ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ပညာသည်သာ ဘဝအဖော်မွန်
-

ပညာ ဆိုတာ အကျိုးအကြောင်းကိုသုံးသပ်နိုင်စွမ်းရှိပြီး  အဆိုးအကောင်းကိုခွဲခြားနိုင်တဲ့ အမွန်မြတ်ဆုံးသော ရတနာတစ်ပါးဖြစ်ပါတယ်။

လူတစ်ဦး၏ လူမှုဘဝအနာဂတ်ခိုင်မာစွာရပ်တည်နိုင်ဖို့ ပညာဟာ အက္ခရာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု၊  နိုင်ငံတော်တစ်ခုဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမောင်းနှင်အားကလည်း ပညာသာဖြစ်ပါတယ်။ ထို့ကြောင့် လူတစ်ဦးမှသည် နိုင်ငံတော်အထိ အဓိကအဖော်မွန်ဟာပညာသာဖြစ်တယ်လို့ဆိုချင်ပါတယ်။

ကျောင်းပညာရေးနှင့်ယနေ့လူငယ်

ပညာရေးဟုဆိုလိုက်လျှင် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တိုင်  ဆောင်ရွက်ပေးခဲ့တာကိုတွေ့မြင်ရမှာဖြစ်တယ်။သို့သော်ကျေးလက်နှင့်မြို့ပြစာတတ်မြောက်မှုရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများကနည်းပါးနေတာကိုတွေ့ရပါတယ်။ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုရာခိုင်နှုန်းနည်းပါးရခြင်းဟာ ကျောင်းရှိပေမယ့် ကျောင်းနေရာခိုင်နှုန်းနည်းပါးမှု၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ယူမှုအားနည်းမှုတွေပဲ ဖြစ်ပါတယ်။

ဒီအားနည်းချက်တွေကို ပြန်ကြည့်ရင်လည်း ဘာသာစကားအခက်အခဲ၊ ပညာရေးအားပေးမှုနည်းပါးခြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့်သာ အဓိကဖြစ်တာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ဒါ့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ၂၀၂၃  ခုနှစ်  စက်တင်ဘာလ ၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေဆောင်ရွက်ပေးရမယ်လို့ လမ်းညွှန်မှာကြားခဲ့တာပဲဖြစ်ပါတယ်။

ယနေ့ခေတ်ဟာ ပညာခေတ်ပဲဖြစ်ပါတယ်။ ပညာခေတ်ဖြစ်လို့ ပညာတတ်မြောက်ထားမှသာဘဝရပ်တည်ရေး၊နိုင်ငံရေးစနစ်တည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးထိ  ရည်မှန်းချက်ပန်းတိုင်များကို လျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။  ဒါ့ကြောင့် ယနေ့မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးဟာ တစ်သက်တာအဖော်မွန်ဖြစ်တာကို မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာပဲဖြစ်တယ်။

နိုင်ငံတော်ရဲ့အနာဂတ်အတွက် ယနေ့မျိုးဆက်သစ်လူငယ်တွေကို ပညာဆိုတဲ့အဖော်မွန်နဲ့ ယှဉ်တွဲထားရမှာပဲဖြစ်ပါတယ်။ ပညာဆိုတာ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားနိုင်ပါတယ်။ လူသားများရဲ့ဘဝဟာ အသိပညာ၊အတတ်ပညာပြည့်စုံမှုရှိ၊ မရှိ ဆိုတဲ့အပေါ်မှာမူတည်ပြီး ကွာခြားချက်၊ ပြောင်းလဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့မြင်ရပါတယ်။   အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲ။ ယနေ့ကျောင်းနေအရွယ်လူငယ်တိုင်းဟာ ပညာသင်ဖို့  စာသင်ခန်းကိုယ်စီမှာ  မဖြစ်မနေရှိနေရမှာပဲဖြစ်ပါတယ်။

ကျောင်းနေအရွယ် ကျောင်းမှာပညာသင်ကြားနိုင်မှသာ အတန်းပညာအပြင်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။   ဒါ့အပြင်  တိုင်းပြည်ချစ်စိတ်၊  မျိုးချစ်စိတ်များ ကိန်းအောင်းလာခြင်းမှစပြီး အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးအထိ နိုင်ငံတော်အတွက် မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူသားတစ်ယောက်အတွက် ပညာဟူသော အဖော်မွန်သည်သာ ဘဝလက်တွဲဖော်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါတယ်။

ယနေ့ကြုံတွေ့နေရသော လူငယ်များနှင့် အကြမ်းဖက်လမ်းစဉ်

ပညာဆိုတာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဆန်းစစ်ခွဲခြားနိုင်တယ်လို့ ဆိုခဲ့ပြီးဖြစ်တယ်။ နိုင်ငံတော်ရဲ့စာရင်းကောက်ယူချက်များအရ မိမိတို့နိုင်ငံအနေဖြင့် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ပညာရေးအားနည်းလျက်ရှိကြောင်း နိုင်ငံတော်အကြီးအကဲက ပြင်ဦးလွင်ခရီးစဉ်မှာချပြခဲ့တာကို မှတ်သားရပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်မှာ လူငယ်တွေအများအပြား ဆူပူအုံကြွမှုထဲမှာ ပါဝင်သွားခဲ့ကြတယ်။ အဖျက်အမှောင့်လုပ်ရပ်များရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း နောက်ဆုံးလက်နက်ကိုင်လမ်းစဉ်ထဲမှာ လမ်းဆုံးသွားကြပြီ။

ဒီအလှည့်အပြောင်းကိုပြန်ကြည့်ရင်အတန်းပညာနည်းပါးခြင်း၊ အတွေးအခေါ် နိမ့်ပါးခြင်းတွေအပေါ်အခြေခံပြီး  လူငယ်အများစုကို ဝါဒမှိုင်းနဲ့သွတ်သွင်းခဲ့ကြတာတွေ့မြင်ကြရမယ်။ အကြမ်းဖက်လုပ်ငန်းစဉ်တွေထဲမှာ နစ်မွန်းနေတဲ့ လူတစ်စုထဲမှာ  အုပ်စုနှစ်စုကွဲနေတာကိုလည်း တွေ့မြင်ရပြန်တယ်။ ဒါကတော့ အတန်းပညာနည်းပါးသူများ၊ အတန်းပညာတတ်မြောက်ပြီး အသိပညာနိမ့်ပါးသူများဆိုပြီး တွေ့ရပါတယ်။

ယနေ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို လူမှုကွန်ရက်အသီးသီးမှာ လေ့လာကြည့်ပါ။ PDF ခေါင်းဆောင်ဆိုတဲ့သူတွေဟာ ကျေးလက်ဒေသတွေမှာ ဘယ်လိုလူမျိုးတွေလည်းဆိုတာတွေ့မြင်ရပါမယ်။ တစ်နေ့ စာရေးသူ စစ်ကိုင်းတိုင်းဇာတိဘက်က မိတ်ဆွေတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ သူရွာပြန်လို့မရတဲ့အကြောင်း  လက်ရှိဒီမြို့မှာပဲ လုပ်စားကိုင်စားနေရတဲ့အကြောင်း ပြောပြလာတယ်။ သူ့အပြောလေးရှိတယ်။ “ရွာရဲ့  PDF ခေါင်းဆောင်က အရင်ကရွာမှာ ဘယ်နေရာမှာမှ သုံးစားမရတဲ့ ငမူးငရူးဗျ။ အရင်ကတောင် ထင်ရာစိုင်းတာ၊ အခုလိုလက်ထဲသေနတ်ရလာတော့ ပိုဆိုးတယ်ဆရာရေ” တဲ့ ။ လက်ရှိအနယ်နယ်အရပ်ရပ်မှာ ဒီလိုဖြစ်စဉ်တွေ ဒုနဲ့ဒေးပဲဆိုတာ အားလုံးသိကြမှာပါ။

မီးရထားလမ်းဗုံးခွဲရင်၊ လမ်းတံတားတွေကို ဖောက်ခွဲဖျက်ဆီးရင်၊ ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးရင်၊ ဓာတ်အားခွဲရုံတွေကို ဖောက်ခွဲဖျက်ဆီးရင် နိုင်ငံတော်ရဲ့အစိုးရတစ်ရပ်ပြုတ်ကျပြီလို့ ထင်ထားကြတဲ့သူတို့အတွေး။ ဖောက်ခွဲဖျက်ဆီးမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်သူတွေခံရမလဲဆိုတာကို မတွေးခေါ်နိုင်ကြဘူး။ ဒါဟာ အတန်းပညာတတ်မြောက်မှု အားနည်းချက် ရာခိုင်နှုန်းတွေကို ယနေ့ဖြစ်စဉ်တွေက ညွှန်းဆိုပြသထားတာပဲဖြစ်တယ်။ ရှိပါသေးတယ်။ အတန်းပညာတတ်မြောက်ခဲ့ပေမယ့် အတွေးအခေါ်မပြည့်မီတဲ့ အကြမ်းဖက်လုပ်ငန်းစဉ်တွေထဲက သူတွေဖြစ်ပါတယ်။ အတန်းပညာတွေတတ်မြောက်ခဲ့ပေမယ့် အသိပညာတွေးခေါ်သုံးသပ်နိုင်မှုမှာ နုန့်နဲ့တဲ့သူမျိုးတွေကို ဆိုလိုပါတယ်။ သူတို့ကတော့ အတန်းစဉ်အလိုက် ကူးပြောင်းနိုင်ခဲ့ပါရဲ့။ သို့သော် အသိပညာအားနည်းသူဖြစ်ခဲ့တယ်ဆိုတာမျိုးကို သုံးသပ်ရမှာပါ။

ဖြစ်စဉ်တစ်ခု။  နယ်တစ်နယ်မှာ  အကြမ်းဖက်အမျိုးသမီးတစ်ဦး။ အရင်ကတော့ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ဆရာမဖြစ်ခဲ့ဖူးတယ်လို့ သတင်းတွေအရသိရပါတယ်။ နည်းပညာအထက်တန်းကျောင်းက ဆရာမတစ်ယောက်က လေယာဉ်တွေပေါ်မှာ sound box တွေနဲ့ သီချင်းဖွင့်ပြီး  အောင်ပွဲခံတာကို မြေပြင်ကကြားလိုက်ရတယ်လို့ အာသာငမ်းငမ်းပြောဆိုခဲ့ဖူးပါတယ်။ နည်းပညာအထက်တန်းကျောင်းက  ဆရာမရောဟုတ်ရဲ့လားလို့ စာရေးသူတွေးမိပါသေးတယ်။  ဒီလိုလူတွေ ယနေ့အကြမ်းဖက်လုပ်ငန်းစဉ်တွေထဲမှာ အများကြီးရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် သညာတတ်တွေလို့ စာရေးသူသုံးနှုန်းခြင်းပဲဖြစ်ပါတယ်။

ဒီလိုသညာတတ် ဆရာမမျိုးတွေက မွေးထုတ်ခဲ့ရင် ဘယ်လိုမျိုးဆက်သစ်တွေ ပေါ်ထွန်းလာမလဲ။ နိုင်ငံတော်အတွက် ရတက်မအေးစရာ အနာဂတ်တွေကို  စိုးရိမ်တကြီးမြင်ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်ခရီးစဉ်ရဲ့ စာသင်ကျောင်းတစ်ခုမှာ-

“မိမိတို့နိုင်ငံတွင်  ဖြစ်ပွားလျက်ရှိသည့်  မတည်မငြိမ်မှုများနှင့်  အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည် ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာ တတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များ ကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာ စေကြောင်း”

“ဆရာ၊  ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာ သင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိ ပညာနှင့်အတွေးအမြင်များကိုသင်ကြားပေးရမည်”လို့လမ်းညွှန်မှာကြားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အတန်းပညာတတ်မြောက်မှုနဲ့သင်ယူခဲ့မှုအားနည်းခဲ့လေလေ လူမှုစီးပွားဘဝတစ်ဦးချင်းစီမှ လူမှု ဘဝ များတည်ဆောက်ရေး၊ နိုင်ငံရေးစနစ်ကောင်းတစ်ရပ်တည်ဆောက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အထိ ပျက်စီးလာနိုင်လေလေပဲဖြစ်ပါတယ်။ ယနေ့ ကမ္ဘာကြီးမှာ ဘက်စုံ စစ်ပွဲအသွင်တွေ  ဆန်းသစ်လာ လေလေ  ပညာရေးအုတ်မြစ်အခြေခံကောင်းဖြင့် လူသားအရင်းအမြစ်ကောင်းများ ပိုမိုမွေး ထုတ်နိုင် ဖို့ လိုအပ်လာလေလေပဲဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို ပိုင်ဆိုင်ချင်ရင်၊ ခေတ်မီဖွံ့ဖြိုး တိုးတက် တဲ့ နိုင်ငံတော်ကိုပိုင်ဆိုင်ချင်ရင်ပညာကို သာဘဝအဖော်မွန်အဖြစ်ရွေးချယ်ကြရပါမယ်။ ဒါဟာယနေ့ မျက်မှောက်ကမ္ဘာက ညွှန်းဆိုတဲ့သက်သေပြချက်တစ်ခုပါပဲ။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်တဲ့ “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များထွန်းကားလာ စေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး  ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်  လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုတဲ့ ဦးတည်ချက်တွေကို ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ကြပါ။ ယနေ့ဆရာ၊ ဆရာမများအနေနဲ့ မိမိရဲ့တပည့်ကိုယ်စီကို အတွေးအခေါ် မြင့်မားပြီး အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်တဲ့ နိုင်ငံ့သား ကောင်းများဖြစ်အောင် မွေးထုတ်ကြပါ။ မိဘပြည်သူများ၊ ကျောင်းသားလူငယ်များအနေနဲ့လည်း မိမိသားသမီးများဘဝရဲ့ အဖော်မွန်ဟာ  ပညာပဲဆိုတဲ့အသိနဲ့  ပညာရေးကိုအားပေးကြပါလို့  စာပန်းချီ ခြယ်မှုန်းရင်း တိုက်တွန်းလိုက်ရပါတော့တယ်။      ။

MWD Web Portal

ကျော်တေဇ(ဥက္ကလာ)

ပညာတတ်လူငယ်များနှင့် တိုင်းပြည်အနာဂတ်
-

ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။

အထူးသဖြင့် ပုံမှန်ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားနိုင်ခြင်းသည် လူတစ်ဦး၏ဘဝ တိုးတက်ရေးအတွက် များစွာအခရာကျလျက်ရှိသည်။ ပညာတတ်လူငယ်များပြားသော တိုင်းပြည်သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံသည်လည်း ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

 နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှုအပေါ်တွင် များစွာမူတည် လျက်ရှိသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ပညာရေးကဏ္ဍအတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ လူငယ်များပညာဆုံးခန်း တိုင်အောင် သင်ကြားခွင့်ရရှိရေးအတွက် အစိုးရပိုင်းက အခမဲ့ပညာရေးစနစ်များ ဖော်ဆောင်ပေးနေသလို မိဘအုပ်ထိန်းသူများကလည်း သားသမီးများ စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ထိန်းကျောင်းကြပ်မတ်ပေးသွားရန် လိုအပ်ပေသည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ပညာတတ်မြောက်မှုသည် ထိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအခရာကျလျက်ရှိသည်။

လူမဆန်သောလုပ်ရပ်များ

သို့သော် NUG နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ စတင်ချိန်မှာပင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းဘုရား(ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်း ပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာလုပ်ဆောင်ခဲ့ကြသည်။

အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်းသေဆုံးသူ ၈၀ ၊ ဒဏ်ရာရရှိ သူ ၃၅ ဦး ရှိပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ လူမဆန်သောလုပ်ရပ်များကြောင့် နိုင်ငံသားများ၏ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှုရရှိခံစားခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများကို ထိခိုက်စေလျက်ရှိသည်။

ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိကတာဝန်ယူ ဖော်ဆောင်ပေးနေသော ဆရာ ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူများ၊ စာသင်ကျောင်းများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် ပညာသင်ယူခွင့်အခွင့်အရေး တို့ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။

“နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရေး” အလေးအနက်အသိအမှတ်ပြုကာ ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။      

ဆိုရလျှင် တိုင်းပြည်အတွင်း ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေသည်။ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရန်လိုအပ်သည်။

အထူးသဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ သို့မှသာ ကျောင်းသား ကျောင်းသူများ သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများတိုးပွားလာပြီး ၎င်းတို့ဘဝအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများဖတ်ရှုခြင်းမှလည်း ရရှိနိုင်ပါသည်။

အလားတူ ကလေးငယ်များကို သင်ကြားလေ့ကျင့်ပေးရသည့်သူများဖြစ်သည့် ဆရာ ဆရာမများအနေဖြင့်လည်း အသိပညာများပြည့်ဝစေရေး စာပေဖတ်မှတ်လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရပါမည်။ ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့် ပေးနိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်ရှုခြင်းမှရရှိခဲ့သည့် အသိအမြင်များကိုလည်း ကလေးငယ်များကို မျှဝေပေးရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် တိုင်းပြည်၏အနာဂတ်ကို ဦးဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ်လူသားအရင်းအမြစ်ကောင်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိစဉ် ကျောင်းစုံညီခန်းမ၌ ဆရာ ဆရာမများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း ကျောင်းသား ကျောင်းသူများ၏ အတန်းပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေးအတွက်ကိုလည်း သင်ကြားရေး တာဝန်ယူထားရသည့် ဆရာ ဆရာမများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူထားရှိသည့် ကိန်းဂဏန်းအချက် အလက်များအရ မိမိတို့နိုင်ငံအနေဖြင့် ပညာရေး အားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာရှိနေဆဲ ဖြစ်ပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေး အားနည်းလျက်ရှိနေကြောင်း၊ ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ ဆရာမများကလည်း သွန်သင်ပေးမှုများ ရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့်အချိန်များသဖြင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်း လုံးဝမနေဖူးသူများအနေဖြင့် ဆရာ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာ သင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ ဆရာမများအနေဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေး စိတ်ဓာတ်မြင့်မားရေးသည် အဓိက အရေးကြီးကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေခြင်းပင်ဖြစ်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကြီးကို တိုးတက်အောင်ထူထောင်နိုင်မည်ဖြစ်သည်။

မျိုးဆက်သစ်လူငယ်များ အနေဖြင့်လည်း တိုးတက်အောင်မြင်သော ဘဝပိုင်ဆိုင်နိုင်ရေးအတွက် ငယ်စဉ်ကတည်းက ပညာရေးတွင် အပတ်တကုတ်ကြိုးပမ်းသွားရန်လိုအပ်သည်။ ပညာသင်ယူသည့်အရွယ်တွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာအပါအဝင် ပညာရပ်တစ်ခုခုကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန် လိုအပ်ပေသည်။ ပြိုင်ဆိုင်မှုပြင်းထန်သောခေတ်ကြီးတွင် လေ့လာသင်ယူမှုရပ်တန့်လိုက်သောသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့ရမည် ဖြစ်သည်။

အလားတူ မိဘအုပ်ထိန်းသူများကလည်း မိမိသားသမီးများ ပညာထူးချွန်ကာ လူတော်လူကောင်းများ ဖြစ်လာရေးအတွက် စနစ်တကျမြေတောင်မြှောက်ပေးရန်လိုအပ်သည်။ သားသမီးများကို မိမိထက်ထူးချွန်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာလျှင် မိဘဝတ္တရားကျေပွန်မည်ဖြစ်သည်။ မျိုးဆက်သစ်များ ပညာထူးချွန်ရေးအတွက် ကျွမ်းကျင်သော ဆရာ ဆရာမများ လိုအပ်သလို သင်ထောက်ကူပစ္စည်းများလည်း လိုအပ်သည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို တိုးတက်အောင် ပုံဖော်တည်ဆောက်မည့် မျိုးဆက်သစ်လူငယ်များအေးချမ်းစွာပညာသင်ယူနိုင်ရေး၊ ပညာထူးချွန်ပြီး လူတော်လူကောင်းများ ဖြစ်လာရေးအတွက် ဝိုင်းဝန်းပြုစုမြေတောင်မြှောက်ပေးကြရမည် ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။ ။

ကိုးကား။ ။ နေ့စဉ်ထုတ်သတင်းစာများ။

MOI

ဝင်းဇင်(သုတေသန)

ဇရာအိုသော်လည်း မြန်မာကို ဂုဏ်ဆောင်ခဲ့သော စာရေးဆရာမကြီး မမြတ်လေး၏ စာပေကမ္ဘာ
-

အသက်ခြောက်လသာကွာသော ဖေဖေနှင့်မေမေတို့၏ ၁၁၁ နှစ်ပြည့်မွေးနေ့အမီ အသက် ၁၀၀ ပြည့်မွေးနေ့တုန်းကကဲ့သို့ ဘုရားစာအုပ်ဓမ္မဒါနလှူချင်မိသည်။ စီစဉ်မှုနှောင့်နှေးသွားပြီး ၂၀၂၅ ခုနှစ် မတ်လက ဖေဖေ့မွေးနေ့မမီလိုက်၍ ယခုစက်တင်ဘာလတွင် မေမေ့မွေးနေ့အမီတော့ရေးမည်ဟု စိတ်ကူးရှိခဲ့သည်ကို အကောင်အထည်ဖော်ရန် ကြိုးစားရပါသည်။

ရှိခဲ့ပါလျှင် လာမည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စာရေးဆရာမကြီး မမြတ်လေး (ဒေါ်သိန်းဆိုင်)၏ အသက် ၁၁၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ ၉၂ နှစ်အရွယ်အထိသာ အသက်ရှိနေနိုင်ခဲ့သော သူ၏အတွေး၊ သူ၏အရေး၊ သူ၏လမ်းညွှန်မှုများသည် ခေတ်နှင့်အညီ တစ်ပြေးတည်းရှိနေဆဲပါ။

၁၉၆၂ ခုနှစ်တွင် ကင်းထောက်ဗဟိုကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော အမျိုးသမီး ကင်းထောက်မင်းကြီးလည်းဖြစ်ပါသည်။

လူငယ်များကို စာကြိုးစားသင်ချင်စိတ်ရှိစေရန် အားပေးသကဲ့သို့ အသက်ကြီးပြီးပညာလည်း တတ်ပြီးဖြစ်သည်မို့ဆက်လက်၍ စာသင်ယူရန် အရွယ်မဟုတ်တော့ဟု ယူဆကြသူများကိုလည်း life long learning (အသက်ရှင်နေသရွေ့ပညာရှာ) ဆိုသည့်အသိတရားကို ကိုယ်တိုင်လက်တွေ့ပြ၊ အကောင်အထည်ဖော်ခြင်းဖြင့် အသက် ၉၁ နှစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်မှဘွဲ့နှစ်ခုကို ထပ်မံယူခဲ့ခြင်းဖြင့် အမျိုးသမီးထုအတွက်ပါ ရှေ့ဆောင်လမ်းပြခဲ့ပါသည်။

တကယ်လုပ်လျှင် အဟုတ်ဖြစ်သည်ဟူသောစကားကို သက်သေပြခဲ့ပါသည်။

ထို့ကြောင့် ကျောင်းစာပေပညာသင်ကြားခြင်းကို နောက်ဆုံးအချိန်အထိ သားသမီးမြေးများနှင့်အတူ သစ်ပုပ်ပင်ကြီးရှိရာ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ရန်ကုန်)၌ ကိုယ်တိုင်တက်ရောက်သင်ယူခြင်းပြုရာ သူ၏အသက်ကို ပညာနှင့် အမှန်တကယ်ပင်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

စာပေသည် သူ၏အသက်

နောက်ဆုံးအချိန်အထိ ကလောင်ကိုကိုင်သွားမည်ဟု ဆန္ဒရှိခဲ့သူ၊ စာပေကိုချစ်မြတ်နိုးသူ၊ ၉၂ နှစ်အရွယ်ရှိ စာရေးဆရာမကြီး မမြတ်လေးသည် မကွယ်လွန်မီလပိုင်းဖြစ်သော ၂၀၀၆ ခုနှစ် ဧပြီလထုတ် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ မေတ္တာစမ်းရေမဂ္ဂဇင်းအတွက် “ကျွန်တော် မဖြေရှင်းနိုင်သော်လည်း” ဝတ္ထုကို ရေးသားခဲ့ခြင်းဖြင့် အမှန်တကယ်ပင် နောက်ဆုံးအချိန်အထိ ကလောင်ကိုကိုင်ခဲ့ပါသည်။

ကျောင်းနေစဉ် အထက်တန်းကျောင်းသူဘဝမှစတင်ကာ ကျောင်းနံရံကပ်စာစောင်များတွင် စာပေများရေးသားခဲ့ကာ တစ်ဆင့်ပြီးတစ်ဆင့် ကလောင်သွေးခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး အထိမ်းအမှတ်ဝတ္ထုတိုပြိုင်ပွဲတွင် “အုတ်မြစ်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ဆု ရရှိခဲ့သူဖြစ်ပါသည်။

နိုင်ငံတော်က ပညာရေးကိုအားပေးသော၊ စာပေကိုတန်ဖိုးထားသော ယခုကာလတွင် မိမိတို့နိုင်ငံမှ လူငယ်များနှင့် စာရေးဆရာမကြီးမမြတ်လေး တို့ခေတ်ကာလ အလှမ်းကွာဝေးသဖြင့် မသိ၊ မကြား၊ မဖတ်ဖူးသူများအတွက် ဗဟုသုတအဖြစ် ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။

- တစ်ချိန်က လွတ်လပ်ရေးအတွက် ခင်ပွန်းသည် တော်လှန်ရေးတပ်သားကောင်း ဗိုလ်တင်ဖေနှင့်အတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက်တိုင်းပြည်လွတ်လပ်ရေးမရမီ လွတ်လပ်ရေးရရန် ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန်အတွက် ကလောင်တိုက်ပွဲ ဝင်ခဲ့သည်။

- ၁၉၄၅ ခုနှစ်တွင် မိမိမွေးဖွားရာဇာတိအား ဂုဏ်ပြုသောအားဖြင့် ပဲခူးအမည်ပါသော ပဲခူးသိန်းသိန်း က‌လောင်အမည်ဖြင့် တိုးတက်ရေးဂျာနယ်တွင် ဆောင်းပါးစတင်ရေးခဲ့သည်။

- အသက် ၂၀ ကျော်မှစ၍ မဂ္ဂဇင်းများတွင် ပဲခူးသိန်းသိန်းအမည်ဖြင့် ဝတ္ထုဆောင်းပါးများ ရေးသားခဲ့သည်။

- တိုးတက်ရေးဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းနှင့် နဂါးနီဂျာနယ်များတွင် ပင်တိုင်ဆောင်းပါးများ ရေးသားခဲ့သည်။

- ၁၉၄၆ ခုနှစ်တွင် အရှေ့တိုင်းမဂ္ဂဇင်းဝတ္ထုပြိုင်ပွဲ၌ “မမြတ်လေး” ကလောင်အမည်ဖြင့် ဝတ္ထုတိုပြိုင်ပွဲဝင်ခဲ့ရာ ထိုစဉ်မှစ၍ မမြတ်လေးကလောင်အမည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

- မြတ်လေးပန်းသည် အလွန်ရိုးသားပြီး မွှေးရနံ့သင်းသည်ကို နှစ်သက်ခြင်းကြောင့် ကလောင်အမည်ကို မမြတ်လေးဟု သုံးစွဲခဲ့ခြင်းဖြစ်သည်။

- လွတ်လပ်ရေးရပြီး တိုင်းပြည်အတွက် အကျိုးပြုစာပေများ၊ ဗဟုသုတဆောင်းပါးများ၊ ဝတ္ထုတို ဝတ္ထုရှည်များကို ငွေတာရီ မဂ္ဂဇင်းနှင့် မြဝတီမဂ္ဂဇင်းတို့တွင် ရေးသား ခဲ့သည်။

- အထက်တန်းပြဆရာမဘဝဖြင့် ရေကျော်အစိုးရအထက်တန်းကျောင်းနှင့် တာမွေ အစိုးရအထက်တန်းကျောင်းတို့တွင် နိုင်ငံ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။

- ၁၉၄၈ ခုနှစ် လွတ်လပ်ရေးဝတ္ထုတို ရွှေတံဆိပ်ဆုရှင်။

- ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုရှင်။

- ၂၀၀၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အတွက် ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို ရေးသားသူ၊ ဘွဲ့လွန်ပညာရပ်များကို ဆည်းပူးသူအသက်အရွယ်အကြီးဆုံး အမျိုးသမီးဆုရှင်။

- ၂၀၀၄ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန် ပထမ ဆင့်ရရှိသူ။

- သက်ကြီးကန်တော့ခံ စာပေပညာရှင်။

- သက်ကြီးကန်တော့ခံ တရားရုံးချုပ်ရှေ့နေကြီး ဥပဒေပညာရှင်။

- မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)အတွက် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ရန် “ထာဝရချစ်ခြင်းတရားကို ပိုင်ဆိုင်ထားသောချစ်သူများ” အမည်ရှိ အမျိုးသမီးများသားဆက်ခြား ကျန်းမာရေးပညာပေးဝတ္ထုကို ရေးသားလှူဒါန်းပေးခဲ့သည်။

- မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အတွက် မြန်မာ့ရုပ်မြင်သံကြားမှ အမျိုးသမီးများနေ့ ဂုဏ်ပြုထုတ်လွှင့်ရန် “အမေဆိုတာတစ်ခါတုံးက သမီးပါပဲ” အမည်ရှိ လူမှုရေးပညာပေးဝတ္ထုကို ရေးသားလှူဒါန်းပေးခဲ့သည်။

- မြတ်လေးမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေ ခဲ့သည်။

- မမြတ်လေး ပညာရည်ချွန်ဆု၊ မမြတ်လေး အခြေခံအုတ်မြစ်ဆု၊ မမြတ်လေး အခြေခံ အုတ်မြစ်အထူးဆု၊ မမြတ်လေး အခြေခံအုတ်မြစ်အားကစားဆုတို့အတွက် ငွေပဒေသာပင်စိုက်ထူခဲ့သူအဖြစ် အမျိုးသမီးထုအတွက် ဂုဏ်ဆောင်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ BA, DT, BL ဘွဲ့များကိုရယူခဲ့ပြီး ကျောင်းဆရာမအဖြစ် ရပ်တည်ခဲ့ကာ နိုင်ငံ့ဝန်ကိုထမ်းခဲ့ပါသည်။ ခင်ပွန်းသည် အငြိမ်းစားယူပြီးသောအခါ မိသားစုစားဝတ်နေရေးအတွက် ဗဟိုတရားရုံးရှေ့နေအဖြစ်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။ ။

MOI

ခင်မြတ်လေး

ပန်းကလေးများ မနွမ်းစေဖို့
-

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများ (CSA - Child Sexual Abuse) ကို မီဒီယာများတွင် အကြိမ်ကြိမ်မြင်တွေ့ကြားသိနေရပါသည်။ သို့သော် ကျွန်ုပ်တို့ မြင်တွေ့နေရသည်မှာ ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်နေသော အစိတ်အပိုင်းငယ်လေးမျှသာဖြစ်ပြီး ရေအောက်တွင်နစ်မြုပ်လျက်ရှိသော အစိတ်အပိုင်းများ၏ ပမာဏကိုမူ မည်သူမျှ အပြည့်အဝမသိနိုင်ကြပါ။

CSA သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ စိုးရိမ်ဖွယ်ရာတိုးပွားလျက်ရှိသော လူမှုပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းခန့်သည် CSA ကို ကြုံတွေ့နေရသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးဥပဒေဖြင့် CSA ကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း အမှန်တကယ်အရေးယူနိုင်မှု နည်းပါးနေဆဲဖြစ်ပါသည်။ U-Report ၏ မြန်မာနိုင်ငံအတွင်း CSA ဆိုင်ရာ သုတေသနစစ်တမ်း၌ ပါဝင်ဖြေဆိုသူအားလုံး၏ ၅၁ ရာခိုင်နှုန်းက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် CSA များရှိကြောင်း အတည်ပြုခဲ့ပါသည်။ ဤပြဿနာ၏ ပိုမိုနက်ရှိုင်းသော အချက်မှာ လူမှုရေးယဉ်ကျေးမှုအရ CSA ကို ဖုံးကွယ်လေ့ရှိခြင်းနှင့် အစီရင်ခံမှုနည်းပါးခြင်းတို့ကြောင့် စာရင်းဇယားများတွင် ဖော်ပြထားသည်ထက် အမှန်တကယ်ဖြစ်ပွားနှုန်း ပိုမိုမြင့်မားနေခြင်း ဖြစ်ပါသည်။

CSA ၏ အဓိပ္ပာယ်နှင့် အမျိုးအစားများ

CSA ဆိုသည်မှာ လူကြီးတစ်ဦးဦး (သို့) အသက်ပိုကြီးသူတစ်ဦးဦးက ကလေးတစ်ဦးအား အာဏာ၊ ယုံကြည်မှု၊ စီးပွားရေးကိုအလွဲသုံးစားပြု၍ လိင်မှုကိစ္စအတွက် စော်ကားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုအဖြစ် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ CSA ကို အဓိကအားဖြင့် ထိတွေ့ကိုင်တွယ်မှုပါသော အလွဲသုံးစားမှုများ (ဥပမာ - လိင်အင်္ဂါထိတွေ့ခြင်း၊ အဓမ္မပြုကျင့်ခြင်း) နှင့် ထိတွေ့မှုမပါသော အလွဲသုံးစားမှုများ (ဥပမာ- လိင်ပိုင်းဆိုင်ရာရုပ်ပုံပြသခြင်း၊ အွန်လိုင်းမှ နှောင့်ယှက်ခြင်း) ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် အချက်အလက်များအရ အသက် ၅ - ၁၇ နှစ်အတွင်းရှိ ကလေးများသည် CSA ခံရနိုင်ခြေအမြင့်ဆုံးဖြစ်ပြီး ကျူးလွန်သူများ၏ ၉၁ ရာခိုင်နှုန်းမှာ ကလေး၏ မိသားစုဝင်ဆွေမျိုး သို့မဟုတ် ရင်းနှီးကျွမ်းဝင်သူ များ ဖြစ်နေတတ်ပါသည်။ ဤအချက်က ကလေး၏ စိတ်ဒဏ်ရာကို ပိုမိုနက်ရှိုင်းစေပါသည်။ CSA တွင် လိင်မှုဆိုင်ရာစကားများ အတင်းပြောစေခြင်း၊ ကလေးအား လိင်လုပ်သားအဖြစ်အသုံးချခြင်း (Child Trafficking)၊ ကလေးများအား လိင်မှုကိစ္စအတွက် ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးခြင်း၊ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခြင်း (Cyber Grooming) ကဲ့သို့သော ရှုပ်ထွေးသည့်ပုံစံများလည်း ပါဝင်နိုင်ပါသည်။

အထူးသတိပြုရမည့်အချက်မှာ CSA သည် မိန်းကလေးများတွင်သာမက ယောက်ျားလေးများတွင်လည်း ဖြစ်ပွားနိုင်ပြီး ယောက်ျားလေးများတွင် အစီရင်ခံမှုနှုန်း ပိုမိုနည်းပါးလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အွန်လိုင်းမှ CSA အမှုများ တိုးပွားလာသည်ကို တွေ့ရှိရပါသည်။ CSA ၏ အခြားသောအန္တရာယ်ရှိသည့် ပုံစံတစ်ခုမှာ “Child Marriage” (ကလေးအား အတင်းအကျပ်လက်ထပ်စေခြင်း) ဖြစ်ပြီး ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များလေ့ရှိပါသည်။

CSA ၏ လက္ခဏာများနှင့် ရေရှည်ဆိုးကျိုးများ

CSA ပြုလုပ်ခံရသော ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအဖြစ် လိင်အင်္ဂါနာကျင်ခြင်း၊ ယားယံခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနှင့် HIV/AIDS အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ကူးစက်ခံရနိုင်ခြေမြင့်မားစွာ တွေ့ရှိရပါသည်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ကလေးငယ်များ ကြောက်ရွံ့လွန်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန် စဉ်းစားခြင်းများ ပါဝင်သည်။ ကလေး ၇၅ ရာခိုင်နှုန်းခန့်သည် CSA ဖြစ်စဉ်ကို အနည်းဆုံးငါးနှစ်အထိ ဖုံးကွယ်ထားတတ်ပြီး ယင်းမှာ ကျူးလွန်သူ၏ ခြိမ်းခြောက်မှု၊ အပြစ်ရှိသည်ဟုခံစားရမှုနှင့် မိသားစုဂုဏ်သိက္ခာကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

လူမှုရေးဆိုင်ရာ ဆိုးကျိုးများအဖြစ် ကျောင်းစွမ်းဆောင်ရည်ကျဆင်းခြင်း၊ လူမှုဆက်ဆံရေးတွင် ယုံကြည်မှုပျောက်ဆုံးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ CSA ပြုလုပ်ခံရသော ကလေးများ၏ ၆၀ ရာခိုင်နှုန်းခန့်တွင် Post - Traumatic Stress Disorder (PTSD) စိတ်ဒဏ်ရာနောက်ဆက်တွဲ ရောဂါလက္ခဏာများဖြစ်ပေါ်တတ်ပြီး ၄၅ ရာခိုင်နှုန်းခန့်တွင် နှစ်ရှည်လများ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety Disorder) ကို ခံစားရတတ်ပါသည်။ ရေရှည်တွင် CSA ပြုလုပ်ခံရသူများသည် အရွယ် ရောက်လာသည့်အခါ မူးယစ်ဆေးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများကို ပိုမိုပြုလုပ်တတ်ပြီး အိမ်ထောင်ရေးနှင့် အလုပ်အကိုင်ဘဝတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သုတေသနတွေ့ရှိ ချက်များက ဖော်ပြထားပါသည်။

မိဘများအနေဖြင့် သတိထားရမည့်အချက်များမှာ ကလေး၏အပြုအမူများ ရုတ်တရက်ပြောင်းလဲခြင်း (ဥပမာ - ရေချိုးခန်းဝင်ရန် ငြင်းဆန်ခြင်း၊ အခြားသူများနှင့် ထိတွေ့ရန် ရှောင်ဖယ်ခြင်း)၊ အသက်အရွယ်နှင့် မလိုက်အောင် လိင်ပိုင်းဆိုင်ရာ အကြောင်းအသိပညာများပြားလာခြင်းတို့ ဖြစ်ပါသည်။ CSA ၏ ဆိုးရွားသောအချက်တစ်ခုမှာ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာ အာဟာရချို့တဲ့ခြင်း (Stunted Growth) နှင့် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကို ဖြစ်စေနိုင်သည့်အချက်ဖြစ်ပါသည်။

CSA ကို ကာကွယ်ရန်နည်းလမ်းများ

ကလေးများကို CSA မှ ကာကွယ်ရန် “လုံခြုံသောထိတွေ့မှု” နှင့် “မလုံခြုံသောထိတွေ့မှု” တို့ကို ခွဲခြားသိရှိအောင် ပညာပေးရပါမည်။ ကလေးများအား ကိုယ်ခန္ဓာအကြောင်း သင်ကြားပေးပြီး တစ်ပါးသူ ထိတွေ့ခွင့်မပေးရမည့် အစိတ်အပိုင်းများ (Private Parts) အကြောင်း ရှင်းလင်းစွာ ပြောပြရပါမည်။ “မိမိခန္ဓာကိုယ်ကို မိမိပိုင်ဆိုင်သည်” ဟူသော အသိစိတ်ကို ကလေးငယ်ဘဝကတည်းက မွေးမြူပေးခြင်းဖြင့် CSA ကို ကာကွယ်နိုင်ပါသည်။ ကလေးများအား တစ်စုံတစ်ယောက်က ဘယ်သူ့မှမပြောနဲ့ဟု ခြိမ်းခြောက်လာပါက မိဘ /ယုံကြည်ရသူကို ချက်ချင်းပြောရန် သင်ကြားပေးရပါမည်။ မိဘများအနေဖြင့် ကလေး၏ အပြုအမူပြောင်းလဲမှုကို နေ့စဉ်စောင့်ကြည့်ပါ။ ရုတ်တရက်စကားပြောနည်းလာခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ ကျောင်းစွမ်းဆောင် ရည်ကျဆင်းခြင်းများကို သတိထားပါ။ ကျောင်းများတွင် CSA ကာကွယ်ရေးသင်ခန်းစာများ ထည့်သွင်းသင်ကြားပေးရပါမည်။

ကလေးများအား တစ်စုံတစ်ယောက်က CSA ပြုလုပ်လာပါက လုပ်ဆောင်ရမည့် “NO-GO-TELL” (ငြင်းဆို-ထွက်ပြေး-ပြောပြ) နည်းလမ်းကို လက်တွေ့သင်ကြားပေးခြင်းဖြင့် အန္တရာယ်ကို တုံ့ပြန်နိုင်စွမ်းမြှင့်တင်ပေးနိုင်ပါသည်။ အွန်လိုင်းလုံခြုံရေးအတွက် ကလေး၏ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ပါ။ မသင့်လျော်သောဆက်သွယ်မှုများ၊ ဗီဒီယိုစာမျက်နှာများမှ ကာကွယ်ရန် Parental Control Software များ တပ်ဆင်ပေးပါ။ မိဘနှင့် သားသမီးအကြား ယုံကြည်စိတ်ချရသောဆက်ဆံရေးတည်ဆောက်ပါ။ CSA ကာကွယ်ရေးတွင် အရေးကြီးဆုံးအချက်မှာ ကလေးများ၏စကားကို နားထောင်ပေးခြင်းနှင့် ယုံကြည်မှုပေးခြင်းဖြစ်ပါသည်။

CSA ကြုံလာပါက တုံ့ပြန်ဆောင်ရွက်နည်းများ

ကလေး၏စကားကို အပြစ်မတင်ဘဲ နားထောင်ပါ။ ကလေးကိုယုံကြည်ကြောင်း၊ ကလေးမှာ အပြစ်မရှိကြောင်း ရှင်းလင်းစွာပြောဆိုပါ။ သံသယဖြစ်ဖွယ်အခြေအနေများတွေ့ပါက ရဲတပ်ဖွဲ့ (အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ) ဖုန်း 199 (မြန်မာနိုင်ငံရဲတပ်ဖွဲ့အရေးပေါ်ဖုန်း)၊ အနီးစပ်ဆုံးရဲစခန်းသို့ ဆက်သွယ်ပါ။ နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ သွားရောက်ကာ ဒဏ်ရာများ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် စိတ်ဒဏ်ရာများအတွက် ချက်ချင်းစစ်ဆေးကုသမှုခံယူပါ။ ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တွင် မဖော်ပြဘဲသက်ဆိုင်ရာ အာဏာပိုင်များသို့သာ အကြောင်းကြားပါ။ တရားဥပဒေဆိုင်ရာ အကူအညီရယူရန် ရဲစခန်းတွင် အမှုဖွင့်ပါ။

သက်သေအထောက်အထားများ (အဝတ်အစား၊ မက်ဆေ့ချ်များ) ကို မဖျက်ဘဲ သိမ်းဆည်းထားပါ။ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေး ဥပဒေအရ CSA ကျူးလွန်သူများအား ထောင်ဒဏ် နှစ် ၂၀ မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါသည်။

လိုအပ်လျှင် ကလေးသူငယ်စိတ်ကျန်းမာရေးပညာရှင်နှင့် ချိတ်ဆက်ကာ ကုသမှုခံယူပါ။ ကျူးလွန်သူနှင့် ထပ်မံမထိတွေ့စေရန် ယုံကြည်စိတ်ချရသော မိသားစုဝင်များနှင့်သာ နေထိုင်စေပါ။ အခြားကလေးများနှင့် အတူတူထားပါ။ တစ်ယောက်တည်းမနေစေရ။ CSA ခံရသော ကလေးများသည် နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာကို ခံစားရနိုင်သဖြင့် မိသားစုအနေဖြင့် စိတ်ရှည်လက်ရှည်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

CSA သည် ကလေးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသည့် ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ခြိမ်းခြောက်နေသော ပြဿနာဖြစ်ပါသည်။ ထို့အပြင် CSA ပြုလုပ် ခံရသောကလေးများ သေချာစွာ ပြုစုစောင့်ရှောက်မှု မခံရဘဲကြီးပြင်းလာပါက လူကြီးဘဝတွင် အလားတူအကြမ်းဖက်မှုများ ပြုလုပ်နိုင်ခြေ သုံးဆပိုများကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထားရာ ဤပြဿနာသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ကူးစက်တတ်သော အရာတစ်ခုအဖြစ်ရှိနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။

သို့ဖြစ်၍ CSA ဖြစ်ပွားမှုမှကာကွယ်ရန် မိဘများ၊ ဆရာများနှင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် အရေးကြီးပါသည်။ CSA ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ကလေးများအား လုံခြုံစွာနေထိုင်နည်း ပညာပေးခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများပေးခြင်းတို့ကို အချိန်မီဆောင်ရွက်ရမည်။ ကလေးတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို လုံခြုံစွာကာကွယ်နိုင်စွမ်းရှိရမည်ဖြစ်ပြီး ဤအခွင့် အရေးသည် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါသည်။ ထို့ကြောင့် “ကလေးတိုင်းသည် လုံခြုံစိတ်ချရသောဘဝတစ်ခုကို ရပိုင်ခွင့်ရှိသည်” ဟူသောအသိဖြင့် လူတိုင်းက CSA ကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အလေးထားတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

References

1. Ministry of Social Welfare, Relief and Resettlement (Myanmar) & UNICEF (2020).

*“National Plan of Action on the Prevention and Response to Violence Against Children in Myanmar (2019-2023).”*

2. UNICEF Myanmar – Child Protection Programs.

https://www.unicef.org/myanmar/child-protection

3. Child Helpline International – Myanmar (2022). “Support Services for Child Abuse Victims in Myanmar.”

MOI

ဒေါက်တာ ဇင်ဇေယျာဝင်း

ငယ်စဉ်အခါမှာ ပညာရှာပါ
-

မုတ်သုံမိုးက ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါးရွာသွန်းလျက်ရှိသည်။ မိုးကြောင့်ပတ်ဝန်းကျင်သည် စိမ်းစိုလန်းဆန်းနေသည်။ ကျောင်းတက်ကျောင်းဆင်းချိန်နှင့် ကြုံကြိုက်ပါက ဝန်းကျင်တစ်ခိုသည် ပို၍ စိမ်းမြသစ်လွင်နေတော့သည်။ သည်မြင်ကွင်းကား အခြေခံပညာကျောင်းများဖွင့်လှစ်ချိန် ဇွန်လရောက်လျှင် တွေ့မြင်နေကျမြင်ကွင်းတစ်ခုဖြစ်သော်လည်း ဘယ်သောအခါမျှမရိုးနိုင်ပါပေ။ စိတ်အစဉ်ကို ကြည်နူးချမ်းမြေ့စေသည်။

ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ခြောက်သန်းနီးပါး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကိုအခမဲ့ပေးဝေပြီး KG နှင့် မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ငယ်စဉ်အခါမှာ ပညာရှာကြရပေမည်။ ပညာခေတ်တွင် ပညာရေးသည် လူတိုင်းအတွက် အရေးပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မိမိတို့နိုင်ငံအလိုက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လာကြသည်။

တီထွင်ဆန်းသစ်မှုရှိလာစေရန် ဉာဏ်အလင်းဖွင့်ပေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကျောင်းသား ကျောင်းသူများကို သိပ္ပံပညာအကြောင်း ပြောပြလာနိုင်စေရန်၊ သိပ္ပံပညာရပ်ကိုသင်ယူလာနိုင်စေရန်၊ သိပ္ပံပညာရပ်ကို အသုံးပြုလာနိုင်စေရန်နှင့် တီထွင်ဆန်းသစ်မှုရှိလာစေရန် ဉာဏ်အလင်းဖွင့်ပေးပြီး လက်တွဲခေါ်ဆောင်ပေးလျက်ရှိသည်။

CRI သတင်း၏ အဆိုအရ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့နံနက်တွင် တရုတ်နိုင်ငံစန်းကျန့်မြို့၊ ပေကျင်းမြို့၊ ဟော်ပေပြည်နယ်၊ စန်းတုန်းပြည်နယ်တို့မှ အာကာသဝါသနာရှင် အထက်တန်းကျောင်းသားများကိုယ်တိုင် စမ်းသပ်ပြုလုပ်ထားသော ပထမဆုံး မိုးလေဝသနှင့် အာကာသစူးစမ်းလေ့လာရေးဒုံးပျံ “ဖေးယန့်-၁” (Feiyan-1)ကို ချင်းဟိုင် ပြည်နယ်လန်ဟူမြို့နယ်တွင် အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့သည်ဟုဆိုသည်။ ဒုံးပျံပစ်လွှတ်ပြီးနောက်တွင် မြေပြင်ဂြိုဟ်တုလက်ခံစခန်းမှ ရှာဖွေစုဆောင်းရန်စီစဉ်ထားသည့် မိုးလေဝသအချက်အလက်များကို အောင်မြင်စွာလက်ခံရရှိခဲ့သည်ဟု သိရသည်။

ဖေးယန့်-၁ ၏ တီထွင်စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်စတင်ခဲ့ပြီး အဆိုပါအာကာသဝါသနာရှင် အထက်တန်းကျောင်းသားများက ပေကျင်း-ကျင်ရှို့အာကာသနှင့် လေကြောင်းသိပ္ပံ နည်းပညာအခြေစိုက်စခန်းသို့ သွားရောက်လေ့လာဆည်းပူးခဲ့ကြပြီး အစီအစဉ်များ ဆန်းစစ်သုံးသပ်ခဲ့ကြကာ ဒုံးပျံ၏ ပဏာမဒီဇိုင်းကို ပြီးမြောက်အောင်ရေးဆွဲခဲ့ကြသည်။

ယင်းနောက် သက်ဆိုင်ရာကျောင်းများသို့ ပြန်သွားခဲ့ကြပြီး ကျောင်းပြင်ပအချိန်ကို အသုံးချကာ ဒုံးပျံစမ်းသပ်ထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းလုပ်ငန်းစဉ်များနှင့်အညီ ဒုံးပျံဒီဇိုင်းရေးဆွဲမှု၊ လက်တွေ့စမ်းသပ်မှု၊ အချောသပ်မှု၊ စုပေါင်းမှု၊ တပ်ဆင်မှုနှင့် စမ်းသပ်စစ်ဆေးမှုတို့ကို ပြီးမြောက်သည်အထိ စနစ်တကျလုပ်ဆောင်ခဲ့ကြသည်။

စန်းကျန့်မြို့ ယန့်ချွမ်းအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ ဝမ်ယွိနင်က ဒီဇိုင်နာချုပ်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။ ဝမ်ယွိနင်သည် ငယ်စဉ်ကတည်းက ဒုံးပျံနှင့် အာကာသဆိုင်ရာ ပညာရပ်များကို စူးစမ်းလိုစိတ်ရှိပြီး လေကြောင်းအာကာသ အသိပညာများကို စနစ်တကျ လေ့လာဆည်းပူးခဲ့သည်။ ယန့်ချွမ်းအထက်တန်းကျောင်းလေကြောင်းနှင့် အာကာသဆိုင်ရာ အထူးပညာသင်ကြားရေးစနစ်၏ အားပေးမှုနှင့်အတူ အာကာသအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒုံးပျံဒီဇိုင်း ရေးဆွဲမှု၊ လောင်စာဖော်စပ်မှု၊ လေကြောင်းအီလက်ထရောနစ်ထိန်းချုပ်ရေး စသည့်အသိပညာများကို သင်ယူခဲ့သည်ဟုဆိုသည်။

ဖေးယန့်-၁ အာကာသစူးစမ်းလေ့လာရေးဒုံးပျံသည် တရုတ်နိုင်ငံနေရာဒေသအနှံ့မှ အာကာသဝါသနာရှင် အထက်တန်းကျောင်းသားများ ကိုယ်ပိုင်သဘောဆန္ဒဖြင့် စတင်ခဲ့သည့် အာကာသသိပ္ပံတီထွင်မှု စီမံကိန်းတစ်ခုဖြစ်ပြီး ဒုံးပျံပညာရှင်များ၏ လမ်းညွှန်မှုအောက်တွင် အထက်တန်းကျောင်းသားများ ကိုယ်တိုင်တီထွင်ပြုလုပ်ခဲ့ကြသော ပထမဆုံးအာကာသစူးစမ်းလေ့လာရေးဒုံးပျံဖြစ်ကြောင်း သိရသည်။

ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းကျောင်းများ နှစ်စဉ်ဖွင့်လှစ်

မြန်မာနိုင်ငံတွင်လည်း ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(လေ)က လေကြောင်းလူငယ်သင်တန်းများကိုလည်းကောင်း၊ တပ်မတော်(ရေ)က ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာ များဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရေကြောင်းလူငယ်သင်တန်းများကို လည်းကောင်း နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အိမ်နီးချင်း လာအိုနိုင်ငံတွင်လည်းပညာရေး၏ တန်ဖိုးကိုမြှင့်တင်ရန်၊ ကျောင်းထွက်နှုန်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်း အခြေခံပညာသင်ကြားခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုအစီအစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် ပညာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသည် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမြင့်မားလာခြင်းကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

ကျောင်းတက်ရခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရန်နှင့် ပညာရေးသည် လူမှုဘဝအတွက်ရော လုပ်ငန်းခွင်အတွက်ပါ အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို လာအိုပြည်သူများ နားလည်ပြီး လက်ခံလာအောင် တိုက်တွန်းလှုံ့ဆော်နိုင်မည့် ဗီဒီယိုတစ်ခုဖန်တီးနိုင်ရန် ဇာတ်ညွှန်းရေးသားခြင်းနှင့် ပုံပြောခြင်းတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။

ပညာရေး၏တန်ဖိုးနှင့်ပတ်သက်၍ ဘဝဇာတ်ကြောင်းများ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့မူ ငယ်စဉ်တောင်ကျေးကလေးဘဝကပင် ပညာရေး၏ တန်ဖိုးနှင့်ပတ်သက်၍ ငယ်စဉ်အခါမှာပညာမရှာခဲ့၍ ကြီးခါမှခွက်လက်စွဲကာ တောင်းရမ်းစားသောက်နေရသော ဗာရာဏသီပြည်မှကုဋေရှစ်ဆယ်သူဌေးသားတစ်ဦး၏ ဘဝဇာတ်ကြောင်း၊ မြတ်စွာဘုရားရှင် လက်ထက်တော်ကာလက ပထမအရွယ်တွင် လုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ်ပါက လောကီအရာတွင် ပထမတန်းထိပ်တန်းသူဌေးကြီး၊ လောကုတ္တရာနယ်ပယ်တွင် ကိလေသာအာသဝေါ တရားကင်းစင်သော ရဟန္တာအရှင်မြတ်အဖြစ်လည်းကောင်း၊ ဒုတိယအရွယ်တွင် အသိတရားရပြီး ကြိုးစားအားထုတ်ပါက လောကီအရာတွင် ဒုတိယတန်းစားသူဌေး၊ လောကုတ္တရာနယ်ပယ်တွင် အနာဂါမ်၊ သကဒါဂါမ်အဖြစ်လည်းကောင်း၊ တတိယအရွယ်တွင်လည်း အချိန်မနှောင်းမီကြိုးစားခဲ့ပါက လောကီအရာတွင် တတိယတန်းစားသူဌေးတစ်ဦး၊ လောကုတ္တရာနယ်ပယ်တွင် သောတာပန်ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်းကောင်း လောကီ၊ လောကုတ္တရာနှစ်ဝနှစ်ဌာနတွင် တစ်ဖက်ဖက်က အကျိုးများ နိုင်ဖွယ်ရှိမည်ဖြစ်သော်လည်း အရွယ်သုံးပါးလုံးကို အချည်းနှီးကုန်ဆုံးခဲ့သဖြင့် အရွယ်လွန်အချိန်နှောင်းကာ အသက် အရွယ်ကြီးမြင့်ချိန်ရောက်မှ ခွက်လက် စွဲကာ တောင်းရမ်းစားသောက်ခဲ့ရသော အဘိုးအို ဇနီးမောင်နှံနှစ်ဦးတို့၏ ဘဝဇာတ်ကြောင်းတို့ကို လေ့လာမှတ်သားခဲ့ကြဖူးပေမည်။

မျက်မှောက်ခေတ်တွင်လည်း ပညာသည် လူသားတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ လူမှုဘဝနှင့် ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်၍ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိမိသားစုနှင့် လူမှုအဖွဲ့အစည်းအားအကျိုးပြုရန်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ငယ်စဉ်အခါကတည်းက ပညာရှာကြရလေသည်။ ပညာသင်ကြားကြရပေသည်။ ဘဝတက်လမ်းအမြင့်သို့ တက်လှမ်းလိုသူတိုင်းအဖို့မူလည်း ပညာရေးနောက်ခံကောင်းမှ၊ ပညာတတ်မှ၊ ပညာရှိမှ လိုရာခရီး ပန်းတိုင်ကို တက်လှမ်းနိုင်မည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမြင့်မားလာခြင်း၊ ကျောင်းအပ်နှံမှုနည်းပါးလာခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ကြသော်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံကြီးများအဖို့မူ ပညာရေး၏တန်ဖိုးကို ဖွံ့ဖြိုးဆဲနိုင်ငံများထက် ဆယ်စုနှစ်များစွာရာစုနှစ် နီးပါးစောစီးစွာ နားလည်သဘောပေါက်ခဲ့ကြပြီး လက်ရှိပညာရေးစနစ်ကိုလည်း ခေတ်နှင့်လျော်ညီစွာ အထပ်ထပ်မွမ်းမံ တည်ဆောက်ခဲ့ကြ၍ ယနေ့ကမ္ဘာတွင် ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ရယူနိုင်ခြင်းဖြစ်ပေသည်။

သို့ဖြစ်၍ ပညာခေတ်တွင် ကျောင်းသား လူငယ်မောင်မယ်များသာမက ကျောင်းသားမိဘများကိုယ်တိုင် ပညာရေး၏တန်ဖိုးကို နားလည်သဘောပေါက်ကာ မိမိတို့ရင်သွေးငယ်များ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မပျက်မကွက် ပညာသင်ကြားသင်ယူနိုင်ရေးအပေါ် အလေးထား အားပေးဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

MOI

မောင်ကမ္ဘာ

ကျောင်းအပ်နှံရေး ကျောင်းတက်ရေး သားသမီးပညာရေး ပို၍တွေး ….
-

ပညာရေးစီမံကိန်းတစ်ခု

၁၉၅၂ ခုနှစ်ကတည်းက ပြည်ထောင်စုတစ်ဝန်း လူမှုဘဝမြင့်မားရေး ပညာရေးစီမံကိန်းတစ်ခုထဲက တစ်နိုင်ငံလုံး စာအရေး၊ အဖတ်၊ အတွက်အချက်တတ်ဖို့ အားထုတ်ခဲ့တာဟာ ယနေ့အချိန်အခါအထိ ဖြစ်ပါတယ်။

မူလတန်းပညာကို သင်ခွင့်မရခဲ့တဲ့ ကျောင်းနေအရွယ်ကလေး သူငယ်အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြီးမားခဲ့ပါတယ်။ ဂဏန်းမသင်လာဘ်မမြင်သူတွေ၊ စာမတတ် စာမဖတ်နိုင်သူတွေ ပေါများခဲ့ရပါတယ်။ ယနေ့ခေတ်အချိန်အခါမှာတောင် အလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းဆိုတော့ တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံဟာ အလယ်တန်းပညာကို လက်လှမ်းမမီလေရော့သလား၊ စဉ်းစားစရာဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်စေ ဒီကိန်းဂဏန်းတွေဟာ စိတ်ချောက်ချား ဖွယ်ဖြစ်နေပါတယ်။ အသက်အရွယ်အရ သင်ယူရမယ့်ပညာရေးဟာ တစ်ခါက အဟောသိကံဖြစ်ခဲ့ရတာကို ယနေ့သင်ခန်းစာယူကြရလိမ့်မယ်။

ခေတ်အဆက်ဆက် မြန်မာ့ပညာရေးဟာ မညံ့ခဲ့ပါဘူး။ သင်ရိုးအဆင့်တွေဟာလည်း နိုင်ငံတကာနဲ့ မယှဉ်နိုင်တောင် အရှေ့တောင်အာရှကို ကောင်းကောင်း ယှဉ်နိုင်တယ်လို့ ပြောချင်ပါတယ်။ ပညာသင်စရိတ်ဟာ အခမဲ့ပါပဲ။ ထောက်ပံ့စာအုပ်စာတမ်းဆိုတာဟာလည်း ကျောင်းတက်မယ့် သူအားလုံးအတွက် ဖူလုံနေပါတယ်။ နိုင်ငံရဲ့သားငယ်၊ သမီးငယ်ဆယ်ကျော်သက်တွေ ကျောင်းဖွင့်ရာသီမှာ ကျောင်းတက်ဖို့ တိုက်တွန်းတာကြောင့် ခေါင်းလောင်းသံတညံညံနဲ့ ကျောင်းတွေဟာ လှုပ်လှုပ် ရှားရှားရှိခဲ့ပါတယ်။ ကျောင်းသားဦးရေဟာလည်း မြင့်သထက်မြင့်လာပေမယ့် ရာနှုန်းပြည့်မဖြစ်သေးတော့ နိုင်ငံအနေနဲ့ အားမလိုအားမရ ဖြစ်ရတာအမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ စာတတ်ပေတတ် ပညာတတ်တွေပေါများမှ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီရေးတွေကို မယ်မယ်ရရလုပ်နိုင်မှာဖြစ်လို့ ကျောင်းတက်ဖို့၊ ကျောင်းထွက်နှုန်းနည်းဖို့ နိုင်ငံတစ်ဝန်း အာပေါက်အောင်ပြောရ၊ လူကြီးတွေကိုယ်တိုင် နေရာအရောက် ထောက်ပံ့နေတာတွေမြင်ရတော့ ကြည့်မကောင်း ရှုမကောင်းဖြစ်ရပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွေ၊ မြှင့်တင်မှုတွေအရ ပညာရေးပြက္ခဒိန်မှာ မေလနဲ့ဇွန်လအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်၊ ဇူလိုင်လမှာ ကျောင်းနဲ့ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဩဂုတ်လမှာ ကျောင်းကျန်းမာရေးသီတင်းပတ်ရယ်လို့ ပညာရေးအစီအစဉ်တွေရေးဆွဲပြီး ဆရာကျောင်းသားအပေါင်းဟာ တက်ကြွစွာလုပ်ဆောင်နေကြတာတွေမြင်ရပါတယ်။ ပညာရေးပြက္ခဒိန်မှာ ဘာကြောင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလနဲ့ ဇွန်လအတွင်း သတ်မှတ်ပြီး သိုက်သိုက်ဝန်းဝန်းဆောင်ရွက်ရသလဲဆိုရင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေချင်လို့ပါပဲ။ တစ်နိုင်ငံလုံးရေးတတ်၊ ဖတ်တတ်၊ ဂဏန်းသင်္ချာတွက်တတ်ဖို့ ဖြစ်ပါတယ်။ ဘဝကို အစစ်အမှန် ထိန်းကျောင်းနိုင်တာတစ်ခုက အနိမ့်ဆုံး KG + 9 ပညာလောက် အခြေခံပညာလောက်တတ်မှဖြစ်မယ်။ ဘယ်နိုင်ငံက ပညာရှင်ကို မေးမေး ဒီအဖြေကို ပေးလိမ့်မယ်။

င်ခန်းစာတွေဟာ ခက်လို့၊ သင်တဲ့နည်းတွေဟာ ဟန်မကျလို့၊ ကျောင်းကဝေးလို့၊ စစ်ပွဲရှောင်နေရလို့၊ ဘာလို့ညာလို့ဆိုပြီး အမျိုးမျိုးသော ဆင်ခြေတွေနဲ့ ကျောင်းတက်သူ၊ ကျောင်းအပ်နှံသူအရေအတွက် အမြင့်ဆုံးသို့ မရောက်ဖြစ်နေပါတယ်။ ပညာစီးပွားခေတ် (Knowledge economy) မှာ ကျောင်းသား လူငယ်တွေ စာမသင်၊ ပညာမသင်လို့ ကတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ ပြောဖွယ်ရာမလိုတော့ ပြီ။ အုပ်ထိန်းသူကဖြစ်စေ၊ မိဘကဖြစ်စေ သူ့ကလေးပညာရေးအတွက် ကလေးကို ကျောင်းလာအပ်တယ်ဆိုရင်ပဲ ရပ်ရွာရဲ့ကျောင်းဟာ ဥပစာ ဖြစ်လာပါတယ်။

ကျောင်းဟာ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်တယ်။ အသိဉာဏ်ကို မြှင့်တင်ပေးတယ်။ ဗြဟ္မစိုရ်တရား ထွန်းကားအောင် လုပ်ပေးတယ်။ စိတ်ဓာတ်ရေးရာ ပြုပြင်ပေးတယ်။ လူ့ဘဝနဲ့ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တာဟာလည်းကျောင်းပဲ။ စာသင်ကျောင်းက အစပြုလိုက်တဲ့ လောကနီတိ ကျင့်ဝတ်တွေကသာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ်နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်းများကို မွေးထုတ်ပေးရာရောက်တယ်။ စိန်ခေါ်မှုကို ဉာဏ်နဲ့ယှဉ်ပြီး ရင်ဆိုင်နိုင်ကျော်လွှားနိုင်ဖို့ စွန့်စားကြရလိမ့်မယ်။ မစွန့်စားရင် မစားရဘူးလို့ဆိုသလိုပါပဲ။ မြန်မာ့တံခါးကိုဖွင့်၊ ကမ္ဘာကိုကြည့်လိုက်ပါ၊ ဒီနေ့လှုပ်ရှားရမယ့်ကိစ္စဟာ နိုင်ငံသားတိုင်း အရွယ်ရောက်သူကလေးတိုင်းဟာ ခေါင်းလောင်းသံတညံညံနဲ့ ကျောင်းတက်ဖို့ပဲဖြစ်ပါတယ်။

“မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ Lifelong learning ဖြစ်ပါတယ်။ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ဖို့ဖြစ်ပါတယ်။ ကျောင်းလည်းမတက်၊ မိဘရဲ့ လုပ်ငန်းမှာလည်း အထောက်အပံ့မဖြစ်ရင်၊ အနိမ့်ဆုံးမိခင်ရဲ့မီးဖိုချောင်အလုပ်ကို ဝင်မကူဖြစ်ရင်၊ အိမ်ခန်းရှင်းဖို့ ဝင်ရောက်မကူကြရင်၊ ခြေမွေး မီးမလောင်လက်မွေးမီးမလောင် ငယ်စဉ်ဘဝကတည်းက လက်ကြောမတင်းရင် ၂၁ ရာစုမှာ ဝင်ဆံ့ဖို့ဆိုတာ ဝေးစွ၊ ၁၈ ရာစုမှာ ပြန်နေဖို့ ဖြစ်နေလိမ့်မယ်။

ကုန်းဘောင်ခေတ်ကို ပြန်ကြည့်ရင်စစ်ထွက်ကြရင်း ရောက်တဲ့အရပ်မှာ စိုက်ပျိုးမွေးမြူတဲ့ အတတ်ပညာနဲ့ စစ်ပွဲတွေအောင်မြင်ဖို့ ခက်ခက်ခဲခဲ အားထုတ်ခဲ့တဲ့သမိုင်း ရှိခဲ့ပါတယ်။ အဋ္ဌာရဿ ၁၈ ရပ်ကို တတ်မြောက်ကြရတယ်။ ဒါတွေကို ဘုန်းကြီးကျောင်းပညာရေးနဲ့ ဆောင်ရွက်ခဲ့ကြရတယ်။ ၂၁ ရာစုခေတ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပထဝီနိုင်ငံရေးတွေဟာ ရှုပ်ထွေးလွန်းလှတော့ အခြေခံပညာလောက်မှ မတတ်မြောက်တဲ့ လူထုဖြစ်နေရင် ဆင်းရဲဒုက္ခတွင်းဟာ နက်သထက်နက်၊ ပြန်တက်ဖို့ ခက်လိမ့်မယ်။

ပြည်တွင်းမငြိမ်မသက်၊ အငြင်းပွားမှုတွေ၊ ဝရုန်းသုန်းကားနဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကလေးသူငယ်ကအစ မိဘတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကဏ္ဍအသီးသီးမှာ တာဝန်ရှိသူတွေဟာ ကိုယ့်နိုင်ငံအနာဂတ်အတွက် ပညာရေးကို ပိုရင်းနှီးမြှုပ်နှံကြမှ၊ ကြီးမားတဲ့တာဝန်ကြီးတွေကို ထမ်းဆောင်နေကြရတယ်လို့ခံယူပြီး သားသမီးအရေး၊ ကျောင်းတက်ဖို့အရေး၊ ပိုတွေးမှတော်ကာကျလိမ့်မယ်။ ကလေးတွေရဲ့ အနာဂတ်အရေး မြော်တွေးပြီး ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒီကြိုးစားမှုကြောင့် ဖြစ်ထွန်းလာမယ့် ကျောင်းနေအရွယ်ကလေးတွေ ရာနှုန်းပြည့်နီးပါး ကျောင်းနေပြီး စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်တဲ့ ကျောင်းသင်ပညာရေးဟာ ဗလငါးတန်အထိ ရှေးရှုနိုင်တာမို့ တန်ဖိုးကြီးလှပါတယ်။ ကျောင်းဟာ အနည်းဆုံးဆိုးသွမ်းလူငယ်မဖြစ်ဘဲ စည်းကမ်းရှိတဲ့သူဖြစ်အောင် လုပ်ပေးတယ်။ ကျောင်းဟာ မဖွံ့ဖြိုးသေးတဲ့ဒေသ ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်တယ်။ ဖွံ့ဖြိုးဖို့ဆိုရာမှာ စည်းကမ်းကောင်းမွန်ရေး၊ တရား ဥပဒေလိုက်နာရေး၊ ဆိုးသွမ်းလူငယ်မဖြစ်ရေး၊ ဒုစရိုက်ကင်းတဲ့သူဖြစ်ရေး၊ သိပ္ပံနည်းကျတွေးခေါ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေမီးပေါကြွယ်ဝရေးထိ အကျုံးဝင်ပါ တယ်။

ပညာဆိုတာ ရှေ့မှာရှိမယ့် ကောင်းကျိုး၊ ဆိုးကျိုးကိုမြင်နိုင်တယ်။ ထွင်းဖောက်မြင်နိုင်တယ်။ အသက်မွေးဝမ်းကျောင်းမှုတွေကို သူကိုယ်တိုင်ရှာဖွေနိုင်စွမ်းရှိလာတယ်။ မြင့်မားတဲ့ ကျွမ်းကျင်မှုတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေးနယ်ပယ်တွေမှာ တိုးတက်လာနိုင်တယ်။ နိုင်ငံတစ်ခုကို ပိုလုံခြုံအောင် ပညာရေးက ဆောင်ကြဉ်း ပေးနိုင်တယ်ဆိုတာ ဒါပါပဲ။

ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

ပညာရေးလောကသားအနေနဲ့ “ပညာပေးကာလ” ကုန်လွန်ပြီလို့ ယူဆပြီး ကျောင်းအပ်နှံရေး၊ ကျောင်းတက်ရေး၊ မတက်ရေးထပ်မံမပြောလိုတော့ပြီ။ ကိုယ့်ဘဝ၊ မိသားစုဘဝ၊ နိုင်ငံရဲ့ဘဝကံကြမ္မာကို ကိုယ်တိုင်ကိုယ်ကျ ကောင်းအောင်တည်ဆောက်နိုင်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ကျောင်းတက်မှု၊ ကျောင်းအပ်နှံမှုနည်းရင် စာသင်သူ နည်းလိမ့်မယ်။ ဒီလိုဆိုရင်လည်း ဝမ်းမနည်းလေနဲ့၊ ဆရာ ဆရာမများက ပိုထိရောက်တဲ့ သင်ကြားမှုကို ကျောင်းတက်တဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေ ရသွားလိမ့်မယ်။ ငွေကြေးတတ်နိုင်သူတွေက လည်း ပုဂ္ဂလိကကျောင်းတွေမှာ အနည်းဆုံး KG + 9 တတ်မြောက်မှ လူလားမြောက်မယ်ဆိုတာ သိကြတာမို့ သူတို့သားသမီးတွေကို ကျောင်းကို ပို့လိုက်ကြလိမ့်မယ်။ ဒါကြောင့် ထပ်မံပြောရရင် တစ်နိုင်ငံလုံး အခြေခံကျောင်းပေါင်း လေးသောင်းကျော်မှာ ကျောင်းအပ်နှံဖို့၊ ကျောင်းတက်ဖို့၊ ကျောင်းထွက်နှုန်း နည်းဖို့ကိစ္စမှာ ပညာရေးလောက သားတာဝန်ရှိသူတွေက အကောင်းဆုံး၊ အတတ်နိုင်ဆုံး ပြင်ဆင်ပေး ထားပြီး ပံ့ပိုးမှုတွေဟာလည်း ပြောမဆုံးနိုင်ဖြစ်ပါတယ်။

ကိုယ်တိုင်တွေး၊ ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်တိုင်လုပ်ကြရန်သာ ကျန်ပါတော့သတည်း။ ။

MOI

ဒေါက်တာမောင်ကျော် ၊ ပါမောက္ခချုပ်(ငြိမ်း)

မိဘ၊ ဆရာပူးပေါင်း၍ ကလေးကိုပြုပြင်ပါ
-

ကလေးတို့သည် ငယ်စဉ်က ပထမဆရာဖြစ်သော မိဘပတ်ဝန်းကျင်ကို ဖြတ်သန်းရသည်။ ကျောင်းနေသည့်အရွယ်တွင် ဒုတိယဆရာဖြစ်သော ဆရာ၊ ဆရာမတို့နှင့်ထိတွေ့ရသည်။ ဤတွင် ဆရာ၊  ဆရာမများသည် ကလေးအားလုံးကို သာတူညီမျှ တော်စေတတ်စေချင်ကြသည်။ သို့သော် မတစ်ထောင်ဖွားကလေးများသည် တတ်သိလိမ္မာမှုတွင်မတူညီကြပေ။ စိတ်ဓာတ်အခြေခံစရိုက်ချင်းလည်း မတူကြပေ။ ဤသို့ဖြစ်ရခြင်းသည် မိဘပတ်ဝန်းကျင်စရိုက်ပေါ်တွင် များစွာမူတည်နေလေသည်။

ကျွန်တော်တို့သည် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်နေကြရသူများဖြစ်ရာ အခြေခံပညာကျောင်းများတွင် စရိုက်ဗီဇအမျိုးမျိုးကွဲပြားလျက်ရှိသော  ကလေးများကို ကြုံတွေ့ကြရစမြဲဖြစ်သည်။

ကလေးတို့၏ ထိုစရိုက်ဗီဇတို့သည် မိဘပတ်ဝန်းကျင်တွင် အခြေတည်စမြဲဖြစ်သည်။ အတန်းထဲတွင် အလွန်ဆိုးလွန်းနွဲ့လွန်းသော ကလေးမျိုးကိုတွေ့ဖူးသည်။ အတန်းဖော်သူငယ်ချင်းတို့နှင့် သဟဇာတမဖြစ်။

အရာရာကို သူကအနိုင်ယူချင်သည်။ အသာရချင်သည်။ ဤကလေးမျိုးသည် ဘိုးဘွားမိဘအလိုလိုက်ခံရသော ကလေးမျိုးဖြစ်နေတတ်သည်။ ကျောင်းဟူသောပတ်ဝန်းကျင်သစ်တွင် အခြားကလေးများနှင့် တွေ့ကြုံရသောအခါ အချင်းချင်း သဟဇာတဖြစ်အောင် မနေတတ်ဘဲ အိမ်မှာသူနေထိုင်ရသည့်အတိုင်း အရာရာအသာစီးရချင်စိတ်ဖြင့် ဗိုလ်ကျစိုးမိုးချင်ကြလေသည်။ သူ့အလိုမကျလျှင် အတူနေကလေးများနှင့် အချင်းများကာ ရန်ဖြစ်လေတော့သည်။ ထိုအခါ ကျွန်တော်တို့ ဆရာ၊ ဆရာမများက ကလေးကိုဆုံးမသွန်သင်ရလေသည်။ ဆုံးမသွန်သင်ရာ၌ ဆရာတစ်ယောက်၏ သြဇာအာဏာကိုသုံးပြီး ကိုယ်ထင်သလို သုံးသပ်ဆုံးဖြတ်ဆောင်ရွက်၍မရပေ။ ပြဿနာဖြစ်သောကလေး၏  အကြောင်းခြင်းရာဇာစ်မြစ်ကို  သေချာစွာစုံစမ်းလေ့လာပြီးမှ သင့်လျော်သော ဆုံးမပဲ့ပြင်မှုကိုပြုရသည်။အချို့ကလေးများသည် အိမ်တွင် မိဘ၏ဂရုစိုက်ခြင်းကို မခံရ။

ထိုအခါ သူ့ရင်ထဲတွင် မကျေနပ်စိတ်များခိုအောင်းနေတတ်ပြီး ကျောင်းပတ်ဝန်းကျင်ရောက်သည့်အခါ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် အဆင်မပြေဖြစ်တတ်သည်။ အိမ်တွင် အလိုမကျခဲ့သောစိတ်များဖြင့် ဆရာ၊ ဆရာမစကားကို နားမထောင်ချင်ဘဲ သူငယ်ချင်းများကိုလည်း အနိုင်ကျင့်ဗိုလ်ကျချင်စိတ်များလွှမ်းမိုးနေရာ ကျောင်းပတ်ဝန်းကျင်တွင် လူဆိုးလေးဖြစ်လာရသည်။ မိဘဂရုစိုက်မခံရသော ကလေးများတွင် အခြေခံဇာစ်မြစ်အကြောင်းရင်းအမျိုးမျိုးရှိတတ်သည်။ မိဘက စီးပွားရေးလုံးပန်းနေရသဖြင့် ဂရုစိုက်မခံရသောကလေး၊  မိဘ၏ အိမ်ထောင်ရေးပြဿနာကြောင့်  ဂရုစိုက်မခံရသောကလေး၊ မိဘနှင့် ဝေးကွာနေသောကြောင့် ဂရုစိုက်မခံရသောကလေး စသည်ဖြင့် ရှိသည်။ စာရေးသူ၏ တပည့်မတစ်ဦးသည် ဖခင်က နောက်အိမ်ထောင်နှင့်ဖြစ်၍ မိဘနှင့် နီးနီးကပ်ကပ်မနေရ။ ဘိုးဘွားများနှင့်သာနေရပြီး သူ့ကို အချိန်ပြည့်မကြီးကြပ်နိုင်ပေ။  ထိုအခါ ကျောင်းစာကို ပုံမှန်မလုပ်၊ ဖုန်းတစ်လုံးနှင့် ဂိမ်းကို ညပိုင်းညဉ့်နက်သည်အထိ အလွန်အကျွံ ကစားသည်။ ဖုန်းအင်တာနက်အတွင်းမှ မတော်မလျော်သော ဗီဒီယိုများကို ကြည့်သည်။ ထိုသို့ဖြင့် သင်ခန်းစာများ ပုံမှန်မလုပ်နိုင်၊ အိပ်ရေးလည်းပျက်သဖြင့် မလန်းမဆန်းဖြစ်ကာ ကျောင်းမတက်နိုင်။ သင်ခန်းစာများ မလိုက်နိုင်သောအခါ ကျောင်းမတက်ချင်စိတ်များ ဖြစ်လာသည်။ ထို့နောက် ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်မိသူအချို့နှင့် အပြင်၌သွားလာတွေ့ဆုံကာ ဆယ်ကျော်သက်အရွယ်တို့၏စိတ်ကစားခြင်းများဖြင့် မဆီလျော်သော လူမှုအကျင့်အကြံများကို ပြုလုပ်မိသည်။ တာဝန်သိတတ်သော လူကြီးအချို့က ထိုကလေးကို အပြင်တွင် ရုတ်တရက် တွေ့ဆုံမိပြီး ကျွန်တော်တို့ထံအကြောင်းကြားပေးခဲ့သည်။ ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဆရာ၊ ဆရာမအဖွဲ့သည် ထိုကလေးရှိသည့်နေရာသို့လိုက်သွားခဲ့ကြပြီး ကျောင်းသို့ ပြန်လည်ခေါ်ယူထိန်းသိမ်းနိုင်ခဲ့သည်။ ကလေး၏ မိဘထံ အသိပေးအကြောင်းကြားကာ ကလေး၏ လိမ္မာရေးခြားရှိရေး၊ ပညာရေးတို့အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ရသည်။

တစ်နေ့တွင် ကလေးတစ်ဦး အတန်းထဲ၌ဆူပူသောင်းကျန်းနေသည်ဟု သိရသဖြင့် ကျွန်တော်တို့ကိုယ်တိုင်အတန်းထဲသို့သွားရောက် တွေ့ဆုံကာ အကြောင်းရင်းကိုစုံစမ်းရသည်။ အလယ်တန်းကျောင်းသား အရွယ်သာရှိသေးသောကလေးသည် အမူအရာတစ်မျိုးဖြစ်နေသည်ဟု အကဲခတ်မိသည်။ သို့သော် သံသယဖြစ်ဖွယ်အခြားအကြောင်းရှာမတွေ့။

နောက်မှအနံ့မထွက်သော ယနေ့ယမကာများအကြောင်းစဉ်းစားမိပြီး အသေအချာစစ်ဆေးသောအခါမှ ယမကာသုံးစွဲထားကြောင်း သိရတော့သည်။ ထိုကလေးသည် ယမကာကို မည်သို့ဝယ်ယူရရှိပုံနှင့် သုံးစွဲသည့်နေရာကိုစစ်မေးသောအခါ ဖြစ်ပုံကိုထူးဆန်းအံ့ဩစွာသိရသည်။ ထိုကလေး၏ မိဘသည် ယမကာရောင်းသူဖြစ်ပြီး ယမကာမျိုးစုံ အချိန်မရွေးရသည်ဟုဆိုသည်။ သို့ဖြစ်ရာ မိဘ၏ပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေကျဖြစ်ပြီး အလွယ်တကူရရှိသော ယမကာ၏ အကြောင်း ကလေးကစမ်းသပ်သောက်ကြည့်ချင်သည်။ စမ်းသပ်ပြီးသော် ဆက်သောက်ချင်စိတ်သာ လွှမ်းမိုးလာသည်။ ယမကာ၏ ဆိုးကျိုးကိုပြောပြပြုပြင်ပေးမည့်သူမတွေ့မီ ဆက်မှားနေခြင်းဖြစ်သည်။ ဆရာများသိပြီးနောက်ပိုင်းတွင် ကလေး၏မိဘများနှင့် တွေ့ဆုံအသိပေးညှိနှိုင်းစဉ်မှာတော့ ကလေးက ယမကာကို ယူငင်သုံးစွဲနေမှန်းမသိဟု ပြောပြလာသည်။ အကြောင်းစုံသိလျှင်သိချင်း ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးထိုင်၍အဖြေရှာရခဲ့သည်။ မိဘကလည်း သားသမီးကို ဂရုစိုက်ထိန်းသိမ်းမည်၊ ဆရာကလည်း ဆုံးမသွန်သင်မည်၊ တပည့်ကလည်း လိုက်နာရမည်၊ မလိုက်နာဘဲ ဆက်လက်ကျူးလွန်လျှင် ကျောင်းစည်းကမ်းအရ အရေးယူမည်ဟု ၀န်ခံကတိယူရသည်။ သည့်နောက်ပိုင်းတွင်မှ ကလေးအခြေအနေပုံမှန်ဖြစ်ကာ ပညာကို ကောင်းစွာသင်ယူနိုင်ခဲ့သည်။

ကျောင်းခဏခဏပျက်နေသော ကျောင်းသားတစ်ဦး တွေ့ခဲ့ဖူးသေး၏။ ရိုးရိုးသားသားနှင့်စာကြိုးစားသူဟု ဆရာသမားများသိထားကြသည်။ သို့သော် မည်သည့်အကြောင်းမျှမသိရဘဲ ကျောင်းခဏခဏပျက်ကာ စာမလိုက်နိုင်ဖြစ်လာသည်။ ထို့ကြောင့် မိဘကိုခေါ်ယူတွေ့ဆုံရပြန်သည်။ ဖခင်ကိုယ်တိုင်ရောက်လာပြီး ဆရာနှင့်ဆွေးနွေးသည်။

ဖခင်က နောက်အိမ်ထောင်ပြုထားသဖြင့် ကလေးက မိထွေးနှင့် နေထိုင်ရသည်။ လက်လုပ်လက်စားဘဝဖြစ်၍ မျှစ်ချိုး၊ ဝါးခုတ်၊ ပေါင်းနုတ်၊ နှမ်းရိတ်၊ ကောက်ရိတ် စသည်ဖြင့် ကြုံရာကျပန်း အကုန်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုရသည်။ မိထွေးက မွေးစကလေးငယ်လေးနှင့် အိမ်မှာရှိပြီး ဖခင်ကနေ့တိုင်းတောထဲအလုပ်သွားရသဖြင့် ကလေးနှင့် အေးအေးဆေးဆေးမတွေ့ဖြစ်။မိထွေးနှင့် အဆင်မပြေတော့ ကျောင်းစာကြိုးစားနေသောကလေးအတွက် အနှောင့်အယှက်ဖြစ်ရသည်။ တစ်ခါတစ်ရံ ဖခင်နှင့်အတူ အဖော်ရရန်တောထဲလိုက်ရသည့်အခါများလည်းရှိသည်။ နောက်ပိုင်း ကလေးကစာမလိုက်နိုင်သည့်အခါ အိမ်ကိုမပြောဘဲကျောင်းလစ်သည်။ တစ်နေရာမှစောင့်၍ သူငယ်ချင်းများကျောင်းဆင်းချိန်တွင် အိမ်သို့ရောနှောပြန်သည်။အကြောင်းစုံသိရသည့်အခါ ကလေး၏ လိုအပ်ချက်များကို ဆရာများက ဖြည့်ဆည်းပေးမည်၊ အိမ်တွင် မိဘက ကြီးကြပ်ထိန်းကျောင်း၍ ကျောင်းမှန်မှန်တက်ရေး ဂရုစိုက်ပေးရမည်ဟု ညှိနှိုင်းဆွေးနွေးကာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။အချို့ကလေးများသည် မှားယွင်းသောအတွေးကို လက်ကိုင်ပြုလျက်  အကောင်းမှတ်ထင်ကာတလွဲဂုဏ်ယူနေတတ်ကြသည်။

၎င်းအချက်သည်လည်း မိဘများ၏ စရိုက်မှားများမှဆင်းသက်လာသည်။ ရပ်ရွာထဲတွင် မိဘအသိုင်းအဝိုင်းက အများရွံ့ကြောက်ရသူများ(လူမိုက်များ)ဟု မကောင်းသတင်းကျော်ကြားသည်။ ထိုအခါ သားသမီးများကလည်း မည်သူမျှယှဉ်ပြိုင်မပြောဝံ့သော၊ အများကြောက်ရွံ့ရသော လူမိုက်ဟူသော မကောင်းသည့်ဂုဏ်ပုဒ်ကို ဂုဏ်ယူစရာဟု ထင်နေသည်။  ထို့ကြောင့် ကျောင်းပတ်ဝန်းကျင်တွင် အများအပေါ် ဗိုလ်ကျစိုးမိုးနိုင်၊  လူမိုက်ဆန်နိုင်မှဂုဏ်ရှိသည်ဟု တလွဲမှတ်ယူနေတော့သည်။ ထိုကလေးမျိုးသည် ဆရာကပင် ဆုံးမသွန်သင်ရခက်တတ်သည်။  လူချင်းယှဉ်လိုက်လျှင်   ကိုယ်ကဦးအောင်ချခဲ့ဟု တလွဲသင်မိဘမိုက်အချို့၏စရိုက်ကြောင့်လည်း ကလေးတို့ ရိုင်းပျတတ်ကြသည်။ ထိုကလေးမျိုးကို ဆရာက ခပ်တင်းတင်း ကိုင်တွယ်ဆုံးမရုံသာမက မိဘကိုပါနားလည်အောင်ရှင်းပြ၍ မှန်ကန်သော သွန်သင်ဆုံးမမှုပေးရန် ညှိနှိုင်းရသည်။ မိဘရော ကျောင်းသားပါ နားလည်လိုက်နာသည်နှင့် တစ်ဆစ်ချိုးပြောင်းလဲ၍ လိမ္မာသွားလေတော့သည်။

အချို့ကလေးများသည် မိဘ၏ ကဲကဲလှုပ်တလွဲအလိုလိုက်ခြင်းကို ခံရသည်။ သူ့ကလေးကို မည်သူမျှမထိနှင့်၊ ထိလျှင် ပြဿနာတက်သွားမည်ဆိုသော မိဘအချို့ရှိသည်။ ထိုမိဘမျိုး၏ ကလေးကို ဆရာ၊ ဆရာမလည်း ဆိုဆုံးမရခက်သည်။ ကလေးမှာ အပြစ်ရှိ၍ မလိမ္မာ၍အနည်းငယ် ရိုက်နှက်မိသည်ကိုပင် အပြစ်အနာလုပ်၍ တိုင်ကြားတတ်သည်။

ကိုယ့်ကလေးကို နည်းနည်းလေးမှမထိနှင့်၊ ထိလျှင် တိုင်တောမည်ဖြစ်နေသော မိဘမျိုး၏ကလေးသည် ဆရာတို့ပစ်ပယ်ခြင်းကိုခံရသည်။ ဆရာပစ်ပယ်ထားသောကလေးသည် ပို၍ဆိုးသွမ်းတတ်ပြန်လေသည်။ ထိုသို့မဖြစ်ရန် ဆရာကလည်း ဆရာပီသစွာ ကျောသားရင်သားမခွဲခြားဘဲ ဆိုဆုံးမတတ်ရမည်။ မိဘကလည်း ကိုယ့်ကလေး တတ်သိလိမ္မာရေးအတွက် ဆရာ၊ ဆရာမများအပေါ် အမြင်မှန်ဖို့လိုသည်။ တပည့်ကလည်း ဆရာ၊ ဆရာမ၏ စေတနာ၊ မေတ္တာကို နားလည်သိမြင်လျက် ဆိုဆုံးမမှုကို နှစ်လိုခံယူတတ်ရမည်။ သာဓကအနေဖြင့် တင်ပြရလျှင် မင်းတုန်းမင်းကြီးငယ်စဉ် ဆရာဘုန်းတော်ကြီးထံ မိဘက အပ်နှံသင်ကြားစေသည်။ ဆရာဘုန်းတော်ကြီးက သိမ်းခိုင်းထားသော ငါးခြောက်ပြားပျောက်သည်ကို အကြောင်းပြု၍ တာ၀န်ကျေပွန်ရန်၊နောက်နောင် ဤသို့ မဖြစ်ရန် ပြောဆိုသွန်သင်၍ ရိုက်နှက်ဆုံးမခဲ့သည်။

စည်းကမ်းရိုသေ၍ အသိပညာအတတ်ပညာပြည့်စုံသွားသော ဘုန်းကြီးကျောင်းသားလေးသည် သမိုင်းတွင်ထင်ရှားသော မင်းတုန်းမင်းကြီးဖြစ်ခဲ့သည်။

ဆိုရသော် မိဘတို့သည် သားသမီးကို ကျောင်းပို့ရုံနှင့်တာဝန်မကျေပါ။ ဆရာသည်လည်း ပုံမှန်စာသင်ရုံနှင့် တာဝန်မပြီးပါ။ ကျောင်းသားသည်လည်း မိဘဆရာဆိုဆုံးမစကား နားမဝင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်နေ၍မရပါ။ မိဘသည် သားသမီးကို အမြဲစောင့်ကြပ်ကြည့်ရှု၍ မှန်ကန်သောလမ်းကို ညွှန်နိုင်ရမည်။ ဆရာသည် တပည့်တို့၏ အမူအကျင့်နှင့် ပြဿနာဇာစ်မြစ်ကို မှန်ကန်စွာရှာဖွေ၍ သင်နိုင်၊ ပြင်နိုင်ရမည်။

ထို့ကြောင့် ဆရာသည် တပည့်တို့ကို “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍” ဆုံးမသွန်သင်ရန် လိုအပ်သကဲ့သို့ မိဘများကလည်း သားသမီးအပေါ်တွင် “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” မှသာ တတ်သိလိမ္မာသောလူငယ်များဖြစ်လာပေလိမ့်မည်။  ဆရာ၊ မိဘ၊ ကျောင်းသားဟူသော ပညာရေးတြိဂံ၏ အနားများညီနေလျှင် လှပသောပညာရေးတြိဂံအဖြစ်  မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။    ။

MWD Web Portal

ညွန့်ဝင်း(နတ်တလင်း)

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့်ကလေးများအား ကျောင်းပြင်ပပညာရေး၏  တန်းညှိ ပညာရေးအစီအစဉ်ဖြင့်တက်ရောက်နိုင်ရေး ပြည်သူများသို့အသိပေး
-

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၂၈ (က) ပါ  ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်သည်  ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်အရနှင့် အမျိုးသားပညာရေးဥပဒေ အခန်း (၅)၊ ပုဒ်မ ၁၁ တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် (က)ကျောင်းပညာရေး၊ (ခ)ကျောင်းပြင်ပပညာရေး၊ (ဂ)ကိုယ်တိုင်သင်ယူပညာရေး ဟူသည့် ပညာရယူနည်းများကိုကျင့်သုံး၍  ယင်းတို့ကိုတစ်ခုနှင့်တစ်ခုဆက်စပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားရှိသည်။

ပညာရေးဝန်ကြီးဌာနသည်နိုင်ငံတော်ကပြဋ္ဌာန်းထားသည့်  အမျိုးသားပညာရေးဥပဒေအရ အမျိုးသားပညာရေးစနစ်တွင် ပညာရယူနည်းသုံးနည်းဖြင့် အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်အရလည်းကောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါ  လုပ်ငန်းစဉ်များအရလည်းကောင်း ကျောင်းပြင်ပပညာရေးလုပ်ငန်းကို   အကောင် အထည်ဖော်နိုင်ရန်အတွက်  ပညာရေးဝန်ကြီးဌာနအောက်တွင်  ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ကျောင်းပညာရေး

ကျောင်းပညာရေးဆိုသည်မှာ သင်ယူသူ၏အသက်အရွယ်၊   သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်နှင့် တိကျသောသင်ရိုးညွှန်းတမ်းဖြင့်  သင်ကြားပေးသော   ကျောင်းအခြေပြု  မူကြိုပညာရေး၊မူလတန်းပညာရေး၊  အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့်   အဆင့်မြင့်ပညာရေးစသည်တို့  အကျုံးဝင်သည့်ပညာရေးဖြစ်သည်။

ကျောင်းပညာရေးကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခြေခံပညာဦးစီးဌာနသည်   နှစ်စဉ်  ဇွန်လအတွင်း   ကျောင်းဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစဉ်များနှင့်အညီ အခြေခံပညာကျောင်းများဖွင့်လှစ်နေပြီး  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပညာရပ်များကို  သင်ကြားပေးလျက်ရှိသည်။  မူလတန်းအဆင့်သို့ တက်ရောက်မည့်သူများအနေဖြင့်  အသက်အုပ်စု ၅ နှစ်ပြည့်ပြီးသူများသည် KG သို့လည်းကောင်း၊ အသက် ၆ နှစ်ပြည့်ပြီးသူများသည် Grade-1 သို့လည်းကောင်း တက်ရောက်ခွင့်ရရှိကြသည်။

ကျောင်းပြင်ပပညာရေး

ကျောင်းပြင်ပပညာရေးဆိုသည်မှာသင်ရိုးညွှန်းတမ်းများကိုအခြေခံ၍သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန်  ကျောင်းပညာရေးစနစ်၏ပြင်ပတွင် ပြင်ဆင်ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြားပေးသော ပညာရေးဖြစ်သည်။

ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်နေသည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည်  နှစ်စဉ်  ဇူလိုင်လအတွင်း  ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ်အသက်အုပ်စုနှင့်ကိုက်ညီသူများ)ကို သက်ဆိုင်ရာလျာထားမြို့နယ်အသီးသီး၏ ကျောင်းပြင်ပပညာရေး စခန်းများတွင် တက်ရောက်သင်ယူခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိသည်။ အဆိုပါစခန်းများသို့ ကျောင်းပြင်ပပညာရေးတက်ရောက်နေသည့် ကလေးများအပြင် ကျောင်းပညာရေးတက်ရောက်ရာမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်မတက်ရောက်နိုင်သည့် ကလေးများကိုလည်းသတ်မှတ်အုပ်စုအတွင်း ရောက်ရှိနေပါကလက်ခံသင်ကြားပေးလျက်ရှိနေသည်။

ကျောင်းပြင်ပပညာရေးသည် သင်ယူလိုသူတစ်ဦးချင်းစီအတွက်ပထမအကြိမ်ဆုံးရှုံးခဲ့ရသည့် အခွင့်အလမ်းကို ဒုတိယအကြိမ်အခွင့်အလမ်း (Second Chance) ပေးသည့်  ပညာရေးဖြစ်သဖြင့် သမားရိုးကျဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြုလွယ်ပြင်လွယ်အစီအစဉ်များဖြင့်  နောက်ခံအခြေအနေမတူညီကြသော သင်ယူလိုသူများ၏လိုအင်ကိုဖြည့်ဆည်းပေးနေသည့်  ပညာရေးအစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊  ရပ်မိရပ်ဖများ၊အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ အချင်းချင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောဒေသများတွင်   ပိုမိုထိရောက်မှုရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိရသည်။

တန်းညှိပညာရေး

တန်းညှိပညာရေးအစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေးအစီအစဉ်အရ   သင်ယူရရှိသည့် ပညာအဆင့်အတန်းကို ကျောင်းပညာရေးအဆင့်အတန်းများနှင့် အရည်အချင်းညှိနှိုင်းသတ်မှတ်ပေးသော အစီအစဉ်တစ်ခုဖြစ်သည်။

အပြန်အလှန်ကူးပြောင်းသင်ကြားခွင့်

နိုင်ငံတော်အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးခဲ့ရသောကလေးများ၊ ကျောင်းချိန်ကာလအတွင်း ကျောင်းမတက်၊ ကျောင်းမနေနိုင်ခဲ့သည့်  ကျောင်းပြင်ပရောက်သက်လွန်ကလေးများကို ကျောင်းပြင်ပပညာရေးဖြင့် ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန်အတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education - NFPE)နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education - NFME)   အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသည်။

ကျောင်းပြင်ပမူလတန်းပညာရေး  Level-1, Level-2 သင်ယူပြီးမြောက်ပါက   အခြေခံပညာကျောင်းပညာရေးသို့  ဆက်လက်ကူးပြောင်းသင်ယူနိုင်ရန်အတွက်  သက်ဆိုင်ရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတို့က  လက်မှတ်ရေးထိုးပြီး  သင်ယူပြီးမြောက်ခြင်း  လက်မှတ်ထုတ်ပေးလျက်ရှိသည်။  ကျောင်းပြင်ပမူလတန်းပညာရေး Level-1 ပြီးမြောက်ပါက  အခြေခံပညာမူလတန်းအဆင့် Grade-4 သို့လည်းကောင်း၊ Level-2 ပြီးမြောက်ပါက အခြေခံပညာအလယ်တန်းအဆင့်  Grade-6 သို့လည်းကောင်း ဆက်လက်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းပြင်ပအလယ်တန်းပညာရေးတွင် ပညာသင်နှစ်သုံးနှစ်ပြီးမြောက်မှသာလျှင် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသည်။  ၎င်းလက်မှတ်ဖြင့်  အခြေခံပညာအထက်တန်းအဆင့် Grade- 10 သို့လည်းကောင်း၊ သက်မွေးပညာကျောင်းများသို့လည်းကောင်း  ဆက်လက်တက်ရောက် သင်ယူနိုင်ခွင့်ရရှိမည်ဖြစ်သည်။  နိုင်ငံသားတစ်ဦးအနေဖြင့်  ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့် အခြားပညာရေးအစီအစဉ်များအကြားတွင် အပြန်အလှန်ကူးပြောင်းသင်ယူနိုင်မည့်  သာတူညီမျှအခွင့်အလမ်းများရရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေသည့် ပညာရေးအစီအစဉ်တစ်ခုဖြစ်သည်။

ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းများအဆင့်မြှင့်ထားရှိမှု

အခြေခံပညာစနစ်သစ်ပညာရေး KG+12 အရ အခြေခံပညာသင်ရိုးသစ်နှင့်ကိုက်ညီစေရေးအတွက် ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဌာနတွင်းဆွေးနွေးပွဲများအား ပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်၊ ဖြည့်စွက်ပြီးသော  ကျောင်းပြင်ပမူလတန်းပညာရေး  သင်ရိုး(မူကြမ်း)ကို  ပညာရေးသုတေသန၊  စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာန)တွင်   စိစစ်တည်းဖြတ်ပြင်ဆင်ဖြည့်စွက်စေပြီးနောက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသို့ ဆက်လက်တင်ပြအတည်ပြုချက်ရယူလျက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍   ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင်မှုဆောင်ရွက်နိုင်ခဲ့သည်။

ကျောင်းပြင်ပပညာရေး  တက်ရောက်နေသည့်  ကျောင်းသားတစ်ဦးချင်းစီ၏  အရည်အသွေးတိုးတက်စေရန်အတွက်   ကျောင်းပညာရေးတွင်   သင်ကြားနေသော   သင်ရိုးညွှန်းတမ်း၏ နယ်ပယ်များဖြစ်သည့်  အသိပညာ(Knowledge)၊ ကျွမ်းကျင်မှု(Skills)နှင့်  စိတ်ဓာတ်မြင့်မားရေး (Attitude)တို့ရရှိစေရန်အတွက်လည်း   ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနသည် ပညာရေးသုတေသန၊  စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာနခွဲ)၊ စာတတ်မြောက်ရေး  အထောက်အကူပြုပင်မအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနမှ သင်ရိုးကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ်များအား အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏  စိစစ်ခွင့်ပြုချက်များနှင့်အညီ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်အသစ်များ ပြုစုထုတ်ဝေနိုင်ခဲ့သည်။

ကျောင်းပြင်ပပညာရေးတက်ရောက်နိုင်သည့်အသက်ကန့်သတ်ချက်များ

ကျောင်းပြင်ပမူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများကို  ဒုတိယအကြိမ်  ပညာသင်ယူမှု  အခွင့်အလမ်းထပ်မံဖြည့်ဆည်းပေးရန်နှင့် ဆက်လက်သင်ယူခွင့်ရရှိစေရန် ရည်ရွယ်လျက်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ ကျောင်းပြင်ပမူလတန်းပညာရေးတွင်  ပညာသင်နှစ်ကာလ နှစ်နှစ်ဖြစ်သော NFPE Level-1 (ပထမအဆင့်) နှင့် NFPE Level-2 (ဒုတိယအဆင့်)တို့ကို တက်ရောက်နိုင်သည်။

ထို့အတူ  ကျောင်းပြင်ပအလယ်တန်းပညာရေးသည်  အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲရှိသောကလေးများ၊  အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်မပြီးမီ  ကျောင်းထွက်ခဲ့ရသော  ၁၃ နှစ်မှ  ၁၈ နှစ်အတွင်းရှိ   ကလေးများကို  အခြေခံပညာ အထက်တန်းအဆင့်သို့  ကူးပြောင်းသင်ယူနိုင်ရန်နှင့်  အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ပြီး ဘဝရှေ့ရေးသာယာစေရန်အတွက် ဆောင်ရွက်ပေးနေသော အစီအစဉ်တစ်ရပ်ဖြစ်သည်။

ကျောင်းပြင်ပပညာရေး၏ ဝင်ခွင့်အတွက်စစ်ဆေးခြင်း

မူလတန်းပညာရေးကို ပြီးဆုံးအောင်မတက်ခဲ့ရသည့် ကလေးများသည် ကျောင်းပြင်ပမူလတန်းပညာရေးကို တက်ရောက်မည်ဆိုပါက အရည်အချင်းစစ်ဆေးလွှာ (Test Card) ဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး တာဝန်ရှိသူများက Level သတ်မှတ်ပေးပြီးနောက်  သက်ဆိုင်ရာစခန်းတွင်  သင်ကြားသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ထို့အတူ အလယ်တန်းပညာရေးမပြီးဆုံးသေးသော   ကလေးများသည်လည်း   ကျောင်းပြင်ပအလယ်တန်းပညာရေးကို  တက်ရောက်မည်ဆိုပါက NFPE Level -2 ပြီးမြောက်သူနှင့် ပဉ္စမတန်းအောင်သူများသည်  NFME Level – 1 သို့လည်းကောင်း၊ ဆဋ္ဌမတန်းအောင်သူများသည် NFME Level – 2 သို့လည်းကောင်း၊ သတ္တမတန်းနှင့် အဋ္ဌမတန်းအောင်သူများသည် NFME Level – 3 သို့လည်းကောင်း တက်ရောက်သင်ယူနိုင်ခွင့်ရရှိကြမည်ဖြစ်သည်။

ကျောင်းပြင်ပပညာရေး၏ အောင်မြင်မှုအသီးအပွင့်များ

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန အသစ်ဖွင့်လှစ်ပြီးနောက်  ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ  ကျောင်းပြင်ပမူလတန်းကလေးငယ်  ၅၄၂၈၀ ဦးအား လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကလေးငယ် ၁၉၉၉ ဦးအားလည်းကောင်း သင်ကြားသင်ယူခွင့်များရရှိစေခဲ့သည်။ အထက်ဖော်ပြပါ  ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားသင်ယူခွင့်ရရှိခဲ့သော ကလေးငယ်များအနက် ထူးခြားအောင်မြင်ခဲ့သူများအနေဖြင့် ၂၀၁၆ မှ ၂၀၂၃ အထိ ကျောင်းပြင်ပမူလတန်းပျိုးထောင်မှုမှတစ်ဆင့်  အခြေခံပညာအထက်တန်းအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် စာရေးသူတင်ပြလိုသော အချက်တစ်ချက်ရှိသည်။

စာရေးသူ၏ ဆရာသမားတစ်ဦးဖြစ်သော ယခုအငြိမ်းစားဆရာမကြီးတစ်ဦးသည် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ "Education for All" အရ “ လူတိုင်းအတွက် ပညာရေး” ဟု ဆိုနိုင်သကဲ့သို့ "All for Education" “ပညာရေးအတွက် လူအားလုံးတာဝန်ရှိကြောင်း”ပြောဆိုခဲ့သည်ကို  ကြားသိခဲ့ရသည်။  ယခုအချိန်သည်  အဆိုပါဆရာမကြီးပြောခဲ့သလို ပညာရေးအတွက်  အားလုံးတွင်တာဝန်ရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်နေသည်။

အချုပ်အားဖြင့်ဆိုသော် အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းပြင်ပသို့  ရောက်ရှိနေကြသည့်ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော  ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များသည်   နိုင်ငံအတွင်းအမှန်တကယ်ပထမအကြိမ်ပညာသင်ယူခွင့်ဆုံးရှုံးနစ်နာခဲ့ရသည့်    ကလေးသူငယ်များအတွက် ဒုတိယအကြိမ် ကြိုးစားခွင့်ဖန်တီးပေးထားသည့်   အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။  သို့ရာတွင် ဒုတိယအကြိမ်အခွင့်အလမ်းအား ကျောင်းပြင်ပရောက် ကလေးငယ်တိုင်းရရှိစေရန်မှာ  သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမတို့၏ စေတနာမေတ္တာအရင်းခံဖြင့်   ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အပေါ်တွင်  ကြီးစွာမူတည်နေကြောင်း စာရေးသူအနေဖြင့်တင်ပြလိုသည်။

အဆိုပါကလေးငယ်များ၏   ဒုတိယအကြိမ်အခွင့်အလမ်းကို  ထပ်မံဆုံးရှုံးခဲ့ရပါက  ကလေးငယ်အတွက်သာမက ၎င်း၏မိသားစုနှင့်ပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှုများစွာ ရှိနေပါသဖြင့်    ပြည်သူတစ်ရပ်လုံး၏ပံ့ပိုးကူညီမှုဖြင့်  ပစ္စုပ္ပန်နှင့် အနာဂတ်နိုင်ငံတော်ကြီးတွင် အစဉ်လေ့လာသင်ယူနေသည့်  လူ့အဖွဲ့အစည်းဖြစ်လာစေရန်အတွက်လည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုး၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့်လူငယ်များပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေးသာမက ကျောင်းပြင်ပပညာရေးဖြင့် ဟန်ချက်ညီညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့်  "Education for All" မှသည် "All for Education"  အဖြစ်သို့ ဆောင်ရွက်နိုင်ကြရေး အတွက်  ပညာရေးဝန်ကြီးဌာနအပါအဝင်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ   တာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ဒေသ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။  ။

TZT (MoE)

နိုင်ငံ့ဂုဏ်ဆောင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် ကမ္ဘာ့စာကြည့်တိုက်များ၊ တက္ကသိုလ်စာကြည့် တိုက်များ
-

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း၏တစ်ဖက်တစ်ချက်တွင် အုပ်ဆိုင်းနေသော သစ်ပင်တန်းလေးသည် မိုးဖွဲဖွဲ၏နမ်းရှိုက်မှုကြောင့် စိမ်းစိုတောက်ပလျက်ရှိသည်။ မေလတွင် ရုတ်တရက် ရွာသွန်းလိုက်သော မိုးသည်းသည်းကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း မိုးရေတို့ဖုံးလွှမ်းခဲ့ပြီး မိုးတိတ်သွားချိန် နေခြည်ပေါ်ထွန်းလာစဉ်တွင်  သစ်ပင်သစ်ကိုင်းတို့၌ တွယ်ငြိနေသော မိုးရေစက်တို့သည် ပင်ရွက်ထိပ် တို့တွင်တွဲခိုလျက် မြေပြင်သို့သက်ဆင်းရန် အားယူကြလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်သည် အေးချမ်းတိတ်ဆိတ်လျက် ဘွဲ့နှင်းသဘင်ခန်းမကြီးသည် တည်ငြိမ်ခံ့ညားလျက်ရှိကာ ကျေးငှက်သံတို့ နှင့်အတူ သစ်ရိပ်၊ ဝါးရိပ်တို့ဖြင့်  အမ

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း၏တစ်ဖက်တစ်ချက်တွင် အုပ်ဆိုင်းနေသော သစ်ပင်တန်းလေးသည် မိုးဖွဲဖွဲ၏နမ်းရှိုက်မှုကြောင့် စိမ်းစိုတောက်ပလျက်ရှိသည်။ မေလတွင် ရုတ်တရက် ရွာသွန်းလိုက်သော မိုးသည်းသည်းကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း မိုးရေတို့ဖုံးလွှမ်းခဲ့ပြီး မိုးတိတ်သွားချိန် နေခြည်ပေါ်ထွန်းလာစဉ်တွင်  သစ်ပင်သစ်ကိုင်းတို့၌ တွယ်ငြိနေသော မိုးရေစက်တို့သည် ပင်ရွက်ထိပ် တို့တွင်တွဲခိုလျက် မြေပြင်သို့သက်ဆင်းရန် အားယူကြလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်သည် အေးချမ်းတိတ်ဆိတ်လျက် ဘွဲ့နှင်းသဘင်ခန်းမကြီးသည် တည်ငြိမ်ခံ့ညားလျက်ရှိကာ ကျေးငှက်သံတို့ နှင့်အတူ သစ်ရိပ်၊ ဝါးရိပ်တို့ဖြင့်  အမိတက္ကသိုလ်ကြီး၏ ထည်ဝါခံ့ညားမှုကို ပေါ်လွင်စေလျက်ရှိသည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို  စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ပြည့်နှစ်  ဒီဇင်ဘာလ ၁ ရက်သည် ရန်ကုန်တက္ကသိုလ်၏သက်တမ်းသည် နှစ်(၁၀၀)သို့ တိုင်ခဲ့ပြီဖြစ်၍ ယခုဆိုလျှင် နှစ်ပေါင်းရာကျော်ဖြတ်သန်းခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ်နှင့် ဂျပန်ခေတ်ကိုလည်း  ကြံ့ကြံ့ခံဖြတ်သန်းခဲ့သော တက္ကသိုလ်ကြီးဖြစ်သည်။

သမိုင်းအစဉ်အလာကြီးမားသော တက္ကသိုလ်ကြီးဖြစ်သည်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးတစ်ခုအဖြစ် ယနေ့တိုင်တည်ရှိလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်၏ရင်ခွင်တွင် ခိုလှုံခဲ့ကြသော ကျောင်းသားဟောင်းကြီးများ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ ကျောင်းတော်ကြီးကို ကြည့်လိုက်လျှင် ဖြစ်စေ၊ အဓိပတိလမ်းပေါ်မှကြည့်လိုက်သည်ဖြစ်စေ၊ တက္ကသိုလ်ရိပ်သာလမ်း ကျောင်းတံခါးအဝင်အဝမှ ဘွဲ့နှင်းသဘင်ခန်းမကြီးကိုမြင်တွေ့လိုက်သည်ဖြစ်စေ  တစ်ချိန်က ကျောင်းသားဘဝ၏အငွေ့အသက်တို့သည် ရုတ်ခြည်းဝင်ရောက်လာလျက်   လွမ်းမောဖွယ်ငယ်ဘဝပုံရိပ်တို့နှင့်အတူ  ကြည်နူးအေးချမ်းမှုတို့ကိုပေးစွမ်းလျက်ရှိသည်။ အမိရင်ခွင်သို့ရောက်ရှိလာသော သားသမီးများကို နွေးထွေးစွာကြိုဆိုနေသော ရန်ကုန်တက္ကသိုလ်ကြီးသည် မေတ္တာဓာတ်ကြီးမားစွာ သားကြီး၊ သမီးကြီးများနှင့် သားငယ်၊ သမီးငယ်တို့ကို  အပြုံးချိုချိုဖြင့် အစဉ်ထာဝရ လက်ကမ်းကြိုဆိုလျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်ဟုဆိုလျှင်  အဓိပတိလမ်း(Chancellor Road)နှင့် ယုဒဿန်ကောလိပ်(Judson College)၊  ဘွဲ့နှင်းသဘင်ခန်းမ၊ အင်းယားကန်၊ ပုဂံလမ်း၊ ပုဂံခြံဝင်း၊ စစ်ကိုင်းလမ်း၊ သစ်ပုပ်ပင်၊ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့သည် အမိတက္ကသိုလ်ရင်ခွင်တွင် ခိုလှုံသူတို့၏ နှလုံးသားတို့၌  ပုံရိပ်များစွာစွဲကျန်လျက်ရှိသည်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ်နှင့် သစ်ပုပ်ပင်၊ သစ်ပုပ်ပင်နှင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တို့သည် ကဗျာဝါသနာရှင်နှင့် စာပေဝါသနာရှင်တို့အတွက် အထူးအမှတ်ရဖွယ် အတိတ်ပုံရိပ်များဖြစ်သည်။ သစ်ပုပ်ပင်ကြီးအောက်တွင် စာဖတ်ခြင်းနှင့် ဝိုင်းဖွဲ့အနားယူခဲ့ကြသူများပို၍ သတိရဖွယ်များပင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မတည်ထောင်မီက တည်ရှိခဲ့သော သစ်ပုပ်ပင်နှင့် ဒုတိယကမ္ဘာစစ်ကာလကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့သော ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့သည် သမိုင်းဝင်ညီအစ်ကိုပမာ တစ်ယောက်အကြောင်းကို တစ်ယောက်သိကြသည့် ခေါင်းနှင့်ပန်းဒင်္ဂါးပြားကဲ့သို့  ယှဉ်တွဲလျက်ရှိသည်။  ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့မှ သစ်ပုပ်ပင်ကြီးကို လှမ်းမြင်ရသည့်နည်းတူ သစ်ပုပ်ပင်ကြီးအနီးတွင် ထည်ဝါစွာတည်ရှိနေသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးကို လှမ်းမြင်ရမည်ဖြစ်သည်။ အဆိုပါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးနှင့်ကပ်လျက်တွင်  ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည်လည်း  ခံ့ညားထည်ဝါစွာ  တည်ရှိလျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် နိုင်ငံ၏အမျိုးသားစာပေ၊ ခေတ်မီစာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်တို့ စုဝေးထားရှိရာနေရာဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ပညာတတ်များစွာ မွေးထုတ်ပေးနေသော တက္ကသိုလ်ကြီးတည်ရှိရာ နေရာတစ်ခုအဖြစ် ဂုဏ်ရောင်လွှမ်းလျက်ရှိသည်။ စာတွေ့၊ လက်တွေ့သင်ကြားပေးမှုနှင့်အတူ ကမ္ဘာ့စာပေဗဟုသုတများစွာ သိုလှောင်ဖြန့်ဖြူးပေးရာ နေရာလည်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ချိန်၌ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟူ၍ မရှိသေးပေ။ မြန်မာနိုင်ငံဘုရင်ခံ တက္ကသိုလ်အဓိပတိဖြစ်သော ဆာဟာကုတ်ဘတ္တလာ(Sir Hercourt Butler)က ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် စာကြည့်တိုက်ကြီးကိုတည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။ စာကြည့်တိုက်အဆောက်အအုံအတွက် စေတနာရှင် Rao Bahudur Sithamlera Reddier က ရူပီးငွေနှစ်သိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။  စာကြည့်တိုက်သည်   L ပုံစံနှစ်ထပ်တိုက်ဖြစ်ပြီး စာအုပ်ထားသိုခန်းကို အထပ်လေးထပ်ဖြင့် ဖွဲ့စည်းထားသည်။ လေးထပ်စာအုပ်စင်၏ ကြမ်းခင်းများမှာ မြေညီထပ်မှလွဲ၍ ခိုင်မာသောဆန်ခါပေါက်ကြမ်းခင်းများဖြစ်သည်။ စာကြည့်တိုက်အကျယ်အဝန်းမှာ ပေ ၁၂၀ x ၃၆ ပေနှင့်အမြင့် ၇၂ ပေရှိပြီး မြေအောက်ခန်းပါရှိသည်။ ဒေါင်လိုက်ပြတင်းပေါက်များ လုံလောက်စွာဖောက်ထားပြီး လေဝင်လေထွက်ကောင်းမွန်သော စာကြည့်တိုက်ကြီးဖြစ်သည်။

တည်ဆောက်မှုကို ၁၉၃၁ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး ထိုနှစ်မှာ မြန်မာပြည်ဘုရင်ခံ Sir Charles Alexander Innes က ဖွင့်လှစ်ပေးခဲ့သည်။ ယခု ၂၀၂၅ ခုနှစ်ဆိုလျှင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် သက်တမ်းသည် ၉၂ နှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အရှေ့တောင်အာရှတွင် ခေတ်အမီဆုံးနှင့် စာအုပ်စာပေစုံလင်သောစာကြည့်တိုက်ကြီးတစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

စစ်ပြီးခေတ်တွင် ပြည်ထောင်စုပါလီမန်က ပြဋ္ဌာန်းပေးခဲ့သော ပုံနှိပ်တိုက်အက်ဥပဒေ(ပြင်ဆင်ချက်) အရ မြန်မာနိုင်ငံတစ်ဝန်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ပြီးကာလတွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် ပြာပုံဘဝမှ ပြန်လည်ထူထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးလုနီး ၁၉၄၅ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့မှပြန်လည်ဆုတ်ခွာသွားသော ဂျပန်များသည် စာကြည့်တိုက်အဆောက်အအုံကိုဖောက်ခွဲဖျက်ဆီးခဲ့ရာ စာကြည့်တိုက်အဆောက်အအုံအမိုးများမရှိဘဲ စာအုပ်ထားသိုခန်းနှင့်စာအုပ်စင်များ မီးလောင်မှုကြောင့် ကောက်ကွေ့ကျိုးပျက်ခဲ့ပြီး စာကြည့်တိုက်အဝင်အဝ အခန်းကြမ်းပြင်သည် ပြိုကျခဲ့သည်။ စာအုပ်များမီးလောင်ကျွမ်းမှုကြောင့် ပြာပုံအတိကျန်ရစ်ခဲ့သည်။ သံမဏိဗီရိုအတွင်း သိမ်းဆည်းထားသော ပေပုရပိုက်များသည် ပြာခဲများဖြစ်နေခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင်  ရန်ကုန်မြို့သာမက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် စုဆောင်းထားရှိသော စာအုပ်စာတမ်းများအားလုံးနီးပါး  ဝါးမျိုဖျက်ဆီးခံခဲ့ရသည်။

၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံတည်ဆောက်ပြီးချိန်၌ မြန်မာအမျိုးသားထဲမှ ပထမဆုံးစာကြည့်တိုက်ပညာဘွဲ့ရရှိထားသော ဆရာဦးခင်ဇော်သည် ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးအမြဲတမ်း စာကြည့်တိုက်မှူးဖြစ်ခဲ့သည်။

ဆရာကြီးစုဆောင်းခဲ့သော  စာပေရတနာသိုက် ကြီးသည် စစ်အတွင်း၌ ဖျက်ဆီးခံခဲ့ရသည်။ စစ်ကြီးပြီးချိန်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ပြန်လည်တည်ထောင်ခဲ့သော ဆရာဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် ၁၉၄၆ ခုနှစ်တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာ ဦးသိန်းဟန်(ဆရာဇော်ဂျီ) တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၄ ခုနှစ်တွင်     စနစ်သစ်ပညာ‌ရေးစနစ်မူဝါဒအရ တက္ကသိုလ်၊‌ ကောလိပ်များအားလုံး ကိုယ်စားပြုသည့် စာကြည့်တိုက်ကြီးတစ်ခုကို ဖွဲ့စည်းတည်ထောင်မှုဖြင့် ရန်ကုန်တက္ကသိုလ်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပြုပြင်ဖွဲ့စည်းမှုအရ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟူ၍ စာကြည့်တိုက်နှစ်ခုကပ်လျက် သီးခြားယှဉ်တွဲပြီး ပေါ်ထွန်းလာခဲ့သည်။ ဆရာကြီးဦးသော်ကောင်းသည် တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင်  ဒေါ်မြင့်မြင့်ခင်က ရန်ကုန်တက္ကသိုလ်၏ စာကြည့်တိုက်မှူးအဖြစ် ပထမဆုံးတာဝန်ယူ၍ ၁၉၉၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးတာဝန်ကို ဆရာဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် ၁၉၆၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်းက  စာကြည့်တိုက်မှူးတာဝန်ကို ဆက်လက်ထမ်းဆောင်၍ စာကြည့်တိုက်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်မှုဖြင့် စာအုပ်စာတမ်းများတိုးတက်များပြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၈၇ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ချိန်တွင်  စာကြည့်တိုက်မှူးအဖြစ် ဒေါ်မြင့်မြင့်ခင်က စတင်တာဝန်ယူခဲ့ပြီး ၁၉၉၅ ခုနှစ်မှစ၍ ဆရာဦးမြတ်စိုး၊ ဦးကျော်ဝင်း၊ ဒေါ်ခင်နှင်းဦး၊ ဒေါက်တာလှိုင်လှိုင်ကြီး၊ ဒေါ်သင်းသင်းစိုးတို့  အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြကာ ယနေ့အချိန်တွင် ဒေါ်သန်းသန်းဌေးကတာဝန်ယူထမ်းဆောင်လျက်ရှိသည်။

ယနေ့အချိန် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မြန်မာစာအုပ် ၈၁၈၆၈ အုပ်၊ အင်္ဂလိပ်စာအုပ် ၄၈၆၀၉ အုပ်၊ စာနယ်ဇင်း ၂၈ မျိုးနှင့် ပေစာ ၁၈၈ ကျမ်းတို့ စုဆောင်းထားရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် စာအုပ်စာတမ်းများတိုးတက်စုဆောင်းလာလျက်ရှိသည်။ စာဖတ်သူတို့အား စာကြည့်တိုက်အတွင်းဖတ်ရှုသည့် သမားရိုးကျစနစ်နှင့် Electronic စနစ်တို့ဖြင့် ဝန်ဆောင်မှုနှစ်မျိုးပေးထားသည်။ သမားရိုးကျစနစ်၌    ကတ်တလောက်စနစ်၊   စာဖတ်သူနှင့်စာအုပ်များရင်းနှီးမှုရှိစေရန် အသစ်ဝယ်ယူထားသော  ပညာရပ်ဆိုင်ရာစာအုပ်များနှင့် ဗဟုသုတဖြစ်ဖွယ်စာအုပ်များကို  စင်ဖွင့်စနစ်အသုံးပြုထားခြင်း၊  စာအုပ်အသစ်များအားဖတ်ရှုနိုင်ရန်   Display   ပြသပေးခြင်း၊ စာဖတ်သူများတောင်းဆိုပါက စာအုပ်များထားသိုခန်းအတွင်း ကိုယ်တိုင်ရှာဖွေလေ့လာနိုင်ခြင်း၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ ကြေညာဘုတ်တွင်ဖော်ပြပေးထားသည့်အပြင်   စာကြည့်တိုက်၏ Facebook မှ New Arrival စာအုပ်များကိုကြေညာပေးခြင်း၊ Library Orientation များပြုလုပ်ပေးခြင်းတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်သူများ စာဖတ်ရှိန်မြင့်မားစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကျမ်းစာအုပ်များနှင့်သုတေသနစာစောင်များကို  ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင်  ဖတ်ရှုလေ့လာနိုင်လျက်ရှိသည်။ စာပေဖတ်ရှုသူများသိလိုသော အထောက်အထားနှင့် အချက်အလက်အချို့များ  စာကြည့်တိုက်တွင်မရှိပါက စာကြည့်တိုက်အချင်းချင်း စာပေပစ္စည်းခွဲဝေသုံးစွဲမှုစနစ်  (Resources Sharing System)  ဖြင့် အခြားသောစာကြည့်တိုက်များထံဆက်သွယ်ကူညီရှာဖွေပေးလျက်ရှိပြီး စာပေအချက်အလက်ဆိုင်ရာ     ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကာ  စာကြည့်တိုက်ဝန်ဆောင်မှုအား နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရုံးဖွင့်ရက်အပြင် စနေနေ့တွင်လည်း နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ပေးထားလျက်ရှိသည်။

Open Society Foundation  ၏အဆင့်မြင့် ပညာရေးအထောက်အကူပြုအစီအစဉ်ဖြစ်သော Electronic  Information for Libraries(EIFL) Project အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။

ထို Project သည် ပညာရပ်မျိုးစုံပါဝင်သော Online database ပေါင်း ၃၅ ခုဖြင့်  ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်တို့တွင်အသုံးပြုနိုင်ခဲ့သည်။

ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်(ရန်ကုန်)တို့တွင်လည်း အသုံးပြုနိုင်ခဲ့သည်။ e-Journal ပေါင်း ၁၀၀၀၀ ကျော်၊ e-book ပေါင်း ၁၃၀၀၀၀ ကျော်ကို သင်ကြားရေးနှင့်  သုတေသနပြုရေးတို့အတွက် အဆင့်မြင့်အရည်အသွေးရှိသော နိုင်ငံတကာဂျာနယ်၊ ဆောင်းပါး၊ မဂ္ဂဇင်းများကို  Electronic Libraryအသွင်ဖြင့် Online  မှတစ်ဆင့်  ဖတ်ရှု၊  ကိုးကား အသုံးပြုလျက်ရှိသည်။ Database ၃၅ ခုကို စုစည်းထားပြီး EBSCO Discovery Service (EDS)မှတစ်ဆင့် အသံဖိုင်၊ ဗီဒီယိုဖိုင်၊ ရုပ်ပုံများ၊ သတင်းစာအဆောင်ရေ ၄၀ ကျော်နှင့် ရည်ညွှန်းစာအုပ်များဖြင့် တက္ကသိုလ်ဆိုင်ရာ ပညာရတနာသိုက်တစ်ခုအဖြစ် ထိန်းသိမ်းထားလျက်ရှိသည်။ ထို Online Database တို့ကို မည်ကဲ့သို့အသုံးပြုပုံနှင့် ရှာဖွေမှုတို့ကို စဉ်ဆက်မပြတ် သင်တန်းများပေးလျက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုများပေးလျက်ရှိသည်။  မြန်မာနိုင်ငံဆိုင်ရာ  ရှားပါးစာအုပ် ၁၈၈ အုပ်နှင့် ပညာရပ်ဆိုင်ရာ e-books ၃၅၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေပြီး လိုအပ်သောအချက်အလက်များကို CD ဖြင့်ကူးပေးခြင်းနှင့် စာဖတ်သူတို့သိလိုသည်များကို တယ်လီဖုန်း၊ e-mail၊ facebook တို့မှပြန်လည်ဖြေကြားပေးလျက်ရှိသည်။

Electronic စနစ်တွင် Electronic Library Management System(ELIB)ဖြင့် အင်္ဂလိပ်၊ မြန်မာစာ၊ ကျမ်းစာ၊ ပေစာနှင့် စာနယ်ဇင်းအမျိုးမျိုးတို့ကို ထည့်သွင်းထားသဖြင့်  စာပေဖတ်ရှုသူတို့လိုအပ်သော စာအုပ်အမျိုးအစားများကိုအချိန်တိုအတွင်းရှာဖွေဖတ်ရှုနိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်ရှိသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်တို့တွင် ထိန်းသိမ်းထားရှိသော  စာအုပ်စာပေမှတ်တမ်း၊ ပုရပိုက်များနှင့်ဒေတာအချက်အလက်များသည်   နိုင်ငံအတွက်တန်ဖိုးဖြတ်၍မရသော မြန်မာ့စာပေယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ အမြုတေများ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း စာကြည့်တိုက်များအသီးသီးရှိကြရာ စာပေ၊ ယဉ်ကျေးမှုနှင့်အတူ ရှေးဟောင်းအဆောက်အအုံအမွေအနှစ်တို့ကို နိုင်ငံ၏အမျိုးသားအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဂုဏ်ယူကြလျက်ရှိသည်။

ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များယနေ့ကမ္ဘာသည် နည်းပညာတိုးတက်လာသည်နှင့်အမျှ စာပေထက် စမတ်ဖုန်းနှင့်ကွန်ပျူတာကို တွင်ကျယ်စွာအသုံးပြုလာလျက်ရှိသည်။  “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟူသော ရှေးစကားနေရာတွင် “အင်တာနက်ကမ္ဘာ နစ်မျောရှာ” ဟု ဆိုရမလိုဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည်နိုင်ငံသားများစာပေဆိုင်ရာဖတ်ရှုလေ့လာနိုင်ရန် တိုက်တွန်းအား ပေးကြလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း စာပေဖတ်ရှုမှုထက် အင်တာနက်ဖြင့်  ဖုန်းအသုံးပြုသော  ယဉ်ကျေးမှုသည်  သက်ကြီးရွယ်အိုမှစ၍  ထိုင်တတ်စကလေးအရွယ်အထိ စွဲမြဲစွာအသုံးပြုလာကြလျက်ရှိသည်။  ထို့ကြောင့် နိုင်ငံတော်မှ စာပေဖတ်ရှုလေ့လာရန် တွန်းအားတစ်ရပ်အနေဖြင့် အစဉ်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ စာကောင်းပေမွန်များသည် စာကြည့်တိုက်များအတွင်း တည်ရှိနေပြီး ထိုစာပေများကို လေ့လာဖတ်ရှုခြင်း၊   စာတမ်းများရေးသားပြုစုခြင်းနှင့် ကျမ်းပြုစုခြင်းတို့ဖြင့် ပညာရည်ထူးချွန်ထက်မြက်သောဘဝကို ပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ စာပေထက်မြက်ခြင်းသည် အရာရာကိုလွှမ်းမိုးကြီးစိုးနိုင်သော အသိပညာကိုပေးစွမ်းခြင်းဖြစ်ရာ  ထိုသို့ပေးစွမ်းနေသော သာဓကများအဖြစ် ကမ္ဘာ့စာကြည့်တိုက်များက မီးမောင်းထိုးပြလျက်ရှိသည်။  ထို့ကြောင့် စာကြည့်တိုက်များကို ကမ္ဘာကြီး၏ ပြတင်းပေါက်များဟု အသိအမှတ်ပြုထားခြင်းဖြစ်သည်။

The British Library

The British Library သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌တည်ရှိပြီး   ၁၉၇၂  ခုနှစ်တွင် တည်ဆောက်ခဲ့၍ကမ္ဘာပေါ်တွင် အကြီးဆုံးစာကြည့်တိုက်ကြီးဖြစ်သည်။ ထိုစာကြည့်တိုက်ကြီးတွင် Karl Marx ၊ Oscar Wide နှင့် Mahatma Gandhi စသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ စာပေလေ့လာလိုက်စားခဲ့သော စာကြည့်တိုက်ကြီးဖြစ်သည်။ စာကြည့်တိုက်တွင် ရှေးဟောင်းနှင့် ကာလပေါ်စာအုပ်စာပေများအပြင်   ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေမှတ်တမ်း သန်း ၁၇၀ မှ သန်း ၂၀၀ကြား စုဆောင်းထားရှိသည့် စာကြည့်တိုက်ကြီးဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးတွင် ဂူတင်ဘတ်၏ သမ္မာကျမ်းစာနှစ်အုပ်၊ လီယိုနာရိုဒါဗင်ချီ၏ ရှားပါးမှတ်စုစာအုပ်တစ်အုပ်ကိုလည်း စုဆောင်းထားရှိသည်။

Library Of Congress

Library Of Congress စာကြည့်တိုက်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌တည်ရှိပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စာကြည့်တိုက်တစ်ခုဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေမှတ်တမ်းများစွာ စုစည်းထားရှိသော စာကြည့်တိုက်ကြီးတစ်ခုဖြစ်သည်။  အဆိုပါ စာကြည့်တိုက်အတွင်း နာမည်ကျော် Stradivarius ၏ တယောနှင့် ရှားပါးစာအုပ်များ၊ ရုပ်ပုံကားချပ်များပြသထားပြီး ဘာသာစကား ၄၅၀ ခန့် ရေးသားထား၍ စာအုပ်စာပေ ၃၉ သန်းခန့်ထားရှိသည်။ ရှားပါးစာအုပ်  ရှစ်သိန်းခန့်ရှိပြီး အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၊ ကမ္ဘာပေါ်တွင် သုံးအုပ်တည်းသာရှိသည့် ၁၅ ရာစုထုတ် ဂူတင်ဘတ်သမ္မာကျမ်းစာနှင့် ၁၆၄၀  ပြည့်နှစ်ထုတ် ကျမ်းစာအုပ်ကိုလည်း ထိန်းသိမ်းထားရှိသည်။ ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးစာကြည့်တိုက်ဖြစ်သည့် New York Public Library စာကြည့်တိုက်ကြီးသည်လည်း  အမေရိကန်နိုင်ငံနယူးယော့ခ်မြို့ Manhattan တွင် ဖွင့်လှစ်ထားရှိလျက်ရှိသည်။

Shanghai  Library

Shanghai  Library သည်ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၃၈၄ ပေမြင့်သည့် ၂၄ ထပ်အဆောက်အအုံတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။  ၁၉၂၅  ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော  ရှန်ဟိုင်းအရှေ့စာကြည့်တိုက်အပါအဝင်  စာကြည့်တိုက်များစွာပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ကြီးတွင် ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာကျောင်းကိုလည်း ဖွင့်လှစ်ထားပြီး ရှားပါးစာအုပ်များအပြင် ကမ္ဘာ့နိုင်ငံများမှ ဘာသာစကားပေါင်းစုံနှင့် စာအုပ်ပေါင်းများစွာ ထိန်းသိမ်းထားရှိ၍ စာအုပ်စာပေပေါင်း ၅၆ သန်းခန့် စုဆောင်းထားရှိသည်။

The Joe and Rika Mansueto 

စာကြည့်တိုက်ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာကြည့်တိုက်များတွင်ပါဝင်သော University of Chicago တွင်ရှိ သည့် The Joe and Rika Mansueto စာကြည့်တိုက်ကို ၂၀၁၁ ခုနှစ်တွင်  ဖွင့်လှစ်ခဲ့ပြီး   အဆောက်အအုံဗိသုကာလက်ရာများသည် Modernized ဖြစ်သောကြောင့် ခေတ်မီဆန်းသစ်လျက်ရှိသည်။ အဆောက်အအုံအမိုးကိုဖန်သားပြင်ဖြင့် တည်ဆောက်ထားပြီး ညပိုင်းစာကြည့်ချိန်နှင့်မိုးရွာနေချိန်တို့တွင် မိုးကောင်းကင်၏သဘာဝအလှကို တိုက်ရိုက်တွေ့မြင်ရသည့်အတွက် စာပေဖတ်ရှုမှုစွမ်းရည်မြှင့်တင်ခြင်းကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။ စာကြည့်တိုက်အတွင်းဖတ်ရှုလိုသော   စာအုပ်၊   စာတမ်းများကို မြန်ဆန်လွယ်ကူစွာဖတ်ရှုနိုင်ရန် Robotic Cranes များထား၍ ရှာဖွေဖတ်ရှုမှုတွင် အဆင်ပြေမြန်ဆန်စေလျက်ရှိသည်။

Hachioji Library  

ဂျပန်တက္ကသိုလ် Tama Art University တွင်ရှိသော Hachioji Library စာကြည့်တိုက် အဆောက် အအုံ၏ ဗိသုကာလက်ရာမှာ ဥရောပပုံစံလက်ရာဖြစ်ပြီး အင်္ဂတေမျက်နှာကြက်အခုံးများဖြင့် အလှဆင် ထားပြီး ယခင်ခေတ်ကအဆောက်အအုံအား ခေတ်မီအဆောက်အအုံအဖြစ် ပြန်လည်မွမ်းမံထားသော စာကြည့်တိုက်အပြင်အဆင်ကဲ့သို့ ထူးခြားလှပလျက်ရှိသည်။ စာအုပ်စာပေစုံလင်စွာ  ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

Johns Hophins University မှ George Peabody Library

ခေတ်မီအိုင်တီနည်းပညာခေတ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ  နှစ်ပေါင်း ၂၀၀ ကျော်ကတည်ဆောက်ခဲ့သော စာကြည့်တိုက်များကို ပြန်လည်ပြုပြင်မွမ်းမံ၍ ထိန်းသိမ်းစောင့် ရှောက်လျက်ဖွင့်လှစ်ထားသော စာကြည့်တိုက်အိုကြီးများ၏    ကျော်ကြားမှုကိုလည်း   ယနေ့ခေတ် တက္ကသိုလ်စာကြည့်တိုက်များ   ယှဉ်ပြိုင်ရန် မဝံ့မရဲဖြစ်နေသည်မှာ ဆန်းကြယ်လှသည်မဟုတ်ပေ။  အမေရိကန်နိုင်ငံ၌ ၁၈၇၈ ခုနှစ်တွင် တည်ရှိခဲ့သော Johns Hophins University မှ George Peabody Library သည် မှတ်တမ်းသုတေသနဟောင်းများစွာ သိုမှီးထိန်းသိမ်းထားသော ကမ္ဘာ့တက္ကသိုလ်စာကြည့်တိုက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

University of Coimbra မှ The Joanine Library

University of Coimbra မှ The Joanine Library သည်လည်း ရှေးကျသော စာကြည့်တိုက်တစ်ခုဖြစ်ပြီး အဆိုပါစာကြည့်တိုက်ကြီးအား ၁၈ ရာစုတွင် ပေါ်တူဂီဘုရင် King John V အမိန့်ဖြင့်  တည်ဆောက်ခဲ့ရာ ပေါ်တူဂီနိုင်ငံ၏ အမွေအနှစ်တစ်ခုလည်း ယနေ့တိုင် ထိန်းသိမ်းထားရှိလျက်ရှိသည်။

ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာကြည့်တိုက်

ကမ္ဘာပေါ်တွင် ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များ ဂုဏ်ယူဖွယ်တည်ရှိသည့်အပြင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များလည်း တည်ရှိလျက်ရှိသည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ရတနာများစုဝေးရာ ရတနာသိုက်ကြီးလည်းဖြစ်သည်။

ဟားဗတ်စာကြည့်တိုက် 

ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ဖြစ်သည့် ဟားဗတ်တက္ကသိုလ်တွင်   ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်များ   တည်ရှိနေခြင်းသည် ထူးခြားမှုမဟုတ်သော်လည်း ထိုစာကြည့်တိုက်များအတွင်း၌ ရှားပါးစာအုပ်များ၊ ရှားပါးဓာတ်ပုံများနှင့်  ရှားပါး Collection များသည် အံ့ဩဖွယ်ထူးခြားမှုတစ်ခုပင်ဖြစ်သည်။ ဟားဗတ်စာကြည့်တိုက်ကို   ၁၆၃၈   ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး   ယခုဆိုလျှင်    နှစ်ပေါင်း ၃၈၇  နှစ်  သက်တမ်းရှိခဲ့ပြီဖြစ်သည်။  ဟားဗတ်စာကြည့်တိုက်သည် အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းအရင့်ဆုံး   တက္ကသိုလ်စာကြည့်တိုက်တစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး   Academic စာကြည့်တိုက်ကြီးတစ်ခုဖြစ်သည်။ အွန်လိုင်းနှင့်ငှားရမ်းဖတ်ရှုလေ့လာနိုင်သော  ပညာရပ်ဆိုင်ရာ  စာအုပ်များစွာရှိပြီး Digitized ဖြင့်ပြုလုပ်ထားသော Item ပေါင်းခြောက်သန်းကျော်ရှိကာ လက်ရေးမူဖြင့် သန်း ၄၀၀ ကျော်ပြုစုထားသည်။ ထို့ပြင် Digital Image ပေါင်း သန်းချီပိုင်ဆိုင်ထားသောကြောင့် စာအုပ်စာတမ်း ကြွယ်ဝမှုတွင်  ဟားဗတ်စာကြည့်တိုက်၏တန်ဖိုးသည် တန်ဖိုးဖြတ်၍မရကြောင်းကို   တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လူသားတို့၏ သိပ္ပံဆိုင်ရာတွေ့ရှိချက်များကို ရေးသားပြုစုထိန်းသိမ်းထားရာ စာကြည့်တိုက်ကြီးတစ်ခုဖြစ်၍  ကမ္ဘာ့ရတနာသိုက်ကြီးသဖွယ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် တည်ရှိသော University of Chicago ၏ The Joe and Rika Mansueto Library သည် ခေတ်မီသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ၍ စာအုပ်စာပေများစွာ သိုမှီးထားသော မှန်သားအမိုးဖြင့် တည်ဆောက်ထားသည့် တက္ကသိုလ်စာကြည့် တိုက်တစ်ခုအဖြစ် ကျော်ကြားလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်ရှိသော Tama Art University ၏ Hachioji Library တက္ကသိုလ်စာကြည့်တိုက်သည် နိုင်ငံ၏ဂုဏ်ယူဖွယ် စာကြည့်တိုက်တစ်ခုအဖြစ်တည်ရှိလျက် ရှိပြီး ရှေးစာပေများပါမကျန် စုဆောင်းထားရှိသော စာကြည့်တိုက်တစ်ခုအဖြစ်   ဖွင့်လှစ်လျက်ရှိကာ စာကြည့်တိုက်အဆောက်အအုံကို ဥရောပဗိသုကာလက်ရာများဖြင့်  တည်ဆောက်ထားသည်။ အမေရိကန်ပြည်ထောင်စုတွင် Johns Hopkins University ၏ George Peabody Library ၊ ပေါ်တူဂီနိုင်ငံ University of Coimbra ၏  The Joanina Library တို့သည် ၁၈  ရာစုတွင်တည်ဆောက်ခဲ့သော စာကြည့်တိုက်များဖြစ်ပြီး  ယနေ့တွင်  ခေတ်မီစာပေများအပြင် သုတေသနအတွက် ရှေးဟောင်းစာပေများ ထိန်းသိမ်းထားရှိရာ စာပေဘဏ်တိုက်ကြီးများအဖြစ် တည်ရှိလျက်ရှိသည်။ ကမ္ဘာ့တက္ကသိုလ်များတွင်  စာကြည့်တိုက်ကိုယ်စီရှိကြပြီး စာပေအသိမြင့်မားမှုမှ နည်းပညာခေတ်မီတိုးတက်သောခေတ်သို့   တဖြည်းဖြည်းတက်လှမ်းလာကြလျက်ရှိသည်။   အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယစသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့တွင် ကမ္ဘာ့စာကြည့်တိုက်များဖွင့်လှစ်ထားရှိပြီး ခေတ်မီတိုးတက်လာခြင်းသည် စာပေလေ့လာဖတ်ရှုမှု၊   သင်ကြားမှုတန်ဖိုးပေါ်မူတည်၍   ဖွံ့ဖြိုးလာခြင်းဖြစ်သည်။

စံပြုထိုက်သော စာကြည့်တိုက်ကြီးတစ်ခုအဖြစ်တစ်ချိန်က   အရှေ့တောင်အာရှ၌ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးတွင်   စာပေပညာရပ်များကိုလေ့လာ၍   ရန်ကုန်တက္ကသိုလ်ကြီးတွင် ဥရောပနှင့်အာရှသားများ ပညာဆည်းပူးခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်သည်       နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးတစ်ခုအဖြစ်သင်းပျံ့ခဲ့ပြီးရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည်လည်း ကမ္ဘာ့စာပေများစုဝေးရာရတနာဘဏ်တိုက်ကြီးပမာကျော်ကြားခဲ့သည်။  စာပေသည် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာကို ထုတ်ဖော်ပြသခြင်းဖြစ်၍ နှစ်ပေါင်း ၉၂  နှစ်တိုင်တည်ရှိခဲ့သော   ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီး ဆက်လက်အဓွန့်ရှည်တည်တံ့လျက်  အရှေ့တောင်အာရှတွင်  စံပြုထိုက်သော စာကြည့်တိုက်ကြီးတစ်ခုအဖြစ်  တည်ရှိနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။     ။

Source: MWD Web Portal                

ညောင်ဦးဖီး

ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းနေပျော်အောင်ကြိုးစားပေး
-

နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက်ပညာရေးကဏ္ဍသည်ထိပ်ဆုံးမှရပ်တည်နေလေ့ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအောင်မြင်ရေး၊ အဆောက်အဦနှင့်လမ်းတံတားတည်ဆောက်ရေး၊ အိုင်တီနည်းပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများအကောင် အထည်ဖော်ရေး အစရှိသောအရေးပါသည့်နယ်ပယ်အသီးသီးတွင် ပညာ၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရသည်။ ပညာသင်ကြားခြင်းသည် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်သည်။ ပညာအရင်းအနှီးဖြင့်ပင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်နိုင်ခွင့်ရှိခြင်းကြောင့် ပ

နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက်ပညာရေးကဏ္ဍသည်ထိပ်ဆုံးမှရပ်တည်နေလေ့ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအောင်မြင်ရေး၊ အဆောက်အဦနှင့်လမ်းတံတားတည်ဆောက်ရေး၊ အိုင်တီနည်းပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများအကောင် အထည်ဖော်ရေး အစရှိသောအရေးပါသည့်နယ်ပယ်အသီးသီးတွင် ပညာ၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရသည်။ ပညာသင်ကြားခြင်းသည် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်သည်။ ပညာအရင်းအနှီးဖြင့်ပင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်နိုင်ခွင့်ရှိခြင်းကြောင့် ပညာကိုကြိုးစားသင်ယူကြရမည်ဖြစ်သည်။

ဘဝအုတ်မြစ်ခိုင်ခံ့အောင် တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးအုတ်မြစ်လှေကားချပ်ဖြစ်သည်။ ကျောင်းတွင်း ပညာသင်ယူခြင်းဖြစ်စဉ်ကိုအစပြု၍ ဘဝကိုပိုမိုတောက်ပအောင်ဆောင်ရွက်နိုင်ပေသည်။ ပညာဥစ္စာရင်းနှီးမြှုပ်နှံမှုသည် အနာဂတ် ဘဝခရီးအတွက် လွန်စွာအရေးပါလှသည်။ ပညာသင်ခါ မရှက်ပါနှင့်ဆိုသည့် ရှေးလူကြီးများ၏ သွန်သင်ဆုံးမမှုအတိုင်း ပညာကို စိတ်ပါဝင်စားစွာ သင်ကြားကြရမည်ဖြစ်ပေသည်။ စိတ်၏စူးစိုက်မှုသည် ကလေး၊ လူကြီးမရွေး မှတ်ဉာဏ်ကိုတိုးတက်စေသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ဖြစ်ပေါ်စေသည်။ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဖြတ်ထိုးဉာဏ်ကောင်းသည်။  အခြားသော အထွေထွေဗဟုသုတနှင့်ပညာလေ့လာမှုဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင်လည်း တိုးတက်စေနိုင်သည်။ မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းပညာရေးကို ဗဟိုပြု၍  အကျင့်စာရိတ္တကိုပြုပြင်ပေးနိုင်သည်။ လောကအကျိုးသယ်ပိုးခြင်း၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်း၊ မျှဝေခြင်းကဲ့သို့ ကောင်းမွန်သောစိတ်စေတနာများ တိုးပွားစေနိုင်သည်။

နိုင်ငံတော်၏မျှော်မှန်းချက်သည်  ကျယ်ဝန်းနက်ရှိုင်းလှပေသည်။ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊  စက်မှုပညာရပ်များကို  လွယ်လင့်တကူသင်ကြားခွင့်ရရှိမှု ဦးတည်ချက်ထက်သာလွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပန်းတိုင်အထိ ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ပညာသင်ကြားသူတိုင်း  အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိပေသည်။ ပညာနှင့်အလုပ်အကိုင်တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး လိုက်ပါကြရမည်ဖြစ်သည်။ မိမိနှစ်သက်ရာဘာသာရပ်အလိုက်၊ ဝါသနာအလိုက် ရွေးချယ်ပြီး နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍ၊ စက်မှုနည်းပညာကဏ္ဍသစ်များကို ပီပီပြင်ပြင်ဖွင့်လှစ်ကြရမည်ဖြစ်သည်။ ပညာခေတ်တွင် ပညာဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့်အလျောက် မိဘများအနေဖြင့် မိမိရင်သွေးကလေးများကို ပညာအမွေပေးရေးလက်မနှေးသင့်ပေ။

သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေးအလှမ်းမဝေးရအောင် အနာဂတ်ရင်သွေးကလေးများကို ကျောင်းအပ်နှံပေးရမည်ဖြစ်သည်။ ကလေးဟူသည် ကစားမက်သူကလေးများဖြစ်သည်။  အိမ်ကိုခင်တွယ်သည်။  မိဘအပေါ် သံယောဇဉ်တွယ်တာလွန်းသည်။ မူကြိုကျောင်းသည် စာသင်ကျောင်းသို့မပို့ဆောင်မီ ကလေးများကျောင်းနေပျော်ရန် လေ့ကျင့်ပို့ဆောင်ရသော ရပ်ဝန်းတစ်ခုဖြစ်သည်။ မိဘများသည် ငိုယိုနေသော ရင်သွေးငယ်ကလေးများကို ချော့မြှူ၍ ကျောင်းကို ပို့ဆောင်ပေးကြရမည်ဖြစ်သည်။ ကလေး၏ မျက်ရည်သည် တစ်ခဏတာအတွက် သနားစရာဖြစ်ပေသည်။ ဘဝအနာဂတ်အတွက်မူ တဒင်္ဂသနားစိတ်ဖြင့် ကျောင်းမပို့မိကြလျှင် တစ်ဘဝစာလုံးအတွက် နစ်နာသွားနိုင်ပေသည်။  ကလေးသဘာဝကျောင်းနှင့်စိမ်း၍ ဝမ်းနည်းနိုင်ပေသည်။ ကျောင်းမပျော်စိတ်ကြီးထွားလာနိုင်သဖြင့် ကျောင်းနေပျော်အောင်  မိဘ၊  ဆရာများက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ 

အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများလာစေရေး  ကျောင်းနေအရွယ်ကလေးများအားလုံး  စဉ်ဆက်မပြတ်  သာတူညီမျှ ပညာသင်ယူခွင့်အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန်ဖြစ်သည်။ နိုင်ငံတော်၏ အထူးပညာရေးမျှော်မှန်းချက်တစ်ရပ်လည်းဖြစ်သည်။ ပညာရေးတွင်ဆုံးခန်းတိုင်ပြီးမြောက်အောင်သင်ယူခြင်းဖြင့် ပိုမိုကောင်းမွန်သောပညာရေးစနစ်ကို   အကောင်အထည်ဖော်နိုင်ပေသည်။ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူ တတ်မြောက်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများ လမ်းပွင့်လျက်ရှိပေသည်။ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိမှုသည် နိုင်ငံတော်၏ ပညာရည်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေး မျှော်မှန်းဆောင်ရွက်မှုဖြစ်သည်။  ကလေးများ၏  “ပညာအရည်အသွေးမြှင့်တင်ဖို့  ကျောင်းအပ်နှံကြပါစို့”ဟူသော တိုက်တွန်းသံနှင့်အတူ မိဘများမှ ရင်သွေးငယ်များကို ကျောင်းအပ်နှံရေးရက်သတ္တပတ်နေ့ရက်များအတွင်း  ကျောင်းအပ်နှံပေးရန်လိုပေသည်။ ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ အခမဲ့ရယူလျက် ကျောင်းနေပျော်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ပညာပြည့်ဝ နှလုံးလှသည့် ဆရာ၊ ဆရာမများ၏ ကြိုဆိုအပြုံးနှင့်အတူ သင်ကြားပြသမည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ယူလျက်  အနာဂတ်ပညာခေတ်ကို မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး၏ ပူးပေါင်းစွမ်းအားဖြင့်   မြှင့်တင်ကြရမည်ဖြစ်သည်။

အသက်အရွယ်ဟူသည် တရွေ့ရွေ့ကြီးရင့်လာစမြဲဖြစ်သည်။ အသက်အရွယ်အလိုက် သင့်လျော်သော အတန်းကိုယ်စီဖြင့်    ကျောင်းနေပျော်ကြရမည်သာဖြစ်သည်။   ကျောင်းအပ်နှံရေး  အချိန်ပေး၍ မိဘများမှ ကျောင်းအပ်ပေးရမည်ဖြစ်သည်။  အဖြူအစိမ်းသည် ပညာရေး၏သင်္ကေတ မွန်မြတ်ဖြူစင်သည့် ကျောင်းဝတ်စုံဖြစ်သဖြင့် ဂုဏ်ယူစွာ ကျောင်းအပ်နှံသင့်လှပေသည်။ တူညီဝတ်စုံဖြင့် စာအံသံက စာသင်ကျောင်း၏အလှတရားဖြစ်သည်။ ကျောင်းတက် ခေါင်းလောင်းသံက ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် မရိုးနိုင်သည့်ဂီတသံစဉ်ဖြစ်သည်။ ဝလုံး ကလေးမှ အစပြုသင်ကြားခြင်းမှတစ်ဆင့် အမှားကိုပြင် အမှန်ထင်အောင်  လမ်းပြပို့ဆောင်ပေးသည့် ဆရာ့အပြုံးပန်းတို့သည်လည်း  ပန်းတစ်ခင်းပမာ မွှေးကြိုင်လျက်ရှိပေသည်။  မိဘ၊ ဆွေမျိုးနှင့် မိမိပတ်ဝန်းကျင်ကို   အစဉ်အမြဲကိုယ်စားပြုနေမည့် ပညာသင်ကြားမှု ဖြစ်စဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည်   အဓိကဇာတ်လိုက်များဖြစ်သည်။ ဇာတ်ကောင်စရိုက်ပီပြင်စွာ ကျောင်းသွားရမည်။ စာကိုကြိုးစားသင်ကြားကြရမည်။ ကျောင်းနေပျော်၍ စာတော်သော ကျောင်းသားကလေးများဖြစ်ကြရမည်။ ပညာသင်ကြားရခြင်း၏အနှစ်ချုပ်ကို လေ့လာမည်ဆိုပါက မိမိနောင်ရေးကောင်းစားရေးအတွက်သာဖြစ်သည်။ ပညာရွှေအိုးလူမခိုးနိုင်ပေ။  မိမိသင်ကြားတတ်မြောက်သည့် ပညာဥစ္စာဖြင့် ရေရှည်အကျိုးစီးပွားကိုဖန်တီးနိုင်ပေသည်။ ပညာခေတ်တွင် ကျယ်ပြန့်သောအတွေးအမြင်များစွာ ဝါသနာအလိုက် ကြိုးစားရယူနိုင်မည့်အခွင့်အလမ်းများစွာပေါ်ပေါက်လာသည်။ အဆိုပါ အခွင့်အရေးကို လက်လွှတ်မခံဘဲ  အမိအရဖမ်းဆုပ်သွားကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာဖြင့်သာ လူ့အရည်အချင်းပြောင်လက်အောင်  စွမ်းဆောင်နိုင်ပေသည်။ 

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးရေသောက်မြစ်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်ပိုမိုကောင်းမွန်စေရေး ပညာရေးဖြင့် မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံရေး၊  စီးပွားရေး၊   လူမှုရေး   နယ်ပယ်အသီးသီးတွင် ပြောင်မြောက်သော   ပညာရေး၏အရေးပါမှုကို  တွေ့ရှိရပေသည်။ ဆင်းရဲတွင်းမှဆွဲထုတ်နိုင်စွမ်းရှိသည့် ပညာသင်ကြားမှုဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲ  ဆက်လက်လျှောက်လှမ်းသွားကြရမည်ဖြစ်သည်။  မိဘအားလုံး ကလေးပညာရေးကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပသို့ မရောက်ရှိစေရေး၊ အဓိကရည်မှန်းချက်များဖြင့်   ရင်သွေးရတနာကလေးများ ကျောင်းပျော်အောင်ထားရှိရေး  ဆန္ဒမွန်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

ထက်ဝေအောင်(စစ်ကိုင်း)