သတင်းများ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၀၆ ဦးအား ပြည်နှင်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး ၂၃၈ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသား ၁၇၆ ဦး၊ မလေးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၄ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသား ၁၇၆ ဦး၊ မလေးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၄ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃၈ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ  ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးမှ Counsellor Keam Sarat နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Chargé d' Affaires a.i Mr. Bong Yik Jui နှင့် တာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Jeffery Salik နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ နီပေါသံရုံးမှ Third Secretary Mr. Aakash Adhikari နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

အလားတူ မတ် ၂၅ ရက်တွင် မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၈ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၈,၆၇၀ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅,၄၀၆ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃,၂၆၄ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ များတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  

Source: www.moha.gov.mm

တောင်ခမ်း အောင်ပွဲအပြီးတွင် နောင်ချို ရွှေဧရာတိမ်ပင်လယ်အထိ တပ်မတော်စစ်ကြောင်းများ ပြန်လည်သိမ်းပိုက်

တောင်ခမ်းတွင် တိုက်ပွဲဖော်ဆောင်ခဲ့သော TNLA ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် နောင်ချိုမြို့နယ်မှ ရွှေဧရာ တိမ်ပင်လယ်အထိ တပ်မတော် စစ်ကြောင်းများက ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

တောင်ခမ်းတွင် တပ်မတော်က အသာစီးရယူနိုင်ခဲ့ပြီးနောက် နောင်ချို မြို့နယ်သို့ တန်ပြန်ထိုးစစ်ဆင်နေရာ ယင်းစစ်မျက်နှာတွင် TNLA ပူးပေါင်း အဖွဲ့က ခံစစ်ဖြင့် ပြန်လည်ခုခံနေရသော အခြေအရောက်နေခြင်း ဖြစ်သည်။

TNLA တို့၏ ခံစစ်စခန်းကုန်းများကိုလည်း တပ်မတော်က အလျင်အမြန် သိမ်းပိုက်နိုင်နေသကဲ့သို့ ယခုအခါ တိမ်ပင်လယ်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အနေအထားကို ရောက်သွားပြီဖြစ်သောကြောင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် နီးကပ်သွားပြီဖြစ်ကြောင်းလည်း သိရသည်။ TNLA နှင့်ပူးပေါင်း အဖွဲ့များသည်လည်း စစ်ရေးအရ အရေးပါသည့် နောင်ချိုဒေသတွင် ခံစစ်အတွက် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေကြကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရှိရသည်။

ကိုးကား-NP News

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက် ည ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးအောင်စန်းဝင်း(၄၉)နှစ်သည် ဘားအံမြို့နယ်၊ ကပ်ကျော်ကျေးရွာနှင့် အောင်တော်မူဘုန်းကြီးကျောင်းကြားရှိ ချောင်းစပ်၌ ငါးဖမ်းနေစဉ် အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား ၁၆၀ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့်  နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းဆောင်ရွက်လျက်ရှိရာ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၁၆၀ ဦးအား  ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၂၀၂၅  ခုနှစ် ဇန်နဝါရီ ၃၀  ရက်မှ မတ်  ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၈,၂၀၂ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅,၁၄၇ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃,၀၅၅ ဦးအား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။  
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မောင်စိုင်းဝေယံမျိုး (၁၁)နှစ်နှင့် ၎င်း၏ညီမ မလင်းလဲ့နေခြည်(၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

 ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၌ “တိတ်ရှိန်” ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍  ငွေကျပ်သိန်း ၁,၂၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သား လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား လေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်” ရွှေဆိုင်၌ ဆိုင်ပိုင်ရှင်၏သမီး မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်း အမျိုးသမီး ခုနစ်ဦးတို့နှင့် အတူရှိနေစဉ် Mask များတပ်ဆင်ထားသည့် အမျိုးသား လေးဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက် လာပြီး ၎င်းတို့ လေးဦးအနက် တစ်ဦးက သေနတ်အတို တစ်လက်အား ကိုင်ဆောင်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၁,၂၀၀ ခန့်)အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့်

၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်” ရွှေဆိုင်၌ ဆိုင်ပိုင်ရှင်၏သမီး မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်း အမျိုးသမီး ခုနစ်ဦးတို့နှင့် အတူရှိနေစဉ် Mask များတပ်ဆင်ထားသည့် အမျိုးသား လေးဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက် လာပြီး ၎င်းတို့ လေးဦးအနက် တစ်ဦးက သေနတ်အတို တစ်လက်အား ကိုင်ဆောင်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၁,၂၀၀ ခန့်)အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ 
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်း ဖြစ်ရပ် မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ  အခင်းဖြစ် ပတ်ဝန်းကျင်ရှိ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုယက်မှုကျူးလွန်သူ တရားခံများသည် YGN-42/AA-XXXX နံပါတ်တပ်ဆင်ထားသည့် TOYOTA COROLLA အမျိုးအစား အဖြူရောင် အငှားယာဉ်ဖြင့် ပန်းဆိုးတန်းလမ်းသို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ အငှားယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် ယာဉ်နှင့်အတူ ယာဉ်မောင်း စည်သူကျော်(၄၃)နှစ်အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းခေါ်ယူ စစ်ဆေးခဲ့သည်။
ယာဉ်မောင်း စည်သူကျော်၏ ထွက်ဆိုချက်အရ ၎င်းသည် လုယက်မှုကျူးလွန်သူ တရားခံများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံသို့ ငွေကျပ် ၄,၀၀၀ ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel၊ အခန်းအမှတ်(၃၀၁)၌ “တိတ်ရှိန်” ရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပတ္တမြား ရပ်ကွက်နေ လင်းသန့်အောင်(၁၈)နှစ်(ဘ)ဦးသိန်းထွန်း၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနေ သက်ထူးဇင် (၂၀)နှစ်(ဘ)ဦးအောင်မျိုးဆက်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ကောင်းခန့်သူရ(ခ)ဝသုန် (၁၉)နှစ်(ဘ)ဦးကျော်သူရ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ စစ်ဗိုလ်ကြီးကျေးရွာနေ မင်းခန့်ကို(ခ) ဖိုးကာ(၁၉)နှစ်(ဘ)ဦးနိုင်ထူးတို့ လေးဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင် ကော်သေနတ် တစ်လက်၊ သံဖြတ်လွှ သုံးချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက် မျိုးစုံ ၅၁ ကွင်း၊ ရွှေလက်စွပ်မျိုးစုံ ၃၇ ကွင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိသူ တရားခံ လင်းသန့်အောင်ပါ လေးဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ လေးဦးသည် မတ် ၂၀ ရက်တွင် Casa Myanmar Hotel သို့ ရောက်ရှိတည်းခိုခဲ့ပြီး ငွေကြေးလိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံ၍ အခြေအနေ ကြည့်ရှုခဲ့ကြကြောင်း၊ ထိုသို့ကြည့်ရှုပြီးနောက် “တိတ်ရှိန်” ရွှေဆိုင်အား လုယက်မှုကျူးလွန်ရန် ရွေးချယ် ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင် ကော်သေနတ်အား ဆူးလေ ဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် လုယက်မှု ကျူးလွန်ရာတွင် တရားခံ လင်းသန့်အောင်မှ အဆိုပါကော်သေနတ်အား ကိုင်ဆောင်အသုံးပြုကာ ဦးဆောင်၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။ ဖြစ်စဉ်တွင် “တိတ်ရှိန်” ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သူများဖြစ်သည့် လင်းသန့်အောင်၊ ကောင်းခန့်သူရ(ခ)ဝသုန်၊ မင်းခန့်ကို(ခ) ဖိုးကာနှင့် သက်ထူးဇင်တို့ လေးဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ ခြောက်နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၄ လမ်း နှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်း မောင်းနှင်ပြီး ရဲဝင်းထက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် နှစ်စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း။     

ဆက်လက်၍ ည ၁၁ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟ နှင့် အောင်ဖြိုးကို တို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ် ၁၅ ရက် နံနက် ၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ နှစ်ဦး သိုဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း။ 
စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရန် စေခိုင်းသူ ဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူ အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Tesla ကုမ္ပဏီအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့သူများ အယ်လ်ဆာဗေဒေါရှိ အကျဉ်းထောင်တွင်  နှစ် ၂၀ အထိ ချမှတ်ရန် မျှော်လင့်ဟု ထရမ့်ပြော

အမေရိကန်ပြည်ထောင်စု တစ်ဝန်းရှိ Tesla ကုမ္ပဏီပိုင် အဆောက်အအုံများစွာအပေါ် အဓိကပစ်မှတ်ထား လုပ်ဆောင်ခဲ့သူများအား အယ်လ်ဆာဗေဒေါရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျဉ်းထောင်သို့ ပို့ဆောင်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ရန် မျှော်လင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း သိရသည်။

မကြာသေးမီက နိုင်ငံအတွင်းရှိ Tesla ကုမ္ပဏီပိုင်ကား အရောင်းပြခန်း၊ အားသွင်းရုံများအား မီးလောင်ဗုံးများကို အသုံးပြု၍ မီးရှို့ဖျက်ဆီးမှုများ   ဖြစ်ပွားခဲ့ပြီးနောက် ထရမ့်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် အာဏာပိုင်အဖွဲ့သည် Tesla ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအပေါ် တိုက်ခိုက်ခဲ့သူ  ၃  ဦးအနက် ၂ ဦးအား အော်ရီဂွန်ပြည်နယ်  ဆာလင်မြို့၊  ကော်လိုရာဒိုပြည်နယ် လက်ဗ်လန်းမြို့နှင့် ကျန်တစ်ဦးကို တောင်ကာရိုလိုင်းနားပြည်နယ် ချားလက်စတန် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား အမေရိကန်ရှေ့နေချုပ် ပမ်းဘွန်ဒီက မီးရှို့ဖျက်ဆီးမှုနှင့်   ပြည်တွင်းအကြမ်းဖက်မှု တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ထို့ပြင်  ဖမ်းဆီးခံရသူများအနက် တစ်ဦးမှာဖမ်းဆီးခံရချိန်တွင် AR- 15 အမျိုးအစား ရိုင်ဖယ်တစ်လက်ကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း သိရသည်။

ထို့အတူ ဖမ်းဆီးခံရသူ အခြားတစ်ဦးသည် Tesla ကုမ္ပဏီပိုင်  အားသွင်းရုံများ အနီးတွင် သမ္မတထရမ့်အား ဆန့်ကျင်သည့်စာသားများကို   ရေးသားခဲ့သည့်အပြင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကိုလည်း အဓိကပစ်မှတ်ထား၍ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သောကြောင့် ထိုသို့သော လုပ်ဆောင်ချက်မျိုးသည် သည်းခံနိုင်ဖွယ် မရှိကြောင်း ရှေ့နေချုပ်ပမ်းဘွန်ဒီက ဆက်လက် ပြောကြားသည်။

ထို့ကြောင့် ဤသို့သော အကြမ်းဖက်မှုမျိုးကို ကျူးလွန်ခဲ့သူများအား အယ်လ်ဆာဗေဒေါရှိ အကျဉ်းထောင်တွင် ထောင်ဒဏ်နှစ် ၂၀ အထိချမှတ်ရန် မျှော်လင့်ထားသည်ဟု ထရမ့်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

Source: https://myawady.net.mm/

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း “ဝိုင်းကောင်းတယ်” ခေါင်းစဉ်ဖြင့် Social Media များတွင် သတင်းမှားများ ပျံ့နှံ့လျက်ရှိ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် “ဝိုင်းကောင်းတယ်။ ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပါးရိုးကျေးရွာအုပ်စု၊ လေးအိမ်ကျေးရွာမှာရှိပါတယ်၊ ဒါကပြည်သူလူထုရဲ့ လူမှုဘဝတွေကို ထိခိုက်ပါတယ်” ဟုရေးသားကာ ကြက်တိုက်လောင်းကစား ပြုလုပ်နေသောပုံများဖြင့် U Kyaw Soe Oo Telegram Channel  တွင် ဖော်ပြပါရှိခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်စိစစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ စပါးရိုးကျေးရွာအုပ်စုအတွင်း၌ လေးအိမ်တန်းကျေးရွာအမည်သာရှိပြီး လေးအိမ်ကျေးရွာအမည်ဖြင့် ကျေးရွာမရှိကြောင်း၊ လေးအိမ်တန်းကျေးရွာရှိ ပြည်သူများသည်  လယ်ယာလုပ်ငန်းနှင့် ရေချိုငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ကြပြီး အဆိုပါမြို့နယ်ရှိ ငှက်ပျောချောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှလည်း မိမိအပိုင်နယ်မြေအတွင်း လောင်းကစားဝိုင်းများ ပြုလုပ်မှုမရှိစေရေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ကာ လောင်းကစားသတင်းများရရှိပါက အချိန်နှင့် တစ်ပြေးညီ ဖမ်းဆီးအရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ပြည်သူ့စစ်မှုထမ်းခြင်းနှင့်အကျုံးဝင်သည့် ကျေးရွာနေအမျိုးသားများအား ဖေဖော်ဝါရီ ၂၀ ရက်တွင် မဲနှိုက်ရွေးချယ်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ပေးရန် လိုက်လံနှိုးဆော်ရာမှ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများကြောင့် ရပ်ရွာအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အခြားဒေသမှ ရိုက်ကူးထားသည့် ဓာတ်ပုံများကို အသုံးပြုကာ U Kyaw Soe Oo Telegram Channel သို့ မဟုတ်မမှန်ရေးသားပေးပို့ရာမှ Social Media တွင် သတင်းမှားများ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါသည်။ 
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များမှ ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း တိကျ ခိုင်လုံသော အချက်အလက်များဖြင့် တိုင်တန်းတင်ပြလာပါက အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဖော်ထုတ်၍ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် Social Media များတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါဖြစ်စဉ်မှာ သတင်းမှားသာဖြစ်ကြောင်း သတင်းရရှိသည်။ 

၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဟုန်းကျေးရွာအနီးတွင် ကျာစော မောင်းနှင်ပြီး ကျကျိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀) သိမ်းဆည်းရမိခဲ့သဖြင့် ကျာစော(၃၇)နှစ်နှင့် ကျကျိုး(၅၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒ

၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဟုန်းကျေးရွာအနီးတွင် ကျာစော မောင်းနှင်ပြီး ကျကျိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀) သိမ်းဆည်းရမိခဲ့သဖြင့် ကျာစော(၃၇)နှစ်နှင့် ကျကျိုး(၅၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 