သတင်းများ

PNO ပြည်သူ့စစ်အဖွဲ့ အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒို သင်တန်း ဆင်းပွဲ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက် မိန့်ခွန်း ပြောကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် PNO ပြည်သူ့စစ်အဖွဲ့က အဆင့်မြင့်စစ်ရေး အထူး ကွန်မန်ဒိုသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ၂၀၂၅ခုနှစ် မေလ(၁) ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ပအိုဝ်း အမျိုးသားတပ်မတော် (PNA)၊ တပ်ရင်း (၄) ၊ လေ့ကျင့်ရေးကွင်း (အောင်ဆုဗ္ဗေစခန်း)တွင် ပြုလုပ်ရာ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

သင်တန်းကို (၅)လနီးပါးကြာ ပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် ထောက်လှမ်းရေး ပညာ၊ ဒရုန်းအသုံးပြုနည်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူး တိုက်ခိုက်ရေး ပညာများကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-Myanmar National Post

နိုင်ငံရေးအမြတ်ထုတ်ကာ ဘင်္ဂါလီများအတွက် လွတ်လပ်သည့် ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကန့်ကွက်

နိုင်ငံရေး အမြတ်ထုတ်ကာ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို ကန့်ကွက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားသည်။ တရုတ် ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်နှင့် ဘင်္ဂါလီများအတွက် လွတ်လပ်သော ပြည်နယ်ထူထောင်ရေးအတွက် အဆိုပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ယခင်အစိုးရလက်ထ

နိုင်ငံရေး အမြတ်ထုတ်ကာ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို ကန့်ကွက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားသည်။ တရုတ် ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်နှင့် ဘင်္ဂါလီများအတွက် လွတ်လပ်သော ပြည်နယ်ထူထောင်ရေးအတွက် အဆိုပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် ပါတီကိုတရားစွဲဆိုခံရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည်ကိုတွေ့ရှိရသည်။ ယခု ကြားဖြတ်အစိုးရ လက်ထက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ၎င်းပါတီအပေါ် စွပ်စွဲထားမှုများအား ရုတ်သိမ်းပေးခဲ့ကြောင်းတွေ့ ရှိရသည်။ လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ဒါကာမြို့ရှိ Hotel Westinတွင် Jamaat-e-Islami ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် Dr. Syed Abdullah Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဆွေးနွေးတောင်းဆိုမှုများ ပါရှိကြောင်းတွေ့ရှိရသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေး ကိစ္စနှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက်များကို အစဉ်သဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံပြီး လက်ခံရေးကိစ္စများ၊ ပြန်လည်ထောက်ပံ့ရေးကိစ္စများကို ပုံမှန်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပါကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင်စိစစ်ပြီး ပြန်လည်လက်ခံမည်ဆိုသည့် အခြေခံမူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီး ဖြစ်သည်ကို နိုင်ငံတကာသံတမန်များသို့လည်း ရှင်းလင်းပြသပြီးဖြစ်ကြောင်း၊ Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့မှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုတ်ချကန့်ကွက်ပါကြောင်း ပြောကြားလိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝေဖန်မှုများ ရှိခဲ့သည့် ၎င်းတို့၏ ပြောကြားချက်နှင့်ပတ်သက်၍ Jamaat-e-Islami ပါတီက ထုတ်ပြန်ချက်ထုတ် ရှင်းလင်းရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များသည် လူမဆန်သော အခြေအနေတွင် နေထိုင်နေကြရကြောင်းနှင့် အစားအသောက်နှင့် အဝတ်အစားပေးခြင်း မှာ ဖြေရှင်းချက်မဟုတ်ကြောင်း၊ အမြဲတမ်း ဖြေရှင်းချက်မှာ နေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-NP News

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်သည့် မဝင်းဝင်းမြင့်(၂၄)နှစ်နှင့် မသွန်းရတီလင်း(၇)လ တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ကျေးရွာအတွင်းသို့ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးစိုးဝင်း(၇၃)နှစ်နှင့် ဦးဆန်းဌေး (၃၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ် တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာသို့ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က အများပြည်သူ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်ဟိန်းလင်းဆက်(၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးမျိုးမင်းအောင်(၃၃)နှစ်သည် ကျေးရွာအနောက်ဘက် လေးဖာလုံခန့်အကွာရှိ ထန်းတောအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ကျေးရွာအတွင်းသို့ Drone ဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သူရဲသမိန်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးသန်းထိုက်(ခ)ကုလားကြီး(၄၆)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ ဒေါ်ဝင်း(၇၅)နှစ်နှင့် မယုန္ဒာလှိုင်(၁၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ရခိုင်မှာ ဘင်္ဂါလီလူမျိုးများအတွက် နယ်မြေတောင်းမှု အနောက်အုပ်စု စေခိုင်းခြင်းဖြစ်နိုင်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေး ‌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက် အခံ အင်အားကြီးပါတီ ဂျာမတ် အီ အစ္စလမ်မစ် (Jamaat-e-Islami) ပါတီက တောင်းဆိုမှုသည် အနောက်နိုင်ငံ၏ စေခိုင်းမှုဖြစ်နိုင်ကြောင်း ရခိုင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများမှ ဖော်ပြခဲ့ကြသည်။

ကိုးကား- CNI News

KIA နှင့် PDF များ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ဖူးသော ထီးချိုင့်မြို့တွင် တပ်မတော် အသာစီးရနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို KIA နှင့် PDF အဖွဲ့တို့က မြို့သိမ်း တိုက်ပွဲဖော်ဆောင်ကာ သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်မူ တပ်မတော်ဘက်မှ ပြန်လည်အသာစီးရနေပြီဖြစ်ကြောင်း ဒေသခံများက NP News သို့ ပြောသည်။ KIA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ထီးချိုင့် မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက စတင်တိုက်ပွဲများဖော်ဆောင်ခဲ့သော်လည်း ၎င်းတို့ကြောင့် မြို့သာကြေသွားခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ထို့နောက် လက်ရှိတွင်မူ အထက်ပါ အဖွဲ့များသည် အနီးပင် ကပ်နိုင်ခြင်း‌ မရှိတော့ဘဲ မြို့နယ်အတွင်း၌သာ အခြေချနေထိုင်နေကြကြောင်း သိရသည်။ “မြိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို KIA နှင့် PDF အဖွဲ့တို့က မြို့သိမ်း တိုက်ပွဲဖော်ဆောင်ကာ သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်မူ တပ်မတော်ဘက်မှ ပြန်လည်အသာစီးရနေပြီဖြစ်ကြောင်း ဒေသခံများက NP News သို့ ပြောသည်။ KIA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ထီးချိုင့် မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက စတင်တိုက်ပွဲများဖော်ဆောင်ခဲ့သော်လည်း ၎င်းတို့ကြောင့် မြို့သာကြေသွားခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ထို့နောက် လက်ရှိတွင်မူ အထက်ပါ အဖွဲ့များသည် အနီးပင် ကပ်နိုင်ခြင်း‌ မရှိတော့ဘဲ မြို့နယ်အတွင်း၌သာ အခြေချနေထိုင်နေကြကြောင်း သိရသည်။ “မြို့အထဲထဲတော့ ပြန်ဝင်လို့တော့ မရဘူးပေါ့ဗျာ။ ရွာအနီးတွေမှာတော့ ပြန်ဝင်ကြည့်တာတော့ ရှိတာပေါ့။ မြို့ထဲကိုတော့ PDF ဘာညာကတော့ မကပ်ရဲတော့ဘူးပေါ့နော်။ တပ်ကပဲ လုံးဝစိုးမိုးပြီးတော့ ရွာနားဆို မြောက်ပြင်ဘက်ဆိုရင်တော့ အလယ်တောက စမှာပေါ့။ ထီးချိုင့်မြောက်ပြင်ဆို အလယ်တောကနေပြီးတော့ ကွင်းတုံ၊ ရွှေချောင်းနဲ့ ကျောင်းကုန်းလမ်းဆုံထိတော့ ထီးချိုင့်ဈေးဆိုင်တန်းတွေနဲ့ပဲ ဆိုင်ဖွင့်ပြီးတော့ နေနေကြတာပေါ့ဗျာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထီးချိုင့်မြို့နယ်အနီးရှိ PDF များမှာမူ ကျေးရွာများအတွင်း ဒေသခံများနှင့် ရောနှောနေထိုင်ကာ အသက်ဆက်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “ထီးချိုင့်မြို့နယ်က PDF ကတော့ ထီးချိုင့်မြို့နယ်ထဲကလူတွေနဲ့ပဲ ရောနှော နေကြတာပေါ့။ အဲဒီလိုပဲနေနေကြတာ။ အဲဒီမှာ လေယာဉ်ကျဲတယ်ဆိုရင်ပြည်သူကိုကျဲတယ်ပေါ့။ တပ်ကလည်း အမိအရ သတင်းရလို့ ကျဲတာလေ။ ရှိတာတော့ ရှိတယ်။ ပြည်သူတွေကိုပဲ Cover ယူနေကြတာပေါ့” ဟု ၎င်းက ပြောသည်။ ထို့အပြင် မြို့အတွင်း ဝင်ရောက်ခွင့်မရှိတော့သည့် PDF များသည် လက်ရှိကာလတွင် ငွေကြေးပြဿနာများကြောင့် အချင်းချင်း သဘောထားကွဲလွဲမှုများပင် ရှိနေကြောင်းလည်း ၎င်းကဆိုသည်။ “သူတို့ အချင်းချင်းကလည်း သဘောထားကွဲလွဲမှုတွေ တော်တော်များတယ်။အဲဒီမှာ ငွေရေးကြေးရေးတွေ မပြေလည်လို့ သူတို့အချင်းချင်းတောင်မှ အဲဒီမှာတချို့ဆို မခံချင်တဲ့ကောင်တွေရှိတာပေါ့။ အဲဒီမှာ စာရင်းရှင်းဖို့ လုပ်တော့ ဒီကောင်ကိုလိုက်ပြီးတော့ ပြဿနာရှာပြီး အစဖျောက်မယ် ကြံတာတွေရှိတော့ ထွက်ပြေးရတယ်လို့ သတင်းတွေလည်းကြားတယ်” ဟု ၎င်းကဆက်ပြောသည်။ ထီးချိုင့်မြို့တိုက်ပွဲကို PDF များက KIA အားကိုးဖြင့်တိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်မြေပြင်တွင် PDF အဖွဲ့ဝင် များစွာသေဆုံးခဲ့ရကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။“သူတို့ကလည်း အဓိကဘာကို Cover ယူရလဲဆိုတော့ KIA တွေ TNLA တို့ ယူရတယ်။ သူတို့လည်း ပြန်ဆုတ်သွားပြီဆိုတော့ အဲဒီမှာ သူတို့တွေ ကတော့ ဘာမှမဖြစ်ဘူးပေါလေ။ အဲဒီလောက် ဇ မရှိဘူး။ မလုပ်ရဲဘူး ပေါ့လေ။ ပြီးတော့ ဗန်းမော်လေ။ ထီးချိုင့်ဘက်ကတက်သွားတာပေါ့။ ထီးချိုင့်တို့ သပိတ်ကျင်းတို့ဘက်က PDF တွေက အဲဒီဘက်မှာလည်း တော်တော်ကျတယ်။ အဲဒီမှာ ထီးချိုင့်မြို့ခံ PDF တွေရော လူငယ်တွေ တော်တော်သေတယ်လို့ပြောတယ်။ သူတို့မထိန်းနိုင်ဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

မြို့နယ် (၁၆) မြို့နယ်မှ PDF အဖွဲ့ဝင် (၃၀) ကျော် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ

နိုင်ငံတစ်ဝန်းမြို့နယ် (၁၆) မြို့နယ်မှ PDF အဖွဲ့ဝင် (၃၀) ကျော် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းကို ဧပြီလ ၂၅ ရက်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့ဝင်များသည် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၊ မုံရွာမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့နယ် တို့မှဖြစ်ပြီး အမျိုးသား(၃၀)ဦး နှင့် အမျိုးသမီး(၂)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှင့်အတူပါလာသည့် Type-81 အမျိုးအစား သေနတ် ၅ လက်၊ ၎င်းကျည်အိမ် ၁၃ ခု၊ ကျည် ၉၀၀ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့ကို အပ်နှံခဲ့ကြသဖြင့် တာဝန်ရှိသူများက သေနတ် ၁ လက်လျှင် ဆုကြေး ငွေကျပ် သိန်း ၅၀ နှုန်းဖြင့် သေနတ် ၅ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၅၀ ၊ လက်ပစ်ဗုံး ၅ လုံးအတွက် ကျပ် ၃ သိန်းနှင့် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျပ်သိန်း ၁၄၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများပါရှိမှုအတွက်ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။