ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမြဲအမှတ်ရနေရမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ
-

ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့  ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။  နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက်  အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။  ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့  ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။   ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမ

ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့  ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။  နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက်  အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။  ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့  ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။   ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ဥရောပအဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကိုခြိမ်းခြောက်လာတဲ့  ရန်သူတွေကိုတိုက်ခိုက်ခြင်းဖြင့်အသက်ပေးလှူခဲ့ကြရသူ   ဆိုဗီယက်စစ်သည်နဲ့   အရပ်သားစုစုပေါင်း  ၂၆  သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေမည်မျှပင်ကြာမြင့်လာသည်ဖြစ်စေမေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊   အမှန်တရားအတိုင်းအောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကိုဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသောနေ့ရက်တစ်ရက်အဖြစ် ထာဝရတည်ရှိနေမှာပါ။

ဆိုဗီယက်ပြည်ထောင်စုက ဟစ်တလာရဲ့အစိုးရနဲ့ သူ့ဥရောပအဆွယ်အပွားတွေရဲ့   စစ်အင်အားကိုအလုံးစုံပျက်သုဉ်းအောင်   ချေမှုန်းနိုင်ဖို့အတွက် တိကျပြတ်သားပြီးအခြေခံကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲရဲ့ပထမသုံးနှစ်တာကာလအတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုကနာဇီဂျာမနီတို့ကို တစ်ကိုယ်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး အဲဒီအချိန်တုန်းက  သိမ်းပိုက်ခံထားရတဲ့ ဥရောပဒေသတစ်ခွင်လုံးဟာ နာဇီတပ်တော်ကြီးအတွက်သာ အလုပ်တွေလုပ်ခဲ့ရတာပါ။ ဂျာမနီတို့ကလက်နက်ချအညံ့ခံသွားပြီးနောက်     ဆိုဗီယက်ပြည်ထောင်စုက  မဟာမိတ်များအပေါ်ပေးထားတဲ့သူ့ရဲ့ကတိပြုမှုများကိုလိုက်နာတဲ့အနေနဲ့ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ဂျပန်တို့ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။    ဂျပန်တို့ရဲ့တိုက်ခိုက်မှုကြောင့် တရုတ်၊ ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံများဟာ ဘေးဒုက္ခပေါင်းများစွာသင့်ခဲ့ရတာပါ။

မိမိတို့အနေနဲ့ ဝင်ရိုးတန်းတပ်ဖွဲ့များဖြစ်တဲ့ နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီနဲ့ ဂျပန်အင်ပါယာတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ မဟာမိတ်တပ်မတော်များ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ တရုတ်နိုင်ငံမှစစ်သည်များနဲ့ထောက်ခံသူများအားလုံးကို လေးစားဂုဏ်ယူလျက်ရှိပါတယ်။ ဒီလိုမျိုး စုပေါင်းစွမ်းအားတွေကြောင့်ပဲ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်စေခဲ့တာပါ။ဒါကြောင့် မိမိတို့က ဘုံရန်သူနဲ့ပတ်သက်ပြီး မိမိတို့ရဲ့အတူတကွလက်တွဲလှုပ်ရှားမှုများနဲ့ မဟာမိတ်များရဲ့အစဉ်အလာများကို ထာဝရအမှတ်ရနေမှာဖြစ်ပါတယ်။

မဟာအောင်ပွဲကြီးက အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ကြီးမားစွာအားပေးမြှင့်တင်နိုင်ခဲ့ပြီး နယ်ချဲ့ကိုလိုနီ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းစဉ်ကိုလည်း စတင်လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစုနိုင်ငံများကိုချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင်ဗမာ)အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)    တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို    ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကိုစုစည်းခဲ့တဲ့အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာ ဗမာ့အမျိုးသားတပ်မတော်ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းကနေ ဂျပန်တပ်ဖွဲ့တွေကို  မလွဲမသွေထွက်ခွာသွားစေပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ကနေ လွတ်လပ်သောနိုင်ငံအဖြစ်ကြေညာနိုင်စေခဲ့တဲ့ နိုင်ငံရေးအရ ပကတိအခြေအနေအသစ်များဆီသို့လည်း ရွေ့လျားဆင်းသက်လာစေတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးကနေထွက်ပေါ်လာတဲ့ အရေးအကြီးဆုံးသောရလဒ်များအနက် တစ်ခုမှာ ကုလသမဂ္ဂကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံအသစ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အောင်နိုင်သူအင်အားကြီးနိုင်ငံဖြစ်တဲ့    ရုရှားနိုင်ငံက  ဒီနှစ်မှာပဲနှစ်(၈၀)ပြည့်မြောက်မယ့်  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးပေါ်ပေါက်လာဖို့နဲ့   ကောင်းစွာရပ်တည်နိုင်စေဖို့   ကြီးမားသောကူညီထောက်ပံ့မှုတွေပေးနိုင်ခဲ့ပါတယ်။  အခုဆိုရင်  ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာတစ်ခုကို  မှန်ကန်စွာရယူထားနိုင်တာဖြစ်ပါတယ်။

ရုရှားနိုင်ငံက    နောက်ထပ်ကမ္ဘာစစ်ပွဲကြီးတွေဖြစ်ပွားစေမယ့်ကပ်ဆိုးကနေ ကမ္ဘာကြီးကိုဘေးကင်းအောင်ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက်   သမိုင်းကြောင်းအရ ရယူရမယ့်တာဝန်ဝတ္တရားကို နားလည်သိရှိထားပါတယ်။ မိမိတို့ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒသဘောတရားက လက်ရှိထွန်းသစ်စဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့အကျိုးစီးပွားနဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှု  ဗဟိုပူးပေါင်းဆောင်ရွက်မှုယန္တရားအဖြစ်ကုလသမဂ္ဂရဲ့အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးအပေါ် ဦးစားပေးထားပါတယ်။ ဒီရည်မှန်းချက်ဆီဦးတည်သွားရာမှာ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကို  အများစုအဖြစ်   ကိုယ်စားပြုတဲ့စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ မှာပြီးဆုံးခဲ့ပေမယ့်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခကြီးတွေမှာ သူ့ရဲ့ပဲ့တင်ထပ်သံကို ကြားယောင်နေရဆဲဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေကိုဖန်တီးသူတွေက Das Dritte Reich ရဲ့ဘာလင်စာအုပ်ထဲမှာဖော်ပြထားသလိုမျိုး မတူကွဲပြားသောဝါဒနဲ့ သာလွန်မှုကိုကြိုက်နှစ်သက်ပါတယ်ဆိုသောသူများဖြစ်ပါတယ်။   ကိုလိုနီနယ်ချဲ့မူဝါဒကို လိမ်လည်လှည့်စားမှုနဲ့လှည့်ဖြားမှုတို့ဖြင့် ဖုံးကွယ်ထားတဲ့အနောက်အုပ်စုအင်အားကြီးနိုင်ငံများကြောင့် ဒုတိယကမ္ဘာစစ်ဆိုတဲ့အကြောင်းရင်းများ၊   အကျိုးရလဒ်များနဲ့ပတ်သက်တဲ့ သမိုင်းအချက်အလက်အမှားတွေကိုမိမိတို့အနေနဲ့သိမြင်ခဲ့ကြရပါတယ်။ သူတို့က မျိုးနွယ်စုများကြား၊ ဘာသာရေးအသိုက်အဝန်းများကြားဒေသတွင်းပဋိပက္ခများဖြစ်ပွားအောင် မီးထိုးပေးခြင်းအားဖြင့် ရောမအင်ပါယာရဲ့အဆိုအမိန့်ဖြစ်တဲ့ “သွေးခွဲအုပ်ချုပ်” ဆိုတဲ့ဆိုရိုးစကားနဲ့အညီ တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်တွေကနေ အချုပ်အခြာအာဏာနဲ့ လွတ်လပ်သောနိုင်ငံများကို အခြားနိုင်ငံများနဲ့ ခွဲထုတ်ဖို့လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဥရောပဒေသအနှံ့အပြားမှာ နာဇီဝါဒကိုအမွှမ်းတင်ဖို့ လုပ်ဆောင်တဲ့ကြိုးပမ်းမှုတွေကို ထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ ဘောတစ်ဒေသနိုင်ငံများနဲ့ ယူကရိန်းနိုင်ငံတို့မှာ ပြည်တွင်း နာဇီရာဇဝတ်သမားများနဲ့ ကြံရာပါပူးပေါင်းဆောင်ရွက်သူများ ပြန်လည်နိုးထလာခြင်းဟာ ဥရောပသမဂ္ဂရဲ့တရားဝင်မူဝါဒနဲ့အညီဆိုသလိုဖြစ်လာပြီး ဒါဟာ နိုင်ငံရေးနဲ့စိတ်ဓာတ်ရေးရာမှာနိမ့်ကျခြင်းတို့ရဲ့  ထင်သာမြင်သာရှိသော ဥပမာများကို  မျက်စိစုံမှိတ်ထားသလိုဖြစ်နေပါတယ်။

ထိုသို့ဆိုးလာသည့်တိုင်အောင် ယူကရိန်းနိုင်ငံအတွင်းရှိ နာဇီကိုလိုလားတဲ့အစွန်းရောက်အမျိုးသားရေးအင်အားစုများကို အနောက်အုပ်စုမှခေါင်းဆောင်များက မသိမသာအတည်ပြုထောက်ခံပေးနေခြင်းကြောင့်ယူကရိန်းအစိုးရကိုယ်တိုင်ကရုရှားနိုင်ငံသားများအများဆုံး နေထိုင်လျက်ရှိတဲ့ဒေသများရှိ သာမန်ပြည်သူများနဲ့ နိုင်ငံရေးအတိုက်အခံအင်အားစုများအပေါ် ကြမ်းကြုတ်ရက်စက်မှုများစွာကျူးလွန်လာနိုင်တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာဖြစ်ပွားတဲ့ သွေးမြေကျ   အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ယူကရိန်းအစိုးရက ဒွန်းဘက်ဒေသမှာဆိုးရွားပြင်းထန်လှတဲ့ စစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲကာ မြို့ကြီးပြကြီးတွေမှာ   မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများနဲ့အတူ အရပ်သားပြည်သူထောင်ပေါင်းများစွာရဲ့အသက်ဇီဝိန်များကို ခြွေယူခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်းခေါင်းဆောင်များက သူတို့ကိုယ်သူတို့ NATO တပ်ဖွဲ့အတွက် မြို့တံခါးဖျက်သစ်တုံးအဖြစ်ကိုရွေးချယ်ခဲ့တာကြောင့် ဒါဟာရုရှားနိုင်ငံအတွက် စစ်ရေးအရတိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ ဒါကြောင့်လည်း ပဋိပက္ခက မလွဲမသွေဖြစ်လာရတာဖြစ်ပါတယ်။  ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းအထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့စစ်သည်တွေကို    မိန့်ခွန်းပြောကြားရာမှာ “ဒီကနေ့အချိန်အခါမှာ ရဲဘော်တို့က အတိတ်မှာဆိုရင်လည်း အမိမြေရဲ့လုံ ခြုံရေးနဲ့အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့ရသလို ဒုတိယကမ္ဘာစစ်ကြီးကပေးတဲ့သင်ခန်းစာကိုလည်း ဘယ်သူမှမေ့ပျောက်လို့မရအောင်စွမ်းဆောင်ခဲ့ပြီး ကမ္ဘာကြီးမှာ နှိပ်စက်ညှဉ်းပန်းသူများ၊ လူသတ်သမားများနဲ့   နာဇီများအတွက် နေစရာနေရာမရှိအောင်   ဆောင်ရွက်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့တာရှိပါတယ်။

အာရှနဲ့ပစိဖိတ်ဒေသမှာဆိုရင် ဂျပန်အာဏာပိုင်များက   အင်ပါယာစနစ်ဆိုးကြီးရဲ့အမှားများကို ဘယ်တုန်းကမှ  နောင်တမရခဲ့ဘဲ တရုတ်နိုင်ငံကိုထိန်းချုပ်ရန်နဲ့ထိပ်တိုက်ရင်ဆိုင်ရန်လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ပုံပြုခြင်းလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းပြီး   မဟာမိတ်ဖွဲ့စည်းတည်ထောင်မှုများကို  လုပ်ဆောင်လာလျက်ရှိပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ အငြင်းပွားမှုများစွာရှိသော်လည်း ရုရှားနိုင်ငံကတော့ တူညီမှုရှိပြီး ခွဲခြားလို့မရနိုင်တဲ့လုံခြုံရေးစနစ်တည်ဆောက်မှုကိုသာ အမြဲတမ်းထောက်ခံအားပေးခဲ့ပါတယ်။ ဒီလုံခြုံရေးစနစ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ်အရေးကြီးတဲ့စနစ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ BRICS အဖွဲ့တို့မှာရှိတဲ့ စိတ်တူသဘောတူရှိသောမိတ်ဖက်နိုင်ငံများနဲ့အတူ မဟာယူရေးရှားဒေသနဲ့နောက်ပိုင်းမှာလုံခြုံရေးပုံစံအသစ်ထွက်ပေါ်လာရေးကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ဘုံရန်သူကိုတိုက်ခိုက်ရာမှာတွေ့ကြုံခဲ့ရတဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံတို့အပေါ်ယုံကြည်မှုက နိုင်ငံအားလုံးရဲ့ လွတ်လပ်ပြီးကိုယ်ပိုင်သတ်မှတ်ချက်ရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက်တူညီသောအခွင့်အလမ်းမူဝါဒများအပေါ် အခြေခံတဲ့မျှတမှုရှိသောကမ္ဘာကြီးဆီသို့ လျှောက်လှမ်းရာမှာအခြေခိုင်စေမှာဖြစ်ပါတယ်။

မိမိတို့အနေဖြင့်   အနိုင်မခံအရှုံးမပေးသောအောင်နိုင်သူမျိုးဆက်များအဖြစ် ဂုဏ်ယူဝင့်ကြွားရပါတယ်။ သူတို့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ မိမိတို့အနေနဲ့ ဒုတိယကမ္ဘာစစ်မှကြမ်းတမ်းတဲ့သင်ခန်းစာများကိုမှတ်သားလေ့လာပြီး ဒီအမှားများကိုနောက်တစ်ကြိမ်မကျူးလွန်စေဖို့နဲ့   နာဇီဝါဒကိုအောင်နိုင်ခဲ့သူများရဲ့ အမှတ်တရများကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်  တာဝန်ရှိပါတယ်။

သူတို့က မိမိတို့ကို တာဝန်ဝတ္တရားနဲ့  နိုးကြားမှုရှိကာနောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ပွားမှုကို   ရှောင်လွှဲနိုင်ဖို့အတွက် အရာအားလုံးကိုလုပ်ဆောင်မယ့်သူများအဖြစ် ယုံကြည်ကိုးစားခဲ့ကြတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

Source: https://myawady.net.mm/stories 

ဘာသာပြန်ဆိုသူ-ထက်မြတ်

ခေတ်သမိုင်းအဆက်ဆက် ပြည်သူ့အတွက် တပ်မတော်
-

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍အချုပ်အခြာ အာဏာပိုင်နိုင်ငံသို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်ရှိလာသည်။ လွတ်လပ်ရေးရရှိသည့် အချိန်တွင် ပထမဦးဆုံးသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ၃၁ ရက်နေ့အထိ   တာဝန်ထမ်းဆောင်ခဲ့သည်။   ပြည်တွင်းသောင်းကျန်းမှု အရှိန်အဟုန်မြင့်တက်လာချိန်သည့်အချိန်တွင်  ကာကွယ်ရေးဦးစီးချုပ်တာဝန်အား  ဗိုလ်ချုပ်ကြီးနေဝင်းက တာဝန်ယူခဲ့ရသည်။

မြန်မာ့သမိုင်းကြောင်းတွင်   လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည်  လွတ်လပ်ရေးရရှိသည့် ကာလတွင်လည်း ရရှိထားသော လွတ်လပ်ရေးကြီးပြန်လည် မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီးချိန်တွင်  လက်နက်စွဲကိုင်ကာ နိုင်ငံတော်အစိုးရကို ပုန်ကန်တိုက်ခိုက်သည့် သောင်းကျန်းသူအဖွဲ့များ အများအပြားပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေးရရှိသည်ဟု ဆိုသော်လည်း မြန်မာပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်ရသည်မဟုတ်ပေ။ ရောင်စုံသောင်းကျန်းသူတို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ခုလုံး၏ နယ်မြေအများအပြားသည် သောင်းကျန်းသူများ၏ ထိန်းချုပ်ခြင်းကိုခံရသည့်အတွက် ပြည်ပနိုင်ငံအချို့က ဖဆပလ အစိုးရကို ရန်ကုန်အစိုးရဟုပြက်ရယ်ပြုခဲ့သည်။

ထိုစဉ်က မြန်မာ့တပ်မတော်၏အင်အားမှာ ၂၀၀၀၀ ခန့်သာရှိပြီး သောင်းကျန်းသူများ၏ အင်အားမှာ ၄၅၀၀၀ ခန့်ရှိသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်တပ်မတော်သည် ဖိုးသာအောင်ကုန်းတံတား၊ ဝက်ကော်တံတား၊ ပဲခူးကတုတ်ကြီးဘုရား၊ အင်းစိန်၊ သာစည်  စသည့်နေရာများတွင် တိုက်ပွဲကြီးများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲကြီးများမှာ နိုင်ငံတော်၏ကံကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲကြီးများဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သောင်းကျန်းသူများလက်မှ မြို့ကြီးများနှင့်မြို့ငယ်များကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။

တပ်မတော်၏စွန့်လွှတ်စွန့်စားကြိုးပမ်း တိုက်ခိုက်မှုကြောင့် ပြည်တွင်းရောင်စုံ သောင်းကျန်းမှုများ ချုပ်ငြိမ်းဆဲတွင် ပြည်ပကျူးကျော်မှုနှင့် ရင်ဆိုင်ရပြန်သည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှစ၍ တရုတ်ဖြူအင်အား ၂၀၀ ခန့်သည် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ရောက်ရှိလာသည်။ ၁၉၅၂ ခုနှစ်အကုန်သို့ ရောက်ရှိသည့်အခါ  အင်အား  ၁၅၂၅၀  ဦးခန့်ဖြစ်လာသည့် အတွက်  မြန်မာ့တပ်မတော်သည်  ကျူးကျော်သူ ကူမင်တန် (တရုတ်ဖြူ)များအား ကျိုင်းတုံစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ မိုင်းယောင်းစစ်ဆင်ရေး၊ မိုင်းခတ်စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီး ၂၀ ခုဖြင့် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အထိ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က စစ်ရေးအရ နိုင်ငံတော်ကို ကာကွယ်တိုက်ခိုက်နေရချိန်တွင် နိုင်ငံရေးအရ တိုင်းပြည်ကိုအုပ်ချုပ်နေသည့် ဖဆပလအဖွဲ့ကြီးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဦးနုက နိုင်ငံရေးထွက်ပေါက်အဖြစ် ကာကွယ်ရေးဦးစီးချုပ်အား  ဝန်ကြီးချုပ် တာဝန်ယူပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံပေးစာနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်ကြားစာများကို သတင်းစာများတွင် ဖော်ပြကြသည်။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုသည် အထက်မြန်မာနိုင်ငံသို့ စည်းရုံးရေး ခရီးထွက်သည်။ ခရီးမထွက်မီ  ကြိုတင်အသံသွင်းခဲ့သော မိန့်ခွန်းတစ်ရပ်ကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါထုတ်လွှင့်ချက်တွင် တပ်မတော်နှင့် ပတ်သက်၍ “ မြန်မာ့တပ်မတော်ကြီးဟာ ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ ကျေးဇူးရှင် တပ်မတော်ကြီးဖြစ်တယ်။  ပြည်ထောင်စုကြီးဟာ သူပုန်ရောင်စုံတွေကြောင့်  ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာလိုတော့တဲ့ နေရာကနေပြီး အခုလို လွတ်မြောက်လာတာဟာ မြန်မာ့တပ်မတော်ကြီးရဲ့ ကျေးဇူးကြောင့် ဖြစ်တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူစစ်တပ်တွေက ကျွန်တော်တို့ရဲ့ နယ်နိမိတ်ထဲ ကျူးကျော်စော်ကားခဲ့တာကို အင်မတိအင်မတန်ကြီးကျယ်တဲ့   အခက်အခဲတွေကြားတွေထဲက   မြန်မာ့တပ်မတော်ဟာ အရိုးကြေကြေ အရေခန်းခန်းဆိုတဲ့    ဇွဲတွေ၊   သတ္တိတွေနဲ့  စွန့်စွန့်စားစား တိုက်ထုတ်ခဲ့တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ အဲဒါကြောင့်သန့်ရှင်းဖဆပလတွေဟာ မြန်မာ့တပ်မတော်ရဲ့ဂုဏ်ကို တခြားလူတွေထက်ပိုပြီး ကာကွယ်နိုင်ကြပါစေ၊ မြန်မာ့တပ်မတော်ကြီးကို ပိုမိုလေးစားကြည်ညိုနိုင်ပါစေ” ဟူ၍ ပြောကြားခဲ့သည်။

ဤသည်မှာ ထင်ရှားသော သမိုင်းမှတ်တမ်းဖြစ်သည်။  ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာ လိုတော့သည်ဟူသော စကားမှာလည်း ဝန်ကြီးချုပ်ဦးနုက စတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင်  တာဝန်ထမ်းဆောင်ရသည်။

ဗိုလ်ချုပ်ကြီးနေဝင်း  ဦးဆောင်သော အိမ်စောင့်အစိုးရတွင် တပ်မှ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်မှူးချုပ်တင်ဖေတို့ နှစ်ဦးသာပါဝင်ခဲ့သည်။  အိမ်စောင့် အစိုးရပြန်ပြင်ဖွဲ့သောအခါ ဗိုလ်မှူးချုပ် တင်ဖေ မပါဝင်တော့ပေ။ အိမ်စောင့်အစိုးရသည် သောင်းကျန်းသူများနှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ကြိုးစားခဲ့သည်။ မရသောအခါ သောင်းကျန်းသူများကို ထိုးစစ်ဆင်ကာ နိုင်ငံတည်ငြိမ်ရေးကိုကြိုးပမ်းသည်။ ထို့အတူရန်ကုန်မြို့တွင် စစ်ဘေးရှောင်များနှင့် ပြည့်နှက်နေပြီး စနစ်တကျနေထိုင်ခြင်း မရှိသည့်အတွက် ကျူးကျော်ရပ်ကွက်များကို ဖျက်သိမ်းကာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဝေဘာဂီ စသည့် မြို့သစ်များ တည်ထားပြီး ပြောင်းရွှေ့နေထိုင်စေသည်။

ထို့ပြင် ထူးခြားစွာဆောင်ရွက်နိုင်ခဲ့သည်မှာ ရှမ်းပြည်နယ်တွင်စော်ဘွားများ၏ အာဏာစွန့်လွှတ်နိုင်ရေးအတွက် တလုံးတစည်းတည်းသော   (လျော်ကြေး) ပင်စင်ပေးခဲ့သည်။  ထို့အတူဖဆပလအစိုးရ လက်ထက်တွင် စတင်ဆောင်ရွက်သော်လည်း မပြီးမပြတ်သေးသည့်   တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စများကို အိမ်စောင့်အစိုးရ လက်ထက်တွင်   အောင်မြင်ပြီးမြောက်ခဲ့သည်။ သောင်းကျန်းသူများကြီးစိုးရာ နယ်စပ်ဒေသများတွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်နိုင်အောင် တပ်မတော်က စစ်ဆင်ရေးကြီးများဖြင့် ဆောင်ရွက်ခဲ့သည်။  အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင်အိမ်စောင့်အစိုးရက ပါလီမန်အစည်းအဝေး ကျင်းပကာ ဦးနုထံသို့ နိုင်ငံတော်အာဏာကို လွှဲအပ်ပေးခဲ့သည်။ သန့်ရှင်းဖဆပလအဖွဲ့သည် ဦးနုအားဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ကာ အစိုးရအဖွဲ့ကိုဖွဲ့စည်းစေသည်။     သန့်ရှင်းဖဆပလအဖွဲ့ကိုလည်း “ပြည်ထောင်စုပါတီ”  ဟု အမည်ပြောင်းခဲ့သည်။ သို့သော်ပါတီအတွင်း  ဦး၊ ဗိုလ်၊ သခင်အုပ်စုများကွဲပြားခြင်း၊ ရှမ်းပဒေသရာဇ်အနွယ်များက ဖက်ဒရယ်မူကိုပြင်းထန်စွာ တင်ပြဆွေးနွေးပြီး နိုင်ငံတော်မှခွဲထွက်ရန် ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာခြင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တည်ထောင်ရေးပြဿနာများပေါ်လာခြင်းတို့ကြောင့် ပြည်ထောင်စုကြီးအစိတ်စိတ် အမြွှာမြွှာပြိုကွဲ၍ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့် အခြေအနေကြုံလာသည့်အတွက်  ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်  တော်လှန်ရေးကောင်စီက  ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင်   နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

တော်လှန်ရေးကောင်စီ လက်ထက်တွင်   ပြည်တွင်းသောင်းကျန်းမှုအား ထိရောက်စွာ အရှိန်လျှော့ချနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံကိုပြန်လည် ထူထောင်ရာတွင်     တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ    ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့်များကိုလည်း ထုတ်ပြန်ပေးခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုများကို ထိရောက်စွာ ချေမှုန်းနိုင်ရန်အတွက် ၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်တွင် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်ကို တပ်မတော်၏ ပထမဦးဆုံး ခြေမြန်တပ်မဌာနချုပ်အဖြစ်  ဖွင့်လှစ်သည်။  ၁၉၆၇ ခုနှစ် မေလ ၁ ရက်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်နှင့် ၁၉၆၈  ခုနှစ် မေလ ၂၀ ရက်တွင် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်တို့ကို  ဖွင့်လှစ်ခဲ့သည်။

ထိုအချိန်က  တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ သောင်းကျန်းသူများနှင့်အခြားသောင်းကျန်းသူ မျိုးစုံတို့အား နွေဦးစစ်ဆင်ရေး၊ ရွှေလင်းယုန်စစ်ဆင်ရေးအဆင့် (၁)မှ(၁၀)၊ ရွှေလဝင်းစစ်ဆင်ရေးအဆင့်(၁)မှ(၅)၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖြစ် မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ(၅)နှင့်ထော်ပိုင် စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး မုံးကိုးစခန်းတိုက်ပွဲ၊ ကုန်းကြမ်းစခန်းတိုက်ပွဲ၊  ငါးပြေမစားကျက်တိုက်ပွဲ၊  မန်ယုံမော်တိုက်ပွဲ၊ မုံးစီး-နားလယ်တိုက်ပွဲ၊ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ဆေးရုံစခန်းတိုက်ပွဲ၊ ပွိုင့်၃၁၂၇ တောင်ကုန်းတိုက်ပွဲ၊ ကောင်းခမ်းတိုက်ပွဲ၊ လောအမ်ကျိုင်းတိုက်ပွဲများမှာ မြန်မာ့တပ်မတော်၏  ထင်ရှားသော တိုက်ပွဲများဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါတီအများကြီးဖွဲ့ပြီးစိတ်ဝမ်းကွဲကာ မညီညွတ်ဖြစ်နေခြင်းမှာ တိုင်းပြည်တိုးတက်ရေးကို ထိခိုက်သည်။ ထို့ကြောင့် တစ်ပါတီစနစ်ကိုကျင့်သုံးပြီး    ဆိုရှယ်လစ်စနစ်ဖြင့်ချီတက်ရန်အတွက် ပါတီပေါင်းစုံမှပုဂ္ဂိုလ်များကို ဖိတ်ခေါ်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်စေခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ အဆိုပါဥပဒေမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံတော်ကို ဦးဆောင်ခဲ့သည့် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိကာလများသည် နိုင်ငံတော်ကိုတပ်မတော်က အုပ်ချုပ်ခြင်းမဟုတ်ပါ။ တပ်မတော်သည်နိုင်ငံတော်အစိုးရတစ်ရပ်၏ ဦးဆောင်မှုအောက်တွင်သာရှိနေပြီး  နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအတွင်း ၁၉၈၀ ပြည့်လွန်နှစ်ရောက်ရှိချိန် နိုင်ငံ့စီးပွားရေး ကျဆင်းလာပြီး မှောင်ခိုဈေးကွက် ကြီးမားလာခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကြောင့် နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးလာခြင်း၊ ကုန်ထုတ်စွမ်းအားကျဆင်းခြင်း၊ မသမာသူနိုင်ငံရေးသမားအချို့၏ ပယောဂနှင့်သွေးထိုး လှုံ့ဆော်မှုကြောင့်  အစိုးရအပေါ်အထွေထွေ မကျေနပ်မှုများဖြစ်ပေါ်လာခြင်း၊    ပြည်ပအသံလွှင့်ဌာနများက အမျိုးမျိုးသော   သတင်းအမှားများထုတ်လွှင့်ကာ သွေးထိုးလှုံ့ဆော်ခြင်း၊ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရပြီး ရဲစခန်းများအားမီးရှို့၊ လူသတ်ခြင်း၊   အရပ်သားပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်သည်အထိ မင်းမဲ့စရိုက်လွှမ်းမိုးလာသည်။  ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ဆူပူမှုအရေးအခင်းကြီး တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

အဆိုးဆုံးအခြေအနေမှာ ပြည်ထောင်စုကြီးပြိုကွဲကာ  အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးတော့မည်ဖြစ်သဖြင့် တပ်မတော်က  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင်  နိုင်ငံတော်တာဝန် အရပ်ရပ်ကို  ထိန်းသိမ်းလိုက်ရသည်။ 

တပ်မတော်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော   ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးအဖြစ်   ဦးထိပ်ထားဆောင်ရွက်သည်။  

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အချိန်ကာလများတွင် တပ်မတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်နေ့မအားညမအား ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ တပ်မတော်သားတို့သည်မူလပင်မအလုပ်များအပြင် ရထားလမ်း၊ ကားလမ်း၊   လေယာဉ်ပြေးလမ်းများ၊ မြစ်ကူးချောင်းကူးတံတားများ၊ မြို့သစ်များ၊     အခြေခံပညာကျောင်းများ၊  တက္ကသိုလ်များ တည်ဆောက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ကြရသည်။

မူလတာဝန်ဖြစ်သည့်  နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရသည်။   မိုင်းယန်း- မဲသဝေါ  စသည့်နိုင်ငံအတွက်အရေးကြီးသည့်တိုက်ပွဲများကို   အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။ ပြည်ပသို့ရောက်ရှိကာ   စင်ပြိုင်အစိုးရအဖြစ်ရပ်တည်နေသည့်ပြည်ပြေးများကလည်း လေလှိုင်းကြားမှ အနှောင့်အယှက်ပေးနေသကဲ့သို့ အနောက်နိုင်ငံအချို့ကလည်း  စီးပွားရေးပိတ်ဆို့မှုများကိုတင်းကျပ်စွာ    ပြုလုပ်လျက်ရှိသည်။ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းနေသည့်ကုမ္ပဏီများ ပြန်လည်ရုပ်သိမ်းသွားကြသည်။  ထိုစဉ်က  နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်အဖြစ်    သတ်မှတ်ကာ ကြိုတင်ပြင်ဆင်ထားသော  လုပ်ငန်း များမှာလည်း   မြန်မာနိုင်ငံတွင်းသို့ပြည်ပခရီးသွားများ လာရောက်ခြင်းမပြုကြရန် စည်းရုံးလှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးခဲ့ရသည်။

သို့သော်  နိုင်ငံတော်၏တာဝန်ကို ဦးဆောင်နေရသည့်    တပ်မတော်အနေဖြင့်  နိုင်ငံ့အကျိုးကိုသာရှေးရှုဆောင်ရွက်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးကာ  နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို   အကောင်အထည်ဖော်ပေးခဲ့သည်။  ပြည်သူများ လိုလားတောင့်တသည့်     စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရန်မှာ  အဓိက လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။   အဆိုပါအမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။   ရရှိလာသည့်အခြေခံမူများအပေါ် မူတည်၍ ဥပဒေပညာရှင်များ ပါဝင်သောအဖွဲ့က နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေကို ရေးဆွဲခဲ့ကြပြီး ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၇ ရက်တွင် လွတ်လပ်၍ တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ပထမဆုံးသော ဒီမိုကရေစီအစိုးရတစ်ရပ် စတင်ပေါ်ပေါက်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များနှင့်အညီ  နိုင်ငံရေးတာဝန် များကို   ပါဝင်ထမ်းဆောင်ရသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရသည်။   ယနေ့မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်   တွေ့မြင်နေရသော နေပြည်တော်မြို့တော်   အပါအဝင်မြို့သစ်များ၊ အစိုးရရုံးများ၊ လွှတ်တော်ဆိုင်ရာရုံးများ၊   လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ၊ တက္ကသိုလ်များအားလုံးမှာ ထင်ရှားသောအရာများအဖြစ်   တပ်မတော်က တည်ဆောက်ထားခြင်းဖြစ်သည်။

တပ်မတော်သည် နိုင်ငံအတွက်စတင်ပေါ်ထွန်းလာသည်မှ စဉ်ဆက်မပြတ်ပြည်သူလူထု၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ပေးလျက်ရှိသည်။  သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအမျိုးမျိုး ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီရောက်ရှိကာ ကူညီကယ်ဆယ်ရေးများကိုဆောင်ရွက်ပေးလျက်ရှိသည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 2 .jpg

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 4 .jpg

လူသားတိုင်းတွင် ကျန်းမာရေးသည် အဓိကဖြစ်ပေရာ  ပြည်သူများ ကျန်းမာရေးအတွက်   ဆောင်ရွက်ချက်များတွင် တပ်မတော်နယ်လှည့် အထူးဆေးကုသရေးလည်း ပါဝင်သည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 5 .jpg

တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား   ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့အနေဖြင့်  ၂၀၁၃  ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့်   မြစ်ကြောင်းများ တစ်လျှောက် ဆေးကုသရန်ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည်(၁၉)ကြိမ်မြောက်ဖြစ်သည်။   (၁၈)ကြိမ်မြောက်အထိဒေသခံ ပြည်သူစုစုပေါင်း ၁၇၈,၇၃၅ ဦးတို့ကို  ကျန်းမာရေး စောင့်ရှောက်မှုပြုပေးခဲ့သည်။ ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌   ကိုယ်ဝန်ဆောင်မိခင်၂၈ ဦးတို့အား  အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့သည်။

အလားတူတပ်မတော် အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်ပင်လယ်သွား     ဆေးရုံရေယာဉ်(သံလွင်)သည် ၂၀၁၆  ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိရာ  ယခုခရီးစဉ်သည်    (၁၈) ကြိမ်မြောက်ဖြစ်သည်။ (၁၇)ကြိမ်မြောက် အထိ ဒေသခံပြည်သူစုစုပေါင်း ၁၅၇၀၈၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ် ရှိသားဖွားခန်းတွင် ကိုယ်ဝန်ဆောင် မိခင် ၂၁  ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 6 .jpg

ဤသည်မှာထင်ရှားမြင်သာသော ကျန်းမာရေးစောင့်ရှောက်မှုကို ဖော်ပြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များတွင် တပ်မတော်၏ ဆောင်ရွက်ချက်များကြောင့် ပြည်သူများအသက်ရှင်သန်ခဲ့ကြရသည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကိုထာဝစဉ် ဦးထိပ်ထားသည့်အပြင် ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသည့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင်  နိုင်ငံ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို    သမိုင်းစာမျက်နှာများက  ထင်ရှားခိုင်မာစွာ ကမ္ပည်းတင်လျက်ရှိပါသတည်း။    ။

သုမုခ

ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးမှတစ်ဆင့် ချစ်ကြည်ရင်းနှီးသော မိတ်ကောင်းဆွေကောင်းများနှင့်အတူ
-

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည့်  နိုင်ငံဖြစ်သည်။   ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်သော ဆက်ဆံရေးကိုရှေးရှုသည်။   နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ   အတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုသာ အစဉ်ရှေးရှုသည့် နိုင်ငံဖြစ်သည့်အတွက်   မိမိနိုင်ငံနှင့်ပထဝီအနေအထား၊ စီးပွားရေးအနေအထား၊ ယဉ်ကျေးမှုအနေအထား တူညီသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့်   အဖွဲ့အစည်းများတွင်  တက်ကြွစွာပူးပေါင်း ပါဝင်လျက်ရှိသည်။ ထိုအဖွဲ့အစည်းများတွင် ဘင်းမ်စတက်အဖွဲ့အစည်းသည်လည်း တစ်ခုပါဝင်သည်။ ဘင်းမ်စတက်ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့်၊ ထိုင်းနိုင်ငံတို့ ပါဝင်သောဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဗန်ကောက်ကြေညာ စာတမ်းနှင့်အတူ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို “ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း    စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ” ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ဘင်းမ်စတက် အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘင်းမ်စတက်သည် အာဆီယံကဲ့သို့ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂၀၀၄ ခုနှစ်   ဇူလိုင်လ ၃၁ ရက်ကကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို   လက်ရှိအမည်ဖြစ်သည့်  “ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့်   စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်)”   (BIMSTEC=Bay of Bengal Initiative for Multi Sectoral Technical and Economic Cooperation) ဟုပြောင်းလဲခေါ်ဝေါ်ရန် သဘောတူညီခဲ့ကြသည်။

ဘင်းမ်စတက်အဖွဲ့တွင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊   ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီ အစည်းအဝေးဟူ၍ အဓိကယန္တရား (၄) ရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါသည်။   ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ လုပ်ငန်းအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပါသည်။

ဘင်းမ်စတက်အဖွဲ့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် ထိပ်သီးအစည်းအဝေးကို ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ   တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပါသည်။ လက်ရှိအချိန်အထိ (၆) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးကို ၂၀၁၄   ခုနှစ် မတ်လ ၄ ရက်တွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

ဘင်းမ်စတက်အဖွဲ့၏ ဒုတိယအမြင့်ဆုံး အစည်းအဝေးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပြီး လက်ရှိ အချိန်အထိ (၂၀) ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ (၂၀) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်၍ ၂၀၂၅ ခုနှစ်ဧပြီလ ၃ ရက်တွင် ဗန်ကောက်မြို့၌ ကျင်းပခဲ့ပြီးမြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့သည်။

ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများက လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို  ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အတွက် ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် ရှိသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။  ယခုအခါ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် ၂၀၂၄  ခုနှစ် မေလ ၂၀ ရက်တွင် စတင်အသက်ဝင် ခဲ့ပြီဖြစ်သည်။

ဘင်းမ်စတက်မူဘောင်အောက်ရှိ   ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အားလုံးသည် အချုပ် အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီဆန္ဒအပေါ်၌ အခြေခံရန်  ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင်  ပြဋ္ဌာန်းထားသည်။ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာ သည့် ဘင်းမ်စတက်” ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက် လွတ်လပ်သော    ကုန်သွယ်မှုဧရိယာ သဘောတူညီချက်မူဘောင် (Framework Agreement on the BIMSTEC Free Trade Area Agreement - FTA) ကို  ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် FTA ၏ အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့်  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုမှာ ဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို    မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ထို့ပြင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင်    ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးသည်  အရေးကြီးလှကြောင်း၊  မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက်ရှိသည့်အတွက် တိုးပွားလာသည့် လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်   ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို  ထိထိရောက်ရောက်    အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို   တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဘင်းမ်စတက်ပဋိညာဉ်ပါ   ပြဋ္ဌာန်းချက်အရ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက်  အဆိုပြုခန့်အပ်လေ့ရှိပြီး  သက်တမ်း (၃)နှစ်  တာဝန်ထမ်းဆောင်ရပါသည်။   ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးကို သီရိလင်္ကာနိုင်ငံက ပထမဦးဆုံးအဖြစ် ၂၀၁၄-၂၀၁၇ ခုနှစ်ကာလအထိ တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် အက္ခရာစဉ်အလိုက် တာဝန်ထမ်းဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇-၂၀၂၀ ပြည့်နှစ်ကာလကိုလည်းကောင်း၊ ဘူတန်နိုင်ငံက ၂၀၂၀-၂၀၂၃ ခုနှစ်ကာလကို လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ယခုအခါ (၄) ဦးမြောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အဖြစ် အိန္ဒိယနိုင်ငံသား မစ္စတာ အင်ဒရာမာနီပန်ဒေးကို ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဘင်းမ်စတက်အဖွဲ့၌ ယခင်က ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၁၄) ခုရှိခဲ့ပြီး  ယခုအခါ   ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့်  ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခု သတ်မှတ်ခဲ့ကာ အဖွဲ့ဝင် (၇) နိုင်ငံအနေဖြင့် တစ်နိုင်ငံလျှင် ကဏ္ဍ (၁) ခုစီနှင့် ယင်းကဏ္ဍအောက်ရှိ ကဏ္ဍခွဲများကို အောက်ပါအတိုင်း ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်-

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့  တက်ရောက်ရန်အတွက် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms.Paetongtarm Shinawatra၊ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K  P Sharma Oli၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Mr. Shri Narendra Modi၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်  H.E. Dr. Harini Amarasuriya နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Tshering Tobgay  တို့နှင့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာတွင် လည်းကောင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများနှင့်  သီးသန့် တွေ့ဆုံရာတွင်လည်းကောင်း  မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ၊     ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ကူညီဆောင်ရွက်ပေးသည့် အခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများ ပပျောက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်  မီးခိုးမြူငွေ့ညစ်ညမ်းမှု   လျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ  ဖြန့်ဝေပေးသွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် အချိန်နှစ်ရက်တာအတွင်း မိမိနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်အတွက် အတွေ့အကြုံပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များရရှိရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်နေသော အခြားကဏ္ဍရပ်ပေါင်းစုံအတွက်လည်း အားလပ်ချိန်ပင်မထား အနားယူချိန်ပင်မရှိ အကျိုးရှိသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပေသည်။ နိုင်ငံ့အပေါ်ထားရှိသော  နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၏ စိတ်စေတနာကို ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာပီတိဖြစ်စွာ ခံစားမိသလို  နိုင်ငံအတွက်    ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း များစွာကျေနပ်အားရမိပါသည်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သော  အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏   ဘင်းမ်စတက်အစည်းအဝေးတွင်  နိုင်ငံရေး၊  လူမှုရေး၊ စီးပွားရေး၊  ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊   ကာကွယ်ရေး အစရှိသည့်    နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး  အပြည့်အဝရရှိစေရန်  အလေးထားလုပ်ဆောင်ရေး” ဟူသော နိုင်ငံရေး ဦးတည်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်သို့ပြန်လည် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊   ဦးတည်ချက်(၉)ရပ်တို့   ချမှတ်ကာ စနစ်တကျဆောင်ရွက်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်ရေးလုပ်ငန်းစဉ်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင်  စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ်ကို  တည့်မတ်ခိုင်မာရေး ဆောင်ရွက်လျက်ရှိရာ  ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ဖော်ဆောင်မှုတွင် မိတ်ကောင်းဆွေကောင်းများနှင့်အညီ လက်တွဲဆောင်ရွက်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပေသည်။   ။

Source: https://myawady.net.mm/stories

ဘုန်းမောင်ဝင်း(ဖျာပုံ)

လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် တပ်မတော်
-

တပ်မတော် မရှိသောနိုင်ငံဟူ၍ ကမ္ဘာတွင် မရှိသေးသည်မှာ တပ်မတော်၏ အရေးပါမှု၊ အရာရောက်မှုကို ညွှန်းဆိုနေခြင်းဖြစ်သည်။ တပ်မတော်ဆိုသည်မှာ ကြည်းတပ်၊  ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည်။

အခြားသောနိုင်ငံများထက် မြန်မာနိုင်ငံတွင်   တပ်မတော်ပေါ်ပေါက်လာရသည့်   သမိုင်းကြောင်းမှာ ထူးခြားလှသည်ဟုဆိုနိုင်သည်။ မလွတ်လပ်သောနိုင်ငံအဖြစ်  နေထိုင်ကြရစဉ်   တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာအောင်  လှုပ်ရှားရုန်းကန်ခဲ့ရသည့်  သမိုင်းကြောင်းသည် အမြဲထာဝစဉ် မမေ့အပ်သည့်သမိုင်းကြောင်း ဖြစ်သည်။  တပ်မတော်တစ်ရပ်အဖြစ်ထင်ရှားစွာပေါ်ပေါက်လာသည့်အတွက် မြန်မာနိုင်ငံသည် လွတ်လပ်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။

မြန်မာ့သမိုင်းကို အကျဉ်းမျှဖော်ပြရလျှင် ၁၉ ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများတွင် စက်မှုအတတ်ပညာများ ထွန်းကားလာသည်။ မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ် ကျင့်သုံးနေသည်။  နိုင်ငံတော်ကာကွယ်ရေးအင်အား အနေဖြင့်ရှိနေသော်လည်း ခေတ်မီလက်နက်၊ ခေတ်မီစစ်အတတ်ပညာတို့တွင် အားနည်းသည်။  ထိုသို့သော  အခွင့်ကောင်းကိုယူကာ အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခဲ့သည်။ ထိုစစ်ပွဲသုံးကြိမ်တွင် မြန်မာတို့စစ်ရှုံးခဲ့သည်။

သိုးငယ်ကို ဝံပုလွေအနိုင်ကျင့်သကဲ့သို့ အနိုင်ကျင့်ခံခဲ့ရသော အဖြစ်အပျက်သည် မြန်မာတို့အတွက်   နာကြည်း၊   မုန်းတီး၊ စက်ဆုပ်ဖွယ်ဖြစ်သည်။ စာထဲတွင်သာသင်ကြားဖတ်ရှုခဲ့ရသော ကိုယ်တွေ့မကြုံသည့် သမိုင်းကြောင်းကိုပင် ကျွန်တော်တို့ ခံစားနေရသေးလျှင် ထိုခေတ်ထိုအခါက လူငယ်တို့စိတ်တွင် မည်သို့ဖြစ်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပါသည်။ သူ့ကျွန်အဖြစ်နေရစဉ်အတွင်း မြန်မာလူငယ်တို့ နာကျင်ခံခက်ဖြစ်နေမည်သာဖြစ်သည်။   ထို့ကြောင့်လည်းအရေးကြုံလာသည်နှင့်   “အင်္ဂလိပ်အခက်   ဗမာ့အချက်” စွဲမှတ်ကာ အင်္ဂလိပ်တို့အခက်အခဲကြုံနေစဉ် မြန်မာလူငယ်တို့ ပြည်ပသို့ထွက်ခွာသွားကာ စစ်ပညာများ တတ်မြောက်အောင် သင်ယူခဲ့ကြသည်။

Description: C:\Users\TinTunAung\Desktop\25-3-2025\253  ACP 02.jpg

“တပ်မတော်အစ  ဘီအိုင်အေက”  ဆိုစကားအတိုင်း တပ်မတော်၏အစ ဘီအိုင်အေစတင်ဖွဲ့စည်းစဉ်က ဦးဆောင် ပါဝင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်အကြောင်းကို မှတ်တမ်းတင်ထားရမည်ဖြစ်သည်။     သခင်လူငယ်ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည်  ခေါင်းဆောင်ဖြစ်သည်။  ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို  ၁၉၄၁  ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ  ဘန်ကောက်မြို့၌စတင်ဖွဲ့စည်းခဲ့ကြသည်။

“ငါတို့ဗမာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊သခင်လူမျိုးဖြစ်သည်၊ မည်သည့်လူမျိုးအောက်မှ ဒူးထောက်ကာ ကျွန်ခံခဲ့သောလူမျိုးမဟုတ်၊ လာရောက် လွှမ်းမိုးသောလူမျိုးတို့အား အစဉ်သဖြင့်  တော်လှန်သုတ်သင်ခဲ့ကြသည်ချည်းဖြစ်၏။   သို့ဖြစ်၍ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်ကြကုန်အံ့။ ပုန်ကန်ကြကုန်အံ့။ ငါတို့သည်လွတ်လပ်ရေးကို သွေးနှင့်လဲခဲ့ကြသည့် လူမျိုးဖြစ်သည့်အလျောက် ဗမာ့မြေပြင်တွင် ဗမာ့သွေးများကို သွန်းလောင်းကာ လွတ်လပ်ရေး အောင်ပန်းကို  ဆွတ်လှမ်းကြကုန်အံ့”ဟု ဗမာတစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက်  ငြာသံပေးကာ နိပွန်(ဂျပန်)တို့၏အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)နှင့်  မျိုးချစ်လူကြီးလူငယ်၊   လူရွယ်၊   မိန်းမ၊  ယောက်ျားမကျန်ပူးပေါင်းကာ  အင်္ဂလိပ်တို့အား  တိုက်ထုတ်ချေမှုန်း မောင်းနှင်လိုက်ကြသည်။

ဘီအိုင်အေသည် ဂျပန်တပ်မတော်၏စစ်ဦး၌  ဘီလူးအဖြစ်ဖြင့် အမှုထမ်းခဲ့ရသည်။    ဂျပန်တပ်မတော်နှင့်အမြဲပူးပေါင်း တိုက်ခိုက်လေ့ရှိသည်။ တစ်ခါတစ်ရံ  ဂျပန်တပ်များ၏ရှေ့ပြေးအဖြစ် လည်းကောင်း၊   လမ်းကြောင်းအဖြစ် လည်းကောင်း၊   တပ်တောင်ပံတစ်ရပ်အဖြစ်ဖြင့် လည်းကောင်း  တိုက်ပွဲဝင်ခဲ့ရသည်။ မြန်မာပြည်မှအင်္ဂလိပ်တပ်များကို မောင်းထုတ်ရာ၌ ရက်ပေါင်း ၇၀ ကြာခဲ့သည်။ ရက်ပေါင်း ၇၀ အရေးတော်ပုံတွင် ဘီအိုင်အေက ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင်အောင်   အထမြောက်အောင်မြင်စွာ  သွေးနှင့်ချွေးနှင့် ရင်းနှီးကာ တိုက်ပွဲဝင်ခဲ့ကြသည်။  နယ်ချဲ့အင်္ဂလိပ်များ မြန်မာ့မြေပေါ်မှ ဆုတ်ခွာထွက်ပြေးခဲ့သည်။

နယ်ချဲ့လက်အောက် ကျရောက်နေရာမှ သခင်ဘဝသို့  ပြန်လည် ရောက်ရှိလာသောအခါ တစ်တိုင်းပြည်လုံးမှာ   ရေတွေ့သောကြာပန်းကဲ့သို့   ရွှင်လန်းဝမ်းမြောက် ကြည်နူးခြင်းသို့ ရောက်ရှိလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်များ မြန်မာနိုင်ငံမှ    ဆုတ်ခွာထွက်ပြေးရခြင်းတွင်   ဗမာ့လွတ်လပ်ရေးတပ်မတော်   (ဘီအိုင်အေ)  ၏ တိုက်စွမ်းရည်နှင့် ဇွဲသတ္တိမှာ  အကြောင်းရင်းခံဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်၍ တကယ်ပင်  ရွပ်ရွပ်ချွံချွံ ရင်မြေကတုတ်လုပ်ပြီး တိုက်ခိုက်ခြင်းပြုခဲ့ကြသော  မျိုးချစ်ပုဂ္ဂိုလ်များအား အစဉ်သဖြင့် ရင်ထဲနှလုံးသည်းပွတ်ထဲတွင် အမြဲထာဝရအောက်မေ့ သတိရသင့်ပေသည်။

ဂျပန်တို့အနေဖြင့်  မြန်မာနိုင်ငံအား ၁၉၄၃ ခုနှစ်  ဩဂုတ်လ ၁ ရက်တွင်  လွတ်လပ်ရေးပေးခဲ့သည်။  ထိုလွတ်လပ်ရေးကိုအတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးဟု ဆိုခဲ့သည်။ လွတ်လပ်ရေးပေးသည် ဆိုသော်လည်း   မြန်မာတို့တွင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိခဲ့သည်မဟုတ်၍ ရွှေရည်စိမ်ဟု နာမဝိသေသနပြုခြင်းဖြစ်သည်။

ဂျပန်များအုပ်စိုးနေသည့်ကာလတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ  ပြည်သူများစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြီးစွာနေထိုင်ကြရသည်။ အနေအထိုင်အစားအသောက်   ဆင်းရဲသည်သာမက လူလုံခြုံမှု၊ ပစ္စည်းလုံခြုံမှုများလည်း ကင်းမဲ့နေသည်။ အထူးသဖြင့်  မြန်မာတိုင်းရင်းသားများ ခံစားနေရသည်မှာ  ချွေးတပ်စွဲခြင်းဖြစ်သည်။

ချွေးတပ်စခန်းမှာ ဖျားနာသေဆုံးသည့်ဦးရေများလာသည်။ မသေဘဲ ပြန်ရောက်လာသူများမှာလည်း လူစဉ်မမီဖြစ်သွားကြသည်။ ချွေးတပ်လိုက် နေရသည့်အတွက် လယ်ယာလုပ်ငန်းများကိုထိခိုက်သည်။ ထိုစဉ်က ဒေါက်တာဘမော် အစိုးရအနေဖြင့်လည်း   လုပ်ပိုင်ခွင့်မရှိဖြစ်နေသည်။ ထို့ကြောင့်  ဂျပန်ဆန့်ကျင်ရေး၊    မုန်းတီးရေး နာကြည်းစိတ်များ  တစ်နိုင်ငံလုံးတွင်ပျံ့နှံ့လာသည်။ ထိုအချိန်က ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ်ပြန်လည်ဖွဲ့စည်းသည်။

အင်အား ၃၀၀၀ ခန့်ဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော်ကို ပျဉ်းမနားတွင်ဌာနချုပ်ထားကာ ဖွင့်လှစ်သည်။  ထို့နောက် ၁၉၄၃ ခုနှစ်   စက်တင်ဘာလ   ၁၅  ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၅  ခုနှစ်  မတ်လ  ၂၇  ရက်တွင်ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)သည် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် ဇူလိုင်လ  ၂၃  ရက်တွင် တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော် (ပီဘီအက်ဖ်)ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။   ဤသည်မှာ    တပ်မတော်ကို အမည်အမျိုးမျိုးပြောင်းလဲကာ ဖွဲ့စည်းခဲ့ကြခြင်းအကြောင်းဖြစ်သည်။

တပ်မတော်သည်   မည်သို့သော အမည်များပြောင်းလဲနေစေကာမူ  တိုင်းပြည်အတွက်သာအဓိကဖြစ်သည်။ မိမိနိုင်ငံ၊  မိမိလူမျိုးတိုးတက်ကြီးပွားရေးအတွက် စစ်ရေးဆိုင်ရာကိစ္စရပ်များတွင်  အောင်မြင်အောင်ကြိုးစားသည်။ မည်သည့်အခက်အခဲကိုမဆို  ရင်ဆိုင်ကျော်လွှားခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကာလသည် အလွန်ပင် ကြမ်းတမ်းခက်ခဲလှသည့်   ကာလဖြစ်သည်။

တပ်မတော်သားများ၊   ပြည်သူများကြုံတွေ့ရသော အခက်အခဲများမှာ ပင်လယ်သမုဒ္ဒရာရေပြင်အဝှမ်းထက်ပင်   များပြားလှသည်ဟုဆိုနိုင်သည်။

ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးကြီး အောင်မြင်ခဲ့သည်။ တပ်မတော်သားတို့၏ စစ်ရေးစွမ်းအားမှာလည်းမြင့်မားခဲ့သည်။ မတ်လ ၂၇   ရက်မှစပြီးတပ်မတော်သည်   မည်သူ၏လက်အောက်ခံမှမဟုတ်ဘဲ မိမိတို့ဘာသာကိုယ်ပိုင် ရပ်တည်နိုင်သည့် တပ်မတော်ဖြစ်သည့်အတွက် ထိုနေ့ကိုတပ်မတော်နေ့ဟု သတ်မှတ်ခဲ့သည်။ တပ်မတော် အနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်ရမည်မှာ သမိုင်းပေးတာဝန်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ)  ကိုလည်းကောင်း၊  ဒီဇင်ဘာလ  ၂၄  ရက်တွင်  တပ်မတော်(ရေ)ကို လည်းကောင်း စတင်ဖွင့်လှစ်ခဲ့သည်။

Description: C:\Users\TinTunAung\Desktop\25-3-2025\253  ACP 04.jpg

Description: C:\Users\TinTunAung\Desktop\25-3-2025\253  ACP 05.jpg

ကမ္ဘာ့သမိုင်းတွင်  ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၁၉၄၅ ခုနှစ်   စက်တင်ဘာလ  ၂  ရက်အထိဖြစ်ပွားခဲ့သည်။ တပ်မတော်အနေဖြင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားဆဲ ကာလဖြစ်သည်။  ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ တစ်ကျော့ပြန်သိမ်းပိုက်သည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းရန်တိုက်တွန်းခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်ကလည်း  မြန်မာပြည်ကို  လွတ်လပ်ရေးမပေးဘဲ မျိုးချစ်ဗမာ့တပ်မတော်ကို   ဖျက်သိမ်းခဲ့လျှင် ပြန်လည်တိုက်ခိုက်ရန်   ရည်ရွယ်ထားပြီးဖြစ်သည်။ 

အင်္ဂလိပ်တို့အနေဖြင့်  မျိုးချစ်ဗမာ့တပ်မတော်ကို မဖျက်သိမ်းရဲတော့ဘဲ ကန္ဒီစာချုပ်ချုပ်ဆိုကာ အရာရှိ  ၂၀၀၊ တပ်သား ၅၂၀၀ နှင့်ဗမာ့တပ်မတော်အသစ်ကို  ပြန်လည်ဖွဲ့စည်းရန် သဘောတူခဲ့ကြရသည်။ လွတ်လပ်ရေးရယူရန် ဖွဲ့စည်းထူထောင်ခဲ့သော တပ်မတော်သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ဖွဲ့စည်းထူထောင်ပေါ်ပေါက်လာသော  ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် အတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) တည်းဟူသော အင်အားကြီးတစ်ရပ်ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့သည်။  

မြန်မာနိုင်ငံသည်  ၁၉၄၈  ခုနှစ်  ဇန်နဝါရီလ ၄  ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ဤသည်ကား လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ   ပေါ်ပေါက်လာသည့်  တပ်မတော်၏ သမိုင်းအကျဉ်းချုပ်ပင်ဖြစ်ပါတော့သတည်း။   ။

စစ်ရေးစစ်ရာ ပျို့လင်္ကာသုံးစောင်
-

ကုန်းဘောင်ခေတ်စာဆိုအကျော် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် နန္ဒီသေနပျို့(၁၁၂၈ ခုနှစ်)သေနင်္ဂဗျူဟာပျို့(၁၁၄၇ ခုနှစ်)နှင့်  ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)တို့ကို  ခေတ်အခြေအနေအခင်းအကျင်းနှင့် စစ်ရေးဆိုင်ရာလိုအပ်ချက်အရဖွဲ့ဆိုခဲ့သည်။

ပျို့သည် ကဗျာအမျိုးအစားထဲတွင် ရိုးရှင်းသောအဖွဲ့အနွဲ့ဖြစ်သည်။ ကာရန်ဖြင့်ချိတ်ဆက်ထားသော လေးလုံးစပ်တစ်ပါဒစီ၊ ပါဒပေါင်းများစွာ၊ ပိုဒ်ရေပေါင်းများစွာ ကန့်သတ်ချက်မရှိ လွတ်လပ်စွာဖွဲ့သီနိုင်သောအဖွဲ့တစ်မျိုးဖြစ်သည်။ ပျို့စာဆိုသည် သိမှတ်စရာအကြောင်းအရာများကိုသဒ္ဓါလင်္ကာရ၊ အတ္ထာ လင်္ကာရတို့ဖြင့် တန်ဆာဆင်၍ နှစ်သက်ဖွယ်ကောင်းအောင်ဖွဲ့ဆိုသော လေးလုံးစပ်လင်္ကာရှည်တစ်မျိုးဖြစ်သည်။

ပျို့ဟူလျှင် - နှစ်သက်ဖွယ်ကောင်းရမည်။သိမှတ်စရာအကြောင်းအရာများပါဝင်ရမည်ဟုဆိုထားရာ ဖော်ပြပါပျို့ဂုဏ်ရည်များသည် လက်ဝဲသုန္ဒရ၏ စစ်ပျို့သုံးစောင်တွင်ပြည့်လျှမ်းနေသည်။

ပျို့ကဗျာတွင် အရင်းခံကိုယ်ထည်ရှိသည်။ ကိုယ်ထည်ကိုတန်ဆာဆင်ရာတွင် စာဆို၏ဉာဏ်ရည်ဉာဏ်သွေးရှိသည့်အလျောက် ပိဋကတ်ကျမ်းဂန်ဂန္ထန္တရ၊ လောကအတွေ့အကြုံအတွေးအမြင်၊ အယူအဆတို့ ဖြင့် ပုံဖော်နိုင်သည်။ ခြယ်မှုန်းနိုင်သည်။ တန်ဆာဆင်နိုင်သည်။ သို့ဖြစ်ရာ ပျို့ကဗျာတွင် ပျို့ဆရာ၏စိတ်စေတနာနှင့် ခေတ်သရုပ်ကိုပါတွေ့မြင်နိုင်သည်။

ပျို့စာဆိုသည်   မြန်မာ့သေနင်္ဂဗျူဟာအကြောင်းပြောချင်သောအခါ ဆီလျော်မည့်ဇာတ်ကိုရှာသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကိုတွေ့သည်။ ဇာတ်တော်ကိုပျို့အသွင်ဖန်တီးသည်။သေနင်္ဂနှင့်ပတ်သက်၍ပြောရန် ဇာတ်ကွက်နှင့်ဇာတ်ရုပ်ကိုရှာပြန်သည်။နန္ဒီသေနအမတ်ကြီးကိုတွေ့သည်။ နန္ဒီသေနအမတ်ကြီး၏ဇာတ်ရုပ်ကို မိမိခစားခဲ့သော၊  လေးစားကြည်ညိုရင်းရှိသော ကျေးဇူးရှင်အလောင်းမင်းတရားကြီး၏ စစ်ရည်စစ်သွေး၊ စစ်တွေးစစ်ကြံ၊ စစ်ဟန်စစ်ထုံးများဖြင့် ခြယ်မှုန်းလိုက်သည်။ ကိုယ်ပြောလိုသောစကားကို နန္ဒီသေနအမတ်ကြီး၏ အငှားပါးစပ်ဖြင့် ပြောခိုင်းလိုက်သည်။ ပြောခိုင်းလိုက်ရသော်လည်း စာဆိုမှာအားမရသေးပေ။ ဇာတကမှ ပျို့အဖြစ်ဖန်တီးရာတွင် ဇာတ်ကြောင်းကိုငဲ့နေရသဖြင့် ပြောချင်သည်များကျန်ရစ်နေပေသေးသည်။

ထို့ကြောင့် စစ်သူကြီးတို့လက်စွဲကျမ်းအနေဖြင့် သေနင်္ဂဗျူဟာပျို့ကိုရေးဖွဲ့ခဲ့သည်။ထိုပျို့တွင်မူ ဇာတ်လမ်းမပါ၊ ရသမနွှယ်ဘဲသုတသာကဲသည်။ စစ်ရေးဆိုင်ရာဆောင်ရန်ရှောင်ရန်များ မြန်မာ့သေနင်္ဂဆိုင်ရာမှတ်သားလိုက်နာဖွယ်ရာများကိုလမ်းညွှန်ထားသည်။ အာဂုံဆောင်လေ့ကျက်၍ စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ကျင့်သုံးရန်  သတိပေးခဲ့သည်။

သေနင်္ဂဗျူဟာပျို့ဖွဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဗျူဟစက္ကိပျို့ကိုထပ်မံရေးဖွဲ့ပြန်သည်။ ဤပျို့ပါအချို့သောအကြောင်းအရာများသည်နန္ဒီသေနပျို့တွင်လည်းကောင်း၊ သေနင်္ဂဗျူဟာပျို့တွင်လည်းကောင်းပါဝင်ပြီးဖြစ်သည်။ သို့သော်...စာဆို၏စေတနာသည် ထိုပျို့နှစ်စောင်နှင့်အားမရ တင်းတိမ်၍မနေထပ်မံပေးလိုသေးသည်။ အသစ်အသစ်ပေါ်ထွန်းလာမည့် မြန်မာ့စစ်ရေးခေါင်းဆောင်များ၊ မြန်မာ့စစ်သွေးထက်သူများအတွက် မှာကြားလိုသေးသည်။ လမ်းညွှန်လိုသေးသည်။ ထို့ကြောင့်ဗျူဟစက္ကိပျို့တွင်     သေနင်္ဂဗျူဟာရေးဖွဲ့စဉ်ကကဲ့သို့ အသေးစိတ်မရှင်းလင်းခဲ့ရသော  စစ်ဖျက်ခြင်းခြောက်ပါးကို   မြန်မာ့သမိုင်းလာတိုက်ပွဲစဉ်များဖြင့် ချိန်ထိုးညွှန်ပြသည်။ ယခင်ပျို့များတွင် လမ်းညွှန်ရန်ကျန်ရစ်ခဲ့သော စစ်ခေါင်းဆောင်များအတွက် စစ်ရေးလမ်းညွှန်တစ်စိတ်တစ်ဒေသကိုလည်းဖော်ပြပေးလိုက်သေးသည်။

သေနင်္ဂဗျူဟာစစ်သမိုင်း(၁၉၄၃ခုနှစ်)၏ဥယျောဇဉ်တွင် ထိုစဉ်ကသေနာပတိချုပ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက “ယခုခေတ်ပြောင်းခေတ်လွဲအခြေအနေအမျိုးမျိုးကိုထောက်ကာ  ရှေးကရှိသည့်သေနင်္ဂဗျူဟာကျမ်းအမျိုးမျိုးကိုလေ့လာထိုက်သည်သာတည်း . . . ”ဟုတိုက်တွန်းခဲ့သည်သာမက  မြန်မာ့စစ်သေနင်္ဂဗျူဟာနှင့် ခေတ်သစ်သေနင်္ဂဗျူဟာကို ချိန်ထိုးပြခဲ့သည့်သာဓကရှိခဲ့ပေသည်။

ရှေးပဝေသဏီကတည်းက အခြေတည်ခဲ့သော မြန်မာတို့သည်  ပထမမြန်မာနိုင်ငံတော်-ပုဂံခေတ်မှသည် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်အထိ စစ်ရေးအသွင်၊  စစ်ရေးအမြင်များဖြင့်သာ နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်မဟုတ်။ အမျိုးဘာသာသာသနာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးသောစစ်သွေးတို့ဖြင့်ပါ   တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ ခွာ၍မတွန့်” အသက်စွန့်ဝံ့သူများဖြစ်သည်။

“မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည့်”သူများလည်းဖြစ်ကြသည်။

ဗြိတိသျှတို့၏သိမ်းယူမှုမှလွဲ၍ တိုင်းတစ်ပါးသားတို့၏ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ခြင်းမှာလည်း စစ်မှန်သောစစ်သွေးတို့ဆူဝေနေသည့် ခိုင်ကျည်သောမြန်မာ့စိတ်ဓာတ်ကြောင့်ဖြစ်ပေသည်။

 ဗြိတိသျှတို့သည် မြန်မာပြည်ကို အလွယ်တကူသိမ်းယူသည်ဟုဆိုရမည်ဖြစ်သော်လည်း မြန်မာ့မျိုးချစ်တော်လှန်ရေးသမားတို့၏ နေရာအနှံ့အပြားမှ အုံကြွတော်လှန်မှုကိုကား   ခက်ခက်ခဲခဲနှိမ်နင်းခဲ့ရသည်။ စစ်စရိတ်ကုဋေချီကာသုံးစွဲခဲ့ရသည်။  အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်၌လူ ၂၉၀၂ ဦးတွင် ပုလိပ်တစ်ဦးအချိုးဖြင့် တာဝန်ယူထိန်းသိမ်းနေချိန်တွင် အထက်မြန်မာနိုင်ငံ၌ လူ ၁၇၃ ဦးတွင် ပုလိပ်တစ်ဦးတာဝန်ယူနေရသည်မှာ စစ်ရည်စစ်သွေးပြည့်ဝနေသော မြန်မာတို့၏သူ့ကျွန်မခံလိုသော နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမည်မျှပြင်းထန်သည်ကိုထင်ရှားစေခဲ့သည်။

ထို့ပြင် မြန်မာမျိုးချစ်တပ်မတော်သားတို့သည် ဖက်ဆစ်ဂျပန်တို့ထံမှစစ်ပညာသင်ကြားခွင့်ရရှိသောအခါတွင် သင်ကြားပေးသည့်စစ်နည်းဗျူဟာများမှာ ချီစစ်၊ ထိုးစစ်နှင့်ဖျက်စစ်များကိုသာသင်ကြားပေးသည်။ခွာစစ်နှင့်ခံစစ်အားလုံးဝမသင်သဖြင့် သေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့တို့မှ စစ်ပညာများနှင့် မြန်မာ့စစ်သမိုင်းမှ ခွာစစ်နှင့်ခံစစ်ကိုလေ့လာယူခဲ့ရပြီး မြန်မာ့ရိုးရာစစ်ပညာများဖြင့် ဖက်ဆစ်ဂျပန်တို့အား မြန်မာ့‌မြေပေါ်မှမောင်းထုတ်နိုင်ခဲ့ကြောင်း သုတေသီရာမညကိုကိုနိုင်ဝန်ခံခဲ့သည်။

စင်စစ်သော်ကား မြန်မာ့ရိုးရာစစ်ပညာသည် စစ်ရေးအပြင် စစ်ရေးအခင်းအကျင်းအစီအရင်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူမှုစီးပွားဘဝတွင်ပါ လက်တွေ့ကျကျကျင့်သုံးနိုင်သော လုပ်ငန်းလမ်းညွှန်ချက်များဟုမှတ်ယူအပ်သည်။

စာဆိုတော်လက်ဝဲသုန္ဒရ၏ စစ်ပျို့များနှင့်ရှေးပညာရှင်တို့၏စစ်ကျမ်းများလာ စစ်ရေးအစီအစဉ်များကိုလည်းကောင်း၊ စစ်ခေါင်းဆောင်တို့ထားရှိအပ်သည့်စိတ်ဓာတ်နှင့်  စစ်သူတို့ကျင့်ဆောင်အပ်သည့် ခံယူချက်များကိုလည်းကောင်း မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာကျင့်သုံးနိုင်သဖြင့် မြန်မာ့ရိုးရာစစ်ပညာသည် ယနေ့တိုင်မရိုးနိုင်သောမြန်မာရှိသရွေ့တည်တံ့နေမည်ဖြစ်သော လမ်းညွှန်ချက်များသာဖြစ်ပေတော့သည်။

နှစ်ပေါင်းထောင်ချီ၍ စစ်ပညာစစ်အတတ်ကိုအလေးထားဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့မြန်မာများသည် အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီးသိမ်းပိုက်ခြယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေလိမ့်မည်။ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲရသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အစဉ်တစိုက်ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေးသတိရှိအပ်လှသည်။

ဗျူဟစက္ကိ-ဟူသောအမည်နှင့်လိုက်လျောအောင် ဖော်ကျူးခဲ့သည်မှာ  စစ်မဟာဗျူဟာ၂၉ ပါးပင်ဖြစ်သည်။  ဤဗျူဟာများကိုတစ်ပါးချင်းဖွင့်ဖော်ရှင်းပြထားသည့်   စာဆို၏စေတနာ၊   စာဆို၏ကျေးဇူးမှာ နောက်လာမြန်မာ့စစ်သွေးသစ်တို့အတွက် တန်ဖိုးကြီးမားလှပေသည်။

စာဆိုသည် နန္ဒီသေနပျို့ (၁၁၂၈ခုနှစ်)ကိုရှေးဆရာတို့မစပ်ဆို၍စပ်ဆိုရကြောင်း၊ သေနင်္ဂဗျူဟာပျို့ (၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)ကို  စစ်ရေးဆိုင်ရာလိုအပ်ချက်အရ ဖွဲ့သီရကြောင်းသက်ဆိုင်ရာပျို့များတွင် ဖော်ပြထားသည်။ စာဆို၏စေတနာတန်ဖိုးကိုထိုခေတ်၏အခြေအနေနှင့်ယှဉ်ထိုး၍ တွက်စစ်နိုင်သည်။

 စာဆိုသည် တနင်္ဂနွေမင်း (၁၀၇၆-၁၀၉၅)လက်ထက်တွင်ဖွား၍ ဟံသာဝတီပါမင်းတရား (၁ဝ၉၅- ၁၁၁၃) လက်ထက်တွင် လူလားမြောက်ခဲ့သည်။ ဆယ်နှစ်ကျော်အရွယ်ကတည်းက ကသည်းတို့၏ ကျူးကျော်စစ်နှင့်ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် မွန်-မြန်မာတိုက်ပွဲများ၊ ကွေ့-ဂုဏ္ဏအိန်၏ပုန်ကန်မှုများကြောင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုးသိန်းရှင်ထံခစားရသည့်အခါတွင်မူ စစ်ရေးစစ်ရာတို့နှင့်လုံးထွေးနေခဲ့ရတော့သည်။

အင်းဝပျက်ပြီး ကုန်းဘောင်ခေတ်ထူထောင်သောအခါ အလောင်းမင်းတရားကြီး (၁၁၁၄-၁၁၂၂) ၏အပါးတော်တွင် အမှာတော်ရေးအဖြစ် တတိယမြန်မာနိုင်ငံတော်ထူထောင်ရေးစစ်ပွဲများ၊ မဏိပူရ၊အာသံနှင့်ယိုးဒယားတို့သို့ချီသောဘုန်းတန်ခိုးပြစစ်ပွဲများနှင့် နဖူးတွေ့ဒူးတွေ့ဆုံကြုံခဲ့ရသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏စစ်ရေးစွမ်းရည်တို့ကိုလေ့လာမှတ်သားနိုင်ခဲ့သည်။

နောင်တော်ကြီး (၁၁၂၂-၁၁၅၁)လက်ထက်တွင် မင်းခေါင်နော်ရထာအရေး၊ တောင်ငူစားသတိုးသင်္ခသူအရေး   စသည့်ပြည်တွင်းရေးအပြင်  ပြည်ပစစ်ဖြစ်သည့်   ဇင်းမယ်အရေးနှင့်လည်းဆုံကြုံခဲ့ရသည်။

ဆင်ဖြူရှင်(၁၁၂၅-၁၁၃၈)လက်ထက်ကား မြန်မာတို့စစ်တံခွန်လွှားသောခေတ်ဖြစ်သည်။ ဘုန်းတန်ခိုးပြစစ်ပွဲများဖြစ်သော ယိုးဒယား၊ မဏိပူရ၊ အာသံသို့စစ်ချီတိုက်ခိုက်မှု၊ တရုတ်တို့၏ကျူးကျော်စစ်ကိုတွန်းလှန်မှုတို့နှင့်ကြုံတွေ့ခဲ့ရပြန်သည်။

ထိုမျှပင်မကသေးပါ။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၁)လက်ထက် ရခိုင်သို့ချီသည့် ပြည်တွင်းစစ်၊ ယိုးဒယားနှင့် အာသံသို့ချီသည့် ပြည်ပစစ်တို့နှင့် ဆူဆူဝေဝေနေရာ  ကုန်းဘောင်ခေတ်ဦးသို့မဟုတ်ပျို့စာဆို၏သက်တမ်းတစ်လျှောက်သည် စစ်ရေးမက်ရေးတို့ဖြင့် ရောထွေးယှက်တင်နေခဲ့ပေသည်။

စစ်ရေးနှင့်ကြုံရသဖြင့် စစ်သဘောကိုသိရှိခဲ့သည်။ စစ်အရေးစစ်အမြင်များကြွယ်ဝလာသည်။ အထူးသဖြင့် အလောင်းမင်းတရားကြီး၏ စစ်ရေးအစီအရင်၊ စစ်ရေးအမြင်တို့ ရင်ဝယ်စွဲငြိခဲ့သည်။ စစ်ရေးအောင်မြင်မှုများကို ပြန်ပြောင်းသုံးသပ်လေလေ မင်းတရားကြီး၏စစ်ရေးပရိယာယ် ကြွယ်ဝမှုကို    အံ့ချီးမဆုံးဖြစ်ရလေလေ ခံစားလာမိသည်။ မြန်မာ့သေနင်္ဂဗျူဟာအပေါ်တန်ဖိုးထားကာ ဂုဏ်ယူဝင့်ကြွားလိုစိတ်များတဖွားဖွားပေါ် ပေါက်လာသည်။ မိမိကဲ့သို့ပင် စစ်သွေးလုလင်တို့ ဂုဏ်ယူဝင့်ကြွားတန်ဖိုးထားကာ လေးစားလိုက်နာကျင့်သုံးစေလိုသောစေတနာဖြင့်  စစ်ပျို့များကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပေသည်။

ပျို့စာဆိုနှင့် ရှေးခေတ်ပညာရှင်တို့ကျေးဇူးကြောင့် ကမ္ဘာဇမ္ဗူမြန်မာလူတို့စစ်ရေးစွမ်းရည်ထက်မြက်ခဲ့ကြသည်။ကျမ်းအသီးသီးလာစစ်ပညာအရပ်ရပ်ကို  တိုက်ရင်းလေ့လာ လေ့လာရင်းတိုက်ခဲ့ကြသဖြင့်စစ်ရည်ဝခဲ့ကြသည်။ ကျမ်းအဆိုကိုအခြေခံ၍ လက်တွေ့သရုပ်မှန်နှင့်ပေါင်းစပ်ညှိနှိုင်းလိုက်သောအခါ မြန်မာ့နည်းမြန်မာ့ဟန်အပြည့်အဝရှိသော မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီဆီလျော်သောမြန်မာ့စစ်ပညာရပ်တို့ တိုးပွားများပြားလာခဲ့ရသည်။

မြန်မာ့ရိုးရာစစ်ပညာကို နည်းနိဿယအဟောင်းအမြင်းအဖြစ် မစွန့်ပစ်ပယ်လိုက်ပေ။ ဟောင်းပင်ဟောင်းသော်လည်း အကောင်းတွေများစွာရှိသည်။ ခေတ်ကာလနှင့် လူမှုဘဝအပြောင်းအလဲကြောင့်  အသွင်သဏ္ဌာန်ပြောင်းသော်လည်း အနှစ်သာရမပြောင်း။   အမည်နာမပြောင်းသော်လည်း  မူဝါဒမပြောင်း၊   စစ်ရေးအသွင်ပြောင်းသော်လည်း စစ်ရေးအမြင်ကားမပြောင်း။

- သံတမန်ရေးအရဝိုင်းပယ်ခြင်း

- နိုင်ငံရေးအရဖိအားပေးခြင်း

- အဖျက်လုပ်ငန်းများအားပေးခြင်း

- လုပ်ကြံဝါဒဖြန့်သိက္ခာချစော်ကားသော ရေဒီယို၊ ရုပ်သံ၊ စာနယ်ဇင်းတို့ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း၊ သွေးခွဲခြင်း၊ အမှန်အမှားရောမွှေ၍စိတ်လှုပ်ရှားအောင်ဆွခြင်း

- သူလျှိုဒလန်မွေးမြူလျက် အဖျက်အမှောင့်လုပ်ငန်းများထိုးဖောက်လုပ်ဆောင်ရန်ကြိုးစားခြင်း

- စစ်ရေးအရအနှောင့်အယှက်ပေးခြင်း - ကုန်သွယ်ရေးအရတားမြစ်ပိတ်ပင်ခြင်း အစရှိသဖြင့်  မိမိနိုင်ငံတော်၏အကျိုးစီးပွားကိုပျက်ပြားအောင် ထိပါးနှောင့်ယှက်ဟန့်တားသူမှန်သမျှကို ထိထိမိမိပြင်းပြင်းထန်ထန် တုံ့ပြန်ချေမှုန်းနိုင်စွမ်းရှိရမည်။

အလုံးစုံသော သေနင်္ဂဗျူဟာအတတ်ပညာဟူသမျှအားလုံးတို့သည် “လှည့်စားခြင်း” အပေါ် အခြေခံသည်ဟူသော သဘောတရားနှင့်အညီ ရန်သူသည် လှည့်စားဖြားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင်ဖျက်ဆီးနေ၏။  နိမ့်ကျအောင်ဖိနှိပ်နေကြ၏။  ကြောက်လန့်အောင်ခြိမ်းခြောက်နေ၏။ စစ်သဘောတရားကို နားမလည်သူအချို့တို့ကမသိ။ အငိုက်မိကာရန်သူ့အလိုအကြိုက်သို့လိုက်ပါမိတတ်၏။ ထို့ကြောင့်    စစ်ပရိယာယ်ကိုနားလည်ရန်လိုအပ်မည်ဖြစ်၍ အမိနိုင်ငံတော်ကိုအဓွန့်ရှည်စွာခိုင်မာတည်တံ့ရေးအတွက် ရှေးရှေးသောမြန်မာလူငယ်များကဲ့သို့ပင်     သေနင်္ဂဗျူဟာအတတ်ပညာကို စိတ်ပါဝင်စားသင့်ပါကြောင်း  ဆရာချစ်နိုင်(စိတ်ပညာ)က ကောင်းသောအကြံ    မှန်သောအကျင့်  သင့်သောအယူဖြစ်ရေး  လမ်းညွှန်ပေးခဲ့သည်။

စာဆိုတော်လက်ဝဲသုန္ဒရ၏စစ်ပျို့သုံးစောင်ကိုလေ့လာရာတွင်ပျို့စာကိုယ်ပါစစ်ရေးဆိုင်ရာအကြောင်းအရာများအစီအရင်များနှင့်ဆက်နွှယ်၍ မြန်မာ့သမိုင်းကြောင်းလာစစ်ရေးဖြစ်စဉ်များကိုလည်းသက်ဆိုင်ရာ ရာဇဝင်ကျမ်းများ၊ အရေးတော်ပုံကျမ်းများမှကောက်နုတ်ဖော်ပြခဲ့ခြင်းမှာ မြန်မာတို့၏စစ်ရေးအသွင်၊ စစ်ရေးအမြင်နှင့်စွေးစွေးနီသောမြန်မာ့စစ်သွေးတို့ကို သိရှိခံစားနားလည်စေလို၍ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆင့်မြင့်မားသည့်  မြန်မာ့ဂန္ထဝင်စာပေများကို  ခံစားသိတတ်၊ ခံယူတတ်ရန်ရည်ရွယ်သည်။

ဤစစ်ပျို့သုံးစောင်လေ့လာချက်ကျမ်းစာပေကိုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့်  ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သောစစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်မြဲမြံခိုင်ကျည်သော “ကမ္ဘာဇမ္ဗူ မြန်မာလူ”များပေါ်ထွန်းလာရမည်မှာမလွဲပေတည်း။    ။

Source: https://myawady.net.mm/stories

ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၆)
-

အကြမ်းဖက်အဖွဲ့များ၏ မဟာဗျူဟာများအား လေ့လာခြင်း

ယနေ့ခေတ်တွင် နိုင်ငံအသီးသီး၌ ပုံစံမျိုးစုံဖြင့်အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား တတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးသည် နိုင်ငံတိုင်း၏ ဦးစားပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်သမားများ ကျင့်သုံးတတ်သည့် မဟာဗျူဟာများကို ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ အကြမ်းဖက်အဖွဲ့များကိုတန်ပြန်နိုင်ရန် လိုအပ်သော မဟာဗျူဟာနှင့် နည်းဗျူဟာများကို မှန်ကန်စွာချမှတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့များအသုံးပြုတတ်သည့် မဟာဗျူဟာများနှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးသွားပါမည်။ 

အကြမ်းဖက်အဖွဲ့များ အသုံးပြုတတ်သည့် မဟာဗျူဟာများအနက် ပထမဆုံးဆွေးနွေး လိုသည့်မဟာဗျူဟာမှာ ချွေစစ် (attrition) ဖြစ်ပါသည်။ ချွေစစ်ဆိုသည်မှာ များသောအားဖြင့် မိမိအင်အားနည်းနည်းဖြင့် ရန်သူ၏စစ်သည်များကို တိုက်ခိုက်ခြင်း၊ ပစ္စည်းများကိုဖျက်ဆီး ခြင်းဖြင့် ရန်သူကိုဖြေးဖြေးချင်းအားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လုံခြုံရေးအဖွဲ့အစည်းများ စိတ်ဓာတ်ပျက်ပြားလာပြီး အစိုးရအနေဖြင့်လည်း လုံခြုံရေးအတွက်ပိုမိုသုံးစွဲလာရကာ အခြားတစ်ဖက်တွင် လူထုအနေဖြင့်လည်း ထိုသို့လုံခြုံရေးတွင် များစွာရင်းနှီးမြှုပ်နှံရသည်မှာ တန်ပါ၏လော၊ ထိုဒေသကို အကြမ်းဖက်အဖွဲ့ လက်ထဲအပ်ခဲ့ပြီး အိမ်ပြန်သည်က ပိုမကောင်းလောဟု မေးခွန်းထုတ်လာကြပါသည်။ 

ထိုနေရာတွင် အောင်မြင်မှုသည် အကြမ်းဖက်အဖွဲ့က ဆန့်ကျင်တိုက်ခိုက်နေသော အစိုးရအပေါ်တွင် မူတည်ပါသည်။ ပထမဆုံးအချက်မှာ အစိုးရအနေဖြင့် လူထုထင်မြင်ချက်ကို မည်မျှအလေးထားသနည်း ဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ အာဏာရှင်အစိုးရဆိုပါက လူအများ အပြားသေကြေပျက်စီးရသည်ကို လျစ်လျူရှုပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ပါသည်။ ဒုတိယမေးခွန်းမှာ အကြမ်းဖက်အုပ်စုက ဆန့်ကျင်တိုက်ခိုက်နေသည့် အစိုးရအတွက် ထိုဒေသ /နိုင်ငံသည် မည်မျှအရေးပါသနည်းဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ လက်ဘနွန်မှ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အမေရိကန်တပ်ဖွဲ့များထွက်ခွာသွားစေရန် အကြမ်းဖက်သမားများက အမေရိကန်တို့ကို တိုက်ခိုက်လျှင် အမေရိကန်အနေဖြင့် လက်ဘနွန်ကို သိပ်ဂရုမစိုက်သဖြင့် အလွယ်တကူ ထွက်သွားနိုင်ပါသည်။ သို့သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်ခြင်းကဲ့သို့ အလွန်နက်ရှိုင်းပြီး အခြေခံကျသည့်အချက်ကို အလိုရှိပါက အလွန်တရာ ခက်ခဲမည်ဖြစ်ပါသည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် ချွေစစ်မဟာဗျူဟာကို စွဲစွဲမြဲမြဲကျင့်သုံးနိုင်ရေးတွင် အဓိက ပြဿနာတစ်ခုမှာ ၄င်းတို့အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့ထက် လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သည့် အစိုးရ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံနေရချိန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လုပ်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက် အဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုများသည် ၄င်းတို့ဦးဆောင်မှုရလိုသည့် လူထုကြားတွင် များသော အားဖြင့် လူကြိုက်များခြင်းမရှိပါ။ အကြမ်းဖက်အဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အခြားဖက်မှအပြစ်မဲ့သူများကိုသတ်ပစ်ရန် လိုအပ်ခြင်း ရှိ/မရှိ လူထုက မေးခွန်းထုတ် တတ်ပါသည်။ 

အောင်မြင်သော ချွေစစ်မဟာဗျူဟာဥပမာတစ်ခုမှာ အိုင်းရစ်ရီပတ်ပလီကင် တပ်မတော် (IRA) ဖြစ်သည်။ ၂၀ ရာစုတစ်လျှောက်တွင် IRA သည် ပုံစံတစ်မျိုးမဟုတ် တစ်မျိုးဖြင့်တည်ရှိ ခဲ့ပြီး ၁၉၆၀ ပြည့်လွန်ကုန်ခါနီးနှစ်များတွင် ၄င်းတို့သည် အိုင်ယာလန်မြောက်ပိုင်းတွင် အကြီး အကျယ်လှုပ်ရှားခဲ့ပါသည်။ IRA သည် အိုင်ယာလန်မြောက်ပိုင်းမှ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှ သင်္ကေတအမှတ်သရုပ်များကို ပုံမှန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ အနေဖြင့် အိုင်ယာလန်မြောက်ပိုင်းတွင် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားခဲ့ရပြီး အကြမ်းဖက်မှုများ အမြင့်မားဆုံးအချိန်တွင် စစ်သည် ၂၀,၀၀၀ အထိ တပ်ဖြန့်ချထားခဲ့ရပါသည်။ IRA ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Martin Mc- Guinness က “ဗြိတိသျှတွေ ထွက်မသွားမချင်း ကျွန်တော်တို့ ဆက်ပြီးတိုက်နေမှာပဲ” ဟု ပြောကြားခဲ့ပါသည်။ ၄င်းသည် IRA မဟာဗျူဟာ ကို အတိုဆုံး၊ အရှင်းဆုံး ဖော်ပြခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေပါက ဗြိတိသျှတို့အနေဖြင့် အိုင်ယာလန်အပေါ် ၄င်းတို့သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှာလာမည်ဟု IRA က ယုံကြည်ထား၍ ဖြစ်ပါသည်။ နောက်ဆုံးတွင်  ဗြိတိသျှခေါင်းဆောင်များက စစ်ရေးနည်းလမ်းဖြင့် IRA ကို အမြစ်မဖြတ်နိုင်ဟု နားလည်လာပြီး ပဋိပက္ခကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းသာဖြစ်သည်ဟု လက်ခံကာ စေ့စပ်ညှိနှိုင်းမှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ဖြင့် IRA သည် ၄င်း၏ရည်မှန်းချက်အားလုံး ထမြောက်အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ရည်မှန်းချက် အချို့ အောင်မြင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

အကြမ်းဖက်အဖွဲ့များအသုံးပြုသည့် ဒုတိယမဟာဗျူဟာမှာ အဖွဲ့ငယ်အဆင့်မှ ပိုမိုကြီးမားသည့် သောင်းကျန်းသူအဖွဲ့အစည်းများ (insurgent organization) တည်ဆောက်ပြီး ပျောက် ကျားစစ်ဆင်နွှဲခြင်းဖြစ်ပါသည်။ အကြမ်းဖက်ဝါဒနှင့် ပုန်ကန်သောင်းကျန်းမှု (insurgency) တို့အကြား ကွဲပြားခြားနားမှုများရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် မကြာခဏဆိုသလိုပင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပိုမိုကြီးမားသော သောင်းကျန်းသူအဆင့်သို့ ကူးပြောင်းလေ့ ရှိပါ သည်။ ထင်ရှားသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် လက်ဘနွန်မှ ဟစ်ဇဘိုလာ၊ တူရကီမှ PKK ၊ ပီရူး မှ Shining Path စသောအဖွဲ့များသည် အကြမ်းဖက်မှုကိုလည်းအသုံးပြုသော သောင်းကျန်းသူအဖွဲ့များဖြစ်သည်။ သောင်းကျန်းသူများ၏ ရည်ရွယ်ချက်မှာ အစိုးရက မဖြစ် မနေတုန့်ပြန်လာစေရန် အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ပြီး ဖိအားပေးရန်ဖြစ်ပါသည်။ 

အစိုးရများအနေဖြင့် များသောအားဖြင့် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အကြမ်းဖက်အဖွဲ့သက်သက်ကိုထက် ယေဘုယျအားဖြင့် လူထုတစ်ရပ်လုံး အပေါ်တုန့်ပြန်လေ့ရှိပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ မည်သူ၊ မည်ဝါ ဖြစ်သည်ဟု တိတိကျကျမသိသဖြင့် လူငယ်ယောကျ်ားလေးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အသိုင်းအဝိုင်းခေါင်းဆောင်များကို ဖမ်းဆီးခြင်း စသောအမှားများကျုးလွန်တတ် ကြပြီး ထိုသို့သောအမှားများသည် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များစွာရှိပါသည်။ လူထုက အစိုးရအပေါ် အယုံအကြည်မဲ့သွားတတ်ပြီး ထိုသို့သိမ်းကျုံးဖမ်းဆီးခြင်းကြောင့် အကြမ်းဖက်မှုများကို  ရပ်တန့်နိုင်ခြင်းမရှိသလို လူထုကိုလည်း လုံခြုံရေးအာမခံချက်မပေးနိုင်ပါ။ ပို၍အရေးကြီးသည်မှာ လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အားကိုးလာခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးသူများသဖွယ် ဖြစ်လာကာ လူသစ်များရရှိလာသလို ထောက်ပံ့ငွေများလည်း ရရှိလာနိုင်ပါသည်။ 

ငွေအင်အား၊ လူအင်အား ပိုမိုတောင့်တင်းလာသည်နှင့်အမျှ တိုက်ခိုက်မှုများ ပိုမိုဆောင် ရွက်နိုင်လာကာ အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ ပိုလုပ်လေ၊ အစိုးရက ပိုနှိမ်နင်းလေ၊ အကြမ်းဖက်အဖွဲ့ကို လူထုထောက်ခံမှုပိုရလေဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်လာသည့် သောင်းကျန်းသူအဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ အချို့သောအဖွဲ့ များသည် လူထုကိုဆွဲဆောင်နိုင်ရန် ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးဝန်ဆောင်မှုများကိုပင် ဆောင်ရွက်ပေးတတ်ကြပါသည်။ အချို့အဖွဲ့များသည် အချိန်ကြာလာသည်နှင့်အမျှ နယ်မြေပါ ထိန်းချုပ်နိုင်လာပြီး လူထုအားအခွန်ကောက်ခြင်းစသည်ဖြင့် အစိုးရအသေးစားကဲ့သို့ ပြုမူဆောင်ရွက်ကြပါသည်။ ထိုသို့ နယ်မြေထိန်းချုပ်နိုင်သောအချိန်တွင်မူ သောင်းကျန်း သူများသည် ၄င်းတို့ ထိန်းချုပ်နယ်မြေမှပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်တတ်ကြပါသည်။ 

ထိုမဟာဗျူဟာသည် ထိရောက်မှုရှိသော မဟာဗျူဟာဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းသည်လည်း ချွေစစ်မှာကဲ့သို့ပင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၄င်းထက်ရင်းမြစ်များ ပိုမိုပြည့်စုံသောအစိုးရအား ကာလရှည် စစ်ဆင်နွှဲနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် လူထုအနေဖြင့် အရပ်သားများအားသတ်ဖြတ်ခြင်း ကဲ့သို့ အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များကို လက်မခံခြင်းနှင့် အစိုးရက လက်တုန့်ပြန် တိုက်ခိုက်မည်ကို ကြောက်ရွံ့သည့်အတွက် အနည်းဆုံးအားဖြင့် အစပိုင်းတွင် ၎င်းတို့ကို လက်မခံခြင်းမျိုး ရှိနိုင်ပါသည်။ 

ထိုမဟာဗျူဟာကိုကျင့်သုံးသော အကြမ်းဖက်အဖွဲ့များသည် ရေရှည်ရပ်တည်နိုင်စွမ်း နည်းပါသည်။ ဥပမာတစ်ခုမှာ အီရတ်မှ အယ်ဂိုဒ်ဒါနှင့်ဆက်စပ်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်ကို ကျူးကျော်ပြီး ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချ ခဲ့ရာ အီရတ်တွင် အာဏာလေဟာနယ်(Power Vacuum) ဖြစ်လာခဲ့ပြီး အမေရိကန်တို့ သိမ်းပိုက်ပြီး အစပိုင်းလများတွင် အမေရိကန်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီများ၊ လူမျိုးစုသူပုန်များ၊ ဆက်ဒမ်အစိုးရဟောင်းမှအဖွဲ့များ စသည့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုမျိုးစုံ ထကြွခဲ့သလို ရာဇဝတ်မှုများလည်း အကြီးအကျယ်ဖြစ်ပွားခဲ့ပါသည်။ လူထုအနေဖြင့် လုံခြုံမှုမရှိဘဲ အစိုးရက ၄င်းတို့ကို အကာအကွယ်မပေးနိုင်ဟု ခံစားကြရပါသည်။ 

အီရတ်အနောက်ပိုင်းတွင် ဆွန်နီအများစုနေထိုင်ပြီး ၄င်းတို့ကအမေရိကန်သည် ရှီးယိုက် လွှမ်းမိုးထားသောအစိုးရကို တင်မြောက်ပြီး ဆွန်နီမူဆလင်များကို အာဏာလက်မဲ့ဖြစ်အောင် လုပ်နေသည်ဟု ယုံကြည်ကြပါသည်။ ထိုအချိန်တွင် အယ်ဂိုဒ်ဒါနှင့်ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့များ အီရတ်အနောက်ပိုင်းကို ဝင်လာသောအခါ ဒေသခံလူထုသည် ထိုအဖွဲ့များ၏ ရည်မှန်းချက်အားလုံးကို လက်ခံကောင်းမှလက်ခံမည်ဖြစ်သော်လည်း ထိုအဖွဲ့များအား ၄င်းတို့ အသိုင်းအဝိုင်းကို ကာကွယ်ပေးသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ အစိုးရခိုင်ခိုင်မာမာမရှိသည့်အတွက် လူမှုဖူလုံရေးမရှိ၊ ရဲတပ်ဖွဲ့လည်း မရှိသည့်အတွက် လူထုမှာ ကိုယ့်အားကိုယ်ကိုးနေရရာ ထိုအဖွဲ့များနှင့် အတူတွဲ အလုပ်လုပ်ရန်ကလွဲပြီး ရွေးစရာမရှိခဲ့ပေ။ 

အမေရိကန်နှင့် အီရတ်အစိုးရတို့က သောင်းကျန်းသူများကို တုန့်ပြန်ချိန် အစဦးပိုင်းတွင် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့် လူမှားဖမ်းခြင်းများ မကြာခဏလုပ်ခဲ့ကြပါသည်။ အမေရိကန်နှင့် အစိုးရတပ်များက လူတစ်ယောက်ကို သတ်လိုက်သည်နှင့် ၄င်း၏ ညီအကိုများ၊ မိသားစုဝင်များက လက်စားချေရန် သောင်းကျန်းသူအဖွဲ့ထဲ ဝင်ကြပါသည်။ သို့ဖြင့် အစပိုင်းက အင်အားနည်းနည်းသာရှိသော သောင်းကျန်းသူအဖွဲ့များသည် အင်အားကောင်းသည်ထက်ကောင်းလာကာ ပျောက်ကျား စစ်ဆင်မှုများပင် လုပ်နိုင်လာခဲ့ပြီး နယ်မြေထိန်းချုပ်နိုင်ခဲ့ပါသည်။ 

သို့သော် ထိုအဆင့်ရောက်ရှိချိန်တွင် ၄င်းတို့သည် အစိုးရ၏ချေမှုန်းမှုကို ခံနိုင်ရည်အလွန် နည်းလာပါသည်။ ၄င်းတို့၏ ထိန်းချုပ်နယ်မြေတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားကြသဖြင့် ၄င်းတို့၏အဖွဲ့ဝင်များကို လူအများက သိသွားကြပါသည်။ ထို့ပြင် ပြည်တွင်းစစ်စတင်သည့် ၂၀၀၆ ခုနှစ် ဝန်းကျင်ခန့်တွင် အီရတ်လူထုသည် အယ်လ်ဂိုဒ်ဒါနှင့်ဆက်စပ်သောအဖွဲ့များကို ဆန့်ကျင်လာကြပါသည်။ ထိုသို့လူထုက ဆန့်ကျင်လာခြင်းမှာ ထိုအဖွဲ့များ၏ အလွန်အကျွံ အကြမ်းဖက်မှုနှင့် ၄င်းတို့ သူစိမ်းဆန်သော အိုင်ဒီယာများကြောင့်ဖြစ်သလို အမေရိကန်အား ဆွန်နီအသိုင်းအဝိုင်းကို ကာကွယ်ပေးသူအဖြစ် စတင်ရှုမြင်လာခြင်းကြောင့်လည်း ဖြစ်ပါသည်။ အီရတ်အနောက်ပိုင်းရှိ လူမျိုးစုများသည် အမေရိကန်ကို ထောက်ခံလာကြပြီးနောက် အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်သောအဖွဲ့အစည်းများသည် အလွန်လျင်မြန်စွာပင် ပြိုကွဲသွားကြ သည်။ သောင်းကျန်းသူများကို လူထုကထောက်ခံမှုမရှိတော့ခြင်းနှင့် တိကျသည့်ထောက်လှမ်း ရေးသတင်းများရရှိလာခြင်းတို့ကြောင့် အမေရိကန်သည် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အယ်လ်ဂိုဒ်ဒါများကို အီရတ်နိုင်ငံတွင်းမှ မောင်း ထုတ်နိုင်ခဲ့ပါသည်။

တတိယမဟာဗျူဟာမှာ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှုဖန်တီးပြီး အစိုးရအား လူထုက ထကြွဆန့်ကျင်စေရန် ဝါဒဖြန့်ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့အများစုက လူထုသည် ၄င်းတို့ဘက်တွင်ရှိသည်ဟု ယုံကြည်ကြပြီး လူထုသည် ကြောက်ရွံ့နေသောကြောင့်၊ သို့မဟုတ် နိုင်ငံရေးအရနိုးကြားမှုမရှိသောကြောင့်၊ သို့မဟုတ် ထိုအကြောင်းရင်းနှစ်ခုလုံးကြောင့်သာ ငြိမ်နေကြခြင်းဖြစ်ပြီး ၄င်းတို့ကသာ လူထု၏မျက်စိကို ဖွင့်ပေးနိုင်မည်ဆိုလျှင် လူထုသည် ၎င်းတို့နှင့်ပူးပေါင်းကြလိမ့်မည်ဟုယုံကြည်ကြပါသည်။ အကြမ်းဖက်မှုသည် အစိုးရ အပေါ် လူထု၏အကြောက်တရားများပျောက်စေပြီး လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခြင်း၊  သို့မဟုတ် ရန်ပုံငွေထည့်ဝင်ခြင်း စသည်ဖြင့် တတ်နိုင်သည့်နည်းဖြင့် ပူးပေါင်းပါဝင် လာကြမည် ဟု ၄င်းတို့က ယုံကြည်ထားပါသည်။ 

အကြမ်းဖက်လုပ်ဆောင်မှုကို ဝါဒဖြန့်ရာတွင် အဓိကအချက်မှာ မီဒီယာများတွင်ပါဝင် ရေး ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ဝါဒဖြန့်နိုင်ရန်အတွက် လူအများက ဂရုစိုက်ရန် လိုပါသည်။ ၁၉၇၂ မြူးနစ်အိုလံပစ် ဓားစာခံအရေးအခင်းနှင့် ၉/၁၁ တိုက်ခိုက်မှုတို့သည် တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့ များ၏ လုပ်ဆောင်ချက်ကို လူအများအပြားက သတိထားမိသွားပြီး အချို့က အကြမ်းဖက်အဖွဲ့ ကို ထောက်ခံကြသလို ဆန့်ကျင်သူများလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ လူထုအနေ ဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ် နှင့် ရည်ရွယ်ချက်ကို မဖြစ်မနေ သတိထားမိသွားပြီ ဖြစ်ပါသည်။ 

သို့ရာတွင် အကြမ်းဖက်လုပ်ရပ်ကိုဝါဒဖြန့်ချိခြင်းသည် ၄င်းသက်သက်ဆိုလျှင် ထိရောက်မှုမရှိပါ။ လူသိများသည့် တိုက်ခိုက်မှုတစ်ခုတည်းနှင့် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့်ဖြစ်ရပ်မျိုး မရှိခဲ့ပါ။ ထို့ပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ထိုသို့ လူသိများသည့်တိုက်ခိုက်မှုမျိုး ထပ်တ လဲလဲလုပ်နိုင်သည်မှာလည်း အလွန်ရှားပါးပါသည်။ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားသည်နှင့် အစိုးရကလည်း ထိုအကြမ်းဖက်အဖွဲ့ကို အကြီးအကျယ်နှိမ်နင်းတော့သည်။ ထို့ကြောင့် လူသိများသည့် တိုက်ခိုက်မှုဖန်တီးပြီး ဝါဒဖြန့်ခြင်းသည် လူထုအားလှုံ့ဆော်နိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အောင်ပွဲရရန်အတွက်မူ လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အကြမ်းဖက်အဖွဲ့များသုံးသည့် စတုတ္ထမဟာဗျူဟာမှာ နှောင့်ယှက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပျက်စီးအောင်ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် ဘက်အားလုံးမှ အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး လူထုအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန်အချိန်မဟုတ်ဟု ထင်မြင်လာစေပြီး လူထု ကိုယ်တိုင် အစွန်းရောက်ကာ အကြမ်းဖက်မှုများကို လက်ခံလာတတ်ပါသည်။ အကောင်းဆုံး ဥပမာမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဆွေးနွေးမှုပျက်စေရန် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအချိန်က ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်သည် အစ္စရေးတာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းနေပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်နေပါသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်ယှက်ရန် ဟားမက်နှင့် ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ တို့သည် ဗုံးခွဲမှုများစွာလုပ်ခဲ့ပြီး အစ္စရေးအများအပြား သေဆုံးခဲ့ပါသည်။ ထိုသို့ ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အာရာဖတ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ခြင်း ရှိ/မရှိ အစ္စရေးတို့က မေးခွန်းထုတ်လာကြပါသည်။ အကယ်၍ အာရာဖတ်သာ အကြမ်းဖက်များကို ရပ်တန့်စေနိုင်လျှင် အာရာဖတ်သည် အကြမ်းဖက်မှုများကို ကြိုးကိုင်သူဖြစ်ပြီး လူသတ်မှုများအတွက် တာဝန်ရှိသူဖြစ်မည် ဖြစ်သည်။ အကယ်၍ အာရာဖတ်သည် အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်နိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် ၄င်းနှင့် စေ့စပ်ဆွေးနွေးမည်နည်း၊ အာရာဖတ်သည် အကြမ်းဖက်မှုများကို မရပ်တန့်စေနိုင်လျှင် ၄င်းနှင့် ညှိနှိုင်းရရှိလာသည့် ငြိမ်းချမ်းရေးသည်လည်း အဓိပ္ပာယ်ရှိမည်မဟုတ် စသည်ဖြင့် အစ္စရေးတို့ က အာရာဖတ်အပေါ် များစွာသံသယဝင်လာခဲ့ပါသည်။ 

ထို့ပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အစ္စရေးနိုင်ငံရေးသမားများအနေဖြင့်လည်း အလျော့ပေးလိုက်လျောမှုများလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ ထိုသို့ဖြင့် အစ္စရေးတို့သည် သဘောတူညီချက်အများအပြားကို အကောင်အထည်ဖော်ရန် ရွှေ့ဆိုင်းထားခဲ့တော့သည်။ ပါလက်စတိုင်းလူထုဖက်ကလည်း ငြိမ်းချမ်းရေးသည် ၄င်းတို့လိုချင်သော ရလဒ် မထွက်သဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိတော့ပဲ အကြမ်းဖက်မှုများကို ပိုမိုထောက်ခံလာ ကြပါသည်။ ထိုသို့ဖြင့် အကြမ်းဖက်များသည် အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး အစွန်းရောက်များကို ပိုအားကောင်းစေကာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်စီးသွားခဲ့ပါသည်။

နောက်ဆုံးဆွေးနွေးလိုသည့် အကြမ်းဖက်သမားများ၏ နည်းဗျူဟာတစ်ခုမှာ တစ်ကိုယ်တော်အကြမ်းဖက်မှု(Lone Wolf Terrorism) ဖြစ်သည်။ လူတစ်ဦးချင်း (သို့) နှစ်ဦး/ သုံးဦးပါ အဖွဲ့ငယ်လေးများဖြင့် အကြမ်းဖက်ခြင်းသည် ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ထိုးဖောက်သတင်းရယူရန် အဖွဲ့ဟူ၍ မယ်မယ်ရရမရှိ၊ ဖမ်းဆီးရမည့် ခေါင်းဆောင်ဟုလည်းမရှိသဖြင့် ရပ်တန့်ရန် အလွန့်အလွန်ခက်ခဲလှပါသည်။ ထို့ပြင် မည်သူမဆိုအကြမ်းဖက်သမားဖြစ်နိုင်ပြီး မည်သည့်အချိန်မဆို တိုက်ခိုက်မှုဖြစ်ပွားနိုင်သောကြောင့် လူထုကို အကြီးအကျယ် ကြောက်လန့်စေနိုင်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်မှုများကို တစ်နေ့တစ်ခြားအတွေ့များလာနေပြီး အင်တာနက်ကြောင့် တစ်ကိုယ်တော်အကြမ်းဖက်မှုလုပ်ရန် ပိုလွယ်စေပါသည်။ အင်တာနက်သည် လူတစ်ဦးကို လူများစွာနှင့်ဆက်သွယ်နိုင်လာသည့်အတွက် လူတစ်ဦးက ဖော်ထုတ်လိုက်သည့် အကြမ်းဖက်သဘောတရားကို လက်ခံသဘောကျသူများက လိုက်လုပ် လာနိုင်ပါသည်။ သီးခြားစီဖြစ်သော တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် ပိုမို ကျယ်ပြန့်သော ဂလိုဘယ်အိုင်ဒီယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခြင်းမျိုးဖြစ်ပါသည်။

တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားမီ ဖော်ထုတ်ဖမ်းဆီးရန် အလွန်တရာခက်ခဲသော်လည်း ၄င်းသည် ထိရောက်သည့် နည်းဗျူဟာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် များ သောအားဖြင့် ကျယ်ပြန့်သည့် ရည်မှန်းချက်များနှင့် ချိတ်ဆက်မှုမရှိသောကြောင့် ဖြစ်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများကို လူထုကလည်းယေဘုယျအားဖြင့် လုံးဝအနှုတ် လက္ခဏာဆောင်သည်ဟု ယူဆကြပြီး ထောက်ခံမှုမရှိကြပါ။ ထို့ကြောင့် တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ကြောက်စရာကောင်းပြီးရပ်တန့်ရန် အလွန်တရာ ခက်ခဲသော်လည်း ထိရောက်သည့် မဟာဗျူဟာ မဟုတ်ကြောင်း တွေ့ရှိရပါသည်။ 

အကြမ်းဖက်အဖွဲ့များအနေဖြင့် အထက်ပါနည်းဗျူဟာများကို ပေါင်းစပ်၍လည်း သုံးစွဲတတ်ကြပါသည်။ ယေဘုယျအားဖြင့် အကြမ်းဖက်သမားများအသုံးပြုကြသော မဟာဗျူဟာများမှာ အားနည်းချက်များရှိပြီး အကောင်းဆုံးမဟာဗျူဟာသည်ပင်လျှင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အလွန်ခက်ခဲပါသည်။ ထို့ပြင် ၄င်းတို့၏ အောင်မြင်မှုသည် အဓိကအားဖြင့် အစိုးရ၏တုန့်ပြန်မှုပေါ်တွင် များစွာမူတည်နေပါသည်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ အောင်မြင်မှုသည် အစိုးရက အမှားများလုပ်မိခြင်းအပေါ် မူတည်နေပြီး ပြီးပြည့်စုံသည့် အစိုးရ မရှိဆိုသည့်တိုင် အကြမ်းဖက်ဝါဒကိုတန်ပြန်ရာတွင် အမှားကြီးများကို အစိုးရအချို့ ကျူးလွန်ကောင်းကျူးလွန်မိမည်ဖြစ်သော်လည်း အစိုးရအားလုံး ကျူးလွန်ခြင်းမရှိကြပါ။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့အများစုအနေဖြင့် ၎င်းတို့ရည်မှန်းချက် ထမြောက်အောင်မြင်ခဲ့ခြင်း မရှိကြကြောင်း တွေ့ရှိရပါသည်။ 

Reference;   

(1) GeorgetownX: Terrorism and Counterterrorism, www.edx.org

(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org

ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

အစဉ်အလာကောင်းများဖြင့် ပြည်သူ့ရှေ့မှာ အမြဲအသင့်ရှိနေသည့်တပ်မတော်
-

ယနေ့ခေတ် ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် သမိုင်းစဉ်ဆက်ခေတ်အဆက်ဆက်ကတည်းက  ရှင်သန်ပေါ်ထွန်းခဲ့သော မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၅၅၁ ခုနှစ် တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ်  ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်တွင်တတိယမြန်မာနိုင်ငံတော်ကို  ထူထောင်ခဲ့သော   အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်တို့ကဲ့သို့ပင် ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တ

ယနေ့ခေတ် ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် သမိုင်းစဉ်ဆက်ခေတ်အဆက်ဆက်ကတည်းက  ရှင်သန်ပေါ်ထွန်းခဲ့သော မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၅၅၁ ခုနှစ် တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ်  ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်တွင်တတိယမြန်မာနိုင်ငံတော်ကို  ထူထောင်ခဲ့သော   အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်တို့ကဲ့သို့ပင် ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တင်၍ တိုင်းရင်းသားပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထူထောင်ထားသော အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် မျိုးချစ်တပ်မတော်ပင်ဖြစ်သည်။

ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် ယနေ့ချိန်ခါမှ ပြည်သူ့ကြားမှပေါ်ထွန်းလာသော တပ်မတော်တစ်ရပ်မဟုတ်ပါ။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားစေနိုင်သော၊ ခေတ်အဆက်ဆက်ကတည်းက နိုင်ငံသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ထွန်းခဲ့သော မျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုဘယ်တော့မှသစ္စာမဖောက်ခဲ့ပါ။ နိုင်ငံနှင့်လူမျိုးအတွက်၊ အမျိုးဘာသာသာသနာအတွက် အမြဲတမ်းတာဝန်ကျေပွန်ခဲ့သော တပ်မတော်လည်းဖြစ်သည်။ ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် အမျိုးကိုကာကွယ်စောင့်ရှောက်လိုသောစိတ်၊  အမျိုးဂုဏ်ကိုမြှင့်တင်လိုသောစိတ်ကိုအခြေခံပြီး ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝသူတို့၏နှလုံးသွေးဖြင့် ပုံဖော်ထုဆစ်တည်ဆောက်ထားသော “မျိုးချစ်တပ်မတော်”ဆိုရင်လည်းမမှားပေ။

တပ်မတော်ဟူသည် စစ်ရေးစစ်ရာအတွက် လက်နက်တပ်ဆင်ထားပြီး ကြည်း၊ ရေ၊ လေ တပ်များစနစ်တကျပါဝင်ဖွဲ့စည်းထားသည့်နိုင်ငံတစ်နိုင်ငံ၏    ကာကွယ်ရေးတပ်ပေါင်းစုကြီးလည်းဖြစ်သည်။ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ်ရှိမှသာလျှင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အေးချမ်းသာယာမှုတို့ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ပထမမြန်မာနိုင်ငံကိုထူထောင်ခဲ့သော  အနော်ရထာမင်းကြီးသည် စစ်သည်ရဲမက်များကို အလွယ်တကူ စုစည်းနိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ဆယ်ပြုမြို့တို့ကို စနစ်တကျထူထောင်နိုင်ခဲ့ခြင်းကြောင့် မြန်မာတို့ဩဇာအာဏာသည်  တောင်ဘက်တွင်  မလာယုကျွန်း၊   အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယား၊ အရှေ့ဘက်နှင့်မြောက်ဘက်တွင်တရုတ်နယ်စပ်၊ အနောက်ဘက်တွင် ပဋိက္ကရားအထိ ပျံ့နှံ့သက်ရောက်ခဲ့သည်။

အလားတူ ဒုတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာနိုင်ငံပြင်ပဖြစ်သော မဏိပူရ၊ ကသည်း၊ ရှမ်းကိုးပြည်၊ ဇင်းမယ်နှင့်လင်းဇင်း ပြည်နယ်များကိုလည်းကောင်း၊မြန်မာတို့၏ဩဇာခံဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့သည်။ စနစ်ကျသောဘုရင့်နောင်၏တပ်တွင် ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ်နှင့်လှံတပ်များ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် မြန်မာ့တပ်မတော်၏စွမ်းအားသည်အရှေ့တောင်အာရှနယ်ပယ်အားလုံးကို ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။

ထိုနည်းတူ တတိယနိုင်ငံတော်ကိုထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်သည်လည်း အင်အားတောင့်တင်းပြီးအရည်အသွေး၊ အဆင့်အတန်းမြင့်မားခဲ့သည်။ အလောင်းမင်းတရားကြီးလက်ထက်တွင်  ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ်နှင့်ရေတပ်များအပြင် မြင်းရည်တက်တပ်ဖွဲ့များကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့်အင်အားကြီးမား၍ စွမ်းရည်မြင့်မားသောတပ်မတော်ကို အလောင်းမင်းတရားကြီးလက်ထက်တွင် တွေ့မြင်နိုင်သည်။ ပြည်သူတို့၏စိတ်နှလုံးလည်း  အေးချမ်းခဲ့ရသည်။  စီးပွားရေး၊ လူမှုရေးကိစ္စများလည်း အဆင်ပြေစေခဲ့ပြီး တစ်မျိုးသားလုံးမျိုးချစ်စိတ်ဓာတ် ရှင်သန်ခဲ့ရသည်။သို့သော် ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက် ၁၈၂၄ ခုနှစ်တွင်အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲနှင့်နောက်ဆုံး သီပေါမင်းလက်ထက်   ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ကာ မြန်မာတို့ထီးကျိုး စည်ပေါက်ထီးနန်းပျောက်ခဲ့ရသည်။ သို့သော်လည်း မြန်မာတို့သည် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေ အသင်း၊ ၁၉၂၀ ပြည့်နှစ်တွင်ဂျီစီဘီအေအသင်းနှင့် ပထမကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင်တောင်သူလယ်သမားအရေးတော်ပုံ၊  ၁၉၃၆   ခုနှစ်တွင်    ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံအစရှိသော အမျိုးသားရေးလှုပ်ရှားမှုတို့ဖြင့် နယ်ချဲ့တို့ကိုဆန့်ကျင်တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း နယ်ချဲ့တို့၏လူအင်အားသာလွန်မှု၊ လက်နက်အင်အားကောင်းမွန်မှုတို့ကြောင့်   ထင်တိုင်းမဖြစ်ခဲ့ပေ။ မျိုးချစ်စိတ်မည်သို့ပင်ပြင်းပြပါစေ ခေတ်မီဖွံ့ဖြိုးတိုးတက်၍စွမ်းရည်ထက်မြက်သည့်  တပ်မတော်တစ်ရပ်မဟုတ်သည့်အတွက်ရည်ရွယ်ချက်ပန်းတိုင်နှင့်အလှမ်းဝေးကွာခဲ့သည်။

ထို့ကြောင့်  လက်ရုံးရည်၊  နှလုံးရည်နှင့်ပြည့်စုံကာ   အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သည့်တပ်မတော်တစ်ရပ်ရှိမှသာ   မိမိနိုင်ငံ၊ မိမိလူမျိုးကို  ကာကွယ်စောင့်ရှောက်နိုင်မည်ဟုသိရှိနားလည်ခဲ့သောကြောင့် သခင်အောင်ဆန်းဦးဆောင်သည့် မျိုးချစ်လူငယ်သုံးကျိပ်တို့သည် ဂျပန်တို့၏အကူအညီများရယူ၍ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာရပ်ကို ပင်ပန်းဆင်းရဲခံ၍ ခက်ခဲကြမ်းတမ်းစွာ သင်ယူခဲ့ကြသည်။

ထို့နောက် ၁၉၄၁ ခုနှစ်  ဒီဇင်ဘာလ ၂၇ ရက်တွင်  ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေအိမ်၌လက်မောင်းသွေးဖောက်၊ သွေးသစ္စာသောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကို   စတင်သန္ဓေတည်ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ  ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ်လည်းကောင်း၊ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့အမျိုးသားတပ်မတော်အဖြစ်လည်းကောင်း၊   ၁၉၄၅ ခုနှစ်  ဇူလိုင်လ ၂၃ ရက်တွင်  မျိုးချစ်ဗမာ့တပ်မတော်အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ခဲ့သည်။   မျိုးချစ်စိတ်ကိုသန္ဓေတည်ပြီး ရှင်သန်ပေါက်ဖွားခဲ့သော  မြန်မာ့တပ်မတော်သည်မည်သို့သောအခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ပါစေ စိတ်ဓာတ်၊စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဆိုသည့် တပ်တိုင်း၊ရဲဘော်တိုင်းထားရှိကြသည့်  အခြေခံအရည်အချင်းငါးပါးနှင့်အညီခံယူချက်ကောင်းကောင်း၊ ရည်မှန်းချက်ကောင်းကောင်းဖြင့် ပြည်သူ့ရှေ့ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ထို့နောက် မြန်မာ့မြေ‌ပေါ်မှ နယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ချေမှုန်းခဲ့သည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်  အများပြည်သူ မျှော်လင့်တောင့်တခဲ့သော လွတ်လပ်ရေးအောင်ပန်းကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးမရခင်ကလည်းကောင်း၊ လွတ်လပ်ရေးရပြီးချိန်တို့တွင်လည်းကောင်းပြည်တွင်းပြည်ပရန်သူဟူသမျှကို  စစ်ဆင်ရေးကြီးပေါင်းများစွာဆင်နွှဲကာ အမိမြေအတွက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းပြည်နှင့်လူမျိုးအတွက်၊ အမျိုးဘာသာသာသနာအတွက်အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်တို့ဖြင့်ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့သော မြန်မာ့တပ်မတော်၏စွမ်းရည်သည် ကမ္ဘာကပင်အသိအမှတ်ပြု ချီးကျူးခြင်းခံခဲ့ရသည်။

မြန်မာ့တပ်မတော်သားတို့သည် ပြည်သူကိုချစ်သော၊  ကာကွယ်လိုသောစိတ်ဓာတ်တို့ကြောင့်  အမိမြေအတွက်  အသက်သွေးချွေးပေါင်းများစွာပေးဆပ်ပြီး  တိုက်ပွဲဝင်ခဲ့ကြသည်။  လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း   နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုတို့ကြောင့်လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သော ပြည်တွင်းရောင်စုံသောင်းကျန်းမှုတွေကိုလည်း ရင်ဆိုင်တွန်းလှန်ခဲ့ပြန်သည်။

အလားတူ ပြည်တွင်းမငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသော တရုတ်ဖြူ(ကူမင်တန်)တပ်များနှင့် သောင်းကျန်းသူများကြီးစိုးသောဒေသများကို ကျိုင်းတုံစစ်ဆင်ရေး၊  ပင်လုံစစ်ဆင်ရေး၊ မိုးကြိုးစစ်ဆင်ရေး၊ နဂါးနိုင်စစ်ဆင်ရေး၊ဗန္ဓုလစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးကြီးများဖြင့်အနိုင်ယူကာအနက်ရောင်နယ်မြေများကို အဖြူရောင်နယ်မြေများဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့သည်။

ပြည်သူ့အရေးအစဉ်တွေးပြီးကာကွယ်စောင့်ရှောက်နေသောမြန်မာ့တပ်မတော်သည် ပြည်သူတို့၏လိုလားချက်နှင့်ဖြစ်ပေါ်လာသော သမိုင်း၏ တောင်းဆိုချက် များအရ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင် အိမ်စောင့်အစိုးရကိုဖွဲ့စည်းကာ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန်တာဝန်ယူခဲ့သည်။  ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင်  မြန်မာ-တရုတ် နယ်နိမိတ်သတ်မှတ်မှုသဘောတူစာချုပ်ကို  ချုပ်ဆိုနိုင်ခဲ့သည်။  အိမ်စောင့်အစိုးရသည်ထောက်ပံ့ရေးဌာန၊ သမဝါယမနှင့်ဖက်စပ်ကော်ပိုရေးရှင်းများ၏မူနှင့်လုပ်ငန်းစဉ်များကို   ပြည်သူလူထုနှင့်ကိုက်ညီအောင်  ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်မြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့သစ်ကိုဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော်ကြီးအား မြို့တော်အင်္ဂါရပ်နှင့်ညီအောင်ဆောင်ရွက်ခဲ့သည်။ တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပနှင့်သာကေတမြို့သစ်တို့ကို တိုးချဲ့တည်ထောင်ပေးခဲ့ပြီး အခြေခံလူတန်းစားများ၏ဘဝများကို လူနေမှုဘဝမြင့်မားအောင် လုပ်ဆောင်ပေးခဲ့သည်။ အိမ်စောင့်အစိုးရအနေဖြင့် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် လွတ်လပ်၍တရားမျှတသောအထွေထွေရွေးကောက်ပွဲကျင်းပပြီး   အနိုင်ရရှိခဲ့သောသန့်ရှင်းဖဆပလအဖွဲ့သို့ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်တွင် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။   တပ်မတော်သည် စနစ်ကျစွာ  နိုင်ငံတော်အာဏာကို လွှဲပေးခဲ့သော်လည်း  အာဏာရပါတီ၏မညီညွတ်မှုကြောင့် ပြည်ထောင်စုပြိုကွဲမည့်အခြေအနေသို့ရောက်ရှိခဲ့ပြန်သည်။

ထို့ကြောင့် ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီးပြိုကွဲတော့မည့်အရေးတွင်မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းရယူခဲ့ပြီး   တစ်မျိုးသားလုံး၏စည်းလုံးညီညွတ်မှုကို   ပြန်လည်တည်ဆောက်ခဲ့သည်။ တောင်သူလယ်သမား၊ အလုပ်သမားများ၏ဘဝအခက်အခဲများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး နှီးနှောဖလှယ်ပွဲများကိုပါ ကျင်းပပြုလုပ်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပြီး ၁၉၇၂ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုစတင်ရေးဆွဲခဲ့ကာ လူထုထံသို့မူကြမ်းသုံးကြိမ်ချပြခဲ့သည်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ၃၁ ရက်အထိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၁၉၇၄ ခုနှစ်ဇန်နဝါရီလ ၃ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၁၉၇၄ ခုနှစ်မတ်လ ၂ ရက်တွင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်အစစ်ဖြစ်သူတိုင်းရင်းသားပြည်သူများအားကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်အပ်နှင်းခဲ့သည်။

ထို့အတူ ၁၉၈၈ ခုနှစ် ပြည်တွင်းဆူပူမှုကာလတွင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာဆုံးရှုံးရမည့်အန္တရာယ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ၁၉၈၈ ခုနှစ် စက်တင်ဘာလ၁၈ ရက်တွင်   မြန်မာ့တပ်မတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍ နိုင်ငံတော်အာဏာအရပ်ရပ်ကို ရယူထိန်းသိမ်းခဲ့ရပြန်သည်။ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းရေး၊ အများပြည်သူလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့် ပြည်သူတို့၏စားဝတ်နေရေးချောင်လည်စေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအချိန်နှင့်တစ်ပြေးညီ အဆင်ပြေစွာသွားလာနိုင်စေရန် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းနှင့် မြို့သစ်များကိုပါ တိုးချဲ့တည်ဆောက်ပေးခဲ့သည်။ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စိုက်ပျိုးရေဖူလုံစေရန် ဆည်မြောင်းတာတမံများကိုလည်း အဆင့်မြင့်မားစွာ တည်ဆောက်ပေးခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာပြီး   ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ်ကြိုးပမ်းရင်း ဈေးကွက်စီးပွားရေးစနစ်ကိုပါအကောင်အထည်ဖော်ဆောင်ပေးခဲ့သည်။  ထို့ပြင် ၁၉၉၇ ခုနှစ်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့အား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက်မှာတော့ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဟု ပြောင်းလဲပြင်ဆင်ပြီး အမျိုးသားစွမ်းအားကိုထူထောင်ပေးခဲ့သည့်အပြင် အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုအကျိုးစီးပွားကိုပါ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်တာဝန်ယူနေစဉ်အတွင်း  အဘက်ဘက်က ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသောအစိုးရထံ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

ပြည်သူ့အရေးဆို   ခေတ်အဆက်ဆက်တာဝန်ကျေပွန်ခဲ့သောမြန်မာ့တပ်မတော်သည် မည်သို့သောအကြောင်းတရားများနှင့် ရင်ဆိုင်ကြုံတွေ့ပါစေ စနစ်မှန်၊ နည်းလမ်းမှန်ဖြင့် ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည့်အတွက်တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)တွင်ပါရှိသော “ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုနိုင်ရန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကိုလွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့်ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟုမှတ်ယူရမည်။ ယင်းလွှတ်တော်များ၏သက်တမ်းကုန်ဆုံးသည့်အခါသက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်”ဟုပါရှိသည်နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုလက်ခံရယူပြီး ဖေဖော်ဝါရီလ ၁ ရက်မှစ၍ အမျိုးသားနိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်ခဲ့ရပြန်သည်။

မြန်မာ့တပ်မတော်သည် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို သယ်ပိုးနိုင်ရန်အမျိုးသားနိုင်ငံရေးကို ထမ်းဆောင်လျက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊ ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(င)တွင်ပါရှိသော “ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို  ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်”ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း၊ ပုဒ်မ(၂၀)၊ပုဒ်မခွဲ(စ)တွင်ပါရှိသော “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း၊ နိုင်ငံတော်၏ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းသောတာဝန်များကိုပါကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။  ယင်းမှာ နိုင်ငံတော်၏အခြေခံမူများတွင်ပါဝင်သော “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဟူသော ပြဋ္ဌာန်းချက်အရ ပါဝင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာ့တပ်မတော်သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများကို တစိုက်မတ်မတ်  အားသွန်ကြိုးပမ်းဆောင်ရွက်ရင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိသည်။ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း၊ မဟာစင်မုန်တိုင်း၊ တာလေငလျင်၊ စစ်ကိုင်းငလျင်၊ ပုဂံငလျင်၊ ဧရာဝတီရေဘေး၊ကလေးရေဘေး အစရှိသော မြန်မာနိုင်ငံအနှံ့အပြားတို့တွင် ဖြစ်ပေါ်ခဲ့သောပြည်သူလူထုအပေါ်ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်များကိုလည်း လူသားချင်းစာနာစိတ်အပြည့်အဝထားပြီး   အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်ကူညီဆောင်ရွက်ခဲ့သည်။ ၁၉၈၈ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရေလှောင်တမံစီမံကိန်းနှင့် မြစ်ရေတင်စီမံကိန်းကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊လေကြောင်း/ရေကြောင်း ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့်လူမှုရေး၊ စီးပွားရေးအစရှိသောတိုင်းပြည်၏ကဏ္ဍအသီးသီးကို    ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ပြည်သူနှင့်လက်တွဲပြီးကာကွယ်စောင့်ရှောက်လျက်ရှိသလို ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာကိုလည်း အသက်သွေးချွေးပေါင်းများစွာတို့ဖြင့် ပေးဆပ်စောင့်ရှောက်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်။  

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့တပ်မတော်သည် စတင်သန္ဓေတည်ပေါ်ပေါက်လာစဉ်ကတည်းက ပြည်သူနှင့်အတူလက်တွဲ၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းမှု၊ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု၊ ပြည်ပကျူးကျော်မှုကိုနှိမ်နင်းခြင်းနှင့် တိုင်းရင်းသားရင်ကြားစေ့ရေးလုပ်ငန်းကို ဖော်ဆောင်ခဲ့သည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ခြင်းနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ သို့ဖြစ်ပါသောကြောင့် တိုင်းပြည်အရေးကိစ္စကြုံလာတိုင်း အသက်သွေးချွေး စဉ်မနှေး၊ ပေးဆပ်သည်မှာ တပ်မတော်ပါဆိုသည့်အတိုင်းအစဉ်အလာကောင်းများဖြင့် ပြည်သူ့အရှေ့မှာအမြဲအသင့်ရှိနေသည့်တပ်မတော်ပင်ဖြစ်ပါကြောင်းနှစ်(၈၀)ပြည့် တပ်မတော်နေ့အားဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

မနောဖြူ

အမျိုးသားနိုင်ငံရေး ဦးဆောင်မှုနှင့် တပ်မတော်၏ အခန်းကဏ္ဍ
-

၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့သော  မြန်မာ့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ပြီး အသက်သွေးချွေးအစဉ်မနှေးဘဲပေးဆပ်လာခဲ့သည်မှာ နှစ်(၈၀)တိုင်ခဲ့ပြီဖြစ်သည်။  ရှေ့ဆက်၍ လည်း နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးအတွက် ဦးလည်မသုန် ထမ်းရွက်နေမည်သာဖြစ်သည်။

မြန်မာနိုင်ငံသည်   ရှေးကာလများကတည်းက ရေမြေနယ်နိမိတ်ပိုင်နက်၊ တိုင်းရင်းသားပြည်သူများ၊ တိုင်းပြည်ကို အုပ်ချုပ်သူ၊ အချုပ်အခြာအာဏာ ပိုင်စိုးခြင်းတို့ပြည့်စုံလျက် စည်းလုံးညီညွတ်သော  သမိုင်းကြောင်းရှိသည့်  နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာခဲ့သည့်  အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားဦးအောင်ဇေယျတို့ လက်ထက်တွင် ပိုင်နက်နယ်ပယ်ကျယ်ဝန်းပြီး ခမ်းနားထည်ဝါစွာ သာယာဝပြောသော နိုင်ငံတော်အဖြစ် တည်ထောင်နိုင်ခဲ့ကြသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းသော  မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်တွင်   အနောက်နိုင်ငံများ၏ လုပ်ကြံသွေးထိုးမှုကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရသည်။  ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့က  စစ်သုံးကြိမ်ပြုပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သဖြင့် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် နိုင်ငံတစ်ဝန်းနယ်ချဲ့ တော်လှန်ရေးများကို ဆင်နွှဲခဲ့သော်လည်း စနစ်တကျဖွဲ့စည်းမှုမရှိခြင်းနှင့် လက်နက်အင်အားမမျှတခြင်းတို့ကြောင့် နောက်ဆုံးတွင် အင်္ဂလိပ်တို့ကို အရေးနိမ့်ခဲ့ရသည်။

ဆုံးရှုံးသွားသော  လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ခေတ်မီတပ်မတော် ဖွဲ့စည်းနိုင်ရေး ဂျပန်တို့ထံတွင် စစ်ပညာသင်ယူခဲ့သည်။  ထို့နောက်  ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်ဘုရင့်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းများခွဲ၍ ဝင်ရောက်ခဲ့ပြီး  နယ်ချဲ့အင်္ဂလိပ်တို့ကို  ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ထုတ်လိုက်သည်။ အင်္ဂလိပ်တို့ဆုတ်ခွာသွားသော်လည်း ဂျပန်တို့သည်လွတ်လပ်ရေးပေးမည့် ကတိကို ပျက်ကွက်ခဲ့သည့်အပြင်    ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့်   တပ်မတော်သည် ၁၉၄၅  ခုနှစ် မတ်လ ၂၇ ရက်တွင် သမိုင်းဝင်ဖက်ဆစ် တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲဆင်နွှဲခဲ့ကြသည်။ မတ်လ ၂၇ ရက်နေ့ကို   တပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်(၈၀)တိုင်ခဲ့ပြီဖြစ်သည်။

ယနေ့မြန်မာ့တပ်မတော်၏ အမြုတေတပ်မတော်အဖြစ် စတင်ခဲ့သော    ဗမာ့လွတ်လပ်ရေး တပ်မတော်သည်  ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့အမျိုးသားတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်၊  ဗမာ့တပ်မတော်အဖြစ် အဆင့်ဆင့်အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။  တပ်မတော်သည် မည်သို့ပင်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း  ပြည်သူလူထုနှင့် လက်တွဲပြီး လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ပေးခဲ့သည့်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် အတူပေါက်ဖွားလာခဲ့သော တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသည်။  ၁၉၄၉ ခုနှစ်ဝန်းကျင်တွင်  အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး  ရန်ကုန်အစိုးရဟုပင် လှောင်ပြောင်ခေါ်ဆိုခံရသည့် အခြေအနေအထိဖြစ်ပေါ်ခဲ့သည်။ တပ်မတော်သည် ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းစဉ်မှာပင် တရုတ်ဖြူ(ကူမင်တန်)နှင့် မူဂျာဟစ်ကုလားဆိုး သောင်းကျန်းမှု စသောပြည်ပ ကျူးကျော်မှုများကိုလည်း   နှိမ်နင်းခဲ့ရသည်။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက်  ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်နှင့် ပြည်သူတို့၏ လိုအင်ဆန္ဒများကို    ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။  ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင်  တပ်မတော်သည် အိမ်စောင့်အစိုးရ တာဝန်ရယူပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သောင်းကျန်းသူ နှိမ်နင်းရေးနှင့် လွတ်လပ်၍တရားမျှတသော    ရွေးကောက်ပွဲ ကျင်းပပေးရေး စသောနိုင်ငံတော်၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေသို့ရောက်ရှိလာသဖြင့် ‌ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး  နိုင်ငံတော်တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။

၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ တောင်းဆိုမှုနှင့်အတူ ဆူပူဆန္ဒပြမှုများ ပြင်းထန်လာမှုကြောင့် အစိုးရပြိုကွဲသွားပြီး  တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို  စောင့်ရှောက်ရယူချိန်တွင်လည်း  တပ်မတော်သည် ပြည်သူတို့၏ လိုအင်ဆန္ဒနှင့်အညီ  ပါတီစုံဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ  ကျင်းပပြီး အတည်ပြုပြဋ္ဌာန်း ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို   ကျင်းပခဲ့ပြီး အနိုင်ရရှိသည့်ပါတီထံ   နိုင်ငံ့တာဝန်အရပ်ရပ်ကို   အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေး ကမကထပြု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ပေါ်ပေါက်လာသော   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် ယခင် NLD အစိုးရ၏ ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့် နိုင်ငံတော်အာဏာအား မသမာသည့်နည်းလမ်းဖြင့် အဓမ္မရယူခဲ့သည်ကိုတားဆီးရန်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ   ကြေညာပြီး ပေါ်ပေါက်လာသော  အစိုးရဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူပြီးချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်ကာ နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ရာ ယခုအခါ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါရှိသော နောက်ဆုံးအချက်သည် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏  အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့်    အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု အတိအလင်းဖော်ပြထားသည်။ ထိုသို့ဆောင်ရွက်နိုင်ရေး အဓိကလိုအပ်ချက်မှာ   တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။

တပ်မတော်သည်   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအခြေခံ အချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့အပေါ်၌ ခိုင်ခိုင်မာမာရပ်တည် သွားမည်ဖြစ်သည်။ ယနေ့ချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့်  စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့်  ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀(စ)အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။   ထို့ကြောင့်  တပ်မတော်သည် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဟုခံယူပြီး   နိုင်ငံတော်ကိုပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက် ကာကွယ် စောင့်ရှောက်သူအဖြစ်  အစဉ်အမြဲဆက်လက် တည်ရှိနေမည်ပင်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် နိုင်ငံ၏ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စသည့်အကြောင်းအရာ၊ အချက်အလက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံရေးစနစ်တစ်ခု ချမှတ်လျှောက်လှမ်းမြဲဖြစ်သည်။ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည်။

ဒီမိုကရေစီဆိုသည်မှာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ခြင်းဖြစ်သဖြင့် ကဏ္ဍအသီးသီးတွင် တည်ငြိမ်အေးချမ်းမှု အရေးကြီးသည့်အတွက်  ၂၀၂၅ ခုနှစ် နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဦးတည်ချက်များဖြစ်သည့်-

 (၁) ဒို့တာဝန်အရေး(၃)ပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ခုဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များအား ကျရာအခန်းကဏ္ဍ မှအားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရေး။

(၂) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ထာဝရ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင်  ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။

(၃) နိုင်ငံတော်နှင့်နိုင်ငံသားများ အပေါ်ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး။

 (၄) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေ‌ရေး ။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေးတို့တွင် ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရေး လိုအပ်ကြောင်း မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့်“တပ်မတော်နေ့”ကို   ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။   ။

လင်းအရုဏ်ဦး (ပဲခူး)

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၅)
-

၄။       အကြမ်းဖက်ဝါဒသည် ချေမှုန်း၍ မရဟူသော ယူဆချက်အားလေ့လာခြင်း

ထိုယူဆချက် မှန်၊ မမှန် လေ့လာသုံးသပ်ရာတွင် အကြမ်းဖက်ဝါဒကို ချေမှုန်းခြင်းနှင့် အကြမ်းဖက်အဖွဲ့များကို ချေမှုန်းခြင်း နှစ်မျိုးစလုံးကို လေ့လာကြည့်ပါမည်။ ပထမဦးစွာ အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ခြင်း ရှိ/မရှိ လေ့လာပြီးနောက် အကြမ်းဖက်ဝါဒ တစ်ခုလုံး ကို ချေမှုန်းနိုင်ခြင်း ရှိ/မရှိ လေ့လာကြည့်ပါမည်။ အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရဟု ပြောခဲ့ သူများမှာ အကြမ်းဖက်နှိမ်နင်းကျွမ်းကျင်သူအချို့နှင့် အရေးကြီးသော နိုင်ငံရေးသမားများ ဖြစ်သည်။ ဥပမာအားဖြင့် ဗြိတိသျှတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရတ်ချက် (Sir David Richards) က အယ်လ်ဂိုဒ်ဒါ နှင့် အစ္စလာမ်မစ် စစ်သွေးကြွများကို ချေမှုန်းရေးနှင့် ပတ်သက်၍ "သမားရိုးကျ စစ်ပွဲတွေမှာတော့ အနိုင်အရှုံးက ထင်ရှားတယ်၊ နိုင်တဲ့တပ်ဖွဲ့တွေ က ရှုံးတဲ့နိုင်ငံရဲ့မြို့တော်ကို ချီတက်သွားတယ် မြင်နိုင်တယ်။ (အကြမ်းဖက်တွေကို) ဒီလို ပြတ်ပြတ်သားသားချေမှုန်းနိုင်ဖို့ လိုသလားလို့ ခင်ဗျားတို့မေးရင် လိုလဲမလိုအပ်ဘူး၊ ဘယ်တော့ မှလဲ အပြတ်ချေမှုန်းနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်" ဟု ၂၀၁၀ ပြည့် နှစ်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဘုရှ် (George Bush) ကို အကြမ်းဖက်မှုအား စစ်နွှဲသည့်စစ်ပွဲ အောင်မြင်နိုင်မည်လောဟု ၂၀၀၄ ခုနှစ်က မေးမြန်းခဲ့ရာ ၎င်းက "နိုင်မယ်တော့မထင်ဘူး။ ဒါပေမယ့် အကြမ်းဖက်မှုကို နည်းလမ်းတစ်ခုအဖြစ် သုံးတဲ့သူ တွေကို ကမ္ဘာကြီးရဲ့ နေရာအတော်များများမှာ လက်မခံတဲ့အခြေအနေတော့ ဖန်တီးနိုင်မယ် လို့ ထင်တယ်" ဖြေကြားခဲ့သည်။ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂ (Abdullah 2) ကလည်း "ကမ္ဘာပေါ်မှာ မကောင်းတဲ့လူတွေ အမြဲဆက်ရှိနေဦးမှာဖြစ်လို့ အကြမ်းဖက်ဝါဒကို ဘယ်တော့ မှ အမြစ်ဖြတ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ အကြမ်းဖက်မှုကို ဆင်နွှဲသည့် စစ်ပွဲ၏ ဗိသုကာဖြစ်သည့် သမ္မတဘုရှ်ကိုယ်တိုင်က ထိုသို့ပြောကြားခဲ့သည့်အတွက် အကြမ်းဖက်ဝါဒ သည် တကယ်ပင် ချေမှုန်းရန် မဖြစ်နိုင်ပါသလော။ 

ထိုအယူအဆ မှန်/မမှန် လေ့လာသုံးသပ်ရန် အရေးကြီးပါသည်။ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍မရဟု ယုံကြည်သွားလျှင် အကြမ်းဖက်ဝါဒသည် အန္တရာယ်ကြီးမားလှပြီး ကျွန်တော် တို့ အနေဖြင့် အကြမ်းဖက်ဝါဒကိုတန်ပြန်ရန် ဘာမှမလုပ်နိုင်သလောက်ဖြစ်သည်ဆိုသည့် အိုင်ဒီယာကိုအားကောင်းစေပြီး အရှုံးပေးလိုစိတ်ဝင်သွားနိုင်ကာ အကြမ်းဖက်ဝါဒကို ကြောက်ရွံ့ သွားစေနိုင်ပြီး ၎င်းသည်ပင် အကြမ်းဖက်သမားတို့ အလိုရှိသည့်အရာဖြစ်သည်။ ထို့ပြင် အကြမ်းဖက်ဝါဒကို နှိမ်နင်း၍ မရနိုင်လျှင် ကျွန်တော်တို့အနေဖြင့် အကြမ်းဖက်ဝါဒ နှိမ်နင်းရေး နည်းလမ်းများထက် ကြိုတင်ကာကွယ်တားဆီးရေးကို ပိုမိုအာရုံစိုက်ရမည်ဖြစ်ပြီး အကြမ်း ဖက်အဖွဲ့များ ပေါ်မလာအောင် ၊ သို့မဟုတ် အကြမ်းဖက်ဝါဒ၏ အကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲနိုင်အောင် အထူးအာရုံစိုက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အကြမ်းဖက်ဝါဒကို ရပ်တန့်အောင် မလုပ်နိုင်ပါက အကြမ်းဖက်ဝါဒကြောင့် ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် စီမံရမည်ဖြစ်သည်။ အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရနိုင်ဆိုသော ယူဆချက်သည်သာ မှန်ကန်မည်ဆိုပါက အကြမ်းဖက်သမားများ၊ အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းသွားစေရန် ရည်ရွယ်လုပ်ဆောင်ချက်များသည် များစွာအသုံးဝင်လှမည်မဟုတ်ပါ။

ထို့ပြင် ချေမှုန်းခံရခြင်းကို မည်သို့တိုင်းတာမည်နည်း။ အကြမ်းဖက်အဖွဲ့အစည်းတခု အနေဖြင့် ချေမှုန်းခံရခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်ရန်အတွက် ၎င်းသည် အကြမ်းဖက်ခေါင်းဆောင် ပိုင်းကို ချေမှုန်းခြင်း ၊ သို့မဟုတ် ထိုအဖွဲ့ကို လူ့အသိုင်းအဝိုင်းက လက်မခံစေရန် စည်းရုံးခြင်း စသည့် အကြမ်းဖက်ဝါဒကိုတန်ပြန်သည့် နည်းလမ်းများကြောင့် ဖြစ်ရခြင်း ဟုတ်၊မဟုတ် ဆုံးဖြတ်ရန် လိုအပ်ပါသည်။ အကြမ်းဖက်အဖွဲ့တစ်ခုသည် အကြမ်းဖက်နှိမ်နင်းရေး နည်းလမ်း များကြောင့် မဟုတ်ပဲ အခြားအကြောင်းများကြောင့် ပျက်စီးချုပ်ငြိမ်းသွားသည်ဆိုပါက ၎င်းကို ချေမှုန်းခံရသည်ဟု ဆိုနိုင်မည်မဟုတ်ပါ။ အကြမ်းဖက်အဖွဲ့အစည်းများ၊ သို့မဟုတ် အကြမ်း ဖက်ဝါဒလှိုင်းများသည်ပင် အခြားသောအကြောင်းအချက်များစွာကြောင့် အားနည်း ပျောက်ကွယ် သွားနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။ အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ဒေးဗစ် ရာပိုပေါ့ (Dadid Rapoport) က အကြမ်းဖက်လှိုင်းများသည် ဆယ်စုနှစ် အနည်းငယ် အတွင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ ထို့ပြင် အကြမ်းဖက် တတိယ လှိုင်း ၊ သို့မဟုတ် လက်ဝဲသစ်အကြမ်းဖက်ဝါဒသည် တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် အရေးနိမ့်ခဲ့သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့ အရေးနိမ့်မှုကို မည်သို့တိုင်းတာခဲ့နည်း။ ထိုအကြမ်းဖက်အဖွဲ့များ၊ သို့မဟုတ် အကြမ်းဖက် တတိယလှိုင်း နိဂုံးချုပ်သွားခြင်းသည် အကြမ်းဖက်ဝါဒ တန်ပြန်ရေး နည်းလမ်းများကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါမည်လော။

အကြမ်းဖက်ဝါဒ မည်ကဲ့သို့ အဆုံးသတ်သွားသည်ကို စနစ်တကျလေ့လာထားသော သုတေသနမှာ Rand Corporation ၏ ဆတ်ဂျုန်းစ် (Seth Jones) နှင့် မာတင်လီဘစ်စကီ  (Martin Libicki) တို့၏ လေ့လာမှုဖြစ်သည်။ ၎င်းတို့သည် ၁၉၆၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တက်ကြွလှုပ်ရှားခဲ့ကြသော အကြမ်းဖက်အဖွဲ့ပေါင်း ၆၄၈ ဖွဲ့ကို လေ့လာပြီး ထိုအဖွဲ့များ မည်သို့နိဂုံးချုပ်သည်ကို ရှာဖွေခဲ့ကြသည်။ ၂၀၀၈ ခုနှစ်ထုတ် ၎င်းတို့၏ အစီရင်ခံစာတွင် ထိုအဖွဲ့များ နိဂုံးချုပ်ရသည့် အဓိကအကြောင်းရင်း လေးခုကို ဖော်ပြခဲ့သည်။ ပထမဆုံး အချက် မှာ ရဲတပ်ဖွဲ့နှင့်ထောက်လှမ်းရေးအဖွဲ့များ၏ နှိမ်နင်းမှုဖြစ်ပြီး ဒုတိယအချက်မှာ စစ်တပ်ဖြင့် နှိမ်နင်းခြင်းဖြစ်ကာ တတိယအချက်မှာ အကြမ်းဖက်အဖွဲ့များက နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် လာခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ အကြမ်းဖက်အဖွဲ့က အောင်ပွဲရသွားခြင်း ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အလိုရှိသည့် နိုင်ငံရေးရည်မှန်းချက် ထမြောက် အောင်မြင် သွားသဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ရန် မလိုတော့ခြင်း ဖြစ်သည်။

Rand report ၏ အဆိုအရ အကြမ်းဖက်အဖွဲ့များ နိဂုံးချုပ်ရသည့် ပထမဆုံး အကြောင်း ရင်းဖြစ်သော ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး၏ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ချက် များတွင် အကြမ်းဖက်အဖွဲ့များ၏ သတင်းစုဆောင်းခြင်း၊ ၎င်းတို့အဖွဲ့အတွင်း ထိုးဖောက်ခြင်း၊ အဓိကခေါင်းဆောင်များအား ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်နှိမ်နင်းရေးဥပဒေများ ပြဋ္ဌာန်းခြင်း စသည်တို့ ပါဝင်ပြီး ရဲနှင့် ထောက်လှမ်းရေးတို့ဖြင့် နှိမ်နင်းခြင်းကြောင့် နိဂုံးချုပ်သွားသည့် အကြမ်းဖက်အဖွဲ့မှာ ၄၀% ရှိသည်ဟု ဆိုသည်။ အကြမ်းဖက်အဖွဲ့များ နိဂုံးချုပ်ရသည့် စစ်တပ် ဖြင့်နှိမ်နင်းခြင်းတွင် အကြမ်းဖက်သမားများကို သတ်ဖြတ်ဖမ်းဆီးရန် စစ်တပ်အား အသုံးပြု ခြင်းနှင့် အကြမ်းဖက်ဝါဒကို အကူအညီပေးနေသည့် နိုင်ငံများကို တိုက်ခိုက်ရန် စစ်တပ်အား အသုံးပြုခြင်းတို့ပါဝင်သည်။ Rand report ၏ အဆိုအရ ရံဖန်ရံခါတွင် စစ်အင်အားအသုံးပြုရန် ခြိမ်းခြောက်မှုနှင့် အမြဲမပြတ်ထောက်လှမ်းစောင့်ကြည့်မှုတို့သည် အကြမ်းဖက်သမားတို့ အမြဲတမ်း တစ်ပြေးတည်းပြေးနေစေရန်အတွက် လုံလောက်မှု ရှိသည်ဟုဆိုသည်။ သို့ရာတွင် သက်တမ်းရင့်လှပြီဖြစ်သည့် ထိုနည်းလမ်းသည် များစွာထိရောက်မှုမရှိပါ။ ၎င်းအစီရင်ခံစာ အရ ၁၉၆၈ နောက်ပိုင်း စစ်အင်အားအသုံးပြုခြင်းကြောင့် ချုပ်ငြိမ်းခဲ့ရသော အကြမ်းဖက်အဖွဲ့ များသည် ၇% သာ ရှိသည်ဟု ဆိုသည်။ ထိုသို့ အောင်မြင်မှုနည်းခြင်းမှာ အကြမ်းဖက်အဖွဲ့ များသည် စစ်တပ်များမဟုတ်ပဲ အလွန်သေးငယ်သောအဖွဲ့များ ဖြစ်ပြီး သမားရိုးကျတပ်ဖွဲ့များ မသုံးခြင်းကြောင့်လည်း ဖြစ်သည်။ အကြမ်းဖက်နှိမ်နင်းရာတွင် တပ်အင်အား အများအပြား သုံးခြင်းသည် ဒေသခံလူထုကို ကင်းကွာပြီး ဆိုးကျိုးဖြစ်စေနိုင်သည်ဟု ဆိုသည်။

တတိယအကြောင်းရင်းမှာ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် လာခြင်းဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန် ဆုံးဖြတ်ခြင်းမှာ အရှုံး-အမြတ် လေ့လာ ဆန်းစစ်ချက် (cost benefit analysis)၏ ရလာဒ်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့လိုလားသည့် ရည်မှန်းချက်ရရှိရေးအတွက် နိုင်ငံရေးအရကြိုးစားခြင်းသည် အကြမ်း ဖက် နည်းလမ်းများသုံးသည်ထက် အရှုံးပိုနည်းပြီး အကျိုးအမြတ်ပိုများသည်ဟု သုံးသပ်ပါက အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ပြီး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ အကြမ်းဖက်အဖွဲ့များ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခြင်းသည် လူအများ ယူဆထားသည် ထက် ပိုများပြီး နိဂုံးချုပ်သွားသည့် အကြမ်းဖက်အဖွဲ့ ၆၄၈ ခုအနက် ၄၃% ရှိသည်ဟု Rand report က ဆိုသည်။ သို့သော်လည်း ၎င်းတို့ကို အရေးနိမ့်သွားသည်ဟု ခေါ်ဆိုနိုင်ပါမည်လော။ အရေးနိမ့်သွားသည်ဆိုရာတွင် ရှုံးသူ၊ နိုင်သူ ရှိရမည် ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် သွားခြင်းကို အရေးနိမ့်သွားခြင်းဟု ခေါ်နိုင်မည်မဟုတ်၍ ၎င်းသည် အကြမ်းဖက်အဖွဲ့အတွက် အရှုံးပေးခြင်းမဟုတ်သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အကြမ်းမဖက်သောနည်းလမ်း ကို သုံးခြင်းက ၎င်းတို့ရည်မှန်းချက်သို့ရောက်ရှိရန် ပိုမိုကောင်းမွန်သော လမ်းကြောင်းဟု သုံးသပ်ပြီး အကြမ်းဖက်နည်းလမ်းများကို စွန့်လွှတ်ခြင်းဖြစ်၍ အကြမ်းဖက်ဝါဒအတွက် အရေး နိမ့်ခြင်းဟု ဆိုနိုင်သည်။ အခြားတစ်ဖက်တွင်မူ အကြမ်းဖက်အဖွဲ့များအား နိုင်ငံရေး ဖြစ်စဉ် တွင် ပါဝင်ရန် ဖိတ်ခေါ်ခံရခြင်းမှာ တကယ်တမ်းတွင် ၎င်းတို့က အကြမ်းဖက်သည့် နည်းလမ်း များသုံးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက အကြမ်းဖက်မှု၏ ဆုလာဒ်အဖြစ် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရခြင်းဖြစ်သည့်အတွက် ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုအဖြစ် စောဒက တက်နိုင်ပါသည်။

အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းသွားရခြင်း၏ စတုတ္ထနှင့် နောက်ဆုံးအကြောင်းရင်းမှာ အကြမ်းဖက်အဖွဲ့များ အောင်ပွဲရသွားသောကြောင့်ဖြစ်သည်။ Rand report ၏ အဆိုအရ ၎င်းတို့ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်များ ထမြောက်အောင်မြင်သွားပြီးနောက် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားသည့် အကြမ်းဖက်အဖွဲ့များမှာ ၁၀% သာ ရှိသည်ဟု ဆိုသည်။ အောင်မြင်မှုရ၍ အကြမ်းဖက်မှုများ ရပ်တန့်သွားခြင်းသည် အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရဆိုသော ယူဆချက်ကို စိန်ခေါ်နိုင်ခြင်းမရှိသည့်အပြင် အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရနိုင်သည်ဆိုသော အိုင်ဒီယာကိုပင် ပိုမိုအားကောင်းစေပါသည်။ သို့ရာတွင် အောင်မြင်မှုရရှိသည့် အကြမ်းဖက်အဖွဲ့များမှာ ၁၀% သာရှိပြီး ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် မအောင်မြင်သည့်အဖွဲ့များမှာ အများစုကြီးဖြစ်ပါသည်။ Rand report ၏ အဆိုအရ ရဲတပ်ဖွဲ့ နှင့် ထောက်လှမ်းရေးတို့ဖြင့် နှိမ်နင်းခြင်းကြောင့် ချုပ်ငြိမ်းရသည့် အကြမ်းဖက်အဖွဲ့ ၄၀% နှင့် စစ်တပ်ဖြင့် နှိမ်နင်းခြင်းကြောင့် ချုပ်ငြိမ်းသွားသည့် အကြမ်းဖက်အဖွဲ့ ၇% ရှိပါသည်။ ထိုကိန်း ဂဏန်းများက အကြမ်းဖက်ဝါဒကို ချေမှုန်းနိုင်သည်ဆိုသောအချက်ကို ရှင်းရှင်းလင်းလင်း ထောက်ခံနေပါသည်။ ထို့ပြင် နိုင်ငံရေးတွင်ပါဝင်ခြင်းသည်လည်း အကြမ်းဖက်အဖွဲ့များအနေ ဖြင့် ၎င်းတို့ရည်မှန်းချက်ကို ရောက်ရှိရန်အတွက် အကြမ်းမဖက်သောနည်းလမ်းများသို့ ပြောင်းရွေ့ သွားနိုင်သည်ကို ပြနေပါသည်။ ၎င်းသည် အကြမ်းဖက်အဖွဲ့အတွက် အရေးနိမ့်ခြင်းဟု မဆိုနိုင် သော်လည်း အကြမ်းဖက်ဝါဒတန်ပြန်ရေး နည်းလမ်းအချို့၏ သက်ရောက်မှုလည်း တစ်စိတ် တစ်ပိုင်း ပါနိုင်ပါသည်။ အစိုးရက ဖိအားပေးခြင်းကြောင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာသည့် အဖွဲ့အများအပြား ရှိပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် အကြမ်းဖက်ဝါဒကို ချေမှုန်းရန်မဖြစ်နိုင် သော်လည်း အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ပါသည် ၊ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားစေနိုင်ပါသည်။

၅။     အကြမ်းဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည် ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း

အကြမ်းဖက်ဝါဒကို တန်ပြန်ရာတွင် ဘက်စုံနည်းလမ်း (holistic or comprehensive approach ) သည် အကောင်းဆုံး ဖြစ်သည်ဆိုရာတွင် ဘက်စုံနည်းလမ်းဆိုသည်မှာ ကာကွယ် ရေးနှင့် ဖိနှိပ်ရေးနည်းများ (preventive and repressive measures) ၊ သို့မဟုတ် အပျော့နည်း နှင့် အမာနည်း (soft and hard measures) ကို ပူးတွဲအသုံးပြုခြင်းကို ဆိုလိုသည်။ အရေးပါ သည့် နိုင်ငံရေးသမားများနှင့် လူသိများသူ အများအပြားက အကြမ်းဖက်ဝါဒအား တန်ပြန် ရာတွင် ဘက်စုံနည်းလမ်းဖြင့် ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ကြ သည်။ ၎င်းတို့အနက် တစ်ဦးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) ဖြစ်သည်။ အာဖရိကတိုက်တွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောရာတွင် ၎င်းက နိုင်ဂျီးရီးယားမှ ဘိုကို ဟာရမ်( Boko Haram)၊  အစ္စလာမ်မစ် မာဂရတ် (Islamic Maghreb) မှ အယ်လ်ဂိုဒ်ဒါ နှင့် ဆိုမာလီမှ အယ်လ် ရှာဘတ် (Al Shabaab) စသော အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ရာတွင် အောင်မြင်မှု ရရှိစေရန်အတွက် ပိုမိုကျယ်ပြန့်စွာနှင့် ပိုမိုအားထည့်ရန်လိုကြောင်း ပြောကြားခဲ့သည်။ "စစ်အင်အားဟာ အရေးကြီးပေမယ့် အာဖရိကက အကြမ်းဖက်ဝါဒကို စစ်အင်အားသက်သက် နဲ့အဆုံးသတ်နိုင်မှာမဟုတ်ဘူး၊ အကြမ်းဖက်ဝါဒကို ပြန့်ပွားအောင် အထောက်အကူဖြစ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းခြင်း အပါအဝင် မျက်နှာစာပေါင်းစုံမှာ ဆက်လုပ်သွားရမယ်" ဟု ပြောကြားခဲ့သည်။ ဖွံ့ဖြိုးမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်း တို့ကြောင့် အကြမ်းဖက် သမားများ လူသစ်စုခွင့်ရနေကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ပါဗစ် အာရှရပ်ဖ် (Pervez Ashraf) ကလည်း အကြမ်းဖက်ဝါဒ အား နှိမ်နင်းရာတွင် ဘက်စုံနည်းလမ်း၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့သည်။ "အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့အနေနဲ့ ဘက်စုံနည်းလမ်းကို အသုံးပြုဖို့ လိုတယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသခံလူထုနဲ့ နီးနီး ကပ်ကပ် ဆက်ဆံရေးရှိဖို့ တိုက်တွန်း လိုပါတယ်၊ ဒေသခံတွေနဲ့ ဆက်ဆံခြင်းဟာ သတင်းအချက်အလက်တွေ စုဆောင်းနိုင်ရုံမက ရာဇဝတ်သားတွေ မခိုလှုံနိုင်အောင် တားဆီးနိုင်တယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူက အကြောက်မခံရပဲ လေးစားခံရမှ ဒီလိုဖြစ်မယ်" ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက အစ္စလာမ် မာဘတ်ရှိ ရဲသိပ္ပံတွင် ၎င်းက ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တွင် ရေးဆွဲခဲ့သော အကြမ်းဖက်ဝါဒတန်ပြန်ရေးနည်းလမ်း တွင်လည်း ဘက်စုံနည်းကို ထည့်သွင်းခဲ့ပါသည်။ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် ဝါဒ တန်ပြန်ရေး မဟာဗျူဟာ (the United Nations Global Counterterrorism strategy) ကို ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အထွေထွေညီလာခံက တညီတညွတ်တည်း အတည်ပြုခဲ့ သည်။ ထိုမဟာဗျူဟာသည် အကြမ်းဖက်ဝါဒပြဿနာကို ဖြေရှင်းရန်အတွက် ပထမဆုံးသော ဘက်စုံနှင့် နိုင်ငံတကာက အတည်ပြုခဲ့သည့် မူဘောင်ဖြစ်ပြီး ကဏ္ဍလေးခု၊ သို့မဟုတ် မဏ္ဍိုင် လေးခု ပါရှိသည်။ ပထမဆုံးမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒပြန့်ပွားစေရန် အထောက်အကူ ဖြစ်စေ သည့် အခြေအနေများကို ဖြေရှင်းရေးဖြစ်သည်။ ဒုတိယမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒကို ဟန့်တားခြင်းနှင့် တိုက်ဖျက်ခြင်းဖြစ်သည်။ ၎င်းနောက် တတိယမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒကို ဟန့်တားတိုက်ဖျက်ရာတွင် နိုင်ငံများ၏ စွမ်းရည်ကို မြင့်တင်ရန်နှင့် ကုလသမဂ္ဂစနစ်များ၏ ကဏ္ဍကို မြင့်တင်ရန်ဖြစ်သည်။ နောက်ဆုံးအချက်မှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် လူ့အခွင့်အရေးကိုလေးစားရန်နှင့် တရားဥပဒေစိုးမိုးရေးတို့မှာ အခြေခံဖြစ်သည်ဟု ဆိုသည်။ ကုသမဂ္ဂက ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း နိုင်ငံအဆင့် အကြမ်းဖက်ဝါဒတန်ပြန်ရေး တွင် အလားတူ ပေါင်းစည်းနည်းလမ်းများ အသုံးပြုကြရန် တိုက်တွန်းသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အကြမ်းဖက်ဝါဒအား တန်ပြန်ရာတွင် နိုင်ငံများအနေဖြင့် ဘက်စုံနည်းလမ်း အသုံးပြု သင့်ကြောင်း ကုလသမဂ္ဂက အကြံပြုထားခြင်း ဖြစ်သည်။

နိုင်ငံအဆင့်အကြမ်းဖက်ဝါဒတန်ပြန်ရေး ဆောင်ရွက်ချက်များတွင် နမူနာအနေဖြင့် အင်ဒိုနီးရှားနိုင်ငံကို လေ့လာပါမည်။ အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင် နိုဟိုက်ဒီ ဟာဆန် (Noorhaidi Hasan) က အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ်မစ် အခြေခံဝါဒ နှင့် အကြမ်းဖက်ဝါဒ အား တန်ပြန်ရာတွင် အမာနည်းနှင့် အပျော့နည်းများကို ပေါင်းစပ်ထားသော နည်းလမ်းကို မကြာသေးခင်နှစ်များအတွင်း ကျင့်သုံးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း အမာနည်းသည် အလွန်အရေးကြီးဆဲဖြစ်ပြီး အငြင်းပွားစရာများ ရှိနေပါသည်။ အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့သည် ၂၀၁၀ ပြည့်နှစ် အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၁၆ ဦး ပစ်သတ်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့များက မေးခွန်းထုတ် ခဲ့သည်။ သို့သော်လည်း ယနေ့ အင်ဒိုနီးရှားသည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများ ကလောက် အကြမ်းဖက်တိုက်ခိုက်မှု မခံရတော့ခြင်းသည် အမာနည်း၏ကျေးဇူးလည်း တစ်စိတ်တစ်ပိုင်း ပါသည်။ ထို့ပြင် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးထားသူများအား အစွန်းရောက် အစွဲချွတ်သည့် ပရိုဂရမ်ကဲ့သို့သော အပျော့နည်းများ၏ အောင်မြင်မှုကိုလည်း အတိုင်းအတာ တစ်ခုထိ ရရှိနေသည်။ ဘက်စုံနည်းလမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် အင်ဒိုနီးရှားအာဏာပိုင် များသည် အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ကြိုဆိုကြသည်။ အရပ်ဖက် အဖွဲ့အစည်းများ သည် ဒေသခံလူထုကို အကြမ်းဖက်အယူဝါဒများ သွတ်သွင်းရန် အစွန်းရောက်များနှင့် အကြမ်းဖက်များ၏ ကြိုးစားမှုအား ခုခံတွန်းလှန်ရာတွင် အောက်ခြေလူထု၏ နိုးကြားမှုကို မြှင့်ပေးနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံသည် အလွန်စိတ်ဝင်စားစရာ ကောင်းရုံ သာမက အခြားနိုင်ငံများအတွက်လည်း တန်ဖိုးရှိသည်ဟု ဟာဆန် ဆိုသည်။ သို့သော် ကုလသမဂ္ဂ ၏ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒတန်ပြန်ရေးမဟာဗျူဟာ ၊ သို့မဟုတ် အင်ဒိုနီးရှား၏ ဘက်စုံနည်းသည် အလုပ် ဖြစ်၊ မဖြစ် မည်သို့ သိနိုင်မည်နည်း၊ မည်သို့ တိုင်းတာမည်နည်း။

ဘက်စုံမဟာဗျူဟာတွင် ပထမဆုံးပြဿနာမှာ ၎င်းက မည်သည့်ရင်းမြစ်ကိုမျှ ဦးစားပေး ထားမှုမရှိခြင်း၊ မည်သည့်ရင်းမြစ်သည် ထိရောက်မှုအရှိဆုံး၊ မည်သည်က ထိရောက်မှုအနည်း ဆုံးဟု သုံးသပ်ထားမှု မရှိခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အစိုးရနှင့် အေဂျင်စီများကို အခု ချက်ချင်း တစ်ခုခုလုပ်ရန် အကြီးအကျယ်ဖိအားပေးနေခြင်း ဖြစ်သည်။ ဘက်စုံနည်းလမ်း သည် ရေရှည်တွင် အကြမ်းဖက်ဝါဒကို တားဆီးရန်လိုအပ်သော်လည်း အကြမ်းဖက်စစ်ဆင်ရေး များကို ထောက်လှမ်း၊ ဟန့်တား၊ နှောင့်ယှက်ဖျက်ဆီးသည့် ကျပန်း လုံခြုံရေးနည်းလမ်းများ သည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် အဓိကအစိတ်အပိုင်း ဖြစ်နေဆဲဖြစ်သည်။ နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ အပြောလွယ်ပြီး အလုပ်ခက်ခြင်း ဖြစ်သည်။ ဘက်စုံ နည်းလမ်းတွင် မည်သူက တာဝန်ရှိပြီး မည်သူက ဦးဆောင်ရမည်၊ မည်သူ့တွင် ဘဏ္ဍာရေး နှင့် နိုင်ငံရေးနည်းလမ်းများရှိသည်၊ အမျိုးစုံသော တာဝန်ရှိသူများနှင့် နည်းလမ်းမျိုးစုံကို မည်သို့ ပေါင်းစပ်ညှိနှိုင်းမည် စသည့် အရေးကြီးသော မေးခွန်းများစွာ ရှိသည်။ 

ဘက်စုံနည်းလမ်း၏ ထိရောက်မှုကို မည်သို့ တိုင်းတာမည်၊ ဘက်စုံနည်းလမ်းကို အခြားသော တစ်ကြောင်းသွား ပိုဆန်သည့် နည်းလမ်းများနှင့် မည်သို့နှိုင်းယှဉ်မည် စသည့် အချက်များနှင့်ပတ်သက်၍ သုတေသနများ ပြည့်စုံစွာ မရှိသေးသည်မှာ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒ တန်ပြန်ရေး လေ့လာမှုများတွင် အရေးကြီးသော အားနည်းချက်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် လမ်(Lum)၊ ကနေဒီ(Kennedy) နှင့် ရှာလီ(Sherley) စာရေးသူ သုံးဦးက အကြမ်းဖက်နှိမ်နင်းရေး မဟာဗျူဟာများကို အရည်အသွေးမြင့်၊ သိပ္ပံနည်းကျ သုံးသပ် လေ့လာသည့် သုတေသန မရှိသလောက် ဖြစ်ကြောင်း ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ ထိုဆောင်းပါးသည် ၂၀၀၆ ခုနှစ်က ဖြစ်သော်လည်း ယခုအချိန်ထိ အကြမ်းဖက်ဝါဒ တန်ပြန် ရေးမဟာဗျူဟာများ၊ နည်းလမ်းများ စသည်တို့ကို သုံးသပ်အကဲဖြတ်မှု မရှိသလောက် ဖြစ်နေ ဆဲဖြစ်သည်။ အစိုးရများသည် အကြမ်းဖက်ဝါဒတန်ပြန်ရေးအတွက် ဘီလီယံနှင့်ချီ၍ သုံးစွဲနေကြသော်လည်း မည်သည့်အစိုးရကမှ ၎င်းတို့၏ မူဝါဒများနှင့် နည်းလမ်းများ၏ ထိရောက်မှုကို သုံးသပ်ခြင်း မရှိသေးပါ။ အကြမ်းဖက်ဝါဒ တန်ပြန်ရေးနည်းလမ်းများ၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်ရန် ခက်သည်မှာ မှန်ပါသည်။ နည်းလမ်းတစ်ခု၏ ထိရောက်မှုကို သုံးသပ် အကဲဖြတ်ရန်ပင်ခက်ခဲပြီး နည်းလမ်းပေါင်းစုံနှင့် တာဝန်ရှိသူမျိုးစုံပါဝင်သော ဘက်စုံ နည်းလမ်း ၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်နိုင်ရန် အလွန်ပင်ခက်ခဲလှပါသည်။ ထို့ကြောင့် အကြမ်း ဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်သည်ဆိုသော ယူဆချက်အတွက် လက်တွေ့အထောက်အထား နည်းပါးလှပါသည်။ သို့သော် ပညာရှင်အများစုက အကြမ်းဖက်ဝါဒကို တန်ပြန်ရန် ကျယ်ကျယ်ပြန့်ပြန့်နှင့် နည်းလမ်းပေါင်းစုံ ပါဝင်သော ဘက်စုံနည်းလမ်း ၊ သို့မဟုတ် အဂ္ဂမဟာ ဗျူဟာ လိုအပ်သည်ဟု သဘောညီကြသည့်အတွက် ထိုယူဆချက် တစ်စိတ်တစ်ပိုင်း မှန်ကန် သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း သုတေသနများ ဆက်လက် လုပ်ဆောင်ရန်၊ အထူးသဖြင့် ဘက်စုံ နည်းလမ်း၏ ထိရောက်မှုကို ဆန်းစစ်လေ့လာရန် လိုအပ်ပါသည်။

Reference;  

(1) GeorgetownX: Terrorism and Counterterrorism, www.edx.org

(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org

အပိုင်း(၆)ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4490

စစ်အေးတိုက်ပွဲမှသည် ချစ်ကြည်နွေးထွေးမှုဆီ
-

၁၉၅ဝ ပြည့်လွန်နှစ်များဆီ မိမိတို့ငယ်စဉ်က နယူးယောက်မြို့တွင် ကျောင်းတက်နေစဉ် ဥသြသံများ ဆူညံစွာထွက်ပေါ်လာသည်။ မိမိတို့သည် စားပွဲခုံများအောက်သို့ ချက်ချင်းဝင်၍ ခေါင်းကို လက်နှင့်အုပ် ထားရသည်။

“ဆိုဗီယက်တွေ လာပြီ။”

မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မိမိတို့ ကြောက်နေမည်စိုး၍ စင်္ကြံတွင် စုစုစည်းစည်းနေကြရန် ပြောသည်။

ဆိုဗီယက်ပြည်ထောင်စုသည် မော်စကိုရှိ ကွန်မြူနစ်ပါတီဗဟိုမှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည့် ဥရောပနှင့် အာရှတစ်ခွင်ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်သည်။ ၎င်းထဲတွင် ရုရှားသမ္မတနိုင်ငံပါဝင်ပြီး ယခုအခါ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် အက်စ်တိုး နီးယားနိုင်ငံတို့အဖြစ် ကွဲသွားသည်။ အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏အာဃာတများသည် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှ ၁၉၉ဝ ပြည့်နှစ် ဘာလင်တံတိုင်းပြိုကျမှု အထိ ကြာမြင့်ခဲ့သော “စစ်အေးတိုက်ပွဲ” အတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။

စစ်အေးတိုက်ပွဲ၏ အဆိုးရွားဆုံးကာလများ

ဤအာဃာတများသည် နှစ်နိုင်ငံအား နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအခြေအနေကို ရောက်စေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ကျူးဘားနိုင်ငံသို့ ဒုံးကျည်များ ပို့ဆောင်ခဲ့ပြီး ဒုံးကျည်ပစ် စင်များ တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများမှ သိရှိခဲ့ရသည်။ ဒုံးကျည် များ၏ အဖျက်စွမ်းအားသည် ၎င်းတို့အား အမေရိကန် ပြည်ထောင်စုတစ်ခုလုံးကို ပစ်မှတ်ထားစေနိုင်မည် ဖြစ်သည်။

သမ္မတ ဂျွန် အက်ဖ် ကနေဒီ နှင့် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ခရုရှော့ တို့ကြား ထိပ်တိုက် တွေ့ဆုံပြီး နောက် အိမ်ဖြူတော်နှင့် မော်စကိုအကြားတွင် “ဆက်သွယ်ရေးလမ်းကြောင်း” တစ်ရပ်ကို ထူထောင်နိုင် ခဲ့သည်။

ဝန်ကြီးချုပ် မစ်ဟေး ဂေါ်ဗာချော့ဗ် လက်ထက်တွင် အစိုးရတွင်း ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်သည့် “စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု”များ စတင်ချိန်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်း၌ ပြိုကွဲသွားခဲ့ရသည်။ ဆိုဗီယက်ဆိုရှယ်လစ်နိုင်ငံများသည် လွတ်လပ်သောနိုင်ငံများ ဖြစ်လာပြီး အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား တို့ကဲ့သို့ အချို့သောနိုင်ငံများသည် ဥရောပသမဂ္ဂ သို့ ဝင်ရောက်လာခဲ့သည်။

သို့သော် ဗလာဒီမာပူတင် အာဏာရလာသည်နှင့်တစ်ပြိုင်နက် ဆက်ဆံရေးပြန်လည် အေးစက်လာခဲ့ ပြန်သည်။ ပူတင်သည် ခရုရှော့ ကဲ့သို့ အနောက်နိုင်ငံများကို ချေမှုန်းပစ်မည်ဟု မပြောသော်လည်း ပူတင်၏ သက်ဦးဆံပိုင်နှင့် ရန်လိုသည့်ပုံစံက ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသည် အားလုံးပါဝင်သည့် ဥရောပ လုံခြုံရေး ဗိသုကာ၏ အစိတ်အပိုင်းဖြစ်မည်မဟုတ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ပူတင်နှင့်အတူ စစ်အေး တိုက်ပွဲ ၂.၀ ပုံစံသည် လှုပ်နိုးစပြုလာသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် မဟာမိတ်များ ဖြစ်ခဲ့ကြသည် ကို မေ့ပစ်ရန် လွယ်ကူသွားစေသည်။

အပယ်ခံနိုင်ငံ

၂၀၂၄ ခုနှစ်၊ ဇွန်လက ပြင်သစ်နိုင်ငံတွင် D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ၌ နာဇီဂျာမနီတို့ကို တိုက်ခိုက်ခဲ့စဉ်က ဆိုဗီယက်စစ်သား ၁၁ သန်းခန့် ကျဆုံးခဲ့ရသော်လည်း ရုရှားနိုင်ငံ အနေဖြင့် ဖိတ်ကြားခံရခြင်းမရှိခဲ့ပေ။ စစ်ပွဲအတွင်းက ဆိုဗီယက် ပြည်ထောင်စုတွင် လူ ၂၇ သန်းခန့် သေဆုံး ခဲ့သည်ဟု ခန့်မှန်းရသည်။

ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်တပ်ပေါင်းစုသည် ထိုစစ်ပွဲအပြီးတွင် ကြာရှည်မခံခဲ့ပေ။ ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီက ဥရောပအပေါ် ကျရောက်လာသည့် “သံစည်းရိုး” (ဆိုဗီယက် ပြည်ထောင်စု ၏ ဥရောပအရှေ့ပိုင်းနိုင်ငံများကို ထိန်းချုပ်၍ အနောက်ပိုင်းနှင့် ကန့်သတ် ထားခြင်း) ကို သတိပေးခဲ့သည်။ အမေရိကန်သမ္မတ ဟယ်ရီ ထရူးမန်းက “ထရူးမန်းဝါဒီ” ဟု လူသိများသော မူဝါဒတစ်ခုဖြစ်သည့် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ကွန်မြူနစ်ဝါဒပြန့်ပွားခြင်းကို တားဆီးမည်ဟု ကတိပြုခဲ့သည်။

ထို့ကြောင့် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား အယူဝါဒနှင့် ပထဝီဝင် နိုင်ငံရေးအရ မယုံကြည်မှုများ အစပျိုးခြင်းသည် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ် စတာလင်တို့သည် စစ်ပြီး ခေတ် ဥရောပကို ပြန်လည်ဖွဲ့စည်းရေးဆောင်ရွက်ရန် ခရိုင်းမီးယား၌ တွေ့ဆုံခဲ့ကြသည့် သမိုင်းဝင် ယဲလ်တာ ညီလာခံအပြီး မကြာမီတွင် စတင်ခဲ့သည်။

ငြိမ်းချမ်းစွာ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စုနှင့် ဗြိတိန်တို့အကြား ဘုံရန်သူကိုတိုက်ဖျက်မည့် မဟာမိတ်အဖွဲ့ကြီးသည် လေးနှစ်သာ ခံခဲ့သည်။

နောက်ဆက်တွဲစစ်မက်များ လွန်စွာပြင်းထန်လာသည့်အတွက် ၁၉၄၈ ခုနှစ်တွင် အရှေ့ ဂျာမနီကို ထိန်းချုပ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုသည် အနောက်နိုင်ငံများ ထိန်းချုပ်ထားသည့် ဘာလင်၏ ဒေသအချို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အဆိုပါဒေသရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို လေကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ရသည်။ နောက်ဆုံးတွင် အရှေ့ဂျာမနီအစိုးရသည် ဘာလင်မြို့၏ အရှေ့နှင့်အနောက်ကို ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့လေသည်။

စစ်အေးတိုက်ပွဲ ၂.ဝ

၁၉၉၁ ခုနှစ်၊ ဘာလင်တံတိုင်းပြိုကျမှုသည် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်အေးတိုက်ပွဲကို တရားဝင် အဆုံးသတ်စေခဲ့သော်လည်း မကြာသေးမီက ရုရှားတို့၏ရန်လိုမှုများကြောင့် စစ်အေး တိုက်ပွဲ ၂.ဝ ဟု လူအများက သုံးသပ်ယူဆခဲ့ကြသည်။ ရုရှားတပ်များသည် ၂ဝဝ၈ ခုနှစ်တွင် ဂျော်ဂျီယာကို တိုက်ခိုက်ခဲ့ပြီး ရလဒ်အနေဖြင့် အက်ဘ်ခါဇီယာနှင့် တောင်အိုဆက်တီးယားတို့သည် ဂျော်ဂျီယာမှ ခွဲထွက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်သည့် ခရိုင်းမီးယားကို ရုရှားက ကျူးကျော်ခဲ့ပြီး ယနေ့တွင် ယူကရိန်း ပိုင်နက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသည်။

ရုရှားနှင့် အနောက်အုပ်စုတို့အကြား အမုန်းအာဃာတများ ကြီးထွားလာနေသည့် သက်သေအဖြစ် ဆွီဒင်နှင့် ဖင်လန်တို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဂျော်ဂျီယာနှင့် ယူကရိန်းတို့က အနာဂတ် နေတိုး အဖွဲ့ဝင် အဖြစ် ကတိပြုခဲ့ကြကာ မော်စကိုအပေါ် ပြင်းထန်သောပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ရုရှားကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားသည်။ နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က ပူတင်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုတင်းမာမှုများအားလုံးသည် သမ္မတ ထရမ့် လက်ထက်တွင် ပြောင်းလဲလာပုံရသည်။ စစ်အေးတိုက်ပွဲ ၂.ဝ သည် ဝါရှင်တန်တွင် အဆုံးသတ်နိုင်ဖွယ်ရှိသည်။ ကုလသမဂ္ဂညီလာခံတွင် ရုရှား၏ ယူကရိန်း ကျူးကျော် စစ်အား ရှုတ်ချကြောင်းအဆိုကို အမေရိကန်က ရုရှားနှင့်အတူ ကန့်ကွက်မဲပေးခဲ့သည်။

ကမ္ဘာကြီးကို တုန်လှုပ်စေသောတွေ့ဆုံမှုအဖြစ် ထရမ့်သည် စစ်ရေးအကူအညီများအတွက် တွင်းထွက် သယံဇာတဆိုင်ရာ အခွင့်အရေးများပေးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့သော်လည်း ဇီလန်စကီးကို ကမ္ဘာ့မီဒီယာများ ရှေ့တွင် အရှက်ရစေခဲ့သည်။ နောက်ပိုင်းတွင် ထရမ့်သည် ယူကရိန်းသို့ လက်နက်များတင်ပို့မှုကို ရပ်တန့်မည် ဟု ကြေညာခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပူတင်ကို ချီးကျူးခဲ့သည်။ ထိုအချင်းအရာသည် အမေရိကန်-ရုရှား ဆက်ဆံရေးတွင် သိသာ ထင်ရှားသော အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။

ထရမ့်၏ ပွဲသိမ်းကစားပွဲ

ထရမ့်၏စိတ်ထဲတွင် ဘာရှိနေသလဲ? အပေါ်ယံအဖြေအားဖြင့် ငြိမ်းချမ်းရေးနှင့် ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်လိုသည်ဟုဆိုသော်လည်း သူ၏ဗျူဟာသည် ပို၍ကြီးမားပေဦးမည်။

ထရမ့်၊ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အကြား ယဲလ်တာ ၂.၀ ပုံစံမျိုး မဟာမိတ် အဖွဲ့ သို့မဟုတ် တွေ့ဆုံမှုတစ်ခုကို ၎င်းအနေဖြင့် မျှော်မှန်းထားကြောင်း အရိပ်အယောင်များ တွေ့ရသည်။ ဥရောပကို ပြန်လည်ဖွဲ့စည်းမည့်အစား ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ထူထောင်နိုင်ခြေရှိသည်။

ခိုင်လုံသောရည်ရွယ်ချက်အနေဖြင့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့အကြား တင်းမာမှုများကို အဆုံးသတ် ရန်ဖြစ်သည်။ ထရမ့်သည် နိုဘယ်ငြိမ်းချမ်းရေးဆုကိုပင် စိတ်ကူးနေပေလိမ့်မည်။

အမေရိကန်-ရုရှားမူဝါဒတွင် ဤသိသာထင်ရှားသော အပြောင်းအလဲသည် မည်သို့ဖြစ်လာမည်နည်း?

စစ်ရေးအရ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်သ် က ရုရှားအပေါ် ထိုးစစ် ဆင်နေသည့် ဆိုက်ဘာစစ်ဆင်ရေးများကို ရပ်တန့်ရန်အမိန့်ပေးခဲ့ပြီး ရုရှားအပေါ် အမေရိကန်၏ စစ်ဆင်ရေးအားလုံးကို ပိုမိုလေးနက်စွာ ပြန်လည်အကဲဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်လွင်ပေသည်။

နိုင်ငံရေးအရ ရုရှားကိုဆန့်ကျင်သော ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများသည် ၎င်းတို့၏သဘောထားကို ပြောင်းလဲလာကြသည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှ သြဇာရှိ အမေရိကန် အထက် လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရုရှားနိုင်ငံနှင့် ပူတင်အား ရှုတ်ချသည့် နှစ်ပါတီ သဘောတူဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သည်။ ယခုအခါ စစ်ပွဲအတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်မှာ တာဝန်ရှိကြောင်းနှင့် ထရမ့်သည် ရုရှားအပေါ် မှန်ကန်သောမူဝါဒရှိပြီး ဇီလန်စကီးအနေဖြင့် ရာထူးမှနုတ်ထွက်သင့်ကြောင်း ပြောကြားလာခဲ့ပြန်သည်။

အမေရိကန်-ရုရှားဆက်ဆံရေးတွင် ယခုဖြစ်ပျက်နေသည့်အရာသည် မူဝါဒပြောင်းလဲမှုမျှသာမကပေ။ အဆိုပါအရာသည် သမိုင်းဝင်အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။ ထရမ့်၏မူဝါဒအသစ်သည် ၎င်း၏ ဥရောပမိတ်ဖက်အားလုံးနီးပါးကို အံ့သြထိတ်လန့်စေခဲ့သည်။ ထိုအရာသည် သံတမန်မဆန်သော လုပ်ရပ် ဟုပင် ဆိုရပေမည်။

Source: https://news-decoder.com/decoder-from-a-cold-war-to-a-warm-hug/

(ဆောင်းပါးရှင် Daniel Warner ၏ From a cold war to a warm hug ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုပါသည်။)

Daniel Warner