ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်လိုကြောင်း မြောက်ကိုးရီးယားစစ်သား နှစ်ဦးကို ရုရှားနိုင်ငံ၊ ကာ့ခ်စ်(Kusk) ဒေသတွင် ဖမ်းဆီး ရမိပြီးနောက် သမ္မတဇယ်လန်စကီးက ကြေညာခဲ့ပါသည်။

"ရုရှား တွင် သုံ့ပန်းအဖြစ် ထိန်းသိမ်းခံရသော ယူကရိန်းစစ်သားများကို လွှတ်ပေးပါက မြောက်ကိုးရီးယားစစ်သားများကို ကင်ဂျုံအန်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း" သမ္မတဇယ်လန်စကီးက ၎င်း၏ X မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့ပါသည်။ ထို့အပြင် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ မြောက်ကိုရီးယား စစ်သားများကို ပိုမိုဖမ်းဆီးရမည်ဖြစ်ကြောင်း" ဇယ်လန်စကီးက ပြောကြားခဲ့ပါသည်။
"ရုရှား ၏ မဟာမိတ်မြောက်ကိုရီးယားတပ်ဖွဲ့ပေါင်း ၁၁,၀၀၀ ခန့်သည် မော်စကို၏ တပ်ဖွဲ့များကို အကူအညီပေးရန် ကာ့ခ်စ်(Kusk) ဒေသတွင် တပ်စွဲထားကြောင်း” ယူကရိန်းနှင့် အနောက်မီဒီယာများက ပြောကြားထားသော်လည်း ရုရှားနိုင်ငံကမူ ပြန်လည် တုံ့ပြန်ပြောကြားထားမှုမရှိကြောင်း သိရှိရပါသည်။
ကိုးကား -Aljazerra

ဥရောပတွင် အကြီးမားဆုံး နေတိုးကာကွယ်ရေးစစ်စခန်းဖြစ်လာမည့် ရိုမေးနီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ တည်ရှိသည့် Mihail Kogalniceanu အခြေစိုက်စခန်းတွင် ရုရှားကို စစ်ပွဲစတင်ရန် အဓိကနေရာတစ်ခုအဖြစ် အသုံးပြုလာမည်ဟု ယုံကြည်နေကြောင်း ရိုမေးနီးယား တစ်သီးပုဂ္ဂလက သမ္မတလောင်း Calin Georgescu က ပြောကြားလိုက်သည်။

မိမိအနေဖြင့် ယခုနေတိုးအခြေစိုက်စခန်းကိစ္စကို လက်မခံနိုင်ကြောင်း၊ ရိုမေးနီးယားတွင် ယခုဖြစ်ပျက်နေသည့်ကိစ္စအပေါ် အမေရိကန်ရော အခြားနိုင်ငံ များကပါ စိတ်ဝင်စားခြင်းမရှိပါကြောင်း၊ ၎င်းတို့က ရိုမေးနီးယားကို စစ်ပွဲအတွက် တံခါးတစ်ချပ်တစ်ခုအဖြစ် အသုံးပြုလာပါက မိမိနိုင်ငံတွင် ဖြစ်ပျက်လာနိုင်သည်များကို စိတ်ထဲမရှိကြပါကြောင်း၊ မိမိတို့မြေရှိ နေတိုးအခြေစိုက်စခန်းက ရုရှားကို ကြီးကြီးမားမားစစ်ဆင်နွှဲလာပါက မိမိတို့နိုင်ငံကို မည်ကဲ့သို့ သက်ရောက်မှုများ ရှိလာနိုင်မည်ဆိုသည်ကို ထည့်သွင်းစဉ်းစားလိုကြောင်း၊ မိမိအနေဖြင့် စစ်ပွဲကို လုံးဝမလိုချင်ကြောင်း Georgescu က အမေရိကန် ရေတပ် အငြိမ်းစား Shawn Ryanနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ရိုမေးနီးယားမှ စတင်မည့် နေတိုး၏ ရုရှားအပေါ် စစ်ဆင်နွှဲမည်ဆိုသည့် ၎င်း၏ ယူဆချက်ကို ထုတ်ဖော်ပြောပြခြင်းသည် ပထမအကြိမ် မဟုတ်ဘဲ ယခင် ကလည်း ပြောပြဖူးကြောင်း ရိုမေးနီးယား တီဗီချန်နယ်တစ်ခုဖြစ်သည့် Digi 24 မှတ်ချက်ပြုထားပါသည်။
ကိုးကား-TASS

CIA အပါအဝင် အမေရိကန် အစိုးရအာဏာပိုင်များက WhatsApp ကို အသုံးပြုသူများပြောသည့် သတင်းစကားများကို အဝေးမှထိန်းချုပ်ပြီး ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း Meta ပိုင်ရှင် မက်ခ်ဇူကာဘာဂ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အာဏာပိုင်အဖွဲ့အစည်းများက WhatsApp ၏ end-to-end encryption ကို ထိထိရောက်ရောက် ကျော်လွှားနိုင်ခဲ့ကြောင်းကိုလည်း ပြောပါသည်။

ဇန်နဝါရီ ၁၀ ရက်နေ့က ဂျိုးရီဂျင် အတွေ့အကြုံဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် WhatsApp ၏ ကုဒ်အတွက် Meta က မက်ဆေ့ချ်အကြောင်းအရာများကို ကြည့်ရှုခြင်းမှတားဆီးထားသော်လည်း သုံးစွဲသူ၏ ဖုန်းသို့ ဝင်ရောက်ကြည့်ရှု့ခြင်းမှ ကာကွယ်ပေးနိုင်မည်မဟုတ်ကြောင်း Zuckerberg မှ ရှင်းပြခဲ့ပါသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမေးမြန်းခန်းအတွက် ကြိုးစားနေသည့် တက်ကာကားလ်ဆင် က ဇူကာဘာဂ်ကို သတင်းစကားလုံခြုံရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့လုပ်ဆောင်ရမည်နည်းဆိုသည့် မေးခွန်းကို ၎င်းကဖြေကြားခဲ့ခြင်းဖြစ်ကြောင်း၊ တက်ကာ က ပူတင်နှင့်စကားပြောဆိုရန်အတွက် ၃ နှစ်ကြာ ကြိုးစား ခဲ့ပြီး စကားပြောခွင့်ရချိန်တွင် အမေရိကန်အမျိုးသားလုံခြုံရေး NSA နှင့် ထောက်လှမ်းရေး CIA တို့က ၎င်း၏ ဖုန်းကို ဖောက်ဝင်နိုင်ခဲ့ပြီး စပိုင်လုပ်ခဲ့ခြင်းကြောင့် ရုရှားဖက်က အဆက်အသွယ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး တက်ကာက အဆိုပါအဖွဲ့များကို အပြစ်တင်ခဲ့ပါသည်။
“မိမိတို့အနေဖြင့် သုံးစွဲသူပြည်သူများ၏ သတင်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းပေးနိုင်သော်လည်း ဥပဒေစိုးမိုးရေးအတွက် လုံလောက်သည့် အကြောင်းပြချက်ရှိပါကတားဆီးပေး၍မရနိုင်ကြောင်း” ဇူကာဘာဂ်က ပြောပါသည်။ ယခုကာလ်ဆင်သုံးခဲ့သော လျှို့ဝှက်ကုဒ်သည် Meta ၏ ဒေတာဘေ့စ်များနှင့် တူနေသည့်အတွက် ဖောက်ဝင်ခံလိုက်ရကြောင်း ပြောကြားခဲ့ပါသည်။
ဇူကာဘာဂ်က အစ္စရေးကုမ္ပဏီ NSO Group မှ ဖန်တီးထားသည့် လျှို့ဝှက်ဆော့ဖ်ဝဲဖြစ်သည့် Pegasus ကဲ့သို့သော ကိရိယာများဖြစ်ပြီး ဒေတာဝင်ရောက် ကြည့်ရှု့ရန် မိုဘိုင်းလ်ဖုန်းများတွင် လျှို့ဝှက်ထည့်သွင်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား-Myanmar National Post

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြာင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာနေ ဦးကျော်သန်း(၄၇)နှစ်သည် ၎င်း၏နေအိမ်မှ ရေနံချောင်းမြို့နယ်၊ အင်တောကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အင်တောကျေးရွာအနီးရှိ ဒေသအခေါ် ကြက်လိမ်ကွေ့သို့အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးကျော်သန်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်တွင် စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ဂွေးပင်ဇင်ကျေးရွာနေ ဦးခင်စိုး(၅၂)နှစ်သည် ၎င်း၏လယ်ယာမှ နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ဂွေးပင်ဇင်ကျေးရွာ၏တောင်ဘက် သုံးဖာလုံခန့်အကွာအရောက် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးခင်စိုးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူတိုက်နယ်ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာနေ ဦးဝင်းတင့်(၈၂)နှစ်သည် သား မောင်မျိုးဇော်ဟိန်းနှင့်အတူ တစ်ရွာတည်းနေ ကိုအောင်လွင် မောင်းနှင်သော MDY 1F/XXXX ALPHARD အမျိုးအစား ပရဟိတမော်တော်ယာဉ်ဖြင့် ကြအိုကျွန်းကျေးရွာမှ စဉ့်ကူကျေးရွာသို့ သွားရောက်စဉ် ဥယျာဉ်ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်း ဖက်သမား ၁၀ ဦး(စိစစ်ဆဲ)က သေနတ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းတင့်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး မောင်မျိုးဇော်ဟိန်းနှင့် ကိုအောင်လွင်တို့တွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံအခြေစိုက် TikTok ကုမ္ပဏီအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၉ ရက်မတိုင်မီတွင် TikTok ကို တရုတ်နိုင်ငံသားမဟုတ်သည့်ကုမ္ပဏီထံ ရောင်းချခြင်းမရှိပါက နိုင်ငံလုံခြုံရေး ခြိမ်းခြောက်လာနိုင်မည်ဖြစ်သည့်အတွက် အမေရိကန်နယ်နိမိတ်အတွင်း TikTok သုံးစွဲခွင့်အား ပိတ်ပင်မည့် ဉပဒေတစ်ရပ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အမေရိကန်တရားလွှတ်တော်ချုပ် တရားသူကြီး ၉ ဦး က TikTok ပိတ်သိမ်းရန် ထုတ်ပြန်ထားသည့် ဥပဒေအပေါ် အယူခံလွှာတင်သွင်းထားမှုအတွက် TikTok ၏ ကိုယ်စားလှယ်ရှေ့နေများနှင့် စစ်ဆေးကြားနာမှုများဆောင်ရွက်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း ထိုသို့ ပိတ်ပင်လိုက်ခြင်းက အမေရိကန်တွင် TikTok သုံးစွဲနေသူ သန်း ၁၇၀ ကျော်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း Content Creators များ ကလည်း ပြောကြားထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် TikTok Application ကို အသုံးပြု၍ အမေရိကန်နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို သူလျှိုထောက်လှမ်းနိုင်ခြင်းအပြင် နိုင်ငံရေးအရ လွှမ်းမိုးခြယ်လှယ်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရက သတိပေးပြောကြားထားသည်။
အမေရိကန်တရားလွှတ်တော်ချုပ်က TikTok ပိတ်ပင်မည့် ဥပဒေအပေါ် တရုတ်ကုမ္ပဏီ၏ အယူခံဝင်ရောက်မှုကို လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။မကြာမီရက်ပိုင်းအတွင်း အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာမည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကမူ TikTok Application အသုံးပြုမှု ပိတ်ပင်မည့်ကိစ္စကို ၎င်း၏ သမ္မတရာထူး တရားဝင် စတင်ထမ်းဆောင်မည့် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ဆိုင်းငံ့ထားရန် ပြောကြားထားသည်။
ကိုးကား-BBC

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone အသုံးပြုကာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်အေးအေးခိုင် (၅၁)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရေကြည်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဇော်မင်းဦး(ခ)ဦးချစ်ကို(ခ)ချက်ဖောင်း(၄၀)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဇာဖြူနှင်း (၃၀)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပြည်မြို့နယ်၊ မြို့လှကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးအောင်နိုင်ဦး(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုဝင်း (၆၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်ဥမ္မာတင်(၆၂)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နေတိုးအဖွဲ့အနေဖြင့် ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် ဘောတစ်ပင်လယ်သို့ စစ်ရေယာဉ် ၁၀ စင်းခန့်စေလွှတ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ နီးစပ်သည့် သတင်းအရင်းအမြစ်များကပြောသည်။
နေတိုးတပ်ဖွဲ့မှ စစ်သင်္ဘောများသည် ဘောတစ်ပင်လယ်သို့ ယခုသီတင်းပတ်အကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ၎င်းသင်္ဘောများသည် စွမ်းအင်နှင့်တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ ဆက်သွယ်ရေးကြိုးများအနီးတွင် နေရာယူသွားမည်ဖြစ်ကြောင်း ဖင်လန်သတင်းဌာနတစ်ခုက ထုတ်ပြန်သည်။

အဆိုပါဒေသအတွင်းရှိ ရေအောက်ကေဘယ်လ်ကြိုးများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြတ်တောက်သွားခဲ့ရာ ၎င်းကြိုးများအနက်သုံးကြိုးမှာ ဖင်လန်နှင့် အက်စတိုးနီးယားတို့ကြား ဆက်သွယ်ထားသော ကြိးများဖြစ်ပြီး ကျန်တစ်ကြိုးမှာ ဖင်လန်နှင့် ဂျာမနီတို့ကြား ဆက်သွယ်ထားကြောင်း သိရသည်။
Source: မြဝတီသတင်းစာ

ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့သည် ဖျက်အားပြင်းသည့် အသံထက်မြန်ဒုံးကျည်တစ်စင်းအား စမ်းသပ်ပစ်ခတ်ခဲ့ပြီး ယင်းဒုံးကျည်များကို စစ်ဆင်ရေးတွင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သူပုန်အဖွဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက Sputnik သတင်းဌာနသို့ပြောသည်။

ဟူသီသူပုန်အဖွဲ့သည် အဆိုပါအသံထက်မြန်ဒုံးကျည်ကို မည်သည့်နေ့ရက်၊ နေရာတွင်လုပ်ဆောင်ခဲ့ကြောင်းကို အသေးစိတ်မသိရသေးသော်လည်း ဒုံးကျည်အား အောင်မြင် စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။ စမ်းသပ်ခဲ့သည့် အသံထက်မြန်ဒုံးကျည်သည် အသံထက် ရှစ်ဆပိုမိုမြန်ဆန်ပြီး တစ်နာရီ လျှင် မိုင်ပေါင်း ၆၂၀၀ သို့မဟုတ် ကီလိုမီတာ ၁၀၀၀၀ အထိပစ်ခတ်ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ယီမင်နိုင်ငံသည် အဆိုပါဒုံးကျည်များကို အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များအပါအဝင် ပင်လယ်နီ၊ အာရေဗျ ပင်လယ်များနှင့် အေဒင်ပင်လယ်ကွေ့အတွင်း၌ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စတင်ထုတ် လုပ်လျက်ရှိကြောင်း သတင်းအရင်းအမြစ်က ဆက်လက်ပြောကြားသည်။
ဟူသီသူပုန်အဖွဲ့ဝင်များသည် အချိုးမညီ စစ်ဆင်မှုပညာရပ်များကို အနောက်နိုင်ငံများ၌ လေ့လာလျက်ရှိပြီး အစ္စရေး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့အား အံ့အားသင့် စေရန် တိုက်ခိုက်သွားမည်ဟု ကြေညာထားကြောင်း သိရသည်။
Source: Myawady Webportal