ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အသည်းအဆီဖုံး ပျောက်ကင်းနည်း
-

“အသည်းအဆီဖုံးခြင်း” ဟာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်လာပါတယ်။ အဆီဓါတ်တွေဟာ အသည်း ပေါ်မှာ စုပုံလာပြီး အချိန်ကြာလာတဲ့အခါ အသည်းတစ်ခုလုံးဟာ အဆီတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ … အသည်းရောင်/အသည်းဝါ၊ အသည်းခြောက်၊ အသည်းကင်ဆာ အသည်းအစားထိုးရတာတို့ ဖြစ်တတ်ပါတယ်။ 

အသည်းအဆီဖုံးခြင်းကို ဆေးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းများကို လေးစား ချစ်ခင်စွာဖြင့် မျှဝေရေးသားလိုက်ပါတယ် ခင်ဗျာ.. 

၁၀% ဝိတ်ချခြင်း 

“အဝလွန်ခြင်း” ဟာ အသည်းအဆီဖုံးခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်. 

(ဘာလုပ်မလဲ?)

မိမိကိုယ်အလေးချိန်ရဲ့ ၁၀% ကို လျှော့ချခြင်းဖြင့် အသည်းအဆီဖုံးတာကို သိသာစွာ သက်သာပျောက်ကင်းနိုင်ပါ တယ်…

(ဥပမာ- အလေးချိန် ပေါင် ၁၅၀ ရှိရင် ၁၅ ပေါင်လျော့ချခြင်း) 

ကိုလက်စထရော လျော့ချခြင်း (အဆီဓါတ်)

ကိုလက်စထရော (၂) မျိုး ရှိတဲ့အထဲက “LDL ကိုလက်စထရော”ဟာ အသည်းအဆီဖုံးစေပါတယ်. 

(ဘာလုပ်မလဲ?)

ငါးအဆီနဲ့ အသီးအရွက်အဆီတွေကို ပိုစားသုံးခြင်းဖြင့် အသည်းအဆီဖုံးတာကို လျော့ကျစေပါတယ်…

ကာဗိုဟိုက်ဒရိတ် လျော့စားခြင်း (ကစီဓာတ်)

“ကာဗိုဟိုက်ဒရိတ်ဓာတ်” အမြောက်အများပါတဲ့ အစားအစာတွေဟာ အသည်းအဆီဖုံးစေပါတယ်. 

(ဘာလုပ်မလဲ?)

နေ့စဉ် ကာဗိုဟိုက်ဒရိတ်ဓာတ် လျှော့စားသုံးခြင်းဖြင့် အသည်းအဆီဖုံးတာရဲ့ ၅၀% ကျော်ကို သက်သာစေပါတယ်…

(ဥပမာ. ဆိုဒါ/ သကြားဓာတ်/ ကွတ်ကီး/ ရေခဲမုန့် အစရှိသဖြင့် … ) 

အရက်/ဘီယာ/ဝိုင် လျှော့သောက်ခြင်း

“အရက်” အလွန်သောက်ခြင်းဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေပါတယ်. 

(ဘာလုပ်မလဲ?)

တစ်ပတ်ကို ဘီယာ ၇ ဘူး ထက်ပိုပြီး  ‘မ’သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးတာကို သက်သာလာစေပါတယ်… 

ဆီးချို ထိန်းခြင်း

“ဆီးချို” ရှိတဲ့သူများမှာ အသည်းအဆီဖုံးတာ တော်တော်အဖြစ်များပါတယ်. 

(ဘာလုပ်မလဲ?)

ဆီးချို မတက်အောင် သေချာဂရုစိုက်ပြီး ထိန်းသိမ်းခြင်းဖြင့် အသည်းအဆီဖုံးတာကို လျော့ကျစေပါတယ်…

အထက်ပါ နည်းလမ်းများကို ပြုလုပ်နိုင်မယ်ဆိုရင်တော့ အသည်းအဆီဖုံးရောဂါဟာ သိသိသာသာ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်ခင်ဗျာ… 

Source: https://www.facebook.com/photo/?fbid=737138621144335&set=a.192764588915077

Photo: hellosayarwon

Dr. ကျော်ဇောဟိန်း၊ လ/ထ ပါမောက္ခ (ဆေးပညာ)

စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းများ တက္ကသိုလ်များ
-

မြန်မာနိုင်ငံသည် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ  နိုင်ငံအတွင်းရှိ နိုင်ငံသားတိုင်း စားရေရိက္ခာဖူလုံစွာရရှိရေးသည် လွန်စွာအရေးပါလှသည်။ ထိုသို့ စားရေရိက္ခာဖူလုံစေရန်အတွက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် “စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့်  ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး အခြေခံစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များနှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြ

မြန်မာနိုင်ငံသည် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ  နိုင်ငံအတွင်းရှိ နိုင်ငံသားတိုင်း စားရေရိက္ခာဖူလုံစွာရရှိရေးသည် လွန်စွာအရေးပါလှသည်။ ထိုသို့ စားရေရိက္ခာဖူလုံစေရန်အတွက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် “စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့်  ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး အခြေခံစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များနှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မွေးမြူရေး အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မွေးမြူရေးကျွမ်းကျင်လုပ်သားများလည်း မွေးထုတ်နိုင်ရန် များစွာလိုအပ်လျက်ရှိသည်။

ပြည်တွင်းစားသုံးမှုလုံလောက်စေရန်သာမက ပိုလျှံစေရန်အတွက်မွေးမြူရေးထုတ်ကုန်များကိုထုတ်လုပ်ရာတွင်  စံချိန်စံညွှန်းပြည့်မီစွာထုတ်လုပ်နိုင်ပါမှ   ပြည်ပနိုင်ငံများဆီသို့ ဈေးကွက်ဝင် မွေးမြူရေးထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ ထိုသို့ အရည်အသွေးပြည့်ဝသော မွေးမြူရေးထုတ်ကုန်ပစ္စည်းများထုတ်လုပ်တင်ပို့နိုင်စေရန်   အခြေခံအကျဆုံးအချက်မှာ နိုင်ငံအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော မွေးမြူရေးသမားများဆီသို့ တိုးတက်ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ မွေးမြူရေးနည်းစနစ်ကောင်းများကို မွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်များမှတစ်ဆင့် ဖြန့်ဝေပညာပေးခြင်း၊  လက်တွေ့လမ်းညွှန်ပြသခြင်း၊    ဆင့်ပွားသင်တန်းများပို့ချပေးခြင်း စသည့်နည်းလမ်းများစွာကိုအသုံးပြုပြီး ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံအတွင်းလိုအပ်လျက်ရှိသော မွေးမြူရေးကျွမ်းကျင်လုပ်သားများ များစွာပေါ်ထွန်းလာမည် ဖြစ်သည်။      

ထိုသို့ နိုင်ငံ၏အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်လျက်ရှိသောမွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်၊  မွေးမြူရေးကျွမ်းကျင်လုပ်သားများပေါ်ထွက်လာနိုင်စေရေးရည်ရွယ်ကာ  နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ  စိုက်ပျိုး မွေးမြူရေးပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။ ယခုလက်ရှိဖွင့်လှစ်ထားသော တက္ကသိုလ်များမှာ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ကျောင်းတည်းသာရှိသော ရေဆင်း နေပြည်တော်ရှိ “မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်”၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ “တိရစ္ဆာန်ဆေးကု သိပ္ပံသင်တန်းကျောင်း” နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ “အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း” တို့ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး    အင်းစိန်မြို့နယ်ရှိ “တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်း”ကို  တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်  ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ   အလယ်အလတ်ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ကာ သိပ္ပံဘွဲ့ရများကိုခေါ်ယူပြီး ၂၀၂၄ ခုနှစ်မေလ  ၂ ရက်တွင်  သင်တန်းအမှတ်စဉ် (၁)ကို စတင်ဖွင့်လှစ်ခဲ့သည်။    သင်တန်းကာလတစ်နှစ်အတွင်း မွေးမြူရေးဆိုင်ရာဘာသာရပ် (၁၅) ဘာသာအား စာတွေ့လက်တွေ့   သင်ကြားပို့ချပေးမည်ဖြစ်သည်။ “တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်း”တွင် တစ်နှစ်သင်တန်းတက်ရောက်ခြင်းအားဖြင့် မွေးမြူရေးပညာရပ်များကို  ဆည်းပူးခွင့်ရကာ ဒေသအတွင်းတိရစ္ဆာန်ကူးစက်ရောဂါများကို ကုသပေးခွင့်ရမည့်အပြင် မွေးမြူရေးအတတ်ပညာရပ်များကို ဖြန့်ဝေပေးနိုင်သူ၊   မွေးမြူရေးလုပ်ငန်းများကို လွယ်လင့်တကူ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နိုင်သူ၊နိုင်ငံ၏အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရာတွင်    တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သူလည်း ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် သင်တန်းပြီးမြောက်ပါက တိရစ္ဆာန်ဆေးကု ဒီပလိုမာ(Dip.V.Sc)ရရှိမည်ဖြစ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဒုတိယလက်ထောက်ဦးစီးမှူး ရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခွင့်လည်း ရရှိမည်ဖြစ်သည်။

ထို့ပြင်  မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ပြန့်ပွားနိုင်ရန်၊အဆင့်မြင့်ပညာ  ဆက်လက်မသင်ကြားနိုင်သော   ကျောင်းသား၊ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များရရှိရန်နှင့် မွေးမြူရေးကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာစေရန်ရည်မှန်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀၊ မြို့နယ် ၅၁ မြို့နယ်တွင် စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။ ထို့ပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းကို တိုးချဲ့ဖွင့်လှစ်ကာ စုစုပေါင်း  ၈၅ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်လိုသူ/ လျှောက်ထားသူသည် အောက်ပါ သတ်မှတ်အရည်အချင်းများနှင့်ပြည့်မီသူဖြစ်ရမည်။

     စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များ၏လက်တွေ့  လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး  ကောင်းမွန်သူဖြစ်ရပါမည်။

     အခြေခံပညာအလယ်တန်းအဆင့် Grade -9 အောင်မြင်သူ ဖြစ်ရပါမည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တွင် လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသော မွေးမြူရေးအထူးပြု ဘာသာရပ်များမှာ -

ပထမနှစ်သင်တန်းတွင် -

(က)  ကြက်မွေးမြူထုတ်လုပ်ရေးဘာသာ

(ခ) စားမြုံ့ပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေးဘာသာ

(ဂ) ရေသတ္တဝါနှင့်ပျားမွေးမြူထုတ်လုပ်ရေးဘာသာ

(ဃ) သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့်ကာကွယ်ရေးဘာသာ

(င) မြန်မာစာ

(စ) အင်္ဂလိပ်စာ

(ဆ) သင်္ချာ

(ဇ)  ပေါင်းစပ်ဘာသာရပ်(ဓာတု+ရူပ)

(ဈ) ဇီဝဗေဒ

ဒုတိယနှစ်သင်တန်းတွင် -

(ဂ)  ဝက်မွေးမြူထုတ်လုပ်ရေးဘာသာ

(ည) သတင်းအချက်အလက်နှင့်နည်းပညာ

တတိယနှစ်သင်တန်းတွင် -

(က)ကြက်မွေးမြူထုတ်လုပ်ရေးဘာသာ

(ဃ) ရေသတ္တဝါနှင့်ပျားမွေးမြူထုတ်လုပ်ရေးဘာသာ

(င) မြန်မာစာ

(စ) သတင်းအချက်အလက်နှင့်နည်းပညာတို့ဖြစ်သည်။

အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်သူသည်   အခြေခံပညာကျောင်းများမှ Grade -9  အောင်မြင်ခဲ့ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် Grade-10 မှစပြီး သုံးနှစ်သင်တန်းတက်ရောက်ကာ သတ်မှတ်နှစ်အလိုက် အခြေခံပညာအထက်တန်းအဆင့်ဘာသာရပ်များအပြင် မွေးမြူရေးအတတ်ပညာဆိုင်ရာဘာသာရပ်များကိုစာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို   သင်ယူတတ်မြောက်နိုင်ပြီး ထူးချွန်စွာအောင်မြင်ပါက ပညာဆက်လက်သင်ယူနိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ သင်တန်းသားများအား သုံးနှစ်တက်ရောက်သင်ကြားမှုအပေါ် အကဲဖြတ်စစ်ဆေး၍ အထူးအောင်၊ အဆင့်မီအောင်နှင့် ရိုးရိုးအောင်ဟူ၍ သတ်မှတ်ထားရှိသည်။

အခြေခံပညာနှင့်   စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ မွေးမြူရေးအထူးပြုကျောင်းသားသည် အထူး (Credit)အောင်ဖြင့် အောင်မြင်ပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း) နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine)ခြောက်နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့(Bachelor of Animal Science) လေးနှစ်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်သည်။

အဆင့်မီ(Qualified)အောင်ဖြင့် အောင်မြင်သူသည်  စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် သင်ကြားလျက်ရှိသည့် မွေးမြူရေးဒီပလိုမာ(Diploma in Animal Husbandry) သုံးနှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏ငါးလုပ်ငန်းဒီပလိုမာ (Diploma in Fisheries and Aquaculture)သုံးနှစ်သင် တန်းသို့ တက်ရောက်နိုင်မည်ဖြစ်သည်။ မွေးမြူရေးဒီပလိုမာ(Diploma in Animal Science) သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည်မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်လေးနှစ်သင်တန်း မွေးမြူရေးပညာဘွဲ့(Bachelor of Animal Science)၏ တတိယနှစ်(ပထမနှစ်ဝက်)သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။ ငါးလုပ်ငန်းဒီပလိုမာ(Diploma in Fisheries and Aquaculture)သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။

ရိုးရိုးအောင်မြင်ပါက  မွေးမြူရေးအတတ်ပညာအောင်လက်မှတ်ရရှိမည်ဖြစ်ပြီး  မွေးမြူရေးနှင့်သက်ဆိုင်သောအခန်းကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်သည်။ ထို့ပြင် “အခြေခံပညာနှင့် စက်မှု၊   စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း” သို့ တက်ရောက်သူတိုင်း အထူးအခွင့်အရေးအနေဖြင့် ကျောင်းတက်နေစဉ်အတွင်း လစဉ်လတိုင်း ပညာသင်ထောက်ပံ့ကြေးများကိုလည်း နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်၏မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် ကြိုးပမ်းဆောင်ရွက်ရာတွင်  နိုင်ငံအတွင်း မွေးမြူရေးကိုစိတ်ပါဝင်စားစွာ ခေတ်မီနည်းလမ်းများဖြင့် နည်းလမ်းမှန်ကန်နည်းစနစ်ကျကျဖြင့် မွေးမြူလုပ်ကိုင်သူများ များပြားလာမှသာလျှင် နိုင်ငံအတွင်း အသားထုတ်လုပ်မှုများပြားလာကာ    အသားစားသုံးမှုဖူလုံလာရုံသာမကပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်များအဖြစ် ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ ပြည်ပနိုင်ငံများသို့ တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်များ တင်ပို့ခြင်းအားဖြင့် နိုင်ငံ့စီးပွားလည်းမြင့်မားလာမည်ဖြစ်သည်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် နိုင်ငံအတွင်းနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာကာ ကျေးလက်နှင့်မြို့ပြကွာဟမှုများလည်း လျော့နည်းပပျောက်လာမည်ဖြစ်သည်။ ထို့ကြောင့် မွေးမြူရေးပညာရပ်များကိုပြန့်ပွားအောင် နည်းပြလမ်းပြပေးသူ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လူသားအရင်းအမြစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ   နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရဖွင့်လှစ်ထားရှိသော“မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်”၊ “တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်း” နှင့်“အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း” သို့ မြန်မာနိုင်ငံအတွင်းနေ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်အားဖြည့်လိုသူ နိုင်ငံချစ်စိတ်ရှိသည့်နိုင်ငံသားတိုင်း တက်ရောက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။      ။

Source: https://myawady.net.mm/

ဒေါက်တာခင်နန္ဒာစိုး(မွေး/ကု)

ဉာဏ်ပညာနှင့် အသိပညာအတွက် စာဖတ်ပါ
-

လူတစ်ဦးတစ်ယောက်တည်း ကျောင်းနေအရွယ်မှ အသက်အရွယ်ရသည်အထိ အသိပညာအမျိုးမျိုးကို လေ့လာဆည်းပူးနေကြရသည်ဖြစ်ရာ စာဖတ်ခြင်းသည်သာ မိမိဘဝအောင်မြင်ရေး၏ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထို့ပြင် စာဖတ်ခြင်းသည် နှလုံးခုန်နှုန်းကို လျှော့ချခြင်းနှင့် ကြွက်သားတင်းမာမှုကို သက်သာစေခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ စာဖတ်အားကောင်းသည့်သူများသည် ရင့်ကျက်တည်ငြိမ်မှုကို ရစေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုစွမ်းရည် မြင့်တက်စေခြင်း၊ စိတ်ကူးစိတ်သန်းကောင်းစေခြင်း၊ အခက်အခဲများအပေါ် ဖြတ်ကျော်ရန် တုံ့ဆိုင်းမှုမရှိခြင်း၊ ဆုံးဖြတ်ချက်မ

လူတစ်ဦးတစ်ယောက်တည်း ကျောင်းနေအရွယ်မှ အသက်အရွယ်ရသည်အထိ အသိပညာအမျိုးမျိုးကို လေ့လာဆည်းပူးနေကြရသည်ဖြစ်ရာ စာဖတ်ခြင်းသည်သာ မိမိဘဝအောင်မြင်ရေး၏ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထို့ပြင် စာဖတ်ခြင်းသည် နှလုံးခုန်နှုန်းကို လျှော့ချခြင်းနှင့် ကြွက်သားတင်းမာမှုကို သက်သာစေခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ စာဖတ်အားကောင်းသည့်သူများသည် ရင့်ကျက်တည်ငြိမ်မှုကို ရစေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုစွမ်းရည် မြင့်တက်စေခြင်း၊ စိတ်ကူးစိတ်သန်းကောင်းစေခြင်း၊ အခက်အခဲများအပေါ် ဖြတ်ကျော်ရန် တုံ့ဆိုင်းမှုမရှိခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်း၊ မကောင်းမှုကို ဖယ်ရှားကာ သူတစ်ပါးအပေါ် စာနာထောက်ထားသည့် စိတ်ဓာတ်မြင့်မားစေခြင်း၊ စကားပြောကောင်းစေခြင်း၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာစေခြင်းစသည့် အကျိုးတရားများကိုလည်း ရရှိစေမည်ဖြစ်သည်။ စာဖတ်ခြင်းနှင့်ပတ်သက်၍ မည်သည့်စာအုပ်ကို ဖတ်ရှုရမည်ဟူသည့် သတ်မှတ်ချက်မရှိသော်လည်း မိမိ၏စိတ်နေစိတ်ထားကို ပြုပြင်ပေးသည့်စာအုပ်မျိုး၊ မိမိအား ဉာဏ်ပညာဗဟုသုတ အတွေးအခေါ်ရင့်သန်စေရန် သွန်သင်ပေးသည့်စာအုပ်မျိုးကို ရွေးချယ်ဖတ်ရှုခြင်းကသာ အကောင်းဆုံးဖြစ်မည်ဖြစ်သည်။

မျက်မှောက်ကာလတွင် လူငယ်အများစုအနေဖြင့် ဆိုရှယ်မီဒီယာပေါ်မှ စာများကိုသာ ဖတ်ရှုမှု ပိုများလာသဖြင့် စာအုပ်များကို ကိုင်တွယ်ဖတ်ရှုမှု နည်းပါးလာသည်။ လက်ကိုင်ဖုန်းဖြင့် စာဖတ်ခြင်း၊ ကွန်ပျူတာဖြင့် စာဖတ်ခြင်းသည် စာအုပ်ကို ကိုင်တွယ်၍ ဖတ်ရှုရခြင်း၏အရသာကို ယှဉ်နိုင်မည်မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်၏ စိတ်ကူးစိတ်သန်းကောင်းမွန်မှုသည် ဉာဏ်ပညာပြည့်ဝမှုနှင့် အသိပညာကြွယ်ဝမှုအပေါ် မူတည်သည်။ ဉာဏ်ပညာကို အသိပညာနှင့် ပေါင်းစပ်နိုင်မှသာ ဖန်တီးနိုင်မှုစွမ်းရည်ကို ရရှိမည်ဖြစ်သည်။ ဉာဏ်ပညာရှိမှုနှင့် အသိပညာကြွယ်ဝမှုတို့သည် ကွဲပြားခြားနားသည်။ ဉာဏ်ပညာရှိခြင်းသည် အသိပညာ၊ အတွေ့အကြုံ၊ နားလည်မှု၊ အသုံးချမှု သို့မဟုတ် တွေးခေါ်မှုတို့ကို အခြေခံ၍ ပြုလုပ်နိုင်သော စွမ်းရည်တစ်ခုဖြစ်သည်။ ဉာဏ်ပညာရှိသူ သည် ခေါင်းဆောင်တစ်ဦး၏ ဘဝအခြေခံအုတ်မြစ်ဖြစ်သည်။ ဉာဏ်ပညာ၏ ထွက်ကုန်သည် ပြဿနာများကို ဖြေရှင်းရာ၌ ကောင်းကျိုးဖြစ်စေပြီး မိမိ၏ဘဝခရီးအတွက် ရှေ့ဆောင်လမ်းပြဖြစ်သည်။

အသိပညာ

အသိပညာသည် အကြောင်းအရာတစ်ခု သို့မဟုတ် ဘာသာရပ်တစ်ခုနှင့်ပတ်သက်သော အချက်အလက်တစ်ခုဖြစ်သည်။ လိုအပ်သည့်အချိန်တိုင်းတွင် ဘာသာရပ်ဆိုင်ရာ အသိပညာကို အသုံးချရန် ယုံကြည်မှုရှိခြင်းဖြစ်သည်။ အကြောင်းအရာတစ်ခုခု၏ အမှန်တရားနှင့် ဖြစ်ရပ်မှန်များကို ရှင်းရှင်းလင်းလင်းသိရှိခြင်းဖြစ်သည်။ အသိပညာတွင် တစ်ခုခုကို မည်သို့လုပ်ဆောင်ရမည်ကို သိရှိခြင်း၊ ဘဝအတွေ့အကြုံများ၊ သဘာဝတရားနှင့် ပတ်သက်သည့် အမှန်တရားများအပေါ် သိရှိခြင်းတို့ ပါဝင်သည်။ အသိပညာကြွယ်ဝသူသည် မည်သည့် အခြေအနေတွင်မဆို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရပ်တည်နိုင်စွမ်းရှိသည်။ အသိပညာကို ရှာဖွေလိုသူတိုင်းသည် စိတ်ဝင်စားဖွယ် အကြောင်းအရာ တစ်ခုကို ထဲထဲဝင်ဝင် လေ့လာရန်လိုအပ်သည်။

လူ့ဘဝတွင် သင်ယူမှုများသည် မွေးဖွားသည်မှ သေဆုံးသည်အထိ အရွယ်သုံးပါးစလုံး အရေးပါလျက်ရှိသည်။ ဉာဏ်ပညာရှိခြင်း၊ ဗဟုသုတကြွယ်ဝ ခြင်းတို့သည် ဘဝအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယင်းဉာဏ်ပညာတို့ကို စနစ်တကျအသုံးချနိုင်မှသာ ပညာရှိဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

အသိပညာနှင့် ဉာဏ်ပညာသည် သဘောသဘာဝချင်းမတူသော်လည်း တစ်ခုစီ၊ သီးခြားစီ ရပ်တည်နေခြင်းမရှိပေ။ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေသည်။ ဉာဏ်ပညာနှင့် အသိပညာနှစ်ခုစလုံးသည် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို တည်ဆောက်ရာ၌ တူညီစွာအရေးပါ လျက်ရှိသည်။ ဉာဏ်ပညာနှင့် အသိပညာသည် လူတစ်ဦးစီ၏ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်၍ အသိပညာကို မှန်ကန်စွာအသုံးချနိုင်ရန်မှာ ဉာဏ်ပညာလိုအပ်သည်။ ဉာဏ်ပညာဖြင့် လေ့လာဆည်းပူးခြင်းသည် အဖိုးတန်သော်လည်း ယင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဆုံးဖြတ်ခြင်းက ပို၍အရေးကြီးသည်။ ယင်းကို အသိပညာ၏ အကူအညီဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အွန်လိုင်းစွယ်စုံကျမ်း

မျက်မှောက်ကာလတွင် သတင်းအချက်အလက်နည်းပညာများ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာသဖြင့် အသိပညာရှာဖွေလိုသူများနှင့် သုတေသီများအနေဖြင့် မိမိသိလိုသည့်အကြောင်းအရာနှင့် အချက်အလက်များရရှိရန် စာကြည့်တိုက်သို့ သွားစရာမလိုဘဲ ရှာဖွေရရှိနိုင်သည့် နေရာတစ်ခုမှာ အခမဲ့အွန်လိုင်းစွယ်စုံကျမ်းဟု လူသိများသည့် ဝီကီပီးဒီးယား (Wikipedia) ဝက်ဘ်ဆိုက်ဖြစ်သည်။ ဝီကီပီးဒီးယားဆိုသည်မှာ ဘာသာစကားပေါင်းစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သော အခမဲ့အင်တာနက် စွယ်စုံကျမ်းပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယားဟူသောအမည်ကို လူအများ ပူးပေါင်းပါဝင်ရေးသားနိုင်သည့် ဝက်ဘ်ဆိုက်နည်းပညာဝီကီနှင့် အင်ဆိုင်ကလိုပိဒိယဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဘာသာစကားမျိုးစုံဖြင့် ဗဟုသုတများစွာကို စုစည်းရရှိရန် ရည်ရွယ်၍ ဂျင်မီဝေးလ်နှင့် လာရီဆမ်ဂါတို့ စတင်တည်ထောင်ခဲ့သော ဝီကီပီးဒီးယားသည် ယခုအခါ ၂၃ နှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ယနေ့ကာလတွင် လူကြိုက်အများဆုံး အွန်လိုင်းကိုးကားမှုအရင်းအမြစ်ဖြစ်လာသော ဝီကီပီးဒီးယားသည် တစ်လလျှင် ပျမ်းမျှအားဖြင့် စာမျက်နှာကြည့်ရှုသူ အများဆုံးဝက်ဘ်ဆိုက်များ အနက် တစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ခြေရာခံ ကုမ္ပဏီ Alexa.com က ဆိုထားသည်။ ဘာသာစကား ၃၀၉ မျိုးဖြင့် ရေးသားထားသော ဆောင်းပါး ပေါင်း ၅၅ သန်းရှိနေသည့် ဝီကီပီးဒီးယားသည် ကမ္ဘာတစ်ဝန်းရှိ အသိဉာဏ်ချဲ့ထွင်လိုသူတိုင်းအတွက် အားထားရာနေရာဖြစ်လာသည်။ မြန်မာ ဘာသာ အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သည့် မြန်မာဝီကီပီးဒီးယားကိုလည်း ၂၀၀၄ ခုနှစ်ကတည်း က စတင်လွှင့်တင်ခဲ့ရာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအထိ ဆောင်းပါးပေါင်း တစ်သိန်းကျော် ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ ဝီကီပီးဒီးယားတွင် အားသာချက်များစွာရှိနေသကဲသို့ အားနည်းချက်များလည်း တစ်ပုံတစ်ပင်ရှိနေပါသေးသည်။ မည်သူမဆို ၎င်းတွင်ပါရှိသော အချက်အလက်များကို အချိန်မရွေး ပြုပြင်တည်းဖြတ်နိုင်ခြင်းကြောင့် ကိုးကားချက်များအတွက် ယုံကြည်စိတ်ချရသော အရင်းအမြစ်အဖြစ်မှတ်ယူရန် သံသယရှိနေသည်။

သို့ရာတွင် ဝီကီပီးဒီးယား၏ ကိုးကားချက်များတွင် ယုံကြည်စိတ်ချရသော အရင်းအမြစ် မြောက်မြားစွာပါဝင်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ လူကြိုက်အများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၅၀ တွင် အဆင့်(၁၃)အထိရှိနေသည်။ ၂၀၂၁ ခုနှစ် မတ်လအထိ အင်္ဂလိပ်ဝီကီပီးဒီးယားတွင် စာရင်းသွင်းအသုံးပြုသူ ၄၁ ဒသမ ၄ သန်းကျော်အထိ ရှိသဖြင့် အသိပညာနှင့် ဗဟုသုတ ရှာမှီးလိုသူ တိုင်းအတွက် အတိုင်းအတာတစ်ခုအထိ အရေးပါနေဆဲဖြစ်သည်။ အွန်လိုင်းကိုးကားမှု အရင်းအမြစ် ဖြစ်လာသော ဝီကီပီးဒီးယားသည် တစ်လလျှင် ပျမ်းမျှအားဖြင့် စာမျက်နှာကြည့်ရှုမှု ၁၈ ဘီလီယံကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင် လာရောက်ကြည့်ရှုသူအများဆုံး ဝက်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ခြေရာခံကုမ္ပဏီ Alexa.com က ဆိုသည်။

ယနေ့ကာလသည် ပညာခေတ်ဖြစ်၍ အင်တာနက်၏ ကျေးဇူးကြောင့် မိမိသိလိုသည့် ခေါင်းစဉ်တစ်ခုနှင့်ပတ်သက်သည့် အချက်အလက်ရရှိရန် စာကြည့်တိုက်ရှိ စာအုပ်အမြောက်အမြား ကို ဖတ်ရှုဖြတ်သန်းရမည့် အချိန်တစ်ခုကို ဝီကီပီးဒီးယားတွင် ဘာသာစကားအမျိုးမျိုးဖြင့် အချိန်တိုအတွင်း ရှာဖွေနိုင်သည်။ ထို့ပြင် ဝီကီပီးဒီးယားမှ သိပ္ပံပညာရပ်များကိုလည်း လေ့လာနိုင်သည်။ သိပ္ပံပညာသည် သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ဖြစ်သည်။ သိပ္ပံပညာသည် စောင့်ကြည့်လေ့လာခြင်းနှင့် လက်တွေ့လေ့လာခြင်းတို့မှ ရရှိလာသော ကမ္ဘာကြီး၏ သဘာဝနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတို့၏ စနစ်တကျတည်ရှိသော အသိပညာဖြစ်သည်။ သိပ္ပံပညာမှ တစ်ဆင့် အသိပညာရရှိခြင်းသည် မျက်မှောက်ခေတ် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာရာ၌ များစွာအထောက် အပံ့ပြုလျက်ရှိသည်။

သို့ဖြစ်ရာ အင်တာနက်မှသော်လည်းကောင်း၊ စာအုပ်မှသော်လည်းကောင်း စာဖတ်ခြင်းသည် ပစ္စုပ္ပန်အတွက်ဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ ပညာဗဟုသုတတိုးပွားစေပြီး အတွေးအခေါ် ရင့်သန်စေမည်ဖြစ်သည်။ အသိပညာကြွယ်ဝခြင်းကြောင့် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုစေနိုင်ပြီး စိတ်ကူးဉာဏ် အတွေးအခေါ်ရင့်သန်ကာ ဘဝတိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းစာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။

Source: moi.gov.mm

မေယု - မျိုးအောင်

research and development
-

သုတေသန (Research) ဆိုသည်မှာ “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း” ဟူ၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေထားသည့် မြန်မာအဘိဓာန်(၂၀၁၃)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ‘သုတေသန’ စကားရပ်သည် ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး ‘သုတ’ (အကြားအမြင်) နှင့် ‘ဧသနာ’ (ရှာမှီးခြင်း) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ဆိုပါက ‘Research’ ဖြစ်ပြီး ‘ရှာဖွေခြင်း’ ဟု အဓိပ္ပါယ်ရသည့် အလယ်ခေတ်ပြင်သစ်ဘာသာ စကား ‘Recherche’ မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း မှတ်သားမိပါသည်။ ထို့ကြောင့် ‘သုတေသန’ ဆိုသည်မ

သုတေသန (Research) ဆိုသည်မှာ “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း” ဟူ၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေထားသည့် မြန်မာအဘိဓာန်(၂၀၁၃)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ‘သုတေသန’ စကားရပ်သည် ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး ‘သုတ’ (အကြားအမြင်) နှင့် ‘ဧသနာ’ (ရှာမှီးခြင်း) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ဆိုပါက ‘Research’ ဖြစ်ပြီး ‘ရှာဖွေခြင်း’ ဟု အဓိပ္ပါယ်ရသည့် အလယ်ခေတ်ပြင်သစ်ဘာသာ စကား ‘Recherche’ မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း မှတ်သားမိပါသည်။ ထို့ကြောင့် ‘သုတေသန’ ဆိုသည်မှာ ‘အသိပညာများကို ရှာဖွေဖော်ထုတ်ခြင်း’ ဟု မှတ်ယူနိုင်မည်ဖြစ်ပါသည်။

သုတေသနလုပ်ငန်းသည် တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ စက္ကန့်နှင့်အမျှပြောင်းလဲ တိုး တက်နေသော ကမ္ဘာကြီးတွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သည့်ကဏ္ဍတွင် မဆို သုတေသနလုပ်ငန်းမှာ အရေးပါလျက်ရှိပါသည်။  ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး စသည်တို့အပါအဝင် ကဏ္ဍအသီးသီးတွင် သုတေသန ကောင်းစွာပြုလုပ်ကြသော နိုင်ငံများဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ဥပမာအားဖြင့် ပညာရေးကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၏ အဆင့်အတန်းကို အကဲဖြတ်ရာတွင် ၎င်းတက္ကသိုလ်က ထွက်ရှိသော သုတေသနစာတမ်း/လုပ်ငန်းများကိုပါ အဓိကအချက်အဖြစ် ထည့်သွင်းတွက်ချက်ကြောင်း သိရှိရပါသည်။ အလားတူပင် ပါမောက္ခတစ်ဦး၏ အရည် အသွေးကို တိုင်းတာရာတွင် ၎င်းအနေဖြင့် သုတေသနစာတမ်း/စာအုပ်ပေါင်း မည်မျှပြုစုထွက်ရှိပြီး ဖြစ်သည်ကို အဓိကမူတည်၍ ဆုံးဖြတ်လေ့ရှိပါသည်။ ထို့ကြောင့် ဆရာ/ဆရာများသည် သုတေသန ဆိုင်ရာကိစ္စရပ်များကို အပြိုင်အဆိုင်ပြုလုပ်ကြသဖြင့် ၎င်းတို့တစ်ဦးချင်း၊ ထိုမှသည် ၎င်းတို့ တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်း/တက္ကသိုလ်၊ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ပညာရေးအခန်းကဏ္ဍအထိ အဆင့်မြင့်မားလျက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “သုတေသနလုပ်ငန်း’ သည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် သုတေသနလုပ်ငန်းကို အားပေး ဆောင်ရွက်ကြသကဲ့သို့ မိမိတို့နိုင်ငံအတွက်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း” ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ အဆင့်မြင့်မားလာ စေရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီတွင် ပါရဂူသင်တန်း ဖွင့်လှစ်သည့် တက္ကသိုလ် အနည်းဆုံးတစ်ခုရှိစေရေး” လမ်းညွှန်မှုပြုထားခဲ့ပါသည်။

သုတေသနလုပ်ငန်းများ ထူးချွန်ကောင်းမွန်ခဲ့သဖြင့် မိမိနိုင်ငံ၊ လူ့အသိုက်အဝန်းတစ်ခုလုံးကိုသာမက ကမ္ဘာကြီးကိုပါ အကျိုးကျေးဇူး ဖြစ်စေခဲ့ကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ယနေ့ လူမှုအသိုက်အဝန်း တွင် မရှိမဖြစ်အသုံးပြုနေရသော လျှပ်စစ်မီး၊ ဖုန်းမှသည် မော်တော်ယာဉ်၊ လေယာဉ်ပျံတို့အပါအဝင် ပစ္စည်း များသည် အလွယ်တကူပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းက သုတေသနကို မဆုတ် မနစ် ပြုလုပ်တီထွင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ် တွင် သုတေသနလုပ်ငန်းသာ မရှိခဲ့ပါက ယနေကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီး ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ကျောက်ခေတ် ကနေ‌ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ 

သုတေသနရလဒ်မှထွက်ပေါ်ရရှိလာသော ရလဒ်များသည် အဖွဲ့အစည်းများက သုတေသနလုပ်ငန်းအပေါ် မည်မျှအားပေးထောက်ပံ့မှုအပေါ် များစွာမူတည်လျက်ရှိကြောင်းကိုလည်း သတိပြုရမည်ဖြစ်ပါသည်။ ပညာရှင်အင်အားနှင့် ရန်ပုံငွေအင်အားတို့မှာ စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသက်သွေးကြောပင်ဖြစ်ရာ နိုင်ငံတော်နှင့်ဌာနအဖွဲ့အစည်းများက အားတက်သရော ဝိုင်းဝန်းထောက်ပံ့နေမှသာ အကျိုးဖြစ်ထွန်းသော ရလဒ်ကောင်းများ ထွက်ပေါ်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သုတေသနလုပ်ငန်းသည် အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိ မဖြစ် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ စဉ်ဆက်မပြတ်သော သုတေသနလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မှီငြမ်းကိုးကား

၁။       https://www.moi.gov.mm/news/26557

၂။       https://www.myawady.net.mm/node/35365

၃။       https://www.myawady.net.mm/node/26901

၄။       https://www.moi.gov.mm/npe/suttesn-chiusnnymaa

၅။       https://www.myanmardigitalnewspaper.com/my/suttesnnng-phnphiuttiuttkmu

၆။       https://news-eleven.com/article/239554

နေဟိန်း (ငြိမ်းချမ်းရေး)

ပညာသင်ပါ ဘွဲ့ယူပါ
-

ဘဝမှာပညာတတ်ခြင်းနဲ့ ချမ်းသာပြည့်စုံခြင်းက တိုက်ရိုက်အချိုးမကျပါဘူး။ သို့သော်ဆင်ခြင်တုံတရားပါသောပညာနှင့်    နိုင်ငံ့သားကောင်းဖြစ်တည်မှုက တိုက်ရိုက်အချိုးကျပါတယ်။ ဒီပလိုမာဖြစ်ဖြစ်၊ ဘွဲ့တစ်ခုခုရှိရင် မိတ်ဆွေတို့  အလုပ်ရနိုင်ပါတယ်။ သို့ပေမယ့် အဲဒါတွေကြောင့်တော့ မိတ်ဆွေတို့ အလုပ်မှာ တိုးတက်အောင်မြင်မှုရလိမ့်မယ်လို့ တထစ်ချ အာမခံဖို့ခက်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ  အရည်အချင်းကိုပဲ စိတ်ဝင်စားကြတယ်။   ဒီပလိုမာတွေ၊   ဘွဲ့တွေကို စိတ်မဝင်စားကြပါဘူး။ ဒီနေရာမှာပညာရဲ့ သဘောကို ဘယ်လိုပြောကြမလဲ။   တချို့က   ပညာဆိုတာ လူတစ်ယောက်ရဲ့   ဦးနှောက်ထဲမှာ  သတင်းအချက်အလက်တွေ   ဘယ်လောက်များများ သိမ်းဆည်းသိုမှီးထားနိုင်သလဲဆိုတာနဲ့  တိုင်းတာကြတယ်။ ဒီလိုပညာဟာ လူငယ်တွေသွားလိုတဲ့ ရည်မှန်းချက်ဆီကို   ရောက်အောင် မပို့ဆောင်လောက်ပါဘူး။ ဘာလို့ပါလဲ။  အချက်အလက်တွေဆိုတာ စာအုပ်စာတမ်း၊ မှတ်စုဖိုင်တွဲ၊ ခေတ်မီစက်တွေကို အသုံးချလို့လည်း ရနေတာပဲလေ။ ခုရှာ ခုတွေ့ပါတယ်။

ဒါဆိုရင် “ပညာရေး”  ဆိုတာကို  ဂဃနဏ သိဖို့လိုလာတယ်။ စစ်မှန်တဲ့ ပညာရေး၊ ထိုက်ထိုက်တန်တန်   ရင်းနှီးမြှုပ်နှံသင့်တဲ့ ပညာရေးဆိုတာက လူတွေရဲ့စိတ်ကို   ဖွံ့ဖြိုးတိုးတက်အောင်   ပြုစုပျိုးထောင်ပေးတဲ့ ပညာရေးပါပဲ။ လူတစ်ယောက်ဟာ ပညာဘယ်လောက်တတ်တယ်ဆိုတာထက် သူ့စိတ်ဟာ ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲ၊ တစ်နည်းအားဖြင့် သူဘယ်လောက်ကောင်းကောင်း တွေးတတ်သလဲ ဆိုတာပါပဲ။ အဲဒီလိုတွေးနိုင်တဲ့အရည်အသွေးကို ဖွံ့ဖြိုးတိုးတက်စေတဲ့   ဘယ်အရာမဆို   “ပညာ”လို့ခေါ်ပါတယ်။

ပညာကို နည်းအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ လူငယ်အများစုကို အထိရောက်ဆုံးနဲ့ ပညာဖြန့်ဖြူးပေးနိုင်တဲ့   နေရာတွေကတော့   ကောလိပ်တွေ၊ တက္ကသိုလ်တွေ  သင်တန်းစုံတွေပါပဲ။ ဒါတင်လား၊ မဟုတ်သေးပါဘူး။ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းမျိုးစုံကို မတက်နိုင်ရင်လည်း အခြားနည်းလမ်းတွေရှိပါသေးတယ်။ အလုပ်လုပ်ရင်း ကျောင်းတက်လို့ ရပါတယ်။   နေ့ကျောင်း၊  ညကျောင်း  အချိန်ပိုင်းတွေလည်း ရှိတယ်။  ညနေပိုင်း၊ ပိတ်ရက် သင်တန်းတွေရှိတယ်။ ပြင်ပကနေ ဖြေဆိုပြီး ဘွဲ့တွေယူနိုင်တယ်။ စာကြည့်တိုက်တွေမှာ မိမိသွားဖို့ ရည်ရွယ်ရာ လမ်းကြောင်းကို တည့်မတ်လမ်းပြပေးတဲ့ စာအုပ်တွေရှိပါတယ်။

အမေရိကန်သမ္မတ အေဗရာဟယ်လင်ကွန်းက မစ္စစ္စပီမြစ်ကမ်းက လှေထိုးသားဘဝနဲ့  မီးလင်းဖိုဘေးမှာ စာဖတ်ပြီး၊ ပြင်ပကနေစာဖတ်ပြီး ဥပဒေဘွဲ့ကို ယူခဲ့တာဖြစ်တယ်။ တက္ကသိုလ်မတက်ခဲ့ရပါဘူး။ ထို့အတူ တက္ကသိုလ် ပညာရေးကို မသင်ခဲ့ရပေမယ့် စာပေဖတ်ရှုလေ့လာပြီးအောင်မြင်သွားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေအများကြီးပါပဲ။

ပညာကကျယ်ပြန့်လွန်းတယ်။ သမုဒ္ဒရာထက် ပိုကျယ်တယ်။  နက်နဲပါတယ်။  Information ဆိုတာ သိခြင်းပေါ့။ ကြားလို့သိတာ မြင်လို့သိတာနဲ့ လေ့လာဖတ်ရှုလို့သိတဲ့ အသိတရားတွေပေါ့။ ဒါက အာမခံချက်သိပ်မရှိပါဘူး။ အမှားအမှန် ပိုင်းခြားဝေဖန် ဆန်းစစ်နိုင်စွမ်းအားနည်းပါတယ်။ ထို့အတူ Disinformation နဲ့ Misinformation  တွေကတော့ လူတွေအမှန်လို့ ယုံကြည်သွားအောင် ဉာဏ်ကြီးသူက ဉာဏ်နည်းသူကို ကစားလိုက်တဲ့သဘော၊ လှည့်စားလိုက်တဲ့ သဘောရှိပါတယ်။

ပညာသဘောက   သိရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို ထိန်းသိမ်းကြပ်မတ် ရှေ့ဆောင်ပြုပြင်ပေးတဲ့သဘောလည်းရှိပါတယ်။   ဒါကြောင့်   ပညာဟာမြင်းမိုရ်တောင်ထက်မြင့်ပြီး စွမ်းအားသတ္တိ အလွန်ကြီးမြင့်ပါတယ်။   အဓိပ္ပာယ်ဖွင့်ဆိုလို့ မကုန်နိုင်လောက်ဘူး။မိမိကိုယ်တိုင်လုပ်ယူမှ  လေ့ကျင့်ယူမှ ဘယ်သူဟာ   အကောင်းအဆိုးသဘောရှိတယ်ဆိုတာ ဉာဏ်ကသိမြင်စေတာဖြစ်ပါတယ်။ ကိုယ့်မှာက ဘာဓာတ်ခံမှမရှိရင် အခြားသူများရဲ့လှည့်စား အသုံးချခြင်းကို ခံရလေ့ရှိတတ်ပါတယ်။

ဘွဲ့ဆိုတာ “စာရွက်တစ်ရွက်” ပါပဲ။ သို့သော် ဒီစာရွက်ကလေး တစ်ခုရဖို့လောက်နဲ့တော့ ကျောင်းတက်ကြတာ မဟုတ်ဘူးဆိုတာပါပဲ။ တချို့က ဘွဲ့ရတော့ရော ဘာဖြစ်လာလို့လဲ။   အလကားပါကွာ၊ ထမင်းမဝဘူးလို့  ဉာဏ်ပညာမဲ့၊ အဖျင်းအမှော်စကား ဆိုတတ်ကြသေးတယ်။   ဒါဆိုရင်ဘာလဲ။ မိမိရဲ့စိတ်ဓာတ်စွမ်းအားကို တည်ဆောက်ယူကြတာပါပဲ။ ဒါဟာ ဘဝအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ပညာဆိုတာယူတတ်ရင်ရတယ်။ နေရာတိုင်းမှာ ရှိတယ်။ နယ်ပယ်တိုင်းမှာရှိတယ်။ ဒါကြောင့်   ငါတို့ဘယ်လောက်လုပ်နိုင်ခဲ့သလဲ။

ငါတို့ရဲ့ စိတ်စွမ်းအားနဲ့ ဖြူစင်တဲ့ဘဝတစ်ခုကို ဘယ်လောက် တည်ဆောက်နိုင်ခဲ့သလဲ။ ပညာထဲကနေ ကိုယ်ကျင့်တရားတွေ၊ ဆင်ခြင်တုံတရားတွေ၊ ရိုးသားမှုတွေ၊ တွေးခေါ်မြော်မြင်မှုတွေ၊ ကိုယ်ချင်းစာတရားတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ထုံးတမ်းစဉ်လာဘာသာတရားတွေ စသည်တို့ကို ဘယ်လောက်ထုတ်ယူ ကျင့်သုံးနိုင်ခဲ့သလဲ။ ဒါဟာ ပညာရဲ့သဘော သဘာဝပါပဲ။

ဒါကြောင့် ကျောင်းတွေမှာ   ပညာသင်ရမယ်။ ကောလိပ်တက္ကသိုလ်တွေမှာ   ရတဲ့အချိန်၊   ရတဲ့အခြေအနေအလိုက် ပညာသင်ရမယ်။ ပညာဆိုတာ ယူတတ်ရင်ရတယ်။ နေရာတိုင်းမှာရှိတယ်။ နယ်ပယ်တိုင်းမှာရှိတယ်။ တရားသဖြင့် ရိုးသားကြိုးစားနေဖို့နဲ့  ဖြူစင်တဲ့ အသက်မွေးလုပ်ငန်းဖြစ်ဖို့တော့ အမြဲသတိကပ်ထားရမှာပေါ့။ စာရေးသူတို့လည်း ဒီလိုပါပဲ။

ဒီအသက်အရွယ်  ၆၂  နှစ်ရောက်လာတဲ့အထိ လူထဲသူထဲ  လူရာဝင်အောင်နဲ့  မိဘကို လုပ်ကျွေးပြုစုနိုင်ဖို့    ကြိုးစားတည်ဆောက်ယူခဲ့ရတယ်။   အိမ်ထောင်မရှိပေမယ့်  ဆုံးသွားတဲ့မောင်ငယ်ရဲ့  ကျန်ခဲ့တဲ့တူမသုံးယောက်ကို တက္ကသိုလ်ဘွဲ့အသီးသီးရအောင် ကျောင်းထားပေးရ၊ မြေတောင်မြှောက်ပေးခဲ့ရတယ်။

ကိုယ်ကျင့်တရားနဲ့  ဓမ္မိယလဒ္ဓ   စင်ကြယ်စွာ စိတ်ကိုတည်ဆောက် စီးပွားရှာယူနိုင်သလို မိမိကြောင့် သူတစ်ပါး   ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိစေခဲ့ဘူး။ စီးပွားကိုရအောင်ရှာတာက မိမိရဲ့ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ  ကြိုးစားမှုနဲ့သာဆိုင်တယ်။ ကိုယ်ကျင့်တရားကို  မပျက်အောင်၊  သူတစ်ပါးကို မထိခိုက်အောင် စီးပွားရှာရမယ်ဆိုတဲ့  အသိက “ပညာ” နဲ့ တိုက်ရိုက်အချိုးကျသွားတယ်။ တစ်နည်း “သတ္တိ”  ပဲ။ သတ်ရဲဖြတ်ရဲ၊ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ၊ တိုက်ရဲခိုက်ရဲမှ သတ္တိမဟုတ်ဘူး။ လူမှုကျင့်ဝတ်တွေ၊ ဥပဒေစည်းကမ်းတွေ၊ ဘာသာရေးက ပညတ်ထားတဲ့ ကိုယ်ကျင့်သီလတွေ၊ ဒါတွေကို မချိုးမဖောက်တည်ဆောက်နိုင်သူသာလျှင် “သတ္တိရှင်”  အစစ်ပါပဲ။

ဥပမာတစ်ခု ထုတ်ပေးချင်ပါတယ်။ စာရေးသူတို့ကြံခင်းသားပါပဲ။  နာမည်က ဦးတင်တဲ့။  ဦးတင် ဆယ်နှစ်သားကတည်းက အဖေအမေမရှိတော့ပါဘူး။ မိဘမဲ့ တစ်ကောင်ကြွက်ပေါ့ ။ ကျောင်းမတက်နိုင်ခဲ့ဘူး။ သို့သော် ဦးတင်ကို သူ့အဖေက စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးခဲ့တယ်။ ဦးတင်ဟာ စာပေဖတ်ရှုလေ့လာရင်း ဘဝကို ကိုယ်ကျင့်တရား နဲ့ ထိန်းမတ်ခဲ့သူဖြစ်တယ်။ သူဟာ ဘယ်လောက်တော်သလဲဆိုရင် ဖဆပလခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖဆပလအဖွဲ့မှာ ဘဏ္ဍာရေးမှူးအဖြစ် ခန့်အပ်ယုံကြည်ခြင်း ခံခဲ့ရတယ်။ နောက်ဝန်ကြီးဖြစ်လာတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာရင် အထိမခံဘူး။ သူရိယသတင်းစာအယ်ဒီတာ၊ တိုက်ပိုင်အဆင့်အထိ မြင့်တက်ခဲ့ပြီး နာမည်ပျက်တစ်စုံတစ်ရာမရှိဘဲ ဘဝကို တည်ဆောက်ယူနိုင်ခဲ့တယ်။ ဖဆပလ နှစ်ခြမ်းကွဲသွားပေမယ့်  နှစ်ဖက်စလုံးက သူ့ကို ဦးညွှတ်လေးစားခြင်း ခံခဲ့ရသူဖြစ်တယ်။   ဘဝတစ်လျှောက်လုံး    ဒေါ်ဦးဇွန်း ဘိုးဘွားရိပ်သာမှာ နှစ်ပေါင်း လေးဆယ်နီးပါး   ပရဟိတလုပ်ရင်း လူတွေကို  အကျိုးပြုပေးဆပ်သွားသူဖြစ်တယ်။

လူငယ်တွေ သူ့အကြောင်းကိုသိချင်ရင် မြန်မာလူကျော်တစ်ရာ စာအုပ်မှာ ရှာဖတ်ကြည့်စေချင်ပါတယ်။ ဒါဟာ သင်ကြားသင်ယူ၊ ဖတ်ရှုလေ့လာခဲ့တဲ့ စာပေ၊ တစ်နည်း ပညာက ပေးလိုက်တဲ့ ဆင်ခြင်တုံတရား၊ အသိတရား၊ ကိုယ်ကျင့်တရား၊ စိတ်ဓာတ်စွမ်းအားပါပဲ။

လူတစ်ယောက်ဟာ ရှာဖွေလို့ စီးပွားတော့ဖြစ်ပါရဲ့ သူတစ်ပါးကိုထိခိုက်တဲ့   ကိုယ်ကျင့်တရားပျက်မှု၊ သူတစ်ပါး ဒုက္ခပေး၊ ခေါင်းပုံဖြတ်  အမြတ်ထုတ်တဲ့ ကိုယ်ကျိုးရှာဖွေမှုကတော့ အလကားပဲ။ ချမ်းသာလည်း တန်ဖိုးမရှိပါဘူး။ ဒါကြောင့် ငါတို့ဘယ်လောက်လုပ်နိုင်ခဲ့သလဲ။ ငါတို့ရဲ့ စိတ်စွမ်းအားနဲ့ ဖြူစင်တဲ့ ဘဝတစ်ခုကို ဘယ်လောက် တည်ဆောက်နိုင်ခဲ့သလဲ။ ပညာထဲကနေ ကိုယ်ကျင့်တရားတွေ၊ အဂတိ တရားတွေ၊  ဆင်ခြင်တုံတရားတွေ၊  ရိုးသားမှုတွေ၊ တွေးခေါ်မြော်မြင်မှုတွေ၊ ကိုယ်ချင်းစာတရားတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊   ထုံးတမ်းစဉ်လာဘာသာတရားတွေ စသည်တို့ကို  ဘယ်လောက်ထုတ်ယူကျင့်သုံးနိုင်ခဲ့သလဲ။

ဒီနေရာမှာ လာဘ်ပေး၊  လာဘ်ယူ သဘောကိုထည့်ပြောချင်တယ်။ လာဘ်ပေးသူ၊ လာဘ်ယူသူ ဘယ်သူက ပိုအပြစ်ကြီးပါသလဲ။ လာဘ်ပေးသူဟာ လူတစ်ယောက်ကိုတင်မဟုတ်ဘူး ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပါပဲ။ ပိုပြီး အပြစ်ကြီးလေးတယ်လို့ စာရေးသူက မြင်ပါတယ်။ လာဘ်ပေးသူက  မိမိကိုယ်ကျိုးအတွက် လာဘ်ယူသူကို အသုံးချလိုက်တာပါပဲ။ လာဘ်ယူသူကလည်း လောကဓံရဲ့ ခါးသက်မှုကို ခံနိုင်ရည်ရှိသူ မဟုတ်လေတော့ လောဘနဲ့ လည်စင်းခံလိုက်ရတာပါပဲ။ တစ်နည်းအားဖြင့် နှစ်ဦးစလုံးက တိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်ကြတာပါပဲ။ ဒါတွေဟာ အနာဂတ်ကိုတည်ဆောက်ကြမယ့် လူငယ်တွေရဲ့ ပတ်ဝန်းကျင်ကောင်းဘယ်လို ဖြစ်လာနိုင်ပါ့မလဲ။ စဉ်းစားကြည့်ပေါ့။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ အပြစ်ပုံချကြရင်း နောက်ဆုံးတော့ ကိုယ့်ကြောင့်များဖြစ်နေလိမ့်မလားလို့ တွေးကြည့်စေချင်ပါတယ်။ ဒီလိုဆန်းစစ်ပြီး နားလည်လက်ခံကျင့်သုံးကြရင် ပညာရဲ့ သဘောသဘာဝဟာ ပီပီပြင်ပြင်ဖြစ်လာပြီး လူငယ်တွေဟာ ကောင်းသောအတုခိုး အတုယူခြင်းတွေဆောင်ရွက်လာကြပါလိမ့်မယ်။

ဒါကြောင့် ကျောင်းတွေမှာပညာသင်ရမယ်။ ကောလိပ်တက္ကသိုလ်တွေမှာ ရတဲ့အချိန်၊  ရတဲ့အခြေအနေအလိုက် ပညာသင်ရမယ်။ မိမိရဲ့ ဘဝအခြေအနေနဲ့၊ မိမိရဲ့ဉာဏ်ရည်နဲ့ ကိုက်ညီသော “ဘွဲ့” တစ်ခုခုကို ဆွတ်ခူးနိုင်သူဖြစ်ရမယ်။  ဒါဟာ မိမိကိုယ်ကို၊   မိမိဘဝကို၊  မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ပေးသွားမယ့် “ပဲ့ထိန်း” ဆိုတာကို မမေ့ကြပါနဲ့ ။ အဲဒီပဲ့ထိန်းပါတဲ့လူငယ်တွေဟာ နိုင်ငံ့သားကောင်းရတနာများပါပဲ။

အဲဒီ   ပဲ့ထိန်းပါတဲ့  ပညာနဲ့သာ  အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။    ။

 Source- Myawady Webportal

အမည်မသိ

အသိဉာဏ်ပညာဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့
-

သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။ ငယ်စဉ် ကပင်အခြေခံဖတ်စာကို လေ့လာမှတ်သား၍ စာပေပညာများ သင်ကြားကြရသည်။ စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် ကလေးငယ်များ၏ စာဖတ် ချင်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပြီး ကလေးဘဝ ကတည်းကပင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းကဲ့သို့ ရုပ်စုံစာစောင်များကို ဖတ်ရှုစေသင့်သည်။ အရုပ်ကြည့်ရင်း စာဖတ်သင်သည့်ပုံစံမျိုးဖြစ်သည်

သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။ ငယ်စဉ် ကပင်အခြေခံဖတ်စာကို လေ့လာမှတ်သား၍ စာပေပညာများ သင်ကြားကြရသည်။ စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် ကလေးငယ်များ၏ စာဖတ် ချင်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပြီး ကလေးဘဝ ကတည်းကပင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းကဲ့သို့ ရုပ်စုံစာစောင်များကို ဖတ်ရှုစေသင့်သည်။ အရုပ်ကြည့်ရင်း စာဖတ်သင်သည့်ပုံစံမျိုးဖြစ်သည်။ စာဖတ်ခြင်းမှ အကောင်းနှင့်အဆိုးသဘောတရားများကို အတွေးပုံရိပ်မှတစ်ဆင့် သိရှိနိုင်စွမ်းရှိသော ကြောင့်ဖြစ်ပါသည်။

စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းနိုင်သည့် စာအုပ်စာပေများ

အဆင့်အတန်းမြင့်မားသော ဘဝတစ်ခုရရှိရေး စာကောင်းပေမွန်သည် အလိုအပ်ဆုံးဖြစ်သည်။ စာပေအမျိုးအစားများစွာရှိသည့်အနက် အချစ်၊ ရသ၊ ဟာသနှစ်သက်ရာ ဖတ်ရှုနိုင်ကြသည်။ သုတ၊ ရသကို ဖတ်ရှုသင့်သကဲ့သို့ စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းနိုင်သည့် စာအုပ်စာပေများကိုလည်း လေ့လာ ထားရမည်ဖြစ်သည်။ စာအုပ်စာပေမှ ပညာဗဟုသုတ ကြွယ်ဝခြင်း၊ အတွေးအခေါ်ရင့်သန်ခြင်း အကျိုး ကျေးဇူးများကို ခံစားရရှိစေနိုင်ပြီး ဦးနှောက်၏ ဖြန့်ကြက်နိုင်စွမ်းအားအလိုက် အတွေးအခေါ်များ ပိုမိုအားကောင်းလာနိုင်သည်။ စာဖတ်ခြင်းသည် ခရီးသွားခြင်းနှင့်တူသကဲ့သို့ အခက်အခဲတစ်ခုကို ကူညီဖြေရှင်းပေးသည့် မိတ်ဆွေကောင်းသဖွယ်ဖြစ်သည်။ သိလိုသမျှ ရှင်းပြနိုင်သည့် ဆရာတစ်ဆူ အဖြစ်လည်း သတ်မှတ်နိုင်သည်။

စာပေ၏ တန်ခိုးသတ္တိက ကြီးမားလှသည်။ မိမိ၏ မှေးမှိန်နေသော ဇွဲ၊ လုံ့လ၊ ဝီရိယကို နိုးထစေ သကဲ့သို့ စိတ်ဓာတ်ကြမ်းတမ်းသူတစ်ယောက်ကို နူးညံ့ယဉ်ကျေးစေနိုင်သည်။ သနားကြင်နာစိတ်၊ ညှာတာစိတ်များ ရှင်သန်ကြီးထွားစေနိုင်သည်။ အဆိုးနှင့်အကောင်းကို သရုပ်ခွဲခြား ချိန်ဆတတ်စေ သည်။ ဒေါသဦးဆောင်ရမည့်နေရာကို သည်းခံခြင်းအစားထိုးလာနိုင်သည်။ စာဖတ်ရာတွင်လည်း စိတ်နှလုံးသားကို နူးညံ့စေမည့် စာအုပ်ကောင်းများကို ကြိုက်နှစ်သက်တတ်လာသည်။ တစ်အုပ်ပြီး တစ်အုပ်ဖတ်လျက် လူ့ဘဝများစွာကို စာနာနားလည်နိုင်စွမ်းရှိလာပြီး လူ့ပတ်ဝန်းကျင်နှင့် သဘာဝအလှတရားများ၏ သတ္တိနှင့် စွမ်းအားများကို ညှို့ယူခံစားတတ်လာမည်ဖြစ်သည်။

လက်တွေ့နှင့် စိတ်ကူးယဉ် ဘဝနှစ်ခုကို စာဖတ်ခြင်းကသာ ပြောင်းပြန်လှန်ပေးနိုင်

အမြင်မတူညီမှုက အတူမမြင်နိုင်ပေ။ စာရေးသူတစ်ယောက်သည် စိတ်ကောင်းနှလုံးကောင်းဖြင့် စာရေးကြရပေသည်။ စာရေးသူ၏အတွေး လှသလောက်စိတ်ကူးပုံဖော်ရေးသားမှုတို့သည်လည်း လက်ရာမြောက် သက်ဝင်ကြစမြဲဖြစ်သည်။ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် အစရှိသော အနုစိတ် ဖန်တီးမှု လက်ရာများသည် စာရေးသူတစ်ယောက်၏ အတွေးအမြင် ဖြန့်ကြက်ခြင်းမှတစ်ဆင့် ဖြစ်ပေါ် လာသော အတွေးပုံရိပ်များဖြစ်ပေသည်။ ထိုအတွေး ပုံရိပ်များထဲတွင် အချစ်နှင့် အမုန်း၊ အဖြူနှင့် အမည်း သဲကွဲစေသည့် ဘဝသင်ခန်းစာများစွာပါဝင်သည်။ စာတစ်ကြောင်းဖြင့် ဘဝတစ်ခု သိမ်မွေ့သွားနိုင် သည်။ အကျင့်တစ်ခုချေဖျက်ပစ်နိုင်သည်။ သို့ဖြစ်၍ အတွေးအမြင်မှန်ကန်တည့်မတ်ဖို့ စာဖတ်စို့ဟု တိုက်တွန်းချင်မိသည်။ ကာတွန်း၊ ပုံပြင်၊ ဝတ္ထုများတွင် မှန်ကန်သော အတွေးအမြင်ဖြစ်ပေါ်စေရန် မီးမောင်းထိုးပြထားပေသည်။ လမ်းမလွဲဖို့ လမ်းညွှန်ပေးသည်။ ဘဝကိုမည်ကဲ့သို့တည်ဆောက်ကြမည်နည်း။ တက်ကြွသော စိတ်ဓာတ်တစ်စုံရရှိရေး မည်သည့်နည်းလမ်းကို ကျင့်သုံးကြမည်နည်း။ နှလုံးသားကို နူးညံ့လာအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။ နှလုံးသား၏အမေးကို ဦးနှောက်ကဖြေဆိုပြီး ဘဝကို လက်တွေ့ကျကျ တည်ဆောက်ကြရမည်ဖြစ်သည်။ လက်တွေ့နှင့်စိတ်ကူးယဉ်ဘဝနှစ်ခုကို စာဖတ်ခြင်းကသာ ပြောင်းပြန်လှန်ပေးနိုင်ပေသည်။

စာတစ်အုပ်ချင်းဖတ် တစ်ရက်ချင်း ခရီးသွားကြရပေမည်။ ဘဝကလက်တွေ့ဆန်ပေသည်။ နံရံတစ်ချပ်ကို ထိုးဖောက်လိုလျှင် တူကဲ့သို့ မာကြောသော အရာဝတ္ထုရှိရန် လိုအပ်သည်။ ထူထဲသော နံရံကို ထိုးဖောက်လိုစိတ်ရှိရမည်ဖြစ်ပြီး အဆိုပါ စိတ်ဓာတ်နှင့် ရှေ့သို့တိုး၍ လုပ်ဆောင်ရမည် ဖြစ်သည်။ တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုစကားက စိတ်ဓာတ်ခွန်အားကို မြင့်တက်စေသည်။ စိတ်ဓာတ်မကျရေး စာဖတ်ပေးရန်လိုပေသည်။ ဘဝသက်တမ်းသည်တိုသလောက် သံသရာက ရှည်လျား လွန်းသောကြောင့် အသိဉာဏ်ပညာမြင့်မားရေး ကြိုးစားကြရမည်ဖြစ်သည်။ ဘဝထဲကစာ၊ စာထဲက ဘဝများစွာ၏ သုခနှင့်ဒုက္ခကို သင်ယူပြီး လူ့တန်ဖိုးလူ့အသိဖြင့် လူ့ပတ်ဝန်းကျင်တစ်ရပ်လုံးကို အလှ ဆုံးပြုပြင် တည်ဆောက်သွားကြရမည်ဖြစ်သည်။

စာပေမြင့်မှ လူမျိုးတင့်

မျက်စိကောင်းတုန်း စာဖတ်ရမည်ဖြစ်သည်။ နားကောင်းတုန်း နှလုံးသားအာဟာရ ဗဟုသုတများ စုဆောင်းသင့်သည်။ စာပေမြင့်မှလူမျိုးတင့် ဟူသောဆိုစကားလည်း ရှိပေသည်။ ယနေ့စာအုပ် စာပေများသည် နောင်တစ်ချိန် အဟောင်းတန်းတွင် ရှာဖွေမရဖြစ်လာနိုင်သည်။ အဟောင်းအမြင်း တန်ဖိုးရှိလှသည့် စာအုပ်များခြစားခံရနိုင်သည်။ စက္ကူစုတ်သဖွယ် အသုံးပြုလာကြမည်ဖြစ်သည်။ စာဖတ်အားနည်းလာမှုကိုပြဆိုသော သရုပ်သကန် ကို စာချစ်သူအားလုံးက စာဖတ်ရှိန်မြင့်တက်ရေး၊ ပြန်လည်ဦးမော့လာစေရေး စွမ်းဆောင်ကြရမည် ဖြစ်သည်။ ရေးသူ၊ ဖတ်သူ အားပြိုင်မှုရှိမှသာ မဂ္ဂဇင်း၊ စာစောင်များ ရေရှည်ရပ်တည်နိုင်မည် ဖြစ်သည်။ တန်ဖိုးထားထုတ်ဝေသလောက် စာဖတ် သူလက်ထဲ မရောက်သည့်စာအုပ်များ အဟောင်းတန်းရောက်ကြရပေသည်။ သို့ဖြစ်၍ စာပေချစ်သူများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာပေများကိုထိန်းသိမ်းရင်း စာဖတ်၊ စာဖတ်ရင်း ထိန်းသိမ်းကြမည်ဆိုပါက စာဖတ်၊ စာတတ်သူများ၏ စာရွက်လှန်သံများ အမြဲမပြတ်ကြားသိနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား- www.moi.gov.mm

စံမြတ်ဘုန်း(စစ်ကိုင်း)

အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
-

အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ် 

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး

      မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ  စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။

“အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊  စီးပွားရေးနှင့်  လူမှုရေးပညာရပ် တို့ကို   လေ့လာသင်ကြားလေ့ကျင့်မှုအတွေ့အကြုံများမှ      ရရှိလာသော အသိပညာနှင့် အတတ်ပညာ များကိုအခြေခံကာ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့်  အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံ များ၊   စက်၊   ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှု နည်းစဉ်များကို     ဒီဇိုင်းတွက်ချက် တည်ဆောက်၊  ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့် ယှဉ်ပြီး  အသုံးချရသော ပညာရပ်ဖြစ်ပါသည်” ဟူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။

အင်ဂျင်နီယာပညာရေးအား  အဓိပ္ပာယ် ဖွင့်ဆိုလာခဲ့သည့် ရာစုနှစ်တစ်ခု အင်ဂျင်နီယာများ ၏  ပညာရေးနှင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်နွှယ်မှုများကြားတွင် မည်ကဲ့သို့သော နည်းလမ်းများနှင့် ဆက်စပ်ပတ်သက်နေသည်ကို သိရှိရန် လိုအပ်သည်။

ဆက်နွှယ်နေသည့်  အရာများတွင် လူမှုရေး၊ မြင့်မားသောဉာဏ်ရည်၊ စီးပွားရေးလုပ်ငန်းများ အပြင် အခြားအရာများလည်း ရှိနေပါလိမ့်မည်။ မြောက်မြားစွာသောချဉ်းကပ်မှုများ ကြောင့်  ပညာရပ်ဆိုင်ရာ   ချဉ်းကပ်လေ့လာမှုများသည် ဤပညာရပ်၏ တန်ဖိုးထားစရာ အရည်အသွေး များပင် ဖြစ်သည်။

လူ့ဘောင်ဘဝတွင် လူမှုရေး၊ စီးပွားရေး ဆိုသည်မှာလည်း အချင်းချင်း အပြန်ပြန်အလှန်လှန် ဆက်နွှယ်မှုများရှိနေသည်။ အင်ဂျင်နီယာပညာရေးနှင့် လူ့ဘောင်ဘဝတို့ ဆက်နွှယ်မှုများကြားတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှုများသည်လည်း လားရာ၊ ရှုထောင့် တစ်ခုတည်းကချည်း မဟုတ်သည်ကို တွေ့နေရပြန်ပါသည်။

သဘာဝပတ်ဝန်းကျင်၏  ဖြစ်ပျက်ပြောင်းလဲမှုကလည်း အင်ဂျင်နီယာများ၏ ပညာရေး၊ ကျင့်ဝတ်စည်းမျဉ်း၊ စံချိန်စံညွှန်းများအပေါ်  သက်ရောက်မှု ရှိနေတတ်သည်။ အလားတူပင် အင်ဂျင်နီယာများ၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကလည်း    ပတ်ဝန်းကျင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိနေပြန်သည်။   လူမှုရေး၊   စီးပွားရေး၊ နည်းပညာရပ် ဆိုင်ရာများနှင့် အင်ဂျင်နီယာပညာရပ်များ အကြားမှာ ရှိသည့်  အချို့သော   ဆက်နွှယ်ပတ်သက်မှုများသည် လူမှုဘဝ    ပြဿနာအခက်အခဲများကို တည်ငြိမ် အေးချမ်းမှု ပေးနိုင်ပြီး အခက်အခဲများကို လျော့နည်းစေနိုင်သည်။

ထို့ကြောင့်  အင်ဂျင်နီယာပညာရေး ဆိုသည်မှာ ကျယ်ပြောလှသည့် လူမှုသိပ္ပံ - နည်းပညာ -  စီးပွားရေး ပညာတို့၏ အကြား အချင်းချင်း အပြန်အလှန်ချိတ်ဆက် အကျိုးပြုနေမှုများအပေါ် စူးစမ်းမွှေနှောက် လေ့လာထားသည့် ယထာဘူတကျသော အတွေးအခေါ် တစ်ခုဖြစ်လာစေသည်။

အင်ဂျင်နီယာပညာရေး၏    အခန်းကဏ္ဍအပေါ်    ပြည်သူလူထုအကြား အချီအချ   အပြန်အလှန် ဆွေးနွေးခြင်းများမှာ ပညာရပ်ဆိုင်ရာ  သဘောထားအပေါ် အခြေခံသော ယထာဘူတကျကျ တွေးခေါ်မှုသည် ဘယ်လောက်အတိုင်းအတာထိ   ခရီးရောက်နေသည်ကို သိစေရန်    အင်ဂျင်နီယာ ပညာရေး၏ လိုအပ်ချက်များကို   မည်ကဲ့သို့ပြုပြင် ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များ ကို    ပြဋ္ဌာန်းဆောင်ရွက်လာကြသည်။

အစဖြစ်တည်မှု၏  သဘာဝကို အဓိပ္ပာယ်ရှိရှိ  လေ့လာသောအခါ အင်ဂျင်နီယာပညာရပ်၏ အခန်းကဏ္ဍမှာ မပါမဖြစ်ရှိနေပြန်သည်။  ၁၉၁၈  ခုနှစ် Mann  အစီရင်ခံစာမှာ  “အင်ဂျင်နီယာ ပညာရေး”  ၏  အဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ  “သက္ကရာဇ်  ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” (“The Engineer of 2020”) အထိ ရွေးချယ်ထားသော မူဝါဒစာတမ်းများက  အဓိပ္ပာယ် သတ်မှတ်ဖွင့်ဆိုကြသည်။

အင်ဂျင်နီယာပညာရေး၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း မူဝါဒရေးဆွဲ ဖန်တီးသူများက   ထုတ်ပြန်ခဲ့သည်။   အင်ဂျင်နီယာ ပညာရေး၏ ဦးတည်ချက်များကို သတ်မှတ်ပြဋ္ဌာန်းသောအခါမှာ ကြီးမားသောကဏ္ဍ တစ်ရပ်အနေနှင့် ပါဝင်သောကြောင့် မူဝါဒရေးရာ ဆွေးနွေးချက်များတွင် အင်ဂျင်နီယာ ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည် ဆိုသည်ကို သိရှိနားလည်ထားရန် လိုအပ်သည်။

ယင်းတို့တွင် အသေးစိတ်အဓိပ္ပာယ်နှင့် အကြွင်းမဲ့မှန်ကန်သော ဥပဒေသများကို ထည့်သွင်းရေးဆွဲ ခဲ့ကြသည်။ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များကို မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ကြမည်၊ ဘာကြောင့်ဆောင်ရွက်ကြရသည် ဆိုသည်များကအစ    ဖော်ပြရေးသားထားကြသည်။ ဆောင်ရန်၊ ရှောင်ရန်  အချက်များလည်း ပါဝင်သည်။

အင်ဂျင်နီယာပညာရေးသည် ဘယ်လို၊ ဘာကြောင့်    ဤနည်းနှင့်သွားမည်၊ မသွားဘူးစသည်တို့ကို ထိုးထွင်းသိမြင်ဖို့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သဘောတရားမျှသော်လည်းကောင်း အတိအလင်း ဖွင့်ဆိုထားသော  အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးလုံး ပါဝင်နေသည်ကိုတွေ့ရသည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက်များကြောင့် တင်းမာမှုများ   ပေါ်ပေါက်စေခဲ့သည်။

ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို ဘယ်လိုသင်ကြားပေးကြမလဲဆိုသော  အကြောင်းအရာမျိုးများ၊ ဒါဟာ နည်းပညာဆိုင်ရာ ဘာသာရပ်လား၊    လူမှုရေးဆိုင်ရာ ဘာသာရပ်လား၊ နှစ်ခုလုံးနှင့် သက်ဆိုင်နေသော (ဒွိစုံ-ဒွိစုံ) နှစ်ခု-နှစ်မျိုး တွဲယှဉ်သောဘာသာရပ်လား စသည်ဖြင့်ဖြစ်ပေါ်လာ သည်။   ဤသို့သော  အကြောင်းအချက်များကြောင့် နှစ်ပေါင်း ၈၄ နှစ်ကျော် သက်တမ်းကြာ လေ့လာခဲ့ရသည်

အထိ ဤကိစ္စသည် အရေးပါလာခဲ့သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကြောင့် ပေါင်းစည်းမှုမရှိခြင်းနှင့် အားပြိုင်မှုဖြစ်နေသည်ကို စာတမ်းအသီးသီးက မီးမောင်းထိုးပြခဲ့သည်။

အခြေခံသဘောတရားနှင့်ကန့်သတ်မူဘောင်(တက္ကဗေဒအခြေခံစနစ်)

    အဆိုပါစာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့်  မေးခွန်းထုတ်ထားသည်မှာ အင်ဂျင်နီယာပညာရေးနှင့် လူမှုအသိုက်အမြုံ၏ အကြောင်းခြင်းရာများ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိနေ သည်ကိုပဲ  ဖြစ်သည်။  အထူးစိတ်ဝင်စားစရာကောင်းစေသည်မှာ အင်ဂျင်နီယာ ပညာရေးနှင့်  အချိန်နှင့်အမျှပြောင်းလဲနေသော ယင်းနှင့်ဆက်နွှယ်နေသည့် အခြင်းအရာများ အကြားက ရှုပ်ထွေးသည့် ဆက်စပ်မှုများသည် ဘယ်လိုတွေဖြစ်မလဲ ဆိုသည်ပင်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ဘာသာရပ်၏ ကျယ်ပြန့်မှုသည် ခဲယဉ်းသော ကိစ္စတစ်ခုဖြစ်လာစေ သည်  ဆိုသော်ငြားလည်း အင်ဂျင်နီယာပညာရေး၏ ရည်မှန်းချက်သည် လူမှုရေး၊ စီးပွားရေး၊ ဉာဏ်ပညာဆိုင်ရာများနှင့် အခြားသော ဆက်နွှယ်နေသည့် အခြင်းအရာများပေါ် မူတည်နေသဖြင့် လျော်ကန်သင့်မြတ်သော ကိစ္စရပ်လည်းဖြစ်သည်။ ဤဆက်နွှယ်မှုများနှင့် လူတစ်ဦးချင်းစီ ၏   လူမှုပတ်ဝန်းကျင် အတိတ်နောက်ခံများသည်   ကျွန်ုပ်တို့ ဘာတွေလေ့လာ သင်ကြားရမည် ဆိုသည်နှင့် ဘယ်လိုလေ့လာ ဆည်းပူးကြရမလဲ ဆိုသောအပိုင်းကို ဖြစ်ပေါ်လာစေသည်။

ဤတွင် “စနစ်” ဆိုသောစကားလုံးသည် အင်ဂျင်နီယာ ဘာသာရပ်ကို   သီးသန့်ကွဲထွက်စေ သော  သဘောမဟုတ်ဘဲ အပိုင်းကဏ္ဍများ  အများကြီးပါဝင်နေသော စုပေါင်းထားသည့် သဘောပဲ ဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပိုမိုကျယ်ပြန့်သော စနစ်အကြားက ဆက်နွှယ်မှုများသည် တစ်ဖက်သတ်တည်း ဦးတည်နေကြသည်မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများသည် အင်ဂျင်နီယာ ပညာရေးအပေါ် အကျိုးသက်ရောက်မှုများရှိသလို အင်ဂျင်နီယာပညာရေးသည် လည်း    သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများရှိသည်။

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများသည်    အင်ဂျင်နီယာပညာရပ်ကို သက်ရောက်မှု   တစ်စုံတစ်ရာ ဖြစ်စေသည်။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာ ပညာရေး ကလည်း   ပိုမို ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု ရှိနေစေပြန်သည်။ ဤသုံးသပ်   ဆင်ခြင်ရန်အချက်သည် ရေရှည်အကျိုးစီးပွား တစ်ခုဖြစ်ပြီး အကျိုးဆက်အဖြစ်လိုက်ပါသော   ထုတ်ပြန်မှု တစ်ခုဖြစ်လာစေ သည်။  အင်ဂျင်နီယာပညာရေးမှာ ကျွန်ုပ်တို့ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် ပိုမိုကြီးမား ကျယ်ပြန့်သော စနစ်ကြီးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလဲဆိုသည့် အချက်သည်  ရေရှည်အကျိုးစီးပွားတွင်   ဒုတိယမြောက်ကဏ္ဍဖြစ်လာပြီး နောက်ဆက်တွဲ လေ့လာ ထုတ်ပြန်မှုများလည်း ရှိလာမည်ဖြစ်သည်။

အနာဂတ်အင်ဂျင်နီယာများ၏ ကြိုတင်ပြင်ဆင်မှု အခန်းကဏ္ဍအတွက် အင်ဂျင်နီယာများ၏ အလေ့အကျင့်များကို  အစီအစဉ်တကျ ကြိုတင်ရေးဆွဲရန်လိုသည်။ အင်ဂျင်နီယာပညာရပ်နှင့် အခြားအထွေထွေရှုထောင့်အသီးသီးတို့၏   ဆက်စပ်မှုကို လေ့လာသောအခါ    တည်ငြိမ်သော ရှုထောင့်ကို  ရွေးချယ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်များ၊ အဓိပ္ပာယ်များ၊ ဩဇာလွှမ်းမိုးမှုများ၊ အင်ဂျင်နီယာဘာသာရပ်၏   တန်ဖိုးများသည်  ပိုမိုကြီးမားသော  အခြားစနစ် များ၏ အစိတ်အပိုင်းများ၊ ချိတ်ဆက်မှုများ ဖြစ်နေပြီဖြစ်သည်။  မတိကျမှုများဖြစ်နေနိုင်သည်ကို တွေ့မြင်နေရသည်။ ဤတွင် သုံးသပ်ရမည်ဆိုပါက အချင်းချင်းမျှဝေမှုနည်းပါး သဖြင့်  တစ်ယောက်နှင့်တစ်ယောက် ကွဲလွဲအချင်းများစရာများ ဖြစ်လာသည်။  အဓိပ္ပာယ်ရှိရှိ  တွေးခေါ်ရန်၊   ဘဝဖြစ်တည်မှု   လေ့လာရန်ကို ဆွေးနွေးငြင်းခုံကြရင်း  “Talk around each other” (ဝိုင်းကြီးပတ်လည်စကား လက်ဆုံကျရင်း)  နှင့်  ကျွန်တော်တို့၏ ကြိုးစားမှုများကို အင်ဂျင်နီယာပညာရေး အတွက် (ပြန်ပြောင်းဆင်ခြင်ဖို့) ပြန်လည်စဉ်းစားရန် လိုအပ်လျက်ရှိသည်။ အတွေးအခေါ်များသည် အတူပူးပေါင်းရန် နည်းလမ်းဟူ၍     ဖော်ပြနေသည်။ ဤအတွေးအမြင်များကို  “အဓိပ္ပာယ် ပြန်ဆို”   ရန်   တောင်းဆိုနေသည်။ ထို့နောက် ဤအဓိပ္ပာယ်ပြန်ဆိုရှင်းလင်းချက်များကို နားလည်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။

ဤကဲ့သို့ ပိုမိုကျယ်ပြန့်သောစနစ်နှင့် အင်ဂျင်နီယာပညာရေးတို့  အကြားကဆက်နွှယ်မှုကို   ရှုထောင့်အမျိုးမျိုးက လေ့လာစူးစမ်းရမည်ဆိုပါက ဆောင်းပါးရှင်များအနေဖြင့်   အတွေးအမြင်ဆိုင်ရာ ရှုထောင့်ကို   ရွေးချယ်ကြသည်။   ထိုသို့ “အတွေးအမြင်ဆိုင်ရာရှုထောင့်”   ကို ချဉ်းကပ်လေ့လာရသည့် အကြောင်းရင်းမှာ ဆွေးနွေးမှုများဖြစ်သည့် “ကျယ်ပြန့်သော   စနစ်ကြီးနှင့်   ချိတ်ဆက်မည့် ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်၊ ဩဇာလွှမ်းမိုးမှုနှင့်  အင်ဂျင်နီယာပညာရေး၏ တန်ဖိုး” စသည်များသည် အချိန်အခါအလိုက်၊ အယူအဆပိုင်းအရ မသေချာမှုများရှိနေ၍ဖြစ်သည်။  ဤအခြေအနေက အင်ဂျင်နီယာပညာရေး၏ ရည်ရွယ်ချက်ကို ဘယ်လိုသတ်မှတ်ရမည်ဆိုသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။

အင်ဂျင်နီယာလုပ်ငန်းဆိုတာဘာလဲ။

ဤမေးခွန်းများအတွက် အဓိပ္ပာယ်သတ်မှတ်ချက်များကလည်း GDP (Gross Domestic Product ဂျီဒီပီ-ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးကို တိုင်းတာသောညွှန်းကိန်း) ကို တိုက်ရိုက်အကျိုးမဖြစ်စေပြန်ပါ။ (အလုပ်အကိုင်အခွင့်အလမ်းပေါများမှု) အလုပ်ခန့်ထားမှုကို လည်း  အကျိုးတိုက်ရိုက်မဖြစ်စေပါဘူး။ ဤအခါမှာ အင်ဂျင်နီယာပညာရှင်များအနေနှင့် “ဘာလုပ်သင့်သလဲ” ဆိုသည်က ထပ်မံမေးရမည့် မေးခွန်းတစ်ခုဖြစ်လာပြန်သည်။

အဓိပ္ပာယ်သတ်မှတ်ချက်များ ကိုယ်တိုင်က  မတိကျ၊ မသေချာခြင်း၊ ငုပ်လျှိုးပုန်းကွယ်နေသော “အမြင်” များကို မဖော်ထုတ်နိုင်ခြင်း   စသည်များ  ဖြစ်လာစေသည်။ ကျွန်တော်တို့က  တစ်ပြေးညီသတ်မှတ်ချက်များပြဋ္ဌာန်းပြီး   မသတ်မှတ်ခဲ့ဘူးဆိုလျှင် နားလည်မှုအလွဲ၊ ဆက်သွယ်မှုအမှား၊ ဆက်နွှယ်မှုအမှားများကြောင့် နောက်ဆက်တွဲ   စိတ်ကူးအကြံဉာဏ်များလည်း မတိကျမသေချာမှုဖြစ်ပေါ်နိုင်သည်။   ဒါကြောင့်   အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မရှိမဖြစ် အရေးတကြီးလိုအပ်လာသည်။

ပညာရှင်တို့က ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အတိအလင်းဖော်ပြသည်ဖြစ်စေ၊   မဖော်ပြထားသည်ဖြစ်စေ အတွေးအခေါ်၊ အမြော်အမြင်များအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ပညာရပ်များကို ကျွန်တော်တို့ ဘယ်လိုဆည်းပူးကြရမလဲ ဆိုသည်ကိုသိရှိအောင်  လုပ်ပေးသည်ဆိုသော အချက်ကို ထောက်ပြထားသည်။

အမှန်စင်စစ် အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပညာရေး၏ အန္တိမရည်မှန်းချက်များကို ဖန်တီးရန် အထောက်အကူဖြစ်စေသော      အရာများဖြစ်သည်။

ဒါကြောင့်   အဓိပ္ပာယ်သတ်မှတ်ချက် များသည်   အင်ဂျင်နီယာပညာရေးကို “ဘယ်လိုပုံစံဖြစ်ရမည်၊ ဘာကြောင့်ဒါမျိုးမဖြစ်ရဘူး” စသည့် ထိုးထွင်းသိမြင်သော အသိကိုဖြစ်စေပြီး  အင်ဂျင်နီယာပညာရေး၏ အခြေခံအတွေးအခေါ်ကို ပိုမို တောက်ပထွန်းလင်းစေခဲ့ကာ ပိုပြီးမြင်သာစေခဲ့သည်။    အချိန်နှင့်အမျှ   ဘယ်လိုပြောင်းလဲနေသည်   ဆိုသည်ကိုလည်း ရေးသားဖော်ပြခဲ့သည်။

အင်ဂျင်နီယာလုပ်ငန်းနှင့် အတတ်ပညာဆိုင်ရာ  အဓိပ္ပာယ်သတ်မှတ်ချက်များ ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာသင်ကြားပို့ချနေသော အင်ဂျင်နီယာများ၏ အတွေးအခေါ်များကို   မည်သို့အလင်းပြရန်နှင့် ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲ သွားသည်ဆိုသည်ကို   ပိုမိုနားလည်လာရန် အားထုတ်ရှာဖွေမှုပြုရန်လိုသည်။

အင်ဂျင်နီယာပညာရေး၏ ရှေးရှုရာများအပေါ် မူဝါဒဖန်တီးသူတို့၏ ဩဇာလွှမ်းမိုးမှုများကို  ထည့်သွင်းစဉ်းစားသောအခါ  မူဝါဒဆိုင်ရာစာတမ်းများထဲက  အင်ဂျင်နီယာဆိုင်ရာ  အဓိပ္ပာယ် သတ်မှတ်ချက်များကိုလည်း ဂရုပြုမိလာစေသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေးဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာပါလဲ၊   တစ်စုံတစ်ဦးက   သူတို့သည် အင်ဂျင်နီယာများပါဆိုသောအပေါ် ဘယ် အချက်အလက်၊ ဘယ်အစဉ်အလာများနှင့် သဘောတူလက်ခံမည်ကို   ဖော်ပြရန် လိုအပ်လာသည်။  အပြင်ပန်းအားဖြင့် ရိုးရှင်းလှသော အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်း   ကိစ္စသည် ပညာရေးနှင့်ဆက်နွှယ်နေပြီး  သေချာဆန်းစစ်လေ့လာကြည့်သောအခါ အတော်လေးရှုပ်ထွေးနက်နဲလာသည်။

အင်ဂျင်နီယာလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းနေသည်။   မသိမသာကွဲပြားနေသော ဓလေ့ထုံးစံများ၏ ယဉ်ကျေးမှုများ၊ အသိဉာဏ်ပညာ အမျိုးမျိုးများအပေါ် မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်နေကြရသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို နားလည် သဘောပေါက်ရန်အတွက်   မူဘောင်တစ်ခုချမှတ်ရန်မှာ နည်းပညာဆိုင်ရာကဏ္ဍက ယခင့်ယခင် ဆောင်ရွက်ချက်များနှင့်  လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။    ထိုပြင်ဆင်ချက်ကို ပညာရှင်များက အဓိပ္ပာယ်သတ်မှတ်ချက် (၅)မျိုးကို မီးမောင်းထိုးပြခဲ့သည်-

“ဖွင့်ဆိုချက် ငါးခု” (Highlight five types of definitions)

(၁)     Etymalogical (ရင်းမြစ်ဗေဒ)

(၂)     Essential (အနှစ်သာရ)

(၃)     Precriptive (ပြဋ္ဌာန်းချက်များ)

(၄)     Linguistic (ဘာသာဗေဒ)

(၅)     Pragmatic (လက်တွေ့သဘောတရား)

ဤသည်တို့မှာ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုသော နည်းလမ်းငါးခုကို သတ်မှတ်ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။

အသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးအစားအခြားအသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက်အမျိုးအစားမှာ အကျယ်ချဲ့ခြင်း   (Extensional)  သို့မဟုတ် အပြည့်အစုံရှင်းလင်းပြခြင်း (Denotive) တို့ ဖြစ်ပါသည်။ ၎င်းမှာ အမျိုးအစားတစ်ခု၌ပါဝင်သော  အကြောင်းအရာများကို   အစီအစဉ်တကျ   စာရင်းနှင့်သတ်မှတ်ခြင်းမျိုးတို့ ပါဝင်သည်။ ၎င်းအား ဥပမာ၊ ဥပမေယျများနှင့်  သိသာအောင် တိုက်ရိုက်ရှင်းလင်းဖော်ပြခြင်းမျိုးတို့ ပါဝင်သည်။ “အင်ဂျင်နီယာ” ဆိုသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာသည် ဥပမာ၊ ဥပမေယျများနှင့်  ရှိနေသည်။ ဤသည်တို့သည် ယုတ္တိကျကျ မှားသွားခြင်းမျိုးများ၊ မပြီးနိုင်သော အဖန်ဖန် မေးခွန်းထုတ်စရာမျိုးများ   ဖြစ်လာတတ်သည်။

ခေတ်အဆက်ဆက် စာတမ်းများနိုင်ငံတကာတွင်  ၁၉ဝဝ  ပြည့်နှစ်မှ ၂ဝ၂ဝ  ပြည့်နှစ်အထိ   ခေတ်အဆက်ဆက် အင်ဂျင်နီယာပညာရေး   စာတမ်းများ ရေးသားပြုစုခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် မန်း၏စာတမ်း၊ ၁၉၂၃ ခုနှစ်တွင် ဝစ်ကင်ဒန်၏ လေ့လာချက်၊ ၁၉၄၀ ပြည့်နှစ်တွင် ဟာမန်း၏ စာတမ်း၊ ၁၉၅၅ ခုနှစ်တွင် ဂရင်တာ၏ စာတမ်း၊ ၁၉၆၆ ခုနှစ်တွင် အမျိုးသားအင်ဂျင်နီယာသိပ္ပံအဖွဲ့ အင်န်အေအီးသည် အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့်ပတ်သက်ပြီး ဘာများလုပ်သင့်ပြီလဲ၊ ၁၉၆၈ ခုနှစ်တွင် “အင်ဂျင်နီယာပညာရေး၏ ပန်းတိုင်များ”၊ ၁၉၈၅ ခုနှစ်တွင် ယူအက်(စ်)(US) ၏  “အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာတို့၏ အလေ့အကျင့်” များ (အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ကျင့်ထုံးများ)၊ ၂ဝဝ၄ ခုနှစ်တွင် “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” ဆိုသောစာတမ်းများ   ပေါ်ထွက်လာခဲ့ ပါသည်။

“အင်ဂျင်နီယာပညာရေး အဓိပ္ပာယ်ဖွင့်ဆိုချက်” အား ကျယ်ပြန့်နက်ရှိုင်းစွာ နားလည်စေရန် ၈၆ နှစ် (၁၉၁၈-၂ဝဝ၄)အတွင်း တင်သွင်းခဲ့သော စာတမ်းပေါင်းမြောက်မြားစွာအနက် “အင်ဂျင်နီယာ ပညာရေးမူဝါဒ” စာတမ်းများကို အောက်ပါအတိုင်း ဖော်ပြအပ်သည်။

အင်ဂျင်နီယာပညာရေး

 အဓိပ္ပာယ်သတ်မှတ်ချက်များ ကာလအားလျော်စွာ ဘယ်လိုပြောင်းလဲ လာသည်ဆိုသည်ကို ပိုင်နိုင်စွာ စူးစမ်းနိုင်ရန် သရုပ်ဖော်ပုံ၏ အချိန်ကာလပြဇယား၌ ပြထားသောစာတမ်းများကို  ရွေးချယ်ခဲ့ပါသည်။ ဤစာတမ်းများကို ရွေးချယ်ရာမှာ  မူဝါဒစာတမ်းများ   အများကြီးကို စိစစ်ပြီး ယင်းတို့အထဲကမှ အတိအလင်းအားဖြင့်လည်းကောင်း၊  သွယ်ဝိုက်သောအားဖြင့် လည်းကောင်း  အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက် အပြည့်အဝပါရှိသည်များကို ရွေးထုတ်ခဲ့ခြင်းဖြစ် သည်။

အဓိပ္ပာယ်သတ်မှတ်ချက်များကို စူးစမ်းလေ့လာရင်းနှင့် အမျိုးမျိုးသော အစီရင်ခံစာစာတမ်းများ ထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ကောလိပ်များ၊ သက်မွေးပညာသင် ကျောင်းများက ကိုးကားခဲ့ကြသည်ကို    တွေ့ရသည်။

အစီရင်ခံစာစာတမ်းတစ်ခုကို    အခြားအစီရင်ခံစာ    စာတမ်းများကလည်း ကိုးကားလာခဲ့ကြသည်။ အင်ဂျင်နီယာနှင့်ဆိုင်သော ဆရာများ၊ တက္ကသိုလ်အုပ်ချုပ်သူများ၊ (မူဝါဒ) ပေါ်လစီ ရေးဆွဲသူများသည် အစီရင်ခံစာစာတမ်းများကိုဖတ်ကြားခဲ့ကြပြီး ပြည်တွင်းသုံးအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ အချိန်ကြာရှည်စွာ   ကိုးကားလာကြသော်လည်း   ရလဒ်များကို  တိကျစွာ မတိုင်းတာနိုင်ခဲ့ကြပါ။  ပထမဆုံးသော ယူအက်(စ်)(US)   ဗဟိုပြုစာတမ်းများအနေနှင့်  ဗြိတိန်က  ပူးတွဲသုံးစွဲခဲ့ကြသည်။     ပထမဆုံးတစ်ချက်အနေနှင့် ဤစာတမ်းသည် အမေရိကန်ပြည်ထောင်စုရှိ မှတ်တမ်းမှတ်ရာ အထောက်အထားများကို အဓိကဗဟိုပြုထားပြီး အထူးသဖြင့် ဗြိတိန်နိုင်ငံကဲ့သို့ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လေ့ရှိသော  အခြားနိုင်ငံများ၏ မှတ်တမ်းမှတ်ရာ   အထောက်အထား များအား ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။

ဒုတိယအနေနှင့် ဤစာတမ်းများသည် သမိုင်းဆိုင်ရာ နောက်ဆက်တွဲပိုင်းတွင် မပြည့်စုံသည့်အတွက် ပြည့်ဝစွာနားလည်နိုင်ရန် လိုအပ်လာသည်ကို တွေ့ရသည်။ ထိုသို့နားလည်ရန် ကြိုးစားလာကြရင်းနှင့် ဤစာတမ်းကို  ရေးသားဖြစ်ခြင်းဖြစ်ပါသည်။    အဓိပ္ပာယ်သတ်မှတ်ချက်ဆို သည်မှာ သမိုင်းဆိုင်ရာနောက်ကြောင်းအပြင်    ယနေ့ခေတ်စကားရပ်များနှင့် အပြည့်အဝ  နားလည်ခြင်းမျိုးဖြစ်ရပါမည်။ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ဆက်နွှယ်မှုများမှတစ်ဆင့်    အဓိပ္ပာယ် သတ်မှတ်ချက်များကို   နားလည်ရန် အားထုတ်ရာမှာ အလွန်အကျွံဖြစ်သွားပါကလည်း     ဤစာတမ်း၏ဘောင်ကို ကျော်လွန်သွားမည်ဖြစ်သည်။

နောက်ပိုင်းတွင်  ၁၂  တန်း  အပြီး လေးနှစ်သင်ကောလိပ်များ၊ တက္ကသိုလ်များ၊ သက်မွေးပညာကျောင်းများတွင်ပါ သမိုင်းဆိုင်ရာများပြည့်စုံရန် ဖြည့်စွက်လာကြသည်။       ဤအရာများကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရင်း တချို့သောအဖွဲ့များ၊ ကော်မတီများတွင် သုံးစွဲလာကြသည်။   အမျိုးမျိုးဖြစ်နိုင်ခြေရှိသော၊   ဘက်လိုက်သည့် သဘော အဆိုပါအဖွဲ့များတွင် သုံးသပ်တင်ပြလာကြပြန်သည်။

အဆုံးတွင်  စာတမ်းအများစုသည် အထွေထွေအဆန်းဆန်း သိမ်မွေ့နက်နဲသော ဆွေးနွေးချက်များနှင့် အပြီးသတ်တည်းဖြတ်ခဲ့ကြသည်။    ထို့အတွက် စာတမ်းများသည် အချီအချဆွေးနွေးမှုများ အလုံးစုံကို အပြည့်အဝမဆိုနိုင်ပေမယ့်လည်း အများသဘောဆန္ဒအဖြစ် ရှုမြင်နိုင်သည်။ ဆွေးနွေးပွဲတွင် ပါဝင်သူများ၊ ကော်မတီဝင်များသည် အများသဘောဆန္ဒအမြင်ကို   အကျိုးသက်ရောက် စေသူများဖြစ်သည်။ သူတို့ကြောင့် အမျိုးမျိုးသော  ဖြစ်နိုင်ခြေရှိသည့်  ဘက်လိုက် တတ်သော သဘောများကို မြင်သာစေသည်။      

“အင်ဂျင်နီယားရင်း” (Engineering) ၏ ဝေါဟာရပိုင်းဆိုင်ရာ အခြေခံဝေါဟာရဗေဒအရ ပြောရမည်ဆိုလျှင် အင်ဂျင်နီယားရင်းဆိုသည်မှာ အရစ်(စ်)တိုတယ်(လ်)၏ စစ်မှန်သောအတွေးအခေါ် တစ်ခုဖြစ်သည့်   ရှေးခေတ်ဂရိများ၏ ဒဿနိကကိုအခြေခံလာသော  အခေါ်အဝေါ်ဖြစ်သည့် နည်းနာ (Techne) ဆိုသော ထုတ်လုပ်မှုစွမ်းရည် သို့မဟုတ် ဖြစ်ထွန်းအောင်လုပ်သည့်   အနုပညာဆိုသည့် စကားရပ်ကနေ    ဆင်းသက်လာဟန် ရှိသည်။ နည်းနာဆိုသောစကားထဲတွင် ခေတ်သစ်အင်ဂျင်နီယားရင်း အဓိပ္ပာယ်သတ်မှတ်ချက်များပါဝင်သော  ဖန်တီးတီထွင်ခြင်းနှင့်  ကျွမ်းကျင်ပါးနပ်စွာပြုလုပ်ခြင်းတို့ ပါဝင်နေသည်။

ယခုခေတ်အခါမှာ ဖွင့်ဆိုနေကြသော “အင်ဂျင်နီယားရင်း” ဆိုသည်မှာ ရှေးခေတ်ဂရိတို့တွင်  မရှိခဲ့သေးသလို  ခေတ်သစ်ပုံစံအဖြစ် ဆင့်ကဲပြောင်းလဲလာခြင်းမျိုး မဟုတ်ကြောင်း  သိသာထင်ရှားစေသည်။

အနောက်တိုင်း၏   အတွေးအခေါ်များအပေါ် ရှေးခေတ်စာပေအရေးအသားများ လွှမ်းမိုးခဲ့ခြင်းမျိုး ကျန်ရှိနေဟန်တူသည်။ “အင်ဂျင်နီယားရင်း” ဆိုသည်မှာ လက်တင်ဝေါဟာရအရင်းအမြစ်ကလာသော အင်ဂျင်နီအာရယ် (Ingeniare) တီထွင်ခြင်း၊ ဖန်တီးခြင်း သို့မဟုတ် ဖြစ်မြောက် အောင်ကြံဆောင်ခြင်းဆိုသော အဓိပ္ပာယ်ရှိသည်။  အင်ဂျင်နီယာဆိုသော  အခေါ်အဝေါ်သည် အလယ်ခေတ် ကာလခန့်တွင် အစပြုခဲ့ပြီး  စစ်သုံးလက်နက်ကိရိယာတန်ဆာပလာများနှင့် ဆက်စပ်နေသော စစ်သည်တော်များ၊    မြို့ပြလူနေမှု တည်ဆောက်ရေးများကို တီထွင်ကြံဆလုပ်ကိုင်ကြသော ဗိသုကာပညာရှင်များနှင့်  အရင်ဆုံး    ပတ်သက်ဆက်စပ်ခဲ့သည်။

စာရေးသူအချို့၏ ဖော်ပြချက်များအရတပ်မတော်များသည် အင်ဂျင်နီယာများပါသော တပ်ခွဲများရှိ  ဦးဆောင်အရာရှိများ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်သင်ကြားခြင်းမျိုး  ရှိခဲ့သည်။ နပိုလီယန်၏ အရာရှိများကို သင်တန်းပေးသော ပြင်သစ်နိုင်ငံမှ အီကိုးလ်  သိပ္ပံ နည်းပညာကောလိပ် (Ecole Polytechnic) (၁၇၉၄ ခုနှစ်) သည် ပထမဆုံးအသိအမှတ်ပြု အင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာခဲ့သည်။

အလားတူ ယူအက်(စ်) စစ်တက္ကသိုလ် ဝက်စ်ပွိုင့်   (US Military Academy, West Point) သည်လည်း ယူအက်(စ်)၏ ပထမဆုံးအင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာ ခဲ့သည်။   ဤသို့   တပ်မတော်များက အစပြုခဲ့ပုံများကို    အင်ဂျင်နီယာအများစု   သတိမပြုမိကြသော်လည်း တပ်မတော်နှင့်ဆိုင်သော    “စစ်သည်တော်များ” သို့မဟုတ် “စစ်ပွဲ” စသော အခေါ်အဝေါ်များသည် အင်ဂျင်နီယာဆိုသော   စကားလုံးနှင့်  ယခုထက်ထိတိုင်  မသိမသာ  အပြန်အလှန်  ဆက်စပ်နေသည်။

အင်ဂျင်နီယာပညာရေး

အင်ဂျင်နီယာပညာရေး

အင်ဂျင်နီယာနှင့်  အင်ဂျင်နီယားရင်း (Engineering) ဆိုသော အသုံးအနှုန်းများသည် အရပ်ဘက်မှာ ပိုမိုအသုံးများလာသောအခါ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် နိုင်ငံများနှင့် ဓလေ့ထုံးတမ်းများအကြားတွင်  စတင်ကွဲပြားလာပါတော့သည်။ အင်္ဂလိပ်စကားပြောကြသော နိုင်ငံများတွင် အင်ဂျင်နီယားရင်း၏ ပထမဆုံးခေတ်သစ် အရပ်ဘက်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်   “UK မြို့ပြအင်ဂျင် နီယာများအသင်း”   (Institution  of Civil Engineers, UK) ၏ ပဋိညာဉ်ကနေ အကြောင်းပြု ထွက်ပေါ် လာသည်လို့ ယေဘုယျအားဖြင့် လက်ခံထားကြသည်။

ယုတ္တိဗေဒနှင့် သိပ္ပံဘာသာရပ်သည် ၁၉ ရာစု နှင့် ၂ဝ ရာစုများမှာ လွှမ်းမိုးကြီးစိုးလာခဲ့သောကြောင့်  သိပ္ပံဆိုင်ရာ ရှာဖွေလေ့လာ တွေ့ရှိချက်မှ    အသိအမြင်ဗဟုသုတများကို   စက်မှုလုပ်ငန်း၏ ထုတ်ကုန်များနှင့် လုပ်ငန်းစဉ်များတွင် အလျင်အမြန် ပူးပေါင်းလာပါတော့သည်။

ထို့ပြင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်ခြင်းများ၌ ၁၉ ရာစု တစ်လျှောက်တွင် စက်ယန္တရားများကို ပိုမိုပြီး အစားထိုးလာခဲ့ကြသည်။    ဤသို့     စက်ယန္တရားအစားထိုးအသုံးပြုခြင်းများအား အတော်လေး  အရှိန်အဟုန်ကောင်းလာခဲ့သောကြောင့် အင်ဂျင်နီယာများသည် စက်မှုလုပ်ငန်းများနှင့် ပို၍နှီးနွှယ်လာပါတော့သည်။

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာရေးအား အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရန်ကုန်တက္ကသိုလ် ၌   စတင်ခဲ့သည်မှာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝ၊ လူမှုဘဝနှင့် ကိုက်ညီသည့် “အင်ဂျင်နီယာပညာရေးအဓိပ္ပာယ်”  ကို  အနာဂတ်ကာလတွင် ပြဋ္ဌာန်း ချမှတ်  သတ်မှတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၊ အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာလုပ်ငန်းနှင့် ဆက်စပ်နေသူများအတွက် လွန်ခဲ့သော  နှစ် “၁၀၀”  ကာလအတွင်း တိုးတက်ပြောင်းလဲလာမှုများကို အခြေခံ၍ ပြုစုရေးသားတင်ပြလိုက်ပါသည်။ အထက်ဖော်ပြပါအတိုင်း အင်ဂျင်နီယာပညာရေးဆိုင်ရာ   နိုင်ငံတကာစာတမ်းစတင်ပေါ်ပေါက်ခဲ့ပြီး ခြောက်နှစ် အကြာတွင် မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာရေးစတင်ခဲ့သည်ကို ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။ ယခုအခါ KG+12 စနစ် ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် အင်ဂျင်နီယာပညာရေးကို KG+12   ပြီးလျှင်   ပညာသင်နှစ် ဘယ်နှနှစ်ဖြင့်   သင်ကြားမလဲဆိုသည့် မေးခွန်းအတွက်လည်း စဉ်းစားနိုင်အောင် တင်ပြခြင်းဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အင်ဂျင်နီယာပညာရပ်သည်   လူမှုသိပ္ပံပညာနှင့် နည်းပညာတို့  ဒွန်တွဲနေသည့်  ဘာသာရပ်အဖြစ်    သိသာထင်ရှားလာသည်ဖြစ်ပါ၍   အဆိုပါလိုအပ်ချက်နှင့်အညီ မိမိတို့၏  မျိုးဆက်သစ်လူငယ်များကို ခေတ်ကာလ     လိုအပ်ချက်နှင့်အညီ  ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းကြပါစို့လို့   ရေးသားတင်ပြအပ်ပါသည်။   ။

မိမိမိတ်ဆွေများနှင့်  ဘတ်ကနေးတက္ကသိုလ်က    ဒေါက်တာအလန်လ်ရှယ်ဗယ်   ရေးသားသည့်     Defining Engineering   Education   ကို အကြိမ်ကြိမ်    ဘာသာပြန်ရေးသားဆွေးနွေးခဲ့သည်ကို     မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာ နှစ် ၁၀၀ ပြည့်  အထိမ်းအမှတ်အဖြစ် ပြင်ဆင်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

Source-www.moi.gov.mm

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ
-

(ယမန်နေ့မှအဆက်)

(င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ

ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသောစစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှု အယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား ကျဆင်းနေသော ဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံ များက ထင်ရှားသော သာဓကများပါ။ ပညာရည်မြင့်မားသည့် ဒေသများတွင် မတွေ့ရပါ။ အနောက် ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။ ဘက်စုံ အတွေးအခေါ်မှန်ကန်သည့် ပညာဉာဏ်ရင့်သန် မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံအုတ်မြစ်ပါ။ တပည့်များကို သူ့ဘက်၊ ကိုယ့်ဘက် တွေးတတ်၊ မြော်မြင်တတ်သော မျိုးဆက်များအဖြစ် လေ့ကျင့် နိုင်သည့်သူများက ကျောင်းဆရာများပါပဲ။ 

ထိုသို့ ကမ္ဘာ၌ ပညာမဲ့မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်းရှိသည့်သူများမှာ “ကျောင်း ဆရာ” များဆိုတာ အသိအမှတ်ပြုပြီး ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့လေးဖွဲ့က အောက်တိုဘာလ ၅ ရက် ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေးဗိသုကာများက ကျောင်းဆရာများ ဖြစ်သည်ဟု ခံယူထားကြလို့ပါ။

လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှုကင်းဝေးရေးနှင့် တရားမျှတမှုများ လွှမ်းမိုးရေးမှာ ကျောင်းဆရာများက လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ်များ၏ လူမှုပြဿနာအဝဝကို ဓမ္မဓိဋ္ဌာန်ကျနစွာ ချဉ်းကပ်နိုင်မှုစွမ်းအားပေါ် မှီတည်နေပါသည်။ ကျောင်းဆရာများက ခေတ်အဆက်ဆက်တွင် ပြည်သူများကို “အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာမြှင့်တင် ပေးရင်း လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု (ဓမ္မ) လွှမ်းမိုးအောင် တာဝန်ယူနေကြသူတွေပါ။” ကျောင်းဆရာသည် တပည့်များကို လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားတွေ ပိုင်ဆိုင်အောင်လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နေကြသူများပါ။

(စ) ဒီမိုကရေစီအရည်အသွေးပြည့် နိုင်ငံသားတွေ မွေးထုတ်ပေးနေသူများ

မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီရှင်သန်ဖို့ အလေးပေးနေသည့် အချိန်တွင် ကျောင်းဆရာက ဒီမိုကရေစီ၏ “စိတ်ထား” ၊ “စံ”၊ “အကျင့်” များကို မျိုးဆက်သစ်များတွင် ကြွယ်ဝနေအောင် မလွဲမသွေ လေ့ကျင့်ပေးရပါလိမ့်မည်။ ထိုသို့ လေ့ကျင့်ရာတွင် တပည့်များကို သည်းခံစိတ်ရှိအောင်၊ ကိုယ်နှင့် အမြင်မတူသောသူများအပေါ် နားလည်စာနာမှု ထားတတ်အောင် လေ့ကျင့်ပေးနိုင်ရပါမည်။ သို့မှသာ ငါသာအမှန်ဟူသော အယူမှား ဒိဋ္ဌိမာနတို့ကို လျှော့ချနိုင်ပြီး တစ်ဖက်သားကို နားလည် ပေးနိုင်သူ၊ စာနာစိတ်ရှိသူများ အနာဂတ်လူ့ဘောင်တွင် ပေါကြွယ်ဝနေပါမည်။ ထိုသူများကသာ လူ့ဘောင်ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်လို့ပါ။ 

တပည့်များကို ဘဝနောက်ခံမတူ၊ ကွဲပြားသူများနှင့် ဘုံရည်မှန်းချက်အတွက် အတူတကွ ပူးပေါင်း အလုပ်လုပ်တတ်အောင် လေ့ကျင့်ပေးရပါမည်။ ကျောင်းကောင်စီဖွဲ့စည်းပြီး အတန်းအကျိုး၊ ကျောင်းအကျိုးသယ်ပိုးနိုင်စွမ်းရှိသူ ကျောင်းသား ကိုယ်စားလှယ်ကောင်းကို ရွေးချယ်တတ်သော အလေ့အကျင့်ကောင်းများရအောင် ဖန်တီးပေးရပါမည်။ အသင်းစွဲ၊ အတန်းစွဲ၊ ကျောင်းစွဲမှသည် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ပဋိပက္ခများကို ဖြစ်ပေါ်စေခြင်းမှ ကင်းနိုင်သမျှကင်းအောင် ရှောင်ရှားနိုင်ပြီး မျိုးဆက်သစ်များကို ယထာဘူတကျကျ တွေးခေါ်တတ်အောင် သင်ကြားလေ့ကျင့် ပေးရန် ကျောင်းဆရာတွေမှာ အဓိကတာဝန်ရှိပါသည်။ 

ပါတီ၊ အဖွဲ့အစည်း၏ အထက်တွင် နိုင်ငံရှိသည်ဆိုတာနှင့် နိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာတည်မြဲမှုက ပါတီတိုင်းတွင် တာဝန်ရှိပြီး ယင်းကို ထိန်းသိမ်းရန် အရေးကြီးကြောင်း မဖြစ်မနေသင်ကြားပေးရပါမည်။ အငြင်းပွားစရာ ကိစ္စများ ပေါ်ပေါက်လာလျှင် ကျောင်းဆရာက အဂတိတရားကင်းကင်းဖြင့် သမာသမတ်ရှိရှိ အဖြေရှာပေးခဲ့ရပါမည်။ ကျောင်းဆရာ၏ တွေးခေါ် စဉ်းစားချဉ်းကပ်ပုံမှာ သိပ္ပံနည်းကျရမည်၊ ဓမ္မဓိဋ္ဌာန် ဖြစ်ရပါမည်။ အဂတိတရားလေးပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ကင်းရှင်းစွာ သင်ပေး၊ အဖြေရှာပေးပြီး အဆိုပါ တရားလေးပါးကင်းစွာ ပြုမူနေထိုင်တတ်သူဖြစ်အောင် လေ့ကျင့်ပေးရပါလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံသားကောင်း၏ အကျင့်နှင့် လက္ခဏာပါ။ 

မြန်မာတို့၏ ပန်းတနော် အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးသန့်က “ကျောင်းတွင်း ဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်ကြီးသာလျှင်ဖြစ်၏”ဟူ၍ ခေတ်ကိုကြိုမြင်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ကျောင်းတွင်း ဒီမိုကရေစီမှသည် မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆီသို့ ကြွားဝင့်စွာ ချီတက်နိုင်အောင် ဦးဆောင်လမ်းပြနေသူများကား ကျောင်းဆရာများပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ရာလမ်းတွင် ခလုတ်တံသင်း ကင်းဝေး အောင် ကြိုးပမ်းမည့်သူများက ကျောင်းဆရာများပင် ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းနိုင်ရန် “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုသည်ကို ကျောင်းဆရာများ က လေးနက်စွာခံယူပြီး မိမိကိုယ်တိုင်ကလည်း လက်တွေ့ကျင့်သုံးနေမှသာ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းလည်း ဖြောင့်ဖြူးသာယာပါလိမ့်မည်။

(ဆ) ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်နေသူများ

ခေတ်အဆက်ဆက် တည်တံ့ခဲ့သည့် ပညာရေး၏ ရည်ရွယ်ချက်နှစ်ချက်မှာ-

(က) လူမျိုးတိုင်းက မိမိ၏ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးတတ်၊ ချစ်တတ်ပြီး ကာကွယ် စောင့်ရှောက်တတ်မှုရှိအောင် လေ့ကျင့်ပေးရန်၊

(ခ) နောက်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော အမွေအနှစ်များ လက်ဆင့်ကမ်း ထားရစ်ခဲ့ရန်ဆိုသည့် ခံယူချက်ရှိသူများ မွေးထုတ်ပေးရန်...တို့ ဖြစ်ပါသည်။ 

 “ဘိုးဘွားအမွေစစ်” အဓိပ္ပာယ်အစစ်အမှန်ကို ကျောင်းဆရာများက တပည့်မျိုးဆက်သစ်များကို ရှင်းပြ၊ သင်ပြပေးရပါမည်။ ပြီးတော့ ဘာကြောင့် ထိုအမွေကို ချစ်ထိုက်၊ မြတ်နိုးထိုက်ပြီး မပျောက် ပျက်အောင် ထိန်းသိမ်းရမည့် တာဝန်ရှိကြောင်းကိုပါ သင်ပေးရပါမည်။ ထိန်းသိမ်းရုံနှင့်တင် မပြီးသေးပါ။ မိမိလက်ခံရရှိသော ဘိုးဘွားအမွေအနှစ်များကိုလည်း သားစဉ်မြေးဆက်၊ ချစ်ထိုက်၊ မြတ်နိုးထိုက်၊ ကာကွယ်ထိုက်သည့်အဖြစ်မျိုး ရောက်အောင် မြှင့်တင်ပေးရမည်ဆိုသည့် ခံယူချက်ရှိလာသည်အထိ လေ့ကျင့်ပေးရမှာပါ။ ထို့နောက်မှာတော့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိကြောင်းကိုပါ သင်ကြားပေးရန် လိုပါသည်။

ဘိုးဘွားအမွေအနှစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ ရေ၊ မြေ၊ တောတောင်၊ သယံဇာတများသာ မကပါ။ မိမိလူမျိုး၏ စံထားအပ်သော မြင့်မားသည့်စိတ်ထားများ (သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်၊ သူများထက် နိမ့်ကျတာမခံချင်စိတ်၊ မိမိအမျိုးကိုမြှင့်တင်လိုစိတ်၊ မိမိလူမျိုးကို ဂုဏ်ယူတန်ဖိုးထားစိတ်၊ ရိုးသားမှုကို ဂုဏ်ယူစိတ်၊ မတရားမှုကိုရွံမုန်းစိတ်) ပြီးတော့ နိုင်ငံလွတ်လပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် မိမိလူမျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာ၊ ရိုးရာဓလေ့များ အားလုံးသည်လည်း မိမိတို့ ဘိုးဘွား များဆီကရခဲ့သည့် မည်သို့မျှ ၊ မည်သူမှ တန်ဖိုးဖြတ် နိုင်စွမ်းမရှိသည့် အမွေအစစ်များ ဖြစ်ပါသည်။

အဆိုပါအမွေအစစ်၏ တန်ဖိုးများကို ကျောင်းဆရာကိုယ်တိုင်က နားလည်၊ သိရှိ၊ တန်ဖိုးထားပြီး မိမိ၏ တပည့်များဆီကို လက်ဆင့်ကမ်းပေးရမှာပါ။ ပြီးတော့ ယခု ခံစား၊ စံစားနေသည့် ဘိုးဘွားများ၏ အမွေအားလုံးသည် သူတို့၏ အသက်၊ သွေး၊ ချွေး၊ အမြော်အမြင် ကြီးမားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခဲ့ကြလို့ရခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက် အသက်သွေးနှင့်ပေးပြီးမှ ဖြစ်ထွန်းလာသည့် အမွေအစစ်မှာ တိကျသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်း ခြင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခြင်းဆိုသည့် အသီးအပွင့်များကိုရရှိပြီး ယခုမျိုးဆက်များက အဆိုပါအမွေကို သခင်နိုင်ငံသားများအဖြစ် မြိန်ရေရှက်ရေ စားသုံးနေရပါသည်။ ဘယ်သူ့အတွက် ဘိုးဘွားများက ဆောင်ရွက်ခဲ့တာလဲဆိုရင် နောင်မျိုးဆက်များအတွက်ပါ ဆိုတာကိုလည်း ထင်ရှားအောင် သင်ပေးရပါမည်။

အဆိုပါ ဘိုးဘွားအမွေအစစ်များ ပျောက်ကွယ်သွားခဲ့လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံး၊ အချုပ် အခြာအာဏာလည်း ကွယ်ပျောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ကာ ပြည်ထောင်စုနိုင်ငံ ဆိုတာပါ ပျက်သုဉ်းပြီး ကျွန်ဘဝသို့ ပြန်လည်ရောက်သွားနိုင်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုးဟု အသိအမှတ်ပြုနိုင်သော ဘာသာစကား၊ စာပေ၊ ဂီတ၊ အနုပညာများလည်း ကွယ်သွားလျှင် မျိုးဆက်သစ်များကို ဘာလူမျိုးရယ်လို့သတ်မှတ်၍ မဖြစ်တော့သည့်အတွက် လူမျိုးပါ ပျောက်ကွယ်သွား နိုင်ပါသည်။ ထိုဘဝမျိုးမရောက်အောင် ဘိုးဘွား အမွေစစ်ကို မဖြစ်မနေ ထိန်းသိမ်းသင့်ကြောင်း သင်ပြရမှာပါ။ 

ဘိုးဘွားများ ထိန်းသိမ်းကာကွယ်ကာ ချန်ထား ခဲ့သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတ များသည် ယခုမျိုးဆက်တစ်ဆက်တည်းအတွက်သာ သုံးစွဲရန်မဟုတ်ကြောင်းနှင့် နောင်မျိုးဆက်များ၏ဘဝ ပြည့်စုံကောင်းမွန်ရေးအတွက်ပါ ရည်ရွယ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိုသလောက်သာ သုံးစွဲသင့်ကြောင်း၊ အလွန်အကျွံသုံးစွဲမှုမျိုးကို ရှောင်ရှားသင့်ကြောင်း၊ နောင်မျိုးဆက်သစ်များ သုံးစွဲရန် မဖြစ်မနေချန်ထားသင့်ကြောင်း၊ ဘိုးဘွား များ ထားခဲ့သော ရေ၊ မြေ၊ တော၊ တောင်သဘာဝများကို ပျက်စီးစေမှုမှ ရှောင်ရှားသင့်ကြောင်း၊ မရှောင်ရှားခဲ့ပါက ရာသီဥတုဖောက်ပြန်မှုနှင့် ရေ၊ မြေ၊ လေထုညစ်ညမ်းမှုကြောင့် သဘာဝဘေးဒဏ် အမျိုးမျိုးကို ခံရနိုင်ကြောင်း စသည့်ဆိုးကျိုးများကို သိရှိပြီး အလေးထားတတ်အောင် သင်ပေးရပါမည်။

သို့မှသာ ဘိုးဘွားအမွေအစစ်ကို မြတ်နိုးထိန်းသိမ်းနိုင်ပါမည်။ နောင်မျိုးဆက်များအားလည်း ချစ်တတ်၊ မြတ်နိုးတတ်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ပြီး နောက်မျိုးဆက်သစ်များ အတွက် “အမွေကောင်း၊ အမွေမြတ်” အား လက်ဆင့်ကမ်းပေးရမည်ဆိုသည့် စိတ်ထားနှင့် လက်ဆင့်ကမ်းပေးနိုင်သော ခွန်အားများ ပြည့်စုံအောင်သင်ပေး၊ လေ့ကျင့်ပေးရပါမည်။ 

ငါတို့ဟာ “မြန်မာ”နှင့် ငါတို့ဟာ “မြန်မာနိုင်ငံသား”ပါ

နိုင်ငံသားတိုင်းကို ဝင်ရောက်ဖျက်ဆီးနေသည့် အထက်ပါကြီးမားသည့် နိုင်ငံဖျက်၊ အမျိုးဖျက် အန္တရာယ် ၇ သွယ်ကို ကြံ့ကြံ့ခံတွန်းလှန်ကာကွယ်နိုင်မည့် အရင်းခံအကြောင်းတရားမှာ ကျောင်းဆရာများတွင်ရော သူတို့က လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ် နိုင်ငံသားတိုင်းမှာပါ “အမျိုးသားရေး ကိုယ်ခံစွမ်းအား” ကြွယ်ဝနေဖို့ပါပဲ။ တကယ်တော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘိုးဘွားများ လက်ဆင့်ကမ်းပေးခဲ့သည့် (နိုင်ငံတည်မင်းသုံးပါး- အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားနှင့် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းပေးခဲ့သည့် ခေါင်းဆောင်ကြီးများ) မိမိလူမျိုး၊ မိမိမြေ၊ မိမိတိုင်းပြည်၏ ကြွယ်ဝမှုတို့ကိုချစ်ပြီး ကာကွယ်နေရန် အဆင့်လောက်နှင့် မလုံလောက်သေးပါ။ 

မျိုးဆက်တိုင်းသည် “မိမိမြေ၊ မိမိနိုင်ငံနှင့် မိမိပြည်သူများက သားစဉ်မြေးဆက် ချစ်ထိုက်၊ မြတ်နိုးထိုက်သည့်မြေ၊ နိုင်ငံနှင့် လူမျိုးဖြစ်အောင်လည်း စွမ်းဆောင်နိုင်စွမ်းရှိရပါမည်”။ ဆိုလိုသည်မှာ ကမ္ဘာ့ဘယ်နေရာရောက်ရောက် မိမိနိုင်ငံ၊ မိမိလူမျိုးကို အစဉ်မြင့်မားအောင် စွမ်းဆောင်ရင်း နိုင်ငံနှင့်လူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေမှသာလျှင် အမျိုးကိုအမှန်တကယ် ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပါ။ 

ငါတို့ဟာ “မြန်မာ” “မြန်မာနိုင်ငံသား” “မြန်မာ့ မြေမှာ မွေးဖွားခွင့်၊ ရှင်သန်ခွင့်ရတာ ဆုလာဘ် တစ်မျိုး” ပါဟု အမြဲဂုဏ်ယူဝင့်ကြွားနိုင်သူများ ပေါ်ထွန်းလာစေရေးပါ။ ထိုသို့အမျိုးချစ်၊ အမျိုးမြင့်၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားမျိုးပိုင်ဆိုင်သည့် လူငယ်များကို ထုနှင့်ထည်နှင့်၊ အုံနှင့် ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ယနေ့နှင့် အနာဂတ် မြန်မာ့ကျောင်းဆရာများ၏ ကြီးမားသော စိန်ခေါ်မှုနှင့် တာဝန်ပါပဲ။ ရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ထမ်းဆောင်ရပါလိမ့်မည်။

ကျောင်းဆရာများသည် အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံနှင့်လူ့အဖွဲ့အစည်း ပျက်သုဉ်းစေမည့် အဖျက်ရန်များကို ခေတ်အဆက်ဆက်တွင် ပညာလက်နက်ဖြင့် အသံတိတ်တွန်းလှန်တိုက်ပွဲဝင်ရင်းဘဝကို ပျော်ရွှင်ချမ်းမြေ့ကျေနပ်စွာ ဖြတ်သန်းနေကြသူများပါ။ နိုင်ငံတကာတွင် ကျောင်းဆရာများသည် ပညာအားမာန်အပြည့်နှင့် နိုင်ငံ၏အဖျက်ရန်များကို အင်ပြည့်အားပြည့် ကာကွယ်နိုင်ရန် ၎င်းတို့မှာ “အခြေခိုင်ပြီး ဘဝလုံခြုံသည့် လူနေမှုဘဝ” ကို ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်းပေးထားကြပါသည်။

တကယ်တော့ “လူနေမှုဘဝချို့တဲ့သည့် ကျောင်းဆရာဘဝ” ဖြင့် နိုင်ငံ၏အလွန်ကြီးမားသော အဖျက်ရန်များကို ကာကွယ်သည့််အခါ “ခါးကမသန်” ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု၏ ရှေ့တန်းမှာရှိသော “ပညာရေးခံကတုတ်” ကျိုးပေါက်မှာစိုးလို့ပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ဖွံ့ဖြိုးမှုအပေါင်းကိုပျက်သုဉ်းအောင် ဆောင်ကြဉ်းနေသည့် အဖျက်ရန်မှန်သမျှကို ဖိဖိစီးစီး တွန်းလှန်ကာကွယ်နေသော “အမျိုးသား မဏ္ဍိုင်ခံကတုတ်” ကျိုးပေါက်ခဲ့လျှင် တိုင်းတစ်ပါး၏ “အဝေးထိန်းစနစ်ဖြင့် ကျွန်ဇာတ်သွင်းခံဘဝ” ဆိုသည့် “ခေတ်သစ်ကျွန်” ဘဝမျိုး မိမိတို့၏ နိုင်ငံနှင့်မျိုးဆက်သစ်များဖြစ်သွားပြီး နောက်ဆုံးတွင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အဖြစ်မျိုး ရောက်သွားနိုင်တာမို့ပါ။ ထိုအဖြစ်မျိုးမရောက်ရန် ပညာရေးခံကတုတ်က စွမ်းစွမ်းတမံ ကာကွယ်ပေးနေကြသည့် ယနေ့ကျောင်းဆရာတို့၏ “လူနေမှု ဘဝလုံခြုံရေး” ကိုလည်း မပြတ်ဖြည့်ဆည်းပေးနေသင့်ပါကြောင်း ကျောင်းဆရာ(ငြိမ်း)ဖြစ်သည့် မိမိ၏အမြင်ကို တင်ပြရင်း ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။

(လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော ဤကမ္ဘာကြီးကို အန္တရာယ်ကင်းကင်းဖြင့် သာယာဖွံ့ဖြိုးအောင်နှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်အောင် ကိုယ်စိတ်နှလုံး သုံးပါးလုံးနှစ်မြှုပ်၍ စွမ်းဆောင်ခဲ့ကြသော စွမ်းဆောင်နေဆဲဖြစ်ကြသည့် အနန္တဂိုဏ်းဝင် ကျောင်းဆရာများအားလုံး၏ ဂုဏ်ကျေးဇူးကို ပူဇော်ဦးခိုက်လျက်)

Source-Myawady Webportal

ဒေါက်တာမောင်သင်း

“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”

ဘာထရန်ရပ်ဆဲလ်

မြန်မာ့လူ့အဖွဲ့အစည်းက “ဆရာ” ကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး အပူဇော်ခံအဆင့်တွင် ထားခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါပြီ။ မည်သည့်အတွက်ဟုဆိုလျှင် ဆရာသည် လူတစ်ဦး ချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံး၏ တန်ဖိုးများတက်လာအောင် ဆောင်ကြဉ်းပေးကာ လူသားကို အဆင့်မြင့်သည့် ဘဝပန်းတိုင်ဆီသို့ အရောက်ပို့ဆောင်ပေးနိုင်သူမို့ပါ။ ထို့အတူ သူတို့တွင် ကျရောက်မည့်အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင် စွမ်းရှိသူများဖြစ်ကြလို့ပါ။ 

ပြီးလျှင် မည်သည့်အခါမျှ တပည့်များကို အကျိုးနည်း၊ ဒုက္ခရောက်အောင် ပြုမူပြောဆိုလုပ်ကိုင်လေ့မရှိကြသူများဖြစ်လို့ပါပဲ။ ယူနက်စကိုက သတ်မှတ်ထားသည့် မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း (Noble Professions) သုံးမျိုးရှိပါသည်။ လူသားမျိုးဆက်တိုင်းကို ပညာအလင်းရောင်ထွန်းညှိပေးသော ကျောင်းဆရာများ၊ ပြည်သူများကို ဘေးရန်အန္တရာယ်အသီးသီးမှ ကာကွယ်ပေးသော လက်နက်ကိုင်အဖွဲ့အစည်းများ (တပ်မတော်၊ ပြည်သူ့ရဲနှင့် ပြည်သူ့စစ်)နှင့် ပြည်သူများကို ရောဂါဘယကင်းဝေးအောင် ဆောင်ကြဉ်းပေးသော ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုစသည်) ဖြစ်ပါသည်။ 

ပညာရေးသည် လူမှုအဖွဲ့အစည်းရှင်သန်မှု၏ ဝိညာဉ်ပါပဲ။ သူကသာ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုဆိုသည်တို့ကို ဆက်လက်ရှင်သန်ရန် စွမ်းဆောင်နိုင်လို့ပါ။ လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအားလုံး၏ ဖွံ့ဖြိုးမှုမဏ္ဍိုင်ပါ။ လူသားတို့၏ မွေးရာပါအရည်အသွေးကောင်းတွေကို ပိုမိုဖွံ့ဖြိုးအောင်၊ ထက်မြက်လာအောင် လေ့ကျင့်ပေးသည့်လုပ်ငန်းပါ။ ထိုလုပ်ငန်း၏ စွမ်းဆောင်ရည်မြင့်မားလေလေ လူသားတစ်ဦးချင်းစီမှာ လူ့ဘောင်ကောင်းကျိုးသယ်ပိုးမည့် ဗီဇကောင်းများ ပိုမိုထက်မြက်လာကြပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးမည့်၊ ငြိမ်းချမ်းမှုကို ပျက်စီးစေမည့် ဗီဇဆိုး၊ ဗီဇညံ့များပျောက်ကွယ်လေလေပါပဲ။ 

ပညာရေးအဆင့်အတန်းမြင့်မားသည့် လူ့အဖွဲ့အစည်းတိုင်းသည် ကမ္ဘာ့ထိပ်တန်း၌ရှိကြပြီး ပညာရေးအဆင့်အတန်းနိမ့်ကျသော နိုင်ငံနှင့်လူမျိုးသည် ဖွံ့ဖြိုးမှုအားနည်းသော ဘဝမှာသာရှိနေကြပါသည်။ တိုးတက်ဖွံ့ဖြိုးမှုကို လိုလားကြသော လူသားတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းက ပညာရေးကို အားပေးမြှင့်တင်နေကြပါသည်။ ထိုသို့လူ့ဘောင်ကောင်းကျိုးအဖြာဖြာကို သယ်ပိုးသော ပညာရေးကို ရှေ့တန်းကအားကြိုးမာန်တက် အကောင်အထည်ဖော်နေသည်မှာ အရည်အသွေးထက်မြက်သည့် ကျောင်းဆရာများပါပဲ။ 

သို့ဖြစ်၍ “ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လာရခြင်းမှာ သူ့နိုင်ငံသားများ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက်၊ တော်ကြသောနိုင်ငံသားများ ကြွယ်ဝဖို့ကတော့ အဲဒီနိုင်ငံ၏ ပညာရေးမှာ အရည်အသွေးပြည့်ဝသည့် ဆရာကောင်း၊ ဆရာမြတ်များ ရှိနေမှဖြစ်မှာပါ”ဟူသည့် စင်ကာပူဝန်ကြီးချုပ် (ငြိမ်း)လီရှန်လွန်း၏ စကားအရဆိုလျှင် “နိုင်ငံဖွံ့ဖြိုးမှုမှာ ဆရာများ အရည်အသွေးမြင့်မားမှုက အခရာ”ဟု ဆိုပါရစေ။

ပညာရေးနှင့်ကျောင်းဆရာသည် ရုပ်နှင့်နာမ် (Body and soul) လိုပါပဲ။ ခွဲထုတ်၍မရပါ။ ကွဲကွာခဲ့လျှင် ရှင်သန်နိုင်စွမ်းမရှိတော့ပါ။ ပညာရေးကို ရှေ့တန်းမှ အကောင်အထည်ဖော်နေသူများဖြစ်သည့် ကျောင်းဆရာများသာမရှိလျှင် ပညာရေးဆိုတာလည်း မရှိနိုင်တော့ပါ။ ဤကမ္ဘာလောကမှာ လူမှုအသိုင်းအဝိုင်းကလေးစားပြီး ကလေးများ စံထားလောက်သော ကျောင်းဆရာစစ်စစ် (Role model teacher) များမရှိခဲ့လျှင် ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းဆိုတာ ရေထဲမှာ ရေးသောအရုပ်ဘဝမှာပဲ ရှိနေမှာပါ။ 

ပညာရေးညံ့ရင် နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံကာကွယ်ရေးလည်း ချွတ်ခြုံကျမှုနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ပညာရေးမနိမ့်ကျစေရန်မှာ ယင်းကို အကောင်အထည်ဖော်နေသည့် ကျောင်း ဆရာများ၏ စွမ်းရည်သည်လည်း အမြဲတမ်း မြင့်မားထက်မြက်နေရပါမည်။ ဘယ်လိုမှညံ့လို့မဖြစ်ပါ။ ဆရာသည် လူ့သမိုင်းစဉ်ဆက် မိမိအသိုင်းအဝိုင်းကို ဦးဆောင်ပြီး ပညာအလင်းရောင်ထွန်းညှိရင်း လူ့သမိုင်းကို မြှင့်တင်နေကြသူများ ဖြစ်လို့ပါ။

မြန်မာတို့သည် “ဘေးရန်ဆီးကာ”ဆိုသည့် ဆရာ၏ မြင့်မြတ်သော တာဝန်ကို ဆောင်းပါးအစ တွင် “ဘာထရန်ရပ်ဆဲလ်” က ပြောခဲ့တာထက် နှစ်ပေါင်းထောင်ချီပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ကျောင်းဆရာသည် တပည့်တစ်ဦးချင်းစီကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော “ဉာဏ်ရည်” ၊ “စိတ်ထား” ၊ “ပညာ”နှင့် “အလေ့အကျင့်” ကို ဘဝတစ်လျှောက်လုံး ဘေးရန်ကင်းစွာ နေထိုင်သွားတတ်သည်အထိ လေ့ကျင့်ပေးကာ နိုင်ငံသားအားလုံးကို ဘေးအန္တရာယ်အပေါင်းကင်းဝေးအောင် စွမ်းဆောင်နိုင်စွမ်း ရှိကြသူများပါ။

နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းက 

နိုင်ငံကာကွယ်ရေးကို ပြောလိုက်လျှင် ပြည်တွင်း၊ ပြည်ပရန်များကို လက်နက်ကိုင်ပြီး ခုခံကာကွယ်နေ ကြသည်ကိုပဲမြင်ကြပါသည်။ ဘရွတ် (Bruke) ဆိုသော ပညာရေးပညာရှင်က “တကယ်တော့ ပညာရေးဟာ နိုင်ငံကာကွယ်ရေးလုပ်ငန်းပါ”တဲ့။ လက်နက်ကိုင်ဖျက်ဆီးနေသူများသာလျှင် လူ့အဖွဲ့အစည်း၏ အဖျက်သမားစစ်စစ်မဟုတ်ကြပါ။ သူတို့ကို လက်နက်ကိုင်ဆောင်သည့်အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း မူလ အဖျက်သမားစစ်စစ်များပါပဲ။ ယင်းတို့မှာ -

(က)အသိဉာဏ်ပညာ ဆင်းရဲမွဲတေခြင်း၊

(ခ)နိုင်ငံကြီးသား စိတ်ထားကင်းမဲ့ခြင်း၊

(ဂ)အကျင့်စာရိတ္တ ချွတ်ခြုံကျခြင်း၊

(ဃအမျိုးသားရေး “စံ”များ ပျက်သုဉ်းခြင်း၊

(င)အစွန်းရောက်မှုမြင့်မားခြင်းနှင့် တရား မျှတမှုအားနည်းခြင်း၊

(စ)ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့် များခေါင်းပါးခြင်း၊

(ဆ)ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းရမည်ဟူသော ခံယူချက်ကင်းမဲ့ခြင်းတို့ပါပဲ။

နိုင်ငံသားအများစုထံ ထိုအဖျက်တရားများ ဝင်ရောက်နေပြီး စုမိနေပြီဆိုလျှင်ဖြင့် နိုင်ငံရေး ကျိန်စာသင့်ကာ သူတစ်ပါး၏ အဝေးထိန်းစနစ်ဖြင့် မှိုင်းမိပြီးပြောသမျှယုံကာ ထာဝရလွှမ်းမိုးမှုခံရသည့်ကျွန်ဖြစ်ပြီး ငြိမ်းချမ်းမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးပါ ကမ္ဘာ့မြေပေါ်မှ ကွယ်ပျောက်သွားပါလိမ့်မည်။ ထိုဘဝမျိုး၊ အဖြစ်မျိုးကို မိမိတို့ဘယ်လိုမှအရောက်မခံ၊ အဖြစ်မခံနိုင်ပါ။ ယနေ့ခေတ် ကျောင်းဆရာများသည် စာသင်ခန်းထဲတွင် လူမမယ်မျိုးဆက်များကို ထိုအဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မယ့်ဘေးမှ ပညာစွမ်းအားဖြင့် ရွပ်ရွပ်ချွံချွံကာကွယ်နိုင်ပြီး နိုင်ငံ့ကောင်းကျိုးကို အစွမ်းကုန်သယ်ပိုးမည့် “တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများ”ကို မလွဲမသွေဖြည့်ဆည်းပေးရန် တာဝန်ရှိပါသည်။ “စာသင်ခန်းသည် ကာကွယ်ရေးမျိုးစေ့ကောင်းဖြစ်သည့် ဉာဏ်ပညာစတင်စိုက်ပျိုးရာနေရာ” ဟုဆိုပါရစေ။ သို့မှသာ မြန်မာ့လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းမှုကင်းဝေးပြီး သာယာဖွံ့ဖြိုးမှာပါ။ 

(က)အသိဉာဏ်ပညာဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေကြသူများ

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် လူငယ်ပညာတတ်များက အမျိုးသားကျောင်းဆရာ (သခင်နု၊ သခင်မြ၊ ဦးသန့်၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဖိုးကျား...စသူများ) အလုပ်ဝင်လုပ်ကြပြီး ကျွန်ပြုခံထားရသဖြင့် “ဘဝအလင်းရောင်မဲ့” နေသော မြန်မာတိုင်းရင်းသားလူငယ်များကို “အမျိုးသားပညာရေးဖြင့် ပညာအလင်းရောင်” ထွန်းညှိပေးခဲ့ပါသည်။ တစ်တိုင်းပြည်လုံး အမျိုးသားရေးစိတ်ဓာတ်ကြွယ်ဝလာကြပြီး တွန်းလှန်ခဲ့ကြသဖြင့် နောက်ဆုံးလွတ်လပ်ရေးရကြကာ မြန်မာတို့ “သခင်ဘဝ” ပြန်ရောက်ခဲ့ကြပါသည်။ 

ပညာဉာဏ်ရောင်သည် ကျွန်ဘဝလူသားကို သခင်ဘဝဆီသို့ ပြောင်းလဲနိုင်စွမ်းရှိခဲ့သည်မှာ သမိုင်းသက်သေပါ။ လူငယ်များက ထိုအစဉ်အလာကောင်းကို မြင်တတ်ရန်နှင့် ယနေ့မြန်မာ့လူ့အဖွဲ့အစည်းဖွံ့ဖြိုးစေရန် ကျောင်းဆရာများက လူငယ်များ၏ပညာတံခါးကို ဖွင့်ပေးရပါလိမ့်မည်။ ပါမောက္ခဘဝမှ အိန္ဒိယသမ္မတကြီးဖြစ်လာသူ အဗ္ဗဒူကာလန်ကတော့ လူငယ်တို့၏ ဦးနှောက်ကို “ပညာမီးညှိ”ပေးပါတဲ့။ ကိုယ့်ခေတ်မှာ ကိုယ့်ကောင်းမွန်သည့် သမိုင်းပေးတာဝန်ဖြစ်သော ဖွံ့ဖြိုးငြိမ်းချမ်းသာယာပြီး “ဂုဏ်ရှိန်မြင့်တဲ့ မြန်မာ့လူ့ဘောင် ပေါ်ထွန်းရေး”ကို ကျောင်းဆရာများ ဆက်လက်ကျေပွန်အောင် ထမ်းဆောင်ရပါလိမ့်မည်။

(ခ)နိုင်ငံကြီးသားတွေ မွေးထုတ်ပေးနိုင်ကြသူများ

နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှုရှိရန်ဆိုလျှင် ထိုလူ့အဖွဲ့အစည်းဝင်တိုင်းက‘နိုင်ငံကြီးသားစိတ်ထား’ဆိုသည့် တာဝန်သိမှု၊ တာဝန်ယူမှု၊ စည်းကမ်းကို ရိုသေလေးစားတန်ဖိုးထားမှုနှင့် ကိုယ်ချင်းစာတရားများနှင့် ပြည့်စုံရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားသယ်ပိုးမှုက သူများအကျိုးမထိခိုက်စေရန်နှင့် မိမိလုပ်သမျှသည် အနည်းဆုံး မိမိဝန်းကျင်ကောင်းကျိုးသယ်ပိုးနိုင်မှု ပြည့်စုံရမည်ဆိုသည့် “ပရဟိတ” စိတ်ထားပိုင်ဆိုင်ရပါမည်။ ထို့အပြင် အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုင်းပင်းကူညီမှု၊ နားလည်မှု၊ လေးစားတန်ဖိုးထားမှုများ ပြည့်လွှမ်းနေမှု၊ နိုင်ငံနှင့် မိမိအသိုင်းအဝိုင်းကို နိမ့်ကျတာ မခံချင်စိတ်၊ မြှင့်တင်လိုစိတ်၊ မိမိလူမျိုးနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ပြီး မြှင့်တင်လိုစိတ်များလည်း ပြည့်နေရပါမည်။

အထက်ပါ မြင့်မြတ်စိတ်ထား ပိုင်ဆိုင်လာစေရန် ကျောင်းဆရာသည် ကလေးဘဝအချိန်ကတည်းက လေ့ကျင့်ပေးခြင်းဖြင့် မျိုးဆက်သစ်များတွင် ကြီးနိုင်ငယ်ညှဉ်းပြုတတ်သူ၊ အတ္တကြီးသူ၊ ရန်လိုစိတ်ကြီးသူ၊ စာနာစိတ်မရှိသူ၊ တာဝန်ယူမှုကင်းသူ၊ စည်းကမ်းမဲ့၊ တာဝန်မဲ့သူစသည့်လူ့လောက၏ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးမည့် ဗီဇဆိုး၊ ဗီဇညံ့များအားလုံး ပျောက်ကွယ်သွားပါလိမ့်မည်။ ထိုဗီဇဆိုးများပျောက်ပြီး လောကပါလတရားများ လွှမ်းမိုးနေသည့် နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူများနိုင်သမျှ များများကို ကျောင်းဆရာများက မွေးထုတ်နိုင်ပြီဆိုလျှင် လူ့အဖွဲ့အစည်းလည်း အဖျက်အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝလာပါလိမ့်မည်။ 

(ဂ)မျိုးဆက်တိုင်းကို အကျင့်စာရိတ္တမြင့်မားအောင် မြှင့်တင်နေကြသူများ

လူ့တန်ဖိုးမြင့်တက်ခြင်းနှင့် ဖွံ့ဖြိုးမှုကိုတိုင်းတာသည့် “စံပေတံ” များအနက် “စာရိတ္တ ပေတံ” သည် ရှေးအကျဆုံးနှင့် ခေတ်အမီဆုံးဖြစ်၍ ယနေ့တိုင်ထိပ်ဆုံးမှထားပြီး တိုင်းတာနေဆဲပါ။ “ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်း သာယာမှု၏ အခြေခံအုတ်မြစ်ပါပဲ၊ ပညာရေး၏ အနှစ်သာရ၊ ပညာရေး၏ အဆုံးစွန်ဆုံးပန်းတိုင်သည် အကျင့်စာရိတ္တပျိုးထောင်ရေး” ဟု ဂရိအတွေးအခေါ် ပညာရှင်ကြီး “ပလေတို” ပြောခဲ့ပါသည်။ မြန်မာ့ပညာရေးတွင် နှစ်ပေါင်းထောင်ချီပြီး ကျင့်သုံးခဲ့ သည်မှာ “ဗလငါးတန်” ခိုင်မာရေးပါ။ ထိုအထဲမှာ “စာရိတ္တဗလ”ကြံ့ခိုင်ရေးကို ရှေ့ဆုံးမှာထား လေ့ကျင့်ပေးနေပါသည်။ 

“ကလေးများကို စာရိတ္တဖွံ့ဖြိုးအောင်၊ ခိုင်မာအောင် လေ့ကျင့်မပေးဘဲ ဝိဇ္ဇာ၊ သိပ္ပံပညာရပ် သက်သက်လောက်ကိုသာ သင်ပေးလိုက်လျှင် လူ့တန်ဖိုးအစစ်ကို ချန်ထားခဲ့သည်မို့ ပညာရေး၏ အဓိကတာဝန်ကို ကျောင်းဆရာများက မျက်ကွယ်ပြုလိုက်တာပါပဲ”တဲ့။ ဒါကလည်း ဆောင်းပါးအစတွင်ပြောခဲ့သူ ဘာထရန်ရပ်ဆဲလ်၏ အဆိုပါပဲ။ ကျောင်းဆရာတို့၏ အဓိကတာဝန်ကို ချန်ထားလို့ မဖြစ်ပါ။ မဖြစ်မနေထမ်းဆောင်ရပါမည်။ အဲဒီ တာဝန်လစ်ဟင်းခဲ့၍ အနာဂတ်လူ့ဘောင်တွင် “တန်ဖိုးနိမ့်လူသား” များသာ ပြည့်လျှမ်းနေခဲ့လျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် ဖွံ့ဖြိုးမှုပန်းတိုင်နှင့် အလှမ်းကွာဝေးသွားမှာပါ။

ပညာရေးပညာရှင် “လစ်ဗင်စတုန်း” ကလည်း “သမိုင်းမှာရော ယနေ့မှာပါ ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာဆိုတာတွေက လူ့စာရိတ္တအားနည်းမှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများပါပဲ”တဲ့။ စာရိတ္တသည် လူ့သမိုင်းနှင့်ချီပြီး ခိုင်မာလာခဲ့သည့် လူသား၏တန်ဖိုးအစစ်အမှန်ပါ။ လူ့အဖွဲ့အစည်းငြိမ်းချမ်းဖို့၊ သာယာဖို့တည်ရှိလာခဲ့တာပါ။ ချည့်နဲ့ယိမ်းယိုင်ခဲ့လျှင် လူ့သမိုင်းဒုက္ခနှင့် ရင်ဆိုင်ရတော့တာပါပဲ။ လူ့သမိုင်းဘယ်လိုတိုးတက်တိုးတက်၊ ထိုတိုးတက်တာနှင့်အတူယှဉ်တွဲပြီး အတူပါလာသည်မှာ “ကြံ့ခိုင်တဲ့ စာရိတ္တမဏ္ဍိုင်” ပါပဲ။ သူကသာ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ထိန်းသိမ်းနိုင်စွမ်းရှိလို့၊ လမ်းညွှန်ပြနိုင်လို့ပါ။ 

စစ်မှန်တဲ့ လူ့တန်ဖိုးဆိုတာ ရိုးသားမှု၊ တရား မျှတမှု၊ နိုင်လိုမင်းထက်ကင်းမှု၊ သည်းခံမှု၊ မနာလို ဝန်တိုမှုစိတ်ကင်းမှု၊ လူ့ကျင့်ဝတ်နှင့်စည်းကမ်းကို ရိုသေလေးစားမှုနှင့် စာရိတ္တမြင့်မားမှုစတာတွေပါ။ ယနေ့ မိမိတို့၏ ကျောင်းဆရာများတွင် ထိုတန်ဖိုးကိုဦးထိပ်ထားပြီး ကိုယ်တိုင်လည်းကျင့်ကြံကာ လူငယ်များကိုလည်း လေ့ကျင့်ပေးနိုင်ပါမှသာ စာရိတ္တခိုင်မာသော ဖွံ့ဖြိုးငြိမ်းချမ်းမှုပြည့်လျှမ်းသည့် နိုင်ငံ့၏အုတ်မြစ်ကို ချနိုင်စွမ်းရှိကြပြီးနိုင်ငံကို ကာကွယ်ပေးနေသော “ကျောင်းဆရာ” ဘဝရောက်ကြမှာပါ။

(ဃ)    အမျိုးသား “စံ” များပျက်သုဉ်းမှုကို ထိန်းသိမ်း ကာကွယ်နေကြသူများ

ပညာရှင်များက “ကမ္ဘာ့လူမျိုးစုငယ်လေးများ အလျင်အမြန်ပျောက်ကွယ်နေပါပြီ။ ထိန်းသိမ်းပေး ကြပါတဲ့။” လူမျိုးကွဲများနှင့် သွေးနှောပြီး လူမျိုခံရ၍မဟုတ်ပါ။ လူမျိုးတစ်မျိုးလို့ သတ်မှတ်နိုင်သည့် “အမျိုးသားစံ”များဖြစ်သည့် “ဘာသာစကား”၊ “စာပေ”၊ “အနုပညာ”၊ “ဂီတ”၊ “ရိုးရာဓလေ့”နှင့် “ဝတ်စားဆင်ယင်မှု” များ ပျောက်ဆုံးကုန်လို့ပါ။ အရှေ့တိုင်းဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုက နည်းမျိုးစုံဖြင့် ထိုးဖောက်ပြီး ဖျက်ဆီးခြင်းကို ခံနေရပါသည်။ ထို့အတူ ဘာသာစကားကြီးငါးမျိုး၊ (တရုတ်၊ အာရေဗျ၊ ဟင်ဒီ၊ အင်္ဂလိပ်နှင့် စပိန်) တို့က ဝါးမြိုသဖြင့် ကမ္ဘာ့ဘာသာစကားငယ်ပေါင်း နှစ်စဉ် ၁၀၀ ခန့် ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ ပါသတဲ့။ 

ယနေ့ ၂၁ ရာစုနှင့် ခေတ်မီပညာရေးဆိုသည်မှာ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုး၏ ယဉ်ကျေး မှုအား ဝင်ရောက်ကျူးကျော်လွှမ်းမိုးသည်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ပြီး မိမိလူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်စွမ်းရှိနေအောင် လေ့ကျင့်ပေးရမည့်ပညာရေးပါ။ ဤသို့ နိုင်ငံနှင့်လူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းရင်း မိမိလူမျိုး၊ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးခြင်းဆီသို့ ချီတက်သွားနေသည့် ပညာရေးသည် “မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ပညာရေး” အမျိုးအစားပါ။

အမျိုးသားရေး ကိုယ်ခံစွမ်းအားနည်းသည့် ဒေသများတွင် လူမျိုးစုငယ်များ၏ “စံ” များ အလျင် အမြန်ပျောက်ဆုံးနေသည်ကို ကမ္ဘာတစ်ဝန်းမှာ တွေ့ရပါသည်။ ကျောင်းဆရာသည် ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်မြှင့်တင်ပေးရန် တခြားလူတန်းစားထက် ပိုမိုတာဝန်ရှိသည်ဖြစ်၍ အထူး သဖြင့် တိုင်းရင်းသားပေါင်းစုံသည့် မိမိတို့နိုင်ငံတွင် မိမိနှင့်နီးစပ်ရာ ယဉ်ကျေးမှုကို ကိုယ်တိုင်နားလည် ကာယင်းကိုချစ်တတ်၊ မြတ်နိုးတတ်ပြီး မြှင့်တင်နိုင်သည့် ခွန်အားနှင့်လည်း ပြည့်စုံရပေမည်။ နိုင်ငံသူနိုင်ငံသားများ၏ “အမျိုးသားစံ”များ ပျောက်ပြီး လူမျိုးကွယ်ပျောက်မည့် အန္တရာယ်ကို တားဆီး ကာကွယ်ရန်အတွက် မိမိနိုင်ငံနှင့် လူမျိုး၏ “ဝိသေသစံ” များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် ကျောင်းဆရာများက မြန်မာတိုင်းရင်းသား မျိုးဆက်သစ်များကို မလွဲမသွေ လေ့ကျင့်သင်ကြားပေးရမည့်အချိန်ပါ။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အမျိုးသားကျောင်းဆရာများက မိမိတို့၏ တပည့်များကို အမျိုးသားရေးသန္ဓေမျိုးစေ့တွေ ချပေးခဲ့ပါသည်။ 

ကိုယ့်ယဉ်ကျေးမှု၊ စာပေ၊ စကားအပေါ် အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုကျူးကျော်မှုကို တွန်းလှန်ကာကွယ်ခဲ့သဖြင့် မြန်မာစာပေနှင့် မြန်မာ စကားသည် ယနေ့တိုင်ထည်ထည်ဝါဝါဖြင့် တည်ရှိနေဆဲပါ။ ယနေ့မှာ မိမိတို့နိုင်ငံသည် ကမ္ဘာကို လွှမ်းမိုးသော ဘာသာစကားကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် ဟင်ဒီဘာသာစကားတွေကြားမှာ ရောက်နေသည်မို့ အလွန်စိုးရိမ်နေရသော အချိန်နှင့် အခြေအနေပါ။ ပြီးတော့ကမ္ဘာသုံးစကားဖြစ်သည့် အင်္ဂလိပ်စာကိုလည်း သင်ယူနေသေးတာကြောင့် ယနေ့မြန်မာကျောင်းဆရာများသည် သတိအမြဲကပ်ပြီး မိမိတို့၏ စာပေနှင့်ဘာသာစကားကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေရပါလိမ့်မည်။ တစ်ချိန်ကမြင့်မားသည့် သမိုင်းအစဉ်အလာကောင်းကို မလွဲမသွေ ဆက်လက်ထိန်းသိမ်းနိုင်ပါမှ မြန်မာစာ၊ မြန်မာစကားနှင့် ရိုးရာယဉ်ကျေးမှုများသည် ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့ရှင်သန်ဖွံ့ဖြိုးနိုင်မှာပါ။

(ဆက်လက်ဖော်ပြပါမည်)

Article
-

နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။

(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိမဟာစိုက်ပျိုးရေးသိပ္ပံ ပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.St. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။

ကွင်းစလန်ပြည်နယ်၊ ဘရစ်စဘိန်းမြို့ (Brisbane, Queensland State) တွင်ရှိ၍ နယ်မြေ (Campus) များစွာရှိပြီး မူလတက္ကသိုလ်ကြီးကတော့ စိန့်လူးရှားနယ်မြေ (St. Lucia Campus) တွင် ရှိပါသည်။ တက္ကသိုလ်ကြီးမှာ ကျွန်တော်တို့နိုင်ငံ ၁၉၆၂ ခုနှစ်မတိုင်ခင်က ရန်ကုန်တက္ကသိုလ် (The University of Yangon) ကဲ့သို့ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေသော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီး (Autonomous, Comprehensive University with Good Reputation) ဖြစ်ပါသည်။ 

အဓိကနယ်မြေ ၃ ခု - စိန့်လူးရှားနယ်မြေ (St. Lucia Campus/Main Campus) ဘရစ် စဘိန်းမြို့ပေါ်တွင်ရှိပြီး မဟာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းများရှိရာ အဓိက နယ်မြေဖြစ်ပါသည်)၊ ဂတ်တန်နယ်မြေ (Gatton Campus) ယခင်ဂတ်တန် စိုက်ပျိုးရေး ကောလိပ်ကို ကွင်းစလန်တက္ကသိုလ်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ပါသည်၊ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူကုသရေး မဟာဌာနများ  (Merging Gatton Agri-cultural College and UQ) နှင့် သုတေသနစိုက်ကွင်း အပါအဝင် ၁၀၆၈-ဟက်တာ ရှိပါသည်၊ တက္ကသိုလ်ကြီးနှင့် ၈၀-ကီလိုမီတာ (မိုင် ၅၀-ခန့်) ခန့်ဝေးပါသည်၊ ဟားစ တန်နယ်မြေ (Herston Campus) ကျန်းမာရေး၊ ဆေးပညာဆိုင်ရာ မဟာဌာနများ ရှိပါသည်၊ ကွင်းစလန်တက္ကသိုလ်၏ စုစု ပေါင်းဧရိယာ ၁၆၇၀ ဟက်တာ (ဧက ၄၀၀၀ ကျော်) ရှိပါသည်။ စုစုပေါင်း ဝင်ငွေ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံ(US$ 2.38 Billion) နှင့် သုတေသန အသုံး စရိတ် ဒေါ်လာ ၄၇၅ မီလီယံ (475 Million$) ရှိပါသည်။ 

ရန်ကုန်တက္ကသိုလ်ကတော့ ၁၉၆၄ ခုနှစ်နောက်ပိုင်း မဟာဌာနများစွာ (Faculties) သီးခြားခွဲထွက်လျက် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ် (Rangoon Arts and Science University - RASU)(နောက်တော့ ရန်ကုန်တက္ကသိုလ် ပြန်ဖြစ်) ဖြစ်လာပါသည်။ သို့သော် ၁၉၆၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ကိုတော့ မမီတော့ပါ။ 

ကျွန်တော်တို့ကျောင်းတက်စဉ် ၁၉၈၇ ခုနှစ်လောက်တုန်းကတော့ စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာန (Faculty of Agricultural Science) ရှိပါသည်။ အဲဒီအောက်မှာပဲ စိုက် ပျိုးရေးတက္ကသိုလ်၊ ကိမိလဗေဒဌာနက ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်း ဝင်းမြင့်တို့ တက်ရောက်ခဲ့သည့် ကိမိလဗေဒဌာန (Depart-ment of Entomology)  အကြီးကြီးရှိပါသည်။

ယခုတော့ အဲဒီဌာနလည်း သတ္တဗေဒဌာနနှင့်ပေါင်းသွားပြီး ကျွန်တော်တို့ စိုက်ပျိုးရေးမဟာဌာန ကတော့ သိပ္ပံမဟာဌာန (Faculty of Science) အောက်မှာ စိုက်ပျိုးရေးနှင့် အစားအသောက်ဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Agri-culture and Food) ဖြစ်သွားပါပြီ။ ဗဟိုဦးစီးစနစ် (Centralized-Con-trol System) မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ရတက္က သိုလ် (Autonomous University) ဖြစ်၍ ခေတ်၊ စနစ်လိုအပ်ချက်အရ နှစ်စဉ်နှစ်တိုင်း မလိုသည့်ဘာသာများဖြုတ်၊ ပေါင်းသင့်တာပေါင်း၊ လိုအပ်သည့်ဘာသာများ အသစ်ထည့် လိုတိုး၊ ပိုလျှော့ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယခင်က  ဂက်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agriculture College - ကျွန်တော်တို့ဆီက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကဲ့သို့ပါ) က သီးခြားဖြစ်ပြီး ယခုတော့ ကွင်းစလန်တက္ကသိုလ်၏ ဂက်တန်နယ်မြေ (Gatton Campus) ဖြစ်သွားပြီး စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)၊ တိရစ္ဆာန်ကုသရေးပညာ (Veterinary Science) များ ဘွဲ့လွန်၊ ဘွဲ့ကြိုသင်ကြားပေးရာနယ်မြေ ဖြစ်သွားပါပြီ။

ကျွန်တော်တို့ခေတ်တုန်းက ကျွန်တော် မဟာသိပ္ပံသုတေသနအတွက် မြေပဲစိုက်ပျိုးခဲ့ရာ မြေနီပင်လယ်အော်သုတေသနစိုက်ကွင်း (Red Land Bay Research Station)၊ စားကျက်သီးနှံပင်များ သုတေသနလုပ်ရာ ဝါပင်များတောင် သုတေသနစိုက်ကွင်း (Mt. Cotton Research Station) တို့မှာ မလိုအပ်တော့သဖြင့် တက္ကသိုလ်ရန်ပုံငွေအတွက် ရောင်းပစ်လိုက်ပြီဟု ကျွန် တော် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဩစတေလျှ အပြည်ပြည်ဆိုင်ရာ သုတေ သနစီမံကိန်း (Australian Centre for International Agri-cultural Research – ACIAR Project) နှင့် ကွင်းစလန်တက္ကသိုလ်၊နှစ်ပတ်လည်  နေ့ (The University of Queensland Anniversary) များသို့ ဖိတ်ကြားခံရသဖြင့် သွားရောက် ခဲ့ရာတွင် သိရှိခဲ့ရပါသည်။

၁၉၈၅-၁၉၈၈ ခုနှစ်များက နိုင်ငံတကာကျောင်းသားများအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘွဲ့လွန် ပညာ သင်တန်းများ ခေါ်ယူခဲ့ရာတွင်..

  1.   အပူပိုင်းဆိုင်ရာ လယ်ယာသီးနှံသိပ္ပံ (Tropical Crop Science) ကျွန်တော်တက်ရောက်ခွင့်ရခဲ့ပါသည်။
  2.   အပူပိုင်းဆိုင်ရာ စားကျက်သီးနှံသိပ္ပံ (Tropical Pasture Science) ယခင်စိုက်ပျိုးမွေးမြူရေး ကော်ပိုရေးရှင်းက ဦးစိုးနိုင်၊ ဦးကို     ကို တို့ တက်ရောက်ခဲ့သည်ဟု သိရပါသည်။
  3.   အပူပိုင်းဆိုင်ရာ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Tropical Horticultural Science) မြန်မာနိုင်ငံမှ ဘယ်သူမျှမတက်ရောက်ခဲ့ရပါ။      (ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါသည်)။
  4.   အပူပိုင်းဆိုင်ရာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးပညာ (Tro-pical Animal Production) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။ ဖိလစ်   ပိုင်နိုင်ငံမှသူငယ်ချင်းများစွာ တက်ရောက်ခဲ့ပါသည်။
  5.    စိုက်ပျိုးစီးပွားရေးပညာ (Agri-cultural Economics) ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ။ အာမီဒေးလ်မြို့      နယူးအင်္ဂလန် တက္ကသိုလ် (The Uni-versity of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာ    ဒေါ်လီကျော်တို့ တက်ရောက်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာမျိုးကြွယ်