ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သဘာဝအလှအပများသာမက စီးပွားရေးအချက်အချာကျ အတွင်းမွန်ဂိုလီးယားဒေသ
-

လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။

ထူးခြားသော သဘာဝရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရှားပါးဂေဟစနစ်တို့ဖြင့် လှပသောဒေသဖြစ်ပြီး မွန်ဂိုလီးယားကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်းတွင်တည်ရှိသော အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦလန်ခပ်(Ulanqab) မြို့ပင် ဖြစ်သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center - CIPCC)မှ နိုင်ငံတကာသတင်းထောက်များ လေ့လာရေးနှင့် သတင်းရယူတင်ဆက်ရေးအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယားဒေသ ဦလန်ခပ်မြို့သို့ အာရှနှင့်ပစိဖိတ်ဒေသမှ သတင်းထောက်များအဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည်။

ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သဘာဝအလှတရားများနှင့် ကျော်ကြားသည့် Ulanqab မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၆၀၀ တွင်ရှိပြီး နွေနှင့် ဆောင်းရာသီတွင် လေတိုက်နှုန်း ပိုမိုမြင့်မားတတ်ကာ အထူးသဖြင့် ဆောင်းရာသီကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတို့တွင် လေပြင်းတိုက်ခတ်မှုများရှိတတ်ကြောင်း လေ့လာသိရှိခဲ့ရသည်။

ထိုသို့ သဘာဝတရားကပေးအပ်ထားသော အားသာချက်ဖြစ်သည့် လေတိုက်နှုန်းမြင့်မားမှုကို အသုံးပြု၍ စွမ်းအင်ထုတ်ယူနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးလေစွမ်းအင် နည်းပညာကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Windey လေအားလျှပ်စစ်စီမံကိန်းတည်ရှိရာသို့လည်း ရောက်ရှိခဲ့သည်။ မြေတွင်စိုက်ထားသော အဖြူရောင်သံမဏိတိုင်၏ အလယ်ဝင်ရိုးနှင့် တွဲဆက်ထားသည့် ပန်ကာ (Wind Turbines) များသည် လေတိုက်နှုန်းအလိုက် လည်ပတ်နေကြသည်။

နည်းပညာအဆင့်မြင့် (Wind Turbine Generators) ကို အသုံးပြုထားပြီး တစ်နှစ်လျှင် မဂ္ဂါဝပ်သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေပါသည်။ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အတွက် လောင်စာသုံးဓာတ်အားပေးစက်ရုံများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။

ထိုသို့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

လေအားလျှပ်စစ်စီမံကိန်းကို လေ့လာပြီးသည့်အခါ Chouqian Banner Cold-Tolerant Vegetable Academician Workstation သို့ ရောက်ရှိပြီး အံ့မခန်းနည်းပညာများဖြင့် ခရမ်းချဉ်၊ ငရုတ်၊ သခွားမွှေး၊ မုန်လာဥနီစသဖြင့် ဟင်းသီးဟင်းရွက် မျိုးစိတ်သစ်များကို သုတေသနပြုလုပ်ထားမှု၊ စိုက်ပျိုးရေးနည်းပညာသစ်များကို လက်တွေ့အသုံးချနေမှု၊ ပလတ်စတစ်များဖြင့် ဖုံးအုပ်စိုက်ပျိုးနေမှုနှင့် ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု (Green-house Farming) များကို လက်တွေ့ပြသပါသည်။

ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးနည်းပညာများကို လက်ဆင့်ကမ်း ဖြန့်ဝေလေ့ကျင့် သင်ကြားပေးနေသည့်အပြင် လိုအပ်သော သွင်းအားစုအထောက်အပံ့ဆိုင်ရာများကို ကူညီပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများဈေးကွက်ရရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းစင်တာများနှင့် ဒေသတွင်းဈေးကွက်များသို့ တိုက်ရိုက်ရောင်းချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း စင်တာမှ သိရသည်။

ထို့ကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံ‌ရေးမှသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၌ ဝင်ငွေနှစ်ဆမှသုံးဆအထိ တိုးတက်လာကာ တစ်ဆက်တစ်စပ်တည်း ဒေသဖွံ့ဖြိုးရေးအထိပါ ဦးတည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) များကို အားပေးကာ စိုက်ပျိုးရေနည်းနည်းဖြင့် အထွက်နှုန်းမြင့်မားစေသော စိုက်ပျိုးရေးနည်းလမ်းများ၊ အေးမြသောဒေသတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်သော နည်းပညာများကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာအတုယူစရာပင်ဖြစ်သည်။

ထိုမှတစ်ဖန် အာရှ-ပစိဖိတ်ဒေသ သတင်းထောက်များအဖွဲ့သည် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming)၊ ဖန်လုံအိမ်စနစ်ဖြင့်စိုက်ပျိုးရေး (Green-house Farming) များတွင် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်နှင့် စတော်ဘယ်ရီစိုက်ခင်းများကိုလည်း လေ့လာခဲ့ကြသည်။ ခရမ်းချဉ်သီးအရောင်မှာ အနီရောင်၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်းစသဖြင့် အရောင်အသွေးစုံလင်သလို အရသာကွဲပြားမှုကို မြည်းစမ်းခွင့်ရခဲ့ကြသည်။

စတော်ဘယ်ရီအဖြူရောင်မှာ မိမိတို့ဒေသတွင် မြင်တွေ့နေရသည့် စတော်ဘယ်ရီထက် အရသာအချိုဘက်ပိုကဲပြီး အစေ့နည်းနည်းအသားထူထူက သတင်းထောက်များအတွက် ပန်းကန်ထဲတွင် စတော်ဘယ်ရီသီးများကုန်မှသာ နေရာမှခွာကြသည်အထိ အကြိုက်တွေ့ခဲ့ကြသည်။

အတွင်းမွန်ဂိုလီးယားဒေသ ဦလန်ခပ် (Ulanqab) မြို့သည် ခေတ်မီနည်းပညာများဖြင့် တစ်ခေတ်ဆန်းခဲ့သည်မှာ ပြောကုန်နိုင်ဖွယ်မရှိတော့ပြီ။ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတတ်မှု၊ မြတ်နိုးတန်ဖိုးထားမှုတို့မှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လိုက်ပါနိုင်စွမ်းရှိလှသည်။ စီးပွားရေးအချက်အချာဒေသဖြစ်သလို သဘာဝအလှတရားတို့ စုံလင်စွာပေါင်းစပ်ထားသော မြို့တစ်မြို့အဖြစ် အားကျအတုဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

ကိုးကား- MOI

လင်းလင်း

စီးပွားဖြစ် ငုံးမွေးမြူရာတွင် သိသင့်သည်များ
-

မြန်မာနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ကြသည်။  စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပြည်သူတို့၏အကျိုးစီးပွား၊  နိုင်ငံ့အကျိုးစီးပွားကိုမြှင့်တင်ကြရသည်။စိုက်ပျိုးမွေးမြူရေးကို ပြည်တွင်းစီးပွားရေးအပြင် ပြည်ပပို့ကုန်အဖြစ်လည်းတင်ပို့ပြီး    စိုက်ပျိုးမွေးမြူသူများအနေဖြင့် အခြေခံစီးပွားရေးကို  ခိုင်မာတောင့်တင်းစေရန်ဖြစ်သည်။   

မြန်မာနိုင်ငံမှာ မွေးမြူရေးအနေဖြင့် ဝက်မွေးမြူရေး၊ကြက်မွေးမြူရေး၊ ကျွဲ၊ နွားမွေးမြူရေး၊ ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေး၊  ဘဲမွေးမြူရေးစသည်ဖြင့်အမျိုးမျိုးရှိသည်။ ထိုမွေးမြူရေးလုပ်ငန်းများအနက် ငုံးမွေးမြူရေးလုပ်ငန်းလည်း  တစ်ခုအပါအဝင်ဖြစ်သည်။  ငုံးဥသည်  လူကြိုက်များသော ဥတစ်မျိုးဖြစ်သည်။  ငုံးကိုဥအတွက်မွေးမြူကြသလို အသားအတွက်လည်းမွေးမြူကြသည်။အထူးသဖြင့်ငုံးကို ဥထုတ်လုပ်ရန်အတွက်သာမွေးမြူကြသည်။   

ဥထုတ်ပြီးငုံးများကိုမူ   အသားအဖြစ်ပြန်လည်ထုတ်လုပ်ကြသည်။  စာရေးသူအနေဖြင့် ငုံးမွေးမြူရေးလုပ်ငန်းအကြောင်းကို  လေ့လာတင်ပြမည်ဖြစ်သည်။

ငုံးအမျိုးအစားနှင့်သဘာဝ

ငုံးသည် ရစ်ငှက်မျိုးနွယ်ဝင်ဖြစ်ပြီး  အင်္ဂလိပ်လို Quail ဟုခေါ်သည်။   သိပ္ပံအမည်မှာ Coturnix ဖြစ်သည်။   ငုံးသည်  ငှက်တစ်မျိုးဖြစ်သည်။အကောင်အရွယ်အစားက လက်သီးဆုပ်ခန့်ရှိသည်။ အလျား၆ လက်မခန့်ရှိပြီး သေးငယ်ကျစ်လျစ်သည်။ အဖိုနှင့်အမမှာ     အရောင်အဆင်းမတူကြပေ။ ငုံးဖိုမှာ ကျောဘက်တွင်   အမည်းပြောက်နှင့် သံချေးရောင်ခပ်မှိုင်းမှိုင်းအပြောက်ပါရှိသည်။  ခြေထောက်ကအဝါရောင်ဖြစ်သည်။ ငုံးမမှာမူ ငုံးဖိုထက် အရောင်ဖျော့သည်။ ဝမ်းဗိုက်နှင့်ရင်မှာ အညိုဝါရင့်ရောင်ရှိသည်။  ရင်နှင့်ဘေးမှာ   အမည်းကန့်လန့်စင်းများသည်။    မြန်မာနိုင်ငံတွင် မိုးဥတု၌ ဥတတ်ကြသည်။ တချို့က   ဇန်နဝါရီလမှာလည်း ဥတတ်ကြသည်။ ဥအရောင်မှာအဝါရောင်၊   အညိုရင့်ရောင်စသည်ဖြင့်ရှိသည်။

ကိုတာနစ်ချိုင်းနန်းဆစ်ငုံးမျိုးကိုမြန်မာနိုင်ငံရှမ်းကုန်းမြင့်ဒေသများ၌တွေ့ရတတ်သည်။ ငုံးအမျိုးအစားသုံးမျိုးရှိသည်။ ကိုတာနစ်ချိုင်းနန်းဆစ်ငုံးနှင့်ကိုတာနစ်ကိုရိုမန်လစ်ဒ်အမည်ရှိငုံးတို့ဖြစ်သည်။

ကိုတာနစ်ချိုင်းနန်းဆစ်ငုံး၏အရောင်အဆင်းနှင့် အရွယ်အစားမှာ အထက်မှာစာရေးသူဖော်ပြခဲ့သည့်အတိုင်းဖြစ်သည်။ ကိုတာနစ်ကိုရိုမန်လစ်ဒ်ငုံးသည် အလျား ၇လက်မခန့်ရှိသည်။   ငုံးဖို၏ရင်ပိုင်းမှာ အလွန်မည်းနက်သည်။  ကျယ်လောင်စွာအော်မြည်တတ်ပြီး  နေရာတစ်ခုတည်းတွင်ကျက်စားတတ်သည်။မြေပေါ်တွင်ဥတတ်ပြီး ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်းဥမှအကောင်ပေါက်သည်။ နောက်တစ်မျိုးမှာ ကိုတာနစ်ဂျပွန်နီကာငုံးမျိုးဖြစ်သည်။   အလျား ၇  လက်မ - ၈ လက်မခန့်ရှိပြီး အမြီးလုံးဝမရှိပေ။ ဦးခေါင်းအဖြူရစ်များသည်။ ကျောဘက်ကမည်းသည့်အပြင် အညိုကွက်များလည်းပါသည်။   အသိုက်ကိုစိုက်ခင်းများ၊မြက်ခင်းများတွင်ပြုလုပ်လေ့ရှိကြသည်။  ဥမှာ နီဝါရောင်ရှိသည်။  သားပေါက်ချိန်မှာ မတ်လမှ မေလအတွင်းဖြစ်သည်။   မြန်မာနိုင်ငံတွင်မွေးမြူသောငုံးအမျိုးအစားမှာ  ကိုတာနစ်၊  ကိုတာနစ်ဂျပွန်နီကာမျိုးတို့ဖြစ်သည်။  ကိုတာနစ်ဂျပွန်နီကာမျိုးကို ဂျပန်မျိုးဟုလည်းခေါ်ကြသည်။

ငုံးသားဖောက်ခြင်း

ငုံးမွေးမြူရာတွင် တချို့ကအကောင်လိုက်ဝယ်ယူမွေးမြူကြသလို   ကိုယ်တိုင်သားဖောက်မွေးမြူသူများလည်းရှိသည်။  ငုံးသားဖောက်ရန်အတွက် သားဖောက်မည့်ငုံးကို  စနစ်တကျရွေးချယ်ရသည်။ငုံးဥကိုအလုံးကြီးကြီး၊ အလုံးသေးသေး   ဥများကိုရွေးချယ်ခြင်းမပြုသင့်ပေ။ မကြီးလွန်းမငယ်လွန်းသောဥများကိုရွေးချယ်ရပါမည်။သားဖောက်ရန်အတွက် ရွေးချယ်ထားသောဥများကို သိမ်းဆည်းရာတွင်  ရက်ကြာကြာမထားသင့်ပေ။ သားဖောက်မည့်ဥများကိုရွေးချယ်ပြီးပါက လေးရက်ထက်မကျော်လွန်သင့်ပေ။ သတ်မှတ်ရက်ကျော်လွန်သောဥများကိုသားဖောက်မည်ဆိုပါက အကောင်ပေါက်ရာတွင် သန်စွမ်းမှုသိပ်ရှိမည်မဟုတ်ပေ။  သားမဖောက်မီဥများကိုသိမ်းဆည်းရာတွင် အပူချိန်လုံလောက်သောနေရာတွင်သိမ်းဆည်းထားဖို့လိုသည်။ ငုံးသားဖောက်ရာတွင်သားဖောက်စက်ဖြင့်ဖောက်ကြသည်။

ဖောက်စက်သည် အပူချိန်ကွာခြားမှုမရှိဖို့အထူးဂရုစိုက်ရမည်။  အပူချိန်လျော့ပါက သားပေါက်ကြန့်ကြာသည်။ သားဖောက်ရာတွင် အဓိကရည်ရွယ်ချက်မှာ သားပေါက်နှုန်းကောင်းပြီးငုံးသားပေါက်များ ကျန်းမာသန်စွမ်းကာ ဖွံ့ဖြိုးဖို့အဓိကဖြစ်သည်။ ထို့ပြင်ဖောက်စက်ကိုသင့်လျော်သည့်နေရာတွင်ထားရှိရန်လိုအပ်သည်။ဖောက်စက်ထားသည့်အခန်းထဲသို့ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးထားရသည်။ ဖောက်စက်ကို သစ်သားနံရံ  သို့မဟုတ် အုတ်နံရံကာထားသည့်နေရာအနီးတွင်ထားရှိပေးရမည်။ အပူချိန်ပြောင်းလဲမှုမရှိဘဲ တစ်သမတ်တည်းရှိသောနေရာကိုသာရွေးချယ်သားဖောက်ဖို့လိုသည်။ 

ငုံးဥများကို ဖောက်စက်ထဲသို့စနစ်တကျထည့်ပြီးပါကအေးသောရာသီဥတုဆိုလျှင် အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ရှိရမည်ဖြစ်ပြီး ပူသောရာသီတွင် ၉၅ ဒီဂရီဖာရင်ဟိုက်ထားပေးရမည်။ အပူချိန်များလျှင်လည်း ငုံးသားပေါက်လေးများ   ခွန်အားနည်းပါးခြင်း၊ဥဥသည့်အရွယ်ရောက်လျှင်ဥဥနှုန်းမကောင်းခြင်း၊   တချို့ကလုံးဝမဥတော့ပေ။ ဥဖောက်ရန်ညီမျှသောအပူချိန်ပေးထားချိန်တွင် ဥကိုသုံးကြိမ်လှည့်ပေးရမည်။ အကောင်ပေါက်ရန် ၁၄-၂၀  ရက် ကြာတတ်သည်။

အကောင်ပေါက်လာပါက ဖောက်စက်ထဲတွင် ၁၀ နာရီခန့်ထားပြီးနောက်မှ    အပူငွေ့ပေးအိမ်အတွင်းသို့ပြောင်းရွှေ့ပေးရသည်။ အပူပေးအိမ်ကို အလျား ၄ ပေ၊ အနံ ၂ ပေ၊ အမြင့် ၈ လက်မပြုလုပ်ပေးရမည်။  ငုံးအိမ်တစ်ဝက်ကို ပျဉ်ဖြင့်အလုံပိတ်ပြီး  ကျန်တစ်ဝက်ကိုသံဆန်ခါဖြင့်ပိတ်ရမည်။  ထိုနေရာမှာအပူပေးရန် လျှပ်စစ်မီးသီးထားရမည်။ အခင်းကိုသံဆန်ခါကွက်ခင်းပေးရသည်။

ငုံးသားပေါက်အပူပေးခြင်း

ငုံးအိမ်ကို အထက်ပါအတိုင်းပြုလုပ်ပြီးနောက် ငုံးအိမ်သံဆန်ခါအခင်းပေါ်တွင် ဂုန်နီအိတ်ခင်းပြီးထိုအပေါ်မှစက္ကူခင်းပေးရသည်။  ထိုစက္ကူအခင်းပေါ်တွင် ငုံးပေါက်ကလေးများအတွက် အစာပုံးနှင့်ရေခွက်ထားပေးရမည်။ ငုံးငယ်များအား အပူပေးရာတွင် ရက်သားအလိုက်ပေးရသည်။ ရက်သားအလိုက်အပူချိန်မတူပေ။

- ရက်သား                       /       အပူချိန်

- ၁ မှ ၇ ရက်သား           - ၆၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက်

- ၇ မှ ၂၄ ရက်သား         -  ၄၀ မှ ၄၅ ဒီဂရီဖာရင်ဟိုက်

- ၂၅ မှ ၂၈ ရက်သား      -  ၁၅ မှ ၂၀ဒီဂရီဖာရင်ဟိုက် စသည်တို့ဖြစ်သည်။

ငုံးကလေးများသည် ၂၈ ရက်ကျော်ပါက မီးပေးစရာမလိုပေ။ ထို့နောက် မီးလွတ်ငုံးပေါက်ကလေးများအား ငုံးအိမ်အတွင်းအကောင်ရေခွဲ၍ မွေးမြူရမည်ဖြစ်သည်။ဖော်ပြပါအပူချိန်များကို အေးသောရာသီဥတုနှင့်ညအချိန်များတွင်ရက်သားအလိုက်ငုံးများအတွက် အပူချိန်ကို အထက်ဖော်ပြပါအပူချိန်အောက်   လျော့ကျခြင်းမရှိအောင် အထူးဂရုစိုက်လုပ်ဆောင်ပေးရပါမည်။

ငုံးအိမ်တည်ဆောက်ခြင်း

မီးလွတ် ၂၈ ရက်သားငုံးကလေးများကို ငုံးအိမ်အတွင်း အကောင်ရေခွဲမွေးမြူမည်ဆိုပါက ငုံးအိမ်တည်ဆောက်ပေးရမည်ဖြစ်သည်။ ငုံးအိမ်တည်ဆောက်ရာတွင် အလျား ၁ ပေ၊ အနံ၁ ပေ၊ အမြင့် ၁ ပေရှိရမည်။ 

အခန်းဆက်အနေဖြင့်လေးခန်းမှခြောက်ခန်းတွဲအထိပြုလုပ်နိုင်သည်။   အခန်းတွဲအခန်းဆက်နေရာတွင်၂ လက်မခြားထားပေးရသည်။ ခြားထားသည့်နေရာသည် ငုံးချေး၊ အံဆွဲထားရန်ဖြစ်သည်။  အခင်းကို ငါးမူးကွက်ခြောက်ထောင့်သံဆန်ခါ ကာပေးရမည်။

အလယ်အခန်းနံရံများကိုပျဉ်ချပ်များဖြင့်  အလုံပိတ်ထားရမည်။  ငုံးအိမ်ရှေ့တံခါးပေါက်ကို တံခါးဆုံလည်ဖြင့်ထားပေးရသည်။ ငုံးချေးခံခွက်ထားပေးပြီး ချေးခံခွက်အတွင်း လွှစာမှုန့်ခင်းပေးကာ တစ်ပတ်တစ်ခါလှည်းပေးရမည်။    ငုံးစင်အဆင့်တိုင်း၏ဘေးတစ်ဖက်တွင် လွှစာမှုန့်နှင့်ရေအား ရေတံလျှောက်ဖြင့်တည်ပေးရမည်။ သောက်ရေအား တစ်နေ့နှစ်ကြိမ်လဲပေးရသည်။ အားဆေးတိုက်ကျွေးမည်ဆိုပါကလိုအပ်သောအားဆေးကို ရေအတွင်းထည့်သွင်းတိုက်ကျွေးနိုင်သည်။ အခန်းတွဲလေးတွဲရှိငုံးအိမ်တစ်လုံးတွင် ငုံးကောင်ရေ ၆၀ မှ ၈၀ အထိထည့်သွင်းမွေးမြူနိုင်သည်။ ခြောက်ဆင့်ငုံးအိမ်တစ်လုံးတွင် ငုံးကောင်ရေ ၁၄၀ မှ ၁၈၀ အထိမွေးမြူနိုင်သည်။ ဥစားငုံးဆိုလျှင် ခြံဖြင့်မွေးမြူမည်ဆိုပါက ၁  ပေပတ်လည်ခြံတစ်ခြံတွင်   ငုံးကောင်ရေ   ငါးကောင်သာမွေးမြူနိုင်သည်။ အကောင်ဖောက်ရန်မျိုးဥအတွက်မွေးမြူမည်ဆိုပါက၁  ပေပတ်လည်ခြံတစ်ခြံတွင် ငုံးမသုံးကောင်၊ ငုံးထီးတစ်ကောင်နှုန်းထားရှိရမည်ဖြစ်သည်။  ငုံးတစ်ကောင်၏သက်တမ်းမှာ သုံးနှစ်ကျော်ဖြစ်သည်။

ငုံးမွေးမြူရာတွင်သိသင့်သည်များငုံးမွေးမြူရာတွင် ကိုယ်တိုင်ဥဖောက်မွေးမြူနိုင်သလို ငုံးအရွယ်အစားအလိုက်ဝယ်ယူ၍လည်းမွေးမြူနိုင်သည်။  အရွယ်အစားအလိုက်မွေးမြူမည်ဆိုပါက   မွေးမြူနိုင်သည့်အရွယ်အစားမှာအောက်ပါအတိုင်းဖြစ်သည်-

- ၂ ရက်သားငုံးကလေးများအားဝယ်ယူမွေးမြူခြင်း

- ၇ ရက်သားငုံးများအားဝယ်ယူမွေးမြူခြင်း

- ၁၄ ရက်သားငုံးများအား ဝယ်ယူမွေးမြူခြင်း

- ၂၁ ရက်သားငုံးများအား ဝယ်ယူမွေးမြူခြင်း

- ၂၈ ရက်သား မီးလွတ်ငုံးအားဝယ်ယူမွေးမြူခြင်း

- ၃၅ ရက်သားငုံးအားဝယ်ယူမွေးမြူခြင်း

- ၄၅ ရက်သားငုံးအားဝယ်ယူမွေးမြူခြင်း

ငုံးမွေးမြူရာတွင် နှစ်ရက်သက်တမ်းရှိငုံးကလေးများအား ဝယ်ယူမွေးမြူပါက တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့သယ်ယူရာတွင်ခက်ခဲသည်။ အသေအပျောက်လည်းရှိနိုင်သည်။ သယ်ယူရာတွင် အပူဓာတ်ရရှိစေရန်အတွက် သယ်ယူရာလမ်းတစ်လျှောက်တွင် အပူပေးရသဖြင့်   အလုပ်ပိုရှုပ်စေသည်။  အပူမပေးဘဲသယ်ယူပါကလည်း ငုံးကလေးများသေသွားနိုင်သည်။  ငုံးမွေးမြူသူများအနေဖြင့် ဝယ်ယူမွေးမြူမည်ဆိုပါက ၂၈ ရက်သားမီးလွတ်ငုံးပေါက်များကိုသာ   ဝယ်ယူမွေးမြူသင့်သည်။   ၂၈ ရက်သားငုံးပေါက်ကလေးများအားဝယ်ယူမွေးမြူပါက အောက်ပါအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်သည်။

ယင်းတို့မှာ-

- ငုံးကလေးများကြီးထွားမှုညီခြင်း

- အရွယ်အစားတညီတည်းဖြစ်ခြင်း

- အစာကျွေးရာတွင် ကုန်ကျစရိတ်တူညီခြင်း

-ငုံးအိမ်တည်ဆောက်ရာတွင်တညီတည်းတည်ဆောက်ရ၍လုပ်ငန်းတွင်ကျယ်ပြီးကုန်ကျစရိတ်သက်သာခြင်း

-ဥသောအရွယ်သို့ရောက်သောအခါ တစ်ပြိုင်နက်ဥခြင်း

-ဥများတစ်ပြိုင်နက်ဥသဖြင့် ဥအများအပြားထုတ်လုပ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေသည်။ ငုံးများအတွက် သင့်လျော်သောအစာခွက်၊ ရေခွက်တို့ကိုစနစ်တကျပြုလုပ်မွေးမြူကြရမည်။

ငုံးအတွက်စပ်စာပြုလုပ်ကျွေးခြင်း

ငုံးကိုအစာကျွေးရာတွင် စပ်စာများကိုသာ အများအားဖြင့်ကျွေးကြသည်။  အစာကိုစနစ်တကျကျွေးပါက  ဥဥနှုန်းကောင်းပြီး    ငုံးကောင်၏သက်တမ်းပိုရှည်သည်။ ငုံးများတွင်လိုအပ်သောအာဟာရဓာတ်ချို့တဲ့ပါက ဥဥနှုန်းကိုထိခိုက်စေနိုင်သည်။ ငုံးများအတွက်အစာအာဟာရကို အရွယ်အစားအလိုက် စပ်စာပြုလုပ်ကျွေးမွေးကြသည်။  ငုံးငယ်၊ ငုံးလတ်၊ ငုံးကြီးစသည်ဖြင့်ခွဲခြား၍   စပ်စာပြုလုပ်ကျွေးကြသည်။ ထိုစပ်စာအတွင်း ငါးကြီးဆီကိုလည်းထည့်ကျွေးပေးနိုင်သည်။   ဖော်ပြပါအစာများတွင် သတ္တုဓာတ်၊ ပရိုတင်းဓာတ်နှင့်ဗီတာမင်ဓာတ်များပါဝင်သည်။ ကန်စွန်းရွက်၊ ဆလတ်ရွက်တို့ကိုလည်း သင့်လျော်သလိုချိန်ဆကျွေးမွေးနိုင်သည်။ အဓိကအားဖြင့် ရေဖြစ်သည်။ ရေမပြတ်အောင်ဂရုစိုက်ရမည်။ ရေသည်စားသမျှအစာကို ကြေညက်စေသည်။ ငုံးကောင်၏ခန္ဓာကိုယ်အပူချိန်ကိုဟန့်တားရာတွင် အထောက်အကူဖြစ်စေသည်။

ဖြစ်တတ်သောရောဂါနှင့်ကာကွယ်နည်း

ငုံးမွေးမြူရာတွင် အထက်ကစာရေးသူဖော်ပြခဲ့သည့် သိသင့်သည့်အချက်များ၊  နည်းစနစ်များကိုသိရှိလိုက်နာဆောင်ရွက်သော်လည်း ရောဂါကျရောက်ပါက သေဆုံးတတ်သလို ဥဥနှုန်းကိုလည်းထိခိုက်စေနိုင်သည်။ ထို့ကြောင့်  စီးပွားဖြစ်ငုံးမွေးမြူသူများအနေဖြင့် ငုံးမှာကျရောက်တတ်သည့်ရောဂါများနှင့်ကာကွယ်နည်းများကိုလည်း သိထားဖို့လိုသည်။

ဝမ်းရောဂါ - ထိုရောဂါဖြစ်ပါက မှိုင်ကုပ်၍အစာမစားပေ။ မျက်နှာရောင်ခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းလက္ခဏာများဖြစ်တတ်သည်။ ထိုရောဂါဖြစ်ပါက ရုတ်တရက်သေဆုံးခြင်းမျိုးဖြစ်တတ်သည်။ထိုအခါ အစာနှင့်ရေအတွင်း တက်ထရာဆိုက်ကလင်းဆေးထည့်၍ ကာကွယ်ကုသနိုင်သည်။

အူရောင်ရောဂါ - ထိုရောဂါသည် ငုံးခြံများ၏ဇီဝလုံခြုံရေးညံ့ခြင်း၊ ခြံသန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်တတ်သည်။  ထိုရောဂါဖြစ်နေပါက မှိုင်နေခြင်း၊ အမွေးအတောင်ကျခြင်း၊  အစားပျက်၍အညိုရောင်နှင့်အဖြူရောင်ဝမ်းသွားခြင်းလက္ခဏာများတွေ့ရမည်။ ထိုအခါအမောက်စလင်ဆေးကိုဆေးညွှန်းအတိုင်းတိုက်ကျွေးပေးရပါမည်။

လည်လိမ်ရောဂါ - ထိုရောဂါသည်ကူးစက်မြန်သည်။ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးတတ်သည်။ ထိုရောဂါဖြစ်ပါက ငုံးကောင်အသက်ရှူရာတွင်ချွဲသံကိုကြားရသည်။ မျက်နှာရောင်၍မျက်ရည်ကျသည်။ ထိုအခါဥဥချိန်ဆိုဥနှုန်းကျဆင်းသွားတတ်သဖြင့် အထူးသတိပြုရမည့်ရောဂါဖြစ်သည်။ အသက်ရှူခက်ခဲခြင်း၊ နှာရည်ကျခြင်း၊ မျက်စိနာခြင်း၊ အစိမ်းရောင်ဝမ်းသွားခြင်းတို့တွေ့ရသည်။ ထိုအခါ လည်လိမ်ရောဂါကာကွယ်ဆေးကို တိုက်ကျွေးပေးရပါမည်။

သွေးဝမ်းကျရောဂါ - ထိုရောဂါဖြစ်ပါက ငုံးကောင်များငြိမ်နေတတ်သည်။ အစာစားပျက်လာပြီးကြီးထွားနှုန်းလည်းနှေးလာသည်။ အထူးသဖြင့်ဝမ်းသွားရာမှာသွေးပါလာသည်။ ထိုအခါသွေးဝမ်းကာကွယ်ဆေးကို သောက်ရေမှာရောထည့်၍တိုက်ပေးရသည်။

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့  ငုံးမွေးမြူခြင်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်နေကြပြီဖြစ်သည်။ ငုံးဥသည် အာဟာရဓာတ်ကြွယ်ဝသဖြင့်လူကြိုက်များသည်။ ၂၈ ရက်သားမီးလွတ်ဝယ်ယူမွေးမြူပါက စရိတ်စကသက်သာသလို ကြက်ကဲ့သို့ မီးမပေးရသဖြင့် ကုန်ကျစရိတ်လည်းပိုသက်သာသည်။ ထို့ပြင် ငုံးဥသည်   စျေးကွက်ရှိသောဥတစ်မျိုးဖြစ်သည့်အတွက် စီးပွားဖြစ်မွေးမြူသင့်သည်။  ကမ္ဘာတစ်ဝန်းလုံးခြုံကြည့်ပါက ငုံးကိုမြန်မာနိုင်ငံတွင်    စီးပွားဖြစ်မွေးမြူမှုမှာသုည ဒသမ ၇ရာခိုင်နှုန်းအထိရှိကြောင်းသိရသည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအကျိုးအမြတ်ရရှိသောမွေးမြူရေးဖြစ်သည်။ တရုတ်နိုင်ငံမှာ တစ်နှစ်လျှင်ငုံးဥ ၄၉၀၀၀၀ မက်ထရစ်တန်ချိန်အထိထုတ်လုပ်သည်။  မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ငုံးဥပေါင်း ၅၅၀၀၀ မက်ထရစ်တန်ခန့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ တစ်နိုင်ငံလုံး၏ ငုံးဥထွက်နှုန်း ၆၀ ရာခိုင်နှုန်းသည် ငုံးမွေးမြူရေးအများဆုံးလုပ်ကိုင်သည့် မုံရွာဘက်မှဖြစ်သည်။ ငုံးကိုဥထုတ်နိုင်သလို အသားလည်းထုတ်ယူရရှိသည့်အပြင် ငုံးချေးကိုမြေသြဇာအဖြစ်ပါအသုံးပြုနိုင်သည်

ထို့ကြောင့် စာရေးသူအနေဖြင့် ငုံးမွေးမြူမည့်သူများအတွက် ငုံးမွေးမြူရာတွင်သိရှိလိုက်နာသင့်သည်များကို  သိရှိနိုင်စေရန် လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ရပါသည်။    ။

quail

Source: Myawady Web Portal

ကိုကျော်စွာ(ကျိုက်ပိ)

တောင်သူဝင်ငွေတိုးဖို့ ဝါသီးနှံကို စနစ်တကျစိုက်ပျိုးကြပါစို့
-

ဝါသီးနှံမှရရှိသောချည်မျှင်ကုန်ကြမ်းသည် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများအတွက် အရေးပါသည်သာမက ဝါစေ့စားသုံးဆီနှင့် စက်မှုသုံးဆီများ ထုတ်လုပ်နိုင်ပြီး ဝါစေ့ဖတ်အား အာဟာရပြည့်ဝသောတိရစ္ဆာန်အစားအစာနှင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်သည်။ ထို့ပြင် ဝါနှင့်ဝါစေ့ထွက်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများစွာကိုလည်း ထုတ်လုပ်နိုင်သည်ဖြစ်ရာဝါသီးနှံသည် လူသားတို့အတွက်  ပုံစံအမျိုးမျိုးဖြင့်  အသုံးဝင်သည်။ ထို့ကြောင့် ဝါသီးနှံကို မဏ္ဍိုင်သီးနှံ (၁၀) မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်လျက် အထွက်နှုန်းတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးအတွက် တွန်းအ

ဝါသီးနှံမှရရှိသောချည်မျှင်ကုန်ကြမ်းသည် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများအတွက် အရေးပါသည်သာမက ဝါစေ့စားသုံးဆီနှင့် စက်မှုသုံးဆီများ ထုတ်လုပ်နိုင်ပြီး ဝါစေ့ဖတ်အား အာဟာရပြည့်ဝသောတိရစ္ဆာန်အစားအစာနှင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်သည်။ ထို့ပြင် ဝါနှင့်ဝါစေ့ထွက်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများစွာကိုလည်း ထုတ်လုပ်နိုင်သည်ဖြစ်ရာဝါသီးနှံသည် လူသားတို့အတွက်  ပုံစံအမျိုးမျိုးဖြင့်  အသုံးဝင်သည်။ ထို့ကြောင့် ဝါသီးနှံကို မဏ္ဍိုင်သီးနှံ (၁၀) မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်လျက် အထွက်နှုန်းတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

ဝါသီးနှံကိုမြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဝါမျိုးစုံစိုက်ပျိုးမှုမှာ ဧက ၅ ဒသမ ၄၅ သိန်းစိုက်ပျိုးပြီးဖြစ်ရာ ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုမှာ စုစုပေါင်း ဝါမျိုးစုံစိုက်ပျိုးမှု၏ ၉၄ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် ချည်မျှင်တိုဝါ စိုက်ပျိုးမှုမှာ ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်။   ဝါစိုက်ပျိုးထုတ်လုပ်မှုအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ပြီး     စုစုပေါင်းစိုက်ဧရိယာ၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်။

လက်ရှိစိုက်ပျိုးလျက်ရှိသော ချည်မျှင်ရှည်ဝါမျိုးများမှာ  စိုက်ပျိုးရေးဦးစီးဌာနမှ  သုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးသော ငွေချည် -၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ ချည်မျှင်ရှည်ဝါမျိုးများနှင့်  ပုဂ္ဂလိကကုမ္ပဏီများမှဖြန့်ဖြူးသောမျိုးများဖြစ်သည့် ရာကာ-၆၆၆၊ ဘီ-၃၁နှင့် တီဘီအယ်လ်-၁၉၅ တို့ဖြစ်ပြီး ချည်မျှင်တိုဝါမျိုးများမှာ မလှိုင်ဝါ၊ ဝါကြီး၊ ဝါကလေးတို့ဖြစ်သည်။ ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း ရွှေတောင်-၁၀ကို အများဆုံး စိုက်ပျိုးပြီး စုစုပေါင်း ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၄၈ ဒသမ  ၅၁ ရာခိုင်နှုန်းနှင့်  ဒုတိယအများဆုံးမှာ ရွှေတောင်-၈ ဖြစ်ပြီး ၃၄ ဒသမ ၆၉ ရာခိုင်နှုန်း စိုက်ပျိုးသည်။ တိုင်းဒေသကြီးအလိုက်၊ မျိုးအလိုက်စိုက်ပျိုးမှုကိုကြည့်ပါက ရွှေတောင်-၁၀ ဝါမျိုးကို မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံး၊ ရွှေတောင်-၈ ဝါမျိုးကို မကွေးတိုင်းဒေသကြီးတွင်  အများဆုံးစိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါစိုက်ဧက၏   ၂၇  ဒသမ  ၁၁ ရာခိုင်နှုန်းနှင့်  ၂၁ ဒသမ ၇၂  ရာခိုင်နှုန်းတို့ဖြစ်သည်။

စိုက်ပျိုးထွက်ရှိသောဝါများအား ကြိတ်ခွဲထုတ်လုပ်၍ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဝါ ၃၉၈၅၆၄ မက်ထရစ်တန်  (ဂွမ်း ၁၃၁၅၂၆ မက်ထရစ်တန်) ထွက်ရှိ၍ ပြည်တွင်းသုံးစွဲမှုမှာ ဂွမ်း ၂၆၃၄၅ မက်ထရစ်တန်ဖြစ်ပြီး ပြည်ပတင်ပို့မှုမှာ ဂွမ်း ၉၄၁၉ မက်ထရစ်တန်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများအနေဖြင့် ဝါသီးနှံအထွက်နှုန်းတိုးတက်၍အရည်အသွေးကောင်းမွန်သော ဝါများရရှိပါက ဈေးကောင်းရရှိကာ တစ်ဦးချင်းဝင်ငွေ  တိုးတက်လာစေရေးအတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားကျရောက်မှုဒဏ်ခံနိုင်ရည်ရှိသော ဝါမျိုးများ ကို  စဉ်ဆက်မပြတ်သုတေသနပြု၍   ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းအပြင် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကိုလည်း သုတေသနပြုလုပ်၍ ရရှိလာသော ရလဒ်ကောင်းများကို တောင်သူများထံသို့ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း  တစ်ဧက  ပိဿာ  ၇၀၀  ထွက်ရှိရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များအရ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တောင်သူများ၏ ချည်မျှင်ရှည်ဝါ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၉၇ ဒသမ  ၅၁ ပိဿာဖြစ်သည်။ တောင်သူများအနေဖြင့် တစ်ဧကဝါပိဿာ ၇၀၀ ထွက်ရှိပါကလက်ရှိဝါရောင်းချဈေးနှုန်းသည် ၁ ပိဿာလျှင် ပျမ်းမျှငွေကျပ်  ၃၀၀၀ မှ ငွေကျပ် ၄၀၀၀ အတွင်း ရရှိသည်ဖြစ်ရာ တစ်ဧကလျှင် ငွေကျပ် ၂၁ သိန်းမှ ငွေကျပ် ၂၈ သိန်းရရှိမည်ဖြစ်ပြီး တစ်ဧက ဝါစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ငွေကျပ်ရှစ်သိန်းကျော် ဖြစ်သဖြင့် ၁ ဧကလျှင် ငွေကျပ် ၁၃ သိန်းမှ ငွေကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိမည်ဖြစ်သည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်အသုံးပြုခြင်းနှင့်စိုက်ပျိုးနည်း

ဝါစိုက်ပျိုးရာတွင် ထည့်သွင်းရမည့် သွင်းအားစုများအနက်မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုး ခြင်းသည်အဓိကကျသောအချက်ဖြစ်သည်။ မည်မျှပင်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုပါစေ  “မျိုးစေ့မမှန်ပင်မသန်”ဆိုသည့် ဆိုရိုးစကားအတိုင်း မျိုးကောင်းမျိုးသန့်အသုံးပြု စိုက်ပျိုးထားခြင်းမဟုတ်ပါက မျှော်မှန်းအထွက်နှုန်းနှင့် အကျိုးအမြတ်   ရရှိနိုင်မည်မဟုတ်ပါ။သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့စီးဆင်းမှုစနစ်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်- ၉၊ ရွှေတောင်-၁၀နှင့် ငွေချည်-၁၁ ဝါမျိုးများကို စိုက်ပျိုးရန်ဖြစ်ပြီး ကုမ္ပဏီများမှ မှတ်ပုံတင်၍ ဖြန့်ဖြူးသော     မျိုးဝါများကိုလည်း စိုက်ပျိုးနိုင်ပါသည်။

ဝါမျိုးစေ့များကိုကြိုတင်စုဆောင်း၍  အနည်းဆုံး သုံးရက်နေလှန်းပြီးမှသာ   အသုံးပြုစိုက်ပျိုးရန် ဖြစ်သည်။ ဝါမျိုးစေ့အိတ်များကို မြေကြီးပေါ်တွင်ထားပါက အစိုပြန်၍ ပျက်စီးတတ်သဖြင့် စင်ပေါ်တွင်ဖြစ်စေ၊ တုံးခံ၍ဖြစ်စေ၊ ဝါးကပ်ခင်း၍ဖြစ်စေ တင်ထားရန်လိုအပ်သည်။ ဝါစေ့များကို မစိုက်ပျိုးမီ ၁၅ ရက်ခန့် ကြိုတင်၍ အပင်ပေါက်စမ်းသပ်ကြည့်ပြီး ဝါစေ့ ၁၀၀ လျှင် ၇၅ စေ့ အပင်ပေါက်မှ မျိုးအဖြစ် အသုံးပြုရမည်ဖြစ်သည်။

မြေအမျိုးအစားရွေးချယ်ခြင်း

ဝါသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုကောင်းသော နုန်းမြေ၊ သဲနုန်းမြေ ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေးတို့တွင် စိုက်ပျိုးနိုင်ပြီး မြေချဉ်ငန်ဓာတ် ၆ မှ ၆ ဒသမ ၅ ရှိရပါမည်။ ဆပ်ပြာ၊ ယမ်းစိမ်းမပေါက်သောမြေဖြစ်ရပါမည်။

စိုက်ချိန်မှန်ကန်စေခြင်း၊  ထယ်ရေးနက်နက်နှင့် ညက်ညက်ရအောင်ဆောင်ရွက်ခြင်းဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီတို့တွင်စိုက်ပျိုးလျက်ရှိရာ ဆည်ရေသောက်ဒေသများတွင် မိုးကြိုရာသီစိုက်ဝါကို ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်းစိုက်ပျိုးရမည်ဖြစ်ပြီး မိုးကောင်းသောက် ဧရိယာများတွင်  မိုးရာသီစိုက်ဝါကို  မေလလယ်မှ ဇွန်လကုန်အတွင်း၊   မိုးနှောင်းရာသီစိုက်   ဝါကို ဇူလိုင်လလယ်မှ ဩဂုတ်လလယ်အတွင်း အပြီးရာသီချိန်မီစိုက်ပျိုးရန် လိုအပ်ပါသည်။ ဝါစိုက်ထယ်ရေးအဖြစ် ထယ်နှစ်စပ်(ခါ)ထိုးပြီး စက်ထွန်နှစ်စပ်(ခါ)(သို့) နွားထွန် လေးစပ်(ခါ)ထွန်မွှေပေးခြင်းဖြင့် ထယ်ရေးနက်နက်နှင့်ညက်ညက်ရအောင်ဆောင်ရွက်ရပါသည်။  ဤသို့မြေကို   စနစ်တကျထွန်ယက်စိုက်ပျိုးခြင်းဖြင့် မြေအတွင်းအစိုဓာတ်ကို   ကောင်းစွာထိန်းနိုင်ခြင်း၊ မြေအတွင်းလေဝင်လေထွက်ကောင်းခြင်း၊ မြေအတွင်း အကျိုးပြုပိုးများလှုပ်ရှားနိုင်ခြင်းကြောင့် အပင်အတွက် အာဟာရဓာတ်ကောင်းစွာရရှိနိုင်ခြင်း၊ ပေါင်းမြက်များကိုသေစေနိုင်ခြင်းနှင့် အပင်၏အမြစ်ဖွဲ့စည်းမှု ကောင်းစေခြင်းစသည့်   အကျိုးကျေးဇူးများကို ရရှိစေသည်။ မြေအတွင်းရှိ အစိုဓာတ်မပျက်စေရန် ကျမ်းတုံးဖြင့်မြေကိုဖိ၍ညီညာအောင်ညှိပြီး စိုက်ကြောင်းဆွဲပေးရပါမည်။

တစ်ဧက    သတ်မှတ်အပင်ဦးရေပြည့်မီအောင်ဆောင်ရွက်ခြင်း

တစ်ဧကတွင် ဝင်ဆံ့ရမည့် သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်းသည် အထွက်နှုန်းတိုးတက်ရန်အတွက် အရေးကြီးသည်။ သို့ဖြစ်၍ မိမိစိုက်ပျိုးသည့် မြေအမျိုးအစားအလိုက် သတ်မှတ်အပင်ဦးရေပြည့်မီရေး ပင်ကြား၊ တန်းကြားအကွာအဝေးကို  ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။ ဝါစိုက်ပျိုးမည့်မြေသည်   မြေကောင်းဖြစ်ပါက တန်းကြား (တစ်တန်းနှင့် တစ်တန်းအကွာအဝေး) ၃ ပေ၊ ပင်ကြား (တစ်ကျင်းနှင့် တစ်ကျင်းအကွာအဝေး) ၃ ပေဖြင့်လည်းကောင်း၊ မြေသင့်ဖြစ်ပါက တန်းကြား ၃ ပေ၊ ပင်ကြား ၂ ပေဖြင့်လည်းကောင်း၊ မြေညံ့ဖြစ်ပါက တန်းကြား ၂ ဒသမ ၅ ပေ၊ ပင်ကြား ၂ ဒသမ ၅ ပေဖြင့် လည်းကောင်း စိုက်ပျိုးသင့်သည်။ စိုက်ပေါင်ဖော်ပြီးပါက  သတ်မှတ်ထားသည့်  ပင်ကြား၊ တန်းကြားအကွာအဝေးအတိုင်း  တစ်ကျင်းလျှင်  ဝါမျိုးစေ့ သုံးစေ့ထက်မပိုဘဲ  မြေချစိုက်ပျိုးပြီး မျိုးစေ့များအပေါ်တွင် မြေပါးပါးပြန်ဖုံးပေးရပါမည်။ စိုက်ပျိုးပြီး သုံးရက်မှ   ငါးရက်အကြာ  ဝါပင်ပေါက်စုံလျှင် မပေါက်သည့်နေရာ ကျင်းလပ်များအား အမြန်ဆုံးမျိုးစေ့ချ၍    အစိုဓာတ်ရအောင်ဆောင်ရွက်ပြီး ပြန်လည်ဖာထေးစိုက်ပျိုးရပါမည်။ ဝါကောက်ချိန်တွင် သတ်မှတ်အပင်ဦးရေ၏ ၈၅ ရာခိုင်နှုန်းပြည့်မီစွာ ဝါကောက်သိမ်းနိုင်ရေးအတွက် ဝါပင်များအသေအပျောက်မရှိစေရေးကို အလေးထားစီစဉ်ဆောင်ရွက်ရပါမည်။

သဘာဝမြေဩဇာနှင့်  ဓာတ်မြေဩဇာတွဲဖက်၍အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုခြင်းဝါသီးနှံစိုက်ပျိုးရာတွင် ဝါအထွက်နှုန်းတိုးတက်ရေးနှင့် ဂွမ်းမွေးအရည်အသွေးကောင်းမွန်ရေးတို့အတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို အချိန်ကိုက် အချိုးကျ တွဲဖက်ထည့်သွင်းအသုံးပြုရေးသည်    အရေးပါသောလုပ်ငန်းတစ်ခုဖြစ်သည်။

သို့ဖြစ်၍ တစ်ဧကလျှင် သဘာဝမြေဩဇာ နွားချေးလှည်း ၁၀ စီး၊  ကွန်ပေါင်းမြေဩဇာအိတ်ဝက်နှင့် ပိုတက်မြေဩဇာအိတ်ဝက်ကို မြေခံအဖြစ်လည်းကောင်း၊  အပိန့်ဝင်ချိန်တွင်  ကွန်ပေါင်းအိတ်ဝက်၊ ယူရီးယားအိတ်ဝက်နှင့်  ပိုတက်အိတ်ဝက်ရောပြီး အပင်ခြေမှ  ၆  လက်မအကွာတွင်လည်းကောင်း၊ ပန်းပွင့်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မအကွာတွင်လည်းကောင်း၊ ဝါသီးကြီးထွားမှုနောက်ပိုင်းကာလ၇၅-၈၀ ရက်သားတွင်  ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားတစ်အိတ်ရောပြီး အပင်ခြေမှ ၈ လက်မ အကွာတွင်လည်းကောင်း အချိန်ကိုက်  အချိုးကျ ထည့်သွင်းပေးရန်လိုအပ်သည်။   ပိုတက်ဆီယမ်ရွက်ဖျန်းမြေဩဇာ၊   အနည်းလို  အာဟာရဘိုရွန် ရွက်ဖျန်းမြေဩဇာနှင့်   ဇင့်ရွက်ဖျန်းမြေဩဇာများ ဖြည့်စွက်အသုံးပြုနိုင်သည်။  ဝါသီးနှံစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန်အတွက် ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေဩဇာများကိုလည်း မဖြစ်မနေတွဲဖက် အသုံးပြုရန်လိုအပ်ပါသည်။ 

သဘာဝမြေဩဇာအားသုံးစွဲခြင်းဖြင့်အဓိကလိုအပ်သော အာဟာရဓာတ်၊ သာမန်လိုအပ်သော အာဟာရဓာတ်နှင့် အနည်းလိုအာဟာရဓာတ်များစုံလင်စွာရရှိနိုင်ခြင်း၊    မြေအတွင်းအဏုဇီဝသက်ရှိများ လှုပ်ရှားဆောင်ရွက်မှုကောင်းမွန်စေခြင်း၊   မြေဆီလွှာဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်စေခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို    လျှော့ချနိုင်ပြီး  စိုက်ပျိုးရေးတိုးတက်မှုကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။

အချိန်မီအပင်သားခွဲခြင်း

ရွက်ဆစ် ၃-၄ ရွက်ထွက်ချိန်တွင် စိုက်ပြီး ၁၈-၂၁ရက်အတွင်း စိုက်ကျင်းတစ်ကျင်းလျှင် နှစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။ စနစ်တကျနှင့် အချိန်မီသားခွဲခြင်းဖြင့် ဝါပင်ပုံမှန်ဖြစ်ထွန်းစေခြင်း၊ သီးကိုင်းများ ပုံမှန်ကြီးထွားခြင်း၊ ဂွမ်းနှင့် ဝါစေ့အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်စေမည်ဖြစ်သည်။

ပေါင်းမြက်နှိမ်နင်းခြင်း၊ ကြားထွန်ဝင်ခြင်း

အပင်ငယ်စဉ် မြစ်စဉ်ထုအား ကြီးထွားမှုမြန်ပြီး အပင်ပိုင်းကြီးထွားမှုနှေးသဖြင့် ဝါပင်သက်တမ်းနှစ်လအတွင်း ပေါင်းမြက်မအုပ်မိစေရန်အတွက် ငယ်ပေါင်းနှိမ်နင်းရန် အထူးလိုအပ်သည်။

နောက်ပိုင်းကြားထွန်ဝင်ခြင်းကို  ၁၅  ရက်တစ်ကြိမ်(သို့)ရေသွင်းပြီးတိုင်း၊ မိုးရွာပြီးတိုင်း၊ ပေါင်းမြက်ထတိုင်းဆောင်ရွက်ရပါမည်။ ကြားထွန်ဝင်ခြင်းကို အပင်ခြေမှ အနည်းဆုံး ၆ လက်မခွာ၍ ပြုလုပ်ရမည်။ ဝါပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်ရန်လိုအပ်သည်။

အစိုဓာတ်ထိန်းသိမ်းရန်ဆောင်ရွက်ခြင်း၊ လိုအပ်သလို ရေသွင်း၊ ရေထုတ်ပြုလုပ်ခြင်းဖြည့်စွက်ရေသည် ဝါအထွက်နှုန်းတိုးတက်ရေးအတွက် အရေးကြီးသော သွင်းအားစုတစ်ခုဖြစ်သည်။ ရေပေးသွင်းခြင်းကို ဝါစိုက်ရာသီအလိုက်၊ အစိုဓာတ်လိုအပ်ချက်အလိုက် မိုးကြိုရာသီတွင်  စိုက်ရေ တစ်ကြိမ်၊ အပင်ဖြစ်ရေ ၄-၅ ကြိမ် သွင်းပေးခြင်းနှင့် မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ ၂-၃ ကြိမ် သွင်းပေးရမည်။ အပင်ကြီးထွားဖြစ်ထွန်းချိန်ကာလအတွင်း မိုးများ၍ ရေဝပ်နေလျှင် ရေထုတ်ပေးခြင်း၊ အထူးသဖြင့် အပင်ငယ်စဉ်တွင်  ရေမဝပ်စေရန်နှင့် ရေပို၊ ရေလျှံများ အမြန်ဆုံးထုတ်ပေးခြင်းတို့   ဆောင်ရွက်ရမည်။  အပိန့်စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့်  ဝါသီးကြီးထွားချိန်တို့တွင်   အစိုဓာတ်လုံလောက်စွာမရပါက ရေသွင်းရန်လိုအပ်ပါသည်။

ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ဝါသီးနှံ၏အထွက်နှုန်းကိုလျော့ကျစေသော  အချက်များတွင် ပိုးမွှားရောဂါကျရောက်မှုသည်   အဓိကအချက်ဖြစ်သဖြင့် ပိုးမွှားရောဂါကျရောက်မှုကို စနစ်တကျ ကာကွယ်နှိမ်နင်းရန် အရေးကြီးပါသည်။ ဝါသီးနှံတွင်ကျရောက်တတ်သော ပိုးများမှာ အရွက်များတွင်ကျရောက်တတ်သော ဖြုတ်စိမ်း၊ ပျ၊ ယင်ဖြူ၊ ရွက်လိပ်၊ ရွက်စားပိုးများနှင့် သီးပွင့်အင်္ဂါများတွင် ကျရောက်တတ်သော အစိမ်းရောင်သီးလုံးဖောက်ပိုး၊ ပန်းရောင်သီးလုံးဖောက်ပိုး၊ အစက်အပြောက်သီးလုံးဖောက်ပိုး၊ ဝါဂွမ်းပိုးနီနှင့် ပင်စည်တွင်ကျရောက်တတ်သော ပင်စည်ထိုးကျိုင်းတို့ဖြစ်သည်။ ထို့ကြောင့်  အပင်ငယ်စဉ်တွင်  ကျရောက်တတ်သော ပိုးမွှားရောဂါများကိုကာကွယ်ရန် မျိုးစေ့လူးနယ်ဆေး လူးနယ်ထားသော မျိုးစေ့ကို စိုက်ပျိုးရမည်။ ဝါပင် ၅၀ ရက်သားအထိ စုပ်စားပိုးကာကွယ်ဆေးနှစ်ကြိမ်နှင့်  ဝါပင် ၆၀ ရက်သား နောက်ပိုင်း ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုးနှင့် စုပ်စားပိုးကာကွယ်ဆေးလေးကြိမ် ပက်ဖျန်းရမည်ဖြစ်ပြီး  လိုအပ်ပါက အခြားပိုးများအတွက်လည်း ဆေးဖျန်းကာကွယ်ရပါမည်။ ထို့ပြင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများကိုလည်း အသုံးပြုရန်လိုအပ်သည်။

ပိုးသတ်ဆေးများကို ကျရောက်သော ပိုးအမျိုးအစားအလိုက် တစ်ဧကသုံးစွဲရမည့်နှုန်းထားအတိုင်းမှန်ကန်စွာသုံးစွဲရန်ဖြစ်သည်။ ပိုးသတ်ဆေးများကို ကိုင်တွယ်ပက်ဖျန်းသည့်အခါတိုင်း လက်အိတ်၊ နှာခေါင်းစည်း၊ ဖိနပ်များကို ပြည့်စုံစွာဝတ်ဆင်ရမည်။  ဆေးဖျန်းလုပ်သားသည်  အမြဲတမ်း လေတင်မှနေ၍ ဖျန်းရမည်။

စနစ်တကျဝါကောက်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလိုက်နာခြင်း

ဝါစိုက်တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါခင်းအတွင်း၌ ဝါသီး ၃၀ ရာခိုင်နှုန်းကွဲချိန်တွင် စတင်ကောက်သိမ်း၍ ကောင်းစွာခြောက်သွေ့သော ဝါပေါက်များကို အလေအလွင့်မရှိအောင် ကောက်သိမ်းရမည်။ ဝါကောင်းနှင့်ကြွယ်ဝါကို ခွဲခြားကောက်သိမ်းရမည်။ ဝါကို ၁-၂ ရက်ခန့် နေလှန်းပြီးမှသာ သိုလှောင်သိမ်းဆည်းရမည်။ အလွန်ပူသော နေ့လယ်ခင်း၊  အလွန်စိုစွတ်သော ရာသီဥတုအခြေအနေများနှင့် မိုးရွာပြီးစအချိန်တို့တွင် ဝါကောက်သိမ်းခြင်းမပြုလုပ်သင့်ပါ။ ကောင်းစွာခြောက်သွေ့သော ဝါပေါက်ကိုကောက်သိမ်းခြင်းသည် ဝါစေ့များတွင် အစိုဓာတ်ပါဝင်မှုနည်းပြီး မျိုးစေ့အပင်ပေါက်မှု စွမ်းရည်ကောင်းမည်။ ဝါကောင်းမှ အရည်အသွေးကောင်းဝါမျိုးစေ့များရရှိမည်။

ဝါကြိတ်ခွဲသူများအနေဖြင့်လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဝါကြိတ်ခွဲသူများအနေဖြင့် ဝါအရည်အသွေးစစ်ဆေးဝယ်ယူခြင်းနှင့်  အရည်အသွေးကောင်းဝါများကို ဈေးကောင်းသတ်မှတ်ဝယ်ယူခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝါ၏ပင်ကိုအရည်အသွေး ထိန်းသိမ်းနိုင်ရန် ချည်မျှင်တို၊ ချည်မျှင်လတ်၊ ချည်မျှင်ရှည်ခွဲခြား၍ ကြိတ်ခွဲခြင်း၊ ဝါမျိုးအလိုက်  ခွဲခြားသိုလှောင်ပြီး  အရောင်အစွန်းအထင်းပါသော ဝါပေါက်များကို ဖယ်ရှားသန့်စင်ပြီးမှ ကြိတ်ခွဲခြင်း၊ မျိုးတစ်မျိုးနှင့်တစ်မျိုး ပြောင်းလဲကြိတ်ခွဲပါက မျိုးကွဲများရောနှောခြင်းမရှိစေရန်အတွက် စက်အစိတ်အပိုင်းများအားလုံးကို  စနစ်တကျ အသေးစိတ်သန့်စင်ပြီးမှ ကြိတ်ခွဲခြင်းတို့ကို ဆောင်ရွက်ရမည်။   ကြိတ်ခွဲပြီးဂွမ်းများအား ကူးစက်ညစ်ညမ်းမှုများမရှိစေရန် စနစ်တကျ ထုပ်ပိုးသိုလှောင်ခြင်း၊ မျိုးစေ့များကို ဆန်ခါချ၍ လုံးပိန်၊ လုံးညှက်၊ အရောင်ပျက်များ ဖယ်ရှားခြင်းတို့ ဆောင်ရွက်ရမည်။

သို့ဖြစ်ပါ၍ ဝါစိုက်တောင်သူများ၊ ဝါကြိတ်ခွဲထုတ်လုပ်သူများ၊ တစ်ဦးချင်းအနေဖြင့် အထက်ပါနည်းစနစ်များကို သိရှိလိုက်နာဆောင်ရွက်လာခြင်းဖြင့်  တစ်ဧကအထွက်နှုန်းတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေမည်ဖြစ်ကာ  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။  ထို့ပြင် ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းဝါလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခြင်းအပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိ၍နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။   ။

Source: Myawady Web Portal

မြင့်မြင့်စိန်(ဝါ/လျှော်)

ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး သဘာဝပိုးပြေးဆေးပြုလုပ်သုံးစွဲပေး
-

သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှားရောဂါများမကျရောက်အောင် ကြိုတင်ကာကွယ်ရေးသည် အထူးအရေးကြီးလှသည်။ ပိုးမွှားရောဂါကင်းပါမှ သီးနှံများအထွက်နှုန်းကောင်းမှာဖြစ်သလို အရည်အသွေးလည်းကောင်းမှာဖြစ်သည်။ ထို့ကြောင့် တောင်သူဦးကြီးများ၏ သီးနှံစိုက်ခင်းများ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲသင့်သည်။

သဘာဝပိုးပြေးဆေးဆိုသည်မှာ  ဖျက်ပိုးတစ်မျိုးတည်းကိုသာ ဦးတည်တိုက်ခိုက်သည့် ဓာတုပိုးသတ် ဆေးကဲ့သို့မဟုတ်ဘဲ ပိုးမွှားရောဂါများကို ကာကွယ်ဟန့်တားနိုင်သည့် အာနိသင်များရှိသည်။ဓာတု ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ကာသီးနှံများတွင် ဓာတု ဓာတ်ကြွင်းများပါသွားပြီး စားသုံးသည့်အခါ ဘေးအန္တရာယ်များဖြစ်နိုင်သည်။

ထို့ကြောင့် တောင်သူများ၏ပတ်ဝန်းကျင်အနီးတွင် အလွယ်တကူရရှိနိုင်သည့်ပစ္စည်းများကိုအသုံးပြု၍ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရာတွင် လိုအပ်သည့်ပစ္စည်းများမှာကြက်သွန်ဖြူ ၁ ပိဿာ၊ချင်းတက် ၁ ပိဿာ၊  ငရုတ်သီးစိမ်း ၁ ပိဿာ၊ တမာရွက် ၁ ပိဿာ၊ဆင်တုံးမနွယ် ၁ ပိဿာ၊ ဆေးရွက်ကြီး ၁ ပိဿာ၊ အီးအမ်ဖျော်ရည်၁ လီတာ၊တင်လဲရည် ၂ လီတာ၊ ဒုတ္ထာ ၂၅ ကျပ်သား၊ရေ ၁၀၀ လီတာ၊ရာဝင်စဉ့်အိုးကြီး တစ်လုံး သို့မဟုတ်  ပလတ်စတစ်ပုံးကြီး တစ်ပုံးတို့ဖြစ်သည်။

လိုအပ်သည်များ စုဆောင်းပြီးပါက ဦးစွာ ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်းများကို ကြေညက် အောင်ထောင်းပါ။ သို့မဟုတ် ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်သည်။ ပြီးပါက တမာရွက်နှင့် ဆင်တုံးမနွယ် ကို ဓားဖြင့်နုပ်နုပ်စဉ်းပါ။ ဆေးရွက်ကြီးကို ကြေညက်အောင်ခြေပေးရမည်။ ထိုသို့ဆောင်ရွက်ပြီးပါက ရာဝင်စဉ့်အိုးကြီး သို့မဟုတ် အဖုံးပါ ပလတ်စတစ်ပုံးကြီးတွင် ပြင်ဆင်ပြီးသွားသော ကြက်သွန်ဖြူ၊ ချင်းတက်၊ ငရုတ်သီးစိမ်း၊ တမာရွက်၊ ဆင်တုံးမနွယ်နှင့် ဆေးရွက်ကြီးတို့ကို စုပေါင်း၍ထည့်ပေးရသည်။ ထို့နောက် ဒုတ္ထာ၊ တင်လဲရည်နှင့် အီးအမ်ဖျော်ရည်တို့ကိုထပ်ထည့်ပေးပြီး ရေ ၁၀၀ လီတာထည့်ကာ တုတ်ဖြင့်နှံ့စပ်အောင် မွှေပေးရမည်။ ပြီးပါက သဘာဝပိုးပြေးဆေးစဉ့်အိုးကို လေလုံအောင်ပိတ်ပေး ရမည်။ သဘာဝပိုးပြေးဆေးအိုးကို တစ်ရက်ခြားမွှေပေးရပြီး အဖုံးကို လေလုံအောင် ပြန်ဖုံး ပေးရသည်။ ၁၀ ရက်မှ ၁၅ ရက်ခန့်ကြာသောအခါ အဖတ်များကိုဆယ်ယူပြီး  ဆေးရည်ကို ရေစစ်ဖြင့် စစ်ယူ၍ လေလုံ သော ပလတ်စတစ်ပုံးများတွင်ထည့်ကာ အဖုံးပြန်ပိတ်ထားရသည်။

သီးနှံများတွင်ပက်ဖျန်းမည်ဆိုပါက ဆေးဖျန်းပုံးတစ်ပုံးလျှင် သဘာဝပိုးပြေးဆေး တစ်လီတာနှုန်း ထည့်ပြီး တစ်ဧကလျှင် ဆေးဖျန်းပုံးငါးပုံး ပက်ဖျန်းရန်အတွက် သဘာဝပိုးပြေးဆေးငါးလီတာကိုသာ သုံးစွဲရသည်။သီးနှံပင်များကို ၁၄ ရက်သားမှ စတင်ဖျန်းပေးနိုင်ပြီး ခုနစ်ရက် သို့မဟုတ် ၁၀ ရက်ခြားတစ်ကြိမ် သီးနှံပင်သက်တမ်းတစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ် နိုင်သည်။

သဘာဝပိုးပြေးဆေးကို တောင်သူကြီးများ ဖျော်စပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ တစ်ဧက ကုန်ကျစရိတ်သက်သာခြင်း၊  တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း၊ ဓာတုဆေးများကဲ့သို့ လူနှင့်တိရစ္ဆာန်များအပေါ် အဆိပ်အတောက်မဖြစ်ခြင်း၊ သီးနှံ များ၏အရည်အသွေးတိုးတက်ကောင်းမွန်ခြင်း၊ သဘာဝဂေဟစနစ်ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

တောင်သူလယ်သမားအများစုသည် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်လာမှ ဓာတုပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲမည့်အစား သဘာဝပိုးပြေးဆေးများကိုပြုလုပ်ထားရှိပြီး သီးနှံပင်သက်တမ်း တစ်လျှောက် ပုံမှန်ပက်ဖျန်းပေးပါက ပိုးမွှားရောဂါများကို ကြိုတင်ကာ  ကွယ်နိုင်မည်ဖြစ်သည်။ သဘာဝ ပိုးပြေးဆေး တစ်အိုးကုန်ကျစရိတ်မှာ ငွေကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့်သာကုန်ကျပြီး ဆေးတစ်လီတာ လျှင် ငွေကျပ် ၅၀၀ မှ ၆၀၀ သာ ကုန်ကျသဖြင့် တောင်သူကြီးများ မဖြစ်မနေ ပြုလုပ်သုံးစွဲသင့်သည်။ ဆေးရည်စစ်ယူပြီး ကျန်ရှိသည့် စစ်ဖတ်များကိုလည်း စိုက်ခင်းပတ်လည်တွင်ချပေးခြင်းဖြင့် ကြွက်များ မလာအောင် ကာကွယ်တားဆီးနိုင်သည်။

သို့ဖြစ်ပါ၍ ဓာတုဆေးများကဲ့သို့ ပြင်းထန်သော ထိသေ၊ စားသေ အဆိပ်အာနိသင်မျိုးမဟုတ်ဘဲ ဖျက်ပိုးများ မကြိုက်နှစ်သက်သည့် အနံ့အရသာများနှင့် ပက်ဖျန်းထားခြင်းဖြစ်၍ ပိုးမွှားများ မလာရောက်နိုင်သည့် သဘာဝပိုးပြေးဆေးများကို တောင်သူတိုင်းသုံးစွဲကြခြင်းဖြင့် သီးနှံဖျက်ပိုးမွှား အန္တရာယ်များမှကင်းလွတ်နိုင်ပါသဖြင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး  သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲ ပေးသင့်ပါကြောင်းရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

မြတ်ခင်ခင်၊ စစ်ကိုင်း DOA

ဝဥ စိုက်ပျိုးဝင်ငွေတိုး
-

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်။  ဝဥသီးနှံသည်  မြန်မာနိုင်ငံတွင် တစ်ချိန်က သဘာဝတောင်တန်းများ၌ ပေါက်ရောက်လျက်ရှိသည်။  ဝဥကို ကျေးလက်နေ တိုင်းရင်းသားများ ချက်ပြုတ်စားသောက်ခဲ့သည်။ ယခုအခါ  ကုန်ချော ထုတ်လုပ်ပြုပြင်၍ စားသုံးကုန်များ၊ ဆေးဝါးအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊  အလှကုန်များ  တန်ဖိုးမြှင့် ထုတ်လုပ်လာကြသည်။ သို့ဖြစ်ပါ၍ ဘက်စုံအသုံးဝင်သော  ဝဥသီးနှံအား  စနစ်တကျစိုက်ပျိုးလာခြင်း ဖြစ်သည်။

ဝဥသီးနှံ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့်  အင်ဒိုချိုင်းနားကျွန်းဆွယ်တို့တွင်   စတင်ပေါက်ရောက်သည်။

ဝဥ သီးနှံတွင် မျိုးကွဲပေါင်း ၈၀ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၌ ဝဥအသားမှာ ပန်းရောင်ရှိသောမျိုးရင်းဖြစ်ပြီး  ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အသားအဖြူရောင်မျိုးရင်းများ ပေါက်ရောက်လျက်ရှိသည်။  တစ်ချိန်က သဘာဝပေါက်နေသော်လည်း ယခုအခါ  ဥယျာဉ်ခြံများတွင် ကြားသီးနှံအနေဖြင့် အိတ်ထည့်စိုက်ပျိုးခြင်း၊ ပေါင်ဖြင့်  စိုက်ပျိုးခြင်း၊  ကျင်းဖြင့်စိုက်ပျိုးခြင်းများ စိုက်ပျိုးလာကြသည်။

ဝဥစိုက်ပျိုးနိုင်သောမြေ

ဝဥစိုက်ပျိုးရန်  သင့်လျော်သော ရာသီဥတုမှာ ပျမ်းမျှမိုးရေချိန် ၆၀ မှ ၁၂၀ လက်မဖြစ်ပြီး အပူချိန်၁၈ မှ ၃၅ ဒီဂရီစင်တီဂရိတ် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ တောင်လတ္တီကျု၃၀ ဒီဂရီနှင့် မြောက်လတ္တီကျု ၃၀ ဒီဂရီ  မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၀၀၀-၅၀၀၀ အကြားတွင် စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ၂၅၀၀ အထက်တွင် စိုက်ပျိုးပါက အရိပ်ပြုလုပ်ပေးရန် မလိုအပ်ဘဲ  ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀၀၀အောက်တွင် စိုက်ပျိုးပါက  ၆၀-၇၅  ရာခိုင်နှုန်းအရိပ်ပြုလုပ်ပေးရသည်။ ဝဥကြိုက်နှစ်သက်သောမြေအမျိုးအစားတွင် မြေချဉ်ငန်ဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅ ၌ မြေဆွေးဓာတ်များပြီး ရေမဝပ်သောမြေနှင့် သဲဆန်သောမြေများတွင်  စိုက်ပျိုးနိုင်သည်။

မျိုးရွေးချယ်စိုက်ပျိုးခြင်းနှင့်စိုက်ပျိုးနည်း

ဝဥမျိုးရယူစိုက်ပျိုးရန် မျိုးဥခွဲခြမ်းစိုက်ပျိုးခြင်း၊ ရွက်ကြားဖုသီး၊    အဖူးသီးများ စိုက်ပျိုးနိုင်သည်။

မျိုးနှုန်းထားအနေဖြင့် တစ်ဧကလျှင် မျိုးဥ ၅၀၀၀ မှ  ၆၀၀၀  အထိ စုဆောင်းစိုက်ပျိုးရသည်။  အဖူးတံအသီးကို တစ်နှစ်စိုက်ပျိုးမွေးမြူပါက အရွက်သီးအရွယ်  ဥငယ်များရရှိသည်။  အရွက်သီးတစ်နှစ် စိုက်ပျိုး မွေးမြူပြီးလျှင်  ၁၅-၂၅  ကျပ်သား ဝဥငယ်များရရှိသည်။   မျိုးဥ  ၂၅-၃၀ ကျပ်သားအရွယ် မျိုးဥကို တစ်နှစ်စိုက်ပျိုးလျှင် ၈၀-၉၀ ကျပ်သားအရွယ်ရရှိသည်။

အရိပ်ရှိသော ဥယျာဉ်ခြံများတွင် အပင်ကြီးများ၏အမြစ်များမှာ ဝဥကြီးထွားမှုကို  ထိခိုက်စေသည်။ ထို့ကြောင့် ဘိလပ်မြေအိတ်ခွံတစ်အိတ်လျှင် ကြက်ချေးနှစ်ဘူး၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံမြေသား ရောနှောအိတ်ထည့်၍ စိုက်ပျိုးရသည်။ ပေါင်စနစ်၊ ကျင်းစနစ်ဖြင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် ပင်ကြား ၂ ပေ၊ တန်းကြား ၄ ပေ စိုက်ပျိုးနိုင်ပြီး  တစ်ဧက အပင် ဝင်ဆံ့မှု ၅၄၄၅ ပင် ဝင်ဆံ့အောင်စိုက်ပျိုးသင့်သည်။

စိုက်ပျိုးပြီး တစ်လခွဲသားတွင် တစ်ကြိမ်၊ နှစ်လခွဲသားတွင်တစ်ကြိမ် ပေါင်းရှင်းခြင်းနှင့် သဘာဝမြေဩဇာ ထည့်သွင်းပြီး ပေါင်တင်ပေးရသည်။    နောက်နှစ်တွင် တစ်ပင်လျှင် ကြက်ချေးနှစ်ဘူးနှင့် မဖောက်ထုံးသုံးကျပ်သား၊ မြေဆွေးနှစ်ပြည်နှုန်း နှစ်စဉ်ထည့်သွင်းပေးရသည်။

တစ်ဧကအပင်ဝင်ဆံ့မှု ပြည့်မီသော ငါးနှစ်သားစိုက်ခင်းကို ရိတ်သိမ်းပါက တစ်ဧက အထွက်နှုန်း ဝဥအစို ပိဿာချိန်  ၁၀၀၀၀  ထွက်ရှိနိုင်သည်။

ဝဥသီးနှံမှ အသုံးဝင်သောအစိတ်အပိုင်းမှာ ဥကိုသာ ထုတ်လုပ်အသုံးပြုကြသည်။  ဝဥအား ကုန်ချောထုတ်လုပ်ရန်အတွက် စက်ရုံသို့မပို့မီနှင့် မျိုးဥအဖြစ် အသုံးမပြုမီ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သောနေရာတွင် သိုလှောင်ထားနိုင်သည်။

ဝဥထုတ်ကုန်နှင့်ဈေးကွက်

ဝဥကုန်ချောထုတ်လုပ်ရန် ဝဥအစိုများကို ရေဆေးသန့်စင်ပြီး ပါးပါးလှီး အခြောက်ခံရသည်။ ဝဥအခြောက်ပြားရရှိမှုမှာ အစိုချိန်၏ ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကုန်ချောရရှိနိုင်သည်။

အခြားတစ်နည်းအားဖြင့် (အမှုန့်ကြိတ်နည်း) ဝဥ အစိုအား ရေဆေးသန့်စင်၊ အမှုန့်ကြိတ် အခြောက်ခံရာတွင်  ပေါ့ပါးသောအမှုန့်နှင့် အလေးချိန်ရှိသော အမှုန့်/အပွင့်များရရှိသည်။  အလေးချိန်ရှိသော ဝဥ   အမှုန့်/အပွင့် များကို   ကုန်ချောပြုလုပ်ရန် ပြည်ပသို့  တင်ပို့ရောင်းချနိုင်ပြီး    ပေါ့ပါးသော  အမှုန့်များကို  တိရစ္ဆာန်အစာအဖြစ်  အသုံးပြုကြသည်။

ဝဥကို အာရှနိုင်ငံများ(ထိုင်း၊ အိန္ဒိယ၊ တရုတ်)သို့ တင်ပို့လေ့ရှိသည်။ တရုတ်နိုင်ငံသည် ဝဥ၏ အဓိက တင်ပို့ဈေးကွက်ဖြစ်ပြီး ထိုင်းဈေးကွက်တွင် ဝဥကို ဟင်းလျာများနှင့် ဆေးဘက်ဆိုင်ရာထုတ်ကုန်များတွင် အသုံးပြုသည်။

မြန်မာနိုင်ငံမှ ဝဥ တင်ပို့ရောင်းချမှု အခြေအနေသည်  နိုင်ငံတကာဈေးကွက်နှင့်    ပြည်တွင်းလိုအပ်ချက်ပေါ်တွင်  မူတည်လျက်ရှိသည်။  ဝဥသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော   သီးနှံတစ်မျိုး ဖြစ်သည်။   ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊   ကရင်ပြည်နယ်၊  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်   အဓိကစိုက်ပျိုးသည်။  စိုက်ပျိုးနည်းပညာများ  တိုးတက်လာခြင်းကြောင့် ထုတ်လုပ်မှု ပမာဏလည်း တိုးတက်လာစေသည်။

ဝဥစိုက်ပျိုးထုတ်လုပ်မှုတွင် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် လိုအပ်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက်မှု အားနည်းလျက်ရှိသည်။

ဝဥတင်ပို့မှုကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေး နည်းပညာများ၊ ထုတ်လုပ်မှုစနစ်များနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်လာစေရန် လိုအပ်သည်။ ထို့ပြင်  နိုင်ငံတကာဈေးကွက်တွင် ဝဥ၏ အရည်အသွေးနှင့်  ကျန်းမာရေးအကျိုးကျေးဇူးများကို  မြှင့်တင်ခြင်းဖြင့် တင်ပို့မှုကို ပိုမိုတိုးတက်စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဝဥတင်ပို့မှုသည် အနာဂတ်တွင် ပိုမိုတိုးတက်လာနိုင်သော်လည်း စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ်သည်။

ဝဥနှင့် ကျန်းမာရေး

 ဝဥသည်  ကျန်းမာရေးအတွက် စားသုံးရန်သင့်လျော်သော  သီးနှံတစ်မျိုးဖြစ်သည်။  ၎င်း၏ အရည်အသွေးနှင့် ထုတ်ကုန်အရည်အသွေး တိုးတက်လာရန် စိုက်ပျိုးရေးနည်းပညာ၊  ရိတ်သိမ်းခြင်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို  ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်လျက်ရှိသည်။

ဝဥအစိုကို ကျေးလက်ဒေသများတွင် ရိုးရာ ဝတုန် ပြုလုပ်စားသုံးလေ့ရှိကြသည်။ ဝဥအစို ၅ ပိဿာအား ဝဥပေါ်ရှိ မြေသားနှင့်အမွေးများကိုဖယ်ရှားပြီး ရေဆေးသန့်စင်ရသည်။ သန့်ရှင်းစင်ကြယ်ပြီးသော ဝဥအလုံး လိုက်သော်လည်းကောင်း၊  အလုံးကြီးလျှင် ခွဲစိတ်၍သော်လည်းကောင်း ကျက်သည်အထိ ပြုတ်ရသည်။ ကျက်ပြီးသော ဝဥများကို ဆုံထဲထည့်၍ ကြေမွသည်အထိ  ထောင်းရသည်။  ထောင်းပြီး ကြေမွနေသော ဝဥများကို ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ထိုသို့ နယ်နေစဉ် ခြောက်လာပါက နယ်လို့ကောင်းရုံ ရေနည်းနည်းချင်းထည့်၍ နယ်ပေးရသည်။ ဝဥနယ်နေစဉ် မကြေသော ဝဥအသားစေ့များ/ အဖတ်များကို ဖယ်ရှားသန့်စင်ရသည်။ ဝဥအပြုတ် ပွသည်အထိနယ်ပြီး (ဝဥ ၅ ပိဿာတွင်) ဖောက်ထုံး၂၀ ကျပ်သားထည့်ကာ သမစွာရောနှော၍ နှံ့စပ်စွာမွှေနယ်ပေးရသည်။  ထိုကဲ့သို့     ထုံးထည့်မွှေပြီး ၃ မိနစ်အတွင်း  ဝဥများမာလာသည်။   ထိုအခါ ဗန်း(ထည့်ခွက်)ထဲထည့်၍  ဓားဖြင့်  ၄ လက်မအရွယ် အတုံးများစိတ်ပြီး ရေနွေးအိုးတွင် တစ်နာရီခန့် ပြုတ်ပါက   အသင့်သုပ်စားရန်    ဝတုန်များရရှိသည်။ ဝဥအစို ၅ ပိဿာအား ဝတုန်ပြုလုပ်လျှင် ဝတုန် ၁၀ ပိဿာရရှိသည်။ အဆိုပါ ဝတုန် ၁၀ ပိဿာတွင် ဝဥအစို ၅ ပိဿာ၊ ဖောက်ထုံး ၂၀ ကျပ်သားနှင့် ရေ ၄ ဒသမ ၈ ပိဿာ ပါဝင်သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝဥအစို တစ်ပိဿာ ဈေးနှုန်းမှာ ၃၀၀၀ ကျပ်နှုန်းရှိပြီး ဝတုန်တစ်ပိဿာဈေးနှုန်းမှာ ၄၀၀၀ ကျပ်နှုန်းရရှိသည်။   ကျေးလက်ဒေသများတွင် ဝတုန်ကို သုပ်စားခြင်း၊ ချက်စားခြင်းနှင့် တုတ်ထိုးလုပ်စားလေ့ရှိကြသည်။

ဝဥ၏အပေါ်အရောင်သည် အညိုရောင်ဖျော့ဖျော့ သို့မဟုတ် မီးခိုးရောင်ဖြစ်ပြီး  အတွင်းသားသည် အဖြူရောင်၊ ပန်းရောင်နှင့် အဝါရောင်များရှိသည်။ အနံ့သည်  ပေါ့ပါးပြီး   သဘာဝအတိုင်းရှိသည်။

ကျန်းမာရေးနှင့်ညီညွတ်သည့်  ဝဥတွင်   ပိုးမွှားများ၊  မှိုများနှင့်   ဓာတုပစ္စည်းများ   ကင်းစင်ရန် လိုအပ်သည်။ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများကို အသုံးပြုရန် လိုအပ်သည်။  ထုတ်လုပ်မှု စံချိန်စံညွှန်း ဝဥထုတ်ကုန်များသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သည်။   ထုတ်ကုန်များကို   သန့်ရှင်းသောပတ်ဝန်းကျင်တွင်  ထုတ်လုပ်ရပြီး  ထုပ်ပိုးမှုနှင့် သိုလှောင်မှုစနစ်များလည်း     စနစ်တကျ ဖြစ်ရန် လိုအပ်သည်။

ဝဥစိုက်ပျိုးခြင်းသည် ကျေးရွာများတွင် လူမှုရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပြီး စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေသည်။  ဝဥသည်    မြေဆီလွှာတွင် အာဟာရဓာတ်များကို ထိန်းသိမ်းပေးပြီး မြေဆီလွှာပျက်စီးမှုကို  ကာကွယ်ပေးသည်။   ဝဥစိုက်ပျိုးခြင်းသည်    ရေအရင်းအမြစ်ကို    ထိရောက်စွာ အသုံးပြုနိုင်သည်။  ဝဥသည်  ရေလိုအပ်ချက်နည်းပြီး ရေရှားပါးသောဒေသများတွင်လည်း   စိုက်ပျိုးနိုင်သည်။ ဝဥသည်  နိုင်ငံတကာဈေးကွက်တွင်  ဝယ်လိုအားမြင့်မားသော  သီးနှံတစ်မျိုးဖြစ်ပြီး   မြန်မာနိုင်ငံမှ ဝဥကို   အာရှနိုင်ငံများသို့   ဝဥတင်ပို့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတိုးတက်စေသည်။

ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သော အလားအလာရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ထို့ပြင်    နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်မှု များတိုးတက်လာခြင်းဖြင့် ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာ့လူထုအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်သည်။ ထို့ကြောင့်  ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသည်။   သို့ဖြစ်ပါ၍  ဝဥသီးနှံအား တောင်သူများ တိုးချဲ့စိုက်ပျိုးထုတ်လုပ် သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။   ။

သော်ဇင်(ပလောက်)

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအစိုးရ အခွန်ဥပဒေ အတည်ပြု ပြင်ဆင်မလား
-

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ  ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance cos

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ  ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance costs) များအပေါ်တွင် သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။ 

ယင်းအခွန်စနစ်သစ်အရ ထိုင်းအစိုးရသည် အခွန်ဥပဒေ ပုဒ်မ ၄၁ ကို ပြောင်းလဲပြီး ထိုင်းနိုင်ငံသားများ၏ ကမ္ဘာတစ်ဝန်းတွင် ရရှိသော ဝင်ငွေအားလုံးအပေါ် အခွန်ကောက်ခံနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သော မည်သည့် နိုင်ငံသားမဆို ရရှိသည့် ဝင်ငွေ (ဝင်ငွေအား ပြင်ပမှ ရရှိပြီး ထိုင်းနိုင်ငံသို့ ငွေပြန် လွှဲသည့် ဝင်ငွေများအပါအဝင်) အပေါ် အခွန်ကောက်ခံမည် ဖြစ်ပါသည်။

ဖော်ပြပါ အခွန်စနစ်သစ်အား ၂၀၂၅ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဟု လျာထားသော်လည်း ထိုင်းနိုင်ငံပြင်ပတွင် နေထိုင်သည့် နိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသားများအကြား ၎င်းတို့၏ ပြည်ပတွင် နေထိုင်သည့် ကာလနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့အပေါ် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိပါသည်။ 

သို့ပါ၍ အဆိုပါ ဥပဒေမူကြမ်းအား အတည်ပြုထုတ်ပြုခြင်းမပြုမီ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ပြန်လည်ချင့်ချိန်သုံးသပ်ရမည်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ အခွန်စနစ် အပြောင်းအလဲ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် တွင် ထိုင်းအစိုးရသည် ပြင်ပမှ ရရှိသည့် ဝင်ငွေအပေါ် အခွန်ကောက်ခံမှုအား ပြောင်းလဲခဲ့ပါသည်။ အခွန်စနစ်ဟောင်း အရ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက်နေထိုင်သူများ၏ နိုင်ငံခြားမှ ရရှိသည့် ဝင်ငွေသည် ဝင်ငွေရရှိသည့်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်လွှဲပြောင်းမှသာ ယင်းနိုင်ငံခြားဝင်ငွေအပေါ် အခွန် ကောက်ခံခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အခွန်စနစ်ပြောင်းလဲမှုအရ မည်သူမဆို ထိုင်းနိုင်ငံ အတွင်း သို့ ဝင်ငွေ ရရှိသည့်နှစ်အတွင်း ဝင်ငွေလွှဲပြောင်းသည်ဖြစ်စေ၊ မဖြစ်စေ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်ပါက ယင်းနိုင်ငံခြား မှ ရရှိသည့်ဝင်ငွေအပေါ် အခွန်ကောက်ခံခဲ့ပါသည်။ ထိုသို့ ပြောင်းလဲခဲ့ ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သူများမှ အခွန်ကောက်ခံနိုင်သည့် ဝင်ငွေ ပမာဏ (Taxable Income) သည် သိသာစွာ တိုးတက်ခဲ့ပါသည်။

ကိုးကား- ASEAN Briefing

Photo: pimaccounting.com

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

Giulia

တောင်သူစီးပွား အကျိုးများဖို့ ငှက်ပျောစိုက်ကြစို့
-

ငှက်ပျောသီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးကြသော အသီးတစ်မျိုးဖြစ်သည်။ ငှက်ပျောပင်သည် မြန်မာတိုင်းရင်းသားတို့ယဉ်ကျေးမှုနှင့်ဆက်စပ်ဒွန်တွဲလျက်ရှိသည်။မြန်မာ့ဓလေ့အစဉ်အလာအရငှက်ပျောသည် အရေးပါသောအခန်းကဏ္ဍကပါဝင်နေသည်။ ငှက်ပျောနှင့်အုန်းသီးသည်မြန်မာမှုနယ်ပယ်တွင်နေရာတော်တော်များများ၌ပါဝင်နေသည်။ ဘုရားပွဲမှာလည်း ငှက်ပျောသီးပါသည်။

မင်္ဂလာဆောင်မှာလည်း အုန်းနှင့်ငှက်ပျောတွဲဖက်၍ပါသည်။အလှူပွဲတွေမှာလည်းအုန်း၊  ငှက်ပျောပါသည်။ဗုဒ္ဓပူဇနိယပွဲများ၊နတ်ပွဲများနှင့်နတ်ပူဇော်ပသရာမှာလည်းငှက်ပျောပါသည်။ မင်းခမ်းမင်းနားနှင့်ရှင်ပြုနားသပွဲများမှာလည်း ငှက်ပျောပါသည်။ ထို့ကြောင့် ငှက်ပျောပင်ကို   “မြန်မာအမျိုးသားရေး ပဒေသာပင်”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

မြန်မာငှက်ပျောမျိုးများ

ငှက်ပျောပင်ကို အင်္ဂလိပ်လို Banana ဟုခေါ်ပြီး ရုက္ခဗေဒအမည်မှာ Musa Sapientum linn ဖြစ် သည်။ မြန်မာနိုင်ငံတွင်  ထင်ရှားသောငှက်ပျော မျိုးများရှိသည်။ယင်းတို့မှာ ဖီးကြမ်းငှက်ပျော၊ ဗျပ်ပြည့် ငှက်ပျော၊ ငှက်ပျောသူငယ်စာ၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ရွှေဝါငှက်ပျော၊    နံ့သာပုငှက်ပျော၊ထောပတ် ငှက်ပျော၊ ဆင်စွယ်ငှက်ပျော၊ ငှက်ပျောချဉ်၊  သုံးလုံး တစ်ပိဿာစသည်ဖြင့်ရှိသည်။  သုံးလုံးတစ်ပိဿာ ငှက်ပျောအလုံးကြီးသည်သုံးလုံးလောက်ကို ချိန်ကြည့်ပါက  တစ်ပိဿာခန့်ရှိသောကြောင့်  သုံးလုံးတစ်ပိဿာဟုခေါ်ခြင်းဖြစ်သည်။

ငှက်ပျောစိုက်ပျိုးနည်း

ငှက်ပျောပင်သည်  ပူအိုက်စိုစွတ်သော၊အပူပိုင်းမိုးများသောရာသီမျိုးကိုကြိုက်သည်။ သို့သော်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးလေ့ရှိသည်ကိုလည်းတွေ့ရသည်။ ငှက်ပျောသည် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင်၌ဖြစ်ထွန်းသည်။  အပင်ကြီးသောမျိုးများမှာမူ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်သည်အကောင်းဆုံးဖြစ်သည်။ငှက်ပျောစိုက်ပျိုးရန် အကောင်းဆုံးမြေမှာမြေဆီလွှာကောင်းမွန်ရန်လိုသည်။ အလွယ်တကူထွန်ယက်နိုင်သောမြေမျိုး၊မြေဆွေးဓာတ်နှင့်မြေတွင်းအာဟာရဓာတ်ကြွယ်ဝသောမြေမျိုးဖြစ်ဖို့လိုသည်။မြေကြီးသည်လေဝင်လေထွက်ကောင်းရမည်။နုန်းတင်မြေနု၊သဲနုန်းမြေများမှာလည်းဖြစ်ထွန်းသည်။ မြေစေး၊မြေနက်များ တွင်မစိုက်ပျိုးသင့်ပေ။   အမြစ်တိုးဝင်မှုကိုအဟန့်အတား  ဖြစ်စေသောကြောင့်ဖြစ်သည်။

ငှက်ပျောအတွက်မြေချဉ်ငန်ကိန်းမှာ ၄ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။ ငှက်ပျောစိုက်မည်ဆိုပါက လေတိုက်နှုန်းနည်းသည့်နေရာမျိုးကိုရွေးချယ်ရမည်။အကြောင်းမှာတစ်နာရီ ၂၅ မိုင်နှုန်းလေတိုက်ခတ်ပါက အပင်လဲကျပြီး ပျက်စီးတတ်သည်။  ငှက်ပျောပင်အတွက် ရေသည် မိုးရေချိန် ၄ လက်မရသောဒေသမျိုးဖြစ်ရမည်။

မြေအမျိုးအစားနှင့် ရေပေးဝေနည်း

ငှက်ပျောစိုက်မည့်မြေကို  ထွန်စက်ဖြင့် မြေအမျိုးအစားကိုလိုက်၍လေးသွားစက်ထယ် တစ်စပ်(ခါ)၊ ၁၆ သွား သို့မဟုတ် ၁၈ သွားစက်ထယ် နှစ်စပ်(ခါ)ဖြင့်  မြေပြင်ပေးရမည်။မြေအနက်က ၆ လက်မမှ ၈ လက်မအထိ  ထယ်ရေးနက်ဖို့လိုသည်။ ငှက်ပျောပင်ကိုအများအားဖြင့် ဇွန်လနှင့်မေလတို့တွင်အစိုက်များကြသည်။  ငှက်ပျောပင်ကိုစိုက်မည်ဆိုပါက သားတက်ကိုသာအစိုက်များကြသည်။  စိုက်ကျင်းအနက်ကို ၁၅ လက်မတူးစိုက်ကြသည်။ တချို့က ၂၄ လက်မအထိလည်းတူးစိုက်ကြသည်။   ကမ္ဘာ့ငှက်ပျောစိုက်စနစ်အရမူ ၁၂ လက်မ x ၁၂ လက်မမှ၂၀ လက်မ x ၂၀ လက်မဖြစ်သည်။ မြေညံ့လျှင်ကျင်းနက်နက်တူး၍စိုက်ရသည်။ ငှက်ပျောပင်ကိုရေပေးရာတွင် အပင်ရင်း၌ ရေမဝပ်အောင်အထူးဂရုစိုက်ရမည်။  ရေဝပ်ပါက  ရေနုတ်ပေးရမည်။  ဤအချက်ကအရေးကြီးသည်။ ရေဝပ်ပါကအပင်သေတတ်သည်။ မြေအနေအထားနှင့်  ငှက်ပျောပင်ကြီးထွားနှုန်းအရရေပေးရသည်။

မြေအနက် ၄ လက်မအထိ  ရေရောက်ရန်လိုသည်။ ရေပေးမှန်ကန်ပါက   အသီးအထွက်နှုန်း ၇၀ ရာခိုင်နှုန်းအထိကောင်းသည်။ ရေပေးရာတွင် အပင်ခြေ၌ကျင်းဖွဲ့ရေလောင်းနည်း၊ ထယ်ကြောင်းပေးရေသွင်းနည်း၊ စိုက်ခင်းတစ်ခုလုံးရေလွှမ်းစေသောနည်းနှင့် ရေဖျန်းနည်းတို့ဖြစ်သည်။ ငှက်ပျောစိုက်ပြီးနောက် တစ်လသားအချိန်တွင် ပျိုးပင်အထက်ပိုင်းပင်စည်ကို မြေအထက်တစ်တောင်ခန့်က ဓားဖြင့်ဖြတ်ပေးရသည်။

ယင်းကိုငှက်ပျောပင်ဓားလိုက်ခြင်းဟုခေါ်သည်။  ဓားလိုက်ရာတွင် ခပ်စောင်းစောင်းလိုက်ပေးရမည်။ ခပ်စောင်းစောင်းဓားလိုက်ခြင်းမှာ  အပင်အတွင်းမိုးရေမဝင်စေရန်ဖြစ်သည်။ မိုးရေဝင်လျှင် အပင် သေတတ်သည်။ပင်သက်ခြောက်လ၊ ခုနစ်လအရောက်မှာ သားတက်များထွက်လာတတ်သည်။ထိုသားတက်များအနက်မှ  အကြီးဆုံးနှင့် အသန်ဆုံးအပင်ကိုချန်ထား၍ ကျန်သားတက်များကို  ရှင်းလင်းပေးရမည်။  ငှက်ပျောအခိုင်ထွက်လာပြီး အနည်းငယ်ရင့်လာပါက ဝါးထောက်ပေးရသည်။  ငှက်ပျောခိုင်ကို ငှက်ပျောသီးအလွန်မရင့်မီ ခုတ်ယူကြသည်။ ဝေးလံသောအရပ်ဒေသသို့တင်ပို့မည်ဆိုလျှင်  ၈၀  ရာခိုင်နှုန်းရင့်သောအချိန်မှာ ခုတ်ယူရသည်။ ငှက်ပျောတစ်ဧကလျှင် ၁၀ တန်မှ ၁၂ တန်အထိထွက်သည်ဟုသိရသည်။

မြန်မာနိုင်ငံတွင်မူ ငှက်ပျောကိုအလေးချိန်နှင့်မပြပါ။  အခိုင် သို့မဟုတ် ငှက်ပျောဖီးအလိုက်သာရောင်းဝယ်ကြသည်။   တစ်ဧကတွင် အခိုင်ရေ ၆၇၀ ခန့်ရနိုင်ကြောင်းသိရသည်။ လှည်း   ၁၅ စီးတိုက်ခန့်ရနိုင်သည်။လှည်းတစ်စီးတင်ဆို အဖီး ၂၄၀ သတ်မှတ်ကြသည်။

ငှက်ပျောစိုက်ပျိုးဝင်ငွေတိုး

ငှက်ပျောသည် မြန်မာနိုင်ငံ၌စျေးကွက်ရှိသည်။ စာရေးသူတို့ဘက်မှာဆို ငှက်ပျောကိုခြံပြတ်ဝယ်ယူ ကြသည်။ တစ်နိုင်စိုက်ပျိုးသူများက လက်လီရောင်းကြသည်။   လက်လီရောင်းချရာတွင်  ငှက်ပျောဖီးအရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။ အထက်မှာ ငှက်ပျောအထွက်နှုန်းကိုဖော်ပြခဲ့သည်။ ရွှေငှက်ပျော၊  နံ့သာပုတို့ဆိုလျှင် ဈေးနှုန်းပိုမိုရရှိသည်။  ထို့ကြောင့်   ငှက်ပျောစိုက်ပျိုးပါက တောင်သူများဝင်ငွေတိုးပွားမည်ဖြစ်သည်။

မြန်မာ့ငှက်ပျောထုတ်ကုန်နှင့်ကမ္ဘာ့ငှက်ပျောထုတ်ကုန်

မြန်မာနိုင်ငံတွင် ငှက်ပျောသီးထုတ်ကုန်တစ်ခုမှာငှက်ပျောကြော်လုပ်ငန်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ငှက်ပျောကြော်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ပထမဆုံး  ငှက်ပျောသီးကိုလိုသလောက်ရှာထားရသည်။ ပြီးနောက် အစိမ်း၊ အမှည့်ခွဲထားရသည်။ ထို့နောက် ငှက်ပျောသီးအစိမ်းနှင့်အမှည့်များကို ခပ်ပါးပါးလှီးကာ ဖွဲမီးဖြင့်ကြော်ရသည်။

ငှက်ပျောကြော်ကို စနစ်တကျထုပ်ပိုး၍မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်။ ငှက်ပျောကြော်ကို အစိမ်းကြော်နှင့်အမှည့်ကြော်ဟူ၍နှစ်မျိုးကြော်ကြသည်။ ထိုဒေသ၏ငှက်ပျောကြော်လုပ်ငန်းသည်  မိသားစုစီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းရှိသဖြင့်ထိုဒေသရှိငှက်ပျောစိုက်တောင်သူများလည်း ငှက်ပျောစျေးကွက်ရရှိလာသည်။ ပိုလျှံသည့်ငှက်ပျောများကို ရန်ကုန်သို့တင်ပို့ရောင်းချကြသည်။

မြန်မာနိုင်ငံမှာတော့ ငှက်ပျောနှင့်ပတ်သက်ပြီး    ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုများများမရှိပါ။ မြန်မာနိုင်ငံမှာ ငှက်ပျောပင်မှအမျှင်ထုတ်ယူ၍ အဝတ်အထည်များပြုလုပ်သည်ကို Facebook ပေါ်မှာတင်ထားသည်ကိုဖတ်လိုက်ရသည်။ ဤကား   ကောင်းသောအလားအလာဖြစ်သည်။ စွန့်ဦးတီထွင်မှုဟုပင်ဆိုရပေမည်။ ထိုသူ၏အမည်မှာ ဦးမြင့်သိန်းဟု သိရသည်။   ငှက်ပျောပင်မှထုတ်ယူရရှိသောချည်ဖြင့် အင်္ကျီနှင့်အဝတ်အထည်များပြုလုပ်သည်။ အမျိုးသမီးစီးဖိနပ်နှင့် အမျိုးသားစီးဖိနပ်တို့ပြုလုပ်သည်။ ထို့ပြင် ငှက်ပျောဖတ်ဖြင့်ခေါင်းအုံးပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။ ဒါ့အပြင်  ပဝါ၊ လက်ကိုင်အိတ်၊  ပိုက်ဆံအိတ်အစရှိသည့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ထားသည်။ ငှက်ပျောပင်စည်အလွှာကိုအမျှင်ထုတ်ယူ၍လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ထားခြင်းဖြစ်သည်။အမှိုက်ထဲကရွှေဟုပင်ဆိုရပေမည်။ ထို့ပြင်မြန်မာလူမျိုးများသည်ငှက်ပျောသီးကိုအခြေခံ၍ မြန်မာမုန့်များပြုလုပ်ရောင်းချခြင်းဖြင့်မိသားစုစားဝတ်နေရေးကိုဖြေရှင်းကြသည်များလည်း ရှိသည်။ ငှက်ပျောသီးဖြင့်ပြုလုပ်သောမုန့်များမှာ  ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေချီ၊  ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောမုန့်ပွကြီး၊ ငှက်ပျောကော်ပြန့်ကြော်စသည်တို့သည် ငှက်ပျောသီးဖြင့်ပြုလုပ်သောမုန့်များဖြစ်သည်။တစ်နည်းအားဖြင့်ငှက်ပျောသီးအခြေခံသောမိသားစုစီးပွားရေးလုပ်ငန်းဟုပင်ဆိုရပေမည်။ မြန်မာနိုင်ငံတွင်အခြားငှက်ပျောစားသောက်စရာတစ်မျိုးမှာ ငှက်ပျောသီးကိုဖျော်ရည်အဖြစ်ပြုလုပ် သောက်သုံးခြင်း ပင်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့စျေးကွက်မှာလည်း ငှက်ပျောသီးထုတ်ကုန်များရှိသည်။  ငှက်ပျောသီး ခြောက်မှုန့်၊ စည်သွတ်ငှက်ပျောသီး၊  ထိုထုတ်ကုန်ကို အမေရိကန်ပြည်ထောင်စုမှာ အပူချိန်နည်းနည်းဖြင့်အခြောက်ခံ၍ပြုလုပ်ခြင်းဖြစ်သည်။  ထို့ပြင် ငှက်ပျောအနှစ်ထုတ်ကုန်ကိုလည်း အမေရိကန်နိုင်ငံကအများဆုံးမှာယူကြောင်း၊ စိုက်ပျိုးရေးဌာန၏ ၁၉၆၅ ခုနှစ်မှတ်တမ်းအရ တန်ချိန် ၃၅၀၀ ခန့်မှာယူတင်သွင်းစားသုံးခဲ့ကြောင်း သိရသည်။  ယခုဆို  ထိုထက်ပိုများနိုင်မည်ဟုယူဆရပေမည်။ ငှက်ပျောအနှစ်ထုတ်လုပ်မှုကို ၁၉၆၅ ခုနှစ် ဒိုမီနီကန်နိုင်ငံက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၂ ဒေါ်လာရသည်ဟုသိရသည်။ တန်ချိန် ၃၅၀၀ ဆိုလျှင် အမေရိကန်ဒေါ်လာ ၆၇၂၀၀၀ ခန့်ရသည်။ ထုပ်ပိုးရာမှာလည်း မှိုပါဝင်မှု ၄ ရာခိုင်နှုန်းထက်မကျော်လွန်အောင် စနစ်တကျထုပ်ပိုးရသည်။ ထို့ပြင်  ငှက်ပျောသီးကို ဘီယာချက်ခြင်း၊ ဝိုင်အရက်ပြုလုပ်ခြင်း၊ ငှက်ပျောဆီထုတ်လုပ်ခြင်းတို့ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင်ယခုအခါငှက်ပျောသီးသည်စျေးကွက်ရှိပြီး စျေးကောင်းသောအသီးတစ်မျိုးဖြစ်သည်။ အထက်မှာစာရေးသူတွက်ပြခဲ့သလို    တစ်ဧကအထွက်နှုန်းနှင့် တစ်ဖီးတန်ဖိုးအရ သိန်းပေါင်းမနည်းရသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံအနေဖြင့်ငှက်ပျောပင်ထွက်ထုတ်ကုန်များကို ဦးမြင့်သိန်းကဲ့သို့ ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်သည်။ ထိုထုတ်လုပ်မှုလုပ်ငန်းကို  အရှိန်အဟုန်ဖြင့်   ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းအနေဖြင့်အောင်မြင်ဖြစ်ထွန်းပါက ပြည်ပနိုင်ငံများကိုပင် ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်ဖို့မျှော်လင့်ချက်ပင်ဖြစ်သည်။ ထို့ပြင်အခြားငှက်ပျောထုတ်ကုန်များ ထပ်မံထုတ်လုပ်နိုင်ပါကပြည်တွင်းစီးပွားရေးလုပ်ငန်းအဖြစ်   ပြည်သူကိုအကျိုးပြုနိုင်သလိုနိုင်ငံ့အတွက်လည်း  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး  ငှက်ပျောစိုက်တောင်သူများ လည်းအကျိုးများမည် ဖြစ်သောကြောင့် ငှက်ပျောစိုက်ကြဖို့တိုက်တွန်းလိုပါသည်။   ။

တရုတ်ထုတ် ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် “လက်တွေ့မကျသော ဖြေရှင်းနည်း" ဟု ကန့်ကွက်ခံရခြင်း
-

သတင်းထုတ်ပြန်သည့်ရက်စွဲ - ၂၀ မေ ၂၀၂၅

တရုတ်အခြေစိုက် ကရိန်းကုမ္ပဏီများမှ တရုတ်ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် အမေရိကန်ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ အဆိုပါမှတ်ချက်အား အမေရိကန်ဆိပ်ကမ်း အသင်းမှလည်း သဘောတူညီခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ ကရိန်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Shanghai Zhenhua Heavy Industries (ZPMC) က အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ်ရုံး (USTR) ထံ သုံးသပ်ချက်တင်သွင်းရာတွင် ၎င်းတို့ထုတ်ကုန်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိပါကြောင်းနှင့် တရုတ် ထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ခြင်းသည် အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းကို ပြန်လည်ရှင်သန်စေရန် အထောက်အကူမဖြစ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

ZPMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံထုတ် သင်္ဘောဆိပ်ကမ်းကရိန်းများတွင် စွပ်စွဲထားသည့် ဆိုက်ဘာလုံခြုံရေးအန္တရာယ်မရှိပါ။ အဆိုပါ အကောက်ခွန်များသည် တရားဝင် ဖြေရှင်းနည်းလည်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။ 

 ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေးအသင်းများက ကန့်ကွက်

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ တရုတ်ထုတ် ကရိန်းများအပေါ် အကောက်ခွန် ၁၀၀% တိုးမြှင့်ရန် အဆိုပြုချက်အား ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ဆိပ်ကမ်းများအသင်းကလည်း အဆိုပြုချက်အား ကန့်ကွက်ခဲ့သည်။ 

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ဧပြီလကုန်တွင် တရုတ်ထုတ် ကွန်တိန်နာနှင့် တပ်ဆင်ပြီး မော်တော်ယာဉ်အောက်ပိုင်းများအပေါ် ၂၀% မှ ၁၀၀% ထိ စည်းကြပ်ခွန် ကောက်ခံရန် စတင်အဆိုပြုခဲ့သည်။ အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်အားကောင်းစေရန်နှင့် ရေကြောင်းကဏ္ဍတွင် တရုတ်၏ လွှမ်းမိုးမှု အားနည်းစေရန်အတွက် တရုတ်သင်္ဘောများကို ပစ်မှတ်ထား၍ ဆိပ်ကမ်းအခကြေးငွေများကို မြှင့်တင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

သို့သော် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် လွန်ခဲ့သည့် တစ်လခန့်က ပြည်သူများထံမှ အကြံပြုချက်များကို စတင်တောင်းခံပြီး ကန့်ကွက်သူများပြားကြောင်း၊ ရှန်ဟိုင်း Zhenhua က “ထိုအကောက်ခွန် များသည် အမေရိကန်ဆိပ်ကမ်းများ၏ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေကာ ပို့ဆောင်ရေးကွင်းဆက်တစ်လျှောက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည်” ဟု သတိပေးခဲ့သည်။ 

အမေရိကန်ဆိပ်ကမ်းများအသင်းကြီးက တရုတ်ထုတ်ကရိန်းများအပေါ် အကောက်ခွန် တိုးမြှင့်မှုအား ကန့်ကွက်သည့် အစီရင်ခံစာတင်သွင်း 

အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်း(AAPA)က အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးထံ ပေးပို့သည့် အစီရင်ခံစာတွင် “ဈေးကွက်၌ တရုတ်ထုတ်ကရိန်းများအား အစားထိုးနိုင်သည့် အခြားရွေးချယ်စရာ မရှိခြင်းကြောင့် အဆိုပါအကောက်ခွန်များ အောင်မြင်မည်မဟုတ်” ဟု သတိပေးခဲ့သည်။  အသင်းက “အဆိုပါ အကောက်ခွန် များသည် အမေရိကန်တွင် ကရိန်းထုတ်လုပ်မှုလုပ်ငန်းကို မြန်ဆန်စွာ ပေါ်ပေါက်လာစေမည်မဟုတ်ဘဲ၊ အများပိုင် ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်” ဟု ထောက်ပြခဲ့သည်။ အမေရိကန် ဆိပ်ကမ်း အာဏာပိုင်အသင်းမှ လက်ရှိတွင် အမေရိကန်၌ ဆိပ်ကမ်းကရိန်း ထုတ်လုပ်သည့် ကုမ္ပဏီမရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် တရုတ်ကုမ္ပဏီ မဟုတ်သည့် ဂျပန်မှ Mitsui နှင့် ဥရောပကုမ္ပဏီများဖြစ်သည့် Konecranes နှင့် Liebherr ကုမ္ပဏီများသာ ထုတ်လုပ်ကြသည်။သို့သော် ၎င်းတို့သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းရည်ကို အစားထိုးရန် လိုအပ်ချက်ရှိကြကြောင်း အသင်းမှ ပြောကြားခဲ့သည်။

ZPMC ၏ ကမ္ဘာ့ဈေးကွက်လွှမ်းမိုးမှု

သတင်းများအရ ရှန်ဟိုင်း Zhenhua (ZPMC) သည် ကမ္ဘာ့ဆိပ်ကမ်းကရိန်းဈေးကွက်၏ ၇၀% ခန့်ကို ထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၈ သို့ ရောင်းချလျက်ရှိသည်။ ကုမ္ပဏီ၏ ၂၀၂၃ ဘဏ္ဍာရေးအစီရင်ခံစာအရ မြောက်အမေရိကတွင် အမြတ်ငွေ ၄.၈% ရရှိခဲ့သော်လည်း ယခင်နှစ်ကထက် ၃၀% ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ Joe Biden အစိုးရက တရုတ်ထုတ် STS ကရိန်းများအပေါ် အကောက်ခွန် ၂၅% စတင်ကောက်ခံခဲ့သည်။ 

ဆယ်စုနှစ်အတွင်း ဘီလီယံချီကုန်ကျနိုင် 

အမေရိကန် ဆိပ်ကမ်းအာဏာပိုင်အသင်း၏ အဆိုအရ အမေရိကန်ဆိပ်ကမ်းများတွင် အသုံးပြုရန် ကရိန်း ၅၅ လုံး မှာယူထားပြီး လာမည့် ၆ နှစ်မှ ၁၀ နှစ်အတွင်း နောက်ထပ် ၁၅၁ လုံး လိုအပ်မည်ဖြစ်သည်။ အကောက်ခွန်သစ်များ အတည်ပြုခဲ့ပါက လာမည့် ၁၀ နှစ် အတွင်း ဒေါ်လာ ၆.၇ ဘီလီယံအထိ ပိုမိုကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။   ဥပမာအား ဖြင့် တက္ကဆက်ပြည်နယ်ရှိ Houston ဆိပ်ကမ်းသည် ZPMC ထုတ် ကရိန်း ၈ လုံးကို ၂၀၂၆ ခုနှစ် နွေဦးတွင် ဒေါ်လာ ၁၄ သန်းစီဖြင့် မှာယူထားပြီး၊ ၁၀၀% အကောက်ခွန်စည်းကြပ်ပါက အခွန်ဒေါ်လာ ၃၀၂.၄ သန်း အပိုပေးရမည်ဖြစ်သည်။ 

ပြည်တွင်းထုတ်လုပ်မှု ပြန်လည်တည်ဆောက်ရန် အခက်အခဲများ

အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်းက အမေရိကန်နိုင်ငံတွင် ကရိန်း ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်စတင်ရန် အားပေးသော်လည်း၊ ပြည်တွင်းသံမဏိစျေးနှုန်းမြင့်မားခြင်း၊ ဂဟေဆက်ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်းနှင့် ကရိန်းအစိတ်အပိုင်းများရှားပါးခြင်း စသည့် အကြောင်းအရင်းများကြောင့် ပြန်လည်တည်ဆောက်ရန် အချိန် ကြာမြင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အသင်းက အမေရိကန် ကွန်ဂရက်အား ပြည်တွင်းထုတ်လုပ်မှုကို အားပေးသည့် အခွန်ကင်းလွတ်ခွင့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အကြံပြုခဲ့ပြီး၊ ထိုသို့သော ဥပဒေများ မပြဋ္ဌာန်းမီအထိ ကရိန်းများအပေါ် ထပ်မံ၍ အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်း မပြုရန် အကြံပြုထားသည်။ 

ထို့အပြင် ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ ရက်မတိုင်မီ မှာယူထားသော ကရိန်းများအား အကောက်ခွန် ကင်းလွတ်ခွင့် ပေးရန်နှင့် ၁၀၀% အကောက်ခွန်ကို ၁ နှစ်မှ ၂ နှစ်အထိ ရွှေ့ဆိုင်းပေးရန် အသင်းက တောင်းဆိုထားသည်။

ကိုးကား- South China Morining Post

South China Morning Post တွင် Carol Yang ရေးသားသည့် Chinese crane maker raises questions over US tariff plans: ‘not a real remedy’ ဆောင်းပါးအား ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစကမှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

Carol Yang

ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါလျှင်
-

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် နိုင်ငံ့စီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းသိရသည်။  စိုက်ပျိုးရေး၊ မွေးမြူရေးဌာနအနေဖြင့်လည်း ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်စက်မှုကုန်ကြမ်းကဏ္ဍဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံဖူလုံရေး   စသည်ဖြင့် ကဏ္ဍအလိုက်ထုတ်လုပ်တင်ပို့နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။   ဂျုံ၊ ပြောင်း၊ ဆန်စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံ   ပန်းတိုင်အထွက်နှုန်

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် နိုင်ငံ့စီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းသိရသည်။  စိုက်ပျိုးရေး၊ မွေးမြူရေးဌာနအနေဖြင့်လည်း ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်စက်မှုကုန်ကြမ်းကဏ္ဍဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံဖူလုံရေး   စသည်ဖြင့် ကဏ္ဍအလိုက်ထုတ်လုပ်တင်ပို့နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။   ဂျုံ၊ ပြောင်း၊ ဆန်စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံ   ပန်းတိုင်အထွက်နှုန်းကောင်းစေရေးကိုလည်း အားပေးလျက်ရှိသည်။ ဆီထွက်သီးနှံမြေပဲကို တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း တင်း  ၇၀ ထွက်ရှိရေး၊စနစ်တကျစိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မြင့်မားရေး၊   မြေပဲသီးနှံထုတ်လုပ်မှုမှ ဝင်ငွေပိုမိုရရှိရေးအတွက် ရည်ရွယ်စိုက်ပျိုးရန်ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ကြောင့်စာရေးသူအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲကို  ပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးမည်ဆိုပါက စနစ်တကျစိုက်ပျိုးရန်လိုအပ်သဖြင့် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါက  သိသင့်၊  သိထိုက်သည်များကို  လေ့လာတင်ပြပေးမည်ဖြစ်သည်။

မြေပဲအမျိုးအစားနှင့်မျိုးရွေးချယ်ခြင်း

မြေပဲမှာ အမျိုးအစားအားဖြင့် ပင်ထောင်မြေပဲနှင့်ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။  ပင်ထောင်မြေပဲကိုမိုးဦးကျကျခြင်းစိုက်ပျိုးနိုင်အောင် သဲဆန်သောမြေများကို မတ်လလောက်ကတည်းကထယ်ရေးကြိုခံထားရသည်။ အနည်းငယ်စေးသောမြေမျိုးဖြစ်ပါက မတ်လနှင့်ဧပြီလလောက်တွင်  ထယ်ရေးကြိုခံထားရသည်။ ထယ်ထိုးပြီးပြီဆိုလျှင် ထွန်ဖြင့်နှစ်စပ် (ခါ)၊  သုံးစပ် (ခါ) အထိ  မွှေပေးရသည်။ 

ထို့နောက်   စိုက်ကွင်းအတွင်းရှိ   အမှိုက်များကို ရှင်းလင်းထားရသည်။ ပင်ထောင်မြေပဲကို မိုးဦးကျစိုက်ရာတွင် မိုးနည်းသောဒေသများမှာသာစိုက်ပျိုးကြသည်။ မြေပဲသည် ဥကိုအသုံးပြုရသဖြင့် မိုးများသောဒေသများ၌စိုက်ပျိုးပါက မြေကျပ်၍   ဥနှုန်းကောင်းမည်မဟုတ်ပါ။ စာရေးသူတို့ဒေသတွင် မိုးရာသီမှလွဲ၍ ကျန်ရာသီများတွင်စိုက်ပျိုးကြသည်။  မိုးဦးကျတွင်    မိုးရေချိန်   လက်မဝက်ခန့်တစ်ကြိမ်ရွာပါက စတင်စိုက်ပျိုးနိုင်သည်။ သို့သော် သတ်မှတ်မိုးရေချိန်ပြည့်မီခြင်းမရှိသေးပါက ပေါင်းမြက်ကလေးများရှင်းလင်းနေစေရန်၊ ထွန်ရေးပိုမိုကောင်းမွန်စေရန် ထွန်ရေး  နှစ်စပ်(ခါ)၊ သုံးစပ်(ခါ)ခန့်ထပ်မွှေပေးရသည်။ မြေပဲကို ပင်ထောင်မြေပဲစိုက်ပျိုးခြင်း၊ ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးခြင်း  စသည်ဖြင့်စိုက်ပျိုးလေ့ရှိကြသည်။  မြေပဲမျိုးကိုရွေးချယ်ရာတွင် ပန်းတိုင်အထွက်နှုန်းကို လျာထားရွေးချယ်သင့်သည်။ မြေပဲမျိုးရွေးချယ်ရာတွင် လုံးပိန်လုံးညှက်များကိုဖယ်ပစ်ရမည်။  လက်ရှိ  စာရေးသူတို့မြန်မာနိုင်ငံတွင်စိုက်ပျိုးလျက်ရှိသော    မြေပဲမျိုးများမှာ ဆင်းပဒေသာ ၇၊ ဆင်းပဒေသာ ၁၁၊ SP 121၊ တွန်တာနီ၊ မကွေး ၁၀၊ ၁၁၊ ၁၂ နှင့်ကျောင်းကုန်းပင်ပြန့်မျိုးတို့ဖြစ်သည်။

ရေမြေနှင့်ရာသီဥတု

မြေပဲစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေ၏မြေချဉ်ငန်ကိန်းသည် ၅ ဒသမ ၅ မှ ၇  အတွင်းရှိရမည်ဖြစ်သည်။ မြေပဲအကောင်းဆုံးဖြစ်ထွန်းသောမြေမှာ     နုန်းမြေ၊    သဲမြေတို့ဖြစ်သည်။  အကောင်းဆုံးမြေမှာ မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားဖြစ်သည်။ ရွှံ့စေးမြေ၊   မြေနီမြေစေးနှင့် မြေနီကျောက်စရစ်တို့တွင် ဖြစ်ထွန်းမှုမရှိပေ။မြေပဲစိုက်ပျိုးရာတွင်  စိုက်ပျိုးမြေသည်  မှုန့်ညက်နေသည်။  အကောင်းဆုံးမြေမှုန့်ပေါင်းစပ်မှုနှုန်းမှာ သဲ၊  နုန်း၊  မြေစေး ၇၅: ၁၅:၁၀ နှုန်းဖြစ်သည်။  အပူချိန်အားဖြင်၂၅ မှ ၃၅  ဒီဂရီဖာရင်ဟိုက်နှင့်  မိုးရေချိန် ၂၅ မှ ၃၅ လက်မအတွင်းရွာသွန်းပါက ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းသည်။ သို့သော်လည်း မိုးရေချိန် လက်မ ၄၀ကျော်လွန်ပြီး လက်မ၂၀ အောက်ကျပါက ဖြစ်ထွန်းမှုမရှိဘဲ အထွက်နှုန်းကျဆင်းစေသည်။ နွားထိုးကြီးမြို့နယ်တွင်မူ ၂၀၂၄-၂၀၂၅   ခုနှစ်မှာ မြေပဲသီးနှံကို ရေသွင်း၊ ရေထုတ်လွယ်ကူသော မြေနီသဲဝန်းမြေမျိုးများမှာစိုက်ပျိုးကြသည်။မြေပဲစိုက်ပျိုးရာမှာလည်း သတ်မှတ်အရေအတွက်ရရှိရေး အတွက် တစ်ဧကကို အပင်အရေအတွက် ၁၀၄၅၄၄ ဝင်ဆံ့အောင်   တန်းကြား ၁၅ လက်မနှင့်   ပင်ကြား ၄ လက်မစနစ်ဖြင့်   စိုက်ပျိုးကြောင်း  သိရသည်။  ထိုကဲ့သို့စိုက်ပျိုးခြင်းက    ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျစိုက်ပျိုးခြင်းဖြစ်သည်။

မြေပဲစိုက်ပျိုးနည်း

မြေပဲစိုက်ပျိုးရာတွင် ပင်ထောင်စိုက်ပျိုးခြင်း၊    ပင်ပြန့်စိုက်ပျိုးခြင်းနှင့်  သီးထပ်စိုက်ပျိုးခြင်းစသည်ဖြင့်ရှိသည်။  မြေပဲသည်  ပဲမျိုးရင်းဝင်ဖြစ်သဖြင့် ပဲမြစ်ဖုများထွက်ရှိပြီး လေထုအတွင်းမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်စေရန်အတွက်  မြေပဲမျိုးကောင်းများကိုပဲမြစ်ဖုဇီဝမြေဩဇာနှင့်လူးနယ်ပြီးမှစိုက်ပျိုးသင့်သည်။

(၁) ပင်ထောင်စိုက်ပျိုးခြင်း-  အများအားဖြင့်  ပင်ထောင်မြေပဲကို  မြစ်၊   ချောင်း၊ အင်း၊ အိုင်များဘေးရှိနေရာများမှာ ရေကျချိန်၌  စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်မူ ဧရာဝတီမြစ်ဘေးတွင်စိုက်ပျိုးကြသည်ကိုတွေ့ဖူးသည်။ မြစ်ရေခန်းချိန်တွင် ထယ်ထိုးပေးရသည်။ ထယ်ထိုးခြင်း၊ ထယ်စာခဲခြေခြင်းကို သုံးကြိမ်ခန့်ပြုလုပ်ပေးရသည်။ ထယ်စာခဲများကိုခြေပြီး ကျမ်းတုံးဖြင့်အုပ်ထား(မြေပြန်ညှိ)ပေးရသည်။ မြေမှုန်ရရှိအောင် အနည်းဆုံး ထယ် ၁၀ စပ်(ခါ)မှ ၁၂ စပ်(ခါ)အထိထွန်ပေးရသည်။

မြေမှုန်ရသောအခါ ကျမ်းတုံးရိုက်(မြေပြန်ညှိ)ပေးပြီး ၁၅ လက်မအကွာ  လေးသွားထွန်ဖြင့်အကြောင်းဆွဲပြီးမျိုးစေ့ချရသည်။ ပင်ထောင်မြေပဲကို  စိုက်ပျိုးပြီး ၁၁၅ ရက်မှ ၁၂၀ ရက်အတွင်းနုတ်သိမ်းနိုင်သည်။  

ထိုရက်များထက်နောက်ကျပါက မြေပဲများ   အပင်ပြန်ပေါက်လာတတ်သည်။ မြေပဲများကို နုတ်ယူပြီးနှစ်ရက်ခန့်နေလှန်းကာ ဆွတ်ယူရသည်။ မြေပဲတောင့်များကိုမူ ငါးရက်ခန့်နေလှန်းပေးရသည်။

(၂) သီးထပ်စိုက်ပျိုးခြင်း-  မြေပဲသီးထပ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသည်။ မိုးစပါးအပြီးတွင်  စိုက်ပျိုးကြသည်။   အထူးသတိပြုရမည့်အချက်မှာ မြေပဲစိုက်ပျိုးမည့် လယ်မြေသည်  ကောက်ကြီးစပါးစိုက်ပျိုးသောလယ်မြေမျိုးမဖြစ်စေရန်  သတိပြုရမည်။    ကောက်လတ်နှင့်ကောက်လျင်စိုက်ပျိုးသောမြေမျိုးမှာစိုက်ပျိုးရမည်။ မြေပဲသီးထပ်စိုက်ပျိုးရန်   လယ်မြေရှိစပါးကိုရိတ်သိမ်းရာတွင် အပင်ရင်းမှကပ်ရိတ်ပေးရမည်။ တချို့က  ရိုးပြတ်များကိုမီးရှို့ပစ်ရမည်။ မီးရှို့ခြင်းကြောင့်  မြေဆီလွှာပေါ်ရှိ အပင်အကျိုးပြုဗက်တီးရီးယားများသေကျေပျက်စီးသွားကြသည်။ ထို့ကြောင့် ရိုးပြတ်များကို  အောက်ခံမြေဆွေးအဖြစ်  မြေကြီးအတွင်းထည့်၍အသုံးပြုသင့်သည်။ ထို့နောက် မြေအစိုအခြောက်ပေါ်မူတည်၍ ထွန်လေးစပ်(ခါ)မှရှစ်စပ်(ခါ)အထိ မွှေပေးရသည်။ 

သီးထပ်စိုက်မြေသည် အထူးသဖြင့် မြေစေးဆန်သဖြင့်မြေမှုန့်ရရှိအောင်အထူးပြုလုပ်ပြီး ထယ်ကြောင်းနက်နက်ဆွဲပေးရမည်။ မြေမှုန့်ရရှိပါက သီးထပ်မြေပဲကို ခရုပတ်ပုံစံစိုက်ရသည်။   ထို့နောက် မြေဖုံးပေးရသည်။

(၃) ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း - ပင်ပြန့်မြေပဲကိုအများအားဖြင့်ယာမြေနှင့်သဲအနည်းငယ်ဆန်သည့်ကုန်းမြေများတွင်စိုက်ပျိုးကြသည်။  သဲဆန်သောမြေမျိုးတွင် ၁၈ လက်မခြားစိုက်ရသည်။  ပင်ပြန့်မြေပဲကိုပေါင်တင်မစိုက်ရပေ။ မိုးဦးကျ မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးရပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် ရိတ်သိမ်းရသည်။ ပင်ပြန့်မြေပဲကိုရိတ်သိမ်းရာတွင် အရင့်လွန်မှ နုတ်သိမ်းရသည်ကများသည်။

သတိပြုရမည့်အချက်မှာ နုတ်သိမ်းချိန်နောက်ကျပါက   အပင်မပေါက်နိုင်ပါ။

အပင်ပြုစုထိန်းသိမ်းခြင်း

မြေပဲသီးနှံအပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပေါင်းမြက်ရှင်းလင်းပါက မြေပဲပွင့်များကိုထိခိုက်စေနိုင်သည်။

ထို့ကြောင့် ပေါင်းရှင်းပြီဆိုပါက စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ မှ ၃၅ ရက်အတွင်း  ပေါင်းမြက်များကိုရှင်းလင်းပေးရမည်။   ထို့ပြင်  အပင်သက်တမ်း ၄၅ ရက်နှင့် ၇၅ရက်သားတွင် အစိုဓာတ်လုံလောက်စွာရရှိရန်လိုသည်။ ထိုအချိန်သည် မြေပဲပင်ပန်းပွင့်ချိန်၊ အဆန်ဖြည့်တင်းချိန်များဖြစ်သောကြောင့်ဖြစ်သည်။

မြေဩဇာကျွေးခြင်း

မြေပဲစိုက်ပျိုးမည်ဆိုလျှင် မြေပြင်ချိန်မှာပင် အောက်ခံအဖြစ် သဘာဝမြေဩဇာဖြစ်သောနွားချေးမြေဆွေးကို တစ်ဧကလျှင် လှည်းခုနစ်စီး၊ ကွန်ပေါင်းတစ်အိတ်၊ ကျောက်မှုန့် ၂၅ ကီလိုနှစ်အိတ်ကိုထယ်ရေးပြင်ချိန်တွင် ထည့်ပေးရသည်။ ပင်ထောင်မြေပဲအတွက်မြေဩဇာချရန်မလိုပေ။ သီးထပ်မြေပဲမှာလည်းမြေဩဇာအသုံးမပြုကြဟုသိရသည်။ ပင်ထောင်မြေပဲကိုမူ မိုးကျခါနီးတစ်ဧကလျှင် နွားချေးလှည်းရှစ်စီးနှုန်းအထိချပေးပြီး ထွန်ဖြင့်မွှေပေးရသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

မြေပဲစိုက်ခင်းများတွင် အပင်ငယ်စဉ်အချိန်မှာ စုပ်စားပိုး၊   ရွက်လိပ်ပိုး၊ ကပ်ပိုးများကျရောက်တတ်သည်။ ထိုအခါ ပင်လုံးပြန့်ထိသေပိုးသတ်ဆေးကိုအသုံးပြုပေးရမည်။ ဖိုးလမင်းကျိုင်းနှင့်ခြများကျရောက်တတ်သောမြေမျိုးဖြစ်ပါက စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း   ပင်လုံးပြန့်ထိသေပိုးသတ်ဆေး

တစ်မျိုးမျိုးထည့်ပေးရမည်။ ထို့ပြင်ရာသီဥတုကြောင့်လည်း  ပိုးကျတတ်သည်ကိုသတိပြုသင့်သည်။

မိုးခေါင်ပါက ပျပိုးကျရောက်တတ်သည်။  အရွက်ပေါ်တွင်လည်းကောင်း၊   ခေါင်ညွန့်တွင်လည်းကောင်း၊အရွက်ကိုင်းခွနေရာများတွင်လည်းကောင်း တွေ့ရတတ်သည်။ ထို့ပြင် မြေပဲပင်ခြေနှင့်မြေပဲတောင့်များကို   ကိုက်ဖြတ်စားသောက်တတ်သော ပိုးတီကောင်မျိုးလည်းကျရောက်တတ်သည်။ ထိုသို့မဖြစ်အောင်အော်ဒရင်ဆေးရည်ကိုမြေပဲမစိုက်မီ   ကြိုတင်ချထားရမည်။ရွက်ပြောက်ရောဂါလည်းကျရောက်တတ်သည်။  ရွက်ပြောက်ရောဂါကျရောက်ပါက အရွက်များမှာ အမဲစက်၊   အမဲကွက်များဖြစ်နေတတ်သည်။ ယင်းကိုကာကွယ်ရန်အတွက်ရောဂါမကျရောက်မီ တစ်ဧကလျှင် ကျောက်မှုန့်ငါးပြည်ကို ၁၅ ရက်ခြား   လေးကြိမ်ထည့်ပေးရမည်။ထို့ပြင်မြေပဲစိုက်ပျိုးပြီး တစ်လအကြာ၌ဖြစ်တတ်သော ပင်ရင်းပုပ်ရောဂါကိုလည်း  မြေပဲစိုက်တောင်သူများအနေဖြင့် အထူးသတိပြုသင့်သည်။ အထူးသတိပြုရမည့်အချက်မှာမြေပဲရောဂါကျရောက်တတ်သဖြင့်မှိုနှင့်ပိုးမွှားရောဂါကင်းစင်စေရန်အတွက် မြေပဲမျိုးဆန်အား မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်စိုက်ပျိုးရန်လိုသည်။

မြေပဲပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည့်အချက်များ

ယခုအခါ နိုင်ငံတော်အနေဖြင့် မြေပဲကို တစ်ဧက တင်း ၇၀ ရရှိအောင် ပန်းတိုင်ထားစိုက်ပျိုးရန်ရည်ရွယ်ပြီး စိုက်ပျိုးသူများကို အားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဧကကို တင်း   ၇၀ ရရှိအောင်လုပ်ဆောင်သင့်သည့်လုပ်ငန်းများမှာ မိုးခေါင်သည့်ဒဏ်ကိုခံနိုင်သည့် မြေပဲစိုက်ခင်းမှမြေပဲကိုမျိုးအဖြစ်အသုံးမပြုရန်၊ မြေပဲမျိုးစေ့အဆန်သည် မနုလွန်း၊ မရင့်လွန်းသောအဆန်မဖြစ်စေရန်၊ အစေ့အခွံထိခိုက်သောအစေ့များအားဖယ်ရှားပြီးမျိုးစေ့ကိုအပင်ပေါက်နှုန်းစမ်းသပ်ပြီးမှစိုက်ပျိုးရန်၊ မြေပဲစိုက်ပျိုးမည့်အချိန်ကိုမှန်ကန်စွာရွေးချယ်ရန်၊ စိုက်ပျိုးမြေအမျိုးအစားရွေးချယ်ခြင်းနှင့်စနစ်တကျ   မြေပြင်ရန်၊ ကယ်စီယမ်ဓာတ်အပြည့်အဝပါစေရန် အပင်သက်တမ်း ၄၅ ရက်သား၌ကျောက်မှုန့်သုံးထားသောစိုက်ကွက်မှမြေပဲကိုသာ မျိုးအဖြစ်အသုံးပြုရန်၊ မျိုးအဖြစ်ထားရှိမည့် စိုက်ခင်းအား ရိတ်သိမ်းချိန်နီးပါက ရေမသွင်းရန်၊ ရိတ်သိမ်းချိန်သည် စောလွန်း၊  နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်သတ်မှတ်ချက်များအတိုင်း  တိကျစွာလိုက်နာစိုက်ပျိုးမည်ဆိုပါက လျာထားသည့်အတိုင်း တစ်ဧက တင်း ၇၀ ပန်းတိုင်အထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်သည်။

ရိတ်သိမ်းခြင်း သို့မဟုတ် မြေပဲဆွတ်ခြင်း

မြေပဲသည် ဥဥပြီး ရိတ်သိမ်းချိန် သို့မဟုတ် ဆွတ်ယူချိန်သက်တမ်းရောက်ပါက အရွက်များရင့်ဝါလာသည်။ ထိုအခါ စနစ်တကျရိတ်သိမ်းဖို့လိုသည်။  အထူးသဖြင့်မြေကျပ်သောအနေအထားမျိုးဖြစ်နေပါက အလေအလွင့်နည်းအောင်ဂရုစိုက်ရိတ်သိမ်းရမည်။မြေပဲကိုရိတ်သိမ်းခြွေယူပြီးနောက် စနစ်တကျနေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်သာကျန်သည်အထိ  နေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်ထက်များနေပါက မြေပဲဆန်တွင်အယ်ဖာတောက်စင်မှိုတစ်မျိုးဖြစ်တတ်သည်။ထိုမှိုသည်ကင်ဆာဖြစ်စေနိုင်သည်။ ထိုမှိုဆိပ်မဖြစ်စေရန်နှင့်ကာကွယ်ရန် မြေပဲရိတ်သိမ်း၍ဆွတ်ယူရာတွင် အောက်ပါအချက်များကိုလိုက်နာရန်လိုသည်။ မြေပဲတောင့်များကိုမထိခိုက်အောင်ဆွတ်ယူရမည်။ ခြွေယူပြီးသီးတောင့်များကို တာပေါ်လင်စ သို့မဟုတ် ပလတ်စတစ်ခံ၍နေလှန်းရမည်။ နေလှန်းနေစဉ် မှိုတတ်နေသောသီးတောင့်များမပါအောင်ပြုလုပ်ရမည်။ပါလျှင်ဖယ်ပစ်ရမည်။မြေပဲဆန်များကိုသိုလှောင်ရာတွင် အရည်အသွေးမမီသောအဆန်များ၊ အမှိုက်သရိုက်များနှင့်ဖုန်သဲကင်းစင်ရမည်။ သတ်မှတ်အစိုဓာတ်ဖြစ်သော ခုနစ်ရာခိုင်နှုန်းအောက်မှာသာထားရှိပြီးသိုလှောင်ရမည်။ ဤအချက်များသည် မှိုဆိပ်မရှိအောင်စနစ်တကျရိတ်သိမ်းသိုလှောင်ရမည့်အချက်များပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြေပဲသည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအပြင် ပြည်ပတင်ပို့နိုင်သည်အထိ မျှော်မှန်းစိုက်ပျိုးသင့်သော ဆီထွက်သီးနှံဖြစ်သည်။   မြေပဲမှမြေပဲဆီ၊ မြေပဲယို၊မြေပဲလှော်၊ ပဲဖတ်တို့ထုတ်လုပ်ရရှိသည်။   မြေပဲဆီသည် စျေးကွက်ဝင်ပြီး  စျေးကောင်းလှသည်။မြေပဲဆီ ၁၀ ပိဿာတစ်ပုံးကို ယနေ့ကာလပေါက်စျေး ၁၉၀၀၀၀-၂၀၀၀၀၀ ခန့်ရှိသည်။ထို့ကြောင့်နိုင်ငံတော်ကမျှော်မှန်းထားသလို ပန်းတိုင်အထွက်နှုန်းရရှိပြီး မြေပဲစိုက်တောင်သူများအနေဖြင့်အကျိုးအမြတ်ရရှိစေရန်ရည်ရွယ်လျက် မြေပဲစိုက်ပျိုးရာတွင် သိထားသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။  မြေပဲစိုက်ပျိုးဝင်ငွေတိုးကြပါစေ။       ။

Source: https://myawady.net.mm/stories

မြန်မာ့ပေါ်ဆန်းမွှေး ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအလားအလာ
-

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးသည် နိုင်ငံ၏အခြေခံကျသော အစားအစာဖြစ်သည့်အပြင် မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်သော စပါးမျိုး စုစုပေါင်း ၂၀၀ ကျော် စိုက်ပျိုးလျက်ရှိပါသည်။ ဆန်စပါးသည် တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာ၏ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး မိုးစပါးနှင့် နွေစပါးစုစုပေါင်း စိုက်ဧက ၁၇ သန်း ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ နှစ်စဉ်ထွက်ရှိသည့် ဆန်စပါး၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း စားသုံးမှုနှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုတွင် အသုံးပြု၍ ကျန် ၂၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

စိုက်ပျိုးထွက်ရှိသော ဆန်စပါးများ

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဆန်စပါးများကို ဆန်လုံးအရှည်၊ ဆန်သားအရောင်နှင့် အရွယ်အစားတို့အပေါ်မူတည်ပြီး ဧည့်မထ၊ လက်ရွေးစင်၊ ငစိန်၊ ဗြတ်နှင့် မြီးတုံးအုပ်စုဟူ၍ အုပ်စုငါးမျိုး ခွဲခြားထားပါသည်။ လေ့လာထားသော သုတေသနတွေ့ရှိချက်များအရ ပြည်တွင်းစားသုံးမှုအများဆုံးနှင့် အကြိုက်နှစ်သက်ဆုံး ဆန်အမျိုးအစားများမှာ မြီးတုံးအုပ်စုဝင် ပေါ်ဆန်းမွှေး၊ ဧည့်မထအုပ်စုဝင် ဧရာမင်းနှင့် လက်ရွေးစင် အုပ်စုဝင် မနောသုခဆန်အမျိုးအစားတို့ ဖြစ်ပါသည်။

ဆန်လုံးရှည်၍ သေးသွယ်ပြီး ဆန်သားကြည်လင်သော ဧည့်မထအုပ်စုဝင် ဆန်အမျိုးအစားများကို ပြည်ပသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ဆန်ဈေးကွက် လေ့လာတွေ့ရှိချက်များအရ အရှေ့အလယ်ပိုင်းဈေးကွက်သည် မြီးတုံးအုပ်စုဝင် ပေါ်ဆန်းမွှေး၊ လုံးသွယ်မွှေးနှင့် ဇီယာဆန်အမျိုးအစားတို့ကို နှစ်သက်ပြီး လက်ရွေးစင်အုပ်စုဝင်ဆင်းသုခကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများက ကြိုက်နှစ်သက်ကြကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် မွှေးကြိုင်သောရနံ့၊ နူးညံ့သောအရသာနှင့် ဆန်သားအရည်အသွေး ကောင်းမွန်မှုတို့ကြောင့် ပြည်တွင်းဈေးကွက်တွင် လူကြိုက်များ၍ ဝယ်လိုအားမြင့်မားပြီး ရေပန်းစားသော ဆန်အမျိုးအစားဖြစ်သည်။ ထို့ပြင် မြန်မာ့ပေါ်ဆန်းမွှေးသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရသော မြန်မာ့မျိုးရင်းစပါးတစ်ခုဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်၏ ပင်ကိုအရည်အသွေး ကောင်းမွန်မှုသည် အားသာချက်တစ်ခုဖြစ်ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဆန်ဈေးကွက်တွင် ဈေးကောင်းရသည့် အရည်အသွေးမြင့်ဆန်များဖြစ်သော ထိုင်းနိုင်ငံမှ စံပယ်နံ့မွှေးသောဆန်၊ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဘာစမာတီဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနှင့် အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးကောင်းရသည့် တန်ဖိုးမြင့် ဆန်အမျိုးအစားဖြစ်ပါသည်။

ရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုး

၁၉၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ မူရင်းပေါ်ဆန်းမွှေးစပါးကို စတင် သတိပြုမိခဲ့ကြပြီး ယခုအခါ နှစ်ပေါင်း ၁၀၀ ကျော် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးစပါးမျိုးများကို ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြပါသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပေါ်ဆန်းဘေးကျား စပါးမျိုးအနည်းငယ်ကို စစ်ကိုင်း တိုင်းဒေသကြီးရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုးရာမှ ထွက်ပေါ်လာခဲ့သည့် ရွှေဘိုပေါ်ဆန်းမွှေးစပါးမျိုးကို မြန်မာနိုင်ငံတွင် ယခုအခါ တွင်ကျယ်စွာ စိုက်ပျိုးလာခဲ့ကြပါသည်။

လေ့လာထားသော သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးသည့် ဒေသ၊ ရာသီဥတု၊ မြေဆီလွှာနှင့် စိုက်ပျိုးနည်းစနစ်များပေါ်မူတည်၍ ပေါ်ဆန်းမွှေးစပါး၏ အထွက်နှုန်းနှင့် အရည်အသွေးသည် ကွဲပြားခြားနားမှုရှိသကဲ့သို့ ပြည်တွင်းဆန်ဈေးကွက်တွင်လည်း ထွက်ရှိရာဒေသပေါ်မူတည်၍ ဧရာဝတီပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကျားစသည်ဖြင့် နာမည်ကွဲများစွာလည်း ခေါ်ဝေါ်ကြပါသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ကြိုက်နှစ်သက်မှုများသော ပေါ်ဆန်းမွှေးဆန်အမျိုးအစားများအနက် ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံက ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံရသည့် ရွှေဘိုပေါ်ဆန်းမွှေးဆန်သည် ကောင်းမွန်သောအရည်အသွေးများကို ပိုင်ဆိုင်ထားသည့် တန်ဖိုးမြင့် မြန်မာ့ပုလဲဆန်အဖြစ် ထင်ရှားလှပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ့ဆန်သည် နိုင်ငံတကာဈေးကွက် အခိုင်အမာရရှိပြီးဖြစ်သည့်အပြင် ယခုထက် ပိုမိုတင်ပို့ရောင်းချနိုင်ရေး အရည်အသွေးကောင်းမွန်၍ ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လမ်းညွှန်မှာကြားထားပါသည်။

ပေါ်ဆန်းမွှေးဆန်သည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းကြိုက်နှစ်သက်မှု၊ စားသုံးမှုနှင့် ဝယ်လိုအား များသည့်အတွက် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်စေရန် ချမှတ်ထားသောမူဝါဒများသည် ပြည်ပတင်ပို့နိုင်စွမ်းအပေါ် သက်ရောက်မှုများရှိနိုင်ပါသည်။ ထို့ကြောင့် ပေါ်ဆန်းမွှေးဆန်များ ပြည်တွင်းစားသုံးမှုဖူလုံရေး လိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေး ရည်မှန်းချက်တို့ကို ချိန်ခွင်လျှာညှိရန်မှာ အရေးကြီးသော မူဝါဒဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။

သုတေသန လေ့လာတွေ့ရှိချက်များအရ မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ဈေးနှုန်းသည် ရာသီဥတု၊ ထုတ်လုပ်မှုနှင့် ဈေးကွက်ဝယ်လိုအားပေါ်တွင် မူတည်၍ပြောင်းလဲမှုများရှိရာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရရှိစေရန် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ပြီး ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်

မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ အရည်အသွေးကို တစ်သမတ်တည်းထိန်းသိမ်းထားနိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် ဆီလျော်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးပြုမှု နည်းစနစ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ကိုအသုံးပြုခြင်း၊ သင့်လျော်သော သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် ဓာတုဆေးများအသုံးပြုခြင်းနှင့် ရေသွင်းရေထုတ်စနစ်များ အသုံးပြုခြင်းတို့သည် ပေါ်ဆန်းမွှေး၏ အထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်ပေးနိုင်ပါသည်။

ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်သော ပေါ်ဆန်းမွှေးစပါးမျိုးများကို စိုက်ပျိုးရေးဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကဌာနများ၊ အဖွဲ့အစည်းများက စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်ကလည်း စိုက်ပျိုးရေးပစ္စည်းများ (ဓာတ်မြေသြဇာ၊ မျိုးစေ့များ) ထောက်ပံ့ပေးခြင်းနှင့် တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ် ငွေကြေးအထောက်အပံ့ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(စိုက်ပျိုးစီးပွားပညာဌာန)မှ လေ့လာထားသော သုတေသနများအရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှထွက်ရှိသော ဧရာဝတီပေါ်ဆန်းနှင့် ဖျာပုံပေါ်ဆန်းစပါးမျိုးတို့သည် ၂၀၀၈ ခုနှစ်တွင် တစ်ဧက ပျမ်းမျှအထွက်နှုန်းတင်း ၄၀ ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၃ ခုနှစ်တွင် တစ်ဧကလျှင် ပျမ်းမျှ ၆၂ တင်းခန့်နှင့် ခင်ဦးမြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၈ ခုနှစ်တွင် တစ်ဧကပျမ်းမျှ ၇၅ တင်းခန့် ထွက်ရှိခဲ့သည်ကို သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စုစုပေါင်း စပါးစိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ရွှေဘိုပေါ်ဆန်းစပါးများ စိုက်ပျိုးခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း ၈၁ တင်းခန့်ထိ ထွက်ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်က အထောက်အပံ့ပေးမှုများနှင့် တောင်သူများ၏ ကြိုးပမ်းမှုရလဒ်များအဖြစ် မြန်မာ့ပေါ်ဆန်းမွှေးစပါးမျိုးများ၏ အထွက်နှုန်းများ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသာစွာတိုးတက်လာနေသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာပြီး ပြည်ပတင်ပို့ရောင်းချရာတွင်လည်း နိုင်ငံတကာဈေးကွက် ပိုမိုရရှိစေရန် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ကြိတ်ခွဲမှု၊ ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှုစနစ်များသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လေ့လာထားသော သုတေသနများအရ မြန်မာ့ပေါ်ဆန်းမွှေးဆန်များ ပြည်ပတင်ပို့ရန်အတွက် ဆန်စပါးတန်ဖိုး ကွင်းဆက်တစ်လျှောက် ပါဝင်သူများသည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဆန်စက်များ၊ နည်းပညာများဖြင့် ကြိတ်ခွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် ခေတ်မီထုပ်ပိုးနည်းစနစ်များ ပြောင်းလဲလုပ်ကိုင်လာကြသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် အရည်အသွေးအသိအမှတ်ပြုလက်မှတ်နှင့် အမှတ်တံဆိပ်များ ပိုမိုအားကောင်းစေရန်အတွက် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက် ရွှေဘိုပေါ်ဆန်းအပါအဝင် မြန်မာ့ပေါ်ဆန်းမွှေးဆန်များကို ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (Geographical Indication - GI) ရရှိရေးအတွက် ဌာနဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ GI များရရှိပါက စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှသည် ပြည်ပတင်ပို့ရောင်းချသူများအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည့်အပြင် ပြည်ပဈေးကွက်များသို့ တင်ပို့မှုမြှင့်တင်နိုင်ရန်အတွက် အခြေခံကောင်းများ ရရှိလာမည်ဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းမပြုမီ ကြိတ်ခွဲရရှိလာသော ပေါ်ဆန်းဆန်များကို ခေတ်မီသိုလှောင်ရုံများအသုံးပြု၍ သိုလှောင်ခြင်း၊ တင်ပို့ရောင်းချရာ လမ်းကြောင်းများတစ်လျှောက် ပို့ဆောင်ရေးကွန်ရက်များတွင် အရေးပါသည့်လမ်းများ၊ တံတားများ၊ ဆိပ်ကမ်းများနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများစသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ

အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိကဝယ်ယူသောနိုင်ငံများဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် အာဖရိကဈေးကွက်ဖြစ်သော တောင်အာဖရိကနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ ဖြစ်လာပါသည်။

ပေါ်ဆန်းမွှေးဆန်၏ ပြည်ပဈေးကွက်ကို ချဲ့ထွင်ရန်အတွက် အာရှ၊ ဥရောပ၊ အမေရိကနှင့် အာဖရိကဈေးကွက်များကို ပိုမိုအာရုံစိုက်ရန် လိုအပ်ပါသည်။ ပေါ်ဆန်းမွှေးဆန် စိုက်ပျိုးထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့သူများအကြား ချိတ်ဆက်မှုများလွယ်ကူချောမွေ့ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ဈေးကွက်ဆိုင်ရာနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ အခြေအနေများကို ဆန်းစစ်လေ့လာသော သုတေသနများ စဉ်ဆက်မပြတ် လုပ်ဆောင်နေရန်လည်း အရေးကြီးလှပါသည်။

ထို့ပြင် တင်ပို့ရောင်းချလိုသည့် နိုင်ငံများ၏ သွင်းကုန်မူဝါဒများ၊ အခွန်များ၊ ခွဲတမ်းများနှင့် အခြားကုန်သွယ်ရေး အတားအဆီးများသည် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပတင်ပို့နိုင်စွမ်းအပေါ် များစွာလွှမ်းမိုးနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်အတွက် ပြည်ပဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် မြန်မာ့ပို့ကုန်မဟာဗျူဟာ၊ ပြည်ပတင်ပို့ခွင့်လိုင်စင်နှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာမူဝါဒများ အရေးကြီးသကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများနှင့် အားသာသောကုန်သွယ်ရေး သဘောတူညီချက်များ ညှိနှိုင်းရရှိရန် တာဝန်ရှိသူများ၏ ကြိုးပမ်းမှုများသည်လည်း အရေးပါလှပါသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ကြိုက်နှစ်သက်မှုများသည့်အပြင် မူလပင်ကို အရည်အသွေးအားသာချက်ရှိကြောင်း သုတေသနများစွာက ဖော်ပြထားပြီးဖြစ်ရာ ထိုအားသာချက်ကိုအခြေပြု၍ ဈေးကွက်အလားအလာအမြင့်ဆုံးရရှိစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိရေးနှင့် ပြည်ပဈေးကွက်တိုးမြှင့်ရရှိနိုင်ရေးတို့အတွက် ထုတ်လုပ်မှု၊ အရည်အသွေး၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံတို့ကို ကိုင်တွယ်ဖြေရှင်းသော ဘက်စုံချဉ်းကပ်မှုများ ပြုလုပ်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာခြင်း၊ အရည်အသွေးထိန်းချုပ်နိုင်ခြင်း၊ ဈေးကွက်အလားအလာများရှိခြင်းနှင့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာခြင်းသည် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပတင်ပို့နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရေးကြီးပါသည်။ ထို့ပြင် အစိုးရ၏ ထိရောက်သော မူဝါဒများဖြင့်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ပြည်ပတင်ပို့မှုအတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမည် ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ရှေ့အလားအလာများ ယခုထက်ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ။

Source: MOI

အေးမိုးစံ (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)