ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမ
ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအနှစ်(၈၀)ပြည့်အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ်မေလ ၉ ရက်မှာကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲတည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ဥရောပအဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကိုခြိမ်းခြောက်လာတဲ့ ရန်သူတွေကိုတိုက်ခိုက်ခြင်းဖြင့်အသက်ပေးလှူခဲ့ကြရသူ ဆိုဗီယက်စစ်သည်နဲ့ အရပ်သားစုစုပေါင်း ၂၆ သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေမည်မျှပင်ကြာမြင့်လာသည်ဖြစ်စေမေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊ အမှန်တရားအတိုင်းအောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကိုဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသောနေ့ရက်တစ်ရက်အဖြစ် ထာဝရတည်ရှိနေမှာပါ။
ဆိုဗီယက်ပြည်ထောင်စုက ဟစ်တလာရဲ့အစိုးရနဲ့ သူ့ဥရောပအဆွယ်အပွားတွေရဲ့ စစ်အင်အားကိုအလုံးစုံပျက်သုဉ်းအောင် ချေမှုန်းနိုင်ဖို့အတွက် တိကျပြတ်သားပြီးအခြေခံကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲရဲ့ပထမသုံးနှစ်တာကာလအတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုကနာဇီဂျာမနီတို့ကို တစ်ကိုယ်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး အဲဒီအချိန်တုန်းက သိမ်းပိုက်ခံထားရတဲ့ ဥရောပဒေသတစ်ခွင်လုံးဟာ နာဇီတပ်တော်ကြီးအတွက်သာ အလုပ်တွေလုပ်ခဲ့ရတာပါ။ ဂျာမနီတို့ကလက်နက်ချအညံ့ခံသွားပြီးနောက် ဆိုဗီယက်ပြည်ထောင်စုက မဟာမိတ်များအပေါ်ပေးထားတဲ့သူ့ရဲ့ကတိပြုမှုများကိုလိုက်နာတဲ့အနေနဲ့ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ဂျပန်တို့ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ဂျပန်တို့ရဲ့တိုက်ခိုက်မှုကြောင့် တရုတ်၊ ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံများဟာ ဘေးဒုက္ခပေါင်းများစွာသင့်ခဲ့ရတာပါ။
မိမိတို့အနေနဲ့ ဝင်ရိုးတန်းတပ်ဖွဲ့များဖြစ်တဲ့ နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီနဲ့ ဂျပန်အင်ပါယာတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ မဟာမိတ်တပ်မတော်များ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ တရုတ်နိုင်ငံမှစစ်သည်များနဲ့ထောက်ခံသူများအားလုံးကို လေးစားဂုဏ်ယူလျက်ရှိပါတယ်။ ဒီလိုမျိုး စုပေါင်းစွမ်းအားတွေကြောင့်ပဲ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်စေခဲ့တာပါ။ဒါကြောင့် မိမိတို့က ဘုံရန်သူနဲ့ပတ်သက်ပြီး မိမိတို့ရဲ့အတူတကွလက်တွဲလှုပ်ရှားမှုများနဲ့ မဟာမိတ်များရဲ့အစဉ်အလာများကို ထာဝရအမှတ်ရနေမှာဖြစ်ပါတယ်။
မဟာအောင်ပွဲကြီးက အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ကြီးမားစွာအားပေးမြှင့်တင်နိုင်ခဲ့ပြီး နယ်ချဲ့ကိုလိုနီ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းစဉ်ကိုလည်း စတင်လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစုနိုင်ငံများကိုချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင်ဗမာ)အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကိုစုစည်းခဲ့တဲ့အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာ ဗမာ့အမျိုးသားတပ်မတော်ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းကနေ ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေထွက်ခွာသွားစေပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ကနေ လွတ်လပ်သောနိုင်ငံအဖြစ်ကြေညာနိုင်စေခဲ့တဲ့ နိုင်ငံရေးအရ ပကတိအခြေအနေအသစ်များဆီသို့လည်း ရွေ့လျားဆင်းသက်လာစေတာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးကနေထွက်ပေါ်လာတဲ့ အရေးအကြီးဆုံးသောရလဒ်များအနက် တစ်ခုမှာ ကုလသမဂ္ဂကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံအသစ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အောင်နိုင်သူအင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက ဒီနှစ်မှာပဲနှစ်(၈၀)ပြည့်မြောက်မယ့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးပေါ်ပေါက်လာဖို့နဲ့ ကောင်းစွာရပ်တည်နိုင်စေဖို့ ကြီးမားသောကူညီထောက်ပံ့မှုတွေပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာတစ်ခုကို မှန်ကန်စွာရယူထားနိုင်တာဖြစ်ပါတယ်။
ရုရှားနိုင်ငံက နောက်ထပ်ကမ္ဘာစစ်ပွဲကြီးတွေဖြစ်ပွားစေမယ့်ကပ်ဆိုးကနေ ကမ္ဘာကြီးကိုဘေးကင်းအောင်ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် သမိုင်းကြောင်းအရ ရယူရမယ့်တာဝန်ဝတ္တရားကို နားလည်သိရှိထားပါတယ်။ မိမိတို့ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒသဘောတရားက လက်ရှိထွန်းသစ်စဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့အကျိုးစီးပွားနဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှု ဗဟိုပူးပေါင်းဆောင်ရွက်မှုယန္တရားအဖြစ်ကုလသမဂ္ဂရဲ့အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးအပေါ် ဦးစားပေးထားပါတယ်။ ဒီရည်မှန်းချက်ဆီဦးတည်သွားရာမှာ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကို အများစုအဖြစ် ကိုယ်စားပြုတဲ့စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ မှာပြီးဆုံးခဲ့ပေမယ့်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခကြီးတွေမှာ သူ့ရဲ့ပဲ့တင်ထပ်သံကို ကြားယောင်နေရဆဲဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေကိုဖန်တီးသူတွေက Das Dritte Reich ရဲ့ဘာလင်စာအုပ်ထဲမှာဖော်ပြထားသလိုမျိုး မတူကွဲပြားသောဝါဒနဲ့ သာလွန်မှုကိုကြိုက်နှစ်သက်ပါတယ်ဆိုသောသူများဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့မူဝါဒကို လိမ်လည်လှည့်စားမှုနဲ့လှည့်ဖြားမှုတို့ဖြင့် ဖုံးကွယ်ထားတဲ့အနောက်အုပ်စုအင်အားကြီးနိုင်ငံများကြောင့် ဒုတိယကမ္ဘာစစ်ဆိုတဲ့အကြောင်းရင်းများ၊ အကျိုးရလဒ်များနဲ့ပတ်သက်တဲ့ သမိုင်းအချက်အလက်အမှားတွေကိုမိမိတို့အနေနဲ့သိမြင်ခဲ့ကြရပါတယ်။ သူတို့က မျိုးနွယ်စုများကြား၊ ဘာသာရေးအသိုက်အဝန်းများကြားဒေသတွင်းပဋိပက္ခများဖြစ်ပွားအောင် မီးထိုးပေးခြင်းအားဖြင့် ရောမအင်ပါယာရဲ့အဆိုအမိန့်ဖြစ်တဲ့ “သွေးခွဲအုပ်ချုပ်” ဆိုတဲ့ဆိုရိုးစကားနဲ့အညီ တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်တွေကနေ အချုပ်အခြာအာဏာနဲ့ လွတ်လပ်သောနိုင်ငံများကို အခြားနိုင်ငံများနဲ့ ခွဲထုတ်ဖို့လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဥရောပဒေသအနှံ့အပြားမှာ နာဇီဝါဒကိုအမွှမ်းတင်ဖို့ လုပ်ဆောင်တဲ့ကြိုးပမ်းမှုတွေကို ထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ ဘောတစ်ဒေသနိုင်ငံများနဲ့ ယူကရိန်းနိုင်ငံတို့မှာ ပြည်တွင်း နာဇီရာဇဝတ်သမားများနဲ့ ကြံရာပါပူးပေါင်းဆောင်ရွက်သူများ ပြန်လည်နိုးထလာခြင်းဟာ ဥရောပသမဂ္ဂရဲ့တရားဝင်မူဝါဒနဲ့အညီဆိုသလိုဖြစ်လာပြီး ဒါဟာ နိုင်ငံရေးနဲ့စိတ်ဓာတ်ရေးရာမှာနိမ့်ကျခြင်းတို့ရဲ့ ထင်သာမြင်သာရှိသော ဥပမာများကို မျက်စိစုံမှိတ်ထားသလိုဖြစ်နေပါတယ်။
ထိုသို့ဆိုးလာသည့်တိုင်အောင် ယူကရိန်းနိုင်ငံအတွင်းရှိ နာဇီကိုလိုလားတဲ့အစွန်းရောက်အမျိုးသားရေးအင်အားစုများကို အနောက်အုပ်စုမှခေါင်းဆောင်များက မသိမသာအတည်ပြုထောက်ခံပေးနေခြင်းကြောင့်ယူကရိန်းအစိုးရကိုယ်တိုင်ကရုရှားနိုင်ငံသားများအများဆုံး နေထိုင်လျက်ရှိတဲ့ဒေသများရှိ သာမန်ပြည်သူများနဲ့ နိုင်ငံရေးအတိုက်အခံအင်အားစုများအပေါ် ကြမ်းကြုတ်ရက်စက်မှုများစွာကျူးလွန်လာနိုင်တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာဖြစ်ပွားတဲ့ သွေးမြေကျ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ယူကရိန်းအစိုးရက ဒွန်းဘက်ဒေသမှာဆိုးရွားပြင်းထန်လှတဲ့ စစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲကာ မြို့ကြီးပြကြီးတွေမှာ မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများနဲ့အတူ အရပ်သားပြည်သူထောင်ပေါင်းများစွာရဲ့အသက်ဇီဝိန်များကို ခြွေယူခဲ့ပါတယ်။
အခုဆိုရင် ယူကရိန်းခေါင်းဆောင်များက သူတို့ကိုယ်သူတို့ NATO တပ်ဖွဲ့အတွက် မြို့တံခါးဖျက်သစ်တုံးအဖြစ်ကိုရွေးချယ်ခဲ့တာကြောင့် ဒါဟာရုရှားနိုင်ငံအတွက် စစ်ရေးအရတိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ ဒါကြောင့်လည်း ပဋိပက္ခက မလွဲမသွေဖြစ်လာရတာဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းအထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့စစ်သည်တွေကို မိန့်ခွန်းပြောကြားရာမှာ “ဒီကနေ့အချိန်အခါမှာ ရဲဘော်တို့က အတိတ်မှာဆိုရင်လည်း အမိမြေရဲ့လုံ ခြုံရေးနဲ့အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့ရသလို ဒုတိယကမ္ဘာစစ်ကြီးကပေးတဲ့သင်ခန်းစာကိုလည်း ဘယ်သူမှမေ့ပျောက်လို့မရအောင်စွမ်းဆောင်ခဲ့ပြီး ကမ္ဘာကြီးမှာ နှိပ်စက်ညှဉ်းပန်းသူများ၊ လူသတ်သမားများနဲ့ နာဇီများအတွက် နေစရာနေရာမရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့တာရှိပါတယ်။
အာရှနဲ့ပစိဖိတ်ဒေသမှာဆိုရင် ဂျပန်အာဏာပိုင်များက အင်ပါယာစနစ်ဆိုးကြီးရဲ့အမှားများကို ဘယ်တုန်းကမှ နောင်တမရခဲ့ဘဲ တရုတ်နိုင်ငံကိုထိန်းချုပ်ရန်နဲ့ထိပ်တိုက်ရင်ဆိုင်ရန်လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ပုံပြုခြင်းလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းပြီး မဟာမိတ်ဖွဲ့စည်းတည်ထောင်မှုများကို လုပ်ဆောင်လာလျက်ရှိပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ အငြင်းပွားမှုများစွာရှိသော်လည်း ရုရှားနိုင်ငံကတော့ တူညီမှုရှိပြီး ခွဲခြားလို့မရနိုင်တဲ့လုံခြုံရေးစနစ်တည်ဆောက်မှုကိုသာ အမြဲတမ်းထောက်ခံအားပေးခဲ့ပါတယ်။ ဒီလုံခြုံရေးစနစ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ်အရေးကြီးတဲ့စနစ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ BRICS အဖွဲ့တို့မှာရှိတဲ့ စိတ်တူသဘောတူရှိသောမိတ်ဖက်နိုင်ငံများနဲ့အတူ မဟာယူရေးရှားဒေသနဲ့နောက်ပိုင်းမှာလုံခြုံရေးပုံစံအသစ်ထွက်ပေါ်လာရေးကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ဘုံရန်သူကိုတိုက်ခိုက်ရာမှာတွေ့ကြုံခဲ့ရတဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံတို့အပေါ်ယုံကြည်မှုက နိုင်ငံအားလုံးရဲ့ လွတ်လပ်ပြီးကိုယ်ပိုင်သတ်မှတ်ချက်ရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက်တူညီသောအခွင့်အလမ်းမူဝါဒများအပေါ် အခြေခံတဲ့မျှတမှုရှိသောကမ္ဘာကြီးဆီသို့ လျှောက်လှမ်းရာမှာအခြေခိုင်စေမှာဖြစ်ပါတယ်။
မိမိတို့အနေဖြင့် အနိုင်မခံအရှုံးမပေးသောအောင်နိုင်သူမျိုးဆက်များအဖြစ် ဂုဏ်ယူဝင့်ကြွားရပါတယ်။ သူတို့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ မိမိတို့အနေနဲ့ ဒုတိယကမ္ဘာစစ်မှကြမ်းတမ်းတဲ့သင်ခန်းစာများကိုမှတ်သားလေ့လာပြီး ဒီအမှားများကိုနောက်တစ်ကြိမ်မကျူးလွန်စေဖို့နဲ့ နာဇီဝါဒကိုအောင်နိုင်ခဲ့သူများရဲ့ အမှတ်တရများကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် တာဝန်ရှိပါတယ်။
သူတို့က မိမိတို့ကို တာဝန်ဝတ္တရားနဲ့ နိုးကြားမှုရှိကာနောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ဖို့အတွက် အရာအားလုံးကိုလုပ်ဆောင်မယ့်သူများအဖြစ် ယုံကြည်ကိုးစားခဲ့ကြတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်သော ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုသာ အစဉ်ရှေးရှုသည့် နိုင်ငံဖြစ်သည့်အတွက် မိမိနိုင်ငံနှင့်ပထဝီအနေအထား၊ စီးပွားရေးအနေအထား၊ ယဉ်ကျေးမှုအနေအထား တူညီသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်လျက်ရှိသည်။ ထိုအဖွဲ့အစည်းများတွင် ဘင်းမ်စတက်အဖွဲ့အစည်းသည်လည်း တစ်ခုပါဝင်သည်။ ဘင်းမ်စတက်ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့်၊ ထိုင်းနိုင်ငံတို့ ပါဝင်သောဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဗန်ကောက်ကြေညာ စာတမ်းနှင့်အတူ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို “ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ” ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ဘင်းမ်စတက် အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘင်းမ်စတက်သည် အာဆီယံကဲ့သို့ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို လက်ရှိအမည်ဖြစ်သည့် “ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်)” (BIMSTEC=Bay of Bengal Initiative for Multi Sectoral Technical and Economic Cooperation) ဟုပြောင်းလဲခေါ်ဝေါ်ရန် သဘောတူညီခဲ့ကြသည်။
ဘင်းမ်စတက်အဖွဲ့တွင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီ အစည်းအဝေးဟူ၍ အဓိကယန္တရား (၄) ရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ လုပ်ငန်းအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပါသည်။
ဘင်းမ်စတက်အဖွဲ့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် ထိပ်သီးအစည်းအဝေးကို ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပါသည်။ လက်ရှိအချိန်အထိ (၆) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်တွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်အဖွဲ့၏ ဒုတိယအမြင့်ဆုံး အစည်းအဝေးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပြီး လက်ရှိ အချိန်အထိ (၂၀) ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ (၂၀) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်၍ ၂၀၂၅ ခုနှစ်ဧပြီလ ၃ ရက်တွင် ဗန်ကောက်မြို့၌ ကျင်းပခဲ့ပြီးမြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများက လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အတွက် ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် ရှိသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်တွင် စတင်အသက်ဝင် ခဲ့ပြီဖြစ်သည်။
ဘင်းမ်စတက်မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အားလုံးသည် အချုပ် အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီဆန္ဒအပေါ်၌ အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည်။ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာ သည့် ဘင်းမ်စတက်” ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ သဘောတူညီချက်မူဘောင် (Framework Agreement on the BIMSTEC Free Trade Area Agreement - FTA) ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် FTA ၏ အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုမှာ ဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးလှကြောင်း၊ မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက်ရှိသည့်အတွက် တိုးပွားလာသည့် လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဘင်းမ်စတက်ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အဆိုပြုခန့်အပ်လေ့ရှိပြီး သက်တမ်း (၃)နှစ် တာဝန်ထမ်းဆောင်ရပါသည်။ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးကို သီရိလင်္ကာနိုင်ငံက ပထမဦးဆုံးအဖြစ် ၂၀၁၄-၂၀၁၇ ခုနှစ်ကာလအထိ တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် အက္ခရာစဉ်အလိုက် တာဝန်ထမ်းဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇-၂၀၂၀ ပြည့်နှစ်ကာလကိုလည်းကောင်း၊ ဘူတန်နိုင်ငံက ၂၀၂၀-၂၀၂၃ ခုနှစ်ကာလကို လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုအခါ (၄) ဦးမြောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အဖြစ် အိန္ဒိယနိုင်ငံသား မစ္စတာ အင်ဒရာမာနီပန်ဒေးကို ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဘင်းမ်စတက်အဖွဲ့၌ ယခင်က ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၁၄) ခုရှိခဲ့ပြီး ယခုအခါ ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခု သတ်မှတ်ခဲ့ကာ အဖွဲ့ဝင် (၇) နိုင်ငံအနေဖြင့် တစ်နိုင်ငံလျှင် ကဏ္ဍ (၁) ခုစီနှင့် ယင်းကဏ္ဍအောက်ရှိ ကဏ္ဍခွဲများကို အောက်ပါအတိုင်း ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်-
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms.Paetongtarm Shinawatra၊ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Mr. Shri Narendra Modi၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Tshering Tobgay တို့နှင့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာတွင် လည်းကောင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံရာတွင်လည်းကောင်း မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ကူညီဆောင်ရွက်ပေးသည့် အခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများ ပပျောက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် အချိန်နှစ်ရက်တာအတွင်း မိမိနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်အတွက် အတွေ့အကြုံပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များရရှိရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်နေသော အခြားကဏ္ဍရပ်ပေါင်းစုံအတွက်လည်း အားလပ်ချိန်ပင်မထား အနားယူချိန်ပင်မရှိ အကျိုးရှိသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပေသည်။ နိုင်ငံ့အပေါ်ထားရှိသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၏ စိတ်စေတနာကို ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာပီတိဖြစ်စွာ ခံစားမိသလို နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း များစွာကျေနပ်အားရမိပါသည်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်းမ်စတက်အစည်းအဝေးတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသော နိုင်ငံရေး ဦးတည်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်သို့ပြန်လည် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ ချမှတ်ကာ စနစ်တကျဆောင်ရွက်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်ရေးလုပ်ငန်းစဉ်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည့်မတ်ခိုင်မာရေး ဆောင်ရွက်လျက်ရှိရာ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုတွင် မိတ်ကောင်းဆွေကောင်းများနှင့်အညီ လက်တွဲဆောင်ရွက်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပေသည်။ ။

အကြမ်းဖက်အဖွဲ့များ၏ မဟာဗျူဟာများအား လေ့လာခြင်း

ယနေ့ခေတ်တွင် နိုင်ငံအသီးသီး၌ ပုံစံမျိုးစုံဖြင့်အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား တတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးသည် နိုင်ငံတိုင်း၏ ဦးစားပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်သမားများ ကျင့်သုံးတတ်သည့် မဟာဗျူဟာများကို ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ အကြမ်းဖက်အဖွဲ့များကိုတန်ပြန်နိုင်ရန် လိုအပ်သော မဟာဗျူဟာနှင့် နည်းဗျူဟာများကို မှန်ကန်စွာချမှတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့များအသုံးပြုတတ်သည့် မဟာဗျူဟာများနှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးသွားပါမည်။
အကြမ်းဖက်အဖွဲ့များ အသုံးပြုတတ်သည့် မဟာဗျူဟာများအနက် ပထမဆုံးဆွေးနွေး လိုသည့်မဟာဗျူဟာမှာ ချွေစစ် (attrition) ဖြစ်ပါသည်။ ချွေစစ်ဆိုသည်မှာ များသောအားဖြင့် မိမိအင်အားနည်းနည်းဖြင့် ရန်သူ၏စစ်သည်များကို တိုက်ခိုက်ခြင်း၊ ပစ္စည်းများကိုဖျက်ဆီး ခြင်းဖြင့် ရန်သူကိုဖြေးဖြေးချင်းအားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လုံခြုံရေးအဖွဲ့အစည်းများ စိတ်ဓာတ်ပျက်ပြားလာပြီး အစိုးရအနေဖြင့်လည်း လုံခြုံရေးအတွက်ပိုမိုသုံးစွဲလာရကာ အခြားတစ်ဖက်တွင် လူထုအနေဖြင့်လည်း ထိုသို့လုံခြုံရေးတွင် များစွာရင်းနှီးမြှုပ်နှံရသည်မှာ တန်ပါ၏လော၊ ထိုဒေသကို အကြမ်းဖက်အဖွဲ့ လက်ထဲအပ်ခဲ့ပြီး အိမ်ပြန်သည်က ပိုမကောင်းလောဟု မေးခွန်းထုတ်လာကြပါသည်။
ထိုနေရာတွင် အောင်မြင်မှုသည် အကြမ်းဖက်အဖွဲ့က ဆန့်ကျင်တိုက်ခိုက်နေသော အစိုးရအပေါ်တွင် မူတည်ပါသည်။ ပထမဆုံးအချက်မှာ အစိုးရအနေဖြင့် လူထုထင်မြင်ချက်ကို မည်မျှအလေးထားသနည်း ဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ အာဏာရှင်အစိုးရဆိုပါက လူအများ အပြားသေကြေပျက်စီးရသည်ကို လျစ်လျူရှုပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ပါသည်။ ဒုတိယမေးခွန်းမှာ အကြမ်းဖက်အုပ်စုက ဆန့်ကျင်တိုက်ခိုက်နေသည့် အစိုးရအတွက် ထိုဒေသ /နိုင်ငံသည် မည်မျှအရေးပါသနည်းဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ လက်ဘနွန်မှ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အမေရိကန်တပ်ဖွဲ့များထွက်ခွာသွားစေရန် အကြမ်းဖက်သမားများက အမေရိကန်တို့ကို တိုက်ခိုက်လျှင် အမေရိကန်အနေဖြင့် လက်ဘနွန်ကို သိပ်ဂရုမစိုက်သဖြင့် အလွယ်တကူ ထွက်သွားနိုင်ပါသည်။ သို့သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်ခြင်းကဲ့သို့ အလွန်နက်ရှိုင်းပြီး အခြေခံကျသည့်အချက်ကို အလိုရှိပါက အလွန်တရာ ခက်ခဲမည်ဖြစ်ပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် ချွေစစ်မဟာဗျူဟာကို စွဲစွဲမြဲမြဲကျင့်သုံးနိုင်ရေးတွင် အဓိက ပြဿနာတစ်ခုမှာ ၄င်းတို့အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့ထက် လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သည့် အစိုးရ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံနေရချိန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လုပ်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက် အဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုများသည် ၄င်းတို့ဦးဆောင်မှုရလိုသည့် လူထုကြားတွင် များသော အားဖြင့် လူကြိုက်များခြင်းမရှိပါ။ အကြမ်းဖက်အဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အခြားဖက်မှအပြစ်မဲ့သူများကိုသတ်ပစ်ရန် လိုအပ်ခြင်း ရှိ/မရှိ လူထုက မေးခွန်းထုတ် တတ်ပါသည်။
အောင်မြင်သော ချွေစစ်မဟာဗျူဟာဥပမာတစ်ခုမှာ အိုင်းရစ်ရီပတ်ပလီကင် တပ်မတော် (IRA) ဖြစ်သည်။ ၂၀ ရာစုတစ်လျှောက်တွင် IRA သည် ပုံစံတစ်မျိုးမဟုတ် တစ်မျိုးဖြင့်တည်ရှိ ခဲ့ပြီး ၁၉၆၀ ပြည့်လွန်ကုန်ခါနီးနှစ်များတွင် ၄င်းတို့သည် အိုင်ယာလန်မြောက်ပိုင်းတွင် အကြီး အကျယ်လှုပ်ရှားခဲ့ပါသည်။ IRA သည် အိုင်ယာလန်မြောက်ပိုင်းမှ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှ သင်္ကေတအမှတ်သရုပ်များကို ပုံမှန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ အနေဖြင့် အိုင်ယာလန်မြောက်ပိုင်းတွင် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားခဲ့ရပြီး အကြမ်းဖက်မှုများ အမြင့်မားဆုံးအချိန်တွင် စစ်သည် ၂၀,၀၀၀ အထိ တပ်ဖြန့်ချထားခဲ့ရပါသည်။ IRA ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Martin Mc- Guinness က “ဗြိတိသျှတွေ ထွက်မသွားမချင်း ကျွန်တော်တို့ ဆက်ပြီးတိုက်နေမှာပဲ” ဟု ပြောကြားခဲ့ပါသည်။ ၄င်းသည် IRA မဟာဗျူဟာ ကို အတိုဆုံး၊ အရှင်းဆုံး ဖော်ပြခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေပါက ဗြိတိသျှတို့အနေဖြင့် အိုင်ယာလန်အပေါ် ၄င်းတို့သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှာလာမည်ဟု IRA က ယုံကြည်ထား၍ ဖြစ်ပါသည်။ နောက်ဆုံးတွင် ဗြိတိသျှခေါင်းဆောင်များက စစ်ရေးနည်းလမ်းဖြင့် IRA ကို အမြစ်မဖြတ်နိုင်ဟု နားလည်လာပြီး ပဋိပက္ခကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းသာဖြစ်သည်ဟု လက်ခံကာ စေ့စပ်ညှိနှိုင်းမှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ဖြင့် IRA သည် ၄င်း၏ရည်မှန်းချက်အားလုံး ထမြောက်အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ရည်မှန်းချက် အချို့ အောင်မြင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။
အကြမ်းဖက်အဖွဲ့များအသုံးပြုသည့် ဒုတိယမဟာဗျူဟာမှာ အဖွဲ့ငယ်အဆင့်မှ ပိုမိုကြီးမားသည့် သောင်းကျန်းသူအဖွဲ့အစည်းများ (insurgent organization) တည်ဆောက်ပြီး ပျောက် ကျားစစ်ဆင်နွှဲခြင်းဖြစ်ပါသည်။ အကြမ်းဖက်ဝါဒနှင့် ပုန်ကန်သောင်းကျန်းမှု (insurgency) တို့အကြား ကွဲပြားခြားနားမှုများရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် မကြာခဏဆိုသလိုပင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပိုမိုကြီးမားသော သောင်းကျန်းသူအဆင့်သို့ ကူးပြောင်းလေ့ ရှိပါ သည်။ ထင်ရှားသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် လက်ဘနွန်မှ ဟစ်ဇဘိုလာ၊ တူရကီမှ PKK ၊ ပီရူး မှ Shining Path စသောအဖွဲ့များသည် အကြမ်းဖက်မှုကိုလည်းအသုံးပြုသော သောင်းကျန်းသူအဖွဲ့များဖြစ်သည်။ သောင်းကျန်းသူများ၏ ရည်ရွယ်ချက်မှာ အစိုးရက မဖြစ် မနေတုန့်ပြန်လာစေရန် အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ပြီး ဖိအားပေးရန်ဖြစ်ပါသည်။
အစိုးရများအနေဖြင့် များသောအားဖြင့် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အကြမ်းဖက်အဖွဲ့သက်သက်ကိုထက် ယေဘုယျအားဖြင့် လူထုတစ်ရပ်လုံး အပေါ်တုန့်ပြန်လေ့ရှိပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ မည်သူ၊ မည်ဝါ ဖြစ်သည်ဟု တိတိကျကျမသိသဖြင့် လူငယ်ယောကျ်ားလေးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အသိုင်းအဝိုင်းခေါင်းဆောင်များကို ဖမ်းဆီးခြင်း စသောအမှားများကျုးလွန်တတ် ကြပြီး ထိုသို့သောအမှားများသည် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များစွာရှိပါသည်။ လူထုက အစိုးရအပေါ် အယုံအကြည်မဲ့သွားတတ်ပြီး ထိုသို့သိမ်းကျုံးဖမ်းဆီးခြင်းကြောင့် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ခြင်းမရှိသလို လူထုကိုလည်း လုံခြုံရေးအာမခံချက်မပေးနိုင်ပါ။ ပို၍အရေးကြီးသည်မှာ လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အားကိုးလာခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးသူများသဖွယ် ဖြစ်လာကာ လူသစ်များရရှိလာသလို ထောက်ပံ့ငွေများလည်း ရရှိလာနိုင်ပါသည်။
ငွေအင်အား၊ လူအင်အား ပိုမိုတောင့်တင်းလာသည်နှင့်အမျှ တိုက်ခိုက်မှုများ ပိုမိုဆောင် ရွက်နိုင်လာကာ အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ ပိုလုပ်လေ၊ အစိုးရက ပိုနှိမ်နင်းလေ၊ အကြမ်းဖက်အဖွဲ့ကို လူထုထောက်ခံမှုပိုရလေဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်လာသည့် သောင်းကျန်းသူအဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ အချို့သောအဖွဲ့ များသည် လူထုကိုဆွဲဆောင်နိုင်ရန် ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးဝန်ဆောင်မှုများကိုပင် ဆောင်ရွက်ပေးတတ်ကြပါသည်။ အချို့အဖွဲ့များသည် အချိန်ကြာလာသည်နှင့်အမျှ နယ်မြေပါ ထိန်းချုပ်နိုင်လာပြီး လူထုအားအခွန်ကောက်ခြင်းစသည်ဖြင့် အစိုးရအသေးစားကဲ့သို့ ပြုမူဆောင်ရွက်ကြပါသည်။ ထိုသို့ နယ်မြေထိန်းချုပ်နိုင်သောအချိန်တွင်မူ သောင်းကျန်း သူများသည် ၄င်းတို့ ထိန်းချုပ်နယ်မြေမှပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်တတ်ကြပါသည်။
ထိုမဟာဗျူဟာသည် ထိရောက်မှုရှိသော မဟာဗျူဟာဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းသည်လည်း ချွေစစ်မှာကဲ့သို့ပင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၄င်းထက်ရင်းမြစ်များ ပိုမိုပြည့်စုံသောအစိုးရအား ကာလရှည် စစ်ဆင်နွှဲနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် လူထုအနေဖြင့် အရပ်သားများအားသတ်ဖြတ်ခြင်း ကဲ့သို့ အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များကို လက်မခံခြင်းနှင့် အစိုးရက လက်တုန့်ပြန် တိုက်ခိုက်မည်ကို ကြောက်ရွံ့သည့်အတွက် အနည်းဆုံးအားဖြင့် အစပိုင်းတွင် ၎င်းတို့ကို လက်မခံခြင်းမျိုး ရှိနိုင်ပါသည်။
ထိုမဟာဗျူဟာကိုကျင့်သုံးသော အကြမ်းဖက်အဖွဲ့များသည် ရေရှည်ရပ်တည်နိုင်စွမ်း နည်းပါသည်။ ဥပမာတစ်ခုမှာ အီရတ်မှ အယ်ဂိုဒ်ဒါနှင့်ဆက်စပ်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်ကို ကျူးကျော်ပြီး ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချ ခဲ့ရာ အီရတ်တွင် အာဏာလေဟာနယ်(Power Vacuum) ဖြစ်လာခဲ့ပြီး အမေရိကန်တို့ သိမ်းပိုက်ပြီး အစပိုင်းလများတွင် အမေရိကန်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီများ၊ လူမျိုးစုသူပုန်များ၊ ဆက်ဒမ်အစိုးရဟောင်းမှအဖွဲ့များ စသည့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုမျိုးစုံ ထကြွခဲ့သလို ရာဇဝတ်မှုများလည်း အကြီးအကျယ်ဖြစ်ပွားခဲ့ပါသည်။ လူထုအနေဖြင့် လုံခြုံမှုမရှိဘဲ အစိုးရက ၄င်းတို့ကို အကာအကွယ်မပေးနိုင်ဟု ခံစားကြရပါသည်။
အီရတ်အနောက်ပိုင်းတွင် ဆွန်နီအများစုနေထိုင်ပြီး ၄င်းတို့ကအမေရိကန်သည် ရှီးယိုက် လွှမ်းမိုးထားသောအစိုးရကို တင်မြောက်ပြီး ဆွန်နီမူဆလင်များကို အာဏာလက်မဲ့ဖြစ်အောင် လုပ်နေသည်ဟု ယုံကြည်ကြပါသည်။ ထိုအချိန်တွင် အယ်ဂိုဒ်ဒါနှင့်ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့များ အီရတ်အနောက်ပိုင်းကို ဝင်လာသောအခါ ဒေသခံလူထုသည် ထိုအဖွဲ့များ၏ ရည်မှန်းချက်အားလုံးကို လက်ခံကောင်းမှလက်ခံမည်ဖြစ်သော်လည်း ထိုအဖွဲ့များအား ၄င်းတို့ အသိုင်းအဝိုင်းကို ကာကွယ်ပေးသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ အစိုးရခိုင်ခိုင်မာမာမရှိသည့်အတွက် လူမှုဖူလုံရေးမရှိ၊ ရဲတပ်ဖွဲ့လည်း မရှိသည့်အတွက် လူထုမှာ ကိုယ့်အားကိုယ်ကိုးနေရရာ ထိုအဖွဲ့များနှင့် အတူတွဲ အလုပ်လုပ်ရန်ကလွဲပြီး ရွေးစရာမရှိခဲ့ပေ။
အမေရိကန်နှင့် အီရတ်အစိုးရတို့က သောင်းကျန်းသူများကို တုန့်ပြန်ချိန် အစဦးပိုင်းတွင် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့် လူမှားဖမ်းခြင်းများ မကြာခဏလုပ်ခဲ့ကြပါသည်။ အမေရိကန်နှင့် အစိုးရတပ်များက လူတစ်ယောက်ကို သတ်လိုက်သည်နှင့် ၄င်း၏ ညီအကိုများ၊ မိသားစုဝင်များက လက်စားချေရန် သောင်းကျန်းသူအဖွဲ့ထဲ ဝင်ကြပါသည်။ သို့ဖြင့် အစပိုင်းက အင်အားနည်းနည်းသာရှိသော သောင်းကျန်းသူအဖွဲ့များသည် အင်အားကောင်းသည်ထက်ကောင်းလာကာ ပျောက်ကျား စစ်ဆင်မှုများပင် လုပ်နိုင်လာခဲ့ပြီး နယ်မြေထိန်းချုပ်နိုင်ခဲ့ပါသည်။
သို့သော် ထိုအဆင့်ရောက်ရှိချိန်တွင် ၄င်းတို့သည် အစိုးရ၏ချေမှုန်းမှုကို ခံနိုင်ရည်အလွန် နည်းလာပါသည်။ ၄င်းတို့၏ ထိန်းချုပ်နယ်မြေတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားကြသဖြင့် ၄င်းတို့၏အဖွဲ့ဝင်များကို လူအများက သိသွားကြပါသည်။ ထို့ပြင် ပြည်တွင်းစစ်စတင်သည့် ၂၀၀၆ ခုနှစ် ဝန်းကျင်ခန့်တွင် အီရတ်လူထုသည် အယ်လ်ဂိုဒ်ဒါနှင့်ဆက်စပ်သောအဖွဲ့များကို ဆန့်ကျင်လာကြပါသည်။ ထိုသို့လူထုက ဆန့်ကျင်လာခြင်းမှာ ထိုအဖွဲ့များ၏ အလွန်အကျွံ အကြမ်းဖက်မှုနှင့် ၄င်းတို့ သူစိမ်းဆန်သော အိုင်ဒီယာများကြောင့်ဖြစ်သလို အမေရိကန်အား ဆွန်နီအသိုင်းအဝိုင်းကို ကာကွယ်ပေးသူအဖြစ် စတင်ရှုမြင်လာခြင်းကြောင့်လည်း ဖြစ်ပါသည်။ အီရတ်အနောက်ပိုင်းရှိ လူမျိုးစုများသည် အမေရိကန်ကို ထောက်ခံလာကြပြီးနောက် အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်သောအဖွဲ့အစည်းများသည် အလွန်လျင်မြန်စွာပင် ပြိုကွဲသွားကြ သည်။ သောင်းကျန်းသူများကို လူထုကထောက်ခံမှုမရှိတော့ခြင်းနှင့် တိကျသည့်ထောက်လှမ်း ရေးသတင်းများရရှိလာခြင်းတို့ကြောင့် အမေရိကန်သည် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အယ်လ်ဂိုဒ်ဒါများကို အီရတ်နိုင်ငံတွင်းမှ မောင်း ထုတ်နိုင်ခဲ့ပါသည်။
တတိယမဟာဗျူဟာမှာ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှုဖန်တီးပြီး အစိုးရအား လူထုက ထကြွဆန့်ကျင်စေရန် ဝါဒဖြန့်ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့အများစုက လူထုသည် ၄င်းတို့ဘက်တွင်ရှိသည်ဟု ယုံကြည်ကြပြီး လူထုသည် ကြောက်ရွံ့နေသောကြောင့်၊ သို့မဟုတ် နိုင်ငံရေးအရနိုးကြားမှုမရှိသောကြောင့်၊ သို့မဟုတ် ထိုအကြောင်းရင်းနှစ်ခုလုံးကြောင့်သာ ငြိမ်နေကြခြင်းဖြစ်ပြီး ၄င်းတို့ကသာ လူထု၏မျက်စိကို ဖွင့်ပေးနိုင်မည်ဆိုလျှင် လူထုသည် ၎င်းတို့နှင့်ပူးပေါင်းကြလိမ့်မည်ဟုယုံကြည်ကြပါသည်။ အကြမ်းဖက်မှုသည် အစိုးရ အပေါ် လူထု၏အကြောက်တရားများပျောက်စေပြီး လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခြင်း၊ သို့မဟုတ် ရန်ပုံငွေထည့်ဝင်ခြင်း စသည်ဖြင့် တတ်နိုင်သည့်နည်းဖြင့် ပူးပေါင်းပါဝင် လာကြမည် ဟု ၄င်းတို့က ယုံကြည်ထားပါသည်။
အကြမ်းဖက်လုပ်ဆောင်မှုကို ဝါဒဖြန့်ရာတွင် အဓိကအချက်မှာ မီဒီယာများတွင်ပါဝင် ရေး ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ဝါဒဖြန့်နိုင်ရန်အတွက် လူအများက ဂရုစိုက်ရန် လိုပါသည်။ ၁၉၇၂ မြူးနစ်အိုလံပစ် ဓားစာခံအရေးအခင်းနှင့် ၉/၁၁ တိုက်ခိုက်မှုတို့သည် တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့ များ၏ လုပ်ဆောင်ချက်ကို လူအများအပြားက သတိထားမိသွားပြီး အချို့က အကြမ်းဖက်အဖွဲ့ ကို ထောက်ခံကြသလို ဆန့်ကျင်သူများလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ လူထုအနေ ဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ် နှင့် ရည်ရွယ်ချက်ကို မဖြစ်မနေ သတိထားမိသွားပြီ ဖြစ်ပါသည်။
သို့ရာတွင် အကြမ်းဖက်လုပ်ရပ်ကိုဝါဒဖြန့်ချိခြင်းသည် ၄င်းသက်သက်ဆိုလျှင် ထိရောက်မှုမရှိပါ။ လူသိများသည့် တိုက်ခိုက်မှုတစ်ခုတည်းနှင့် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့်ဖြစ်ရပ်မျိုး မရှိခဲ့ပါ။ ထို့ပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ထိုသို့ လူသိများသည့်တိုက်ခိုက်မှုမျိုး ထပ်တ လဲလဲလုပ်နိုင်သည်မှာလည်း အလွန်ရှားပါးပါသည်။ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားသည်နှင့် အစိုးရကလည်း ထိုအကြမ်းဖက်အဖွဲ့ကို အကြီးအကျယ်နှိမ်နင်းတော့သည်။ ထို့ကြောင့် လူသိများသည့် တိုက်ခိုက်မှုဖန်တီးပြီး ဝါဒဖြန့်ခြင်းသည် လူထုအားလှုံ့ဆော်နိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အောင်ပွဲရရန်အတွက်မူ လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။
အကြမ်းဖက်အဖွဲ့များသုံးသည့် စတုတ္ထမဟာဗျူဟာမှာ နှောင့်ယှက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပျက်စီးအောင်ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် ဘက်အားလုံးမှ အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး လူထုအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန်အချိန်မဟုတ်ဟု ထင်မြင်လာစေပြီး လူထု ကိုယ်တိုင် အစွန်းရောက်ကာ အကြမ်းဖက်မှုများကို လက်ခံလာတတ်ပါသည်။ အကောင်းဆုံး ဥပမာမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဆွေးနွေးမှုပျက်စေရန် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအချိန်က ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်သည် အစ္စရေးတာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းနေပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်နေပါသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်ယှက်ရန် ဟားမက်နှင့် ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ တို့သည် ဗုံးခွဲမှုများစွာလုပ်ခဲ့ပြီး အစ္စရေးအများအပြား သေဆုံးခဲ့ပါသည်။ ထိုသို့ ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အာရာဖတ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ခြင်း ရှိ/မရှိ အစ္စရေးတို့က မေးခွန်းထုတ်လာကြပါသည်။ အကယ်၍ အာရာဖတ်သာ အကြမ်းဖက်များကို ရပ်တန့်စေနိုင်လျှင် အာရာဖတ်သည် အကြမ်းဖက်မှုများကို ကြိုးကိုင်သူဖြစ်ပြီး လူသတ်မှုများအတွက် တာဝန်ရှိသူဖြစ်မည် ဖြစ်သည်။ အကယ်၍ အာရာဖတ်သည် အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်နိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် ၄င်းနှင့် စေ့စပ်ဆွေးနွေးမည်နည်း၊ အာရာဖတ်သည် အကြမ်းဖက်မှုများကို မရပ်တန့်စေနိုင်လျှင် ၄င်းနှင့် ညှိနှိုင်းရရှိလာသည့် ငြိမ်းချမ်းရေးသည်လည်း အဓိပ္ပာယ်ရှိမည်မဟုတ် စသည်ဖြင့် အစ္စရေးတို့ က အာရာဖတ်အပေါ် များစွာသံသယဝင်လာခဲ့ပါသည်။
ထို့ပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အစ္စရေးနိုင်ငံရေးသမားများအနေဖြင့်လည်း အလျော့ပေးလိုက်လျောမှုများလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ ထိုသို့ဖြင့် အစ္စရေးတို့သည် သဘောတူညီချက်အများအပြားကို အကောင်အထည်ဖော်ရန် ရွှေ့ဆိုင်းထားခဲ့တော့သည်။ ပါလက်စတိုင်းလူထုဖက်ကလည်း ငြိမ်းချမ်းရေးသည် ၄င်းတို့လိုချင်သော ရလဒ် မထွက်သဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိတော့ပဲ အကြမ်းဖက်မှုများကို ပိုမိုထောက်ခံလာ ကြပါသည်။ ထိုသို့ဖြင့် အကြမ်းဖက်များသည် အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး အစွန်းရောက်များကို ပိုအားကောင်းစေကာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်စီးသွားခဲ့ပါသည်။
နောက်ဆုံးဆွေးနွေးလိုသည့် အကြမ်းဖက်သမားများ၏ နည်းဗျူဟာတစ်ခုမှာ တစ်ကိုယ်တော်အကြမ်းဖက်မှု(Lone Wolf Terrorism) ဖြစ်သည်။ လူတစ်ဦးချင်း (သို့) နှစ်ဦး/ သုံးဦးပါ အဖွဲ့ငယ်လေးများဖြင့် အကြမ်းဖက်ခြင်းသည် ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ထိုးဖောက်သတင်းရယူရန် အဖွဲ့ဟူ၍ မယ်မယ်ရရမရှိ၊ ဖမ်းဆီးရမည့် ခေါင်းဆောင်ဟုလည်းမရှိသဖြင့် ရပ်တန့်ရန် အလွန့်အလွန်ခက်ခဲလှပါသည်။ ထို့ပြင် မည်သူမဆိုအကြမ်းဖက်သမားဖြစ်နိုင်ပြီး မည်သည့်အချိန်မဆို တိုက်ခိုက်မှုဖြစ်ပွားနိုင်သောကြောင့် လူထုကို အကြီးအကျယ် ကြောက်လန့်စေနိုင်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်မှုများကို တစ်နေ့တစ်ခြားအတွေ့များလာနေပြီး အင်တာနက်ကြောင့် တစ်ကိုယ်တော်အကြမ်းဖက်မှုလုပ်ရန် ပိုလွယ်စေပါသည်။ အင်တာနက်သည် လူတစ်ဦးကို လူများစွာနှင့်ဆက်သွယ်နိုင်လာသည့်အတွက် လူတစ်ဦးက ဖော်ထုတ်လိုက်သည့် အကြမ်းဖက်သဘောတရားကို လက်ခံသဘောကျသူများက လိုက်လုပ် လာနိုင်ပါသည်။ သီးခြားစီဖြစ်သော တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် ပိုမို ကျယ်ပြန့်သော ဂလိုဘယ်အိုင်ဒီယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခြင်းမျိုးဖြစ်ပါသည်။
တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားမီ ဖော်ထုတ်ဖမ်းဆီးရန် အလွန်တရာခက်ခဲသော်လည်း ၄င်းသည် ထိရောက်သည့် နည်းဗျူဟာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် များ သောအားဖြင့် ကျယ်ပြန့်သည့် ရည်မှန်းချက်များနှင့် ချိတ်ဆက်မှုမရှိသောကြောင့် ဖြစ်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများကို လူထုကလည်းယေဘုယျအားဖြင့် လုံးဝအနှုတ် လက္ခဏာဆောင်သည်ဟု ယူဆကြပြီး ထောက်ခံမှုမရှိကြပါ။ ထို့ကြောင့် တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ကြောက်စရာကောင်းပြီးရပ်တန့်ရန် အလွန်တရာ ခက်ခဲသော်လည်း ထိရောက်သည့် မဟာဗျူဟာ မဟုတ်ကြောင်း တွေ့ရှိရပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် အထက်ပါနည်းဗျူဟာများကို ပေါင်းစပ်၍လည်း သုံးစွဲတတ်ကြပါသည်။ ယေဘုယျအားဖြင့် အကြမ်းဖက်သမားများအသုံးပြုကြသော မဟာဗျူဟာများမှာ အားနည်းချက်များရှိပြီး အကောင်းဆုံးမဟာဗျူဟာသည်ပင်လျှင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အလွန်ခက်ခဲပါသည်။ ထို့ပြင် ၄င်းတို့၏ အောင်မြင်မှုသည် အဓိကအားဖြင့် အစိုးရ၏တုန့်ပြန်မှုပေါ်တွင် များစွာမူတည်နေပါသည်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ အောင်မြင်မှုသည် အစိုးရက အမှားများလုပ်မိခြင်းအပေါ် မူတည်နေပြီး ပြီးပြည့်စုံသည့် အစိုးရ မရှိဆိုသည့်တိုင် အကြမ်းဖက်ဝါဒကိုတန်ပြန်ရာတွင် အမှားကြီးများကို အစိုးရအချို့ ကျူးလွန်ကောင်းကျူးလွန်မိမည်ဖြစ်သော်လည်း အစိုးရအားလုံး ကျူးလွန်ခြင်းမရှိကြပါ။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့အများစုအနေဖြင့် ၎င်းတို့ရည်မှန်းချက် ထမြောက်အောင်မြင်ခဲ့ခြင်း မရှိကြကြောင်း တွေ့ရှိရပါသည်။
Reference;
(1) GeorgetownX: Terrorism and Counterterrorism, www.edx.org
(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org

၁၉၅ဝ ပြည့်လွန်နှစ်များဆီ မိမိတို့ငယ်စဉ်က နယူးယောက်မြို့တွင် ကျောင်းတက်နေစဉ် ဥသြသံများ ဆူညံစွာထွက်ပေါ်လာသည်။ မိမိတို့သည် စားပွဲခုံများအောက်သို့ ချက်ချင်းဝင်၍ ခေါင်းကို လက်နှင့်အုပ် ထားရသည်။
“ဆိုဗီယက်တွေ လာပြီ။”
မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မိမိတို့ ကြောက်နေမည်စိုး၍ စင်္ကြံတွင် စုစုစည်းစည်းနေကြရန် ပြောသည်။

ဆိုဗီယက်ပြည်ထောင်စုသည် မော်စကိုရှိ ကွန်မြူနစ်ပါတီဗဟိုမှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည့် ဥရောပနှင့် အာရှတစ်ခွင်ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်သည်။ ၎င်းထဲတွင် ရုရှားသမ္မတနိုင်ငံပါဝင်ပြီး ယခုအခါ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် အက်စ်တိုး နီးယားနိုင်ငံတို့အဖြစ် ကွဲသွားသည်။ အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏အာဃာတများသည် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှ ၁၉၉ဝ ပြည့်နှစ် ဘာလင်တံတိုင်းပြိုကျမှု အထိ ကြာမြင့်ခဲ့သော “စစ်အေးတိုက်ပွဲ” အတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။
စစ်အေးတိုက်ပွဲ၏ အဆိုးရွားဆုံးကာလများ
ဤအာဃာတများသည် နှစ်နိုင်ငံအား နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအခြေအနေကို ရောက်စေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ကျူးဘားနိုင်ငံသို့ ဒုံးကျည်များ ပို့ဆောင်ခဲ့ပြီး ဒုံးကျည်ပစ် စင်များ တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများမှ သိရှိခဲ့ရသည်။ ဒုံးကျည် များ၏ အဖျက်စွမ်းအားသည် ၎င်းတို့အား အမေရိကန် ပြည်ထောင်စုတစ်ခုလုံးကို ပစ်မှတ်ထားစေနိုင်မည် ဖြစ်သည်။
သမ္မတ ဂျွန် အက်ဖ် ကနေဒီ နှင့် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ခရုရှော့ တို့ကြား ထိပ်တိုက် တွေ့ဆုံပြီး နောက် အိမ်ဖြူတော်နှင့် မော်စကိုအကြားတွင် “ဆက်သွယ်ရေးလမ်းကြောင်း” တစ်ရပ်ကို ထူထောင်နိုင် ခဲ့သည်။
ဝန်ကြီးချုပ် မစ်ဟေး ဂေါ်ဗာချော့ဗ် လက်ထက်တွင် အစိုးရတွင်း ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်သည့် “စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု”များ စတင်ချိန်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်း၌ ပြိုကွဲသွားခဲ့ရသည်။ ဆိုဗီယက်ဆိုရှယ်လစ်နိုင်ငံများသည် လွတ်လပ်သောနိုင်ငံများ ဖြစ်လာပြီး အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား တို့ကဲ့သို့ အချို့သောနိုင်ငံများသည် ဥရောပသမဂ္ဂ သို့ ဝင်ရောက်လာခဲ့သည်။
သို့သော် ဗလာဒီမာပူတင် အာဏာရလာသည်နှင့်တစ်ပြိုင်နက် ဆက်ဆံရေးပြန်လည် အေးစက်လာခဲ့ ပြန်သည်။ ပူတင်သည် ခရုရှော့ ကဲ့သို့ အနောက်နိုင်ငံများကို ချေမှုန်းပစ်မည်ဟု မပြောသော်လည်း ပူတင်၏ သက်ဦးဆံပိုင်နှင့် ရန်လိုသည့်ပုံစံက ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသည် အားလုံးပါဝင်သည့် ဥရောပ လုံခြုံရေး ဗိသုကာ၏ အစိတ်အပိုင်းဖြစ်မည်မဟုတ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ပူတင်နှင့်အတူ စစ်အေး တိုက်ပွဲ ၂.၀ ပုံစံသည် လှုပ်နိုးစပြုလာသည်။
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် မဟာမိတ်များ ဖြစ်ခဲ့ကြသည် ကို မေ့ပစ်ရန် လွယ်ကူသွားစေသည်။
အပယ်ခံနိုင်ငံ
၂၀၂၄ ခုနှစ်၊ ဇွန်လက ပြင်သစ်နိုင်ငံတွင် D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ၌ နာဇီဂျာမနီတို့ကို တိုက်ခိုက်ခဲ့စဉ်က ဆိုဗီယက်စစ်သား ၁၁ သန်းခန့် ကျဆုံးခဲ့ရသော်လည်း ရုရှားနိုင်ငံ အနေဖြင့် ဖိတ်ကြားခံရခြင်းမရှိခဲ့ပေ။ စစ်ပွဲအတွင်းက ဆိုဗီယက် ပြည်ထောင်စုတွင် လူ ၂၇ သန်းခန့် သေဆုံး ခဲ့သည်ဟု ခန့်မှန်းရသည်။
ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်တပ်ပေါင်းစုသည် ထိုစစ်ပွဲအပြီးတွင် ကြာရှည်မခံခဲ့ပေ။ ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီက ဥရောပအပေါ် ကျရောက်လာသည့် “သံစည်းရိုး” (ဆိုဗီယက် ပြည်ထောင်စု ၏ ဥရောပအရှေ့ပိုင်းနိုင်ငံများကို ထိန်းချုပ်၍ အနောက်ပိုင်းနှင့် ကန့်သတ် ထားခြင်း) ကို သတိပေးခဲ့သည်။ အမေရိကန်သမ္မတ ဟယ်ရီ ထရူးမန်းက “ထရူးမန်းဝါဒီ” ဟု လူသိများသော မူဝါဒတစ်ခုဖြစ်သည့် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ကွန်မြူနစ်ဝါဒပြန့်ပွားခြင်းကို တားဆီးမည်ဟု ကတိပြုခဲ့သည်။
ထို့ကြောင့် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား အယူဝါဒနှင့် ပထဝီဝင် နိုင်ငံရေးအရ မယုံကြည်မှုများ အစပျိုးခြင်းသည် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ် စတာလင်တို့သည် စစ်ပြီး ခေတ် ဥရောပကို ပြန်လည်ဖွဲ့စည်းရေးဆောင်ရွက်ရန် ခရိုင်းမီးယား၌ တွေ့ဆုံခဲ့ကြသည့် သမိုင်းဝင် ယဲလ်တာ ညီလာခံအပြီး မကြာမီတွင် စတင်ခဲ့သည်။
ငြိမ်းချမ်းစွာ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စုနှင့် ဗြိတိန်တို့အကြား ဘုံရန်သူကိုတိုက်ဖျက်မည့် မဟာမိတ်အဖွဲ့ကြီးသည် လေးနှစ်သာ ခံခဲ့သည်။
နောက်ဆက်တွဲစစ်မက်များ လွန်စွာပြင်းထန်လာသည့်အတွက် ၁၉၄၈ ခုနှစ်တွင် အရှေ့ ဂျာမနီကို ထိန်းချုပ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုသည် အနောက်နိုင်ငံများ ထိန်းချုပ်ထားသည့် ဘာလင်၏ ဒေသအချို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် အဆိုပါဒေသရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို လေကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ရသည်။ နောက်ဆုံးတွင် အရှေ့ဂျာမနီအစိုးရသည် ဘာလင်မြို့၏ အရှေ့နှင့်အနောက်ကို ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့လေသည်။
စစ်အေးတိုက်ပွဲ ၂.ဝ
၁၉၉၁ ခုနှစ်၊ ဘာလင်တံတိုင်းပြိုကျမှုသည် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်အေးတိုက်ပွဲကို တရားဝင် အဆုံးသတ်စေခဲ့သော်လည်း မကြာသေးမီက ရုရှားတို့၏ရန်လိုမှုများကြောင့် စစ်အေး တိုက်ပွဲ ၂.ဝ ဟု လူအများက သုံးသပ်ယူဆခဲ့ကြသည်။ ရုရှားတပ်များသည် ၂ဝဝ၈ ခုနှစ်တွင် ဂျော်ဂျီယာကို တိုက်ခိုက်ခဲ့ပြီး ရလဒ်အနေဖြင့် အက်ဘ်ခါဇီယာနှင့် တောင်အိုဆက်တီးယားတို့သည် ဂျော်ဂျီယာမှ ခွဲထွက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်သည့် ခရိုင်းမီးယားကို ရုရှားက ကျူးကျော်ခဲ့ပြီး ယနေ့တွင် ယူကရိန်း ပိုင်နက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသည်။
ရုရှားနှင့် အနောက်အုပ်စုတို့အကြား အမုန်းအာဃာတများ ကြီးထွားလာနေသည့် သက်သေအဖြစ် ဆွီဒင်နှင့် ဖင်လန်တို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဂျော်ဂျီယာနှင့် ယူကရိန်းတို့က အနာဂတ် နေတိုး အဖွဲ့ဝင် အဖြစ် ကတိပြုခဲ့ကြကာ မော်စကိုအပေါ် ပြင်းထန်သောပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ရုရှားကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားသည်။ နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က ပူတင်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထိုတင်းမာမှုများအားလုံးသည် သမ္မတ ထရမ့် လက်ထက်တွင် ပြောင်းလဲလာပုံရသည်။ စစ်အေးတိုက်ပွဲ ၂.ဝ သည် ဝါရှင်တန်တွင် အဆုံးသတ်နိုင်ဖွယ်ရှိသည်။ ကုလသမဂ္ဂညီလာခံတွင် ရုရှား၏ ယူကရိန်း ကျူးကျော် စစ်အား ရှုတ်ချကြောင်းအဆိုကို အမေရိကန်က ရုရှားနှင့်အတူ ကန့်ကွက်မဲပေးခဲ့သည်။
ကမ္ဘာကြီးကို တုန်လှုပ်စေသောတွေ့ဆုံမှုအဖြစ် ထရမ့်သည် စစ်ရေးအကူအညီများအတွက် တွင်းထွက် သယံဇာတဆိုင်ရာ အခွင့်အရေးများပေးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့သော်လည်း ဇီလန်စကီးကို ကမ္ဘာ့မီဒီယာများ ရှေ့တွင် အရှက်ရစေခဲ့သည်။ နောက်ပိုင်းတွင် ထရမ့်သည် ယူကရိန်းသို့ လက်နက်များတင်ပို့မှုကို ရပ်တန့်မည် ဟု ကြေညာခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပူတင်ကို ချီးကျူးခဲ့သည်။ ထိုအချင်းအရာသည် အမေရိကန်-ရုရှား ဆက်ဆံရေးတွင် သိသာ ထင်ရှားသော အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။
ထရမ့်၏ ပွဲသိမ်းကစားပွဲ
ထရမ့်၏စိတ်ထဲတွင် ဘာရှိနေသလဲ? အပေါ်ယံအဖြေအားဖြင့် ငြိမ်းချမ်းရေးနှင့် ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်လိုသည်ဟုဆိုသော်လည်း သူ၏ဗျူဟာသည် ပို၍ကြီးမားပေဦးမည်။
ထရမ့်၊ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အကြား ယဲလ်တာ ၂.၀ ပုံစံမျိုး မဟာမိတ် အဖွဲ့ သို့မဟုတ် တွေ့ဆုံမှုတစ်ခုကို ၎င်းအနေဖြင့် မျှော်မှန်းထားကြောင်း အရိပ်အယောင်များ တွေ့ရသည်။ ဥရောပကို ပြန်လည်ဖွဲ့စည်းမည့်အစား ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ထူထောင်နိုင်ခြေရှိသည်။
ခိုင်လုံသောရည်ရွယ်ချက်အနေဖြင့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့အကြား တင်းမာမှုများကို အဆုံးသတ် ရန်ဖြစ်သည်။ ထရမ့်သည် နိုဘယ်ငြိမ်းချမ်းရေးဆုကိုပင် စိတ်ကူးနေပေလိမ့်မည်။
အမေရိကန်-ရုရှားမူဝါဒတွင် ဤသိသာထင်ရှားသော အပြောင်းအလဲသည် မည်သို့ဖြစ်လာမည်နည်း?
စစ်ရေးအရ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်သ် က ရုရှားအပေါ် ထိုးစစ် ဆင်နေသည့် ဆိုက်ဘာစစ်ဆင်ရေးများကို ရပ်တန့်ရန်အမိန့်ပေးခဲ့ပြီး ရုရှားအပေါ် အမေရိကန်၏ စစ်ဆင်ရေးအားလုံးကို ပိုမိုလေးနက်စွာ ပြန်လည်အကဲဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်လွင်ပေသည်။
နိုင်ငံရေးအရ ရုရှားကိုဆန့်ကျင်သော ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများသည် ၎င်းတို့၏သဘောထားကို ပြောင်းလဲလာကြသည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှ သြဇာရှိ အမေရိကန် အထက် လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရုရှားနိုင်ငံနှင့် ပူတင်အား ရှုတ်ချသည့် နှစ်ပါတီ သဘောတူဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သည်။ ယခုအခါ စစ်ပွဲအတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်မှာ တာဝန်ရှိကြောင်းနှင့် ထရမ့်သည် ရုရှားအပေါ် မှန်ကန်သောမူဝါဒရှိပြီး ဇီလန်စကီးအနေဖြင့် ရာထူးမှနုတ်ထွက်သင့်ကြောင်း ပြောကြားလာခဲ့ပြန်သည်။
အမေရိကန်-ရုရှားဆက်ဆံရေးတွင် ယခုဖြစ်ပျက်နေသည့်အရာသည် မူဝါဒပြောင်းလဲမှုမျှသာမကပေ။ အဆိုပါအရာသည် သမိုင်းဝင်အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။ ထရမ့်၏မူဝါဒအသစ်သည် ၎င်း၏ ဥရောပမိတ်ဖက်အားလုံးနီးပါးကို အံ့သြထိတ်လန့်စေခဲ့သည်။ ထိုအရာသည် သံတမန်မဆန်သော လုပ်ရပ် ဟုပင် ဆိုရပေမည်။
Source: https://news-decoder.com/decoder-from-a-cold-war-to-a-warm-hug/
(ဆောင်းပါးရှင် Daniel Warner ၏ From a cold war to a warm hug ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုပါသည်။)

၄။ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍ မရဟူသော ယူဆချက်အားလေ့လာခြင်း

ထိုယူဆချက် မှန်၊ မမှန် လေ့လာသုံးသပ်ရာတွင် အကြမ်းဖက်ဝါဒကို ချေမှုန်းခြင်းနှင့် အကြမ်းဖက်အဖွဲ့များကို ချေမှုန်းခြင်း နှစ်မျိုးစလုံးကို လေ့လာကြည့်ပါမည်။ ပထမဦးစွာ အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ခြင်း ရှိ/မရှိ လေ့လာပြီးနောက် အကြမ်းဖက်ဝါဒ တစ်ခုလုံး ကို ချေမှုန်းနိုင်ခြင်း ရှိ/မရှိ လေ့လာကြည့်ပါမည်။ အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရဟု ပြောခဲ့ သူများမှာ အကြမ်းဖက်နှိမ်နင်းကျွမ်းကျင်သူအချို့နှင့် အရေးကြီးသော နိုင်ငံရေးသမားများ ဖြစ်သည်။ ဥပမာအားဖြင့် ဗြိတိသျှတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရတ်ချက် (Sir David Richards) က အယ်လ်ဂိုဒ်ဒါ နှင့် အစ္စလာမ်မစ် စစ်သွေးကြွများကို ချေမှုန်းရေးနှင့် ပတ်သက်၍ "သမားရိုးကျ စစ်ပွဲတွေမှာတော့ အနိုင်အရှုံးက ထင်ရှားတယ်၊ နိုင်တဲ့တပ်ဖွဲ့တွေ က ရှုံးတဲ့နိုင်ငံရဲ့မြို့တော်ကို ချီတက်သွားတယ် မြင်နိုင်တယ်။ (အကြမ်းဖက်တွေကို) ဒီလို ပြတ်ပြတ်သားသားချေမှုန်းနိုင်ဖို့ လိုသလားလို့ ခင်ဗျားတို့မေးရင် လိုလဲမလိုအပ်ဘူး၊ ဘယ်တော့ မှလဲ အပြတ်ချေမှုန်းနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်" ဟု ၂၀၁၀ ပြည့် နှစ်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဘုရှ် (George Bush) ကို အကြမ်းဖက်မှုအား စစ်နွှဲသည့်စစ်ပွဲ အောင်မြင်နိုင်မည်လောဟု ၂၀၀၄ ခုနှစ်က မေးမြန်းခဲ့ရာ ၎င်းက "နိုင်မယ်တော့မထင်ဘူး။ ဒါပေမယ့် အကြမ်းဖက်မှုကို နည်းလမ်းတစ်ခုအဖြစ် သုံးတဲ့သူ တွေကို ကမ္ဘာကြီးရဲ့ နေရာအတော်များများမှာ လက်မခံတဲ့အခြေအနေတော့ ဖန်တီးနိုင်မယ် လို့ ထင်တယ်" ဖြေကြားခဲ့သည်။ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂ (Abdullah 2) ကလည်း "ကမ္ဘာပေါ်မှာ မကောင်းတဲ့လူတွေ အမြဲဆက်ရှိနေဦးမှာဖြစ်လို့ အကြမ်းဖက်ဝါဒကို ဘယ်တော့ မှ အမြစ်ဖြတ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ အကြမ်းဖက်မှုကို ဆင်နွှဲသည့် စစ်ပွဲ၏ ဗိသုကာဖြစ်သည့် သမ္မတဘုရှ်ကိုယ်တိုင်က ထိုသို့ပြောကြားခဲ့သည့်အတွက် အကြမ်းဖက်ဝါဒ သည် တကယ်ပင် ချေမှုန်းရန် မဖြစ်နိုင်ပါသလော။
ထိုအယူအဆ မှန်/မမှန် လေ့လာသုံးသပ်ရန် အရေးကြီးပါသည်။ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍မရဟု ယုံကြည်သွားလျှင် အကြမ်းဖက်ဝါဒသည် အန္တရာယ်ကြီးမားလှပြီး ကျွန်တော် တို့ အနေဖြင့် အကြမ်းဖက်ဝါဒကိုတန်ပြန်ရန် ဘာမှမလုပ်နိုင်သလောက်ဖြစ်သည်ဆိုသည့် အိုင်ဒီယာကိုအားကောင်းစေပြီး အရှုံးပေးလိုစိတ်ဝင်သွားနိုင်ကာ အကြမ်းဖက်ဝါဒကို ကြောက်ရွံ့ သွားစေနိုင်ပြီး ၎င်းသည်ပင် အကြမ်းဖက်သမားတို့ အလိုရှိသည့်အရာဖြစ်သည်။ ထို့ပြင် အကြမ်းဖက်ဝါဒကို နှိမ်နင်း၍ မရနိုင်လျှင် ကျွန်တော်တို့အနေဖြင့် အကြမ်းဖက်ဝါဒ နှိမ်နင်းရေး နည်းလမ်းများထက် ကြိုတင်ကာကွယ်တားဆီးရေးကို ပိုမိုအာရုံစိုက်ရမည်ဖြစ်ပြီး အကြမ်း ဖက်အဖွဲ့များ ပေါ်မလာအောင် ၊ သို့မဟုတ် အကြမ်းဖက်ဝါဒ၏ အကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲနိုင်အောင် အထူးအာရုံစိုက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အကြမ်းဖက်ဝါဒကို ရပ်တန့်အောင် မလုပ်နိုင်ပါက အကြမ်းဖက်ဝါဒကြောင့် ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် စီမံရမည်ဖြစ်သည်။ အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရနိုင်ဆိုသော ယူဆချက်သည်သာ မှန်ကန်မည်ဆိုပါက အကြမ်းဖက်သမားများ၊ အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းသွားစေရန် ရည်ရွယ်လုပ်ဆောင်ချက်များသည် များစွာအသုံးဝင်လှမည်မဟုတ်ပါ။
ထို့ပြင် ချေမှုန်းခံရခြင်းကို မည်သို့တိုင်းတာမည်နည်း။ အကြမ်းဖက်အဖွဲ့အစည်းတခု အနေဖြင့် ချေမှုန်းခံရခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်ရန်အတွက် ၎င်းသည် အကြမ်းဖက်ခေါင်းဆောင် ပိုင်းကို ချေမှုန်းခြင်း ၊ သို့မဟုတ် ထိုအဖွဲ့ကို လူ့အသိုင်းအဝိုင်းက လက်မခံစေရန် စည်းရုံးခြင်း စသည့် အကြမ်းဖက်ဝါဒကိုတန်ပြန်သည့် နည်းလမ်းများကြောင့် ဖြစ်ရခြင်း ဟုတ်၊မဟုတ် ဆုံးဖြတ်ရန် လိုအပ်ပါသည်။ အကြမ်းဖက်အဖွဲ့တစ်ခုသည် အကြမ်းဖက်နှိမ်နင်းရေး နည်းလမ်း များကြောင့် မဟုတ်ပဲ အခြားအကြောင်းများကြောင့် ပျက်စီးချုပ်ငြိမ်းသွားသည်ဆိုပါက ၎င်းကို ချေမှုန်းခံရသည်ဟု ဆိုနိုင်မည်မဟုတ်ပါ။ အကြမ်းဖက်အဖွဲ့အစည်းများ၊ သို့မဟုတ် အကြမ်း ဖက်ဝါဒလှိုင်းများသည်ပင် အခြားသောအကြောင်းအချက်များစွာကြောင့် အားနည်း ပျောက်ကွယ် သွားနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။ အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ဒေးဗစ် ရာပိုပေါ့ (Dadid Rapoport) က အကြမ်းဖက်လှိုင်းများသည် ဆယ်စုနှစ် အနည်းငယ် အတွင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ ထို့ပြင် အကြမ်းဖက် တတိယ လှိုင်း ၊ သို့မဟုတ် လက်ဝဲသစ်အကြမ်းဖက်ဝါဒသည် တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် အရေးနိမ့်ခဲ့သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့ အရေးနိမ့်မှုကို မည်သို့တိုင်းတာခဲ့နည်း။ ထိုအကြမ်းဖက်အဖွဲ့များ၊ သို့မဟုတ် အကြမ်းဖက် တတိယလှိုင်း နိဂုံးချုပ်သွားခြင်းသည် အကြမ်းဖက်ဝါဒ တန်ပြန်ရေး နည်းလမ်းများကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါမည်လော။
အကြမ်းဖက်ဝါဒ မည်ကဲ့သို့ အဆုံးသတ်သွားသည်ကို စနစ်တကျလေ့လာထားသော သုတေသနမှာ Rand Corporation ၏ ဆတ်ဂျုန်းစ် (Seth Jones) နှင့် မာတင်လီဘစ်စကီ (Martin Libicki) တို့၏ လေ့လာမှုဖြစ်သည်။ ၎င်းတို့သည် ၁၉၆၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တက်ကြွလှုပ်ရှားခဲ့ကြသော အကြမ်းဖက်အဖွဲ့ပေါင်း ၆၄၈ ဖွဲ့ကို လေ့လာပြီး ထိုအဖွဲ့များ မည်သို့နိဂုံးချုပ်သည်ကို ရှာဖွေခဲ့ကြသည်။ ၂၀၀၈ ခုနှစ်ထုတ် ၎င်းတို့၏ အစီရင်ခံစာတွင် ထိုအဖွဲ့များ နိဂုံးချုပ်ရသည့် အဓိကအကြောင်းရင်း လေးခုကို ဖော်ပြခဲ့သည်။ ပထမဆုံး အချက် မှာ ရဲတပ်ဖွဲ့နှင့်ထောက်လှမ်းရေးအဖွဲ့များ၏ နှိမ်နင်းမှုဖြစ်ပြီး ဒုတိယအချက်မှာ စစ်တပ်ဖြင့် နှိမ်နင်းခြင်းဖြစ်ကာ တတိယအချက်မှာ အကြမ်းဖက်အဖွဲ့များက နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် လာခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ အကြမ်းဖက်အဖွဲ့က အောင်ပွဲရသွားခြင်း ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အလိုရှိသည့် နိုင်ငံရေးရည်မှန်းချက် ထမြောက် အောင်မြင် သွားသဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ရန် မလိုတော့ခြင်း ဖြစ်သည်။
Rand report ၏ အဆိုအရ အကြမ်းဖက်အဖွဲ့များ နိဂုံးချုပ်ရသည့် ပထမဆုံး အကြောင်း ရင်းဖြစ်သော ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး၏ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ချက် များတွင် အကြမ်းဖက်အဖွဲ့များ၏ သတင်းစုဆောင်းခြင်း၊ ၎င်းတို့အဖွဲ့အတွင်း ထိုးဖောက်ခြင်း၊ အဓိကခေါင်းဆောင်များအား ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်နှိမ်နင်းရေးဥပဒေများ ပြဋ္ဌာန်းခြင်း စသည်တို့ ပါဝင်ပြီး ရဲနှင့် ထောက်လှမ်းရေးတို့ဖြင့် နှိမ်နင်းခြင်းကြောင့် နိဂုံးချုပ်သွားသည့် အကြမ်းဖက်အဖွဲ့မှာ ၄၀% ရှိသည်ဟု ဆိုသည်။ အကြမ်းဖက်အဖွဲ့များ နိဂုံးချုပ်ရသည့် စစ်တပ် ဖြင့်နှိမ်နင်းခြင်းတွင် အကြမ်းဖက်သမားများကို သတ်ဖြတ်ဖမ်းဆီးရန် စစ်တပ်အား အသုံးပြု ခြင်းနှင့် အကြမ်းဖက်ဝါဒကို အကူအညီပေးနေသည့် နိုင်ငံများကို တိုက်ခိုက်ရန် စစ်တပ်အား အသုံးပြုခြင်းတို့ပါဝင်သည်။ Rand report ၏ အဆိုအရ ရံဖန်ရံခါတွင် စစ်အင်အားအသုံးပြုရန် ခြိမ်းခြောက်မှုနှင့် အမြဲမပြတ်ထောက်လှမ်းစောင့်ကြည့်မှုတို့သည် အကြမ်းဖက်သမားတို့ အမြဲတမ်း တစ်ပြေးတည်းပြေးနေစေရန်အတွက် လုံလောက်မှု ရှိသည်ဟုဆိုသည်။ သို့ရာတွင် သက်တမ်းရင့်လှပြီဖြစ်သည့် ထိုနည်းလမ်းသည် များစွာထိရောက်မှုမရှိပါ။ ၎င်းအစီရင်ခံစာ အရ ၁၉၆၈ နောက်ပိုင်း စစ်အင်အားအသုံးပြုခြင်းကြောင့် ချုပ်ငြိမ်းခဲ့ရသော အကြမ်းဖက်အဖွဲ့ များသည် ၇% သာ ရှိသည်ဟု ဆိုသည်။ ထိုသို့ အောင်မြင်မှုနည်းခြင်းမှာ အကြမ်းဖက်အဖွဲ့ များသည် စစ်တပ်များမဟုတ်ပဲ အလွန်သေးငယ်သောအဖွဲ့များ ဖြစ်ပြီး သမားရိုးကျတပ်ဖွဲ့များ မသုံးခြင်းကြောင့်လည်း ဖြစ်သည်။ အကြမ်းဖက်နှိမ်နင်းရာတွင် တပ်အင်အား အများအပြား သုံးခြင်းသည် ဒေသခံလူထုကို ကင်းကွာပြီး ဆိုးကျိုးဖြစ်စေနိုင်သည်ဟု ဆိုသည်။
တတိယအကြောင်းရင်းမှာ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် လာခြင်းဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန် ဆုံးဖြတ်ခြင်းမှာ အရှုံး-အမြတ် လေ့လာ ဆန်းစစ်ချက် (cost benefit analysis)၏ ရလာဒ်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့လိုလားသည့် ရည်မှန်းချက်ရရှိရေးအတွက် နိုင်ငံရေးအရကြိုးစားခြင်းသည် အကြမ်း ဖက် နည်းလမ်းများသုံးသည်ထက် အရှုံးပိုနည်းပြီး အကျိုးအမြတ်ပိုများသည်ဟု သုံးသပ်ပါက အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ပြီး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ အကြမ်းဖက်အဖွဲ့များ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခြင်းသည် လူအများ ယူဆထားသည် ထက် ပိုများပြီး နိဂုံးချုပ်သွားသည့် အကြမ်းဖက်အဖွဲ့ ၆၄၈ ခုအနက် ၄၃% ရှိသည်ဟု Rand report က ဆိုသည်။ သို့သော်လည်း ၎င်းတို့ကို အရေးနိမ့်သွားသည်ဟု ခေါ်ဆိုနိုင်ပါမည်လော။ အရေးနိမ့်သွားသည်ဆိုရာတွင် ရှုံးသူ၊ နိုင်သူ ရှိရမည် ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် သွားခြင်းကို အရေးနိမ့်သွားခြင်းဟု ခေါ်နိုင်မည်မဟုတ်၍ ၎င်းသည် အကြမ်းဖက်အဖွဲ့အတွက် အရှုံးပေးခြင်းမဟုတ်သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အကြမ်းမဖက်သောနည်းလမ်း ကို သုံးခြင်းက ၎င်းတို့ရည်မှန်းချက်သို့ရောက်ရှိရန် ပိုမိုကောင်းမွန်သော လမ်းကြောင်းဟု သုံးသပ်ပြီး အကြမ်းဖက်နည်းလမ်းများကို စွန့်လွှတ်ခြင်းဖြစ်၍ အကြမ်းဖက်ဝါဒအတွက် အရေး နိမ့်ခြင်းဟု ဆိုနိုင်သည်။ အခြားတစ်ဖက်တွင်မူ အကြမ်းဖက်အဖွဲ့များအား နိုင်ငံရေး ဖြစ်စဉ် တွင် ပါဝင်ရန် ဖိတ်ခေါ်ခံရခြင်းမှာ တကယ်တမ်းတွင် ၎င်းတို့က အကြမ်းဖက်သည့် နည်းလမ်း များသုံးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက အကြမ်းဖက်မှု၏ ဆုလာဒ်အဖြစ် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရခြင်းဖြစ်သည့်အတွက် ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုအဖြစ် စောဒက တက်နိုင်ပါသည်။
အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းသွားရခြင်း၏ စတုတ္ထနှင့် နောက်ဆုံးအကြောင်းရင်းမှာ အကြမ်းဖက်အဖွဲ့များ အောင်ပွဲရသွားသောကြောင့်ဖြစ်သည်။ Rand report ၏ အဆိုအရ ၎င်းတို့ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်များ ထမြောက်အောင်မြင်သွားပြီးနောက် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားသည့် အကြမ်းဖက်အဖွဲ့များမှာ ၁၀% သာ ရှိသည်ဟု ဆိုသည်။ အောင်မြင်မှုရ၍ အကြမ်းဖက်မှုများ ရပ်တန့်သွားခြင်းသည် အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရဆိုသော ယူဆချက်ကို စိန်ခေါ်နိုင်ခြင်းမရှိသည့်အပြင် အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရနိုင်သည်ဆိုသော အိုင်ဒီယာကိုပင် ပိုမိုအားကောင်းစေပါသည်။ သို့ရာတွင် အောင်မြင်မှုရရှိသည့် အကြမ်းဖက်အဖွဲ့များမှာ ၁၀% သာရှိပြီး ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် မအောင်မြင်သည့်အဖွဲ့များမှာ အများစုကြီးဖြစ်ပါသည်။ Rand report ၏ အဆိုအရ ရဲတပ်ဖွဲ့ နှင့် ထောက်လှမ်းရေးတို့ဖြင့် နှိမ်နင်းခြင်းကြောင့် ချုပ်ငြိမ်းရသည့် အကြမ်းဖက်အဖွဲ့ ၄၀% နှင့် စစ်တပ်ဖြင့် နှိမ်နင်းခြင်းကြောင့် ချုပ်ငြိမ်းသွားသည့် အကြမ်းဖက်အဖွဲ့ ၇% ရှိပါသည်။ ထိုကိန်း ဂဏန်းများက အကြမ်းဖက်ဝါဒကို ချေမှုန်းနိုင်သည်ဆိုသောအချက်ကို ရှင်းရှင်းလင်းလင်း ထောက်ခံနေပါသည်။ ထို့ပြင် နိုင်ငံရေးတွင်ပါဝင်ခြင်းသည်လည်း အကြမ်းဖက်အဖွဲ့များအနေ ဖြင့် ၎င်းတို့ရည်မှန်းချက်ကို ရောက်ရှိရန်အတွက် အကြမ်းမဖက်သောနည်းလမ်းများသို့ ပြောင်းရွေ့ သွားနိုင်သည်ကို ပြနေပါသည်။ ၎င်းသည် အကြမ်းဖက်အဖွဲ့အတွက် အရေးနိမ့်ခြင်းဟု မဆိုနိုင် သော်လည်း အကြမ်းဖက်ဝါဒတန်ပြန်ရေး နည်းလမ်းအချို့၏ သက်ရောက်မှုလည်း တစ်စိတ် တစ်ပိုင်း ပါနိုင်ပါသည်။ အစိုးရက ဖိအားပေးခြင်းကြောင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာသည့် အဖွဲ့အများအပြား ရှိပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် အကြမ်းဖက်ဝါဒကို ချေမှုန်းရန်မဖြစ်နိုင် သော်လည်း အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ပါသည် ၊ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားစေနိုင်ပါသည်။
၅။ အကြမ်းဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည် ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း
အကြမ်းဖက်ဝါဒကို တန်ပြန်ရာတွင် ဘက်စုံနည်းလမ်း (holistic or comprehensive approach ) သည် အကောင်းဆုံး ဖြစ်သည်ဆိုရာတွင် ဘက်စုံနည်းလမ်းဆိုသည်မှာ ကာကွယ် ရေးနှင့် ဖိနှိပ်ရေးနည်းများ (preventive and repressive measures) ၊ သို့မဟုတ် အပျော့နည်း နှင့် အမာနည်း (soft and hard measures) ကို ပူးတွဲအသုံးပြုခြင်းကို ဆိုလိုသည်။ အရေးပါ သည့် နိုင်ငံရေးသမားများနှင့် လူသိများသူ အများအပြားက အကြမ်းဖက်ဝါဒအား တန်ပြန် ရာတွင် ဘက်စုံနည်းလမ်းဖြင့် ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ကြ သည်။ ၎င်းတို့အနက် တစ်ဦးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) ဖြစ်သည်။ အာဖရိကတိုက်တွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောရာတွင် ၎င်းက နိုင်ဂျီးရီးယားမှ ဘိုကို ဟာရမ်( Boko Haram)၊ အစ္စလာမ်မစ် မာဂရတ် (Islamic Maghreb) မှ အယ်လ်ဂိုဒ်ဒါ နှင့် ဆိုမာလီမှ အယ်လ် ရှာဘတ် (Al Shabaab) စသော အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ရာတွင် အောင်မြင်မှု ရရှိစေရန်အတွက် ပိုမိုကျယ်ပြန့်စွာနှင့် ပိုမိုအားထည့်ရန်လိုကြောင်း ပြောကြားခဲ့သည်။ "စစ်အင်အားဟာ အရေးကြီးပေမယ့် အာဖရိကက အကြမ်းဖက်ဝါဒကို စစ်အင်အားသက်သက် နဲ့အဆုံးသတ်နိုင်မှာမဟုတ်ဘူး၊ အကြမ်းဖက်ဝါဒကို ပြန့်ပွားအောင် အထောက်အကူဖြစ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းခြင်း အပါအဝင် မျက်နှာစာပေါင်းစုံမှာ ဆက်လုပ်သွားရမယ်" ဟု ပြောကြားခဲ့သည်။ ဖွံ့ဖြိုးမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်း တို့ကြောင့် အကြမ်းဖက် သမားများ လူသစ်စုခွင့်ရနေကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ပါဗစ် အာရှရပ်ဖ် (Pervez Ashraf) ကလည်း အကြမ်းဖက်ဝါဒ အား နှိမ်နင်းရာတွင် ဘက်စုံနည်းလမ်း၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့သည်။ "အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့အနေနဲ့ ဘက်စုံနည်းလမ်းကို အသုံးပြုဖို့ လိုတယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသခံလူထုနဲ့ နီးနီး ကပ်ကပ် ဆက်ဆံရေးရှိဖို့ တိုက်တွန်း လိုပါတယ်၊ ဒေသခံတွေနဲ့ ဆက်ဆံခြင်းဟာ သတင်းအချက်အလက်တွေ စုဆောင်းနိုင်ရုံမက ရာဇဝတ်သားတွေ မခိုလှုံနိုင်အောင် တားဆီးနိုင်တယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူက အကြောက်မခံရပဲ လေးစားခံရမှ ဒီလိုဖြစ်မယ်" ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက အစ္စလာမ် မာဘတ်ရှိ ရဲသိပ္ပံတွင် ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တွင် ရေးဆွဲခဲ့သော အကြမ်းဖက်ဝါဒတန်ပြန်ရေးနည်းလမ်း တွင်လည်း ဘက်စုံနည်းကို ထည့်သွင်းခဲ့ပါသည်။ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် ဝါဒ တန်ပြန်ရေး မဟာဗျူဟာ (the United Nations Global Counterterrorism strategy) ကို ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အထွေထွေညီလာခံက တညီတညွတ်တည်း အတည်ပြုခဲ့ သည်။ ထိုမဟာဗျူဟာသည် အကြမ်းဖက်ဝါဒပြဿနာကို ဖြေရှင်းရန်အတွက် ပထမဆုံးသော ဘက်စုံနှင့် နိုင်ငံတကာက အတည်ပြုခဲ့သည့် မူဘောင်ဖြစ်ပြီး ကဏ္ဍလေးခု၊ သို့မဟုတ် မဏ္ဍိုင် လေးခု ပါရှိသည်။ ပထမဆုံးမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒပြန့်ပွားစေရန် အထောက်အကူ ဖြစ်စေ သည့် အခြေအနေများကို ဖြေရှင်းရေးဖြစ်သည်။ ဒုတိယမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒကို ဟန့်တားခြင်းနှင့် တိုက်ဖျက်ခြင်းဖြစ်သည်။ ၎င်းနောက် တတိယမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒကို ဟန့်တားတိုက်ဖျက်ရာတွင် နိုင်ငံများ၏ စွမ်းရည်ကို မြင့်တင်ရန်နှင့် ကုလသမဂ္ဂစနစ်များ၏ ကဏ္ဍကို မြင့်တင်ရန်ဖြစ်သည်။ နောက်ဆုံးအချက်မှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် လူ့အခွင့်အရေးကိုလေးစားရန်နှင့် တရားဥပဒေစိုးမိုးရေးတို့မှာ အခြေခံဖြစ်သည်ဟု ဆိုသည်။ ကုသမဂ္ဂက ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း နိုင်ငံအဆင့် အကြမ်းဖက်ဝါဒတန်ပြန်ရေး တွင် အလားတူ ပေါင်းစည်းနည်းလမ်းများ အသုံးပြုကြရန် တိုက်တွန်းသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အကြမ်းဖက်ဝါဒအား တန်ပြန်ရာတွင် နိုင်ငံများအနေဖြင့် ဘက်စုံနည်းလမ်း အသုံးပြု သင့်ကြောင်း ကုလသမဂ္ဂက အကြံပြုထားခြင်း ဖြစ်သည်။
နိုင်ငံအဆင့်အကြမ်းဖက်ဝါဒတန်ပြန်ရေး ဆောင်ရွက်ချက်များတွင် နမူနာအနေဖြင့် အင်ဒိုနီးရှားနိုင်ငံကို လေ့လာပါမည်။ အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင် နိုဟိုက်ဒီ ဟာဆန် (Noorhaidi Hasan) က အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ်မစ် အခြေခံဝါဒ နှင့် အကြမ်းဖက်ဝါဒ အား တန်ပြန်ရာတွင် အမာနည်းနှင့် အပျော့နည်းများကို ပေါင်းစပ်ထားသော နည်းလမ်းကို မကြာသေးခင်နှစ်များအတွင်း ကျင့်သုံးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း အမာနည်းသည် အလွန်အရေးကြီးဆဲဖြစ်ပြီး အငြင်းပွားစရာများ ရှိနေပါသည်။ အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့သည် ၂၀၁၀ ပြည့်နှစ် အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၁၆ ဦး ပစ်သတ်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့များက မေးခွန်းထုတ် ခဲ့သည်။ သို့သော်လည်း ယနေ့ အင်ဒိုနီးရှားသည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများ ကလောက် အကြမ်းဖက်တိုက်ခိုက်မှု မခံရတော့ခြင်းသည် အမာနည်း၏ကျေးဇူးလည်း တစ်စိတ်တစ်ပိုင်း ပါသည်။ ထို့ပြင် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးထားသူများအား အစွန်းရောက် အစွဲချွတ်သည့် ပရိုဂရမ်ကဲ့သို့သော အပျော့နည်းများ၏ အောင်မြင်မှုကိုလည်း အတိုင်းအတာ တစ်ခုထိ ရရှိနေသည်။ ဘက်စုံနည်းလမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် အင်ဒိုနီးရှားအာဏာပိုင် များသည် အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ကြိုဆိုကြသည်။ အရပ်ဖက် အဖွဲ့အစည်းများ သည် ဒေသခံလူထုကို အကြမ်းဖက်အယူဝါဒများ သွတ်သွင်းရန် အစွန်းရောက်များနှင့် အကြမ်းဖက်များ၏ ကြိုးစားမှုအား ခုခံတွန်းလှန်ရာတွင် အောက်ခြေလူထု၏ နိုးကြားမှုကို မြှင့်ပေးနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံသည် အလွန်စိတ်ဝင်စားစရာ ကောင်းရုံ သာမက အခြားနိုင်ငံများအတွက်လည်း တန်ဖိုးရှိသည်ဟု ဟာဆန် ဆိုသည်။ သို့သော် ကုလသမဂ္ဂ ၏ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒတန်ပြန်ရေးမဟာဗျူဟာ ၊ သို့မဟုတ် အင်ဒိုနီးရှား၏ ဘက်စုံနည်းသည် အလုပ် ဖြစ်၊ မဖြစ် မည်သို့ သိနိုင်မည်နည်း၊ မည်သို့ တိုင်းတာမည်နည်း။
ဘက်စုံမဟာဗျူဟာတွင် ပထမဆုံးပြဿနာမှာ ၎င်းက မည်သည့်ရင်းမြစ်ကိုမျှ ဦးစားပေး ထားမှုမရှိခြင်း၊ မည်သည့်ရင်းမြစ်သည် ထိရောက်မှုအရှိဆုံး၊ မည်သည်က ထိရောက်မှုအနည်း ဆုံးဟု သုံးသပ်ထားမှု မရှိခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အစိုးရနှင့် အေဂျင်စီများကို အခု ချက်ချင်း တစ်ခုခုလုပ်ရန် အကြီးအကျယ်ဖိအားပေးနေခြင်း ဖြစ်သည်။ ဘက်စုံနည်းလမ်း သည် ရေရှည်တွင် အကြမ်းဖက်ဝါဒကို တားဆီးရန်လိုအပ်သော်လည်း အကြမ်းဖက်စစ်ဆင်ရေး များကို ထောက်လှမ်း၊ ဟန့်တား၊ နှောင့်ယှက်ဖျက်ဆီးသည့် ကျပန်း လုံခြုံရေးနည်းလမ်းများ သည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် အဓိကအစိတ်အပိုင်း ဖြစ်နေဆဲဖြစ်သည်။ နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ အပြောလွယ်ပြီး အလုပ်ခက်ခြင်း ဖြစ်သည်။ ဘက်စုံ နည်းလမ်းတွင် မည်သူက တာဝန်ရှိပြီး မည်သူက ဦးဆောင်ရမည်၊ မည်သူ့တွင် ဘဏ္ဍာရေး နှင့် နိုင်ငံရေးနည်းလမ်းများရှိသည်၊ အမျိုးစုံသော တာဝန်ရှိသူများနှင့် နည်းလမ်းမျိုးစုံကို မည်သို့ ပေါင်းစပ်ညှိနှိုင်းမည် စသည့် အရေးကြီးသော မေးခွန်းများစွာ ရှိသည်။
ဘက်စုံနည်းလမ်း၏ ထိရောက်မှုကို မည်သို့ တိုင်းတာမည်၊ ဘက်စုံနည်းလမ်းကို အခြားသော တစ်ကြောင်းသွား ပိုဆန်သည့် နည်းလမ်းများနှင့် မည်သို့နှိုင်းယှဉ်မည် စသည့် အချက်များနှင့်ပတ်သက်၍ သုတေသနများ ပြည့်စုံစွာ မရှိသေးသည်မှာ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒ တန်ပြန်ရေး လေ့လာမှုများတွင် အရေးကြီးသော အားနည်းချက်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် လမ်(Lum)၊ ကနေဒီ(Kennedy) နှင့် ရှာလီ(Sherley) စာရေးသူ သုံးဦးက အကြမ်းဖက်နှိမ်နင်းရေး မဟာဗျူဟာများကို အရည်အသွေးမြင့်၊ သိပ္ပံနည်းကျ သုံးသပ် လေ့လာသည့် သုတေသန မရှိသလောက် ဖြစ်ကြောင်း ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ ထိုဆောင်းပါးသည် ၂၀၀၆ ခုနှစ်က ဖြစ်သော်လည်း ယခုအချိန်ထိ အကြမ်းဖက်ဝါဒ တန်ပြန် ရေးမဟာဗျူဟာများ၊ နည်းလမ်းများ စသည်တို့ကို သုံးသပ်အကဲဖြတ်မှု မရှိသလောက် ဖြစ်နေ ဆဲဖြစ်သည်။ အစိုးရများသည် အကြမ်းဖက်ဝါဒတန်ပြန်ရေးအတွက် ဘီလီယံနှင့်ချီ၍ သုံးစွဲနေကြသော်လည်း မည်သည့်အစိုးရကမှ ၎င်းတို့၏ မူဝါဒများနှင့် နည်းလမ်းများ၏ ထိရောက်မှုကို သုံးသပ်ခြင်း မရှိသေးပါ။ အကြမ်းဖက်ဝါဒ တန်ပြန်ရေးနည်းလမ်းများ၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်ရန် ခက်သည်မှာ မှန်ပါသည်။ နည်းလမ်းတစ်ခု၏ ထိရောက်မှုကို သုံးသပ် အကဲဖြတ်ရန်ပင်ခက်ခဲပြီး နည်းလမ်းပေါင်းစုံနှင့် တာဝန်ရှိသူမျိုးစုံပါဝင်သော ဘက်စုံ နည်းလမ်း ၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်နိုင်ရန် အလွန်ပင်ခက်ခဲလှပါသည်။ ထို့ကြောင့် အကြမ်း ဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်သည်ဆိုသော ယူဆချက်အတွက် လက်တွေ့အထောက်အထား နည်းပါးလှပါသည်။ သို့သော် ပညာရှင်အများစုက အကြမ်းဖက်ဝါဒကို တန်ပြန်ရန် ကျယ်ကျယ်ပြန့်ပြန့်နှင့် နည်းလမ်းပေါင်းစုံ ပါဝင်သော ဘက်စုံနည်းလမ်း ၊ သို့မဟုတ် အဂ္ဂမဟာ ဗျူဟာ လိုအပ်သည်ဟု သဘောညီကြသည့်အတွက် ထိုယူဆချက် တစ်စိတ်တစ်ပိုင်း မှန်ကန် သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း သုတေသနများ ဆက်လက် လုပ်ဆောင်ရန်၊ အထူးသဖြင့် ဘက်စုံ နည်းလမ်း၏ ထိရောက်မှုကို ဆန်းစစ်လေ့လာရန် လိုအပ်ပါသည်။
Reference;
(1) GeorgetownX: Terrorism and Counterterrorism, www.edx.org
(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
အပိုင်း(၆)ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4490

အကြမ်းဖက်ဝါဒအားတန်ပြန်ရေးနှင့်ပတ်သက်ပြီးယူဆချက်များကိုလေ့လာသုံးသပ်ခြင်း

အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော ယူဆချက်(၅)ခုသည် မည်မျှမှန်ကန်ခြင်း ရှိ/မရှိ လက်တွေ့အထောက်အထားများဖြင့် လေ့လာသုံးသပ်ပြီးနောက် အကြမ်းဖက်ဝါဒ တန်ပြန်ရေး နှင့် ပတ်သက်သော ယူဆချက်(၅)ခုကို လေ့လာသုံးသပ်သွားပါမည်။ပထမဆုံးယူဆချက်မှာ အကြမ်းဖက်သမားတစ်ဦးကို သိရှိပုံဖော်နိုင်သည်ဆိုသော အယူအဆဖြစ်သည်။ ဒုတိယ ယူဆ ချက်မှာ အကြမ်းဖက်သမားများအား အစွန်းရောက်အစွဲကို ချွတ်နိုင်သည် (deradicalized) ဆိုသော ယူဆချက်ဖြစ်သည်။ တတိယယူဆချက်မှာ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည်ဆိုသော ယူဆချက် ဖြစ်သည်။ စတုတ္ထယူဆချက်မှာ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍ မရနိုင်ဟု ဖြစ်ပြီး နောက်ဆုံး ယူဆချက်မှာ အကြမ်းဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟူသည့် ယူဆချက် ဖြစ်ပါသည်။
၁။ အကြမ်းဖက်သမားများကို ပုံဖော်သိရှိနိုင်သည်ဆိုသောယူဆချက်အား လေ့လာသုံးသပ်ခြင်း
အကြမ်းဖက်ဝါဒကို သုတေသနလုပ်ရာတွင် အဓိကပြဿနာများအနက်တစ်ခုမှာ အကြမ်းဖက်သမားများသည် အလွန်လျှို့ဝှက်ပြီး အမှောင်ထဲတွင် အလုပ်လုပ်ခြင်း ဖြစ်သည်။ ထိုပြဿနာသည် ပေါ်လစီမိတ်ကာများအတွက်လည်း စိန်ခေါ်မှုဖြစ်သည်။ အကြမ်းဖက်သမား များနှင့်ရင်ဆိုင်နေရသည့် ပေါ်လစီမိတ်ကာများအနေဖြင့် ၎င်းတို့နှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက်သမားများသည် မည်သူတို့ဖြစ်သည်ကို တိုက်ခိုက်မှုများမဖြစ်ပွားမီ သိရှိဖော်ထုတ် လိုကြသည်။ အကြမ်းဖက်သမားများကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်မီ ရှာဖွေဖော်ထုတ်ရေးမှာ ကောက်ရိုးပုံထဲတွင် အပ်ပျောက်ရှာရသလို ဖြစ်သော်လည်း အကြမ်းဖက်သမားများကို ၎င်းတို့တိုက်ခိုက်မှုများ မပြုလုပ်မီ ရှာဖွေဖော်နိုင်သည်များလည်းရှိ၍ မဖြစ်နိုင်သည့် အလုပ်တော့မဟုတ်ပါ။ သို့ဆိုလျှင် အကြမ်းဖက်သမားများကို ခွဲခြားသိရှိနိုင်သည်လော။ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သမားမဟုတ်သူများတွင် ကွဲပြားခြားနားချက်များ ရှိပါသည်လော။
ထိုသို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်သမားမဟုတ်သူများကြား ခွဲခြားသည့်ဖြစ်စဉ် ကို profiling ဟု ခေါ်သည်။ အကြမ်းဖက်သမား (သို့) ရာဇဝတ်သားတစ်ဦးနှင့် အကြမ်းဖက် သမား(သို့) ရာဇဝတ်သားမဟုတ်သူ တစ်ဦးအကြား ခွဲခြားနိုင်ရန်အတွက် အသုံးအများဆုံး profiling မှာ ယခင်အတွေ့အကြုံများအပေါ် အခြေခံပြီး စိတ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားရေး ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် လူမျိုးဆိုင်ရာ အချက်အလက်များကို စုစည်း ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အကြမ်းဖက်သမားများသည် မည်သည့် ပုံသဏ္ဍာန် မျိုးရှိသည်၊ ၎င်းတို့၏အပြုအမူနှင့် ကိုယ်ရည်ကိုယ်သွေးမှာ မည်သို့ဖြစ်သည်၊ ၎င်းတို့အနေဖြင့် မည်သည့်အခြေအနေမျိုးတွင် နေထိုင်လုပ်ကိုင်သည်စသည့် အညွှန်းများသတ်မှတ်ပြီး လူအများအပြားအနက်မှ ထိုညွန်းကိန်းများနှင့် ကိုက်ညီသူများကိုခွဲထုတ်ပြီး အကြမ်းဖက်သမား ဖြစ်နိုင်သူများအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ တကယ်တမ်းသာ အလုပ်ဖြစ်မည်ဆိုပါက တန်ပြန်အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် အခြားသောအကြမ်းဖက်အဖွဲ့များ၏ အတိတ်ကအဖြစ်အပျက်များသက်သက်ကို အခြေခံပြီး ယခင်က သတင်းများများစားစား မရှိထားသည့် အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်မည် ဖြစ်သည်။
Profiling သည် တကယ် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် လေ့လာသုံးသပ်ရန်အတွက် ထိုအယူ အဆ မည်သို့ ဖြစ်ပေါ်လာသည်၊ ယခင်က မည်သို့အသုံးချခဲ့ဖူးသည်ကို လေ့လာပါမည်။ အကြမ်းဖက်သမားများကို ပုံဖော်ယူနိုင်သည် ဆိုသည့်အယူအဆ၏အခြေခံမှာ ရာဇဝတ်သား များနှင့် အကြမ်းဖက်သမားများသည် အခြားသူများနှင့်မတူကြဆိုသော ထင်မြင်ချက်မှ လာခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားမရှိသည်ကို လေ့လာခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် အကြမ်းဖက်သမားမဟုတ်သူများနှင့် မတူကွဲပြားသော ကိုယ်ရည်ကိုယ်သွေး (သို့မဟုတ်) အပြုအမူဆိုင်ရာ လက္ခဏာရပ်များ ရှိနိုင်သည်ဟု အချို့ကယူဆကြသည်။ ထိုယူဆချက်သည် မှန်ကောင်းမှန်မည် ၊ မှားကောင်းမှားမည် ဖြစ်သော်လည်း အကြမ်းဖက်သမားများကို ခွဲခြား သိရှိရန် ဖြစ်နိုင်သည်ဆိုသော အယူအဆကို အရေးကြီးသော ရှင်းပြချက် ဖြစ်သည်။ သို့သော် အကြမ်းဖက်သမားများကိုယ်တိုင်က profiling သည် ဖြစ်နိုင်သည်ဟု ယူဆကောင်း ယူဆ ထားနိုင်သည်။ အကြမ်းဖက်သမားများသည် ရဲ (သို့မဟုတ်) ထောက်လှမ်းရေးအဖွဲ့များ၏ သတိထားမခံရစေရန်အတွက် တတ်နိုင်သမျှ သံသယဖြစ်စရာမရှိအောင် ပုံမှန်အတိုင်း ပြုမူ လေ့ရှိသည်။ ဥပမာ ဂျီဟတ်ဝါဒီများနှင့် အစ္စလာမ်မစ် အကြမ်းဖက်သမားများသည် သံသယ ဖြစ်စရာပုံစံ မရှိစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များတွင် အမျိုးသမီးများ (သို့) ဥရောပသား များ(သို့) ဘာသာပြောင်းထားသည့်လူဖြူများကို အသုံးပြုခြင်းနှင့် ၎င်းတို့၏ ဝတ်စားပုံ၊ ဆံပင်ပုံစံ၊ လမ်းလျှောက်ပုံ စသည်တို့ကို ပြောင်းလဲ၍ ၎င်းတို့၏ ပုံစံကို ပြောင်းလဲရန် ကြိုးစားကြသည်။
profiling နှင့် ဒေတာများအား ဆန်းစစ်ခြင်းတွင် ဥပမာတစ်ခုမှာ ၁၉၇၀ ပြည့်လွန်နှစ် များနှောင်းပိုင်းတွင် ဂျာမန်ဖက်ဒရယ်ရဲတပ်ဖွဲ့က လက်ဝဲစွန်းအကြမ်းဖက်အဖွဲ့ဖြစ်သည့် တပ်နီ အဖွဲ့ကို ဖော်ထုတ်ခဲ့မှုဖြစ်သည်။ အကြမ်းဖက်သမားများသည် ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်နိုင်ရန်အတွက် ၎င်းတို့အခန်းကို နာမည်တုဖြင့်ငှားပြီး လျှပ်စစ်ဓာတ်အားခများကို ငွေသားဖြင့်ပေးချေကြောင်း ဂျာမန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဓာတ်အားခကို ငွေသားဖြင့် ပေးချေသူများစာရင်းအား လျှပ်စစ်ကုမ္ပဏီကို ရဲတပ်ဖွဲ့က တောင်းခံခဲ့သည်။ ၎င်းနောက် ဒုတိယအဆင့်အနေဖြင့် အပြစ်ကင်းစင်သူများကို ရွေးထုတ်နိုင်ရန် မှတ်ပုံတင်ရုံး နှင့် အခြားဌာနများမှအချက်အလက်များဖြင့် ထိုလူစာရင်းကိုနှိုင်းယှဉ်ကာ တပ်နီအဖွဲ့မှ ငှားရမ်း ထားသော တိုက်ခန်းတစ်ခန်းကို ဖော်ထုတ်နိုင်ခဲ့ပြီး တပ်နီတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါသည်။ ရဲတပ်ဖွဲ့အနေဖြင့် အင်အားအများအပြားသုံးပြီး အကြီးအကျယ် ကြိုးစားဖော်ထုတ်ခဲ့ရသဖြင့် အချို့သူများအနေဖြင့် ထိုဖြစ်ရပ်ကို အောင်မြင်မှုအဖြစ် သတ်မှတ်လိုကောင်းမှ သတ်မှတ်မည် ဖြစ်သည်။ ပညာရပ်ဆိုင်ရာ စာပေများတွင်လည်း အကြမ်းဖက်နှိမ်နင်းရေးတွင် ပြတ်ပြတ် သားသား အောင်မြင်သော profiling ဥပမာမရှိပါ။
တကယ်တမ်းတွင် ပညာရှင်များ၏ အရေးပါသောလေ့လာမှုအားလုံးလိုလိုတွင် ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်၍ ပုံဖော်ခြင်း (personal profiling) သည် မဖြစ်နိုင်ဟု ဆိုကြသည်။ အကြမ်းဖက်သမား၏ ကိုယ်ရည်ကိုယ်သွေး (terrorist personality) ဟု မရှိ ၊ အကြမ်းဖက်သမားများသည် သာမန်လူများနှင့် ကွဲပြားခြားနားမှုမရှိ၊ အနည်းဆုံးအားဖြင့် ၎င်းတို့အား ခွဲခြားပုံဖော်နိုင်လောက်အောင် ကွဲပြားခြားနားခြင်းမရှိဟု ဆိုသည်။ ပညာရှင် အများစုက profiling သည် အခက်အခဲများစွာရှိသကဲ့သို့ မှားယွင်းနိုင်ခြေလည်း များသည်ဟု ဆိုသည်။ အကြီးမားဆုံးအန္တရာယ်တစ်ခုမှာ မမှန်ကန်သောသတင်းအချက်အလက်များကို အခြေခံ၍ ပုံဖော်မိသည့်အတွက် false positives နှင့် false negatives ဟုဆိုသော မှားယွင်းမှု များ ဖြစ်စေနိုင်ခြင်းဖြစ်သည်။ မှန်ကန်မှုမရှိသောပုံစံ (incorrect profile) နှင့် ကိုက်ညီနေ သည့် အပြစ်မရှိသူတစ်ဦးကို စုံစမ်းစစ်ဆေးမိခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်း ဖြစ်စေနိုင်ပြီး အခြားသဲလွန်စများကို စုံစမ်းစစ်ဆေးမှု မလုပ်ခြင်းနှင့် မဟုတ်သောသူများကို အာရုံစိုက်နေ သဖြင့် အချို့သောအုပ်စုများကို စုံစမ်းမှုမလုပ်ခြင်းတို့ ဖြစ်စေနိုင်သည်။ ထို့ပြင် နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ အသက်၊ ကျား/မ စသည်တို့အပေါ် အခြေခံပြီး ပုံဖော် ခြင်းသည် အချို့သောအုပ်စုများကို ဆိုးကျိုး သက်ရောက်စေပြီး နိုင်ငံများနှင့် အသိုင်းအဝိုင်း များအကြား ဆက်ဆံရေးကိုလည်း ဆိုးကျိုး သက်ရောက်စေပါသည်။ ထို့ကြောင့် အကြမ်းဖက် သမားတစ်ဦးကို profiling နည်းဖြင့် ခွဲခြားသိရှိနိုင်သည်ဆိုသော ယူဆချက်သည် မှားယွင်း ပါသည်။
၂။ အကြမ်းဖက်သမားများ၏ အစွန်းရောက်အစွဲကို ချွတ်နိုင်သည် (deradicalized) ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း
အစွန်းရောက်အစွဲကိုချွတ်ခြင်း (deradicalization) ဆိုသည်မှာ အကြမ်းဖက်သမား တစ်ဦး အနေဖြင့် ၎င်း၏ရပ်တည်ချက်နှင့် အပြုအမူများ ပြောင်းလဲသွားပြီး အကြမ်းဖက်ဝါဒကို စွန့်လွှတ်ခြင်းကို ဆိုလိုသည်။ deradicalization ကို မူဝါဒ၊ သို့မဟုတ် အစီအစဉ်တစ်ခုအဖြစ် လည်း ချမှတ်ဆောင်ရွက်နိုင်ပါသည်။ သို့ဖြစ်၍ deradicalization သည် တစ်ဦးချင်း၊ သို့မဟုတ် အုပ်စုဖြစ်စဉ်တစ်ခုသာမဟုတ်ပဲ အစိုးရ(သို့မဟုတ်) အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ အစီအစဉ် တစ်ခုလည်း ဖြစ်ပါသည်။ ထိုအစီအစဉ်သည် ယခင်က အစွန်းရောက်ခဲ့သူများကို အစွန်း ရောက်စိတ် ပျောက်စေရန် ၊ သို့မဟုတ် ၎င်းတို့ပါဝင်ခဲ့သည် အစွန်းရောက်အုပ်စုများနှင့် အဆက်ဖြတ်ရေး ကူညီပေးရန် လုပ်ဆောင်သည့် အစီအစဉ်ဖြစ်သည်။ အကြမ်းဖက်သမား တစ်ဦးကို အစွန်းရောက်စိတ်ပျောက်အောင် လုပ်နိုင်သည်ဟု မည်သူပြောခဲ့ပါသနည်း။ ဝါရှင်တန် ရှိ RAND သုတေသနဌာနမှ အန်ဂယ် ရဘာဆာ ( Angel Rabasa) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းသည် မြင်သာသောကိစ္စဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ ၂၀၁၃ အစီရင်ခံစာတွင် လူတစ်ဦးကို အစွန်းရောက်ဖြစ်စေရန် ဖြတ်သန်းရသည့်ဖြစ်စဉ်များရှိသကဲ့သို့ အစွန်းရောက်တစ်ဦးသည်လည်း အကြမ်းဖက်မှုကို စွန့်လွှတ်ပြီး ၎င်း၏အဖွဲ့၊ သို့မဟုတ် လှုပ်ရှားမှုကို စွန့်ခွာကာ အစွန်းရောက်အမြင်ကို စွန့်လွှတ်ရာတွင် ဖြတ်သန်းရသည့် ဖြစ်စဉ်များ ရှိသည်ဟု ဆိုသည်။ လူတစ်ဦးအနေဖြင့် ၎င်း၏အစွန်းရောက်အမြင်များကို အမှန်တကယ် စွန့်လွှတ်ပါမည်လော၊ ၎င်းသည်ဖြစ်နိုင်ပါ၏လော၊ လူတစ်ဦးကို အစွန်းရောက်ဝါဒ အစွဲချွတ်၍ ရပါမည်လော၊ ရသည်ဆိုလျှင် မည်သို့လုပ်မည်နည်း ဆိုသော မေးခွန်းများသည် အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရာတွင် အလွန်အရေးကြီးသော မေးခွန်းများဖြစ်သည်။
လူတစ်ဦးအနေဖြင့် အစွန်းရောက်စိတ် ပျောက်သွားနိုင်သည်ကို ပြသနိုင်သည့် ပထမ ဆုံးသက်သေမှာ အကြမ်းဖက်ဝါဒကို စွန့်ခွာပြီးအစွန်းရောက်ဝါဒကို တန်ပြန်ခြင်း (counter radicalization) နှင့် အစွန်းရောက်စိတ်ပျောက်အောင်လုပ်ခြင်း (deradicalization) အစီအစဉ် များတွင် တက်ကြွစွာ ပါဝင်နေသူများ ဖြစ်သည်။ အကြမ်းဖက်ဝါဒလေ့လာရေးနယ်ပယ်တွင် ထိုသို့အကြမ်းဖက်ဝါဒကို စွန့်ခွာခဲ့သော လူသိများသူ အတော်များများရှိပါသည်။ ဥပမာအား ဖြင့် အယ်လ်ဂိုဒ်ဒါအဖွဲ့ကို ငွေကြေးထောက်ပံ့ပေးသည့် ဝါဟာဘီ ချယ်ရတီ (Wahhabi Charity) တွင် အလုပ်လုပ်ခဲ့ပြီး ယခုအခါ ဝါရှင်တန်အခြေစိုက် the Foundation for the Defense of Democracies ၏ ဒါရိုက်တာနှင့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒတန်ပြန် ရေးတွင် ပညာရှင်တစ်ဦးဖြစ်နေသူ ဒေဗီးဂါတန်စတိုင်း-ရော့စ် (Daveed Gartenstein-Ross) ဖြစ်သည်။ နောက်တစ်ဦးမှာ အာဖဂန်နစ္စတန်တွင် တက်ကြွစွာ တိုက်ခိုက်ခဲ့သော Libyan Islamic Fighting Group ခေါင်းဆောင်တစ်ဦးဖြစ်သူ နော်မန် ဘီနော့မန်း (Norman Benotman) ဖြစ်ပြီး ၎င်းသည် ယခု ဗြိတိသျှအစိုးရကထောက်ပံ့သည့် အရှေ့အလယ်ပိုင်းရေးရာ Think Tank တစ်ခုဖြစ်သော Quilliam Foundation တွင် senior analyst အဖြစ် လုပ်နေ ပါသည်။ နောက်တစ်ဦးမှာ ၁၉၇၉ ခုနှစ်တွင် Irish Republican Army-IRA အဖွဲ့သို့ ဝင်ရောက် ခဲ့သော မြောက်အိုင်ယာလန်မှ ဟင်နရီ ရော်ဘင်ဆင် (Henry Robinson) ဖြစ်ပါသည်။ ၎င်းသည် IRA မှ ထွက်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် IRA ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်သော Families Against Intimidation and Terror ကို ပူးတွဲ တည်ထောင်သူ ဖြစ်လာခဲ့သည်။ ၎င်းတို့အပြင် အကြမ်းဖက်ဝါဒကို စွန့်လွှတ်ခဲ့သော အခြားအကြမ်းဖက်သမား ဟောင်းများလည်း ရှိပါသည်။
အစွန်းရောက်အစွဲချွတ်သည့် deradicalization programs များတွင် လူတစ်ဦးချင်းကို စိတ်ပညာ(သို့မဟုတ်) ဘာသာရေးအရဆွေးနွေးလမ်းညွှန်ခြင်း(religious counseling)တို့ဖြင့် အစွဲချွတ်ခြင်းနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းကာ အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) လက်နက်ဖြုတ်သိမ်းမှုဖြစ်စေခြင်းဖြင့် စုပေါင်းအစွဲချွတ်ခြင်းဟု ၂ မျိုး ရှိပါသည်။ ဥရောပနိုင်ငံ များ အထူးသဖြင့် ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် လက်ယာ အစွန်းရောက်များကို ရည်ရွယ်သည့် deradicalization programs များ ရှိပါသည်။ အင်ဒိုနီးရှား နိုင်ငံတွင်လည်း အကျဉ်းသားများကို အဓိကထားသည့် deradicalization programs များရှိပြီး ယခင်ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများအနက် အချို့သည် ရဲနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေသည်။ ဆော်ဒီအာရေဗျနှင့် ကိုလမ်ဘီယာတို့တွင်လည်း deradicalization programs များရှိပါသည်။ ထို deradicalization programs များ၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်ဝါဒကို စွန့်လွှတ်၍ ၎င်းတို့၏ သဘောထားရပ်တည်ချက်များနှင့် အပြုအမူများကို ပြောင်းလဲစေရန်ဖြစ်သည်။ သို့ရာတွင် deradicalization programs များတက်ပြီးသော်လည်း ၎င်းတို့ပြန်လွတ်သည့်အချိန်တွင် အကြမ်းဖက်ဝါဒကို ပြန်သွားကြသူများလည်းရှိပါသည်။ အထူးသဖြင့် ဆော်ဒီအာရေဗျတွင် ဖြစ်သည်။ သို့ရာတွင် ဆော်ဒီအာရေဗျနိုင်ငံ၏ deradicalization programs မှာ အလွန်ကြီးမားပြီး အကျဉ်းသား ၄၀၀၀ ကျော်ကို ပညာပေးနိုင်ခဲ့ကာ ၎င်းတို့ အနက် အနည်းငယ်သာ အကြမ်းဖက်အဖွဲ့များထံ ပြန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် deradicalization programs များသည် အောင်မြင်မှု အတန်အသင့်ရှိသည်ဟု ဆိုနိုင်ပြီး အစွန်းရောက်အစွဲကို ချွတ်နိုင်သည်ဆိုသည့် ယူဆချက် မှန်ကန်သည်ဟု ဆိုနိုင်ပါ သည်။
၃။ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည် ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း
အကြမ်းဖက်အဖွဲ့များကို ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် ဖြိုခွဲနိုင်သည်ဆိုသော ပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှိပါ သည်။ အမေရိကန်နှင့်အစ္စရေးအပါအဝင် နိုင်ငံအများအပြားသည် အကြမ်းဖက်ဝါဒကို တန်ပြန် ရာတွင် အကြမ်းဖက်အဖွဲ့မှ အရေးပါသည့် ခေါင်းဆောင်များကို သတ်ဖြတ်သည့် ၊ သို့မဟုတ် ဖမ်းဆီးသည့် နည်းဗျူဟာကိုသုံးစွဲကြသည်ဟု ထင်ရှားသည့် ပညာရှင်တစ်ဦး ဖြစ်သော ဘရိုင်ယန် ပရိုက်စ် (Brian Price) က ၂၀၁၂ ခုနှစ်တွင် ရေးခဲ့သည်။ အရေးပါသော အကြမ်းဖက် ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ သို့မဟုတ် ဖမ်းဆီးခြင်း လုပ်နိုင်ပါက အကြမ်းဖက်အဖွဲ့ များအနေဖြင့် အကြီးအကျယ်ခံလိုက်ရပြီဖြစ်ကြောင်း နိုင်ငံရေးသမားများက မကြာခဏ ဆိုသလို ကြေညာတတ်သည်။ ဘတ်စ်(Basque) ခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ အီတာ (ETA) ၏ စစ်ဆင်ရေးခေါင်းဆောင်ကို ၂၀၀၈ ခုနှစ်က ဖမ်းဆီးနိုင်ခဲ့သည့်အချိန်တွင် ထိုအချိန်က စပိန် ဝန်ကြီးချုပ် ဇပါးတေးရိုး (Zapatero) က ETA အဖွဲ့အနေဖြင့် ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်ပိုင်း တွင် များစွာထိခိုက်သွားပြီး အားနည်းသွားကြောင်း ပြောခဲ့သည်။ ဖာ့စ် (FARC) သူပုန် ခေါင်းဆောင် အယ်လ်ဖွန်ဆိုကာနို (Alphonso Cano)ကို ၂၀၁၁ ခုနှစ်က သတ်နိုင်ခဲ့ပြီး နောက်တွင် ကိုလမ်ဘီယာသမ္မတ ဟွန် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) က ၎င်းသည် FARC အဖွဲ့၏သမိုင်းတွင် အထိအနာဆုံးဖြစ်ကြောင်း ပြောခဲ့သည်။ အိုစမာ ဘင်လာဒင် ကို သတ်နိုင်ခဲ့သည့် အချိန်ကလည်း ၂၀၀၁ ခုနှစ်က နယူးယောက် မြို့တော်ဝန်ဖြစ်ခဲ့သည့် မြို့တော်ဝန်ဟောင်း ရုဒီ ဂူလီယာနီ (Rudy Giuliani) က ဘင်လာဒင်သည် အကြမ်းဖက် သမားများအတွက် အရေးကြီးသည့်သင်္ကေတတစ်ခုဖြစ်ပြီး ဘင်လာဒင်အား သတ်နိုင်ခြင်း သည် ရေရှည်တွင် အစ္စလာမ်မစ်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာ၌ များစွာ အထောက်အကူ ဖြစ်စေပြီး လူအများထင်ထားသည်ထက် ပိုမိုကြီးမားသော ခြေလှမ်း ဖြစ်သည်ဟု ပြောခဲ့သည်။
ခေါင်းဆောင်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အကြမ်းဖက်ဝါဒကို နှိမ်နင်းရာတွင် ထိရောက်သည့် မဟာဗျူဟာအဖြစ် ယူဆသူများက အကြမ်းဖက်အဖွဲ့များသည် ခေါင်းဆောင် ၏အရည်အချင်းကို များစွာမှီခိုနေသည်ဟု ယူဆထားသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အားထားရသည့် ခေါင်းဆောင်မရှိတော့သည်နှင့် ခေါင်းဆောင်မှု အကြပ်အတည်းနှင့် ကြုံတွေ့ရပြီး ခေါင်းဆောင်သစ်ရွေးရန် အချိန်များစွာယူရပြီး ထိုကာလအတွင်း ထိရောက် သည့် တိုက်ခိုက်မှုမျိုးမလုပ်နိုင်၊ သို့တည်းမဟုတ် သင့်တော်သည့် စွမ်းရည်နှင့် အတွေ့အကြုံ ရှိသော ခေါင်းဆောင်သစ်ကိုပင် ရှာမတွေ့ ဖြစ်တတ်သည်။ အိုစမာဘင်လာဒင်နှင့် ဂျပန်မှအုမ် ဂိုဏ်းခေါင်းဆောင်ကဲ့သို့ ဘာသာရေးအခြေခံသည့် အကြမ်းဖက်ခေါင်းဆောင်အချို့ကို သူရဲကောင်းသဖွယ် လေးစားကြသူများ ရှိသည်။ ထို့ကြောင့် ခေါင်းဆောင်များကို သတ်ဖြတ် ခြင်း၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို မတည်မငြိမ်ဖြစ်စေရုံသာမက ၎င်းတို့၏ ဆွဲဆောင်နိုင်မှုကိုလည်း အားနည်းစေသည်။
အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းသည် ထိရောက်မှု ရှိ၊မရှိ လေ့လာဆန်းစစ်ရခြင်းမှာ ဥပဒေပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်သည်။ အထူးသဖြင့် သတ်ဖြတ်ရာတွင်ဖြစ်သည်။ ထိုသို့ ထိရောက်မှုလေ့လာရာတွင် လက်တွေ့ အထောက်အထားများနှင့် ပညာရပ်ဆိုင်ရာစာပေများကို ကြည့်ပါမည်။ ၂၀၀၉ ခုနှစ် က ဂျီနာ ဂျော်ဒန် ( Jenna Jordan) လုပ်ခဲ့သော သုတေသနတွင် ၁၉၄၅ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း အကြမ်းဖက်ခေါင်းဆောင်များကို သတ်ဖြတ်၊ ဖမ်းဆီးနိုင်ခဲ့သည့် အမှု ၂၉၈ ခု ကို လေ့လာခဲ့သည်။ အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏ခေါင်းဆောင် အသတ်ခံရပြီးနောက် ၂ နှစ်အထိ လှုပ်ရှားတက်ကြွခြင်းမရှိပါက အောင်မြင်မှုရရှိသည့် ကိစ္စဟု သူက သတ်မှတ်ခဲ့သည်။ အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးသတ်ဖြတ်ခြင်း ထိရောက်မှု ရှိ/မရှိသည် အဖွဲ့သက်တမ်း၊ အဖွဲ့အရွယ်အစားနှင့် အဖွဲ့ပုံစံတို့အပေါ် မူတည်သည်ဟု ၎င်းက ဆိုသည်။ သေးငယ်ပြီး သက်တမ်းနုသောအဖွဲ့များသည် ခေါင်းဆောင်မရှိသည်နှင့် မတည်မငြိမ်ဖြစ်သည်က များပြီး သက်တမ်းရှည်ပြီး၊ ကြီးမားသောအဖွဲ့များမှာ နောက်ဆက်တွဲအကျိုးသက်ရောက်မှုနည်းသည်၊ ဘာသာရေးအခြေခံ အကြမ်းဖက်အုပ်စုများမှာ ပိုမိုခံနိုင်ရည်ရှိပြီး ၉၆% သော ဘာသာရေး အခြေခံအဖွဲ့များသည် ဆက်လက်လှုပ်ရှားကြသည်၊ ခွဲထွက်ရေးအုပ်စုများ အနက် ၈၉ % မှာ ဆက်လက်လှုပ်ရှားကြသော်လည်း လက်ဝဲစွန်းနှင့် လက်ယာစွန်းအဖွဲ့များကဲ့သို့ အိုင်ဒီယိုလိုဂျီ ကို အခြေခံသည့် အဖွဲ့များမှာ သုံးပုံနှစ်ပုံခန့် (၆၇%) သာ ဆက်လက်လှုပ်ရှားနိုင်သည်ဟု ဆိုသည်။ အားလုံးခြုံလိုက်လျှင် ခေါင်းဆောင် အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းကြောင့် ဆက်လက်လှုပ်ရှားနိုင်ခြင်းမရှိတော့ပဲ ပြိုကွဲသွားသည့်အဖွဲ့များမှာ ၁၇% သာ ရှိသည်၊ သို့သော် လည်း ခေါင်းဆောင်များ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း မခံရသည့် အခြားအဖွဲ့များနှင့် နှိုင်းယှဉ် လေ့လာရာတွင် ခေါင်းဆောင်များ ဖမ်းဆီး၊သတ်ဖြတ်ခံရသော အဖွဲ့များ၏ ပြိုကွဲနှုန်းသည် ထူးထူးခြားခြား မမြင့်မားဟုဆိုသည်။ ထို့ကြောင့် ခေါင်းဆောင်များအား ဖမ်းဆီးသတ်ဖြတ် ခြင်းသည် ထိရောက်သော အကြမ်းဖက်ဝါဒတန်ပြန်နည်းမဟုတ်ဟု ဂျော်ဒန်က သုံးသပ်ခဲ့ သည်။ ထို့ပြင်ခေါင်းဆောင် ဖမ်းဆီး၊ သတ်ဖြတ်ခံရခြင်းကြောင့် ဒေါသထွက်ကာ လက်စားချေ လိုစိတ်ကြောင့် အဖွဲ့၏ သန္နိဌာန်ကို ပိုမိုခိုင်မာစေခြင်းနှင့် လူထု၏ ဂရုဏာပိုမို ရရှိစေနိုင်ခြင်း ကဲ့သို့ ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်ဟု ၎င်းကဆိုသည်။
ယခု ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သော ဘရိုင်ယန် ပရိုက်စ် (Brian Price) ၏ သုတေသနကို လေ့လာပါမည်။ ပရိုက်စ် က ဂျော်ဒန်၏ လေ့လာမှုတွင် ခေါင်းဆောင်ကို သတ်ဖြတ်ဖမ်းဆီး ခံရခြင်း၏ အကြမ်းဖက်အဖွဲ့အပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာ ၊ အကဲဖြတ်သည့် အချိန်ကာလ တိုလွန်းသည်ဟု ဆိုသည်။ အကြမ်းဖက်အဖွဲ့များသည် အခြားသော အဖွဲ့အစည်း များနှင့် မတူခြားနားသည့်အတွက် ခေါင်းဆောင်ကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်နှိမ်နင်းရေးတွင် ထိရောက်သည်ဟု ပရိုက်စ် က ဆိုသည်။ အကြမ်းဖက်အဖွဲ့များ သည် လျှို့ဝှက်ပြီး တန်ဖိုးကို အခြေခံ (values-based) သော အဖွဲ့များဖြစ်၍ စီးပွားရေး လုပ်ငန်း စသော အခြားအဖွဲ့အစည်းများနှင့်နှိုင်းစာလျှင် ခေါင်းဆောင်သည် ၎င်းတို့အတွက် ပိုမို အရေးပါသည်၊ အကြမ်းဖက်အဖွဲ့များအနေဖြင့် လျှို့ဝှက်သည့်သဘာဝရှိပြီး ပုဂ္ဂိုလ်ရေး အတွေး အခေါ်နှင့် ပုဂ္ဂိုလ်ရေးသြဇာသည် အလွယ်တကူ အစားမထိုးနိုင်သောကြောင့် ခေါင်းဆောင်မှု ဆက်ခံခြင်းသည် အခြားအဖွဲ့အစည်းများထက် ပိုမိုခက်ခဲသည် ၎င်းက ဆိုသည်။ ပရိုက်စ် ၏ တွေ့ရှိချက်များအနက် အချက်လေးချက်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ ပထမဆုံးအချက်မှာ ခေါင်းဆောင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းခံရသော အကြမ်းဖက်အဖွဲ့များသည် ဂျော်ဒန်၏ လေ့လာမှုတွင် အချိန်သတ်မှတ်ချက်ဖြစ်သော ၂ နှစ်တာကာလအတွင်း ပြိုကွဲသွားသည့် အဖွဲ့ ၃၀% သာ ရှိသော်လည်း ရေရှည်တွင်မူ ခေါင်းဆောင်များ သတ်ဖြတ်ဖမ်းဆီးမခံရသည့်အဖွဲ့ များထက် အဖွဲ့ပြိုကွဲပျက်စီးမှုနှုန်း များစွာပိုမြင့်သည်ဟု ဆိုသည်။ ဒုတိယအချက်မှာ ခေါင်းဆောင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ခံရချိန်တွင် အဖွဲ့သက်တမ်း နုလေ၊ ပိုမိုပျက်စီး ပြိုကွဲလွယ်လေ ဟုဆိုသည်။ တတိယအချက်မှာ အဖွဲ့အရွယ်အစားသည် အဖွဲ့သက်တမ်း အပေါ် အကျိုးသက်ရောက်မှု မရှိဟု ဆိုသည်။ နောက်ဆုံးအချက်မှာ ဘာသာရေးအခြေခံ အကြမ်းဖက်အဖွဲ့များသည် အမျိုးသားရေးအဖွဲ့များထက် ချေမှုန်းဖျက်ဆီးရန် ပိုလွယ်သည်ဟု ပရိုက်စ်က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအခြေခံအကြမ်းဖက်အဖွဲ့များတွင် အဖွဲ့၏ ရည်မှန်းချက်နှင့် မဟာဗျူဟာများကို ပုံဖော်ခြင်းနှင့် အဓိပ္ပာယ်ကောက်ခြင်းတို့တွင် ခေါင်းဆောင်သည် အရေးကြီးသောကဏ္ဍမှ ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်နှိမ်နင်းရေးမဟာဗျူဟာတွင် ခေါင်းဆောင်မှုအား ဖြိုခွဲခြင်းအား အသုံးပြုခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို တတ်နိုင်သမျှ စောစော ပစ်မှတ်ထားချေမှုန်းသင့်သည်ဟု ဆိုသည်။
ယခုပြခဲ့သည့် နမူနာသုတေသန ၂ ခုတွင် ဂျော်ဒန်က အကြမ်းဖက်ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် ထိရောက်မှုမရှိဟု သုံးသပ်ခဲ့ပြီး ပရိုက်စ်က ထိရောက်မှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ထိုလေ့လာမှု ၂ ခု စလုံးက အဖွဲ့များ၏အင်္ဂါရပ်၊ သို့မဟုတ် အဖွဲ့အစည်းများကြား ခြားနားသည့်အချက်များက အကြမ်းဖက်နှိမ်နင်းရေး နည်းလမ်းများ၏ ထိရောက်မှုကို အကျိုးသက်ရောက်မှုရှိသည်ဟု ထောက်ပြထားပြီး ၎င်းသည်ပင် ထိုလေ့လာမှု ၂ ခုမှ အရေးအကြီး ဆုံးသင်ခန်းစာ ဖြစ်ပါသည်။ အခြားသော အကြမ်းဖက်တန်ပြန်နည်းများ ကဲ့သို့ပင် ခေါင်းဆောင်မှုဖြိုခွဲရာတွင်လည်း အောင်မြင်မှုသည် ဆက်စပ်အခြေအနေများအပေါ် မူတည်နေပါသည်။ အဖွဲ့တစ်ခုသည် ခေါင်းဆောင်သေသွားသည်နှင့် ပြိုကွဲသွားနိုင်သော်လည်း အခြားအဖွဲ့ကမူ ခေါင်းဆောင်သေသွားသည်နှင့် ပိုမိုပြင်းထန်သည့်တိုက်ခိုက်မှုများ ပြုလုပ်လာ နိုင်ပါသည်။ ထို့ကြောင့် ခေါင်းဆောင်မှုအား ဖြိုခွဲခြင်းသည် အကြမ်းဖက်အဖွဲ့အားလုံးကို ဖြိုခွဲ နိုင်သည့်အဖြေမဟုတ်ပါ။ ဂျပန်မှ အုမ်မ်ဂိုဏ်းနှင့် ပီရူးမှ Shining Path အဖွဲ့တို့မှာ ခေါင်းဆောင် များအဖမ်းခံရသည်နှင့် ပြိုကွဲသွားခဲ့သော်လည်း ဟားမက် (Hamas) နှင့် ဂျာမနီမှ တပ်နီ တို့မှာ ခေါင်းဆောင်များ အသတ်ခံရ၊ အဖမ်းခံရသော်လည်း ပြိုကွဲသွားခြင်း မရှိပါ။
နောက်ထပ်အရေးကြီးသည့်အချက်မှာ လူ့အခွင့်အရေးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် ၎င်း၏ အကြမ်းဖက်မှုအပေါ် စစ်ပွဲတွင် တာလီဘန်၊ အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို သတ်ဖြတ်ရန် မောင်းသူမဲ့လေယာဉ်သုံး၍ တိုက်ခိုက်ခြင်းများ မကြာခဏ ဆောင်ရွက်နေပြီး ထိုအဖွဲ့များမှ အဆင့်မြင့်ခေါင်းဆောင် အများအပြား ထိုတိုက်ခိုက်မှုများတွင် သေဆုံးခဲ့ပါသည်။ သို့ရာတွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများတွင် အရပ်သားအများအပြားသေဆုံးခဲ့သဖြင့် အငြင်းပွားဖွယ်ရာများရှိပါသည်။ ထို့ပြင် ထိုတိုက်ခိုက်မှုများ၏ အကျိုးသက်ရောက်မှုမှာလည်း မေးခွန်းထုတ်စရာရှိပါသည်။ Standford တက္ကသိုလ်နှင့် New York တက္ကသိုလ်တို့၏ အစီရင်ခံစာအရ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများသည် အမေရိကန်ပြည်ထောင်စုကို ပိုမိုဘေးကင်းစေခြင်း ရှိ/မရှိ မသေချာဟု ဆိုသည်။
အချုပ်အားဖြင့်ဆိုရလျှင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ချေမှုန်းခြင်း၏ ထိရောက်မှုသည် အဖွဲ့အစည်း အမျိုးအစားပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက် အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည် ဆိုသော ယူဆချက်သည် တစ်စိတ်တစ်ပိုင်း မှန်သည်ဟု ဆိုနိုင်ပါသည်။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
အပိုင်း(၅) ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4373

ဒီကနေ့ခေတ်မှာ အရွယ်သုံးပါး၊ ကျား၊ မ မရွေး သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာဆိုတာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေဖြစ်တဲ့ ၁၉၉၇ ခုနှစ်တုန်းက Six Degrees၊ ၂၀၀၂ ခုနှစ် ရောက်တော့ Friendster ဆိုတဲ့ ပလက်ဖောင်းတွေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ MySpace နဲ့ LinkedIn၊ ၂၀၀၆ ခုနှစ်မှာ Facebook စတာတွေ ပေါ်ပေါက်လာရာက လူအချင်းချင်း ဆက်သွယ်နိုင်သလို သတင်းအချက်အလက်လည်း မျှဝေနိုင်တဲ့ ပလက်ဖောင်းသဖွယ် ဖြစ်လာခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှု

အဲဒီနောက် ၂၀၀၆ ခုနှစ်မှာပဲ Twitter၊ ၂၀၁၀ ပြည့်နှစ်မှာ Instagram၊ ၂၀၁၁ ခုနှစ်မှာ Snapchat နဲ့ ၂၀၁၆ ခုနှစ်မှာ TikTok တို့ပေါ်ပေါက်လာပြီး ဗီဒီယိုအတိုလေးတွေ မျှဝေမှုများပြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်းပေါင်း ၄၉၀၀ ကျော်ဟာ ဆိုရှယ်မီဒီယာကို အသုံးပြုနေကြပြီး Facebook နဲ့ YouTube ကတော့ လူကြိုက်အများဆုံး ပလက်ဖောင်းတွေဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရောက်လာတော့ သုံးစွဲသူဦးရေဟာ ငါးဘီလီယံကျော်အထိ ဆက်လက်တိုးပွားလာခဲ့ပါတယ်။ လူအများစုဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တစ်နေ့ပျမ်းမျှနှစ်နာရီ ၂၀-၂၁ မိနစ်ခန့် အသုံးပြုနေကြပြီး Facebook ၊ YouTube ၊ Instagram နဲ့ WhatsApp စတာတွေအပြင် အထူးသဖြင့် လူငယ်တွေအကြားမှာ TikTok အသုံးပြုမှုက ပိုမိုတိုးတက်မြင့်မားလာပါတယ်။ ဆိုရှယ်မီဒီယာဟာ ပြည်သူ့ဆက်ဆံရေးနယ်ပယ်ကို အပြောင်းအလဲဖြစ်လာစေခဲ့ပါတယ်။ လူတစ်ဦးချင်းအတွက်သာမက အဖွဲ့အစည်းတွေနဲ့ အများသူငါ အကြား ဆက်သွယ်ရာမှာ Facebook ၊ Twitter/X ၊ Instagram နဲ့ LinkedIn လို ပလက်ဖောင်းတွေဟာ ပြည်သူ့ဆက်ဆံရေးနယ်ပယ်ရှိ ပညာရှင်တွေနဲ့ပါ ဆက်သွယ်နိုင်ဖို့အတွက် အခွင့်အရေးပေးစွမ်းလာနိုင်သလို သုံးစွဲသူတွေကြားမှာလည်း ပိုပြီးထိတွေ့ဆက်ဆံနိုင်စေခဲ့ပါတယ်။
အဲဒီလို ကောင်းမွန်တဲ့နည်းလမ်းမျိုးနဲ့ အသုံးပြုမှုတွေရှိသလိုပဲ ဆိုရှယ်မီဒီယာ၊ အီးမေးလ်နဲ့ မက်ဆေ့ချ်ပေးပို့တဲ့ အက်ပလီကေးရှင်းတွေ ဒါမှမဟုတ် အွန်လိုင်းဖိုရမ်တွေကနေ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး ကိရိယာကိုအသုံးပြုပြီး တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ရှက်ရွံ့စေတာ၊ နှောင့်ယှက်တာမျိုးတွေ ပြုလုပ်တဲ့ ဆိုက်ဘာနှောင့်ယှက်မှုလည်း တိုးတက်များပြားလာပါတယ်။
ဆိုက်ဘာနှောင့်ယှက်မှုပုံစံများ
ဆိုရှယ်မီဒီယာနဲ့ ဆိုက်ဘာနှောင့်ယှက်မှုအကြား ဆက်နွှယ်မှုကရှုပ်ထွေးပြီး အဲဒီပလက်ဖောင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုကို ဖြစ်စေပေမယ့်လည်း ဥပဒေကိုချိုးဖောက်ချင်သူအတွက် သားကောင်တွေကို ပစ်မှတ်ထားဖို့ လက်နက်ကိရိယာတစ်ခုလည်းဖြစ်လာပါတယ်။ ဆိုက်ဘာနှောင့်ယှက်မှု ပုံစံတွေ ကတော့-
ဆိုရှယ်မီဒီယာမှာ ဆိုက်ဘာနှောင့်ယှက်မှု အခန်းကဏ္ဍကြီးထွားလာခြင်း
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးပြုမှု အားကောင်းလာတာကြောင့် လူအများအပြားဟာ အွန်လိုင်းမှာ အချိန်ဖြုန်းလာကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ နယ်ပယ်အသီးသီးမှ လူတွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုလာကြပါတယ်။ အသုံးပြုသူတွေ များပြားလာတာကြောင့် ဆိုက်ဘာနှောင့်ယှက်သူတွေအတွက် ပစ်မှတ်တွေပိုမိုရရှိလာပါတယ်။ အဲဒီလို အသုံးပြုသူ တိုးပွားလာတာရယ်၊ နည်းပညာတိုးတက်မှုရယ်ကြောင့် ဆိုက်ဘာနှောင့်ယှက်မှုတွေကလည်း သိသိသာသာကြီးထွားလာပါတယ်။ အင်တာနက်အသုံးပြုသူ တိုးပွားလာတာနဲ့အမျှ အချက်အလက်တွေ လွယ်ကူစွာရယူနိုင်လာပြီး ဆိုက်ဘာရာဇဝတ်မှုတွေလည်း ပိုမိုများပြားလာပါတယ်။
နည်းပညာတိုးတက်လာတာကြောင့် ဆိုက်ဘာနှောင့်ယှက်သူတွေဟာ ပိုမိုခေတ်မီတဲ့ နည်းလမ်းတွေနဲ့တိုက်ခိုက်နိုင်လာပါတယ်။ အချက်အလက် ခိုးယူတာ၊ ဗိုင်းရပ်စ်ဖြန့်ဝေတာ၊ အယောင်ပြ အကောင့်တွေနဲ့ လှည့်ဖြားတာ စတဲ့နည်းလမ်းတွေက ပိုမိုဆန်းပြားလာပါတယ်။ AI ဉာဏ်ရည်တုနည်းပညာတွေနဲ့ သတင်းမှားဖြန့်ဝေတာကလည်း အန္တရာယ်တစ်ခုဖြစ်လာပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့ ခက်ခဲလာသလိုပဲ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ထိရောက်စွာတားဆီးနိုင်ဖို့ဆိုတာကလည်း ပိုပြီးခက်ခဲလာပါတယ်။
ဆိုက်ဘာနှောင့်ယှက်မှု အများဆုံးခံစားရသူများ
ဆိုက်ဘာနှောင့်ယှက်မှုကိုအများဆုံးခံစားရသူတွေကတော့-
ဆိုက်ဘာနှောင့်ယှက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများ
ဆိုက်ဘာနှောင့်ယှက်မှုဟာ ယနေ့ကာလဖြစ်တဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့ အစည်းအပေါ် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေမှုတွေ ပေါ်ပေါက်လာပြီး လူမှုဆက်ဆံရေးကိုလည်း အောက်ပါအတိုင်းထိခိုက်စေနိုင်ပါတယ်-
(က) စိတ်ကျန်းမာရေးရဲ့အကျိုးဆက်များ။ ဆိုက်ဘာနှောင့်ယှက်မှုများသည် စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်ဒဏ်ရာရခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေပြီး လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် လူမှုမီဒီယာပေါ်မှာ အင်တာနက်အနိုင်ကျင့်ခံရခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက် ထုတ်ဖော်ခံရခြင်း၊ လူနည်းစုတွေဖြစ်တဲ့ LGBTQ+ လူတစ်ဦးချင်းစီဟာ လိင်ပိုင်းဆိုင်ရာအမုန်းစကားတွေကို ပြောဆိုခံရမယ်ဆိုရင် စိတ်ဓာတ်ကျလာပြီး မိမိကိုယ်ကို ယုံကြည်လေးစားမှု ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးသမားတွေ၊ သံတမန်တွေနဲ့ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အင်တာနက်အနိုင် ကျင့်ခံရခြင်းနဲ့ ကြုံတွေ့ရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ပိုမိုခံစားရနိုင်ပါတယ်။
(ခ) လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ။ ဆိုက်ဘာနှောင့်ယှက်မှုကြောင့် ဒစ်ဂျစ်တယ်ကမ္ဘာမှာ လူမှု ဆက်ဆံရေးကို သိသိသာသာထိခိုက်နိုင်စေပြီး မိသားစု၊ သူငယ်ချင်းတွေရဲ့အကြား ဆက်ဆံရေးတွေကိုလည်း တင်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆုံးရှုံးခြင်း၊ အထီးကျန်ခြင်းနဲ့ လူမှုရေးဖိအားတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီနှောင့်ယှက်မှုတွေဟာ လူတစ်ဦးချင်းစီရဲ့ပညာ ရပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်၊ လေ့လာဆည်းပူးမှုနဲ့ လူမှုရေးကိစ္စရပ်တွေမှာ ပါဝင်ဖို့ခက်ခဲခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ယခုအခါ ဆိုက်ဘာနှောင့်ယှက်မှုတွေဟာ ဆိုရှယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ်မှာ ပိုမိုလျင်မြန်စွာပျံ့နှံ့နိုင်တာကြောင့် ပိုပြီးထိခိုက်လွယ်လာပါတယ်။ ဒီပြဿနာတွေဟာ လူမှုဆက်ဆံရေးကို ပိုမိုထိခိုက်စေပြီး ခံစားရသူတွေရဲ့ ရေရှည်ဘဝ တက်လမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။
(ဂ) နိုင်ငံတကာဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုများ။ ဆိုက်ဘာနှောင့်ယှက်မှုတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းအရာတွေနဲ့ ဆက်နွှယ်နေပြီး နိုင်ငံတကာဆက်ဆံရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေနဲ့ စီးပွားရေးလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ ဆိုက်ဘာနှောင့်ယှက်မှုတွေထဲမှာ သတင်းမှားဖြန့်ဝေခြင်း (Disinformation)၊ လိမ်လည်အတုအယောင် ပြုလုပ်ခြင်း (Impersonation) နဲ့ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု (Election Interference) တို့ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေက ဒီမိုကရက်တစ်ပါတီရဲ့ဒေတာကို Hack လုပ်ပြီး Wiki-Leaks မှတစ်ဆင့် ထုတ်ဖော်ခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်က ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံအကြား တင်းမာမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံတကာမှ အရာရှိကြီးတွေကို ပစ်မှတ်ထားတာ ဒါမှမဟုတ် ရွေးကောက်ပွဲတွေကို လွှမ်းမိုးခြယ်လှယ်ဖို့အသုံးချတာ စတဲ့ဆိုက်ဘာနှောင့်ယှက်မှုတွေကြောင့် နိုင်ငံရေးပဋိပက္ခတွေကို မြင့်တက်လာစေပြီး သံတမန်ဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင်နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့သတင်းတွေ ပျံ့နှံ့စေတာမျိုးလို သတင်းအမှားတွေ ဖြန့်ဝေတာဟာ နိုင်ငံတကာ မျက်နှာစာမှာ မိမိနိုင်ငံရဲ့ဂုဏ်သတင်းကို ထိခိုက်စေပြီး နိုင်ငံအပေါ်ယုံကြည်မှုကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Sony Pictures Hack ဖြစ်ရပ်ကို တင်ပြလိုက်ရပါတယ်-
(၁) ၂၀၁၄ ခုနှစ်မှာ အမေရိကန်က မြောက်ကိုရီးယားရဲ့လက်ချက်လို့ စွပ်စွဲထားတဲ့ “Guardians of Peace” (GOP) အမည်တပ် ဟက်ကာအဖွဲ့တစ်ဖွဲ့ရဲ့ Sony Pictures Entertainment (SPE) ကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုဟာ နိုင်ငံတကာဆက်ဆံရေးအပေါ် နက်ရှိုင်းစွာသက်ရောက် မှုရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အကြီးအကဲ ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်ပုံဖော်ထားတဲ့ဟာသရုပ်ရှင် “The Interview” ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး Shamoon Wiper Malware ကို အသုံးပြုထားတဲ့ ဟက်ကာတွေက Sony ရဲ့စနစ်အတွင်းကို ထိုးဖောက်ဝင် ရောက်ပြီး ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေနဲ့ မထုတ်ပြန်ရသေးတဲ့ ရုပ်ရှင်တွေ အပါအဝင် အရေးကြီးတဲ့အချက်အလက်တွေကို ခိုးယူထုတ်ဖော်ခဲ့ကာ ရုပ်ရှင်ရုံတွေကို အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ရုပ်ရှင်ပြသမှုကို ပယ်ဖျက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်စေခဲ့ပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုချမှတ်ကာ တိုက်ခိုက်မှုကို “ဆိုက်ဘာအကြမ်းဖက်မှု” လို့သတ်မှတ်ခဲ့ပါတယ်။ Sony အနေနဲ့ သိသာထင်ရှားတဲ့ ငွေကြေးဆုံးရှုံးမှုနဲ့ ဂုဏ်သိက္ခာထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေ၊ အားနည်းချက်ရှိနေတဲ့ အရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်တွေဟာ ပထဝီနိုင်ငံရေးပဋိပက္ခတွေကို ဘယ်လိုမီးမွှေးပေးနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။
(၂) Sony Pictures Hack ဖြစ်ရပ်ဟာ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် သက်ရောက်မှုကို နားလည်ဖို့နဲ့ကာကွယ်ဖို့အရေးကြီးတယ်ဆိုတဲ့ ဥပမာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်မှ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ ရှုပ်ထွေးမှုနဲ့စပ်လျဉ်းပြီး အောက်ပါသင်ခန်းစာ တွေကို ဖော်ထုတ်နိုင်ပါတယ်-
(ကက) ဆိုက်ဘာတိုက်ခိုက်မှုဟာ ပုဂ္ဂလိကကဏ္ဍသာမက နိုင်ငံရေးနဲ့ သံတမန်ရေးရာ အကျပ်အတည်းတွေ ဖြစ်ပေါ်စေနိုင်တယ်။
(ခခ) နိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေး ပိုမိုအားကောင်းစေဖို့လိုအပ်ပြီး နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုမြှင့်တင်ဖို့နဲ့ AI ကဲ့သို့သော အဆင့်မြင့်နည်းပညာ တွေကို အသုံးပြုဖို့ လိုအပ်တယ်။
(ဂဂ) ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာဥပဒေမူဘောင်တွေ ချမှတ်ဖို့လိုအပ်ပြီး နိုင်ငံတွေအကြား ဆိုက်ဘာသံခင်းတမန်ခင်း (Cyber Diplomacy) ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်။
(ဃဃ) ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဆိုက်ဘာနှောင့်ယှက်မှုကို တားဆီးကာကွယ်ရန်နှင့် တုံ့ပြန်ရန် အကြံပြုချက်များ
ဆိုက်ဘာနှောင့်ယှက်မှုတွေကို တားဆီးကာကွယ်ဖို့အတွက်လိုအပ်တဲ့ ဥပဒေမူဘောင်တွေကို အစိုးရဘက်က ချမှတ်ပေးဖို့နဲ့ ကာကွယ်ရေးနည်းပညာတွေကိုလည်း အရေးကြီးတဲ့ကဏ္ဍအဖြစ် သတ်မှတ် ပြီး အောက်ပါအချက်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်-
(က) ဥပဒေမူဘောင်များ ပိုမိုအားကောင်းလာစေရေး။ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်ရေးအတွက် ဥပဒေမူဘောင်တွေ အားကောင်းစေဖို့ နိုင်ငံတကာဥပဒေတွေနဲ့ နိုင်ငံအလိုက် စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာစေရပါမယ်။ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါတယ်။ ဆိုက်ဘာနှောင့်ယှက်မှုပုံစံတွေကို ဥပဒေအရ ရှင်းလင်းစွာ ဖွင့်ဆိုပြီး ပြစ်မှုအဖြစ် သတ်မှတ်ရပါမယ်။ အဲဒီအတွက် Budapest Convention on Cybercrime (၂၀၀၁) လို နိုင်ငံတကာ စာချုပ်တွေကို ကိုးကားရပါမယ်။ EU ရဲ့ General Data Protection Regulation (GDPR) (၂၀၁၈) ကဲ့သို့ ကိုယ်ရေးကိုယ်တာ ဒေတာလုံခြုံရေးကို မြှင့်တင်ရပါမယ်။ ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်တဲ့ဒဏ်ငွေတွေချမှတ်တာနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာတို့ကို ပြုလုပ်ရပါမယ်။ သံတမန်နဲ့ အစိုးရတာဝန်ရှိသူတွေအတွက် ဆိုက်ဘာလုံခြုံရေး အကြံပြုချက်တွေကတော့ လုံခြုံတဲ့ဆက်သွယ်ရေးကိရိယာတွေအသုံးပြုဖို့၊ လုံခြုံရေးဆက်တင်တွေ အသုံးပြုဖို့၊ AI နဲ့ Machine Learning ကိုအသုံးပြုပြီး ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်ဖို့နဲ့ လုံခြုံရေး နည်းလမ်းတွေကို သင်ကြားပို့ချပေးဖို့ စတာတွေပဲဖြစ်ပါတယ်။
(ခ) ကာကွယ်ခြင်းတွင် နည်းပညာ၏ အရေးကြီးသော အခန်းကဏ္ဍ။ နည်းပညာဟာဆိုက်ဘာ နှောင့်ယှက်မှုတွေကို ကာကွယ်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ AI ကို အသုံးပြုပြီး ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးနိုင်မှုအတွက် အသေးစိတ်ဖော်ပြ ချက်တွေကတော့-
(ဂ) ပညာပေးအစီအစဉ်များ။ ပညာပေးအစီအစဉ်တွေက ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်ရာမှာ နောက်ထပ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှ အနှောင့်အယှက်ပေးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သိရှိစေတာမျိုးနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အကျွမ်းတဝင်ရှိမှုကို မြှင့်တင်ပေးတာမျိုးက လူတစ်ဦးချင်းစီအတွက် ဆိုရှယ်မီဒီယာကိုသတိရှိရှိ အသုံးပြုတတ်စေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ ကျောင်း၊ တက္ကသိုလ်နဲ့ လူမှုအဖွဲ့အစည်းတွေမှာ နည်းပညာကို ကျင့်ဝတ်နဲ့အညီ အသုံးပြုနည်း၊ အနှောင့်အယှက်ပေးမှုတွေကို မိမိကိုယ်ကို ကာကွယ်နည်းတွေ သင်ကြားပေးတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် မိမိတို့ပတ်ဝန်းကျင်မှာ ဆိုက်ဘာနှောင့်ယှက်မှုတွေ ကြုံတွေ့ရတဲ့အခါမျိုးမှာ နစ်နာသူဘက်က ထောက်ခံပြောဆိုပြီး အားပေးစကားပြောကြားပေးသင့်ပါတယ်။
(ဃ) သံတမန်ရေးရာ ကြိုးပမ်းမှုများ။ ဆိုက်ဘာနှောင့်ယှက်မှုတွေကိုဖြေရှင်းရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ သံတမန်ရေးကြိုးပမ်းမှုတွေက အရေးကြီးပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့ ပရိုတိုကောတွေချမှတ်ဖို့၊ အကောင်းဆုံးလုပ်ဆောင်မှုတွေနဲ့ နည်းပညာဆိုင်ရာ တီထွင်ကြံဆမှုတွေကို မျှဝေဖို့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ နိုင်ငံတကာစာချုပ်တွေနဲ့ သဘောတူညီချက်တွေ ဖန်တီးတာမျိုးနဲ့ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ပြစ်မှုအဖြစ် သတ်မှတ်ပြီး နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုမှာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရပါမယ်။ စည်းလုံးညီညွတ်တဲ့ ကြိုးပမ်းမှုတွေနဲ့သာ ကမ္ဘာ့အသိုင်းအဝိုင်းဟာ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ဖော်ပြရရင် ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေရေးရာ၊ နည်းပညာ၊ ပညာရေးနဲ့ သံတမန်ရေးရာမဟာဗျူဟာတွေကို ပေါင်းစပ်ထားတဲ့ ဘက်စုံချဉ်းကပ်မှုမျိုး လိုအပ်ပါတယ်။ ဥပဒေရေးရာကိစ္စရပ်တွေအပေါ် အားဖြည့်တာက တာဝန်ယူမှုကို သေချာစေပြီး နည်းပညာကတော့ စောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးအတွက် ပံ့ပိုးပေးပါတယ်။ ပညာရေးဆိုင်ရာ အစီအစဉ်တွေက တာဝန်ယူမှုရှိတဲ့ အွန်လိုင်းအပြုအမူကို မြှင့်တင်ပေးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုက စည်းလုံး ညီညွတ်သော ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုကို အားပေးပါတယ်။ ဒီအချက်တွေဟာ ဆိုက်ဘာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့သာမက လူတိုင်းအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခုကို ဖန်တီး နိုင်ဖို့အတွက်ပါ ပြည့်စုံတဲ့မူဘောင်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း ဆိုရှယ်မီဒီယာဟာ အရေးပါတဲ့သတင်းအချက်အလက်မျှဝေရာ နေရာတစ်ခုဖြစ်လာသလို ဆိုက်ဘာနှောင့်ယှက်မှုတွေက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ အင်တာနက်အသုံးပြုသူတွေ တိုးပွားလာတာနဲ့အမျှ လူငယ်တွေဟာ ဆိုက်ဘာနှောင့်ယှက်မှုရဲ့ ပစ်မှတ်ဖြစ်လာကြပြီး သူတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းပညာတိုးတက်မှုနဲ့ လူမှုကောင်းကျိုးကို ဟန်ချက်ညီအောင် ထိန်းညှိဖို့လိုအပ်ပြီး ဆိုက်ဘာနှောင့်ယှက်မှုတွေကို ထိရောက် တဲ့ ဖြေရှင်းနည်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ဆိုက်ဘာနှောင့်ယှက်မှုဟာ နိုင်ငံတော်ရဲ့ လူမှုစည်းလုံးညီညွတ်မှု၊ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ လိုအပ်လျက်ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်အပေါ် ထိခိုက်စေတဲ့အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် အချိန်မီကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
Source: https://www.moi.gov.mm/article/68406
Photo Credit to https://houseofit.ph/

အကြမ်းဖက်ဝါဒနှင့်ပတ်သက်ပြီး ယူဆချက်များ(အဆက်)
၃။ အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျောက်များလာသည်

အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျာက်ပိုများလာနေသည်ဆိုသော ယူဆချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ အရေ အတွက် စုစုပေါင်းတိုးတက်လာခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းတွင် ယခင် တိုက်ခိုက်မှုများထက် သေဆုံးမှုတိုးလာခြင်းဟု နှစ်မျိုးခွဲနိုင်ပြီး ထိုနှစ်မျိုးသည်လည်း တစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်စပ်နေပါသည်။ ထိုယူဆချက်၏ မူလအစမှာ ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပုံသဏ္ဍာန်နှင့် အရွယ် အစားသည် ယခင်ကနှင့် များစွာခြားနားသွားပြီ ၊ ၉/၁၁ နောက်ပိုင်းတွင် အကြမ်းဖက်ဝါဒသည် အတိတ်ကထက် များစွာပိုမိုကြီးမားသော အန္တရာယ်ဖြစ်လာနေသည် ဆိုသော အယူအဆတွင် အခြေခံသည်။ ပထမဆုံးပြောကြားခဲ့သူမှာ ထိုအချိန်က အမေရိကန် ဒုတိယသမ္မတ ဒစ်ချေနီ (Dick Cheney) ဖြစ်ပြီး ၎င်းက နိုင်ငံတစ်ခုအနေဖြင့် မိမိတို့ရင်ဆိုင်နေရသည့် အကြီးဆုံး အန္တရာယ်မှာ သိန်းနှင့်ချီသော အမေရိကန်နိုင်ငံသားများကို သေစေနိုင်သည့် ဓာတု၊ ဇီဝ နှင့် အနုမြူ လက်နက်များဖြင့် အမေရိကန်မြို့ကြီးများ၏အလယ်တွင် အကြမ်းဖက် တိုက်ခိုက်ခံရ နိုင်သည့် အန္တရာယ်ဖြစ်သည်ဟု ၂၀၀၄ ခုနှစ်တွင် ပြောကြားခဲ့မှုဖြစ်သည်။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူပြောကြားခဲ့သည်။ လက်နက်နည်းပညာတွင် တိုးတက်မှုများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ယခင်ကထက် သေကြေ ဖျက်ဆီး နိုင်စွမ်း ပိုလာခဲ့ပြီး အကြမ်းဖက်သမားများတွင် လက်နက်မျိုးစုံရှိပြီး ပို၍လည်း တိုးလာနေ သည်ဟု ၎င်း၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ လန်ဒန် ကိန်းစ်ကောလိပ်မှ ဂျာမန်လူမျိုးပညာရှင် ပီတာ နျူမန်း (Peter Neumann)ကလည်း အရပ်သားများကို အများ အပြား သေကြေအောင် အကြမ်းဖက်တိုက်ခိုက်မှုသည် ထုံးစံဖြစ်လာပြီး နိုင်ငံတကာတွင် ဖြစ်ပွားလာနေသည်ဟု ၂၀၀၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ ထိုယူဆချက်များသည် တကယ် အမှန်လောဆိုသည်ကို လေ့လာပါမည်။
၉/၁၁ တိုက်ခိုက်မှုနှင့် မွမ်ဘိုင်း၊ ဘယ်ဆလင်၊ ဘဂ္ဂဒက်နှင့် ဘာလီ အကြမ်းဖက် တိုက်ခိုက်မှုများတွင် လူအများအပြားသေကြေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အကြမ်းဖက် သမားများသည် အဆင့်မြင့်ပေါက်ကွဲပစ္စည်းများကို အသေခံဗုံးခွဲမှုများတွင် သုံးလာကြသလို အကြမ်းဖက်သမားတို့၏ အလေ့အထမှာလည်း ပြောင်းလဲလာသည်။ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဘရိုင်ယန်ဂျန်ကင် (Bryan Jenkins)က အကြမ်းဖက်သမားတို့၏ အဓိက ရည်ရွယ်ချက်မှာ လူများများ သေစေရန်မဟုတ်၊ လူများများကြည့်ကြစေရန်ဖြစ်သည်ဟု ၁၉၇၅ ခုနှစ်က ပြောကြားခဲ့သည်။ သို့သော် အကြမ်းဖက်ဝါဒတွင် အကြီးကျယ်ဆုံး ပြောင်းလဲမှု မှာ သေကြေဖျက်ဆီးမှု များနိုင်သမျှများရေး ဖြစ်လာပြီး ယနေ့ခေတ် အကြမ်းဖက်သမားများ အနေဖြင့် လူများများ သေစေရန်နှင့် လူများများကြည့်စေရန် ရည်ရွယ်လာကြသည်ဟု ၂၀၀၆ ခုနှစ်တွင် ၎င်းက ပြောင်းလဲပြောဆိုခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် လူများများ သေစေလိုသည် ဟု ဘရိုင်ယန်ဂျန်ကင် ပြောသည်မှာ အမှန်လော။ အကြမ်းဖက်သမားများ အနေဖြင့် ထိုသို့လူများများသေအောင် လုပ်နေကြသည်လော။ အကြမ်းဖက်မှုများသည် ယခင် ဆယ်စုနှစ်များကထက် သေကြေပျက်စီးမှု ပိုများလာသည်လော။ ကျွန်တော်တို့အနေဖြင့် ထိုယူဆချက်မှန်/ မမှန်ဘာကြောင့် ဆန်းစစ်ဖို့ လိုပါသနည်း။ အကယ်၍သာ အကြမ်းဖက်မှု များကြောင့် သေကြေပျက်စီးမှုပိုများလာနေသည်ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် ထိုအန္တရာယ်ကို ပိုမို၍ ပြင်းပြင်းထန်ထန် ကာကွယ်ရမည်ဖြစ်သည်။ တကယ်မဟုတ်ခဲ့လျှင်တော့ အကြမ်းဖက် နှိမ်နင်းရေးအတွက် သုံးရမည့်ရင်းမြစ်များကို ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေး တို့အတွက် သုံးစွဲနိုင်မည်ဖြစ်သည်။
အကြမ်းဖက်မှုများကြောင့် သေကြေဖျက်ဆီးမှု တိုးတက်လာခြင်းရှိ/မရှိကို မာရီလန်း တက္ကသိုလ် အခြေစိုက် start ဟုခေါ်သော အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒကို တုန့်ပြန်ရေး အား လေ့လာသည့်အမျိုးသားပူးပေါင်းအဖွဲ့ (the national consortium for the study of terrorism and responses to terrorism, also known as start) က ပြုစုထားသည့် ၉/၁၁ မတိုင်မီ ၁၀ နှစ်နှင့် ၉/၁၁ နောက်ပိုင်း ၁၀ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်အပေါ် အခြေခံပြီး သုံးသပ်သွားပါမည်။ အောက်ပါဂရပ်တွင် ၁၉၉၁ ခုနှစ် မှ ၂၀၁၀ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ အရေအတွက်ကို တွေ့နိုင်ပါသည်။

ထိုဂရပ်တွင် ၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များက သေဆုံးသူအရေအတွက် ၈၀၀၀ မှ တစ်သောင်းအထိ မြင့်မားခဲ့ကာ ၁၉၉၅ ခုနှစ်တွင် ကျဆင်းသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ဖန် ၉/၁၁ မတိုင်မီအထိ အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက်နိမ့်ကျသွားခဲ့ပြီး ၁၉၉၉ နှင့် ၂၀၀၀ ပြည့်နှစ် တို့တွင် တစ်ကမ္ဘာလုံးတွင် သေဆုံးသူအရေအတွက် ၄၀၀၀ အောက်သာရှိသည်ကို မြင်တွေ့နိုင် သည်။ ၂၀၁၁ တွင်မူ သေဆုံးသူအရေအတွက် ၆၀၀၀ ကျော်အထိပြန်လည်မြင့်တက်လာခဲ့ပြီး ၉/၁၁ တိုက်ခိုက်မှု တစ်ခုတည်းကပင် သေဆုံးသူအရေအတွက် ၃၀၀၀ ဝန်းကျင်ရှိသည်။ ၎င်းနောက် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များတွင် သေဆုံးသူအရေအတွက် ပြန်လည်ကျဆင်းသွားပြီး ၂၀၀၄ ခုနှစ်မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့ရာ ၂၀၀၇ ခုနှစ်တွင် ၁၂၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ၂၀၀၈ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက် အနည်းငယ် ပြန်လည် ကျဆင်းခဲ့သော်လည်း ၈၀၀၀ ဝန်းကျင် ရှိနေဆဲ ဖြစ်သည်။ ထိုအချက်အလက်များအရ အကြမ်းဖက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်သည် တစ်နှစ်နှင့်တစ်နှစ် မတူညီပဲ အတက်အကျများရှိပြီး ယေဘုယျအားဖြင့် သေဆုံးသူအရေအတွက် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေသည်ဟု ပြော၍မရနိုင်ကြောင်း တွေ့ရှိရသလို အနာဂတ်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ရသည်။ သို့သော်လည်းဒေသအလိုက်ခွဲခြားလေ့လာလျှင်မူ အချို့ဒေသများတွင် သေဆုံးမှု ပိုမို မြင့်တက်လာနေပြီး အထူးသဖြင့်အရှေ့တောင်အာရှဒေသတွင် သေဆုံးမှု မြင့်တက်နေသည့် အလားအလာရှိကြောင်း တွေ့ရှိရသည်။

ယခုဆက်လက်ပြီး တိုက်ခိုက်မှုတစ်ခုချင်းစီတွင် သေဆုံးမှု ပိုမိုတိုးလာခြင်း ရှိ/မရှိ လေ့လာဆန်းစစ်ပါမည်။ ထိုသို့လေ့လာရာတွင် ၂၀၀၉ ခုနှစ်က ဂျိမ်း ပီယာဇာ(James Piazza) ၏ လေ့လာချက်ပါ နိုင်ငံတကာအကြမ်းဖက်မှုများတွင် တိုက်ခိုက်မှုတစ်ခုချင်း၏ ထိခိုက် သေဆုံးမှုအရေအတွက်များကို အခြေခံပါမည်။ ၎င်း၏လေ့လာတွေ့ရှိချက် အရ ၁၉၆၈ မှ ၁၉၇၉ ခုနှစ်အတွင်း နိုင်ငံတကာအကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ခိုက်မှုတစ်ခု၏ ပျမ်းမျှ သေဆုံး ၊ ဒဏ်ရာရရှိသူအရေအတွက်သည် ၂ ကျော်ရုံသာရှိရာမှ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ၄ ဦး အထိ တိုးလာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုစီ၏ ပျမ်းမျှသေဆုံး ဒဏ်ရာရသူ အရေအတွက်မှာ ၁၀ ဦးကျော် ဖြစ်လာကာ ၂၀၀၀ မှ ၂၀၀၅ ခုနှစ် ကြားတွင်မူ ၁၁ ဦးအထိ တိုးတက်လာခဲ့သည်။ ထိုအချက်အလက်များအရ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုချင်း တွင် သေဆုံးဒဏ်ရာရသူအရေအတွက် ပိုမို တိုးတက်လာနေသည်မှာ ထင်ရှားပါသည်။
ထို့ကြောင့် အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျောက် ပိုများလာနေ သည်ဆိုသော ယူဆချက်သည် လေ့လာတွေ့ရှိချက်များအရ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူအရေအတွက် စုစုပေါင်းတိုးတက်များပြားနေခြင်း မရှိသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းတွင် ယခင် တိုက်ခိုက်မှုများထက် သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားလာနေသည့်အတွက် တစ်စိတ်တစ်ပိုင်း မှန်ကန်သည် ဟု ဆိုနိုင် ပါသည်။
၄။ အကြမ်းဖက်ဝါဒသည်အဓိကအားဖြင့်အနောက်အုပ်စုကိုဆန့်ကျင်သောဝါဒဖြစ်သည်
ဆက်လက်၍ အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သော ဝါဒ ဖြစ်သည် ဟူသော ယူဆချက် မှန်/မမှန် လေ့လာသုံးသပ်ပါမည်။ ပထမဆုံးအနေဖြင့် အကြမ်းဖက်ဝါဒ၏ ပစ်မှတ်များသည် အဓိကအားဖြင့် အနောက်တိုင်းသားများ ဟုတ်/မဟုတ် လေ့လာသုံးသပ်ပါမည်။ ၎င်းနောက် အကြမ်းဖက်ဝါဒ၏ ကြွေးကြော်သံများကို အနောက်နိုင်ငံ များကို ဆန့်ကျင်သောကြွေးကြော်သံ ဟုတ်/မဟုတ် ဆန်းစစ်ပါမည်။
အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကိုဆန့်ကျင်သောဝါဒ ဖြစ်သည် ဟူသော ယူဆချက်သည် မည်သည့်နေရာမှ စထွက်လာသနည်းဆိုသည်ကို ရှာဖွေကြည့်ပါ မည်။ တကယ်တမ်းတွင် ထိုယူဆချက်ကို ပထမဆုံး ထုတ်ဖော်သူသည် အမေရိကန်သမ္မတ ဂျော့ဘုရှ် (George W Bush) ဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုအပြီး ၁၀ ရက်အကြာ မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတ ဘုရှ်က “သူတို့(အယ်ဂိုဒ်ဒါက) က ကျွန်တော်တို့ကို ဘာလို့ မုန်းကြတာလဲလို့ အမေရိကန်တွေက မေးကြတယ်။ အမေရိကန်ဟာ ဒီမိုကရက်တစ်နည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပြီး သူတို့က ကိုယ့်ဘာသာကိုယ် ခန့်ထားတဲ့ ခေါင်းဆောင်တွေဖြစ်လို့ ကျွန်တော်တို့ကို မုန်းကြတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောကြားခွင့်၊ လွတ်လပ်စွာ မဲပေးခွင့်နဲ့စုဝေးခွင့်၊ ပြီးတော့တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်စွာသဘောကွဲလွဲခွင့်တွေ ကို မုန်းကြတယ်” ဟု ပြောကြားခဲ့သည်။ ထိုစကားသည် အကြမ်းဖက်သမားများအနေဖြင့် အနောက်တိုင်းကို ဆန့်ကျင်သည့် အတွေးအခေါ် (သို့မဟုတ်) အနောက်တိုင်းကို ဆန့်ကျင်သည့် လုပ်ငန်းစဉ်ရှိကြောင်း ပြနေသည်။ ထိုအချိန်က အယ်ဂိုဒ်ဒါခေါင်းဆောင် အိုစမာ ဘင်လာဒင် နှင့်အင်တာဗျူးများစွာသည်လည်း ၎င်းအနေဖြင့် အနောက်တိုင်းကို ဆန့်ကျင်သည့် လုပ်ငန်းစဉ် ရှိကြောင်း သက်သေပြနေသည်။ ဥပမာအားဖြင့် ၂၀၀၂ ခုနှစ်က ဘင်လာဒင်နှင့် အယ်လ်ဂျာ ဇီးယားအင်တာဗျူးတွင် ဘင်လာဒင်က ၎င်း၏ အကြမ်းဖက်စစ်ပွဲတွင် အဓိက ဦးစားပေး ပစ်မှတ် များမှာ အစ္စလာမ်ကို မယုံကြည်သူများ၊ ၎င်းတို့၏မတရားမှုများကို မရပ်တန့်သည့် အမေရိကန် နှင့်ဂျူးများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူများနှင့် ပညာရှင် များကလည်း အကြမ်းဖက်သမားများ၏ အနောက်နိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ထောက်ပြခဲ့ပြီး ၎င်းတို့တွင် ဂျီဟတ်ဝါဒနှင့် ဂျီဟတ်များ အကြောင်း စာအုပ်များစွာ ရေးသား ခဲ့သည့် ဝါလစ်ဖားရစ် (Walid Fharis) လည်း ပါဝင်သည်။ ဝါလစ်သည် အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်သမားတစ်ဦးချင်းအနေဖြင့် အနောက်နိုင်ငံများကို တိုက်ခိုက်သည့် ဘာသာရေးစစ်ပွဲ၊ အနောက်တိုင်းယဉ်ကျေးမှုနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အယူအဆ ရေးရာစစ်ပွဲ (ideological war ) မည်သို့ မည်ပုံဆင်နွှဲသည်ကို လေ့လာသုံးသပ်သည့် စာအုပ် များစွာ ရေးသားခဲ့သည်။
အချို့ကမူ အနောက်တိုင်းကို ဆန့်ကျင်သည့် ဘာသာရေးစစ်ပွဲ အသွင်ဆောင်သော အကြမ်းဖက်ဝါဒ (anti-western jihadist terrorism) (သို့မဟုတ်) အစ္စလာမ်မစ် အကြမ်းဖက် ဝါဒသည် အကြမ်းဖက်ဝါဒပုံစံသစ် တစ်မျိုး ဖြစ်သည်ဟု ဆိုသည်။ ဥပမာအားဖြင့် မာရသာ ခရမ်းရှော (MarthaCrenshaw) က ၂၀၀၀ ပြည့်နှစ်ထုတ် စာအုပ်တွင် “အကြမ်းဖက်ဝါဒသစ် သည် ဘာသာရေးယုံကြည်ချက်က လှုံ့ဆော်ပေးပြီး အကြမ်းဖက်ဝါဒဟောင်းများထက် ဘာသာရေးအယူ ပိုသည်း၊ သေကြေဖျက်ဆီးမှုပိုများကာ ပိုမိုပျံ့နှံ့မှုများပြီး တစ်ကမ္ဘာလုံးတွင် ပိုမိုဖြစ်လာနေသည်။ အကြမ်းဖက်ဝါဒသစ်သည် အနောက်တိုင်းကို ဆန့်ကျင်သည့် အကြမ်း ဖက် ဝါဒဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ အစပြုပြီး အစ္စလာမ်မစ် အခြေခံဝါဒီများနှင့် ဆက်စပ်သည်” ဟု ဖော်ပြခဲ့သည်။ ၎င်းက အစ္စလာမ်မစ်အခြေခံဝါဒီ အကြမ်းဖက်သမားများ သည် အရပ်သားများကို အကြီးအကျယ်သေစေလိုစိတ်ရှိပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ ကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုသည်။
အဆိုပါ ယူဆချက် မှန်/မမှန်ကို လေ့လာဆန်းစစ်ကြည့်ပါမည်။ ထိုသို့လေ့လာဆန်းစစ် ရန် ပထမဦးစွာ ၂၀၁၅ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ဒေသများ၏ မြေပုံကို လေ့လာကြည့်ပါမည်။

ထိုမြေပုံအရ အကြမ်းဖက်တိုက်ခိုက်မှု အခံရဆုံးဒေသများသည် အနောက်အုပ်စုနိုင်ငံ များ မဟုတ်သည်ကိုတွေ့ရပါမည်။ အနောက်အုပ်စုနိုင်ငံများအနေဖြင့် အကြမ်းဖက် တိုက်ခိုက် ခံရမှု အလွန်နိမ့်ပါသည်။ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အနောက်ဥရောပ နှင့် သြစတေးလျတိုက်များတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို ယှဉ်ကြည့်နိုင်ပါသည်။ တကယ်တမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှုကို အဓိကရင်ဆိုင်နေရသည့်နိုင်ငံများမှာ မူဆလင်နိုင်ငံများ ဖြစ်သည်။
တစ်ဖန် အကြမ်းဖက်တိုက်ခိုက်ခံရမှုများတွင် သေဆုံးသူများကို လေ့လာဆန်းစစ်ရာတွင်လည်း မူဆလင်များသာ ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား အကြမ်းဖက်နှိမ်နင်းရေးစင်တာ၏ ၂၀၁၁ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုအစုစုကြောင့် သေဆုံးသူစုစုပေါင်း ၏ ၈၂% မှ ၉၇ % အထိ သည် မူဆလင်များဖြစ်သည်ဟု သိရသည်။၂၀၀၃ ခုနှစ်တွင် အမေရိကန်က ဦးဆောင် ကျူးကျော်ခဲ့ပြီးနောက် အီရတ်တွင် အနောက်နိုင်ငံများမှ တပ်အများအပြားရှိနေစဉ်မှာပင် အယ်လ်ဂိုဒ်ဒါ နှင့် ၎င်း၏ဆက်စပ်အဖွဲ့များ၏ တိုက်ခိုက်မှုအများစုသည် အနောက်နိုင်ငံများကို တပ်များကို ပစ်မှတ်ထားခြင်းမဟုတ်ပဲ ၎င်းတို့နှင့်ဘာသာတူ မူဆလင်များကိုသာ အဓိက တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက် အဖွဲ့များအနေဖြင့် အနောက်နိုင်ငံ များကို ပစ်မှတ်ထားသည်ဟု ကြွေးကြော်ကြသော်လည်း တကယ်တမ်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအများစုမှာ အနောက်နိုင်ငံသားများမဟုတ်ဘဲ မူဆလင်များ သာ ဖြစ်ကြောင်း တွေ့ရသည်။
အနောက်နိုင်ငံများတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို လေ့လာပါမည်။ ဥရောပရဲတပ်ဖွဲ့ Europol ၏ ၂၀၁၃ အကြမ်းဖက်မှုအစီရင်ခံစာအရ ဥရောပသမဂ္ဂအတွင်း ၂၀၁၂ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ၎င်းတို့ အနက် အစ္စလာမ္မစ်အစွန်းရောက်အုပ်စု၊ သို့မဟုတ် ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့်သေဆုံးသူမှာ တစ်ဝက်အောက်သာ ရှိသည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်း ဥရောပ သမဂ္ဂတွင် အကြမ်းဖက်တိုက်ခိုက်မှုစုစုပေါင်း ၂၁၉ ခု ဖြစ်ပွားခဲ့သည့်အနက် အများစုမှာ ပြင်သစ်နှင့် စပိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (ပြင်သစ်တွင် ၁၂၅ ခု စပိန်တွင် ၅၄ ခု) ခွဲထွက်ရေး သမားများ (သို့မဟုတ်) လူမျိုးစုအမျိုးသားရေးဝါဒီအကြမ်းဖက်အုပ်စုများက လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၂ အတွင်း ဘာသာရေးအခြေခံအကြမ်းဖက်အုပ်စုများက ဥရောပသမဂ္ဂအတွင်း တိုက်ခိုက်မှုစုစုပေါင်းမှာ ၆ ခုသာ ရှိသည်။ ထို့ကြောင့် ဥရောပတွင်ပင် အကြမ်းဖက်တိုက်ခိုက်မှု အများစုမှာ အနောက်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်သော တိုက်ခိုက်မှုများဟု မဆိုနိုင်ပါ။
အမေရိကန်ပြည်ထောင်စုကိုကြည့်ပါက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်မြေပေါ်တွင် အနောက်အုပ်စုကိုဆန့်ကျင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ မရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒ ဖြစ်သည်ဟူသော ယူဆချက်ကို လေ့လာကြည့်ရာတွင် အယ်ဂိုဒ်ဒါနှင့် အခြားသော အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များ(သို့မဟုတ်) ဂျီဟတ်အဖွဲ့များ၏ကြွေးကြော်သံမှာ အနောက်ဆန့်ကျင်ရေး ဖြစ်ပြီး ဘာသာရေးကိုအခြေခံသည့် ထိုအကြမ်းဖက်အုပ်စုများသည် လက်ရှိအကြမ်းဖက်လှိုင်း တွင် အလွှမ်းမိုးဆုံးလည်း ဖြစ်ပုံရပြီး အကြမ်းဖက်တိုက်ခိုက်မှု အများအပြားကို ထိုအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူများ နှင့် အကြမ်းဖက်တိုက်ခိုက်သည့်ပစ်မှတ်များကို ကြည့်လိုက်သောအခါ အနောက်နိုင်ငံသားများ အလွန်နည်းပါးကြောင်းတွေ့ရသည်။ ဘာသာရေးအခြေခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု များကြောင့် သေဆုံးသူအများစုမှာ မူဆလင်နိုင်ငံများမှ မူဆလင်များဖြစ်သည်ကို တွေ့ရသည်။ အနောက်နိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှုအများစုမှာ ခွဲထွက်ရေးအုပ်စုများ၊ လက်ယာစွန်း နှင့် လက်ဝဲစွန်းအဖွဲ့များနှင့်ဆက်စပ်နေသည်ကများပြီး အနောက်ဆန့်ကျင်ရေး ဘာသာရေး အခြေခံအကြမ်းဖက်အဖွဲ့များနှင့် အဆက်အစပ်နည်းကြောင်း တွေ့ရသည်။ ထို့ကြောင့် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒ ဖြစ်သည်ဆိုသော ယူဆချက်သည် တစ်ဝက်မှန် တစ်ဝက်မှားဖြစ်သည်ဟု သုံးသပ်ရသည်။
၅။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည်
အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည်ဆိုသော ယူဆချက်ကို ဆက်လက်၍ လေ့လာသုံးသပ်ပါမည်။ အကြမ်းဖက်သမားများ အောင်မြင်နေသည်ဟု မည်သူက ပြောခဲ့ သနည်း၊ အကြမ်းဖက်မှုသတင်းများသည် မီဒီယာများ၏ ခေါင်းစည်းပိုင်းတွင် နေရာယူနေပြီး အကြမ်းဖက်နှိမ်နင်းရေးကို နိုင်ငံအသီးသီးမှ အစိုးရများက အထူးအလေးထားနေရခြင်းသည် အကြမ်းဖက်ဝါဒ၏ အောင်မြင်ဟု ဆိုနိုင်ပါမည်လော။ ထိုအချက်များသည် အကြမ်းဖက်သမား များ အလိုရှိသည့်အချက်များ ဖြစ်ပါ၏လော။ နိုင်ငံရေးဖိုရမ်များတွင် အကြမ်းဖက်ဝါဒကို အလေးပေးဆွေးနွေးကြရုံနှင့်် အကြမ်းဖက်ဝါဒ အောင်မြင်မှုရှိသည်ဟု ဆိုနိုင်ပါမည်လော ဆိုသည်ကို လေ့လာဆန်းစစ်ပါမည်။ ထို့ပြင် အကြမ်းဖက်ဝါဒသည် များသောအားဖြင့် နိုင်ငံရေး ရည်မှန်းချက်ပါရှိသောကြောင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ခြင်း ရှိ/မရှိ ကို လည်း လေ့လာဆန်းစစ်ပါမည်။
အကြမ်းဖက်ဝါဒအောင်မြင်ခြင်း ရှိ/မရှိ တိုင်းတာရန် မတူကွဲပြားသော စံချိန်စံညွှန်းနှင့် နည်းလမ်းများစွာ ရှိပါသည်။ ဥပမာအားဖြင့် အကြမ်းဖက်သမားများအနေဖြင့် အသေအပျောက် အကြီးအကျယ်မြင့်မားအောင် လုပ်နိုင်ပါက အောင်မြင်သည်ဟု သတ်မှတ်မည်လော (သို့မဟုတ်) အစိုးရများအနေဖြင့် အကြမ်းဖက်သမားများနှင့် ဆွေးနွေးညှိနှိုင်းရသည် အထိ အကြမ်းဖက်များအင်အားကြီးလာပါက အောင်မြင်သည်ဟုဆိုမည်လော (သို့မဟုတ်) အကြမ်းဖက် သမားများအနေဖြင့် အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းမရှိပဲ ၎င်းတို့၏အကြမ်းဖက်အဖွဲ့များ သည် ဆယ်စုနှစ်ပေါင်း များစွာဆက်လက်ရှင်သန်နေပါက အောင်မြင်သည်ဟု ဆိုမည်လော စသည်ဖြင့် ဖြစ်သည်။
အကြမ်းဖက်ဝါဒကိုလေ့လာသည့် ပညာရှင်အများစုလုပ်ကြသည်မှာ သက်ဆိုင်ရာ အကြမ်းဖက်အဖွဲ့များက ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်ကို ကြည့်ပြီး ထိုအဖွဲ့များ အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက် ထမြောက်ခြင်း ရှိ/မရှိကို ကြည့်ပြီး အောင်မြင်မှု ရှိ/မရှိ ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ ကျဉ်းမြောင်းလွန်းသည်ဟုယူဆပြီး အကြမ်းဖက် အဖွဲ့များကပေးနိုင်သောကြောက်ရွံ့မှုနှင့် မီဒီယာများပေါ်တွင် ဖော်ပြခံရမှုကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် အကြမ်းဖက် အဖွဲ့များ၏ အန္တိမရည်မှန်းချက်မဟုတ်သော်လည်း အရေးကြီးသည့် ကြားရည်မှန်းချက်များ (intermediate goals) ဖြစ်သောကြောင့် ဖြစ်သည်။ အများပြည်သူ၏ အရေးစိုက်မှုမရဘဲ၊ အကြောက်တရားကို အဆင့်တစ်ခုအထိမဖြစ်စေပဲ အကြမ်းဖက်သမားများ၏ နိုင်ငံရေး ရည်မှန်းချက်မရနိုင်သောကြောင့် ဖြစ်သည်။
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ခြင်းရှိ/မရှိကို ပထမဆုံး လေ့လာပါမည်။ ပညာရှင်အများစုသည် အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိ/မရှိ လေ့လာ ဆန်းစစ်ရာတွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေး ရည်မှန်းချက်များကို အဓိကထားကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုသို့လေ့လာရာတွင် အကြမ်းဖက်ဝါဒသည် ရည်မှန်းချက်ကို ရောက်ရှိ စေနိုင်သည့် လက်သုံးကရိယာအဖြစ် ရှုမြင်ပါသည်။ အကြမ်းဖက်သမားများသည် အရှုံးအမြတ် တွက်တတ်သော ဆင်ခြင်တုံတရားရှိသူများဖြစ်၍ ၎င်းတို့အနေဖြင့် အနည်းဆုံးအားဖြင့် ၎င်းတို့ ၏ နိုင်ငံရေးရည်မှန်းချက်အချို့အောင်မြင်ရန် အခွင့်အလမ်းအနည်းငယ်မျှပင်ဖြစ်စေရှိနေ သည်ဟု ထင်မြင်သောကြောင့်သာ အကြမ်းဖက်ဝါဒကို ကျင့်သုံးခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ ၂၈ ဖွဲ့ကို မက်စ် အဘရာဟမ်(Max Abrahms)က လေ့လာခဲ့ရာတွင် သုံးသပ် ချက် ၂ ခု ထွက်လာခဲ့သည်။ ပထမအချက်မှာ ထိုအဖွဲ့များအနေဖြင့် ၎င်းတို့၏ ပေါ်လစီ ရည်မှန်းချက်များအနက် ၇% သာလျှင် အောင်မြင်ထမြောက်ခဲ့ပြီး ဒုတိယအချက်မှာ ၎င်းတို့၏ အောင်မြင်မှုသည် နည်းဗျူဟာရွေးချယ်မှု၊ အထူးသဖြင့် ပစ်မှတ်ရွေးချယ်မှုအပေါ် များစွာ မူတည်နေခြင်းဖြစ်သည်။ စစ်ဘက်ပစ်မှတ်များထက် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်မှု ပိုများသည့် အဖွဲ့များသည် ၎င်းတို့၏ ပေါ်လစီရည်မှန်းချက် အောင်မြင်လေ့မရှိကြောင်း တွေ့ရ သည်။ ထိုလေ့လာမှု၏ တွေ့ရှိချက်များအရ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏ ပေါ်လစီ ရည်မှန်းချက်များ အောင်မြင်မှုရရှိလေ့မရှိပဲ ထိုသို့ အောင်မြင်မှုနှုန်း နည်းရခြင်းမှာလည်း အကြမ်းဖက်ဝါဒ၏ နည်းဗျူဟာကိုယ်တိုင်ကြောင့်ဖြစ်သည်။ အရပ်သားများကို တိုက်ခိုက်ခြင်း သည် အကြမ်းဖက်အဖွဲ့များ အရေးနိမ့်မှု၏ အဓိကအကြောင်းဖြစ်သည်။
အခြားသော အကြမ်းဖက်ဝါဒလေ့လာသူများကလည်း အကြမ်းဖက်ဝါဒသည် အောင်မြင်မှုမရှိဟု သုံးသပ်ခဲ့ကြသည်။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုမရှိလျှင်၊ အကြမ်းဖက်ဝါဒသည် နိုင်ငံရေးရည်မှန်းချက်ရရှိနိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် အကြမ်းဖက်သမားများ ဆက်လက် အကြမ်းဖက်နေကြသနည်းဟု မေးခွန်းထုတ်စရာရှိလာပါသည်။ အချို့သော အကြမ်းဖက်သမားများသည် ၎င်းတို့၏ရန်သူကို ခြိမ်းခြောက်ခြင်းဖြင့် အဆုံးသတ်တွင် ၎င်းတို့လိုလားချက်များ ပြည့်ဝပြီး အကြမ်းဖက်ဝါဒသည် ၎င်းတို့အတွက် အမြဲအလုပ်ဖြစ်ပုံရသည်ဟု ယုံကြည်ကြပုံ ရှိသည်ဟု ပေါလ် ဝီကန်ဆန် (Paul Wilkison) က ဆိုသည်။ သို့သော်လည်း တကယ်တမ်းတွင် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်များ ရရှိခဲ့သည်မှာ အလွန် ရှားပါးပြီး ကိုလိုနီလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း ဗြိတိသျှနှင့်ပြင်သစ်တို့ကို တွန်းလှန်ခဲ့စဉ် ကာလအတွင်း အချို့အကြမ်းဖက်အဖွဲ့များသာ အောင်မြင်မှုရရှိခဲ့သည်ဟုဆိုကာ အယ်လ်ဂျီး ယားမှ FLN (Front dela Liberation Nationale) အဖွဲ့ကို အောင်မြင်သည့် အကြမ်းဖက်အဖွဲ့ အဖြစ် သူကဥပမာပေးသည်။ သို့သော်လည်း FLN ၏ အယ်ဂျီးယားလွတ်မြောက်ရေးလှုပ်ရှားမှု ကို အကြမ်းဖက်မှုအဖြစ် တံဆိပ်ကပ်သည်ကို လက်မခံသူများ အများအပြား ရှိနိုင်သည်။ နယ်ချဲ့လွတ်မြောက်ရေး လှုပ်ရှားမှုနောက်ပိုင်းတွင်မူ နိုင်ငံတစ်ခုကို ထိန်းချုပ်သိမ်းပိုက် နိုင်သည့်အဆင့်နှင့် တိုင်းတာလျှင် အောင်မြင်မှုရရှိခဲ့သော အကြမ်းဖက်လှုပ်ရှားမှုဟူ၍ တစ်ခုမှ မရှိပါ။ အစ္စလာမ်မစ်နိုင်ငံတော်(IS)အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအချို့ကို ယာယီ သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက်အဖွဲ့တစ်ခုအနေဖြင့် နိုင်ငံတစ်ခုကိုသိမ်းပိုက်နိုင်ခြင်း၊ အာဏာရယူနိုင်ခဲ့ခြင်းမျိုး မရှိပါ။ အကြမ်းဖက်ဝါဒကို လက်နက်တစ်ခုအဖြစ် အသုံးပြုသော သူပုန်များအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဒေသခံလူထု၏ ထောက်ခံမှုမရဟု ဝီကန်ဆန်က ဆိုသည်။
အကြမ်းဖက်ဝါဒအောင်မြင်မှု ရှိ/မရှိ လေ့လာခဲ့သော အရေးကြီးသည့် စာရေးသူ တစ်ဦး မှာ ဘရိုင်ယန် ဂျန်ကင် (Brian Jenkins) ဖြစ်သည်။ ၂၀၀၆ ခုနှစ်က ရေးခဲ့သော ဆောင်းပါး တစ်ပိုဒ်တွင် သူက အကြမ်းသမားများ ပရော်ဖက်ရှယ်ဆန်လာမှု ပိုမိုတိုးတက်လာခြင်းနှင့် အကြမ်းဖက်မှုများကြောင့် သေဆုံးသူတိုးတက်လာခြင်းတို့ကို စိတ်ပူကြောင်း ဖော်ပြခဲ့သော် လည်း အကြမ်းဖက်ဝါဒ အောင်မြင်မှုအပေါ်တွင် ၎င်းက သံသယရှိသည်။ အကြမ်းဖက်သမား များသည် အကြမ်းဖက်မှုများ ပြန့်ပွားအောင်လုပ်ဆောင်နိုင်ခဲ့ပြီး ၎င်းတို့၏လုပ်ငန်းများ အတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့မှုနည်းသစ်များ တီထွင်ခဲ့ကာ ဆက်သွယ်ရေး မဟာဗျူဟာသစ်များ ဖော်ထုတ်ခဲ့ကြသလို ဖွဲ့စည်းပုံ မော်ဒယ်သစ်များ ဖန်တီးခဲ့ကြကြောင်း၊ သို့ရာတွင် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များ မအောင်မြင် ခဲ့ကြောင်း ရေးသားခဲ့ပြီး ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ ဝိရောဒိဟု ဆိုသည်။ အကြမ်းဖက် သမားများသည် ရံဖန်ရံခါတွင် နည်းဗျူဟာအောင်မြင်မှုရရှိပြီး လူအများ၏ အာရုံစိုက်မှုရရှိကာ သတိပေးမှုဖြစ်စေပြီး လူသစ်များကို ဆွဲဆောင်နိုင်သည်။ သို့ရာတွင် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များနှင့် တိုင်းတာလျှင်မူ အကြမ်းဖက်သမားများ၏ အရေးတော်ပုံမှာ အောင်မြင်မှုမရှိပါ။ ထိုအမြင်အရ အကြမ်းဖက်ဝါဒမှာ အောင်မြင်မှုမရှိဟု ဆိုနိုင်သော်လည်း အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေသည်ဟု ဂျန်ကင်က ဆိုသည်။
ထိုအချက်များနှင့်တိုင်းတာပါက အယ်ဂိုဒ်ဒါအဖွဲ့သည် အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်မည်လော။ သို့တည်း မဟုတ် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များ အနာဂတ်တွင် ပြည့်ဝဖွယ်ရှိသလော။ ထိုနေရာတွင် ပြဿနာမှာ အယ်ဂိုဒ်ဒါကို အဓိပ္ပာယ်ဖွင့်ရန် အခက်အခဲ ဖြစ်သည်။ အယ်ဂိုဒ်ဒါဆိုသည်မှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင်ရှိသော အမာခံ အယ်ဂိုဒ်ဒါအဖွဲ့ကို ဆိုလိုသည်လော၊ သို့တည်းမဟုတ် အယ်ဂိုဒ်ဒါနှင့် အီရတ်နှင့် အာရေဗျ ကျွန်းဆွယ်ရှိ ၎င်း၏ အနီးကပ်ပေါင်းစည်းထားသည့် ဆက်စပ်အဖွဲ့များပါ ပါဝင်သည်လော၊ သို့တည်းမဟုတ် အယ်ဂိုဒ်ဒါအဖွဲ့ နှင့် အိုင်ဒီယိုလိုဂျီအရ တစ်နည်းနည်းဖြင့်ဆက်စပ်နေသော အဖွဲ့များပါ ပါဝင်သည့် အယ်ဂိုဒ်ဒါကွန်ယက်ကို ဆိုလိုသည်လော စသည်ဖြင့် ဖြစ်သည်။ အယ်ဂိုဒ်ဒါအဖွဲ့၏ ရည်မှန်းချက်မှာ လက်ရှိ အစ္စလာမ်မစ်အစိုးရများကို ဖြုတ်ချပြီး အစ္စလာမ် မစ် ကာလီဖိတ်နိုင်ငံထူထောင်ရန်၊ မူဆလင်နိုင်ငံများမှ နိုင်ငံခြားသားအားလုံးကို မောင်းထုတ် ရန်နှင့် ဂျူး၊ အမေရိကန်နှင့် အခြားသော မယုံကြည်သူများကို သတ်ဖြတ်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်မှု ရှိ/မရှိနှင့် တိုင်းတာပါက အယ်ဂိုဒ်ဒါအဖွဲ့သည် အကြီး အကျယ် အရေးနိမ့်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အယ်ဂိုဒ်ဒါအဖွဲ့သည် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များကို အာဖဂန်နစ္စတန်တွင် အကုန်အကျများလှသော စစ်ပွဲတစ်ခုအတွင်း ဆွဲသွင်းခြင်းနှင့် အခြားကမ္ဘာ့ဒေသများတွင် စစ်ဆင်ရေးများ ဆင်နွှဲစေရန် စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံအများအပြားမှ တာဝန်ရှိသူများအနေဖြင့် အယ်ဂိုဒ်ဒါနှင့် ဆက်စပ် အဖွဲ့များ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် လုပ်ဆောင်နေရဆဲဖြစ်ပြီး အယ်ဂိုဒ်ဒါအဖွဲ့အနေဖြင့် ၎င်း၏ခေါင်းဆောင်များစွာ အဖမ်းခံရ၊ အသတ်ခံရသော်လည်း သတင်းထိပ်စည်းများ လုပ်နိုင် နေဆဲဖြစ်သည်။
ထိုနေရာတွင် အကြမ်းဖက်အဖွဲ့များ၏ အောင်မြင်မှုကို အယ်ဂိုဒ်ဒါအဖွဲ့ကဲ့သို့ ၎င်းတို့ ထုတ်ပြန်ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်အောင်မြင်ခြင်း ရှိ/မရှိတစ်ခုတည်းကိုသာ ကြည့်၍ ဆုံးဖြတ်၍ ရပါမည်လော၊ အကြောက်တရား မြင့်မားစေမှု၊ သို့တည်းမဟုတ် အကြမ်းဖက်ဝါဒကို တန်ပြန်ရန် အကြီးအကျယ်ရင်းနှီးမြှပ်နှံနေရမှု၊ သို့မဟုတ် အကြမ်းဖက်ဝါဒ ၏ ခြိမ်းခြောက်မှုသည် နိုင်ငံရေးလုပ်ငန်းအစီအစဉ်တွင် ဦးစားပေးမြင့်နေဆဲ ဖြစ်သည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုတော့ပြီလော၊ ထိုအချက်များသည် အကြမ်းဖက်ဝါဒ၏ အောင်မြင်မှု သင်္ကေတများ မဟုတ်ပါသလောဟု မေးခွန်းထုတ်စရာရှိသည်။ အကယ်၍သာ ထိုအချက်များဖြင့် အကြမ်းဖက်ဝါဒ၏အောင်မြင်မှုကို တိုင်းတာပါက မကြာသေးမီနှစ်များအတွင်း အကြမ်းဖက် ဝါဒနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် မည်မျှအောင်မြင်မှု ရခဲ့ပါသနည်း။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကို ထိပ်စည်းသတင်းဖြစ်မှုနှင့် တိုင်းတာလျှင် အကြမ်းဖက်သမားများအနေဖြင့် ထိပ်စည်းသတင်းများလုပ်ရာတွင် အလွန်တော်သည် ၊ သို့တည်းမဟုတ် အကြမ်းဖက်သမားများနှင့် မီဒီယာသည် အကြမ်းဖက်ဝါဒနှင့်ပတ်သက်သည့် ထိပ်စည်းသတင်း များ ဖန်တီးရာတွင် အလွန်တော်သည်ဟု ဆိုနိုင်သည်။ တကယ်တမ်းတွင် ထိပ်စည်းသတင်း များကိုရေးသူမှာ အကြမ်းဖက်သမားများမဟုတ်ပဲ ဂျာနယ်လစ်များဖြစ်ပြီး ထိုသို့ ရေးကြသည် မှာလည်း တောင်းဆိုမှုရှိသောကြောင့်ဖြစ်သည်။ အကြမ်းဖက်မှုနှင့် ဆက်စပ်သောသတင်းများ သည် ကမ္ဘာ့နေရာ အများအပြားမှ မီဒီယာတွင် နေ့စဉ်လိုလိုပင် ထိပ်စည်းသတင်းအဖြစ် ပါနေ သည်။ ၁၉၈၇ ခုနှစ်တွင်ပြုလုပ်ခဲ့သော အိုင်ယန်ဂါ နှင့် ခိုင်ဒါ (Iyengar and Kinder) တို့၏ လေ့လာချက်အရ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုမှ ရုပ်သံဌာန များဖြစ်သော ABC ၊ CBS နှင့် NBC တို့သည် အကြမ်းဝါဒအကြောင်းကို ဆင်းရဲမှု၊ အလုပ် လက်မဲ့၊ လူမျိုးရေးမညီမျှမှုနှင့် ရာဇဝတ်မှုများထက် ပိုမို ဖော်ပြခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၉/၁၁ ဖြစ်ရပ်မတိုင်မီကတည်းကပင် အကြမ်းဖက်ဝါဒ အကြောင်းသည် သတင်းခေါင်းကြီး ဖြစ်နေပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်တွင် မမျှော်လင့်ပဲ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင်မူ မီဒီယာများတွင် အကြမ်းဖက်ဝါဒအကြောင်းဖော်ပြသည် မှာလည်း မျှော်လင့်မထားလောက်အောင် များပြားလာသည်။ လူသုံးဦးသာ သေဆုံးခဲ့သော ဘော့စတွန်မာရသွန်ကို ဗုံးခွဲတိုက်ခိုက်မှုသည် အီရတ်၊ အာဖဂန်စသော ဒေသများတွင် လူများစွာ သေဆုံးသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နှိုင်းစာလျှင် အသေးစားတိုက်ခိုက်မှု သာ ဖြစ်သော်လည်း ကမ္ဘာတစ်လွှား သတင်းခေါင်းကြီး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကံမကောင်း အကြောင်းမလှစွာပင် အကြမ်းဖက်သမားများသည် ထိပ်တန်းသတင်းများဖြစ်လာရန် အလွယ် တကူပြုလုပ်နိုင်ကြောင်းတွေ့ရသည်။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကို အကြောက်တရား ဖြန့်ဖြူးနိုင်မှုနှင့် တိုင်းတာရန် မကြာသေးမီနှစ်များ အတွင်းက ပြုလုပ်ခဲ့သော လူထုထင်မြင်ချက်စစ်တမ်းများကို လေ့လာ ကြည့်ပါမည်။ အမေရိကန်များကို ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုသားကောင်ဖြစ်မည်ကို စိတ်ပူခြင်းရှိ/မရှိ နှစ်စဉ်ကောက်ယူခဲ့သော Gallop စစ်တမ်း အရ ၁၉၉၆ ခုနှစ်တွင် စိတ်ပူသူ ၃၉% ရှိရာမှ ၂၀၀၀ ပြည့်နှစ် ဧပြီတွင် ၂၅% အထိ ကျဆင်း သွားခဲ့သည်။ ၉/၁၁ အကြမ်းဖက်မှုဖြစ်ပွားပြီး ပထမပတ်အတွင်းတွင် ၅၉% အထိ မြင့်တက် ခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ၂၈ နှင့် ၄၈% အကြား ပြောင်းလဲနေခဲ့သည်။ ဘော့စတွန် မာရသွန်ဗုံးခွဲမှုအပြီး ၂၀၁၃ အစောပိုင်း တွင် ၄၀% ဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ်ကနှင့် အတူတူ နီးပါးဖြစ်သည်။ ဥရောပသမဂ္ဂအတွင်း Eurobarometer ၏ လူထုထင်မြင်ချက် စစ်တမ်းအရ ပြီးခဲ့သည့် ဆယ်စုနှစ်တွင်းအကြမ်းဖက်မှုအပေါ် စိုးရိမ်မှုမှာ အတက်အကျရှိပြီး အမေရိကန် ထက်များစွာ နိမ့်ပါသည်။ သို့သော်လည်း ယနေ့တွင်ပင်အနောက်နိုင်ငံများစွာတွင် အကြမ်း ဖက်မှုသည် ၎င်းတို့လူထု၏ ထိပ်တန်းစိတ်ပူစရာဆယ်ခုတွင် ပါဝင်နေဆဲဖြစ်သည်။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကိုတိုင်းတာရန်မှာ အောင်မြင်မှုအပေါ် အဓိပ္ပာယ်ဖွင့်ဆို ချက်အပေါ် များစွာ မူတည်ပါသည်။ အလွန်နည်းပါးလှသော အကြမ်းဖက်အဖွဲ့အစည်းများ သည်သာ ၎င်းတို့ကြေညာထားသော နိုင်ငံရေးရည်မှန်းချက်များ ရရှိခဲ့သော်လည်း ၎င်းတို့သည် မီဒီယာ၏ စိတ်ဝင်စားမှုများစွာ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အပေါ် ကြောက်ရွံ့မှုအဆင့်မှာ ၎င်းတို့၏လုပ်ဆောင်မှုအပေါ်မူတည်ပြီး တစ်သက်လုံး ကြောက်နေကြ သည် မဟုတ်ပါ။ နှစ်အနှစ်ငယ်ကြာပြီးနောက်တွင် အကြမ်းဖက်အဖွဲ့များမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့များသည် လူအများ၏ အလေးထား မှုကိုရရှိသော်လည်း များစွာအောင်မြင်သည်ဟု မဆိုနိုင်ပါ။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
အပိုင်း(၄)ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4217

ကုန်စည်သင်္ဘောများနှင့် စစ်သင်္ဘောများ အမြဲတမ်း ချောမွေ့စွာ သွားလာနိုင်မည်ဟု ယူဆကာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်လမ်းကြောင်းလုံခြုံရေးကို အမေရိကန်က ဆယ်စုနှစ်များစွာ အလေးမမူခဲ့ပေ။ သို့သော် အမေရိကန်က ငြိမ်သက်နေချိန်တွင် တရုတ်သည် ၎င်း၏ရေကြောင်း စိုးမိုးမှုကို နည်းလမ်းတကျချဲ့ထွင်ကာ ၎င်း၏ကိုယ်ပိုင်ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်ခြင်းဖြင့် အမေရိကန်၏ ထောက်ပံ့ရေးကွင်းဆက်များကို အလိုအလျောက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ပိုလန်နိုင်ငံရှိ စစ်ရေးဆိုင်ရာသင်္ဘောအချိန်းအပြောင်းတွင် တရုတ်က ဝင်ရောက်စွက်ဖက်ခြင်းသည် သတိပေးခေါင်းလောင်းထိုးလိုက်ခြင်းဖြစ်ပြီး ၎င်းသည် စိတ်ကူးယဉ်ခြိမ်းခြောက်မှုသက်
ကုန်စည်သင်္ဘောများနှင့် စစ်သင်္ဘောများ အမြဲတမ်း ချောမွေ့စွာ သွားလာနိုင်မည်ဟု ယူဆကာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်လမ်းကြောင်းလုံခြုံရေးကို အမေရိကန်က ဆယ်စုနှစ်များစွာ အလေးမမူခဲ့ပေ။ သို့သော် အမေရိကန်က ငြိမ်သက်နေချိန်တွင် တရုတ်သည် ၎င်း၏ရေကြောင်း စိုးမိုးမှုကို နည်းလမ်းတကျချဲ့ထွင်ကာ ၎င်း၏ကိုယ်ပိုင်ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်ခြင်းဖြင့် အမေရိကန်၏ ထောက်ပံ့ရေးကွင်းဆက်များကို အလိုအလျောက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ပိုလန်နိုင်ငံရှိ စစ်ရေးဆိုင်ရာသင်္ဘောအချိန်းအပြောင်းတွင် တရုတ်က ဝင်ရောက်စွက်ဖက်ခြင်းသည် သတိပေးခေါင်းလောင်းထိုးလိုက်ခြင်းဖြစ်ပြီး ၎င်းသည် စိတ်ကူးယဉ်ခြိမ်းခြောက်မှုသက်သက် မဟုတ်ကြောင်း ပေါ်လွင်ပေသည်။ ကမ္ဘာလုံးဆိုင်ရာဆိပ်ကမ်းများနှင့် သင်္ဘောကုန်စည်ပို့ဆောင်ရေး တို့အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုသည် ပထဝီနိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ရလျှင် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် စစ်တပ်၏ စည်းရုံးရေးစွမ်းရည်တို့ကို အလှည့်အပြောင်းဖြစ်စေ နိုင်သည့် တုန်လှုပ်ဖွယ်အဖြစ်မှန်ပင်ဖြစ်သည်။
ရေကြောင်းဆိုင်ရာ အားနည်းချက်များ
အမေရိကန်သည် သမိုင်းတွင် တစ်ခုတည်းသော ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ် ထင်ရှား သော်လည်း ရေကြောင်းကုန်သွယ်ရေးနှင့်ပတ်သက်လာလျှင် ဩချရလောက်အောင် အားနည်းသည့် အနေအထားဖြင့် ရောင့်ရဲနေပုံရသည်။ တရုတ်နိုင်ငံသည် ပင်လယ်ကူးကုန်သင်္ဘော ၅၅၀၀ ကျော် ပိုင်ဆိုင်ထားပြီး အမေရိကန်က အစီး ၈၀ မျှသာ ထိန်းချုပ်ထားနိုင်သည်။ တရုတ်နိုင်ငံ၏ သင်္ဘော တည်ဆောက်မှုစွမ်းရည်သည် အမေရိကန်နိုင်ငံထက် အဆပေါင်း ၂၃၂ ဆ သာလွန်နေပြီး တရုတ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဆိပ်ကမ်းပေါင်း ၁၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားသော်လည်းအမေရိကန်တွင် မဟာဗျူဟာမြောက်ပိုင်ဆိုင်မှု အနည်းငယ်မျှသာရှိသည်။ အမေရိကန်နိုင်ငံ အတွင်း၌ပင် ဆိပ်ကမ်းအများစုကို နိုင်ငံခြားအဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ အနှစ်ချုပ် အားဖြင့် အမေရိကန်သည် ၎င်း၏ထောက်ပံ့ရေးကွင်းဆက်များ ဆက်လက်လည်ပတ်နေစေရန် အတွက် မိတ်ဖက်များနှင့် နိုင်ငံခြားအော်ပရေတာများ၏ ရှုပ်ထွေးပွေလီသောကွန်ရက်ပေါ်တွင် မှီခို နေရသည်။
တရုတ်နိုင်ငံ၏ ရေကြောင်းချဲ့ထွင်မှုသည် သမားရိုးကျသင်္ဘောလမ်းကြောင်းများနှင့်ပင် ရပ်တန့်မနေပေ။ သူ့ကိုယ်သူ “အာတိတ်အနီးပတ်ဝန်းကျင်နိုင်ငံ” ဟု တံဆိပ်တပ်ခြင်းဖြင့် ပေကျင်းသည် မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်းတွင် ရေခဲခွဲသင်္ဘောများ ဖြန့်ကျက်ချထား၍ ရုရှားနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ကာ အာတိတ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် သဘာဝ အရင်းအမြစ်များကိုအသုံးချရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံသည် အနောက်နိုင်ငံ များမှ ထိန်းချုပ်ထားသော သမရိုးကျသင်္ဘောလိုင်းများကို ကျော်ဖြတ်ရန် အခြားလမ်းကြောင်း များကို လုံခြုံအောင်ပြုလုပ်နေပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအပေါ်တွင် ၎င်း၏သြဇာလွှမ်းမိုးမှု တိုးမြှင့်ရန် တပြိုင်နက်တည်းလုပ်ဆောင်နေသည်ကို ရှင်းလင်းစွာ တွေ့နိုင်ပါသည်။
ကူးသန်းရောင်းဝယ်ရေးကို လွှမ်းမိုးမှုအပြင် ရေကြောင်းပို့ဆောင်ရေးအပေါ် တရုတ်၏ ထိန်းချုပ်မှုသည် စစ်ရေးအကျိုးဆက်များကိုပါ ဆက်လက်ရရှိစေမည်ဖြစ်သည်။ ကြီးမားသော ပြဿနာတစ်ခုမှာ အမေရိကန်စစ်တပ်သည် ၎င်း၏ကုန်ပစ္စည်းပို့ဆောင်ရေး၏ ၉၀ ရာခိုင်နှုန်းအထိ စီးပွားဖြစ်သင်္ဘောများပေါ်တွင် မှီခိုနေရသည်။ ထို့ကြောင့် အမေရိကန်သည် ၎င်း၏ကိုယ်ပိုင် ကုန်တင်သင်္ဘောမရှိပါက ပြည်ပအလံတင်သင်္ဘောများပေါ်တွင် မှီခိုနေရမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ အလွယ်တကူ အသုံးချနိုင်သည့် အားနည်းချက်တစ်ခုဖြစ်နေသည်။
တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာထိန်းချုပ်မှု
တရုတ်နိုင်ငံသည် ကုန်ပစ္စည်းတင်ပို့မှုများအပေါ် အချိန်နှင့်တစ်ပြေးညီ ခြေရာခံပေးသည့် နိုင်ငံတော် ကျောထောက်နောက်ခံပြု LOGINK ဆော့ဖ်ဝဲမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ပို့ဆောင်မှုအပေါ် အရေးပါသောထိန်းချုပ်မှုကိုလည်း ဆောင်ရွက်ထားသည်။ ဤဆော့ဖ်ဝဲကို ဂျပန်၊ တောင်ကိုးရီးယားနှင့် ဥရောပတစ်ဝှမ်းရှိ အဓိကကုန်သွယ်ရေးဗဟိုချက်မများတွင် အသုံးပြု ထားပြီး ထောက်ပံ့ရေးကွင်းဆက်များနှင့် စီးပွားရေး သို့မဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ အငြင်းပွားမှု များတွင် လွှမ်းမိုးမှုရစေနိုင်သည့် အလားအလာတစ်ရပ်ဖြစ်သည်။ အမေရိကန်ကွန်ဂရက်အနေဖြင့် ပင်တဂွန်အား LOGINK အသုံးပြုထားသည့် ဆိပ်ကမ်းများအသုံးပြုခြင်းကို တားမြစ်ထားသော်လည်း ကုန်သွယ်မှုသည် ဆက်လက်ပုံပေါ်နေဆဲပင်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှု
LOGINK မှ အချက်အလက်များသည် အမေရိကန်၏အားနည်းချက်များကို ရှာဖွေဖော်ထုတ် နိုင်စွမ်းရှိသကဲ့သို့ ဆိပ်ကမ်းများတွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများသည် ထိုသို့သိမြင်ထားမှုအပေါ် အမြတ်ထုတ်ခွင့်ရရှိစေနိုင်သည်။ BRI ၏ တိုးချဲ့မှုတစ်ခုဖြစ်သည့် ရေကြောင်းပိုးလမ်းမကြီးသည် ပေကျင်းအား ကမ္ဘာတစ်ဝှမ်းရှိ အရေးပါသောဆိပ်ကမ်းများကို လည်ပတ်ထိန်းချုပ်နိုင်စေခဲ့သည်။ ဂရိနိုင်ငံရှိ Piraeus ဆိပ်ကမ်းနှင့် သီရိလင်္ကာနိုင်ငံရှိ Hambantota ဆိပ်ကမ်းကဲ့သို့သောနေရာ များတွင် တရုတ်သည် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကို ဗျူဟာမြောက်ခြေကုပ်စခန်း များအဖြစ် ပြောင်းလဲကာ အမေရိကန်နှင့်မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှုများအတွက် အရေး ပါသောဒေသများသို့ လက်လှမ်းမီနိုင်စေခဲ့သည်။
ဤထိန်းချုပ်မှုအဆင့်သည် တရုတ်နိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းချုပ်ရန်၊ စီးပွားရေးဖိအားများကို တွန်းလှန်ရန်နှင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအပါအဝင် ပြိုင်ဘက် နိုင်ငံများထက် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်ရန် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ဥပမာအားဖြင့် ကမ္ဘာ့ဆိပ်ကမ်းအခြေခံအဆောက်အအုံတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်မှုသည် နိုင်ငံတကာပင်လယ်ရေကြောင်းစည်းမျဉ်းများနှင့် စံနှုန်းများကို ပုံဖော်နိုင်စေပါသည်။ ဆိပ်ကမ်း များနှင့်ဆက်စပ်သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ထိန်းချုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် သင်္ဘောခ၊ ဆိပ်ကမ်းဝင်ရောက်ခွင့် စည်းမျဉ်းများနှင့် အကောက်ခွန်မူဝါဒများအတွက် စံနှုန်းသစ် များကို သတ်မှတ်နိုင်သည်။ ဤစီးပွားရေးသြဇာလွှမ်းမိုးမှုသည် ပေကျင်း၏မူဝါဒများနှင့် လိုက်လျော ညီထွေဖြစ်စေရန် နိုင်ငံငယ်များကို ဖိအားပေးနိုင်သည် သို့မဟုတ် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အကယ်၍ တင်းမာမှုများ ဆက်လက်တိုးပွားလာပါက တရုတ်သည် သင်္ဘော ပို့ဆောင်ခွင့်ကို နှောင့်ယှက်နိုင်ပြီး ထောက်ပံ့ပို့ဆောင်မှုကို နှေးကွေးစေနိုင်သည် သို့မဟုတ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သည်။ မကြာသေးမီက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (DoD) မှ COSCO Shipping Holdings ကို ပုဒ်မ 1260H အမျိုးသား လုံခြုံရေးဆိုင်ရာအန္တရာယ်ရှိစာရင်းတွင် ထည့်သွင်းရန်ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ၏ ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းချုပ်နိုင်မှု ကြီးထွားလာခြင်းအပေါ် စိုးရိမ်ပူပန်မှု ကြီးထွား လာကြောင်း ထင်ဟပ်စေပါသည်။
အကွဲကွဲ အပြားပြား တုံ့ပြန်မှုများ
ခြိမ်းခြောက်မှုမှာ ပြင်းထန်နေသော်လည်း အမေရိကန်၏တုံ့ပြန်မှုသည် ပြဿနာ၏ ကိစ္စရပ်ပေါင်းများစွာကို သီးခြားစီဖြေရှင်းနေသည့် အေဂျင်စီပေါင်းများစွာဖြင့် အဆီအငေါ်မတည့် ရှိနေဆဲပင်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်တွင် ရေတပ်အခြေခံအဆောက် အအုံသစ်များ တည်ဆောက်နေစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန တို့သည် မဟာဗျူဟာကျသော အမေရိကန်ဆိပ်ကမ်းများ လုံခြုံစေရန်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးလုံခြုံမှုကို အဓိကထားလုပ်ဆောင်ရန်အတွက် ရေကြောင်းညွှန်ကြားမှုဦးစီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမိမြေလုံခြုံရေးဝန်ကြီးဌာနနှင့် ကမ်းခြေစောင့်တပ် တို့သည် အမေရိကန်၏ဆိပ်ကမ်းအခြေခံအဆောက်အအုံများအပေါ် ပြည်ပထိန်းချုပ်မှုများ(အထူးသဖြင့် သတင်းထောက်လှမ်းစုဆောင်းနိုင်စွမ်းရှိသည်ဟု ယူဆရသော တရုတ်ပြည်ထုတ် ဝန်ချီစက်များ ရှိနေခြင်း) ကို စောင့်ကြည့်လျက်ရှိသည်။ တရုတ်ပိုင် COSCO ကုမ္ပဏီသည် Long Beach ကွန်တိန်နာဆိပ်ကမ်းရှိ ၎င်း၏ရှယ်ယာများကို ရောင်းထုတ်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာကော်မတီက အရေးယူ ခဲ့သည်။ ဖက်ဒရယ်ရေကြောင်းကော်မရှင်က မျှတမှုမရှိသောဆောင်ရွက်ချက်များကို စုံစမ်းစစ်ဆေး နေသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း တို့ကဲ့သို့အေဂျင်စီများသည် ပေကျင်း၏ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို တန်ပြန်ရန် ဘဏ္ဍာရေး စွမ်းအားမရှိသော်ငြား တရုတ်နိုင်ငံ၏ပြည်ပဆိပ်ကမ်းရင်းနှီးမြုပ်နှံမှုများတွင် စဉ်းစားစရာများ ဖြစ်စေရန် လုပ်ဆောင်နေကြသည်။ အမျိုးသားလုံခြုံရေးကောင်စီသည် ပင်လယ်ရေကြောင်း အန္တရာယ်ကိုအလေးထားသည့် အခန်းကဏ္ဍသစ်တစ်ရပ်ကို ထူထောင်ထားသော်လည်း အခြေ တည်ရန် ကြိုးစားနေရဆဲဖြစ်ပြီး အခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ကြီးကြပ်မည့် အာဏာပိုင်များလည်း မရှိသေးပေ။
လုပ်ဆောင်ရန် လိုအပ်သည့်အချက်များ
အမေရိကန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် အနည်းငယ်မျှသာဖြစ်ပြီး ညှိနှိုင်း ဆောင်ရွက်မှုလည်းမရှိပါ။ ကမ္ဘာ့အချက်အချာကျသောနေရာများတွင် တရုတ်နိုင်ငံက ထောက်ပံ့ ပို့ဆောင်ရေးကို ဆက်လက်လွှမ်းမိုးနေပါက အမေရိကန်ဆိပ်ကမ်းများကို တရုတ်ကသုံးစွဲမှုအား ပိတ်ဆို့ခြင်းမှာ အနည်းငယ်မျှသာ ထိရောက်မည်ဖြစ်သည်။ ပင်လယ်ရေကြောင်း ကူးသန်း ရောင်းဝယ်ရေးတွင် ဦးဆောင်မှုပြန်လည်ရရှိရန် အမေရိကန်သည် ပိုမိုဗျူဟာမြောက် တက်ကြွသော ချဉ်းကပ်မှုတစ်ရပ်ကို ကျင့်သုံးရမည်ဖြစ်သည်။
ပထမဦးစွာ အစိုးရအနေဖြင့် မည်သည့်ကမ္ဘာ့ဆိပ်ကမ်းများသည် အမေရိကန်၏စီးပွားရေးနှင့် စစ်ရေးအကျိုးစီးပွားအတွက် အရေးကြီးကြောင်း ခွဲခြားသတ်မှတ်ပြီး ၎င်းတို့သည် ကြားနေနိုင်ငံ သို့မဟုတ် အမေရိကန်၏ မဟာမိတ်နိုင်ငံတို့၏ လက်ဝယ်တွင်ရှိကြောင်း သေချာစေရန် ဆောင်ရွက် ရမည်ဖြစ်သည်။ တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို လက်မခံရန် အခြားနိုင်ငံများကို သတိပေးရုံမျှဖြင့် မလုံလောက်နိုင်ပေ။ မဟာဗျူဟာကျသော အခြေခံအဆောက်အအုံများ လုံခြုံမှုရှိစေရန်အတွက် အမေရိကန်သည် ပုဂ္ဂလိကစက်မှုလုပ်ငန်းနှင့် မဟာမိတ်အစိုးရများနှင့် ပူးပေါင်းကာ အပြိုင်အဆိုင် ရွေးချယ်စရာများကို ပံ့ပိုးပေးရမည်ဖြစ်သည်။ မကြာသေးမီက BlackRock ဦးဆောင်သော ရင်းနှီး မြုပ်နှံမှုအစုအဖွဲ့တစ်ခုသည် ပနားမားရှိ အဓိကဆိပ်ကမ်းနှစ်ခုကို ဝယ်ယူခဲ့ပြီး ယခုအခါ ယခင် ဟောင်ကောင်မှပိုင်ရှင်ဟောင်းအစား ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုမှ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ယင်းလုပ်ရပ်မျိုးသည် သမ္မတ၏အာရုံစိုက်မှုရရှိရန် ဆောင်ရွက်ချက်သက်သက်မျှသာမဟုတ်ဘဲ တစ်ကမ္ဘာလုံးတွင် စုစည်းလုပ်ဆောင်နေသည့် ကြိုးပမ်းမှုမျိုးဖြစ်ရပါမည်။
ဒုတိယအချက်မှာ အမေရိကန်သည်ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် တရုတ်၏ ဒီဂျစ်တယ်နည်းပညာလွှမ်းမိုးမှုကို တန်ပြန်ရမည်ဖြစ်သည်။ LOGINK နှင့် အလားတူ တရုတ် ကျောထောက်နောက်ခံပြု နည်းပညာများသည် ပေကျင်းအား ကုန်သွယ်မှုအချက်အလက်များနှင့် ပို့ဆောင်မှုပုံစံများကို မကြုံစဖူးအခွင့်အရေးများ ရရှိစေသည်။ ပိုမိုအားကောင်းသော ဆိုက်ဘာ လုံခြုံရေးအစီအမံများ လိုအပ်သော်လည်း မလုံလောက်ပါ။ တရုတ်၏ အချက်အလက်စုဆောင်း ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးဆင်းမှုအလားအလာများကို ခြယ်လှယ်ခြင်းမှ ကာကွယ်ရန် ဝါရှင်တန်အနေဖြင့် အစားထိုးထောက်ပံ့ပို့ဆောင်ရေးပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနိုင်မှုတို့အတွက် ပံ့ပိုးပေးရမည်ဖြစ်သည်။
တတိယအချက်မှာ အမေရိကန်သည် ၎င်း၏ကိုယ်ပိုင်ရေကြောင်းဆိုင်ရာ စွမ်းဆောင်မှု များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မဟာမိတ်နိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့်ရန် လိုအပ်သည်။ ပြည်တွင်း၌ မည်ကဲ့သို့ ရင်းနှီးမြုပ်နှံမှုအမျိုးအစားများ ဆောင်ရွက်သင့်သည်၊ မဟာမိတ်များနှင့် မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည် စသဖြင့် ဆန်းစစ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ဗျာများနေရသည့်အချိန်များတွင် လိုအပ်သော သင်္ဘောနှင့် သင်္ဘော တည်ဆောက်ရေးစွမ်းရည်ရှိရမည်ဖြစ်သည်။ ကနေဒါနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့နှင့် မကြာသေးမီက ICE Pact ပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သော အစပျိုးမှုတစ်ရပ်ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလိုအပ်မည်ဖြစ်ပေသည်။
စတုတ္ထအချက်မှာ ဌာနဆိုင်ရာများနှင့် အေဂျင်စီများအားလုံး၏ အမျိုးမျိုးကွဲပြားနေသော ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ကြောင်းသေချာစေရန် ပေါင်းစည်းရေကြောင်းလုံခြုံရေးမဟာဗျူဟာကို ဖော်ဆောင် သင့်ပေသည်။
တောင်တရုတ်ပင်လယ်၊ ပင်လယ်နီနှင့် ပနားမားတူးမြောင်း ကဲ့သို့သော ရေလမ်းကျဉ်း နေရာများတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ ရေကြောင်းအခြေခံအဆောက်အအုံဆိုင်ရာအားနည်းချက်များသည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ် စေနိုင်သည်။ အမေရိကန်အနေဖြင့် ပြုသမျှနုနေ၍ မရတော့ပါ။ အကွဲကွဲ အပြားပြားနှင့် ဟိုတစ်စု ဒီတစ်ခု တုံ့ပြန်မှုများသည် တရုတ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ သြဇာချဲ့ထွင်မှုကို တန်ပြန်ရန် လုံလောက်မည် မဟုတ်ပေ။
အရေးပါသော ထောက်ပံ့ရေးကွင်းဆက်များနှင့် စစ်ရေးအသင့်ဖြစ်မှုတို့အပေါ် မူတည် နေသည့် ကမ္ဘာ့ပင်လယ်ရေလမ်းကြောင်းများ လုံခြုံစေရန်အတွက် အမေရိကန်သည် ပြည်တွင်း မူဝါဒများကို ညှိနှိုင်းခြင်း၊ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ခိုင်မာစွာဆောင်ရွက်ခြင်းတို့ဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်ပြီး ကောင်းမွန်သော ညှိနှိုင်းဗျူဟာဖြင့်သာ ကမ္ဘာ့ကုန်သွယ်ရေးသည် ပေကျင်း၏ စွက်ဖက်မှုများကို ဆန့်ကျင်၍ လွတ်လပ်၊ ပွင့်လင်းပြီး ကြံ့ကြံ့ခံနိုင်ဆဲဖြစ်ကြောင်း အမေရိကန်က သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ပေသည်။
(အမေရိကန်အခြေစိုက် Wilson Center ၏ Analysis ကဏ္ဍတွင် ဆောင်းပါးရှင် Mark Kennedy နှင့် Christa Brzozowski တို့ ပြုစုရေးသားသည့် “America’s Maritime Blind Spot: How China is Gaining the Upper Hand on the High Seas” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)
ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အကြမ်းဖက်ဝါဒနှင့်ပတ်သက်ပြီး ယူဆချက်များ
အကြမ်းဖက်ဝါဒနှင့် ပတ်သက်ပြီး ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမား ဖြစ်ရသည်။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်သည်။ အကြမ်းဖက်မှုကြောင့် တစ်နေ့တစ်ခြား အသေအပျောက် ပိုများနေသည်။ အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒဖြစ်သည်။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည် စသည်ဖြင့် ယူဆချက်များရှိပါသည်။ ထိုယူဆချက်များသည် အမှန်တကယ်လော၊ ယုံတမ်းလောဆိုသည်ကို အချက်အလက်အထောက်အထားများဖြင့် ဝေဖန်သုံးသပ် ပါမည်။

၁။ ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမား ဖြစ်ရသည်
ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသော ယူဆချက်မှာ အကြမ်းဖက်ဝါဒကို ဖြစ်စေသော မူလအကြောင်းရင်းကို ဖော်ထုတ်ထားခြင်းဖြစ်သည်။ ထိုယူဆချက် မည်သည့်နေရာမှ စထွက်လာသနည်း ဆိုသည်ကို ကြည့်ရာတွင် ထိုယူဆချက်သည် နိုင်ငံရေးသမားများနှင့် လူသိများထင်ရှားသူများ စပြောခဲ့သည့် ယူဆချက် ဖြစ်ကြောင်းတွေ့ရသည်။ ဥပမာနှစ်ခု ပြပါမည်။ ပထမတစ်ခုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကောလင်းပါဝဲ (Colin Powell) ၂၀၀၂ ခုနှစ်တွင် ပြောကြားခဲ့သည့်စကားဖြစ်သည်။ ၎င်းက အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် ဆင်းရဲမွဲတေသည့်နေရာ၊ မသိနားမလည်မှုများသာရှိသည့်နေရာ၊ ဘဝအတွက် မျှော်လင့်ချက်မရှိသည့် နေရာမှလာသည်ဟု ၎င်းအနေဖြင့် အပြည့်အဝ ယုံကြည်သည်ဟု ပြောသွားခဲ့သည်။ ဒုတိယတစ်ယောက်မှာ တောင်အာဖရိကနိုင်ငံမှ ခရစ်ယာန် ဘုန်းတော်ကြီး ဒစ်စမွန်တူးတူး (Desmond Tutu) ဖြစ်သည်။ ၎င်းက ကမ္ဘာကြီးတွင် မျှော်လင့်ချက် မရှိလောက်အောင် ဆင်းရဲမွဲတေမှု၊ ရောဂါဘယနှင့် မသိနားမလည်မှုများ ရှိနေသမျှ ကာလပတ်လုံး အကြမ်းဖက်မှုကို အနိုင်တိုက်နိုင်မည် မဟုတ်ဟု ၂၀၀၇ ခုနှစ်တွင် ပြောကြားခဲ့သည်။ ဆင်းရဲမှုနှင့်အကြမ်းဖက်ဝါဒ အဆက်အစပ်ရှိသည်ဟု ပြောကြား ခဲ့သူများမှာ ကောလင်းပါဝဲနှင့် ဒစ်စမွန်တူးတူးသာမက အခြားသြဇာရှိပုဂ္ဂိုလ် အများအပြားလည်း ပါဝင် ပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ၎င်းတို့အနက်အများစုမှာ အကြမ်းဖက်ဝါဒကဲ့သို့သော အရေးကြီး ကိစ္စများနှင့်ပတ်သက်၍ မဟာဗျူဟာနှင့် မူဝါဒများချမှတ်ရန် တာဝန်ရှိသည့် နိုင်ငံရေးသမားများနှင့် ကမ္ဘာ့ ခေါင်းဆောင်များ ဖြစ်နေသည်ကို တွေ့ရသည်။
၎င်းတို့ပြောကြားခဲ့သည်မှာ အမှန်လော၊ အမှားလော။ ဆင်းရဲမှုသည် အကြမ်းဖက်မှု ဖြစ်စေသော အကြောင်းရင်းခံ ဖြစ်ပါသလော။ ထိုမေးခွန်းများကို အဖြေရှာရန်အတွက် ဆင်းရဲမှုနှင့် အကြမ်းဖက်ဝါဒ ဆက်စပ်မှုရှိသည်ဟု အဘယ်ကြောင့် ကောက်ချက်ချရသည်ကို ဆန်းစစ်ကြည့်ပါမည်။ အခြေခံစိတ်ကူးစိတ်သန်းမှာ ဆင်းရဲမှုကြောင့် ဘဝတိုးတက်ရန် အခွင့်အလမ်း မရှိသည့်အတွက် ချမ်းသာသူများအပေါ် ဒေါသထွက်ခြင်း (သို့မဟုတ်) အစိုးရကို အပြစ်တင်ခြင်း ဖြစ်ပြီး နာကျည်းချက်မှာအဓိကဖြစ်သည်။ မျှော်လင့်ချက်မရှိသည့် ဆင်းရဲသားများအနေဖြင့် ၎င်းတို့၏ နာကျည်းချက်၊ ၎င်းတို့၏ ဒေါသ၊ ၎င်းတို့၏စိတ်ပျက်ရမှုများကို အစိုးရ၏ နိုင်ငံရေး လုပ်ငန်းအစီအစဉ် အပေါ်ပုံချပြီး အကြမ်းဖက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အချို့ကလည်း ဆင်းရဲသော နိုင်ငံ အချို့မှ အကြမ်းဖက်သမားအချို့သည် လူ့အသိုင်းအဝိုင်း၏ အောက်ဆုံးအလွှာမှ ဖြစ်သည်ကို ထောက်ပြ ကြသည်။ အချို့က ဆင်းရဲသားများအတွက် တိုက်ပွဲဝင်သည်ဟု ကြေညာထားသော လက်ဝဲစွန်း အကြမ်းဖက် အဖွဲ့အချို့ကို ထောက်ပြကြပါသည်။
ဆင်းရဲခြင်းသည် အကြမ်းဖက်မှုကို ဖြစ်စေသည့်အကြောင်းရင်းခံဟု ပြောကြခြင်းသည် တကယ့်အမှန်တရား ဟုတ်၊မဟုတ် အရေးကြီးပါ၏လော။ ထိုယူဆချက်မှန်၊ မမှန် စမ်းသပ်စစ်ဆေးရန် ဘာကြောင့် လိုအပ်ပါ သနည်း။ အကြမ်းဖက်မှုဖြစ်စေသော အကြောင်းရင်းခံများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် သုံးရမည် ဖြစ်သောကြောင့် ထိုယူဆချက်မှန်/မမှန် စမ်းသပ်စစ်ဆေးရန် အရေးကြီးခြင်းဖြစ်သည်။ ဆင်းရဲခြင်းသည်သာ အကြမ်းဖက်မှု၏ တကယ့်အကြောင်းရင်းခံဆိုလျှင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို ယခုထက်ပို အားထည့် လုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းသည် လူသားချင်းစာနာထောက်ထားမှ ကြည့်လျှင်လည်း အမှန်တကယ် ကောင်းမွန်ပါသည်။ သို့သော် ဆင်းရဲမှုပပျောက်ရေးဆောင်ရွက်ချက်များသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနိုင်ချေကို လျော့ချပေးရန် အကူအညီဖြစ်/ မဖြစ်သိရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပေါ်လစီမိတ်ကာများအနေဖြင့် အခြားသောပြဿနာများမှာကဲ့သို့ပင် အကြမ်းဖက်တိုက်ဖျက်ရေးအတွက်လည်း ငွေ၊ အချိန်၊ လူ စသော ရင်းမြစ်များ ကန့်သတ်ချက် ရှိခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ထိုရင်းမြစ်များကို ဆင်းရဲမှုပပျောက်ရေးအတွက် သုံးလိုက်လျှင် အခြားကိစ္စများအတွက် သုံးစရာရှိမည်မဟုတ်တော့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဆင်းရဲမှုသည် အကြမ်းဖက်ဝါဒ၏ အမှန်တကယ် အကြောင်းရင်းခံ ဟုတ်၊ မဟုတ် သိရန် လိုအပ်ပြီး အကြမ်းဖက်နှိမ်နင်းရေးရှုထောင့်မှကြည့်လျှင် ဆင်းရဲမှုလျော့ချရေးသည် အရေးကြီး ကိစ္စ ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်လိုအပ်ပါသည်။
ထို့ကြောင့် ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသည့် အဆိုမှန်/ မမှန် ကို လက်တွေ့ မျက်မြင် အချက်အလက်များနှင့် ပညာရပ်ဆိုင်ရာသုတေသနများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါမည်။ အကြမ်းဖက်သမား များ၏ အချက်အလက်များကို လေ့လာကြည့်ရာတွင် အကြမ်းဖက်သမားအများစုသည် အလွန်ဆင်းရဲသူများ (သို့မဟုတ်) အခြားသူများထက် များစွာ ဆင်းရဲသူများမဟုတ်ကြောင်း တွေ့ရသည်။ တကယ်တမ်းတွင် အချို့ အကြမ်းဖက်သမားများမှာ အလွန်ချမ်းသာသူများ ဖြစ်ကြသည်။ လူသိအများဆုံး အကြမ်းဖက်သမားဖြစ်သည့် အိုစမာဘင်လာဒင် (Osama binLaden) ဆိုလျှင် ချမ်းသာသည့်ဆော်ဒီမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဒက်ထရွိုက်မြို့သို့ သွားသည့် လေယာဉ်ကို ဖောက်ခွဲရန် ကြိုးစားခဲ့သော အူမာဖာရွက် အဗ္ဗ ဒူမာတေလဘ် (Umar Farouk Abdumu tallab) သည် နိုင်ဂျီးရီးယားရှိ ချမ်းသာသောမိသားစုမှ ဆင်းသက် လာသူဖြစ်ပြီး လန်ဒန်တွင် ကျောင်းတက်ခဲ့သူဖြစ်သည်။ အခြားသော အကြမ်းဖက်သမား အများအပြား မှာလည်း လူလတ်တန်းစား (သို့မဟုတ်) လူလတ်တန်းစားတွင် ထိပ်ပိုင်းမှ ဖြစ်ကြသည်။ ဥပမာ လူ ၈၀ ကျော် ကို ပစ်သတ်ခဲ့သော နော်ဝေမှ အန်ဒါး ဘရီဗစ် (Anders Breivik) ဖြစ်သည်။ ၁၉၆၀-၇၀ ပြည့်လွန်နှစ်များ အတွင်းက ဂျာမန်မှ လက်ဝဲစွန်းအကြမ်းဖက်အဖွဲ့ ဖြစ်သော တပ်နီ(Red Army Faction) ၏ ခေါင်းဆောင် ယူလိုက် မိန်းဟော့ (Ulrike Meinhof) ကိုကြည့်လျှင် သူမသည်လည်း ချမ်းသာသော မိသားစုမှဖြစ်ကာ ပညာကောင်းစွာတတ်ပြီး ဘဝအတွက် အခွင့်အလမ်းကောင်းများစွာ ရှိသူဖြစ်သည်။ ဥရောပမှ ဂျီဟတ် အကြမ်းဖက်သမားများကို လေ့လာကြည့်ရာတွင် အများစုမှာ ပြည်ပမှ ရွေ့ပြောင်းအခြေချသူများ (migrants) (သို့မဟုတ်) ၎င်းတို့၏ သား၊ သမီးများ ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့နေသည့် နိုင်ငံတွင် အောက်ခြေ အသိုင်းအဝန်း မှ ဖြစ်သော်လည်း အခြားသော ပြည်ပမှရွေ့ပြောင်း အခြေချသူများထက် ပိုမိုဆင်းရဲသူများ မဟုတ်ကြောင်း တွေ့ရသည်။ အခြားသော ဖွံ့ဖြိုးဆဲကမ္ဘာမှ အကြမ်းဖက်သမားများကို လေ့လာကြည့်ရာတွင်လည်း ထိုအတိုင်းသာ တွေ့ရပါသည်။ အကြမ်းဖက်သမား အများအပြားမှာ ချမ်းသာသူများ (သို့မဟုတ်) လူလတ်တန်းစားပင် မဟုတ်ကြသော်လည်း ၎င်းတို့နိုင်ငံမှ အခြားနိုင်ငံသားအများစုထက် ပိုမိုဆင်းရဲသူများ မဟုတ်ကြပါ။
၂၀၁၂ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုအဖြစ်အများဆုံးငါးနိုင်ငံဖြစ်သော အီရတ်၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ရုရှားနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့မှာလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများမဟုတ်ကြပါ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံ၏ ဝင်ငွေအဆင့်အပေါ် ကမ္ဘာ့ဘဏ်က ပြုစုထားသော အချက်အလက်များအရ အီရတ်နိုင်ငံသည် အဆင့် ၁၁၁ ရှိပြီး ဝင်ငွေ အလယ်အလတ်အဆင့်နိုင်ငံများအနက် အမြင့်ပိုင်းတွင်ရှိပြီး ပါကစ္စတန်၊ အိန္ဒိယနှင့် နိုင်ဂျီးရီးယားတို့မှာ အဆင့် ၁၃၉ မှ ၁၅၀ အတွင်းရှိကာ ဝင်ငွေ အလယ်အလတ်နိုင်ငံများအနက် အောက်ပိုင်းတွင် ပါဝင်သည်။ ရုရှားမှာ အဆင့် ၅၅ ဖြစ်ပြီး ဝင်ငွေမြင့် နိုင်ငံစာရင်းတွင် ပါဝင်သည်။ အကြမ်းဖက်မှု အဖြစ်အများဆုံးနိုင်ငံများအနက် အာဖဂန်နစ္စတန် တစ်နိုင်ငံသာ ဝင်ငွေ နည်းပါးသောနိုင်ငံဖြစ်ပြီး အာဖဂန်သည်ပင် ၎င်းထက် ဆင်းရဲသောနိုင်ငံ ၁၅ နိုင်ငံ ရှိသေးသည်။ ထို့ပြင် ဝင်ငွေအနိမ့်ဆုံး ၁၀ နိုင်ငံတွင် ကွန်ဂို တစ်နိုင်ငံမှလွဲ၍ မည်သည့်နိုင်ငံတွင်မှ အကြမ်းဖက်မှုနှုန်း မမြင့်ရုံသာမက အတော်အသင့်ဖြစ်ပွားသည့် အခြေအနေပင် မရှိပါ။ ၁၉၆၀ နှင့် ၇၀ ပြည့်လွန်နှစ်များအတွင်းက လက်ဝဲစွန်း အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်ခဲ့သည့် ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံများကို ပြန်ကြည့်လျှင် ထိုအချိန် ကရော၊ ယနေ့ပါ ချမ်းသာသောနိုင်ငံများ ဖြစ်ကြသည်။ ထို့ကြောင့် အကြမ်းဖက်သမားတစ်ဦးချင်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်နိုင်ငံများ နှစ်မျိုးစလုံးကို လေ့လာကြည့်ရာတွင် ဆင်းရဲမှုကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသောအချက်မှာ ခိုင်လုံမှု မရှိကြောင်း တွေ့ရပါသည်။
ဂျိမ်းပီယာဇာ(James Piazaa) က ဆင်းရဲမှုနှင့် အကြမ်းဖက်မှု အဆက်အစပ်ရှိ၊မရှိကို မေခရိုအဆင့်လေ့လာမှု ပြုလုပ်ခဲ့ရာတွင် ဝင်ငွေနိမ့်ခြင်း၊ စာမတတ်မှုနှုန်းမြင့်ခြင်း၊ မျှော်မှန်း သက်တမ်းနိမ့်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း စသောအချက်များနှင့် အကြမ်းဖက်မှု အဆက်အစပ်ရှိ/ မရှိ လေ့လာခဲ့ပြီးနောက် ဆင်းရဲခြင်းနှင့် အကြမ်းဖက်မှု ဆက်စပ်ခြင်းမရှိဟု သုံးသပ်ခဲ့သည်။ အလန်ခရူဂါ(Alan Krueger)နှင့် ယေဂါမလက်ခိုဗာ (Jitka Maleckova) တို့ကလည်း အကြမ်းဖက်သမားတစ်ဦးချင်း၏ ဘဝကိုလေ့လာပြီး ဆင်းရဲမှုနှင့် အကြမ်းဖက်မှု အဆက် အစပ်ရှိ/မရှိ လေ့လာမှုဆောင်ရွက်ခဲ့သည်။ ၎င်းတို့၏ သုတေသနကို လက်ဘနွန်မှ ရှီးယိုက် အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဖြစ်သော ဟစ်ဇဘိုလာအဖွဲ့ကို အဓိကထား ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် အကြမ်းဖက်သမား တစ်ဦးချင်း၏ ဘဝကိုလေ့လာပြီးနောက် ဆင်းရဲမှု၊ ပညာမတတ်မြောက်မှု တို့နှင့် အကြမ်းဖက်မှုတို့သည် ဆက်စပ်မှု အလွန်အားနည်းကြောင်း တွေ့ရှိခဲ့ပါသည်။ အကြမ်းဖက်မှုသည် နိုင်ငံရေးအခြေအနေကို တုန့်ပြန်ခြင်းသာဖြစ်ပြီး စီးပွားရေးနှင့် အဆက်အစပ်မရှိသလောက်ဖြစ်သည်ဟု သုံးသပ်ကြသည်။
ထို့ကြောင့် အချက်အလက်များနှင့် ပညာရပ်ဆိုင်ရာလေ့လာချက်များအရ ဆင်းရဲမှုနှင့် အကြမ်းဖက်မှု တိုက်ရိုက် ဆက်နွယ်မှုရှိသည်ဟူသောအချက်မှာ ခိုင်မာမှုမရှိကြောင်း တွေ့ရသည်။ ဆင်းရဲသည့်အတွက် အကြမ်းဖက် သမား ဖြစ်သွားသူ တစ်ဦးတစ်လေ ရှိကောင်းရှိနိုင်သော်လည်း ဆင်းရဲခြင်းသည် အကြမ်းဖက်သမားဖြစ်စေသော အကြောင်းရင်းဖြစ်သည် ဟူသော အဆိုကို ထောက်ခံပေးနိုင်သည့် သက်သေအထောက်အထားမရှိကြောင်း တွေ့ရပါသည်။
၂။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်သည်
ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသော အဆိုသည် အမှန်တကယ် ဟုတ်/မဟုတ် လေ့လာပြီးနောက် အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်သည် ဆိုသောယူဆချက် မှန်ကန်ခြင်း ရှိ/ မရှိ လေ့လာဆန်းစစ်သွားပါမည်။ ထိုအဆို နောက်ကွယ်မှ ယုတ္တိဗေဒမှာ ရိုးစင်းပါသည်။ လူတစ်ဦးအနေဖြင့် အပြစ်ကင်းမဲ့သူများ မည်သို့သတ်နိုင်ပါမည်နည်း။ မိမိကိုယ်ကို အသေခံ၍ လူများကို မည်သည့် အကြောင်းကြောင့် သတ်နိုင်ပါမည်နည်း ဟူသော စဉ်းစားချက်မှ လာခြင်းဖြစ်သည်။ အသိုင်းအဝိုင်းအများစုတွင် မိမိကိုယ်မိမိ အသေခံ၍ တိုက်ခိုက်ခြင်းဟူသော အယူအဆသည် နားလည်သဘောပေါက်ရန် ခက်ခဲသောကိစ္စ ဖြစ်သည်။ မည်သို့သောလူမျိုးက အသေခံပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ဆောင်ရွက်ပါမည်နည်း။ ၎င်းတို့အနေဖြင့် စိတ်ပုံမှန်မဟုတ်၍သာ ထိုသို့လုပ်ဆောင်ကြခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ ရုံးတင်တရားစွဲဆိုခြင်းခံရသော အကြမ်းဖက်သမားအချို့၏ အပြုအမူများကလည်း ထိုအဆိုကို ထောက်ခံအားပေးနေသည်။ သို့သော်လည်း အကြမ်းဖက်သမားများသည် တကယ်ပင် စိတ်ပုံမှန်မရှိသူများလော၊ သူတို့သည် ကျွန်တော်တို့နှင့် မတူသူများ လော။ သို့မဟုတ် အကြမ်းဖက်သမားများသည် အခြားသူများနှင့် ကွာခြားချက်မရှိသူသော သူလို၊ ကိုယ်လို လူများလော။ အကြမ်းဖက်သမားများသည် အမှန်တကယ်သာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူများဆိုလျှင် ၎င်းသည် အကြမ်းဖက်နှိမ်နင်းရေးအပေါ် အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်များ နှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှု လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အသိုင်းအဝိုင်းတိုင်းတွင် ပုံစံမျိုးစုံဖြင့် စိတ်ကျန်းမာရေး ချို့ယွင်းသူများစွာရှိနေပြီး ၎င်းတို့သည် သာမန်သူလို ငါလို မဟုတ်ရုံမျှဖြင့် အားလုံးကို ထောင်သွင်း အကျဉ်းချထားနိုင်မည်လည်း မဟုတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးအတွက် ဘာမှလုပ်မရ ဟူသော သုံးသပ်ချက်မျိုး ထွက်လာနိုင်ပါသည်။
တက္ကသိုလ်များတွင် ဗုံးခွဲခဲ့သည် တဒ် ကာဇင်စကီ (Ted Kaczynzki)၊ နော်ဝေတွင် လူအများအပြားကိုပစ်သတ်ခဲ့သည့် အန်ဒရီ ဘရီဗစ် (Anders Breiviks)၊ ရှုးဖိနပ်အတွင်း ဗုံးထည့်ကာ လေယာဉ်ကို ဗုံးခွဲရန် ကြိုးစားခဲ့သည့် ရတ်ချတ်ရိဒ်(Richard Reid)၊ ၉/၁၁ ဖြစ်စဉ်ကို နောက်ကွယ်ကကြိုးကိုင်ခဲ့သည့် ခါလစ် ရှိတ် မိုဟာမက် (Khalid Sheikh Mohammed)၊ တက္ကဆပ်ပြည်နယ် ဟုတပ်မြို့တွင် လုပ်ဖော်ကိုင်ဖက် ၁၃ ဦးကို ပစ်သတ်ခဲ့သည့် အမေရိကန်တပ်မတော်မှ စိတ်ပညာရှင် ဗိုလ်မှူး နိဒယ်ဟတ်ဆန်(Nidal Hasan) စသည် တို့သည် ရူးသွပ်နေသူများလော၊ ပုံမှန်လော။ ကျွန်တော်တို့နှင့် များစွာကွာခြားသူများလော။ ထိုသို့ လူအများ အပြား သေစေမည့်ကိစ္စများကို ဘာကြောင့်လုပ်ကြသည်ကို ကျွန်တော်တို့ အများစုအနေဖြင့် နားလည်ရန် အလွန်ခက်ခဲပါလိမ့်မည်။ ထိုသို့အကြမ်းဖက်သူများသည် လူအစုလိုက် အပြုံလိုက်သတ်သူများနှင့် ကျောင်းများတွင် ဝင်ပစ်သူများကဲ့သို့ပင် သူလိုငါလို မဟုတ်သော စိတ်ပုံမမှန်သူများဟု ယူဆကြသည်။ ကျွန်တော်တို့သိကြသည့်အတိုင်းလူအစုလိုက် အပြုံလိုက်သတ်သူများနှင့် ကျောင်းများတွင် ဝင်ပစ်သူများထဲမှ အချို့သည် စိတ်ကျန်းမာရေး ချို့ယွင်းသူများ ဖြစ်ကြပါသည်။ သို့သော်လည်း အကြမ်းဖက်သမားများသည် စိတ်မမှန်၍ လူသတ်သူများနှင့် များစွာ ခြားနားပါသည်။
လူအစုလိုက် အပြုံလိုက်သတ်သူများ၊ ကျောင်းများတွင် ဝင်ပစ်သူများနှင့် အကြမ်းဖက်သမားများကြား အဓိက ခြားနားချက်မှာ ပထမအမျိုးစားများ လူသတ်ခြင်းတွင် နိုင်ငံရေးသည် အကြောင်းရင်းခံမဟုတ်ပဲ အကြမ်းဖက် သမားများတွင်မူ နိုင်ငံရေးမှာအကြောင်းရင်းခံဖြစ်သည်။ အကြမ်းဖက်မှုသည် ဆင်ခြင်တုံတရားကို အခြေခံသော အပြုအမူဖြစ်ပြီး အကြမ်းဖက်သမားများ၏လုပ်ရပ်သည်လည်း နိုင်ငံရေးရည်မှန်းချက်တစ်ခုခုကို ရရှိရန် လူသတ်ခြင်း ဖြစ်၍ ဆင်ခြင်တုံတရားကို အခြေခံသောအလုပ်ဖြစ်သည်။ အကြမ်းဖက်သမားများ၏ စိတ်ပညာကို လေ့လာသည့်နယ်ပယ်တွင် ရှေ့ဆောင်ပညာရှင်တစ်ဦးဖြစ်ပြီး “The Mind of the Terrorist” စာအုပ်ကို ရေးသားသူ ဂျရိုး ပို့စ် (Jerrold Post) က အကြမ်းဖက်သမားများသည် စိတ်ကျ ရောဂါခံစား နေရသူများ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများ မဟုတ်ပဲ သာမန်သူလို ကိုယ်လို ပုံမှန်စိတ်ရှိသူများသာ ဖြစ်သည်ဟု ဆိုသည်။ တကယ်တမ်းတွင် အကြမ်းဖက်အဖွဲ့များသည် လုံခြုံရေးကျိုးပေါက်မည့် အန္တရာယ် ရှိသည့်အတွက် စိတ်ပိုင်းဆိုင်ရာမူမမှန်သူများကို ထုတ်ပစ်လေ့ရှိပြီး စိတ်မမှန်သူများကို လုံးဝလက်ခံလေ့ မရှိဟု ၎င်းကဆိုသည်။ အကြမ်းဖက်မှု လေ့လာရေးပညာရှင် လူစီ ရက်ချတ် ဆန် (Louise Richardson) ကလည်း အကြမ်းဖက်သမားများသည် ရူးသွပ်နေသူများဖြစ်ကြောင်း အထောက်အထားမတွေ့ရဟု ဆိုပါသည်။ စိတ်ပညာရှင်များ ဆောင်ရွက်သလို အကြမ်းဖက်မှုလေ့လာရေးပညာရှင်များအနေဖြင့် အကြမ်းဖက်သမား များကို အင်တာဗျူးရန်၊ စောင့်ကြည့်ရန် အခွင့်အလမ်း အလွန်နည်းပါသည်။ သို့သော်လည်း အကြမ်းဖက် သမားများသည် ရူးသွပ်နေသူများ ဖြစ်သည်ဆိုသော လက်တွေ့အထောက်အထား မရှိသလောက် နည်းသည့်အတွက် ထိုယူဆချက်သည် မှားယွင်းသောယူဆချက် ဖြစ်ပါသည်။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University, coursera.org
အပိုင်း(၃) ဖတ်ရှုရန်- https://sacministry.gov.mm/my/article/3954