တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကုန်းဆားလယ်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးထွန်းထွန်းနိုင်(၄၁)နှစ်သည် ကျေးရွာ၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာရှိ ယာကွက်အတွင်း ထွန်စက်မောင်းနှင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အနိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထက်တန်းပြကျောင်းဆရာ ဦးတင်မင်းခိုင်(၄၆)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

NATO အဖွဲ့ဝင်နိုင်ငံများအကြား ပင်လယ်ရေအောက်ကေဘယ်ကြိုးများ ပြတ်တောက်မှုနှင့် ပျက်စီးမှုများကြောင့် ပင်လယ်ရေအောက်အခြေခံအဆောက် အအုံများကို ကာကွယ်ခြင်းအတွက် ရည်ရွယ်သည့် စစ်ရေးလှုပ်ရှားမှုအသစ်တစ်ခုစတင်ခြင်းဖြင့် ဘောလ်တစ်ပင်လယ်တွင် NATO ၏ စိုးမိုးမှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က ကြေညာခဲ့သည်။
ရုရှားသည် ၎င်း၏ရေတပ်စစ်ဆင်ရေးနှင့် စွမ်းအင်တင်ပို့မှုအတွက် ဘောလ်တစ်ပင်လယ်ကို မဟာဗျူဟာမြောက်နယ်မြေအဖြစ် ရှုမြင်ကာအသုံးပြုလျက်ရှိသည်။

NATO အထွေထွေအတွင်းရေးမှူး Mark Rutte က ကင်းလှည့်မှုများတွင် ဖရီးဂိတ်သင်္ဘောများ၊ ရေကြောင်းကင်းလှည့်လေယာဉ်များနှင့် ရေတပ်သုံးမောင်းသူမဲ့ လေယာဉ်ငယ်များ ပါဝင်မည်ဖြစ်ကြောင်းနှင့် စောင့်ကြည့်ဟန့်တားခြင်းများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် လအနည်းငယ်က “တရုတ်သင်္ဘော Yi Peng 3 သည် ၎င်း၏ကျောက်ဆူးဖြင့် ပင်လယ်ကြမ်းပြင်ရှိ ကေဘယ်ကြိုးများကို ရည်ရွယ်ချက်ရှိရှိ ပြတ်တောက်စေခဲ့သည်” ဟူသော စွပ်စွဲချက်ဖြင့် အီးယူ စုံစမ်းစစ်ဆေးရေးမှူးများ သင်္ဘောပေါ်သို့ တက်ရောက်စစ်ဆေးခဲ့ပြီး တရုတ်ကလည်း စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလနှောင်းပိုင်းက ဖြစ်ပွားခဲ့သော ဖင်လန်နှင့် အက်စတိုးနီးယားတို့ကို ဆက်သွယ်ထားသည့် EstLink 2 ပါဝါကြိုးပြတ်တောက်မှုတွင်လည်း ရုရှားရေနံတင်သင်္ဘော Eagle S ကို စွပ်စွဲခဲ့ပြီး ခိုင်လုံသော အထောက်အထားမရှိခြင်းကြောင့် မော်စကို ကို စွပ်စွဲမှု ရပ်တန့်ခဲ့ရသည်။ သို့သော် သင်္ဘောပေါ်သို့ အခြားစုံစမ်းစစ်ဆေးရေးမှူးများနှင့်အတူ တက်ရောက်စစ်ဆေးခဲ့သည့် ဖင်လန်ရဲတစ်ဦးက သင်္ဘောတွင်ကျောက်ဆူးတစ်ခု ပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့ပါသည်။
NATO အဖွဲ့ဝင်နိုင်ငံများအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများနှင့် ဘောလ်တစ်ပင်လယ်ရှိ ရေအောက်ကေဘယ်လ်ကြိုးများဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် ၎င်းတို့၏ လူ့အဖွဲ့ အစည်းများ မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်နေမှုများကို ကြုံတွေ့ရလျက်ရှိကြောင်း Rutte က ဇန်နဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ဘောလ်တစ်ပင်လယ်မဟာမိတ်များ ထိပ်သီးအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ အစည်းအဝေးသို့ ဖင်လန်၊ ပိုလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဆွီဒင်၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် အက်စတိုးနီးယားတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတကာ ကေဘယ်လ်ကြိုးကာကွယ်ရေးကော်မတီ (ICPC) ၏အစီရင်ခံစာအရ နှစ်စဉ် ကေဘယ်ကြိုး ပြတ်တောက်ချို့ယွင်းမှု ၂၀၀ ခန့်ရှိပြီး ပင်လယ်ရေအောက် အခြေခံအဆောက်အအုံများ ပျက်စီးမှုများ တိုးမြင့်လာကြောင်းသိရှိရသည်။
အဆိုပါဖြစ်ရပ်အများစုသည် ပင်လယ်ကြမ်းပြင်တစ်လျှောက် ကျောက်ဆူးများဆွဲယူခြင်းကြောင့် မတော်တဆထိခိုက်မိခြင်း သို့မဟုတ် ငါးဖမ်းလုပ်ငန်း များမှ လေးလံသောပိုက်ကွန်များ၊ ပစ္စည်းကိရိယာများ ပင်လယ်ကြမ်းပြင်တစ်လျှောက် ဆွဲယူခြင်းတို့ကြောင့် မတော်တဆငြိတွယ် ပြတ်တောက်ခြင်းဖြစ်သည်။
ရုရှား၏ ခြိမ်းခြောက်မှုကြောင့်ဟုဆိုကာ NATO ၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှုများသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆက်တိုက်တိုးချဲ့လာခြင်းဖြစ်ပြီး နေတိုးအဖွဲ့ဝင်များသည် ဒေသတွင်းတွင် ရေတပ်စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်လျက်ရှိကာ ရုရှားလေတပ်နှင့် အကြိမ်ကြိမ်ပွတ်တိုက်မှုဖြစ်ပေါ်စေသည့် ရုရှားနယ်စပ်အနီး တိုက်လေယာဉ်ပျံသန်းခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။
ကိုးကား-RT

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစပြီး ပါလက်စတိုင်း ၄၆,၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ၎င်း၏ Telegram တွင် ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်သည် ၄၆,၇၀၇ ဦးအထိ တိုးလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၀,၂၆၅ ဦး ရှိကြောင်း အဆိုပါ ပို့စ်တွင် ဖော်ပြထားသည်။ ပါလက်စတိုင်း ကျန်းမာရေးအရာရှိများ၏အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးနယ်မြေအတွင်း တိုက်ခိုက်မှုကြောင့် အာရပ် လူမျိုး ၆၂ ဦး သေဆုံးပြီး ၂၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြှောင်အခြေစိုက် အစွန်းရောက် ပါလက်စတိုင်းလှုပ်ရှားမှု ဟားမတ်စ်စစ်သွေးကြွများသည် ဂါဇာမှ အစ္စရေးပိုင်နက်ကို စီးနင်းတိုက်ခိုက်ခဲ့ရာ အစ္စရေးနယ်စပ် အခြေချနေထိုင်သူ ၂၄၀ ကျော် သေဆုံးပြီး ဓားစာခံ ၂၄၀ ကျော်ကိုဖမ်းဆီးလိုက်သည့်အချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာတွင် ဟားမတ်စ်၏စစ်ရေးနှင့် နိုင်ငံရေးတည်ရှိနေမှုကို ချေမှုန်းရန်နှင့် ဓားစာခံများအားလုံးကိုလွှတ်ပေးရန် ဂါဇာတွင် ပြင်းထန်သောစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ကိုးကား-Myanmar National Post

ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ)အတွင်း တရုတ်၏ အကြီးဆုံးကမ်းခြေစောင့်သင်္ဘော ဖြန့်ကျက်ချထားမှုသည် စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းအနီး ငါးဖမ်းနေသော ငါးဖမ်းသင်္ဘောများကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်သည် သိသာကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီမှ ဂျောနသန်မလေယာက တရုတ်အနေဖြင့် ၎င်းတို့ကမ်းခြေစောင့်တပ်ဖွဲ့၏ အကြီးဆုံးသင်္ဘောကို ဖြန့်ကျက်ချထားခြင်းနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ ရန်လိုမှုများတိုးလာနေခြင်းကို ဖိလစ်ပိုင်အနေဖြင့် သတိထားမိကြောင်း ပြောဆိုခဲ့ပါသည်။ ဇမ်ဘာလက်စ်ပြည်နယ် ကမ်းလွန်၏ ရေမိုင် (၇၇) မိုင်အကွာတွင်တွေ့ရှိခဲ့ရသည့် အရှည် (၁၆၅) မီတာ ရှိသော တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောကို ဖိလစ်ပိုင်အစိုးရက ကန့်ကွက်မှုများလုပ်ဆောင်ခဲ့ပြီး EEZ အတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။
ဖိလစ်ပိုင်အစိုးရက အဆိုပါလုပ်ရပ်သည် တင်းမာမှုအရှိန်မြင့်လာစေရန် ရန်စနေခြင်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မလေးရှားအစိုးရကလည်း တရုတ်၏ အကြီးဆုံးကမ်းခြေစောင့်သင်္ဘောရောက်ရှိနေခြင်းသည် တရားမဝင်ဖြစ်ပြီး လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်အတွင်း ရောက်ရှိနေသည့် တရုတ်ကမ်းခြေစောင့်သင်္ဘောကို မောင်းထုတ်ရန်အတွက် ၎င်းတို့၏အကြီးဆုံး စစ်သင်္ဘောနှစ်စင်းကို ဖြန့်ကျက်ချထားခဲ့ကြောင်းဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါသည်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်မှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများသည် အကျိုးအကြောင်းသင့်လျော်ပြီး တရားဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီရာကွန်းက တုံ့ပြန်ပြောကြားခဲ့ပါသည်။
ကိုးကား-NP News

မော်စကိုသည် ဗီယက်နမ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG)နှင့်ရေနံများထောက်ပံ့ပေးရန် ဆန္ဒရှိပြီး ဗီယက်နမ်၏ နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အာရှမိတ်ဖက်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့နိုင်ရေးကြိုးပမ်းနေကြောင်း ရုရှားဝန်ကြီးချုပ် Mikhail Mishustin က ဇန်နဝါရီ ၁၅ ရက်နေ့တွင်ပြောကြားခဲ့သည်။
ရုရှားနှင့်ဗီယက်နမ်တို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများအား အပြန်အလှန် ထောက်ပံ့ကူညီရန် သဘောတူညီခဲ့ကြောင်း Mishustin ၏ ဟနွိုင်းသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်းထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်အရသိရသည်။

Mishustin ၏ ခရီးစဉ်သည် ပြီးခဲ့သည့်နွေရာသီက ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဗီယက်နမ် ခရီးစဉ်အတွင်း မော်စကိုနှင့်ဟနွိုင်းကြား ရေးထိုးထားသော မဟာဗျူဟာ သဘောတူညီချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ပူတင်၏သဘောတူညီမှုဖြင့် ဗီယက်နမ်သို့ LNG သင်္ဘောနှစ်စင်းကိုတင်ပို့နိုင်ခဲ့ပြီး ဒေသတွင်းထုတ်လုပ်မှုအတွက်စက်ရုံများ တည်ထောင်လည်ပတ်နိုင်ရန် ရုရှား၏စွမ်းရည်ကို မီးမောင်းထိုးပြသခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာဖြစ်သည့် Nhan Dan ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ ဆောင်းပါးတစ်ပုဒ်တွင် ပူတင်က အရှေ့တောင်အာရှနိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံ၏ LNG စီမံကိန်းများကို အကောင်အထည်ဖော်ရန် ရုရှား၏ထိပ်တန်း LNG ထုတ်လုပ်သူ Novatek ၏ အစီအစဉ်များကို ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
ရုရှား၏ နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom နှင့် ဗီယက်နမ်အစိုးရပိုင် EVN တို့သည် Mishutin ၏ ခရီးစဉ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၌ ပူးပေါင်းဆောင်ရွက်ရန်နှင့်အခြားသဘောတူညီချက်များစွာကိုမြှင့်တင်ရန်သဘောတူညီချက်တစ်ရပ်ကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
Rosatom သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၁၀ ခုနှစ်များအတွင်း အလယ်ပိုင်း Ninh Thuan ပြည်နယ်တွင် တည်ဆောက်ရန် ရွေးချယ်ခံခဲ့ရသည်။ အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ် တွင် ရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ ဟနွိုင်းသည် ၎င်းအား ပြန်လည်စတင်ရန် ကြိုးပမ်းလျက်ရှိသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအနီး Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ကြည်ခိုင်(၅၁)နှစ်နှင့် ဒေါ်ခင်နု(၅၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ စာတိုက်ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်လာခါပသီး(၃၉)နှစ်၊ မောင်ကစ္စနားလား(၆)နှစ်နှင့် ဒေါ်စန်းမြင့်(၆၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒေါ်လာခါပသီးနှင့် မောင်ကစ္စနားလားတို့သည် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုရပိုက်တန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ပေါက်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်နွေးနွေး(၃၀)နှစ်နှင့် ဒေါ်နွယ်နီဝင်း(၅၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆင်ဖြူကျွန်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ထန်းတောကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်သန်းသန်းဦး(၄၃)နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်ဝေယံမင်းထက်(၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပေါက်မြို့နယ်၊ ဝန်ချုံးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်ပီတိဖြိုး(၁၁)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာ အတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိပ်ဖြူမြို့နယ်၊ ချင်တောင်ကျေးရွာနေ မောင်အေးချမ်းအောင်(၂၁)နှစ်သည် ကျေးရွာ၏အနောက်ဘက် ၄ ဖာလုံခန့်အကွာ ကြာအင်းဘုန်းကြီးကျောင်းအနီးရှိ ရထားလမ်းဘေး၌ ဆိတ်ကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်မှ Smart Dragon-3 ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ကာ ၎င်းဒုံးပျံမှာ CentiSpace 01 ဂြိုဟ်တုအစုအဝေးအား သတ်မှတ် ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးပျံအား ဟိုင်ရန်မြို့အနီးရှိ ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ၌ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကမ်းလွန်၌ ဒုံးပျံလွှတ်တင်မှုမစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ

(၁၂-၁-၂၀၂၅ ရက်နေ့ နောက်ဆက်တွဲ သတင်း)
ဒိန်းမတ်ပိုင်နက် ဂရင်းလန်းကို စစ်အင်အားဖြင့် ရယူမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီးနောက်တွင် ရုရှားက ဂရင်းလန်းကိစ္စအပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားလိုက်ပါသည်။

“မိမိတို့အနေဖြင့် အဆိုပါကိစ္စတိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ကြေညာချက်ထုတ်ပြန်ရန်အဆင့်သာ ကျန်ရှိနေကြောင်း” ၎င်းက ဇန်နဝါရီ ၉ ရက်နေ့တွင် မော်စကို၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ (အင်္ဂါနေ့)ကလည်း ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ၎င်း၏ ဆန္ဒကိုထပ်ခါတလဲလဲ ပြောကြားထားပါသည်။ ဂရင်းလန်းကိုပိုင်ဆိုင်ရန် စီးပွားရေး သို့မဟုတ် စစ်ရေး အင်အားသုံးမည်လား”ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ၎င်းအနေဖြင့် အဆိုပါကိစ္စကို ကတိကဝတ်မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားထားပါသည်။ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းဒေသကို လိုအပ်ကြောင်း ထရမ့်က နောက်ပိုင်းတွင် ခပ်စိပ်စိပ် ပြောလာပါသည်။
အာတိတ်ဒေသတွင်တည်ရှိပြီး သတ္တုပေါပြည့်ကြွယ်ဝသည့် ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကို လွှမ်းမိုးထိန်းချုပ်နိုင်ရန် မကြာသေးမီနှစ်များအတွင်း ရုရှား၊ တရုတ်နှင့် အမေရိကန်တို့အနေဖြင့် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိနေပါသည်။ အာတိတ်ဒေသက ရုရှားအတွက် မဟာဗျူဟာမြောက် အရေးပါကြောင်း Dmitry Peskov က ထပ်လောင်းပြောကြားထားပါသည်။
ကိုးကား - ALJAZEERA
Photo: BBC