သတင်းများ

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ်ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင်လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြ

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင် လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပါရီတွင် ဗလာဒီမာ ဇယ်လင် စကီးနှင့် တွေ့ဆုံပြီးနောက် ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါသည်။  ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာလ ၈ ရက် က ၎င်း၏ Truth Social platform တွင်  ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးက  ယူကရိန်းတို့သည် ရုရှားနှင့် သဘောတူညီချက်တစ်ခုပြုလုပ်ပြီး တိုက်ပွဲ ဖြစ်ပွားမှုများ ကိုရပ်တန့်ချင်ကြောင်း၊ ၎င်းတို့သည် စစ်သား ၄၀၀,၀၀၀ နှင့် အခြားအရပ်သားများစွာကို ဆုံးရှုံးခဲ့ ရကြောင်း၊ အပစ်အခတ်ရပ်စဲရေး ချက်ချင်း လုပ်သင့်ပြီး စေ့စပ်ညှိနှိုင်းမှုများ စတင်သင့်နေပြီ ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတက ပြောကြားပြီး ပဋိပက္ခများ မပြေလည်ပါက ရန်ငြိုးရန်စများ ပိုမိုကြီးထွားပြီး ပိုမို ဆိုးသွားနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခကြောင့် ဆီးရီးယားတွင် ၎င်း၏အာရုံစိုက်နိုင်မှု အားလုံးကို ဆုံးရှုံးခဲ့ရသောကြောင့် သမ္မတ Bashar al-Assad ကို ကာကွယ်ရန် စိတ်မဝင်စားနိုင်ခဲ့ကြောင်း ရွေးကောက်ခံ သမ္မတ က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ကောင်းကောင်းသိကြောင်း၊ ရုရှားသမ္မတ အနေဖြင့် လက်ရှိအချိန်သည် သဘောတူစာချုပ်ကို လုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ကူညီနိုင်ကြောင်း၊ ကမ္ဘာကြီးက အဆိုပါအခိုက်အတန့်ကို စောင့်မျှော်နေ ကြောင်း ဖော်ပြထားသည်။

ကိုးကား - Truth Social platform ပေါ်တွင် ဒေါ်နယ်ထရမ့်၏ ရေးသားချက်မှ ကောက်နုတ်ဖော်ပြချက်

ပြင်သစ်သမ္မတမှ ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ် အား လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်း အောင်မြင်ပြီးနောက် ပြင်သစ်သမ္မတ Macron အား ရာထူးမှ နုတ်ထွက်ပေးရန် လူရာနှင့်ချီသော ပြည်သူများ ချီတက်ဆန္ဒပြခဲ့

ပြင်သစ်သမ္မတမှ ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အား လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်းအောင်မြင်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းနှင့် အစိုးရနုတ်ထွက်ရေးတို့ကြားတွင် ပြင်သစ်သမ္မတ Macron အား ရာထူးမှနုတ်ထွက်ပေးရန် လူရာနှင့်ချီသော ပြည်သူများ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိပါသည်။

ကိုးကား - Dmitry Orlov/TASS

အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ယူကရိန်း သမ္မတ ဇယ်လင်စကီး တို့သည် ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးအတွက် Elysee နန်းတော်တွင် တွေ့ဆုံဆွေးနွေး

အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ယူကရိန်း သမ္မတ ဇယ်လင်စကီးတို့သည် ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးအတွက် Elysee နန်းတော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနများက ဖော်ပြခဲ့ ကြသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ၊ ပြင်သစ်သမ္မတ Emmanuel Macron နှင့် ယူကရိန်း သမ္မတ Vladimir Zelensky တို့သည် ပြင်သစ်နိုင်ငံ Élysée နန်းတော်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါတွေ့ဆုံမှုတွင်ပါဝင်သူများသည် “ကာကွယ်ရေးနှင့် ပြစ်မှုဆိုင်ရာပြဿနာများ" ကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသည် ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် အာရုံစိုက်မည်ဟု မျှော်လင့်ရကြောင်း သတင်းအေဂျင်စီက ဖော်ပြထား ပါသည်။ ၎င်းတို့သုံးဦး၏တွေ့ဆုံမှုသည် နောက်ဆုံးထုတ်ပြန်ချက်မရှိဘဲ မိနစ်၂၀အကြာတွင် ပြီးဆုံးခဲ့ကြောင်း BFMTV က ဖော်ပြထားသည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အမေရိကန်ခေါင်းဆောင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ကြည်နူးဖွယ်စကားများ ဖလှယ်ခဲ့ကြကြောင်း၊ တစ်ချိန်တည်းမှာပင် ပြင်သစ်သမ္မတ နုတ်ထွက်ရေးအတွက် အီးယူကနေ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြသူများက Élysée နန်းတော်အပြင်ဘက်၌ သမ္မတ Macron ကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း၊ မကြာသေးမီက ပြင်သစ်မီဒီယာများက ပြင်သစ်သမ္မတမက်ခရွန်သည် ယူကရိန်းအား SCALP ဒုံးကျည်များဖြင့် ရုရှားပိုင်နက်ကို တိုက်ခိုက်ရန် အခွင့်အရေးပေးခဲ့ကြောင်း၊ ယခင်က ပြင်သစ်ခေါင်းဆောင်သည် ယူကရိန်းသို့ ပြင်သစ်ကိုယ်စားလှယ်တစ်ဦး စေလွှတ်နိုင်ခြေနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ခဲ့ဖူးကြောင်း သတင်းအေဂျင်စီက ဖော်ပြထားသည်။

ကိုးကား - BFMTV

ရုရှား၊  တရုတ်၊  မြောက်ကိုရီးယားတို့  တောင်ကိုရီးယား၏ နိုင်ငံရေး ဖရိုဖရဲဖြစ်နေမှုကို  စောင့်ကြည့်နေ

တောင်ကိုရီးယားသမ္မတ၏  ဒီဇင်ဘာလ ၃ ရက်နေ့က  ရုတ်တရက် စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအပေါ်   ပါလီမန်၊ အတိုက်အခံပါတီ၊ ပြည်သူများအကြား မကျေနပ်ချက်များနှင့် အုတ်အုတ်သဲသဲဖြစ်နေခြင်းကို  အမေရိကန်စစ်တပ် အနေဖြင့် စိုးရိမ်စိတ်ပူနေကြကြောင်း၊ ကမ္ဘာပေါ်ရှိ အမေရိကန်ပြည်ထောင်စု၏ ပင်လယ်ရပ်ခြား အခြေစိုက် စခန်းများအနက် အင်အားအများဆုံး အခြေစိုက်သည့်နေရာမှာ တောင်ကိုရီးယားဖြစ်ပြီး အမေရိကန်စစ်သားပေါင်း ၃၀,၀၀၀ ခန့် တာဝန်ချထားကြောင်း၊ ထိုသို့ အင်အား တောင့်တင်းသော အခြေစိုက်စစ်တပ် ချထားခြင်းမှာ မြောက်ကိုရီးယား၏ ခြိမ်းခြောက်နေမှုကို စောင့်ကြည့်ရန်နှင့်မဟာဗျ

တောင်ကိုရီးယားသမ္မတ၏  ဒီဇင်ဘာလ ၃ ရက်နေ့က  ရုတ်တရက် စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအပေါ်   ပါလီမန်၊ အတိုက်အခံပါတီ၊ ပြည်သူများအကြား မကျေနပ်ချက်များနှင့် အုတ်အုတ်သဲသဲဖြစ်နေခြင်းကို  အမေရိကန်စစ်တပ် အနေဖြင့် စိုးရိမ်စိတ်ပူနေကြကြောင်း၊ ကမ္ဘာပေါ်ရှိ အမေရိကန်ပြည်ထောင်စု၏ ပင်လယ်ရပ်ခြား အခြေစိုက် စခန်းများအနက် အင်အားအများဆုံး အခြေစိုက်သည့်နေရာမှာ တောင်ကိုရီးယားဖြစ်ပြီး အမေရိကန်စစ်သားပေါင်း ၃၀,၀၀၀ ခန့် တာဝန်ချထားကြောင်း၊ ထိုသို့ အင်အား တောင့်တင်းသော အခြေစိုက်စစ်တပ် ချထားခြင်းမှာ မြောက်ကိုရီးယား၏ ခြိမ်းခြောက်နေမှုကို စောင့်ကြည့်ရန်နှင့်မဟာဗျူဟာအရ ပြိုင်ဖက်အင်အားကြီး တရုတ်နိုင်ငံအပေါ် ဖိအားပေးရန်ဖြစ်ကြောင်း၊ အမေရိကန် မဟာမိတ် တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေး ပရမ်းပတာဖြစ်နေခြင်းကို  ယခုအခါ မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်တို့က ဂရုတစိုက်စောင့်ကြည့်နေကြကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။ 

ကိုးကား - CNN

အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် တင်ပြထား

အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် တင်ပြထားကြောင်း အမေရိကန် မီဒီယာ Axios ကဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးနှင့်ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသောကျန်ရှိနေသေးသည့် ဓားစာခံအချို့ကိုလွှတ်ပေးရန် အစ္စရေးက ဟားမတ်စ်တို့အား အဆိုပြုချက်အသစ်တစ်ခု ပေးအပ်ခဲ့ကြောင်း အမေရိကန်သတင်း ဝက်ဘ်ဆိုက် Axios က ဖော်ပြထားသည်။ ၎င်းတို့နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုသည် လအတန်ကြာ ရပ်တန့်နေခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် သေဆုံးသူအရေအတွက်သည် ၄၄,၀၀၀ အထိ တိုးလာ ခဲ့သည်။ ဟားမတ်စ်အဖွဲ့က ဂါဇာတွင် ဓားစာခံ ၁၀၀ ခန့်ကို ဖမ်းဆီးထားဆဲ ဖြစ်သည်။

Axios သတင်းဌာနက ဒီဇင်ဘာ ၄ ရက်နေ့တွင် အစ္စရေး အစိုးရအရာရှိနှစ်ဦး၏ ပြောကြားချက်အား ကိုးကားပြီး အစ္စရေးနိုင်ငံသည် သဘောတူညီချက်တစ်ခုရရန် နောက်ဆုံးတင်ပြထားသော ၎င်းမူဘောင်အသစ်၏ အခြေခံမူများကို အီဂျစ်အကြီးတန်းထောက်လှမ်းရေး အရာရှိများထံ တင်ပြခဲ့ကြောင်း၊ ယခုသီတင်းပတ်အစောပိုင်းတွင် ကိုင်ရိုမြို့ရှိ ဟားမတ်စ်အဖွဲ့ ကိုယ်စားလှယ်များထံ ၎င်းအဆိုပြုချက်ကို အီဂျစ်အာဏာပိုင်များက တင်ပြခဲ့ကြောင်းသိရှိရသည်။

ရက်ပေါင်း ၄၂ ရက်မှ ၆၀ အထိ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းရန်ဆန္ဒရှိကြောင်း အစ္စရေးက ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေးက ဟားမတ်စ်တို့ဖမ်းဆီးထားသော အသက်ရှင်နေသည့် အမျိုးသမီး ဓားစာခံအားလုံးနှင့် အသက် ၅၀ ကျော် အမျိုးသား ဓားစားခံအားလုံးကို လွှတ်ပေးစေချင်သည်။ 

ဟားမတ်စ်အဖွဲ့အနေဖြင့် အလုံးစုံအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည်ဟု ဖော်ပြထားသည်။

ကိုးကား- NHK World

လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံခဲ့   ရသော ပြင်သစ်အစိုးရအဖွဲ့ ဒီဇင်ဘာ ၅ ရက်တွင် သမ္မတထံ နုတ်ထွက်လွှာတင်မည်

ပါလီမန်၌ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ဖြုတ်ချခံရပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီးယားသည် ၎င်း၏ အစိုးရအဖွဲ့နုတ်ထွက်လွှာကို သမ္မတ အမ်မန်နျူရယ်မက်ခရွတ်ထံသို့ ဒီဇင်ဘာ ၅    ရက်တွင် တင်သွင်းသွားမည်ဟု ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်လွှတ်တော်အမတ်များသည် သုံးလမျှသာ တာဝန်ထမ်းဆောင်ရသေးသော ဝန်ကြီးချုပ် မိုက်ကယ် ဘာနီးယား၏ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဒီဇင်ဘာ ၄ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။ 

ထို့အပြင် အစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပြင်သစ်၏ သဘောထားတင်းမာသော လက်ဝဲသမားများက သမ္မတ အမ်မန်နျူရယ်မက်ခရွန် နုတ်ထွက်ရန်နှင့် သမ္မတ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပပေးရန် ဒီဇင်ဘာ ၄ ရက်တွင် တိုက်တွန်းခဲ့ကြသည်။

ကိုးကား-AFP

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည် ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည်ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ တိုက်ရိုက်ပါဝင်မှုမရှိဘဲ ခေတ်မီ တာဝေးပစ်လက်နက် များကို ယူကရိန်းတွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း၊ အဆိုပါလုပ်ရပ်သည် အန္တရာယ်ရှိကြောင်း၊ ရုရှားနိုင်ငံသည် စစ်ပွဲအခြေအနေကို ပိုမိုဆိုးရွားစေလိုခြင်းမရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ပုံမှန်ဆက်ဆံရေးကို လိုလားပြီး၊ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ခြင်းမပြုနိုင်သည့် အကြောင်းအရင်းကို ၎င်း အနေဖြင့်မတွေ့မြင်မိကြောင်း၊ ရုရှားသည် Oreshnik ဒုံးကျည်ကို စမ်းသပ်ပြီးနောက် ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် အားလုံးကို လုပ်ဆောင်မည်ဟု အနောက် နိုင်ငံများအား ထုတ်ဖော်ပြောကြားလိုကြောင်း၊ Oreshnik ဒုံးကျည်ကို ပစ်လွှတ်ပြီးနောက် အနောက်နိုင်ငံများ အနေဖြင့် လိုအပ်သော ကောက်ချက်ချမှုများ မပြုလုပ်ပါက ရုရှားနိုင်ငံသည် အနောက်နိုင်ငံများသို့ နောက်ထပ် Oreshnik ဒုံးကျည်ပစ်လွှတ်ခြင်းဖြင့် “သတင်းစကားများ” ပေးပို့ရန် အသင့်ရှိနေကြောင်း၊ ရုရှားနိုင်ငံသည် ယူကရိန်း လူမျိုးများကို ဖျက်ဆီးရန် မရည်ရွယ်ကြောင်း၊ ၎င်းတို့သည် ရုရှားလူမျိုးများအတွက် ညီအစ်ကိုမောင်နှမများ ဖြစ်ကြ ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် အဆိုပါစစ်ပွဲကို မစတင် ခဲ့ကြောင်း၊ NATO မဟာမိတ်အဖွဲ့၏ ရုရှားနိုင်ငံ နယ်နိမိတ်ကို ချဉ်းကပ်မှုသည် ပြဿနာတစ်ခုကို ဖန်တီး လာနိုင်သည်ဟု သတိပေးခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စစ်ဖြစ်ရန် မစဉ်းစားထားကြောင်း၊ ပါလက်စတိုင်းနိုင်ငံတွင် ကပ်ဘေးတစ်ခုသဖွယ် ဖြစ်ပွား နေစဉ် ယူကရိန်းနိုင်ငံတွင် ကြေကွဲစရာတစ်ခု ဖြစ်ပေါ် နေကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယား နိုင်ငံရှိ ကာ့ဒ်ခွဲထွက်ရေးသမားများကို ထောက်ပံ့နေကြောင်း၊ အနောက်နိုင်ငံများသည် ရုရှားဖက်ဒရေးရှင်း၏ “အနီရောင် မျဉ်းများ”သည် ပြောင်းလဲနိုင်သည်ဟု ယုံကြည်နေခြင်းဖြင့် ကြီးလေးသောအမှားတစ်ခု ပြုလုပ်နေကြကြောင်း၊ ရုရှား ဖက်ဒရေးရှင်း၏ ရပ်တည်ချက်ဖြစ်သည့် NATO မဟာမိတ် အဖွဲ့အား ရုရှားနိုင်ငံ၏ တံခါးဝတွင်မရှိစေခြင်းသည်တရားဝင်ဖြစ်ကြောင်း၊ ယူကရိန်းနှင့်ပတ်သက်သည့်သဘောတူညီချက်တစ်ခုအတွက် အနောက်အုပ်စုများသည်မြေပြင်မှဖြစ်ရပ်မှန်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ ကန့်သတ်နျူကလီးယား တိုက်ခိုက်မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံရေးသမား များ၏ ဆွေးနွေးမှုသည် သဘာဝဘေးအန္တရာယ်အတွက် ဖိတ်ခေါ်မှု တစ်ခုဖြစ်နိုင်ကြောင်း၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်သည် သန်မာသူဖြစ်ပြီး စကားပြောဆိုရာတွင် အလွန်ဖော်ရွေသော်လည်း ၎င်းသည် ရုရှားလိုလားသူဟု မဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- www.mid.ru

တောင်ကိုရီးယားသမ္မတ Yoon ကို စွဲချက်တင်ဖို့ ဥပဒေကြမ်းတင်ပြ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အပေါ် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများကြီးမားနေသဖြင့် နိုင်ငံ၏ အတိုက်အခံပါတီများက မစ္စတာ Yoon ကို စွဲချက်တင်ရန် ဥပဒေကြမ်း တင်သွင်းလိုက်ပါသည်။

မစ္စတာ Yoon သည် အင်္ဂါနေ့ညက အရေးပေါ်ထုတ်ပြန်ချက်၌ တောင်ကိုရီးယားသည် စစ်အုပ်ချုပ်ရေးအောက်တွင်ရှိနေကြောင်း ကြေညာခဲ့ပါသည်။ လာမည့်နှစ် ဘတ်ဂျက်မူကြမ်းကို သဘောတူညီချက် မရရှိစေရန် အတိုက်အခံပါတီများက လုပ်ဆောင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆို ခဲ့ပါသည်။

တစ်နိုင်ငံလုံးနှင့် ဒေသဆိုင်ရာ စုဝေးမှုများတွင် နိုင်ငံရေး လှုပ်ရှားမှုများကိုပါ တားမြစ်ထားပြီး မီဒီယာအားလုံးသည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရမည်ဖြစ်ကြောင်း စစ်အုပ်ချုပ်ရေးရုံးချုပ်က ကြေညာခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက နိုင်ငံလွှတ်တော်က စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြု လိုက်ကြပြီး ထိုဥပဒေကို နောက်ပိုင်းတွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း၊ အတွင်းရေးမှူးချုပ်အပါအဝင် အကြီးတန်း အရာရှိများသည် ရာထူးကနေနုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။ ထိုလုပ်ဆောင်ချက်များသည် အရေးပေါ်ကြေညာချက်နှင့်ပတ်သက်သည့် နောက်ဆက်တွဲဖြစ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

မွန်းလွဲပိုင်းတွင် အတိုက်အခံပါတီ ၆ ခုက မစ္စတာ Yoon ကို စွဲချက်တင်ရန်အတွက် လွှတ်တော်ကို ဥပဒေကြမ်းတင်သွင်းခဲ့ကြသည်။ ယင်းအဆိုကို ကြာသပတေးနေ့တွင်ကျင်းပပြုလုပ်မည့် မျက်နှာစုံညီအစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။ 

ကိုးကား - NHK World

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်  ဒီဇင်ဘာ ၄

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။

အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေးဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်ဟန်ဒက်ဆိုးနှင့် အာဏာရ People Power ပါတီခေါင်းဆောင်များသည် အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းတင်ထားသဖြင့် တောင်ကိုရီးယားသမ္မတနှင့်တွေ့ဆုံရန်ရှိနေကြောင်း သိရသည်။

အင်္ဂါနေ့ညကထုတ်ပြန်လိုက်သည့် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုများအတွက် တောင်ကိုရီးယားအတိုက်အခံပါတီက သမ္မတယွန်အားစွပ်စွဲပြစ်တင်‌ရေး အဆိုတင်ခဲ့ကြသည်။

တောင်ကိုရီးယားသမ္မတသည် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှုများခဲ့သဖြင့် ဗုဒ္ဓဟူးနေ့အစောပိုင်းကရုပ်သိမ်းပေးခဲ့ရခြင်းဖြစ်သည်။

အဆိုပါပြဿနာ၏ နောက်ဆက်တွဲအနေဖြင့် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အစုလိုက်အပြုံလိုက် ရာထူးမှနုတ်ထွက်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး နှုတ်ထွက်စာများတင်ခဲ့ကြသည်။

ရှင်းဟွာ

Source- Popular Journal

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေ ရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်ကြောင်း TASS သတင်း ဌာနတွင် ဖော်ပြထားသည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တွင် “ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို စွန့်လွှတ်ရမည်”ဟု ထင်မြင်ယူဆသော အဓိကအကြံပေးပုဂ္ဂိုလ်များက အဆိုပြုထားသည့် ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိကြောင်း ဖော်ပြထားပါသည်။

(၁) အမေရိကန် အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ဒါရိုက်တာဟောင်း Richard Grenell က  ယူကရိန်း အရှေ့ပိုင်းဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အကြံပြုခဲ့သည့်အစီအစဉ်၊ 

(၂)ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းအရေးနှင့်ပတ်သက်သော အထူးကိုယ်စားလှယ်ဖြစ်သူ Keith Kellogg က အပစ်အခတ်ရပ်စဲရေးကို အဆိုပြုကာ လက်ရှိရှေ့တန်းစစ်မျက်နှာများကို ရပ်တန့်စေမည့် အစီအစဉ်၊

(၃)ရွေးကောက်ခံ ဒုတိယသမ္မတ JD Vance ၏ အဆိုပြုချက်ဖြစ်သည့် ရုရှား-ယူကရိန်း နယ်နိမိတ်မျဉ်းအား စစ်မဲ့ဇုန်ဖြစ်စေခြင်း အစီအစဉ်တို့ ပါဝင် ကြောင်း ဖော်ပြထားသည်။

ကိုးကား - TASS