ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အချိန်အခါမလင့် ပညာသင်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
-

ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ်လူတို့၏  အသိပညာ၊  အတတ်ပညာ၊  ကျွမ်းကျင်မှုနှင့်  သဘောထားအယူအဆ၊   အမြင်တို့   ဖွံ့ဖြိုးတိုးတက်စေရန်  ဆောင်ရွက်ရသည့်ဖြစ်စဉ် တစ်ခုဖြစ်သည်။  လူငယ်များသည်   မိမိတို့၏   ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်း နိုင်ရန်အတွက်   ကလေးဘဝမှစ၍   ပညာကို အပတ်တကုတ်ဆည်းပူးလေ့လာရန် လိုအပ်သည်။ ပညာဆည်းပူးလေ့လာရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊  အသင့်လျော်ဆုံး  ပညာသင်ယူရာ နေရာဖြစ်၍    ပညာပေးရာစာသင်ကျောင်းသို့ ကျောင်းနေအရွယ်ကလေးအာ

ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ်လူတို့၏  အသိပညာ၊  အတတ်ပညာ၊  ကျွမ်းကျင်မှုနှင့်  သဘောထားအယူအဆ၊   အမြင်တို့   ဖွံ့ဖြိုးတိုးတက်စေရန်  ဆောင်ရွက်ရသည့်ဖြစ်စဉ် တစ်ခုဖြစ်သည်။  လူငယ်များသည်   မိမိတို့၏   ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်း နိုင်ရန်အတွက်   ကလေးဘဝမှစ၍   ပညာကို အပတ်တကုတ်ဆည်းပူးလေ့လာရန် လိုအပ်သည်။ ပညာဆည်းပူးလေ့လာရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊  အသင့်လျော်ဆုံး  ပညာသင်ယူရာ နေရာဖြစ်၍    ပညာပေးရာစာသင်ကျောင်းသို့ ကျောင်းနေအရွယ်ကလေးအားလုံးရောက်ရန် အရေးကြီးပေသည်။ တစ်နည်းအားဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် စတင်တော့မည်ဖြစ်သည်။

ပညာခေတ်တွင်  မိမိတို့၏  ရင်သွေးငယ်များ

နောက်ကျကျန်ရစ်မှုမဖြစ်စေရန်၊   ဆုံးရှုံးနစ်နာမှု မဖြစ်စေရန်   မိဘတို့က  ဝတ္တရားရှိသည့်အတိုင်း ငယ်စဉ်ကတည်းက ပညာသင်ကြားနိုင်ရန် အခြေအနေကောင်းများကို ဖန်တီးပေးကြရမည်ဖြစ်သည်၊၊ ပညာရှာ လူငယ်များ၏ အနာဂတ်ကို အလေးထား လေးစားသောအားဖြင့် မပျက်မကွက် ကျောင်းအပ်နှံပေးကြရမည် ဖြစ်သည်။ ပညာရှာလူငယ်များအနေဖြင့်လည်း အပြိုင်အဆိုင်ပို၍မြင့်မားလာသော ယနေ့ကမ္ဘာတွင် သာမန်ထက်ထူးချွန်သည့် လူရည်ချွန်ပညာတတ်ကြီးများဖြစ်လာစေရန်   ကိုယ်တိုင်ကြိုးစားလေ့လာ သင်ယူကြရန် လိုအပ်သည်။ ပညာရလာလျှင် ၎င်းပညာဖြင့်  အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိမြင်တတ်လာသည်။ ပညာမရှိလျှင် မျက်မမြင်နှင့်အလားတူ၍ စမ်းတဝါးဝါးဖြင့် လိုရာမရောက်ဘဲ ဒုက္ခအဖုံဖုံကြုံရသလို အရာရာတွင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မရှိသဖြင့် နောက်ဆုံးဒုက္ခအတွင်း၌သာ  နစ်မြုပ်ရသည်။  ထို့ကြောင့် အရာရာတွင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိတတ်သော ပညာရှိရန်လိုအပ်၍ ပညာဖြင့်ကျိုးကြောင်းသိမြင်ကာ အရာရာဆောင်ရွက်လုပ်ကိုင်သွားမှသာ ချမ်းသာ သုခရရှိနိုင်မည် ဖြစ်သည်။

ပညာအခြေခံ လူ့စွမ်းအားအရင်းအမြစ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်နိုင်ငံလုံး   အသိပညာ၊  အတတ်ပညာမြင့်မားတိုးတက်စေရေး၊    ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကား လာစေရေးအတွက်  လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို  အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာမည့် ကျောင်းနေအရွယ် ကလေးအားလုံးကို မြေတောင်မြှောက်ပေးလျက်ရှိသည်။  နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျသဖြင့် ပညာကို အဓိကတည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ် ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။  ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပညာတတ်များ ပေါကြွယ်ဝရေးကို နိုင်ငံတော်က ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အခြေခံပညာသည် နိုင်ငံ့သားကောင်းဖြစ်မြောက်ရေးအတွက် တာဝန်ယူပြုစုပျိုးထောင်ပေးရသော ပညာရေး ဖြစ်သည်နှင့်အညီ  “ဗလငါးတန်” နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းဖြစ်လာစေရန် အခြေခံပညာ မူလတန်းအဆင့်၊   အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် အဆင့်အလိုက် သင်ယူသူတို့၏ ဗီဇ၊ အထုံ၊ ဝါသနာ၊ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့အလျောက် အခြေခံပညာသင်ယူသူတစ်ဦးချင်းစီအလိုက်  ခံယူနိုင်မှုစွမ်းဆောင်ရည်တို့အရ ကြိုးစားအားထုတ်သင်ယူစေရန်ဖြစ်သည်။

“ပညာရေးကို ပညာရေးနှင့်ဆက်နွှယ်ပတ်သက်သူများအားလုံး ပေါင်းစု တာဝန်ယူဆောင်ရွက်ရမည်” ဟူသော  အခြေခံသဘောတရားတစ်ရပ်ရှိသည်နှင့်အညီ  ကလေးများကျောင်းနေမြဲရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်   ဆရာများ၊  ကျောင်းအုပ်များ၊ ပညာရေးကြီးကြပ်သူများ၊ မိဘနှင့် ရပ်ရွာလူထုများ၊ ကျောင်းသားများ၊ ပညာရေးတွင် ပါဝင်ပတ်သက်သူများအားလုံးပေါင်းစု၍ အကောင်အထည်ဖော်ရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ပညာရေးမျှော်မှန်းချက်သည် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း  အနည်းဆုံး  KG+9  (အခြေခံပညာ အလယ်တန်းအဆင့် ) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးပင်ဖြစ်သည်။  အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူမှသာ သက်မွေးပညာသင်တန်းကျောင်းများသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည့်အတွက် အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သည့် ကျောင်းသားများ၏ဘဝအတွက်    အာမခံချက်ပင်ဖြစ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့်   Grade-9 အောင်မြင်ပြီးမြောက်သည်အထိ ကျောင်းထားနိုင်ရေး ဦးစွာရည်မှန်းထားရန်လိုအပ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိပါက  အခြေခံပညာမူလတန်း၊ အလယ်တန်း၊  အထက်တန်းအဆင့်နှင့်အညီ ကျွမ်းကျင်တတ်မြောက်ရမည့် အသိပညာဗဟုသုတများ  ပြည့်ဝနေရန်အတွက်  သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ   ဖန်တီးပေးခြင်းဖြင့် ကျောင်းနေပျော်၍ စာတတ်မြောက်သော၊ စာတော်သော ကျောင်းသားလူငယ်များ၊ နိုင်ငံ၏အနာဂတ်သားကောင်းများပေါ်ထွန်းလာမည်ဖြစ်သည်။

ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရပညာရေးဆိုသည်မှာ  အမျိုးမျိုးသော  သင်ယူလေ့လာမှု နည်းလမ်းများမှတစ်ဆင့်    ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများပင်ဖြစ်သည်။ လူတစ်ယောက်သည် ပညာကို မွေးကင်းစအရွယ်မှစပြီး ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရခြင်းဖြစ်သည်။  ပညာကိုသင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့်ပညာနှင့် ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည် ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး လူ့အသိုက်အဝန်းကို အထောက်အကူပြုစေနိုင်မည် ဖြစ်သည်။       ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာတတ်မြောက်မှုကိုသာမက     Personal Skills ဟုခေါ်သည့် ပင်ကိုအရည်အသွေး၊ ကိုယ်ရည်ကိုယ်သွေးများကို      ဘက်စုံမြှင့်တင်ပေးသကဲ့သို့ စဉ်းစားတွေးခေါ်မှု  (Critical Thinking) ၊ ပြဿနာဖြေရှင်းမှု (Problem Solving)၊ တီထွင်ဖန်တီးမှု (Creativity)၊  ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊  ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical Skills)၊ ပူးပေါင်းဆောင်ရွက်မှု  (Collaboration)၊  အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social Skills)၊ စိတ်ခံစားချက်နားလည်မှု (Emotional Intelligence)၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာအပြုအမူ ( Ethical Behavior )၊ ဦးဆောင်တတ်မှု (Leadership )အစရှိသည့်  ဘက်စုံကျယ်ပြန့်သည့် အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အသိပညာ၊ အတတ်ပညာများကို ပြည့်စုံစေမည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   ဘက်စုံပညာရေးသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်၌   ပါဝင်နေပြီး ဘက်စုံပညာ ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏  ရပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်ကြသည်နှင့်အညီ  ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊  အတတ်ပညာ၊  ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့်  လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့်    ဘက်စုံပညာရေးကဏ္ဍကို  မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက  အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင် ကျောင်းမနေခဲ့ရဘဲ  စာတတ်မြောက်ခြင်းမရှိသေးသည့် ကျောင်းနေ အရွယ်လွန်ကလေးများကို  တစ်ယောက်မျှမကျန်ရအောင်   ကောက်သင်းကောက်ယူပြီး စာသင်ပေးလျက်ရှိသည်။ ထိုသို့ကျောင်းပြင်ပနှင့်် တစ်သက်တာပညာရေးဦးစီးဌာနက  ဆောင်ရွက်ပေးခြင်းဖြင့်  ကျောင်းနေအရွယ် လွန်သက်ကြီးစာမတတ်သူများ    လုံးဝပပျောက်သွားမည်ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့် မရခဲ့သည့် စာမတတ်သူ ကျောင်းနေအရွယ်လွန်များ ပပျောက်သွားမှသာ စာမတတ်သူ လုံးဝ ပပျောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေအရွယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးကို   အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယနေ့ ကျောင်းနေအရွယ်လူငယ်မောင်မယ်များသည် မကြာမီကာလတွင် တစ်ဦးချင်းစီ၏ တာဝန်များ၊ မိသားစု၏တာဝန်များ၊ ရပ်ရွာ၏တာဝန်များ၊ လူမှုအဖွဲ့အစည်း၏တာဝန်များ၊    နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရတော့မည်ဖြစ်သည်။ ထိုသို့သောတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက်   အခြေခံပညာကျောင်းများသည် ကျောင်းသားများကို   ပညာအခြေခံကောင်းများနှင့်အတူ “ ပညာပြည့်ဝ နှလုံးလှ” သူများဖြစ်ပေါ်လာအောင်သင်ကြားပေးလျက်ရှိသည်။  ကျောင်းသားလူငယ်များအနေဖြင့်လည်း  စာသင်ခန်းကရသော ပညာနှင့် ရောင့်ရဲတင်းတိမ်မနေဘဲ စဉ်ဆက်မပြတ် လေ့လာအားထုတ် နေကြရမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိပြီး အောင်မြင်သောဘဝတစ်ခုဖြစ်စေရန် အချိန်မဖြုန်းဘဲ   ပညာကိုကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်သည်။ ထို့ကြောင့် အဓိကဖန်တီးရှင်ဖြစ်သော ပျိုးထောင်သူ    မိဘများအနေဖြင့်လည်း   မိမိ၏စေတနာနှင့် အမြော်အမြင်သည် အထူးအရေးကြီးလှသည်။    သားသမီးများကို    စာသင်ခန်းနှင့် နီးသည်ထက်နီးအောင်    ကျောင်းရှိရာအရပ်သို့  ပို့ဆောင်ပေးခြင်းဖြင့် မိမိ၏ရင်သွေး ကျောင်းနေအရွယ် ကလေးများ၏ နောင်ရေးစိတ်အေးရအောင်၊ ပညာရေးဝန်းကျင်ကောင်းတစ်ခုဖြစ်အောင်   မိဘ၊  ဆရာ၊ ကျောင်းသားဆိုသည့် ဒေါက်တိုင်သုံးခုဖြင့်  အချိန်အခါမလင့်စေဘဲ ကျောင်းတက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်သည်။    ။

ဆုလတ်မေ

ရောင်စုံပန်းများပွင့်လန်းဖို့ မြေတောင်မြှောက်ကာပျိုးထောင်စို့
-

ရာသီကားမိုးရာသီဖြစ်သကဲ့သို့ပတ်ဝန်းကျင်ရှိ သစ်ပင်၊ သစ်ရွက်၊ သစ်ခက်ကလေးများသည် စိမ်းလန်းစိုပြည်လန်းဆန်းနေသည့်အပြင် ဝတ်ရည်ထုံမွမ်းသည့် ပန်းရနံ့တို့သည်လည်း ဝန်းကျင်တစ်ခို မွှေးပျံ့သင်းကြိုင်နေပေသည်။ ထိုသို့သောအခါသမယတွင် သစ်ပင်ပန်းပင်တို့သည် နှစ်ဟောင်းမှရွက်ဟောင်းများကို ကြွေကျ၍ ဝတ်ရုံလွှာကိုချွတ်ကြကာ နှစ်သစ်ကို  အားသစ်အင်သစ်ဖြင့် စိမ်းစိမ်းစိုစို ပြန်လည်လန်းဆန်းအသက်ဝင်လျက်ရှိသည်။ ထို့အတူပင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများဖြစ်ကြသော အနာဂတ်၏ကြယ်ပွင့်ကလေးများသည်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တစ်နှစ်ကို ကုန်ဆုံးလွန်မြောက်၍ နွေရာသီပိတ်ရက်တို့တွင် အနားယူခဲ့ကြပြီးဖြစ်ရာ ၂၀၂

ရာသီကားမိုးရာသီဖြစ်သကဲ့သို့ပတ်ဝန်းကျင်ရှိ သစ်ပင်၊ သစ်ရွက်၊ သစ်ခက်ကလေးများသည် စိမ်းလန်းစိုပြည်လန်းဆန်းနေသည့်အပြင် ဝတ်ရည်ထုံမွမ်းသည့် ပန်းရနံ့တို့သည်လည်း ဝန်းကျင်တစ်ခို မွှေးပျံ့သင်းကြိုင်နေပေသည်။ ထိုသို့သောအခါသမယတွင် သစ်ပင်ပန်းပင်တို့သည် နှစ်ဟောင်းမှရွက်ဟောင်းများကို ကြွေကျ၍ ဝတ်ရုံလွှာကိုချွတ်ကြကာ နှစ်သစ်ကို  အားသစ်အင်သစ်ဖြင့် စိမ်းစိမ်းစိုစို ပြန်လည်လန်းဆန်းအသက်ဝင်လျက်ရှိသည်။ ထို့အတူပင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများဖြစ်ကြသော အနာဂတ်၏ကြယ်ပွင့်ကလေးများသည်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တစ်နှစ်ကို ကုန်ဆုံးလွန်မြောက်၍ နွေရာသီပိတ်ရက်တို့တွင် အနားယူခဲ့ကြပြီးဖြစ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တစ်နှစ်၏ အစကနဦးကို အားမာန်အပြည့်ဖြင့် ရွှင်လန်းတက်ကြွစွာ ချီတက်ကြရန်အသင့်ဖြစ်နေကြပေပြီ။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ကာ ကျောင်းအပ်နှံရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။

ဥယျာဉ်မှူးသည် မိမိ၏ဥယျာဉ်အတွင်းမှ ရောင်စုံပန်းကလေးများလှပစေရန် ပေါင်းသင်ခြင်း၊ လိုအပ်သည့် အာဟာရဆေးများပက်ဖျန်းပေးခြင်း၊ ဖျက်ဆီးတတ်သော  ပိုးကောင်များရန်မှ  ကင်းဝေးစေရန် ပိုးသတ်ဆေးဖျန်းပေးခြင်း စသည်တို့ကို ပြုလုပ်နေပါမှ ရောင်စုံပန်းများ လှပတင့်တယ်မွှေးကြူရပေသည်။ အနာဂတ်ကိုပုံဖော်စွမ်းဆောင်နိုင်မည့် လူငယ်လေးများကိုလည်း ဥယျာဉ်မှူးကောင်းများကဲ့သို့ မိဘများ၊ ဆရာများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးပါမှ မှန်ကန်သောလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနိုင်စေရန်အတွက် မိဘ၊ ဆရာ၊ ပြည်သူလူထုတို့အားလုံးစုပေါင်း၍ မြေတောင်မြှောက်ကာပျိုးထောင်ပေးကြရမည်ဖြစ်သည်။

မည်မျှပင် မျိုးစေ့ကောင်းမွန်နေသောအပင်ဖြစ်ပါစေ ရေခံမြေခံကောင်းတွင် စိုက်ပျိုးပါမှ၊ ဘေးပယောဂအနှောင့်အယှက်အဖျက်အဆီးများကင်းစင်ပါမှ အပင်သန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားလူငယ်လေးများအတွက်လည်း ကောင်းမွန်သောပတ်ဝန်းကျင်ရှိနေစေရန် အထူးအရေးကြီးသည်။

“ပညာမြင့်မှ လူမျိုးတင့်” နိုင်ပေမည်။ လူမျိုးတင့်နိုင်စေရန်အတွက်  ကျောင်းသားလူငယ်လေးများ ပညာရည်မြင့်မားလာစေရန် အဘက်ဘက်မှဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် မိဘများဘက်မှ ငွေကြေးချို့တဲ့ကာ ကျောင်းအပ်နှံမှုမပြုနိုင်ခြင်းတို့ မရှိကြစေရန် ကျောင်းလခ၊ မိဘ၊ဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့်စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိပါချေ။ ထို့ပြင် KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် စာရေးကိရိယာများ အခမဲ့ပေးဝေကာ KG မှ Grade-5အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ တစ်စုံစီကိုလည်း အခမဲ့ပေးထားသည်ဖြစ်ရာ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးကိုအထိုက်အလျောက်လျော့ကျစေရန် ကူညီပေးထားခြင်းပင်ဖြစ်သည်။

ဥယျာဉ်တစ်ခု စိမ်းစိုလှပ သင်းပျံ့ကြိုင်လှိုင်နေစေရန်အတွက် ရေခံမြေခံကောင်းရှိရန်လိုအပ်သကဲ့သို့ နေရောင်ခြည်ရရှိမှု၊ လေဝင်လေထွက်ကောင်းမွန်မှု၊ အဖျက်ပိုးများကင်းစင်မှု၊ အားအင်ပြည့်ဝမှု စသည်ဖြင့် ဘက်စုံထောင့်စုံမှ ပံ့ပိုးမှုတို့ရှိမှသာ အောင်မြင်ကျန်းမာသော  ပန်းခြံကြီးဖြစ်ပေလိမ့်မည်။  နိုင်ငံတစ်နိုင်ငံ အတွက်ဖြစ်စေ၊ လူတစ်ဦးအတွက်ဖြစ်စေတိုးတက်ဖွံ့ဖြိုးစေရန်ကား ပညာရေးသည် အရေးကြီးဆုံးအခန်းကဏ္ဍပင်ဖြစ်သည်။ အသိဉာဏ်ပညာ၊ ဗဟုသုတများ ရှာမှီးနိုင်စေရန် တစ်ခုတည်းသောနေရာသည်ကား စာသင်ကျောင်းများပင်ဖြစ်သည်။ စာပေပညာများကိုသင်ယူပါမှ  အကြောင်းအကျိုး၊  အကောင်းအဆိုးခွဲခြားတတ်ကာ ဘဝလှပမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အားထားဖွယ် လူငယ်၊ လူရွယ်များ ဖြစ်လာနိုင်မည်ဖြစ်သည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို  “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်ချမှတ်ကာ ကျောင်းအပ်နှံရေးအစီအစဉ်များကို အစိုးရနှင့် ပြည်သူလူထုတို့ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်နှစ်သည်းချာဖြစ်သော၊ တန်ဖိုးမဖြတ်နိုင်သော သားသမီးရတနာလေးများကို အရောင်တောက်ပလာစေရန် ဖော်ဆောင်ပေးနိုင်သည့် ပညာရှာမှီးရာနေရာဖြစ်သော စာသင်ကျောင်းများသို့ အပ်နှံပါမှ ကလေးများအသိပညာရရှိမည်ဖြစ်သည်။ အသိပညာရှိလာပါမှ နိုင်ငံတော်၏အနာဂတ်ကို လှပစွာပုံဖော်ဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်သည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဖြစ်သော သားကောင်း၊ သမီးကောင်း ရတနာများအား လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်စေရန် တက်ညီလက်ညီဝိုင်းဝန်းကူညီပေးကြရမည်ဖြစ်သည်။

လောကကြီးတွင် ပန်းအမျိုးပေါင်းလည်း လွန်စွာများပြားစုံလင်လှပသည်။ မည်သို့ပင်ဆိုစေကာမူ ပန်းတိုင်းတွင်ကား  သူ့အလှတရားနှင့်သူ ရှိနေကြစမြဲပင်ဖြစ်သည်။ ထိုအလှတရားများကိုပေါ်လွင်စေရန်၊  ပိုမိုလှသည်ထက်လှပနိုင်စေရန်  ပြုပြင်ထိန်းသိမ်းပုံဖော်မှုပြုသည့် ဥယျာဉ်မှူးကောင်းရှိရန်မှာလည်း လွန်စွာအရေးကြီးလှပေသည်။ နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော  လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးရာတွင် ဆရာသည် အခရာဖြစ်သည်။

နိုင်ငံ့လူ့အဖွဲ့အစည်း၏ မျိုးဆက်တိုင်း တော်တည့် ကောင်းမွန်နေစေရန် ပြုစုပျိုးထောင်ခြင်းသည် ဆရာ၏ ပညာအရည်အချင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာထားကာ ကြိုးစားပုံဖော်ပေးမှုတို့အပေါ်တွင်တည်မှီနေသည်။“တပည့်များစွာ၊ ငါ့ထက်သာ၍၊ နေရာတိုင်းမှာအရေးပါ”စေရန်ဥယျာဉ်မှူးနှင့်တူသော ဆရာများကပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။

ထိုသို့ အရေးပါလှသော ဆရာတို့၏ အခန်းကဏ္ဍကို မြင့်မားတိုးတက်စေရန်အတွက်လည်း နိုင်ငံတော်မှ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ သည်။ အနာဂတ်၏တာဝန်များကို ပခုံးပြောင်းယူကြရမည့်ကျောင်းသားလူငယ်များကို စည်းကမ်းရိုသေသူများ၊ ပညာပြည့်ဝသူများ၊ တွေးခေါ်စဉ်းစားတတ်သူများ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းသူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။

ထိုသို့   လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် “ပညာသည်သာ အခရာ”ဖြစ်၍ ပညာရှာမှီးနိုင်ရာ စာသင်ကျောင်းများသို့ ကျောင်းအပ်နှံခြင်းဖြင့် မိမိတို့ရင်သွေးများ၏ဘဝခရီးကို ဖြောင့်တန်းစွာ လျှောက်လှမ်းမှုပြုနိုင်စေရန် လမ်းကြောင်းမှန်ပေါ်သို့တင်ပေးရမည်ဖြစ်သည်။

မိုးဦးရာသီတွင် စိမ်းစိုအုံ့မှိုင်းမှုနှင့်အတူ မိုးစက်၊ မိုးပေါက်တို့သည် ပန်းတို့အတွက် လောကဓံတရားဟုဆိုနိုင်သော်ငြား  ထိုလောကဓံကြောင့်ပင် လှပမွှေးပျံ့သော ပန်းပွင့်တို့ကို ဖူးပွင့်နိုင်ကြသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ မိုးရေစက်တို့အကြားဝယ် ဖြူ၊ နီ၊ ပြာ၊ ဝါ ရောင်စုံပန်းတို့၏အလှတရား၊ စိမ်းစိုသော သစ်ရွက်၊ သစ်ခက်တို့၏ အလှတရားများနှင့်အတူ ဇွန်လ  ၂ ရက်မှစတင်၍ ဘဝ၏လှေကားများကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း အားမာန်အပြည့်ဖြင့် ချီတက်လျှောက်လှမ်းကြမည့် ကျောင်းသား၊ကျောင်းသူလူငယ်များ၏ အဖြူ၊ အစိမ်း တူညီဝတ်စုံ ယူနီဖောင်းအလှတရားတို့သည်လည်း နှိုင်းတုမမီနိုင်သော ပန်းချီကားချပ်တစ်ချပ်သဖွယ်ပင် ဖြစ်ပေလိမ့်မည်။ ထိုတူညီဝတ်စုံဝတ်ဆင်ထားမှု၏ နောက်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း တိုးတက်ပြောင်းလဲလာပြီး မိမိတို့ဘဝနှင့် နိုင်ငံတော်အတွက် အသိပညာများကြွယ်ဝကြကာ ဗလငါးတန်နှင့်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကလေးများ ဖြစ်ထွန်းပေါ်ပေါက်လာကြရခြင်းပင်ဖြစ်သည်။  ထိုသို့ လူ့စွမ်းအားအရင်းအမြစ်များကို မြေတောင်မြှောက်ပေးနိုင်စေရန်အတွက် ကျောင်းအပ်နှံကြရမည်ဖြစ်သည်။

"Education breeds confidence. Confidence breeds hope. Hope breeds peace." “ပညာရေးက ယုံကြည်မှုကို မွေးဖွားပေးတယ်။ ယုံကြည်မှုက မျှော်လင့်ချက်ကိုမွေးဖွားတယ်။ မျှော်လင့်ချက်က ငြိမ်းချမ်းရေးကိုမွေးဖွားတယ်” ဟု  ကွန်ဖြူးရှပ်သင်ကြားပေးခဲ့သော ပညာရေးဆိုင်ရာဒဿနများက ဖော်ပြပေးနေသည်မှာ  အမှန်ပင်ဖြစ်သည်။ နိုင်ငံတစ်ဝန်းကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် နိုင်ငံတော်၏ ရည်မှန်းချက်မှာ “ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး နှင့်အနည်းဆုံး ကျောင်းသား၊ ကျောင်းသူတိုင်း KG+9 ပြီးမြောက်ရေးဖြစ်သည့်အတွက်   ကျောင်းအပ်နှံရာတွင်   ငွေကုန်ကြေးကျမရှိစေရန်၊   ပညာရည်မြင့်မားစေရန် ဆောင်ရွက်ပေးထားသည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း  ကျောင်းအပ်နှံနိုင်ကြစေရန် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ Grade-9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများလည်း ဖွင့်လှစ်ပေးပြီး နိုင်ငံ့သားကောင်းရတနာလေးများအတွက် အခွင့်အလမ်းများစွာကို  နိုင်ငံတော်မှ  ဖန်တီးပေးထားခြင်းဖြစ်သည်။

နိုင်ငံအတွင်းဆင်းရဲမှုလျှော့ချပြီး  လူမှုစီးပွားဘဝများ တိုးတက်လာစေရန် ပြည်သူများ၏ ပညာရည်မြင့်မားရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် မြို့ပေါ်နေပြည်သူများသာမက ကျေးလက်နှင့် ဝေးလံခေါင်ဖျားဒေသများတွင်ရှိသည့် ပြည်သူလူထုများပါမကျန်  ပညာတတ်မြောက်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့်ကျောင်းနေအရွယ်ကလေးများအားလုံး စာသင်ကျောင်းသို့ရောက်ရှိ  အပ်နှံလာစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှုမဆုံးရှုံးစေရေး၊   အချိန်မတိုင်မီကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းအပ်နှံမှုနှုန်းမြင့်မားလာစေရေးတို့အတွက် မိဘ၊ ဆရာ၊ ရပ်ရွာလူထု၊ ဌာနဆိုင်ရာများသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

သိမ့်(ပညာရေး)

ပညာနှင့်ဘဝ တစ်ထပ်တည်းကျသည့် ပညာတတ်များရှိမှသာလျှင် …
-

လူတစ်ဦးရဲ့ ဘဝတန်ဖိုးကို ပညာနဲ့သာတိုင်းတာတဲ့အတွက် လူတိုင်းပညာတတ်ဖြစ်အောင် ကြိုးစားကြရတယ်။ ပညာကတည်ငြိမ်တဲ့လမ်းကို ခင်းပေးနိုင်လို့ဖြစ်ပါတယ်။ ဒီလမ်းကသွားမလား၊ ဟိုလမ်းကသွားမလား လမ်းကြောင်းမှန်အောင် ပြပေးနိုင်တယ်။ အမှောင်ထုကြား အလင်းဓာတ်ပေး၊ အန္တရာယ်မရှိအောင် ကာကွယ်ပေးတယ်။ ကောင်းခြင်းနဲ့ မကောင်းခြင်းအကြား၊ အမှန်နဲ့အမှားကြားကောင်းတာ၊ မှန်တာကိုသာ ရွေးချယ်ခွင့်ပေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကိုင်တတ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင်လည်း အခွင့်အရေးပေးတယ်။ ဒါကြောင့်ပဲ ပညာအခြေခံမယ့်လမ်းမှန်မှာ လမ်းမပျောက်အောင် လျှောက်လှမ်းမယ့်သူတွေအတွက် ဘဝရှင်သန်ရပ်တည်မှုအာမခံချက်က ပညာပဲဆိ

လူတစ်ဦးရဲ့ ဘဝတန်ဖိုးကို ပညာနဲ့သာတိုင်းတာတဲ့အတွက် လူတိုင်းပညာတတ်ဖြစ်အောင် ကြိုးစားကြရတယ်။ ပညာကတည်ငြိမ်တဲ့လမ်းကို ခင်းပေးနိုင်လို့ဖြစ်ပါတယ်။ ဒီလမ်းကသွားမလား၊ ဟိုလမ်းကသွားမလား လမ်းကြောင်းမှန်အောင် ပြပေးနိုင်တယ်။ အမှောင်ထုကြား အလင်းဓာတ်ပေး၊ အန္တရာယ်မရှိအောင် ကာကွယ်ပေးတယ်။ ကောင်းခြင်းနဲ့ မကောင်းခြင်းအကြား၊ အမှန်နဲ့အမှားကြားကောင်းတာ၊ မှန်တာကိုသာ ရွေးချယ်ခွင့်ပေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကိုင်တတ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင်လည်း အခွင့်အရေးပေးတယ်။ ဒါကြောင့်ပဲ ပညာအခြေခံမယ့်လမ်းမှန်မှာ လမ်းမပျောက်အောင် လျှောက်လှမ်းမယ့်သူတွေအတွက် ဘဝရှင်သန်ရပ်တည်မှုအာမခံချက်က ပညာပဲဆိုတာကို အသိအမှတ်ပြုနိုင်စွမ်းရှိရန်က အဓိကလိုအပ်ချက်ဖြစ်သွားပါပြီ။

သညာသိနှင့် ပညာသိ

ဒီနေရာမှာ သညာသိနဲ့ပညာသိကိုတော့ ကွဲပြားစေချင်တယ်။ သညာသိနဲ့ ပညာသိမှာ မှတ်သိ၊ ဖတ်သိ၊ ဘွဲ့ရအသိနဲ့ သညာသိအမှတ်လောက်နဲ့ မိမိကိုယ်မိမိ မရောင့်ရဲ၊ မတင်းတိမ်စေချင်ပါ။ သညာသိလောက်နဲ့ ရပ်နေတဲ့အတွက် ပညာမပြည့်ဝခြင်းရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို ယနေ့ကျွန်တော်တို့ ခံစားနေကြရတယ်။ ဒါကြောင့် ပညာသိအထိ လှမ်းစေချင်တယ်။ ဘာတွေကွာခြားသွားလို့ပါလဲ၊ ဗုဒ္ဓတရားတော်အရဆို သညာသိနဲ့ ပညာသိကြားမှာ ဝိညာဏ်သိဆိုပြီးတောင် နာယူခဲ့ဖူးပါတယ်။

ဒီနေရာမှာတော့ ရတနာကို ရတနာထိုက်မှန်းမသိ၊ အတုအစစ်မှန်းမသိတဲ့ သညာသိနဲ့ အတုအစစ်ခွဲခြားတတ်ပြီး ရတနာကို ရတနာမှန်းသိတဲ့ ပညာသိဆိုတဲ့ အသိနှစ်မျိုးကို အရိပ်မျှ ခွဲခြားနိုင်ရင်ရပါပြီ။ ဆင်ခြင်စဉ်းစား သုံးသပ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားနိုင်စွမ်း၊ အကြောင်းအကျိုးဆက်စပ်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိပြီး အဆုံးအဖြတ်ပေးနိုင်စွမ်းအထိကို ပညာသိကလမ်းပြပေးပါတယ်။ သညာသိမှာက လက်တွေ့မပါတဲ့ သီအိုရီအသိနဲ့တင် ပြီးပြည့်စုံနေတယ်။ စာမေးပွဲရလဒ်နဲ့တင် ကျေနပ်နေတာမျိုးဖြစ်လိမ့်မယ်။ ဒါကြောင့် ပညာသိဖြစ်အောင် ကြိုးစားကြပါဆိုပြီး တိုက်တွန်းနေကြခြင်း ဖြစ်ပါတယ်။

စာထဲမှ အမှန်တရားဆိုတာ

သညာသိနဲ့မတူတဲ့ ပညာသိဆိုတဲ့အရည်အချင်းကို တန်းတက်ဘွဲ့ရရုံနဲ့မပြီးဘဲ မိမိပညာကိုတိုးတက်ပွားများနေအောင် ဆက်လက်ဆည်းပူးလေ့လာဖတ်မှတ်အသုံးချခြင်းကနေ ရယူရပါမယ်။ မိမိရထားတဲ့ဘွဲ့ကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်အောင်ကြိုးစားကြည့်ပါ။ စာသိနဲ့လက်တွေ့ကို ပေါင်းစပ်အသုံးချနိုင်ခြင်းက အတွေ့အကြုံကောင်းကို ပေးပါတယ်။ ဒီအတွက်လည်း မဖြစ်မနေစာများများဖတ်ရမှာဖြစ်ပြီး အစောပိုင်းငယ်ငယ်ရွယ်ရွယ်ဘဝမှာကတည်းက ရသမျှအရင်းအမြစ် စာပေမျိုးစုံကနေ ဖတ်နိုင်သမျှဖတ်မှတ်နိုင်သမျှ မှတ်သင့်ပါတယ်။

နောက်တော့ ဘယ်လိုစာပေမျိုးက ကောင်းသလဲ၊ မှန်သလဲ စူးစမ်းလေ့လာလိုစိတ်နဲ့ ဖတ်တတ်၊ မှတ်တတ်အောင်ကြိုးစားရမယ်၊ ဘယ်သူရေးတဲ့စာက ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကိုဘယ်လိုအကျိုးပြုနေသလဲ၊ လေ့လာနိုင်သမျှလေ့လာပြီး တန်ဖိုးသိလာရင် သုတအရာမှာ စွယ်စုံဖြစ်လာပါလိမ့်မယ်။ မိမိဖတ်မှတ်ပြီးသား စာပေကနေအဆီအနှစ်ကို ကောက်နုတ်ပြီး လက်တွေ့အခြေအနေနဲ့ ကိုက်ညီဆီလျော်မှု ရှိ၊ မရှိ တိုင်းတာတွက်ချက်နိုင်လေ လက်တွေ့နယ်ပယ်မှာ မိမိပညာကို ပိုပိုအသုံးချနိုင်လေပါပဲ။ စာထဲမှ အမှန်တရားကို ရှာဖွေနိုင်ခြင်းဆိုတာ ဒီအချက်ကို ဆိုလိုတာဖြစ်ပါတယ်။

ပညာရှိနှင့် ပညာရှင်ဆိုတာ

ဒီလိုနဲ့ ဖတ်ရင်း၊ မှတ်​ရင်း၊ လေ့လာရင်းကနေဘာပြဿနာဖြစ်ဖြစ် ခွဲခြမ်းစိတ်ဖြာတတ်လာမယ်၊ အစွန်းနှစ်ပါးရှောင်တတ်လာမယ်၊ မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်တတ်၊ မြင်တတ်လာပြီး အနာဂတ်ကို ခန့်မှန်းတတ်လာမယ်၊ အခြေအနေအရပ်ရပ်အပေါ် သုံးသပ်တတ်လာတယ်။ သုံးသပ်ချက်နဲ့အညီ တွေ့ရှိချက်ကို လက်တွေ့အခြေအနေနဲ့ ချိန်ထိုးလာနိုင်တဲ့အခါ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှား၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး မြင်လာမယ်။ အမှန်မြင်ရင် အမှားလုပ်ဖို့ ဝန်လေးလာခြင်းဟာ ဆင်ခြင်တုံတရားပါပဲ။ အမှားနည်းအောင်နဲ့ အမှန်များလာဖို့အတွက် သူသိထားသမျှ သူတတ်ထားသမျှ လူ့အဖွဲ့အစည်းထဲမျှဝေလို စိတ်ဟာ အလိုလိုဖြစ်လာသလိုပါ။

အဆိုးနည်းပြီးအကောင်းများတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်သူ၊ စံနမူနာယူထိုက်သူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များစွာရှိပါတယ်။ သူတို့ဟာ သူတို့ ကျင်လည်နေတဲ့ လူ့အဖွဲ့အစည်းကို ကျန်းကျန်းမာမာရှိစေချင်တယ်၊ သန့်သန့်ရှင်းရှင်းရှိစေချင်ကြတဲ့အတွက် တာဝန်ရှိ စိတ်နဲ့ တာဝန်ယူပေးဖို့ဝန်မလေး၊ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ တာဝန်ယူဖို့ အသင့်ရှိနေကြပါတယ်။ တစ်နည်းအားဖြင့် မိမိပညာကို သိနေရုံနဲ့ မပြီးရှိနေအောင်၊ ရှိနေရုံနဲ့မပြီး လက်တွေ့မှာ အသုံးချနိုင်အောင်နဲ့ ထာဝရရှင်သန်နေတဲ့ပညာဖြစ်အောင် လုပ်နိုင်စွမ်းသူကိုသာ ပညာရှိတစ်ဦး၊ ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ကြပါတယ်။

ဒါကိုပဲ ပညာသိ သိတဲ့ ပညာရှိ၊ ပညာရှင်အဖြစ် မှတ်ယူကြရအောင်ပါ။ ပညာမြင့်မှ ပွဲလယ်တင့်မယ်၊ ပညာမြှင့်မှ လူမျိုးမြင့်မယ်ဆိုတာ ဒီအချက်ကို ဆိုလိုတာပါ။ ဒီအဆင့်၊ ဒီလယ်ဗယ်အထိ သွားနိုင်မှသာ ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီးက တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်လို့ ယုံကြည်မိပါတယ်။

ဒါမှလည်း ပညာရဲ့အဓိပ္ပာယ်က ပြည့်ဝနေမှာ ဖြစ်သလို ပညာရဲ့တန်ဖိုးက မြင့်မားနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်ဆရာ ဆရာမကြီးတွေ၊ နိုင်ငံအကြီးအကဲတွေ၊ မိဘတွေက သူ့အတိုင်းအတာနဲ့သူ မိမိတို့ရင်သွေးတွေကို ပညာတတ်အောင်သင်ပြီး ပညာတတ်တွေဖြစ်ဖို့၊ ပညာရှင်တွေဖြစ်ဖို့ အဆင့်လိုက် ကျရာကဏ္ဍကနေ တတ်နိုင်သမျှအခွင့်အလမ်းတွေ ပေးနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေက မိမိတို့ရင်သွေးတွေကို ကျောင်းအပ်ကျောင်းထားကြဖို့၊ လူငယ်တွေအနေနဲ့လည်း ကျောင်းဆက်တက်ကြဖို့ ကျောင်းမထွက်ကြဖို့ ယခုလို စဉ်ဆက်မပြတ် ပညာပေးနှိုးဆော်တိုက်တွန်းကြခြင်းဖြစ်ပါတယ်။

လူမှုစီးပွားမဖွံ့ဖြိုးမှု၊ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေဟာ ပညာရေးအားနည်းမှုနဲ့ ဆက်စပ်နေတဲ့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းကနေ လိုအပ်နေသေးတဲ့ ဖွံ့ဖြိုးမှုကွက်လပ်များစွာကို ဖြည့်ဆည်းသွားရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ သဘာဝဘေး၊ ရောဂါဘေး၊ လူကြောင့်ဖြစ်ရတဲ့ လူလုပ်ဘေးဒဏ်တွေကြောင့်ဖြစ်ရတဲ့ အခက်အခဲတွေ၊ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေအနည်းနဲ့အများ ဆီးကြိုနေလင့်ကစား ပညာသင်ယူလိုစိတ်ဖြစ်နေအောင် မပြတ်နှိုးဆော်တိုက်တွန်းနေရမှာဖြစ်ပါတယ်။

လူတော်လူကောင်းဖြစ်ဖို့ရန်

ဒီနေရာမှာ ယုံကြည်ချက်၊ ခံယူချက်နဲ့ ဝီရိယစိုက်ထုတ်စွမ်းအားတွေက အရေးကြီးသွားပါပြီ။ ငါတို့စာတတ်မှရမယ်၊ ပညာတတ်မှ လူရာဝင်မယ်၊ ပညာရှိမှ အများအကျိုး ထမ်းနိုင်မယ်၊ ပညာရှင်ဖြစ်မှ မိမိတည်ဆောက်လိုတဲ့လူ့အဖွဲ့အစည်း၊ မိမိပုံဖော်လိုတဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်မယ်၊၊ အနည်းဆုံးတော့ မိမိမိသားစုအတွက် အကျိုးပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး၊ ဒီလိုယုံကြည်ချက်ကောင်းရှိခဲ့ရင် မိမိသွားချင်တဲ့ပန်းတိုင် မိမိရောက်ချင်တဲ့အိပ်မက် မရရအောင်လုပ်မယ်ဆိုတဲ့ ခံယူချက်မျိုးဖြစ်လာဖို့က မခက်ခဲတော့ပါဘူး။

ပညာနဲ့ပတ်သက်တဲ့ ယုံကြည်ချက်၊ ခံယူချက်သာ ခိုင်မာလာခဲ့ရင် လိုအပ်တဲ့ဝီရိယ ကြိုးစားအားစိုက်ထုတ်မှုဆိုတာလည်း အလိုလိုဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ပညာကို အားပေးတယ်ဆိုတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရမယ်။ မိဘဆရာတွေဟာ ကိုယ့်သားသမီးကို တော်နေရုံနဲ့ မပြီး၊ ကောင်းအောင်လည်း လမ်းပြပေးနိုင်တဲ့အထိ တာဝန်ကျေသင့်ပါတယ်။ လူတော်တစ်ယောက်အပြင် လူကောင်းတစ်ယောက်အသွင်ကိုပါ ပုံဖော်ပေးနိုင်မှသာ မိသားစုအတွက်အားကိုးရာဖြစ်ပါမယ်၊ လူ့အဖွဲ့အစည်းအတွက်လည်း တာဝန်ကျေသူ တစ်ယောက်ဖြစ်ပါမယ်။

လူကောင်းဆိုတဲ့လက္ခဏာမှာ ပညာကိုတန်ဖိုးထားခြင်း၊ မင်္ဂလာတရားနဲ့အညီ အသိအလိမ္မာရှိခြင်း၊ အနီးစပ်ဆုံးကိုယ့်မိဘ၊ ကိုယ့်ဆရာသမားကျေးဇူးအထူးသိတတ်ပြီး ရိုသေလေးစားနာခံတတ်ခြင်း၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ဓလေ့စရိုက်တွေကို ဘာသာတရားနဲ့အညီ တန်ဖိုးထားမြှင့်တင်ပေးနိုင်ခြင်း၊ အများအကျိုးဆောင်ခြင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုပြီး တည်ငြိမ်အေးချမ်းအောင် လုပ်နိုင်ခြင်းတွေ ပါဝင်နေပါတယ်။

အချုပ်အားဖြင့်တော့ ယနေ့ ကျောင်းသား အရွယ်လူငယ်၊ လူရွယ်အားလုံးခေတ်အခြေအနေအရ ပညာတတ်တွေဖြစ်အောင် စာကိုသာ ကြိုးစားသင်စေချင်ပါတယ်။ ဆရာ ဆရာမတွေဘက်ကလည်း စေတနာသဒ္ဓါအပြည့်နဲ့ စာတတ်အောင်ကြိုးစားသင်ပေးကြမှာပါပဲ။ လက်ရှိအရှိတရား တွေအရတော့ လူကောင်းလေးတွေဖြစ်လာအောင် လမ်းပြသွန်သင်ပေးဖို့က အဓိကဖြစ်နေတယ်။ ဒါကြောင့် မျိုးဆက်အလိုက် စံနမူနာပြလေးစားထိုက်သူများစွာ မွေးထုတ်နိုင်တဲ့အထိ ကြိုးစားကြရပါမယ်။

အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိသော်ငြား ကျောင်းဖွင့်ရာသီမှာ မိဘတိုင်းက မိမိကလေးတွေကို ကျောင်းအပ်ချင်မယ်ဆိုတာ ယုံပါတယ်။ အရေးကြီးတာက ရခဲတဲ့လူ့ဘဝသက်တမ်းအတွင်း အချိန်ကုန်၊ ငွေကုန်အသက်သာဆုံးနဲ့ ဘွဲ့ရပညာတတ်ဘဝကို မြန်မြန်ရောက်ဖို့၊ ပန်းတိုင်ကိုမျက်ခြည်မပြတ်စေဖို့ သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိပါတယ်။ သို့မှသာ ပညာအခြေခံတဲ့ အသိအတတ်ပညာရှင်တွေနဲ့ မြန်မာတို့ရဲ့ လှပတဲ့အနာဂတ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။ ။

ကိုးကား- MOI

မိုးကေနိုင်

ကလေးငယ်များစာတတ်မြောက်ဖို့ ကျောင်းအပ်နှံကြပါစို့
-

ပညာဆိုသည်မှာ“ခွဲခြားသိမြင်နိုင်သောအသိဉာဏ်၊ အတတ်”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူသားတို့သည်ပညာတတ်မြောက်ပါက တွေ့ကြုံနေရသည့်ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲများကိုကျော်လွှားဖြတ်သန်းနိုင်သည်။  အလုပ်ကိုအလွယ်တကူလုပ်လာနိုင်သည်ကိုလည်း သိရှိလာကြသည်။ ပညာရှိများသည် လုပ်ငန်းအမျိုးမျိုးတွင် ဦးဆောင်သူဖြစ်လာသကဲ့သို့ တွေးခေါ်ဆင်ခြင်တတ်သည့်လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များဖြစ်လာကြသည်။

ပညာတတ်၊ ပညာရှိဖြစ်လာမှုတွင် ပညာရေးသည်အခြေခံကျလှသည်။ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီးသင်ကြားပေးမှု၊သင်ယူမှုတို့ဖြင့် ဆက်နွှယ်နေသောလုပ်ငန်းစဉ်ဖြစ်ပေသည်။ ပညာရေးဆိုသောစကားသည် လက်တင်ဘာသာစကား Educate မှ ဆင်းသက်လာကာ အဓိပ္ပာယ်မှာ“ဦးဆောင်ဦးရွက်ပြုခြင်း”ဆိုသည့်သဘောကိုဆောင်နေသည်။ ထို့ကြောင့် မာန်လည်ဆရာတော်ကြီး၏မဟာသုတကာရီမဃဒေဝလင်္ကာသစ်တွင် “လက်မှုနှုတ်မှု၊ ခုခုပညာ၊ ရှိတုံပါက၊ ရောက်ရာရောက်ရာ၊ အရပ်မှာလျှင်၊ မျက်နှာရွှင်လန်း၊ လနှယ်ဆန်း၍၊ ပန်းသို့လည်းပွင့်၊ ပွဲလယ်တင့်လိမ့်” ဟု ရေးသားခဲ့သည်။

ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များပေါများခြင်းသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏  အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာတတ်မြောက်မှသာ  လူ့ဘဝရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သောလုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးကိုရရှိစေသည်။ စဉ်းစားတွေးခေါ်မှု၊  ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊  တီထွင်ကြံဆတတ်မှုနှင့်ပူးပေါင်းဆောင်ရွက်တတ်မှုတို့ပိုင်ဆိုင်လာသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေသည်။ ဘဝအောင်မြင်မှုရရှိရေးကြိုးစားရာတွင်ပညာသည်အဓိကကျသည်။

ပညာရေးရည်မှန်းချက်ဆိုသည်မှာ လူတစ်ဦး၏အကြံဉာဏ်စိတ်ကူးကိုအခြားတစ်ယောက်ထံသို့ လွှဲပြောင်းပေးမှုကိုခေါ်ဆိုသည်။  မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်ကို လက်ဆင့်ကမ်းနိုင်စွမ်းရှိရမည်။ ပညာရေးနယ်ပယ်တွင် မည်သည့်စနစ်သည် အထိရောက်ဆုံးဖြစ်သည်။ အသိပညာရရှိစေရန် မည်သို့သင်ကြားပေးသင့်သည်။ မည်သည့်အတတ်ပညာသည်အဆီလျော်ဆုံးဖြစ်မည်၊ ရရှိပြီးပညာရပ်ကို မည်သို့ဆက်လက်ထိန်းသိမ်းရမည်ဆိုသောအချက်များအား အလေးထားစဉ်းစားရမည်။ ပညာဗဟုသုတရရှိစေရန် အားထုတ်နေရုံသာမက ၎င်းပညာရပ်သည် ကောင်း၊ မကောင်း၊ မှန်၊ မမှန်ကိုလည်း ဆုံးဖြတ်ရမည်။ပညာရေးတည်ရှိစေရန် စာသင်ကျောင်းဆိုသည်ကလည်းရှိရမည်။

ကမ္ဘာပေါ်တွင် ပညာသင်ကြားပေးရန်နည်းလမ်းအမျိုးမျိုးရှာဖွေရာမှ   စာသင်ကျောင်းဟူ၍ပေါ်ပေါက်လာသည်။ “စာ”ဟူသည်ကား“အက္ခရာအရေးအသား၊ သုတရသဆိုင်ရာအရေးအသား၊ ကျောင်းသင်ပညာရေးဆိုင်ရာအရေးအသား”ဟု  မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားသည်။ 

တစ်နည်းအားဖြင့်   ပညာရရှိစေရန် စာတတ်ရမည်။ စာတတ်စေရန်ကျောင်းနေရမည်။ စာသင်ကျောင်းဆိုသည်မှာ   လူသားများ၏လိုအပ်ချက်ကို ကလေးဘဝမှစတင်၍   နည်းလမ်းအမျိုးမျိုးဖြင့် ပညာပေးဝေသောနေရာတစ်ခုဖြစ်သည်။ ထို့ပြင် ကလေးများစုဝေးပြီး စနစ်တကျပညာသင်ပေးသည့်ဌာနဟုလည်းခေါ်ဆိုကြသည်။   ထို့ကြောင့် ကျောင်းနေခြင်းဆိုသည့်ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင်ထွန်းကားလာသည်။ စာသင်ကြားရာတွင်ကျောင်းသင်ခန်းစာများသင်ယူမှု(Formal Learning)၊ ကျောင်းပြင်ပသင်ယူမှု(Non-Formal Learning)နှင့် အတွေ့အကြုံများမှကိုယ်တိုင်လေ့လာသင်ယူမှု(Informal Learning)ဟူ၍သုံးမျိုးရှိသည်။ ထိုသုံးမျိုးဖြင့်ဘဝတစ်သက်တာလေ့လာသင်ယူသွားကြရမည်ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အတတ်သင်ကျောင်းစသည်ဖြင့်ခေါ်ဆိုကြသော်လည်း  ၎င်းတို့သည် စာသင်ကျောင်းများသာဖြစ်ကြသည်။

ကမ္ဘာပေါ်တွင်  ကျောင်းသင်ခန်းစာသင်ယူမှု(Formal Learning)ကိုအစိုးရကကြီးကြပ်လေ့ရှိသည်။ အစိုးရပညာရေးဌာနများက ဆရာ၊ ဆရာမများခန့်ထားပေးသည်။ ဆရာ၊ ဆရာမများအားကြီးကြပ်သည့်ပညာရေးမှူးများရှိကြသည်။ အစိုးရကျောင်းများသည် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ပညာသင်စရိတ်အားလုံးကို နိုင်ငံတော်အစိုးရမှကျခံပေးသည်။  ကျောင်းသား၊ ကျောင်းသူများသင်ကြားလေ့လာရမည့်သင်ရိုးကို ဗဟိုအစိုးရကရေးဆွဲပေးသည်။   အစိုးရကျောင်းများ၏အားသာချက်မှာ ငွေကြေးအကုန်အကျနည်းကာ ကျောင်းပြီးပါက အစိုးရယန္တရားတွင်ဝင်ရောက်လုပ်ကိုင်ခွင့်ပိုမိုရရှိကြောင်း လေ့လာသိရှိရသည်။

စာရေးသူတို့မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။  အသိပညာနှင့်အတတ်ပညာပြည့်စုံသည့် လူချွန်လူကောင်းများဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။  အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေသည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ် ၃၀ နှစ်ရှည်စီမံကိန်းကို၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ သတ်မှတ်ခဲ့ရာ နှစ်တိုငါးနှစ်စီမံကိန်းကာလ ခြောက်ခုပိုင်းခြား၍အကောင်အထည်ဖော်လျက်ရှိသည်။ ယခုအခါ KG မှစတင်ပြီး  Grade -12 အထိအတန်းများသင်ကြားပို့ချနေပြီဖြစ်သည်။  အခြေခံပညာဦးစီးဌာနသည် မူလတန်းအဆင့်မှ တက္ကသိုလ်ဝင်တန်းအဆင့်အထိ  အစိုးရမှဖွင့်လှစ်ပေးသော   အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကအခြေခံပညာကျောင်းများကိုကြီးကြပ်ရသည်။  ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း၊  ပညာရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့်   ပညာရေးအကဲဖြတ်ခြင်းစသည်တို့ဆောင်ရွက်သည်။

တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့အခြေအနေတွင်နိုင်ငံသားတစ်ဦးသည်   အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့်အထိတတ်မြောက်သင့်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူတစ်ဦးတစ်ယောက်ချင်းစီသည်  KG+9  အတန်းအထိ ပညာသင်ကြားရေးဦးတည်ချက်ချမှတ်ထားသည်။ အလယ်တန်းအဆင့် Grade - 9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်သက်မွေးပညာသင်ယူမှုအခွင့်အလမ်းများကို ဖော်ထုတ်ပေးနေသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးကိုလည်း စီစဉ်ပေးထားသည်။

မြန်မာနိုင်ငံသည်   စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကထားသည့်နိုင်ငံဖြစ်ပေရာ  စနစ်ကျသော  ကုန်ထုတ်လုပ်မှုများပြုလုပ်နိုင်ရန်ကျွမ်းကျင်သူများလိုအပ်လျက်ရှိသည်။ထို့ကြောင့် ခရိုင် ၈၄ ခုတွင်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၅  ကျောင်းဖြင့်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် ဈေးကွက်အတွက်လိုအပ်သည့်ကျွမ်းကျင်မှုအရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန် သင်ကြားပေးနေသည်။

 အတန်းပညာသင်ကြားရာတွင်    စာသင်ဆောင်၊   စာကြည့်တိုက်၊   သန့်စင်ခန်း၊  အားကစားကွင်း၊ သင်ထောက်ကူပစ္စည်း၊   သောက်ရေသုံးရေရရှိမှု၊  ကျောင်းဥပဓိရုပ်ကောင်းမွန်မှုတို့   ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အရည်အချင်းရှိသော ဆရာ၊ ဆရာမအရေအတွက်လုံလောက်မှုရှိရေးကိုလည်း လုပ်ဆောင်ပေးနေသည်။ မွမ်းမံသင်တန်းပို့ချမှု၊ သင်ရိုးညွှန်းတမ်းခေတ်မီမှု၊ သက်သာချောင်ချိမှုတို့ကိုလည်း ဆောင်ရွက်ပေးနေသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျောင်းသား၊  ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်၊  ရိုးသားဖြောင့်မတ်စေရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ် ကိန်းအောင်းစေရန်၊ စုပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်စသည့် အမူအကျင့်ကောင်းများဖြင့် လေ့ကျင့်ပျိုးထောင်လျက်ရှိသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးပိုမိုမြှင့်တင်ရေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃-၂၀၂၄)နှင့်   ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)တို့ကိုကျင်းပခဲ့ပြီးဖြစ်သည်။

အခြေခံပညာကဏ္ဍတွင်  ကိုဗစ်-၁၉ အလွန်  စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့်  ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ  ၅ ဒသမ ၃ သန်းရှိရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ရှစ်သန်းကျော်အထိတိုးတက်လာခဲ့သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်အထိကျောင်းအပ်နှံသူ ၇ ဒသမ ၃  သန်းကျော်ရှိခဲ့သည်။

ပြည်သူများအနေဖြင့် အခြေခံပညာစာသင်ကျောင်းများကိုအားကိုးကြသည်။မြန်မာမှုနယ်ပယ်တွင် မိဘများသည် မိမိတို့၏သားသမီးများပညာသင်ယူရမည့်အရွယ်သို့ရောက်လာလျှင် စာသင်ကျောင်းဆီသို့သွားကာကျောင်းအပ်နှံကြသည်။ “အရွယ်ရောက်လာကျောင်းအပ်ကာ ပညာပေးပေ တို့မေမေ”ဟုပင် “တို့မေမေ”ကဗျာထဲတွင် ရေးသားထားသည်က  အထင်အရှားဖြစ်သည်။

 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှဇွန်လ ၁ ရက်အထိကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)နှင့်ခြောက်နှစ်အရွယ်ကလေးများကို(Grade-1)သို့အပ်နှံရမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံ၊  ဖတ်စာအုပ်၊  ဗလာစာအုပ်၊ ခဲတံတို့အခမဲ့ပံ့ပိုးမည်ဖြစ်ကြောင်း၊ အခကြေးငွေကောက်ခံခြင်းမပြုကြောင်း၊ပညာရေးအတွက် မိဘ၊ ဆရာနှင့်ကျောင်းသားတို့ပူးပေါင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ E-စီးကရက်၊ Vape-စီးကရက်၊ ကွမ်းယာမသုံးစွဲရေးကြပ်မတ်ရမည်ဖြစ်ကြောင်း   ပညာရေးဝန်ကြီးဌာနမှကြေညာချက်ထုတ်ပြန်ထားသည်။ မိဘ၊ အုပ်ထိန်းသူများအနေဖြင့်   မြို့နယ်အလိုက်သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်မေတ္တာရပ်ခံထားသည်။

အချုပ်အားဖြင့်ဆိုရလျှင်လူသားတို့တွင် အသိပညာ၊ အတတ်ပညာများတည်ရှိပါက လူ့ဘောင်လောကကြီးသည် ဖွံ့ဖြိုးတိုးတက်မည်မှာအသေအချာဖြစ်သည်။ လူသားတိုင်းသည် ပညာတတ်မြောက်အောင်ကြိုးပမ်းရမည်။   အသိပညာဗဟုသုတများရရှိရေးဆောင်ရွက်ရာတွင် ပညာရေး၊ စာ၊ စာသင်ကျောင်းတို့သည်ဒွန်တွဲလျက်ရှိသည်။ စာရေးသူတို့နိုင်ငံရှိမိဘများအနေဖြင့် မိမိတို့၏သားသမီးများစာတတ်မြောက်စေရန်ပန်းကလေးများဖူးတံဖြင့်   ပွင့်နေသောစာသင်ကျောင်း၊  နေရောင်အောက်တွင်ရွှေရည်လောင်းနေသောစာသင်ကျောင်းသို့ သွားရောက်အပ်နှံကြပါရန် နှိုးဆော်ရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

စိန်ဌေးလှိုင်(ပခုက္ကူ)

အနာဂတ်ပန်းကလေးများ ပွင့်လန်းဖို့ ကျောင်းအပ်နှံကြပါစို့
-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂  ရက်မှစ၍ ဇွန်လ ၁  ရက်အထိ  ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းအပ်နှံမှု လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် နိုင်ငံတစ်ဝန်းရှိ  ကျောင်းများဖွင့်တော့မည်ဖြစ်သည်။  မိဘပြည်သူများသည် ရင်သွေးငယ်များကို  ကျောင်းအပ်နှံရေးအတွက် မွေးစာရင်း၊ အိမ်ထောင်စုစာရင်းစသည့် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။ ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများအနေဖြင့်  ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုးတော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂  ရက်မှစ၍ ဇွန်လ ၁  ရက်အထိ  ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းအပ်နှံမှု လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် နိုင်ငံတစ်ဝန်းရှိ  ကျောင်းများဖွင့်တော့မည်ဖြစ်သည်။  မိဘပြည်သူများသည် ရင်သွေးငယ်များကို  ကျောင်းအပ်နှံရေးအတွက် မွေးစာရင်း၊ အိမ်ထောင်စုစာရင်းစသည့် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။ ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများအနေဖြင့်  ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်းကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ထောက်ကူ ပစ္စည်းများ လုံလောက်ရေး၊ စာသင်ခန်းများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း၊ အပြင် သန့်ရှင်းသာယာမှုရှိစေရေးတို့ အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။

ကြိုတင်ပြင်ဆင်

အထူးသဖြင့် ကျောင်းသားမိဘများသည် ကလေးငယ်များအတွက် ပုံနှိပ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များတွင် နာမည်များကပ်ခြင်း၊ ကျောပိုးအိတ်၊ ထမင်းဘူးနှင့်  ရေဘူးများပြင်ဆင်ခြင်း၊  ကျောင်းဝတ်စုံများကိုဝတ်ဆင်ကြည့်ခြင်း၊ ထီး၊ ဖိနပ်၊ မိုးကာများကို အသင့်ပြင်ဆင်ခြင်းစသည်တို့ကို လိုလေသေးမရှိအောင် လုပ်ဆောင်ပေးလျက်ရှိသည်။  လက်လုပ်လက်စားမိဘများသည်ပင်လျှင်  သား၊ သမီးများအတွက် လိုအပ်သော ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို   ကြိုးစားဖြည့်ဆည်းပေးလျက်ရှိသည်။ မိဘတိုင်းသည် သား၊ သမီးများ မျက်နှာမငယ်စေရန်အတွက်  အဘက်ဘက်မှ   ကြိုတင် ပြင်ဆင်ကြရသည်။ စုန်ရေမေတ္တာသည် တသွင်သွင် စီးဆင်းလျက်ပင်ရှိသည်။

စာရေးသူတို့ငယ်စဉ်က ကျေးလက်၌ကြီးပြင်းခဲ့ရသည့်အတွက် ကျောင်းမှထုတ်ပေးသော ပြဋ္ဌာန်း စာအုပ်ကိုသာအားကိုးခဲ့ရသည်။ ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှုကိုသာ အာရုံစိုက်လေ့လာမှတ်သားခဲ့ရသည်။ ဆရာ၊ ဆရာမများကလည်း စိတ်အားထက်သန်စွာ စေတနာထား သင်ကြားပြသပေးသည်။ ငယ်စဉ်က ဆရာ၊ ဆရာမများ၏  ကျေးဇူးတရားကြောင့်  ဘဝတိုးတက်အောင်မြင်မှုအတွက်    များစွာ အထောက်အကူဖြစ်ခဲ့သည်။ ကျောင်းဝတ်စုံ ဆိုလျှင်လည်း ယခင်နှစ်ကဝတ်ထားသော ဝတ်စုံကိုသာ  ဝတ်ဆင်ခဲ့ရသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ ကျောင်းဝတ်စုံများနှင့်   ထမင်းဘူးများကို  ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိသည်။

အပ်နှံသွားရန်

ကျောင်းသားမိဘများအနေဖြင့် မိမိတို့ရင်သွေးငယ်များကို ကျောင်းအပ်နှံရာ၌ ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်နှင့် ခြောက်နှစ်အရွယ်ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံသွားရန်လိုအပ်သည်။ မိဘများအနေဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝကောက်ခံမည် မဟုတ်ကြောင်း  ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့ထောက်ပံ့ပေးမှုအစီအစဉ် ၁၃ ချက်၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်  ၁၂ ချက်နှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက် ၁၃ ချက်တို့ကိုလည်း အသိပေးထုတ်ပြန်ထားရှိသည်။

၆၃ သိန်းကျော်ရှိခဲ့

 ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းသား၊  ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်ခဲ့ရာ  ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံနိုင်ခဲ့သည်။ ထို့ပြင်  အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်၍ ကျောင်းအပ်နှံမှု လက်ခံပေးခဲ့သည်။ ထို့ကြောင့် ယခုပညာသစ်နှစ်၌ ကျောင်းအပ်နှံမှုမြင့်တက်လာစေရေး မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော်ဆောင်များ၊  ဒေသဆိုင်ရာအာဏာပိုင်များ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။

ကျောင်းအပ်နှံမှုနှုန်းမြင့်တက်လာ

နိုင်ငံတစ်နိုင်ငံ၏  အနာဂတ် တိုးတက်ရေးသည် မျိုးဆက်သစ်များ၏  ပညာရည်တတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီနေသည်ဆိုသော အချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာလက်ခံထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက်  ရေတိုရေရှည်စီမံကိန်းများ ချမှတ်လျက် အမျိုးသားရေးအသွင်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်အစိုးရသည် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် အခမဲ့ပညာရေးအစီအစဉ်ကို  အထက်တန်းအဆင့်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုနှုန်း သိသာစွာမြင့်တက်လာခဲ့သည်။ ကျောင်းနေမှုနှုန်း မြင့်မားလာသည်နှင့်အမျှ ရေမြင့်ကြာတင့်ဆိုသလို စာတတ်မြောက်မှုနှုန်းလည်း သိသာထင်ရှားစွာမြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

အခြေအနေကောင်းများ ဖန်တီးပေးထို့ပြင်  ကျောင်းသားလူငယ်များ  ထိရောက်အောင်မြင်စွာ စာပေလေ့လာသင်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။    စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများအပြင် အထောက်အကူပြုကျောင်းစာကြည့်တိုက်များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ အထူးသဖြင့် စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှု ရှိသည့်နေရာများတွင် သာရှိသင့်သည်။  ထိုသို့တိတ်ဆိတ်ငြိမ်သက်သည့် နေရာမျိုး၌ ကျောင်းသားလူငယ်များ အနှောင့်အယှက်ကင်းစွာပညာသင်ကြားနိုင်သဖြင့် ထူးချွန်ထက်မြက်သည့်   လူငယ်များပေါ်ထွန်းရေးတွင် များစွာအထောက်အကူပြုပေသည်။စင်စစ်အားဖြင့် စာသင်ခန်းများပြန်လည်ဖွင့်လှစ်ပြီး စာဖတ်စာအံသံများကြားရခြင်းသည်   မိဘတိုင်းအတွက် မင်္ဂလာရှိသောနေ့ရက်များပင်ဖြစ်သည်။

အနာဂတ်ပန်းကလေးများပွင့်လန်းဖို့ ကျောင်းအပ်နှံကြပါစို့

စင်စစ်အားဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးသည် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် မောင်းနှင်အားများဖြစ်သည့် ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆောင်ရွက်ရာ၌ အဓိကကျပြီး ပဓာနအရင်းခံပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေသည့်   လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးအတွက်   ကျောင်းနေအရွယ် ကလေးငယ်အားလုံး  စာသင်ခန်းအတွင်း ရောက်ရှိနိုင်ရေးလုပ်ငန်းများကို   စီမံချက်ချ၍ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ ပြည်သူများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီလက်ညီကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်ပေသည်။

မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်လာသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် စိန်ခေါ်မှု များစွာကိုရင်ဆိုင်ရလျက်ရှိသည်။ ထိုစိန်ခေါ်မှုများကိုရင်ဆိုင်နိုင်မည့် စဉ်ဆက်မပြတ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လုပ်ငန်းများကိုစီမံချက်ချ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင်  ကျောင်းသား၊  ဆရာ၊  မိဘ၊  ပြည်သူများနှင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီ လက်ညီကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။

အမှန်တော့ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင်များစွာတည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန်သော မျိုးဆက်သစ် လူငယ်များပေါ်ထွန်းရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရေးနှင့် ကျောင်းထွက်သူပပျောက်ရေး လုပ်ငန်းစဉ်ကို အမျိုးသားရေးတာဝန် တစ်ရပ်ကဲ့သို့ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး ဆောင်ရွက်ရာတွင် အစိုးရအပြင် မိဘ၊ ဆရာ၊ ဒေသခံပြည်သူများသည်  အဖျက်အမှောင့်သမားများ၊ ပြည်ပလက်ဝေခံများ၊ အကြမ်းဖက်သမားများ၏ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေမှုများ၊  လှုံ့ဆော်နေမှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်နေမှုများကို နားမယောင်ဘဲ ပကတိအခြေအနေမှန်ကို ရှုမြင်လျက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားသင့်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသား၊ ကျောင်းသူအားလုံး စာသင်ခန်းအတွင်းရောက်ရှိပြီး စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိနေမှသာလျှင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်း ထမ်းဆောင်သွားမည့် ထိုကလေးများ၏ အနာဂတ်သည် ပိုမိုတောက်ပြောင်လာမည်ဖြစ်ပေသည်။       ။

Source: Myawady Web Portal

ဝင်းဇင်(သုတေသန)

အစကောင်းမှ အကြောင်းလှမယ်
-

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စည်ကားလှုပ်ရှားနေကြသည့် မြင်ကွင်းများကို တွေ့မြင်ရတော့မည်ဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက်  “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင်ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန်ကျောင်း

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စည်ကားလှုပ်ရှားနေကြသည့် မြင်ကွင်းများကို တွေ့မြင်ရတော့မည်ဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက်  “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင်ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန်ကျောင်းအပ်နှံပေးကြဖို့လိုသည်။ ပညာသင်ကြားခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာရှုမြင်ကြရန်လိုပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ၍ ပညာသင်ယူနိုင်ရေးသည် မိဘတိုင်း၏ တာဝန်သာဖြစ်ပေသည်။ မိမိကလေး လူတန်းစေ့နေနိုင်ရေး၊ ဘဝတိုးတက်ကောင်းမွန်ရေး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တို့အတွက် ပညာသည်သာ အခရာဖြစ်သည်။

နိုင်ငံတော်အစိုးရက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” လူမှုရေးဦးတည်ချက်ကို ချမှတ်ထားသည်။ ထို့ပြင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်၏ အနာဂတ်အတွက် ရည်မှန်းချက်များ အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းဖွင့်ချိန်နီးလာပြီဆိုတော့  အများသူငါ သိပြီးသားဖြစ်တဲ့ ပုံပြင်တစ်ပုဒ်ကို သတိရလာတယ်။ပုံပြင်ဆိုတာ “အစဉ်အဆက်ကပြောလာသော အဖြစ်အပျက်၊ ဇာတ်ကြောင်း”လို့ မြန်မာအဘိဓာန်ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။ သတိရလာတဲ့ပုံပြင် တစ်ပုဒ်ကတော့ “ကုဋေရှစ်ဆယ်သူဌေးသား” ပုံပြင်ပါပဲ။  ဒီပုံပြင်က  စိတ်ကူးယဉ်ဇာတ်လမ်းဆင်ပြီး ရေးထားတဲ့ပုံပြင်မျိုးမဟုတ်ပါဘူး။ တစ်ချိန်တစ်ခါက ဖြစ်ခဲ့ဖူးတဲ့ဖြစ်ရပ်မှန်အဖြစ်အပျက် အကြောင်းအရာပါ။ အခုပုံပြင်ရဲ့သက်တမ်းက အချိန်ကာလကြာမြင့်နေပါပြီ။ ဒါပေမဲ့ ယနေ့ထိတိုင်အောင် မရိုးနိုင်သေးပါဘူး။

ပုံပြင်ထဲကအဖြစ်အပျက်မျိုးက ယနေ့ထိတိုင်အောင် ရှိနေဆဲမို့ မရိုးနိုင်သေးတာပါပဲ။“ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်”ထဲမှာပါတဲ့ ကုဋေရှစ်ဆယ်သူဌေးသားက ဆင်းရဲပြီး ဘဝပျက်သွားတယ်။ တောင်းရမ်းစားသောက်နေရတဲ့ သူတောင်းစား ဘဝအထိရောက်သွားတယ်။ လူသူမနီးတဲ့တောထဲမှာ တိရစ္ဆာန်တစ်ကောင် သေဆုံးရသလို အသေဆိုးနဲ့ သေဆုံးပြီး ဘဝနိဂုံး အဆုံးသတ်ရရှာတယ်။ ဒီလိုဘဝဆိုးကို အလိုလိုရောက်သွားတာ မဟုတ်ပါဘူး။

အစမကောင်းခဲ့လို့ အကြောင်းမလှဖြစ်သွားရတာပါပဲ။ “ကုဋေရှစ်ဆယ်သူဌေးသား” က ကျောင်းနေရမယ့် အရွယ်မှာကျောင်းမနေခဲ့ဘူး၊ စာသင်ရမယ့်အချိန်မှာ စာမသင်ခဲ့ဘူး။ သူဌေးကြီးကလည်း တစ်ဦးတည်းသောသားကို ကျောင်းထားပေးရမှန်း၊ စာသင်ပေးရမှန်းမသိခဲ့ဘူး။ အဆုံးအမ၊  အသင်အပြမခံရဘဲ ကြီးပြင်းလာခဲ့တဲ့ သားဖြစ်သူက အရှေ့မှန်း၊ အနောက်မှန်း၊ တောင်မှန်း၊ မြောက်မှန်းမသိပါဘူး။ သားဖြစ်သူအရွယ်ရောက်ခါနီးမှာ သူဌေးလင်မယားက ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတယ်။ သားဖြစ်သူကကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ အမွေပုံပေါ်မှာ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ တစ်ယောက်တည်း ယောင်ချာချာ ကျန်ရစ်ခဲ့တာပေါ့။

သူဌေးသားကဖခင်သူဌေးကြီးရဲ့အမွေကို ဆက်ခံရတာပါ။ ဖခင်သူဌေးကြီးလက်ထက်မှာ ခိုင်းစေထားခဲ့တဲ့ အခိုင်းအစေတွေကိုပဲဆက်ပြီး ခိုင်းစေထားပါတယ်။ ခိုင်းစေထားတဲ့ အခိုင်းအစေတွေက သူဌေးသား စာမတတ်မှန်းသိတော့ လိမ်ညာကြတယ်။ မှားမှန်းမှန်မှန်း၊ ကောင်းမှန်းဆိုးမှန်းမသိတဲ့ သူဌေးသားကို လှည့်ပတ်ကြတယ်။ အမှတ်သညာမရှိမှန်းသိတော့ သူဌေးကြီးသိုဝှက်ထားခဲ့တဲ့ ပစ္စည်းဥစ္စာရတနာတွေရဲ့ နေရာကိုမပြောပြကြဘူး။ မြှောက်ပင့်ပေးတာကို သဘောကျနှစ်သက်မှန်းသိတော့  မြှောက်ပင့်ပေးကြတယ်။    အမြှောက်ကြိုက်တဲ့သူဌေးသားကို နည်းအမျိုးမျိုးနဲ့ ဖြားယောင်းသွေးဆောင်မြှူဆွယ်ကြတယ်။ သူဌေးသားက မစဉ်းစားမဆင်ခြင်နိုင်ပါဘူး။

အခိုင်းအစေတွေပြောသမျှ  သဘောကျနေတော့တာပါပဲ။အချို့အခိုင်းအစေတွေက အပျော်အပါးနဲ့မြှူဆွယ်တယ်။  အသောက်အစားနဲ့  ဖြားယောင်းတယ်။ လောင်းကစားနဲ့သွေးဆောင်တယ်။  မစဉ်းစား၊မဆင်ခြင်၊ မချင့်ချိန်နိုင်တဲ့သူဌေးသားက မြှူဆွယ်တာကိုပျော်မွေ့နေပြီ။ ဖြားယောင်းတာကိုနှစ်သက်နေပြီ။ သွေးဆောင်တာကို စွဲမက်နေပြီ။ မကောင်းတဲ့ဘက်မှာ ခြေလွန်လက်လွန်ဖြစ်နေတယ်။ ဖခင်သူဌေးကြီးထားခဲ့တဲ့  ကုဋေရှစ်ဆယ်က  တိုးပွားမလာတဲ့အပြင် တစ်နေ့တခြား လုံးပါးပါးလာတယ်။

နောက်ဆုံးတော့  ထန်းလျက်ခဲခွေးလျက်သလို ပြောင်တလင်းခါသွားတော့တာပါပဲ။ပစ္စည်းဥစ္စာရတနာတွေ တစိုးတစိမှမကျန်အောင် ဆင်းရဲလာတော့ နေထိုင်တဲ့အိမ်ကိုပါ   ရောင်းပစ်လိုက်ရတယ်။ အိမ်ရောင်းလို့ရတဲ့ငွေကလည်း ကြာရှည်မခံပါဘူး။ ကုန်တာပါပဲ။ ထုခွဲရောင်းချစရာလည်းမရှိတော့ပါဘူး။ ဝမ်းရေးအတွက် ခက်ခဲလွန်းမက ခက်ခဲလွန်းလာတယ်။ မဝရေစာစားပြီး အသက်ရှင်နေရတာဆိုတော့ အရိုးပေါ်အရေတင် ကိုယ်ခန္ဓာက ပိန်လှီချည့်နဲ့လာတယ်။  မတတ်သာတဲ့အဆုံးမှာတော့ ရှက်ကြောက်မနေတော့ဘူး။  ခွက်တစ်လုံးနဲ့ရွာရိုးတစ်လျှောက် အိမ်ပေါက်စေ့ဝင်ပြီး “ထမင်းကျွေးပါ၊ ရေပေးပါ”လို့  တောင်းရမ်း စားသောက်ရတဲ့ သူတောင်းစားဘဝ ရောက်သွားတော့တာပါပဲ။

 ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးကသားဖြစ်သူကို ကုဋေရှစ်ဆယ် အမွေပေးထားခဲ့တာပါ။ဒါပေမဲ့ ကုဋေရှစ်ဆယ်သူဌေးသားက မိဘအမွေကိုမထိန်းသိမ်းနိုင်ခဲ့ပါဘူး။ မထိန်းသိမ်းနိုင်ခဲ့တဲ့ အကြောင်းရင်းရဲ့ဇာစ်မြစ်က သူဌေးသား ကိုယ်တိုင်ကျောင်းနေအရွယ်မှာ ကျောင်းနေပြီးစာမသင်ခဲ့လို့ပါပဲ။ သူဌေးကြီးကိုယ်တိုင်ကလည်း ကျောင်းနေအရွယ်ရောက်လာတဲ့သားဖြစ်သူကို ကျောင်းအပ်နှံပြီး စာသင်မခိုင်းခဲ့လို့ပါပဲ။ သူဌေးသားခမျာ ကျောင်းနေအရွယ်မှာကျောင်းမနေခဲ့တော့ သင်ပြလမ်းညွှန်သွန်သင် ဆုံးမပေးမယ့်ဆရာနဲ့ မတွေ့ခဲ့ရပါဘူး။ ဆရာနဲ့လွတ်နေပါတယ်။

“မျဉ်းလွတ်တော့ကိုင်း၊ ဆရာလွတ်တော့ရိုင်း” လို့ဆိုတဲ့မြန်မာဆိုရိုးစကားအတိုင်းပါပဲ။ ဆရာလွတ်တဲ့သူဌေးသားက မယဉ်ကျေးပါဘူး။ အင်မတန်ရိုင်းစိုင်းပါတယ်။ မလိမ္မာပါဘူး။ အင်မတန်မိုက်ကန်းပါတယ်။

စာမသင်ခဲ့တော့စာမတတ်ပါဘူး။ စာမတတ်တော့ မျက်စိကန်းနေတဲ့သူလိုပါပဲ။ အမှန်တရားကိုသိမြင်နိုင်စွမ်း မရှိပါဘူး။ စဉ်းစားမြော်မြင်ဆင်ခြင်နိုင်စွမ်းမရှိပါဘူး။ လောကအရေး၊ ရာဇအရေး၊ ဓမ္မအရေးစတဲ့အရေးကိစ္စ ဘာတစ်ခုမျှမသိမမြင်နိုင်ပါဘူး။ ကျောင်းနေအရွယ်မှာကျောင်းမနေဘဲ စာမသင်ခဲ့ရင်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။

မိဘတွေကသူတို့ရဲ့သားသမီးတွေကို ကုဋေရှစ်ဆယ် သူဌေးသားလိုမျိုး မဖြစ်စေချင်ကြဘူး။ ဖြစ်လာမှာကိုစိုးရိမ်ကြတယ်။ ကုဋေရှစ်ဆယ်ကြွယ်ဝ ချမ်းသာတဲ့သူဌေးကြီးလို မိဘမျိုးအဖြစ်မခံနိုင်ဘူး။ မိဘဝတ္တရားငါးပါးလုံး ကျေပွန်အောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြတယ်။ သားသမီးတွေငယ်ရွယ်စဉ် ကလေးဘဝကတည်းက မိဘဝတ္တရားငါးပါးထဲမှာပါတဲ့ “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ”ဆိုတဲ့ ပထမ ဝတ္တရား သုံးပါးကို အပျက်မခံတော့ဘူး။ မကောင်းတဲ့ဘက်မရောက်အောင် ပဲ့ပြင်ဆုံးမတားမြစ်ကြတယ်။ ကောင်းတဲ့ဘက်ရောက်အောင် သွန်သင်နည်းပြလမ်းညွှန်ကြတယ်။ သားသမီးတွေကျောင်းနေအရွယ် ရောက်ပြီဆိုတာနဲ့ စာသင်ဖို့ ကျောင်းထားပေးတော့တာပါပဲ။

ကျောင်းမှာရှိတဲ့  ဆရာ၊ ဆရာမတွေကလည်းမိဘတွေလိုပါပဲ။ ကျောင်းနေအရွယ်လူငယ်တွေကိုအသိပညာ၊ အတတ်ပညာတွေ တတ်မြောက်ကျွမ်းကျင်အောင်ဆရာစားမချန်ဘဲ သင်ကြားလေ့ကျင့်ပေးကြတယ်။  လမ်းလွဲရောက်ပြီး မတိမ်းစောင်းအောင် ထိန်းကျောင်းတည့်မတ်ပေးကြတယ်။ ကိုယ်ကာယကြံ့ခိုင် သန်စွမ်းစေတဲ့၊ ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေတဲ့၊ အကျင့်စာရိတ္တ ကောင်းမွန်စေတဲ့၊ ကိုယ်ချင်းစာခံစားတတ်စေတဲ့၊   အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာကိုရရှိစေတဲ့ “ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသသက်မွေးဘက်စုံပညာရေး” ရဲ့ ပန်းရောင်စုံကို ခူးဆွတ်ပန်ဆင်ပေးကြပါတယ်။ အဲဒါကကျောင်းနေ အရွယ်လူငယ်တွေအားလုံးကို “ပညာပြည့်ဝနှလုံးလှ” သူတွေဖြစ်အောင် ပုံသွင်းမွေးမြူပေးနေကြတာပါပဲ။

အခြေခံပညာကျောင်းတွေက ကျောင်းနေအရွယ်ကလေးတွေအားလုံးကို “ပညာပြည့်ဝနှလုံးလှ” တဲ့ သူတွေဖြစ်အောင်  သင်ကြားလေ့ကျင့်ပေးနေသလို အဆင့်မြင့်ပညာရပ်အသီးသီးကို ဆက်လက်သင်ယူနိုင်ဖို့၊  “ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ” ဆိုတဲ့  ဗလငါးတန်နဲ့ပြည့်စုံဖို့ ပညာအခြေခံကောင်းတွေကိုပါ သင်ကြားလေ့ကျင့်ပေးနေတာပါ။ ယနေ့ကျောင်းနေအရွယ် ကလေးတွေအနေနဲ့ အခြေခံပညာသင်ကျောင်းတွေက သင်ကြားလေ့ကျင့်ပေးနေတဲ့ ပညာအခြေခံကောင်းတွေကို ပိုင်နိုင်တတ်မြောက် ကျွမ်းကျင်အောင်  သင်ယူလေ့လာဆည်းပူးနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ရရှိနေပါတယ်။ ရရှိနေတဲ့အခွင့်အလမ်း ကောင်းတွေကို မိမိရရ ဆုပ်ကိုင်ထားရမှာပါ။ ဒီအခွင့်အလမ်းကောင်းတွေနဲ့အခွင့်သာခိုက်၊ အခွင့်သာဆဲ၊ အခွင့်သာတုန်းအချိန်အခါမှာ လက်လွှတ်ဆုံးရှုံး မခံသင့်ပါဘူး။ လက်လွှတ်ဆုံးရှုံးခံလိုက်မယ်ဆိုရင်တော့ လယ်တီဆရာတော်ကြီးရဲ့ နိဗ္ဗိန္ဒတေးထပ်ထဲမှာပါတဲ့အတိုင်း “ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား” ၊“ခွင့်သာဆဲကမှ မခဲချင်လျှင် အလွဲနင့်ပြင်ရှိသေးလေလိမ့်လား”၊“ခွင့်သာတုန်းကမှ မရုန်းချင်လျှင် အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား” လို့ဆိုရမှာပါပဲ။ဘယ်မိဘမဆို သားသမီးတွေရဲ့နောင်ရေး စိတ်အေးချင်ကြပါတယ်။ လူတစ်လုံးသူတစ်လုံးနဲ့ဆင်စီးမြင်းရံနေတဲ့သားသမီးတွေကိုပဲမြင်ချင်ကြပါတယ်။ သားသမီးတွေရဲ့ နောင်ရေး စိတ်အေးရဖို့၊ ပြောင်ပြောင်ရောင်ရောင် လူတစ်လုံးသူတစ်လုံးနဲ့ ဆင်စီးမြင်းရံနေတာကိုမြင်ရဖို့ဆိုရင် ပစ္စည်းဥစ္စာရတနာရွှေငွေတွေကို အမွေပေးတာထက် ပညာအမွေပေးတာက အကောင်းဆုံးပါပဲ။

ပစ္စည်းဥစ္စာစိန်ရွှေရတနာတွေက အကြောင်းမသင့်ရင် ရုတ်ခြည်းပျက်စီးဆုံးရှုံးနိုင်ပါတယ်။မတည်မြဲပါဘူး။  ပညာကတော့ မပျက်မစီးဘဲတည်မြဲနေပါတယ်။တည်မြဲတဲ့ပညာက ဘဝတစ်သက်တာလုံး သုံးစွဲလို့ မကုန်ခန်းနိုင်ပါဘူး။ မိဘတွေကသားသမီးတွေကို မကုန်ခန်းနိုင်တဲ့ပညာ အမွေကိုပေးကြရမှာ ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာရတနာရွှေငွေတွေကိုသာ အမွေပေးပြီး ပညာအမွေကို မပေးဘူးဆိုရင်တော့ လက်သစ်ကုဋေရှစ်ဆယ် သူဌေးကြီးတွေနဲ့လက်သစ်ကုဋေရှစ်ဆယ်သူဌေးသားတွေ ပေါ်ပေါက်လာဦးမှာမလွဲပါဘူး။

ယနေ့မိဘတိုင်းကလည်း ကုဋေရှစ်ဆယ်သူဌေးလို မိဘမျိုးမဖြစ်အောင် မိဘဝတ္တရားကို ကျေပွန်ကြရမှာပါ။ သားသမီးတွေကိုလည်း လက်သစ်ကုဋေရှစ်ဆယ် သူဌေးသားမျိုးမဖြစ်အောင် ထိန်းကျောင်း စောင့်ရှောက် မွေးမြူပေးကြရမှာပါ။ မိဘတိုင်းအနေနဲ့ကျောင်းနေအရွယ် သားသမီးရတနာတွေကို ကျောင်းအပ်နှံပြီး စာသင်ခိုင်းကြမယ်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားလို သားသမီးမျိုး ဖြစ်ပေါ်မလာတော့ပါဘူး။

ကုဋေရှစ်ဆယ်သူဌေးလို မိဘမျိုးလည်းဖြစ်ပေါ်မလာတော့ပါဘူး။ အစကောင်းရင် အကြောင်းလှမှာပဲဖြစ်ပါတယ်။       ။

ရေနံသာမောင်ကျော်ညွန့်

လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးများ လန်းဆန်းရှင်သန်ကြပါစေ
-

တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်ကကြီးမှူးကျင်းပစစ်ဆေးပေးသည့် နိုင်ငံတော်အဆင့်စာမေးပွဲဖြစ်သည်။ ထိုစာမေးပွဲအောင်မြင်သည့်ရမှတ်အပေါ်မူတည်ပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များနှင့် အခြားသောတက္ကသိုလ်များသို့ ဆက်လက်သင်ယူကြရသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသူများသည် ရည်မှန်းချက်အမျိုးမျိုးရှိသည်။  ရည်မှန်းချက်ပြည့်မြောက်အောင်သင်ယူလေ့လာဆည်းပူးကြသည်။ ကြိုးစားပမ်းစားအားထုတ်ကြသည်။ ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ကြိုးစားပြင်ဆင်လျက်ရှိကြသည်။  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်သူများအားလုံးသည် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်လိုကြသူများချည်းသာ ဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင်  ရုတ်တရက်အင်အားပြင်းငလျင်လှုပ်ခတ်သည့်အချိန်တိုအတွင်း တစ်ခဏချင်းမှာပင် ငလျင်ဘေးဒဏ်သင့်နေရာအသီးသီး၌ လမ်းများ၊ တံတားများ၊ လူနေအဆောက်အအုံများ၊   ဘာသာရေးအဆောက်အအုံများ၊  ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ စသည့်အဆောက်အအုံများ  ထိခိုက်ပျက်စီးခြင်းနှင့်အတူ ဆက်သွယ်ရေးလမ်းကြောင်းများ၊ လျှပ်စစ်မီးများပါထိခိုက်ပျက်စီးခဲ့ရသည်။ အဆောက်အအုံအသီးသီးပြိုလဲပျက်စီးမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။  အချို့သေဆုံးခဲ့ကြရသည်။  စိတ်မသက်သာစရာအနိဋ္ဌာရုံများက တစ်မုဟုတ်ချင်းဖြစ်ပေါ်လာသည်။

ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်သည် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် မီးလောင်မှုပါဖြစ်ပေါ်ခဲ့ရသည်။ ထိုမီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်သို့ရောက်ရှိလျက်ရှိသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစာအုပ်များမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။  ထိုအဖြေလွှာစာအုပ်များမှာ မန္တလေးတိုင်းဒေသကြီးမှ  ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏အဖြေလွှာအုပ်ရေ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့ဖြစ်ကြောင်း ကြားသိရသည်။ ထိုဒေသများရှိ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားကြသော ကျောင်းသား၊ ကျောင်းသူလေးများအရေး  စိတ်မအေးဖြစ်ရသည်။ စိတ်ပူမိသည်။ 

စာမေးပွဲစစ်ဆေးခြင်းသည် တတ်မြောက်ကျွမ်းကျင်မှုအရည်အချင်းကိုစစ်ဆေးခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုကြမည့်သူတိုင်း အောင်လိုစိတ်ချင်းတူညီကြသည်။ အောင်လိုစိတ်ချင်းတူညီနေလင့်ကစား တစ်ဦးနှင့်တစ်ဦး၏ ရည်မှန်းချက်ချင်းတူသည်လည်းရှိမည်၊ မတူသည်လည်းရှိသည်။

ကြိုးစားအားထုတ်ဝါယမစိုက်ထုတ်ပုံချင်း တူသည်လည်းရှိမည်၊ မတူသည်လည်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်ပုံချင်းတူသည်လည်းရှိမည်၊ မတူသည်လည်းရှိသည်။ တစ်ဦးနှင့်တစ်ဦးကား အလုံးစုံမတူညီနိုင်ပေ။ ထိုမတူညီသောအခြေအနေအရပ်ရပ်အပေါ်တည်မှီပြီး အချို့စာမေးပွဲအောင်ကြသည်၊ အချို့စာမေးပွဲကျရှုံးကြသည်။ ရိုးရိုးသာမန်အောင်ကြသူများလည်းရှိသည်၊ ထူးချွန်စွာအောင်ကြသူများလည်းရှိပေသည်။  ကြိုးစားအားထုတ်ဝါယမစိုက်မှုအပေါ်မူတည်ပြီး အောင်မြင်မှုအဆင့်ချင်းကွဲပြားခြားနားရခြင်းဖြစ်ပေသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်  မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်မှုဖြစ်ပွားရာ၌ လောင်ကျွမ်းပျက်စီးသွားသောအဖြေလွှာများထဲတွင် ကျရှုံးမည့်အဖြေလွှာများ၊ အမှတ်အနည်းအများအလိုက်အောင်မြင်မည့်အဖြေလွှာများ၊ ထူးချွန်စွာအောင်မြင်မည့်အဖြေလွှာများပါဝင်နေမည်မှာသေချာသည်။  လက်လွတ်စပယ် မစဉ်းစားမချင့်ချိန်ဘဲ  လျစ်လျူရှုမထားသင့်သောကိစ္စဖြစ်သည်။ အချို့က လတ်တလောဖြစ်ပေါ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မီးလောင်ပျက်စီးသွားသည့် အဖြေလွှာစာအုပ်များကိစ္စအတွက်  ရေရှည်မစဉ်းစားဘဲ လတ်တလောစိတ်ခံစားမှုကို ရှေ့တန်းတင်လာကြသည်။ ဖြစ်စဉ်ပါ ဖြေဆိုခဲ့သည့်ကျောင်းသား၊ ကျောင်းသူတို့၏ရေရှည်အကျိုးကိုမျှော်မှန်းပြီး အများစုက ပြန်လည်စစ်ဆေးဖြေဆိုစေချင်ကြသည်။ ရေရှည်ကောင်းကျိုးကိုမစဉ်းစားဘဲ လတ်တလောစိတ်ခံစားချက်ကို ရှေ့တန်းတင်သည့်လူအနည်းစုက ပြန်လည်စစ်ဆေးဖြေဆိုခြင်းမပြုဘဲ ဖြစ်စဉ်ပါ ဖြေဆိုသူအားလုံးကို သနားကရုဏာသက်ကာ အအောင်ပေးစေချင်ကြသည်။  သနားကရုဏာသက်ကာ အအောင်ပေးချင်သူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဟူသည် အခြေခံပညာမှအဆင့်မြင့်ပညာသို့ကူးပြောင်းရာ  လမ်းခွဲလမ်းဆုံဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။

သတိမူမိရာမှ သတိရလာပြန်သည်။  ဖ.ဆ.ပ.လအစိုးရလက်ထက်တွင် အလယ်တန်းအဆင့်ခုနစ်တန်းကို နိုင်ငံတော်အဆင့်စာမေးပွဲဖြင့်စစ်ဆေးသည်။  အများစုက ထိုသို့စစ်ဆေးသောစာမေးပွဲကို အစိုးရစစ်စာမေးပွဲဟုခေါ်ဆိုကြသည်။ ဖ.ဆ.ပ.လအစိုးရလက်ထက် အာဏာရအစိုးရသည် ၁၉၅၆ ခုနှစ် ခုနစ်တန်းအစိုးရစစ်စာမေးပွဲဖြေဆိုဆဲကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့်ဖြေဆိုမှုကိုရပ်ဆိုင်းပစ်လိုက်သည်။ ထို့ပြင် ဖြေဆိုသူအားလုံးကို အအောင်ပေးပစ်လိုက်သည်။ ခုနစ်တန်းအစိုးရစစ်စာမေးပွဲသို့ဝင်ရောက်ဖြေဆိုသူအားလုံးသည် ခုနစ်တန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ် ရရှိကြသည်။

ထိုစဉ်က အစိုးရစစ်ခုနစ်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ကြောင်း အောင်လက်မှတ်ရရှိထားကြသူများသည် အသက်မွေးဝမ်းကျောင်းသင်တန်းအချို့သို့တက်ရောက်ခွင့်ရှိသည်။ သင်တန်းကာလပြီးဆုံးပါကသက်ဆိုင်ရာဌာနများတွင် ဝင်ရောက်အမှုထမ်းခွင့်ရသည်။  အချို့သောဌာနဆိုင်ရာများတွင် အမှုထမ်းခွင့်ရရှိသည်။ ထိုခေတ်က သတ္တမတန်းအစိုးရစစ်စာမေးပွဲကိုအောင်မြင်ကြောင်းထုတ်ပေးသည့် အောင်လက်မှတ်သည်တန်ဖိုးရှိလှပေသည်။  သတ္တမတန်းအစိုးရစစ်စာမေးပွဲသည်ဘဝအတွက်အရေးကြီးသောစာမေးပွဲဖြစ်သည်။ ထို့ကြောင့်သတ္တမတန်းအစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်ရန် အသည်းအသန်ကြိုးစားကြရပေသည်။

ဖ.ဆ.ပ.လ အစိုးရလက်ထက်က သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်သည်တန်ဖိုးရှိလှ၏။ သို့ပေမယ့် ဖ.ဆ.ပ.လအစိုးရလက်ထက်မှာပင် ၁၉၅၆ ခုနှစ် သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်သည် တန်ဖိုးမရှိဘဲ  တန်ဖိုးမဲ့သွားသည်။  အကြောင်းမှာသတ္တမတန်းအစိုးရစစ်စာမေးပွဲဖြေဆိုရန်စာရင်းသွင်းထားသူအားလုံးကိုစာမေးပွဲမစစ်ဆေးဘဲ အအောင်ပေးလိုက်သောကြောင့်ဖြစ်သည်။

၁၉၅၆ ခုနှစ် သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်ကိုအရည်အသွေးမပြည့်မီသောအောင်လက်မှတ်များအဖြစ် သတ်မှတ်ကြသည်။ အသက်မွေးဝမ်းကျောင်းသင်တန်းများသို့တက်ရောက်ရန် အခွင့်အလမ်းမရရှိသကဲ့သို့  ဌာနဆိုင်ရာများတွင် ဝန်ထမ်းလုပ်ကိုင်ရန် အခွင့်အလမ်းလည်း မရရှိနိုင်တော့ပေ။ ၁၉၅၆ ခုနှစ် သတ္တမတန်းအစိုးရစစ်စာမေးပွဲအောင်လက်မှတ်ကို  ပိုက်ထားကြရသူများခမျာ မျက်နှာငယ်နေကြရရှာသည်။ ထိုသို့မဖြေဆိုရဘဲ ရရှိလာသောအောင်လက်မှတ်ကြောင့် ရည်မှန်းချက်များပျောက်ကွယ်သွားကြရသည်။ ကြိုးစားအားထုတ်ရသည်များက အရာမထင်အလဟဿဖြစ်သွားရသည်။ ဉာဏ်ရည်ဉာဏ်သွေးအညွန့်အဖူးများ နွမ်းရိညှိုးခွေသွားသည်။  စာမေးပွဲမဖြေဆိုရဘဲ အောင်ခဲ့ရသောကြောင့်ရရှိခဲ့ရသည့်ဆိုးကျိုးများဖြစ်သည်။

ထိုကာလက ခုနစ်တန်းအစိုးရစစ်စာမေးပွဲထက် ယခုတက္ကသိုလ်ဝင်စာမေးပွဲက ပိုပြီးအရေးကြီးလှသည်။ ယခုတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည်  ကြိုးစားအားထုတ်ဝါယမစိုက်ခဲ့မှုနှင့်အညီရရှိခဲ့သော အမှတ်ပေါင်းကိုအခြေပြုပြီး အဆင့်မြင့်တက္ကသိုလ်အသီးသီးသို့တက်ရောက်သင်ယူနိုင်သည့်အခွင့်အလမ်းရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဟူ၍ခေါ်ဆိုသည့်အတိုင်း အဆင့်မြင့်တက္ကသိုလ်များသို့တက်ရောက်သင်ယူနိုင်ရန် အရည်အချင်းပြည့်မီသူများကို ရွေးချယ်ပေးသည့်စာမေးပွဲဖြစ်သည်။ သို့မှလည်း ဖြေဆိုသူတစ်ဦးချင်းစီ၏အရည်အချင်းအစစ်အမှန်ပေါ်လာမည်ဖြစ်သည်။ အင်အားပြင်းငလျင်ဘေးဒဏ်သင့်သဖြင့် ပျက်စီးခဲ့ရသော ကချင်ပြည်နယ်၊    စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့်  နေပြည်တော်ကောင်စီနယ်မြေတို့မှ ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပိုင်ရှင်  ဖြေဆိုသူများအားလုံးကိုသက်ညှာကာ  အအောင်ပေးလိုက်မည်ဆိုပါက ကျန်ပြည်တွင်းစာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနများအသီးသီးတို့တွင်ဖြေဆိုခဲ့ကြသူများထဲမှ ကျရှုံးသူများ၏မျက်နှာကို မထောက်ထားမငဲ့ညှာရာဖြစ်ချေမည်။ ရည်မှန်းချက်ကြီးကြီးနှင့်ကြိုးစားအားထုတ်ဝါယမစိုက်ခဲ့သူများနှင့်ထူးချွန်ထက်မြက်သူများကိုလျစ်လျူရှုရာဖြစ်ချေမည်။ မိဘတို့၏ရင်သွေး၊ နိုင်ငံတော်၏ရင်သွေးဖြစ်သော မျိုးဆက်သစ်လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးတို့ကိုချိုးနှိမ်ပစ်ရာဖြစ်ချေမည်။

နိုင်ငံတော်အစိုးရနှင့်   ပညာရေးဝန်ကြီးဌာနတို့သည် ရှုထောင့်ပေါင်းစုံကကြည့်ပြီး  အစစအရာရာဆင်ခြင်သုံးသပ်ချင့်ချိန်ကာ    အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများပျက်စီးခဲ့ရသည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့်  မန္တလေးတိုင်းဒေသကြီးတို့မှ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများကို ပြန်လည်ဖြေဆိုနိုင်ရန်အတွက်အမြော်အမြင်ကြီးကြီးနှင့် စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်သည်။ သတ်မှတ်ဒေသအသီးသီးရှိ စာဖြေဌာနအသီးသီးသို့ ဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်း၊    ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တက္ကသိုလ်အသီးသီးမှဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက စခန်းသွင်းသင်ကြားလေ့ကျင့်ပေးခြင်း၊   လိုအပ်သည့်လိုအပ်ချက်များကိုကူညီဖြည့်ဆည်းပံ့ပိုးပေးခြင်းစသည်ဖြင့် ဘက်ပေါင်းစုံအောင်အားပေးလျက်ရှိသည်။ထိုသို့စီမံဆောင်ရွက်ပေးနေခြင်းသည် မိဘတို့၏ရင်သွေးရတနာများဖြစ်ကြသော နိုင်ငံတော်၏ရင်သွေးရတနာများဖြစ်ကြသည့် လူ့စွမ်းအားရင်းမြစ်အညွန့်အဖူးများကိုမညှိုးမနွမ်း၊ မခြောက်မသွေ့ဘဲ လန်းဆန်းရှင်သန်နေအောင် ပြုစုစောင့်ရှောက်မြေတောင်မြှောက်ပေးနေခြင်းပင်ဖြစ်သည်။

ယခုအချိန်အခါသည် အင်အားပြင်းငလျင်ဒဏ်ကြောင့် အမျိုးမျိုးအဖုံဖုံအနိဋ္ဌာရုံများဖြစ်အောင် ပြိုလဲပျက်စီးသွားသည်များကိုကြည့်ပြီး ကြေကွဲဝမ်းနည်းနေရမည့် အချိန်အခါမဟုတ်တော့ပေ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ သတ်မှတ်ဒေသများရှိစာဖြေဌာနအသီးသီးတွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရေးလုပ်ငန်းများစသည့် လုပ်ငန်းစဉ်များကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးက တက်ညီလက်ညီ၊  အင်တိုက်အားတိုက်၊အားတက်သရောပူးပေါင်းပါဝင်ကာ အမျိုးသားရေးတာဝန်များအဖြစ် လေးလေးနက်နက်ခံယူပြီး အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ကြရမည့်အချိန်အခါပင်မဟုတ်ပါလော။        ။

Source: https://myawady.net.mm/stories

ဦးကျော်ညွန့်(ရေနံချောင်း)

ဘဝ ပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု
-

ဘဝတစ်ခုဖြစ်တည်လာပြီဆိုရင်    အသက်ရှင်ရပ်တည်မှသာ ဘဝဆိုတာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။  အသက်ဆိုတာ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို အချိန်နဲ့တိုင်းတာတဲ့မျဉ်းကြောင်းတစ်ခုလိုပါပဲ။ မွေးဖွားလာတဲ့အချိန်ကစလို့ နေ့ရက်တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်းတိုးလာရင်း ကျွန်တော်တို့ရဲ့အသက်အရွယ်ကို သတ်မှတ်ပေးပါတယ်။ ဘဝဆိုတာ မွေးခြင်းနဲ့သေခြင်း ကြားကာလကိုဆိုလိုတာပါ။ အသက်မရှိရင် ဘဝမရှိပါဘူး၊  အသက်ရှိမှသာ ဘဝဆိုတာရှိတာပါ။ ဘဝမှာ အရေးကြီးဆုံးက    ရှင်သန်နိုင်ဖို့ပါ။  ရှင်သန်ဖို့အရေးကြီးဆုံးကကျန်းမာရေးဖြစ်ပြီး ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့အရေးကြီးဆုံးက

ဘဝတစ်ခုဖြစ်တည်လာပြီဆိုရင်    အသက်ရှင်ရပ်တည်မှသာ ဘဝဆိုတာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။  အသက်ဆိုတာ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို အချိန်နဲ့တိုင်းတာတဲ့မျဉ်းကြောင်းတစ်ခုလိုပါပဲ။ မွေးဖွားလာတဲ့အချိန်ကစလို့ နေ့ရက်တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်းတိုးလာရင်း ကျွန်တော်တို့ရဲ့အသက်အရွယ်ကို သတ်မှတ်ပေးပါတယ်။ ဘဝဆိုတာ မွေးခြင်းနဲ့သေခြင်း ကြားကာလကိုဆိုလိုတာပါ။ အသက်မရှိရင် ဘဝမရှိပါဘူး၊  အသက်ရှိမှသာ ဘဝဆိုတာရှိတာပါ။ ဘဝမှာ အရေးကြီးဆုံးက    ရှင်သန်နိုင်ဖို့ပါ။  ရှင်သန်ဖို့အရေးကြီးဆုံးကကျန်းမာရေးဖြစ်ပြီး ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့အရေးကြီးဆုံးက ပညာပဲဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ သတိထားစောင့်ကြည့်မယ်ဆိုရင်မိသားစုတစ်ခုမှာ ကျန်းမာရေးနဲ့ပညာရေးကို မြှင့်တင်ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းဟာ ၎င်းမိသားစုဘဝတွေ တိုးတက်မြင့်မားလာကြတာကို   တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ထို့နည်းတူပဲ သက်ရှိသယံဇာတများဖြစ်တဲ့ နိုင်ငံသားများရဲ့ကျန်းမာရေး၊ ပညာရေးမြှင့်တင်ပေးနိုင်တဲ့နိုင်ငံတွေမှာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။

အသက်ဘဝ

ဘဝဆိုတာလူတိုင်းအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိတဲ့ ခရီးတစ်ခုပါ။ အသက်ရှင်နေထိုင်တယ်ဆိုတာ မွေးဖွားလာချိန်ကနေ သေဆုံးချိန်အထိ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေ  စုစည်းမှုလို့ဆိုနိုင်ပါတယ်။ တချို့ကတော့ အသက်ကြီးတဲ့အထိ ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေနေရတုန်းပါပဲ။ ဒါကြောင့် အသက်နဲ့ဘဝဟာ တစ်ခါတလေ အချင်းချင်းလွဲချော်နေတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဉာဏ်ပညာတိုးလာတယ်၊ အတွေ့အကြုံတွေ ပိုရလာတယ်ဆိုပေမယ့် ဘဝရဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုခံစားဖို့အချိန်နည်းလာတတ်ပါတယ်။    ဒါပေမဲ့လည်း အသက်ဘယ်လောက်ပဲရှိနေပါစေ၊ ကိုယ်လုပ်ချင်တာကိုလုပ်ဖို့၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကိုဝေမျှဖို့၊ ဒါမှမဟုတ် ကိုယ့်အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ဘယ်တော့မှ နောက်ကျတယ်လို့မရှိပါဘူး။ အသက်ဟာ ကန့်သတ်ချက်တစ်ခုဖြစ်ပေမယ့် ဘဝကိုဘယ်လိုဖြည့်စွမ်းမလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့လက်ထဲ မှာပါ။ ဒီတော့ အသက်ကိုရေတွက်ရင်း  ဘဝကိုမေ့မထားဖို့ အရေးကြီးပါတယ်။  နေ့စဉ်ဘဝမှာအသက်ရှင်နေရတာကို တန်ဖိုးထားပြီး ကိုယ်ရှိတဲ့အချိန်တွေကို အဓိပ္ပာယ်ရှိအောင်ဖြတ်သန်းနိုင်ဖို့ကြိုးစားရမှာပါ။ ထိုသို့ အရည်အသွေးရှိတဲ့ဘဝ တွေပိုင်ဆိုင်နိုင်ဖို့ဆိုရင်    ပညာဟာမရှိမဖြစ်အရေးပါလာပါတယ်။  အသိပညာ အတတ်ပညာဆိုတဲ့ ပညာရှိမှ အသက်ဘယ်လိုရှင်သန်အောင်  နေရမယ်ဆိုတာ သိမယ်။ ဘဝကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာကို နားလည်မှာဖြစ်ပါတယ်။

ပညာ

ပညာဆိုတာ အကြောင်းအကျိုးကိုသိခြင်းဖြစ်ပြီးတော့ ပညာသင်ခြင်းဆိုတာကတော့ အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းခြင်းပဲဖြစ်ပါတယ်။ ပညာဆိုတာ လူသားတွေရဲ့ဘဝကို အလင်းပေးတဲ့ မီးအိမ်တစ်လုံးလိုပါပဲ။ ပညာဟာစာအုပ်ထဲက စာသားတွေထက် ပိုကျယ်ပြန့်ပြီး ကျောင်းတက်ချိန်နဲ့ ကန့်သတ်မထားတဲ့ တစ်သက်တာသင်ယူမှုတစ်ခုပါ။ ပုဂံခေတ် သိင်္ဃသူ့သမီးကျောက်စာမှာ “ဤကောင်းမှုကိုပြုရခြင်းအကျိုးကြောင့် ငါသည်ပညာမရှိသော မိုက်သောမဖြစ်မူ၍   ပညာရှိသောအကြောင်းကိုသိသောသူဖြစ်လိုပါ၏” ဟုရေးထိုးထားတာကို တွေ့ရှိရပါတယ်။ ရှေးခေတ်ကာလတွေကတည်းက ပညာကိုဘယ်လောက်အလေးထားခဲ့ကြောင်း ထင်ရှားတဲ့အထောက်အထားပဲဖြစ်ပါတယ်။   ပညာဆိုတာထုထည်အလွန်ကြီးမားတယ်။ ပညာဆိုတာ  လူရဲ့အရည်အသွေး လူရဲ့စွမ်းအင်တစ်ခုပဲဖြစ်ပါတယ်။ပညာက လူကိုအကျိုးပြုတဲ့စွမ်းအင်ရှိပါတယ်။ ဘယ်လိုစွမ်းအင်လည်းဆိုရင်    ဖြစ်ချင်တာကိုဖြစ်အောင် မဖြစ်ချင်တာကိုမဖြစ်အောင် ပညာကလူကိုလုပ်ပေးနိုင်ပါတယ်။ ပညာရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ တချို့က စာဖတ်တတ် စာရေးတတ် ဘွဲ့တွေရထားတာကို ပညာရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းပညာဆိုတာ ကျောင်းသင်ခန်းစာတွေထဲမှာ ပိတ်လှောင်ထားလို့မရတဲ့အရာပါ။ ဘဝအတွေ့ အကြုံကနေသင်ယူတာ၊ အမှားတွေကနေ ပြန်သင်ခန်းစာယူတာ၊ တခြားသူတွေရဲ့စကားကိုနားထောင်ပြီးဉာဏ်ပညာရယူတာတွေဟာလည်း  ပညာရဲ့တစ်စိတ် တစ်ပိုင်းပါပဲ။   ဒါကြောင့်   လူတစ်ယောက်ရဲ့ပညာအဆင့်ကို စာရွက်ပေါ်ကအမှတ်တွေ၊   ဘွဲ့လက်မှတ်တွေနဲ့ပဲ   အတိုင်းအတာသတ်မှတ်လို့မရပါဘူး။

ပညာရှိခြင်းရဲ့အကျိုးကျေးဇူးက ဘာလဲဆိုတော့ ပထမဆုံး ကိုယ့်ကိုယ်ကိုယ်နားလည်လာစေပါတယ်။ ကိုယ်ဘာလိုချင်လဲ၊ ဘာကိုလုပ်နိုင်လဲ၊ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို သိရှိလာတဲ့အခါ ဘဝရဲ့ရည်ရွယ်ချက်တွေ ပိုမိုရှင်းလင်းလာပါတယ်။ ဒါ့အပြင်ပညာဟာ ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ လူသားတွေဖြစ်လာအောင် ပြောင်းလဲပေးပါတယ်။ သည်းခံတတ်ခြင်း၊ စာနာတတ်ခြင်း၊ တခြားသူတွေရဲ့အမြင်ကို လေးစားတတ်ခြင်းဟာ ပညာရှိသူတွေမှာ တွေ့ရတတ်တဲ့အရည်အချင်းတွေပါ။ အရေးကြီးဆုံးကတော့ ပညာဟာ ကျွန်တော်တို့ကို လွတ်လပ်မှုပေးပါတယ်။ အသိဉာဏ်မရှိရင် ကိုယ်ဟာ အခြားသူတွေရဲ့လှည့်စား မှု၊ ဖိနှိပ်မှုတွေအောက်မှာ ပိတ်မိနေနိုင်ပြီး  ပညာရှိတဲ့အခါ ကိုယ့်ဘဝကို    ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိလာပါ တယ်။ ဒါပေမဲ့ ပညာရှိဖို့ဆိုတာ လွယ်ကူတဲ့လမ်းစဉ်တော့မဟုတ်ပါဘူး။ အချိန်ယူရတယ်၊ ကြိုးစားရတယ်၊ တစ်ခါတလေ  အမှားတွေကနေသင်ယူရတယ်။ဒါပေမဲ့   အဲဒီကြိုးစားမှုဟာ   တန်ဖိုးရှိပါတယ်။ဘာကြောင့် လဲဆိုတော့   ပညာဟာ  ဘယ်တော့မှကုန်ခန်းမသွားတဲ့ ဘဏ္ဍာတိုက်တစ်ခုဖြစ်နေလို့ပါ။ တစ်ခါရလာရင် ဘယ်သူမှ အတင်းအဓမ္မလုယူလို့မရသလို ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့အတူရှိနေမယ့်အရာတစ်ခုပါပဲ။

ဒီတော့ ပညာဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကိုပြန်တွေးကြည့်ရင် ပညာဟာ သင်ယူမှု၊ နားလည်မှု၊ အသုံးချမှုတို့ရဲ့ ပေါင်းစပ်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဗုဒ္ဓဘာသာအရတော့ ပညာဆိုတာသိတယ်၊ သိတဲ့ခဏ၌ပယ်ရမှာကိုပယ်တယ်၊ ရသင့်တာ ဆိုက်သင့်တာတွေကိုရပြီးသား၊  ဆိုက်ရောက်ရမယ့်နေရာကိုတစ်ခါတည်းဆိုက်ရောက်သွားကာ  ဆက်လက်ပွားများရမယ့်အရာတွေကို ပွားများသွားနိုင်တယ်။ သိ၊ပယ်၊ ဆိုက်၊ ပွားဟာ ပညာရဲ့ကိစ္စလေးရပ်ပဲဖြစ်ပါတယ်။ အင်မတန်ရိုးရှင်းပါတယ်။ ဒီနေရာမှာထပ်မံအသိပေးလိုတာက ပညာသင်ယူခြင်း၊ ပညာရှာခြင်းဟာ စာသင်ကျောင်းထဲမှာပဲရှိတာမဟုတ်ဘဲ ဘဝရဲ့အဆုံးမရှိတဲ့ ခရီးတစ်လျှောက်မှာ ဆက်လက်ရှာဖွေရမယ့်အရာတစ်ခုပါ။ ဒါကြောင့် ပညာကိုတန်ဖိုးထားပြီး အမြဲတမ်းသင်ယူဖို့ကြိုးစားနေမယ်ဆိုရင် ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာဖြစ်သလို မိမိပတ်ဝန်းကျင်၊ မိမိရဲ့မိသားစု၊   မိမိရဲ့တိုင်းပြည်အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမှာအမှန်ပါပဲ။

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု

လူသားအရင်းအမြစ် (Human Capital) ဆိုသည်မှာ လူတစ်ဦးချင်းစီတွင်ရှိသော အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ကျန်းမာရေးကောင်းမွန်မှု စတဲ့အရည်အချင်းများကို   စီးပွားရေးတန်ဖိုးအဖြစ်သတ်မှတ်တာကိုဆိုလိုပါတယ်။ လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းဟာ တစ်ဦးချင်းဘဝတိုးတက်ရုံသာမက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အခြေခံကျသောအချက်တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုအပြိုင်အဆိုင်ဖြစ်နေချိန်တွင် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုသည်အရေးပါမှုပိုမိုမြင့်တက်လာခဲ့ပါတယ်။ လူသားအရင်းအနှီးကို ဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသောအစိတ်အပိုင်းများမှာ ပညာရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်သင်ကြားမှုများဖြစ်ပါတယ်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ဆန်းသစ်တီထွင်နိုင်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပြီးတော့ ကျန်းမာရေးကောင်းမွန်မှုက လူတစ်ဦးရဲ့အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်စွမ်းအားကိုတိုးတက်စေပြီး လေ့ကျင့်သင်ကြားမှုများကမူ သတ်မှတ်ထားသောကျွမ်းကျင်မှုများကို အားဖြည့်ပေးပါတယ်။ ဤအရင်းအမြစ်များသည် တစ်ဦးချင်းစီ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အခြေခံကျပါတယ်။

ထပ်မံ၍တင်ပြရမည်ဆိုရင်  အသက်ဘဝတစ်ခုရလာပြီဆိုပါက ၎င်းကို စောင့်ရှောက်မွေးမြူနိုင်ရန် ပညာသည် မရှိမဖြစ်သောအရာပင်ဖြစ်ပါတယ်။ ပညာတတ်မှ ပညာရှိမှအသက်ရှည်နိုင်မယ်၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မယ်။ တစ်ဆက်တည်းဆိုရပါမူ လူ့အဖွဲ့အစည်းတစ်ခုမှာ ရပ်တည်ဖို့ဆိုပါက လူသားတစ်ယောက်အနေနဲ့ တာဝန်ကိုသိရမယ်၊   တာဝန်ယူဝံ့ရမယ်၊တာဝန်ကို ထမ်းဆောင်နိုင်ရပါမယ်။   ကိုယ်ကျင့်တရားရှိခြင်းသည်   တာဝန်သိခြင်းဖြစ်ပြီးတော့ တာဝန်မဲ့ခြင်းသည် ကိုယ်ကျင့်တရားမဲ့ခြင်းပင်ဖြစ်ပါတယ်။ တာဝန်ယူဝံ့ခြင်းသည် သတ္တိရှိခြင်းမည်ကာ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် စွမ်းရည်ရှိခြင်းပင်ဖြစ်ပါတယ်။ စွမ်းရည်ရှိဖို့ဆိုပါက ပညာတတ်ဖို့လိုပါမယ်။ ပညာမရှိရင် စွမ်းရည်လည်းရှိနိုင်မှာမဟုတ်ပါဘူး။

တစ်ဦးချင်းစီအနေဖြင့်သာမကဘဲ အဖွဲ့အစည်း/တိုင်းပြည်အတွက်ဆိုပါကလည်း လူသားများသည် အဓိကမောင်းနှင်အားဖြစ်တာကြောင့် Human Capital ကို မြှင့်တင်ရန် အစိုးရများနှင့် အဖွဲ့အစည်းများသည် ပညာရေးစနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ရင်းနှီးမြှုပ်နှံကြရပါတယ်။ လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်လာမှုဟာ လူတစ်ဦးချင်းအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေတိုးတက်မှုနှင့် ဘဝအရည်အသွေးမြင့်မား လာမှုကို ဖြစ်ပေါ်စေပါတယ်။ လူ့အဖွဲ့အစည်းအဆင့်တွင်မူ စီးပွားရေးတိုးတက်မှု၊  ဆင်းရဲမွဲတေခြင်း လျော့နည်းလာမှုနှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် လူတစ်ဦးချင်း  တစ်ယောက်ချင်းစီအနေနဲ့ မိမိတို့ရဲ့အသက်ဘဝကို ဆင်ခြင်နိုင်ကြကာ အရေးအကြီးဆုံးဖြစ်တဲ့ပညာကို ဖြည့်တင်းခြင်းအားဖြင့် မိမိတို့မိသားစု၊ အဖွဲ့အစည်းများနဲ့ နိုင်ငံတို့အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုများကိုစွမ်းဆောင်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။      ။

Source: https://myawady.net.mm/stories
 
ဒေါက်တာဇေယျာဝင်း

အနာဂတ်အတွက် ဂုဏ်တင့်တယ် ရေကြောင်းတို့လူငယ်
-

နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို အမှန်တကယ်ပိုင်စိုးသူများမှာ ယနေ့လူငယ်များဖြစ်သည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုစကားသည် အစဉ်အမြဲမှန်ကန်သည့်စကားဖြစ်သည်။ လူငယ်တွေကိုအကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှသာ အနာဂတ်နိုင်ငံတော်အတွက် စိတ်ချရမည့်အနေအထားဖြစ်သည်။ လူငယ်များ၏အခန်းကဏ္ဍကို စဉ်ဆက်မပြတ်သတိထားကာ မြှင့်တင်နိုင်သမျှ မြှင့်တင်ပေးနေရမည်ဖြစ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ လူငယ်များအား ပညာပြည့်ဝနှလုံးလှအောင် ပျိုးထောင်ပေးခြင်းဖြစ်သည်။ လူငယ်သည် နိုင်ငံတော်၏အရင်းအနှီးဟုဆိုလျှင်မမှားနိုင်ပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ပေးလျက်ရှိသည်။ ထိုသို့တည်ဆောက်ပေးလျက်ရှိရာတွင် လူမှုရေးဦးတည်ချက်၌ “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု  ပညာရှင်များထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” နှင့် “ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌     လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဟူသောဦးတည်ချက်များမှာ လူငယ်များကို မြှင့်တင်ပေးရန်ဖြစ်သည်။

လူငယ်တိုင်းအတွက် အရေးကြီးဆုံးသောအချက်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်သည် အမှန်ပင်အရေးကြီးလှပေသည်။ စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာမှသာ နိုင်ငံတော်အတွက် အားကိုးရသူများဖြစ်လာပေလိမ့်မည်။  လူငယ်တိုင်းတွင်ရှိနေရမည့်စိတ်ဓာတ်မှာ“ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသည့်စိတ်”ဖြစ်သည်။ လူငယ်တိုင်းက  မိမိတို့နေထိုင်သည့်နိုင်ငံကို ချစ်မြတ်နိုးနေရမည်။ နိုင်ငံတော်အတွက် ကျရာတာဝန်ကို  ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။ ထိုသို့တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လူငယ်အဖြစ် ရှင်သန်နေစဉ်ကာလအတွင်း အသိပညာ၊ အတတ်ပညာများ ပြည့်ဝအောင်ဖြည့်ထားကြရမည်ဖြစ်သည်။

ထိုသို့ပညာပြည့်ဝစေရန်အတွက် ကျောင်းစာများကိုလေ့လာသင်ယူရသကဲ့သို့ ကျောင်းပိတ်ရက်များတွင်လည်း မိမိဘဝအတွက်၊ ထိုမှတစ်ဆင့် နိုင်ငံတော်အနာဂတ်အတွက် တတ်သင့်တတ်ထိုက် သည့် ပညာရပ်များကို လေ့လာဆည်းပူးသင်ယူကြရမည်ဖြစ်သည်။ ယခုဖွင့်လှစ်သည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သည် မိမိကစိတ်ဆန္ဒရှိသော်လည်း ပြင်ပတွင်သင်ယူရန် ခက်ခဲလှသည့်   ရေကြောင်းအတတ်ပညာများအားအကျိုးရှိစွာ သင်ယူတတ်မြောက်နိုင်သည့်သင်တန်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်းလူငယ်များအား ရေကြောင်းလူငယ်သင်တန်း၊  လေကြောင်းလူငယ်သင်တန်းများဖွင့်လှစ်ကာသင်ကြားပေးနေခြင်းမှာ မိဘများအတွက်၊ လူငယ်များအတွက် လွန်စွာကောင်းမွန်သည့်ဆောင်ရွက်ချက်ဖြစ်သည်။ တက်ကြွရွှင်လန်းသော လူငယ်များကို တူညီဝတ်စုံကလေးများနှင့် မြင်တွေ့ရသည်မှာ တကယ့်ကို ကြည်နူးပီတိဖြစ်ဖွယ်ကောင်းလှသည်။ အသက်အရွယ်ရလာသူများအဖို့  ပြန်လည်၍ပင်   အသက်ငယ်ချင်သေးသည်။ လူငယ်တို့၏ အားမာန်ပြည့်ဝနှလုံးလှသည့်  သွက်လက်လျင်မြန်လှုပ်ရှားဟန်တို့သည် နိုင်ငံတော်၏အနာဂတ်အတွက် ကျေနပ်စရာများဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် မရှိလျှင်လုံးဝမဖြစ်သောအဖွဲ့အစည်းသည် တပ်မတော်ဖြစ်သည်။ ထိုမရှိမဖြစ်သည့် တပ်မတော်ကို ဆက်လက်အမွေခံရမည့်သူများမှာ လူငယ်များဖြစ်သည်။ တပ်မတော်နှင့် လူငယ်၊ လူငယ်နှင့်တပ်မတော်သည် ခွဲခြား၍မရနိုင်သည့်အရာများဖြစ်သည်။  ထို့ကြောင့်    တပ်မတော်(ရေ) နှင့် တပ်မတော်(လေ)တို့က ယင်းတို့နှင့်သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာများကို လူငယ်များသို့ ပြန်လည်ဖြန့်ဝေပေးခြင်းမှာ အလွန်ကောင်းမွန်သည့်အစဉ်အလာကောင်းတစ်ရပ်ဟု ဆိုချင်ပါသည်။

တပ်မတော်(ရေ)သည် နိုင်ငံတော်ကို ပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရေးဆိုသည့် ရည်မှန်းချက်တာဝန် (၃) ရပ်ဖြင့်လည်း မမှိတ်မသုန် အားကောင်းမောင်းသန်ချီတက်လျက်ရှိသည်။

ထိုသို့ချီတက်လျက်ရှိသည်ကို လူငယ်များသိရှိစေချင်သည်။ တပ်မတော်(ရေ)အကြောင်း ပိုမိုပြည့်စုံစွာ လူငယ်များသိရှိစေချင်သည်။ ထို့ကြောင့် လူငယ်များအတွက် တပ်မတော်(ရေ)က ရေကြောင်းလူငယ်သင်တန်းများကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်-

(က) ရေကြောင်းပညာရပ်များကို လေ့လာခြင်းဖြင့်ရေကြောင်းသွားလာရေးဆိုင်ရာ အတတ်ပညာရပ်များတွင် စိတ်ပါဝင်စားမှုတိုးပွားလာစေရန်။

(ခ)စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာဖြင့်စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများရရှိလာစေရန်။

(ဂ) ခေတ်မီနိုင်ငံတည်ဆောက်ရေးတွင် ရေကြောင်း     ပို့ဆောင်ရေးအခန်းကဏ္ဍ အရေးပါကြောင်းလူငယ်များသိရှိနားလည်လာစေရန်။

(ဃ) တိုင်းရင်းသားညီနောင်အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတာဝန်များအား လက်တွဲညီညီဆောင်ရွက်တတ်စေရန်။

(င)နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်သည့်ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန်။

ရေကြောင်းလူငယ်သင်တန်းများပို့ချပေးခြင်း၏ကောင်းမွန်သောရည်ရွယ်ချက်များမှာ ယနေ့လူငယ်များနှင့်  နိုင်ငံတော်၏ ကောင်းကျိုးကိုရှေးရှုသောရည်ရွယ်ချက်ကောင်းများဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်နှင့်အညီ  အဆိုပါတာဝန်ကို နိုင်ငံသားအဆက်ဆက်၊ တစ်နည်းဆိုရလျှင် မျိုးဆက်သစ်အဆက်ဆက်တို့က ဂုဏ်ယူဝင့်ကြွားစွာထမ်းဆောင်ကြရမည်ဖြစ်သည်။ တပ်မတော်(ရေ)နှင့်ပတ်သက်သောပညာရပ်များကို လူငယ်များအားသင်ကြားပေးထားခြင်းအားဖြင့်  လူငယ်တို့အတွက်အဖိုးတန်အမွေကို လက်ဆောင်မျှဝေပေးလိုက်ခြင်းဖြစ်သည်။

ရေကြောင်းလူငယ်သင်တန်းများဖွင့်လှစ်ခဲ့ခြင်းအတိတ်သမိုင်းကိုလေ့လာကြည့်ပါက ရေကြောင်း လူငယ်သင်တန်းကို ၁၉၅၉ ခုနှစ်  ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလူငယ်(ရေကြောင်း)သင်တန်း၊ကန်တော်ကြီးစခန်းအမည်ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်တို့ကို ရေကြောင်းပညာနှင့်ရေကြောင်းလုပ်ငန်းများတွင် စိတ်ပါဝင်စားလာစေရေးနှင့် မြေတောင်မြှောက်ပေးရန်ရည်ရွယ်ပြီး နိုင်ငံတော်မှချမှတ်ထားသော မူဝါဒနှင့်အညီ တပ်မတော်(ရေတပ်)၊ တပ်မတော်စိတ်ဓာတ်မြှင့်တင်ရေးနှင့် လူမှုဆက်ဆံရေးညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်းကာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ ၁၉၆၄  ခုနှစ်တွင်  လူငယ်(ရေကြောင်း)သင်တန်းမှ  ရှေ့ဆောင်လူငယ်(ရေကြောင်း) သင်တန်းအမည်သို့လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ရှေ့ဆောင်လူငယ်(ရေကြောင်း)သင်တန်းအမည်မှ တပ်မတော်(ရေ)ရဲညွန့်လောင်း (ရေကြောင်းမျိုးဆက်)သင်တန်းအမည်သို့လည်းကောင်း ပြောင်းလဲ၍ ၂၀၀၄ ခုနှစ်အထိဖွင့်လှစ်ခဲ့ပြီး ခေတ္တရပ်နားထားခဲ့သည်။ ၂၀၁၄ ခုနှစ်မှစတင်၍ ရေကြောင်းလူငယ်အခြေခံသင်တန်း/ ရေကြောင်းလူငယ်တန်းမြင့်သင်တန်းဟူသောအမည်ဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်ထိဖြစ်သည်။

မည်သည့်အတတ်ပညာရပ်မဆို မိမိတို့လူငယ်များအတွက် အကျိုးရှိပြီးအသုံးဝင်သည့် ပညာရပ်များသာဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းကြောင့် သိနိုင်ရန်၊ တတ်နိုင်ရန် ခက်ခဲလှသောပညာရပ်များကို လူငယ်များသိ၊ တတ်သွားကြသည်။၎င်းလူငယ်များအနေဖြင့် နောင်တစ်ခေတ် နိုင်ငံတော်ကို တာဝန်ယူချိန်တွင် မျိုးဆက်သစ်တို့ကို ကောင်းမွန်သောအမွေများ လက်ဆင့်ကမ်းနိုင်ကြမည်ဖြစ်သည်။ သင်ကြားပို့ချချိန်သည် ကာလအားဖြင့် သင်တန်းကာလ ငါးပတ်ဖြစ်ပြီး   ပထမသင်တန်းကာလသုံးပတ်တွင် သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပေးသည်။စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်ဘာသာရပ်၊ ဆက်သွယ်ရေးဘာသာရပ်၊  ရေကူးဘာသာရပ်နှင့် လှေလှော်/ရွက်တိုက်ဘာသာရပ်တို့ဖြစ်သည်။

ဘာသာရပ်အားလုံးသည် လူငယ်များအတွက် တန်ဖိုးရှိသောပညာရပ်များသာဖြစ်သည်။ စစ်ရေးပြဘာသာရပ်ကို သင်ကြားတတ်မြောက်ခြင်းအားဖြင့် အမိန့်နာခံတတ်မှု၊ စည်းကမ်းကောင်းမွန်မှု၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်မှု စသည့်အလေ့အကျင့်ကောင်းများရရှိမည်။ စည်းလုံးညီညွတ်ခြင်းသည် အင်အားဆိုသည့်အတိုင်း လူငယ်တို့၏ညီညွတ်ခြင်းစွမ်းအားကို စစ်ရေးပြဘာသာရပ်က ဖြည့်ဆည်းပေးလိမ့်မည်။ သင်ကြားရမည့်ဘာသာရပ်များအကြောင်း ရေးသားမည်ဆိုပါက အံ့ဩကုန်နိုင်ဖွယ်ဆိုသကဲ့သို့ ဖြစ်နေပေလိမ့်မည်။  ထို့ကြောင့် ရေကြောင်းလူငယ်သင်တန်းဆိုင်ရာဘာသာရပ်များကို လက်တွေ့ကျကျသင်ယူကြည့်ကြပါဟု တိုက်တွန်းချင်သည်။

စာရေးသူ   လေ့လာမိသလောက်ပြောရလျှင်ရေကြောင်းလူငယ်သင်တန်းများ၏နောက်ဆုံးရက်သတ္တပတ်သည် ပျော်စရာအကောင်းဆုံးဖြစ်သည်။ ရေကြောင်းလူငယ်စခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများကို   ရန်ကုန်မြို့တွင်စုစည်းစေပြီး စခန်းပေါင်းဆုံ   တွေ့ဆုံပွဲကျင်းပခြင်းဖြစ်သည်။ သင်တန်းကာလတစ်လျှောက် သင်ကြားပေးခဲ့သည့် ဘာသာရပ်အလိုက် ပြိုင်ပွဲများ၊ ရန်ကုန်မြို့တွင်း လေ့လာရေး
ခရီးစဉ်များ သွားရောက်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံတစ်နံတစ်လျားမှလာရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံကြမည်ဖြစ်သည့်အတွက် အသိမိတ်ဆွေတိုးပွားမည့်အပြင်လေ့လာရေးခရီးစဉ်များကြောင့် ဒေသန္တရဗဟုသုတများလည်း ရရှိကြမည်ဖြစ်သည်။လူငယ်များ၏ အပြိုင်အဆိုင်ကြိုးစားလိုစိတ်၊ အဖွဲ့အစည်းစိတ်၊ အချင်းချင်းရိုင်းပင်းကူညီလိုစိတ်များလည်း တိုးပွားလာမည်ဖြစ်သည်။ နိုင်ငံအတွက် တန်ဖိုးရှိသည့်လူငယ်များ  ပေါ်ထွန်းလာမည်ဖြစ်သည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်းများကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်မှ မေလ ၂၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည့်အတွက်သင်တန်းတက်ရောက်ခွင့်ရရှိကြသူ လူငယ်မောင်မယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင် ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ တပ်မတော်သားတို့၏မေတ္တာ၊ စေတနာ၊ အနစ်နာနှင့် ဝါသနာ အရင်းခံစိတ်ဓာတ်တို့ကို လူငယ်မောင်မယ်များကိုယ်တွေ့သိရှိနားလည်စာနာသဘောပေါက်ကြမည်ဖြစ်သည်။

ယနေ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုအဆင့်မြင့်မြင့် ထမ်းဆောင်နေကြသူများအားလုံးမှာ တစ်ချိန်က ကျောင်းသား၊ ကျောင်းသူ  လူငယ်များပင်ဖြစ်သည်။ လူငယ်များအနေဖြင့် အသက်အရွယ်အရ၊ ပညာအရည်အချင်းအရ အဆင့်မြင့်တာဝန်များကို မလွဲမသွေထမ်းဆောင်ကြရမည့်သူများဖြစ်သည်။  ထို့ကြောင့် တပ်မတော်(ရေ)အနေဖြင့် လက်ဆင့်ကမ်း အမွေများကို   ပေးနေခြင်းဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် လူငယ်များမလွဲမသွေပါဝင်ကြရမည်ဖြစ်သည့်အတွက် မိမိတို့တက်ရောက်သင်ယူရမည့် ရေကြောင်းလူငယ်အခြေခံသင်တန်းများ၊ရေကြောင်းလူငယ်တန်းမြင့်သင်တန်းများတွင် ရိုးသားကြိုးစား၍ ကျွမ်းကျင်စွာတတ်မြောက်အောင်   သင်ယူခြင်းဖြင့် မိမိတို့၏အနာဂတ်၊ နိုင်ငံတော်၏အနာဂတ်ပိုမိုလှပအောင် စွမ်းဆောင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် “အနာဂတ်အတွက်ဂုဏ်တင့်တယ် ရေကြောင်းတို့လူငယ်”များအဖြစ် တန်ဖိုးရှိသော၊ တန်ဖိုးမြင့်မားသော၊ နိုင်ငံတော်အတွက်၊ တပ်မတော်(ရေ)အတွက် အားကိုးထိုက်သူများဖြစ်ကြပါစေကြောင်း   ဂုဏ်ပြုရေးသားအပ်ပါသည်။    ။

ဘုန်းမောင်ဝင်း(ဖျာပုံ)

မိုးမှာကျူးရင့် ပွင့်မည့်ပန်း
-

အရုဏ်ဖူးစ၊  ရွှေရည်မြသား

ပတ္တမြားရည်  စီးထွေလည်ကာ

ရောင်နီခင်းဖြန့်  အလင်းဆန့်ခဲ့။

အရုဏ်ဖူးစ၊  ရွှေရည်မြသား

ပတ္တမြားရည်  စီးထွေလည်ကာ

ရောင်နီခင်းဖြန့်  အလင်းဆန့်ခဲ့။

မှန်ပါသည်။ အရုဏ်ဝင်းမြတ် လင်းလက်ခဲ့ပြီပေါ့။ အလင်းသည် ခွန်အားဖြစ်ပါ၏။ ငှက်ကလေးများမြူးကြ၏၊ ပန်းကလေးများဖူးကြ၏၊ ပွင့်ကြ၏။ တကယ့်အရှိတရားပင်၊  အညွန့်အဖူးအပွင့်တို့၏  အလွန့်၊ အလူး၊ အကူး၊ အထ၊ အဦး၊ အစ ရွှန်းမြခြင်းပင်တည်း။ ရှင်သန်ခြင်း၊ ပျိုမျစ်ခြင်း၊ ကြည်လင်ခြင်း၊ သာယာခြင်းတည်းဟူသည့် အလှဗေဒတို့ဖြင့် ထုံမွှေးနေပါ၏၊ မိုးပြင်မှာ ပြာလဲ့လဲ့ဖျော့ဖျော့၊ လေအနော့ဝယ် အထိအတွေ့မှာ လန်းလန်းမွေ့မွေ့ ချမ်းချမ်းမြေ့မြေ့ရှိလှပါ၏။

ရာသီမှာ  နွေအဦး၊ မြင်ကွင်းအရတော့ ပြန့်ပြန့်ပြူးပြူးပင်၊ ကွန်ကရစ်သားခင်း လေယာဉ်ပြေးလမ်းတစ်ခုဖြစ်၏။ လေယာဉ်ရုံများနှင့် ရပ်နားထားသည့်လေယာဉ်/ရဟတ်ယာဉ်များမှာ သက်ငြိမ်ပန်းချီကားတစ်ချပ်နှယ်၊ ခပ်လှမ်းလှမ်း အတွင်းဘက်ကျကျတွင် ထီးထီးမားမား  အရိပ်ကောင်းလှသည့် ပိတောက်ပင်ကြီးက အထင်းသား၊ ထိုစဉ် ကျွန်တော့်မြင်ကွင်းအတွင်း ဝင်လာနေသည်က အပြာရောင်ကလေးများ၊ လှုပ်ရှားမှုအနေနှင့်တော့  စနစ်တကျရှိလှပါ၏။ဟော  ကြည့်ရင်း ကြည့်ရင်းနှင့်ပင် အစုအဝန်းလေးဖြစ်သွားပြီး မိုးပြင်ဝယ်လွင့်မျောလာသည့် တိမ်ပန်းဖူးပွင့်လေးများပမာပင်တည်း။

စင်စစ်လေကြောင်းလူငယ်မောင်မယ်လေးများပင်ဖြစ်ပါ၏။ အပြာရင့်ခံ ကြည်ပြာစုံပြီး လည်စည်းပဝါ ဦးထုပ်ပြာ၏ တန်ဆာဝတ်ဆင် ထူးသစ်လွင်မို့ မိုးမြင့်နောက်ခံ တက်ကြွမာန်လျှင် ငှက်သွင်ပျံကြွမတတ်သော် ဟုပင်ဆိုချင်သည်။  ဆိုလောက်ပါသည်။ ကျွန်တော်ခံစားမိသော အဖွဲ့အနွဲ့ပါ၊ ကြည့်လေ ဝတ်စားဆင်ယင်မှုမှာ အပြာရောင်တစ်မျိုးတည်းကို တစ်လွှာချင်းခွဲကာ အနုအရင့်ဆင့်ကာ ပိုင်းဆစ်ကွဲပြားဆန်းသစ်မှုကို ဖြစ်စေတန်ရာ၏၊ အပြာရောင် မူလ သဘောမှာ   အေးချမ်းတည်ငြိမ်ခြင်း   ဖြစ်စေရာ အရောင်၏ဆွဲဆောင်မှုကို   ပါးပါးလှပ်လှပ် ဆွဲယူ ပြလိုက်သည့်နှယ် စွဲမက်ဖွယ်ဖြစ်စေ၏။ နှစ်ခြိုက်ဖွယ်ဖြစ်စေ၏၊ တကယ်တော့ အရောင်၏လျှို့ဝှက်သောညှို့ဓာတ်သဘော   သက်ဝင်စွဲထင်နေခြင်းပင် မဟုတ်ပါလား။

သူတို့၏သဏ္ဌာန်မှာ နုပျိုခြင်း၊ လန်းဆန်းခြင်း၊အားမာန်ပြည့်ဝခြင်းတို့အပြင်  စူးစမ်းလိုစိတ်များ အတိအကျရှိနေပါလိမ့်မည်။သူတို့ သူတို့၏ မျက်နှာပြင်ဝယ် ဆန္ဒနှင့်ရည်ရွယ်ချက် ထပ်တူမျှညီနေခြင်းသဘော   အရိပ်အယောင်များ တွေ့မြင်ထင်ဟပ်နေခဲ့ပြီဟု ဆိုလောက်ပါ၏၊ ဆိုနိုင်ပါ၏။ သူတို့သည် လူငယ်များဖြစ်ကြသည်ကိုး၊ ဆယ်ကျော်သက်ရွယ် ဆယ့်လေးနှစ်မှ ဆယ့်ရှစ်နှစ်ခန့်ဝန်းကျင်၊ ပညာအရည်အချင်းမှာ Grade-9 မှသည် Grade-12 အဆင့်ထိ   ဖြစ်ပေလိမ့်မည်။   လူငယ်ဆိုတော့ ရိုးသား၏၊ ပွင့်လင်းပါ၏၊ အနာဂတ်ကျယ်ပြောပါ၏၊အိမ်မက်ဦးနှင့်ပန်းခူးနိုင်ပါ၏၊ ပန်းနှယ်တူမျှနုမြပါ၏၊အနွမ်းကိုတော့ဖြင့်   ငုံ့မခံ၊  အကြမ်းကို  လှန်ကာ ကြောက်ရွံ့မှုကို မမှန်ကန်ဟု သူတို့ယူဆပေလိမ့်မည်။ နောက်မတွန့်တတ်သည့် စိတ်ကလေးရှိခြင်းကဖြင့် လေးစားစရာပင်၊ ဤသည်မှာ လူငယ်တို့၏ဘဝရုပ်ပုံလွှာစစ်စစ်ပင်ဖြစ်ပါ၏။

သူတို့ခံယူထားသည်မှာ “လေကြောင်းလူငယ်” တဲ့ ပညတ်နှင့်ဓာတ်သက်ညီမျှခြင်း၊ အရင်းအမြစ်၊ အညွန့်အဖူးရွယ်ရည် လူငယ်မည်၏။ ပညာရပ်နယ်ပယ်နှင့်ယှဉ်ကာ  ဖွင့်လှစ်လိုက်သည့်  တံခါးတစ်ချပ်ပင်၊ တကယ်လည်း လေကြောင်းပညာရပ်အပေါ် ဗဟိုပြုခြင်း၊ လေ့လာဆည်းပူးသင်ကြားခြင်း၊ နာယူမှတ်သားခြင်း စသည်တို့ဖြင့် စိတ်ပါဝင်စားမှု အာသီသကို ဆန့်ထုတ်ကြည့်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤစိတ်ဓာတ်လေးကပင် ချစ်ခင်စရာ၊ နွေရာသီကျောင်းပိတ်ရက်ကို အချည်းနှီးမဖြစ်စေဘဲ ဤပညာရပ်နယ်ပယ်အဝန်းအဝိုင်းအတွင်း တိုးဝင်ကြည့်ချင်သိမြင်လိုလားသည့် သူတို့၏ မနောမယ သဘောသဘာဝကပင် တန်ဖိုးကိုဖြစ်စေတန်ရာ၏။ တန်ဖိုးဟူသမျှ အလုပ်ကဖန်တီးသည်ဟူသော အဆိုအရကြည့်လျှင်တော့ ဤပညာရပ်နှင့် ဤပညာရပ်အပေါ် သက်ဝင်ယုံစားဆည်းပူးလာကြသည့် သူတို့လေးတွေအပေါ်တွင်သာ တည်မှီနေပါလိမ့်မည်။

ပညာရပ်အနေဖြင့် နောက်ခံပုံရိပ်သည် ကြီးမားလွန်းပါ၏၊   ထုထည်ဖြင့်  ဟီးနေပါ၏၊  သမိုင်း ခိုင်မာလှပါ၏၊  ဂုဏ်ရည်ချင်း  ပြည့်ဝင်းနေပါ၏၊သည်တော့ ဤမျှကြီးမားသည့် ဂုဏ်ဒြပ်နှင့်ဆင့်ထပ်၊ပုံရိပ်ကို   ဖွင့်ကြည့်သောအခါ  ယနေ့နိုင်ငံတော်၏ စစ်လက်ရုံးဖြစ်သည့် တပ်မတော်(လေ)၏ ပကတိအသွင်ဖြစ်နေပါ၏။ တပ်မတော်(လေ)ခံယူထားသည့် ဆောင်ပုဒ်မှာ “တက်နိုင်ဖျားရောက်” တဲ့။ ဤခံယူချက်ဖြင့်  လေကြောင်းပညာရပ်ကို  ထဲထဲဝင်ဝင် ခိုင်မြဲ ကိုင်စွဲကာ  နိုင်ငံတော်၏ပိုင်နက် ဝေဟင်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်သည်။

ဤတာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာလည်းနှစ်  ၈၀ နားနီး သံမဏိမော်ကွန်းပင်ထူနိုင်ခဲ့ပြီ၊သမ္ဘာရင့်ခဲ့ပြီ၊ ဤပညာရပ် ပြန့်ပွားရေးဆောင်ရွက်လိုသည်။  အမွေခံအမွေကောင်းမျှဝေချင်သည်၊ ဆန့်ထွက်ဖြန့်ကြက်စေချင်သည်၊   ယင်းတို့မှာ တပ်မတော်(လေ)၏ ဆန္ဒမွန်ပင်ဖြစ်ပါ၏။ ကွန်ရက်အခင်းအဖြန့်အနေဖြင့် ဆောင်ရွက်လာခဲ့သည်မှာလည်း နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ယုတ်စွအဆုံး ၁၉၅၄ ခုနှစ်ကပင် သင်တန်းအနေဖြင့် အစပြုခဲ့ကြောင်း မှတ်တမ်းခိုင်ခိုင်ရှိနှင့်ခဲ့ပါသည်။

သင်တန်းကို နှစ်စဉ်   ဧပြီလဝန်းကျင်တွင် ဖွင့်လေ့ရှိပါသည်။ တစ်ကြိမ်ကြိမ်တွင်တော့  နှစ်၊ လ၊ ရက် အနေဖြင့်   အပြောင်းအလဲ   ရှိကောင်းရှိပါမည်။ အကြောင်းကြောင်းအရဖြစ်မည်၊ သို့သော်သင်တန်းအစီအစဉ်ကဖြင့်  ရှိမြဲဟုပင်ပြောရပေလိမ့်မည်။ သင်တန်းကာလမှာ ရက်သတ္တ ငါးပတ်ခန့်ဖြစ်ပါ၏၊အခြေခံနှင့်တန်းမြင့် သင်တန်းနှစ်မျိုးပါဝင်သည်။သင်တန်းစခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများတွင် ဖွင့်လှစ်ရန်ဖြစ်၏။

ကျွန်တော်သည် ပုရစ်ဖူးဝေသည့် နှစ်ဦးနွေဧပြီလအတွင်း မိတ္ထီလာမြို့ကလေးသို့ အမှတ်မထင်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။  နွေသရုပ်ဝယ် ကံ့ကော်တို့ ရွှေရည်သောက်ကာ ပိတောက်တို့ ရွှေရည်လိမ်းကျံပေရော့မည်။ အညာဒေသအမှတ်သညာ တမာအညွန့်အဖူးဝေဆာမြူးချိန်ပေါ့၊ တစ်ခုသော လေတပ်စခန်းဌာနချုပ်အတွင်း ကျွန်တော်ရောက်ရှိစဉ် မြင်တွေ့ရသည့် မြင်ကွင်းအမြင်မှာ အရောင်အသွေးယှဉ်လျက်လန်းနေသည်။ အဝါထဲက အပြာဖြစ်၏၊ တန်ခူးမာလာပန်းရွှေဝါတို့နှင့်အပြိုင် အားမောင်းဆိုင်နေကြသည့် လေကြောင်းလူငယ်မောင်မယ်များ၏ သင်တန်းစခန်းပင်တည်း။ လေကြောင်းပညာရပ်အခြေခံမှသည် တန်းမြင့်စသည့် အနှစ်သာရပိုင်းကို စတင်တွေ့သိလေ့လာခွင့်ရခဲ့ကြလေပြီ၊   ကောင်းမြတ်သည့်   မနသီစိတ်ဝမ်းဖြင့်ခံစားမှု အတွေးတို့ ဆင့်ထပ်ဆန့်ထွက်လာစေပြန်သည်။

စင်စစ် သူတို့သင်ကြားခွင့်ရရှိခြင်းမှာမဟာအခွင့်အရေးပင်ဖြစ်ပါ၏။သင်တန်းဆိုင်ရာ ဘာသာရပ်များမှာ အလွန်တန်ဖိုးကြီးလှပါသည်။ ပြင်ပတွင် သင်ကြားခွင့်မရနိုင်သည့် ပညာပိုင်းဆိုင်ရာများမို့သူတို့အလွန်ကံကောင်းကြပေသည်ဟုပင် ပြောရပေလိမ့်မည်။ ယနေ့ခေတ်တွင် လေကြောင်းပညာရပ်၏ အရှိန်အဝါသည် အားကောင်းမောင်းသန် ရေချိန်မြင့်မားနေပါ၏။ လေးညှို့မှလွှတ်လိုက်သည့် မြားတစ်စင်းနှယ် မြင့်သထက်မြင့် ချွန်သထက်ချွန်လာနေလေပြီ။ အိုင်တီ၊ အီးတီခေတ်မှသည် အေအိုင်နည်းပညာတိုင်ခဲ့ပြီ။ ဆိုလိုသည်မှာ ပညာနယ်အကျယ် အပြန့်ဖလှယ်အဖြန့်တွင် မောင်းသူမဲ့လေယာဉ်ပင် ဖြစ်လာပါ၏။ ခေတ်ရေစီးမြန်နှုန်းတွင် ဆန်တက်မှုမှာလည်း အရှိန်အဟုန်မြင့်ဖြစ်လာနေလေပြီ။ ထိုအခါပညာဉာဏ်စွမ်းယှဉ်ကာ  ပြန်တွန်းနိုင်မှ လိုက်မီရုံဖြစ်လာနိုင်သည်။ ယနေ့နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ပင် စိတ်ဝင်တစားစောင့်ကြည့်လာသည့်နေရာတစ်ခု အနေအထားရပ်တည်ရောက်ရှိနေပြီမို့ ပညာရပ်ဆိုင်ရာအတွန်းအဖွင့်များအနေဖြင့် အခွင့်အလမ်းတွင်  အမြင့်အခန်းမသေးလှတော့ပေ။

ပညာရပ်ဆိုင်ရာ အတွန်းအဖွင့်ဟု ဆိုလိုသည်နှင့် သမိုင်းပုံရိပ်၊ ခေတ်ပုံရိပ်တို့ ထင်သာမြင်သာဖြစ်စေလိုပါ၏၊ မနေ့ကသည်အတိတ်သမိုင်းပုံရိပ်ဖြစ်ခဲ့ပြီး ယနေ့နှင့် မနက်ဖြန်သည် ပစ္စုပ္ပန်နှင့် အနာဂတ်တွဲနေသည်မို့ ဖြစ်တည်မှုနှင့် ပြောင်းလဲခြင်းသဘောခေတ်ပုံရိပ်ဟု ကျွန်တော်မြင်၏။ ဆိုလိုသည်မှာ ပညာရပ်ဆိုင်ရာတီထွင်ဖန်တီးမှုများသည်  အဆင့်ဆင့်မြင့်တက်မှုဖြစ်စဉ်အရအသစ်အသစ်တို့ဖြစ်ထွန်းလာမြဲ၊ ဤသည်မှာ သမိုင်းပုံရိပ်နှင့်ခေတ်ပုံရိပ်တို့၏ ပွတ်တိုက်မှု အသီးအပွင့်များဟုပင်ဆိုနိုင်ပါ၏၊ ဆိုနိုင်လောက်ပါ၏။ ကောင်းသော၊ ပိုကောင်း၊  အလွန်ကောင်း  စသည့် အတန်းအဆင့်များစွမ်းအားပေါ့၊  ပြောင်းလဲခြင်းစက်ဝန်းအတွင်းမှ ပညာရပ်ဆိုင်ရာအတွန်းအဖွင့်နှင့် တည်ဖြစ်ရုပ်ဝတ္ထုပစ္စည်းများ၏   သက်ရောက်မှုပင်တည်း။ မည်သို့ပင်ရှိစေ မျိုးဆက်ချင်းတန်းညှိကာ လှမ်းကြည့်မြင်နိုင်စွမ်းရှိရပါမည်။မျိုးဆက်အမွေဆင့်ကမ်း လမ်းဖွင့်ပေးခဲ့ရမည်။  လေ့ကျင့်ပြုစုပျိုးထောင်မှုပြုပေးခဲ့ရပါမည်။ ယင်းသည် သမိုင်းပေးတာဝန်ဆိုခြင်းထက်   လူ့အသိုက်အဝန်းဆိုင်ရာ ကိုယ်ကျင့်တရား အဖျားအချွန် ယုံကြည်မှုတံခွန်ပင်ဖြစ်ပါ၏။

တပ်မတော်(လေ)၏ လေကြောင်းပညာရပ်အမွေဖြန့်ဝေခြင်းအဆင့်အတန်းမှာ ယနေ့ဆိုလျှင် အတော်အတန်ခရီးပေါက်ခဲ့ပြီဟုဆိုချင်ပါ၏၊  ဆိုလောက်ပါ၏။ လက်ရှိ လေကြောင်းပညာနယ်ပယ်တစ်ခွင်ဝယ်   ဝန်ထမ်းတာဝန်ပညာရှင်များအဖြစ် တွေ့လာနေရပြီဖြစ်၏။   အနာဂတ်ကို ပိုင်ဆိုင်ထားသည့်လူငယ်တို့အနေဖြင့် ကျိုးကြောင်းဆင်ခြင် မြော်မြင်ကြည့်စေလိုပါသည်။ ထိုအခါ သူတို့၏ဘဝရည်မှန်းချက်များ ခိုင်မာလာမည်၊စိတ်ဓာတ်ခွန်အားပြည့်လာမည်။  ပညာရပ်ဆိုင်ရာအသိစွဲငြိခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာပေလိမ့်မည်။

မြန်မာကဗျာဆရာကြီးတစ်ဦးကမူ “ကောင်းကင်ကြီးဟာကျောက်သင်ပုန်းကြီးပေါ့  ကြယ်ဝလုံးတွေရေးရမယ်” ဟုပညာအခွင့်ထူးစေဖို့ ကဗျာညွန့်ဖူး ဖွဲ့ဆိုခဲ့ဖူးပါသည်။ စင်စစ်ပညာရဲရင့် အတွန်းအပင့် အညွှန်းအဖွင့်မို့ လက်ခံရမည့် အလင်္ကာစာသားလေးပင်ဖြစ်ပါ၏။ မှတ်သားနာယူသင့်ပါ၏၊ ပညာ၏အတန်းအဆင့်ကို အခန်းအခွင့်ယှဉ်ကာ အလှမ်းအမြင့် တံတားခင်းပြလိုက်ခြင်းပင်တည်း။  တကယ်လည်း  မိုးကောင်းကင်တိုင်လှမ်းနိုင်လောက်သည့်   ပညာအညွန့်အဖူး   ခူးဆွတ်ရန် စေတနာလမ်းညွှန်ဟု ဆိုလောက်ပါ၏။

လေကြောင်းပညာရပ်တွင် အသိပညာ၊ အတတ်ပညာစသည်ဖြင့် နှစ်ပိုင်းနှစ်ရပ်ပါဝင်နေသည်ဖြစ်ရာ လေ့လာလိုက်စားဆည်းပူးခြင်းရှိလာသောအခါ နယ်ပယ်အလိုက် ဆန့်ထုတ်ဖြန့်ကြက်မှု၊အဝန်းအဝိုင်းကျယ်ပြောမှု ဝိသေသကိုတွေ့လာရမည်။  အရည်အချင်းနှင့်အရည်အသွေးဟူသည့်  ပညာနိဿယများနှင့် နီးကပ်မှုရှိလာမည်။   ထိတွေ့ကျွမ်းဝင်လာမည်။   ဖြည့်ဆည်းနိုင်ပါမှ လူချွန်လူမွန်ဖြစ်လာမည်၊ စာရေးဆရာ   ဆရာကြီးတက်တိုး၏အဆိုမှာ အရည်အချင်းသည် “အပေါ်ဂုဏ်” ၊  အရည်အသွေးမှာ “အတွင်းဂုဏ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်းတွေ့ရသည်။အရည်အချင်းရှိသူတို့သည်အတတ်ပညာရှင်များဖြစ်၍အရည်အသွေးရှိသူတို့မှာ အသိပညာရှင်များဖြစ်ကြသည်။ဤနှစ်မျိုးသည် ဆက်စပ်မှုလည်းရှိသည်ဟုဆို၏၊   အမြဲမပြတ်လေ့လာ၊   ဆည်းပူး၊  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရမြဲဖြစ်ရာ   မိမိတို့ကိုယ်စားပြုရာ ပညာရပ်အလိုက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြစ်လာနိုင်ပါ၏။

ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသည်မှာ သဘာဝ၊ မျိုးဆက်ဟောင်းများနေရာတွင် မျိုးဆက်သစ်များဝင်လာမည်မှာ ပဓာန။ အခြေခံသဘောညီမျှခြင်း၊ အကြောင်းကိုသိခြင်း သီဝရီ၊ ယခုကာလကိုပင်ကြည့်  အချိန်ကောင်း၊  အခါကောင်းအဖြစ် တွေ့ရပြန်သည်။  ပုရစ်ဖူးတို့   သစ်ထူးဝေစည်သည့်အခါရာသီ၊ရွက်စိမ်းနုနုပင်တိုင်းစုသည့် နှစ်သစ်ကူးအခါရာသီဤရာသီကာလတွင်အညွန့်အဦးနှင့်တူသည့်လူငယ်တို့၏လေကြောင်းလူငယ်သင်တန်းဖွင့်ပွဲနှင့် ကြုံကြိုက်နေသည်ဆိုပြန်တော့ အလွန်လှပသည့် အခင်းအကျင်းလေးဖြစ်နေပြန်သည်။ သဘာဝတရား၏တွန်းအားအလှအပများဖြင့် ခြယ်မှုန်းဝန်းရံထုံသင်းနေပါ၏။ လူ့ရင်းမြစ်အညွန့်အဖူးတို့၏ ရင့်ကျူးတေးသံညံခဲ့ပြီပေါ့။ တစ်နည်းအားဖြင့်ဆိုလျှင် “လေကြောင်းစံပညာမြှင့်လို့  ရွှေမောင်းသံမင်္ဂလာအဖွင့်” ဟုပင် ပြောရပေလိမ့်မည်။

ကျွန်တော်ထင်ပါသည်။ လူငယ်သည် အညွန့်အဖူးအသစ်အဦးအရုဏ်ဦးနှင့်အတူ ပွင့်လန်းလာသည့်ပန်း မိုးမှာကျူးရင့် ပွင့်မည့်ပန်းကလေးများပေါ့၊  သူတို့၏ ရှင်းသန့်သည့် နှလုံးသားနှင့်အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပိုင်ခွင့်ရယူနိုင်ရန် အခွင့်သာခဲ့လေပြီ။ ယင်းသို့ ထုဆစ်ရန်လည်း သူတို့တွင် ခွန်အားစွမ်းရည်၊  အမွေခံပညာရပ် ဆင့်ထပ်ပြည့်စုံ ခိုင်လုံစေသည့်မျှော်လင့်မှုကရှိနေပြီဆိုတော့  ကျွန်တော်ယုံကြည်နေပါသည်။သူတို့သမိုင်းကို သူတို့ ကောင်းကောင်းရေးထိုးနိုင်လိမ့်မည်ဟု။ဟော ကြည့်ရင်း ကြည့်ရင်းမှာပင် သူတို့ရှေ့တွင် သူတို့မိတ်ဆွေပန်းကလေးတွေပေါ့၊ အဖူးအပွင့်စုံလင်စွာဖြင့်အခင်းအဖြန့်၊တစ်ပုံတစ်ပင် ကြိုနေကြပြီ၊ ယင်းသည်  နိုင်ငံ၏အနာဂတ်ပန်းခင်းဆိုလျှင် ကျွန်တော်ကျေနပ်ပါသည်။   ။

Source: https://myawady.net.mm/stories

မောင်လတ်(ကမ်းရိုးတန်း)