတနာထက်သန်စွာဖြင့် လေးစားစွာတင်ပြလိုက်ရပါတယ်။ ။

သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးအလွန်အကျွံရွာသွန်းခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့်ရာသီဥတုပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကြောင့်အများပြည်သူတို့၏ နေထိုင်ရာ အိုးအိမ်အဆောက်အအုံ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သောသီးနှံများနှင့် မွေးမြူထားသောငါးများ ထိခိုက်ပျက်စီးဆုံးရှုံးကြရသည့်အပြင် ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခြင်း၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားကြရခြင်း၊ အများပြည်သူပိုင်လမ်း/တံတားများပျက်စီးခြင်း၊ လျှပ်စစ်မီးရရှိမှုပြတ်တ
သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးအလွန်အကျွံရွာသွန်းခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့်ရာသီဥတုပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကြောင့်အများပြည်သူတို့၏ နေထိုင်ရာ အိုးအိမ်အဆောက်အအုံ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သောသီးနှံများနှင့် မွေးမြူထားသောငါးများ ထိခိုက်ပျက်စီးဆုံးရှုံးကြရသည့်အပြင် ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခြင်း၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားကြရခြင်း၊ အများပြည်သူပိုင်လမ်း/တံတားများပျက်စီးခြင်း၊ လျှပ်စစ်မီးရရှိမှုပြတ်တောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း စသည့်အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးပြီး သဘာဝပတ်ဝန်းကျင်အခြေအနေများပျက်စီးခြင်းတို့ကြောင့် ငါးရိက္ခာများစဉ်ဆက်မပြတ်တိုးတက်ထုတ်လုပ်ရေးကိုထိခိုက်လျက်ရှိသည်။
သို့ဖြစ်၍ ငါးရိက္ခာအပါအဝင် စားနပ်ရိက္ခာများဖြည့်တင်းနိုင်မှုလျော့နည်းပြတ်တောက်မှုများ အနည်းဆုံးဖြစ်စေရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းများထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ရာသီဥတုအခြေအနေအား အချိန်နှင့်တစ်ပြေးညီထုတ်ပြန်မှုများကို မျက်ခြည်မပြတ်လေ့လာခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအားလိုက်နာဆောင်ရွက်စေရန် သတိပေးနှိုးဆော်ခြင်း၊ မလွှဲမရှောင်သာကြုံတွေ့လာပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေမည့်အစီအမံများဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းနှင့် ထိခိုက်မှုများအမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် အရေးပေါ်ထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းမှ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည်ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသော သက်ရောက်မှုများရှိပြီး ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း ထိုသက်ရောက်မှုများမှ လွတ်မြောက်နိုင်ခြင်းမရှိပါ။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် မိုးရွာသွန်းမှု ပုံစံများကိုပြောင်း လဲစေပြီး ခြောက်သွေ့သောဒေသများတွင် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေသည်။ ငါး၊ ပုစွန်မွေးမြူရေးအတွက် ရေသည် အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ရေအရင်းအမြစ်များလျော့နည်းလာခြင်းသည် မွေးမြူရေးလုပ်ငန်းကို ကြီးမားစွာထိခိုက်စေနိုင်သည်။ ရေချိုရှားပါးမှုကြောင့် ငါး၊ ပုစွန်များ ကြီးထွားနှုန်းနှေးကွေးခြင်း၊ ရောဂါဖြစ်ပွားမှုများပြားခြင်းနှင့် သေဆုံးမှုနှုန်းမြင့်တက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းသည် ကမ်းရိုးတန်းဒေသများရှိ ငါး၊ ပုစွန်မွေးမြူရေးကန်များကို ရေငန်ဝင်ရောက်မှုများစေပြီး ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေနိုင်သည်။ ရေငန်ဝင်ရောက်မှုကြောင့် ငါး၊ ပုစွန်များ၏ ကြီးထွားနှုန်းနှင့် ကျန်းမာရေးအပေါ် ဆိုးရွားသောသက်ရောက်မှုများ ရှိနိုင်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်များတွင် ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်သည်။ အထူးသဖြင့် ရာသီဥတုပူနွေးလာခြင်းနှင့် ရေအရည်အသွေးပြောင်းလဲခြင်းတို့ကြောင့် ဗက်တီးရီးယားနှင့်ဗိုင်းရပ်ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်သည်။ ရောဂါဖြစ်ပွားမှုများသည် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းအတွက် ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည်။ ဥပမာအားဖြင့် ပင်လယ်ရေအပူချိန်မြင့်တက်လာခြင်းသည် သန္တာကျောက်တန်းများကို ပျက်စီးစေပြီး ငါး၊ ပုစွန်များ၏ ကျက်စားရာနေရာများကို ဆုံးရှုံးစေနိုင်သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ အောက်ရှိ ဂေဟစနစ်များပျက်စီးခြင်းသည် ငါးပုစွန်များ၏မျိုးပွားနှုန်းကို လျော့နည်းစေနိုင်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းသည် စီးပွားရေးဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ငါး၊ ပုစွန်ထုတ်လုပ်မှုနှုန်း လျော့နည်းလာခြင်း၊ ရောဂါဖြစ်ပွားမှုများပြားလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်စေနိုင်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ငါးကဏ္ဍနှင့်ပတ်သက်၍ ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရာ နှစ်စဉ်သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးနစ်မြုပ်ခြင်းနှင့် ပူပြင်းခြောက်သွေ့မှု လွန်ကဲခြင်းတို့ကြောင့် ငါးမွေးမြူကန်များနှင့်မွေးမြူထားသောငါးများ ပျက်စီးဆုံးရှုံးမှုမှကြိုတင်ကာကွယ်နိုင်ရန် သတိပေးနှိုးဆော်ချက်များကို နေ့စဉ်ထုတ်သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းကွန်ရက်များတွင် ထုတ်ပြန်ကြေညာလျက်ရှိသည်။
လွန်ခဲ့သော ၂၀၁၁ ခုနှစ် လာနီညာဖြစ်သောကာလတွင်မြန်မာနိုင်ငံ၌ မိုးအလွန်အကျွံရွာသွန်းပြီး ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပျက်ခဲ့ပြီးသီးနှံများနှင့်မြေယာများပျက်စီးခဲ့သည်။ အများစုမှာ ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများဖြစ်ကြောင်း၊ မွန်၊ ပဲခူး၊ ရခိုင်နှင့် ဧရာဝတီဒေသများတွင် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ဆန်စပါးများ တန်ချိန် ၁ ဒသမ ၇ သန်း ပျက်စီးခဲ့ကြောင်း World Bank ၏ အစီရင်ခံစာအရ သိရှိရသည်။ သို့ဖြစ်၍ လာနီညာဖြစ်သောနှစ်တွင် မိုးရွာသွန်းမှုများပြီး ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်လေ့ရှိသဖြင့် ငါး/ပုစွန်မွေးကန်များ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားခြင်းနှင့် သီးနှံထွက်ကုန်များ ပျက်စီးလေ့ရှိသဖြင့် ငါးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသော အစာကုန်ကြမ်းများဖြစ်သည့် ဖွဲနုအား ကြိုတင်စုဆောင်းထားခြင်းများ ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများအပေါ်သက်ရောက်နိုင်သည့် ကောင်းကျိုးနှင့် ဆိုးကျိုးများ
ရာသီဥတုများပြောင်းလဲလာပြီးရေအပူချိန်မြင့်မားလာခြင်းကြောင့် ငါးများ၏ ကိုယ်ခန္ဓာ အတွင်း အောက်ဆီဂျင်သယ်ပို့မှုဆိုင်ရာကန့်သတ်ချက်များရှိလာသဖြင့် ငါးများ၏ဇီဝကမ္မဗေဒကို ဆိုးကျိုးထိခိုက်စေသည်။ ထိုကဲ့သို့ ငါးများ၏ ဇီဝကမ္မဗေဒဆိုင်ရာ ကန့်သတ်ချက်များသည် အထူးသဖြင့် ငါးမွေးမြူရေးလုပ်ငန်းများကို သိသာသော ကန့်သတ်ချက်များဖြစ်စေသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ရိုက်ထိခိုက်သက်ရောက်မှုများမှာ ရေချိုရရှိနိုင်မှု ပြောင်းလဲခြင်း၊ အပူချိန်ပြောင်းလဲခြင်း၊ ပင်လယ်ပြင်အမြင့် ပြောင်းလဲခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် မုန်တိုင်းတိုက်ခတ်ခြင်းကဲ့သို့ ပြင်းထန်သောရာသီဥတု ဘေးအန္တရာယ်များကြိမ်နှုန်းများများ ဖြစ်လာခြင်းတို့ဖြစ်သည်။ သွယ်ဝိုက်သောနည်းဖြင့်ထိခိုက်မှုများမှာ စီးပွားရေးဆိုင်ရာ ထိခိုက်မှုများဖြစ်သော ငါးစာနှင့်အစာကုန်ကြမ်းများရရှိနိုင်မှုနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်စေသည်။
ဆိုးကျိုးထိခိုက်မှုများမှာ အပူချိန်မြင့်တက်လာမှုကြောင့်အောက်ဆီဂျင်လိုအပ်မှုများလာခြင်း၊ ရေချိုရရှိနိုင်မှုမသေချာခြင်း၊ ပြင်းထန်သော ရာသီဥတုဘေးအန္တရာယ်များဖြစ်ခြင်း၊ ပင်လယ်ပြင်မျက်နှာပြင် မြင့်တက်လာခြင်း၊ ငါးရောဂါနှင့်အဆိပ်အတောက်ဖြစ်မှုများ မကြာခဏဖြစ်ပွားခြင်း၊ ငါးဖမ်းလုပ်ငန်းမှ ရရှိသောငါးပေါင်းမုန့် (Fishmeal) များ ရရှိနိုင်မှု မသေချာခြင်းတို့ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းအပေါ် ကောင်းကျိုးသက်ရောက်မှုများမှာ နွေးသောရေပြင်တွင်ကြီးထွားနှုန်းနှင့် အစာ၏အကျိုးထိရောက်မှုများ ပိုမိုကောင်းမွန်ခြင်း၊ မွေးမြူနိုင်သည့် ကာလတိုးမြင့်လာခြင်း၊ ရေခဲပြင်များလျော့လာသဖြင့် ဝင်ရိုးစွန်းတန်းဒေသများ၌ရေပြင်များ ကျယ်ပြန့်လာခြင်းတို့ဖြစ်သည်။ အစာကွင်းဆက်၏ ကနဦးသက်ရှိကောင်များဖြစ်သော အပင်နှင့် သတ္တမျှောလှေးများ ထုတ်လုပ်နိုင်မှုတိုးလာသဖြင့် အစာစစ်ယူစားသုံးသော ကျောရိုးမဲ့ရေသတ္တဝါများ အတွက်အစာများပိုမိုရရှိနိုင်သည်။
ထို့ပြင် ဒေသရင်းမဟုတ်သော ရေနေသတ္တဝါများ ဝင်ရောက်လာမှုကြောင့် ပြဿနာများဖြစ်လာနိုင်ပြီး အောက်ဆီဂျင်ရရှိနိုင်မှုများကျဆင်းလာခြင်းနှင့် ဘေးဖြစ်နိုင်သောရေညှိရေမှော်များ အလွန်အကျွံ ပေါများလာခြင်းတို့ဖြစ်နိုင်သည်။ သမားရိုးကျမွေးမြူနေသောဧရိယာများ၏ဒေသ အခြေအနေများသည် များစွာသောဒေသရင်း ငါးမျိုးစိတ်များကိုမွေးမြူရန် မသင့်လျော်သောအခြေအနေများဖြစ်လာသည်။ အပူချိန်ပြောင်းလဲမှုဆိုင်ရာ ဖိအားများသည်မွေးမြူသောငါးများ၏ အောက်ဆီဂျင်လိုအပ်မှုများနှင့်အစားအစာလိုအပ်မှုများကဲ့သို့ဇီဝကမ္မဗေဒဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်စေမည်ဖြစ်သည်။ ငါးမွေးမြူရေးလုပ်ငန်းများ၌ ရေအပူချိန်မြင့်တက်လာမှုကြောင့် အစာဖြည့်တင်းမှုများ ပိုမိုတိုးတက်လိုအပ်လာမည်ဖြစ်သည်။ ရေချိုရရှိနိုင်မှုအပြောင်းအလဲများကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ မြစ်ကြောင်းသွားလာမှုလုပ်ငန်းများနှင့် ယှဉ်ပြိုင်မှုများဖြစ်လာနိုင်ပြီး မိုးရွာသွန်းမှုအစီအစဉ်များလည်း ပြောင်းလဲလာမည်ဖြစ်သည်။ မိုးရွာသွန်းမှု များပြားလာမှုကြောင့် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့ ပြဿနာများ လည်း ဖြစ်လာနိုင်သည်။ ပင်လယ်ပြင်မျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအတွက် သားပေါက်များဖြည့်တင်းပေးရာ နေရာများဖြစ်သည့် ကမ်းရိုးတန်းမြေပြင်ဒေသ များ၊ ဒီရေတောနှင့် ပင်လယ်မြက်ခင်းပြင် ဒေသများသည် ရေကြီးဖုံးလွှမ်းခြင်းဘေးအန္တရာယ်များ ဖြစ်လာနိုင်ခြေရှိသည်။
ငါး၊ ပုစွန်မွေးမြူသူများမှ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လိုက်ပါပြောင်းလဲသည့် နည်းဗျူဟာများ အသုံးချခြင်း
ငါး၊ ပုစွန်သားဖောက်ရုံများသည် မုန်တိုင်းတိုက်ခတ်မှုကြိမ်နှုန်းနှင့် ပြင်းထန်မှုများတိုးလာခြင်း ဘေးအန္တရာယ်အား ကြိုတင်ကာကွယ်ရန် ပိုမိုခိုင်မာတောင့်တင်းသောအမိုးများ ပြုလုပ်ထားခြင်း/ အမိုးများအပေါ်၌ သဲအိတ်များထားရှိခြင်း၊ မီးစက်များကို အမြင့်နေရာ၌ထားရှိခြင်း၊ အပူချိန်မတည်ငြိမ်မှုနှင့်မြင့်မားလာခြင်းအား ငါး၊ ပုစွန်ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်းနည်းလမ်းဖြင့်ဖြေရှင်းခြင်း၊ မခန့်မှန်းနိုင်သောရာသီဥတုနှင့်မိုးလေဝသပုံစံများကို မိုးလေဝသနှင့်ရေအရည်အသွေးကို စောင့်ကြည့်လေ့လာခြင်း၊ ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ ရောဂါကျရောက်မှုနှင့်သေဆုံးမှုတိုးလာပါက ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ အစာကြောင့်ညစ်ညမ်းမှုများလျှော့ချနိုင်ရန် အစာကျွေးခြင်းကို ကောင်းစွာစီမံခြင်း၊ ခွင့်ပြုထားသော ပဋိဇီဝဆေးဝါးများ အသုံးချခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပင်လယ်လှောင်အိမ်ဖြင့် ငါးမွေးမြူသူများသည် မိုးလေဝသအားစောင့်ကြည့်လေ့လာခြင်း၊ မျိုးငါးများကို ကုန်းပေါ်ရှိမြေကန်များသို့ ရွှေ့ပြောင်းထားခြင်း၊ လှောင်အိမ်များကို ပင်လယ်ပြင်သို့ ရွှေ့ပြောင်းထားခြင်း၊ လှောင်အိမ်၏အနက်ကို ပိုနက်အောင်ပြုလုပ်ထားရှိခြင်း၊ ပိုမို၍ ခံနိုင်ရည်ရှိသော ငါးမျိုးစိတ်များ ပြောင်းလဲမွေးမြူခြင်း၊ မွေးမြူသည့်ရာသီပြောင်းလဲလုပ်ကိုင်ခြင်း၊ ရေချိုဖြင့် ပိုက်လှောင်အိမ်အား မကြာခဏဆေးကြောခြင်း၊ ငါးထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ စောစီးစွာ ငါးများပြန်လည်ကုန်ထုတ်ဖမ်းဆီးခြင်း၊ ပိုမိုခံနိုင်ရည်ရှိသော ငါးမျိုးစိတ်များအားမွေးမြူခြင်း သို့မဟုတ် ကြီးမြန်သော ငါးမျိုးများမွေးမြူခြင်း၊ ခွင့်ပြုထားသော ပဋိဇီဝဆေးဝါးများ အသုံးပြုခြင်းတို့ကို လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရေငန်ပုစွန်မွေးမြူကန်များသည် မိုးလေဝသစောင့်ကြည့်လေ့လာခြင်း၊ သဲအိတ်၊ အမိုးများပြုလုပ်ထားခြင်း၊ မွေးမြူကန်များအား ကန်များ ရေကျော်ဖုံးလွှမ်းထိခိုက်ပျက်စီးခြင်းဘေးမှ ကာကွယ်နိုင်ရန် ပိုက်များနှင့်သဲအိတ်များဖြင့် ကြိုတင်ကာရံထားခြင်း၊ စောစီးစွာကုန်ထုတ်ပြန်လည်ဖမ်းဆီးကုန်ဖော်ခြင်း၊ ဖုံးအုပ်ထားသောကန်များဖြင့် ပုစွန်သားပေါက်များမွေးမြူခြင်း၊ အဆောက်အအုံအတွင်းရှိ ကန်များသို့ပြောင်းရွှေ့မွေးမြူခြင်း၊ ရေအရည်အသွေးကို အနီးကပ်စောင့်ကြည့်လေ့လာခြင်း၊ မွေးမြူသည့်ရာသီပြောင်းလဲဆောင်ရွက်ခြင်း၊ ဘိုင်အိုဖလော့စနစ်ကိုအသုံးပြုမွေးမြူခြင်း၊ ရေအလွှာစုံအလိုက်နေထိုင်အသက်ရှင်သောရေနေသတ္တဝါများ ပေါင်းစည်းမွေးမြူသည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်ခြင်း၊ သဘာဝနည်းဖြင့် ရောဂါကုသသောနည်းများနှင့် သဘာဝဆေးဝါးများ အသုံးချဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်းမွန်သောမျိုးများအသုံးပြုခြင်းနှင့် ခွင့်ပြုထားသောပဋိဇီဝဆေးဝါးများအသုံးချခြင်းတို့ကို လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကိုကာကွယ်ရန် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲခြင်းဖြင့် ရေချိုရှားပါးမှုကို လျှော့ချနိုင်သည်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိသော ငါး၊ ပုစွန်မျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်းဖြင့် လုပ်ငန်းကိုပိုမိုတည်ငြိမ်စေနိုင်သည်။ ရောဂါဖြစ်ပွားမှုကိုလျှော့ချရန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များမြှင့်တင်ခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကျင့်သုံးခြင်းနှင့် ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ကိုကာကွယ်နိုင်မည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းအပေါ် ကြီးမားသောသက်ရောက်မှုများရှိပြီး ထိခိုက်မှုများကိုလျှော့ချရန်အတွက် ထိရောက်သောစီမံခန့်ခွဲမှုနည်းလမ်းများလိုအပ်သည်။
ရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်နိုင်ရန်အတွက် နည်းပညာနှင့်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အရေးကြီးသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော မွေးမြူနည်းစနစ်များ၏ လိုအပ်ချက်တစ်ရပ်အနေဖြင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော ရေသတ္တဝါမွေးမြူနည်းစနစ်များ လိုက်နာကျင့်သုံးနိုင်ရန် သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီသော မွေးမြူနည်းစနစ်များ၊ စနစ်တကျ ရေသတ္တဝါမွေးမြူခြင်းဖြစ်သော ရေကန်များ၊ တာတမံများနှင့် မွေးမြူရေးကန်များစနစ်တကျဒီဇိုင်းဆွဲခြင်း၊ ရေအရည်အသွေးကိုစောင့်ကြည့်ခြင်း၊ ရေသတ္တဝါများ၏ ကျန်းမာရေးကိုစောင့်ကြည့်ခြင်း၊ အာဟာရပြည့်ဝသောအစားအစာများဖြည့်စွက်ခြင်းနှင့် အစားအစာဖြန့်ဖြူးမှုကို ထိရောက်စွာစီမံခန့်ခွဲခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိသောမျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်း၊ ရာသီဥတုအခြေအနေအလိုက် မွေးမြူရေးနည်းလမ်းများပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် နည်းပညာများအသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ရေသတ္တဝါများ၏ ကျန်းမာရေးနှင့် ကြီးထွားမှုကိုမြှင့်တင်ခြင်း၊ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စေခြင်း၊ စီးပွားရေးအရပိုမိုထိရောက်မှုရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများကိုလျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော မွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

ကြိမ်ပင်သည် မြန်မာမှုနယ်ပယ်တွင်အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ကြိမ်သည် သစ်တောထွက်ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် သစ်တောဖုံးလွှမ်းမှုအများဆုံးစာရင်းတွင် မြန်မာနိုင်ငံပါဝင်ခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ်မှ လေ့လာချက်အရ အာရှတိုက်နိုင်ငံများကို သစ်တောဖုံးလွှမ်းမှု အတန်းအစား သုံးမျိုးခွဲထားရာ မြန်မာနိုင်ငံ၊ ပါပူဝါနယူးဂီနီနိုင်ငံ၊လာအို၊ မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့ကို ပထမတန်းစားသစ်တောကြွယ်ဝသောနိုင်ငံအဖြစ် သတ်မှတ်ထားသည်။ မြန်မာ့ကြိမ်ကိုလည်း အဆိုပါသစ်တောထွက်စာရင်းတွင်ထည့်သွင်းထားသည်။

ကြိမ်အခေါ်အဝေါ်နှင့်ပုံသဏ္ဌာန်
ကြိမ်ဟူသောစကားသည် မြန်မာစကားဖြစ်သလို မြန်မာ့ဝေါဟာရလည်းဖြစ်သည်။ ကြိမ်ပင်ကို ရုက္ခဗေဒအမည်အားဖြင့် Chlamus ဖြစ်သည်။ အဆိုပါရုက္ခဗေဒအမည်သည် ရှေးဟောင်း အီဂျစ် စကားလုံးဖြစ်ပြီး စာရေးကိရိယာအဖြစ်အသုံးပြုနိုင်သောကျူရိုးဟု အဓိပ္ပာယ်ရှိ ကြောင်းသိရသည်။ အင်္ဂလိပ်အမည်မှာCane ဟုလည်းကောင်း၊ Rattan ဟုလည်းကောင်းခေါ်ကြပြီး ကြိမ်အလုံးကြီးများကို Cane ဟုခေါ်ကာ ကြိမ်အလုံးငယ်များကို Rattan ဟု ခေါ်ကြောင်းမှတ်သားရသည်။ ကြိမ်ပင်သည် ပင်စည်သေးသွယ်သော၊ အဆစ်ပါသော၊ အဆစ်တွင် အရွက်ထွက်၍ အပင်၏အဖျားပိုင်းတွင် အရွက်စုပုံပေါက်သော အပင်မျိုးဖြစ်သည်။ ကြိမ်ပင်သည် Palm (ပမ်း)မျိုးတွင်ပါဝင်သည်။ Palm (ပမ်း)မျိုးနွယ်ဆိုသည်မှာ အထက်မှာဖော်ပြခဲ့သလို ပင်စည်သေးသွယ်သော၊ အဆစ်ပါသော၊ အဆစ် တွင်အရွက်ထွက်သော၊ အပင်အဖျားပိုင်းတွင် အရွက်စုပုံထွက်သော မျိုးနွယ်ဖြစ်သည်။
ဥပမာ-ကြိမ်ပင်၊ အုန်းပင်၊ ထန်းပင်၊ဝါးပင်၊သင်ပေါင်းကမ္ဘာပေါ်မှာ Palm(ပမ်း)ခေါ်သော အပင်အုပ်စုဝင် ပေါင်း ၁၂၀၀ ခန့်ရှိကြောင်းသိရသည်။ ကြိမ်ပင်သည် ဆူးနှင့်အဆစ်ပါသော နွယ်ပင်ယောင်ယောင်ပင် ယောင်တစ်မျိုးဖြစ်သည်။ ကြိမ်ပင်၏မူရင်းဒေသသည် အာရှတိုက်ဖြစ်သည်။ အရွယ်အစားမှာ အများ အားဖြင့် လက်သန်းလုံး၊လက်မလုံးခန့်ရှိတတ်သည်။ နွယ်ပင်မျိုးဖြစ်၍ ရှည်လျားသည်။
ပေါက်ရောက်ရာဒေသနှင့် အသုံးများသောကြိမ်
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ ၁၉၉၈ ခုနှစ်အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ကြိမ်မျိုး ရင်းကိုးမျိုးရှိသည်။ မြန်မာနိုင်ငံ၏တော၊ တောင်၊ ရေ၊ မြေသဘာဝအရ ကြိမ်ဖြစ်ထွန်းသောနိုင်ငံ ဖြစ်သည်။ ကြိမ်သည် မြန်မာနိုင်ငံ၏ဒေသအလိုက်ပေါက်ရောက်သော ကြိမ်အမျိုးအစားမတူပေ။
ကြိမ်နီ၊ ရေကြိမ်၊ ရမထာကြိမ်၊ တောင်ကြိမ်၊ နွားရိုက်ကြိမ်နှင့်ကြက်ဥကြိမ်တို့မှာ ချင်းတွင်းမြစ်ဝှမ်း ဒေသ၌ပေါက်ရောက်သည်။ မေခနှင့်မလိခမြစ်ဝှမ်းဒေသမှာမူ ရေကြိမ်၊ ရမထာကြိမ်၊ ကြိမ်ခါး၊ ကပေါင်းကြိမ်၊ မျောက်ချေးကြိမ်၊ တောင်ကြိမ်နှင့်ရေကြိမ်တို့ပေါက်ရောက်သည်။ သိုင်းကြိမ်၊ ဝါးအူကြိမ်၊ ကြိမ်ဖန်၊ကြိမ်နီ၊ တောင်ကြိမ်၊ ရမထာကြိမ်၊ကပေါင်းကြိမ်၊ တုတ်ကြိမ်၊ ကြိမ်ခါးတို့သည် ပဲခူးတိုင်းဒေသကြီး၌ ပေါက်ရောက်ကြသည်။ ရခိုင်ရိုးမဒေသဘက်မှာမူ ကြက်ဥကြိမ်၊ ကြိမ်ခါး၊ ရေကြိမ်၊ ကြိမ်နီ၊ကြိမ်ဖြူကလေး၊ ကြိမ်ပုတ်နှင့် ကပေါင်း ကြိမ်တို့ပေါက်ရောက်ကြသည်။ ကြိမ်ခါး၊ ရေကြိမ်နှင့်ကြိမ်ဖန်အများစုမှာ ရှမ်းကုန်းမြင့်ဒေသဘက်တွင် ပေါက်ရောက်ကြသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင် ရမထာကြိမ်၊ ကပေါင်းကြိမ်၊ ရေကြိမ်၊ကြိမ်ခါးနှင့်ကြိမ်နီတို့ပေါက်ရောက်ကြသည်။ ဒေါနတောင်တန်းဒေသဘက်မှာမူ နံ့သာကြိမ်၊ ကြိမ်ပုတ်ကြီး၊ ကြိမ်ပုတ်ငယ်၊ကြိမ်တက်၊ ကြိမ်မဲ၊ ကပေါင်းကြိမ်၊ ရမထာ ကြိမ်၊ တောင်ကြိမ်၊ ဥတစ်လုံးကြိမ်၊ စတန်းကြိမ်၊ တောင်သွန်းကြိမ်၊ မြစိမ်းကြိမ်၊ စန်းသော်တာကြိမ်၊ ရေကြိမ်၊ ကလာကြိမ်စသည်တို့ပေါက်ရောက်ကြသည်။ ဖော်ပြပါဒေသများအနက် ဒေါနတောင်တန်းဒေသ၌ ကြိမ်အများဆုံးပေါက်ရောက်သည်။ အဆိုပါကြိမ်များအနက် ရေကြိမ်၊ကြိမ်နီ၊ ကြိမ်ဝါ၊ မြစိမ်းကြိမ်တို့သည်အများဆုံးခုတ်ယူရရှိနိုင်သော ကြိမ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသုံး များသောကြိမ်အမျိုးအစားများမှာ သိုင်းကြိမ်၊ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူကလေး၊ ရမထာ ကြိမ်၊ကပေါင်းကြိမ်ခေါ်သာပေါင်းကြိမ်၊ကြိမ်ပုတ်၊ ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်၊ ကြက်ဥကြိမ် တို့ဖြစ်သည်။
ကမ္ဘာ့ကြိမ်ထုတ်ကုန်သမိုင်း
ကြိမ်ပင်သည်သဘာဝပေါက်ပင်တစ်မျိုးဖြစ်သည်။ ခရစ်တော်မပေါ်မီနှစ်ပေါင်းတစ်ရာကျော်ကတည်းက ကြိမ်၏အသုံးဝင်ပုံနှင့်အစွမ်းသတ္တိကို သိရှိပြီး လူသုံးကုန်ပစ္စည်း အဖြစ်တရုတ်နှင့်အိန္ဒိယက စတင်အသုံးပြုလာကြသည်။ ထို့နောက်အဆိုပါကြိမ်ထုတ်ကုန်၊ ကြိမ်ပရိဘောဂများကို ကမ္ဘာ့အနောက်ခြမ်းဒေသသို့ အိန္ဒိယကုမ္ပဏီမှစတင်ရောင်းချခဲ့ရာမှ လူကြိုက်များပြီးကမ္ဘာအနှံ့ပျံ့သွားခဲ့သည်။ ၁၈ ရာစုအရောက်မှာ အမေရိကန်၊ပြင်သစ်၊ စပိန်အထိတင်ပို့ ရောင်းချနိုင်ခဲ့သည်။ ကြိမ်နှင့်ကြိမ်ထည်ပရိဘောဂများအရောင်းသွက်ခဲ့သဖြင့် ကြိမ်စျေးကွက်ဖြစ်လာခဲ့သည်။ ကြိမ်ထုတ်လုပ်မှုနှင့်ကြိမ်ထည်ပရိဘောဂသည် ထိုအချိန်ကတည်းက ကမ္ဘာ့စျေးကွက်ဝင် ပစ္စည်းဖြစ်ခဲ့သည်။
ထိုမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ကြိမ်ထုတ်ကုန် သို့မဟုတ် ကြိမ်ထည်ပစ္စည်းများပျံ့နှံ့ခဲ့ဟန်တူသည်။ မြန်မာနိုင်ငံမှာလည်း ယခုအချိန်အထိကြိမ်ထည်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။
မြန်မာ့အခြေခံစီးပွားရေး ကြိမ်ထုတ်ကုန်များ
မြန်မာလူမျိုးတို့သည် ရှေးကတည်းကလက်မှုပညာရပ်များကို လက်ဆင့်ကမ်းတတ်မြောက်လာခဲ့ကြသည်။ထိုလက်မှုပညာရပ်များ၌ ဝါးဖြင့်ပြုလုပ်သောလက်မှုပညာ၊ အုန်းလက်ဖြင့်ပြုလုပ်သော လက်မှုပညာ၊ သံ၊ ကြေးတို့ဖြင့်ပြုလုပ်သော လက်မှုပညာ၊ အုတ်အင်္ဂတေ၊ သစ်သားတို့ဖြင့်ပြုလုပ်သော လက်မှုပညာနှင့် ယခုကြိမ်ဖြင့်ပြုလုပ်သောလက်မှုပညာတို့ဖြစ်သည်။ ကြိမ်ကိုအခြေခံ၍ တစ်နိုင်တစ်ပိုင် စီးပွားရေးမှအခြေခံစီးပွားရေးအဖြစ်လည်းလုပ်ကိုင်ကြသည်။ ကြိမ်လက်မှုပညာများအနက် မြန်မာ့ကြိမ်ခြင်းလုံး လုပ်ငန်းသည် ထင်ရှားသောအခြေခံစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သလို ထင်ရှား သောရိုးရာယဉ်ကျေးမှုလက်မှုပညာရပ်တစ်ခုလည်းဖြစ်သည်။ ခြင်းလုံးကို ကြိမ်ဖြင့်ရက်လုပ်ကြရသည်။ မြန်မာနိုင်ငံ၌ခြင်းလုံးရက်လုပ်ခြင်းသည် ကြိမ်ထုတ်ကုန်လက်မှု လုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ပြင် ကြိမ်ဝါးတို့ဖြင့်လည်း တင်းတောင်းရက်လုပ်ကြသည်။ ရှေးကစပါးခြင်တွယ်ရာတွင် တင်းတောင်း ကိုသာ အသုံးပြုကြရသည်။ထို့ကြောင့် တင်းတောင်းလုပ်ငန်းသည်အခြေခံစီးပွားရေးတစ်ခုဖြစ်ခဲ့သည်။
စာရေးသူတို့ငယ်စဉ်က ဘေးအိမ်ကအဘိုးတစ်ဦးဆိုလျှင် တင်းတောင်း၊ ဆန်ကော၊ဆန်ခါများ ရက်လုပ်ကာ ရောင်းချ၍အသက်မွေးသည်ကိုတွေ့ဖူးသည်။ အဆိုပါပစ္စည်းများရက်လုပ်ရာ၌ ဝါးနှင့်ကြိမ် ကို အသုံးပြုရက်လုပ်ရသည်။ မြန်မာတိုင်းရင်းသားများအနေဖြင့်လည်း ကြိမ်ဖြင့်ပြုလုပ်သောပစ္စည်း များကို အသုံးပြုကြသည်။ ခန္ဓီရှမ်းတိုင်းရင်းသားတို့ လက်သုံးဓားအိမ်ကိုသစ်သားဖြင့်ပြုလုပ်ပြီး ခါးပတ် ကိုကြိမ်ဖြင့်ပြုလုပ်ကြသည်။ နာဂတိုင်းရင်းသားတို့ဆိုလျှင် ကြိမ်ဖြင့်စားပွဲအမျိုးမျိုးကို ထုတ်လုပ်ကြသည်။ လက်ဖက်ရည်ကြမ်းစားပွဲ၊ ထမင်းစားပွဲစသည်တို့ကိုထုတ်လုပ်ကြသည်။ ထို့ပြင် နာဂတိုင်းရင်းသားတို့အမြတ်တနိုးအသုံးပြုသောပစ္စည်းတစ်မျိုးလည်းရှိသည်။ ထိုပစ္စည်းကား ကြိမ်ဖြင့်ပြုလုပ်သော ကြိမ်ဖျာပင်ဖြစ်သည်။ ကြိမ်ဖျာသည်အေးသည်ဟုသိရသည်။ တစ်ခါတစ်ခါ စာရေးသူတို့ဒေသဘက်သို့ အဆိုပါကြိမ်ဖျာများလိုက်လံရောင်းချကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားတို့လည်း ကြိမ်ဖျာရက် လုပ်ကြသည်။ ထို့ပြင် နောင်မွန်း၊ ပန်နန်းဒင် ဒေသတို့တွင်ကြိမ်ထည်လုပ်ငန်းများကို အိမ်တွင်းမှုလုပ်ငန်း အဖြစ်လုပ်ကိုင်ကြသည်။ ကြိမ်သေတ္တာများ၊ တောင်းများ၊ ပလိုင်းများစသည်ဖြင့်ရက်လုပ်ကြသည်။ ရဝမ် လူမျိုးတို့သည်လည်း ကြိမ်ထည်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ရဝမ်လူမျိုးတို့၏ကြိမ်ထည်ထုတ်ကုန် ပစ္စည်းများကို တရုတ်လူမျိုးတို့နှစ်သက်ကြောင်း သိရသည်။ ထို့ပြင် နောင်မွန်း၊ ပန်နန်းဒင် ဒေသထွက် ကြိမ်ထုတ်ကုန်များကို ပူတာအိုမြို့သို့တင်ပို့ရောင်းချကြသည်။ အဆိုပါကြိမ်ထည်ပစ္စည်းများကို ကမ္ဘာလှည့်ခရီးသည်များက အမှတ်တရဝယ်ယူလေ့ရှိကြသည်။ဤကား မြန်မာ့ကြိမ်ထုတ်ကုန်ကို ကမ္ဘာသိနိုင် သောအဓိကအချက်တစ်ခုဖြစ်သည်။
စာရေးသူတို့ဒေသဘက်မှာလည်းကြိမ်ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုပြုလုပ်ရောင်းချကြသည်။ ကြိမ်ဖြင့်ပြုလုပ်သော စာအုပ်စင်များ၊ ကြိမ်ကုလားထိုင်များ၊ ကြိမ်ဖြင့်ပြုလုပ်ထားသောလူစီး ဒန်းပုခက်များ၊ ကြိမ်ခေါင်းအုံးများစသည်တို့ဖြစ်သည်။ ထို့ပြင် ကျား၊ မဆောင်းကြိမ်ခမောက်များ၊ ကြိမ်ဗန်း အမျိုးမျိုး၊ ကြိမ်ထိုင်ခုံအမျိုးမျိုး၊ ကြိမ်ဗန်းပန်းပွင့်၊လေးထောင့်ပုံကြိမ်ဗန်းများ၊ ဘဲဥပုံကြိမ်ဗန်းများ၊ ကြိမ်ဖြင့်ပြုလုပ်သည့် သစ်သီးထည့်ရန်ကြိမ်ကလပ်များ စသည်တို့ဖြစ်သည်။ ထို့ပြင် ကြိမ်ဖြင့်ပြုလုပ်ထားသော အဆင့်သုံးဆင့်ပါ လေးထောင့်၊ အဝိုင်းပုံပန်းကန်စင်များ၊ ကြိမ်ကုလားထိုင်များ ၊ကြိမ်ဖြင့် ပြုလုပ်ထားသော အိပ်စင်နှင့်ကြိမ်ဆွဲခြင်းအမျိုးမျိုး စသည်တို့လည်းရှိသည်။တချို့ဧည့်ခန်းများဆိုလျှင် ကြိမ်ဆက်တီခုံအစုံချထားသည်ကိုလည်း တွေ့ရသည်။ တချို့ကြိမ်အနားကွပ်ထားသည့် မှန်တင်ခုံမျိုးနှင့်အလှပန်းခြောက်ထိုးသည့် ကြိမ်ပန်းအိုးများလည်းရှိသည်။
မြန်မာနိုင်ငံမှာ ကြိမ်ဖြင့်ပြုလုပ်သောပရိဘောဂဆိုင်များရှိသည်။ ထိုကဲ့သို့ရှိနေခြင်းက မြန်မာ့ကြိမ်ကို အခြေခံသောကြိမ် ထုတ်ကုန်များကိုထုတ်လုပ်လျက်ရှိကြောင်း ထင်ရှားသလို မြန်မာ့ကြိမ်ထည်ကို လူသုံးများကြောင်းလည်း ထင်ရှားသည်။ ထို့ပြင် မြန်မာ့ကြိမ်ထည်သည် စျေးကွက်ဝင်သည်။ အဆိုပါ ကြိမ်ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူများသည် မြန်မာ့ကြိမ်ကိုအခြေခံစီးပွားရေးအဖြစ်လုပ်ကိုင်နေကြသူများဖြစ်သည်။ မြန်မာ့လက်မှုကြိမ်ထည်အမျိုးမျိုးရှိသည်။ကြိမ်ထည်စာအုပ်စင်ဆိုလည်း ပုံသဏ္ဌာန် အမျိုးမျိုးရှိသည်။
အလှပန်းအိုးတင်သည့်ခုံ၊ ကြိမ်ထည်ခန်းဆီး၊ ကြိမ်ထည်မိသားစုထမင်းစားပွဲ၊ ကြိမ်ခုတင်၊ စားသောက်ဆိုင်များတွင် အလှဆင်ကြိမ်မီးဆိုင်းများ၊ ကြိမ်ဖြင့်ပြုလုပ်ထားသော အဝတ်ချိတ်များစသည်ဖြင့် အမျိုးမျိုးပြုလုပ်ထားသည်။ ဖော်ပြပါကြိမ်ထုတ်ကုန်ပစ္စည်းများသည် မြန်မာ့အခြေခံစီးပွားရေး လုပ်ငန်း ပင်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာ့ကြိမ်ထည်ထုတ်ကုန်သည် ပြည်တွင်းမှာသာမကပြည်ပအထိ တင်ပို့နိုင်သော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ထို့ပြင် မြန်မာ့ကြိမ်ထည်ထုတ်ကုန်ပစ္စည်းများသည် ဥရောပနိုင်ငံများက အများဆုံးမှာယူသည်ဟုသိရသည်။ ပြည်တွင်းမှာဆိုလျှင် အိမ်ဧည့်ခန်းများတွင် အလှဆင်ခြင်း၊ထိုင်ခုံများအဖြစ်အသုံးပြုခြင်း၊ ဟိုတယ်လိုနေရာမျိုး၌အလှဆင်ရာတွင်လည်း အသုံးပြုကြသလိုလူ့အသုံးအဆောင်အဖြစ်လည်း အသုံးပြုကြသည်။ ကြိမ်ပရိဘောဂပစ္စည်း အမျိုးပေါင်း ၅၀၀ ခန့်ရှိသည် ဟုလည်းသိရသည်။ ကြိမ်ပင်သည် မြန်မာလူမျိုးတို့၏ လက်မှု ပစ္စည်းပြုလုပ်ရာတွင် အသုံးပြု သောအဖိုး တန်အပင်ဖြစ်သလို မြန်မာလူမျိုးတို့၏ စီးပွားရေးအခြေခံ ထုတ်ကုန်တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။

မှိုဟုဆိုလိုက်သည်နှင့် စားသုံး၍သင့်လျော်သောမှို(Mushroom)နှင့် စားသုံးရန်မသင့်သော အဆိပ်ရှိရောဂါဖြစ်စေသောမှို(Fangus)ဟူ၍ ခွဲခြားသိရှိရန်လိုသည်။ စားသုံးရန်မသင့်သော(Fangus) မှိုအမျိုးအစားများမှာ ဥပမာ အစားအသောက်များ အချိန်လွန်၍ ပုပ်သိုးဆွေးမြည့်ရာမှ ပေါက်ပွားလာသော မှိုများကိုဆိုလိုသည်။ မှိုအမျိုးအစားတွင် လူသားတို့ ယနေ့စားသုံးနေသည့် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော သဘာဝမှိုနှင့် စနစ်တကျစားသုံးရန် စိုက်ပျိုးထားသည့် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှို စသည်တို့ဟု အလွယ်မှတ်မိအောင် ဖော်ပြရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်းများစွာရှိသည့်အထဲမှ လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲတွင် တွင်တွင်ကျယ်ကျယ်ရောင်းဝယ်ဖောက်ကားလျက်ရှိသော ကောက်ရိုးမှိုစိုက်ပျိုးမှုနှင့် အသုံးဝင်အကျိုးများပုံတို့ကို ဆက်လက် ဖော်ပြပါမည်။
မျိုးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ
ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲအောက်မှ မှိုသုတေသန စိုက်ပျိုးရေးခြံများမှ မှိုမျိုးများကို စနစ်တကျမွေးမြူခြင်းသင်တန်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို နှစ်စဉ်(သို့) လစဉ် သင်တန်းသားများခေါ်ယူ၍ သင်တန်းပေးမှုများရှိလာကာ နောက်ပိုင်းအချိန်များတွင် မှိုစားသုံး၍ အဆိပ်သင့်ရသည့်ဖြစ်စဉ်များ မရှိသလောက်လျော့နည်းသွားသည်နှင့်အမျှ အာဟာရပြည့်ဝဘေးကင်း လုံခြုံသောမှိုမျိုးများကို တောင်သူ(သို့) အပြင်စီးပွားရေး လုပ်ငန်းရှင်များကိုယ်တိုင် စိတ်ပါဝင်စားလာပြီး မျိုးစေ့ထုတ်လုပ်ရောင်းချကာ နေရာအနှံ့အပြား မှိုများကို လက်တစ်ကမ်းဝယ်ယူ စားသုံးလို့ရရှိနေပြီဖြစ်ရာ ဝမ်းသာစရာပင်ဖြစ်သည်။ သို့ရာတွင် တန်ဖိုးရှိသဖြင့် တစ်ပတ်တစ်ကြိမ်မျှ မှိုဟင်းစားသုံးမှုနှုန်းမှာ မရှိသလောက်နည်းနေသေးသည်ဟုဆိုရပေမည်။
မှိုအဆိပ်သင့်အန္တရာယ်နှင့်အဆိပ်ရှိမှို၏ လက္ခဏာများ
အဆိပ်ရှိမှိုဟုတ်မဟုတ် ခွဲခြားရာ၌ မှို၏အခြေတွင် အခက်ပါရှိနေခြင်း၊ မှိုပွင့်၏ရိုးတံတွင် ခြေကျင်းပုံသဏ္ဌာန်ပါရှိနေခြင်း၊ မှိုထီးရွက်ပေါ်တွင် အကြေးဖတ်များ ပြန့်ကျဲစွာပါရှိနေခြင်း၊ မှိုလက်သည်း၊ မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်များသည် အဖြူရောင်ဖြစ်နေသောမှို၊ မှိုကွန်ချာ၊ အရောင်အသွေးစုံလင်စွာဖြင့် လှပစွာပွင့်နေသောမှိုနှင့် အစိမ်းရောင်မျိုးမှုန်များထုတ်လွှင့်တတ်သောမှိုများဟု ယေဘုယျသတ်မှတ်နိုင်သည်။ ထို့ပြင် မှိုများကိုချက်ပြုတ်သောအခါ ခရမ်းရောင်ကဲ့သို့သော အရောင်ပြောင်းသွားခြင်းမျိုး ရှိပါကလည်း စားသုံးရန်မသင့်သော မှိုအမျိုးအစားအဖြစ် သိရှိနားလည်ထားရမည်ဖြစ်ကြောင်း ယခုဆောင်းပါးတွင် ထပ်မံထည့်သွင်းရေးသားလိုပါသည်။
ဈေးကွက်တွင်အခိုင်အမာ ရပ်တည်လျက်ရှိသောကောက်ရိုးမှို စိုက်ပျိုးသင့်သည့် အချက်များ
ယခုဖော်ပြမည့်မှိုတစ်မျိုးမှာ ဈေးကွက်အတွင်း အခိုင်အမာရရှိထားပြီး ဝယ်လိုအားမြင့်မား၍ ဈေးကောင်းရရှိနေသော ကောက်ရိုးမှို(Oyster Mushroom)ကို တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးစေရန်ရည်ရွယ်၍ ယခုဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြရခြင်းဖြစ်သည်။“စိုက်ပျိုးရေးလုပ်ငန်းမှ အစ မျိုးသမီးများက” ဆိုသည့်အတိုင်း မှိုစိုက်ပျိုးခြင်းကို ကလေးသူငယ်များသာမက အမျိုးသမီးများပါ မကျန် စိုက်ပျိုး ထုတ်လုပ်၍ရနိုင်သော ပေါ့ပေါ့ပါးပါး “Home Garden” အိမ်တွင်းဥယျာဉ်တစ်ခုသဖွယ် ထည့််သွင်းစိုက်ပျိုးနိုင်သည်။ ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် မိသားစုများအားလပ်ချိန် စိတ်ပျော်ရွှင်လန်းလာစေကာ ဥယျာဉ်ခြံမှတစ်ဆင့် အပိုဝင်ငွေရရှိစေနိုင်ပြီး ထမင်းစားစားပွဲတွင် အာဟာရပြည့်ဝကာ ဘေးကင်းလုံခြုံသော စားသောက်ဖွယ်ရာမှိုဟင်းအမယ်တစ်ခွက်တိုးလာနိုင်ပြီး စီးပွားဖြစ်လုပ်ကိုင်လာနိုင်ပါက မိမိမိသားစုသာမက အများအတွက်ပါ အစာအဆိပ်သင့်မှုမှ တားဆီးကာကွယ်နိုင်မည်ဖြစ်သည်။
လယ်ယာနှင့် တိရစ္ဆာန်စွန့်ပစ္စည်းများကို မှိုစိုက်ပျိုးရာတွင် အကျိုးရှိစွာပြန်လည် အသုံးချနိုင်ခြင်း
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းများသည် ကောက်ရိုး၊ နွားချေး၊ ဖွဲနု၊ ဗေဒါကုန်ကြမ်းများသာဖြစ်သည့်အတွက် လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်စွန့်ပစ်ပစ္စည်းများကို (Recycle)အဖြစ် ပြန်လည်အသုံးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုလျော့ပါး သက်သာစေရုံမကဘဲ မှိုစိုက်ပျိုးပြီးထွက်ရှိလာသောနွားချေး၊ ကောက်ရိုး၊ ဗေဒါရိုးပြတ်များအား အခြားစိုက်ပျိုးထားသော အပင်များအတွက်ပါ ထပ်မံထည့်သွင်း အသုံးပြုနိုင်သည့်အတွက် ပို၍အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အချိန်တိုအတွင်း မြေနေရာကျဉ်းကျဉ်းတွင် အရင်းအနှီးအသင့်အတင့်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
မှိုတွင်ပါဝင်သောအာဟာရဓာတ်များ
ကောက်ရိုးမှိုတွင် ပရိုတင်း၊ အန်တီအောက်ဆီးဒင့်(Antioxidants)၊ဗီတာမင် B complex (B1, B2,B3,B6,iron,zinc,potassium)စသည့် သတ္တုဓာတ်များပါဝင်သည်။ ၎င်းအာဟာရဓာတ်များ အချိုးမျှတစွာ ပါဝင်သည့်အတွက် သွေးတိုးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ကိုယ်အလေးချိန်ထိန်းချုပ်ရေးနှင့် အင်အားနည်းခြင်းနှင့် သံဓာတ်ချို့တဲ့မှုရောဂါများကိုလည်း ကာကွယ်နိုင်သည်ဟု ဆေးပညာသဘောအရ လေ့လာသိရှိခဲ့ရသည်။
မှိုစိုက်ပျိုးရန်သတိထားသင့်သောအချက်များ
မှိုစိုက်ပျိုးသည့်အခါတွင် အပူချိန်၊ စိုထိုင်းဆ၊ လေထုဖိအား၊ မြေဆွဲအား စသည့်အချက်များကို သတိထားသင့်သည်။ မိမိစိုက်ပျိုးမည့် ဒေသအနေအထားနှင့် မှိုအမျိုးအစားအပေါ် မူတည်၍ ကြိုက်နှစ်သက်သည့်လွှမ်းမိုးမှုများကို ဖြည့်ဆည်းပေးလျှင် အောင်မြင်နိုင်သည်။ မိမိနေထိုင်သည့်ဒေသမှိုပေါက်ဈေး တစ်နည်းအားဖြင့် ဈေးကွက်အခြေအနေကိုစောင့်ကြည့်နေရန်လိုအပ်သည်။ မှိုမျိုးတစ်မျိုးနှင့်တစ်မျိုး အရင်းအနှီးကုန်ကျစရိတ်မတူနိုင်သလို ဈေးနှုန်းဈေးကွက်လည်း တူညီနိုင်မည်မဟုတ်သောကြောင့် မိမိဉာဏ်ရှိသလို စိုက်ပျိုးကြဖို့တိုက်တွန်းချင်သည်။ ယခုဆောင်းပါးတွင် ကောက်ရိုးမှိုစိုက်ပျိုးနည်းများစွာရှိသည့်အနက်မှ စိုက်ပျိုးရန်အလွယ်ကူဆုံးနှင့် အများကစိုက်ပျိုးရန် လက်ခံထားသည့် စနစ်တစ်ခုတည်းကိုသာ ဖော်ပြပေးမည်ဖြစ်ပါသည်။
မျိုးရွေးချယ်မှု
မှိုစိုက်ပျိုးရန်အတွက် အသုံးပြုသည့် မျိုးအနေဖြင့် အခြားသီးနှံများကဲ့သို့ ရေမြေဒေသနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်ရသကဲ့သို့ မိမိဝယ်ယူမည့် မျိုးထုတ်လုပ်သူများထံမှ မည်သည့်အပူချိန်တွင် မှိုမျိုးမွေးမြူထားရှိမှုအပေါ်တွင်မူတည်၍ မိမိစိုက်ပျိုးမည့် ဒေသအပူချိန်နှင့် ရာသီပုံစံအပေါ်တွက်ဆ၍ မှိုမျိုးရွေးချယ်စိုက်ပျိုးသင့်သည်။
မြေရွေးချယ်မှု
မြေရွေးချယ်မှုအနေဖြင့် မှိုသည် ဆား၊ ဆပ်ပြာပေါက်သောမြေ၊ မြေအစိုဓာတ်များသော ရေစိမ့်နေသောမြေနှင့် စက်ရုံစွန့်ပစ်ရေများ စိမ့်ဝင်နေသောမြေမှအပ ဥယျာဉ်ခြံကဲ့သို့သော အခြားအရိပ်ရပြီး မြေအစိုဓာတ်အနည်းငယ်ရှိသော မြေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
အသုံးပြုမည့်ရေ
မှိုစိုက်ပျိုးရာတွင် အသုံးပြုမည့်ရေသည် PH-6-7 ရှိသောရေကို အသုံးပြုပေးနိုင်လျှင်ပို၍ကောင်းမွန်သည်။ PH စံနှုန်းထက် လျော့လွန်း၊များလွန်းသော ရေအမျိုးအစားကို အသုံးပြုပါက မှိုမျှင်မဆင်းနိုင်ခြင်း၊ မှိုသန္ဓေမခဲနိုင်ခြင်းနှင့် မှိုဥလေးများထွက်ရှိလာပါကလည်း ရေအရောင်မလှခြင်းများ ဖြစ်နိုင်သည်။ မှိုစိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြီး မှိုသန္ဓေဖျက်သည့်ကာလ ရေလောင်းချိန်တွင် ရေကိုရေပန်းကရားနှင့် မျှတစွာ ဆွတ်ဖျန်းပေးရန်လိုအပ်သည်။
မြန်မာနိုင်ငံရှိ ကောက်ရိုးမှိုစိုက်ပျိုးလေ့ရှိသည့် နေရာဒေသများ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိကြသည်။
MSME လုပ်ငန်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန် တစ်မျိုးအဖြစ် ပါဝင်လာမှု
စားသောက်ဆိုင်ဟိုတယ်ကြီးများတွင် မှိုနှင့်ပတ်သက်သည့် ဟင်းလျာများ၏ ဈေးနှုန်းများကိုကြည့်ပါက မှိုစိုက်ပျိုးထုတ်လုပ်ရန် အခွင့်အလမ်း ပို၍ရရှိစေနိုင်သည်။ ယခုအခါ မှိုမှတစ်ဆင့် စားသောက်ကုန်၊ အလှကုန် ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ် လာသည်များလည်းရှိရာ မြန်မာနိုင်ငံ၏ လက်ရှိတွန်းအားပေးနေသော MSME လုပ်ငန်းများတွင် မှိုသီးနှံထုတ်ကုန် တစ်မျိုးမှာလည်း နေရာရရှိလာပြီဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် အာဟာရပြည့်ဝသော မှိုအစားအစာတစ်မျိုး ထုတ်လုပ်လာနိုင်ရုံမျှမက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ အသေးစား၊ အလတ်စားစီးပွားရေးသို့ တက်လှမ်းလာနိုင်နေပြီလည်းဖြစ်သည်။
ကောက်ရိုးမှိုသည် အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်အတွင်းရှိသော အပူချိန်ရရှိသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် အပူကြိုက်မှိုဟု ယေဘုယျသတ်မှတ်နိုင်သည်။
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အပူချိန်အမျိုးမျိုးအဆင့်ဆင့်ထိန်းသိမ်းပေးရလေ့ရှိသည်။ ကောက်ရိုးမှိုကို အများဆုံးစိုက်ပျိုးလေ့ရှိကြသော ကျင်းစနစ်ဖြင့်စိုက်ပျိုးနည်းကို ဖော်ပြရမည်ဆိုပါက လိုအပ်သောကုန်ကြမ်းနှင့် အရင်းအနှီးများမှာ မှိုမျိုးထုပ်၊ မှိုအစာအာဟာရအဖြစ် ဖွဲနု၊ စက္ကူဂျပ်များ၊ အပူချိန်အတွက် နွားချေး(သို့) ကြက်ချေး၊ အမိုးအုပ်ရန် ပလတ်စတစ်စတို့ လိုအပ်မည်ဖြစ်သည်။ သတိပြုရှောင်ရှားရမည့် အချက်အနေနှင့် မိမိတို့စိုက်ပျိုးမည့် မြေသည် ဆား၊ ဆပ်ပြာပေါက်နေသောမြေ (သို့)စက်ရုံစွန့်ပစ်ရေဆိုး မိလ္လာစိမ့်နေသော မြေမဖြစ်စေရန် ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။
ကောက်ရိုးမှိုတစ်နိုင်တစ်ပိုင်စိုက်နည်းစနစ်များ
၁။ ကျင်းပုံစံဖြင့်စိုက်ပျိုးခြင်း
၂။ ခြင်းတောင်းများဖြင့်စိုက်ပျိုးခြင်း
၃။ ကောက်ရိုးထုံးများအသုံးပြု၍စိုက်ပျိုးနည်း
၄။ စက်မှုအသွင်စိုက်ရုံများဖြင့် ဗေဒါကုန်ကြမ်းသုံးစိုက်ပျိုးနည်း ဟူ၍ နည်းစနစ်အမျိုးမျိုးရှိသည်။
ကောက်ရိုးမှိုကို စိုက်ပျိုးမည်ဆိုပါက တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးခြင်းအပေါ်မူတည်၍ ချဲ့ကားလျှင်ချဲ့ကားသလောက် တွင်ကျယ်နိုင်သည်။ မိမိကတစ်နိုင်တစ်ပိုင် စိုက်ပျိုးမည့်သူဖြစ်ပါက အနည်းငယ်မှ စ၍စိုက်ပျိုးသင့်သည်။ ကောက်ရိုးမှိုစိုက်ရာတွင် စိုက်နည်းစနစ်အမျိုးမျိုး ရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအဖို့ အောက်ပါနည်းလမ်းများနှင့် အစပျိုးစိုက်ပျိုးခြင်းက ပိုကောင်းနိုင်သည်။
မှိုစိုက်ပျိုးနည်းစနစ်နှင့် ပြုစုမှုပုံစံ
မှိုစိုက်မည့်နေရာသည် ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း အရိပ်ရသောသစ်ပင်ကြီးများ အောက်တွင် စိုက်ပျိုးပါက ပိုကောင်းသည်။ ယခင်အဆက်ဆက်မှို စိုက်ပျိုးခဲ့သောနေရာများမှ ပိုးမွှားရောဂါများ ကာကွယ်နိုင်ရန်အတွက် စိုက်မည့်နေရာအား ကောက်ရိုးမီးရှို့ပေးခြင်းနှင့် မစိုက်ပျိုးမီ စိုက်ကျင်းအတွင်း ထုံး(သို့) ပုရွက်ဆိတ်ဆေးအနည်းငယ်ဖြူးပေးပါ။
မစိုက်ပျိုးမီ ဂျပ်စက္ကူ ၅ ပိဿာကို အလျား ၉ ပေ၊ အနံ ၃ ပေနှင့် အနက် ၆ လက်မရှိသော စတုဂံပုံစံအကျယ်အဝန်းအတွက် လက်တစ်ဝါးစာအရွယ်ဆုတ်ဖြဲထားပြီး ရေစိမ်ပေးထားရမည်။ ၎င်းအကျယ်အဝန်းအတွက် မှိုမျိုး မိမိဝယ်ယူသည့်နေရာမှ အသုံးပြုရန် ညွှန်ကြားထားသည့်အတိုင်းငါးထုပ် (သို့) ခုနစ်ထုပ် စသည်ကို ဖွဲနုငါးဘူးနှင့် ရောမွှေထားပေးပါ။ အပူချိန်ဖန်တီးပေးရန် အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းဖြစ်သည့် နွားချေး ၉ တင်းကို ပလတ်စတစ် တုတ်ချောင်းအပိုင်းအစ(သို့) မလိုလားအပ်သည့် အမှိုက်များပါမလာစေရန် ဆန်ခါချထားပေးရမည်။ ၎င်းဆန်ခါချထားသော မစိုမခြောက်နွားချေးများကို ကျင်းအတွင်းဖြန့်ခင်းပေးပါ။ ဤတွင် နွားချေးများကို အကုန်သုံးလိုက်ခြင်းမျိုးမဟုတ်ဘဲ အပေါ်အုပ်ရန်အတွက် အနည်းငယ်ချန်ပေးထားရမည်။ နွေတွင်စိုက်ပျိုးပါက လိုအပ်သည့်အပူချိန်ကိုထိန်းချုပ်ရန် လွယ်ကူသည့်အတွက် လျှော့၍ထည့်သွင်းတာမျိုးနှင့် ဆောင်းရာသီတွင်စိုက်ပျိုးမည် ဆိုပါက နွားချေးထက်အပူချိန်များသော ကြက်ချေးကို အသုံးပြုပေးနိုင်လျှင်လည်း ပိုကောင်းသည်။ ထို့နောက် ရေပန်းကရားဖြင့် ဖြည်းဖြည်းမှန်မှန် စိုက်ကျင်းစိုသွားသည်အထိ ရေဖျန်းပေးရမည်။ နွားချေးများဖြန့်ခင်းပြီးပါက ရေစိမ်ထားသော ဂျပ်စက္ကူပျော့ဖတ်များကို ရေမှဆယ်ယူရေညှစ်၍ နေရာလပ်မရှိ ဖြန့်ခင်းပေးပါ။ စက္ကူဖြန့်ထားပြီးပါက ဖွဲနုနှင့်ရောနယ်ထားသော မှိုမျိုးများကိုပါးပါးနှင့်ညီညီ ဖြန့်ခင်းပေးရမည်။ ထို့နောက် နွားချေးအနည်းငယ်ကို မှိုမျိုးလုံအောင်ဖုံးထားပေးပြီး ရေပန်းကရားဖြင့် မှိုမျိုးများမျောမပါသွားစေရန် ဖြည်းဖြည်းချင်းရေလောင်းပေးရမည်။ ထို့နောက် ပလတ်စတစ်အဖြူစကို မှိုစိုက်ကျင်းတွင် အမြင့် ၁ ပေခွဲ အမိုးကိုင်းလုပ်၍ အုပ်မိုးပေးထားပြီး လေလုံအောင် စီမံပေးထားရမည်။ ကောက်ရိုးမှိုသည် အလင်းရောင်မကြိုက်နှစ်သက်သည့် မှိုအမျိုးအစားဖြစ်သည့်အတွက် အမိုးအုပ်ပြီးပါက အလင်းထိုးဖောက်မှုမရှိစေရန် ကောက်ရိုး၊ သက်ငယ်၊ ဓနိ၊ ဂျပ်ဖာများဖြင့် ဖြန့်မိုးပေးနိုင်လျှင်ပိုကောင်းသည်။ ထို့ကြောင့် ကောက်ရိုးမှိုစိုက်ပျိုးရန်မြေနေရာရွေးချယ်ရာတွင် အပင်ကြီးများအောက် အရိပ်ရသောမြေနေရာတွင် ရွေးချယ်နိုင်ပါက ပိုကောင်းသည်။ မှိုစိုက်ပျိုးပြီး လေးရက်အတွင်း အမိုးကိုင်းပေါ်မှ ဂျပ်စက္ကူအုပ်၍အမှောင်ချထားပေးရမည်ဖြစ်သည်။
ထို့နောက်ပိုင်းတွင် မှိုပုံကို တစ်နေ့လျှင် နှစ်ကြိမ် ပလတ်စတစ်စကို လှပ်ပေးပါ။ တစ်ရက်ခြားတစ်ခါ မှိုပုံကိုချွေးလှပ်ပေးရမည်ဖြစ်ရာ မှိုပုံအားပြန်အုပ်သည့်အခါ မှိုအစေ့လေးများပေါ်သို့ ချွေးကျရောက်ပြီး မျိုးသန္ဓေပျက်စီးသွားနိုင်သဖြင့် ဆန့်ကျင်ဖက် ထက်အောက်လှန် အုပ်မိုးပေးရမည်။ အစိုဓာတ်လျော့နည်းနေပါက ရေဖျန်းပေးပါ။ ခြောက်ရက်မြောက်နေ့တွင် မှိုမျှင်များပွား လာမည်ဖြစ်ပြီး မှိုပုံကိုရေဖျန်း ပေးရမည်ဖြစ်သည်။
မှိုမျှင်ဖြတ်သည်ဟုလည်းခေါ်သည်။ နောက်ပိုင်းတွင် မှိုမျှင်ဖြတ်ပြီး မှိုမျှင်များ ခဏပျောက်သွားပြီးမှ မှိုဆန်ကွဲစေ့(မှိုသန္ဓေစေ့လေး)များစတင်ထွက်ရှိလာပြီး စတင်စိုက်ပျိုးသည့် ရက်မှ ၁၄ ရက်အတွင်း မှိုစတင်ခူးဆွတ် နိုင်မည်ဖြစ်သည်။
မှိုခူးဆွတ်နည်းပုံစံ
ကောက်ရိုးမှိုကို ကြက်ဥလုံးအရွယ် အနေအထားလောက်တွင် စတင်ခူးဆွတ်နိုင်မည်ဖြစ်သည်။ မှိုဥများသည် အစုလိုက်ပေါက်ရောက်သည် များလည်းရှိရာ မိမိပထမဆုံးစံထားမည့်ဥ မပွင့်ခင်အထိ ဘေးမှိုများမှိုလုံး ကြီးလာသည်ထိစောင့်၍ အစုလိုက်အပြုံလိုက် ခူးဆွတ်ပေးရန် လိုအပ်သည်။ မှိုခူးရာတွင်လည်း ချွန်ထားသောဓားနှင့် လှီးဖြတ်ယူနိုင်သလို လက်ဖြင့်နုတ်ယူနိုင်တာမျိုးလည်းရှိသည်။ ဓားနှင့်ခူးဆွတ်ရာတွင် သတိထားရမည့် အချက်မှာ အသားစကျန်ခဲ့နိုင်သည်မျိုး ရှိနိုင်သဖြင့် မှိုခူးပြီးနောက်ပိုင်း အချိန်များတွင် တစ်ရက်ခြားတစ်ခါ ချွေးလှပ်ရာတွင် ချွေးစများ မှိုပေါ်တွင် ကျရောက်ပြီး ပျော့ပုပ်နိုင်သဖြင့် သတိထားခူးဆွတ်ရန် အထူးလိုအပ်သည်။
မှိုတစ်ကျင်းတွင် မိမိအသုံးပြုသော မျိုးထုပ်အပေါ်မူတည်၍ ရရှိနိုင်ပြီး သက်တမ်းတစ်လခန့်ထိ ခူးဆွတ်နိုင်မည်ဖြစ်ရာ လက်ရှိပေါက်ဈေး အနေဖြင့် မှိုစိုက်ပျိုးသူများအတွက် ဝင်ငွေတိုးအဆင်ပြေလျက်ရှိသည်။ အထွက်နှုန်းအနေဖြင့် အသုံးပြုသည့်ကုန်ကြမ်းနှင့် ပြုစုမှုအပေါ်မူတည်၍ ထွက်ရှိနိုင်မည်ဖြစ်သည်။
အချိန်တိုအတွင်း အရင်းအနှီးနည်းနည်းနှင့် မိသားစုဝင်ငွေရရှိရုံမျှမက ဈေးကွက်ထဲတွင် ဈေးအမြင့်ဆုံးရရှိနေသော ကောက်ရိုးမှိုဥငယ်များအား စိုက်ပျိုး အကောင်အထည်ဖော်ကြပြီး ဈေးကွက်သို့တင်ပို့ ရောင်းချခြင်းဖြင့် အသေးစားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် မှိုစိုက်ပျိုးခြင်း လုပ်ငန်းအောင်မြင်နိုင်ပါစေကြောင်း ဤဆောင်းပါးဖြင့် ဆန္ဒပြုရေးသား ဖော်ပြလိုက်ရပါသည်။ ။

မြေသြဇာသည်စိုက်ပျိုးရေးအတွက် အရေးပါသည်။လူသားနှင့်သက်ရှိများအတွက် အာဟာရဓာတ်လိုအပ်သကဲ့သို့ပင် စိုက်ပျိုးသီးနှံပင်များအတွက်လည်း အာဟာရဓာတ်လိုအပ်သည်။ အပင်များအတွက်လိုအပ်သောအာဟာရဓာတ်ကို မြေသြဇာများကရရှိခြင်းဖြစ်သည်။ မြေသြဇာကို ဓာတ်မြေသြဇာနှင့်သဘာဝအော်ဂဲနစ်မြေသြဇာဟူ၍ ခွဲခြားထားသည်။ဓာတ်မြေသြဇာကိုလူတိုင်းသိကြသည်။ ယနေ့ခေတ်တွင်စိုက်ပျိုးတောင်သူတိုင်း ဓာတ်မြေသြဇာကိုအသုံးပြုနေကြသည်။ သဘာဝအော်ဂဲနစ်မြေသြဇာဟူသည်တိရစ္ဆာန်အညစ်အကြေးများနှင့်ဟင်းသီးဟင်းရွက်အဆွေးများဟုအကြမ်းအားဖြင့်ဆိုနိုင်သည်။ ယခုဖော်ပြမည့် တီကောင်စွန့်
မြေသြဇာသည်စိုက်ပျိုးရေးအတွက် အရေးပါသည်။လူသားနှင့်သက်ရှိများအတွက် အာဟာရဓာတ်လိုအပ်သကဲ့သို့ပင် စိုက်ပျိုးသီးနှံပင်များအတွက်လည်း အာဟာရဓာတ်လိုအပ်သည်။ အပင်များအတွက်လိုအပ်သောအာဟာရဓာတ်ကို မြေသြဇာများကရရှိခြင်းဖြစ်သည်။ မြေသြဇာကို ဓာတ်မြေသြဇာနှင့်သဘာဝအော်ဂဲနစ်မြေသြဇာဟူ၍ ခွဲခြားထားသည်။ဓာတ်မြေသြဇာကိုလူတိုင်းသိကြသည်။ ယနေ့ခေတ်တွင်စိုက်ပျိုးတောင်သူတိုင်း ဓာတ်မြေသြဇာကိုအသုံးပြုနေကြသည်။ သဘာဝအော်ဂဲနစ်မြေသြဇာဟူသည်တိရစ္ဆာန်အညစ်အကြေးများနှင့်ဟင်းသီးဟင်းရွက်အဆွေးများဟုအကြမ်းအားဖြင့်ဆိုနိုင်သည်။ ယခုဖော်ပြမည့် တီကောင်စွန့်ပစ်မြေသြဇာသည်သဘာဝအော်ဂဲနစ်မြေသြဇာအမျိုးအစား၌ ပါဝင်သည်။ တီကောင်စွန့်ပစ်မြေသြဇာသည် နည်းပညာခက်ခဲမှုမရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ နေရာမရွေး ပြုလုပ်နိုင်ခြင်း၊ လိုအပ်သလောက်ကိုသာ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ခြင်းနှင့် မြေသြဇာအဆင့်အတန်းမြင့်မားခြင်းတို့ကြောင့် သုံးစွဲသူများအနေဖြင့် အကျိုးရှိစေသည်။ ထို့ပြင် တီကောင်စွန့်ပစ်မြေသြဇာသည် အော်ဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးမည့်တောင်သူများအတွက် အားထားစရာမြေသြဇာတစ်မျိုးလည်းဖြစ်သည်။
အကျိုးပြုတီကောင်မျိုးစိတ်နှင့်သဘာဝ
တီကောင်ကိုလူတိုင်းသိကြသည်။ တချို့ကတီကောင်ကိုရွံကြသည်။ သို့သော် တီကောင်သည်အခြားသက်ရှိများကဲ့သို့ အစုံစားသတ္တဝါမဟုတ်ပါ။မြေကြီးကိုသာစားသုံးသောသတ္တဝါဖြစ်သည့်အတွက်ရွံစရာတော့မဟုတ်ပါ။ ကမ္ဘာပေါ်တွင် တီကောင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသည်။ သို့သော် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အသုံးဝင်သောမျိုးစိတ်အနည်းငယ်သာရှိသည်။ အဆိုပါ တီကောင်မျိုးစိတ်ကို အုပ်စုနှစ်စုခွဲထားသည်။ ပထမအုပ်စုမှာ မြေဆီလွှာအပေါ်ယံလွှာတွင် နေထိုင်ကျက်စားသောအုပ်စုနှင့်မြေဆီလွှာအတွင်းပိုင်းတွင် နေထိုင်ကျက်စားသောအုပ်စုတို့ဖြစ်သည်။ မြေဆီလွှာအပေါ်ယံတွင်နေထိုင်သောတီကောင်များသည် လတ်ဆတ်သောဇီဝပစ္စည်း ၉၀ ရာခိုင်နှုန်းနှင့် မြေကြီး ၁၀ ရာခိုင်နှုန်းကို စားသုံးကာမြေဆွေးပြုလုပ်ပေးသည့်အုပ်စုဖြစ်သည်။ ထိုတီကောင်များသည် အနီရောင်တီကောင်များဖြစ်သည်။ထိုမျိုးစိတ်များသည် စာရေးသူတို့နိုင်ငံ၏ရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင်ကောင်းစွာပေါက်ပွားရှင်သန်ကြသည်။ မွေးမြူရာတွင်လည်း ယခုမျိုးစိတ်ဖြစ်သော အနီရောင်တီကောင်မျိုးစိတ်သာဖြစ်သည်။ဒုတိယအမျိုးအစားမှာမြေကြီးအတွင်းပိုင်း၌ကျက်စားနေထိုင်လေ့ရှိသည်။ မြေကြီးအတွင်းပိုင်း၌ မြေဆွေးရောစပ်မှု အားကောင်းသောမြေအမျိုးအစားတွင်နေထိုင်ကြသည်။ ထိုတီကောင်များသည် ညဘက်၌သာလှုပ်ရှားသွားလာလေ့ရှိကြသည်။ အကြောင်းမှာအလင်းရောင်ကိုမနှစ်သက်ကြသောကြောင့်ဖြစ်သည်။တီကောင်မွေးမြူမည်ဆိုပါက မိမိမွေးမြူမည့်ဒေသရာသီဥတုနှင့်ကိုက်ညီသော အမျိုးအစားကိုရွေးချယ်မွေးမြူဖို့လိုသည်။ သို့မှသာတီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာများများရရှိနိုင်မည်ဖြစ်သည်။
အပူချိန်နှင့်ရာသီဥတု
အထက်ကဖော်ပြခဲ့သော တီကောင်အမျိုးအစားသည် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင်ကောင်းစွာ ရှင်သန်ပေါက်ပွားနိုင်သည်။တီကောင်မွေးမြူ၍တီကျစ်စာမြေသြဇာထုတ်လုပ်မည်ဆိုပါက အပူချိန်နှင့်ရာသီဥတုကိုက်ညီဖို့လိုသည်။တီကောင်များသည်ပူလွန်း၊ အေးလွန်းသောရာသီမျိုးကိုမနှစ်သက်ကြပေ။ တီကောင်များကြိုက်နှစ်သက်သော အပူချိန်မှာ ၁၅ ဒီဂရီမှ ၂၅ ဒီဂရီအတွင်းဖြစ်ပြီး အပူချိန် ၃၀ ကျော်လွန်ပါက ပွားများနှုန်းရပ်တန့်သွားသည်။ ထို့ထက်အပူချိန်ပိုမြင့်လာပါက သေဆုံးသည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် တီကောင်မွေးမြူခြင်းသည်ရာသီဥတုနှင့်ဒေသအပူချိန်အပေါ် များစွာတည်မှီနေကြောင်းသတိပြုဖို့လိုသည်။
တီမွေးမြူရေးကန်ပြုလုပ်ခြင်း
တီမွေးမြူ၍ တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်မည်ဆိုပါက ပထမဆုံးမွေးမြူမည့်ကန်ပြုလုပ်ရမည်။ တီကောင်ကို အုတ်ကန်များဖြင့်မွေးမြူကြသည်။တီကောင်သည်မြေကြီးအတွင်းနေထိုင်သောသတ္တဝါဖြစ်သည့်အတွက် အုတ်ကန်ဖြင့်မွေးမြူခြင်းဖြစ်သည်။ တီမွေးကန်ဆောက်လုပ်ရာတွင် အလျား ၁၀ ပေ၊အနံ ၅ ပေ၊ အမြင့် ၃ ပေအုတ်ကန်များပြုလုပ်ရသည်။
တချို့က ပလတ်စတစ်ပုံးများ၊ သစ်သားပုံးများဖြင့် မွေးမြူကြသည်။ အုတ်ကန်ကို မိမိမွေးမြူမည့် ပမာဏ အလိုက် အနည်းအများပြုလုပ်နိုင်သည်။ အုတ်ကန်ပြုလုပ်ရာတွင် အောက်ခြေကိုအရည်များ အလွယ်တကူလျှောဆင်းနိုင်စေရန် နိမ့်လျှောပြုလုပ်ပေးရမည်။
ထို့နောက်အုတ်ကန်၏အောက်ခြေတွင် အုတ်ခဲကျိုးများထည့်ပေးရမည်။ ထို့နောက်အုတ်ခဲကျိုးပေါ်တွင် နွားချေးခြောက်ကို ၆ လက်မထူအောင်ခင်းပေးရသည်။ ထိုနွားချေးခြောက်ပေါ်၌ ပေါင်းမြက်များကို ၈ လက်မခန့်ထပ်ဖုံးပေးရမည်။ တီမွေးကန်ကို အမိုးမိုးပေးရသည်။ ထို့နောက် ထိုကန်ကိုအဖုံးဖုံး၍ အဖုံးကိုလေဝင်လေထွက်ကောင်းစေရန် အပေါက်ဖောက်ပေးထားရမည်။ တီမွေးကန်ကိုနံနက်တိုင်းရေပန်းကရားဖြင့် ရေအနည်းငယ်ဖျန်းပေးပါ။ ရေခြောက်နေလျှင် တီကောင်များသေတတ်သည်။ ရေဝပ်နေလျှင်လည်းသေတတ်သဖြင့် ရေဖျန်းရာတွင် ချင့်ချိန်ဖျန်းပေးဖို့လိုသည်။ မွေးမြူမည့်တီမျိုးများကိုမြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း(ရန်ကုန်တိုင်း)၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟို(လှည်းကူး)၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(ပြင်ဦးလွင်) စသည်တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
တီကောင်အတွက် အာဟာရဓာတ်များတီမွေးမြူရေးကန်ကို ပြုလုပ်ပြီးပါက ကန်အတွင်းသို့တီကောင်များထည့်ပေးရသည်။ ထို့နောက်တီကောင်များအတွက်လိုအပ်သောအာဟာရများကိုကျွေးပေးရသည်။ တီကောင်အတွက် အာဟာရဓာတ်သည် တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာအတွက်အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ တီကောင်ကြိုက်နှစ်သက်သောအစားအစာများကို များများကျွေးရသည်။ များများစားမှသာတီကျစ်စာများများရမည်။
တီကောင်ကြိုက်နှစ်သက်သော အစာများမှာငှက်ပျောပင်၏အစိတ်အပိုင်းများနှင့်ငှက်ပျောခွံများ၊သစ်ရွက်စိမ်းများ၊ ကြက်ဥ၊ ဘဲဥ၊ ဖျော်ပြီးသားကော်ဖီမှုန့်နှင့် လက်ဖက်ခြောက်ဖတ်များ၊ အမှည့်လွန်သစ်သီးများ၊ သစ်စေ့အခွံနှင့်လွှစာမှုန့်များ၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းသီးဟင်းရွက်အပုပ်များ စသည်တို့ကို ကြိုက်နှစ်သက်ကြသည်။
တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်ခြင်း
တီကောင်များသည်အစိုဓာတ်ကိုကြိုက်နှစ်သက်သည်။ သို့သော် ရေဝပ်ခြင်းကိုမနှစ်သက်ပေ။ တီမွေးကန်မခြောက်အောင်နေ့စဉ်သင့်သလောက်ရေဖျန်းပေးရသည်။ ဤကဲ့သို့ပြုလုပ်ပေးပါက တီကန်ထဲတွင်ရှိသော အာဟာရဓာတ်များသည် ရေအစိုဓာတ်နှင့်အတူပျော်ဝင်ကာ တီကန်အောက်ခြေသို့စိမ့်ဝင်ရောက်ရှိသွားသည်။ ထို့နောက် ယင်းကိုအုတ်ကန်အောက်ခြေရှိပိုက်မှတစ်ဆင့်စုပ်ယူပါက ရေနှင့်အတူနိုက်ထရိုဂျင်ကြွယ်ဝစွာပါဝင်သော သဘာဝအော်ဂဲနစ်မြေသြဇာကိုရရှိသည်။
ထို့ပြင်တီကောင်များက လူတို့စားသုံး၍ စွန့်ပစ်လိုက်သော စားကြွင်းစားကျန်များနှင့် မြေဆီမြေနှစ်များ၊ အပင်၏အစိတ်အပိုင်းများကိုစားသုံးကာ မစင်အဖြစ်ပြန်လည်စွန့်ထုတ်လေ့ရှိသည်။ ယင်းကိုတီကျစ်စာဟုခေါ်သည်။ တီကျစ်စာသည် အပင်နှင့်စိုက်ပျိုးသီးနှံများအတွက် သဘာဝအော်ဂဲနစ်မြေသြဇာဖြစ်သည်။
တီကျစ်စာသည်အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် ကယ်စီယမ်တို့ပေါင်းစပ်ပါဝင်သည့်အပြင် မြေဆီလွှာကို ထိန်းသိမ်းရာတွင်လည်းအရေးပါလှသည်။ တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲကို တီကောင်စတင်မွေးမြူပြီး သုံးလခန့်အကြာတွင် အညိုရောင်တီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာရည်ကိုစတင်ရရှိမည်ဖြစ်သည်။ တီမွေးမြူရေးကန်တစ်ကန်ကို တီကျစ်စာရည် သို့မဟုတ် တီကောင်စွန့်ပစ် မြေသြဇာရည် ၁၂ ဂါလန်အထိရနိုင်ကြောင်း သိရသည်။
တီကောင်စွန့်ပစ်မြေသြဇာရှိ အာဟာရဓာတ်များတီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာတွင် သီးနှံပင်များအတွက် အာဟာရဓာတ်များပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် အပင်များကိုသန်စွမ်းစေသည်။ အသီးအထွက်နှုန်းကောင်းစေသည်။ အသီးအရောင်အသွေးလှစေသည်။ အသီးအနှံများကိုလည်း အရသာကောင်းမွန်စေသည်။တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးရည်ကို မြေဆွေးရည် ၁ ဆ၊ ရေ ၁၀ ဆနှင့်ရော၍ ရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုနိုင်သည်။
တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးကိုသီးနှံအလိုက်ကျွေးနှုန်းများရှိသည်။
လယ်ယာသီးနှံအတွက်ဆို တစ်ဟက်တာလျှင် ခြောက်တန်၊ ဟင်းသီးဟင်းရွက်အတွက် တစ်ဟက်တာလျှင် ၁၂ တန်၊ သစ်သီးဝလံအတွက်မူ တစ်ဟက်တာလျှင် ၁၀ တန်ကျွေးပေးနိုင်သည်။ တီကောင်စွန့်ပစ်မြေသြဇာတွင်ပါဝင်နေသော အာဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဖော့စဖရပ် ၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ပိုတက်စီယမ် ၁ ဒသမ ၈၂ ရာခိုင်နှုန်း၊ ကယ်စီယမ် သုည ဒသမ ၈၉ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် သုည ဒသမ ၂၁ ရာခိုင်နှုန်းအသီးသီးပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် သီးနှံပင်များအတွက် လိုအပ်သောအာဟာရဓာတ်များပါဝင်နေသည်။
သီးနှံပင်နှင့်မြေဆီလွှာအတွက် အကျိုးကျေးဇူးများတီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲတွင် အပင်အတွက်လိုအပ်သောအာဟာရဓာတ်များပါဝင်နေသည်။ စိုက်ပျိုးရေးအတွက် တီကောင်စွန့်ပစ်မြေသြဇာပြုလုပ်သုံးစွဲခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကိုရရှိစေသည်။
(၁) အပင်အတွက်လိုအပ်သောအာဟာရဓာတ်များ ကိုရရှိစေခြင်း၊
(၂) အပင်များကိုရှင်သန်ကြီးထွားစေခြင်း၊
(၃) အပင်များမျိုးအောင်စေရန် အထောက်အကူဖြစ်စေခြင်း၊
(၄) အပင်၏အမြစ်များကိုခိုင်မာစေခြင်း၊
(၅) အပင်အကျိုးပြု အဏုဇီဝပိုးများကိုပွားများစေခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိစေသည်။
ထို့ပြင်တီကောင်စွန့်ပစ်မြေသြဇာကိုအသုံးပြုခြင်းဖြင့်မြေဆီလွှာကိုလည်း အကျိုးပြုပေးသည်။
မြေဆီလွှာအတွက်အကျိုးကျေးဇူးများ
(၁) မြေဆီကိုမြေသြဇာကောင်းစေခြင်း၊
(၂) မြေကြီးအစိုဓာတ်ကိုထိန်းပေးခြင်း၊
(၃) မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးခြင်း၊
(၄) မြေကြီးအတွင်း အောက်ဆီဂျင်ပိုရောက်စေခြင်း၊
(၅) မြေချဉ်ငန်ကိန်းကိုညီညွတ်မျှတစေခြင်း၊
(၆) မြေဆီလွှာအတွင်း အဏုဇီဝပိုးကို ၁၀ ဆမှ အဆ ၂၀ အထိတိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေသည်။
အခြားအကျိုးကျေးဇူးများ
တီကောင်စွန့်ပစ်မြေသြဇာကိုအသုံးပြုခြင်းအားဖြင့် အကျိုးကျေးဇူးများစွာကိုရရှိစေသည်။ သီးနှံပင်နှင့်မြေဆီလွှာအတွက်အကျိုးကျေးဇူးကို အထက်၌ စာရေးသူဖော်ပြခဲ့ပြီးဖြစ်သည်။ ဒါ့အပြင် အခြားအကျိုးကျေးဇူးများလည်းရှိပါသေးသည်။ ယင်းတို့မှာ -
(၁) နည်းပညာခက်ခဲမှုမရှိသဖြင့် လွယ်ကူစွာထုတ်လုပ်နိုင်ခြင်း၊
(၂) စွန့်ပစ်ပစ္စည်းများဖြင့်ထုတ်လုပ်ပေးနိုင်သဖြင့်ကုန်ကျစရိတ်သက်သာစေခြင်း၊
(၃) နေရာမရွေးပြုလုပ်နိုင်ခြင်း၊
(၄) သဘာဝအော်ဂဲနစ်မြေသြဇာဖြင့်စိုက်ပျိုးထားသောသီးနှံများဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကိုဖြေရှင်းပြီးသားဖြစ်ခြင်း၊
(၅) နွားချေးရှားပါးသောဒေသ၊ အထူးသဖြင့် တောင်ပေါ်ဒေသများတွင် နွားချေးအစား အစားထိုးအသုံးပြုခြင်းဖြင့် နွားချေးထက်ပင်လိုအပ်သောအာဟာရဓာတ်နှစ်ဆပါဝင်နေခြင်း၊
(၆) မြေဆွေးထုတ်လုပ်ခြင်းဖြင့် မိမိခြံအတွက်သာမကဘဲ အမြောက်အမြားစီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း စသည့်အချက်တို့ဖြစ်သည်။
ကမ္ဘာအနှံ့သုံးစွဲမှုအခြေအနေ
တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်မြေသြဇာကို စိုက်ပျိုးရေးလောက၌ ၁၉၇၉ ခုနှစ်ကပြင်သစ်နိုင်ငံက စတင်သုံးစွဲခဲ့ကြောင်းသိရသည်။စီးပွားဖြစ်စတင်ထုတ်လုပ်ခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ်ကဖြစ်သည်။ ၁၉၉၅ ခုနှစ်လောက်မှစ၍ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခဲ့ကြသည်။ အိန္ဒိယနိုင်ငံက ၁၉၉၅ ခုနှစ်က စီးပွားဖြစ် အများအပြားထုတ်လုပ်သုံးစွဲခဲ့သည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ဗီယက်နမ်၊ လာအို၊ ကျူးဘား၊ ဖိလစ်ပိုင်နိုင်ငံများ၌လည်းထုတ်လုပ်သုံးစွဲလျက်ရှိသည်။ စာရေးသူတို့နိုင်ငံတွင်မူ ၂၀၀၀ ပြည့်နှစ်လောက်က စတင်ထုတ်လုပ်သုံးစွဲခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုကြာမြင့်ခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်မူ တီကောင်စွန့်ပစ်မြေသြဇာကို အများအပြားထုတ်လုပ်ရောင်းချသဖြင့် ဝင်ငွေကောင်းပြီးအညိုရောင်ရွှေ(Black Gold)ဟုတင်စားခေါ်ဝေါ်ကြ သည်။ အိန္ဒိယနိုင်ငံ၌ စီးပွားဖြစ်ထုတ်လုပ်ခဲ့ရာ တန်ချိန်ပေါင်း ၃ ဒသမ ၅သန်းထုတ်လုပ်နိုင်ခဲ့သည်ဟုသိရသည်။ထို့ကြောင့် စာရေးသူတို့နိုင်ငံလို စိုက်ပျိုးရေးနိုင်ငံတွင် အိန္ဒိယနိုင်ငံကဲ့သို့ပင် ထုတ်လုပ်သင့်သည်။နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် တီကောင်စွန့်ပစ်မြေသြဇာသည် စိုက်ပျိုးသီးနှံများအတွက်များစွာအကျိုးပြုနေသည်ကို အထက်၌ဖော်ပြခဲ့ပြီးဖြစ်သည်။ထို့အတူမြေဆီလွှာကိုလည်း အကျိုးပြုနေသည်။တီကောင်စွန့်ပစ်မြေသြဇာသည် အကျိုးကျေးဇူးများသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကပင် ရှေးယခင်ကတည်းက တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်သည်။
စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် ယခုကဲ့သို့အကျိုးကျေးဇူးများလှသောတီကောင်စွန့်ပစ်မြေသြဇာကိုသုံးစွဲသင့်သလို စီးပွားဖြစ်လည်းထုတ်လုပ်သင့်ကြောင်း ရေးသားတိုက်တွန်းလိုက်ရပါသည်။ ။